ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 More

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၀
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၀၉

2K 292 7
By FinToneLone

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၉)

ရှန်ယန်ရှောင်ကတော့ ပါးလေးကိုလက်နှင့်အုပ်ကာ ချစ်စရာကောင်းသလို မုန်းဖို့လည်း ကောင်းလှတဲ့ ငနာတွေကို ကြည့်နေလိုက်ပါသည်။
ဒီလိုဘော်ဒါတွေနဲ့ဆိုရင် သူမအနေနဲ့ ဒီဘဝမှာ ရှင်သန်နေထိုင်ရခြင်းအပေါ် နောင်တရဖို့ မရှိတော့ပါဘူး။
“လနတ်ဘုရားတိုက်မှာတော့ သူတို့ရဲ့မွေးနေ့ရောက်ရင် နတ်သူငယ်တွေက ကြယ်တို့ရဲ့ အောက်မှာ ကခုန်ကြတယ်လို့ ငါကြားဖူးတယ်။ငါတို့ရဲ့ မွေးနေ့ရှင်လေးနဲ့ သူမရဲ့ ပထမဆုံး အကအတွက် ငါ့အနေနဲ့ ကဖော်ကဖက်ဖြစ်ခွင့်ရှိမလားလို့လည်း သိချင်ပါရဲ့”ဟုဆိုပြီး ကြူရှီယာက နောက်သို့သိမ်မွေ့စွာဖြင့် ခြေနှစ်လှမ်းဆုတ်ကာ ခါးညွတ်၍ လက်တစ်ဖက်အား ရှန်ယန်ရှောင်ထံ ကမ်းလိုက်သည်။
ငြိမ့်ညောင်းသောဂီတသံက ဒီအချိန်မှာပဲ ထွက်ပေါ်လာပြီး ချီးကျူးစရာကောင်းလှတဲ့ ဂီတသံက လူအားလုံးဆီ ပျံ့လွင့်ရောက်ရှိသွားပါတော့သည်။
“ငါက မကတတ်ဘူးဟ နင့်ခြေထောက်ကို ငါတက်နင်းမိမှာမကြောက်ရင်တော့ ကလို့ရပါတယ်”ဟူ၍ မျက်ခုံးပင့်ကာ ပြောလိုက်ပေမယ့် သူမရဲ့လက်ကတော့ ကြူရှီယာဆီ ရောက်နေပါပြီ။
လုလင်နဲ့လုံမလေးတို့ ကွင်းအလယ်ကိုသွားလိုက်ချိန်မှာ ကျန်သူတွေအားလုံးက နောက်ဆုတ်ပြီး နေရာလွတ်ဖန်တီးပေးလိုက်ကြပါသည်။ညကောင်းကင်အောက်မှာတော့ လူငယ်တို့ အတူကခုန်နေပြီဖြစ်လေသည်။
ကြူရှီယာက အမျိုးကောင်းသားတစ်ယောက်ကဲ့သို ညင်သာညက်ညောစွာဖြင့် ရှန်ယန်ရှောင်၏ လက်ကိုကိုင်ဆွဲ၍ ဦးဆောင်ကလိုက်တာဖြစ်သည်။
ရှန်ယန်ရှောင်လည်း လက်ကိုမြှောက်ကာ တစ်ပတ်လှည့်လိုက်တော့ သူမရဲ့ နဂိုနေရာကို ပြန်ရောက်နေပြီဖြစ်ကာ တစ်ခြားတစ်ယောက်ရဲ့ နွေးထွေးသောလက်တစ်ဖက်က သူမလက်အား ဆုပ်ကိုင်ထားပြီးဖြစ်နေပါသည်။
“နင့်ရဲ့နောက်ထပ်ကဖော် ငါဖြစ်ပါရစေ”
တန်နာဇီရဲ့ စွဲမူးဖွယ် အပြုံးဟာ ခါတိုင်းနှင့်မတူ တစ်မူထူးခြားနေပါသည်။ရှန်ယန်ရှောင်ရဲ့ လက်လေးအား ဆွဲကိုင်ပြီးတော့ ဘာကိုမှဂရုမစိုက်စွာနဲ့ဘဲ သူမအား ကြူရှီယာထံမှနေ ခေါ်သွားပါတော့သည်။
သာယာလှတဲ့ ဂီတသံနှင့်အတူ ငနာငါးကောင်တို့က ရှန်ယန်ရှောင်အတွက် အပြိုင်အဆိုင် လုကြပါတော့သည်။
ရှန်ယန်ရှောင်ကတော့ လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ကဖော်တွေနှင့်အတူ ပျော်ရွှင်စာ ကခုန်နေပါသည်။
ဒီအချိန်မှာတော့ အားလုံးရဲ့ရင်ထဲမှာ အပျော်တွေသာ အပြည့်ရှိနေပါသည်။
ကကွက်တိုင်းနဲ့အတူ အနက်ရောင်အငွေ့တို့ ပေါ်ထွက်လာခြင်းကိုတော့ မည်သူမျှ သတိမပြုမိခဲ့ကြပါလေ။ညကောင်းကင်အောက်မှာ သွယ်လျလျသဏ္ဍာန်တစ်ခု ဖြစ်တည်လာ ခဲ့သည်။
ရှန်ယန်ရှောင်ဘေးမှာ ရှိနေသူတွေကိုကြည့်ကာ အေးစက်သောမျက်နှာက အနည်းငယ် နူးညံ့သွားခဲ့သည်။သူ့မျက်ဝန်းတွေက အနည်းငယ်ကျဉ်းမြောင်းနေပြီး ကြည့်ရသည်မှာ ရယ်မောနေသည့်ပုံပေါက်နေပါသည်။သူက ခေါင်းကိုမော့လိုက်ပြီး သေသေချာချာ ပြုလုပ်ထားတဲ့ ကြယ်စုံညအား ကြည့်လိုက်သည်။သူ့လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်တော့ မြေအောက်မြို့တစ်ခုလုံးကို အငွေ့တွေဖုံးလွှမ်းသွားသည်။
အပေါ်မှာ ချိတ်ဆွဲထားတဲ့ မီးလင်းကျောက်တွေဟာ တစ်ကယ့်ကြယ်စင်တွေအဖြစ် ပြောင်းလဲသွားကသို့ မှိတ်တုတ်မှိတ်တုတ်နဲ့ မြေအောက်မှာ လင်းလက်နေပါသည်။
မီးလင်းကျောက်အကြီးကြီးနဲ့ ပြုလုပ်ထားသော လမင်းဟာလည်း ရုတ်တရက်ဆိုသလို ဖျော့တော့နူးညံ့သော အလင်းလေးလွှတ်ထုတ်လိုက်ကာ တစ်ကယ့်လရောင်ဖြာကျနေသလို ဖြစ်သွားခဲ့သည်။
အားလုံးကို ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေပြည်ထဲမှာ ချိုသာသောရနံ့တို့ပါဝင်နေပြီး အားလုံးရှူရှိုက်မိလိုက်ပါသည်။အားလုံး တစ်ကယ်ပဲ ပျော်ရွှင်နေကြပြီး ဒီအခိုက်အတန့် လေးက အရမ်းပျော်စရာကောင်းလှတဲ့ ပွဲတော်ကြီးတစ်ခုအလား ထင်မှတ်ရလောက်ပါသည်။
ရုတ်ချည်းဆိုသလို ငွေရောင်အလင်းတစ်ခုက လူလုပ်ကောင်းကင်မှာ ဖြတ်သန်းသွားပြီး ကြယ်ကြွေတာနဲ့ တူလှပါသည်။ထို့နောက်မှာတော့ ဆက်တိုက်ဆိုသလို ကြယ်ပျံတွေအများ ကြီးကြောင့် ကောင်းကင်တစ်ခွင်လုံးမှာ တစ်လက်လက်ဖြစ်နေပါတော့သည်။
ရှန်ယန်ရှောင် အပေါ်ကိုမော့ကြည့်မိတော့ ကနေဆဲဖြစ်ပြီး ကြယ်ပျံတွေအား ကြည့်လိုက်ကာ သူမရဲ့ မျက်လုံးထဲတွင် အံ့အားသင့်သောအမူအယာတို့ ဖြစ်ပေါ်သွားခဲ့သည်။
“ယန်းရှီက ကြယ်ကြွေတာလုပ်နိုင်လောက်အောင်ထိကို တော်လှပါလား”
ရှန်ယန်ရှောင်အနေနဲ့ ကြယ်ကြွေတာကို တစ်ခါမှ မမြင်ခဲ့ဖူးပါ သို့သော် အခုသူမရဲ့ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတော့ ဘယ်လောက်တောင်လှတယ်ဆိုတာကို သဘောပေါက်သွားသည်။ သူမရဲ့ အရင်ဘဝတုန်းက တစ်ညလုံးနေပြီးတော့ ကြယ်ကြွေတာကို ထိုင်ကြည့်သူတွေ ရှိကြတာ အံ့ဩစရာတော့မရှိတော့ပါဘူး။

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၀၉)

ရွန္ယန္ေရွာင္ကေတာ့ ပါးေလးကိုလက္ႏွင့္အုပ္ကာ ခ်စ္စရာေကာင္းသလို မုန္းဖို႔လည္း ေကာင္းလွတဲ့ ငနာေတြကို ၾကည့္ေနလိုက္ပါသည္။
ဒီလိုေဘာ္ဒါေတြနဲ႔ဆိုရင္ သူမအေနနဲ႔ ဒီဘဝမွာ ရွင္သန္ေနထိုင္ရျခင္းအေပၚ ေနာင္တရဖို႔ မရွိေတာ့ပါဘူး။
“လနတ္ဘုရားတိုက္မွာေတာ့ သူတို႔ရဲ့ေမြးေန႔ေရာက္ရင္ နတ္သူငယ္ေတြက ၾကယ္တို႔ရဲ့ ေအာက္မွာ ကခုန္ၾကတယ္လို႔ ငါၾကားဖူးတယ္။ငါတို႔ရဲ့ ေမြးေန႔ရွင္ေလးနဲ႔ သူမရဲ့ ပထမဆုံး အကအတြက္ ငါ့အေနနဲ႔ ကေဖာ္ကဖက္ျဖစ္ခြင့္ရွိမလားလို႔လည္း သိခ်င္ပါရဲ့”ဟုဆိုၿပီး ၾကဴရွီယာက ေနာက္သို႔သိမ္ေမြ႕စြာျဖင့္ ေျခႏွစ္လွမ္းဆုတ္ကာ ခါးညြတ္၍ လက္တစ္ဖက္အား ရွန္ယန္ေရွာင္ထံ ကမ္းလိုက္သည္။
ၿငိမ့္ေညာင္းေသာဂီတသံက ဒီအခ်ိန္မွာပဲ ထြက္ေပၚလာၿပီး ခ်ီးက်ဴးစရာေကာင္းလွတဲ့ ဂီတသံက လူအားလုံးဆီ ပ်ံ႕လြင့္ေရာက္ရွိသြားပါေတာ့သည္။
“ငါက မကတတ္ဘူးဟ နင့္ေျခေထာက္ကို ငါတက္နင္းမိမွာမေၾကာက္ရင္ေတာ့ ကလို႔ရပါတယ္”ဟူ၍ မ်က္ခုံးပင့္ကာ ေျပာလိုက္ေပမယ့္ သူမရဲ့လက္ကေတာ့ ၾကဴရွီယာဆီ ေရာက္ေနပါၿပီ။
လုလင္နဲ႔လုံမေလးတို႔ ကြင္းအလယ္ကိုသြားလိုက္ခ်ိန္မွာ က်န္သူေတြအားလုံးက ေနာက္ဆုတ္ၿပီး ေနရာလြတ္ဖန္တီးေပးလိုက္ၾကပါသည္။ညေကာင္းကင္ေအာက္မွာေတာ့ လူငယ္တို႔ အတူကခုန္ေနၿပီျဖစ္ေလသည္။
ၾကဴရွီယာက အမ်ိဳးေကာင္းသားတစ္ေယာက္ကဲ့သို ညင္သာညက္ေညာစြာျဖင့္ ရွန္ယန္ေရွာင္၏ လက္ကိုကိုင္ဆြဲ၍ ဦးေဆာင္ကလိုက္တာျဖစ္သည္။
ရွန္ယန္ေရွာင္လည္း လက္ကိုေျမႇာက္ကာ တစ္ပတ္လွည့္လိုက္ေတာ့ သူမရဲ့ နဂိုေနရာကို ျပန္ေရာက္ေနၿပီျဖစ္ကာ တစ္ျခားတစ္ေယာက္ရဲ့ ေႏြးေထြးေသာလက္တစ္ဖက္က သူမလက္အား ဆုပ္ကိုင္ထားၿပီးျဖစ္ေနပါသည္။
“နင့္ရဲ့ေနာက္ထပ္ကေဖာ္ ငါျဖစ္ပါရေစ”
တန္နာဇီရဲ့ စြဲမူးဖြယ္ အျပဳံးဟာ ခါတိုင္းႏွင့္မတူ တစ္မူထူးျခားေနပါသည္။ရွန္ယန္ေရွာင္ရဲ့ လက္ေလးအား ဆြဲကိုင္ၿပီးေတာ့ ဘာကိုမွဂ႐ုမစိုက္စြာနဲ႔ဘဲ သူမအား ၾကဴရွီယာထံမွေန ေခၚသြားပါေတာ့သည္။
သာယာလွတဲ့ ဂီတသံႏွင့္အတူ ငနာငါးေကာင္တို႔က ရွန္ယန္ေရွာင္အတြက္ အၿပိဳင္အဆိုင္ လုၾကပါေတာ့သည္။
ရွန္ယန္ေရွာင္ကေတာ့ လိပ္ျပာေလးတစ္ေကာင္ကဲ့သို႔ ကေဖာ္ေတြႏွင့္အတူ ေပ်ာ္ရႊင္စာ ကခုန္ေနပါသည္။
ဒီအခ်ိန္မွာေတာ့ အားလုံးရဲ့ရင္ထဲမွာ အေပ်ာ္ေတြသာ အျပည့္ရွိေနပါသည္။
ကကြက္တိုင္းနဲ႔အတူ အနက္ေရာင္အေငြ႕တို႔ ေပၚထြက္လာျခင္းကိုေတာ့ မည္သူမၽွ သတိမျပဳမိခဲ့ၾကပါေလ။ညေကာင္းကင္ေအာက္မွာ သြယ္လ်လ်သ႑ာန္တစ္ခု ျဖစ္တည္လာ ခဲ့သည္။
ရွန္ယန္ေရွာင္ေဘးမွာ ရွိေနသူေတြကိုၾကည့္ကာ ေအးစက္ေသာမ်က္ႏွာက အနည္းငယ္ ႏူးညံ့သြားခဲ့သည္။သူ႔မ်က္ဝန္းေတြက အနည္းငယ္က်ဥ္းေျမာင္းေနၿပီး ၾကည့္ရသည္မွာ ရယ္ေမာေနသည့္ပုံေပါက္ေနပါသည္။သူက ေခါင္းကိုေမာ့လိုက္ၿပီး ေသေသခ်ာခ်ာ ျပဳလုပ္ထားတဲ့ ၾကယ္စုံညအား ၾကည့္လိုက္သည္။သူ႔လက္တစ္ဖက္အား ေဝွ႕ယမ္းလိုက္ေတာ့ ေျမေအာက္ၿမိဳ႕တစ္ခုလုံးကို အေငြ႕ေတြဖုံးလႊမ္းသြားသည္။
အေပၚမွာ ခ်ိတ္ဆြဲထားတဲ့ မီးလင္းေက်ာက္ေတြဟာ တစ္ကယ့္ၾကယ္စင္ေတြအျဖစ္ ေျပာင္းလဲသြားကသို႔ မွိတ္တုတ္မွိတ္တုတ္နဲ႔ ေျမေအာက္မွာ လင္းလက္ေနပါသည္။
မီးလင္းေက်ာက္အႀကီးႀကီးနဲ႔ ျပဳလုပ္ထားေသာ လမင္းဟာလည္း ႐ုတ္တရက္ဆိုသလို ေဖ်ာ့ေတာ့ႏူးညံ့ေသာ အလင္းေလးလႊတ္ထုတ္လိုက္ကာ တစ္ကယ့္လေရာင္ျဖာက်ေနသလို ျဖစ္သြားခဲ့သည္။
အားလုံးကို ျဖတ္သန္းတိုက္ခတ္သြားတဲ့ ေလျပည္ထဲမွာ ခ်ိဳသာေသာရနံ့တို႔ပါဝင္ေနၿပီး အားလုံးရွူရွိုက္မိလိုက္ပါသည္။အားလုံး တစ္ကယ္ပဲ ေပ်ာ္ရႊင္ေနၾကၿပီး ဒီအခိုက္အတန႔္ ေလးက အရမ္းေပ်ာ္စရာေကာင္းလွတဲ့ ပြဲေတာ္ႀကီးတစ္ခုအလား ထင္မွတ္ရေလာက္ပါသည္။
႐ုတ္ခ်ည္းဆိုသလို ေငြေရာင္အလင္းတစ္ခုက လူလုပ္ေကာင္းကင္မွာ ျဖတ္သန္းသြားၿပီး ၾကယ္ေႂကြတာနဲ႔ တူလွပါသည္။ထို႔ေနာက္မွာေတာ့ ဆက္တိုက္ဆိုသလို ၾကယ္ပ်ံေတြအမ်ား ႀကီးေၾကာင့္ ေကာင္းကင္တစ္ခြင္လုံးမွာ တစ္လက္လက္ျဖစ္ေနပါေတာ့သည္။
ရွန္ယန္ေရွာင္ အေပၚကိုေမာ့ၾကည့္မိေတာ့ ကေနဆဲျဖစ္ၿပီး ၾကယ္ပ်ံေတြအား ၾကည့္လိုက္ကာ သူမရဲ့ မ်က္လုံးထဲတြင္ အံ့အားသင့္ေသာအမူအယာတို႔ ျဖစ္ေပၚသြားခဲ့သည္။
“ယန္းရွီက ၾကယ္ေႂကြတာလုပ္နိုင္ေလာက္ေအာင္ထိကို ေတာ္လွပါလား”
ရွန္ယန္ေရွာင္အေနနဲ႔ ၾကယ္ေႂကြတာကို တစ္ခါမွ မျမင္ခဲ့ဖူးပါ သို႔ေသာ္ အခုသူမရဲ့ မ်က္စိနဲ႔ တပ္အပ္ျမင္လိုက္ရေတာ့ ဘယ္ေလာက္ေတာင္လွတယ္ဆိုတာကို သေဘာေပါက္သြားသည္။ သူမရဲ့ အရင္ဘဝတုန္းက တစ္ညလုံးေနၿပီးေတာ့ ၾကယ္ေႂကြတာကို ထိုင္ၾကည့္သူေတြ ရွိၾကတာ အံ့ဩစရာေတာ့မရွိေတာ့ပါဘူး။

Continue Reading

You'll Also Like

133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
1.1M 89K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
14.7K 449 32
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
917K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...