Worship Me, I Can Make You Ri...

By XiaoMaoMao55

505K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 30 (U+Z)

6.6K 1.3K 27
By XiaoMaoMao55

-Unicode-

အခန်း ၃၀: ဒါကို သည်းခံလို့မရဘူး! သေချာပေါက် သည်းခံလို့မရဘူး!

ကျွမ်းကျိုးဟာ ကြယ်အစုအဝေးကလူအများစုမှာ စိတ်စွမ်းအားအဆင့်တချို့ ရှိတယ်ဆိုတာ သိပြီးကတည်းက သူ မျက်နှာဖုံးစတင်လုပ်ခဲ့တယ်။

သူ့ရဲ့ဝယ်သူတွေ တိုးချဲ့ဖို့ကတော့ မရှိမဖြစ်လုပ်ရမဲ့အရာပဲ။

ဒါပေမဲ့ ဝယ်သူတွေ သူ ဘယ်သူဘယ်ဝါဆိုတာ မသိအောင်နေရမဲ့အပြင် သူဘာလုပ်နေလဲဆိုတာကိုလည်း အသိပေးဖို့လိုသေးတယ်။ အဲဒါကြောင့် သူ ဒီလိုမျိုး နည်းနည်း ကာကွယ်သွားဖို့ လိုအပ်တယ်။

အစတုန်းက ရောင်စုံကျောက်စီပုံကားချပ် သုံးဖို့စဉ်းစားသေးတယ်။ နောက်တော့ ရောင်စုံကျောက်စီပုံကားချပ်ဆိုရင် အရမ်းထူးဆန်းနေမယ်လို့ ခံစားမိတယ်။ လူတွေကို ခြောက်လှန့်မိနိုင်သေးတယ်။

ရောမရောက် ရောမလိုကျင့်ရမှာပေါ့!

ကြယ်အစုအဝေးကလူတွေက ကြယ်စုဒင်္ဂါးသုံးကြတယ်ဆိုတော့ သူလည်း သူ့မျက်နှာအတွက် ကြယ်စုဒင်္ဂါးတွေသုံးလိုက်မယ်။

နတ်ဘုရားတိုင်းမှာ တန်ခိုးတစ်မျိုးရှိကြတယ်။ သူ့ဆီကနေ အကာအဝေးတစ်ခုအတွင်းရှိနေသရွေ့ သူမြင်ရတဲ့လူမှန်သမျှကို တန်ခိုးသုံးလို့ရတယ်။ သူတို့ကိုယ်ပေါ်မှာ တန်ခိုးအငွေ့အသက် ချန်ထားခဲ့လိုက်ရင် နောက်ကျရင် သူတို့ကို အိပ်မက်ပေးလို့ရပြီ။

သို့ပေမဲ့ ဒါက စကေးအကြီးစား အိပ်မက်ပေးရတာဖြစ်တဲ့အတွက် ကျွမ်းကျိုးက တန်ခိုးစွမ်းအင် အလွန်လျင်မြန်စွာ ကုန်တယ်။ ဝမ်ရှောင်းယွင် တပ်ထဲကနေ ပြန်လာတဲ့အချိန်မှာ ညဉ့်နက်နေပြီ။ ကျွမ်းကျိုးက နတ်ဘုရားပုံတော်ကို ဖက်ပြီး သူ့တန်ခိုးစွမ်းအင်တွေ ပြန်ဖြည့်တင်းနေတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကျွမ်းကျိုးကိုတွေ့တော့ ဝမ်ရှောင်းယွင်က သူငယ်ချင်းလေးက ကြယ်အစုအဝေးတွေကြား အချိန်အကြာကြီး ခရီးသွားလာရလို့ ပင်ပန်းသွားတာလို့ပဲ ထင်လိုက်တယ်။ သူက ကျွမ်းကျိုးအိပ်နေတာကို မနှောင့်ယှက်ချင်လို့ တိတ်ဆိတ်စွာ ညင်ညင်သာသာလေး လှုပ်ရှားလိုက်တယ်။

ဒုတိယနေ့ နေ့လယ်ခင်းမှာ ကြယ်စုကွန်ရက်ရဲ့ လူအရှာများတဲ့ စကားလုံးတွေထဲမှာ tag တစ်ခုက တိုးတိုးတိတ်တိတ် ပေါ်ထွက်လာတယ်။

#တူညီသောကမ္ဘာ၊ တူညီသောအိပ်မက်#

ဝမ်ရှောင်းယွင်က စစ်တပ်ကနေပို့လိုက်တဲ့ တရားဝင်ကြေညာချက်တစ်ခု ပူပေါင်းထုတ်ပြန်ဖို့ အွန်လိုင်းပေါ်ရောက်နေတယ်။

သူက ဒီ tag ကိုတွေ့တော့ အစက သူမှားဖတ်မိတာလို့တောင် ထင်မိတယ်။

ဒါက 'တူညီသောကမ္ဘာ၊ တူညီသောရည်မှန်းချက်' မဟုတ်ဘဲ 'တူညီသောအိပ်မက်' ဖြစ်နေတယ်။

(* Eng T/N အင်္ဂလိပ်လိုဆိုရင် စာလုံးအတူတူပဲ၊ I have a dream - ကိုယ်ရယူလိုတဲ့အိပ်မက်၊ ရည်မှန်းချက်ရှိတယ်လို့ ပြောသလိုပဲ၊ I had a dream - မနေ့ညက အိပ်မက်တစ်ခုမက်ခဲ့တယ် - စကားလုံးကတော့ အတူတူပဲ။ တရုတ်မှာတော့ 梦想 - ရည်မှန်းချက် ဆိုတဲ့စကားလုံးဖြစ်ရမဲ့အစား 梦 - အိပ်မက် ဖြစ်နေတာကို ပြောတာပါ)

ပုံမှန်ဆိုရင် ဝမ်ရှောင်းယွင်က သေချာပေါက် အရှာများတဲ့စကားလုံးတို့ဘာတို့ကို ဂရုစိုက်မိမှာတောင်မဟုတ်ဘူး။ ဒါပေမဲ့ ကျွမ်းကျိုးက သူ့ကို မကြာခဏ အိပ်မက်ပေးလို့ဖြစ်မယ်၊ သူ့က ထူးထူးဆန်းဆန်း 'အိပ်မက်' ဆိုတဲ့စကားလုံးကို ထိရှလွယ်နေတယ်။

ဘာကြောင့်မှန်းမသိတဲ့ အကြောင်းပြချက်နဲ့ပဲ သူ ဒီ tag ကို နှိပ်ကြည့်လိုက်တယ်။

ပထမဆုံး ဂျာနယ်လစ်ဘလော့ဂါတစ်ယောက်က ပြောတယ်: မနေ့ညက သူအရမ်းထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။ သူက ကြယ်စုဒင်္ဂါးပုံစံ မျက်နှာဖုံးတပ်ထားတဲ့ ယောက်ျားတစ်ယောက် သူ့ကို ချမ်းသာအောင် လုပ်ပေးမယ်ဆိုပြီး ပြောတာကို အိပ်မက်မက်ခဲ့တယ်။

ဂျာနယ်လစ်ဘလော့ဂါက ဆိုတယ်: သူက အိပ်မက်ရဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကြယ်စုဒင်္ဂါးဝတ်ထားတဲ့ယောကျ်ားက - သူ့ကို ကိုးကွယ်ရင် ချမ်းသာလာမယ်ဆိုလား တစ်ခုခုပြောလိုက်တာကိုတော့ ဝိုးတိုးဝါးတား မှတ်မိလိုက်တယ်။

ဒါက အိပ်မက်ဖြစ်နေတာမို့ ဂျာနယ်လစ်ဘလော့ဂါက သူက ဘာဖြစ်လို့ ဒီလောက်နာခံတတ်သွားမှန်းတောင် သူမသိလိုက်ဘူး။ သူက မသိစိတ်အရ အိပ်မက်ထဲမှာ ဒူးထောက်ပြီး ဂါရဝပြုလိုက်တာပဲတဲ့။

နောက်တစ်နေ့မနက် သူနိုးလာတော့ အားလုံးက မသဲမကွဲဖြစ်နေပြီ။ မမျှော်လင့်စွာနဲ့ သူက အလုပ်တောင်မရောက်သေးဘူး။ သူဆုမဲတစ်မဲ ပေါက်တယ်ဆိုပြီး အွန်လိုင်းမက်ဆေ့တစ်ခု ရလိုက်တယ်။

သူက တကယ်ကြီးကို အရင်တုန်းက ဘလော့ပေါ်မှာ သူပြန်တင်ဖူးတဲ့ 'ကြယ်စုကံစမ်းမဲဆု' အကြီးစားကြီး တစ်ခုကို ပေါက်တာဖြစ်နေတယ်။ (*ကိုယ်တွေ ကံစမ်းမဲတွေ ရှဲသလိုမျိုး)

သူက ဆုထဲမှာ အကြီးဆုံးဆုမဲကို ပေါက်ခဲ့တယ်။ ပိုက်ဆံတွေ အစုလိုက်အပုံလိုက်ရတာတင်မကဘူး တစ်နှစ်အတွင်း ဘယ်နေရာမဆို သွားလို့ရတဲ့ အခမဲ့ ယာဉ်လက်မှတ်တွေ၊ တစ်နှစ်စာ အခမဲ့တည်းခိုခွင့်တွေနဲ့ လူတွေ အားကျလောက်တဲ့ တခြားအဲဒီလိုဆုတွေလည်း ပါသေးတယ်။

ကံအကောင်းဆုံးလူအတွက် အထူးဆုအနေနဲ့ ရန်ပုံငွေပွဲကို ကျင်းပတဲ့ကုမ္ပဏီက ဂျာနယ်လစ်ဘလော့ဂါကို ဗီဒီယိုချက်နဲ့ ချက်ချင်းဆက်သွယ်ပြီး ဒီလိုကံစမ်းမဲအထူးဆုကို ပေါက်တဲ့အတွက် သူ့ရဲ့ခံစားချက်ကို ဖော်ပြခိုင်းခဲ့တယ်။

ဂျာနယ်လစ်ဘလော့ဂါ ကိုယ်တိုင်က လုံးဝ အံ့အားသင့်နေတယ်။ သူ လက်တွေ့မှာကို သူက ကံအကောင်းဆုံးသူဆိုတာ မယုံနိုင်ဘူး။ မသိလိုက်မသိဘာသာနဲ့ သူမနေ့ညက မက်ခဲ့တဲ့အိပ်မက်ကို ပြန်အမှတ်ရသွားပြီး ငိုင်တိငိုင်တိုင်နဲ့ ပြောလိုက်တယ်: "ကျွန်တော်... ကျွန်တော် တကယ် ... တကယ်ပေါက်တယ်ဆိုတာ မယုံနိုင်ဘူး။ ကျွန်တော်... ကျွန်တော့်ဘဝမှာ ဒီလောက် တစ်ခါမှကံမကောင်းဖူးဘူး။ ... ကျွန်တော်က တကယ်တမ်း အရမ်းကံဆိုးတာ... တကယ်ပဲ... ကျွန်တော် ဘယ်လိုလုပ်ပြီး ကံထူးသွားလဲဆိုတာကို မသိပါဘူး။ ဒါပေမဲ့ မနေ့ကတော့ ကျွန်တော် ထူးဆန်းတဲ့အိပ်မက်တစ်ခု မက်ခဲ့တယ်...."

"ဟားဟား အိပ်မက်မက်တာနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲ။ မဲမပေါက်ခင် ပေါက်မယ်ဆိုတာကို ကြိုသိခဲ့တယ်လို့ ပြောနေတာလား" အင်တာဗျူးတဲ့သူက ပြုံးပြီးပြောလိုက်တယ်။

ဂျာနယ်လစ်ဘလော့ဂါက အလျင်အမြန် ပြန်ပြောလိုက်တယ်: "ကျွန်တော် တကယ်မသိဘူး... ဒါပေမဲ့ မနေ့ မနေ့ညက ကျွန်တော် အိပ်မက်ထဲမှာ သူ့ကို ကိုးကွယ်ရင် ချမ်းသာမယ်ဆိုပြီး ပြောတဲ့ မျက်နှာဖုံးနဲ့လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော်...."

ဗီဒီယိုအင်တာဗျူးလည်း ပြီးသွားရော၊ အားလုံးက အဆင်ပြေနေသေးတယ်။

ဒါပေမဲ့ ဒီလိုမျိုးဆုကြီးမျိုးက တစ်နိုင်ငံလုံးက စိတ်အားထက်သန်စွာ စောင့်ကြည့်နေတဲ့သတင်းမျိုးဖြစ်တယ်။ ကံထူးသူကိုလည်း ကြေညာပြီးသွားရော လူတိုင်းက ဒီဂျာနယ်လစ်ဘလော့ဂါက ဘယ်လို ကံကောင်းတဲ့ကောင်လဲဆိုပြီး လာကြည့်ကြတယ်။

အဲဒါကြောင့် အားကျပြီး မကျေမချမ်းဖြစ်နေတဲ့ ကွန်းမန့်တွေကြားမှာ ရုတ်တရက် ဒီလိုမျိုးကွန်းမန့်တွေ အများကြီးထွက်လာတယ်။

"မဖြစ်နိုင်ဘူး။ ငါလည်း အဲ့လိုအိပ်မက်မျိုးမက်တာပဲ။ ငါကျတော့ ဘာလို့ အထူးဆုမပေါက်ရတာလဲ QAQ"

"အပေါ်ကကွန့်မန့်ရေးသူကို ဖက်လိုက်ပါတယ်၊ ငါလည်း အတူတူပဲ။ ငါလည်း ကြယ်စုဒင်္ဂါးမျက်နှာဖုံးတပ်ထားတဲ့ လူတစ်ယောက်ကို အိပ်မက်မက်တယ်ထင်တာပဲ။ ငါကျ ဘာဆုမှလည်း မပေါက်ဘူး o(╥﹏╥)o"

"ဟားဟားဟား အမှန်အတိုင်းပြောရရင် ငါလည်း အဲ့လိုအိပ်မက်မက်တယ်ထင်တယ်။ ငါက မချမ်းသာချင်ဘူး၊ နောက်ဆုံးပေါ် သားရဲကောင်ရုပ်တု*ပဲ လိုချင်တာလို့ ပြောလိုက်သေးတယ်။ မထင်ထားဘူး နောက်တစ်နေ့ ငါအိပ်ရာနိုးတော့ ငါ့အဖေကပြောတယ်။ သူ သားရဲကောင်ရုပ်တုတစ်ခု ဝယ်ပေးမယ်တဲ့။ အရမ်းပျော်တာပဲ (*^▽^*)" (*figurine စက်ရုပ်တွေကို ပြောတာထင်တယ်)

"အပေါ် ကွန့်မန့်ကသူက ပိုက်ဆံရှိတာပဲ။ သားရဲကောင်ရုပ်တုတွေအကုန်လုံးက အကုန်အကျများတယ်မလား။ အဲဒါတွေက အရမ်းဈေးကြီးတယ် o(╯□╰)o"

"ငါရောပဲ ငါရောပဲ။ ငါလည်း အဲဒီလူကိုပဲ အိပ်မက်မက်တယ်။ အဲဒီနောက် ဒီနေ့အိပ်ရာနိုးတော့ ငါလည်း မဲပေါက်တယ်။ ဒါပေမဲ့ ငါကတော့ ဆုအသေးလေးပဲ ဒါပေမဲ့ ငါအရမ်းပျော်တာပဲ ဟားဟားဟား"

"???? မဖြစ်နိုင်ဘူး။ ခင်ဗျားတို့တွေ ဘာတွေဖြစ်နေကြတာလဲ။ ဒီမှာ ဟာသပြောဖို့များ ရောက်နေကြတာလား။ ဘယ်လိုလုပ်ပြီး ခင်ဗျားတို့အားလုံး အိပ်မက်အတူတူ မက်မှာလဲ"

"ဟမ် အိုး ငလူး! တကယ်လို့ အပေါ်ကကွန့်မန့်ကလူသာ ဒါကို ထောက်မပြရင် ငါသတိတောင်ထားမိမှာမဟုတ်ဘူး။ ခင်ဗျားတို့တွေအကုန်လုံး ကျွန်တော့်လိုအိပ်မက်မျိုးပဲ မက်တာလား!"

"ဘာတွေဖြစ်နေတာလဲ။ ခင်ဗျားတို့တွေ နောက်နေကြတာမဟုတ်ဘူးလား။ တကယ်ကြီး အိပ်မက်တစ်ခုတည်းကို မက်ကြတာလား!"

အဲဒီကွန်းမန့်တွေ တက်လာတာနဲ့ ဆွေးနွေးပွဲကို ဝင်ပါတဲ့လူတွေ များသည်ထက်များများလာတယ်။

ဖြစ်ချင်တော့ လူတွေအများကြီး တကယ်ပဲ ကြယ်စုဒင်္ဂါးမျက်နှာဖုံးနဲ့လူကို အိပ်မက်မက်ကြတာပဲ။

သူက ပြောတဲ့စကားတောင် တူနေသေးတယ်!

ကွန်းမန့်တွေက ပိုပိုများလာတယ်။ ထင်ကြေးပေးတဲ့သူတွေလည်း ပိုတိုးလာတယ်။ အဲဒီလိုနဲ့ ဒီ tag က တိတ်တိတ်လေး အရှာများတဲ့စကားလုံးထဲမှာ ပါလာတာပဲ။

ဒီပွဲရဲ့ အသွားအလာကိုဖတ်ပြီးနောက်မှာ ဝမ်ရှောင်းယွင်ရဲ့ နားထင်တွေ သွေးတိုးလာတာကို ခံစားလိုက်ရတယ်။

ဒါတင်မကဘူး၊ တပ်ထဲကလူတွေအကုန်လုံးလည်း ဒီကိစ္စကို စပြီး ဆွေးနွေးလာကြတယ်။

ဒါပေမဲ့ တခြားလူတွေနဲ့ ကွာခြားတာက တပ်ထဲကလူတွေက ပုံမှန်ထက် ပိုပြီး စိတ်စွမ်းအားအဆင့်မြင့်တဲ့သူတွေဖြစ်တယ်။ ဒီလိုမျိုး အခြေအနေအောက်မှာ သူတို့က သူတို့ရဲ့အိပ်မက်တွေကို မှတ်မိနိုင်ခြေပိုများတယ်။

သူတို့က လူတစ်ယောက်တည်းကိုပဲ အားလုံးအိပ်မက်မက်ခဲ့တယ်ဆိုတာ အရမ်းရှင်းနေတယ်။

တချို့အသေးစိတ်အချက်တွေကတော့ အားလုံး ဆက်စပ်ကြည့်လို့ရတယ်။

အဲဒီနောက် အွန်လိုင်းမှာ အရှာအများဆုံးရလဒ်ကို ကြည့်ပြီးနောက် တပ်ထဲကလူတွေက ပေါက်ကွဲထွက်လာကြတယ်။

ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲ! လူတွေအများကြီး အိပ်မက်တစ်ခုတည်းမက်တယ်တဲ့! တစ်နည်းပြောရရင် သူတို့အိပ်မက်ထဲမှာ ပေါ်လာတဲ့ ကြယ်စုဒင်္ဂါးမျက်နှာဖုံးတပ်ထားတဲ့သူက တိတိကျကျ ဘယ်သူများလဲ။ ဘာဖြစ်လို့ လူတွေအားလုံးက သူတစ်ယောက်တည်းကို အိပ်မက်မက်ရတာလဲ။

အထူးဆန်းဆုံးကတော့ ဒီလူကို အိပ်မက်မက်တဲ့လူအများကြီးက တစ်နည်းနည်းနဲ့ ကံကောင်းလာကြတာပဲ။ ဆုမဲပေါက်ရင်ပေါက် မဟုတ်ရင် သူတို့လုပ်ချင်တဲ့အရာတစ်ခုခုကို ရုတ်တရက် လုပ်နိုင်သွားတာမျိုး။

သေချာတာပေါ့။ သူတို့လည်း ကြယ်စုဒင်္ဂါးမျက်နှာဖုံးတပ်လူကို အိပ်မက်မက်တယ်၊ ဒါပေမဲ့ ဘာမှမပေါက်ဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိတယ်။ နောက်ပြီး သူတို့က သေချာပေါက် ချမ်းသာလာဖို့အထိ ကံမကောင်းကြဘူး။

လူတစ်ယောက်က ပြဿနာတစ်ခုကို အစမဖော်လိုက်ခင်အထိပေါ့--

"ဒီလူက... တကယ့်လူအစစ်လား။ တကယ်လို့ အစစ်ဆိုရင် သူ့စွမ်းအားတွေက နည်းနည်း ကြောက်စရာမကောင်းလွန်းဘူးလား။ သူက ငါတို့ရဲ့အသိစိတ်ကို ထိန်းချုပ်နိုင်ပြီး သူ့အကြောင်းအိပ်မက်မက်အောင်လုပ်လို့ရတယ်!! ဒီလိုလူမျိုးက စိတ်စွမ်းအားအဆင့် ဘယ်လောက်တောင် မြင့်လို့လဲ။ အရင်တုန်းက SSS အဆင့်စိတ်စွမ်းအားရှိတဲ့ တစ်ယောက်တည်းသောသူ ဝမ်ရှောင်းယွင်တောင်မှ တခြားသူတွေရဲ့ မသိစိတ်ကို ဝင်စွက်ဖက်လို့မရဘူး။ နောက်တစ်မျိုးပြောရရင် ဒီလူရဲ့စိတ်စွမ်းအားက ဘယ်လောက်တောင်မြင့်နေလို့လဲ"

"ခင်ဗျားတို့တွေ ဆုမဲလေးတစ်ဆုပေါက်လိုက်တာနဲ့ ရယ်မောပြီး ဒီမှာ စနောက်နေနိုင်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ယူဆလို့ရတယ်။ ဒါက မတော်တဆမှုသက်သက်ပဲ! မဟုတ်ရင် တခြားသူတွေကျ ဆုတစ်ဆုမှ ဘာလို့ မပေါက်တာလဲ။ အရေးကြီးဆုံးက စဉ်းစားကြည့်ကြပါ ငါ့ကောင်တို့ သူက ငါတို့ရဲ့အသိစိတ်ကို ထိန်းချုပ်နိုင်တယ်! တစ်နေ့ အနာဂတ်ကျရင် ခင်ဗျားတို့ရဲ့ စိတ်စွမ်းအားနဲ့ အသိစိတ်ကို အမှတ်တမဲ့နဲ့ ခိုးသွားလိမ့်မယ်။ ဒါက တကယ့်မကောင်းဆိုးဝါးတစ်ကောင်ပဲဖြစ်မယ်! ကြည့်ရတာ အသစ်လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာတဲ့ အင်းဆက်ဘုရင်မ ဖြစ်လောက်တယ်!"

"တကယ်လို့ ငါသာဆိုရင် ဒီလူငါ့ရဲ့အသိစိတ်ထဲ ဝင်လာတာနဲ့ ချက်ချင်းဖမ်းပြီး သူ့မျက်နှာဖုံးကို ချွတ်ပစ်လိုက်မှာပဲ! ပြီးရင် သူ့ရဲ့စိတ်စွမ်းအားကမ္ဘာကို တန်ပြန်တိုက်ခိုက်ပြီး ဒီမကောင်းဆိုးဝါးကို ငါ့ရဲ့ မသိစိတ်ထဲကနေ မောင်းထုတ်ပစ်လိုက်မှာ!"

ဒီစကားတွေ ထွက်လာပြီးနောက် သူတို့လည်း မျက်နှာဖုံးလူအကြောင်း အိပ်မက်မက်ခဲ့တယ်ဆိုပြီး ပွက်ပွက်ညံအောင် ဆွေးနွေးနေကြသေးတဲ့လူတွေက သေချာပေါက် နည်းနည်း စတင်ထိတ်လန့်လာကြတယ်။

ဟုတ်တယ်လေ။ သူတို့က ဘယ်သူ့ကို အိပ်မက်မက်ခဲ့တာလဲ။ လူတစ်ယောက်လား ဒါမှမဟုတ် မကောင်းဆိုးဝါးတစ်ကောင်လား။

ဘာဖြစ်လို့ သူတို့အကုန်လုံး အိပ်မက်တစ်ခုတည်း မက်ရတာလဲ။

သူ့မှာ တခြား ဘယ်လိုအစွမ်းတွေရှိနေလဲ။

ချန်ကျင့်ရွှယ်တောင်မှ ဝမ်ရှောင်းယွင်ဆီကို မက်ဆေ့တစ်စောင် ပို့လိုက်တယ်။

(ချန်ကျင့်ရွှယ်: ဘော့စ် သူတို့ပြောနေကြတဲ့သူက ကျွန်တော်ကိုးကွယ်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားနဲ့ တအားတူတယ်လို့ မထင်ဘူးလား)

(ချန်ကျင့်ရွှယ်: သူတို့က ကျွန်တော်တို့ရဲ့ ကြွယ်ဝခြင်းနတ်ဘုရားကိုများ မကောင်းဆိုးဝါးလို့ တကယ်ပြောရဲသေးတယ်။ သေချာပေါက် သူက နတ်ဘုရားတစ်ပါးပဲကို!)

(ဝမ်ရှောင်းယွင်:......)

ဒီဆွေးနွေးပွဲတွေကို တွေ့ပြီး လေးလေးနက်နက် အချိန်ယူစဉ်းစားလိုက်ပြီးနောက် ဝမ်ရှောင်းယွင်က တပ်ထဲကနေ ထွက်လာပြီး အိမ်ပြန်လာတယ်။

သူက ဓာတ်ရောင်ခြည်ရှာဖွေတဲ့ ကိရိယာအသေးစားလေးတစ်လုံးကိုလည်း ပြန်ယူလာတယ်။

တပ်မဟာဦးစီးချုပ်ဟော့: "ငါ့အိမ်မှာ ထမင်းတစ်နပ်လောက် စားမသွားတော့ဘူးလား"

ဝမ်ရှောင်းယွင်: "နောက်နေ့မှပေါ့၊ ကျွန်တော့်ကို အိမ်မှာ စောင့်နေတဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိသေးတယ်"

တပ်မဟာဦးစီးချုပ်ဟော့က အပြုံးတစ်ခုနဲ့အတူ ပြောတယ်: "မင်းက အရင်က စစ်သင်္ဘောနဲ့ စစ်တပ်ကိုပဲ မင်းအိမ်လို့ စဉ်းစားတာမဟုတ်ဘူးလား။ မင်းရဲ့အဲဒီအိမ်ကို နောက်ဆုံးပြန်တာ ဘယ်လောက်တောင်ကြာသွားပြီလဲ"

ဝမ်ရှောင်းယွင်က အင်မတန်မှ တည်ငြိမ်နေပြီး တပ်မဟာဦးစီးချုပ်ရဲ့စနောက်နေတာတွေကို လုံးဝအမှုမထားဘူး: "အခုက မတူတော့ဘူး။ အခု ကျွန်တော့်ရင်ထဲမှာ တစ်ယောက်သောသူရှိနေပြီ။ သူ ကျွန်တော့်ကို စောင့်မနေရစေချင်ဘူး"

တပ်မဟာဦးစီးချုပ်ဟော့က အရယ်တစ်ဝက်နဲ့ ဆဲဆိုလိုက်တယ်: "ဟုတ်ပါပြီ အဲဒါဆိုလည်း မြန်မြန်သာသွားပါတော့။ သူ့ကို တစ်နေ့ကျ ငါ့အိမ်မှာ ထမင်းစားဖို့ ခေါ်လာခဲ့ဦး"

ဝမ်ရှောင်းယွင်: "ဟုတ်ကဲ့"

-

ကျွမ်းကျိုး နိုးလာတာ သိပ်မကြာသေးဘူး။ မနေ့က သူ တန်ခိုးစွမ်းအင်တွေ အများကြီး သုံးလိုက်ရတယ်။ မသိလိုက်ဘဲ နတ်ဘုရားပုံတော်ထဲမှာ အိပ်မိသွားတယ်။

နိုးလာတော့ သူ့ဘေးမှာ ဝမ်ရှောင်းယွင်ကို မတွေ့တော့ နည်းနည်းတောင် အသားမကျသလို ခံစားနေရသေးတယ်။ အခုတလော သူတို့နှစ်ယောက်က အမြဲတမ်းလိုလို အတူတူ အိပ်တယ်။

ဒါပေမဲ့ သူ့ရဲ့ ယုံကြည်မှုစုဆောင်းတဲ့ ကိရိယာလေးထဲမှာ တိုးပွားလာတာကိုခံစားတော့ အဲဒီကသိကအောက်ဖြစ်မှုလေး သေးသေးလေးကို ချက်ချင်းပဲ လျစ်လျူရှုလိုက်ပြီး ပျော်ရွှင်စွာနဲ့ ပြုံးနေတယ်။

"အများကြီးပဲ! ထင်တဲ့အတိုင်းပဲ မြို့တော်ဂြိုလ်ပေါ်မှာ လူတွေအများကြီးပဲ!"

မနေ့က သူက နည်းနည်း အချိန်ပိုလုပ်လိုက်ရတယ်။ ခဏလေးအတွင်းမှာ စစ်သင်္ဘော Wyvern ပေါ်ကလူတွေဆီကရတဲ့ ယုံကြည်မှုရဲ့ နှစ်ဆလောက်တောင် သူရလိုက်တယ်! မနေ့ညက သူအိပ်မက်ပေးခဲ့တဲ့လူတွေထဲက သုံးပုံတစ်ပုံက သူ့ကို စပြီး ယုံကြည်နေပြီ။

"လူများလေ ကောင်းလေပဲလေ!"

ကျွမ်းကျိုးက ဝမ်းသာအားရနဲ့ ဝမ်ရှောင်းယွင်ဆီကို ဖုန်းသွားခေါ်ဖို့လုပ်လိုက်တယ်။ ဒါပေမဲ့ ချန်ကျင့်ရွှယ်ရဲ့ဖုန်းက အရင်ဆုံး ကြားဖြတ်ဝင်လာတယ်။

"ကျိုးကျိုး! ငါ မင်းရဲ့ အထောက်အထားအိုင်ဒီ လုပ်ပြီးသွားပြီ။ ခဏနေရင် မင်းရဲ့ဆက်သွယ်ရေးစက်ကို ပို့ပေးလိုက်မယ်။ အဲဒါနဲ့ မင်းရဲ့ကိုယ်ပိုင်အကောင့်နဲ့ ချိတ်လိုက်ရုံပဲ"

ကျွမ်းကျိုးက မျက်ခုံးတွေ ကော့ညွတ်နေအောင် ပြုံးလိုက်တယ်: "အင်း အင်း။ ကျေးဇူးပဲ။ ရှောင်ဖော့လန်ရော ဘယ်မှာလဲ"

ချန်ကျင့်ရွှယ်: "ရှောင်ဖော့လန်လား၊ အာ...."

ချန်ကျင့်ရွှယ်က အောက်ငုံ့ကြည့်လိုက်တယ်။ ရှောင်ဖော့လန်က သူ့ရဲ့ စက်ရုံမျက်လုံးလေးတွေနဲ့ မျက်နှာသေနဲ့ စိုက်ကြည့်နေတာများ အသေသတ်တော့မလိုပဲ။

ချန်ကျင့်ရွှယ်: "ကျိုးကျိုး စိတ်မပူနဲ့! ရှောင်ဖော့လန်က အရမ်းကို လိမ္မာတယ်။ သူ့ကို ဆရာကြီးကယ်လုအန်းရဲ့ စစ်ဆေးမှုတွေကို ကောင်းကောင်းပူးပေါင်းပေးဖို့ မင်းမှာထားတယ်မလား။ ဒီတော့ သူက အရမ်းကို နာခံနေတာပဲ! တကယ်ပါ ဒီလောက်လိမ္မာတဲ့ စက်ရုပ်မျိုး တစ်ခါမှမမြင်ဖူးဘူး!"

ရှောင်ဖော့လန်က နောက်ဆုံးတော့ အကြည့်ရုတ်လိုက်ပြီး သခင်ကြီးတစ်ပါးလိုပဲ ကာတွန်းကားကြည့်ဖို့ ထွက်သွားတယ်။

ကျွမ်းကျိုးက စိတ်အေးသွားတယ်: "ကောင်းတယ်။ ဆရာကြီးကယ်လုအန်း စစ်ဆေးပြီးသွားတာနဲ့ သူ့ကို ပြန်ခေါ်လာမယ်ဆိုတာ ပြောထားလိုက်ပါ"

ချန်ကျင့်ရွှယ်က မျက်နှာကို စိတ်ပျက်လက်ပျက်နဲ့ ရှုံ့တွလိုက်ပြီး : "အင်းပါ။ မှတ်ထားလိုက်ပါ့မယ်"

သူက အလျင်အမြန်ပဲ စကားလမ်းကြောင်းပြောင်းလိုက်ပြီး ကျွမ်းကျိုးကို အွန်လိုင်းမှာ အရှာအများဆုံး tag ကို ပို့လိုက်တယ်: "ကျိုးကျိုး သူတို့တွေပြောနေကြတဲ့ ဒီလူကို တစ်ချက်ကြည့်လိုက်။ ငါတို့မိသားစုရဲ့ ကြွယ်ဝခြင်းနတ်ဘုရားနဲ့ မတူဘူးလား"

ကျွမ်းကျိုးဖတ်ကြည့်လေလေ သူ့မျက်ခုံးတွေ ကျုံ့လာလေလေပဲ။ အစကတော့ အဆင်ပြေနေသေးတယ်။ ဘယ်လိုဖြစ်လို့ အဆုံးသတ်ကျ သူက မကောင်းဆိုးဝါးဖြစ်သွားရတာလဲ။

ကျွမ်းကျိုးက နားမလည်နိုင်ဘူး: "ခင်ဗျားရော သူက မကောင်းဆိုးဝါးလို့ ထင်နေတာလား"

ချန်ကျင့်ရွှယ်က ချက်ချင်းလက်ငင်း ပြန်ဖြေလာတယ်: "ဘယ်ထင်ပါ့မလဲ! ငါတို့ရဲ့ ကြွယ်ဝခြင်းနတ်ဘုရားက နတ်ဘုရားတစ်ပါးလေ! သူက အဆုံးအစမရှိအောင် အလုပ်လုပ်ပြီး ငါတို့ကို ကာကွယ်ပြီး ချမ်းသာကြွယ်ဝအောင် ဆောင်ကြဉ်းပေးနေတာလေ! အရမ်းကို အလုပ်ကြိုးစားတယ်!"

ကျွမ်းကျိုးက သူ့ခေါင်းကို တရစပ်ညိတ်လိုက်တယ်: "အမှန်ပဲ"

ချန်ကျင့်ရွှယ်က နှစ်ခေါက်လောက် ရယ်လိုက်တယ်: "ဒီလူက တကယ်ကြီး ငါတို့ရဲ့ ကြွယ်ဝခြင်းနတ်ဘုရားကို စော်ကားရဲတယ်။ သူက ဒီနေ့ကစပြီး ရေသောက်ရင် ရေသီး၊ လမ်းလျှောက်ရင် ကားတိုက်ခံရပြီး ထမင်းစားရင်း ထမင်းနင်မှာ မကြောက်ဘူးလားမသိဘူး။ သူတရေးတမောအိပ်နေတုန်း မျက်နှာကြက်ကြီးတောင် သူ့ပေါ်ပြိုကျရင် ပြိုကျနေမှာ! အား ငါတော့ ဒီလူကို ရှာမယ်။ ဘယ်လောက်တောင် ကံဆိုးခြင်းတွေ ကြုံမလဲလို့ မြင်ချင်နေပြီ!"

သူ့ရဲ့ ကိုယ်ပိုင်သွေးသံတရဲရဲ အတိတ်အတွေ့အကြုံတွေကို ပြန်စဉ်းစားနေရသလိုပဲ ချန်ကျင့်ရွှယ်က စဉ်းစားကြည့်လေလေ ပိုပြီး မျှော်လင့်တကြီးဖြစ်လာလေလေပဲ။

သို့ပေမဲ့ သူက ရှာစရာတောင်မလိုလိုက်ဘူး။ ကျွမ်းကျိုးကို မကောင်းဆိုးဝါးလို့ အရင်ဆုံး ပို့စ်တင်တဲ့ ဘလော့ဂါက သူ့ရဲ့ကိုယ်ပိုင်တည်နေရာကိုတောင် ကြေညာလိုက်ပြီး မောက်မာစွာနဲ့ လူသိထင်ရှားကြေညာချက် ရေးလိုက်သေးတယ်။

(ငါ့ကို ချန်-ကောV*လို့ခေါ်ကြ: ငါက လေလုံးထွားနေတာလို့ ဘယ်သူပြောတာလဲ။ ငါ့ရဲ့စိတ်စွမ်းအားအဆင့်က S အဆင့်ပဲ။ တကယ်လို့ ဒီမကောင်းဆိုးဝါးသာ ငါ့ရဲ့မသိစိတ်ထဲကို လာချင်ရင် သေချာပေါက် အဝင်ပဲရှိပြီး ပြန်မထွက်နိုင်အောင် လုပ်ပစ်မယ်။ ဒါက ငါနေတဲ့နေရာပဲ ဟားဟား။ သူက လာရဲလို့လား။ သူက မင်းတို့ကောင်တွေလို စိတ်စွမ်းအား B တို့ C အဆင့်ရှိတဲ့ အမှိုက်တွေကိုပဲ အနိုင်ကျင့်နိုင်တာဖြစ်မယ်။) (*Vက Vlog ရဲ့ အတိုကောက်ပါ)

ကြွယ်ဝခြင်းနတ်ဘုရားရဲ့ အစဉ်သက်ဝင်ယုံကြည်သူတစ်ယောက်အနေနဲ့ ချန်ကျင့်ရွှယ်က ဒါကို ဖတ်ကြည့်ပြီး: "အရမ်း မောက်မာလွန်းတယ်! ကျိုးကျိုး ငါတို့ ဒါကို သည်းခံနေလို့မရဘူး!"

ချန်ကျင့်ရွှယ်ရဲ့အမြင်မှာ ကျွမ်းကျိုးက ကြွယ်ဝခြင်းနတ်ဘုရားရဲ့ သက်ဝင်ယုံကြည်သူခေါင်းဆောင်ပဲ။ သူက သေချာပေါက် ဒါကို သည်းခံနေမှာမဟုတ်ဘူး။ အဲဒါကြောင့် ချန်ကျင့်ရွှယ်က ပြောလိုက်တယ်: "သူ့ကို မနက်ဖြန် သွားရှာပြီး ဘယ်လောက်တောင် မိုက်တဲ့ကောင်လဲဆိုတာ သွားကြည့်ရအောင်!"

ကျွမ်းကျိုးက မရေမရာနဲ့ 'အွန်း' ဆိုပြီး အသိအမှတ်ပြုသလို ပြောလိုက်တယ်။

"ကောင်းပြီ။ ကျွန်တော် ဒီညပဲ သူ့ကို သွားရှာလိုက်မယ်"

ချန်ကျင့်ရွှယ်: "??? ဒီညသွားမို့လား။ မနက်ဖြန်မှ သွားပါလား။ မနက်ဖြန် ငါမင်းနဲ့ လိုက်ခဲ့မယ်။ မဟုတ်ရင်....."

သူက ကျိုးကျိုးရဲ့ လက်မောင်းလေးတွေ၊ ခြေထောက်လေးတွေနဲ့ဆို တစ်ဖက်လူနဲ့ ပြိုင်မချနိုင်လောက်ဘူးလို့ စိတ်ပူနေတယ်။

တစ်ဖက်လူက ပြောရမယ်ဆိုရင် S အဆင့်လေ။

ကျွမ်းကျိုးက ဆိုတယ်: "အင်း သူ့ကို စကားစမြည်သွားပြောမလို့"

ချန်ကျင့်ရွှယ်: "????"

ဘာဖြစ်လို့ ဒီစကားတွေက ကြားရတာ အကုန်လုံး ထူးဆန်းနေရတာလဲ။

.................xxxx...................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ကျွမ်းကျိုး: "အင်း သူနဲ့ စကားစမြည်သွားပြောမလို့၊ ကြည့်ရတာ သူက ကြွယ်ဝခြင်းနတ်ဘုရားရဲ့ စွမ်းပကားတွေကို လုံးဝ စိတ်မကူးမိတဲ့ပုံပဲ!"

-Zawgyi-

အခန္း ၃၀: ဒါကို သည္းခံလို႔မရဘူး! ေသခ်ာေပါက္ သည္းခံလို႔မရဘူး!

ကၽြမ္းက်ိဳးဟာ ၾကယ္အစုအေဝးကလူအမ်ားစုမွာ စိတ္စြမ္းအားအဆင့္တခ်ိဳ႕ ႐ွိတယ္ဆိုတာ သိၿပီးကတည္းက သူ မ်က္ႏွာဖံုးစတင္လုပ္ခဲ့တယ္။

သူ႔ရဲ႕ဝယ္သူေတြ တိုးခ်ဲ႕ဖို႔ကေတာ့ မ႐ွိမျဖစ္လုပ္ရမဲ့အရာပဲ။

ဒါေပမဲ့ ဝယ္သူေတြ သူ ဘယ္သူဘယ္ဝါဆိုတာ မသိေအာင္ေနရမဲ့အျပင္ သူဘာလုပ္ေနလဲဆိုတာကိုလည္း အသိေပးဖို႔လိုေသးတယ္။ အဲဒါေၾကာင့္ သူ ဒီလိုမ်ိဳး နည္းနည္း ကာကြယ္သြားဖို႔ လိုအပ္တယ္။

အစတုန္းက ေရာင္စံုေက်ာက္စီပံုကားခ်ပ္ သံုးဖို႔စဥ္းစားေသးတယ္။ ေနာက္ေတာ့ ေရာင္စံုေက်ာက္စီပံုကားခ်ပ္ဆိုရင္ အရမ္းထူးဆန္းေနမယ္လို႔ ခံစားမိတယ္။ လူေတြကို ေျခာက္လွန္႔မိႏိုင္ေသးတယ္။

ေရာမေရာက္ ေရာမလိုက်င့္ရမွာေပါ့!

ၾကယ္အစုအေဝးကလူေတြက ၾကယ္စုဒဂၤါးသံုးၾကတယ္ဆိုေတာ့ သူလည္း သူ႔မ်က္ႏွာအတြက္ ၾကယ္စုဒဂၤါးေတြသံုးလိုက္မယ္။

နတ္ဘုရားတိုင္းမွာ တန္ခိုးတစ္မ်ိဳး႐ွိၾကတယ္။ သူ႔ဆီကေန အကာအေဝးတစ္ခုအတြင္း႐ွိေနသေ႐ြ႕ သူျမင္ရတဲ့လူမွန္သမွ်ကို တန္ခိုးသံုးလို႔ရတယ္။ သူတို႔ကိုယ္ေပၚမွာ တန္ခိုးအေငြ႕အသက္ ခ်န္ထားခဲ့လိုက္ရင္ ေနာက္က်ရင္ သူတို႔ကို အိပ္မက္ေပးလို႔ရၿပီ။

သို႔ေပမဲ့ ဒါက စေကးအႀကီးစား အိပ္မက္ေပးရတာျဖစ္တဲ့အတြက္ ကၽြမ္းက်ိဳးက တန္ခိုးစြမ္းအင္ အလြန္လ်င္ျမန္စြာ ကုန္တယ္။ ဝမ္ေ႐ွာင္းယြင္ တပ္ထဲကေန ျပန္လာတဲ့အခ်ိန္မွာ ညဥ့္နက္ေနၿပီ။ ကၽြမ္းက်ိဳးက နတ္ဘုရားပံုေတာ္ကို ဖက္ၿပီး သူ႔တန္ခိုးစြမ္းအင္ေတြ ျပန္ျဖည့္တင္းေနတယ္။

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ ကၽြမ္းက်ိဳးကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က သူငယ္ခ်င္းေလးက ၾကယ္အစုအေဝးေတြၾကား အခ်ိန္အၾကာႀကီး ခရီးသြားလာရလို႔ ပင္ပန္းသြားတာလို႔ပဲ ထင္လိုက္တယ္။ သူက ကၽြမ္းက်ိဳးအိပ္ေနတာကို မေႏွာင့္ယွက္ခ်င္လို႔ တိတ္ဆိတ္စြာ ညင္ညင္သာသာေလး လႈပ္႐ွားလိုက္တယ္။

ဒုတိယေန႔ ေန႔လယ္ခင္းမွာ ၾကယ္စုကြန္ရက္ရဲ႕ လူအ႐ွာမ်ားတဲ့ စကားလံုးေတြထဲမွာ tag တစ္ခုက တိုးတိုးတိတ္တိတ္ ေပၚထြက္လာတယ္။

#တူညီေသာကမၻာ၊ တူညီေသာအိပ္မက္#

ဝမ္ေ႐ွာင္းယြင္က စစ္တပ္ကေနပို႔လုိက္တဲ့ တရားဝင္ေၾကညာခ်က္တစ္ခု ပူေပါင္းထုတ္ျပန္ဖို႔ အြန္လိုင္းေပၚေရာက္ေနတယ္။

သူက ဒီ tag ကိုေတြ႕ေတာ့ အစက သူမွားဖတ္မိတာလို႔ေတာင္ ထင္မိတယ္။

ဒါက 'တူညီေသာကမၻာ၊ တူညီေသာရည္မွန္းခ်က္' မဟုတ္ဘဲ 'တူညီေသာအိပ္မက္' ျဖစ္ေနတယ္။

(* Eng T/N အဂၤလိပ္လိုဆိုရင္ စာလံုးအတူတူပဲ၊ I have a dream - ကိုယ္ရယူလိုတဲ့အိပ္မက္၊ ရည္မွန္းခ်က္႐ွိတယ္လို႔ ေျပာသလိုပဲ၊ I had a dream - မေန႔ညက အိပ္မက္တစ္ခုမက္ခဲ့တယ္ - စကားလံုးကေတာ့ အတူတူပဲ။ တ႐ုတ္မွာေတာ့ 梦想 - ရည္မွန္းခ်က္ ဆိုတဲ့စကားလံုးျဖစ္ရမဲ့အစား 梦 - အိပ္မက္ ျဖစ္ေနတာကို ေျပာတာပါ)

ပံုမွန္ဆိုရင္ ဝမ္ေ႐ွာင္းယြင္က ေသခ်ာေပါက္ အ႐ွာမ်ားတဲ့စကားလံုးတို႔ဘာတို႔ကို ဂ႐ုစိုက္မိမွာေတာင္မဟုတ္ဘူး။ ဒါေပမဲ့ ကၽြမ္းက်ိဳးက သူ႔ကို မၾကာခဏ အိပ္မက္ေပးလို႔ျဖစ္မယ္၊ သူ႔က ထူးထူးဆန္းဆန္း 'အိပ္မက္' ဆိုတဲ့စကားလံုးကို ထိ႐ွလြယ္ေနတယ္။

ဘာေၾကာင့္မွန္းမသိတဲ့ အေၾကာင္းျပခ်က္နဲ႔ပဲ သူ ဒီ tag ကို ႏွိပ္ၾကည့္လိုက္တယ္။

ပထမဆံုး ဂ်ာနယ္လစ္ဘေလာ့ဂါတစ္ေယာက္က ေျပာတယ္: မေန႔ညက သူအရမ္းထူးဆန္းတဲ့ အိပ္မက္တစ္ခုမက္တယ္။ သူက ၾကယ္စုဒဂၤါးပံုစံ မ်က္ႏွာဖံုးတပ္ထားတဲ့ ေယာက္်ားတစ္ေယာက္ သူ႔ကို ခ်မ္းသာေအာင္ လုပ္ေပးမယ္ဆိုၿပီး ေျပာတာကို အိပ္မက္မက္ခဲ့တယ္။

ဂ်ာနယ္လစ္ဘေလာ့ဂါက ဆိုတယ္: သူက အိပ္မက္ရဲ႕အေသးစိတ္အေၾကာင္းအရာေတြကိုေတာ့ မမွတ္မိေတာ့ဘူး။ ဒါေပမဲ့ ၾကယ္စုဒဂၤါးဝတ္ထားတဲ့ေယာက်္ားက - သူ႔ကို ကိုးကြယ္ရင္ ခ်မ္းသာလာမယ္ဆိုလား တစ္ခုခုေျပာလိုက္တာကိုေတာ့ ဝိုးတိုးဝါးတား မွတ္မိလိုက္တယ္။

ဒါက အိပ္မက္ျဖစ္ေနတာမို႔ ဂ်ာနယ္လစ္ဘေလာ့ဂါက သူက ဘာျဖစ္လို႔ ဒီေလာက္နာခံတတ္သြားမွန္းေတာင္ သူမသိလိုက္ဘူး။ သူက မသိစိတ္အရ အိပ္မက္ထဲမွာ ဒူးေထာက္ၿပီး ဂါရဝျပဳလိုက္တာပဲတဲ့။

ေနာက္တစ္ေန႔မနက္ သူႏိုးလာေတာ့ အားလံုးက မသဲမကြဲျဖစ္ေနၿပီ။ မေမွ်ာ္လင့္စြာနဲ႔ သူက အလုပ္ေတာင္မေရာက္ေသးဘူး။ သူဆုမဲတစ္မဲ ေပါက္တယ္ဆိုၿပီး အြန္လိုင္းမက္ေဆ့တစ္ခု ရလိုက္တယ္။

သူက တကယ္ႀကီးကို အရင္တုန္းက ဘေလာ့ေပၚမွာ သူျပန္တင္ဖူးတဲ့ 'ၾကယ္စုကံစမ္းမဲဆု' အႀကီးစားႀကီး တစ္ခုကို ေပါက္တာျဖစ္ေနတယ္။ (*ကိုယ္ေတြ ကံစမ္းမဲေတြ ႐ွဲသလိုမ်ိဳး)

သူက ဆုထဲမွာ အႀကီးဆံုးဆုမဲကို ေပါက္ခဲ့တယ္။ ပိုက္ဆံေတြ အစုလုိက္အပံုလိုက္ရတာတင္မကဘူး တစ္ႏွစ္အတြင္း ဘယ္ေနရာမဆို သြားလို႔ရတဲ့ အခမဲ့ ယာဥ္လက္မွတ္ေတြ၊ တစ္ႏွစ္စာ အခမဲ့တည္းခိုခြင့္ေတြနဲ႔ လူေတြ အားက်ေလာက္တဲ့ တျခားအဲဒီလိုဆုေတြလည္း ပါေသးတယ္။

ကံအေကာင္းဆံုးလူအတြက္ အထူးဆုအေနနဲ႔ ရန္ပံုေငြပြဲကို က်င္းပတဲ့ကုမၸဏီက ဂ်ာနယ္လစ္ဘေလာ့ဂါကို ဗီဒီယိုခ်က္နဲ႕ ခ်က္ခ်င္းဆက္သြယ္ၿပီး ဒီလိုကံစမ္းမဲအထူးဆုကို ေပါက္တဲ့အတြက္ သူ႔ရဲ႕ခံစားခ်က္ကို ေဖာ္ျပခိုင္းခဲ့တယ္။

ဂ်ာနယ္လစ္ဘေလာ့ဂါ ကိုယ္တိုင္က လံုးဝ အံ့အားသင့္ေနတယ္။ သူ လက္ေတြ႕မွာကို သူက ကံအေကာင္းဆံုးသူဆိုတာ မယံုႏိုင္ဘူး။ မသိလိုက္မသိဘာသာနဲ႕ သူမေန႔ညက မက္ခဲ့တဲ့အိပ္မက္ကို ျပန္အမွတ္ရသြားၿပီး ငိုင္တိငိုင္တိုင္နဲ႔ ေျပာလိုက္တယ္: "ကၽြန္ေတာ္... ကၽြန္ေတာ္ တကယ္ ... တကယ္ေပါက္တယ္ဆိုတာ မယံုႏိုင္ဘူး။ ကၽြန္ေတာ္... ကၽြန္ေတာ့္ဘဝမွာ ဒီေလာက္ တစ္ခါမွကံမေကာင္းဖူးဘူး။ ... ကၽြန္ေတာ္က တကယ္တမ္း အရမ္းကံဆိုးတာ... တကယ္ပဲ... ကၽြန္ေတာ္ ဘယ္လိုလုပ္ၿပီး ကံထူးသြားလဲဆိုတာကို မသိပါဘူး။ ဒါေပမဲ့ မေန႔ကေတာ့ ကၽြန္ေတာ္ ထူးဆန္းတဲ့အိပ္မက္တစ္ခု မက္ခဲ့တယ္...."

"ဟားဟား အိပ္မက္မက္တာနဲ႔ ဒါနဲ႔ ဘာဆိုင္လို႔လဲ။ မဲမေပါက္ခင္ ေပါက္မယ္ဆိုတာကို ႀကိဳသိခဲ့တယ္လို႔ ေျပာေနတာလား" အင္တာဗ်ဴးတဲ့သူက ၿပံဳးၿပီးေျပာလုိက္တယ္။

ဂ်ာနယ္လစ္ဘေလာ့ဂါက အလ်င္အျမန္ ျပန္ေျပာလုိက္တယ္: "ကၽြန္ေတာ္ တကယ္မသိဘူး... ဒါေပမဲ့ မေန႔ မေန႔ညက ကၽြန္ေတာ္ အိပ္မက္ထဲမွာ သူ႔ကို ကိုးကြယ္ရင္ ခ်မ္းသာမယ္ဆိုၿပီး ေျပာတဲ့ မ်က္ႏွာဖံုးနဲ႕လူတစ္ေယာက္ကို ေတြ႕ခဲ့တယ္။ ကၽြန္ေတာ္...."

ဗီဒီယိုအင္တာဗ်ဴးလည္း ၿပီးသြားေရာ၊ အားလံုးက အဆင္ေျပေနေသးတယ္။

ဒါေပမဲ့ ဒီလိုမ်ိဳးဆုႀကီးမ်ိဳးက တစ္ႏိုင္ငံလံုးက စိတ္အားထက္သန္စြာ ေစာင့္ၾကည့္ေနတဲ့သတင္းမ်ိဳးျဖစ္တယ္။ ကံထူးသူကိုလည္း ေၾကညာၿပီးသြားေရာ လူတိုင္းက ဒီဂ်ာနယ္လစ္ဘေလာ့ဂါက ဘယ္လို ကံေကာင္းတဲ့ေကာင္လဲဆိုၿပီး လာၾကည့္ၾကတယ္။

အဲဒါေၾကာင့္ အားက်ၿပီး မေက်မခ်မ္းျဖစ္ေနတဲ့ ကြန္းမန္႔ေတြၾကားမွာ ႐ုတ္တရက္ ဒီလုိမ်ိဳးကြန္းမန္႔ေတြ အမ်ားႀကီးထြက္လာတယ္။

"မျဖစ္ႏိုင္ဘူး။ ငါလည္း အဲ့လိုအိပ္မက္မ်ိဳးမက္တာပဲ။ ငါက်ေတာ့ ဘာလို႔ အထူးဆုမေပါက္ရတာလဲ QAQ"

"အေပၚကကြန္႔မန္႔ေရးသူကို ဖက္လိုက္ပါတယ္၊ ငါလည္း အတူတူပဲ။ ငါလည္း ၾကယ္စုဒဂၤါးမ်က္ႏွာဖံုးတပ္ထားတဲ့ လူတစ္ေယာက္ကို အိပ္မက္မက္တယ္ထင္တာပဲ။ ငါက် ဘာဆုမွလည္း မေပါက္ဘူး o(╥﹏╥)o"

"ဟားဟားဟား အမွန္အတိုင္းေျပာရရင္ ငါလည္း အဲ့လိုအိပ္မက္မက္တယ္ထင္တယ္။ ငါက မခ်မ္းသာခ်င္ဘူး၊ ေနာက္ဆံုးေပၚ သားရဲေကာင္႐ုပ္တု*ပဲ လိုခ်င္တာလို႔ ေျပာလိုက္ေသးတယ္။ မထင္ထားဘူး ေနာက္တစ္ေန႔ ငါအိပ္ရာႏိုးေတာ့ ငါ့အေဖကေျပာတယ္။ သူ သားရဲေကာင္႐ုပ္တုတစ္ခု ဝယ္ေပးမယ္တဲ့။ အရမ္းေပ်ာ္တာပဲ (*^▽^*)" (*figurine စက္႐ုပ္ေတြကို ေျပာတာထင္တယ္)

"အေပၚ ကြန္႔မန္႔ကသူက ပိုက္ဆံ႐ွိတာပဲ။ သားရဲေကာင္႐ုပ္တုေတြအကုန္လံုးက အကုန္အက်မ်ားတယ္မလား။ အဲဒါေတြက အရမ္းေဈးႀကီးတယ္ o(╯□╰)o"

"ငါေရာပဲ ငါေရာပဲ။ ငါလည္း အဲဒီလူကိုပဲ အိပ္မက္မက္တယ္။ အဲဒီေနာက္ ဒီေန႔အိပ္ရာႏိုးေတာ့ ငါလည္း မဲေပါက္တယ္။ ဒါေပမဲ့ ငါကေတာ့ ဆုအေသးေလးပဲ ဒါေပမဲ့ ငါအရမ္းေပ်ာ္တာပဲ ဟားဟားဟား"

"???? မျဖစ္ႏိုင္ဘူး။ ခင္ဗ်ားတို႔ေတြ ဘာေတြျဖစ္ေနၾကတာလဲ။ ဒီမွာ ဟာသေျပာဖို႔မ်ား ေရာက္ေနၾကတာလား။ ဘယ္လိုလုပ္ၿပီး ခင္ဗ်ားတို႔အားလံုး အိပ္မက္အတူတူ မက္မွာလဲ"

"ဟမ္ အိုး ငလူး! တကယ္လို႔ အေပၚကကြန္႔မန္႔ကလူသာ ဒါကို ေထာက္မျပရင္ ငါသတိေတာင္ထားမိမွာမဟုတ္ဘူး။ ခင္ဗ်ားတို႔ေတြအကုန္လံုး ကၽြန္ေတာ့္လိုအိပ္မက္မ်ိဳးပဲ မက္တာလား!"

"ဘာေတြျဖစ္ေနတာလဲ။ ခင္ဗ်ားတို႔ေတြ ေနာက္ေနၾကတာမဟုတ္ဘူးလား။ တကယ္ႀကီး အိပ္မက္တစ္ခုတည္းကို မက္ၾကတာလား!"

အဲဒီကြန္းမန္႔ေတြ တက္လာတာနဲ႔ ေဆြးေႏြးပြဲကို ဝင္ပါတဲ့လူေတြ မ်ားသည္ထက္မ်ားမ်ားလာတယ္။

ျဖစ္ခ်င္ေတာ့ လူေတြအမ်ားႀကီး တကယ္ပဲ ၾကယ္စုဒဂၤါးမ်က္ႏွာဖံုးနဲ႔လူကို အိပ္မက္မက္ၾကတာပဲ။

သူက ေျပာတဲ့စကားေတာင္ တူေနေသးတယ္!

ကြန္းမန္႔ေတြက ပိုပိုမ်ားလာတယ္။ ထင္ေၾကးေပးတဲ့သူေတြလည္း ပိုတိုးလာတယ္။ အဲဒီလိုနဲ႔ ဒီ tag က တိတ္တိတ္ေလး အ႐ွာမ်ားတဲ့စကားလံုးထဲမွာ ပါလာတာပဲ။

ဒီပြဲရဲ႕ အသြားအလာကိုဖတ္ၿပီးေနာက္မွာ ဝမ္ေ႐ွာင္းယြင္ရဲ႕ နားထင္ေတြ ေသြးတိုးလာတာကို ခံစားလိုက္ရတယ္။

ဒါတင္မကဘူး၊ တပ္ထဲကလူေတြအကုန္လံုးလည္း ဒီကိစၥကို စၿပီး ေဆြးေႏြးလာၾကတယ္။

ဒါေပမဲ့ တျခားလူေတြနဲ႔ ကြာျခားတာက တပ္ထဲကလူေတြက ပံုမွန္ထက္ ပိုၿပီး စိတ္စြမ္းအားအဆင့္ျမင့္တဲ့သူေတြျဖစ္တယ္။ ဒီလိုမ်ိဳး အေျခအေနေအာက္မွာ သူတို႔က သူတို႔ရဲ႕အိပ္မက္ေတြကို မွတ္မိႏိုင္ေျခပိုမ်ားတယ္။

သူတို႔က လူတစ္ေယာက္တည္းကိုပဲ အားလံုးအိပ္မက္မက္ခဲ့တယ္ဆိုတာ အရမ္း႐ွင္းေနတယ္။

တခ်ိဳ႕အေသးစိတ္အခ်က္ေတြကေတာ့ အားလံုး ဆက္စပ္ၾကည့္လို႔ရတယ္။

အဲဒီေနာက္ အြန္လိုင္းမွာ အ႐ွာအမ်ားဆံုးရလဒ္ကို ၾကည့္ၿပီးေနာက္ တပ္ထဲကလူေတြက ေပါက္ကြဲထြက္လာၾကတယ္။

ဘယ္ေလာက္ေတာင္ အံ့ဩစရာေကာင္းလဲ! လူေတြအမ်ားႀကီး အိပ္မက္တစ္ခုတည္းမက္တယ္တဲ့! တစ္နည္းေျပာရရင္ သူတို႔အိပ္မက္ထဲမွာ ေပၚလာတဲ့ ၾကယ္စုဒဂၤါးမ်က္ႏွာဖံုးတပ္ထားတဲ့သူက တိတိက်က် ဘယ္သူမ်ားလဲ။ ဘာျဖစ္လို႔ လူေတြအားလံုးက သူတစ္ေယာက္တည္းကို အိပ္မက္မက္ရတာလဲ။

အထူးဆန္းဆံုးကေတာ့ ဒီလူကို အိပ္မက္မက္တဲ့လူအမ်ားႀကီးက တစ္နည္းနည္းနဲ႔ ကံေကာင္းလာၾကတာပဲ။ ဆုမဲေပါက္ရင္ေပါက္ မဟုတ္ရင္ သူတို႔လုပ္ခ်င္တဲ့အရာတစ္ခုခုကို ႐ုတ္တရက္ လုပ္ႏိုင္သြားတာမ်ိဳး။

ေသခ်ာတာေပါ့။ သူတို႔လည္း ၾကယ္စုဒဂၤါးမ်က္ႏွာဖံုးတပ္လူကို အိပ္မက္မက္တယ္၊ ဒါေပမဲ့ ဘာမွမေပါက္ဘူးဆိုၿပီး ေျပာတဲ့သူေတြလည္း ႐ွိတယ္။ ေနာက္ၿပီး သူတို႔က ေသခ်ာေပါက္ ခ်မ္းသာလာဖို႔အထိ ကံမေကာင္းၾကဘူး။

လူတစ္ေယာက္က ျပႆနာတစ္ခုကို အစမေဖာ္လိုက္ခင္အထိေပါ့--

"ဒီလူက... တကယ့္လူအစစ္လား။ တကယ္လို႔ အစစ္ဆိုရင္ သူ႔စြမ္းအားေတြက နည္းနည္း ေၾကာက္စရာမေကာင္းလြန္းဘူးလား။ သူက ငါတို႔ရဲ႕အသိစိတ္ကို ထိန္းခ်ဳပ္ႏိုင္ၿပီး သူ႔အေၾကာင္းအိပ္မက္မက္ေအာင္လုပ္လို႔ရတယ္!! ဒီလိုလူမ်ိဳးက စိတ္စြမ္းအားအဆင့္ ဘယ္ေလာက္ေတာင္ ျမင့္လို႔လဲ။ အရင္တုန္းက SSS အဆင့္စိတ္စြမ္းအား႐ွိတဲ့ တစ္ေယာက္တည္းေသာသူ ဝမ္ေ႐ွာင္းယြင္ေတာင္မွ တျခားသူေတြရဲ႕ မသိစိတ္ကို ဝင္စြက္ဖက္လို႔မရဘူး။ ေနာက္တစ္မ်ိဳးေျပာရရင္ ဒီလူရဲ႕စိတ္စြမ္းအားက ဘယ္ေလာက္ေတာင္ျမင့္ေနလို႔လဲ"

"ခင္ဗ်ားတို႔ေတြ ဆုမဲေလးတစ္ဆုေပါက္လိုက္တာနဲ႔ ရယ္ေမာၿပီး ဒီမွာ စေနာက္ေနႏိုင္တယ္ဆိုတာ ယံုေတာင္မယံုႏိုင္ဘူး။ ဒါက တိုက္ဆိုင္မႈတစ္ခုလို႔ ယူဆလို႔ရတယ္။ ဒါက မေတာ္တဆမႈသက္သက္ပဲ! မဟုတ္ရင္ တျခားသူေတြက် ဆုတစ္ဆုမွ ဘာလို႔ မေပါက္တာလဲ။ အေရးႀကီးဆံုးက စဥ္းစားၾကည့္ၾကပါ ငါ့ေကာင္တို႔ သူက ငါတို႔ရဲ႕အသိစိတ္ကို ထိန္းခ်ဳပ္ႏိုင္တယ္! တစ္ေန႔ အနာဂတ္က်ရင္ ခင္ဗ်ားတို႔ရဲ႕ စိတ္စြမ္းအားနဲ႔ အသိစိတ္ကို အမွတ္တမဲ့နဲ႔ ခိုးသြားလိမ့္မယ္။ ဒါက တကယ့္မေကာင္းဆိုးဝါးတစ္ေကာင္ပဲျဖစ္မယ္! ၾကည့္ရတာ အသစ္လတ္လတ္ဆတ္ဆတ္ ထြက္ေပၚလာတဲ့ အင္းဆက္ဘုရင္မ ျဖစ္ေလာက္တယ္!"

"တကယ္လို႔ ငါသာဆိုရင္ ဒီလူငါ့ရဲ႕အသိစိတ္ထဲ ဝင္လာတာနဲ႔ ခ်က္ခ်င္းဖမ္းၿပီး သူ႔မ်က္ႏွာဖံုးကို ခၽြတ္ပစ္လိုက္မွာပဲ! ၿပီးရင္ သူ႔ရဲ႕စိတ္စြမ္းအားကမာၻကို တန္ျပန္တိုက္ခိုက္ၿပီး ဒီမေကာင္းဆိုးဝါးကို ငါ့ရဲ႕ မသိစိတ္ထဲကေန ေမာင္းထုတ္ပစ္လိုက္မွာ!"

ဒီစကားေတြ ထြက္လာၿပီးေနာက္ သူတို႔လည္း မ်က္ႏွာဖံုးလူအေၾကာင္း အိပ္မက္မက္ခဲ့တယ္ဆိုၿပီး ပြက္ပြက္ညံေအာင္ ေဆြးေႏြးေနၾကေသးတဲ့လူေတြက ေသခ်ာေပါက္ နည္းနည္း စတင္ထိတ္လန္႔လာၾကတယ္။

ဟုတ္တယ္ေလ။ သူတို႔က ဘယ္သူ႔ကို အိပ္မက္မက္ခဲ့တာလဲ။ လူတစ္ေယာက္လား ဒါမွမဟုတ္ မေကာင္းဆိုးဝါးတစ္ေကာင္လား။

ဘာျဖစ္လို႔ သူတို႔အကုန္လံုး အိပ္မက္တစ္ခုတည္း မက္ရတာလဲ။

သူ႔မွာ တျခား ဘယ္လိုအစြမ္းေတြ႐ွိေနလဲ။

ခ်န္က်င့္႐ႊယ္ေတာင္မွ ဝမ္ေ႐ွာင္းယြင္ဆီကို မက္ေဆ့တစ္ေစာင္ ပို႔လိုက္တယ္။

(ခ်န္က်င့္႐ႊယ္: ေဘာ့စ္ သူတို႔ေျပာေနၾကတဲ့သူက ကၽြန္ေတာ္ကိုးကြယ္တဲ့ ႂကြယ္ဝျခင္းနတ္ဘုရားနဲ႔ တအားတူတယ္လို႔ မထင္ဘူးလား)

(ခ်န္က်င့္႐ႊယ္: သူတို႔က ကၽြန္ေတာ္တို႔ရဲ႕ ႂကြယ္ဝျခင္းနတ္ဘုရားကိုမ်ား မေကာင္းဆိုးဝါးလို႔ တကယ္ေျပာရဲေသးတယ္။ ေသခ်ာေပါက္ သူက နတ္ဘုရားတစ္ပါးပဲကို!)

(ဝမ္ေ႐ွာင္းယြင္:......)

ဒီေဆြးေႏြးပြဲေတြကို ေတြ႕ၿပီး ေလးေလးနက္နက္ အခ်ိန္ယူစဥ္းစားလိုက္ၿပီးေနာက္ ဝမ္ေ႐ွာင္းယြင္က တပ္ထဲကေန ထြက္လာၿပီး အိမ္ျပန္လာတယ္။

သူက ဓာတ္ေရာင္ျခည္႐ွာေဖြတဲ့ ကိရိယာအေသးစားေလးတစ္လံုးကိုလည္း ျပန္ယူလာတယ္။

တပ္မဟာဦးစီးခ်ဳပ္ေဟာ့: "ငါ့အိမ္မွာ ထမင္းတစ္နပ္ေလာက္ စားမသြားေတာ့ဘူးလား"

ဝမ္ေ႐ွာင္းယြင္: "ေနာက္ေန႔မွေပါ့၊ ကၽြန္ေတာ့္ကို အိမ္မွာ ေစာင့္ေနတဲ့ သူငယ္ခ်င္းေလးတစ္ေယာက္႐ွိေသးတယ္"

တပ္မဟာဦးစီးခ်ဳပ္ေဟာ့က အၿပံဳးတစ္ခုနဲ႔အတူ ေျပာတယ္: "မင္းက အရင္က စစ္သေဘၤာနဲ႔ စစ္တပ္ကိုပဲ မင္းအိမ္လို႔ စဥ္းစားတာမဟုတ္ဘူးလား။ မင္းရဲ႕အဲဒီအိမ္ကို ေနာက္ဆံုးျပန္တာ ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲ"

ဝမ္ေ႐ွာင္းယြင္က အင္မတန္မွ တည္ၿငိမ္ေနၿပီး တပ္မဟာဦးစီးခ်ဳပ္ရဲ႕စေနာက္ေနတာေတြကို လံုးဝအမႈမထားဘူး: "အခုက မတူေတာ့ဘူး။ အခု ကၽြန္ေတာ့္ရင္ထဲမွာ တစ္ေယာက္ေသာသူ႐ွိေနၿပီ။ သူ ကၽြန္ေတာ့္ကို ေစာင့္မေနရေစခ်င္ဘူး"

တပ္မဟာဦးစီးခ်ဳပ္ေဟာ့က အရယ္တစ္ဝက္နဲ႔ ဆဲဆိုလိုက္တယ္: "ဟုတ္ပါၿပီ အဲဒါဆိုလည္း ျမန္ျမန္သာသြားပါေတာ့။ သူ႔ကို တစ္ေန႔က် ငါ့အိမ္မွာ ထမင္းစားဖို႔ ေခၚလာခဲ့ဦး"

ဝမ္ေ႐ွာင္းယြင္: "ဟုတ္ကဲ့"

-

ကၽြမ္းက်ိဳး ႏိုးလာတာ သိပ္မၾကာေသးဘူး။ မေန႔က သူ တန္ခိုးစြမ္းအင္ေတြ အမ်ားႀကီး သံုးလိုက္ရတယ္။ မသိလိုက္ဘဲ နတ္ဘုရားပံုေတာ္ထဲမွာ အိပ္မိသြားတယ္။

ႏိုးလာေတာ့ သူ႔ေဘးမွာ ဝမ္ေ႐ွာင္းယြင္ကို မေတြ႕ေတာ့ နည္းနည္းေတာင္ အသားမက်သလို ခံစားေနရေသးတယ္။ အခုတေလာ သူတို႔ႏွစ္ေယာက္က အၿမဲတမ္းလိုလို အတူတူ အိပ္တယ္။

ဒါေပမဲ့ သူ႔ရဲ႕ ယံုၾကည္မႈစုေဆာင္းတဲ့ ကိရိယာေလးထဲမွာ တိုးပြားလာတာကိုခံစားေတာ့ အဲဒီကသိကေအာက္ျဖစ္မႈေလး ေသးေသးေလးကို ခ်က္ခ်င္းပဲ လ်စ္လ်ဴ႐ႈလုိက္ၿပီး ေပ်ာ္႐ႊင္စြာနဲ႔ ၿပံဳးေနတယ္။

"အမ်ားႀကီးပဲ! ထင္တဲ့အတိုင္းပဲ ၿမိဳ႕ေတာ္ၿဂိဳလ္ေပၚမွာ လူေတြအမ်ားႀကီးပဲ!"

မေန႔က သူက နည္းနည္း အခ်ိန္ပိုလုပ္လိုက္ရတယ္။ ခဏေလးအတြင္းမွာ စစ္သေဘၤာ Wyvern ေပၚကလူေတြဆီကရတဲ့ ယံုၾကည္မႈရဲ႕ ႏွစ္ဆေလာက္ေတာင္ သူရလိုက္တယ္! မေန႔ညက သူအိပ္မက္ေပးခဲ့တဲ့လူေတြထဲက သံုးပံုတစ္ပံုက သူ႔ကို စၿပီး ယံုၾကည္ေနၿပီ။

"လူမ်ားေလ ေကာင္းေလပဲေလ!"

ကၽြမ္းက်ိဳးက ဝမ္းသာအားရနဲ႔ ဝမ္ေ႐ွာင္းယြင္ဆီကို ဖုန္းသြားေခၚဖို႔လုပ္လိုက္တယ္။ ဒါေပမဲ့ ခ်န္က်င့္႐ႊယ္ရဲ႕ဖုန္းက အရင္ဆံုး ၾကားျဖတ္ဝင္လာတယ္။

"က်ိဳးက်ိဳး! ငါ မင္းရဲ႕ အေထာက္အထားအိုင္ဒီ လုပ္ၿပီးသြားၿပီ။ ခဏေနရင္ မင္းရဲ႕ဆက္သြယ္ေရးစက္ကို ပို႔ေပးလုိက္မယ္။ အဲဒါနဲ႔ မင္းရဲ႕ကိုယ္ပိုင္အေကာင့္နဲ႔ ခ်ိတ္လိုက္႐ံုပဲ"

ကၽြမ္းက်ိဳးက မ်က္ခံုးေတြ ေကာ့ညြတ္ေနေအာင္ ၿပံဳးလိုက္တယ္: "အင္း အင္း။ ေက်းဇူးပဲ။ ေ႐ွာင္ေဖာ့လန္ေရာ ဘယ္မွာလဲ"

ခ်န္က်င့္႐ႊယ္: "ေ႐ွာင္ေဖာ့လန္လား၊ အာ...."

ခ်န္က်င့္႐ႊယ္က ေအာက္ငံု႔ၾကည့္လုိက္တယ္။ ေ႐ွာင္ေဖာ့လန္က သူ႔ရဲ႕ စက္႐ံုမ်က္လံုးေလးေတြနဲ႔ မ်က္ႏွာေသနဲ႔ စိုက္ၾကည့္ေနတာမ်ား အေသသတ္ေတာ့မလိုပဲ။

ခ်န္က်င့္႐ႊယ္: "က်ိဳးက်ိဳး စိတ္မပူနဲ႔! ေ႐ွာင္ေဖာ့လန္က အရမ္းကို လိမၼာတယ္။ သူ႔ကို ဆရာႀကီးကယ္လုအန္းရဲ႕ စစ္ေဆးမႈေတြကို ေကာင္းေကာင္းပူးေပါင္းေပးဖို႔ မင္းမွာထားတယ္မလား။ ဒီေတာ့ သူက အရမ္းကို နာခံေနတာပဲ! တကယ္ပါ ဒီေလာက္လိမၼာတဲ့ စက္႐ုပ္မ်ိဳး တစ္ခါမွမျမင္ဖူးဘူး!"

ေ႐ွာင္ေဖာ့လန္က ေနာက္ဆံုးေတာ့ အၾကည့္႐ုတ္လိုက္ၿပီး သခင္ႀကီးတစ္ပါးလိုပဲ ကာတြန္းကားၾကည့္ဖို႔ ထြက္သြားတယ္။

ကၽြမ္းက်ိဳးက စိတ္ေအးသြားတယ္: "ေကာင္းတယ္။ ဆရာႀကီးကယ္လုအန္း စစ္ေဆးၿပီးသြားတာနဲ႔ သူ႔ကို ျပန္ေခၚလာမယ္ဆိုတာ ေျပာထားလိုက္ပါ"

ခ်န္က်င့္႐ႊယ္က မ်က္ႏွာကို စိတ္ပ်က္လက္ပ်က္နဲ႔ ႐ႈံ႕တြလိုက္ၿပီး : "အင္းပါ။ မွတ္ထားလိုက္ပါ့မယ္"

သူက အလ်င္အျမန္ပဲ စကားလမ္းေၾကာင္းေျပာင္းလိုက္ၿပီး ကၽြမ္းက်ိဳးကို အြန္လိုင္းမွာ အ႐ွာအမ်ားဆံုး tag ကို ပို႔လိုက္တယ္: "က်ိဳးက်ိဳး သူတို႔ေတြေျပာေနၾကတဲ့ ဒီလူကို တစ္ခ်က္ၾကည့္လိုက္။ ငါတို႔မိသားစုရဲ႕ ႂကြယ္ဝျခင္းနတ္ဘုရားနဲ႔ မတူဘူးလား"

ကၽြမ္းက်ိဳးဖတ္ၾကည့္ေလေလ သူ႔မ်က္ခံုးေတြ က်ံဳ႕လာေလေလပဲ။ အစကေတာ့ အဆင္ေျပေနေသးတယ္။ ဘယ္လိုျဖစ္လို႔ အဆံုးသတ္က် သူက မေကာင္းဆိုးဝါးျဖစ္သြားရတာလဲ။

ကၽြမ္းက်ိဳးက နားမလည္ႏိုင္ဘူး: "ခင္ဗ်ားေရာ သူက မေကာင္းဆိုးဝါးလို႔ ထင္ေနတာလား"

ခ်န္က်င့္႐ႊယ္က ခ်က္ခ်င္းလက္ငင္း ျပန္ေျဖလာတယ္: "ဘယ္ထင္ပါ့မလဲ! ငါတို႔ရဲ႕ ႂကြယ္ဝျခင္းနတ္ဘုရားက နတ္ဘုရားတစ္ပါးေလ! သူက အဆံုးအစမ႐ွိေအာင္ အလုပ္လုပ္ၿပီး ငါတို႔ကို ကာကြယ္ၿပီး ခ်မ္းသာႂကြယ္ဝေအာင္ ေဆာင္ၾကဥ္းေပးေနတာေလ! အရမ္းကို အလုပ္ႀကိဳးစားတယ္!"

ကၽြမ္းက်ိဳးက သူ႔ေခါင္းကို တရစပ္ညိတ္လိုက္တယ္: "အမွန္ပဲ"

ခ်န္က်င့္႐ႊယ္က ႏွစ္ေခါက္ေလာက္ ရယ္လိုက္တယ္: "ဒီလူက တကယ္ႀကီး ငါတို႔ရဲ႕ ႂကြယ္ဝျခင္းနတ္ဘုရားကို ေစာ္ကားရဲတယ္။ သူက ဒီေန႔ကစၿပီး ေရေသာက္ရင္ ေရသီး၊ လမ္းေလွ်ာက္ရင္ ကားတိုက္ခံရၿပီး ထမင္းစားရင္း ထမင္းနင္မွာ မေၾကာက္ဘူးလားမသိဘူး။ သူတေရးတေမာအိပ္ေနတုန္း မ်က္ႏွာၾကက္ႀကီးေတာင္ သူ႔ေပၚၿပိဳက်ရင္ ၿပိဳက်ေနမွာ! အား ငါေတာ့ ဒီလူကို ႐ွာမယ္။ ဘယ္ေလာက္ေတာင္ ကံဆိုးျခင္းေတြ ႀကံဳမလဲလို႔ ျမင္ခ်င္ေနၿပီ!"

သူ႔ရဲ႕ ကိုယ္ပိုင္ေသြးသံတရဲရဲ အတိတ္အေတြ႕အႀကံဳေတြကို ျပန္စဥ္းစားေနရသလိုပဲ ခ်န္က်င့္႐ႊယ္က စဥ္းစားၾကည့္ေလေလ ပိုၿပီး ေမွ်ာ္လင့္တႀကီးျဖစ္လာေလေလပဲ။

သို႔ေပမဲ့ သူက ႐ွာစရာေတာင္မလိုလိုက္ဘူး။ ကၽြမ္းက်ိဳးကို မေကာင္းဆိုးဝါးလို႔ အရင္ဆံုး ပို႔စ္တင္တဲ့ ဘေလာ့ဂါက သူ႔ရဲ႕ကိုယ္ပိုင္တည္ေနရာကိုေတာင္ ေၾကညာလုိက္ၿပီး ေမာက္မာစြာနဲ႔ လူသိထင္႐ွားေၾကညာခ်က္ ေရးလုိက္ေသးတယ္။

(ငါ့ကို ခ်န္-ေကာV*လို႔ေခၚၾက: ငါက ေလလံုးထြားေနတာလို႔ ဘယ္သူေျပာတာလဲ။ ငါ့ရဲ႕စိတ္စြမ္းအားအဆင့္က S အဆင့္ပဲ။ တကယ္လို႔ ဒီမေကာင္းဆိုးဝါးသာ ငါ့ရဲ႕မသိစိတ္ထဲကို လာခ်င္ရင္ ေသခ်ာေပါက္ အဝင္ပဲ႐ွိၿပီး ျပန္မထြက္ႏိုင္ေအာင္ လုပ္ပစ္မယ္။ ဒါက ငါေနတဲ့ေနရာပဲ ဟားဟား။ သူက လာရဲလို႔လား။ သူက မင္းတို႔ေကာင္ေတြလို စိတ္စြမ္းအား B တို႔ C အဆင့္႐ွိတဲ့ အမႈိက္ေတြကိုပဲ အႏိုင္က်င့္ႏိုင္တာျဖစ္မယ္။) (*Vက Vlog ရဲ႕ အတိုေကာက္ပါ)

ႂကြယ္ဝျခင္းနတ္ဘုရားရဲ႕ အစဥ္သက္ဝင္ယံုၾကည္သူတစ္ေယာက္အေနနဲ႔ ခ်န္က်င့္႐ႊယ္က ဒါကို ဖတ္ၾကည့္ၿပီး: "အရမ္း ေမာက္မာလြန္းတယ္! က်ိဳးက်ိဳး ငါတို႔ ဒါကို သည္းခံေနလို႔မရဘူး!"

ခ်န္က်င့္႐ႊယ္ရဲ႕အျမင္မွာ ကၽြမ္းက်ိဳးက ႂကြယ္ဝျခင္းနတ္ဘုရားရဲ႕ သက္ဝင္ယံုၾကည္သူေခါင္းေဆာင္ပဲ။ သူက ေသခ်ာေပါက္ ဒါကို သည္းခံေနမွာမဟုတ္ဘူး။ အဲဒါေၾကာင့္ ခ်န္က်င့္႐ႊယ္က ေျပာလုိက္တယ္: "သူ႔ကို မနက္ျဖန္ သြား႐ွာၿပီး ဘယ္ေလာက္ေတာင္ မိုက္တဲ့ေကာင္လဲဆိုတာ သြားၾကည့္ရေအာင္!"

ကၽြမ္းက်ိဳးက မေရမရာနဲ႔ 'အြန္း' ဆိုၿပီး အသိအမွတ္ျပဳသလို ေျပာလိုက္တယ္။

"ေကာင္းၿပီ။ ကၽြန္ေတာ္ ဒီညပဲ သူ႔ကို သြား႐ွာလိုက္မယ္"

ခ်န္က်င့္႐ႊယ္: "??? ဒီညသြားမို႔လား။ မနက္ျဖန္မွ သြားပါလား။ မနက္ျဖန္ ငါမင္းနဲ႔ လုိက္ခဲ့မယ္။ မဟုတ္ရင္....."

သူက က်ိဳးက်ိဳးရဲ႕ လက္ေမာင္းေလးေတြ၊ ေျခေထာက္ေလးေတြနဲ႔ဆို တစ္ဖက္လူနဲ႔ ၿပိဳင္မခ်ႏိုင္ေလာက္ဘူးလို႔ စိတ္ပူေနတယ္။

တစ္ဖက္လူက ေျပာရမယ္ဆိုရင္ S အဆင့္ေလ။

ကၽြမ္းက်ိဳးက ဆိုတယ္: "အင္း သူ႔ကို စကားစျမည္သြားေျပာမလို႔"

ခ်န္က်င့္႐ႊယ္: "????"

ဘာျဖစ္လို႔ ဒီစကားေတြက ၾကားရတာ အကုန္လံုး ထူးဆန္းေနရတာလဲ။

.................xxxx.................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ကၽြမ္းက်ိဳး: "အင္း သူနဲ႔ စကားစျမည္သြားေျပာမလို႔၊ ၾကည့္ရတာ သူက ႂကြယ္ဝျခင္းနတ္ဘုရားရဲ႕ စြမ္းပကားေတြကို လံုးဝ စိတ္မကူးမိတဲ့ပံုပဲ!"

Continue Reading

You'll Also Like

182K 34.4K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
609K 110K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
70.8K 15K 42
ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာေဖာက္ခဲ့သည္။ သူနဲ႔ အရင္းနွီးဆံုး သူငယ္ခ်...
130K 27.5K 25
Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပါ့ပါးပါးေလးနဲ႕ အခြီေလးေတြပါျပီး ခ်စ္ဖို႕...