ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၆)
“မြေအောက်မှာ”လို့ ရှူဖြေလိုက်သည်။
“မြေအောက်ဟုတ်လား သူတို့က နတ်ဆိုးတွေရဲ့ မြေအောက်မြို့တော်ကို သွားကြတာလား”
ရှန်ယန်ရှောင် နည်းနည်းတော့ အံ့ဩသွားခဲ့သည်။ဒါပေမယ့် သူမအနေနဲ့ ရှူရဲ့ပြောစကားကို ဘယ်သောအခါမျှ အတွန့်တက်နေမှာမဟုတ်ပါလေ။အဲ့ဒါနဲ့ သူမလည်း မြေအောက်မြို့တော်ရဲ့ ဝင်ပေါက်ဆီသွားလိုက်ပါသည်။
မြေအောက်မြို့တော်ဆီကို သူမလှမ်းဝင်လိုက်တာနဲ့ မျက်လုံးထဲကို စူးရှတောက်ပလှသော အလင်းတန်းတစ်ခု ရုတ်ချည်းဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် ရှန်ယန်ရှောင်လည်း လက်ကိုမြှောက်ကာ ကျိန်းစပ်လှသော အလင်းရောင်ကို လက်ဖြင့်ကာမည်အလုပ်မှာပဲ တစ်ယောက်ယောက်က သူမရဲ့လက်ကို ဆွဲဖမ်းထားလိုက်သည်။
“နင့်မျက်စိကို မဖွင့်သေးနဲ့နော်”ဆိုသော ကြူရှီယာရဲ့မူပိုင်ဖြစ်တဲ့ ပျင်းတွဲတွဲလေသံက သူမရဲ့ နားထဲကိုဝင်ရောက်လာပါသည်။ရှန်ယန်ရှောင်က ဘာမှပြန်မပြောနိုင်ခင်မှာဘဲ ကြူရှီယာရဲ့ ကျန်လက်တစ်ဖက်က သူမရဲ့မျက်လုံးတွေအပေါ်မှာ အုပ်ကွယ်ထားလိုက်ပါတော့သည်။
“ကြူရှီယာ နင်ဘာလုပ်နေတာလဲ”ဟု ရှန်ယန်ရှောင် မကျေနပ်သံဖြင့်ပြောလိုက်သည်။
“ငါ့နောက်သာလိုက်ခဲ့လိုက်”ဟုဆိုလိုက်တဲ့ ကြူရှီယာက ရယ်သံစွက်၍ပြောလိုက်ပြီး သူမရဲ့ ပျော့ပြောင်းလှသော လက်လေးအားဆွဲ၍ ရှေ့ကိုခေါ်သွားလိုက်သည်။
သူမရဲ့မျက်လုံးတွေကို ကြူရှီယာရဲ့ လက်တစ်ဖက်ကအုပ်ထားတာဖြစ်လို့ ဘာမှမမြင်ရဘဲ သူခေါ်တဲ့နောက်ကိုသာ လိုက်သွားလိုက်ရပါသည်။
ဘယ်လောက်ကြာအောင် သွားခဲ့သလဲဆိုတာကို သူမလည်း မပြောတတ်ပေမယ့် မြေအောက်ခန်း တစ်ခုလုံးဆုံးတော့မတတ်ဖြစ်နေပြီလို့ သူမခံစားရမိချိန်မှာတော့ ကြူရှီယာလည်း ရပ်လိုက်ပါ သည်။
“ရပြီ”
“ဘာလဲ”ဟု နဝေတိမ်တောင်ဖြစ်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်သည်။
မျက်လုံးအပေါ်မှာ အုပ်ကွယ်ထားတဲ့ လက်တစ်ဖက်က ဖြည်းဖြည်းချင်း အောက်ကိုကျသွား ခဲ့တော့ ရှန်ယန်ရှောင်လည်း တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးမှ မျက်လုံးတို့အား ဖွင့်ကြည့်လိုက်သည်။
ထိုအခါတွင် သူမမြင်လိုက်ရသမျှကြောင့် လုံးဝကို ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရပါသည်။
မြေအောက်မြို့တော်တစ်ခုလုံး မှောင်နေပြီး မျက်နှာကြက်ဟာ ပြင်ပလောကရှိ ကောင်းကင်ကဲ့သို့ ထွန်းလင်းတောက်ပနေသော လမင်းတစ်စင်းအား ကြယ်အပေါင်းတို့ ခစားခြွေရံနေပုံက လှပလွန်းသော ကြယ်ရောင်စုံညတစ်ညအလားပင်...
သူမသာ မြေအောက်မြို့တော်မှာ ရောက်နေတယ်ဆိုတာကို မသိထားခဲ့ရင်တော့ အပြင်လောကရဲ့ ကျယ်ပြောလှပသော ရောင်စုံညတစ်ညကို မြင်တွေ့ခံစားနေရတာပဲလို့ ထင်မှတ်မိမှာ သေချာပါသည်။
သူတို့ခေါင်းပေါ်က တစ်လက်လက်တောက်ပနေတဲ့ ကြယ်ရောင်စုံတို့ဟာ သူမရဲ့ လက်နှင့် လှမ်းကိုင်ရင်တောင်ရတယ်လို့ ထင်မှတ်ရလောက်ပါသည်။
“နင် သဘောကျလားဟင်”လို့ ပြောလိုက်သော ကြူရှီယာရဲ့အသံထဲမှာ အလိုလိုက်သော အကြိုက်ဆောင်ချင်သော လေသံတို့ ရောစွက်နေခဲ့ပါသည်။(ရှစ်..)
ရှန်ယန်ရှောင် ပါးစပ်ဟလိုက်သည်။စွန့်ပစ်နယ်မြေကို သူမရောက်ကတည်းက သူမရဲ့ ခေါင်းပေါ် မှာ တိမ်မည်းတွေသာ ကြီးစိုးဖြစ်တည်နေခဲ့တာပါ။ကြယ်တို့ပြည့်နှက်နေသော ကောင်းကင်အား မမြင်တွေ့ရသည်မှာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတာတောင် မမှတ်မိတော့သလို ဖြစ်နေပါသည်။
“ပျော်ရွှင်စရာမွေးနေ့ပါ ရှောင်လေးရေ”လို့ ကြူရှီယာက ညင်သာနူးညံ့သောအကြည့်ဖြင့်ကြည့်ပြီး ရှန်ယန်ရှောင်ကို ပြောလိုက်ပါသည်။
ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၀၆)
“ေျမေအာက္မွာ”လို႔ ရွူေျဖလိုက္သည္။
“ေျမေအာက္ဟုတ္လား သူတို႔က နတ္ဆိုးေတြရဲ့ ေျမေအာက္ၿမိဳ႕ေတာ္ကို သြားၾကတာလား”
ရွန္ယန္ေရွာင္ နည္းနည္းေတာ့ အံ့ဩသြားခဲ့သည္။ဒါေပမယ့္ သူမအေနနဲ႔ ရွူရဲ့ေျပာစကားကို ဘယ္ေသာအခါမၽွ အတြန႔္တက္ေနမွာမဟုတ္ပါေလ။အဲ့ဒါနဲ႔ သူမလည္း ေျမေအာက္ၿမိဳ႕ေတာ္ရဲ့ ဝင္ေပါက္ဆီသြားလိုက္ပါသည္။
ေျမေအာက္ၿမိဳ႕ေတာ္ဆီကို သူမလွမ္းဝင္လိုက္တာနဲ႔ မ်က္လုံးထဲကို စူးရွေတာက္ပလွေသာ အလင္းတန္းတစ္ခု ႐ုတ္ခ်ည္းဝင္ေရာက္လာခဲ့သည္။
ထို႔ေၾကာင့္ ရွန္ယန္ေရွာင္လည္း လက္ကိုေျမႇာက္ကာ က်ိန္းစပ္လွေသာ အလင္းေရာင္ကို လက္ျဖင့္ကာမည္အလုပ္မွာပဲ တစ္ေယာက္ေယာက္က သူမရဲ့လက္ကို ဆြဲဖမ္းထားလိုက္သည္။
“နင့္မ်က္စိကို မဖြင့္ေသးနဲ႔ေနာ္”ဆိုေသာ ၾကဴရွီယာရဲ့မူပိုင္ျဖစ္တဲ့ ပ်င္းတြဲတြဲေလသံက သူမရဲ့ နားထဲကိုဝင္ေရာက္လာပါသည္။ရွန္ယန္ေရွာင္က ဘာမွျပန္မေျပာနိုင္ခင္မွာဘဲ ၾကဴရွီယာရဲ့ က်န္လက္တစ္ဖက္က သူမရဲ့မ်က္လုံးေတြအေပၚမွာ အုပ္ကြယ္ထားလိုက္ပါေတာ့သည္။
“ၾကဴရွီယာ နင္ဘာလုပ္ေနတာလဲ”ဟု ရွန္ယန္ေရွာင္ မေက်နပ္သံျဖင့္ေျပာလိုက္သည္။
“ငါ့ေနာက္သာလိုက္ခဲ့လိုက္”ဟုဆိုလိုက္တဲ့ ၾကဴရွီယာက ရယ္သံစြက္၍ေျပာလိုက္ၿပီး သူမရဲ့ ေပ်ာ့ေျပာင္းလွေသာ လက္ေလးအားဆြဲ၍ ေရွ႕ကိုေခၚသြားလိုက္သည္။
သူမရဲ့မ်က္လုံးေတြကို ၾကဴရွီယာရဲ့ လက္တစ္ဖက္ကအုပ္ထားတာျဖစ္လို႔ ဘာမွမျမင္ရဘဲ သူေခၚတဲ့ေနာက္ကိုသာ လိုက္သြားလိုက္ရပါသည္။
ဘယ္ေလာက္ၾကာေအာင္ သြားခဲ့သလဲဆိုတာကို သူမလည္း မေျပာတတ္ေပမယ့္ ေျမေအာက္ခန္း တစ္ခုလုံးဆုံးေတာ့မတတ္ျဖစ္ေနၿပီလို႔ သူမခံစားရမိခ်ိန္မွာေတာ့ ၾကဴရွီယာလည္း ရပ္လိုက္ပါ သည္။
“ရၿပီ”
“ဘာလဲ”ဟု နေဝတိမ္ေတာင္ျဖစ္ေနတဲ့ ရွန္ယန္ေရွာင္က ေမးလိုက္သည္။
မ်က္လုံးအေပၚမွာ အုပ္ကြယ္ထားတဲ့ လက္တစ္ဖက္က ျဖည္းျဖည္းခ်င္း ေအာက္ကိုက်သြား ခဲ့ေတာ့ ရွန္ယန္ေရွာင္လည္း တုံ႔ဆိုင္းဆိုင္းျဖစ္ေနၿပီးမွ မ်က္လုံးတို႔အား ဖြင့္ၾကည့္လိုက္သည္။
ထိုအခါတြင္ သူမျမင္လိုက္ရသမၽွေၾကာင့္ လုံးဝကို ေက်ာက္႐ုပ္တစ္႐ုပ္ကဲ့သို႔ ေတာင့္ေတာင့္ႀကီး ျဖစ္သြားခဲ့ရပါသည္။
ေျမေအာက္ၿမိဳ႕ေတာ္တစ္ခုလုံး ေမွာင္ေနၿပီး မ်က္ႏွာၾကက္ဟာ ျပင္ပေလာကရွိ ေကာင္းကင္ကဲ့သို႔ ထြန္းလင္းေတာက္ပေနေသာ လမင္းတစ္စင္းအား ၾကယ္အေပါင္းတို႔ ခစားေႁခြရံေနပုံက လွပလြန္းေသာ ၾကယ္ေရာင္စုံညတစ္ညအလားပင္...
သူမသာ ေျမေအာက္ၿမိဳ႕ေတာ္မွာ ေရာက္ေနတယ္ဆိုတာကို မသိထားခဲ့ရင္ေတာ့ အျပင္ေလာကရဲ့ က်ယ္ေျပာလွပေသာ ေရာင္စုံညတစ္ညကို ျမင္ေတြ႕ခံစားေနရတာပဲလို႔ ထင္မွတ္မိမွာ ေသခ်ာပါသည္။
သူတို႔ေခါင္းေပၚက တစ္လက္လက္ေတာက္ပေနတဲ့ ၾကယ္ေရာင္စုံတို႔ဟာ သူမရဲ့ လက္ႏွင့္ လွမ္းကိုင္ရင္ေတာင္ရတယ္လို႔ ထင္မွတ္ရေလာက္ပါသည္။
“နင္ သေဘာက်လားဟင္”လို႔ ေျပာလိုက္ေသာ ၾကဴရွီယာရဲ့အသံထဲမွာ အလိုလိုက္ေသာ အႀကိဳက္ေဆာင္ခ်င္ေသာ ေလသံတို႔ ေရာစြက္ေနခဲ့ပါသည္။(ရွစ္..)
ရွန္ယန္ေရွာင္ ပါးစပ္ဟလိုက္သည္။စြန႔္ပစ္နယ္ေျမကို သူမေရာက္ကတည္းက သူမရဲ့ ေခါင္းေပၚ မွာ တိမ္မည္းေတြသာ ႀကီးစိုးျဖစ္တည္ေနခဲ့တာပါ။ၾကယ္တို႔ျပည့္ႏွက္ေနေသာ ေကာင္းကင္အား မျမင္ေတြ႕ရသည္မွာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲဆိုတာေတာင္ မမွတ္မိေတာ့သလို ျဖစ္ေနပါသည္။
“ေပ်ာ္ရႊင္စရာေမြးေန႔ပါ ေရွာင္ေလးေရ”လို႔ ၾကဴရွီယာက ညင္သာႏူးညံ့ေသာအၾကည့္ျဖင့္ၾကည့္ၿပီး ရွန္ယန္ေရွာင္ကို ေျပာလိုက္ပါသည္။