ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 More

၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၀
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၈
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၅၉၉

6.2K 332 2
By FinToneLone

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၉)

"အရှင့်သား မကြောက်ပါနဲ့ ဒီကကျွန်တော်မျိုးလူအိုကြီးရဲ့ အသက်ဆုံးတဲ့ထိအောင် အရှင့်သားကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်"လို့ ဖေးယွမ်က အပြစ်မကင်းစွာနဲ့ ပြောလိုက်သည်။
မင်းသားရဲ့လုံခြုံရေးအတွက်တောင် စောင့်ရှောက်မှုမပေးနိုင်လို့ မင်းတိုင်ပင်ဆိုတဲ့ ရာထူးနဲ့ လားလားမျှမထိုက်တန်ပါလားလို့ ဖေးယွမ်တွေးမိသည်။
အခုလို အန္တရာယ်ပြည့်နှက်နေတဲ့နေရာမှာ နေရတော့မယ့်အဖြစ်ကို တွေးမိလိုက်တိုင်း ဖေးယွမ်စိတ်ဓာတ်ကျမိသည်။တက်သစ်နေတစ်မြို့လုံးအပြည့် ရှိနေတဲ့ နတ်ဆိုးတွေကို ဆက် သွယ်နေတဲ့ ရှန်ယန်ရှောင်ရဲ့ လုပ်ရပ်က တစ်ကယ့်ကို အန္တရာယ်ကြီးလှပါသည်။ဒီနေ့မှစလို့ ရှန်ယန်ရှောင်ဟာ ဖေးယွမ်ရဲ့စိတ်ထဲမှာ နတ်ဆိုးတစ်ကောင်နဲ့ တူညီသူတစ်ယောက်လို့ သတ်မှတ်ပြီးသွားပါပြီ။
တစ်နေ့နေ့မှာ အခွင့်အရေးရပြီးတော့ လောင်ယုနဲ့အတူ ထွက်ပြေးနိုင်ပါစေလို့ပဲ သူ ဆုတောင်းမိပါတော့သည်။
လောင်ယုခေါင်းညိတ်ပြလိုက်သည်။သူက မင်းသားတစ်ပါးဆိုပေမယ့် ငယ်သေးလို့ အခုလိုမျိုး မမျှော်လင့်တဲ့ အခြေအနေပြောင်းလဲမှုအောက်မှာ နေသားကျဖို့ခဲယဉ်းမှာဖြစ်ပြီး ဖေးယွမ်အပေါ် သာ ပိုပြီးအားကိုးရတော့မှာဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သူ့ရင်ထဲမှာတော့ ဝိရောဓိတစ်ခုဖြစ်တည်နေပါသည်။သူ ရှန်ယန်ရှောင်ရဲ့ အေးစက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာဟုတ်ပေမယ့် သူမရဲ့ လှပသော ပုံရိပ်ကိုတော့ နှလုံးအိမ်ထဲမှ ဖျက်မပစ်နိုင်ခဲ့ဘူး ဖြစ်နေခြင်းပါပဲ။
"ဟား...ငါတို့လောင်းရွှမ်ပြည်ကြီးကို မိုးကောင်းကင်က စောင့်ရှောက်ပေးဖို့ပဲ မျှော်လင့်ပါ တယ်"လို့ သက်ပြင်းမောကြီးချလိုက်တဲ့ ဖေးယွမ်က ဝမ်းနည်းစွာပြောလိုက်ခြင်းဖြစ်သည်။
ဖေးယွမ်တို့ဆီကနေ ထွက်လာပြီးတာနဲ့ ရှန်ယန်ရှောင်မျက်နှာအမူအယာလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။သူမနောက်ကနေ ဘာမှမပြောဘဲ ရှိနေကြတဲ့ ငနာငါးကောင်ကို ကြည့်လိုက်ပြီးနောက် သူမ ရယ်ချယ်သွားမိသည်။
"နင်တို့က အဲ့ဒါဘာဖြစ်နေကြတာလဲ"
"ရှောင်လေးရာ နင့်ဇကဒီလောက်အထိ ကြီးလိမ့်မယ်လို့ အခုမှပဲ သိလိုက်ရတယ်"ဟု ယန်ယုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"တိုင်းပြည်ရဲ့မင်းသားတစ်ပါးကို ပြန်ပေးဆွဲပြီးတော့ မင်းတိုင်ပင်ကို ခြိမ်းခြောက်တယ် လောင်းရွှမ်ပြည်အနေနဲ့တော့ နှစ်ရာချီကြာတောင် အခုလောက် သတ္တိရှိတဲ့လူကို ရှာတွေ့နိုင်မယ် မထင်ပါဘူး"လို့ မျက်နှာအမူအယာတစ်မျိုးဖြစ်နေတဲ့ ယန်းရှီက ဖြစ်ပျက်ခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်ပြောကြားလိုက်သည်။
"နင်က မြို့တော်ကို ဘုရင်တစ်ပါးအဖြစ် သိမ်းပိုက်ပြီးတော့ ဧကရာဇ်ကို နန်းချတော့မှာလား"ဟု ထူးဆန်းတဲ့စိတ်လှုပ်ရှားမှုတို့ ယှက်သန်းနေသော မျက်ဝန်းပိုင်ရှင် တန်နာဇီကမေးလိုက်သည်။
"ငါတို့ဧကရာဇ်ရဲ့ တုံးအပုံမျိုးနဲ့ဆိုရင် သူ့ကို အစားထိုးမယ့်စိတ်ကူးက မဆိုးဘူးနော်"လို့ ထူးခြားရှားပါးစွာဖြင့် လီရှောင်ဝေရဲ့ စိတ်ကူးကို ကြားသိလိုက်ရသည်။
"ဟုတ်တယ်"ဟူ၍ ပြောသွားသမျှ အချက်အားလုံးကို ကြူရှီယာက စကားတစ်လုံးဖြင့်သာ ဖော်ပြလိုက်သည်။
ရှန်ယန်ရှောင်နှုတ်ခမ်းတို့ တစ်လှုပ်လှုပ်ဖြစ်သွားခဲ့သည်။ဒီငနာကောင်တွေက ပုံစံကြည့်တော့ သူမရဲ့ ပုန်ကန်နိုင်ခြေရှိတဲ့လုပ်ရပ်အပေါ်မှာ စိုးရိမ်နေဟန်ပေါက်နေပေမယ့် တစ်ကယ်တန်းကျ တော့ သူတို့ရဲ့ စိတ်လှုပ်ရှားနေသောအသံတွေနှင့် တက်ကြွနေသော မျက်ဝန်းတွေအရ သူမအား အားပေးတိုက်တွန်းနေတာနှင့်မခြားပါချေ။
"နင်တို့ကောင်တွေ ကိုယ့်မေးခွန်းရဲ့ နောက်ဆက်တွဲအဖြစ်တွေကိုလည်း ပြန်သုံးသပ်ကြည့်ကြပါ ဦးလားကွာ ငါက တက်သစ်နေမြို့တော်ရဲ့ မြို့တော်သခင်ပဲ ဖြစ်ချင်တာ ဧကရာဇ်တွေဘာတွေကို စိတ်မဝင်စားဘူးဟေ့"
ငါတို့အိမ်တော်ငါးခုရဲ့ ဂုဏ်သိက္ခာက အလွန်အမင်းမြင့်မားသော်လည်း မိမိတိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိခဲ့ကြဆဲဖြစ်ပါသည်။ဒါပေမယ့် ဘာကြောင့်များ လူငယ်မျိုးဆက်လက်ထပ်ရောက် ချိန်မှာ အားလုံးရဲ့ စိတ်တွေက သွေဖည်လာကြရတာလဲဟု ရှန်ယန်ရှောင်တွေးမိသွားသည်။
တိုင်းပြည်အပေါ်မှာ သစ္စာရှိဖို့ဆိုတာကို တစ်နေ့တစ်ခါတောင် တွေးမိပုံမရကြသလို အခုအခါမှာ လည်း ပုန်ကန်ဖို့တောင် တွေးနေကြသေးည်လေ...
"ဟမ် နင့်ခေါင်းထဲမှာ ဒီကိစ္စမရှိဘူးပေါ့"ဟူ၍ ရှန်ယန်ရှောင်အဖြေကို လက်မခံနိုင်ပုံပေါက်တဲ့ တန်နာဇီကပြောလိုက်သည်။

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၅၉၉)

"အရွင့္သား မေၾကာက္ပါနဲ႔ ဒီကကၽြန္ေတာ္မ်ိဳးလူအိုႀကီးရဲ့ အသက္ဆုံးတဲ့ထိေအာင္ အရွင့္သားကို ကာကြယ္ေပးသြားမွာျဖစ္ပါတယ္"လို႔ ေဖးယြမ္က အျပစ္မကင္းစြာနဲ႔ ေျပာလိုက္သည္။
မင္းသားရဲ့လုံျခဳံေရးအတြက္ေတာင္ ေစာင့္ေရွာက္မွုမေပးနိုင္လို႔ မင္းတိုင္ပင္ဆိုတဲ့ ရာထူးနဲ႔ လားလားမၽွမထိုက္တန္ပါလားလို႔ ေဖးယြမ္ေတြးမိသည္။
အခုလို အႏၲရာယ္ျပည့္ႏွက္ေနတဲ့ေနရာမွာ ေနရေတာ့မယ့္အျဖစ္ကို ေတြးမိလိုက္တိုင္း ေဖးယြမ္စိတ္ဓာတ္က်မိသည္။တက္သစ္ေနတစ္ၿမိဳ႕လုံးအျပည့္ ရွိေနတဲ့ နတ္ဆိုးေတြကို ဆက္ သြယ္ေနတဲ့ ရွန္ယန္ေရွာင္ရဲ့ လုပ္ရပ္က တစ္ကယ့္ကို အႏၲရာယ္ႀကီးလွပါသည္။ဒီေန႔မွစလို႔ ရွန္ယန္ေရွာင္ဟာ ေဖးယြမ္ရဲ့စိတ္ထဲမွာ နတ္ဆိုးတစ္ေကာင္နဲ႔ တူညီသူတစ္ေယာက္လို႔ သတ္မွတ္ၿပီးသြားပါၿပီ။
တစ္ေန႔ေန႔မွာ အခြင့္အေရးရၿပီးေတာ့ ေလာင္ယုနဲ႔အတူ ထြက္ေျပးနိုင္ပါေစလို႔ပဲ သူ ဆုေတာင္းမိပါေတာ့သည္။
ေလာင္ယုေခါင္းညိတ္ျပလိုက္သည္။သူက မင္းသားတစ္ပါးဆိုေပမယ့္ ငယ္ေသးလို႔ အခုလိုမ်ိဳး မေမၽွာ္လင့္တဲ့ အေျခအေနေျပာင္းလဲမွုေအာက္မွာ ေနသားက်ဖို႔ခဲယဥ္းမွာျဖစ္ၿပီး ေဖးယြမ္အေပၚ သာ ပိုၿပီးအားကိုးရေတာ့မွာျဖစ္သည္။
တစ္ခ်ိန္တည္းမွာပဲ သူ႔ရင္ထဲမွာေတာ့ ဝိေရာဓိတစ္ခုျဖစ္တည္ေနပါသည္။သူ ရွန္ယန္ေရွာင္ရဲ့ ေအးစက္မွုကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတာဟုတ္ေပမယ့္ သူမရဲ့ လွပေသာ ပုံရိပ္ကိုေတာ့ ႏွလုံးအိမ္ထဲမွ ဖ်က္မပစ္နိုင္ခဲ့ဘူး ျဖစ္ေနျခင္းပါပဲ။
"ဟား...ငါတို႔ေလာင္းရႊမ္ျပည္ႀကီးကို မိုးေကာင္းကင္က ေစာင့္ေရွာက္ေပးဖို႔ပဲ ေမၽွာ္လင့္ပါ တယ္"လို႔ သက္ျပင္းေမာႀကီးခ်လိုက္တဲ့ ေဖးယြမ္က ဝမ္းနည္းစြာေျပာလိုက္ျခင္းျဖစ္သည္။
ေဖးယြမ္တို႔ဆီကေန ထြက္လာၿပီးတာနဲ႔ ရွန္ယန္ေရွာင္မ်က္ႏွာအမူအယာလည္း ပုံမွန္ျပန္ျဖစ္သြားခဲ့သည္။သူမေနာက္ကေန ဘာမွမေျပာဘဲ ရွိေနၾကတဲ့ ငနာငါးေကာင္ကို ၾကည့္လိုက္ၿပီးေနာက္ သူမ ရယ္ခ်ယ္သြားမိသည္။
"နင္တို႔က အဲ့ဒါဘာျဖစ္ေနၾကတာလဲ"
"ေရွာင္ေလးရာ နင့္ဇကဒီေလာက္အထိ ႀကီးလိမ့္မယ္လို႔ အခုမွပဲ သိလိုက္ရတယ္"ဟု ယန္ယုက စိတ္လွုပ္ရွားစြာျဖင့္ ေျပာလိုက္သည္။
"တိုင္းျပည္ရဲ့မင္းသားတစ္ပါးကို ျပန္ေပးဆြဲၿပီးေတာ့ မင္းတိုင္ပင္ကို ၿခိမ္းေျခာက္တယ္ ေလာင္းရႊမ္ျပည္အေနနဲ႔ေတာ့ ႏွစ္ရာခ်ီၾကာေတာင္ အခုေလာက္ သတၱိရွိတဲ့လူကို ရွာေတြ႕နိုင္မယ္ မထင္ပါဘူး"လို႔ မ်က္ႏွာအမူအယာတစ္မ်ိဳးျဖစ္ေနတဲ့ ယန္းရွီက ျဖစ္ပ်က္ခဲ့တဲ့အေပၚ ျပန္လည္သုံးသပ္ေျပာၾကားလိုက္သည္။
"နင္က ၿမိဳ႕ေတာ္ကို ဘုရင္တစ္ပါးအျဖစ္ သိမ္းပိုက္ၿပီးေတာ့ ဧကရာဇ္ကို နန္းခ်ေတာ့မွာလား"ဟု ထူးဆန္းတဲ့စိတ္လွုပ္ရွားမွုတို႔ ယွက္သန္းေနေသာ မ်က္ဝန္းပိုင္ရွင္ တန္နာဇီကေမးလိုက္သည္။
"ငါတို႔ဧကရာဇ္ရဲ့ တုံးအပုံမ်ိဳးနဲ႔ဆိုရင္ သူ႔ကို အစားထိုးမယ့္စိတ္ကူးက မဆိုးဘူးေနာ္"လို႔ ထူးျခားရွားပါးစြာျဖင့္ လီေရွာင္ေဝရဲ့ စိတ္ကူးကို ၾကားသိလိုက္ရသည္။
"ဟုတ္တယ္"ဟူ၍ ေျပာသြားသမၽွ အခ်က္အားလုံးကို ၾကဴရွီယာက စကားတစ္လုံးျဖင့္သာ ေဖာ္ျပလိုက္သည္။
ရွန္ယန္ေရွာင္ႏွုတ္ခမ္းတို႔ တစ္လွုပ္လွုပ္ျဖစ္သြားခဲ့သည္။ဒီငနာေကာင္ေတြက ပုံစံၾကည့္ေတာ့ သူမရဲ့ ပုန္ကန္နိုင္ေျခရွိတဲ့လုပ္ရပ္အေပၚမွာ စိုးရိမ္ေနဟန္ေပါက္ေနေပမယ့္ တစ္ကယ္တန္းက် ေတာ့ သူတို႔ရဲ့ စိတ္လွုပ္ရွားေနေသာအသံေတြႏွင့္ တက္ႂကြေနေသာ မ်က္ဝန္းေတြအရ သူမအား အားေပးတိုက္တြန္းေနတာႏွင့္မျခားပါေခ်။
"နင္တို႔ေကာင္ေတြ ကိုယ့္ေမးခြန္းရဲ့ ေနာက္ဆက္တြဲအျဖစ္ေတြကိုလည္း ျပန္သုံးသပ္ၾကည့္ၾကပါ ဦးလားကြာ ငါက တက္သစ္ေနၿမိဳ႕ေတာ္ရဲ့ ၿမိဳ႕ေတာ္သခင္ပဲ ျဖစ္ခ်င္တာ ဧကရာဇ္ေတြဘာေတြကို စိတ္မဝင္စားဘူးေဟ့"
ငါတို႔အိမ္ေတာ္ငါးခုရဲ့ ဂုဏ္သိကၡာက အလြန္အမင္းျမင့္မားေသာ္လည္း မိမိတိုင္းျပည္အေပၚမွာ သစၥာေစာင့္သိခဲ့ၾကဆဲျဖစ္ပါသည္။ဒါေပမယ့္ ဘာေၾကာင့္မ်ား လူငယ္မ်ိဳးဆက္လက္ထပ္ေရာက္ ခ်ိန္မွာ အားလုံးရဲ့ စိတ္ေတြက ေသြဖည္လာၾကရတာလဲဟု ရွန္ယန္ေရွာင္ေတြးမိသြားသည္။
တိုင္းျပည္အေပၚမွာ သစၥာရွိဖို႔ဆိုတာကို တစ္ေန႔တစ္ခါေတာင္ ေတြးမိပုံမရၾကသလို အခုအခါမွာ လည္း ပုန္ကန္ဖို႔ေတာင္ ေတြးေနၾကေသးည္ေလ...
"ဟမ္ နင့္ေခါင္းထဲမွာ ဒီကိစၥမရွိဘူးေပါ့"ဟူ၍ ရွန္ယန္ေရွာင္အေျဖကို လက္မခံနိုင္ပုံေပါက္တဲ့ တန္နာဇီကေျပာလိုက္သည္။

Continue Reading

You'll Also Like

127K 14.6K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
2.1M 162K 36
No descriptions here
2.9M 190K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022