ဒေါက်တာဖုန်းက သက်ပြင်းချတယ်။
‘‘အိမ်း ငါလည်း အိုနေပါပြီကွယ်၊ မင်းတို့လူငယ်အတွေးတွေကို ငါနားမလည်ပါဘူး၊ အဓိကကတော့ မင်းကိုယ်မင်း ပြင်ဆင်ထားဖို့ပဲ၊ အခွင့်အရေးကို အဆုံးရှုံးမခံနဲ့၊ အသင့်တော်ဆုံးလူကိုလည်း လက်မလွှတ်စေနဲ့ပေါ့”
ရင်းချဲယ်က ဖျော့တော့တော့လေး ပြုံးပြတယ်။
‘‘ဟုတ်ကဲ့ပါ”
ဒေါက်တာဖုန်းဆီက ထွက်လာပြီးတော့ သူ ရွှီရှို့ဆီ၀င်ခဲ့သေးတယ်။
‘‘မင်းလည်း omegaဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားဘူးရယ်”
တအားကြီး အံ့ဩပနန်းဖြစ်မနေပုံထောက်တော့ ရွှီရှို့လည်း ဒေါက်တာဖုန်းဆီက ကြားပြီးဖြစ်လိမ့်မယ်။
‘‘ကြည့်ရုံနဲ့တင် မင်းက omegaနဲ့ တကယ်တူတာ၊ ဖွေးဥပြီး ချစ်စရာလေး.......”
ရင်းချဲယ်က ချောင်းတဟွတ်ဟွတ်လုပ်ပြတော့ ရွှီရှို့က ချက်ချင်း သဘောပေါက်သွားပြီး :
‘‘ငါသိတာပေါ့၊ မင်းက ထွားကျိုင်းတယ် သန်မာတယ် ရဲရင့်တယ် လူသန် လူကြမ်းကြီး Aတွေထက်တောင်သန်တဲ့ Aလေ!”
‘‘....အဲ့လောက်ကြီးထိလည်း မဟုတ်ဘူးလေဗျာ”
အခုဆို ရွှီရှို့က ပြန်ကောင်းလာပြီဖြစ်တယ်။ heatကာလမှာပဲ သူ့ချစ်သူအကူအညီနဲ့ ရှင်သန်ခွင့်ရခဲ့ပြီး နွေရာသီအားလပ်ရက်အတွင်း နောက်ထပ်ခွဲစိတ်မှုတစ်ခုပြီးရင် အပြည့်အ၀ ပြန်ကောင်းလာနိုင်တော့မှာ ဖြစ်တယ်။ ဒီရက်ပိုင်းအပတ်တွေအတွင်းတော့ အနားယူနေရတာပေါ့။
‘‘ဒါနဲ့ မင်းကိုပြောပြရဦးမယ် ရှောင်ချဲယ်”
ရွှီရှို့မျက်နှာက ရဲနေတယ်။
‘‘အဲ့ alphaတွေဆိုတာ နည်းနည်းမှ မကောင်းဘူး၊ သာမန်အချိန်ဆို ညင်သာပြီး အေးဆေးတည်ငြိမ်နေပေမယ့် pheromoneနံ့ရတဲ့အချိန်ကျ သူတို့ရဲ့သရုပ်မှန်က ပေါ်လာတော့တာပဲ၊ တအား တအားကို ကြမ်းကြုတ်တာပါဆို.....”
ရင်းချဲယ်ကတော့ ရွှီရှို့လည်ပင်းက မပျောက်ပြယ်သေးတဲ့ အနီရဲရဲအမှတ်အသားကို မကြည့်မိအောင်ရှောင်ရင်း လေသံကိုလည်း အတတ်နိုင်ဆုံး ပုံမှန်လေးဖြစ်အောင် ထိန်းယူနေရတယ်။
‘‘တအားနာတာလား?”
‘‘အစတော့ နည်းနည်းနာတယ် ဒါပေမယ့် နောက်တော့....”
ရွှီရှို့က ဆက်ပြောဖို့ မရဲတော့သလို ရင်းချဲယ်လည်း ထုတ်မေးဖို့ မရဲပေ။
အဲ့နောက်ဘာဖြစ်လဲဆိုတာတော့ bioစာအုပ်တွေထဲမှာ အကုန်ရေးထားပြီးသားပဲ။
...
ရောက်တက်ရာရာ တချို့ပြောနေတုန်းပဲ ရွှီရှို့ရဲ့ချစ်သူ တုရှန်းက ရောက်လာပြီး သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တယ်။
‘‘ဟဲလို အလည်လာပေးတဲ့အတွက် ကျေးဇူးပါ”
‘‘ရပါတယ် ကျွန်တော်လုပ်သင့်တာပါ”
‘‘သူက အခုမှ နာလန်ထူခါစရှိသေးတာမို့ ကိုယ်ကလာပြီး ကူညီပေးတာ”
သူ့စကားတွေထဲမှာ အဓိပ္ပါယ်တစ်ခုခုပါတယ်လို့ ရင်းချဲယ် ခံစားမိတာမို့ အမေးသဘောနဲ့ လှမ်းကြည့်လိုက်တော့ တုရှန်းက သတိပြုမိပြီး ဆက်ပြောတယ်။
‘‘ကျေးဇူးပြုပြီး ရှောင်ပေးလို့ရမလား? အားနာပေမယ့်”
ရွှီရှို့မျက်နှာက ရဲရဲတောက်လာပြီး တုရှန်းပါးစပ်ကို လှမ်းအုပ်တယ်။
‘‘ဆက်မပြောနဲ့တော့.....ငါအလျင်မလိုဘူး မင်းနောက်မှပြန်လာခဲ့”
တုရှန်းကတော့ သူ့လက်ကိုဆွဲချတယ်။
‘‘ဒါပေမယ့် ကိုယ် အလျင်လိုတယ်လေ”
‘‘.......”
ရင်းချဲယ်လည်း အလိုက်တသိ ထွက်လာခဲ့တယ်၊ သူသာဆက်နေရင် တအားကို အသိပညာတိုးစရာတွေ မျက်မြင်ကိုယ်တွေ့ ကြုံကြိုက်သင်ယူလိုက်ရမှာ စိုးတာကြောင့်လည်း ပါတာပေါ့။
..
အခန်းထဲက ထွက်လာပြီးတဲ့နောက်မှာ သူ ဆေးရုံ၀င်ပေါက်ဆီကို လျှောက်သွားလိုက်တယ်။
အပေါက်ရောက်တယ်ဆိုရင်ပဲ ထင်မှတ်မထားတဲ့ ဧည့်သည်တစ်ဖွဲ့နဲ့ တိုးတယ်။
‘‘ချဲယ်ကော! အပြင်တောင် လျှောက်ထွက်နေပြီပေါ့!”
ရင်းချဲယ် သူ့ရှေ့က မျက်နှာလိုမျက်နှာရနဲ့ နားရွက်တပ်ချိတ်မတတ် ပြုံးဖြီးပြနေတဲ့ ကျောက်ကျန်ရှန်းနဲ့ ဖန့်ဟွေကို ကြည့်ရင်း ဒီလောကကြီးက အစစ်အမှန်ဟုတ်ရဲ့လားတောင် နည်းနည်း သံသယ ၀င်ချင်လာတယ်။
‘‘ကျွန်တော်တို့လည်း မတိုင်ခင်ကတည်းက လာတွေ့ချင်ခဲ့တာပဲ၊ ဒါမယ့် ယောင်ကောက ချဲယ်ကောအနားယူတာကို မနှောင့်ယှက်နဲ့ဆိုလို့”
‘‘ယောင်ကော ဟုတ်လား?”
ရုတ်တရက် ရင်းချဲယ် အားလုံးကိုနားလည်သွားသလိုပဲ။ မျက်ခုံးပင့်မိတယ်။
ဒီအပိုင်းကတောင် သရုပ်ဆောင်တဲ့အကွက်ဖြစ်နေခဲ့တာလား
‘‘အာ Dong Chengက ကျွန်တော်တို့ပိုင်နက်ကို ယောင်ကောက လက်ဝါးကြီးအုပ်လိုက်ပြီလေ၊ ကျွန်တော်တို့လည်း သွားစရာမရှိတော့တာနဲ့ ရွေးစရာမရှိဘဲ သူ့ကိုနာခံရတာပေါ့.....”
ကျောက်ကျန်ရှန်းက သူတို့အကြောင်းကို သေချာခွဲခြမ်းစိတ်ဖြာပြတယ်။
‘‘အရင်တစ်ခေါက်အတွက်ကလည်း တောင်းပန်ပါတယ်၊ အဲ့တုန်းကလည်း ရွေးချယ်စရာမရှိခဲ့လို့ပါ၊ ယောင်ကောက အစစ်နဲ့တူအောင် သေချာလုပ်ခိုင်းထားတာရယ် သက်ညှာမနေဖို့ရယ်မှာထားတော့ ရလဒ်အနေနဲ့က ကျွန်တော်တို့လည်း မထောက်ထားမိပဲ...... ခံစားချက်အစစ်အမှန်တွေကို ဖွင့်ထုတ်လိုက်မိသလို ဖြစ်သွားတယ်၊ ချဲယ်ကော အဆင်ပြေရဲ့လား?”
ပိုပိုပြီး ယုတ္တိမတန်ဖြစ်လာပြီ
‘‘stun batonက၊ သူပဲ ပေးခဲ့တာလား?”
‘‘ဟုတ်တယ် ဟုတ်တယ်၊ အကုန်လုံးက သူခိုင်းတာချည်းပဲ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးရယ်”
ဒီလိုအပြစ်လွှဲချတဲ့ skillကတော့ ပထမတန်းစားပဲ
ရင်းချဲယ်က အသက်ပြင်းပြင်းရှူပြီး
‘‘ဘယ်သူပဲ ခိုင်းခိုင်း ငါ့မျက်စိရှေ့က ငါးစက္ကန့်အတွင်း ထွက်သွား၊ မဟုတ်ရင် ......”
‘‘သွားမယ် သွားမယ်!”
အားလုံးက ကျောက်ကျန်ရှန်းကို ပြူးကြည့်နေပြီးနောက်တော့ မျက်စိတစ်မှိတ်အတွင်း တစ်ဖွဲ့လုံး ပျောက်ကွယ်သွားတယ်။ လစ်မပြေးခင်လည်း လက်ဆောင်တွေတစ်ထုပ်ကြီး သူ့လက်ထဲ ထိုးထည့်သွားသေးတယ်။
မုန့်တွေ၊ အားဆေးတွေနဲ့ stun batonထည့်တဲ့ဘူးလို ဘူးရှည်ရှည်လေး တစ်ခုလည်း ပါသေးတယ်၊ ‘အချိန်တွေအကြာကြီး အတူရှိနေနိုင်ပါစေ!’ဆိုတဲ့ sticky noteလေးကလည်း အဆစ်ကပ်ထားသေးတယ်။
ရင်းချဲယ် noteကိုဆွဲခွာလိုက်တော့ ဘူးပေါ်က ‘Vibrating Massage’ဆိုတဲ့ စာတစ်စွန်းတစ်စထိပ်ပိုင်းကို မြင်မိတယ်။
ကျန်တာတော့ ဆက်မဖတ်ဖြစ်တော့ဘူး၊ နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ အမှိုက်ပုံးထဲ ရောက်သွားတာကြောင့်။
...
တနင်္ဂနွေနေ့ညဟာ နွေပိတ်ရက်မတိုင်မီ နောက်ဆုံးအပတ်ပေါ့။ ရင်းချဲယ် social media appတွေ အကုန် ပြန်ထည့်လိုက်တယ်။
app ထဲမှာ ရောက်နေတဲ့ unread messageတွေ၊ အများစုကတော့ အတန်းဖော်တွေဆီကပဲ၊ သူ blockထားခဲ့တဲ့ exဆီကတော့ မပါဘူးပေါ့။
group chatကတော့ နွေရာသီပိတ်ရက် ဘယ်ကိုခရီးထွက်ရမလဲဆိုတဲ့ အကြောင်းပြောနေကြတယ်။
အများစုကတော့ အတန်းစာတွေ ပြန်လုပ်ရဦးမှာဖြစ်တယ်။ နောက်နှစ်ဆိုရင်ပဲ အထက်တန်းရဲ့တတိယနှစ်ရောက်တော့မှာမို့ ထိုထဲက နှစ်ယောက်သုံးယောက်လောက်ကပဲ အပျော်ခရီးထွက်ဖို့အရေး တွေးနိုင်ကြတယ်။
ကျန်းခဲ့က ကျန့်ယောင်ကို tagတွဲကာ
[ယောင်ကောရေ မင်းတို့ Dong Chengက ပင်လယ်ကြီးက ပြာလဲ့နေတာပဲလား? ငါအဲ့ကိုတစ်ခါမှ မရောက်ဖူးဘူး နွေရာသီပိတ်ရက်ကျ ရေသွားကူးကြရင်ရော? မင်းကောင်မလေးနဲ့ ကောင်မလေးရဲ့သူငယ်ချင်းတွေပါခေါ်ခဲ့လိုက်]
ချန်ရင်းရင်း : [နင်က ကောင်မလေးတွေကို bikiniနဲ့ ငမ်းချင်ရုံပဲမလား ဟမ်?]
ကျန်းခဲ့ : [ငါက အဲ့လိုလူမျိုးလား!]
ကျန့်ယောင် : [ဆောရီး ဘာကောင်မလေးမှမရှိဘူး]
ကျန်းခဲ့ : [ဟင် မင်းပဲအရင်က ၀န်ခံခဲ့တယ်မဟုတ်ဘူးလား?]
ကျန့်ယောင် : [ဘယ်တုန်းကမှ ၀န်မခံပါဘူး၊ မင်းတို့ဘာ မင်းတို့ ယူဆနေကြတာ]
ကျန်းခဲ့ : [??ယောင်ကောရေ၊ မင်းရဲ့မျက်နှာကပဲ အပြောင်းလဲမြန်လွန်းနေတာမလား?]
ရုတ်တရက် ဖြတ်ပြောတဲ့ ဟန်မုန့် : [ကောင်မလေးမရှိဘူးဆို ကောင်လေးများရှိနေမလားနော်?]
ထိုအမေးနောက်မှာ နောက်ထပ်တစ်ယောက်ကလည်း စကားဝိုင်းထဲ ၀င်လာတယ်။
[ဟုတ်တယ်! ယောင်ကောရာ gender တွေဘာတွေခွဲခြားမနေပါနဲ့၊ ချစ်စရာကောင်းတဲ့ကောင်လေးတွေလည်း ကျောင်းမှာ အများကြီးပါ]
[ကောင်မလေးတွေ အတော်များများ မင်းကို ယောက်ျားလေးချင်း shipနေကြတာ မသိဘူးလား? မင်းက လုံးကို gongပဲတဲ့]
[ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ကွာ တစ်ယောက်သာ မြန်မြန်ရှာလိုက်စမ်းပါ၊ အဲ့ဒါမှ ကျောင်းက omegaတွေ အကုန် မင်းကိုလက်လျော့ပြီး ငါတို့လည်း တစ်နေကုန် တခြားအတန်းကလူတွေ မေးတာခံမနေရမှာ]
ကျန့်ယောင်က ချက်ချင်းကို လေထုထဲ ပျောက်ကွယ်သွားသလို ပြန်ဖြေမလာတော့။ အတန်းဖော်တွေကတော့ တအောင့်လောက်ကြာ စောင့်ပြီးနောက် တခြားအကြောင်းတွေဆီ ဆက်ပြောကြတော့တယ်။ ထိုထဲကတစ်ယောက်က မနက်ဖြန် resultsတွေထွက်မယ့်အကြောင်း ပြောမိတော့ တစ်ဖွဲ့လုံးဆီ ဝိုင်းအဆူခံရလေတယ်။
ကျန့်ယောင် ဘောပင်ကိုချလိုက်ပြီး ရေးထားတဲ့စာရွက်လေးကို ပါးပါးလေးဖြစ်အောင် ခေါက်လိုက်တယ်။
နောက် သူ့အခန်းတံခါးကိုဖွင့်ကာ တစ်ဖက်ကပ်ရပ်အခန်းတံခါးဆီ သွားလိုက်တယ်။ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စာရွက်ကို တံခါးအောက်ကနေ အသည်းအသန်ကြိုးစား ထိုးထည့်တယ်။
သူကိုယ်၌ကိုက စာရွက်ကိုဒီလိုမျိုးထိုးထည့်ရခြင်းက စိတ်ရှုပ်စရာအကောင်းဆုံးအပြုမူဆုကို ရထိုက်တဲ့ အပြုမူလို့ကို ထင်မိတယ်။
သို့ပေမယ့် သူဆက်သွယ်နိုင်တဲ့ နည်းလမ်းမှန်သမျှက အပိတ်ခံထားရမှတော့၊ တခြားဘာများတတ်နိုင်ဦးမှာလဲ?
အထဲကလူက ထွက်လာပြီး စာရွက်နဲ့ ပြန်ပေါက်သွားမှာ စိုးတာကြောင့်လည်း သူ ဖြေးဖြေးလေးနဲ့ ဖွဖွလေး အသံမထွက်အောင် လှုပ်ရှားရတယ်။
ဒါပေမယ့် သူထိုးထည့်ပြီးရင်တောင် မြင်မှာမဟုတ်လောက်ဘူး။
မတိုင်ခင် ဆေးရုံတုန်းကလည်း အခန်းထဲကို ဒီလိုမျိုးပဲ စာရွက်လေးတွေထိုးပြီး အကြိမ်အများကြီး တောင်းပန်ဖူးတယ်။ နေ့တွေသာကုန်သွားတယ် သူ messageပို့တိုင်း exclamation markအနီရောင်လေး ပေါ်နေတုန်းပဲ။
ရင်းချဲယ်က သူ့ကိုခွင့်လွှတ်မှာမဟုတ်ဘူး၊ ရင်းချဲယ်က သူ့ကိုမမြင်ချင်ဘူး။
လူတစ်ယောက်ကို သေချင်သွားတဲ့အတိုင်းအတာထိ တွန်းပို့တဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အမုန်းမခံရပဲနေမှာလဲ?
‘‘ရှောင်ချယ်က စိတ်လုံခြုံမှုရှိတော့မှာမဟုတ်ဘူး”
အဲ့အချိန်တုန်းက သူ့အစီစဥ်အကြောင်း ဒေါက်တာဖုန်းကို ပြောပြတော့ အကျိုးဆက်အကြောင်း သူ့ကိုပြန်ပြီး သတိပေးဆိုလာတဲ့စကား :
‘‘သေအံ့ဆဲဆဲလူတစ်ယောက်အတွက် စိတ်လုံခြုံမှုရှိဖို့က မဖြစ်နိုင်ဘူး၊ စိတ်ပညာကုထုံးလုပ်တုန်းက သူပြောဖူးတယ် သူသည်းမခံနိုင်ဆုံးအရာက လိမ်တာတဲ့၊ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်နေရင်တောင်မှပဲ၊ သေခြင်းတရားကိုတောင် သူရင်ဆိုင်ခဲ့ပြီးပြီပဲ၊ ဘာများရင်မဆိုင်နိုင်တာ ရှိဦးမှာလဲ?
‘‘အဲ့တာကြောင့်ပဲ, သူ့ကိုလိမ်ရင်, မင်းအပေါ်သူထားလာမယ့် အမုန်းကို ခံနိုင်အောင် ပြင်ဆင်ထားရလိမ့်မယ်
‘‘မင်းကို ခွင့်လွှတ်တယ်ဆိုရင်တောင် ထပ်ပြီးယုံကြည်ဖို့ကတော့ မဖြစ်နိုင်လောက်တော့ဘူး”
ကျန့်ယောင် တံခါးကိုမှီရင်း ခေါင်းအနည်းငယ်စောင်းကာ အပေါက်၀မှာပဲ တအောင့်လောက်ထိ ထိုင်နေခဲ့တယ်၊ တံခါးတစ်ဖက်မှာရှိတဲ့ လှုပ်ရှားမှုလေးတွေကို နားစွင့်ရင်းပေါ့။
ညဟာ တိတ်ဆိတ်နေပြီး သူ့နောက်က အခန်းလေးဟာလည်း တိတ်ဆိတ်နေခဲ့တယ်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာ အခန်းထဲက ခြေသံဖွဖွကလေး၊ တစ်လှမ်းချင်းတိုးလာတယ်၊ စက္ကန့်ပိုင်းလောက်လေး ရပ်သွားပြီးမှ တဖြည်းဖြည်းနဲ့ ပြန်လည်ဝေးကွာသွားတော့တယ်။
..
ကျန့်ယောင် စောင့်နေခဲ့တယ် ဆယ်မိနစ်လောက်ထိ။သူ့စာရွက်လေးတွေ ရင်းချဲယ် ဖတ်ပြီးလောက်ပြီလို့ အကောင်းဘက်ကနေတွေးရင်း messageတစ်စောင် အစမ်းပို့ဖို့ကြိုးစားကြည့်တယ်။
၀မ်းနည်းစရာက အရင်ကအတိုင်း သူ ဘလော့ခံထားရတုန်းပဲ။
သူ့မှာ ပြောချင်တာလေးရှိလို့ သူ(ရင်းချဲယ်)သာ နားထောင်ချင်တယ်ဆိုရင် ဘလော့လေးပဲ ဖြုတ်ပေးဖို့အကြောင်း သူစာရွက်ပေါ်မှာ ရေးထားခဲ့တယ်။
အခုရလဒ်အရတော့ ရင်းချဲယ်က နားမထောင်ချင်တာလား ဒါမှမဟုတ် စာရွက်တွေကို နည်းနည်းမှ မဖတ်ပဲ အမှိုက်ပုံးထဲတန်းပစ်ခဲ့တာလား တစ်ခုခုပဲ။
သူတစ်ညလုံး စာတွေစီနေရတာ၊ ပြောချင်တဲ့အကြောင်းအရာတွေက သူ့စိတ်ထဲမှာ အပြည့်မို့ မျိုသိပ်ထားရတာက အရမ်း နာကျင်ရတယ်။
သူနားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ငါပြောမှရတော့မယ်
ကျန့်ယောင် voice message buttonကို ဖိနှိပ်ထားလိုက်ပြီး :
‘‘ချဲယ်ချဲယ်”
ထိုစကားလေးနှစ်လုံးထွက်ပြီးချိန် သူ့နှလုံးသားဟာ တင်းကျပ်သွားပြီး သက်သာဖို့တောင် အချိန်နည်းနည်းယူရတယ်။
‘‘ချဲယ်ချဲယ် နောက်နှစ်ကျ ကျောင်းပြောင်းဖို့ စီစဉ်နေတာလား? အဲ့နေ့က KTVအပြင်ဘက်မှာ ပြောနေတာ ကိုယ်ကြားလိုက်တယ်
‘‘မင်းကို မသွားပါနဲ့လို့ ကိုယ်တောင်းဆို(ပန်)ချင်တယ်၊ အဲ့လိုလုပ်ဖို့ ကိုယ့်မှာ အခွင့်ရှိတယ်လို့လည်း မထင်ပေမယ့်
‘‘ကိုယ်လုပ်တာ လွန်သွားမှန်း ကိုယ်သိပါတယ်၊ အတုအယောင်ဆိုရင်တောင် လွန်လွန်းသွားတယ်၊ မင်းကိုယ့်ကို ခွင့်မလွှတ်နိုင်ဘူးမလား ကိုယ်သိပါတယ်၊ မင်းကို ကျန်းကျန်းမာမာ အေးအေးချမ်းချမ်းဖြစ်စေဖို့ပဲ ကိုယ်မျှော်လင့်တာပါ၊ ကိုယ့်ကိုယ်ကို ထပ်ပြီး လက်လျှော့တာမျိုး မလုပ်ပါနဲ့တော့......မင်းဘ၀မှာ ကိုယ်မရှိပဲ နေနိုင်ပေမယ့် ကိုယ့်ကမ္ဘာမှာက မင်းမရှိလို့ မဖြစ်ဘူး
‘‘မင်းကိုယ့်ကို စိတ်ဆိုးတယ်ဆို ထုချင်ထုရိုက်ချင်ရိုက်၊ မင်းဒေါသတွေအကုန်ပြေသွားတဲ့အထိ စိတ်ကြိုက်ရိုက်ပါ၊ မသိချင်ယောင်တော့ မဆောင်လိုက်ပါနဲ့၊ အဲ့လိုက ကိုယ့်ကို မျှော်လင့်ချက်တစ်မှုန်စာလေးတောင် မရှိတော့သလို ခံစားစေရလို့ပါ.....
‘‘ကိုယ်မင်းကို လိမ်ဖို့ရွေးချယ်လိုက်ကတည်းက မျှော်လင့်ချက်မရှိတော့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ မင်းက လိမ်တာညာတာကို အမုန်းဆုံးဆိုတာ ကိုယ် သေချာသိတာပေါ့၊ လမ်းခွဲပြီးသွားရင် ထပ်ပြီး ပက်သက်ခွင့်မရှိတော့ဘူးဆိုတာ ကိုယ် သေချာသိတာပေါ့၊ ဒါမယ့်လေ ကိုယ့်ရင်ထဲမှာ ကိုယ့်ကိုယ်ကိုအထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်လေးက အမြဲရှိနေခဲ့တာ၊ မင်းကကိုယ့်ကို အရမ်းသဘောကျခဲ့တာဆိုတော့ အမှန်တရားကို သိသွားရင်လည်း ကိုယ့်ကိုခွင့်လွှတ်လောက်မှာပါလို့ ကိုယ်တွက်ထားခဲ့တာ
‘‘ဒါပေမယ့် ဘာဖြစ်လဲ ကိုယ်တို့လမ်းခွဲတဲ့နေ့တုန်းက မင်းမျက်၀န်းတွေမှာ မျက်ရည်တောင် ရှိမနေခဲ့ဘူး
‘‘ကိုယ့်အပေါ် အရမ်းလည်း စိတ်ဆိုးမပြဘူး၊ စိတ်သက်သက်သာသာနဲ့ ယုံကြည်ချက်ရှိရှိ မင်းလျှောက်ထွက်သွားခဲ့တာ၊ ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲ မင်းနောက်ပြေးလိုက်ပြီး အားလုံးက အတုတွေပါလို့ ကိုယ်ပြောပစ်လိုက်ချင်တာ၊ ဒါပေမယ့် ခက်ခက်ခဲခဲကြိုးစားထားရတာတွေကိုလည်း သဲထဲရေသွန်ဖြစ်အောင် ကိုယ်မလုပ်ရက်ဘူး၊ မင်းရဲ့အသက်ရှင်ဖို့တစ်ခုတည်းသော အခွင့်အရေးလေးကို ကိုယ်အခွင့်လွှတ်ခံရဖို့အတွက်နဲ့ မဖျက်ဆီးရက်ဘူးလေ
‘‘ဒါပေမယ့် အဲ့အချိန်မှာပဲ, ကိုယ်တို့က လပိုင်းလောက်ပဲ တွဲခဲ့ကြတယ်ဆိုတာ ကိုယ်အမှတ်ရသွားတယ်၊ အာ့ကြောင့် မင်းက ကိုယ့်ကို ထင်ထားသလောက် သဘောမကျခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်၊ အဲ့ဒီကြားထဲကမှ ကိုယ်က မင်းကို လိမ်ညာပြီး နာကျင်စေခဲ့တာဆိုတော့ .....
‘‘အဲ့လိုဆိုတောင် ကိုယ်မင်းကိုပြောချင်တယ် အစကနေ အဆုံးထိအောင် မင်းကို ကိုယ်နှလုံးသားတစ်ခုလုံးနဲ့ နှစ်နှစ်ကာကာ ချစ်ခဲ့တယ်ဆိုတာ
‘‘ကိုယ် ထိန်းချုပ်ဆေးမသုံးခဲ့ဘူး ဒါပေမယ့် ကျန်တဲ့ဘ၀တစ်သက်တာလုံးလည်း မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမှာ”
voice messageတစ်ခုတိုင်းရဲ့ ရှေ့မှာ exclamation mark လေးတစ်ခုစီ ရှိနေတယ်။ အထဲက စကားတွေကို ဘယ်သူကမှ ကြားတော့မှာမဟုတ်ပေ။
ကျန့်ယောင် ဖုန်းကို တင်းတင်းဆုပ်ထားပြီး လက်ကောက်၀တ်က မီးခိုးညိုရောင် လက်ပတ်ကလေးကို ကြည့်လိုက်တယ်။ အရောင်က ထိန်တောက်နေတဲ့ အရောင်မျိုး ဟုတ်မနေတာတောင် သူ့မျက်လုံးတွေကို နာကျင်အောင်စူးနေတယ်။
ရင်းချဲယ် ခြေချင်း၀တ်မှာရော ရှိနေသေးလား သူမပြောတတ်ပေ။ ဖြတ်ပစ်လောက်ပြီပဲ နေမှာ။
ဒီလိုမျိုးဆုံးဖြတ်ရချိန်မျိုးဆို သူကတော့ ချတယ်၊ ရင်းချဲယ်ကတော့ အမြဲတမ်း ပြတ်ပြတ်သားသား တည်တည်ငြိမ်ငြိမ်ပဲ လိုက်လုပ်ဆောင်လေ့ရှိတယ်။
သူပြောလို့ပြီးခါနီးနေပြီ၊ ပြောစရာစကားနည်းနည်းပဲ ကျန်တော့တယ်။
‘‘အင်း ဒီလောက်ပဲ, အမြဲတမ်း ကျန်းမာနေရမယ်နော်
‘‘တစ်နေ့နေ့တစ်ချိန်ချိန်မှာများ မင်းကိုယ့်အကြောင်းတွေးမိတယ်ဆို ကိုယ်အမြဲတမ်း ရှိနေမှာပါ”
အစကတော့ ဆုတောင်းစကားလေး နည်းနည်းထပ်ပြောမလို့ပေမယ့် အခုတော့ ထပ်မပြောနိုင်တော့ပေ။
ကျန့်ယောင် မျက်နှာကို သုတ်လိုက်ပြီး
‘‘good night, အိပ်မက်လှလှလေး မက်ပါစေ.....ကိုယ်မပါတဲ့ အိပ်မက်လေးပေါ့”
voice messageရဲ့ရှေ့မှာ အဝိုင်းလေးကလည်လို့ သူ့ရဲ့အသုံးမ၀င်တဲ့ အားထုတ်မှုကို လှောင်ရယ်နေသလိုပဲ။ ကျန့်ယောင် ကြည့်နေရင်းတင် စိတ်ဆိုးလာတာမို့ ထပြီး ကိုယ့်အခန်းကိုယ် ပြန်လာလိုက်တယ်။ ဖုန်းကိုခေါင်းအုံးပေါ် ပစ်တင်လိုက်ပြီး စောင်တွေထဲ ခေါင်းတိုး၀င်လိုက်တယ်။
ဖုန်းမှန်သားပြင်ပေါ်က အဝိုင်းလေးကတော့ တအောင့်လောက်ထိ လည်နေပြီးမှ ပျောက်သွားတယ်၊ ဒီတစ်ခေါက်တော့ exclamation markလေး ပေါ်မနေတော့ပေ။
______
The author has something to say :
တံခါးတစ်ဖက်က ရှောင်ချဲယ် : ဟက် ခွင့်ပြုချက်မရှိပဲ ဆုံးဖြတ်ချက်တွေ ၀င်ချပြီးမှ ငါမင်းကို အဲ့လောက်မကြိုက်ပါဘူး ဆိုတဲ့အတွေးတွေ ခွင့်ပြုချက်မရပဲ လျှောက်ဖြည့်တွေးနေတယ်
______
T/n : ကျန့်ယောင်လေး သနားပါတယ်နော်🥺 ဒါနဲ့ နောက်တစ်ပိုင်းဆို ပြန်ပြေလည်ကြတော့မှာပါ တချို့တွေက ဖတ်ရမှာတောင် ကြောက်နေပြီဆိုလို့(◕︵◕)
______
[Zawgyi]
ေဒါက္တာဖုန္းက သက္ျပင္းခ်တယ္။
‘‘အိမ္း ငါလည္း အိုေနပါၿပီကြယ္၊ မင္းတို႔လူငယ္အေတြးေတြကို ငါနားမလည္ပါဘူး၊ အဓိကကေတာ့ မင္းကိုယ္မင္း ျပင္ဆင္ထားဖို႔ပဲ၊ အခြင့္အေရးကို အဆုံးရွုံးမခံနဲ႔၊ အသင့္ေတာ္ဆုံးလူကိုလည္း လက္မလႊတ္ေစနဲ႔ေပါ့”
ရင္းခ်ဲယ္က ေဖ်ာ့ေတာ့ေတာ့ေလး ျပဳံးျပတယ္။
‘‘ဟုတ္ကဲ့ပါ”
ေဒါက္တာဖုန္းဆီက ထြက္လာၿပီးေတာ့ သူ ရႊီရွို႔ဆီ၀င္ခဲ့ေသးတယ္။
‘‘မင္းလည္း omegaျဖစ္ေနလိမ့္မယ္လို႔ ငါမထင္ထားဘူးရယ္”
တအားႀကီး အံ့ဩပနန္းျဖစ္မေနပုံေထာက္ေတာ့ ရႊီရွို႔လည္း ေဒါက္တာဖုန္းဆီက ၾကားၿပီးျဖစ္လိမ့္မယ္။
‘‘ၾကည့္႐ုံနဲ႔တင္ မင္းက omegaနဲ႔ တကယ္တူတာ၊ ေဖြးဥၿပီး ခ်စ္စရာေလး.......”
ရင္းခ်ဲယ္က ေခ်ာင္းတဟြတ္ဟြတ္လုပ္ျပေတာ့ ရႊီရွို႔က ခ်က္ခ်င္း သေဘာေပါက္သြားၿပီး :
‘‘ငါသိတာေပါ့၊ မင္းက ထြားက်ိဳင္းတယ္ သန္မာတယ္ ရဲရင့္တယ္ လူသန္ လူၾကမ္းႀကီး Aေတြထက္ေတာင္သန္တဲ့ Aေလ!”
‘‘....အဲ့ေလာက္ႀကီးထိလည္း မဟုတ္ဘူးေလဗ်ာ”
အခုဆို ရႊီရွို႔က ျပန္ေကာင္းလာၿပီျဖစ္တယ္။ heatကာလမွာပဲ သူ႔ခ်စ္သူအကူအညီနဲ႔ ရွင္သန္ခြင့္ရခဲ့ၿပီး ေႏြရာသီအားလပ္ရက္အတြင္း ေနာက္ထပ္ခြဲစိတ္မွုတစ္ခုၿပီးရင္ အျပည့္အ၀ ျပန္ေကာင္းလာနိုင္ေတာ့မွာ ျဖစ္တယ္။ ဒီရက္ပိုင္းအပတ္ေတြအတြင္းေတာ့ အနားယူေနရတာေပါ့။
‘‘ဒါနဲ႔ မင္းကိုေျပာျပရဦးမယ္ ေရွာင္ခ်ဲယ္”
ရႊီရွို႔မ်က္ႏွာက ရဲေနတယ္။
‘‘အဲ့ alphaေတြဆိုတာ နည္းနည္းမွ မေကာင္းဘူး၊ သာမန္အခ်ိန္ဆို ညင္သာၿပီး ေအးေဆးတည္ၿငိမ္ေနေပမယ့္ pheromoneနံ့ရတဲ့အခ်ိန္က် သူတို႔ရဲ့သ႐ုပ္မွန္က ေပၚလာေတာ့တာပဲ၊ တအား တအားကို ၾကမ္းၾကဳတ္တာပါဆို.....”
ရင္းခ်ဲယ္ကေတာ့ ရႊီရွို႔လည္ပင္းက မေပ်ာက္ျပယ္ေသးတဲ့ အနီရဲရဲအမွတ္အသားကို မၾကည့္မိေအာင္ေရွာင္ရင္း ေလသံကိုလည္း အတတ္နိုင္ဆုံး ပုံမွန္ေလးျဖစ္ေအာင္ ထိန္းယူေနရတယ္။
‘‘တအားနာတာလား?”
‘‘အစေတာ့ နည္းနည္းနာတယ္ ဒါေပမယ့္ ေနာက္ေတာ့....”
ရႊီရွို႔က ဆက္ေျပာဖို႔ မရဲေတာ့သလို ရင္းခ်ဲယ္လည္း ထုတ္ေမးဖို႔ မရဲေပ။
အဲ့ေနာက္ဘာျဖစ္လဲဆိုတာေတာ့ bioစာအုပ္ေတြထဲမွာ အကုန္ေရးထားၿပီးသားပဲ။
...
ေရာက္တက္ရာရာ တခ်ိဳ႕ေျပာေနတုန္းပဲ ရႊီရွို႔ရဲ့ခ်စ္သူ တုရွန္းက ေရာက္လာၿပီး သူ႔ကို ယဥ္ယဥ္ေက်းေက်း ႏွုတ္ဆက္တယ္။
‘‘ဟဲလို အလည္လာေပးတဲ့အတြက္ ေက်းဇူးပါ”
‘‘ရပါတယ္ ကၽြန္ေတာ္လုပ္သင့္တာပါ”
‘‘သူက အခုမွ နာလန္ထူခါစရွိေသးတာမို႔ ကိုယ္ကလာၿပီး ကူညီေပးတာ”
သူ႔စကားေတြထဲမွာ အဓိပၸါယ္တစ္ခုခုပါတယ္လို႔ ရင္းခ်ဲယ္ ခံစားမိတာမို႔ အေမးသေဘာနဲ႔ လွမ္းၾကည့္လိုက္ေတာ့ တုရွန္းက သတိျပဳမိၿပီး ဆက္ေျပာတယ္။
‘‘ေက်းဇူးျပဳၿပီး ေရွာင္ေပးလို႔ရမလား? အားနာေပမယ့္”
ရႊီရွို႔မ်က္ႏွာက ရဲရဲေတာက္လာၿပီး တုရွန္းပါးစပ္ကို လွမ္းအုပ္တယ္။
‘‘ဆက္မေျပာနဲ႔ေတာ့.....ငါအလ်င္မလိုဘူး မင္းေနာက္မွျပန္လာခဲ့”
တုရွန္းကေတာ့ သူ႔လက္ကိုဆြဲခ်တယ္။
‘‘ဒါေပမယ့္ ကိုယ္ အလ်င္လိုတယ္ေလ”
‘‘.......”
ရင္းခ်ဲယ္လည္း အလိုက္တသိ ထြက္လာခဲ့တယ္၊ သူသာဆက္ေနရင္ တအားကို အသိပညာတိုးစရာေတြ မ်က္ျမင္ကိုယ္ေတြ႕ ၾကဳံႀကိဳက္သင္ယူလိုက္ရမွာ စိုးတာေၾကာင့္လည္း ပါတာေပါ့။
..
အခန္းထဲက ထြက္လာၿပီးတဲ့ေနာက္မွာ သူ ေဆး႐ုံ၀င္ေပါက္ဆီကို ေလၽွာက္သြားလိုက္တယ္။
အေပါက္ေရာက္တယ္ဆိုရင္ပဲ ထင္မွတ္မထားတဲ့ ဧည့္သည္တစ္ဖြဲ႕နဲ႔ တိုးတယ္။
‘‘ခ်ဲယ္ေကာ! အျပင္ေတာင္ ေလၽွာက္ထြက္ေနၿပီေပါ့!”
ရင္းခ်ဲယ္ သူ႔ေရွ႕က မ်က္ႏွာလိုမ်က္ႏွာရနဲ႔ နားရြက္တပ္ခ်ိတ္မတတ္ ျပဳံးၿဖီးျပေနတဲ့ ေက်ာက္က်န္ရွန္းနဲ႔ ဖန႔္ေဟြကို ၾကည့္ရင္း ဒီေလာကႀကီးက အစစ္အမွန္ဟုတ္ရဲ့လားေတာင္ နည္းနည္း သံသယ ၀င္ခ်င္လာတယ္။
‘‘ကၽြန္ေတာ္တို႔လည္း မတိုင္ခင္ကတည္းက လာေတြ႕ခ်င္ခဲ့တာပဲ၊ ဒါမယ့္ ေယာင္ေကာက ခ်ဲယ္ေကာအနားယူတာကို မေႏွာင့္ယွက္နဲ႔ဆိုလို႔”
‘‘ေယာင္ေကာ ဟုတ္လား?”
႐ုတ္တရက္ ရင္းခ်ဲယ္ အားလုံးကိုနားလည္သြားသလိုပဲ။ မ်က္ခုံးပင့္မိတယ္။
ဒီအပိုင္းကေတာင္ သ႐ုပ္ေဆာင္တဲ့အကြက္ျဖစ္ေနခဲ့တာလား
‘‘အာ Dong Chengက ကၽြန္ေတာ္တို႔ပိုင္နက္ကို ေယာင္ေကာက လက္ဝါးႀကီးအုပ္လိုက္ၿပီေလ၊ ကၽြန္ေတာ္တို႔လည္း သြားစရာမရွိေတာ့တာနဲ႔ ေရြးစရာမရွိဘဲ သူ႔ကိုနာခံရတာေပါ့.....”
ေက်ာက္က်န္ရွန္းက သူတို႔အေၾကာင္းကို ေသခ်ာခြဲျခမ္းစိတ္ျဖာျပတယ္။
‘‘အရင္တစ္ေခါက္အတြက္ကလည္း ေတာင္းပန္ပါတယ္၊ အဲ့တုန္းကလည္း ေရြးခ်ယ္စရာမရွိခဲ့လို႔ပါ၊ ေယာင္ေကာက အစစ္နဲ႔တူေအာင္ ေသခ်ာလုပ္ခိုင္းထားတာရယ္ သက္ညႇာမေနဖို႔ရယ္မွာထားေတာ့ ရလဒ္အေနနဲ႔က ကၽြန္ေတာ္တို႔လည္း မေထာက္ထားမိပဲ...... ခံစားခ်က္အစစ္အမွန္ေတြကို ဖြင့္ထုတ္လိုက္မိသလို ျဖစ္သြားတယ္၊ ခ်ဲယ္ေကာ အဆင္ေျပရဲ့လား?”
ပိုပိုၿပီး ယုတၱိမတန္ျဖစ္လာၿပီ
‘‘stun batonက၊ သူပဲ ေပးခဲ့တာလား?”
‘‘ဟုတ္တယ္ ဟုတ္တယ္၊ အကုန္လုံးက သူခိုင္းတာခ်ည္းပဲ၊ ကၽြန္ေတာ္တို႔နဲ႔ ဘာမွမဆိုင္ဘူးရယ္”
ဒီလိုအျပစ္လႊဲခ်တဲ့ skillကတော့ ပထမတန္းစားပဲ
ရင္းခ်ဲယ္က အသက္ျပင္းျပင္းရွူၿပီး
‘‘ဘယ္သူပဲ ခိုင္းခိုင္း ငါ့မ်က္စိေရွ႕က ငါးစကၠန႔္အတြင္း ထြက္သြား၊ မဟုတ္ရင္ ......”
‘‘သြားမယ္ သြားမယ္!”
အားလုံးက ေက်ာက္က်န္ရွန္းကို ျပဴးၾကည့္ေနၿပီးေနာက္ေတာ့ မ်က္စိတစ္မွိတ္အတြင္း တစ္ဖြဲ႕လုံး ေပ်ာက္ကြယ္သြားတယ္။ လစ္မေျပးခင္လည္း လက္ေဆာင္ေတြတစ္ထုပ္ႀကီး သူ႔လက္ထဲ ထိုးထည့္သြားေသးတယ္။
မုန္႔ေတြ၊ အားေဆးေတြနဲ႔ stun batonထည့္တဲ့ဘူးလို ဘူးရွည္ရွည္ေလး တစ္ခုလည္း ပါေသးတယ္၊ ‘အခ်ိန္ေတြအၾကာႀကီး အတူရွိေနနိုင္ပါေစ!’ဆိုတဲ့ sticky noteေလးကလည္း အဆစ္ကပ္ထားေသးတယ္။
ရင္းခ်ဲယ္ noteကိုဆြဲခြာလိုက္ေတာ့ ဘူးေပၚက ‘Vibrating Massage’ဆိုတဲ့ စာတစ္စြန္းတစ္စထိပ္ပိုင္းကို ျမင္မိတယ္။
က်န္တာေတာ့ ဆက္မဖတ္ျဖစ္ေတာ့ဘူး၊ ေနာက္စကၠန႔္ပိုင္းအတြင္းမွာပဲ အမွိုက္ပုံးထဲ ေရာက္သြားတာေၾကာင့္။
...
တနဂၤေႏြေန႔ညဟာ ေႏြပိတ္ရက္မတိုင္မီ ေနာက္ဆုံးအပတ္ေပါ့။ ရင္းခ်ဲယ္ social media appေတြ အကုန္ ျပန္ထည့္လိုက္တယ္။
app ထဲမွာ ေရာက္ေနတဲ့ unread messageေတြ၊ အမ်ားစုကေတာ့ အတန္းေဖာ္ေတြဆီကပဲ၊ သူ blockထားခဲ့တဲ့ exဆီကေတာ့ မပါဘူးေပါ့။
group chatကေတာ့ ေႏြရာသီပိတ္ရက္ ဘယ္ကိုခရီးထြက္ရမလဲဆိုတဲ့ အေၾကာင္းေျပာေနၾကတယ္။
အမ်ားစုကေတာ့ အတန္းစာေတြ ျပန္လုပ္ရဦးမွာျဖစ္တယ္။ ေနာက္ႏွစ္ဆိုရင္ပဲ အထက္တန္းရဲ့တတိယႏွစ္ေရာက္ေတာ့မွာမို႔ ထိုထဲက ႏွစ္ေယာက္သုံးေယာက္ေလာက္ကပဲ အေပ်ာ္ခရီးထြက္ဖို႔အေရး ေတြးနိုင္ၾကတယ္။
က်န္းခဲ့က က်န႔္ေယာင္ကို tagတြဲကာ
[ေယာင္ေကာေရ မင္းတို႔ Dong Chengက ပင္လယ္ႀကီးက ျပာလဲ့ေနတာပဲလား? ငါအဲ့ကိုတစ္ခါမွ မေရာက္ဖူးဘူး ေႏြရာသီပိတ္ရက္က် ေရသြားကူးၾကရင္ေရာ? မင္းေကာင္မေလးနဲ႔ ေကာင္မေလးရဲ့သူငယ္ခ်င္းေတြပါေခၚခဲ့လိုက္]
ခ်န္ရင္းရင္း : [နင္က ေကာင္မေလးေတြကို bikiniနဲ႔ ငမ္းခ်င္႐ုံပဲမလား ဟမ္?]
က်န္းခဲ့ : [ငါက အဲ့လိုလူမ်ိဳးလား!]
က်န႔္ေယာင္ : [ေဆာရီး ဘာေကာင္မေလးမွမရွိဘူး]
က်န္းခဲ့ : [ဟင္ မင္းပဲအရင္က ၀န္ခံခဲ့တယ္မဟုတ္ဘူးလား?]
က်န႔္ေယာင္ : [ဘယ္တုန္းကမွ ၀န္မခံပါဘူး၊ မင္းတို႔ဘာ မင္းတို႔ ယူဆေနၾကတာ]
က်န္းခဲ့ : [??ေယာင္ေကာေရ၊ မင္းရဲ့မ်က္ႏွာကပဲ အေျပာင္းလဲျမန္လြန္းေနတာမလား?]
႐ုတ္တရက္ ျဖတ္ေျပာတဲ့ ဟန္မုန႔္ : [ေကာင္မေလးမရွိဘူးဆို ေကာင္ေလးမ်ားရွိေနမလားေနာ္?]
ထိုအေမးေနာက္မွာ ေနာက္ထပ္တစ္ေယာက္ကလည္း စကားဝိုင္းထဲ ၀င္လာတယ္။
[ဟုတ္တယ္! ေယာင္ေကာရာ gender ေတြဘာေတြခြဲျခားမေနပါနဲ႔၊ ခ်စ္စရာေကာင္းတဲ့ေကာင္ေလးေတြလည္း ေက်ာင္းမွာ အမ်ားႀကီးပါ]
[ေကာင္မေလးေတြ အေတာ္မ်ားမ်ား မင္းကို ေယာက္်ားေလးခ်င္း shipေနၾကတာ မသိဘူးလား? မင္းက လုံးကို gongပဲတဲ့]
[ေယာက္်ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ကြာ တစ္ေယာက္သာ ျမန္ျမန္ရွာလိုက္စမ္းပါ၊ အဲ့ဒါမွ ေက်ာင္းက omegaေတြ အကုန္ မင္းကိုလက္ေလ်ာ့ၿပီး ငါတို႔လည္း တစ္ေနကုန္ တျခားအတန္းကလူေတြ ေမးတာခံမေနရမွာ]
က်န႔္ေယာင္က ခ်က္ခ်င္းကို ေလထုထဲ ေပ်ာက္ကြယ္သြားသလို ျပန္ေျဖမလာေတာ့။ အတန္းေဖာ္ေတြကေတာ့ တေအာင့္ေလာက္ၾကာ ေစာင့္ၿပီးေနာက္ တျခားအေၾကာင္းေတြဆီ ဆက္ေျပာၾကေတာ့တယ္။ ထိုထဲကတစ္ေယာက္က မနက္ျဖန္ resultsေတြထြက္မယ့္အေၾကာင္း ေျပာမိေတာ့ တစ္ဖြဲ႕လုံးဆီ ဝိုင္းအဆူခံရေလတယ္။
က်န႔္ေယာင္ ေဘာပင္ကိုခ်လိုက္ၿပီး ေရးထားတဲ့စာရြက္ေလးကို ပါးပါးေလးျဖစ္ေအာင္ ေခါက္လိုက္တယ္။
ေနာက္ သူ႔အခန္းတံခါးကိုဖြင့္ကာ တစ္ဖက္ကပ္ရပ္အခန္းတံခါးဆီ သြားလိုက္တယ္။ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး စာရြက္ကို တံခါးေအာက္ကေန အသည္းအသန္ႀကိဳးစား ထိုးထည့္တယ္။
သူကိုယ္၌ကိုက စာရြက္ကိုဒီလိုမ်ိဳးထိုးထည့္ရျခင္းက စိတ္ရွုပ္စရာအေကာင္းဆုံးအျပဳမူဆုကို ရထိုက္တဲ့ အျပဳမူလို႔ကို ထင္မိတယ္။
သို႔ေပမယ့္ သူဆက္သြယ္နိုင္တဲ့ နည္းလမ္းမွန္သမၽွက အပိတ္ခံထားရမွေတာ့၊ တျခားဘာမ်ားတတ္နိုင္ဦးမွာလဲ?
အထဲကလူက ထြက္လာၿပီး စာရြက္နဲ႔ ျပန္ေပါက္သြားမွာ စိုးတာေၾကာင့္လည္း သူ ေျဖးေျဖးေလးနဲ႔ ဖြဖြေလး အသံမထြက္ေအာင္ လွုပ္ရွားရတယ္။
ဒါေပမယ့္ သူထိုးထည့္ၿပီးရင္ေတာင္ ျမင္မွာမဟုတ္ေလာက္ဘူး။
မတိုင္ခင္ ေဆး႐ုံတုန္းကလည္း အခန္းထဲကို ဒီလိုမ်ိဳးပဲ စာရြက္ေလးေတြထိုးၿပီး အႀကိမ္အမ်ားႀကီး ေတာင္းပန္ဖူးတယ္။ ေန႔ေတြသာကုန္သြားတယ္ သူ messageပို႔တိုင္း exclamation markအနီေရာင္ေလး ေပၚေနတုန္းပဲ။
ရင္းခ်ဲယ္က သူ႔ကိုခြင့္လႊတ္မွာမဟုတ္ဘူး၊ ရင္းခ်ဲယ္က သူ႔ကိုမျမင္ခ်င္ဘူး။
လူတစ္ေယာက္ကို ေသခ်င္သြားတဲ့အတိုင္းအတာထိ တြန္းပို႔တဲ့ လူတစ္ေယာက္က ဘယ္လိုလုပ္ၿပီး အမုန္းမခံရပဲေနမွာလဲ?
‘‘ေရွာင္ခ်ယ္က စိတ္လုံျခဳံမွုရွိေတာ့မွာမဟုတ္ဘူး”
အဲ့အခ်ိန္တုန္းက သူ႔အစီစဥ္အေၾကာင္း ေဒါက္တာဖုန္းကို ေျပာျပေတာ့ အက်ိဳးဆက္အေၾကာင္း သူ႔ကိုျပန္ၿပီး သတိေပးဆိုလာတဲ့စကား :
‘‘ေသအံ့ဆဲဆဲလူတစ္ေယာက္အတြက္ စိတ္လုံျခဳံမွုရွိဖို႔က မျဖစ္နိုင္ဘူး၊ စိတ္ပညာကုထုံးလုပ္တုန္းက သူေျပာဖူးတယ္ သူသည္းမခံနိုင္ဆုံးအရာက လိမ္တာတဲ့၊ေကာင္းတဲ့ရည္ရြယ္ခ်က္နဲ႔ ျဖစ္ေနရင္ေတာင္မွပဲ၊ ေသျခင္းတရားကိုေတာင္ သူရင္ဆိုင္ခဲ့ၿပီးၿပီပဲ၊ ဘာမ်ားရင္မဆိုင္နိုင္တာ ရွိဦးမွာလဲ?
‘‘အဲ့တာေၾကာင့္ပဲ, သူ႔ကိုလိမ္ရင္, မင္းအေပၚသူထားလာမယ့္ အမုန္းကို ခံနိုင္ေအာင္ ျပင္ဆင္ထားရလိမ့္မယ္
‘‘မင္းကို ခြင့္လႊတ္တယ္ဆိုရင္ေတာင္ ထပ္ၿပီးယုံၾကည္ဖို႔ကေတာ့ မျဖစ္နိုင္ေလာက္ေတာ့ဘူး”
က်န႔္ေယာင္ တံခါးကိုမွီရင္း ေခါင္းအနည္းငယ္ေစာင္းကာ အေပါက္၀မွာပဲ တေအာင့္ေလာက္ထိ ထိုင္ေနခဲ့တယ္၊ တံခါးတစ္ဖက္မွာရွိတဲ့ လွုပ္ရွားမွုေလးေတြကို နားစြင့္ရင္းေပါ့။
ညဟာ တိတ္ဆိတ္ေနၿပီး သူ႔ေနာက္က အခန္းေလးဟာလည္း တိတ္ဆိတ္ေနခဲ့တယ္။
မိနစ္အနည္းငယ္ ၾကာၿပီးေနာက္မွာ အခန္းထဲက ေျခသံဖြဖြကေလး၊ တစ္လွမ္းခ်င္းတိုးလာတယ္၊ စကၠန႔္ပိုင္းေလာက္ေလး ရပ္သြားၿပီးမွ တျဖည္းျဖည္းနဲ႔ ျပန္လည္ေဝးကြာသြားေတာ့တယ္။
..
က်န႔္ေယာင္ ေစာင့္ေနခဲ့တယ္ ဆယ္မိနစ္ေလာက္ထိ။သူ႔စာရြက္ေလးေတြ ရင္းခ်ဲယ္ ဖတ္ၿပီးေလာက္ၿပီလို႔ အေကာင္းဘက္ကေနေတြးရင္း messageတစ္ေစာင္ အစမ္းပို႔ဖို႔ႀကိဳးစားၾကည့္တယ္။
၀မ္းနည္းစရာက အရင္ကအတိုင္း သူ ဘေလာ့ခံထားရတုန္းပဲ။
သူ႔မွာ ေျပာခ်င္တာေလးရွိလို႔ သူ(ရင္းခ်ဲယ္)သာ နားေထာင္ခ်င္တယ္ဆိုရင္ ဘေလာ့ေလးပဲ ျဖဳတ္ေပးဖို႔အေၾကာင္း သူစာရြက္ေပၚမွာ ေရးထားခဲ့တယ္။
အခုရလဒ္အရေတာ့ ရင္းခ်ဲယ္က နားမေထာင္ခ်င္တာလား ဒါမွမဟုတ္ စာရြက္ေတြကို နည္းနည္းမွ မဖတ္ပဲ အမွိုက္ပုံးထဲတန္းပစ္ခဲ့တာလား တစ္ခုခုပဲ။
သူတစ္ညလုံး စာေတြစီေနရတာ၊ ေျပာခ်င္တဲ့အေၾကာင္းအရာေတြက သူ႔စိတ္ထဲမွာ အျပည့္မို႔ မ်ိဳသိပ္ထားရတာက အရမ္း နာက်င္ရတယ္။
သူနားေထာင္သည္ျဖစ္ေစ နားမေထာင္သည္ျဖစ္ေစ ဘယ္လိုပဲျဖစ္ျဖစ္ ငါေျပာမွရေတာ့မယ္
က်န႔္ေယာင္ voice message buttonကို ဖိႏွိပ္ထားလိုက္ၿပီး :
‘‘ခ်ဲယ္ခ်ဲယ္”
ထိုစကားေလးႏွစ္လုံးထြက္ၿပီးခ်ိန္ သူ႔ႏွလုံးသားဟာ တင္းက်ပ္သြားၿပီး သက္သာဖို႔ေတာင္ အခ်ိန္နည္းနည္းယူရတယ္။
‘‘ခ်ဲယ္ခ်ဲယ္ ေနာက္ႏွစ္က် ေက်ာင္းေျပာင္းဖို႔ စီစဥ္ေနတာလား? အဲ့ေန႔က KTVအျပင္ဘက္မွာ ေျပာေနတာ ကိုယ္ၾကားလိုက္တယ္
‘‘မင္းကို မသြားပါနဲ႔လို႔ ကိုယ္ေတာင္းဆို(ပန္)ခ်င္တယ္၊ အဲ့လိုလုပ္ဖို႔ ကိုယ့္မွာ အခြင့္ရွိတယ္လို႔လည္း မထင္ေပမယ့္
‘‘ကိုယ္လုပ္တာ လြန္သြားမွန္း ကိုယ္သိပါတယ္၊ အတုအေယာင္ဆိုရင္ေတာင္ လြန္လြန္းသြားတယ္၊ မင္းကိုယ့္ကို ခြင့္မလႊတ္နိုင္ဘူးမလား ကိုယ္သိပါတယ္၊ မင္းကို က်န္းက်န္းမာမာ ေအးေအးခ်မ္းခ်မ္းျဖစ္ေစဖို႔ပဲ ကိုယ္ေမၽွာ္လင့္တာပါ၊ ကိုယ့္ကိုယ္ကို ထပ္ၿပီး လက္ေလၽွာ့တာမ်ိဳး မလုပ္ပါနဲ႔ေတာ့......မင္းဘ၀မွာ ကိုယ္မရွိပဲ ေနနိုင္ေပမယ့္ ကိုယ့္ကမၻာမွာက မင္းမရွိလို႔ မျဖစ္ဘူး
‘‘မင္းကိုယ့္ကို စိတ္ဆိုးတယ္ဆို ထုခ်င္ထုရိုက္ခ်င္ရိုက္၊ မင္းေဒါသေတြအကုန္ေျပသြားတဲ့အထိ စိတ္ႀကိဳက္ရိုက္ပါ၊ မသိခ်င္ေယာင္ေတာ့ မေဆာင္လိုက္ပါနဲ႔၊ အဲ့လိုက ကိုယ့္ကို ေမၽွာ္လင့္ခ်က္တစ္မွုန္စာေလးေတာင္ မရွိေတာ့သလို ခံစားေစရလို႔ပါ.....
‘‘ကိုယ္မင္းကို လိမ္ဖို႔ေရြးခ်ယ္လိုက္ကတည္းက ေမၽွာ္လင့္ခ်က္မရွိေတာ့တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့၊ မင္းက လိမ္တာညာတာကို အမုန္းဆုံးဆိုတာ ကိုယ္ ေသခ်ာသိတာေပါ့၊ လမ္းခြဲၿပီးသြားရင္ ထပ္ၿပီး ပက္သက္ခြင့္မရွိေတာ့ဘူးဆိုတာ ကိုယ္ ေသခ်ာသိတာေပါ့၊ ဒါမယ့္ေလ ကိုယ့္ရင္ထဲမွာ ကိုယ့္ကိုယ္ကိုအထင္ႀကီးစိတ္နဲ႔ အေကာင္းျမင္စိတ္ေလးက အျမဲရွိေနခဲ့တာ၊ မင္းကကိုယ့္ကို အရမ္းသေဘာက်ခဲ့တာဆိုေတာ့ အမွန္တရားကို သိသြားရင္လည္း ကိုယ့္ကိုခြင့္လႊတ္ေလာက္မွာပါလို႔ ကိုယ္တြက္ထားခဲ့တာ
‘‘ဒါေပမယ့္ ဘာျဖစ္လဲ ကိုယ္တို႔လမ္းခြဲတဲ့ေန႔တုန္းက မင္းမ်က္၀န္းေတြမွာ မ်က္ရည္ေတာင္ ရွိမေနခဲ့ဘူး
‘‘ကိုယ့္အေပၚ အရမ္းလည္း စိတ္ဆိုးမျပဘူး၊ စိတ္သက္သက္သာသာနဲ႔ ယုံၾကည္ခ်က္ရွိရွိ မင္းေလၽွာက္ထြက္သြားခဲ့တာ၊ ကိုယ့္ကိုယ္ကို မထိန္းနိုင္ပဲ မင္းေနာက္ေျပးလိုက္ၿပီး အားလုံးက အတုေတြပါလို႔ ကိုယ္ေျပာပစ္လိုက္ခ်င္တာ၊ ဒါေပမယ့္ ခက္ခက္ခဲခဲႀကိဳးစားထားရတာေတြကိုလည္း သဲထဲေရသြန္ျဖစ္ေအာင္ ကိုယ္မလုပ္ရက္ဘူး၊ မင္းရဲ့အသက္ရွင္ဖို႔တစ္ခုတည္းေသာ အခြင့္အေရးေလးကို ကိုယ္အခြင့္လႊတ္ခံရဖို႔အတြက္နဲ႔ မဖ်က္ဆီးရက္ဘူးေလ
‘‘ဒါေပမယ့္ အဲ့အခ်ိန္မွာပဲ, ကိုယ္တို႔က လပိုင္းေလာက္ပဲ တြဲခဲ့ၾကတယ္ဆိုတာ ကိုယ္အမွတ္ရသြားတယ္၊ အာ့ေၾကာင့္ မင္းက ကိုယ့္ကို ထင္ထားသေလာက္ သေဘာမက်ခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မယ္၊ အဲ့ဒီၾကားထဲကမွ ကိုယ္က မင္းကို လိမ္ညာၿပီး နာက်င္ေစခဲ့တာဆိုေတာ့ .....
‘‘အဲ့လိုဆိုေတာင္ ကိုယ္မင္းကိုေျပာခ်င္တယ္ အစကေန အဆုံးထိေအာင္ မင္းကို ကိုယ္ႏွလုံးသားတစ္ခုလုံးနဲ႔ ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ့တယ္ဆိုတာ
‘‘ကိုယ္ ထိန္းခ်ဳပ္ေဆးမသုံးခဲ့ဘူး ဒါေပမယ့္ က်န္တဲ့ဘ၀တစ္သက္တာလုံးလည္း မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္သြားမွာ”
voice messageတစ္ခုတိုင္းရဲ့ ေရွ႕မွာ exclamation mark ေလးတစ္ခုစီ ရွိေနတယ္။ အထဲက စကားေတြကို ဘယ္သူကမွ ၾကားေတာ့မွာမဟုတ္ေပ။
က်န႔္ေယာင္ ဖုန္းကို တင္းတင္းဆုပ္ထားၿပီး လက္ေကာက္၀တ္က မီးခိုးညိဳေရာင္ လက္ပတ္ကေလးကို ၾကည့္လိုက္တယ္။ အေရာင္က ထိန္ေတာက္ေနတဲ့ အေရာင္မ်ိဳး ဟုတ္မေနတာေတာင္ သူ႔မ်က္လုံးေတြကို နာက်င္ေအာင္စူးေနတယ္။
ရင္းခ်ဲယ္ ေျခခ်င္း၀တ္မွာေရာ ရွိေနေသးလား သူမေျပာတတ္ေပ။ ျဖတ္ပစ္ေလာက္ၿပီပဲ ေနမွာ။
ဒီလိုမ်ိဳးဆုံးျဖတ္ရခ်ိန္မ်ိဳးဆို သူကေတာ့ ခ်တယ္၊ ရင္းခ်ဲယ္ကေတာ့ အျမဲတမ္း ျပတ္ျပတ္သားသား တည္တည္ၿငိမ္ၿငိမ္ပဲ လိုက္လုပ္ေဆာင္ေလ့ရွိတယ္။
သူေျပာလို႔ၿပီးခါနီးေနၿပီ၊ ေျပာစရာစကားနည္းနည္းပဲ က်န္ေတာ့တယ္။
‘‘အင္း ဒီေလာက္ပဲ, အျမဲတမ္း က်န္းမာေနရမယ္ေနာ္
‘‘တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာမ်ား မင္းကိုယ့္အေၾကာင္းေတြးမိတယ္ဆို ကိုယ္အျမဲတမ္း ရွိေနမွာပါ”
အစကေတာ့ ဆုေတာင္းစကားေလး နည္းနည္းထပ္ေျပာမလို႔ေပမယ့္ အခုေတာ့ ထပ္မေျပာနိုင္ေတာ့ေပ။
က်န႔္ေယာင္ မ်က္ႏွာကို သုတ္လိုက္ၿပီး
‘‘good night, အိပ္မက္လွလွေလး မက္ပါေစ.....ကိုယ္မပါတဲ့ အိပ္မက္ေလးေပါ့”
voice messageရဲ့ေရွ႕မွာ အဝိုင္းေလးကလည္လို႔ သူ႔ရဲ့အသုံးမ၀င္တဲ့ အားထုတ္မွုကို ေလွာင္ရယ္ေနသလိုပဲ။ က်န႔္ေယာင္ ၾကည့္ေနရင္းတင္ စိတ္ဆိုးလာတာမို႔ ထၿပီး ကိုယ့္အခန္းကိုယ္ ျပန္လာလိုက္တယ္။ ဖုန္းကိုေခါင္းအုံးေပၚ ပစ္တင္လိုက္ၿပီး ေစာင္ေတြထဲ ေခါင္းတိုး၀င္လိုက္တယ္။
ဖုန္းမွန္သားျပင္ေပၚက အဝိုင္းေလးကေတာ့ တေအာင့္ေလာက္ထိ လည္ေနၿပီးမွ ေပ်ာက္သြားတယ္၊ ဒီတစ္ေခါက္ေတာ့ exclamation markေလး ေပၚမေနေတာ့ေပ။
______
The author has something to say :
တံခါးတစ္ဖက္က ေရွာင္ခ်ဲယ္ : ဟက္ ခြင့္ျပဳခ်က္မရွိပဲ ဆုံးျဖတ္ခ်က္ေတြ ၀င္ခ်ၿပီးမွ ငါမင္းကို အဲ့ေလာက္မႀကိဳက္ပါဘူး ဆိုတဲ့အေတြးေတြ ခြင့္ျပဳခ်က္မရပဲ ေလၽွာက္ျဖည့္ေတြးေနတယ္
______
T/n : က်န႔္ေယာင္ေလး သနားပါတယ္ေနာ္🥺 ဒါနဲ႔ ေနာက္တစ္ပိုင္းဆို ျပန္ေျပလည္ၾကေတာ့မွာပါ တခ်ိဳ႕ေတြက ဖတ္ရမွာေတာင္ ေၾကာက္ေနၿပီဆိုလို႔(◕︵◕)
______