ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 More

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၀
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၀၃

1.9K 262 0
By FinToneLone

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၃)

“ဒါပေါ့ နင်ငါ့ကိုမယုံရင် ယုကိုမေးကြည့်လို့ရတာပဲ”ဟု တန်နာဇီကပြောလိုက်ပြီး ခေါင်းကို စက်တပ်ထားသလိုမျိုး ညိတ်ပြလိုက်သည်။
ဘေးမှာရှိတဲ့ ယန်ယုလည်း ကြောင်သွားပြီးမှ လည်ချောင်းရှင်းလိုက်ကာ ပုံမှန်မဟုတ်စွာဖြင့် ပြောလိုက်ပါသည်။
“နင့်ကို အိပ်ပျော်ချီးပင့်မှု လုပ်စေချင်သလား ဒါမှမဟုတ် ဒီအတိုင်းပဲ အနားယူဖို့ လုပ်ပေးရမလား ငါ့ကိုပြောလေ”
“ငါ ဒီလောက်လည်း မပင်ပန်းပါဘူး”
ရှန်ယန်ရှောင် မျက်နှာတစ်ချက်မဲ့လိုက်သည်။တန်နာဇီနဲ့ ယန်ယုတို့က ငါ့ကို မောင်းထုတ်ဖို့ ကြိုးစားနေသလိုမျိုးကြီး ခံစားနေရတာ ဘာလို့လဲမသိဘူး…
ဒီကောင်တွေက ငါ့ကို ဂရုမစိုက်တော့ဘဲ တစ်ယောက်တည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားတော့မလို့လား…
“အိုး ဒါနဲ့ ဟိုအမြတ်စားကောင်နဲ့ကျန်လူတွေရော ဘယ်ရောက်နေကြတာလဲ။သူတို့ သုံးကောင်ကို မမြင်ရတာ မနက်ကတည်းကပဲဟ ဘယ်သွားကြတာတုန်း”
ကြူရှီယာ၊ ယန်းရှီနဲ့ လီရှောင်ဝေတို့ကို မတွေ့ရလို့ ရှန်ယန်ရှောင်ကမေးလိုက်သည်။ဒီငါးကောင် မခွဲနိုင်မခွာရက်တွေ ဖြစ်ခဲ့ကြတာကို ဒီနေ့ကြမှ ဘာလို့အတူရှိမနေကြတာလဲမသိဘူး…
“အား…အဲ့ကောင်တွေ အိမ်သာသွားတက်ကြတာလေ…မနေ့တုန်းကတည်းက သူတို့ ဗိုက်နာနေကြတာဆိုတော့လေ နင်ပေါက်တယ်မလား”လို့ တန်နာဇီက ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည်။
သနားဖို့ကောင်းတာက ဒီဆင်ခြေစကားက ကြားရသူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်ခြင်းပါပဲ။
“တန်နာဇီ…နင်ဘယ်လိုလုပ်ပြီး ဒီလိုတုံးအအ ဆင်ခြေမျိုးကို တွေးမိရတာလဲဟမ်”လို့ ရှန်ယန်ရှောင် ဘာပြောရမှန်းတောင် မသိဖြစ်စွာပြောလိုက်မိသည်။တန်နာဇီရဲ့ ဆင်ခြေက ကြေးစားအဖွဲ့သားတွေနှင့် ထူးမခြားနားပါပဲ။
“…”
တန်နာဇီက တုံဏှီဘာဝေလုပ်နေပြီးတော့ ယန်ယုကိုသာ အကူအညီတောင်းသလို ကြည့်လိုက်သည်။
ယန်ယုလည်း သက်ပြင်းသာချလိုက်ပြီးတော့ တစ်ခွန်းထဲ ပြောလိုက်သည်။
“သူတို့လုပ်စရာလေးတွေရှိနေလို့”
“ဪ”
ဒီသုံးကောင်ဘယ်ရောက်နေလဲဆိုတာကို တန်နာဇီနဲ့ ယန်ယုတို့က ပြောပြဖို့ ရည်ရွယ်ချက်မရှိမှန်း ရှန်ယန်ရှောင်သဘောပေါက်လိုက်သည်။
ရှောင်လေးလည်း ဖြစ်နေပျက်နေတာတွေကို အရမ်းတင်းသွားပြီးတော့ ဘာမှ ဆက်မမေးတော့ဘဲ ထွက်လာပြီးတဲ့နောက် ဒီအတိုင်းလျှောက်သွားပြီး စိတ်ပြေအောင် လုပ်မလို့ဟုသာ ပြောထားခဲ့ လိုက်သည်။
ဂူဝံပုလွေအဖွဲ့သားတွေကို နားလည်ရခက်လာခဲ့ပြီး ငနာငါးကောင်က ပိုလို့တောင် ဆန်းပြားနေ ကြပါသေးသည်။အခုဖြစ်နေတဲ့ ဘာမှန်းမသိမှုကြီးက တော်တော်နေလို့ထိုင်လို့ ခက်နေပါသည်။
ရှန်ယန်ရှောင် လှည့်ထွက်သွားလိုက်ရင်း လူသုံးယောက်တို့ ဘာအမှားမှ မလုပ်ကြဘဲ ရိုးရိုးသားသားနေနေကြတာကို အမှတ်ရသွားသည်။အချုပ်ထဲမှာ ငတ်သေအောင် ပစ်ထားခံရတဲ့ လီချီတောင် ဘာမှကျူးလွန်မှုမလုပ်ထားလို့ သူမတောင် အပြစ်ရှာမတွေ့ဖြစ်နေခဲ့ပါသည်။
အသစ်စက်စက်ဆောက်လုပ်ပြီးထားသော မြို့တော်ခန်းမဆောင်အတွင်းမှာ ထိုင်နေသော ရှန်ယန်ရှောင်က ပါးနှစ်ဖက်အားလက်တို့ဖြင့်ထောက်ထားပြီး သူမဘေးမှာ ထိုင်နေတဲ့ ဇာမဏီ့အား ကြည့်နေသည်။
“ကျူလေးက ဘယ်ရောက်နေမှန်းလည်းမသိဘူး ဖန်လေးကိုလည်း အရိပ်တောင် မတွေ့ရတော့ဘူး။အခု ငါ့အနားမှာရှိတာဆိုလို့ နင်နဲ့ဖီးနစ်ပေါက်လေးပဲရှိတော့တယ်။ဘာတွေ ဖြစ်နေကြတာမှန်းကို မသိတော့ဘူး”
ရှန်ယန်ရှောင် သက်ပြင်းတစ်ချက်ချလိုက်သည်။သူမအနားမှာ လူစုစု စုစုရှိနေခဲ့ခြင်းမှာ ကျင့်သားရနေပြီဖြစ်လို့ ရုတ်တရက်ကြီး လူသူကင်းမဲ့သွားခဲ့ခြင်းအတွက် သူမအနေနဲ့ အကျွမ်းတဝင်မရှိဘဲ ဖြစ်နေပါသည်။

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၀၃)

“ဒါေပါ့ နင္ငါ့ကိုမယုံရင္ ယုကိုေမးၾကည့္လို႔ရတာပဲ”ဟု တန္နာဇီကေျပာလိုက္ၿပီး ေခါင္းကို စက္တပ္ထားသလိုမ်ိဳး ညိတ္ျပလိုက္သည္။
ေဘးမွာရွိတဲ့ ယန္ယုလည္း ေၾကာင္သြားၿပီးမွ လည္ေခ်ာင္းရွင္းလိုက္ကာ ပုံမွန္မဟုတ္စြာျဖင့္ ေျပာလိုက္ပါသည္။
“နင့္ကို အိပ္ေပ်ာ္ခ်ီးပင့္မွု လုပ္ေစခ်င္သလား ဒါမွမဟုတ္ ဒီအတိုင္းပဲ အနားယူဖို႔ လုပ္ေပးရမလား ငါ့ကိုေျပာေလ”
“ငါ ဒီေလာက္လည္း မပင္ပန္းပါဘူး”
ရွန္ယန္ေရွာင္ မ်က္ႏွာတစ္ခ်က္မဲ့လိုက္သည္။တန္နာဇီနဲ႔ ယန္ယုတို႔က ငါ့ကို ေမာင္းထုတ္ဖို႔ ႀကိဳးစားေနသလိုမ်ိဳးႀကီး ခံစားေနရတာ ဘာလို႔လဲမသိဘူး…
ဒီေကာင္ေတြက ငါ့ကို ဂ႐ုမစိုက္ေတာ့ဘဲ တစ္ေယာက္တည္း ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး လႊတ္ထားေတာ့မလို႔လား…
“အိုး ဒါနဲ႔ ဟိုအျမတ္စားေကာင္နဲ႔က်န္လူေတြေရာ ဘယ္ေရာက္ေနၾကတာလဲ။သူတို႔ သုံးေကာင္ကို မျမင္ရတာ မနက္ကတည္းကပဲဟ ဘယ္သြားၾကတာတုန္း”
ၾကဴရွီယာ၊ ယန္းရွီနဲ႔ လီေရွာင္ေဝတို႔ကို မေတြ႕ရလို႔ ရွန္ယန္ေရွာင္ကေမးလိုက္သည္။ဒီငါးေကာင္ မခြဲနိုင္မခြာရက္ေတြ ျဖစ္ခဲ့ၾကတာကို ဒီေန႔ၾကမွ ဘာလို႔အတူရွိမေနၾကတာလဲမသိဘူး…
“အား…အဲ့ေကာင္ေတြ အိမ္သာသြားတက္ၾကတာေလ…မေန႔တုန္းကတည္းက သူတို႔ ဗိုက္နာေနၾကတာဆိုေတာ့ေလ နင္ေပါက္တယ္မလား”လို႔ တန္နာဇီက ခပ္ျမန္ျမန္ပဲ ရွင္းျပလိုက္သည္။
သနားဖို႔ေကာင္းတာက ဒီဆင္ေျခစကားက ၾကားရသူတိုင္းကို ပါးစပ္အေဟာင္းသား ျဖစ္သြားေစနိုင္ျခင္းပါပဲ။
“တန္နာဇီ…နင္ဘယ္လိုလုပ္ၿပီး ဒီလိုတုံးအအ ဆင္ေျခမ်ိဳးကို ေတြးမိရတာလဲဟမ္”လို႔ ရွန္ယန္ေရွာင္ ဘာေျပာရမွန္းေတာင္ မသိျဖစ္စြာေျပာလိုက္မိသည္။တန္နာဇီရဲ့ ဆင္ေျခက ေၾကးစားအဖြဲ႕သားေတြႏွင့္ ထူးမျခားနားပါပဲ။
“…”
တန္နာဇီက တုံဏွီဘာေဝလုပ္ေနၿပီးေတာ့ ယန္ယုကိုသာ အကူအညီေတာင္းသလို ၾကည့္လိုက္သည္။
ယန္ယုလည္း သက္ျပင္းသာခ်လိုက္ၿပီးေတာ့ တစ္ခြန္းထဲ ေျပာလိုက္သည္။
“သူတို႔လုပ္စရာေလးေတြရွိေနလို႔”
“ဪ”
ဒီသုံးေကာင္ဘယ္ေရာက္ေနလဲဆိုတာကို တန္နာဇီနဲ႔ ယန္ယုတို႔က ေျပာျပဖို႔ ရည္ရြယ္ခ်က္မရွိမွန္း ရွန္ယန္ေရွာင္သေဘာေပါက္လိုက္သည္။
ေရွာင္ေလးလည္း ျဖစ္ေနပ်က္ေနတာေတြကို အရမ္းတင္းသြားၿပီးေတာ့ ဘာမွ ဆက္မေမးေတာ့ဘဲ ထြက္လာၿပီးတဲ့ေနာက္ ဒီအတိုင္းေလၽွာက္သြားၿပီး စိတ္ေျပေအာင္ လုပ္မလို႔ဟုသာ ေျပာထားခဲ့ လိုက္သည္။
ဂူဝံပုေလြအဖြဲ႕သားေတြကို နားလည္ရခက္လာခဲ့ၿပီး ငနာငါးေကာင္က ပိုလို႔ေတာင္ ဆန္းျပားေန ၾကပါေသးသည္။အခုျဖစ္ေနတဲ့ ဘာမွန္းမသိမွုႀကီးက ေတာ္ေတာ္ေနလို႔ထိုင္လို႔ ခက္ေနပါသည္။
ရွန္ယန္ေရွာင္ လွည့္ထြက္သြားလိုက္ရင္း လူသုံးေယာက္တို႔ ဘာအမွားမွ မလုပ္ၾကဘဲ ရိုးရိုးသားသားေနေနၾကတာကို အမွတ္ရသြားသည္။အခ်ဳပ္ထဲမွာ ငတ္ေသေအာင္ ပစ္ထားခံရတဲ့ လီခ်ီေတာင္ ဘာမွက်ဴးလြန္မွုမလုပ္ထားလို႔ သူမေတာင္ အျပစ္ရွာမေတြ႕ျဖစ္ေနခဲ့ပါသည္။
အသစ္စက္စက္ေဆာက္လုပ္ၿပီးထားေသာ ၿမိဳ႕ေတာ္ခန္းမေဆာင္အတြင္းမွာ ထိုင္ေနေသာ ရွန္ယန္ေရွာင္က ပါးႏွစ္ဖက္အားလက္တို႔ျဖင့္ေထာက္ထားၿပီး သူမေဘးမွာ ထိုင္ေနတဲ့ ဇာမဏီ့အား ၾကည့္ေနသည္။
“က်ဴေလးက ဘယ္ေရာက္ေနမွန္းလည္းမသိဘူး ဖန္ေလးကိုလည္း အရိပ္ေတာင္ မေတြ႕ရေတာ့ဘူး။အခု ငါ့အနားမွာရွိတာဆိုလို႔ နင္နဲ႔ဖီးနစ္ေပါက္ေလးပဲရွိေတာ့တယ္။ဘာေတြ ျဖစ္ေနၾကတာမွန္းကို မသိေတာ့ဘူး”
ရွန္ယန္ေရွာင္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။သူမအနားမွာ လူစုစု စုစုရွိေနခဲ့ျခင္းမွာ က်င့္သားရေနၿပီျဖစ္လို႔ ႐ုတ္တရက္ႀကီး လူသူကင္းမဲ့သြားခဲ့ျခင္းအတြက္ သူမအေနနဲ႔ အကၽြမ္းတဝင္မရွိဘဲ ျဖစ္ေနပါသည္။

Continue Reading

You'll Also Like

383K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
283K 22.6K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
742K 56.9K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...