မြွေသားရဲ၏ဇနီးသည် 【MM Transla...

Από ShweLoon365

275K 38.7K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... Περισσότερα

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(24)

3.1K 506 18
Από ShweLoon365

(Unicode)

အယ်! မိုး! အဲ့ဒီမှာဆားတွေ ရှိသေးတယ်။ သူအဲ့ဒါတွေကိုပြန်ယူဖို့ အခွင့်အလမ်းမရှိသေးဘူး။ ဆားတွင်းကိုတွေးမိသောအခါ ရှုကျင်ထျန်းသည် နွေဦးအိပ်မက်ကိစ္စကို သူ၏စိတ်ထဲမေ့ထားလိုက်သည်။

"ဟန်ယွီ၊ အဲဒီဆားကျင်းမှာ ဆားတွေအများကြီးရှိတယ်။ ငါနည်းနည်းပြန်ယူချင်တယ်"

ရှုဟန်ယွီက ရှုကျင်ထျန်းရဲ့ဂျာကင်ကိုယူကာ ပုခုံးပေါ်ကိုတင်ပေးလိုက်သည်။

"ဆားဆိုတာဘာလဲ။ စားဖို့လား? မင်းအတွက် ကိုယ်ဖမ်းပေးမယ်။ မင်းအိမ်မှာပဲနေ ကောင်းကောင်းအနားယူနော်”

ရှုကျင်ထျန်းကဝမ်းသာသွားပြီး ပျော်ရွှင်စွာပြောလိုက်သည်။
"ဒါကစားဖို့မဟုတ်ဘူး အာ... အဲဒါကစားဖို့ပါပဲလေ မနေ့ကမင်းငါ့ကိုတွေ့ခဲ့တဲ့တွင်းကဆားပဲ။ အဖြူရောင်ကောင်းမွန်သောသဲပြင်လေ မင်းငါ့အတွက်နည်းနည်းလောက် ပြန်ယူပေးနိုင်မလား”

ရှုဟန်ယွီရဲ့အကြည့်တွေက ချက်ချင်းထူးဆန်းလာသည်။
"ထျန်းထျန်းက သဲစားချင်လို့လား"

ရှုကျင်ထျန်း၏နှုတ်ခမ်းများက တုန်ယင်သွားပြီး အံ့သြစွာပြောလိုက်သည်။
"အဲ့ဒါသဲမဟုတ်ဘူး ဆား"

“ကောင်းပြီ။ ထျန်းထျန်း တခြားဘာစားချင်သေးလဲ။ ကိုယ်အဲ့ဒါကိုပြန်ယူပေးပါ့မယ်"

“ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ငါဗိုက်မဆာသေးဘူး။ ဟုတ်သားပဲ ကန်စွန်းဥအခွံတစ်ချို့တွေ့ခဲ့တယ်။  ဘယ်နေရာမှာ ကန်စွန်းဥရှိလဲသိလား"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို ညင်ညင်သာသာမှီလိုက်သည်။

မိန်းမပျိုလေးက အခြားသားရဲတွေရဲ့စားစရာတွေအကြောင်း အမြဲပြောနေတာကိုကြားရတဲ့အခါ ရှုဟန်ယွီနည်းနည်းမပျော်တော့ဘူး။ သို့သော်လည်း မိန်းမပျိုလေးကပိန်လွန်းပြီး စားရန်တောင်းခဲသည်။ ထို့ကြောင့် ရှုဟန်ယွီက မျက်မှောင်ကြုတ်ကာသဘောတူလိုက်သည်။

ရှုကျင်ထျန်းက ကန်စွန်းဥရဲ့အသွင်အပြင်ကို ပြောပြခဲ့ပြီး ဆားကိုပိုယူရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ မဟုတ်ရင်အဲဒါက အမှိုက်တွေဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် သူဘယ်လိုဆားကိုထုပ်ပိုးရမလဲ? ရှုကျင်ထျန်းသည် ဂူပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ကြီးမားသောပင်လယ်ခွံကိုမြင်သောအခါ သူ၏မျက်လုံးများသည်တောက်ပလာသည်။

"ဟန်ယွီ ပင်လယ်အခွံမာလေးတွေသယ်သွားဦး။ ပိုများလေကောင်းလေပဲ။ အဲ့ထဲကိုသဲတွေမထည့်ဖို့လည်း သတိရနော်"

ရှုဟန်ယွီသည် မျက်ခုံးပင့်ကာသဘောတူလိုက်ပြီး ဂူထဲမှမထွက်မီ ရှုကျင်ထျန်းကို အပြင်မထွက်သင့်ကြောင်း သတိပေးခဲ့သေးသည်။

ရှုကျင်ထျန်းသည် လှည့်ပတ်ပြေးရန် အဘယ်မှာအင်အားရှိလိမ့်မည်နည်း။ ယခုအချိန်တွင် သူသည်မခံမရပ်နိုင်လောက်အောင် မောဟိုက်နေပြီး ငရဲကျနေသကဲ့သို့ ပူလောင်မူးဝေနေ၏။ သူမျက်လုံးတောင်မဖွင့်နိုင်တော့ဘူး။ သူ့တင်ပါးမှာ ရောင်ရမ်းနေတဲ့နာကျင်မှုကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။

ရှုဟန်ယွီထွက်ခွာသွားပြီးနောက် ရှုကျင်ထျန်းက အိပ်ချင်လာပြန်သည်။ မြက်ခင်းပြင်ပေါ်တွင်ကွေးကွေးလေးလှဲနေပြီး မကြာမီပင် လျင်မြန်စွာအိပ်ပျော်သွားတော့သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်းကို တွေ့သောနေရာကိုရောက်သည်နှင့် ပထမဆုံးဆားအပြည့်ပါသောပင်လယ်ငါးခွံကိုယူကာ လေထဲတွင်အနံ့ခံ၍ ရှုကျင်ထျန်းပြောခဲ့သော မီးပုံကိုရှာလိုက်သည်။ အစားအစာအားလုံးကိုခွဲခြားရန် သူ၏လျှာကိုထုတ်လိုက်ပြီးနောက် သူသည်ရှာဖွေရန်တောထဲသို့ ၀င်လာခဲ့သည်။

ရှုကျင်ထျန်းပြောလိုက်တဲ့ကန်စွန်းဥက ဘာအနံ့ရှိမှန်းမသိပေမယ့်လည်း မြေပြင်ပေါ်မှာရှိတဲ့ ထိုအပင်များနှင့်အရွက်များကိုသူသိသည်။ ရှုဟန်ယွီက ဘယ်အမျိုးအစားမှန်းမသိတာကြောင့် ပြန်ယူဖို့အကုန်းလုံးကိုရှာဖို့ဆုံးဖြတ်လိုက်သည်။ အရင်ကစားဖူးတဲ့အရာတစ်ခုအတွက်နဲ့တော့ ပြဿနာမဖြစ်သင့်ဘူးလေ။
(TN:သူမှားယူသွားရင် ပြဿနာဖြစ်မှာစိုးရိမ်တယ်လို့ ပြောတာထင်ပါတယ်)

ရှုဟန်ယွီသည် သူ၏မွေးရာပါမှတ်ဥာဏ်ကိုအမှီပြု၍ရှာဖွေခဲ့ရာ မကြာမီအပင်အားလုံးတွေ့ခဲ့ရသည်။ ရှုကျင်ထျန်းက ကန်စွန်းဥသည်အသီးတစ်မျိုးနှင့်တူကြောင်းပြောထားသောကြောင့် ရှုဟန်ယွီက သူရှာဖွေသည့်အခါ အသီးများရှိမရှိအထူးဂရုပြုခဲ့သည်။

ရှုဟန်ယွီ၏ဂရုတစိုက်ရှာဖွေမှုအောက်တွင် ခရမ်းရောင်အသီးအမြောက်အမြားကို တူးဖော်တွေ့ရှိစေခဲ့သည်။ အသီးကမပျော့ဘဲ မာကြောသည်။ အပင်အားလုံးကို ရှာတွေ့ပြီးနောက် ရှုဟန်ယွီသည် ၎င်းတို့အားလုံးက အရွက်များနှင့် အသီးများဖြစ်ကြောင်း သိရှိလိုက်ရသည်။

ရှုဟန်ယွီ ဂူထဲသို့ပြန်လာသောအခါ မိန်းမပျိုလေးက မလှုပ်မယှက်နဲ့ ထောင့်တစ်နေရာမှာလှဲနေသည်ကို တွေ့လိုက်ရသည်။ ထိတ်လန့်သွားပြီး သူ့ဆီကိုအမြန်လျှောက်လာခဲ့သည်။ နောက်ဆုံးတွင် မိန်းမပျိုလေး၏ အသက်ရှုသံကိုကြားလိုက်ရသောအခါမှ သူစိတ်သက်သာရာရသွားသည်။

"ထျန်းထျန်း ထတော့ မင်းစားချင်တဲ့အရာတွေအားလုံး ကိုယ်ယူလာခဲ့တယ်”

ရှုဟန်ယွီက ရှုကျင်ထျန်းကို လှုပ်နှိုးလိုက်သည်။ သူ၏လက်ကိုထိလိုက်သောအခါ ပူနေသေးသည်ကိုတွေ့လိုက်ရသည်။

"အမ်း~"

ရှုကျင်ထျန်းက သူ့မျက်လုံးတွေကိုမှိတ်ထားပြီး ညည်းတွားသံတစ်ခုကို အဖြေအဖြစ်ပေးလိုက်သည်။ ထို့နောက် သူကတွန့်လိမ်ပြီး အိပ်ပျော်သွားပြန်သည်။ ဘယ်လောက်ပင်ပန်းလိုက်သလဲ။ သူမျက်လုံးတောင်မဖွင့်နိုင်တော့ဘူး။

ရှုကျင်ထျန်းသည် နံနက်ကတစ်ကြိမ်နိုးသော်လည်း ရှုဟန်ယွီမှာတော့ အလွန်စိတ်ပူပန်နေဆဲဖြစ်သည်။ မိန်းမပျိုလေးက တော်တော်ကြာအိပ်ပျော်သွားပြီးပြီ။ ဒါတောင် ခုချိန်ထိ သူကအိပ်ချင်သေးတာ သိပ်ထူးဆန်းလွန်းသည်။

ရှုဟန်ယွီက အခွံကိုဆွဲထုတ်လိုက်ပြီး ရှုကျင်ထျန်းကို လှုပ်နှိုးကာပြောလိုက်သည်။
"ထျန်းထျန်း မင်းလိုချင်တဲ့ဆား ကိုယ်ယူခဲ့တယ်။ မြန်မြန်ထပြီးစားတော့လေ"

ရှုကျင်ထျန်းက 'ဆား'ဆိုသည်ကိုကြားလိုက်ရသောအခါ သူသည်အားအင်အနည်းငယ်ရလာပြီး မျက်လုံးကိုဖွင့်ရန် အလွန်ကြိုးစားအားထုတ်လိုက်သည်။

အလွန်အိပ်ပျော်ခဲ့ပြီးနောက် ရှုကျင်ထျန်း၏မျက်လုံးများသည် အနည်းငယ်မှုန်ဝါးနေခဲ့သည်။ သူ၏မျက်လုံးများ ဖောင်းကားသွားခြင်းကြောင့် ဖြစ်နိုင်သည်။ ရှုကျင်ထျန်းက သူ့မျက်လုံးတွေကိုပွတ်လိုက်သည်။

"တကယ်လား?ငါ့ကိုပြ"

ရှုကျင်ထျန်းသည် မျက်လုံးများဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ဂူ၏အလင်းရောင်က သိပ်မကောင်းပေ။ တိမ်ထူတဲ့နေ့တစ်နေ့ဖြစ်နေပြီး သူ့မျက်လုံးတွေလည်း ဖောင်းနေတာမို့ လက်တွေ့မှာသူဘာမှမမြင်နိုင်ဘူး။ သူမြင်နိုင်သည့်တစ်ခုတည်းသောအရာက အကြမ်းဖျင်းပုံသဏ္ဌန်များသာဖြစ်သည်။

“ထျန်းထျန်း…”

ရှုဟန်ယွီက ရှုကျင်ထျန်း၏မျက်နှာရှေ့ လက်ဖြင့်ဝှေ့ယမ်းလိုက်သည်။

ရှုကျင်ထျန်းသည် စကားမပြောဘဲ မျက်လုံးရှေ့တွင် ဝှေ့ယမ်းနေသောလက်ကို ဖမ်းလိုက်သည်။

တောက်ပသောအဖြူရောင်ဆားသည် မှောင်ရီပိန်းနေသော လှိုဏ်ဂူအတွင်း၌ သိသာထင်ရှားဆဲဖြစ်သည်။
ရှုကျင်ထျန်းသည် ဂူအတွင်းအလင်းရောင်နှင့် လိုက်လျောညီထွေဖြစ်စွာကြည့်လိုက်ရာ ရှုဟန်ယွီဘေးတွင် အဖြူရောင်အစင်းတစ်ခုကိုတွေ့လိုက်ရသည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏မျက်လုံးများ ကောင်းမွန်နေသည်ကိုမြင်သောအခါမှ သက်ပြင်းချလိုက်သည်။ သူသည် အဖိုးတန်လက်ဆောင်တစ်ခုကဲ့သို့ သေးငယ်လှသောကန်စွန်းဥများကို ရှုကျင်ထျန်းအားပြလိုက်သည်။

“ဒီမှာမင်းလိုချင်တဲ့ ကန်စွန်းဥတွေလေ ဟုတ်မဟုတ်ကြည့်ပါဦး"

"ကန်စွန်းဥတွေ! မင်းတကယ်တွေ့ခဲ့တာပဲ”

ရှုကျင်ထျန်းက အလွန်အံ့သြသွားပြီး ရှုဟန်ယွီကိုပြုံးပြလိုက်သည်။ မူလက သူ့မှာမျှော်လင့်ချက်အများကြီးမရှိပေမယ့် ရှုဟန်ယွီရဲ့လုပ်ရည်ကိုင်ရည်က ဒီလောက်ကောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိဘူး။ သူကတစ်ကြိမ်တည်းနဲ့ အဲ့ဒါတွေကိုရှာတွေ့ခဲ့တယ်။

"ဟင်? ဒီကြက်သွန်ဖြူမဟုတ်လား။ ပြီးတော့ တခြားဟာတွေကဘာတွေလဲ”

ရှုကျင်ထျန်းသည် ဖျားနာနေသော်လည်း ယခုအချိန်တွင် စိတ်လှုပ်ရှားနေလေ၏။ သူကဘာလဲဆိုတာကိုကြည့်ဖို့ သေးငယ်တဲ့အရာလေးကို ကောက်ယူလိုက်၏။ ရှုကျင်ထျန်းက နှာခေါင်းနားကပ်ပြီး အနံ့ရှူကြည့်လိုက်ရာmala hotpotကိုစဉ်းစားမိသည်။ အဲ့ဒါကစီချွမ်ငရုတ်ကောင်းဖြစ်ပုံရသည်။

ရှုဟန်ယွီက ပျော်ရွှင်သွားလေ၏။ ကံကောင်းထောက်မစွာဖြင့် သူတွေ့ခဲ့သမျှကမှန်ကန်ခဲ့သည်။

“ထျန်းထျန်း မြန်မြန်လာစား မင်းဗိုက်ဆာနေတာကြာလောက်ပြီ။ ကိုယ်လည်း သားကောင်သေးသေးလေးတစ်ကောင်ကို အမဲလိုက်ထားတယ်။ သေးငယ်ပေမယ့်လည်း လူတစ်ယောက်စားဖို့အတွက်တော့ လုံလောက်ပါတယ်”

ရှုကျင်ထျန်းသည် ရွေ့လျားလှုပ်ရှားဖို့အတွက် ပျင်းရိနေသော်လည်း ရရှိနိုင်သည့် ပါဝင်ပစ္စည်းများအားလုံးကိုကြည့်ပြီး သူကြိုးစားကြည့်ချင်သည်။

ရှုကျင်ထျန်းက နူးနူးညံ့ညံ့တုန့်ပြန်လိုက်ပြီး သူ့ကိုယ်သူအတင်းတွန်းအားပေးကာ ရှုဟန်ယွီရဲ့အကူအညီနဲ့ ဂူဝကနေထွက်လာခဲ့သည်။

ဂူမှထွက်ပြီးနောက် ရှုကျင်ထျန်းသည် ရှုပ်ထွေးနေသောပင်လယ်မှိုများနှင့် ပင်လယ်ရေမှော်များဖြင့်ဖုံးအုပ်ထားသော ငါးအနည်းငယ်ကိုမြင်လိုက်ရသည်။ အချိန်ကြာမြင့်စွာထားခဲ့သောကြောင့် ပင်လယ်မှိုများနှင့် ပင်လယ်ရေညှိများက ခြောက်သွေ့လာသည်။ ငါးများသည်လည်း သေးငယ်သောပိုးမွှားများဖြင့်ဖုံးလွှမ်းထားသည်။ ကြည့်ရတာကိုပင် အလွန်စက်ဆုပ်စရာကောင်းသည်။

အဲ့ဒါတွေက ရှုဟန်ယွီ မနေ့က သူ့အတွက်ရှာပေးခဲ့တဲ့ အစားအစာဖြစ်ပြီး အခုတော့ အားလုံး အလဟဿဖြစ်နေပြီ။ သူ့(ဟန်ယွီ)အား အလုပ်များစေခဲ့သဖြင့် ရှုကျင်ထျန်းသည် ရှုဟန်ယွီအတွက် ရုတ်တရက် သနားမိသွားသည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏အကြည့်အတိုင်းလိုက်၍ ထိုအရာများအားကြည့်ပြီး ရေထဲသို့ကန်ချပစ်လိုက်သည်။ သူသည် မိန်းမပျိုလေးအား စိတ်ပူပန်နေသောကြောင့် ဤအပုပ်စာများကို အမှိုက်ပုံထဲသို့စွန့်ပစ်ရန်လုံး၀မေ့သွားခဲ့သည်။

ရှုကျင်ထျန်းသည် လွန်ခဲ့သောရက်အနည်းငယ်က ကင်ထားသောအသားကိုစားခဲ့ပြီး ယခုဟင်းချိုချက်ချင်သည်။ သို့သော်ပင်လယ်ခွံ၌ ဆားနှင့်ပြည့်နေသောကြောင့် အသားကိုကင်ရန်လိုသေးသည်။

ဤသားရဲ၏အမွေးများသည် စိမ်းလန်းစိုပြေပြီးနူးညံ့ကာ အတော်လေးသက်တောင့်သက်သာရှိသည်။ ထို့ပြင် ၎င်း၏တည်ဆောက်ပုံသည် ကြောင်လေးတစ်ကောင်၏အရွယ်အစားသာဖြစ်ပြီး အသားတစ်ပိုင်းမျှ ဖြတ်တောက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ရှုကျင်ထျန်းက ၎င်းကိုအရေခွံနွှာပြီးကင်လိုက်သည်။ သူကအပြင်ဘက်မှာကြက်သွန်ဖြူမှုန့်၊ စီချွမ်ငရုတ်ကောင်းနဲ့ ဆားအနည်းငယ်ကိုလည်း ဖြူးလိုက်သေးသည်။ မည်မျှထည့်ရမည်ကိုတော့ သူမသိပေ။ ထို့ကြောင့်ဆားမှလွဲ၍ အခြားဟာများကို များပြားစွာဖြူးထားလေ၏။

သားရဲ၏အမွေးသည် အတော်လေးနူးညံ့ပြီး ရှုကျင်ထျန်းသည် ၎င်းအားစွန့်ပစ်ရန်ဆန္ဒမရှိသောကြောင့် ဘေးဘက်ရှိချုံတစ်ခုပေါ်တွင် ဆွဲတင်ထားလိုက်သည်။

သေချာတာပေါ့ ကန်စွန်းဥကိုလည်း သူပစ်မထားဘူး။ ရှုကျင်ထျန်းက ကန်စွန်းဥသေးသေးလေးကိုမီး၌မြှုပ်ပြီး သားရဲနှင့်ကန်စွန်းဥတို့ကို တစ်ပြိုင်နက်တည်းကင်လိုက်သည်။

သားရဲတစ်ကောင်လုံးကိုကင်ရန် အချိန်ကြာမြင့်သည်။ အသားတွေအကုန်ချက်ပြုတ်ပြီးတဲ့အချိန်မှာတော့ ရှုကျင်ထျန်းက တစ်ဖန်ငိုက်မျဥ်းလာပြန်သည်။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကင်ထားသောအသားသည် အလွန်မွှေးသည်။ အရောင်မှာရွှေဝါရောင်ဖြစ်ပြီး အပြင်ဘက်အသားက ကြွပ်ဆတ်သည်။ အသား၏အရည်အသွေးကနူးညံ့သည့် ကင်ပြီးနောက် အဆီများနှင့်ပြည့်သွားသည်။ ရွှေဝါရောင်အမဲဆီသည် မီးထဲသို့နစ်သွားပြီး ဆူညံသောအသံများပင် ထွက်လာလေ၏။

အစာစားချင်စိတ်မရှိလျှင်ပင် ရှုကျင်ထျန်းသည် မနေနိုင်ဘဲ သွားရည်ကျလာသည်။ သူသည် ကင်ထားသောအသားကိုထုတ်ယူကာ အနံ့ကိုနက်ရှိုင်းစွာရှူရှိုက်ရန် သူ၏နှာခေါင်းရှေ့သို့ယူလိုက်သည်။ ကင်ထားသောအသားမှ ထွက်လာသောအငွေ့ကြောင့် သူ၏နှာခေါင်းတွင်ပင် အပူလောင်လုနီးနီးဖြစ်ခဲ့ရသည်။

“အနံ့ကအရမ်းကောင်းတယ်။ အဲဒီအရသာရှိတဲ့အသားကင်တွေကို ဒီလိုနည်းနဲ့ကင်လိုက်တာလေ။ ဟီးဟီး! ငါကကိုယ့်ဘာသာသင်ယူနိုင်တဲ့ ဥာဏ်ကြီးရှင်ကြီးပဲ!"

ရှုကျင်ထျန်းသည် အသားကင်ကိုမှုတ်လိုက်ပြီး ဘေးတစ်ဖက်ကိုဖဲ့ငိုက်လိုက်သည်။ အငန်အရသာ ကြွပ်ဆတ်မှုနှင့် ထုံကျင်သောအပူသည် သူ့ပါးစပ်ထဲပြည့်နှက်သွားလေ၏။ အသားအရည်အသွေးက အလွန်အရသာရှိသည်။

ကံမကောင်းစွာဘဲ သူ၏ခံတွင်း၌ခြောက်သွေ့မှုနှင့် ခါးသောအရသာတို့ကြောင့် ရှုကျင်ထျန်းသည် အရသာရှိသည်ဟု ရှင်းရှင်းလင်းလင်းခံစားခဲ့ပေမယ့် ဝါးပြီးမျိုချဖို့မတတ်နိုင်ခဲ့ပေ။
(TN:နေမကောင်းတော့ ပါးစပ်ခါးနေလို့ မျိုမချနိုင်ဘူးလို့ပြောတာပါ)

အစပိုင်းမှာသူ စားဖို့မစီစဉ်ခဲ့ဘူး။ အဲဒါကိုစူးစမ်းဖို့အတွက် ကင်ဖို့ကြိုးစားခဲ့တာ။ ယခုကင်ထားပြီးပြီဖြစ်သောကြောင့် ရှုကျင်ထျန်းသည် အလဟဿမဖြုန်းတီးဘဲ သေးငယ်သောအကိုက်များဖြင့် စားခဲ့သည်။

"ထျန်းထျန်း မကြိုက်ဘူးလား"

ရှုဟန်ယွီသည် ရှုကျင်ထျန်းအနီးသို့မသွားမီ မီးကိုငြိမ်းရန်စောင့်နေ၏။

"ကြိုက်တယ်! အရမ်းအရသာရှိတယ်။ စမ်းကြည့်ပါလား?"

ရှုကျင်ထျန်းသည် အသားကင်ကို ရှုဟန်ယွီ၏ပါးစပ်ဆီသို့ ကမ်းပေးလိုက်သော်လည်း ရှုဟန်ယွီက ချက်ခြင်းရှောင်လိုက်ပြီး ခေါင်းကိုယမ်းကာ စားရန်ငြင်းဆန်ခဲ့သည်။

အဆုံးမှာတော့ ရှုကျင်ထျန်းသည် အလွန်လောဘကြီးသည်။ သူက အစာမစားချင်ဘူးဆိုပေမယ့် အသားကင်တစ်ဝက်ကျော်ကို ဖြည်းဖြည်းချင်းကိုက်နေလေ၏။ ဒီမှာအကြာကြီးနေပြီးမှ ဒါကသူ့အတွက် အရသာအရှိဆုံးအစားအစာဖြစ်နေတုန်းပဲ။

ကင်ထားသောအသားကိုစားပြီးနောက် ရှုကျင်ထျန်း၏ဗိုက်သည် ခံနိုင်ရည်မရှိသောကြောင့် ကျန်ရှိသောအသားများကို သစ်ရွက်ဖြင့်ထုပ်လိုက်သည်။ ထို့နောက်သူသည် မီးခဲပြာထဲမှကန်စွန်းဥကို ထုတ်လိုက်သည်။ ကန်စွန်းဥသည် အနည်းငယ်ပူလောင်သော်လည်း အနံ့အရသာရှိသည်။ ရှုကျင်ထျန်းသည် ၎င်းကိုအရွက်ဖြင့်ထုပ်ပြီး ကင်ထားသောအသားနှင့် တွဲထားလိုက်သည်။

"ဒီလောက်နည်းနည်းလေး စားတာလုံလောက်ပြီလား။ များများစားလေ"
ရှုဟန်ယွီသည် အမြဲလိုလိုညီညာနေသည့် မိန်းမပျိုလေး၏ဗိုက်ကိုတို့ထိလိုက်ပြီး နူးညံ့သောလေသံဖြင့်ပြောလိုက်သည်။

"ကျေးဇူးပဲ၊ ငါမစားနိုင်တော့ဘူး။ အခုငါအရမ်းအိပ်ချင်နေပြီ"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကိုမှီပြီး မှေးစင်းသောမျက်လုံးများနှင့် စကားပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ကိုဖြေလျှော့လိုက်ပြီး ရှုဟန်ယွီကိုမှီလိုက်သောအခါ အစာအိမ်၏မအီမသာဖြစ်မှုက အနည်းငယ်သက်သာသွားလေ၏။

ရှုဟန်ယွီက မိန်းမပျိုလေးကိုတင်းကျပ်စွာ ပွေ့ဖက်ကာ သူ့ခေါင်းကိုပုခုံးပေါ်မြှုပ်လိုက်ပြီး "ထျန်းထျန်း အိပ်တော့" ဟုအသံတိုးတိုးဖြင့်ပြောလိုက်သည်။

နေဝင်ချိန်၌ ရှုကျင်ထျန်းသည် အလန့်တကြားနိုးလာပြီး သူ၏ခေါင်းက လေးလံနေဆဲပင်။ အပေါက်၏အပြင်ဘက်မှ ညည်းတွားနေသောမိုးသံကိုယူဆောင်လာပြီး ရုတ်တရက်ပြင်းထန်သော အလင်းရောင်တစ်ခုထွက်ပေါ်လာကာ မိုးတိမ်များကြားမှ မိုးချုန်းသံတစ်ခုထွက်ပေါ်လာသည်။ ရှုကျင်ထျန်းက အလင်းကြောင့်ကြောက်ရွံ့နေခဲ့ပေမယ့် နောက်ပိုင်းကျမှ မိုးကြိုးပစ်တယ်ဆိုတာကို မသိစိတ်ကသတိပြုမိခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းနေသဖြင့် မြေကြီးပေါ်သို့ ကျဆင်းလာသော ရေစက်ကြီးများသည် "ဝေါ ဝေါ"ဟူသောအသံများဖြစ်ပေါ်လာပြီး သစ်တောအတွင်း ပဲ့တင်ထပ်နေလေ၏။ ဤလှိုဏ်ဂူဝင်ပေါက်၏ မြေမျက်နှာသွင်ပြင်သည် ပိုမိုမြင့်မားခဲ့ပြီး ရေမ၀င်ခဲ့ပေ။ ၎င်းသည်စိုစွတ်နေဆဲဖြစ်သောအောက်ခြေမြေနှင့် စိုစွတ်သောမြက်ခြောက်များသာရှိသည်။ အိပ်ရတာတော်တော် အဆင်မပြေဘူး။

ရှုကျင်ထျန်းက အိပ်ချင်မူးတူးနှင့် ထထိုင်ချင်လာသည်။ မျက်လုံးများမှိတ်ကာ အပန်းဖြေနေသော ရှုဟန်ယွီကိုတွန်းလိုက်သည်။

ရှုဟန်ယွီက သူ့မျက်လုံးတွေကိုဖွင့်လိုက်သည်နှင့် မိန်းမပျိုလေးနိုးလာသည်ကို မြင်ရသောအခါ သူသည် လူသားအသွင်သို့ပြောင်းသွားပြီး ရှုကျင်ထျန်းနံဘေးသို့သွားလိုက်သည်။

"မင်းနိုးနေပြီလား"

ရှုကျင်ထျန်းက ချုပ်တည်းထားသော အသံကိုထုတ်လိုက်သည်။ သူ၏ခေါင်းကိုက်ခြင်းက ဆိုးရွားနေပြီ။ သူ၏အစာအိမ်သည်လည်း အလူးအလဲထိုးသိပ်ထည့်ခံထားရသလိုပဲ။ သူတကယ်အန်ချင်လာပြီ။

ရှုဟန်ယွီသည် ရှုကျင်ထျန်းကိုကူညီကာ သူ့အားပွေ့ပိုက်ထားခဲ့သည်။
"ထျန်းထျန်း နည်းနည်းပိုသက်သာလား"

“ငါအရမ်းနေလို့မကောင်းဘူး။ ငါရေသောက်ချင်တယ်"
ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ရင်ဘတ်ကိုမှီတွယ်ပြီး အားအင်မဲ့စွာပြောလိုက်သည်။

ရှုဟန်ယွီသည် ထိုစကားကိုကြားလိုက်သောအခါ ရှုကျင်ထျန်းကိုလွှတ်ပေးလိုက်သည်။
"ကိုယ်မင်းအတွက် ရေယူလာခဲ့မယ်"

ရှုကျင်ထျန်း၏ကန့်ကွက်သံများကြားမှ သူသည်ဂူထဲမှထွက်သွားလေ၏။

"အိုက်ယား! အပြင်မှာ မိုးတွေရွာနေတုန်းပဲလို့!"
ရှုကျင်ထျန်းက အနည်းငယ်အံ့အားသင့်သွားသည်။ မြွေကြီးကသူ့ကို အရမ်းစိတ်ပူနေပုံရသည်။

ရှုဟန်ယွီသည် စိုစွတ်သောခြေလှမ်းများဖြင့် ပြန်လာပြီး သူ၏ရှည်လျားစိမ်းလန်းသောဆံပင်များသည် မိုးရေများနှင့်စိုစွတ်နေသည်။ ၎င်းသည်အနည်းငယ်ကွေးကောက်သွားပြီး မိုးရေစက်များသည် ဆံပင်များမှတစ်ဆင့် အောက်သို့စီးကျသည်။

~~~~~~

3/11/21(5:00PM)

(Zawgyi)

အယ္! မိုး! အဲ့ဒီမွာဆားေတြ ရွိေသးတယ္။ သူအဲ့ဒါေတြကိုျပန္ယူဖို႔ အခြင့္အလမ္းမရွိေသးဘူး။ ဆားတြင္းကိုေတြးမိေသာအခါ ရႈက်င္ထ်န္းသည္ ႏြေဦးအိပ္မက္ကိစၥကို သူ၏စိတ္ထဲေမ့ထားလိုက္သည္။

"ဟန္ယြီ၊ အဲဒီဆားက်င္းမွာ ဆားေတြအမ်ားႀကီးရွိတယ္။ ငါနည္းနည္းျပန္ယူခ်င္တယ္"

ရႈဟန္ယြီက ရႈက်င္ထ်န္းရဲ႕ဂ်ာကင္ကိုယူကာ ပုခုံးေပၚကိုတင္ေပးလိုက္သည္။

"ဆားဆိုတာဘာလဲ။ စားဖို႔လား? မင္းအတြက္ ကိုယ္ဖမ္းေပးမယ္။ မင္းအိမ္မွာပဲေန ေကာင္းေကာင္းအနားယူေနာ္

ရႈက်င္ထ်န္းကဝမ္းသာသြားၿပီး ေပ်ာ္႐ႊင္စြာေျပာလိုက္သည္။
"ဒါကစားဖို႔မဟုတ္ဘူး အာ... အဲဒါကစားဖို႔ပါပဲေလ မေန႕ကမင္းငါ့ကိုေတြ႕ခဲ့တဲ့တြင္းကဆားပဲ။ အျဖဴေရာင္ေကာင္းမြန္ေသာသဲျပင္ေလ မင္းငါ့အတြက္နည္းနည္းေလာက္ ျပန္ယူေပးနိုင္မလား

ရႈဟန္ယြီရဲ႕အၾကည့္ေတြက ခ်က္ခ်င္းထူးဆန္းလာသည္။
"ထ်န္းထ်န္းက သဲစားခ်င္လို႔လား"

ရႈက်င္ထ်န္း၏ႏႈတ္ခမ္းမ်ားက တုန္ယင္သြားၿပီး အံ့ၾသစြာေျပာလိုက္သည္။
"အဲ့ဒါသဲမဟုတ္ဘူး ဆား"

ေကာင္းၿပီ။ ထ်န္းထ်န္း တျခားဘာစားခ်င္ေသးလဲ။ ကိုယ္အဲ့ဒါကိုျပန္ယူေပးပါ့မယ္"

ဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္။ ငါဗိုက္မဆာေသးဘူး။ ဟုတ္သားပဲ ကန္စြန္းဥအခြံတစ္ခ်ိဳ႕ေတြ႕ခဲ့တယ္။  ဘယ္ေနရာမွာ ကန္စြန္းဥရွိလဲသိလား"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ခႏၶာကိုယ္ကို ညင္ညင္သာသာမွီလိုက္သည္။

မိန္းမပ်ိဳေလးက အျခားသားရဲေတြရဲ႕စားစရာေတြအေၾကာင္း အၿမဲေျပာေနတာကိုၾကားရတဲ့အခါ ရႈဟန္ယြီနည္းနည္းမေပ်ာ္ေတာ့ဘူး။ သို႔ေသာ္လည္း မိန္းမပ်ိဳေလးကပိန္လြန္းၿပီး စားရန္ေတာင္းခဲသည္။ ထို႔ေၾကာင့္ ရႈဟန္ယြီက မ်က္ေမွာင္ၾကဳတ္ကာသေဘာတူလိုက္သည္။

ရႈက်င္ထ်န္းက ကန္စြန္းဥရဲ႕အသြင္အျပင္ကို ေျပာျပခဲ့ၿပီး ဆားကိုပိုယူရမယ္ဆိုတာကိုလည္း ရွင္းရွင္းလင္းလင္းေျပာလိုက္သည္။ မဟုတ္ရင္အဲဒါက အမွိုက္ေတြျဖစ္သြားလိမ့္မယ္။ ဒါေပမယ့္ သူဘယ္လိုဆားကိုထုပ္ပိုးရမလဲ? ရႈက်င္ထ်န္းသည္ ဂူပတ္ပတ္လည္ကိုၾကည့္လိုက္ၿပီး ႀကီးမားေသာပင္လယ္ခြံကိုျမင္ေသာအခါ သူ၏မ်က္လုံးမ်ားသည္ေတာက္ပလာသည္။

"ဟန္ယြီ ပင္လယ္အခြံမာေလးေတြသယ္သြားဦး။ ပိုမ်ားေလေကာင္းေလပဲ။ အဲ့ထဲကိုသဲေတြမထည့္ဖို႔လည္း သတိရေနာ္"

ရႈဟန္ယြီသည္ မ်က္ခုံးပင့္ကာသေဘာတူလိုက္ၿပီး ဂူထဲမွမထြက္မီ ရႈက်င္ထ်န္းကို အျပင္မထြက္သင့္ေၾကာင္း သတိေပးခဲ့ေသးသည္။

ရႈက်င္ထ်န္းသည္ လွည့္ပတ္ေျပးရန္ အဘယ္မွာအင္အားရွိလိမ့္မည္နည္း။ ယခုအခ်ိန္တြင္ သူသည္မခံမရပ္နိုင္ေလာက္ေအာင္ ေမာဟိုက္ေနၿပီး ငရဲက်ေနသကဲ့သို႔ ပူေလာင္မူးေဝေန၏။ သူမ်က္လုံးေတာင္မဖြင့္နိုင္ေတာ့ဘူး။ သူ႕တင္ပါးမွာ ေရာင္ရမ္းေနတဲ့နာက်င္မႈကိုလည္း ဂ႐ုမစိုက္နိုင္ေတာ့ဘူး။

ရႈဟန္ယြီထြက္ခြာသြားၿပီးေနာက္ ရႈက်င္ထ်န္းက အိပ္ခ်င္လာျပန္သည္။ ျမက္ခင္းျပင္ေပၚတြင္ေကြးေကြးေလးလွဲေနၿပီး မၾကာမီပင္ လ်င္ျမန္စြာအိပ္ေပ်ာ္သြားေတာ့သည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို ေတြ႕ေသာေနရာကိုေရာက္သည္ႏွင့္ ပထမဆုံးဆားအျပည့္ပါေသာပင္လယ္ငါးခြံကိုယူကာ ေလထဲတြင္အနံ႕ခံ၍ ရႈက်င္ထ်န္းေျပာခဲ့ေသာ မီးပုံကိုရွာလိုက္သည္။ အစားအစာအားလုံးကိုခြဲျခားရန္ သူ၏လွ်ာကိုထုတ္လိုက္ၿပီးေနာက္ သူသည္ရွာေဖြရန္ေတာထဲသို႔ ၀င်လာခဲ့သည်။

ရႈက်င္ထ်န္းေျပာလိုက္တဲ့ကန္စြန္းဥက ဘာအနံ႕ရွိမွန္းမသိေပမယ့္လည္း ေျမျပင္ေပၚမွာရွိတဲ့ ထိုအပင္မ်ားႏွင့္အ႐ြက္မ်ားကိုသူသိသည္။ ရႈဟန္ယြီက ဘယ္အမ်ိဳးအစားမွန္းမသိတာေၾကာင့္ ျပန္ယူဖို႔အကုန္းလုံးကိုရွာဖို႔ဆုံးျဖတ္လိုက္သည္။ အရင္ကစားဖူးတဲ့အရာတစ္ခုအတြက္နဲ႕ေတာ့ ျပႆနာမျဖစ္သင့္ဘူးေလ။
(TN:သူမွားယူသြားရင္ ျပႆနာျဖစ္မွာစိုးရိမ္တယ္လို႔ ေျပာတာထင္ပါတယ္)

ရႈဟန္ယြီသည္ သူ၏ေမြးရာပါမွတ္ဥာဏ္ကိုအမွီျပဳ၍ရွာေဖြခဲ့ရာ မၾကာမီအပင္အားလုံးေတြ႕ခဲ့ရသည္။ ရႈက်င္ထ်န္းက ကန္စြန္းဥသည္အသီးတစ္မ်ိဳးႏွင့္တူေၾကာင္းေျပာထားေသာေၾကာင့္ ရႈဟန္ယြီက သူရွာေဖြသည့္အခါ အသီးမ်ားရွိမရွိအထူးဂ႐ုျပဳခဲ့သည္။

ရႈဟန္ယြီ၏ဂ႐ုတစိုက္ရွာေဖြမႈေအာက္တြင္ ခရမ္းေရာင္အသီးအေျမာက္အျမားကို တူးေဖာ္ေတြ႕ရွိေစခဲ့သည္။ အသီးကမေပ်ာ့ဘဲ မာေၾကာသည္။ အပင္အားလုံးကို ရွာေတြ႕ၿပီးေနာက္ ရႈဟန္ယြီသည္ ၎တို႔အားလုံးက အ႐ြက္မ်ားႏွင့္ အသီးမ်ားျဖစ္ေၾကာင္း သိရွိလိုက္ရသည္။

ရႈဟန္ယြီ ဂူထဲသို႔ျပန္လာေသာအခါ မိန္းမပ်ိဳေလးက မလႈပ္မယွက္နဲ႕ ေထာင့္တစ္ေနရာမွာလွဲေနသည္ကို ေတြ႕လိုက္ရသည္။ ထိတ္လန႔္သြားၿပီး သူ႕ဆီကိုအျမန္ေလွ်ာက္လာခဲ့သည္။ ေနာက္ဆုံးတြင္ မိန္းမပ်ိဳေလး၏ အသက္ရႈသံကိုၾကားလိုက္ရေသာအခါမွ သူစိတ္သက္သာရာရသြားသည္။

"ထ်န္းထ်န္း ထေတာ့ မင္းစားခ်င္တဲ့အရာေတြအားလုံး ကိုယ္ယူလာခဲ့တယ္

ရႈဟန္ယြီက ရႈက်င္ထ်န္းကို လႈပ္ႏွိုးလိုက္သည္။ သူ၏လက္ကိုထိလိုက္ေသာအခါ ပူေနေသးသည္ကိုေတြ႕လိုက္ရသည္။

"အမ္း~"

ရႈက်င္ထ်န္းက သူ႕မ်က္လုံးေတြကိုမွိတ္ထားၿပီး ညည္းတြားသံတစ္ခုကို အေျဖအျဖစ္ေပးလိုက္သည္။ ထို႔ေနာက္ သူကတြန႔္လိမ္ၿပီး အိပ္ေပ်ာ္သြားျပန္သည္။ ဘယ္ေလာက္ပင္ပန္းလိုက္သလဲ။ သူမ်က္လုံးေတာင္မဖြင့္နိုင္ေတာ့ဘူး။

ရႈက်င္ထ်န္းသည္ နံနက္ကတစ္ႀကိမ္နိုးေသာ္လည္း ရႈဟန္ယြီမွာေတာ့ အလြန္စိတ္ပူပန္ေနဆဲျဖစ္သည္။ မိန္းမပ်ိဳေလးက ေတာ္ေတာ္ၾကာအိပ္ေပ်ာ္သြားၿပီးၿပီ။ ဒါေတာင္ ခုခ်ိန္ထိ သူကအိပ္ခ်င္ေသးတာ သိပ္ထူးဆန္းလြန္းသည္။

ရႈဟန္ယြီက အခြံကိုဆြဲထုတ္လိုက္ၿပီး ရႈက်င္ထ်န္းကို လႈပ္ႏွိုးကာေျပာလိုက္သည္။
"ထ်န္းထ်န္း မင္းလိုခ်င္တဲ့ဆား ကိုယ္ယူခဲ့တယ္။ ျမန္ျမန္ထၿပီးစားေတာ့ေလ"

ရႈက်င္ထ်န္းက 'ဆား'ဆိုသည္ကိုၾကားလိုက္ရေသာအခါ သူသည္အားအင္အနည္းငယ္ရလာၿပီး မ်က္လုံးကိုဖြင့္ရန္ အလြန္ႀကိဳးစားအားထုတ္လိုက္သည္။

အလြန္အိပ္ေပ်ာ္ခဲ့ၿပီးေနာက္ ရႈက်င္ထ်န္း၏မ်က္လုံးမ်ားသည္ အနည္းငယ္မႈန္ဝါးေနခဲ့သည္။ သူ၏မ်က္လုံးမ်ား ေဖာင္းကားသြားျခင္းေၾကာင့္ ျဖစ္နိုင္သည္။ ရႈက်င္ထ်န္းက သူ႕မ်က္လုံးေတြကိုပြတ္လိုက္သည္။

"တကယ္လား?ငါ့ကိုျပ"

ရႈက်င္ထ်န္းသည္ မ်က္လုံးမ်ားဖြင့္လိုက္ၿပီး ပတ္ဝန္းက်င္ကိုၾကည့္လိုက္သည္။ ဂူ၏အလင္းေရာင္က သိပ္မေကာင္းေပ။ တိမ္ထူတဲ့ေန႕တစ္ေန႕ျဖစ္ေနၿပီး သူ႕မ်က္လုံးေတြလည္း ေဖာင္းေနတာမို႔ လက္ေတြ႕မွာသူဘာမွမျမင္နိုင္ဘူး။ သူျမင္နိုင္သည့္တစ္ခုတည္းေသာအရာက အၾကမ္းဖ်င္းပုံသဏၭန္မ်ားသာျဖစ္သည္။

ထ်န္းထ်န္း

ရႈဟန္ယြီက ရႈက်င္ထ်န္း၏မ်က္ႏွာေရွ႕ လက္ျဖင့္ေဝွ႕ယမ္းလိုက္သည္။

ရႈက်င္ထ်န္းသည္ စကားမေျပာဘဲ မ်က္လုံးေရွ႕တြင္ ေဝွ႕ယမ္းေနေသာလက္ကို ဖမ္းလိုက္သည္။

ေတာက္ပေသာအျဖဴေရာင္ဆားသည္ ေမွာင္ရီပိန္းေနေသာ လွိုဏ္ဂူအတြင္း၌ သိသာထင္ရွားဆဲျဖစ္သည္။
ရႈက်င္ထ်န္းသည္ ဂူအတြင္းအလင္းေရာင္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္စြာၾကည့္လိုက္ရာ ရႈဟန္ယြီေဘးတြင္ အျဖဴေရာင္အစင္းတစ္ခုကိုေတြ႕လိုက္ရသည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏မ်က္လုံးမ်ား ေကာင္းမြန္ေနသည္ကိုျမင္ေသာအခါမွ သက္ျပင္းခ်လိဳက္သည္။ သူသည္ အဖိုးတန္လက္ေဆာင္တစ္ခုကဲ့သို႔ ေသးငယ္လွေသာကန္စြန္းဥမ်ားကို ရႈက်င္ထ်န္းအားျပလိုက္သည္။

ဒီမွာမင္းလိုခ်င္တဲ့ ကန္စြန္းဥေတြေလ ဟုတ္မဟုတ္ၾကည့္ပါဦး"

"ကန္စြန္းဥေတြ! မင္းတကယ္ေတြ႕ခဲ့တာပဲ

ရႈက်င္ထ်န္းက အလြန္အံ့ၾသသြားၿပီး ရႈဟန္ယြီကိုၿပဳံးျပလိုက္သည္။ မူလက သူ႕မွာေမွ်ာ္လင့္ခ်က္အမ်ားႀကီးမရွိေပမယ့္ ရႈဟန္ယြီရဲ႕လုပ္ရည္ကိုင္ရည္က ဒီေလာက္ေကာင္းလိမ့္မယ္လို႔ ဘယ္တုန္းကမွမေတြးခဲ့မိဘူး။ သူကတစ္ႀကိမ္တည္းနဲ႕ အဲ့ဒါေတြကိုရွာေတြ႕ခဲ့တယ္။

"ဟင္? ဒီၾကက္သြန္ျဖဴမဟုတ္လား။ ၿပီးေတာ့ တျခားဟာေတြကဘာေတြလဲ

ရႈက်င္ထ်န္းသည္ ဖ်ားနာေနေသာ္လည္း ယခုအခ်ိန္တြင္ စိတ္လႈပ္ရွားေနေလ၏။ သူကဘာလဲဆိုတာကိုၾကည့္ဖို႔ ေသးငယ္တဲ့အရာေလးကို ေကာက္ယူလိုက္၏။ ရႈက်င္ထ်န္းက ႏွာေခါင္းနားကပ္ၿပီး အနံ႕ရႉၾကည့္လိုက္ရာmala hotpotကိုစဥ္းစားမိသည္။ အဲ့ဒါကစီခြၽမ္င႐ုတ္ေကာင္းျဖစ္ပုံရသည္။

ရႈဟန္ယြီက ေပ်ာ္႐ႊင္သြားေလ၏။ ကံေကာင္းေထာက္မစြာျဖင့္ သူေတြ႕ခဲ့သမွ်ကမွန္ကန္ခဲ့သည္။

ထ်န္းထ်န္း ျမန္ျမန္လာစား မင္းဗိုက္ဆာေနတာၾကာေလာက္ၿပီ။ ကိုယ္လည္း သားေကာင္ေသးေသးေလးတစ္ေကာင္ကို အမဲလိုက္ထားတယ္။ ေသးငယ္ေပမယ့္လည္း လူတစ္ေယာက္စားဖို႔အတြက္ေတာ့ လုံေလာက္ပါတယ္

ရႈက်င္ထ်န္းသည္ ေ႐ြ႕လ်ားလႈပ္ရွားဖို႔အတြက္ ပ်င္းရိေနေသာ္လည္း ရရွိနိုင္သည့္ ပါဝင္ပစၥည္းမ်ားအားလုံးကိုၾကည့္ၿပီး သူႀကိဳးစားၾကည့္ခ်င္သည္။

ရႈက်င္ထ်န္းက ႏူးႏူးညံ့ညံ့တုန႔္ျပန္လိုက္ၿပီး သူ႕ကိုယ္သူအတင္းတြန္းအားေပးကာ ရႈဟန္ယြီရဲ႕အကူအညီနဲ႕ ဂူဝကေနထြက္လာခဲ့သည္။

ဂူမွထြက္ၿပီးေနာက္ ရႈက်င္ထ်န္းသည္ ရႈပ္ေထြးေနေသာပင္လယ္မွိုမ်ားႏွင့္ ပင္လယ္ေရေမွာ္မ်ားျဖင့္ဖုံးအုပ္ထားေသာ ငါးအနည္းငယ္ကိုျမင္လိုက္ရသည္။ အခ်ိန္ၾကာျမင့္စြာထားခဲ့ေသာေၾကာင့္ ပင္လယ္မွိုမ်ားႏွင့္ ပင္လယ္ေရညွိမ်ားက ေျခာက္ေသြ႕လာသည္။ ငါးမ်ားသည္လည္း ေသးငယ္ေသာပိုးမႊားမ်ားျဖင့္ဖုံးလႊမ္းထားသည္။ ၾကည့္ရတာကိုပင္ အလြန္စက္ဆုပ္စရာေကာင္းသည္။

အဲ့ဒါေတြက ရႈဟန္ယြီ မေန႕က သူ႕အတြက္ရွာေပးခဲ့တဲ့ အစားအစာျဖစ္ၿပီး အခုေတာ့ အားလုံး အလဟႆျဖစ္ေနၿပီ။ သူ႕(ဟန္ယြီ)အား အလုပ္မ်ားေစခဲ့သျဖင့္ ရႈက်င္ထ်န္းသည္ ရႈဟန္ယြီအတြက္ ႐ုတ္တရက္ သနားမိသြားသည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏အၾကည့္အတိုင္းလိုက္၍ ထိုအရာမ်ားအားၾကည့္ၿပီး ေရထဲသို႔ကန္ခ်ပစ္လိုက္သည္။ သူသည္ မိန္းမပ်ိဳေလးအား စိတ္ပူပန္ေနေသာေၾကာင့္ ဤအပုပ္စာမ်ားကို အမွိုက္ပုံထဲသို႔စြန့္ပစ္ရန္လုံး၀ေမ့သြားခဲ့သည္။

ရႈက်င္ထ်န္းသည္ လြန္ခဲ့ေသာရက္အနည္းငယ္က ကင္ထားေသာအသားကိုစားခဲ့ၿပီး ယခုဟင္းခ်ိဳခ်က္ခ်င္သည္။ သို႔ေသာ္ပင္လယ္ခြံ၌ ဆားႏွင့္ျပည့္ေနေသာေၾကာင့္ အသားကိုကင္ရန္လိုေသးသည္။

ဤသားရဲ၏အေမြးမ်ားသည္ စိမ္းလန္းစိုေျပၿပီးႏူးညံ့ကာ အေတာ္ေလးသက္ေတာင့္သက္သာရွိသည္။ ထို႔ျပင္ ၎၏တည္ေဆာက္ပုံသည္ ေၾကာင္ေလးတစ္ေကာင္၏အ႐ြယ္အစားသာျဖစ္ၿပီး အသားတစ္ပိုင္းမွ် ျဖတ္ေတာက္နိုင္ျခင္းမရွိေပ။ ထို႔ေၾကာင့္ ရႈက်င္ထ်န္းက ၎ကိုအေရခြံႏႊာၿပီးကင္လိုက္သည္။ သူကအျပင္ဘက္မွာၾကက္သြန္ျဖဴမႈန႔္၊ စီခြၽမ္င႐ုတ္ေကာင္းနဲ႕ ဆားအနည္းငယ္ကိုလည္း ျဖဴးလိုက္ေသးသည္။ မည္မွ်ထည့္ရမည္ကိုေတာ့ သူမသိေပ။ ထို႔ေၾကာင့္ဆားမွလြဲ၍ အျခားဟာမ်ားကို မ်ားျပားစြာျဖဴးထားေလ၏။

သားရဲ၏အေမြးသည္ အေတာ္ေလးႏူးညံ့ၿပီး ရႈက်င္ထ်န္းသည္ ၎အားစြန့္ပစ္ရန္ဆႏၵမရွိေသာေၾကာင့္ ေဘးဘက္ရွိခ်ဳံတစ္ခုေပၚတြင္ ဆြဲတင္ထားလိုက္သည္။

ေသခ်ာတာေပါ့ ကန္စြန္းဥကိုလည္း သူပစ္မထားဘူး။ ရႈက်င္ထ်န္းက ကန္စြန္းဥေသးေသးေလးကိုမီး၌ျမႇုပ္ၿပီး သားရဲႏွင့္ကန္စြန္းဥတို႔ကို တစ္ၿပိဳင္နက္တည္းကင္လိုက္သည္။

သားရဲတစ္ေကာင္လုံးကိုကင္ရန္ အခ်ိန္ၾကာျမင့္သည္။ အသားေတြအကုန္ခ်က္ျပဳတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ရႈက်င္ထ်န္းက တစ္ဖန္ငိုက္မ်ဥ္းလာျပန္သည္။ ဟင္းခတ္အေမႊးအႀကိဳင္မ်ားျဖင့္ ကင္ထားေသာအသားသည္ အလြန္ေမႊးသည္။ အေရာင္မွာေ႐ႊဝါေရာင္ျဖစ္ၿပီး အျပင္ဘက္အသားက ႂကြပ္ဆတ္သည္။ အသား၏အရည္အေသြးကႏူးညံ့သည့္ ကင္ၿပီးေနာက္ အဆီမ်ားႏွင့္ျပည့္သြားသည္။ ေ႐ႊဝါေရာင္အမဲဆီသည္ မီးထဲသို႔နစ္သြားၿပီး ဆူညံေသာအသံမ်ားပင္ ထြက္လာေလ၏။

အစာစားခ်င္စိတ္မရွိလွ်င္ပင္ ရႈက်င္ထ်န္းသည္ မေနနိုင္ဘဲ သြားရည္က်လာသည္။ သူသည္ ကင္ထားေသာအသားကိုထုတ္ယူကာ အနံ႕ကိုနက္ရွိုင္းစြာရႉရွိုက္ရန္ သူ၏ႏွာေခါင္းေရွ႕သို႔ယူလိုက္သည္။ ကင္ထားေသာအသားမွ ထြက္လာေသာအေငြ႕ေၾကာင့္ သူ၏ႏွာေခါင္းတြင္ပင္ အပူေလာင္လုနီးနီးျဖစ္ခဲ့ရသည္။

အနံ႕ကအရမ္းေကာင္းတယ္။ အဲဒီအရသာရွိတဲ့အသားကင္ေတြကို ဒီလိုနည္းနဲ႕ကင္လိုက္တာေလ။ ဟီးဟီး! ငါကကိုယ့္ဘာသာသင္ယူနိုင္တဲ့ ဥာဏ္ႀကီးရွင္ႀကီးပဲ!"

ရႈက်င္ထ်န္းသည္ အသားကင္ကိုမႈတ္လိုက္ၿပီး ေဘးတစ္ဖက္ကိုဖဲ့ငိုက္လိုက္သည္။ အငန္အရသာ ႂကြပ္ဆတ္မႈႏွင့္ ထုံက်င္ေသာအပူသည္ သူ႕ပါးစပ္ထဲျပည့္ႏွက္သြားေလ၏။ အသားအရည္အေသြးက အလြန္အရသာရွိသည္။

ကံမေကာင္းစြာဘဲ သူ၏ခံတြင္း၌ေျခာက္ေသြ႕မႈႏွင့္ ခါးေသာအရသာတို႔ေၾကာင့္ ရႈက်င္ထ်န္းသည္ အရသာရွိသည္ဟု ရွင္းရွင္းလင္းလင္းခံစားခဲ့ေပမယ့္ ဝါးၿပီးမ်ိဳခ်ဖိဳ႕မတတ္နိုင္ခဲ့ေပ။
(TN:ေနမေကာင္းေတာ့ ပါးစပ္ခါးေနလို႔ မ်ိဳမခ်နိဳင္ဘူးလို႔ေျပာတာပါ)

အစပိုင္းမွာသူ စားဖို႔မစီစဥ္ခဲ့ဘူး။ အဲဒါကိုစူးစမ္းဖို႔အတြက္ ကင္ဖို႔ႀကိဳးစားခဲ့တာ။ ယခုကင္ထားၿပီးၿပီျဖစ္ေသာေၾကာင့္ ရႈက်င္ထ်န္းသည္ အလဟႆမျဖဳန္းတီးဘဲ ေသးငယ္ေသာအကိုက္မ်ားျဖင့္ စားခဲ့သည္။

"ထ်န္းထ်န္း မႀကိဳက္ဘူးလား"

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းအနီးသို႔မသြားမီ မီးကိုၿငိမ္းရန္ေစာင့္ေန၏။

"ႀကိဳက္တယ္! အရမ္းအရသာရွိတယ္။ စမ္းၾကည့္ပါလား?"

ရႈက်င္ထ်န္းသည္ အသားကင္ကို ရႈဟန္ယြီ၏ပါးစပ္ဆီသို႔ ကမ္းေပးလိုက္ေသာ္လည္း ရႈဟန္ယြီက ခ်က္ျခင္းေရွာင္လိုက္ၿပီး ေခါင္းကိုယမ္းကာ စားရန္ျငင္းဆန္ခဲ့သည္။

အဆုံးမွာေတာ့ ရႈက်င္ထ်န္းသည္ အလြန္ေလာဘႀကီးသည္။ သူက အစာမစားခ်င္ဘူးဆိုေပမယ့္ အသားကင္တစ္ဝက္ေက်ာ္ကို ျဖည္းျဖည္းခ်င္းကိုက္ေနေလ၏။ ဒီမွာအၾကာႀကီးေနၿပီးမွ ဒါကသူ႕အတြက္ အရသာအရွိဆုံးအစားအစာျဖစ္ေနတုန္းပဲ။

ကင္ထားေသာအသားကိုစားၿပီးေနာက္ ရႈက်င္ထ်န္း၏ဗိုက္သည္ ခံနိုင္ရည္မရွိေသာေၾကာင့္ က်န္ရွိေသာအသားမ်ားကို သစ္႐ြက္ျဖင့္ထုပ္လိုက္သည္။ ထို႔ေနာက္သူသည္ မီးခဲျပာထဲမွကန္စြန္းဥကို ထုတ္လိုက္သည္။ ကန္စြန္းဥသည္ အနည္းငယ္ပူေလာင္ေသာ္လည္း အနံ႕အရသာရွိသည္။ ရႈက်င္ထ်န္းသည္ ၎ကိုအ႐ြက္ျဖင့္ထုပ္ၿပီး ကင္ထားေသာအသားႏွင့္ တြဲထားလိုက္သည္။

"ဒီေလာက္နည္းနည္းေလး စားတာလုံေလာက္ၿပီလား။ မ်ားမ်ားစားေလ"
ရႈဟန္ယြီသည္ အၿမဲလိုလိုညီညာေနသည့္ မိန္းမပ်ိဳေလး၏ဗိုက္ကိုတို႔ထိလိုက္ၿပီး ႏူးညံ့ေသာေလသံျဖင့္ေျပာလိုက္သည္။

"ေက်းဇူးပဲ၊ ငါမစားနိုင္ေတာ့ဘူး။ အခုငါအရမ္းအိပ္ခ်င္ေနၿပီ"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ခႏၶာကိုယ္ကိုမွီၿပီး ေမွးစင္းေသာမ်က္လုံးမ်ားႏွင့္ စကားေျပာလိုက္သည္။ သူ႕ခႏၶာကိုယ္ကိုေျဖေလွ်ာ့လိုက္ၿပီး ရႈဟန္ယြီကိုမွီလိုက္ေသာအခါ အစာအိမ္၏မအီမသာျဖစ္မႈက အနည္းငယ္သက္သာသြားေလ၏။

ရႈဟန္ယြီက မိန္းမပ်ိဳေလးကိုတင္းက်ပ္စြာ ေပြ႕ဖက္ကာ သူ႕ေခါင္းကိုပုခုံးေပၚျမႇုပ္လိုက္ၿပီး "ထ်န္းထ်န္း အိပ္ေတာ့" ဟုအသံတိုးတိုးျဖင့္ေျပာလိုက္သည္။

ေနဝင္ခ်ိန္၌ ရႈက်င္ထ်န္းသည္ အလန႔္တၾကားနိုးလာၿပီး သူ၏ေခါင္းက ေလးလံေနဆဲပင္။ အေပါက္၏အျပင္ဘက္မွ ညည္းတြားေနေသာမိုးသံကိုယူေဆာင္လာၿပီး ႐ုတ္တရက္ျပင္းထန္ေသာ အလင္းေရာင္တစ္ခုထြက္ေပၚလာကာ မိုးတိမ္မ်ားၾကားမွ မိုးခ်ဳန္းသံတစ္ခုထြက္ေပၚလာသည္။ ရႈက်င္ထ်န္းက အလင္းေၾကာင့္ေၾကာက္႐ြံ႕ေနခဲ့ေပမယ့္ ေနာက္ပိုင္းက်မွ မိုးႀကိဳးပစ္တယ္ဆိုတာကို မသိစိတ္ကသတိျပဳမိခဲ့သည္။

မိုးသည္းထန္စြာ႐ြာသြန္းေနသျဖင့္ ေျမႀကီးေပၚသို႔ က်ဆင္းလာေသာ ေရစက္ႀကီးမ်ားသည္ "ေဝါ ေဝါ"ဟူေသာအသံမ်ားျဖစ္ေပၚလာၿပီး သစ္ေတာအတြင္း ပဲ့တင္ထပ္ေနေလ၏။ ဤလွိုဏ္ဂူဝင္ေပါက္၏ ေျမမ်က္ႏွာသြင္ျပင္သည္ ပိုမိုျမင့္မားခဲ့ၿပီး ေရမ၀င္ခဲ့ေပ။ ၎သည္စိုစြတ္ေနဆဲျဖစ္ေသာေအာက္ေျခေျမႏွင့္ စိုစြတ္ေသာျမက္ေျခာက္မ်ားသာရွိသည္။ အိပ္ရတာေတာ္ေတာ္ အဆင္မေျပဘူး။

ရႈက်င္ထ်န္းက အိပ္ခ်င္မူးတူးႏွင့္ ထထိုင္ခ်င္လာသည္။ မ်က္လုံးမ်ားမွိတ္ကာ အပန္းေျဖေနေသာ ရႈဟန္ယြီကိုတြန္းလိုက္သည္။

ရႈဟန္ယြီက သူ႕မ်က္လုံးေတြကိုဖြင့္လိုက္သည္ႏွင့္ မိန္းမပ်ိဳေလးနိုးလာသည္ကို ျမင္ရေသာအခါ သူသည္ လူသားအသြင္သို႔ေျပာင္းသြားၿပီး ရႈက်င္ထ်န္းနံေဘးသို႔သြားလိုက္သည္။

"မင္းနိုးေနၿပီလား"

ရႈက်င္ထ်န္းက ခ်ဳပ္တည္းထားေသာ အသံကိုထုတ္လိုက္သည္။ သူ၏ေခါင္းကိုက္ျခင္းက ဆိုး႐ြားေနၿပီ။ သူ၏အစာအိမ္သည္လည္း အလူးအလဲထိုးသိပ္ထည့္ခံထားရသလိုပဲ။ သူတကယ္အန္ခ်င္လာၿပီ။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကိုကူညီကာ သူ႕အားေပြ႕ပိုက္ထားခဲ့သည္။
"ထ်န္းထ်န္း နည္းနည္းပိုသက္သာလား"

ငါအရမ္းေနလို႔မေကာင္းဘူး။ ငါေရေသာက္ခ်င္တယ္"
ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ရင္ဘတ္ကိုမွီတြယ္ၿပီး အားအင္မဲ့စြာေျပာလိုက္သည္။

ရႈဟန္ယြီသည္ ထိုစကားကိုၾကားလိုက္ေသာအခါ ရႈက်င္ထ်န္းကိုလႊတ္ေပးလိုက္သည္။
"ကိုယ္မင္းအတြက္ ေရယူလာခဲ့မယ္"

ရႈက်င္ထ်န္း၏ကန႔္ကြက္သံမ်ားၾကားမွ သူသည္ဂူထဲမွထြက္သြားေလ၏။

"အိုက္ယား! အျပင္မွာ မိုးေတြ႐ြာေနတုန္းပဲလို႔!"
ရႈက်င္ထ်န္းက အနည္းငယ္အံ့အားသင့္သြားသည္။ ေႁမြႀကီးကသူ႕ကို အရမ္းစိတ္ပူေနပုံရသည္။

ရႈဟန္ယြီသည္ စိုစြတ္ေသာေျခလွမ္းမ်ားျဖင့္ ျပန္လာၿပီး သူ၏ရွည္လ်ားစိမ္းလန္းေသာဆံပင္မ်ားသည္ မိုးေရမ်ားႏွင့္စိုစြတ္ေနသည္။ ၎သည္အနည္းငယ္ေကြးေကာက္သြားၿပီး မိုးေရစက္မ်ားသည္ ဆံပင္မ်ားမွတစ္ဆင့္ ေအာက္သို႔စီးက်သည္။

~~~~~~

3/11/21(5:00PM)

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

280K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...