Worship Me, I Can Make You Ri...

By XiaoMaoMao55

504K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 29 (U+Z)

6.6K 1.3K 58
By XiaoMaoMao55

-Unicode-

အခန်း ၂၉: တရားဝင် ကြေညာချက်

မြို့တော်ဂြိုလ် လေယာဉ်ကွင်းတွင်

စစ်သင်္ဘော Wyvern ဟာ လူထု၏ မျက်လုံးပေါင်းများစွာအောက်တွင် ဆင်းသက်လာတယ်။

စစ်သင်္ဘော Wyvern ရဲ့ ဂိတ်ပေါက်တွေ ပွင့်လာတာနဲ့ မရေမတွက်နိုင်တဲ့ ကင်မရာတွေ ပျံဝဲလာကြတယ်။ မြင်ကွင်းကောင်းအတွက် ရှေ့ဆုံးနေရာကို လုနေကြရင်း အရမ်းကပ်နေမှာကိုလည်း ကြောက်နေကြတယ်။ သူတို့က လေထဲမှာပဲ မျောလွင့်ရင်း ရိုက်ကူးနေကြတယ်။ မီဒီယာကုမ္ပဏီအမျိုးမျိုးက အကုန်လုံး သတင်းခေါင်းကြီးပိုင်းကို လုယူချင်ကြတယ်။

ဒီကင်မရာတွေအများကြီးက တိုက်ရိုက်ရုပ်သံလွှင့်နေကြတယ်။ စစ်သင်္ဘော လေယာဉ်ကွင်းမှာ ဆင်းသက်လိုက်တာနဲ့ ကြည့်ရှုသူတွေက ရုပ်သံလွှင့်ပလက်ဖောင်းတွေမှာ စောင့်ဆိုင်းသူတွေနဲ့ ပြည့်လျှမ်းနေပြီ။

သူတို့က စစ်နတ်ဘုရား ဝမ်ရှောင်းယွင် စစ်သင်္ဘောကနေ ဆင်းဆင်းချင်း မြင်ကွင်းကို အမိအရကြည့်ချင်ကြတယ်။ မရေမတွက်နိုင်တဲ့ စကားလုံးတွေဟာ ကွန်းမန့်စခရင်မှာ မရပ်မနား ပျံဝဲနေတော့တယ်။

"စစ်နတ်ဘုရားလား၊ ငါတော့ တကယ် သံသယဝင်မိတယ်။ နင်မကြားလိုက်ဘူးလား။ ဗိုလ်ချုပ်ကြီးဝမ်က အမှိုက်ဂြိုလ်ပေါ်က စွမ်းအင်ဓာတ်ရောင်ခြည်တွေ အကြာကြီးထိတွေ့ခံရပြီး အဆိပ်သင့်ထားတာလေ။ သူ့ရဲ့စိတ်စွမ်းအားတွေက အဆင့်ကျနေပြီ"

"ဟုတ်တယ်။ လွန်ခဲ့တဲ့လဝက်လောက်က သတင်းတွေထဲမှာပြောထားတာ ဗိုလ်ချုပ်ကြီးဝမ်ရဲ့ စိတ်စွမ်းအားက SS အဆင့်ထိကျသွားပြီတဲ့"

"လဝက်တောင်မပြည့်တပြည့်ပဲ ရှိသေးတယ် SSS အဆင့်ကနေ SS အဆင့်ထိကျသွားတာဆိုတော့၊ သူ့စိတ်စွမ်းအားက အခုဆို ပိုတောင်နိမ့်နေပြီလို့ ဆိုလိုတာမဟုတ်ဘူးလား"

"ဒါက ဓာတ်ရောင်ခြည်ဘယ်လောက် အဆိပ်သင့်ခံထားရလဲဆိုတာမှာ မူတည်တယ်"

"သူက အကာအကွယ်လုံးဝမပါဘဲ ဟာလာဟင်းလင်းကြီး ထိတွေ့ခဲ့တာလို့ ပြောတယ်မလား။ ဓာတ်ရောင်ခြည် အကန့်အသတ်ကို ဆိုးဆိုးဝါးဝါး ကျော်လွန်နေလို့ စွန့်ပစ်ခံရတဲ့ အမှိုက်ဂြိုလ်တစ်ခုဆိုမှတော့ ညစ်ညမ်းမှုအဆင့်က နိမ့်မှာမဟုတ်ဘူး ဟုတ်တယ်မလား"

"ငါတို့အားလုံး အဲလိုပဲထင်တယ်။ သူ့ရဲ့စိတ်စွမ်းအားလျော့နည်းနေတဲ့ အခြေအနေကြောင့်သာမဟုတ်ရင် ဗိုလ်ချုပ်ကြီးက B-324 ပေါ်မှာ နှစ်လလောက် နေနေမှာမဟုတ်ဘူး။ သူက ပြန်ရောက်နေလောက်ရောပေါ့"

"အဲဒါဆို အခု ဗိုလ်ချုပ်ကြီးဝမ်က S အဆင့်ပဲဆိုတာ တော်တော်ဖြစ်နိုင်ခြေရှိတာပေါ့"

"S အဆင့်စိတ်စွမ်းအား.... ပထမတပ်ဖွဲ့နဲ့ ဒုတိယတပ်ဖွဲ့က အုပ်ချုပ်သူအရာရှိတွေက နှစ်ယောက်လုံး SS အဆင့်တွေမလား။ ခန္ဓာကိုယ်ကြံ့ခိုင်မှုရော စိတ်စွမ်းအားအရာမှာရော"

"မင်းစကားတွေက ဘာဆိုလိုတာလဲ။ ဘာလဲ။ ဗိုလ်ချုပ်ကြီးဝမ်ရဲ့ စိတ်စွမ်းအား ကျဆင်းသွားရုံနဲ့ သူက တတိယတပ်ဖွဲ့ရဲ့အုပ်ချုပ်သူမဖြစ်နိုင်တော့ဘူးလား။ ဗိုလ်ချုပ်ကြီးဝမ်ရဲ့ အရင်က တိုက်ပွဲတွေက အောင်မြင်မှုတွေက အခု ပျက်ပြယ်သွားပြီလား။ အင်းဆက်ဘုရင်မကို နှိမ်နင်းတုန်းက သူ့ရဲ့အကျိုးပြုမှုတွေကို ထည့်မတွက်တော့ဘူးလား"

"ဟား ဟား ငါ လုံးဝ ဘယ်တော့မှ အဲဒီလိုပြောမှာမဟုတ်ဘူး...."

"သူလာပြီ သူလာပြီ။ ဗိုလ်ချုပ်ကြီးဝမ် ထွက်လာပြီ"

အုပ်စုကြီးက ဆွေးနွေးပွဲတွေမှာ စိတ်ဝင်စားမှုမရှိတော့ဘဲ သူတို့လည်ပင်းတွေကို ဆန့်ထုတ်ပြီး စူးစိုက်ကြည့်နေတော့တယ်။ လူကိုယ်တိုင် ထိန်းချုပ်ထားတဲ့ လေပေါ်ကင်မရာတွေဟာ သတ်မှတ်ဧရိယာကနေ ကျော်ထွက်သွားပြီး ရပ်နေတဲ့စစ်သားတွေရဲ့ ချက်ချင်း ပစ်ချခံရမှာကို ကြောက်တဲ့အတွက် ဂရုတစိုက်နဲ့ ပျံသန်းနေကြတယ်။

လူတွေက သူတို့စာရိုက်လိုက်တဲ့ စကားလုံးတွေကြောင့် မြင်ကွင်းကွယ်သွားမှာ စိုးရိမ်နေတဲ့အတိုင်းပဲ စကားပြောစခရင်တောင်မှပဲ ဗလာကျင်းသွားတယ်။ ဒါပေမဲ့လည်း စကားပြောစခရင်ကိုတော့ ချက်ချင်း ပိတ်မပစ်ချင်ကြဘူး။

လူထုကြီး မျှော်လင့်တကြီးနဲ့ ခေါင်းတမော့မော့ဖြစ်နေချိန်မှာပဲ ဝမ်ရှောင်းယွင်က စစ်သင်္ဘောရဲ့ ကြီးမားတဲ့ ဂိတ်ဝတွေကနေ အရင်ဆုံး ထွက်လာတယ်။ သူ့တစ်ကိုယ်လုံးကို ဖုံးကွယ်ထားတဲ့ ကောင်းကောင်းမီးပူတိုက်ထားတဲ့ စစ်ယူနီဖောင်းက သူ့ရဲ့ နဂိုမြင့်မားတဲ့ကိုယ်ဟန်ကို ပို၍ အရပ်ရှည်သွားဟန်ပေါက်သွားစေတယ်။ နတ်ဘုရားရဲ့ ကိုယ်ပိုင်လက်တွေကနေ ထွင်းထုထားသလိုပဲ သူ့ရဲ့မျက်နှာ အင်္ဂါရပ်တွေက အရင်အတိုင်း ချောမော၊ တည်ငြိမ်၊ လေးနက်ပြီး တည်ကြည်နေတုန်းပဲ။ ကွန်းမန့်စခရင်မှာ ချက်ချင်း ထပ်ပြီး ပေါက်ကွဲထွက်သွားပြန်တယ်။

"အားးးးးးးးးး"

"အားးးး အရမ်းချောတာပဲ!"

"ငါတော့ သေပြီ၊ ငါသေပြီ။ ဗိုလ်ချုပ်ကြီးဝမ်ကို အကြာကြီးမတွေ့ရတာ။ သူက အရမ်းချောနေတုန်းပဲ!"

"ငါသာ တပ်ထဲမှာ အချောဆုံးသူက ဗိုလ်ချုပ်ကြီးဝမ်လို့ ပြောရင် ဘယ်သူမှ စိတ်မဆိုးဘူးမလား!"

"သူ့ကြည့်ရတာ တော်တော်လေး အခြေအနေကောင်းနေတဲ့ပုံပဲ။ သူက ဓာတ်ရောင်ခြည်သင့်ခံထားရတယ်လို့ သိတောင်မသိရဘူး"

သူတို့တွေ အရင်က အဆိပ်သင့်ခံထားရတဲ့လူတွေ အများကြီး အများကြီးမြင်ဖူးကြတယ်။ လုံးဝ မျက်ကွင်းချောင်၊ ပိန်ချုံးပြီး ဖြူဖပ်ဖြူရော် ဖြစ်မနေတာ ဘယ်သူရှိလို့လဲ။ သူတို့အားလုံးက တော်တော်လေး စိတ်အခြေအနေ ဆိုးရွားနေကြတာ။ ဒါတင်မကဘူး တချို့ဆိုရင် စိတ်ပျက်လက်ပျက်နဲ့ လက်တောင်လျှော့သွားကြတယ်။

သူတို့တွေအားလုံး အခု စကြဝဠာထဲမှာ ဓာတ်ရောင်ခြည်သင့်တာအတွက် ကုသနည်းမရှိသေးဘူးဆိုတာကို သိနေကြတဲ့အတွက်လေ။ သူတို့တွေ အဆိပ်သင့်ခံရထားသရွေ့ သူတို့ရဲ့စိတ်စွမ်းအားက သာမန်လူဖြစ်သွားတဲ့အထိ ဆက်တိုက် ကျဆင်းနေလိမ့်မယ်။ ပြင်းထန်တဲ့ကိစ္စတွေမှာဆိုရင် သေတောင်သေသွားနိုင်ကြတယ်။

ရုတ်တရက် ကွန်းမန့်စခရင်က စက္ကန့်အနည်းငယ် ထပ်ပြီး ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားပြန်တယ်။ အဲဒီနောက်မှာ စခရင်တစ်ခုလုံးမှာ "?" တွေနဲ့ ပြည့်သွားတော့တယ်။

"?????????"

"ငါ့မျက်လုံးတွေ ဝါးသွားတာလား။ ငါ့ယောက်ျားနောက်ကအဲဒီလူက ဘယ်သူလဲ!"

"အိုး ငလူး! ဒီလူက ဘာဖြစ်လို့ ဗိုလ်ချုပ်ဝမ်နဲ့ အရမ်းကပ်နေရတာလဲ"

"ဘုရားရေ သူကလည်း အရမ်းချောတာပဲ။ သူက တတိယတပ်ဖွဲ့ကတစ်ယောက်ယောက်များလား"

"??? သူက ဘာဖြစ်လို့ ငါယောက်ျားရဲ့လက်ကို ကိုင်ထားရတာလဲ!"

လူတိုင်းရဲ့ အလွန်အံ့အားသင့်နေတဲ့ အကြည့်တွေအောက်မှာ ဝမ်ရှောင်းယွင်နောက်ကနေ ခေါင်းတစ်လုံးက ပြူထွက်လာတယ်။

ဝမ်ရှောင်းယွင်ရဲ့ ကြီးမားမြင့်မားတဲ့ကိုယ်ဟန်နှင့်ယှဉ်လျှင် သူက အနည်းငယ် ပိန်ပါးကာ နွမ်းလျပုံရတယ်။ ဒါပေမဲ့ လူတိုင်းရဲ့အာရုံကို အဆွဲဆောင်နိုင်ဆုံးအချက်က လူတိုင်းအကြည့်မလွှဲနိုင်တဲ့ သူရဲ့ ငယ်ရွယ်ပြီး ခံ့ညားတဲ့မျက်နှာကြောင့်ပဲ။

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်နောက်ကနေ ခေါင်းပြူထွက်ကြည့်လိုက်တယ်။ စစ်သင်္ဘောအောက်က အနက်ရောင်ပင်လယ်ကြီးက အကုန်လုံး လူတွေဆိုတာလည်း သိရော သူ့မျက်လုံးတွေက ညအာကာပြင်မှာ ပြည့်နှက်နေတဲ့ ကြယ်စင်တွေအလား တောက်ပသွားတယ်။

သူက ချက်ချင်း ခေါင်းကို ပြန်သွင်းလိုက်တယ်။

ဝမ်ရှောင်းယွင်က သူက ဒီလူတွေအားလုံးကြောင့် ကြောက်နေတယ်လို့ ထင်သွားတယ်။ အနည်းငယ် စောင်းကြည့်လိုက်ပြီး သူက ကျွမ်းကျိုးလက်ကို ဆွဲလိုက်ပြီး တိုးတိုးပြောတယ်: "မကြောက်နဲ့ ကိုယ့်နောက်ကသာလိုက်ခဲ့"

ကျွမ်းကျိုးက အမြန်ပြောလိုက်တယ်: "မကြောက်ပါဘူး။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတာ!"

စိတ်လှုပ်ရှားလွန်းလို့ သူ့ရဲ့လောဘတွေကို ထုတ်ဖော်ပြမိတော့မတတ်ပဲ။

လူတွေအများကြီးပဲ!

*ဝယ်သူတွေအများကြီးပဲ! (*ကာစတမ်မာ)

ကျွမ်းကျိုးက သူ့လည်ပင်းက ယုံကြည်မှုစုဆောင်းတဲ့ကိရိယာလေးကို ထိလိုက်တယ်။ ယုံကြည်မှုစုဆောင်းတဲ့ကိရိယာလေးမှာသာ ယုံကြည်မှုတွေ အလုံအလောက် စုဆောင်းမိသွားရင် သူကမ္ဘာကို ပြန်နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။

သူက အင်မတန်မှ စိတ်လှုပ်ရှားနေတယ်။

ဝမ်ရှောင်းယွင်က ဖွဖွလေး ပြုံးလိုက်တယ်။

အဲဒီအပြုံးက ကင်မရာတွေမှာ ရိုက်မိသွားတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတဲ့ ကြည့်ရှုသူတွေအားလုံး ရူးသွပ်သွားကြတယ်။

အရင်က ဗိုလ်ချုပ်ကြီးဝမ်က ဒီလိုနူးနူးညံ့ညံ့လေး ဘယ်တုန်းက ပြုံးဖူးလို့လဲ!

အဲဒီမျက်လုံးအမူအရာတွေ။ သူက ဘယ်တုန်းက ဒီလောက်ချစ်တတ်သွားတာလဲ!

ဒီရှောင်ကောကောက ဘယ်သူလဲ။ တစ်မိနစ်အတွင်း သူ့ရဲ့နောက်ခံသမိုင်းကြောင်းတွေ အကုန်လုံး ငါတို့သိချင်သွားပြီ!

ဝမ်ရှောင်းယွင်က သူ့အပြုံးက လူတွေကို ဘယ်လောက်ရူးသွပ်သွားစေလဲဆိုတာ လုံးဝ မသိကျိုးကျွန်ပြုထားတယ်။ သူက ကျွမ်းကျိုးရဲ့လက်ကို ဆွဲလိုက်ပြီး အနောက်က တန်းလန်းလိုက်ပါလာတဲ့ ချန်ကျင့်ရွှယ်နဲ့အတူ အောက်ကို ဆင်းသွားတယ်။

ကျွမ်းကျိုးက ထိတ်လန့်အံ့အားသင့်မှုတွေအပြည့် မျက်လုံးတွေနဲ့ စပ်စပ်စုစု လိုက်ပတ်ကြည့်နေတယ်။

မြို့တော်ဂြိုလ်က အာကာသဆိပ်ကမ်းက အမှိုက်ဂြိုလ်ပေါ်က တစ်ခုထက် အများအများကြီး ပိုကြီးမားတယ်။ နေရာတကာမှာ အာကာသယာဉ် အကြီးအသေးတွေနဲ့ ပြည့်နေတယ်။ လူငယ်ယောက်ျားလေးမှန်သမျှ မိုက်တယ်လို့ထင်ကြတယ် သိပ္ပံယာဉ်ပျံတွေ။

ကျွမ်းကျိုးရဲ့အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ သူ့ရဲ့မျက်စောင်းထိုးက ကြီးမားတဲ့စခရင်ကြီးတစ်ခုပဲ။ စခရင်ကြီးမှာ လက်ရှိ ကြော်ငြာတစ်ခု လွှင့်နေတယ်။ ကြော်ငြာထဲမှာ ကားပျံတွေအမျိုးစုံ၊ မက်ခါယာဉ်ပျံတွေနဲ့ ကမ္ဘာပေါ်ကဟာတွေနဲ့ လုံးလုံးကွဲပြားနေတဲ့ ခေတ်ဆန်လွန်းတဲ့မြို့တွေကို ပြထားတယ်။ အဲဒါတွေအကုန်လုံးကို သူ့ရှေ့မှာ ပြထားတယ်။

ဆိုတော့ ဒါက ကြယ်အစုအဝေးထဲက ဂြိုလ်တစ်လုံးဆိုတာလား။

တော်တော်လေးမိုက်တာပဲ။

သူက သူ့ဘေးက စစ်ယူနီဖောင်းနဲ့လူကို လှည့်ကြည့်လိုက်ပြန်တယ်။ ဝမ်ရှောင်းယွင်ကလည်း ဒီဝတ်စုံနဲ့ အရမ်းချောတာပဲ!

သူက တိတ်တိတ်လေး မှတ်ချက်ချလိုက်တုန်းမှာပဲ သတင်းထောက်တွေက နောက်ဆုံးတွင် မေးခွန်းတွေမေးဖို့ အရှေ့ကပ်ခွင့် ရသွားကြတယ်။ မေးခွန်းတွေကို မီးရှူးမီးပန်း ဖောက်သလို ဆက်တိုက်အဆက်မပြတ် ပစ်လွှတ်လာတယ်။

"ဗိုလ်ချုပ်ကြီးဝမ် မြို့တော်ဂြိုလ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ B-324 မှာ ပြန်လည်အားဖြည့်နေတာ အခြေအနေဘယ်လိုရှိပါသလဲ"

"ဗိုလ်ချုပ်ကြီးဝမ် စိတ်စွမ်းအားအဆင့်က S အဆင့်ထိ ကျဆင်းသွားပြီလို့ ကောလာဟလတွေ ထွက်နေပါတယ်။ အဲဒါအမှန်ပါပဲလား"

"ဗိုလ်ချုပ်ကြီးဝမ် အင်းဆက်ဘုရင်မကို ချေမှုန်းလိုက်နိုင်တဲ့အတွက် ဘယ်လိုခံစားရပါသလဲ။ ဘုရင်မသေဆုံးသွားပြီဆိုတော့ ကျွန်တော်တို့ရဲ့နယ်နိမိတ်တွေကို ဂြိုလ်သားအင်းဆက်တွေ ထပ်ပြီး မကျူးကျော်နိုင်တော့ဘူးလို့ ဆိုလိုတာပါလား"

"ဗိုလ်ချုပ်ကြီးဝမ် စိတ်စွမ်းအားကျဆင်းသွားပြီးနောက်မှာ တတိယတပ်ဖွဲ့ရဲ့အုပ်ချုပ်သူနေရာအတွက် အရည်အချင်းပြည့်မီတယ်လို့ ထင်ပါသေးလား"

သတင်းထောက်တွေရဲ့ မေးခွန်းအသစ်တွေက ပိုပြီး ထက်ရှလာပြီး ကိုယ်ရေးကိုယ်တာဆန်လာတယ်။ လူထုရှိနေတာကို အခွင့်ကောင်းယူပြီး သူတို့လုပ်ချင်တာကို လုပ်နေတဲ့အတိုင်းပဲ။

ဒါကြောင့်ပဲ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေကြတဲ့သူတွေက စပြီး ငြင်းခုံလာကြပြန်တယ်။ တချို့က ဒီမေးခွန်းတွေကို မေးတဲ့ သတင်းထောက်တွေက ငတုံးတွေဖြစ်မယ်လို့ ခံစားရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီမေးခွန်းတွေကို အလွန်ဂရုစိုက်နေတဲ့သူတွေလည်း ရှိတယ်။

ကင်မရာတွေကို မျက်နှာမူပြီး ဝမ်ရှောင်းယွင် အေးအေးဆေးဆေး ဖြေလိုက်တယ်: "ကျွန်တော် ကောင်းကောင်း အနားယူခဲ့ပါတယ်။ အင်းဆက်ဘုရင်မ သေသွားပြီဆိုပေမဲ့ ဘုရင်မအသစ် ထပ်မပေါ်လာဘူးလို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ နောက်နှစ်အနည်းငယ် ဘုရင်မအသစ် ပေါ်မလာခင်မှာတော့ နတ်နိမိတ်တွေက အေးအေးဆေးဆေးဖြစ်နေပါလိမ့်မယ်"

ရိုးရှင်းတဲ့စာကြောင်းအချို့ဖြေပြီးနောက် ဝမ်ရှောင်းယွင်က ထပ်မဖြေတော့ဘူး။

အရှေ့မှာလျှောက်နေတဲ့ စစ်သားတွေက လမ်းရှင်းပေးတယ်။ ဒီသတင်းထောက်တွေက ဆက်ပြီး အင်တာဗျူးချင်ဖို့ ထပ်ပြီးတိုးဝှေ့ချင်နေသေးတာကို တွေ့တော့ စစ်သားတွေအကုန်လုံး သူတို့ကို တားဖို့လုပ်ကြတယ်။

ဒါပေမဲ့ နေရာမှာ တကယ်ကို လူတွေများလွန်းလို့ သူတို့ကို ချက်ချင်း ထွက်သွားခိုင်းဖို့ နည်းလမ်းမရှိဘူး။

သတင်းထောက်တွေက ဝမ်ရှောင်းယွင်အကြောင်း ကိုယ်ရေးကိုယ်တာမေးခွန်းတွေ အများကြီး မေးကြတယ်။ သို့ပေမဲ့ ဝမ်ရှောင်းယွင် ဖြေဆိုဖို့ ငြင်းဆန်လိုက်ပြီးနောက် သတင်းထောက်တစ်ယောက်က သူ့ရဲ့အကြည့်ကို ကျွမ်းကျိုးဘက် လှည့်လိုက်တယ်။ ရုတ်တရက် သူရဲ့ပါးစပ်ကိုဖွင့်ပြီး မေးလိုက်တယ်--

"ဗိုလ်ချုပ်ကြီးဝမ် ဒီက လူကြီးမင်းနဲ့ ခင်ဗျားနဲ့ ဘယ်လိုဆက်ဆံရေးမျိုးပါလဲ"

ဒီမေးခွန်းက အပေါက်ဝကို ဖွင့်ပေးလိုက်ပုံရတယ်။ သတင်းထောက်တွေအကုန်လုံးက ကင်မရာတွေကို ပြန်ပြင်လိုက်ကြပြီး ကျွမ်းကျိုးကို စပြီးမှတ်တမ်းတင်နေကြတယ်။ ကျွမ်းကျိုးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို တစ်ခုပြီးတစ်ခု မေးတော့တယ်။

ကျွမ်းကျိုးက နည်းနည်းလေး စပြီး ကြောက်လာတယ်။ ဘာဖြစ်လို့ လူတွေက သူဘယ်သူလဲဆိုတာ သိချင်နေကြတာလဲ သူတောင်မသိဘူး။

သူ့လက်ကို အနည်းငယ် ပြန်ဆွဲယူလိုက်ပြီး သူ ချန်ကျင့်ရွှယ်နဲ့အတူတူ လျှောက်လာလို့ရတယ်လို့ ဝမ်ရှောင်းယွင်ကို ပြောချင်နေတယ်။

သူ့လက်အနောက်ကို ရွှေ့သွားတာနဲ့ ဝမ်ရှောင်းယွင်က သူ့ကို နည်းနည်းပိုတင်းတင်းကျပ်ကျပ် ဆွဲဆုပ်လိုက်တယ်။

ကျွမ်းကျိုး စိတ်ရှုပ်ထွေးနေတုန်းမှာ ဝမ်ရှောင်းယွင် သူ့လက်ကို မြှောက်လိုက်ပြီး သတင်းထောက်တွေအကုန်လုံးနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ကြည့်ရှုသူတွေကိုလည်း ဖြည်းဖြည်း ပြောလိုက်တယ်: "သူ့ကို ကျွမ်းကျိုးလို့ခေါ်တယ်။ သူက ငယ်သေးတဲ့ပုံပေါက်နေပေမဲ့ သူက မကြာသေးခင်က အရွယ်ရောက်ပြီးတာပါ"

ခဏတန့်လိုက်ပြီး သူက သူတို့ရဲ့ ယှက်နွယ်ထားတဲ့လက်တွေကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်နေတဲ့မျက်နှာနဲ့ ပြောလိုက်တယ်: "သူက ကျွန်တော့်အတွက် ဘယ်လိုလူလဲဆိုတာကတော့ ခင်ဗျားတို့ ကြည့်ရုံနဲ့ မပြောနိုင်ဘူးလား။ ဒီထက်ပိုပြီး ရှင်းပြစရာလိုသေးလို့လား"

တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများနဲ့ သတင်းထောက်အားလုံး: "?????"

"အိုး ငလူး အိုး ငလူး! ယောက်ျားရေ၊ ဒါက ဘာကိုဆိုလိုတာလဲ!"

"ငါမယုံဘူး!!!! မဖြစ်နိုင်ဘူး! ဗိုလ်ချုပ်ကြီးဝမ်က ငါ့လူ!"

"ဒါက ... ဒါက တရားဝင်ကြေညာလိုက်တာလား"

"ဘာလို့လဲ! နတ်ဘုရားက B-324 မှာ အားပြန်ဖြည့်နေတာမဟုတ်ဘူးလား။ သူက အားဖြည့်နေရာကနေ ဘာဖြစ်လို့ မိန်းမတစ်ယောက်ပါ ခေါ်လာရတာလဲ!"

"အားးးး ဒါဆို တကယ်ပဲ ဒီလို ဆက်ဆံရေးမျိုးပေါ့! ငါက အခုပဲ တွေးနေတာ ဗိုလ်ချုပ်ကြီး ရှောင်ကောကောကို ကြည့်တာ အရမ်းနူးညံ့တာပဲလို့"

"ဒီရှောင်ကောကောက ဘယ်လောက်ခံ့ညားပြီး လှပလိုက်လဲဆိုပြီး ဂရုစိုက်နေတာ ငါတစ်ယောက်တည်းလား။ သူ့ရဲ့ရုပ်က ဗိုလ်ချုပ်ကြီးနဲ့ တကယ်ကို လိုက်ဖက်တယ်လို့ ထူးထူးဆန်းဆန်းခံစားနေရတယ်!"

"အပေါ်က ကွန်းမန့်ကို +1! တောင့်တောင့်ဖြောင့်ဖြောင့် အဲဒီယောက်ျားတောထဲမှာ ဒီရှောင်ကောကောက တကယ်ကို အရမ်းကောင်းလွန်းတယ်!"

"အခုသူ ဘယ်လောက်အံ့အားသင့်နေလဲ ကြည့်ပါဦး။ ဗိုလ်ချုပ်ကြီးဝမ်က တရားဝင်ကြေညာလိမ့်မယ်ဆိုတာ သူမသိထားဘူးလား"

ကျွမ်းကျိုး တကယ်ပဲ မသိခဲ့ဘူး။ သူ ဝမ်ရှောင်းယွင် ဘာဆိုလိုတာလဲကိုတောင် နားမလည်ဘူး။

သူက ဝမ်ရှောင်းယွင်အတွက် ဘယ်လိုလူလဲဆိုတာ သူကိုယ်တိုင်တောင်မှ မသိဘူး။

အမ်း အကောင်းဆုံးသူငယ်ချင်းတွေများလား။

ဟုတ်လောက်တယ်။ သူ စစ်သင်္ဘော Wyvern ပေါ်မှာတုန်းက သူက ဝမ်ရှောင်းယွင်နဲ့ ဆက်ဆံရေးအကောင်းဆုံးပဲ။

ကျွမ်းကျိုး ဒါကို ရှင်းရှင်းလင်းလင်း အဖြေထုတ်ပြီးသွားတဲ့နောက် သတင်းထောက်တွေကို အလွန်ပျော်ရွှင်စွာ ပြုံးပြလိုက်တယ်။

သူပြုံးလိုက်တဲ့အခါမှာ မျက်ခုံးတွေက အလွန် ဆွဲဆောင်မှုရှိစွာ ကော့ညွတ်သွားတယ်။ လုံးဝကို ကြက်သေသေနေတဲ့ သတင်းထောက်တွေက ပြန်အသိဝင်လာကြပြီး ဒီလောလောလတ်လတ် ကြေညာထားတဲ့ ဗိုလ်ချုပ်ကြီးကတော်ကို ကမန်းကတန်းနဲ့ စတင်မှတ်တမ်းတင်ကြတယ်။

ဝမ်ရှောင်းယွင်၊ ကျွမ်းကျိုးနဲ့ တခြားသူတွေ အာကာသဆိပ်ကမ်းကနေ နောက်ဆုံး ထွက်ခွာသွားတဲ့အချိန်က နာရီဝက်လောက်တောင် ကြာနေပြီ။

အဲဒီအချိန်အတွင်းမှာ ဝမ်ရှောင်းယွင်နဲ့ ကျွမ်းကျိုးသတင်းက ချက်ချင်း ပြန့်နှံ့သွားပြီး ကြယ်စုကွန်ရက်ပေါ်မှာ အရှာအများဆုံး သတင်းဖြစ်သွားပြီး တချို့သတင်းခေါင်းစီးတွေကိုတောင် ဖုံးသွားတယ်။

တကယ်တမ်း လူတွေကို အံ့အားသင့်စေတာက ဝမ်ရှောင်းယွင်ရဲ့ ပေါ်ပြူလာဖြစ်မှုက ကျွမ်းကျိုးအကြောင်းသတင်းတွေရဲ့ ပေါ်ပြူလာဖြစ်မှုကို မမီတာပဲ။

ကြယ်စုကွန်ရက်တစ်ခုလုံးက ဝမ်ရှောင်းယွင် B-324 ပေါ်မှာ အားဖြည့်ပြီး အပြန် ဘယ်လိုမျိုး ချစ်သည်းညှာလေးကို ခေါ်လာတာလဲဆိုတာ သိချင်နေကြတယ်။

ဒီအကြောင်းက သူ့ရဲ့ကျဆင်းသွားတဲ့ စိတ်စွမ်းအားထက်တောင်မှ ပိုအံ့ဩစရာကောင်းနေသေးတယ်။

ဒီကျွမ်းကျိုးက ဘယ်သူလဲ။

သူက ဘယ်မိသားစုကလာတာလဲ။

သူ့မှာဘယ်လိုအရည်အချင်းတွေ ရှိလဲ။

အချိန်အတိုင်းအတာတစ်ခုအထိ လူတွေက ကျွမ်းကျိုးရဲ့သရုပ်မှန်ကို စတင်အာရုံစိုက်လာကြတယ်။

ကျွမ်းကျိုးကိုယ်တိုင်ကိုတော့ ဘာမှ အကျိုးသက်ရောက်မှုမရှိဘူး။ သူက အွန်လိုင်းပေါ်တောင်မှ မသွားခဲ့ဘူး။

ဝမ်ရှောင်းယွင်က တပ်ထဲကို သတင်းပို့ဖို့ သွားတဲ့အချိန် သူ့ကို ချန်ကျင့်ရွှယ်က ဝမ်ရှောင်းယွင်ရဲ့အိမ်ကို ပြန်ခေါ်သွားတယ်။

ကျွမ်းကျိုး ဝမ်ရှောင်းယွင်ရဲ့အိမ်ကို လှည့်ပတ်ကြည့်နေတယ်။ အိမ်က သိပ်မကြီးဘူး။ နောက်ပြီး ဝမ်ရှောင်းယွင်က ဒီမှာ သိပ်နေပုံမရဘူး။

လျှောက်ပတ်ကြည့်ပြီးနောက် သူက ဆိုဖာပေါ်မှာထိုင်ရင်း ဝမ်ရှောင်းယွင်ပြန်လာတာကို စောင့်နေတယ်။

မြို့တော်ဂြိုလ်က B-324 နဲ့ အချိန်ကွာခြားချက်ရှိတယ်။ အခုပဲ ညအချိန်တောင် ရောက်နေပြီ။

ကျွမ်းကျိုးက အချိန်ကိုကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ရည်မှန်းချက်မီးတောက်တွေက တောမီးလိုပဲ စတင်တောက်လောင်လာတယ်!

ဒီည--

ဝမ်ရှောင်းယွင်ကို ကြိုဆိုဖို့လာတဲ့ အာကာသဆိပ်ကမ်းက စစ်သားတွေ၊ သတင်းထောက်တွေ၊ လူတွေအကုန်လုံး၊ ကျွမ်းကျိုးကို မြင်လိုက်တဲ့ အာကာသဆိပ်ကမ်းက အလုပ်သားတွေပါ အကုန်လုံးက တူညီတဲ့အိပ်မက်မက်ကြတယ်။

အိပ်မက်ထဲမှာ ကြယ်စုဒင်္ဂါးတွေနဲ့လုပ်ထားတဲ့ မျက်နှာဖုံးဝတ်ဆင်ထားတဲ့လူတစ်ယောက်က သူတို့ရှေ့မှာရပ်နေတယ်။

"ကျွန်တော့်ကို ကိုးကွယ်လိုက် ခင်ဗျားကို ချမ်းသာအောင်လုပ်ပေးမယ်"

အမှန်ပဲ။ ကြွယ်ဝခြင်းနတ်ဘုရားလေးက မျက်နှာဖုံးတစ်ခု ဝတ်ထားတယ်!

နောက်ပြီး အဲဒါကို ကြယ်စုဒင်္ဂါးတွေနဲ့ လုပ်ထားတာနော်!

...................xxx...................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ကျွမ်းကျိုး: မျက်နှာမှာ ကြယ်စုဒင်္ဂါးအကြီးကြီးတစ်ပြား ဝတ်ထားမှပဲ တခြားသူတွေက ငါက ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုတယ်ဆိုတာ သိကြမှာပေါ့။ (ခါးမှာလက်ထောက်လျက်.jpg)

-Zawgyi-

အခန္း ၂၉: တရားဝင္ ေၾကညာခ်က္

ၿမိဳ႕ေတာ္ၿဂိဳလ္ ေလယာဥ္ကြင္းတြင္

စစ္သေဘၤာ Wyvern ဟာ လူထု၏ မ်က္လံုးေပါင္းမ်ားစြာေအာက္တြင္ ဆင္းသက္လာတယ္။

စစ္သေဘၤာ Wyvern ရဲ႕ ဂိတ္ေပါက္ေတြ ပြင့္လာတာနဲ႔ မေရမတြက္ႏိုင္တဲ့ ကင္မရာေတြ ပ်ံဝဲလာၾကတယ္။ ျမင္ကြင္းေကာင္းအတြက္ ေ႐ွ႕ဆံုးေနရာကို လုေနၾကရင္း အရမ္းကပ္ေနမွာကိုလည္း ေၾကာက္ေနၾကတယ္။ သူတို႔က ေလထဲမွာပဲ ေမ်ာလြင့္ရင္း ႐ိုက္ကူးေနၾကတယ္။ မီဒီယာကုမၸဏီအမ်ိဳးမ်ိဳးက အကုန္လံုး သတင္းေခါင္းႀကီးပိုင္းကို လုယူခ်င္ၾကတယ္။

ဒီကင္မရာေတြအမ်ားႀကီးက တိုက္႐ိုက္႐ုပ္သံလႊင့္ေနၾကတယ္။ စစ္သေဘၤာ ေလယာဥ္ကြင္းမွာ ဆင္းသက္လိုက္တာနဲ႔ ၾကည့္႐ႈသူေတြက ႐ုပ္သံလႊင့္ပလက္ေဖာင္းေတြမွာ ေစာင့္ဆိုင္းသူေတြနဲ႔ ျပည့္လွ်မ္းေနၿပီ။

သူတို႔က စစ္နတ္ဘုရား ဝမ္ေ႐ွာင္းယြင္ စစ္သေဘၤာကေန ဆင္းဆင္းခ်င္း ျမင္ကြင္းကို အမိအရၾကည့္ခ်င္ၾကတယ္။ မေရမတြက္ႏိုင္တဲ့ စကားလံုးေတြဟာ ကြန္းမန္႔စခရင္မွာ မရပ္မနား ပ်ံဝဲေနေတာ့တယ္။

"စစ္နတ္ဘုရားလား၊ ငါေတာ့ တကယ္ သံသယဝင္မိတယ္။ နင္မၾကားလိုက္ဘူးလား။ ဗိုလ္ခ်ဳပ္ႀကီးဝမ္က အမႈိက္ၿဂိဳလ္ေပၚက စြမ္းအင္ဓာတ္ေရာင္ျခည္ေတြ အၾကာႀကီးထိေတြ႕ခံရၿပီး အဆိပ္သင့္ထားတာေလ။ သူ႔ရဲ႕စိတ္စြမ္းအားေတြက အဆင့္က်ေနၿပီ"

"ဟုတ္တယ္။ လြန္ခဲ့တဲ့လဝက္ေလာက္က သတင္းေတြထဲမွာေျပာထားတာ ဗိုလ္ခ်ဳပ္ႀကီးဝမ္ရဲ႕ စိတ္စြမ္းအားက SS အဆင့္ထိက်သြားၿပီတဲ့"

"လဝက္ေတာင္မျပည့္တျပည့္ပဲ ႐ွိေသးတယ္ SSS အဆင့္ကေန SS အဆင့္ထိက်သြားတာဆိုေတာ့၊ သူ႔စိတ္စြမ္းအားက အခုဆို ပိုေတာင္နိမ့္ေနၿပီလို႔ ဆိုလိုတာမဟုတ္ဘူးလား"

"ဒါက ဓာတ္ေရာင္ျခည္ဘယ္ေလာက္ အဆိပ္သင့္ခံထားရလဲဆိုတာမွာ မူတည္တယ္"

"သူက အကာအကြယ္လံုးဝမပါဘဲ ဟာလာဟင္းလင္းႀကီး ထိေတြ႕ခဲ့တာလို႔ ေျပာတယ္မလား။ ဓာတ္ေရာင္ျခည္ အကန္႔အသတ္ကို ဆိုးဆိုးဝါးဝါး ေက်ာ္လြန္ေနလို႔ စြန္႔ပစ္ခံရတဲ့ အမႈိက္ၿဂိဳလ္တစ္ခုဆိုမွေတာ့ ညစ္ညမ္းမႈအဆင့္က နိမ့္မွာမဟုတ္ဘူး ဟုတ္တယ္မလား"

"ငါတို႔အားလံုး အဲလိုပဲထင္တယ္။ သူ႔ရဲ႕စိတ္စြမ္းအားေလ်ာ့နည္းေနတဲ့ အေျခအေနေၾကာင့္သာမဟုတ္ရင္ ဗိုလ္ခ်ဳပ္ႀကီးက B-324 ေပၚမွာ ႏွစ္လေလာက္ ေနေနမွာမဟုတ္ဘူး။ သူက ျပန္ေရာက္ေနေလာက္ေရာေပါ့"

"အဲဒါဆို အခု ဗိုလ္ခ်ဳပ္ႀကီးဝမ္က S အဆင့္ပဲဆိုတာ ေတာ္ေတာ္ျဖစ္ႏိုင္ေျခ႐ွိတာေပါ့"

"S အဆင့္စိတ္စြမ္းအား.... ပထမတပ္ဖြဲ႕နဲ႔ ဒုတိယတပ္ဖြဲ႕က အုပ္ခ်ဳပ္သူအရာ႐ွိေတြက ႏွစ္ေယာက္လံုး SS အဆင့္ေတြမလား။ ခႏၶာကိုယ္ႀကံ႕ခိုင္မႈေရာ စိတ္စြမ္းအားအရာမွာေရာ"

"မင္းစကားေတြက ဘာဆိုလိုတာလဲ။ ဘာလဲ။ ဗိုလ္ခ်ဳပ္ႀကီးဝမ္ရဲ႕ စိတ္စြမ္းအား က်ဆင္းသြား႐ံုနဲ႔ သူက တတိယတပ္ဖြဲ႕ရဲ႕အုပ္ခ်ဳပ္သူမျဖစ္ႏိုင္ေတာ့ဘူးလား။ ဗိုလ္ခ်ဳပ္ႀကီးဝမ္ရဲ႕ အရင္က တိုက္ပြဲေတြက ေအာင္ျမင္မႈေတြက အခု ပ်က္ျပယ္သြားၿပီလား။ အင္းဆက္ဘုရင္မကို ႏွိမ္နင္းတုန္းက သူ႔ရဲ႕အက်ိဳးျပဳမႈေတြကို ထည့္မတြက္ေတာ့ဘူးလား"

"ဟား ဟား ငါ လံုးဝ ဘယ္ေတာ့မွ အဲဒီလိုေျပာမွာမဟုတ္ဘူး...."

"သူလာၿပီ သူလာၿပီ။ ဗိုလ္ခ်ဳပ္ႀကီးဝမ္ ထြက္လာၿပီ"

အုပ္စုႀကီးက ေဆြးေႏြးပြဲေတြမွာ စိတ္ဝင္စားမႈမ႐ွိေတာ့ဘဲ သူတို႔လည္ပင္းေတြကို ဆန္႔ထုတ္ၿပီး စူးစိုက္ၾကည့္ေနေတာ့တယ္။ လူကိုယ္တိုင္ ထိန္းခ်ဳပ္ထားတဲ့ ေလေပၚကင္မရာေတြဟာ သတ္မွတ္ဧရိယာကေန ေက်ာ္ထြက္သြားၿပီး ရပ္ေနတဲ့စစ္သားေတြရဲ႕ ခ်က္ခ်င္း ပစ္ခ်ခံရမွာကို ေၾကာက္တဲ့အတြက္ ဂ႐ုတစိုက္နဲ႔ ပ်ံသန္းေနၾကတယ္။

လူေတြက သူတို႔စာ႐ိုက္လိုက္တဲ့ စကားလံုးေတြေၾကာင့္ ျမင္ကြင္းကြယ္သြားမွာ စိုးရိမ္ေနတဲ့အတိုင္းပဲ စကားေျပာစခရင္ေတာင္မွပဲ ဗလာက်င္းသြားတယ္။ ဒါေပမဲ့လည္း စကားေျပာစခရင္ကိုေတာ့ ခ်က္ခ်င္း ပိတ္မပစ္ခ်င္ၾကဘူး။

လူထုႀကီး ေမွ်ာ္လင့္တႀကီးနဲ႔ ေခါင္းတေမာ့ေမာ့ျဖစ္ေနခ်ိန္မွာပဲ ဝမ္ေ႐ွာင္းယြင္က စစ္သေဘၤာရဲ႕ ႀကီးမားတဲ့ ဂိတ္ဝေတြကေန အရင္ဆံုး ထြက္လာတယ္။ သူ႔တစ္ကိုယ္လံုးကို ဖံုးကြယ္ထားတဲ့ ေကာင္းေကာင္းမီးပူတိုက္ထားတဲ့ စစ္ယူနီေဖာင္းက သူ႔ရဲ႕ နဂိုျမင့္မားတဲ့ကိုယ္ဟန္ကို ပို၍ အရပ္႐ွည္သြားဟန္ေပါက္သြားေစတယ္။ နတ္ဘုရားရဲ႕ ကိုယ္ပိုင္လက္ေတြကေန ထြင္းထုထားသလိုပဲ သူ႔ရဲ႕မ်က္ႏွာ အဂၤါရပ္ေတြက အရင္အတိုင္း ေခ်ာေမာ၊ တည္ၿငိမ္၊ ေလးနက္ၿပီး တည္ၾကည္ေနတုန္းပဲ။ ကြန္းမန္႔စခရင္မွာ ခ်က္ခ်င္း ထပ္ၿပီး ေပါက္ကြဲထြက္သြားျပန္တယ္။

"အားးးးးးးးးး"

"အားးးး အရမ္းေခ်ာတာပဲ!"

"ငါေတာ့ ေသၿပီ၊ ငါေသၿပီ။ ဗိုလ္ခ်ဳပ္ႀကီးဝမ္ကို အၾကာႀကီးမေတြ႕ရတာ။ သူက အရမ္းေခ်ာေနတုန္းပဲ!"

"ငါသာ တပ္ထဲမွာ အေခ်ာဆံုးသူက ဗိုလ္ခ်ဳပ္ႀကီးဝမ္လို႔ ေျပာရင္ ဘယ္သူမွ စိတ္မဆိုးဘူးမလား!"

"သူ႔ၾကည့္ရတာ ေတာ္ေတာ္ေလး အေျခအေနေကာင္းေနတဲ့ပံုပဲ။ သူက ဓာတ္ေရာင္ျခည္သင့္ခံထားရတယ္လို႔ သိေတာင္မသိရဘူး"

သူတို႔ေတြ အရင္က အဆိပ္သင့္ခံထားရတဲ့လူေတြ အမ်ားႀကီး အမ်ားႀကီးျမင္ဖူးၾကတယ္။ လံုးဝ မ်က္ကြင္းေခ်ာင္၊ ပိန္ခ်ံဳးၿပီး ျဖဴဖပ္ျဖဴေရာ္ ျဖစ္မေနတာ ဘယ္သူ႐ွိလို႔လဲ။ သူတို႔အားလံုးက ေတာ္ေတာ္ေလး စိတ္အေျခအေန ဆိုး႐ြားေနၾကတာ။ ဒါတင္မကဘူး တခ်ိဳ႕ဆိုရင္ စိတ္ပ်က္လက္ပ်က္နဲ႔ လက္ေတာင္ေလွ်ာ့သြားၾကတယ္။

သူတို႔ေတြအားလံုး အခု စၾကဝဠာထဲမွာ ဓာတ္ေရာင္ျခည္သင့္တာအတြက္ ကုသနည္းမ႐ွိေသးဘူးဆိုတာကို သိေနၾကတဲ့အတြက္ေလ။ သူတို႔ေတြ အဆိပ္သင့္ခံရထားသေ႐ြ႕ သူတို႔ရဲ႕စိတ္စြမ္းအားက သာမန္လူျဖစ္သြားတဲ့အထိ ဆက္တိုက္ က်ဆင္းေနလိမ့္မယ္။ ျပင္းထန္တဲ့ကိစၥေတြမွာဆိုရင္ ေသေတာင္ေသသြားႏိုင္ၾကတယ္။

႐ုတ္တရက္ ကြန္းမန္႔စခရင္က စကၠန္႔အနည္းငယ္ ထပ္ၿပီး ထူးထူးဆန္းဆန္း တိတ္ဆိတ္သြားျပန္တယ္။ အဲဒီေနာက္မွာ စခရင္တစ္ခုလံုးမွာ "?" ေတြနဲ႔ ျပည့္သြားေတာ့တယ္။

"?????????"

"ငါ့မ်က္လံုးေတြ ဝါးသြားတာလား။ ငါ့ေယာက္်ားေနာက္ကအဲဒီလူက ဘယ္သူလဲ!"

"အိုး ငလူး! ဒီလူက ဘာျဖစ္လို႔ ဗိုလ္ခ်ဳပ္ဝမ္နဲ႔ အရမ္းကပ္ေနရတာလဲ"

"ဘုရားေရ သူကလည္း အရမ္းေခ်ာတာပဲ။ သူက တတိယတပ္ဖြဲ႕ကတစ္ေယာက္ေယာက္မ်ားလား"

"??? သူက ဘာျဖစ္လို႔ ငါေယာက္်ားရဲ႕လက္ကို ကိုင္ထားရတာလဲ!"

လူတိုင္းရဲ႕ အလြန္အံ့အားသင့္ေနတဲ့ အၾကည့္ေတြေအာက္မွာ ဝမ္ေ႐ွာင္းယြင္ေနာက္ကေန ေခါင္းတစ္လံုးက ျပဴထြက္လာတယ္။

ဝမ္ေ႐ွာင္းယြင္ရဲ႕ ႀကီးမားျမင့္မားတဲ့ကိုယ္ဟန္ႏွင့္ယွဥ္လွ်င္ သူက အနည္းငယ္ ပိန္ပါးကာ ႏြမ္းလ်ပံုရတယ္။ ဒါေပမဲ့ လူတိုင္းရဲ႕အာ႐ံုကို အဆြဲေဆာင္ႏုိင္ဆံုးအခ်က္က လူတိုင္းအၾကည့္မလႊဲႏိုင္တဲ့ သူရဲ႕ ငယ္႐ြယ္ၿပီး ခံ့ညားတဲ့မ်က္ႏွာေၾကာင့္ပဲ။

ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ေနာက္ကေန ေခါင္းျပဴထြက္ၾကည့္လိုက္တယ္။ စစ္သေဘၤာေအာက္က အနက္ေရာင္ပင္လယ္ႀကီးက အကုန္လံုး လူေတြဆိုတာလည္း သိေရာ သူ႔မ်က္လံုးေတြက ညအာကာျပင္မွာ ျပည့္ႏွက္ေနတဲ့ ၾကယ္စင္ေတြအလား ေတာက္ပသြားတယ္။

သူက ခ်က္ခ်င္း ေခါင္းကို ျပန္သြင္းလိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က သူက ဒီလူေတြအားလံုးေၾကာင့္ ေၾကာက္ေနတယ္လို႔ ထင္သြားတယ္။ အနည္းငယ္ ေစာင္းၾကည့္လိုက္ၿပီး သူက ကၽြမ္းက်ိဳးလက္ကို ဆြဲလိုက္ၿပီး တိုးတိုးေျပာတယ္: "မေၾကာက္နဲ႔ ကိုယ့္ေနာက္ကသာလိုက္ခဲ့"

ကၽြမ္းက်ိဳးက အျမန္ေျပာလုိက္တယ္: "မေၾကာက္ပါဘူး။ ကၽြန္ေတာ္ အရမ္းစိတ္လႈပ္႐ွားေနတာ!"

စိတ္လႈပ္႐ွားလြန္းလို႔ သူ႔ရဲ႕ေလာဘေတြကို ထုတ္ေဖာ္ျပမိေတာ့မတတ္ပဲ။

လူေတြအမ်ားႀကီးပဲ!

*ဝယ္သူေတြအမ်ားႀကီးပဲ! (*ကာစတမ္မာ)

ကၽြမ္းက်ိဳးက သူ႔လည္ပင္းက ယံုၾကည္မႈစုေဆာင္းတဲ့ကိရိယာေလးကို ထိလိုက္တယ္။ ယံုၾကည္မႈစုေဆာင္းတဲ့ကိရိယာေလးမွာသာ ယံုၾကည္မႈေတြ အလံုအေလာက္ စုေဆာင္းမိသြားရင္ သူကမာၻကို ျပန္ႏိုင္မလားဆိုတာ ဘယ္သူသိမွာလဲ။

သူက အင္မတန္မွ စိတ္လႈပ္႐ွားေနတယ္။

ဝမ္ေ႐ွာင္းယြင္က ဖြဖြေလး ၿပံဳးလိုက္တယ္။

အဲဒီအၿပံဳးက ကင္မရာေတြမွာ ႐ိုက္မိသြားတယ္။ တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္ေနၾကတဲ့ ၾကည့္႐ႈသူေတြအားလံုး ႐ူးသြပ္သြားၾကတယ္။

အရင္က ဗိုလ္ခ်ဳပ္ႀကီးဝမ္က ဒီလိုႏူးႏူးညံ့ညံ့ေလး ဘယ္တုန္းက ၿပံဳးဖူးလို႔လဲ!

အဲဒီမ်က္လံုးအမူအရာေတြ။ သူက ဘယ္တုန္းက ဒီေလာက္ခ်စ္တတ္သြားတာလဲ!

ဒီေ႐ွာင္ေကာေကာက ဘယ္သူလဲ။ တစ္မိနစ္အတြင္း သူ႔ရဲ႕ေနာက္ခံသမိုင္းေၾကာင္းေတြ အကုန္လံုး ငါတို႔သိခ်င္သြားၿပီ!

ဝမ္ေ႐ွာင္းယြင္က သူ႔အၿပံဳးက လူေတြကို ဘယ္ေလာက္႐ူးသြပ္သြားေစလဲဆိုတာ လံုးဝ မသိက်ိဳးကၽြန္ျပဳထားတယ္။ သူက ကၽြမ္းက်ိဳးရဲ႕လက္ကို ဆြဲလိုက္ၿပီး အေနာက္က တန္းလန္းလိုက္ပါလာတဲ့ ခ်န္က်င့္႐ႊယ္နဲ႔အတူ ေအာက္ကို ဆင္းသြားတယ္။

ကၽြမ္းက်ိဳးက ထိတ္လန္႔အံ့အားသင့္မႈေတြအျပည့္ မ်က္လံုးေတြနဲ႔ စပ္စပ္စုစု လုိက္ပတ္ၾကည့္ေနတယ္။

ၿမိဳ႕ေတာ္ၿဂိဳလ္က အာကာသဆိပ္ကမ္းက အမႈိက္ၿဂိဳလ္ေပၚက တစ္ခုထက္ အမ်ားအမ်ားႀကီး ပိုႀကီးမားတယ္။ ေနရာတကာမွာ အာကာသယာဥ္ အႀကီးအေသးေတြနဲ႔ ျပည့္ေနတယ္။ လူငယ္ေယာက္်ားေလးမွန္သမွ် မိုက္တယ္လို႔ထင္ၾကတယ္ သိပၸံယာဥ္ပ်ံေတြ။

ကၽြမ္းက်ိဳးရဲ႕အာ႐ံုကို အဖမ္းစားႏိုင္ဆံုးကေတာ့ သူ႔ရဲ႕မ်က္ေစာင္းထိုးက ႀကီးမားတဲ့စခရင္ႀကီးတစ္ခုပဲ။ စခရင္ႀကီးမွာ လက္႐ွိ ေၾကာ္ျငာတစ္ခု လႊင့္ေနတယ္။ ေၾကာ္ျငာထဲမွာ ကားပ်ံေတြအမ်ိဳးစံု၊ မက္ခါယာဥ္ပ်ံေတြနဲ႔ ကမာၻေပၚကဟာေတြနဲ႔ လံုးလံုးကြဲျပားေနတဲ့ ေခတ္ဆန္လြန္းတဲ့ၿမိဳ႕ေတြကို ျပထားတယ္။ အဲဒါေတြအကုန္လံုးကို သူ႔ေ႐ွ႕မွာ ျပထားတယ္။

ဆိုေတာ့ ဒါက ၾကယ္အစုအေဝးထဲက ၿဂိဳလ္တစ္လံုးဆိုတာလား။

ေတာ္ေတာ္ေလးမိုက္တာပဲ။

သူက သူ႔ေဘးက စစ္ယူနီေဖာင္းနဲ႔လူကို လွည့္ၾကည့္လိုက္ျပန္တယ္။ ဝမ္ေ႐ွာင္းယြင္ကလည္း ဒီဝတ္စံုနဲ႔ အရမ္းေခ်ာတာပဲ!

သူက တိတ္တိတ္ေလး မွတ္ခ်က္ခ်လိုက္တုန္းမွာပဲ သတင္းေထာက္ေတြက ေနာက္ဆံုးတြင္ ေမးခြန္းေတြေမးဖို႔ အေရွ႕ကပ္ခြင့္ ရသြားၾကတယ္။ ေမးခြန္းေတြကို မီး႐ွဴးမီးပန္း ေဖာက္သလို ဆက္တိုက္အဆက္မျပတ္ ပစ္လႊတ္လာတယ္။

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ ၿမိဳ႕ေတာ္ၿဂိဳလ္ကေန ျပန္လည္ႀကိဳဆိုပါတယ္။ B-324 မွာ ျပန္လည္အားျဖည့္ေနတာ အေျခအေနဘယ္လို႐ွိပါသလဲ"

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ စိတ္စြမ္းအားအဆင့္က S အဆင့္ထိ က်ဆင္းသြားၿပီလို႔ ေကာလာဟလေတြ ထြက္ေနပါတယ္။ အဲဒါအမွန္ပါပဲလား"

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ အင္းဆက္ဘုရင္မကို ေခ်မႈန္းလိုက္ႏိုင္တဲ့အတြက္ ဘယ္လိုခံစားရပါသလဲ။ ဘုရင္မေသဆံုးသြားၿပီဆုိေတာ့ ကၽြန္ေတာ္တို႔ရဲ႕နယ္နိမိတ္ေတြကို ၿဂိဳလ္သားအင္းဆက္ေတြ ထပ္ၿပီး မက်ဴးေက်ာ္ႏိုင္ေတာ့ဘူးလို႔ ဆိုလိုတာပါလား"

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ စိတ္စြမ္းအားက်ဆင္းသြားၿပီးေနာက္မွာ တတိယတပ္ဖြဲ႔ရဲ႕အုပ္ခ်ဳပ္သူေနရာအတြက္ အရည္အခ်င္းျပည့္မီတယ္လို႔ ထင္ပါေသးလား"

သတင္းေထာက္ေတြရဲ႕ ေမးခြန္းအသစ္ေတြက ပိုၿပီး ထက္႐ွလာၿပီး ကိုယ္ေရးကိုယ္တာဆန္လာတယ္။ လူထု႐ွိေနတာကို အခြင့္ေကာင္းယူၿပီး သူတို႔လုပ္ခ်င္တာကို လုပ္ေနတဲ့အတိုင္းပဲ။

ဒါေၾကာင့္ပဲ တိုက္႐ိုက္ထုတ္လႊင့္တာကို ၾကည့္ေနၾကတဲ့သူေတြက စၿပီး ျငင္းခံုလာၾကျပန္တယ္။ တခ်ိဳ႕က ဒီေမးခြန္းေတြကို ေမးတဲ့ သတင္းေထာက္ေတြက ငတံုးေတြျဖစ္မယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ဒီေမးခြန္းေတြကို အလြန္ဂ႐ုစိုက္ေနတဲ့သူေတြလည္း ႐ွိတယ္။

ကင္မရာေတြကို မ်က္ႏွာမူၿပီး ဝမ္ေ႐ွာင္းယြင္ ေအးေအးေဆးေဆး ေျဖလိုက္တယ္: "ကၽြန္ေတာ္ ေကာင္းေကာင္း အနားယူခဲ့ပါတယ္။ အင္းဆက္ဘုရင္မ ေသသြားၿပီဆိုေပမဲ့ ဘုရင္မအသစ္ ထပ္မေပၚလာဘူးလို႔ ကၽြန္ေတာ္ ကတိမေပးႏိုင္ပါဘူး။ ေနာက္ႏွစ္အနည္းငယ္ ဘုရင္မအသစ္ ေပၚမလာခင္မွာေတာ့ နတ္နိမိတ္ေတြက ေအးေအးေဆးေဆးျဖစ္ေနပါလိမ့္မယ္"

႐ိုး႐ွင္းတဲ့စာေၾကာင္းအခ်ိဳ႕ေျဖၿပီးေနာက္ ဝမ္ေ႐ွာင္းယြင္က ထပ္မေျဖေတာ့ဘူး။

အေ႐ွ႕မွာေလွ်ာက္ေနတဲ့ စစ္သားေတြက လမ္း႐ွင္းေပးတယ္။ ဒီသတင္းေထာက္ေတြက ဆက္ၿပီး အင္တာဗ်ဴးခ်င္ဖို႔ ထပ္ၿပီးတိုးေဝွ႕ခ်င္ေနေသးတာကို ေတြ႕ေတာ့ စစ္သားေတြအကုန္လံုး သူတို႔ကို တားဖို႔လုပ္ၾကတယ္။

ဒါေပမဲ့ ေနရာမွာ တကယ္ကို လူေတြမ်ားလြန္းလို႔ သူတို႔ကို ခ်က္ခ်င္း ထြက္သြားခိုင္းဖို႔ နည္းလမ္းမ႐ွိဘူး။

သတင္းေထာက္ေတြက ဝမ္ေ႐ွာင္းယြင္အေၾကာင္း ကိုယ္ေရးကိုယ္တာေမးခြန္းေတြ အမ်ားႀကီး ေမးၾကတယ္။ သို႔ေပမဲ့ ဝမ္ေ႐ွာင္းယြင္ ေျဖဆိုဖို႔ ျငင္းဆန္လိုက္ၿပီးေနာက္ သတင္းေထာက္တစ္ေယာက္က သူ႔ရဲ႕အၾကည့္ကို ကၽြမ္းက်ိဳးဘက္ လွည့္လိုက္တယ္။ ႐ုတ္တရက္ သူရဲ႕ပါးစပ္ကိုဖြင့္ၿပီး ေမးလုိက္တယ္--

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ ဒီက လူႀကီးမင္းနဲ႔ ခင္ဗ်ားနဲ႔ ဘယ္လိုဆက္ဆံေရးမ်ိဳးပါလဲ"

ဒီေမးခြန္းက အေပါက္ဝကို ဖြင့္ေပးလိုက္ပံုရတယ္။ သတင္းေထာက္ေတြအကုန္လံုးက ကင္မရာေတြကို ျပန္ျပင္လိုက္ၾကၿပီး ကၽြမ္းက်ိဳးကို စၿပီးမွတ္တမ္းတင္ေနၾကတယ္။ ကၽြမ္းက်ိဳးနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို တစ္ခုၿပီးတစ္ခု ေမးေတာ့တယ္။

ကၽြမ္းက်ိဳးက နည္းနည္းေလး စၿပီး ေၾကာက္လာတယ္။ ဘာျဖစ္လို႔ လူေတြက သူဘယ္သူလဲဆိုတာ သိခ်င္ေနၾကတာလဲ သူေတာင္မသိဘူး။

သူ႔လက္ကို အနည္းငယ္ ျပန္ဆြဲယူလိုက္ၿပီး သူ ခ်န္က်င့္႐ႊယ္နဲ႔အတူတူ ေလွ်ာက္လာလို႔ရတယ္လို႔ ဝမ္ေ႐ွာင္းယြင္ကို ေျပာခ်င္ေနတယ္။

သူ႔လက္အေနာက္ကို ေရႊ႕သြားတာနဲ႔ ဝမ္ေ႐ွာင္းယြင္က သူ႔ကို နည္းနည္းပိုတင္းတင္းက်ပ္က်ပ္ ဆြဲဆုပ္လိုက္တယ္။

ကၽြမ္းက်ိဳး စိတ္႐ႈပ္ေထြးေနတုန္းမွာ ဝမ္ေ႐ွာင္းယြင္ သူ႔လက္ကို ေျမွာက္လိုက္ၿပီး သတင္းေထာက္ေတြအကုန္လံုးနဲ႔ တိုက္႐ုိက္ထုတ္လႊင့္မႈက ၾကည့္႐ႈသူေတြကိုလည္း ျဖည္းျဖည္း ေျပာလိုက္တယ္: "သူ႔ကို ကၽြမ္းက်ိဳးလို႔ေခၚတယ္။ သူက ငယ္ေသးတဲ့ပံုေပါက္ေနေပမဲ့ သူက မၾကာေသးခင္က အ႐ြယ္ေရာက္ၿပီးတာပါ"

ခဏတန္႔လိုက္ၿပီး သူက သူတို႔ရဲ႕ ယွက္ႏြယ္ထားတဲ့လက္ေတြကို တစ္ခ်က္ၾကည့္လုိက္ၿပီး တည္ၿငိမ္ေနတဲ့မ်က္ႏွာနဲ႔ ေျပာလိုက္တယ္: "သူက ကၽြန္ေတာ့္အတြက္ ဘယ္လိုလူလဲဆိုတာကေတာ့ ခင္ဗ်ားတို႔ ၾကည့္႐ံုနဲ႔ မေျပာႏိုင္ဘူးလား။ ဒီထက္ပိုၿပီး ႐ွင္းျပစရာလိုေသးလို႔လား"

တိုက္႐ိုက္ထုတ္လႊင့္မႈၾကည့္႐ႈသူမ်ားနဲ႔ သတင္းေထာက္အားလံုး: "?????"

"အိုး ငလူး အိုး ငလူး! ေယာက္်ားေရ၊ ဒါက ဘာကိုဆိုလိုတာလဲ!"

"ငါမယံုဘူး!!!! မျဖစ္ႏိုင္ဘူး! ဗိုလ္ခ်ဳပ္ႀကီးဝမ္က ငါ့လူ!"

"ဒါက ... ဒါက တရားဝင္ေၾကညာလိုက္တာလား"

"ဘာလို႔လဲ! နတ္ဘုရားက B-324 မွာ အားျပန္ျဖည့္ေနတာမဟုတ္ဘူးလား။ သူက အားျဖည့္ေနရာကေန ဘာျဖစ္လို႔ မိန္းမတစ္ေယာက္ပါ ေခၚလာရတာလဲ!"

"အားးးး ဒါဆို တကယ္ပဲ ဒီလို ဆက္ဆံေရးမ်ိဳးေပါ့! ငါက အခုပဲ ေတြးေနတာ ဗိုလ္ခ်ဳပ္ႀကီး ေ႐ွာင္ေကာေကာကို ၾကည့္တာ အရမ္းႏူးညံ့တာပဲလို႔"

"ဒီေ႐ွာင္ေကာေကာက ဘယ္ေလာက္ခံ့ညားၿပီး လွပလိုက္လဲဆိုၿပီး ဂ႐ုစိုက္ေနတာ ငါတစ္ေယာက္တည္းလား။ သူ႔ရဲ႕႐ုပ္က ဗိုလ္ခ်ဳပ္ႀကီးနဲ႔ တကယ္ကို လိုက္ဖက္တယ္လို႔ ထူးထူးဆန္းဆန္းခံစားေနရတယ္!"

"အေပၚက ကြန္းမန္႔ကို +1! ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ အဲဒီေယာက္်ားေတာထဲမွာ ဒီေ႐ွာင္ေကာေကာက တကယ္ကို အရမ္းေကာင္းလြန္းတယ္!"

"အခုသူ ဘယ္ေလာက္အံ့အားသင့္ေနလဲ ၾကည့္ပါဦး။ ဗိုလ္ခ်ဳပ္ႀကီးဝမ္က တရားဝင္ေၾကညာလိမ့္မယ္ဆိုတာ သူမသိထားဘူးလား"

ကၽြမ္းက်ိဳး တကယ္ပဲ မသိခဲ့ဘူး။ သူ ဝမ္ေ႐ွာင္းယြင္ ဘာဆိုလိုတာလဲကိုေတာင္ နားမလည္ဘူး။

သူက ဝမ္ေ႐ွာင္းယြင္အတြက္ ဘယ္လိုလူလဲဆိုတာ သူကိုယ္တိုင္ေတာင္မွ မသိဘူး။

အမ္း အေကာင္းဆံုးသူငယ္ခ်င္းေတြမ်ားလား။

ဟုတ္ေလာက္တယ္။ သူ စစ္သေဘၤာ Wyvern ေပၚမွာတုန္းက သူက ဝမ္ေ႐ွာင္းယြင္နဲ႔ ဆက္ဆံေရးအေကာင္းဆံုးပဲ။

ကၽြမ္းက်ိဳး ဒါကို ႐ွင္း႐ွင္းလင္းလင္း အေျဖထုတ္ၿပီးသြားတဲ့ေနာက္ သတင္းေထာက္ေတြကို အလြန္ေပ်ာ္႐ႊင္စြာ ၿပံဳးျပလိုက္တယ္။

သူၿပံဳးလိုက္တဲ့အခါမွာ မ်က္ခံုးေတြက အလြန္ ဆြဲေဆာင္မႈ႐ွိစြာ ေကာ့ညြတ္သြားတယ္။ လံုးဝကို ၾကက္ေသေသေနတဲ့ သတင္းေထာက္ေတြက ျပန္အသိဝင္လာၾကၿပီး ဒီေလာေလာလတ္လတ္ ေၾကညာထားတဲ့ ဗိုလ္ခ်ဳပ္ႀကီးကေတာ္ကို ကမန္းကတန္းနဲ႔ စတင္မွတ္တမ္းတင္ၾကတယ္။

ဝမ္ေ႐ွာင္းယြင္၊ ကၽြမ္းက်ိဳးနဲ႔ တျခားသူေတြ အာကာသဆိပ္ကမ္းကေန ေနာက္ဆံုး ထြက္ခြာသြားတဲ့အခ်ိန္က နာရီဝက္ေလာက္ေတာင္ ၾကာေနၿပီ။

အဲဒီအခ်ိန္အတြင္းမွာ ဝမ္ေ႐ွာင္းယြင္နဲ႔ ကၽြမ္းက်ိဳးသတင္းက ခ်က္ခ်င္း ျပန္႔ႏွံ႔သြားၿပီး ၾကယ္စုကြန္ရက္ေပၚမွာ အ႐ွာအမ်ားဆံုး သတင္းျဖစ္သြားၿပီး တခ်ိဳ႕သတင္းေခါင္းစီးေတြကိုေတာင္ ဖံုးသြားတယ္။

တကယ္တမ္း လူေတြကို အံ့အားသင့္ေစတာက ဝမ္ေ႐ွာင္းယြင္ရဲ႕ ေပၚျပဴလာျဖစ္မႈက ကၽြမ္းက်ိဳးအေၾကာင္းသတင္းေတြရဲ႕ ေပၚျပဴလာျဖစ္မႈကို မမီတာပဲ။

ၾကယ္စုကြန္ရက္တစ္ခုလံုးက ဝမ္ေ႐ွာင္းယြင္ B-324 ေပၚမွာ အားျဖည့္ၿပီး အျပန္ ဘယ္လိုမ်ိဳး ခ်စ္သည္းညွာေလးကို ေခၚလာတာလဲဆိုတာ သိခ်င္ေနၾကတယ္။

ဒီအေၾကာင္းက သူ႔ရဲ႕က်ဆင္းသြားတဲ့ စိတ္စြမ္းအားထက္ေတာင္မွ ပိုအံ့ဩစရာေကာင္းေနေသးတယ္။

ဒီကၽြမ္းက်ိဳးက ဘယ္သူလဲ။

သူက ဘယ္မိသားစုကလာတာလဲ။

သူ႔မွာဘယ္လိုအရည္အခ်င္းေတြ ႐ွိလဲ။

အခ်ိန္အတိုင္းအတာတစ္ခုအထိ လူေတြက ကၽြမ္းက်ိဳးရဲ႕သ႐ုပ္မွန္ကို စတင္အာ႐ံုစိုက္လာၾကတယ္။

ကၽြမ္းက်ိဳးကိုယ္တိုင္ကိုေတာ့ ဘာမွ အက်ိဳးသက္ေရာက္မႈမ႐ွိဘူး။ သူက အြန္လိုင္းေပၚေတာင္မွ မသြားခဲ့ဘူး။

ဝမ္ေ႐ွာင္းယြင္က တပ္ထဲကို သတင္းပို႔ဖို႔ သြားတဲ့အခ်ိန္ သူ႔ကို ခ်န္က်င့္႐ႊယ္က ဝမ္ေ႐ွာင္းယြင္ရဲ႕အိမ္ကို ျပန္ေခၚသြားတယ္။

ကၽြမ္းက်ိဳး ဝမ္ေ႐ွာင္းယြင္ရဲ႕အိမ္ကို လွည့္ပတ္ၾကည့္ေနတယ္။ အိမ္က သိပ္မႀကီးဘူး။ ေနာက္ၿပီး ဝမ္ေ႐ွာင္းယြင္က ဒီမွာ သိပ္ေနပံုမရဘူး။

ေလွ်ာက္ပတ္ၾကည့္ၿပီးေနာက္ သူက ဆိုဖာေပၚမွာထိုင္ရင္း ဝမ္ေ႐ွာင္းယြင္ျပန္လာတာကို ေစာင့္ေနတယ္။

ၿမိဳ႕ေတာ္ၿဂိဳလ္က B-324 နဲ႔ အခ်ိန္ကြာျခားခ်က္႐ွိတယ္။ အခုပဲ ညအခ်ိန္ေတာင္ ေရာက္ေနၿပီ။

ကၽြမ္းက်ိဳးက အခ်ိန္ကိုၾကည့္လိုက္တယ္။ သူ႔မ်က္လံုးထဲမွာ ျပင္းျပတဲ့ဆႏၵေတြနဲ႔ ရည္မွန္းခ်က္မီးေတာက္ေတြက ေတာမီးလိုပဲ စတင္ေတာက္ေလာင္လာတယ္!

ဒီည--

ဝမ္ေ႐ွာင္းယြင္ကို ႀကိဳဆိုဖို႔လာတဲ့ အာကာသဆိပ္ကမ္းက စစ္သားေတြ၊ သတင္းေထာက္ေတြ၊ လူေတြအကုန္လံုး၊ ကၽြမ္းက်ိဳးကို ျမင္လိုက္တဲ့ အာကာသဆိပ္ကမ္းက အလုပ္သားေတြပါ အကုန္လံုးက တူညီတဲ့အိပ္မက္မက္ၾကတယ္။

အိပ္မက္ထဲမွာ ၾကယ္စုဒဂၤါးေတြနဲ႔လုပ္ထားတဲ့ မ်က္ႏွာဖံုးဝတ္ဆင္ထားတဲ့လူတစ္ေယာက္က သူတို႔ေ႐ွ႕မွာရပ္ေနတယ္။

"ကၽြန္ေတာ့္ကို ကိုးကြယ္လိုက္ ခင္ဗ်ားကို ခ်မ္းသာေအာင္လုပ္ေပးမယ္"

အမွန္ပဲ။ ႂကြယ္ဝျခင္းနတ္ဘုရားေလးက မ်က္ႏွာဖံုးတစ္ခု ဝတ္ထားတယ္!

ေနာက္ၿပီး အဲဒါကို ၾကယ္စုဒဂၤါးေတြနဲ႔ လုပ္ထားတာေနာ္!

...................xxx...................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ကၽြမ္းက်ိဳး: မ်က္ႏွာမွာ ၾကယ္စုဒဂၤါးအႀကီးႀကီးတစ္ျပား ဝတ္ထားမွပဲ တျခားသူေတြက ငါက ခ်မ္းသာႂကြယ္ဝျခင္းကို ကိုယ္စားျပဳတယ္ဆိုတာ သိၾကမွာေပါ့။ (ခါးမွာလက္ေထာက္လ်က္.jpg) 

Continue Reading

You'll Also Like

130K 27.5K 25
Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပါ့ပါးပါးေလးနဲ႕ အခြီေလးေတြပါျပီး ခ်စ္ဖို႕...
149K 15.7K 38
About gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm n...
266K 42.1K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
333K 61.3K 107
Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi Duo (漫漫何其多) Original publisher : jjwxc C...