မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.9K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(25)

3.3K 548 33
By ShweLoon365

(Unicode)

“အပြင်မှာ မိုးရွာနေတယ်လို့ ငါပြောပြီးပြီလေ။ မိုးရွာထဲမှာ  မင်းဖျားသွားရင် ငါတို့ဘယ်လိုလုပ်မလဲ”

ရှုကျင်ထျန်းသည် သူ့ကိုယ်ခန္ဓာကို သိပ်ဂရုမစိုက်သော ရှုဟန်ယွီအတွက် အနည်းငယ် စိတ်ဆင်းရဲသွားရသည်။

သို့သော် ရှုဟန်ယွီက မတုံ့ပြန်ခဲ့ပေ။ သူက ရှုကျင်ထျန်းဆီချဉ်းကပ်ပြီး သူ့နှုတ်ခမ်းကိုဖိပိတ်လိုက်သည်။

ရှုကျင်ထျန်းက ပထမအကြိမ်အဖြစ် သူ့ကိုမငြင်းဆန်ခဲ့ပေ။ အေးမြလန်းဆန်းသော အရည်တစ်ခုသည် ရှုဟန်ယွီ၏ ပါးစပ်မှတစ်ဆင့် သူ့ဆီသို့ဖြတ်သန်းလာသည်။ ဤကဲ့သို့ပုံစံဖြင့် 'ရေ'ပေးသည်မှာ ထင်ရှားလှသည်။

ရှုကျင်ထျန်းက မျက်တောင်ခတ်ပြီး ရှုဟန်ယွီထံမှ နောက်ပြန်မဆုတ်ခဲ့ပေ။

သို့သော် ရှုဟန်ယွီသည် သူ့အားရေတိုက်ကျွေးပြီးနောက် မိန်းမပျိုလေး၏ နှုတ်ခမ်းများကိုချန်ထားကာ ဆက်လက်မကျူးကျော်ခဲ့ပေ။

"လုံလောက်ပြီလား? မဟုတ်ရင် ကိုယ်ထပ်ယူပေးမယ်"
ရှုဟန်ယွီသည် မိန်းမပျိုလေးရှေ့မှာ ဝပ်တွားကာ တိုးတိုးလေးပြောလိုက်သည်။

ရှုကျင်ထျန်းက ရေမစိုချင်ဘူးဆိုတော့ ရှုဟန်ယွီကလည်း သူ့ခန္ဓာကိုယ်ကိုမထိဘူး။

“လုံလောက်ပြီ၊ လုံလောက်ပြီ”

ရှုကျင်ထျန်း၏စိတ်ထဲမှာ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ရှုဟန်ယွီရဲ့အနမ်းကြောင့် တွန်းထုတ်ဖို့ကိုတောင် ရုတ်တရက် သတိမရနိုင်တော့ဘူး။ ပါးစပ်နဲ့တစ်ဆင့် ပေးလာတဲ့ရေကလည်း ညစ်ပတ်တယ်လို့ မခံစားရဘူး။ ရှုကျင်ထျန်းက ခေါင်းငုံ့ပြီး နှုတ်ခမ်းကိုဖိကိုက်ထားလိုက်သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်းကို မထိတွေ့မီ သူ့ကိုယ်သူ ရေခြောက်သွားအောင် စောင့်နေလိုက်သည်။ မိန်းမပျိုလေး၏ ခန္ဓာကိုယ်သည် တိုးတက်မှုအနည်းငယ်မျှမရှိဘဲ ပူနေသေးသည်။

"ထျန်းထျန်း ပူနေတာလား။ မင်းခန္ဓာကိုယ်က ဘာလို့ဒီလောက်ပူနေရတာလဲ"

ရှုဟန်ယွီသည် အလွန်စိုးရိမ်နေပြီး မိန်းမပျိုလေး၏အပူချိန်ကို လျှော့ချရန် သူ့ကိုယ်ခန္ဓာကို အသုံးပြုခဲ့သည်။

“အဆင်ပြေပါသေးတယ်။ ငါက နည်းနည်း စိုစွတ်နေသလိုပဲ ခံစားရတာပါ။ ငါ့ခန္ဓာကိုယ်ကစေးကပ်နေပြီး သက်တောင့်သက်သာမရှိသလိုပဲ”

“ဒါဆို အိမ်ပြောင်းကြရအောင်။ ကိုယ်အခုချက်ချင်း ခြောက်နေတဲ့နေရာကို သွားရှာမယ်"

“မိုးတိတ်အောင် အရင်စောင့်ပါဦး။ အခု မိုးအရမ်းရွာနေတယ်။ အဲ...သားရဲအရေခွံကို ပြန်ယူလာသေးလား။ အဲဒါကို ငါလုံးဝမေ့သွားခဲ့တာ"

ရှုကျင်ထျန်းက ထပြီး သားရဲအရေခွံကို ယူလိုက်သည်။ သားရဲအရေသည် လုံးဝ ခြောက်လုနီးပါးဖြစ်နေသည်။ အမွှေးတွေကပျော့ပေမယ့် အရေပြားက အရမ်းမာသည်။

"အေးတဲ့ရာသီမှာ သုံးလို့ရတယ်ဆိုတော့ အရင်ပြင်ဆင်ထားသင့်တယ်"

“အမ်း နည်းနည်းပိုကြီးရင်ကောင်းမယ်။ စောင်အဖြစ် အိပ်လို့ရတယ်။”
ရှုကျင်ထျန်းသည် သားရဲ၏အရေပြားကို ပျော့ပျောင်းလာစေရန် မျှော်လင့်လျက် ပွတ်သပ်လိုက်သည်။

"အဲ့မှာရှိလိမ့်မယ်။ နောက်တစ်ခါကျရင် ကိုယ် ပိုကြီးတဲ့အကောင်တွေကို အာရုံစိုက်ပြီး ဖမ်းပါ့မယ်”

ရှုဟန်ယွီသည် မိန်းမပျိုလေးဘက်သို့ လျှောက်သွားပြီး သတို့သမီးသဖွယ် သူ့ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူတို့အိပ်သော မြက်ခင်းဆီသို့ ပြန်သယ်သွားခဲ့သည်။

ရှုဟန်ယွီက မိန်းမပျိုလေးကို သူ့ပေါင်ပေါ်တင်လိုက်ပြီး လက်နှစ်ဖက်ကို သူ့(ကျင်ထျန်း)ခန္ဓာကိုယ်မှာ ရစ်ပတ်လိုက်သည်။

ရှုကျင်ထျန်းအတွက်တော့ ထိုသို့ထိုင်ရသည်မှာ သက်သောင့်သက်သာရှိပြီး ရှုဟန်ယွီ၏ပခုံးပေါ် ကိုပင် ခေါင်းတင်ထားလိုက်သေးသည်။ သိပ်မကြာခင်မှာပဲ သူ့မျက်လုံးများမှေးစင်းလာလေ၏။

ရှုကျင်ထျန်းသည် မသိလိုက်ချိန်မှာပဲ အိပ်ပျော်သွားပြန်သည်။ သူနိုးလာသောအခါ ကောင်းကင်တစ်ခုလုံးက လုံးဝမှောင်မဲနေပြီ။ မှောင်လွန်းလို့ အလင်းရောင်အရိပ်အယောင်ပင်မရှိ။ ဂူဝင်ပေါက်ကိုတောင် မမြင်ရတော့ပေ။

ရှုကျင်ထျန်းက တုန်လှုပ်သွားသော်လည်း မြွေကြီးက သူ့ကိုမခြောက်လှန့်ခဲ့ပေ။

"ဟန်ယွီ"
ရှုကျင်ထျန်းက သူ့ကိုထိလိုက်တာပေမယ့် မြွေကြီးကအဝေးကို ထွက်သွားပုံရသည်။ အရမ်းနောက်ကျနေမှ သူဘယ်ကိုသွားတာလဲ?

ရှုကျင်ထျန်းသည် ကုတ်အင်္ကျီကိုထိလိုက်ပြီး ခရမ်းရောင်ညဥ့်ပုလဲကို ထုတ်ယူလိုက်ရာ ဂူထဲမှာ အလင်းရောင်အနည်းငယ် တောက်ပလာသည်။ ရှုဟန်ယွီက ဂူထဲတွင်မရှိပေ။

ရှုကျင်ထျန်းသည် သူ့ကိုယ်သူ ပါးလွှာသောစောင်လေးဖြင့်ထုပ်ပိုးပြီး တောရိုင်းအသီးအနှံများကို ရှာဖွေစားသောက်ရန် ထလိုက်သည်။ အသီးအနှံတွေက နည်းနည်းချဉ်ပြီး စားလိုက်တာနဲ့ အတော်လေး လန်းဆန်းသွား၏။

ရှုကျင်ထျန်းသည် အသီးနှစ်လုံးစားပြီး ခွန်အားအနည်းငယ်ရရှိလာသည်။ သူလည်း နည်းနည်းဗိုက်ဆာနေပြီ။ ထို့ကြောင့် သူသည် နေ့ခင်းဘက်တွင် သူကင်ထားသော ကန်စွန်းဥများကို လှည့်ပတ်ကြည့်နေသည်။

ကန်စွန်းဥတစ်လုံးစားပြီးနောက် ရှုကျင်ထျန်း၏ဗိုက်သည် အလွန်ကောင်းမွန်လာသည်။ ဂူထဲမှာဘာမှလုပ်စရာမရှိတာကြောင့် ရှုဟန်ယွီအကြောင်းသာ ဆက်တွေးနေလေ၏။ ရံဖန်ရံခါတွင် သူသည် အနက်ရောင် လှိုဏ်ဂူအဝင်ဝကို လှမ်းကြည့်ဖြစ်သေးသည်။ အရမ်းနောက်ကျနေပြီ။ မြွေကြီးကဘာလို့ပြန်မလာသေးတာလဲ?

အချိန်အတော်ကြာပြီးနောက် ရှုကျင်ထျန်းကအနည်းငယ် အိပ်ငိုက်လာပြန်သည်။ ရှုဟန်ယွီသည် မိုးရေများရွှဲနေသော သူ့ခန္ဓာကိုယ်နှင့် အပြင်ဘက်မှလျှောဆင်းလာကာ ပါးစပ်ထဲတွင်လည်း အသေကောင်တစ်ကောင်ကို ကိုက်ထားလိုက်သည်။

ရှုဟန်ယွီသည် မိန်းမပျိုလေးနိုးလာသည်ကို မြင်သောအခါ အလွန်ပျော်ရွှင်သွားပြီး သူ့ကိုဖက်ထားရန် လူသားပုံစံအဖြစ် ပြောင်းလဲလိုက်သည်။

"ထျန်းထျန်း ဗိုက်ဆာနေတာလား။ စားစရာတွေဖမ်းလာတယ်။"

ရှုကျင်ထျန်းက ခေါင်းယမ်းလိုက်သည်။
“ငါ ဗိုက်မဆာဘူး။ အခုမှ ဘာလို့ပြန်လာတာလဲ။ ပုံမှန်ဆိုရင် မင်းအမဲလိုက်ဖို့ ဒီလောက်ကြာတာ ငါတစ်ခါမှမတွေ့ဖူးဘူး"

“ကိုယ် ဂူရှာဖို့ ထွက်သွားတာပါ”
ရှူဟန်ယွီက ဘေးဘက်သို့သက်တောင့်သက်သာ လှဲချလိုက်ပြီး ရှုကျင်ထျန်း၏ လူတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲသို့ပွေ့ချီလိုက်သည်။

"ဘာလို့ညဥ့်နက်မှ လှိုဏ်ဂူရှာနေတာလဲ"

ရှုကျင်ထျန်းက မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ သူကိုယ်တိုင်က ဒါကို ပေါ့ပေါ့ပါးပါးပြောခဲ့ပေမဲ့ ရှုဟန်ယွီက မိုးရေထဲဆင်းပြီးရှာခဲ့တယ်။

"မင်းက ဘယ်လို့များ ဒီလောက်ရူးမိုက်ရတာလဲ။ မိုးရွာတာရပ်မှ ရှာရမယ်လို့ ငါပြောထားပြီးသားလေ"

မိန်းမပျိုလေးကိုကိုင်ထားသည့် ရှုဟန်ယွီ၏လက်များသည် ရုတ်တရက်တင်းကျပ်လာကာ အံ့သြဝမ်းသာစွာဖြင့်ပြောလာသည်။

“ထျန်းထျန်း ကိုယ့်အတွက် စိတ်ပူနေတာလား။ ကိုယ်အဆင်ပြေပါတယ်။ ကိုယ်အဲ့လိုလုပ်နေကျပါ"

ရှုကျင်ထျန်းလန့်သွားသည်။ ဒီမြွေကြီးအတွက် သူဘာလို့စိုးရိမ်နေခဲ့တာလဲ? ဤယောကျ်ားပျိုသည် သူ့ကိုထောင်သွင်းအကျဉ်းချပြီး သူ၏လွတ်လပ်ခွင့်ကို ဖယ်ရှားခဲ့သူဖြစ်သည်။ သူဘာများလုပ်နေခဲ့တာလဲ?

ရှုကျင်ထျန်းက တိတ်ဆိတ်သွားလေ၏။

ထိုအချိန်မှစ၍ ရှုဟန်ယွီသည် ရှုကျင်ထျန်းအိပ်ပျော်သွားပြီးနောက် နေ့တိုင်းအပြင်ထွက်ခဲ့သည်။ ရှုကျင်ထျန်းက ထိုအရာကို သတိပြုမိပြီးနောက်တွင် သူသည် စားချိန်အိပ်ချိန်ကို မတောင်းဆိုခဲ့ပေ။ သူ့ရောဂါကလည်း သက်သာလာတဲ့ လက္ခဏာမပြဘဲ အမြဲတမ်းမူးဝေပြီး မောပန်းနေသည်။။

ရှုကျင်ထျန်းက နာမကျန်းဖြစ်တာကြာပြီ။ ဂူကအရမ်းစိုနေလို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့ဒီရောဂါက သုံးလေးရက်လောက်ကြာပြီး ရှုဟန်ယွီလည်းအလူးအလဲ စိတ်ပူလာသည်။ သို့ရာတွင် သူသည် စားဖို့အစာကောင်းကောင်းရှာရုံမှလွဲပြီး မိန်းမပျိုလေးပြန်ကောင်းလာဖို့ ခြောက်သွေ့တဲ့နေရာကိုရှာဖို့သာ ကြိုးစားနိုင်ခဲ့သည်။

တစ်နေ့တွင် ရှုကျင်ထျန်းသည် မရင်းနှီးသောနေရာတွင် နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဂူမျက်နှာကျက်ကမတူပေ။

တောင်ပေါ်ရှိ လိုဏ်ဂူတစ်ခုဖြစ်သည်။ သူသည် ဂူ၏အနက်ရှိုင်းဆုံးနေရာတွင် အိပ်ပျော်နေပြီး သူ့ခန္ဓာကိုယ်ကို ပါးလွှာသော အဖြူရောင်စောင်ဖြင့် ဖုံးလွှမ်းထားသည်။

ရှုကျင်ထျန်းကလန့်သွားပြီး ချက်ချင်းထလိုက်သည်။ သူ၏အလျင်စလို မတ်တတ်ထရပ်ခြင်းကြောင့် ရှုကျင်ထျန်း၏ ဦးခေါင်းသည် အပြင်းအထန်မူးဝေသွားပြီး သူ့မျက်လုံးများသည်ပင် အမှောင်များဖုံးလွှမ်းသွားသည်။ ခဏကြာမှသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဂူထဲမှာသူပဲရှိတာမို့ ရှုကျင်ထျန်းဟာ မတည်မငြိမ်တဲ့ ခြေသံတွေနဲ့ ဂူထဲကနေ ထွက်လာခဲ့သည်။

သူ့မျက်လုံးထဲကို ဝင်သွားတဲ့အရာက ကျယ်ဝန်းပြီး စိမ်းလန်းစိုပြေနေ၏။ အောက်ခြေတွင် ကွာဟချက်မမှန်ဘဲ သစ်ပင်ထိပ်များကို နီးကပ်စွာစုစည်းထားသလိုပင်။ သစ်ပင်များသည် အလွန်နီးကပ်နေသဖြင့် အစိမ်းရောင်ကော်ဇောဟု ထင်နေရသည်။

ဒါကတောင်အလည်မှာရှိတယ်ဆိုတာ သိလိုက်ရသည်။ ဤလှိုဏ်ဂူသည် တောင်တံတိုင်းဘက်ခြမ်းတွင် နစ်မြုပ်နေသည့်နေရာဖြစ်သည်။ လှိုဏ်ဂူအထက်တောင်စောင်းသည် အပြင်ဘက်သို့ တိုးထွက်ကာ မိုးဒဏ်ကိုခံနိုင်ရည်ရှိသည်။ ဂူအောက်က လေး ငါးဒီဂရီလောက်မှာ တိမ်းစောင်းနေပြီး တောင်စောင်းက မိုးရေသံတွေက တဖျောက်ဖျောက်ထွက်ပေါ်နေသည်။

မိုးသည်းထန်စွာရွာနေသဖြင့် မြွေကြီးသည် သူ့အား ဤနေရာသို့ ယူဆောင်လာပုံကို သိသူဖြစ်သည်။ မထင်မှတ်ပဲ သေလွန်သူများကဲ့သို့ အလွန်အိပ်မောကျကာ ဘာကိုမှ မခံစားခဲ့ရပေ။

ဒီမြွေကြီး ဘယ်ဆီပြန်ပြေးသွားတာလဲ? အစာရှာသွားပြန်တာလား! ရှုကျင်ထျန်းသည် ဂူအစွန်းတွင်ရပ်ကာ ရှုဟန်ယွီ၏ပုံရိပ်ကို ရှာဖွေနေလေ၏။

ဂူရဲ့အစွန်းက မိုးမရွာပေမယ့် အနားကမြေဆီလွှာတွေကတော့ မိုးရေကြောင့် စိုစွတ်နေဆဲပင်။ စိုစွတ်သော မြေဆီလွှာသည် အနည်းငယ်ချောင်ကျသွားသည်။ ရှုကျင်ထျန်းက အဲ့အနားမှာရပ်လိုက်တဲ့အခါ သူ့ခြေဖဝါးအောက်က မြေဆီလွှာဟာ သူ့အလေးချိန်ကြောင့် လျှောကျသွားတာကို ခံစားလိုက်ရပြီး လျင်မြန်စွာခြေတစ်လှမ်းဆုတ်လိုက်သည်။

ကံမကောင်းတဲ့သူတွေဟာ သူတို့ရဲ့သွားကြားထဲမှာ ရေအေးတွေတောင် ကပ်နေလိမ့်မယ်လို့ ပြောလို့ရတယ်။ (TN: ကံဆိုးမှသွားရာ မိုးလိုက်လို့ရွာ အဓိပ္ပါယ်လိုမျိုးကွယ်) သူနောက်မဆုတ်ရင် ကောင်းလိမ့်မယ်။ သူလှုပ်လိုက်တာနဲ့ နဂိုကမာကြောမှုမရှိသော မြေဆီလွှာကပြိုကျလာသည်။

ရှုကျင်ထျန်းသည် အနည်းငယ်မှင်သက်နေသောကြောင့် သူ၏တုံ့ပြန်မှုသည် ပုံမှန်ထက်များစွာနှေးကွေးသွားခဲ့သည်။ ပြိုကျနေသော မြေဆီလွှာနှင့်အတူ သူ့ဘယ်ဘက်ခြေသည်လည်း လျှောကျလာပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပင်ဟန်ချက်ပျက်သွားခဲ့သည်။

"အား!"
ရှုကျင်ထျန်းသည် ထိတ်လန့်စွာအော်ဟစ်ပြီး တင်ပါးကဦးစွာပြုတ်ကျကာ လျော့ရဲသောမြေကို ထပ်မံပြိုကျစေခဲ့သည်။ သူ့တစ်ကိုယ်လုံး တောင်ကုန်းပေါ်သို့ ပြုတ်ကျသွားလေ၏။

သူ၏ခန္ဓာကိုယ်သည် အရှိန်အဟုန်ဖြင့် လျှောဆင်းသွားကာ ရှုကျင်ထျန်းသည် အလေးချိန်ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ ဤတောင်စောင်းတွင် ပေါင်းပင်အနည်းငယ်နှင့် ချုံပုတ်ကျဲများရှိသည်။ ရှုကျင်ထျန်းသည် သူ့နှလုံးသားထဲတွင် စည်းမဲ့ကမ်းမဲ့ အလေးချိန်မဲ့မှုကို တွန်းလှန်ခဲ့ပြီး သူ့အောက်ရှိ ပေါင်းပင်များကို အစွမ်းကုန်ဆွဲထားခဲ့သည်။

သို့သော် တောင်စောင်းသည် တိမ်းစောင်းလွန်းသဖြင့် ဤပေါင်းပင်များ၏ အမြစ်များသည် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ လျှောကျခြင်းမှ မတားဆီးနိုင်ပေ။ ရံဖန်ရံခါလည်း ခြုံပုတ်အချို့ကိုလည်း ဝင်တိုက်တတ်သေးသည်။ ရှုကျင်ထျန်းသည် ပေါင်းပင်များနှင့်အတူ သူ၏ချော်လဲခြင်းကို ရပ်တန့်ရန် ပြတ်ပြတ်သားသား မစွန့်လွှတ်မီ အားသာချက် အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ထို့နောက် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့်ကာထားကာ သူ့ခန္ဓာကိုယ်ကို ဘောလုံးသဖွယ်ကွေးထားလိုက်သည်။

ရှုကျင်ထျန်းသည် တောင်ခြေရင်းသို့ လျင်မြန်စွာ လှိမ့်ဆင်းသွားပြီးနောက် စိမ်းလန်းစိုပြေသော ချုံပုတ်တစ်ခုထဲသို့ဝင်သွားကာ ရပ်တန့်သွားခဲ့သည်။ သူ့နောက်ကျောက ကြမ်းတမ်းပြီးခိုင်မာတဲ့ ချုံပုတ်တွေကို တိုက်မိလို့နာကျင်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အလွန်ထူထဲသော ချုံပုတ်များက သူ့နောက်ကျောတစ်ခုလုံးကို ထိမှန်သွားသည်။ သို့မဟုတ်ပါက သူသည်ကျောရိုးကို ထိခိုက်သွားနိုင်သည်။ ဒါက ကံဆိုးခြင်းမှာ ကံကောင်းခြင်းလို့ ယူဆနိုင်တယ်။ ရှုကျင်ထျန်းက အကောင်းမြင်စိတ်နဲ့ တွေးလိုက်သည်။

သူလှုပ်နေတာကို ရပ်လိုက်ရင်တောင် ရှုကျင်ထျန်းက မူးဝေနေတုန်းပဲ။ သူ့ခန္ဓာကိုယ်သည် အောက်ခြေမရှိသော တွင်းထဲသို့ ပြုတ်ကျကာ အောက်သို့ လျင်မြန်စွာ ရွေ့လျားသွားသလိုပင်။ သူလဲကျနေချိန်ထက်တောင် ပိုသည်းမခံနိုင်တော့ဘူး။

ရှုကျင်ထျန်းသည် ကြမ်းပြင်ပေါ်တွင် ဗိုက်မှောက်လှဲချလိုက်ပြီး ပြန်ကောင်းလာရန် အချိန်ယူလိုက်သည်။ သူ့တစ်ကိုယ်လုံးက တောင်စောင်းမှာ ပေါက်နေတဲ့ သစ်ဖုတွေရဲ့ဒဏ်ကြောင့် နာကျင်နေသည်။ သူအရင်ကလို ခေါင်းမမူးဘူးဆိုရင်တောင် အချိန်အတော်ကြာမထနိုင်သေးပေ။

မိုးသည်းထန်စွာရွာသွန်းလာရာ ရှုကျင်ထျန်းကိုယ်ပေါ်ရှိ အညစ်အကြေးအစွန်းအထင်းများကို ဆေးကြောလာသလိုပင်။ ရှုကျင်ထျန်း၏စိတ်သည် ပို၍ပင်လေးလံလာသည်။ သူသည် ခေါင်းကိုအတင်းခါယမ်းလိုက်ပြီး သူ့ကိုယ်သူထနိုင်ရန်တိုက်တွန်းလိုက်သည်။

ရှုကျင်ထျန်းက ခေါင်းမော့ပြီးကြည့်လိုက်သည်။ သူ၏အမြင်အာရုံသည် ချုံပုတ်များဖြင့် ဖုံးလွှမ်းနေပြီး ဂူကိုမမြင်နိုင်ပေ။ စိမ်းလန်းစိုပြေသော ဧရိယာတစ်ခုလုံးသာမြင်နေရသည်။ တောင်စောင်းက မတ်စောက်ပြီး မြေကြီးကချောနေသည်။ တက်ချင်ရင်တောင် ခက်ခဲလိမ့်မည်။

ခဏနေပါဦး၊ သူကဘာလို့ ပြန်တက်ချင်နေတာလဲ? ဒါက ကောင်းကင်ဘုံက သူ့အတွက်ပေးတဲ့ အခွင့်အရေး ဖြစ်နိုင်သည်။ ဒီအခွင့်အရေးကို သူလက်မလွှတ်သင့်ဘူးမလား?

အခွင့်အရေးက ချက်ခြင်းပေါ်လာပေမယ့် ရှုကျင်ထျန်းက နည်းနည်းတော့ ချီတုံချတုံဖြစ်သွား၏။ အထူးသဖြင့် သူနေမကောင်းဖြစ်နေချိန်မှာ ရှုဟန်ယွီက သူ့ကိုအရမ်းဂရုတစိုက်ရှိခဲ့သည်။

ငယ်စဉ်ကတည်းက သူ့အဖေရဲ့ဂရုစိုက်မှုကို တစ်ခါမှ မခံယူဖူးတဲ့အပြင် သူ့အမေကလည်း သူ့ကိုပြုစု ပျိုးထောင်မပေးတဲ့အတွက် သူ့မိဘတွေအစား အဒေါ်ရဲ့ဂရုစိုက်မှုကိုခံယူပြီး ကြီးပြင်းလာခဲ့ရသည်။

နောက်ဆုံးတော့လည်း ရှုကျင်ထျန်းဟာ ချစ်ခြင်းမေတ္တာကင်းမဲ့တဲ့ သနားစရာကောင်းတဲ့လူတစ်ယောက်ပါပဲ။ တစ်ယောက်ယောက်က သူ့ကို ကောင်းကောင်း ဆက်ဆံတာရှားသည်။

မြွေကြီးတောင် ဒီလောက်မဆိုးဘူး။ အနည်းဆုံးတော့ သူနဲ့အတူရှိနေချိန်မှာ အစာအလုံအလောက် ဒါမှမဟုတ် နွေးထွေးမှုမရှိမှာကို စိတ်ပူနေစရာမလိုဘူး။ ထို့အပြင်မြွေကြီးက သူ့အတွက်လည်းစိတ်ပူပေးသည်။ သူ့ကိုနှစ်ရှည်စားနပ်ရိက္ခာအဖြစ်သုံးဖို့ အလုပ်ဖြစ်တာကြောင့်နေမှာပါ။

ထို့အပြင် သူသည်သေချာပေါက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဘာကြောင့်များလဲ ဒီတိုင်းလေးသွားရုံပါပဲ။

မေ့လိုက်ပါတော့ ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံးဖြတ်လိုက်ကြရအောင်။ သူကနည်းနည်းလေး ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းလွန်းတယ်၊ ပြီးတော့လည်း ပိုင်ဆိုးလွန်းနေသေးတယ် မဟုတ်ဘူးလား? သည်းခံနိုင်မယ်ဆိုရင်တော့ သူ ကတော်  တော် အသုံးဝင်ပေလိမ့် မည် ။

fuck! သူအဲဒါကို ကျင့်သုံးနိုင်ပါ့မလား? မလုပ်နိုင်ဘူး။ ပြောင်းလဲရမယ်။ သူ့ကိုပြောင်းလဲအောင်လုပ်ရမယ်။ အနည်းဆုံးတော့ အမြဲတမ်း တင်းတင်းကျပ်ကျပ်ရစ်ပတ်ပြီး လိုက်နမ်းလို့မရဘူး။ အဲ့အရာတွေကို ပြောင်းလဲခိုင်းရမယ်။

ဆုံးဖြတ်ချက်ချပြီးနောက် ရှုကျင်ထျန်း၏စိတ်နှလုံးသည် ချက်ချင်းပင်ပြေလျော့သွားသည်။

သူ့တစ်ကိုယ်လုံးကလည်း ရွှံ့တွေနဲ့ဖုံးလွှမ်းနေလေ၏။ မည်သို့ပင်ဆိုစေကာမူ သူသည်ရေချိုးရန် မြစ်တစ်စင်းကိုရှာကာ မြွေကြီးအလာကို စောင့်မျှော်နေရမည်။ မြွေကြီးတွေ့ရှိတဲ့ဒီနေရာဟာ မြစ်နဲ့မဝေးဘူးလို့ သူယုံကြည်တဲ့အတွက် အဲ့ဒါကိုသွားရှာသင့်သည်။

ရှုကျင်ထျန်းသည် တောင်ခြေရင်းဘက်သို့ တရွေ့ရွေ့လျှောက်သွားပြီး မြစ်တစ်စင်းကို ထိုနေရာတွင် ရှာတွေ့နိုင်မည်ဟု တွေးလိုက်သည်။

ရှုကျင်ထျန်းသည် သစ်ကိုင်းများကိုမှီ၍ ရှေ့သို့လျှောက်သွားရာ သူ့ခြေလှမ်းများကဟန်ချက်မညီသည့်အပြင် သူ့ခေါင်းကလည်းပိုလေးလာပြီး သူ့အမြင်တွေပင် မှုန်ဝါးလာသည်။

ရှုကျင်ထျန်း၏မျက်လုံးများကမှေးစင်းသွားပြီး ရေရွှံ့များဖြင့် ပြည့်နေသောမြေပြင်ပေါ်သို့ လဲကျသွားသည်။

မှုန်ဝါးနေတဲ့ကြားမှ သူ့ကို တစ်စုံတစ်ယောက် လာဆွဲနေသလို ခံစားလိုက်ရသည်။

မြွေကြီးလား? နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ!!
ထိုသို့တွေးပြီးသောအခါ ရှုကျင်ထျန်းက လုံးဝသတိလစ်သွားခဲ့သည်။

ရှုဟန်ယွီသည် သူ့ပါးစပ်ထဲတွင် စိုစွတ်နေသောသားကောင်ကို ကိုက်ထားပြီး ရွှံ့နွံများဖုံးလွှမ်းနေသောခန္ဓာကိုယ်နှင့် တောင်ပေါ်သို့ တက်လာခဲ့သည်။ ထျန်းထျန်း နိုးပြီလား။ နေရာတွေပြောင်းပြီးရင် သူမြန်မြန်ပြန်ကောင်းလာမှာပါလေ။

ရှုဟန်ယွီသည် မိန်းမပျိုလေးကို တွေ့လိုစိတ်ပြင်းပြလာပြီး တောင်တက်ခြင်းအရှိန်ကို မြှင့်တင်လိုက်သည်။ နောက်ဆုံးတွင်သူသည် သူတို့၏ဂူအသိုက်အသစ်သို့ ရောက်ရှိသွားပြီး တိတ်ဆိတ်သော ဂူထဲမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ပါးစပ်ထဲရှိ သားကောင်ပင် တဟုန်ထိုးပြုတ်ကျသွားပြီး ရွှင်မြူးနေသောသူ့နှလုံးသားသည် ချက်ချင်းအေးခဲသွားလေ၏။

ဂူထဲတွင် ဘာအရိပ်အယောင်မရှိ။ အဖြူသန့်သန့် ချည်ထည်တစ်ထည်သာ ကျန်တော့သည်။ ထျန်းထျန်း...မင်းပျောက်သွားပြန်ပြီ။

ခေါင်းကိုက်လိုက်တာ! ရှုကျင်ထျန်းက သူ၏မျက်နှာကိုရှုံ့တွပြီး ခြင်အော်သံကဲ့သို့ ညည်းညူသံကို ထုတ်လိုက်သည်။ သူ၏မှတ်ဉာဏ်သည် မယုံနိုင်လောက်အောင်ရှုပ်ထွေးနေပြီး သူ့မျက်တောင်တွေကိုဖွင့်ဖို့ပင် အပြင်းအထန်ရုန်းကန်နေရသည်။ ထို့နောက် သူသည် နွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ ကျရောက်သွားသည်။ မြွေကြီးလား?

ရှုကျင်ထျန်းသည် ယခင်မတော်တဆမှုကို ပြန်သတိရသည့်အချိန်တွင် တစ်စုံတစ်ဦး သယ်ဆောင်ခံလိုက်ရသည်။ သူကတောင်များပေါ်တွင် ဖြတ်သန်းသွားခဲ့ပြီး မြွေကြီးကသူ့ကိုကယ်တင်ခဲ့သည်။ မြွေကြီးက သူ့ကို နားလည်မှု လွဲနေတာလား ဒါမှမဟုတ် ဒေါသထွက်နေတာလား?

~~~~~~

4/11/21(8:25PM)

ဒီအပိုင်းတွေထိဖတ်ပြီးမှ သေချာသိလာရတယ်။ ထျန်းထျန်းကို ရှောင်ယွီကအရမ်းချစ်တာနော် ဘာလိုချင်လဲပြောလိုက် တန်းလုပ်ပေးတယ်။ sugar snakeကြီး😅

စကားမစပ် နောက်တစ်ပိုင်းမှာ သားရဲအသစ်လေးလာမယ်။

(Zawgyi)

အျပင္မွာ မိုး႐ြာေနတယ္လို႔ ငါေျပာၿပီးၿပီေလ။ မိုး႐ြာထဲမွာ  မင္းဖ်ားသြားရင္ ငါတို႔ဘယ္လိုလုပ္မလဲ

ရႈက်င္ထ်န္းသည္ သူ႕ကိုယ္ခႏၶာကို သိပ္ဂ႐ုမစိုက္ေသာ ရႈဟန္ယြီအတြက္ အနည္းငယ္ စိတ္ဆင္းရဲသြားရသည္။

သို႔ေသာ္ ရႈဟန္ယြီက မတုံ႕ျပန္ခဲ့ေပ။ သူက ရႈက်င္ထ်န္းဆီခ်ဥ္းကပ္ၿပီး သူ႕ႏႈတ္ခမ္းကိုဖိပိတ္လိုက္သည္။

ရႈက်င္ထ်န္းက ပထမအႀကိမ္အျဖစ္ သူ႕ကိုမျငင္းဆန္ခဲ့ေပ။ ေအးျမလန္းဆန္းေသာ အရည္တစ္ခုသည္ ရႈဟန္ယြီ၏ ပါးစပ္မွတစ္ဆင့္ သူ႕ဆီသို႔ျဖတ္သန္းလာသည္။ ဤကဲ့သို႔ပုံစံျဖင့္ 'ေရ'ေပးသည္မွာ ထင္ရွားလွသည္။

ရႈက်င္ထ်န္းက မ်က္ေတာင္ခတ္ၿပီး ရႈဟန္ယြီထံမွ ေနာက္ျပန္မဆုတ္ခဲ့ေပ။

သို႔ေသာ္ ရႈဟန္ယြီသည္ သူ႕အားေရတိုက္ေကြၽးၿပီးေနာက္ မိန္းမပ်ိဳေလး၏ ႏႈတ္ခမ္းမ်ားကိုခ်န္ထားကာ ဆက္လက္မက်ဴးေက်ာ္ခဲ့ေပ။

"လုံေလာက္ၿပီလား? မဟုတ္ရင္ ကိုယ္ထပ္ယူေပးမယ္"
ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးေရွ႕မွာ ဝပ္တြားကာ တိုးတိုးေလးေျပာလိုက္သည္။

ရႈက်င္ထ်န္းက ေရမစိုခ်င္ဘူးဆိုေတာ့ ရႈဟန္ယြီကလည္း သူ႕ခႏၶာကိုယ္ကိုမထိဘူး။

လုံေလာက္ၿပီ၊ လုံေလာက္ၿပီ

ရႈက်င္ထ်န္း၏စိတ္ထဲမွာ အနည္းငယ္ တုန္လႈပ္သြားသလို ခံစားလိုက္ရၿပီး ရႈဟန္ယြီရဲ႕အနမ္းေၾကာင့္ တြန္းထုတ္ဖို႔ကိုေတာင္ ႐ုတ္တရက္ သတိမရနိုင္ေတာ့ဘူး။ ပါးစပ္နဲ႕တစ္ဆင့္ ေပးလာတဲ့ေရကလည္း ညစ္ပတ္တယ္လို႔ မခံစားရဘူး။ ရႈက်င္ထ်န္းက ေခါင္းငုံ႕ၿပီး ႏႈတ္ခမ္းကိုဖိကိုက္ထားလိုက္သည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို မထိေတြ႕မီ သူ႕ကိုယ္သူ ေရေျခာက္သြားေအာင္ ေစာင့္ေနလိုက္သည္။ မိန္းမပ်ိဳေလး၏ ခႏၶာကိုယ္သည္ တိုးတက္မႈအနည္းငယ္မွ်မရွိဘဲ ပူေနေသးသည္။

"ထ်န္းထ်န္း ပူေနတာလား။ မင္းခႏၶာကိုယ္က ဘာလို႔ဒီေလာက္ပူေနရတာလဲ"

ရႈဟန္ယြီသည္ အလြန္စိုးရိမ္ေနၿပီး မိန္းမပ်ိဳေလး၏အပူခ်ိန္ကို ေလွ်ာ့ခ်ရန္ သူ႕ကိုယ္ခႏၶာကို အသုံးျပဳခဲ့သည္။

အဆင္ေျပပါေသးတယ္။ ငါက နည္းနည္း စိုစြတ္ေနသလိုပဲ ခံစားရတာပါ။ ငါ့ခႏၶာကိုယ္ကေစးကပ္ေနၿပီး သက္ေတာင့္သက္သာမရွိသလိုပဲ

ဒါဆို အိမ္ေျပာင္းၾကရေအာင္။ ကိုယ္အခုခ်က္ခ်င္း ေျခာက္ေနတဲ့ေနရာကို သြားရွာမယ္"

မိုးတိတ္ေအာင္ အရင္ေစာင့္ပါဦး။ အခု မိုးအရမ္း႐ြာေနတယ္။ အဲ...သားရဲအေရခြံကို ျပန္ယူလာေသးလား။ အဲဒါကို ငါလုံးဝေမ့သြားခဲ့တာ"

ရႈက်င္ထ်န္းက ထၿပီး သားရဲအေရခြံကို ယူလိုက္သည္။ သားရဲအေရသည္ လုံးဝ ေျခာက္လုနီးပါးျဖစ္ေနသည္။ အေမႊးေတြကေပ်ာ့ေပမယ့္ အေရျပားက အရမ္းမာသည္။

"ေအးတဲ့ရာသီမွာ သုံးလို႔ရတယ္ဆိုေတာ့ အရင္ျပင္ဆင္ထားသင့္တယ္"

အမ္း နည္းနည္းပိုႀကီးရင္ေကာင္းမယ္။ ေစာင္အျဖစ္ အိပ္လို႔ရတယ္။
ရႈက်င္ထ်န္းသည္ သားရဲ၏အေရျပားကို ေပ်ာ့ေပ်ာင္းလာေစရန္ ေမွ်ာ္လင့္လ်က္ ပြတ္သပ္လိုက္သည္။

"အဲ့မွာရွိလိမ့္မယ္။ ေနာက္တစ္ခါက်ရင္ ကိုယ္ ပိုႀကီးတဲ့အေကာင္ေတြကို အာ႐ုံစိုက္ၿပီး ဖမ္းပါ့မယ္

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးဘက္သို႔ ေလွ်ာက္သြားၿပီး သတို႔သမီးသဖြယ္ သူ႕ကို လွမ္းဆြဲလိုက္သည္။ ထို႔ေနာက္ သူတို႔အိပ္ေသာ ျမက္ခင္းဆီသို႔ ျပန္သယ္သြားခဲ့သည္။

ရႈဟန္ယြီက မိန္းမပ်ိဳေလးကို သူ႕ေပါင္ေပၚတင္လိုက္ၿပီး လက္ႏွစ္ဖက္ကို သူ႕(က်င္ထ်န္း)ခႏၶာကိုယ္မွာ ရစ္ပတ္လိုက္သည္။

ရႈက်င္ထ်န္းအတြက္ေတာ့ ထိုသို႔ထိုင္ရသည္မွာ သက္ေသာင့္သက္သာရွိၿပီး ရႈဟန္ယြီ၏ပခုံးေပၚ ကိုပင္ ေခါင္းတင္ထားလိုက္ေသးသည္။ သိပ္မၾကာခင္မွာပဲ သူ႕မ်က္လုံးမ်ားေမွးစင္းလာေလ၏။

ရႈက်င္ထ်န္းသည္ မသိလိုက္ခ်ိန္မွာပဲ အိပ္ေပ်ာ္သြားျပန္သည္။ သူနိုးလာေသာအခါ ေကာင္းကင္တစ္ခုလုံးက လုံးဝေမွာင္မဲေနၿပီ။ ေမွာင္လြန္းလို႔ အလင္းေရာင္အရိပ္အေယာင္ပင္မရွိ။ ဂူဝင္ေပါက္ကိုေတာင္ မျမင္ရေတာ့ေပ။

ရႈက်င္ထ်န္းက တုန္လႈပ္သြားေသာ္လည္း ေႁမြႀကီးက သူ႕ကိုမေျခာက္လွန႔္ခဲ့ေပ။

"ဟန္ယြီ"
ရႈက်င္ထ်န္းက သူ႕ကိုထိလိုက္တာေပမယ့္ ေႁမြႀကီးကအေဝးကို ထြက္သြားပုံရသည္။ အရမ္းေနာက္က်ေနမွ သူဘယ္ကိုသြားတာလဲ?

ရႈက်င္ထ်န္းသည္ ကုတ္အကၤ်ီကိုထိလိုက္ၿပီး ခရမ္းေရာင္ညဥ့္ပုလဲကို ထုတ္ယူလိုက္ရာ ဂူထဲမွာ အလင္းေရာင္အနည္းငယ္ ေတာက္ပလာသည္။ ရႈဟန္ယြီက ဂူထဲတြင္မရွိေပ။

ရႈက်င္ထ်န္းသည္ သူ႕ကိုယ္သူ ပါးလႊာေသာေစာင္ေလးျဖင့္ထုပ္ပိုးၿပီး ေတာရိုင္းအသီးအႏွံမ်ားကို ရွာေဖြစားေသာက္ရန္ ထလိုက္သည္။ အသီးအႏွံေတြက နည္းနည္းခ်ဥ္ၿပီး စားလိုက္တာနဲ႕ အေတာ္ေလး လန္းဆန္းသြား၏။

ရႈက်င္ထ်န္းသည္ အသီးႏွစ္လုံးစားၿပီး ခြန္အားအနည္းငယ္ရရွိလာသည္။ သူလည္း နည္းနည္းဗိုက္ဆာေနၿပီ။ ထို႔ေၾကာင့္ သူသည္ ေန႕ခင္းဘက္တြင္ သူကင္ထားေသာ ကန္စြန္းဥမ်ားကို လွည့္ပတ္ၾကည့္ေနသည္။

ကန္စြန္းဥတစ္လုံးစားၿပီးေနာက္ ရႈက်င္ထ်န္း၏ဗိုက္သည္ အလြန္ေကာင္းမြန္လာသည္။ ဂူထဲမွာဘာမွလုပ္စရာမရွိတာေၾကာင့္ ရႈဟန္ယြီအေၾကာင္းသာ ဆက္ေတြးေနေလ၏။ ရံဖန္ရံခါတြင္ သူသည္ အနက္ေရာင္ လွိုဏ္ဂူအဝင္ဝကို လွမ္းၾကည့္ျဖစ္ေသးသည္။ အရမ္းေနာက္က်ေနၿပီ။ ေႁမြႀကီးကဘာလို႔ျပန္မလာေသးတာလဲ?

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ရႈက်င္ထ်န္းကအနည္းငယ္ အိပ္ငိုက္လာျပန္သည္။ ရႈဟန္ယြီသည္ မိုးေရမ်ား႐ႊဲေနေသာ သူ႕ခႏၶာကိုယ္ႏွင့္ အျပင္ဘက္မွေလွ်ာဆင္းလာကာ ပါးစပ္ထဲတြင္လည္း အေသေကာင္တစ္ေကာင္ကို ကိုက္ထားလိုက္သည္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးနိုးလာသည္ကို ျမင္ေသာအခါ အလြန္ေပ်ာ္႐ႊင္သြားၿပီး သူ႕ကိုဖက္ထားရန္ လူသားပုံစံအျဖစ္ ေျပာင္းလဲလိုက္သည္။

"ထ်န္းထ်န္း ဗိုက္ဆာေနတာလား။ စားစရာေတြဖမ္းလာတယ္။"

ရႈက်င္ထ်န္းက ေခါင္းယမ္းလိုက္သည္။
ငါ ဗိုက္မဆာဘူး။ အခုမွ ဘာလို႔ျပန္လာတာလဲ။ ပုံမွန္ဆိုရင္ မင္းအမဲလိုက္ဖို႔ ဒီေလာက္ၾကာတာ ငါတစ္ခါမွမေတြ႕ဖူးဘူး"

ကိုယ္ ဂူရွာဖို႔ ထြက္သြားတာပါ
ရႉဟန္ယြီက ေဘးဘက္သို႔သက္ေတာင့္သက္သာ လွဲခ်လိဳက္ၿပီး ရႈက်င္ထ်န္း၏ လူတစ္ကိုယ္လုံးကို သူ႕ရင္ခြင္ထဲသို႔ေပြ႕ခ်ီလိုက္သည္။

"ဘာလို႔ညဥ့္နက္မွ လွိုဏ္ဂူရွာေနတာလဲ"

ရႈက်င္ထ်န္းက မယုံနိုင္ေလာက္ေအာင္ ျဖစ္သြားခဲ့သည္။ သူကိုယ္တိုင္က ဒါကို ေပါ့ေပါ့ပါးပါးေျပာခဲ့ေပမဲ့ ရႈဟန္ယြီက မိုးေရထဲဆင္းၿပီးရွာခဲ့တယ္။

"မင္းက ဘယ္လို႔မ်ား ဒီေလာက္႐ူးမိုက္ရတာလဲ။ မိုး႐ြာတာရပ္မွ ရွာရမယ္လို႔ ငါေျပာထားၿပီးသားေလ"

မိန္းမပ်ိဳေလးကိုကိုင္ထားသည့္ ရႈဟန္ယြီ၏လက္မ်ားသည္ ႐ုတ္တရက္တင္းက်ပ္လာကာ အံ့ၾသဝမ္းသာစြာျဖင့္ေျပာလာသည္။

ထ်န္းထ်န္း ကိုယ့္အတြက္ စိတ္ပူေနတာလား။ ကိုယ္အဆင္ေျပပါတယ္။ ကိုယ္အဲ့လိုလုပ္ေနက်ပါ"

ရႈက်င္ထ်န္းလန႔္သြားသည္။ ဒီေႁမြႀကီးအတြက္ သူဘာလို႔စိုးရိမ္ေနခဲ့တာလဲ? ဤေယာက်္ားပ်ိဳသည္ သူ႕ကိုေထာင္သြင္းအက်ဥ္းခ်ၿပီး သူ၏လြတ္လပ္ခြင့္ကို ဖယ္ရွားခဲ့သူျဖစ္သည္။ သူဘာမ်ားလုပ္ေနခဲ့တာလဲ?

ရႈက်င္ထ်န္းက တိတ္ဆိတ္သြားေလ၏။

ထိုအခ်ိန္မွစ၍ ရႈဟန္ယြီသည္ ရႈက်င္ထ်န္းအိပ္ေပ်ာ္သြားၿပီးေနာက္ ေန႕တိုင္းအျပင္ထြက္ခဲ့သည္။ ရႈက်င္ထ်န္းက ထိုအရာကို သတိျပဳမိၿပီးေနာက္တြင္ သူသည္ စားခ်ိန္အိပ္ခ်ိန္ကို မေတာင္းဆိုခဲ့ေပ။ သူ႕ေရာဂါကလည္း သက္သာလာတဲ့ လကၡဏာမျပဘဲ အၿမဲတမ္းမူးေဝၿပီး ေမာပန္းေနသည္။။

ရႈက်င္ထ်န္းက နာမက်န္းျဖစ္တာၾကာၿပီ။ ဂူကအရမ္းစိုေနလို႔ ျဖစ္ေကာင္းျဖစ္နိုင္သည္။ သူ႕ဒီေရာဂါက သုံးေလးရက္ေလာက္ၾကာၿပီး ရႈဟန္ယြီလည္းအလူးအလဲ စိတ္ပူလာသည္။ သို႔ရာတြင္ သူသည္ စားဖို႔အစာေကာင္းေကာင္းရွာ႐ုံမွလြဲၿပီး မိန္းမပ်ိဳေလးျပန္ေကာင္းလာဖို႔ ေျခာက္ေသြ႕တဲ့ေနရာကိုရွာဖို႔သာ ႀကိဳးစားနိုင္ခဲ့သည္။

တစ္ေန႕တြင္ ရႈက်င္ထ်န္းသည္ မရင္းႏွီးေသာေနရာတြင္ နိုးလာသည္။ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ဂူမ်က္ႏွာက်က္ကမတူေပ။

ေတာင္ေပၚရွိ လိုဏ္ဂူတစ္ခုျဖစ္သည္။ သူသည္ ဂူ၏အနက္ရွိုင္းဆုံးေနရာတြင္ အိပ္ေပ်ာ္ေနၿပီး သူ႕ခႏၶာကိုယ္ကို ပါးလႊာေသာ အျဖဴေရာင္ေစာင္ျဖင့္ ဖုံးလႊမ္းထားသည္။

ရႈက်င္ထ်န္းကလန႔္သြားၿပီး ခ်က္ခ်င္းထလိုက္သည္။ သူ၏အလ်င္စလို မတ္တတ္ထရပ္ျခင္းေၾကာင့္ ရႈက်င္ထ်န္း၏ ဦးေခါင္းသည္ အျပင္းအထန္မူးေဝသြားၿပီး သူ႕မ်က္လုံးမ်ားသည္ပင္ အေမွာင္မ်ားဖုံးလႊမ္းသြားသည္။ ခဏၾကာမွသာ ျပန္လည္ေကာင္းမြန္လာခဲ့သည္။

ဂူထဲမွာသူပဲရွိတာမို႔ ရႈက်င္ထ်န္းဟာ မတည္မၿငိမ္တဲ့ ေျခသံေတြနဲ႕ ဂူထဲကေန ထြက္လာခဲ့သည္။

သူ႕မ်က္လုံးထဲကို ဝင္သြားတဲ့အရာက က်ယ္ဝန္းၿပီး စိမ္းလန္းစိုေျပေန၏။ ေအာက္ေျခတြင္ ကြာဟခ်က္မမွန္ဘဲ သစ္ပင္ထိပ္မ်ားကို နီးကပ္စြာစုစည္းထားသလိုပင္။ သစ္ပင္မ်ားသည္ အလြန္နီးကပ္ေနသျဖင့္ အစိမ္းေရာင္ေကာ္ေဇာဟု ထင္ေနရသည္။

ဒါကေတာင္အလည္မွာရွိတယ္ဆိုတာ သိလိုက္ရသည္။ ဤလွိုဏ္ဂူသည္ ေတာင္တံတိုင္းဘက္ျခမ္းတြင္ နစ္ျမဳပ္ေနသည့္ေနရာျဖစ္သည္။ လွိုဏ္ဂူအထက္ေတာင္ေစာင္းသည္ အျပင္ဘက္သို႔ တိုးထြက္ကာ မိုးဒဏ္ကိုခံနိုင္ရည္ရွိသည္။ ဂူေအာက္က ေလး ငါးဒီဂရီေလာက္မွာ တိမ္းေစာင္းေနၿပီး ေတာင္ေစာင္းက မိုးေရသံေတြက တေဖ်ာက္ေဖ်ာက္ထြက္ေပၚေနသည္။

မိုးသည္းထန္စြာ႐ြာေနသျဖင့္ ေႁမြႀကီးသည္ သူ႕အား ဤေနရာသို႔ ယူေဆာင္လာပုံကို သိသူျဖစ္သည္။ မထင္မွတ္ပဲ ေသလြန္သူမ်ားကဲ့သို႔ အလြန္အိပ္ေမာက်ကာ ဘာကိုမွ မခံစားခဲ့ရေပ။

ဒီေႁမြႀကီး ဘယ္ဆီျပန္ေျပးသြားတာလဲ? အစာရွာသြားျပန္တာလား! ရႈက်င္ထ်န္းသည္ ဂူအစြန္းတြင္ရပ္ကာ ရႈဟန္ယြီ၏ပုံရိပ္ကို ရွာေဖြေနေလ၏။

ဂူရဲ႕အစြန္းက မိုးမ႐ြာေပမယ့္ အနားကေျမဆီလႊာေတြကေတာ့ မိုးေရေၾကာင့္ စိုစြတ္ေနဆဲပင္။ စိုစြတ္ေသာ ေျမဆီလႊာသည္ အနည္းငယ္ေခ်ာင္က်သြားသည္။ ရႈက်င္ထ်န္းက အဲ့အနားမွာရပ္လိုက္တဲ့အခါ သူ႕ေျခဖဝါးေအာက္က ေျမဆီလႊာဟာ သူ႕အေလးခ်ိန္ေၾကာင့္ ေလွ်ာက်သြားတာကို ခံစားလိုက္ရၿပီး လ်င္ျမန္စြာေျခတစ္လွမ္းဆုတ္လိုက္သည္။

ကံမေကာင္းတဲ့သူေတြဟာ သူတို႔ရဲ႕သြားၾကားထဲမွာ ေရေအးေတြေတာင္ ကပ္ေနလိမ့္မယ္လို႔ ေျပာလို႔ရတယ္။ (TN: ကံဆိုးမွသြားရာ မိုးလိုက္လို႔႐ြာ အဓိပ္ပါယ်လိဳၿမိဳးကွယ်) သူေနာက္မဆုတ္ရင္ ေကာင္းလိမ့္မယ္။ သူလႈပ္လိုက္တာနဲ႕ နဂိုကမာေၾကာမႈမရွိေသာ ေျမဆီလႊာကၿပိဳက်လာသည္။

ရႈက်င္ထ်န္းသည္ အနည္းငယ္မွင္သက္ေနေသာေၾကာင့္ သူ၏တုံ႕ျပန္မႈသည္ ပုံမွန္ထက္မ်ားစြာႏွေးေကြးသြားခဲ့သည္။ ၿပိဳက်ေနေသာ ေျမဆီလႊာႏွင့္အတူ သူ႕ဘယ္ဘက္ေျခသည္လည္း ေလွ်ာက်လာၿပီး သူ႕ခႏၶာကိုယ္က ခ်က္ခ်င္းပင္ဟန္ခ်က္ပ်က္သြားခဲ့သည္။

"အား!"
ရႈက်င္ထ်န္းသည္ ထိတ္လန႔္စြာေအာ္ဟစ္ၿပီး တင္ပါးကဦးစြာျပဳတ္က်ကာ ေလ်ာ့ရဲေသာေျမကို ထပ္မံၿပိဳက်ေစခဲ့သည္။ သူ႕တစ္ကိုယ္လုံး ေတာင္ကုန္းေပၚသို႔ ျပဳတ္က်သြားေလ၏။

သူ၏ခႏၶာကိုယ္သည္ အရွိန္အဟုန္ျဖင့္ ေလွ်ာဆင္းသြားကာ ရႈက်င္ထ်န္းသည္ အေလးခ်ိန္ကင္းမဲ့သြားသလို ခံစားလိုက္ရသည္။ ဤေတာင္ေစာင္းတြင္ ေပါင္းပင္အနည္းငယ္ႏွင့္ ခ်ဳံပုတ္က်ဲမ်ားရွိသည္။ ရႈက်င္ထ်န္းသည္ သူ႕ႏွလုံးသားထဲတြင္ စည္းမဲ့ကမ္းမဲ့ အေလးခ်ိန္မဲ့မႈကို တြန္းလွန္ခဲ့ၿပီး သူ႕ေအာက္ရွိ ေပါင္းပင္မ်ားကို အစြမ္းကုန္ဆြဲထားခဲ့သည္။

သို႔ေသာ္ ေတာင္ေစာင္းသည္ တိမ္းေစာင္းလြန္းသျဖင့္ ဤေပါင္းပင္မ်ား၏ အျမစ္မ်ားသည္ သူ႕ခႏၶာကိုယ္ကို လ်င္ျမန္စြာ ေလွ်ာက်ျခင္းမွ မတားဆီးနိုင္ေပ။ ရံဖန္ရံခါလည္း ၿခဳံပုတ္အခ်ိဳ႕ကိုလည္း ဝင္တိုက္တတ္ေသးသည္။ ရႈက်င္ထ်န္းသည္ ေပါင္းပင္မ်ားႏွင့္အတူ သူ၏ေခ်ာ္လဲျခင္းကို ရပ္တန႔္ရန္ ျပတ္ျပတ္သားသား မစြန႔္လႊတ္မီ အားသာခ်က္ အားနည္းခ်က္မ်ားကို ခြဲျခမ္းစိတ္ျဖာခဲ့သည္။ ထို႔ေနာက္ သူ႕ေခါင္းကို လက္ႏွစ္ဖက္ျဖင့္ကာထားကာ သူ႕ခႏၶာကိုယ္ကို ေဘာလုံးသဖြယ္ေကြးထားလိုက္သည္။

ရႈက်င္ထ်န္းသည္ ေတာင္ေျခရင္းသို႔ လ်င္ျမန္စြာ လွိမ့္ဆင္းသြားၿပီးေနာက္ စိမ္းလန္းစိုေျပေသာ ခ်ဳံပုတ္တစ္ခုထဲသို႔ဝင္သြားကာ ရပ္တန႔္သြားခဲ့သည္။ သူ႕ေနာက္ေက်ာက ၾကမ္းတမ္းၿပီးခိုင္မာတဲ့ ခ်ဳံပုတ္ေတြကို တိုက္မိလို႔နာက်င္ေနခဲ့သည္။ ကံေကာင္းေထာက္မစြာျဖင့္ အလြန္ထူထဲေသာ ခ်ဳံပုတ္မ်ားက သူ႕ေနာက္ေက်ာတစ္ခုလုံးကို ထိမွန္သြားသည္။ သို႔မဟုတ္ပါက သူသည္ေက်ာရိုးကို ထိခိုက္သြားနိုင္သည္။ ဒါက ကံဆိုးျခင္းမွာ ကံေကာင္းျခင္းလို႔ ယူဆနိုင္တယ္။ ရႈက်င္ထ်န္းက အေကာင္းျမင္စိတ္နဲ႕ ေတြးလိုက္သည္။

သူလႈပ္ေနတာကို ရပ္လိုက္ရင္ေတာင္ ရႈက်င္ထ်န္းက မူးေဝေနတုန္းပဲ။ သူ႕ခႏၶာကိုယ္သည္ ေအာက္ေျခမရွိေသာ တြင္းထဲသို႔ ျပဳတ္က်ကာ ေအာက္သို႔ လ်င္ျမန္စြာ ေ႐ြ႕လ်ားသြားသလိုပင္။ သူလဲက်ေနခ်ိန္ထက္ေတာင္ ပိုသည္းမခံနိုင္ေတာ့ဘူး။

ရႈက်င္ထ်န္းသည္ ၾကမ္းျပင္ေပၚတြင္ ဗိုက္ေမွာက္လွဲခ်လိဳက္ၿပီး ျပန္ေကာင္းလာရန္ အခ်ိန္ယူလိုက္သည္။ သူ႕တစ္ကိုယ္လုံးက ေတာင္ေစာင္းမွာ ေပါက္ေနတဲ့ သစ္ဖုေတြရဲ႕ဒဏ္ေၾကာင့္ နာက်င္ေနသည္။ သူအရင္ကလို ေခါင္းမမူးဘူးဆိုရင္ေတာင္ အခ်ိန္အေတာ္ၾကာမထနိုင္ေသးေပ။

မိုးသည္းထန္စြာ႐ြာသြန္းလာရာ ရႈက်င္ထ်န္းကိုယ္ေပၚရွိ အညစ္အေၾကးအစြန္းအထင္းမ်ားကို ေဆးေၾကာလာသလိုပင္။ ရႈက်င္ထ်န္း၏စိတ္သည္ ပို၍ပင္ေလးလံလာသည္။ သူသည္ ေခါင္းကိုအတင္းခါယမ္းလိုက္ၿပီး သူ႕ကိုယ္သူထနိုင္ရန္တိုက္တြန္းလိုက္သည္။

ရႈက်င္ထ်န္းက ေခါင္းေမာ့ၿပီးၾကည့္လိုက္သည္။ သူ၏အျမင္အာ႐ုံသည္ ခ်ဳံပုတ္မ်ားျဖင့္ ဖုံးလႊမ္းေနၿပီး ဂူကိုမျမင္နိုင္ေပ။ စိမ္းလန္းစိုေျပေသာ ဧရိယာတစ္ခုလုံးသာျမင္ေနရသည္။ ေတာင္ေစာင္းက မတ္ေစာက္ၿပီး ေျမႀကီးကေခ်ာေနသည္။ တက္ခ်င္ရင္ေတာင္ ခက္ခဲလိမ့္မည္။

ခဏေနပါဦး၊ သူကဘာလို႔ ျပန္တက္ခ်င္ေနတာလဲ? ဒါက ေကာင္းကင္ဘုံက သူ႕အတြက္ေပးတဲ့ အခြင့္အေရး ျဖစ္နိုင္သည္။ ဒီအခြင့္အေရးကို သူလက္မလႊတ္သင့္ဘူးမလား?

အခြင့္အေရးက ခ်က္ျခင္းေပၚလာေပမယ့္ ရႈက်င္ထ်န္းက နည္းနည္းေတာ့ ခ်ီတုံခ်တဳံျဖစ္သြား၏။ အထူးသျဖင့္ သူေနမေကာင္းျဖစ္ေနခ်ိန္မွာ ရႈဟန္ယြီက သူ႕ကိုအရမ္းဂ႐ုတစိုက္ရွိခဲ့သည္။

ငယ္စဥ္ကတည္းက သူ႕အေဖရဲ႕ဂ႐ုစိုက္မႈကို တစ္ခါမွ မခံယူဖူးတဲ့အျပင္ သူ႕အေမကလည္း သူ႕ကိုျပဳစု ပ်ိဳးေထာင္မေပးတဲ့အတြက္ သူ႕မိဘေတြအစား အေဒၚရဲ႕ဂ႐ုစိုက္မႈကိုခံယူၿပီး ႀကီးျပင္းလာခဲ့ရသည္။

ေနာက္ဆုံးေတာ့လည္း ရႈက်င္ထ်န္းဟာ ခ်စ္ျခင္းေမတၱာကင္းမဲ့တဲ့ သနားစရာေကာင္းတဲ့လူတစ္ေယာက္ပါပဲ။ တစ္ေယာက္ေယာက္က သူ႕ကို ေကာင္းေကာင္း ဆက္ဆံတာရွားသည္။

ေႁမြႀကီးေတာင္ ဒီေလာက္မဆိုးဘူး။ အနည္းဆုံးေတာ့ သူနဲ႕အတူရွိေနခ်ိန္မွာ အစာအလုံအေလာက္ ဒါမွမဟုတ္ ႏြေးေထြးမႈမရွိမွာကို စိတ္ပူေနစရာမလိုဘူး။ ထို႔အျပင္ေႁမြႀကီးက သူ႕အတြက္လည္းစိတ္ပူေပးသည္။ သူ႕ကိုႏွစ္ရွည္စားနပ္ရိကၡာအျဖစ္သုံးဖို႔ အလုပ္ျဖစ္တာေၾကာင့္ေနမွာပါ။

ထို႔အျပင္ သူသည္ေသခ်ာေပါက္ လြတ္ေျမာက္နိုင္လိမ့္မည္ မဟုတ္ေပ။ ဘာေၾကာင့္မ်ားလဲ ဒီတိုင္းေလးသြား႐ုံပါပဲ။

ေမ့လိုက္ပါေတာ့ ဒီလိုမ်ိဳး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ဆုံးျဖတ္လိုက္ၾကရေအာင္။ သူကနည္းနည္းေလး ရိုင္းစိုင္းတယ္၊ ၾကမ္းတမ္းလြန္းတယ္၊ ၿပီးေတာ့လည္း ပိုင္ဆိုးလြန္းေနေသးတယ္ မဟုတ္ဘူးလား? သည္းခံနိုင္မယ္ဆိုရင္ေတာ့ သူ ကေတာ္  ေတာ္ အသုံးဝင္ေပလိမ့္ မည္ ။

fuck! သူအဲဒါကို က်င့္သုံးနိုင္ပါ့မလား? မလုပ္နိုင္ဘူး။ ေျပာင္းလဲရမယ္။ သူ႕ကိုေျပာင္းလဲေအာင္လုပ္ရမယ္။ အနည္းဆုံးေတာ့ အၿမဲတမ္း တင္းတင္းက်ပ္က်ပ္ရစ္ပတ္ၿပီး လိုက္နမ္းလို႔မရဘူး။ အဲ့အရာေတြကို ေျပာင္းလဲခိုင္းရမယ္။

ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ ရႈက်င္ထ်န္း၏စိတ္ႏွလုံးသည္ ခ်က္ခ်င္းပင္ေျပေလ်ာ့သြားသည္။

သူ႕တစ္ကိုယ္လုံးကလည္း ႐ႊံ႕ေတြနဲ႕ဖုံးလႊမ္းေနေလ၏။ မည္သို႔ပင္ဆိုေစကာမူ သူသည္ေရခ်ိဳးရန္ ျမစ္တစ္စင္းကိုရွာကာ ေႁမြႀကီးအလာကို ေစာင့္ေမွ်ာ္ေနရမည္။ ေႁမြႀကီးေတြ႕ရွိတဲ့ဒီေနရာဟာ ျမစ္နဲ႕မေဝးဘူးလို႔ သူယုံၾကည္တဲ့အတြက္ အဲ့ဒါကိုသြားရွာသင့္သည္။

ရႈက်င္ထ်န္းသည္ ေတာင္ေျခရင္းဘက္သို႔ တေ႐ြ႕ေ႐ြ႕ေလွ်ာက္သြားၿပီး ျမစ္တစ္စင္းကို ထိုေနရာတြင္ ရွာေတြ႕နိုင္မည္ဟု ေတြးလိုက္သည္။

ရႈက်င္ထ်န္းသည္ သစ္ကိုင္းမ်ားကိုမွီ၍ ေရွ႕သို႔ေလွ်ာက္သြားရာ သူ႕ေျခလွမ္းမ်ားကဟန္ခ်က္မညီသည့္အျပင္ သူ႕ေခါင္းကလည္းပိုေလးလာၿပီး သူ႕အျမင္ေတြပင္ မႈန္ဝါးလာသည္။

ရႈက်င္ထ်န္း၏မ်က္လုံးမ်ားကေမွးစင္းသြားၿပီး ေရ႐ႊံ႕မ်ားျဖင့္ ျပည့္ေနေသာေျမျပင္ေပၚသို႔ လဲက်သြားသည္။

မႈန္ဝါးေနတဲ့ၾကားမွ သူ႕ကို တစ္စုံတစ္ေယာက္ လာဆြဲေနသလို ခံစားလိုက္ရသည္။

ေႁမြႀကီးလား? ေနာက္ဆုံးေတာ့ မင္းဒီကိုေရာက္လာၿပီ!!
ထိုသို႔ေတြးၿပီးေသာအခါ ရႈက်င္ထ်န္းက လုံးဝသတိလစ္သြားခဲ့သည္။

ရႈဟန္ယြီသည္ သူ႕ပါးစပ္ထဲတြင္ စိုစြတ္ေနေသာသားေကာင္ကို ကိုက္ထားၿပီး ႐ႊံ႕ႏြံမ်ားဖုံးလႊမ္းေနေသာခႏၶာကိုယ္ႏွင့္ ေတာင္ေပၚသို႔ တက္လာခဲ့သည္။ ထ်န္းထ်န္း နိုးၿပီလား။ ေနရာေတြေျပာင္းၿပီးရင္ သူျမန္ျမန္ျပန္ေကာင္းလာမွာပါေလ။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို ေတြ႕လိုစိတ္ျပင္းျပလာၿပီး ေတာင္တက္ျခင္းအရွိန္ကို ျမႇင့္တင္လိုက္သည္။ ေနာက္ဆုံးတြင္သူသည္ သူတို႔၏ဂူအသိုက္အသစ္သို႔ ေရာက္ရွိသြားၿပီး တိတ္ဆိတ္ေသာ ဂူထဲျမင္ကြင္းကို ျမင္လိုက္ရေသာအခါ သူ႕ပါးစပ္ထဲရွိ သားေကာင္ပင္ တဟုန္ထိုးျပဳတ္က်သြားၿပီး ႐ႊင္ျမဴးေနေသာသူ႕ႏွလုံးသားသည္ ခ်က္ခ်င္းေအးခဲသြားေလ၏။

ဂူထဲတြင္ ဘာအရိပ္အေယာင္မရွိ။ အျဖဴသန႔္သန႔္ ခ်ည္ထည္တစ္ထည္သာ က်န္ေတာ့သည္။ ထ်န္းထ်န္း...မင္းေပ်ာက္သြားျပန္ၿပီ။

ေခါင္းကိုက္လိုက္တာ! ရႈက်င္ထ်န္းက သူ၏မ်က္ႏွာကိုရႈံ႕တြၿပီး ျခင္ေအာ္သံကဲ့သို႔ ညည္းၫူသံကို ထုတ္လိုက္သည္။ သူ၏မွတ္ဉာဏ္သည္ မယုံနိုင္ေလာက္ေအာင္ရႈပ္ေထြးေနၿပီး သူ႕မ်က္ေတာင္ေတြကိုဖြင့္ဖို႔ပင္ အျပင္းအထန္႐ုန္းကန္ေနရသည္။ ထို႔ေနာက္ သူသည္ ႏြေးေထြးေသာ ရင္ခြင္တစ္ခုထဲသို႔ က်ေရာက္သြားသည္။ ေႁမြႀကီးလား?

ရႈက်င္ထ်န္းသည္ ယခင္မေတာ္တဆမႈကို ျပန္သတိရသည့္အခ်ိန္တြင္ တစ္စုံတစ္ဦး သယ္ေဆာင္ခံလိုက္ရသည္။ သူကေတာင္မ်ားေပၚတြင္ ျဖတ္သန္းသြားခဲ့ၿပီး ေႁမြႀကီးကသူ႕ကိုကယ္တင္ခဲ့သည္။ ေႁမြႀကီးက သူ႕ကို နားလည္မႈ လြဲေနတာလား ဒါမွမဟုတ္ ေဒါသထြက္ေနတာလား?

~~~~~~

4/11/21(8:25PM)

ဒီအပိုင္းေတြထိဖတ္ၿပီးမွ ေသခ်ာသိလာရတယ္။ ထ်န္းထ်န္းကို ေရွာင္ယြီကအရမ္းခ်စ္တာေနာ္ ဘာလိုခ်င္လဲေျပာလိုက္ တန္းလုပ္ေပးတယ္။ sugar snakeႀကီး😅

စကားမစပ္ ေနာက္တစ္ပိုင္းမွာ သားရဲအသစ္ေလးလာမယ္။

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...