Worship Me, I Can Make You Ri...

By XiaoMaoMao55

505K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 28 (U+Z)

7.2K 1.3K 48
By XiaoMaoMao55

-Unicode-

အခန်း ၂၈: သည်းမခံနိုင်တော့ဘူး

ကျွမ်းကျိုးဟာ ထောင့်လေးမှာ အသံမထွက်ဘဲ အင်မတန်သနားစရာကောင်းစွာ ကွေးကွေးလေးနေနေတယ်။ သူ့ရဲ့ အရင်က ဘဝင်ခိုက်ပြီး ကျေနပ်အားရနေတဲ့ အမူအရာလေးကတော့ ပျောက်ရှသွားပြီ။

ဝမ်ရှောင်းယွင်က လက်တွေ့မှာ သေချာသိနေတယ်။ သူသာအခု ကျွမ်းကျိုးကို "မင်းက အဲဒီကြွယ်ဝခြင်းနတ်ဘုရားလား" ဆိုပြီး မေးလိုက်ရင် ငါးစက္ကန့်တောင်မပြောနဲ့ဦး၊ သုံးစက္ကန့်အတွင်းမှာပဲ ကျိုးကျိုးက ချက်ချင်းကို "နေရာမှာတင်လဲကျသေသွားတယ်" ဆိုတာ ဘာကိုခေါ်တယ်ဆိုတာ ပြလိုက်နိုင်တယ်။

ဝမ်ရှောင်းယွင် သူ့လျှို့ဝှက်ချက်ကို ဖော်ဖို့ မလုပ်နိုင်ဘူး။

သူက နည်းနည်း ကူကယ်ရာမဲ့ဖြစ်နေပြီး နည်းနည်းလည်း ရယ်ချင်နေတယ်။ သေချာပေါက် အခု ရှော့ခ်ရရမဲ့သူက သူဖြစ်သင့်တာလေ မဟုတ်ဘူးလား။

ဝမ်ရှောင်းယွင် သူ့ကို ခေါ်လိုက်တယ်: "ကျိုးကျိုး"

ကျွမ်းကျိုးက ခေါင်းငိုက်စိုက်ကျနေပြီး သူ့ကို မော့လည်းမကြည့်သလို အသံလည်း မထွက်ဘူး။

ဝမ်ရှောင်းယွင်က အသံမထွက်ဘဲ သက်ပြင်းချလိုက်ပြီး ဆိုတယ်: "ကိုယ်ပြောချင်တာက သူက မင်းအဖေမဟုတ်ဘူး၊ ဆိုတော့ မင်းကောကောပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"

စိတ်ဓာတ်ကျနေတဲ့ ခေါင်းလေးက ဖြည်းဖြည်းချင်း မော့လာပြီး ကျွမ်းကျိုး ဝမ်ရှောင်းယွင်နဲ့ အကြည့်ချင်းဆုံသွားတယ်။

သူ့ရဲ့ အဲဒီအကြည့်က 'ကျွန်တော့်ကောကောလား။ ခင်ဗျားစိတ်ထပ်မပြောင်းတော့မှာ သေချာလား' ဆိုပြီး ပြောနေသလိုပဲ။

ဝမ်ရှောင်းယွင်က လုံးဝ လေးလေးနက်နက်နဲ့ ပြောလိုက်တော့တယ်: "ဒါက ကျိုးကျိုးရဲ့ ကောကောပဲဖြစ်ရမယ်"

ကျွမ်းကျိုးက နှုတ်ခမ်းတွေကို တင်းတင်းဖိစေ့ထားပြီး အခုဝမ်းရှောင်းယွင်ရဲ့ စကားတွေကို နည်းနည်း မယုံသင်္ကာဖြစ်နေတယ်။

ဝမ်ရှောင်းယွင် နတ်ဘုရားပုံတော်ကို သူ့ဘာသာသူ ကောက်ယူလိုက်ပြီး အလွန်ကို လေးနက်တည်ကြည်စွာနဲ့ ပြောတယ်: "သူ့ကို ကြည့်လိုက်လေ။ တော်တော်လေးငယ်ပြီး ချောလည်းချောတယ်။ ကျိုးကျိုးလိုပဲ တအားကြည့်ကောင်းတယ်။ သူက အသက်လည်း တော်တော်လေးငယ်ဦးမှာပဲ။ ဒီတော့ သူက ကျိုးကျိုးကောကောပဲ ဖြစ်တော့မှာပေါ့"

ကျွမ်းကျိုးက နတ်ဘုရားပုံတော်ကို ကြည့်လိုက်တယ်။ အဲဒီနောက် ဝမ်ရှောင်းယွင်ကို ကြည့်လိုက်တယ်။ အချိန်အတော်လေးကြာတော့မှ နောက်ဆုံး ဖြည်းဖြည်းလေး ပြောလိုက်တယ်: "........ခင်ဗျား အတည်ပြောနေတာလား"

ဝမ်ရှောင်းယွင်က ပြန်မေးလိုက်တယ်: "ကိုယ်က အတည်အတံ့ မဟုတ်တဲ့ပုံပေါက်နေလို့လား"

ကျွမ်းကျိုး: "..........."

ဝမ်ရှောင်းယွင်က အဲဒီနောက် မေးလိုက်တယ်: "ဒါက မင်းရဲ့ကောကောမဟုတ်ဘူးလား။ အဲဒါဆို ဒါဘယ်သူလဲဆိုတာ တကယ်မမှန်းတတ်တော့ဘူး"

ကျွမ်းကျိုး: "..........."

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို စူးစိုက်ကြည့်နေတာ အချိန်အတော်ကြာသွားတယ်။ သူ့ကိုကြည့်ရတာ နောက်ပြောင်နေပုံမရဘူးဆိုတော့မှ ကျွမ်းကျိုးက ဖြည်းဖြည်းလေး ပြောတယ်: "အဲဒါဆို ဒါကို ခင်ဗျားပဲပြောတာနော်"

ဝမ်ရှောင်းယွင်: "ဟုတ်တယ် ကိုယ်ပြောတာ"

ကျွမ်းကျိုး: "အွန်း"

ဝမ်ရှောင်းယွင်က အဲဒီလိုပြောပြီး ဘာမှထပ်မပြောတော့ဘူး။ ကျွမ်းကျိုးကလည်း ဘာမှ ထပ်မမေးတော့ဘူး။

သူတို့က မသိမသာနဲ့ အသံတိတ်သဘောတူညီမှုရသွားပုံ ရတယ်။

ဒါပေမဲ့ ညမအိပ်ခင်မှာပဲ ပြဿနာတစ်ခု ထပ်ပေါ်လာပြန်ရော။

တစ်ခါတုန်းက 'အိပ်ရင် မင်းအဖေကို ဖက်အိပ်ရမှဖြစ်မှာလား' ဆိုပြီး ထပ်ခါထပ်ခါမေးတတ်တဲ့သူက --- ပြောင်းလဲသွားပြီ!

ကျွမ်းကျိုးက ကုတင်ခေါင်းရင်းမှာ နတ်ဘုရားပုံတော်ကို ပက်ကျိနှုန်းနဲ့ တင်နေတုန်းမှာ ဝမ်ရှောင်းယွင်က ရုတ်တရက် နှုတ်ခမ်းတွေ ပွင့်လာတယ်။

သူက ပြောတယ်: "ကျိုးကျိုး နတ်ဘုရားပုံတော်ကို ကုတင်ပေါ်မှာပဲ ထားလိုက်ပါလား"

ကျွမ်းကျိုး: "?"

ဝမ်ရှောင်းယွင်: "မင်း..... မင်း-ကောကောကို ကုတင်ခေါင်းရင်းမှာ တစ်ယောက်တည်းအိပ်ခိုင်းတာ သိပ်မကောင်းဘူး"

ကျွမ်းကျိုး: ".........."

ဘာတွေများ မကောင်းလို့လဲ။ တစ်လျှောက်လုံး ဒီအတိုင်းပဲ မဟုတ်ဘူးလား။

ဝမ်ရှောင်းယွင်: "မင်းကိုင်ထားရတာ ညောင်းနေမှာပေါ့။ ကိုယ်တို့အလှည့်လဲပြီး ကိုယ်ကိုင်ထားရင်ရော"

ကျွမ်းကျိုး: ".........."

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို အလွန့်အလွန် စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်က ပြောရင်းဆိုရင်းနဲ့ တက်တက်ကြွကြွပဲ ရှေ့တိုးလာပြီး နတ်ဘုရားပုံတော်ကို သူ့ရင်ခွင်ထဲမှာ ဖက်ထားလိုက်တယ်။

ကျွမ်းကျိုးရဲ့ နတ်ဘုရားပုံတော်က ရွှေသားစင်စစ်နဲ့လုပ်ထားတာဆိုတော့ အလွန်လေးတယ်။ ဘယ်လောက်ပဲလေးပါစေ ဝမ်ရှောင်းယွင်က အလွန်ခန္ဓာကိုယ်ကြံ့ခိုင်တယ်။ ကျွမ်းကျိုးကိုယ်တိုင်ကလည်း တန်ခိုးစွမ်းအင်ရှိတယ်။ ဒါကို သယ်ထားရတာ အလိုအလျောက်ကို ဘာမှမခံစားရဘူး။

မဟုတ်ဘူး နေပါဦး။ ခံစားချက်တစ်မျိုးတော့ ရှိနေသေးတယ်။

သူကိုယ်တိုင်ရဲ့ နတ်ဘုရားပုံတော် ဝမ်ရှောင်းယွင်ရဲ့ရင်ခွင်ထဲမှာ အဖက်ခံထားရတာကို ကြည့်နေရင်း ကျွမ်းကျိုးမျက်နှာက နည်းနည်း နီမြန်းလာတယ်။

ဒီခံစားချက်က အရင်တုန်းက ဝမ်ရှောင်းယွင် သူ့ကိုဖက်တုန်းက ခံစားချက်မျိုးလိုပဲ။

သို့ပေမဲ့ ထပ်တူတော့လည်း မကျပြန်ဘူး။

ဝမ်ရှောင်းယွင် သူ့ကို အရင်က ဖက်တုန်းက သူက ဒီလောက် - ဝမ်ရှောင်းယွင်ရဲ့ရင်ဘတ်မှာ တင်းတင်းကျပ်ကျပ် ဖိကပ်ထားခံရလောက်အောင် မသေးဘူး။

ကျွမ်းကျိုးက နတ်ဘုရားပုံတော်ကို ပြန်ယူချင်တဲ့ပုံနဲ့ မျက်နှာရှက်သွေးဖြာလျက် အရှေ့တိုးလာတယ်: "ကျွန်တော့်ကို ပြန်ပေး၊ ကိုယ့်ဘာကိုယ်လုပ်မယ်"

ဝမ်ရှောင်းယွင်က သူနဲ့ အတိုက်အခံမလုပ်တော့ဘဲ မေးလိုက်တယ်: "မင်းက တကယ်ဆန္ဒမရှိဘူးလား"

ကျွမ်းကျိုးက စဉ်းတောင်မစဉ်းစားဘဲ ဖြေလိုက်တယ်: "ဒါ ကျွန်တော်မဟုတ်ပါဘူး!"

ဝမ်ရှောင်းယွင်ကလည်း အလိုက်သင့်လေး အနောက်ကလိုက်ပြောလိုက်တယ်: "ဟုတ်ပါတယ်။ ကိုယ်က မင်းကိုမေးတာမဟုတ်ပါဘူး။ မင်းရဲ့ကောကောကို မေးတာပါ"

သူက ခေါင်းငုံ့လိုက်ပြီး နတ်ဘုရားပုံတော်ကို စကားပြောသလိုမျိုးနဲ့ : "*ရှောင်-ကောကော တကယ်ဆန္ဒမရှိဘူးလားဟင်" (*ရှောင်-ကောကောဆိုပြီး အတွဲတွေမှာလည်း နာမည်ပြောင်တွေပေးကြတယ်လေ)

ပေါက်ကွဲမှုတစ်ခုနဲ့အတူ ကျွမ်းကျိုးရဲ့မျက်နှာက နီမြန်းနေတော့တယ်။

သူက နတ်ဘုရားပုံတော်ကို ပြန်ဆွဲယူလိုက်ပြီး တစ်ဖက်လှည့်သွားကာ ဝမ်ရှောင်းယွင်ကို ကျောပေးထားတယ်။ သူက နည်းနည်း စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်: "အိပ်ချိန်ရောက်ပြီ!"

ဝမ်ရှောင်းယွင်က ဟက်ခနဲရယ်လိုက်ပြီး သူ့ကို ဆက်မစတော့ဘူး။ သူက ညင်သာတဲ့အသံနဲ့ ပြောလိုက်တယ်: "ကျိုးကျိုး ကောင်းသောညပါ၊ ကျိုးကျိုးရဲ့ကောကောလည်း ကောင်းသောညပါ"

ကျွမ်းကျိုးက ခပ်ပြတ်ပြတ်ပဲ ပြန်ပြောတယ်: "ကောင်းသောည၊ ကောင်းသောည" (*ဝမ်အန်း ဆိုပြီးပြောလိုက်တာပါ)

သူက ခဏရပ်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်တယ်: "နောက်ကတစ်ခွန်းက ကောကောကို ပြောတာ"

ဝမ်ရှောင်းယွင်က အကျယ်ကြီးအော်ရယ်မိတော့မလို့။ ဒါပေမဲ့ သူက သူငယ်ချင်းလေးရဲ့ *အရေပါးတာကို စိတ်ပူနေတယ်။ သူသာ တကယ်ကြီး အသံထွက်ရယ်မိရင် အခန်းထဲကနေ ကန်ထုတ်ခံရနိုင်တယ်။ အဲဒါနဲ့ သူက မြိုသိပ်လိုက်ပြီး မျက်လုံးထဲမှာ ရွှင်မြူးရိပ်တွေအပြည့်နဲ့ သူငယ်ချင်းလေးရဲ့ခေါင်းကို ထိလိုက်တယ်။ ဒါပေမဲ့ ဒီညကတော့ အိပ်မရတဲ့ညတစ်ညဖြစ်ဖို့ အကြောင်းဖန်လာတယ်။ ရုတ်တရက်ကြီး သူငယ်ချင်းလေးရဲ့ သရုပ်အစစ်အမှန်ကို သိသွားတော့ ဝမ်ရှောင်းယွင် ဘယ်လိုလုပ်ပြီး စိတ်ငြိမ်အောင် ထားနိုင်ပါ့မလဲ။ (*အရေပါး - အရှက်သည်းတတ်)

နတ်ဘုရား။ ဒါက ကမ္ဘာဟောင်းပေါ်က ယဉ်ကျေးမှုသမိုင်းထဲက ဒဏ္ဍာရီတစ်ခုသက်သက်ပဲ။

လူသားတွေ ကမ္ဘာဂြိုလ်ကနေ မထွက်ခွာခင် သူတို့ရဲ့ယဉ်ကျေးမှုတွေ ကိုးကွယ်ယုံကြည်မှုတွေကို အပါယူလာခဲ့တယ်။ ကြယ်စုကွန်ရက်ပေါ်မှာ ဒီဒဏ္ဍာရီတွေကို ရှာဖွေလို့ရနိုင်သေးတယ်။

သို့ပေမဲ့ လူသားတွေ ဂြိုလ်အသစ်တွေဆီ ရွှေ့ပြောင်းနေထိုင်ပြီးနောက် အစကနေ အခုအထိ သိပ္ပံနဲ့နည်းပညာပိုင်းဆိုင်ရာ ခေတ်မီတိုးတက်မှုတွေ ကာလကြာရှည်လာပြီးနောက်မှာ သူတို့က နတ်ဘုရားတွေနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေအားလုံးကို မေ့သွားသလောက်ဖြစ်လာတယ်။

အင်ပါယာရဲ့ သမိုင်းပညာရှင်တွေလောက်ပဲ ဒါတွေကို လေ့လာတော့တယ်။

ဒါပေမဲ့ ကျိုးကျိုးဟာ တကယ့် နတ်ဘုရားတစ်ပါးဆိုတာ ယခုလက်တွေ့က ဝမ်ရှောင်းယွင်ကို ပြောပြနေတယ်။

သူစိတ်ဆိုးတဲ့အခါ စစ်သင်္ဘောပေါ်က ကုသရေးကန်တွေအကုန်လုံးကို အလုပ်မလုပ်တော့အောင် လုပ်နိုင်တယ်။ ချန်ကျင့်ရွှယ်ကို ကံဆိုးမှုတွေ တစ်ခုပြီးတစ်ခု ကြုံအောင်လုပ်နိုင်တယ်။

စွမ်းအင်ဓာတ်ရောင်ခြည်လုံးဝမထွက်တဲ့ စက်ရုပ်တွေ တီထွင်နိုင်ပြီးတော့ မရေမတွက်နိုင်တဲ့ မက်ခါတီထွင်သူမာစတာတွေတောင် မလုပ်နိုင်တဲ့ စက်ရုပ်နဲ့လူသား စိတ်ပိုင်းဆိုင်ရာဆက်သွယ်လို့ရအောင် လုပ်နိုင်တယ် -- ဒါက အကျော်ဇေယျ *စိတ်သန္တာန်မက်ခါတွေကို ပြောတာလေ။ (*စိတ်စွမ်းအား၊ အတွေးနဲ့ ထိန်းချုပ်နိုင်တဲ့ မက်ခါတွေ)

သူက စွမ်းအင်ဓာတ်ရောင်ခြည်ကနေ အဆိပ်သင့်တဲ့ စိတ်စွမ်းအားတွေကိုလည်း ကုသနိုင်တယ်။

ဝမ်ရှောင်းယွင်တွေးလေလေ၊ ပိုပြီး အံ့အားသင့်လာရလေလေပဲ။ ဒီစာရင်းထဲက ကိစ္စတိုင်းလိုလိုက တစ်ခုချင်းစီ ချပြရင်တောင်မှ စကြဝဠာတစ်ခုလုံးကို အထိတ်တလန့်ဖြစ်သွားစေလိမ့်မယ်။

အဲဒါကို ဒီလိုပုဂ္ဂိုလ်မျိုးက အခုသူ့ဘေးကပ်ရပ်မှာ လုံးဝအကာအကွယ်မရှိဘဲ အပြစ်ကင်းစင်စွာနဲ့ လဲလျောင်းနေတယ်။

ဝမ်ရှောင်းယွင်ရဲ့အမူအရာက တဖြည်းဖြည်းချင်း လေးနက်တည်ကြည်လာတယ်။ ဒီလူကိုသေချာ ကာကွယ်နိုင်ဖို့အတွက် သူပိုပြီး သန်မာလာဖို့လိုတယ်။

သူ ကျိုးကျိုးကိုလည်း ပိုပြီးသန်မာလာအောင် လုပ်ဖို့လိုတယ်။ အဲဒါမှ အနာဂတ်မှာ ဒီအတိုင်းဆက်ပြီး အပြစ်ကင်းစင်ပြီး ဖြူစင်နေရင်တောင်မှ သူများကြောင့်နာကျင်ရမှာကို ကြောက်စရာမလိုမှာ။

အဲဒါကြောင့် ဝမ်ရှောင်းယွင်က အဲဒီတစ်ညလုံး ကမ္ဘာဟောင်းက နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့ ဒဏ္ဍာရီတွေအကြောင်း သုတေသနလုပ်ရင်းနဲ့ အချိန်ကုန်သွားတယ်။

ကြယ်စုကွန်ရက်ပေါ်က အချက်အလက် အကြီးအသေးအကုန်လုံးကို မွှေနှောက်ရှာလိုက်တဲ့အပြင် ရှေးသမိုင်းကြောင်းကို သုတေနလုပ်တဲ့ ပရော်ဖက်ဆာအချို့နဲ့ ဆက်သွယ်ဆွေးနွေးဖို့ သူ့ရဲ့အထူးလုပ်ပိုင်ခွင့်ကိုတောင် သုံးခဲ့သေးတယ်။ သူသိလိုက်ရတာက ကျိုးကျိုးမှာ သက်ဝင်ယုံကြည်သူတွေ များလေလေ ကျိုးကျိုးရဲ့တန်ခိုးကြီးလေလေပဲ။ နောက်ပြီး နတ်ဘုရားပုံတော်ရယ် ရွှေစင်ရုပ်တုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း အများကြီးရှိသေးတယ်။

ဝမ်ရှောင်းယွင် နောက်တစ်နေ့ နိုးလာလာချင်းပဲ ကျိုးကျိုးအတွက် ကိုယ်ခွဲတစ်ခု ဖန်တီးပေးဖို့ လူတစ်ယောက်လွှတ်လိုက်တယ်။ ဒီနတ်ဘုရားပုံတော်၊ ခန္ဓာကိုယ်အစစ်အတွက်ကတော့....

ဝမ်ရှောင်းယွင်က တည်တည်တံ့တံ့ ပြောတယ်: "ကျိုးကျိုး မင်းရဲ့ကောကောက အခန်းထဲမှာပဲ တစ်ယောက်တည်းနေရတာ အရမ်းပျင်းနေမှာပဲ။ အခုကစပြီး ကိုယ်နဲ့အတူ ခေါ်သွားရင် ဘယ်လိုလဲ"

ကျွမ်းကျိုး: "????"

ကျွမ်းကျိုး: "နေပါဦး ကျွန်တော့်ကို.... ကျွန်တော့်ကောကောကို ဘယ်ခေါ်သွားမလို့လဲ"

ဝမ်ရှောင်းယွင်: "ဘယ်ဖြစ်ဖြစ်ရတယ်၊ ဘယ်နေရာပဲဖြစ်ဖြစ် တစ်ခန်းထဲမှာပဲ ဆက်တိုက်နေတာထက်တော့ ပိုကောင်းတာပဲ"

ဒါက ကျိုးကျိုးရဲ့ ခန္ဓာကိုယ်အစစ်ဆိုတာသိလိုက်ပြီးနောက် ဒီနတ်ဘုရားပုံတော်ကို အခန်းထဲမှာ မသိလိုက်မသိဘာသာနဲ့ ဘယ်ထားခဲ့နိုင်မှာလဲ။

တခြားလူတွေ ဒါကိုထိနေရင် ဘယ်လိုလုပ်မလဲ။

ကျွမ်းကျိုး: ".......ဒါက အရေးမကြီးပါဘူး။ သူက သူ့ဘာသာသူ ကောင်းကောင်းနေတတ်ပါတယ်"

ဝမ်ရှောင်းယွင်: "ကိုယ်က သူတစ်ယောက်တည်း အထီးကျန်နေတာကို ကြည့်မနေနိုင်ဘူး"

ကျွမ်းကျိုး: "........"

ဝမ်ရှောင်းယွင်က သူ့ခေါင်းကို ပွတ်ပေးလိုက်ပြီး : "လိမ်လိမ်မာမာနေ၊ အစားမှန်မှန်စားဖို့ သတိရဦး"

ဒီလိုပြောရင်းဆိုရင်းနဲ့ နတ်ဘုရားပုံတော်ကို ယူပြီး ထွက်သွားပါရော။

သူထွက်သွားတာနဲ့ ကျွမ်းကျိုးက အိပ်ရာထဲမှာ လှဲလိုက်ပြီး မျက်နှာကြက်ကို လုံးဝ စိတ်ပျက်လက်ပျက်နဲ့ စူးစိုက်ကြည့်နေတယ်။

"ဝမ်ရှောင်းယွင်... သူဘာလို့ ဒီလိုဖြစ်နေရတာလဲ"

သိပ်မကြာပါဘူး။ စစ်သင်္ဘော Wyvern ပေါ်က တတိယတပ်ဖွဲ့ဝင်တွေ အကုန်လုံးက စစ်သင်္ဘောထဲမှာ နှစ်မီတာလောက်အမြင့်ရှိတဲ့ ရွှေရုပ်တုတစ်ခု အပိုထပ်ရောက်လာတာကို တွေ့လိုက်ရတယ်။

ရုပ်တုကို ပုံမှန်ကြွယ်ဝခြင်းနတ်ဘုရားတစ်ပါးအသွင် ထွင်းထုထားတယ်။

ကိစ္စမရှိပါဘူး။ ဒီမှာ နတ်ဘုရားဆိုလို့ ကျွမ်းကျိုးတစ်ယောက်ပဲရှိတယ်။

ဒီရုပ်တုကို ဘာဖြစ်လို့ ထုထားတာလဲလို့ မေးတော့ တတိယတပ်ဖွဲ့ပြန်ရလိုက်တဲ့အဖြေက "မင်းတို့ကောင်တွေ နေ့တိုင်း လေထဲကို ကိုးကွယ်နေရတာကိုမြင်တော့ ကျိုးကျိုးက မင်းတို့အတွက် ခက်ခဲမယ်လို့ ခံစားမိတယ်။ အဲဒါကြောင် မင်းတို့တွေ နောက်ဆို ဒီရွှေရုပ်တုကို ပူဇော်လို့ရအောင်လို့ မြင့်မြတ်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားပုံတော် တီထွင်ပေးဖို့ သူက အထူးတလည် ဗိုလ်ချုပ်ကြီးကို တောင်းဆိုထားတာ"

တတိယတပ်ဖွဲ့ဝင်တွေအားလုံးက ကျေနပ်ပီတိဂွမ်းဆီထိသွားပြီး စိတ်ခံစားလွယ်သွားတယ်။

"ဝူးဝူးဝူး မဒမ်က ငါတို့ကို အရမ်းစဉ်းစားပေးတယ်။ မဒမ်က သိပ်ကောင်းတယ်"

"မဒမ်က သိပ်တော်တယ်။ ဗိုလ်ချုပ်ကြီးက သူပြောသမျှအကုန်လုပ်တယ်။ ဗိုလ်ချုပ်ကြီးက မိန်းမနိုင်တာခံရတဲ့ ယောက်ျားလိုပုံစံမျိုးလို့ ဘယ်သူထင်မိမှာလဲ"

"မိန်းမနိုင်တာခံရတဲ့ယောက်ျားဆိုတော့ ဘာဖြစ်သေးလဲ။ ဒါက မိန်းမကို အလိုလိုက်တာလို့ခေါ်တယ်။ ဗိုလ်ချုပ်ကြီးက သူ့မိန်းမကို တုန်နေအောင်ချစ်တာ၊ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ခိုင်မာတဲ့လူမျိုး ဖြစ်ရမယ်။ တတိယတပ်ဖွဲ့ကို ဝင်လိုက်တာ ဆုံးဖြတ်ချက်မှန်သွားပြီ။ သံသယဝင်စရာကိုမလိုဘူး! "

"နေကြပါဦး။ ဘယ်လိုဖြစ်လို့ မင်းတို့တွေအကုန်လုံးက သူ့ကို မဒမ်ဆိုပြီး တိုက်ရိုက်ကြီး ခေါ်နေကြတာလဲ။ ငါထင်တာတော့ ဗိုလ်ချုပ်ကြီးက မစ္စတာကျွမ်းနဲ့ မတွဲသေးဘူးမလား"

"တရားဝင်တော့ မဟုတ်သေးဘူး။ ဟုတ်တယ် ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ကျိုးကျိုးကို ဘယ်လောက်သဘောကျလဲ မင်းမမြင်ဘူးလား။ တွဲဖို့ဆိုတာက နောက်ဆုံးဖြစ်လာမှာပဲမလား"

"ဘာလဲ။ သူတို့က မတွဲရသေးဘူးလား။ ဒါပေမဲ့ သူတို့က အတူတူအရမ်းလိုက်ဖက်တာပဲ။ ဘာလို့ မတွဲကြသေးတာလဲ"

သို့သော် လူတိုင်းက သူတို့ရဲ့ CP က ဘယ်လိုလိုက်ဖက်ပါတယ်ဆိုပြီး စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပါစေ၊ တကယ့်လက်တွေ့မှာ ဝမ်ရှောင်းယွင်နဲ့ ကျွမ်းကျိုးက မတွဲကြသေးဘူးလေ။

တကယ်တမ်းပြောရရင် လူတိုင်းက သူတို့ရဲ့ မျက်နှာသာပေးထားတဲ့ CP ရယ် သူတို့အတွဲရဲ့ လူပုံအလယ်မှာ ချစ်ခင်ကြင်နာကြတာတွေအတွက် မျှော်လင့်ချက်တွေ မြင့်မားနေတဲ့အချိန်မှာပဲ ရုတ်ခြည်း သူတို့ရဲ့ ဗိုလ်ချုပ်ကြီး ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်။

ဗိုလ်ချုပ်ကြီးက သွားလေရာနေရာကို ရုပ်တုတစ်ခုကို စပြီး ခေါ်သွားတယ်။ အဲဒီရုပ်တုကလည်း မဒမ်ရဲ့အဖေလေ။

ဒီအခြေအနေကြီး ပြောင်းလဲသွားတဲ့လမ်းကြောင်းက အလွန်မြန်လွန်းလို့ လူတိုင်းက အံ့အားသင့်နေကြတယ်။

ချန်ကျင့်ရွှင်တောင်မှပဲ မဆဲဆိုပဲ မနေနိုင်ဘူး : "ဘော့စ် ဘာဖြစ်လို့ ကျိုးကျိုးအဖေရုပ်တုကို နေရာတကာ ယူသွားနေရတာလဲ"

သူက ပြောရင်းဆိုရင်း ကျွမ်းကျိုးကိုလည်း တစ်ချိန်တည်းမှာ ကြည့်လိုက်တယ်: "ကျိုးကျိုး မင်းတကယ်ပဲ ဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်တော့ဘူးလား"

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို မှုန်မှိုင်းနေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

သူလည်း ပြန်လိုချင်တာပေါ့။ ဒါပေမဲ့ သူပြန်ယူဖို့ လုပ်တိုင်းမှာ ဝမ်ရှောင်းယွင်က ရှိသမျှ ဆင်ခြေဆင်လက်တွေ၊ အကြောင်းပြချက်တွေ သုံးပြီး ပြန်ခေါ်သွားရော။

ဝမ်ရှောင်းယွင်က တည်ငြိမ်တဲ့အမူအရာနဲ့ ပြောလိုက်တယ်: "ဒါက ကျိုးကျိုးအဖေ မဟုတ်ဘူး"

ချန်ကျင့်ရွှယ်က ရှော့ခ်ရသွားတယ်: "ကျိုးကျိုးအဖေမဟုတ်ဘူးလား"

ဝမ်ရှောင်းယွင်က 'အင်း' ဆိုပြီး အသံပြုလိုက်ပြီး ကျိုးကျိုးကို ကြည့်လိုက်တယ်။ သူငယ်ချင်းလေးနဲ့ သူအကြည့်ဆုံသွားတယ်။ မျက်နှာလေးမှာ ရှက်သွေးဖြာနေရင်းနဲ့ ကျွမ်းကျိုးက အပြစ်ရှိစွာ သူ့အကြည့်လွှဲသွားတယ်။

ဝမ်ရှောင်းယွင်က ရယ်လိုက်ပြီး သူ့ရဲ့ ခပ်အောအောရယ်သံမှာ လူကိုကလိကလိဖြစ်စေနိုင်တဲ့ စိတ်အာရုံကိုလှုံ့ဆော်ပေးနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုစွက်နေတယ်: "ဒါက သူ့ကောကောလေ"

"ကောကော ဟုတ်လား" ချန်ကျင့်ရွှယ်က ပိုလို့တောင် အံ့ဩသွားတယ်: "ဒါက သူ့အဖေဖြစ်ရမှာ မဟုတ်ဘူးလား"

ကျွမ်းကျိုးဆီက အတည်ပြုတာကို အလောတကြီး စောင့်မျှော်နေရင်းကနေ ချန်ကျင့်ရွှယ် အမြန်မေးလိုက်တယ်: "ကျိုးကျိုး ဒါတကယ်ပဲ မင်းရဲ့ကောကောလား"

ကျွမ်းကျိုးက မပွင့်တပွင့်နဲ့ အသိအမှတ်ပြုသလို အသံပြုလိုက်တယ်။

ချန်ကျင့်ရွှယ်: "ဘာဖြစ်လို့ အရင်က ဘာမှမပြောတာလဲ။ ငါတို့အကုန်လုံးက ဒီတစ်ချိန်လုံး ဒါက မင်းအဖေလို့ပဲ ထင်ထားတာ"

ဝမ်ရှောင်းယွင်: "ဒါက အသိသာကြီးကို။ ရုပ်တုကလူက ဒီလောက်ငယ်နေတာကို သူ့အဖေဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ချန်ကျင့်ရွှယ်: "????"

မဟုတ်သေးဘူးလေ ဘော့စ်။ အရင်က ဘော့စ် ဒီလိုပြောတာမဟုတ်ဘူးလေ။

ဝမ်ရှောင်းယွင်: "သူက အရမ်းကြည့်ကောင်းတယ်"

ကျွမ်းကျိုးက အသံတိတ်နေရင်းနဲ့ ရှက်သွေးဖြာနေတယ်။

ဝမ်ရှောင်းယွင်: "တောက်ပပြီး အသက်ဝင်နေတဲ့ မျက်လုံးတွေနဲ့"

ချန်ကျင့်ရွှယ်: "????"

ကြွယ်ဝခြင်းနတ်ဘုရားလေး: "...................."

ဝမ်ရှောင်းယွင်: "နောက်ပြီး ဖြူစင်ပြီး ကြင်နာတတ်တဲ့အပြုံးလေးနဲ့"

ချန်ကျင့်ရွှယ်: "????"

ကြွယ်ဝခြင်းနတ်ဘုရားလေး: "...................."

ဝမ်ရှောင်းယွင်: "လူတွေအများကြီး သူ့ကို နှစ်သက်ကြမှာပဲ"

"ဝမ်ရှောင်းယွင်!" ကြွယ်ဝခြင်းနတ်ဘုရားလေးက နားမထောင်နိုင်တော့ဘဲ အော်လိုက်တယ်: "ထပ်မပြောနဲ့တော့!"

ချန်ကျင့်ရွှယ်က ကြက်သီးမွေးညင်းတွေထနေတဲ့ တစ်ကိုယ်လုံးကို ခါချလိုက်ပြီး : "ထောက်ခံတယ်၊ ကျွန်တော်တို့ကို အနားလေးပေးပါဦး။ ဒီလောက် စိတ်ခံစားချက်ပြင်းပြနေတဲ့စကားတွေ မပြောစမ်းပါနဲ့"

ဒီကအခြေအနေကို မသိတဲ့လူတွေဆိုရင် ဝမ်ရှောင်းယွင်က ဒီရုပ်တုကို သဘောကျနေတယ်လို့တောင် ယုံသွားလောက်တယ်။

"စိတ်ခံစားချက်ပြင်းပြနေရုံတင်မကဘူး၊ .... " ချန်ကျင့်ရွှယ်က ကျွမ်းကျိုး ဝမ်ရှောင်းယွင်ကို မကျေနပ်ကြောင်း ပြောစေချင်နေတယ်။ လှည့်ကြည့်လိုက်တဲ့အခါ ကျွမ်းကျိုးရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာကိုလည်းတွေ့ရော၊ သူက နည်းနည်း အံ့အားသင့်သွားပြီး သံသယဝင်စွာနဲ့ မေးလိုက်တယ်: "ကျိုးကျိုး ဘာဖြစ်လို့ မင်းမျက်နှာက ဒီလောက် နီရဲနေရတာလဲ!"

ကျွမ်ကျိုးက ဝမ်ရှောင်းယွင်ကို တိတ်တိတ်လေး ခိုးပြီး မျက်စောင်းထိုးလိုက်တယ်။

ဝမ်ရှောင်းယွင်က ပြုံးနေပြီး သူ့ရဲ့ချောမောတဲ့ မျက်နှာထားဟာ ပိုပြီးနူးညံ့ ညင်သာတဲ့ပုံပေါက်နေတယ်။

ကျွမ်းကျိုး မဖြေနိုင်ခင်မှာပဲ ကယ်လုအန်းရဲ့အသံ အပြင်ဘက်ကနေ လွင့်လာတယ်။ သူက ဝမ်ရှောင်းယွင်ကို လာရှာတာဖြစ်ပြီး အသံအရဆိုရင် အင်မတန် အလျင်လိုနေတဲ့ပုံရတယ်။

ဝမ်ရှောင်းယွင်က ထိန်းချုပ်ခလုတ်ကွက်ကို ဖွင့်လိုက်ပြီး ကယ်လုအန်းကို အထဲဝင်ခွင့်ပေးလိုက်တယ်။

ကျွမ်းကျိုးနဲ့ ချန်ကျင့်ရွှယ်လည်း ဒီမှာရှိနေတော့ ကယ်လုအန်းက ဆိုတယ်: "အရမ်းကောင်းတယ်။ မင်းတို့အကုန်လုံးရှိနေတော့ တစ်ယောက်ချင်းဆီ ရှာချိန်သက်သာသွားတယ်"

ချန်ကျင့်ရွှယ်က မေးတယ်: "ဆရာကြီး၊ ဘာဖြစ်လို့လဲ"

ကယ်လုအန်းက သူ့ရဲ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်ပြီး လူတစ်ယောက်ရဲ့ chat box ကို ဖွင့်လိုက်တယ်။ အဲဒီ chat box ထဲမှာ ပုံတစ်ပုံရှိတယ်။

"နှစ်တိုင်း ငါတို့အင်ပါယာမှာ ကြီးမားတဲ့မက်ခါပြိုင်ပွဲ ကျင်းပတယ်။ မင်းတို့ ဒါကို မှတ်မိတယ်မလား။ ပြိုင်ပွဲက အစကနေအဆုံးအထိ လဝက်လောက်ကြာတယ်။ ဒီနှစ်ရဲ့မက်ခါပြိုင်ပွဲက လွန်ခဲ့တဲ့ ရက်အနည်းငယ်က စခဲ့တယ်။ အစက ငါ့ကို ဒီပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင်လုပ်ပေးဖို့ အဖိတ်ခံရတယ်"

သို့ပေမဲ့ ဆရာကြီးကယ်လုအန်းက ကျွမ်းကျိုးကို ရှာဖို့ အမှိုက်ဂြိုလ်ကို ရောက်နေတာဆိုတော့ ပြိုင်ပွဲကော်မတီကို သူ့ရဲ့တပည့်ခေါင်းဆောင် ဟန်ချင်းရှောင်းကို ထောက်ခံပေးလိုက်တယ်။

ဟန်ချင်းရှောင်းက ပြိုင်ပွဲရဲ့ အရင်က ချန်ပီယံဟောင်းတစ်ယောက် ဖြစ်တယ်။ နောက်ပြီး သူကိုယ်တိုင်လည်း ဂုဏ်သတင်းမွှေးတယ်။ အခု ကယ်လုအန်းရဲ့ ထောက်ခံမှုလည်းရတော့ ကော်မတီက ဟန်ချင်းရှောင်း ဒိုင်လုပ်ဖို့ကို လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်ကြတယ်။

"အခုလေးတင် ငါ့ရဲ့တပည့်ကြီး ချင်းရှောင်းက စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်တစ်ခုရဲ့ ပုံစံပြာကို ပို့လိုက်တယ်။ ဒါက မက်ခါပြိုင်ပွဲမှာ ပေါ်လာတဲ့ မမျှော်လင့်ထားတဲ့ *မြင်းနက်တစ်ကောင်လို့လည်း ပြောသေးတယ်။ ဒီမြင်းနက်က စွမ်းအင်ကျောက်တွေကထွက်တဲ့ ဓာတ်ရောင်ခြည်ကို လုံးဝ ပိတ်ပင်ထားတဲ့စနစ်တစ်ခုကို တီထွင်နိုင်တယ်။ ချင်းရှောင်းက တအားစိတ်လှုပ်ရှားပြီး ငါ့ကို ပုံစံပြာပို့လိုက်တယ်။ သူပြောတာ သူစစ်ကြည့်ပြီးသွားပြီတဲ့။ စွမ်းအင်ကျောက်တစ်တုံးကို ဒီစနစ်ထဲတပ်ဆင်လိုက်ပြီးတဲ့နောက် အဲဒါက တကယ်ပဲ စွမ်းအင်ဓာတ်ရောင်ခြည်ကို လုံးလုံး ပိတ်ထားနိုင်တယ်.... ဒါပေမဲ့ ငါကြည့်လေလေ၊ ဒီမှာ တစ်ခုခု မသင်္ကာစရာရှိနေတယ်လို့ ခံစားရလေလေပဲ။ ဒီစွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်က... ရှောင်ဖော့လန်ရဲ့ဟာနဲ့ တူနေသလိုပဲ" (*မြင်းနက် - မထင်ရဘဲ ထူးချွန်တဲ့သူ၊ အရာ)

ဒီအချိန်အတောအတွင်း ကယ်လုအန်းက ဝေါ့စီးကို ပြုပြင်တာကလွဲရင် ရှောင်ဖော့လန်ကိုလည်း တော်တော်လေး လေ့လာတယ်။

ရှောင်ဖော့လန်က ကျွမ်းကျိုးရှေ့မှာဆို နာခံချင်ယောင်ဆောင်ရတာကို ကြိုက်လို့ တော်သေးတယ်။ ကျွမ်းကျိုးရှိနေရင် သူက လိမ်လိမ်မာမာနဲ့ ကယ်လုအန်းကို စစ်ဆေးခွင့်ပေးတယ်။ ကျွမ်းကျိုးထွက်သွားတာနဲ့ မြင့်မြတ်တဲ့ သခင်ကြီးတစ်ပါးလို ချက်ချင်း စပြုမူတော့တာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် တစ်လဆိုတဲ့ကာလအတွင်း ကြိုးကြားကြိုးကြား ကြည့်ရတဲ့အချိန်လေးတွေက ကယ်လုအန်း ရှောင်ဖော့လန်ရဲ့ တပ်ဆင်ထားတဲ့စနစ်အများစုကို စစ်ဆေးဖို့ လုံလောက်တယ်။

ဒါကြောင့် သူ့ရဲ့တပည့်ပို့လိုက်တဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို မြင်လိုက်တော့ သူချက်ချင်း မှတ်မိလိုက်တယ်။ ဒါက ရှောင်ဖော့လန်ရဲ့ စွမ်းအင်အရင်းအမြစ်စနစ်ပဲ။

ပိုပြီးတိတိကျကျပြောရရင် ဒါက ရှောင်ဖော့လန်ရဲ့စနစ်နဲ့ ထပ်တူကျနေတဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်တစ်ခုပဲ။

ကျွမ်းကျိုးက အနားကပ်ကြည့်လိုက်တယ်: "ဟမ် ဒါက ရှောင်ဖော့လန်ရဲ့ဒီဇိုင်းကိုလိုက်ပြီး တီထွင်ထားတဲ့ ရှောင်ဖော့လန် #1 ပဲ။ ဒါ ကျွန်တော်ရောင်းလိုက်တဲ့ အဲဒီစက်ရုပ်လေ"

ကယ်လုအန်း: "အံ့ဩစရာမရှိပါဘူး။ မင်းအရင်က စက်ရုပ်တစ်ရုပ်ရောင်းလိုက်တယ်ကြားကတည်းက ငါစိတ်ထဲမှာ ထင့်နေတာ"

ချန်ကျင့်ရွှယ်က ဆိုတယ်: "ဒါဆို ဆိုလိုတာက တစ်ယောက်ယောက်က ကျိုးကျိုးလုပ်ထားတဲ့ စက်ရုပ်ကို ယူသွားပြီး မက်ခါပြိုင်ပွဲဝင်ထားတာပေါ့။ အဲ့တော့ မြင်းနက်ဖြစ်လာပြီး *ဖုန်ကနေထပြီး အောင်မြင်မှုသရဖူဆောင်းလိုက်တယ်ပေါ့" (*ဘာမှမလုပ်ဘဲ အနိုင်ရတာကို ဆိုလိုပါတယ်)

ကယ်လုအန်းက အမှန်ပြင်ပေးလိုက်တယ်: "ကျိုးကျိုးလုပ်ထားတဲ့ စက်ရုပ်ကို ယူသွားတာမဟုတ်ဘူး။ စက်ရုပ်က စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို တစစီဖြုတ်ပြီး မက်ခါတစ်စီးထဲမှာ ထည့်ထားတာ"

ချန်ကျင့်ရွှယ်က ဒေါသူပုန်ထသွားတယ်: "အဲဒါ အတူတူပဲမလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကိုလုပ်ထားတဲ့သူက ကျိုးကျိုးလေ"

ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို မေးလိုက်တယ်: "မင်းဆိုင်မှာ အဲဒီအရောင်းအဝယ်အတွက် လက်ခံ ရှိဦးမယ်မလား"

"ရှိလောက်တယ်" ကျွမ်းကျိုးက သူအချိန်အကြာကြီး မဝင်ထားတဲ့ အွန်လိုင်းဆိုင်ကို ကြည့်ဖို့ ဖွင့်လိုက်တယ်။ အဲဒီမှာ 'မက်ခါအကြမ်းစား' ဆိုတဲ့ ဝယ်သူဆီက ပစ္စည်းလက်ခံရပြီးတဲ့နောက်မှာ မက်ဆေ့တွေအများကြီး ဝင်နေတာကို တွေ့လိုက်ရတယ်။

မက်ခါအကြမ်းစား: သူဌေး လိုင်းပေါ်ရှိလား။ ခင်ဗျားလုပ်ထားတဲ့ ဒီစက်ရုပ် ရောင်းသေးလား။ ကျွန်တော် ၁၀ လုံးလောက် ထပ်မှာချင်တယ်။

မက်ခါအကြမ်းစား: ကျွန်တော် ၁ သန်းပေးမယ်။

မက်ခါအကြမ်းစား: သူဌေး? ဟယ်လို?

မက်ခါအကြမ်းစား: ၁ သန်းက နည်းလွန်းတယ် ထင်လို့လား။ ကောင်းပြီ! ၁၀ သန်း! ကြယ်စုဒင်္ဂါး ၁၀ သန်းပေးမယ်။ လုပ်ပေးမလား။

မက်ခါအကြမ်းစား: ??? သူဌေး??

မက်ခါအကြမ်းစား: နည်းလွန်းနေသေးလား။ ကြယ်စုဒင်္ဂါး သန်း ၅၀ ကွာ။ ခင်ဗျားရဲ့ အကောင့်နံပါတ်ပေး။ ကျွန်တော် ပိုက်ဆံချက်ချင်း လွှဲပေးလိုက်မယ်! ပိုက်ဆံတောင် ကြိုပေးဦးမှာနော်!

မက်ခါအကြမ်းစား: ဒီလိုဆိုရင်ကော၊ အကျိုးတူပူးပေါင်းကြရအောင်။ ခင်ဗျားက ထွင်၊ ကျွန်တော်က ကူရောင်းပေးမယ်။ ကျွန်တော်က အခု ခင်ဗျား စက်ရုပ်ရောင်းနေတဲ့ ထောင်ဂဏန်းလေးထက်တောင် အဆတစ်ရာလောက် သာအောင် ပိုမြင့်တဲ့ဈေးနဲ့ ရောင်းနိုင်တယ်။ လက်ခံလား၊ လက်မခံဘူးလား။

မက်ခါအကြမ်းစား: ခင်ဗျားက ကျွန်တော့်ထက်ပိုပြီး အဆက်အသွယ်ကောင်းတယ်လို့ တွေးတောင်မတွေးနဲ့။ ခင်ဗျားမှာသာ အဆက်အသွယ်ရှိရင် အွန်လိုင်းဆိုင်ဖွင့်မှာမဟုတ်ဘူး။ အတူတူ အကျိုးတူ ပူးပေါင်းကြရအောင်။ ဟုတ်ပြီလား။

မက်ခါအကြမ်းစား: ကောင်းပြီ။ ကျွန်တော့်ကို လျစ်လျူရှုတယ်ပေါ့။ စမ်းကြည့်လိုက်လေ။ ကိစ္စမရှိဘူး။ ခင်ဗျားဘယ်လိုမျိုး ရလဒ်ရမလဲဆိုတာ စောင့်ကြည့်လိုက်။

သို့ပေမဲ့ ကျွမ်းကျိုးက ဒါတွေတစ်ခုကိုမှ စကားပြန်မပြောခဲ့ဘူး။

လွန်ခဲ့တဲ့လက သူ မက်ခါဘယ်လိုလုပ်ရလဲ လေ့လာနေရတာနဲ့ အလုပ်ရှုပ်နေတယ်။ သူ့ရဲ့လေ့လာမှုကို အနှောင့်အယှက်မဖြစ်အောင်လို့ သူက ကြော်ငြာတွေနဲ့ အွန်လိုင်းမက်ဆေ့တွေ အကုန်လုံးကို ပိတ်ထားတယ်။ အဲဒါကြောင့် သူ ဒီမက်ဆေ့တွေ တစ်ခုကိုမှ သူမတွေ့ဘူး။

သူတစ်ခါမှ စာမပြန်တာကြောင့်ဖြစ်လိမ့်မယ်။ အဆုံးမှာ 'မက်ခါအကြမ်းစား' က ကျွမ်းကျိုးရဲ့ အွန်လိုင်းဆိုင်ကို တိုက်ရိုက် တိုင်ကြားခဲ့တယ်။

ဒီတိုင်ကြားစာက ခုခံပြောဆိုခွင့်ကာလရှိတယ်။ ကျွမ်းကျိုးကသာ သူ့ကို အကြောင်းကိစ္စမရှိဘဲ တိုင်ကြားတယ်ဆိုတာကို သက်သေပြနိုင်ရင် သူ့ဆိုင်လည်း ပိတ်စရာမလိုဘူး။

ဒါပေမဲ့ သူက ဒီအကြောင်း သိတောင်မသိခဲ့ဘူး။ ဒီတော့ မေတ္တာရပ်ခံစာတင်ဖို့ဆို ပြောမနေနဲ့တော့။

ဒါကြောင့် သူ ဝယ်သူရဲ့မက်ဆေ့တွေဖတ်ပြီးလို့ အွန်လိုင်းဆိုင်ကိုလည်း ဝင်လိုက်ရော၊ ထင်တဲ့အတိုင်း ဆိုင်က အပိတ်ခံလိုက်ရပြီ။

ကျွမ်းကျိုး: "........."

ချန်ကျင့်ရွှယ် ဒေါသတွေထွက်လာတယ်: "စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကို ယူသွားပြီး ပြိုင်ပွဲဝင်လိုက်တာ ဒီလူလို့ ထင်လား! ချီးပဲ! မင်းကိုတောင် တိုင်ကြားရတယ်လို့ ဘယ်လောက် အရှက်မရှိလိုက်သလဲ"

ကယ်လုအန်းက နည်းနည်း စိုးရိမ်နေတယ်: "ဒါပေမဲ့ စွမ်းအင်အရင်းအမြစ်တပ်ဆင်စနစ်ကရော၊ ကျိုးကျိုးလုပ်ထားတယ်ဆိုတာ သက်သေပြနိုင်လား"

ကျွမ်းကျိုး ရှောင်ဖော့လန်#1 ကိုလုပ်တုန်းက သူက ရှောင်ဖော့လန်ကို ကူးချလိုက်ရုံပဲ။ အဲဒါကြောင့် ဒီစနစ်က တကယ်တမ်းတော့ ရိုးရှင်းတဲ့ အမှိုက်အပိုင်းအစတွေကိုသုံးပြီး တပ်ဆင်ထားတဲ့ ဝမ်ရှောင်းယွင် လုပ်ထားတာလို့ ပြောရမယ်။

ဒီလောက်လွယ်ကူတာ၊ လူတိုင်းလုပ်လို့ရတယ်။

"သူပြနိုင်တယ်" ဝမ်ရှောင်းယွင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်: "ကျိုးကျိုးရောင်းလိုက်တဲ့ စက်ရုပ်ကို ကျွန်တော့်အောက်ကလူ သွားပို့ပေးတာ။ သူဘယ်သူလဲ ကျွန်တော်သိတယ်။ သူ့ကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်"

ဒီ လွယ်ကူတဲ့ တပ်ဆင်စနစ်ကို ဘယ်သူမဆို တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ တစ်ခုတည်းသော ကူးချလို့မရတဲ့အရာက ကျွမ်းကျိုးရဲ့ စွမ်းအင်ဓာတ်ရောင်ခြည်ပိတ်ပင်တဲ့ နည်းလမ်းပဲ။

ဝမ်ရှောင်းယွင်ပြောတာကို ကြားတော့ ကယ်လုအန်းက အံ့ဩသွားတယ်: "မင်းဆိုလိုတာက... မြို့တော်ဂြိုလ်ကိုပြန်ဖို့ စီစဉ်နေတာလား။ ဒါပေမဲ့ တပ်မဟာဦးစီးချုပ်ဟောက မင်းကို မလာစေ...."

အခု ဝမ်ရှောင်းယွင်က စွမ်းအင်ဓာတ်ရောင်ခြည် အဆိပ်သင့်ခံထားရပြီး သူ့ရဲ့စိတ်စွမ်းအားအဆင့်က ကျဆင်းနေတယ်။

သူ့မက်ခါ ဝေါ့စီးကလည်း ထိခိုက်ထားတယ်။

တပ်ထဲမှာ တတိယတပ်ဖွဲ့ကို ထိန်းချုပ်ချင်နေတဲ့သူတွေ တကယ်ကို များလွန်းတယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ တပ်မဟာဦးစီးချုပ်ဟောက သူ့ကို အမှိုက်ဂြိုလ်ပေါ်မှာ ဆက်နေစေချင်နေတာဖြစ်တယ်။

ဒါက ရေပန်းစားနေရာကနေ သိုသိုသိပ်သိပ်နေဖို့တင်မကဘူး ဝမ်ရှောင်းယွင်ကို နောက်လာမဲ့ မုန်တိုင်းအတွက် ပြင်ဆင်ချိန်ပေးဖို့အတွက်လည်း ဖြစ်တယ်။

အခုပြန်မယ်ဆိုတာက တကယ်တော့ ကောင်းတဲ့အရာမဟုတ်ဘူး။

ဝမ်ရှောင်းယွင်က မဖြေခဲ့ဘူး။ သူက ကျွမ်းကျိုးကိုပဲ မေးလိုက်တယ်: "ကျိုးကျိုး မြို့တော်ဂြိုလ်ကို သွားချင်လား"

ကျွမ်းကျိုးက သူလုပ်ထားတဲ့စက်ရုပ်နဲ့ တခြားတစ်ယောက်က ပြိုင်ပွဲဝင်ပြိုင်တဲ့ကိစ္စကို သူတကယ်တော့ သိပ်ဂရုမစိုက်ဘူး။ သူစိတ်ဝင်စားတာက: "မြို့တော်ဂြိုလ်မှာ လူတွေအများကြီးရှိလား"

ဝမ်ရှောင်းယွင်: "အများကြီးပဲ အင်ပါယာတစ်ခုလုံးမှာ လူအများဆုံးရှိတဲ့နေရာပဲ"

ကျွမ်းကျိုးရဲ့မျက်လုံးတွေ အရောင်တောက်သွားတယ်။

ဝယ်သူတွေအများကြီး။

သူက အထိန်းလေးနဲ့ ပြောလိုက်တယ်: "ဒါဆို ဒါဆို ခင်ဗျားသွားဖို့လိုရင် ကျွန်တော်လည်း သွားမယ်....."

သူတစ်ယောက်တည်း သွားချင်လို့မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။

ဝမ်ရှောင်းယွင်က ပြုံးလိုက်ပြီး ပြောတယ်: "အိုကေ ကိုယ်မင်းကို ခေါ်သွားမယ်"

တစ်ဖက်လှည့်ပြီး ချန်ကျင့်ရွှယ်ကို ညွှန်ကြားလိုက်တယ်: "ကျောက်ဆက်တူးဖို့ အာကာသယာဉ်နှစ်စီးကို ချန်ထားခဲ့။ မနက်ဖြန် ငါတို့ပြင်ဆင်ပြီး မြို့တော်ဂြိုလ်ကို ပြန်ကြမယ်"

ချန်ကျင့်ရွှယ်လည်း သဘာဝအလျောက် မြို့တော်ဂြိုလ်ကို ပြန်ချင်တာပါပဲ၊ ဒါပေမဲ့ သူက နည်းနည်း မသေမချာဖြစ်နေတယ်: "မနက်ဖြန် ချက်ချင်းပြန်တော့မှာလား"

ဝမ်ရှောင်းယွင်ကဆိုတယ်: "ကျိုးကျိုးနဲ့ အင်း ကျိုးကျိုးကောကောကို မြို့တော်ဂြိုလ် ဘယ်လိုပုံရှိလဲဆိုတာပြဖို့ အချိန်ကိုက်ပဲ။ မျှော်လင့်နေပြီလား"

မျက်လုံးတွေ တလက်လက်တောက်ပြီး ကျွမ်းကျိုးက အကျယ်ကြီး ဖြေလိုက်တယ်: "အရမ်းအရမ်းပဲ"

ဝမ်ရှောင်းယွင်က မေးတယ်: "ဒါဆို မင်းကောကောကရော"

ရှက်သွေးဖြာသွားပြီး ကျွမ်းကျိုးက အသံကိုနှိမ့်ပြီး တိုးတိုးလေးပြောတယ်: "သူလည်း သူလည်း မျှော်လင့်နေမှာပါ...."

ဝမ်ရှောင်းယွင်: "ဒါဆို တော်သေးတာပေါ့"

ချန်ကျင့်ရွှယ်: "????"

ချန်ကျင့်ရွှယ် နားထောင်လေလေ၊ သူနားမလည်နိုင်လေလေပဲ။

သူက ဝမ်ရှောင်းယွင်ကို ထောင့်ကို ဆွဲသွားပြီး အံကြိတ်ပြီး မေးတယ်: "ချစ်ရတဲ့လောင်ဝမ်၊ မင်းဘာတွေဖြစ်နေတာလဲ။ မင်းက တိတိကျကျ ဘယ်သူ့ကို ဂရုစိုက်နေတာလဲ။ ဘာကိစ္စ ကျိုးကျိုးကောကောကို စာကြောင်းတိုင်းမှာ ထည့်ပြောနေရတာလဲ။ မင်း... တကယ်တမ်းက သူ့ကောကောကို ဂရုစိုက်တာဆိုပြီး ကျိုးကျိုးက အထင်လွဲသွားမှာ မစိုးရိမ်ဘူးလား"

သူက တိုးတိုးလေးပြောလိုက်တာပဲ ဒါပေမဲ့ ကျွမ်းကျိုးက ကြားလိုက်သေးတယ်။ သူက တိတ်တိတ်လေး နားစွင့်ထားတယ်။

ကျွမ်းကျိုးကို တစ်ချက်စောင်းကြည့်လိုက်ပြီးတော့ ဝမ်ရှောင်းယွင်က တိုးဖွဖွ ရယ်လိုက်ပြီး ပြောတယ်: "သူအထင်လွဲမှာ မစိုးပါဘူး။ သူအထင်မလွဲမှာကို ပိုပြီးတော့ကြောက်သေးတယ်"

တကယ်လို့ သူသာ အထင်မလွဲဘူးဆိုရင် ဝမ်ရှောင်းယွင် သူ့အပေါ်ခံစားရတဲ့ သဘောကျတယ်ဆိုတာက ရိုးရိုးတန်းတန်း သာမန်သဘောကျတာမျိုး မဟုတ်ဘူးဆိုတာ သူဘယ်လိုလုပ်သိမှာလဲ။

..................xxx..................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

ချန်ကျင့်ရွှယ်: .....ဖာ့ခ်၊ သေချာပေါက် ဒီကောင်က ယောက်ျားနှစ်ယောက်ကြား လှေနံနှစ်ဖက်နင်းနေတာပဲ။ အဲဒါကို ဘာကိစ္စ သူ့ဆီကနေ စိတ်မြဲမြံပြီး စိတ်ရင်းပြည့်ဝနေတယ်ဆိုတဲ့ ခံစားချက်မျိုး ထွက်နေရတာလဲ။

ကယ်လုအန်း: ဒီဆက်ဆံမှုမျိုးက .... ငါတော့ ထပ်ပြီး အသစ်အဆန်းတွေ သင်ယူရပြန်ပြီ။

Aki - ဗိုလ်ချုပ်ကြီးရဲ့ ချစ်တတ်နေမှုကြီးကို အားကျ ရွှတ်

-Zawgyi-

အခန္း ၂၈: သည္းမခံႏိုင္ေတာ့ဘူး

ကၽြမ္းက်ိဳးဟာ ေထာင့္ေလးမွာ အသံမထြက္ဘဲ အင္မတန္သနားစရာေကာင္းစြာ ေကြးေကြးေလးေနေနတယ္။ သူ႔ရဲ႕ အရင္က ဘဝင္ခိုက္ၿပီး ေက်နပ္အားရေနတဲ့ အမူအရာေလးကေတာ့ ေပ်ာက္႐ွသြားၿပီ။

ဝမ္ေ႐ွာင္းယြင္က လက္ေတြ႕မွာ ေသခ်ာသိေနတယ္။ သူသာအခု ကၽြမ္းက်ိဳးကို "မင္းက အဲဒီႂကြယ္ဝျခင္းနတ္ဘုရားလား" ဆုိၿပီး ေမးလိုက္ရင္ ငါးစကၠန္႔ေတာင္မေျပာနဲ႔ဦး၊ သံုးစကၠန္႔အတြင္းမွာပဲ က်ိဳးက်ိဳးက ခ်က္ခ်င္းကို "ေနရာမွာတင္လဲက်ေသသြားတယ္" ဆိုတာ ဘာကိုေခၚတယ္ဆိုတာ ျပလိုက္ႏိုင္တယ္။

ဝမ္ေ႐ွာင္းယြင္ သူ႔လွ်ိဳ႕ဝွက္ခ်က္ကို ေဖာ္ဖို႔ မလုပ္ႏိုင္ဘူး။

သူက နည္းနည္း ကူကယ္ရာမဲ့ျဖစ္ေနၿပီး နည္းနည္းလည္း ရယ္ခ်င္ေနတယ္။ ေသခ်ာေပါက္ အခု ေ႐ွာ့ခ္ရရမဲ့သူက သူျဖစ္သင့္တာေလ မဟုတ္ဘူးလား။

ဝမ္ေ႐ွာင္းယြင္ သူ႔ကို ေခၚလိုက္တယ္: "က်ိဳးက်ိဳး"

ကၽြမ္းက်ိဳးက ေခါင္းငိုက္စိုက္က်ေနၿပီး သူ႔ကို ေမာ့လည္းမၾကည့္သလို အသံလည္း မထြက္ဘူး။

ဝမ္ေ႐ွာင္းယြင္က အသံမထြက္ဘဲ သက္ျပင္းခ်လိုက္ၿပီး ဆိုတယ္: "ကိုယ္ေျပာခ်င္တာက သူက မင္းအေဖမဟုတ္ဘူး၊ ဆိုေတာ့ မင္းေကာေကာပဲ ျဖစ္ရမယ္ ဟုတ္တယ္မလား"

စိတ္ဓာတ္က်ေနတဲ့ ေခါင္းေလးက ျဖည္းျဖည္းခ်င္း ေမာ့လာၿပီး ကၽြမ္းက်ိဳး ဝမ္ေ႐ွာင္းယြင္နဲ႔ အၾကည့္ခ်င္းဆံုသြားတယ္။

သူ႔ရဲ႕ အဲဒီအၾကည့္က 'ကၽြန္ေတာ့္ေကာေကာလား။ ခင္ဗ်ားစိတ္ထပ္မေျပာင္းေတာ့မွာ ေသခ်ာလား' ဆိုၿပီး ေျပာေနသလိုပဲ။

ဝမ္ေ႐ွာင္းယြင္က လံုးဝ ေလးေလးနက္နက္နဲ႔ ေျပာလိုက္ေတာ့တယ္: "ဒါက က်ိဳးက်ိဳးရဲ႕ ေကာေကာပဲျဖစ္ရမယ္"

ကၽြမ္းက်ိဳးက ႏႈတ္ခမ္းေတြကို တင္းတင္းဖိေစ့ထားၿပီး အခုဝမ္းေ႐ွာင္းယြင္ရဲ႕ စကားေတြကို နည္းနည္း မယံုသကၤာျဖစ္ေနတယ္။

ဝမ္ေ႐ွာင္းယြင္ နတ္ဘုရားပံုေတာ္ကို သူ႔ဘာသာသူ ေကာက္ယူလိုက္ၿပီး အလြန္ကို ေလးနက္တည္ၾကည္စြာနဲ႔ ေျပာတယ္: "သူ႔ကို ၾကည့္လိုက္ေလ။ ေတာ္ေတာ္ေလးငယ္ၿပီး ေခ်ာလည္းေခ်ာတယ္။ က်ိဳးက်ိဳးလိုပဲ တအားၾကည့္ေကာင္းတယ္။ သူက အသက္လည္း ေတာ္ေတာ္ေလးငယ္ဦးမွာပဲ။ ဒီေတာ့ သူက က်ိဳးက်ိဳးေကာေကာပဲ ျဖစ္ေတာ့မွာေပါ့"

ကၽြမ္းက်ိဳးက နတ္ဘုရားပံုေတာ္ကို ၾကည့္လိုက္တယ္။ အဲဒီေနာက္ ဝမ္ေ႐ွာင္းယြင္ကို ၾကည့္လိုက္တယ္။ အခ်ိန္အေတာ္ေလးၾကာေတာ့မွ ေနာက္ဆံုး ျဖည္းျဖည္းေလး ေျပာလိုက္တယ္: "........ခင္ဗ်ား အတည္ေျပာေနတာလား"

ဝမ္ေ႐ွာင္းယြင္က ျပန္ေမးလိုက္တယ္: "ကိုယ္က အတည္အတံ့ မဟုတ္တဲ့ပံုေပါက္ေနလုိ႔လား"

ကၽြမ္းက်ိဳး: "..........."

ဝမ္ေ႐ွာင္းယြင္က အဲဒီေနာက္ ေမးလိုက္တယ္: "ဒါက မင္းရဲ႕ေကာေကာမဟုတ္ဘူးလား။ အဲဒါဆို ဒါဘယ္သူလဲဆိုတာ တကယ္မမွန္းတတ္ေတာ့ဘူး"

ကၽြမ္းက်ိဳး: "..........."

ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ကို စူးစိုက္ၾကည့္ေနတာ အခ်ိန္အေတာ္ၾကာသြားတယ္။ သူ႔ကိုၾကည့္ရတာ ေနာက္ေျပာင္ေနပံုမရဘူးဆိုေတာ့မွ ကၽြမ္းက်ိဳးက ျဖည္းျဖည္းေလး ေျပာတယ္: "အဲဒါဆို ဒါကို ခင္ဗ်ားပဲေျပာတာေနာ္"

ဝမ္ေ႐ွာင္းယြင္: "ဟုတ္တယ္ ကိုယ္ေျပာတာ"

ကၽြမ္းက်ိဳး: "အြန္း"

ဝမ္ေ႐ွာင္းယြင္က အဲဒီလိုေျပာၿပီး ဘာမွထပ္မေျပာေတာ့ဘူး။ ကၽြမ္းက်ိဳးကလည္း ဘာမွ ထပ္မေမးေတာ့ဘူး။

သူတို႔က မသိမသာနဲ႔ အသံတိတ္သေဘာတူညီမႈရသြားပံု ရတယ္။

ဒါေပမဲ့ ညမအိပ္ခင္မွာပဲ ျပႆနာတစ္ခု ထပ္ေပၚလာျပန္ေရာ။

တစ္ခါတုန္းက 'အိပ္ရင္ မင္းအေဖကို ဖက္အိပ္ရမွျဖစ္မွာလား' ဆိုၿပီး ထပ္ခါထပ္ခါေမးတတ္တဲ့သူက --- ေျပာင္းလဲသြားၿပီ!

ကၽြမ္းက်ိဳးက ကုတင္ေခါင္းရင္းမွာ နတ္ဘုရားပံုေတာ္ကို ပက္က်ိႏႈန္းနဲ႔ တင္ေနတုန္းမွာ ဝမ္ေ႐ွာင္းယြင္က ႐ုတ္တရက္ ႏႈတ္ခမ္းေတြ ပြင့္လာတယ္။

သူက ေျပာတယ္: "က်ိဳးက်ိဳး နတ္ဘုရားပံုေတာ္ကို ကုတင္ေပၚမွာပဲ ထားလိုက္ပါလား"

ကၽြမ္းက်ိဳး: "?"

ဝမ္ေ႐ွာင္းယြင္: "မင္း..... မင္း-ေကာေကာကို ကုတင္ေခါင္းရင္းမွာ တစ္ေယာက္တည္းအိပ္ခိုင္းတာ သိပ္မေကာင္းဘူး"

ကၽြမ္းက်ိဳး: ".........."

ဘာေတြမ်ား မေကာင္းလို႔လဲ။ တစ္ေလွ်ာက္လံုး ဒီအတိုင္းပဲ မဟုတ္ဘူးလား။

ဝမ္ေ႐ွာင္းယြင္: "မင္းကိုင္ထားရတာ ေညာင္းေနမွာေပါ့။ ကိုယ္တို႔အလွည့္လဲၿပီး ကိုယ္ကိုင္ထားရင္ေရာ"

ကၽြမ္းက်ိဳး: ".........."

ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ကို အလြန္႔အလြန္ စိတ္႐ႈပ္ေထြးစြာနဲ႔ ၾကည့္လိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က ေျပာရင္းဆိုရင္းနဲ႔ တက္တက္ႂကြႂကြပဲ ေ႐ွ႕တိုးလာၿပီး နတ္ဘုရားပံုေတာ္ကို သူ႔ရင္ခြင္ထဲမွာ ဖက္ထားလိုက္တယ္။

ကၽြမ္းက်ိဳးရဲ႕ နတ္ဘုရားပံုေတာ္က ေ႐ႊသားစင္စစ္နဲ႔လုပ္ထားတာဆိုေတာ့ အလြန္ေလးတယ္။ ဘယ္ေလာက္ပဲေလးပါေစ ဝမ္ေ႐ွာင္းယြင္က အလြန္ခႏၶာကိုယ္ႀကံ႕ခိုင္တယ္။ ကၽြမ္းက်ိဳးကိုယ္တိုင္ကလည္း တန္ခိုးစြမ္းအင္႐ွိတယ္။ ဒါကို သယ္ထားရတာ အလိုအေလ်ာက္ကို ဘာမွမခံစားရဘူး။

မဟုတ္ဘူး ေနပါဦး။ ခံစားခ်က္တစ္မ်ိဳးေတာ့ ႐ွိေနေသးတယ္။

သူကိုယ္တိုင္ရဲ႕ နတ္ဘုရားပံုေတာ္ ဝမ္ေ႐ွာင္းယြင္ရဲ႕ရင္ခြင္ထဲမွာ အဖက္ခံထားရတာကို ၾကည့္ေနရင္း ကၽြမ္းက်ိဳးမ်က္ႏွာက နည္းနည္း နီျမန္းလာတယ္။

ဒီခံစားခ်က္က အရင္တုန္းက ဝမ္ေ႐ွာင္းယြင္ သူ႔ကိုဖက္တုန္းက ခံစားခ်က္မ်ိဳးလိုပဲ။

သို႔ေပမဲ့ ထပ္တူေတာ့လည္း မက်ျပန္ဘူး။

ဝမ္ေ႐ွာင္းယြင္ သူ႔ကို အရင္က ဖက္တုန္းက သူက ဒီေလာက္ - ဝမ္ေ႐ွာင္းယြင္ရဲ႕ရင္ဘတ္မွာ တင္းတင္းက်ပ္က်ပ္ ဖိကပ္ထားခံရေလာက္ေအာင္ မေသးဘူး။

ကၽြမ္းက်ိဳးက နတ္ဘုရားပံုေတာ္ကို ျပန္ယူခ်င္တဲ့ပံုနဲ႔ မ်က္ႏွာ႐ွက္ေသြးျဖာလ်က္ အေ႐ွ႕တိုးလာတယ္: "ကၽြန္ေတာ့္ကို ျပန္ေပး၊ ကိုယ့္ဘာကိုယ္လုပ္မယ္"

ဝမ္ေ႐ွာင္းယြင္က သူနဲ႔ အတိုက္အခံမလုပ္ေတာ့ဘဲ ေမးလုိက္တယ္: "မင္းက တကယ္ဆႏၵမ႐ွိဘူးလား"

ကၽြမ္းက်ိဳးက စဥ္းေတာင္မစဥ္းစားဘဲ ေျဖလိုက္တယ္: "ဒါ ကၽြန္ေတာ္မဟုတ္ပါဘူး!"

ဝမ္ေ႐ွာင္းယြင္ကလည္း အလိုက္သင့္ေလး အေနာက္ကလိုက္ေျပာလုိက္တယ္: "ဟုတ္ပါတယ္။ ကိုယ္က မင္းကိုေမးတာမဟုတ္ပါဘူး။ မင္းရဲ႕ေကာေကာကို ေမးတာပါ"

သူက ေခါင္းငံု႔လုိက္ၿပီး နတ္ဘုရားပုံေတာ္ကို စကားေျပာသလိုမ်ိဳးနဲ႔ : "*ေ႐ွာင္-ေကာေကာ တကယ္ဆႏၵမ႐ွိဘူးလားဟင္" (*ေ႐ွာင္-ေကာေကာဆိုၿပီး အတြဲေတြမွာလည္း နာမည္ေျပာင္ေတြေပးၾကတယ္ေလ)

ေပါက္ကြဲမႈတစ္ခုနဲ႔အတူ ကၽြမ္းက်ိဳးရဲ႕မ်က္ႏွာက နီျမန္းေနေတာ့တယ္။

သူက နတ္ဘုရားပံုေတာ္ကို ျပန္ဆြဲယူလုိက္ၿပီး တစ္ဖက္လွည့္သြားကာ ဝမ္ေ႐ွာင္းယြင္ကို ေက်ာေပးထားတယ္။ သူက နည္းနည္း စိတ္ဆိုးမာန္ဆိုးနဲ႔ ေျပာလိုက္တယ္: "အိပ္ခ်ိန္ေရာက္ၿပီ!"

ဝမ္ေ႐ွာင္းယြင္က ဟက္ခနဲရယ္လိုက္ၿပီး သူ႔ကို ဆက္မစေတာ့ဘူး။ သူက ညင္သာတဲ့အသံနဲ႔ ေျပာလုိက္တယ္: "က်ိဳးက်ိဳး ေကာင္းေသာညပါ၊ က်ိဳးက်ိဳးရဲ႕ေကာေကာလည္း ေကာင္းေသာညပါ"

ကၽြမ္းက်ိဳးက ခပ္ျပတ္ျပတ္ပဲ ျပန္ေျပာတယ္: "ေကာင္းေသာည၊ ေကာင္းေသာည" (*ဝမ္အန္း ဆိုၿပီးေျပာလုိက္တာပါ)

သူက ခဏရပ္လိုက္ၿပီး ထပ္ျဖည့္ေျပာလိုက္တယ္: "ေနာက္ကတစ္ခြန္းက ေကာေကာကို ေျပာတာ"

ဝမ္ေ႐ွာင္းယြင္က အက်ယ္ႀကီးေအာ္ရယ္မိေတာ့မလို႔။ ဒါေပမဲ့ သူက သူငယ္ခ်င္းေလးရဲ႕ *အေရပါးတာကို စိတ္ပူေနတယ္။ သူသာ တကယ္ႀကီး အသံထြက္ရယ္မိရင္ အခန္းထဲကေန ကန္ထုတ္ခံရႏိုင္တယ္။ အဲဒါနဲ႔ သူက ၿမိဳသိပ္လိုက္ၿပီး မ်က္လံုးထဲမွာ ႐ႊင္ျမဴးရိပ္ေတြအျပည့္နဲ႔ သူငယ္ခ်င္းေလးရဲ႕ေခါင္းကို ထိလိုက္တယ္။ ဒါေပမဲ့ ဒီညကေတာ့ အိပ္မရတဲ့ညတစ္ညျဖစ္ဖို႔ အေၾကာင္းဖန္လာတယ္။ ႐ုတ္တရက္ႀကီး သူငယ္ခ်င္းေလးရဲ႕ သ႐ုပ္အစစ္အမွန္ကို သိသြားေတာ့ ဝမ္ေ႐ွာင္းယြင္ ဘယ္လိုလုပ္ၿပီး စိတ္ၿငိမ္ေအာင္ ထားႏိုင္ပါ့မလဲ။ (*အေရပါး - အ႐ွက္သည္းတတ္)

နတ္ဘုရား။ ဒါက ကမၻာေဟာင္းေပၚက ယဥ္ေက်းမႈသမိုင္းထဲက ဒ႑ာရီတစ္ခုသက္သက္ပဲ။

လူသားေတြ ကမၻာၿဂိဳလ္ကေန မထြက္ခြာခင္ သူတို႔ရဲ႕ယဥ္ေက်းမႈေတြ ကိုးကြယ္ယံုၾကည္မႈေတြကို အပါယူလာခဲ့တယ္။ ၾကယ္စုကြန္ရက္ေပၚမွာ ဒီဒ႑ာရီေတြကို ႐ွာေဖြလို႔ရႏိုင္ေသးတယ္။

သို႔ေပမဲ့ လူသားေတြ ၿဂိဳလ္အသစ္ေတြဆီ ေ႐ႊ႕ေျပာင္းေနထိုင္ၿပီးေနာက္ အစကေန အခုအထိ သိပၸံနဲ႔နည္းပညာပိုင္းဆိုင္ရာ ေခတ္မီတိုးတက္မႈေတြ ကာလၾကာ႐ွည္လာၿပီးေနာက္မွာ သူတို႔က နတ္ဘုရားေတြနဲ႔ပတ္သက္တဲ့ ဒ႑ာရီေတြအားလံုးကို ေမ့သြားသေလာက္ျဖစ္လာတယ္။

အင္ပါယာရဲ႕ သမိုင္းပညာ႐ွင္ေတြေလာက္ပဲ ဒါေတြကို ေလ့လာေတာ့တယ္။

ဒါေပမဲ့ က်ိဳးက်ိဳးဟာ တကယ့္ နတ္ဘုရားတစ္ပါးဆိုတာ ယခုလက္ေတြ႕က ဝမ္ေ႐ွာင္းယြင္ကို ေျပာျပေနတယ္။

သူစိတ္ဆိုးတဲ့အခါ စစ္သေဘၤာေပၚက ကုသေရးကန္ေတြအကုန္လံုးကို အလုပ္မလုပ္ေတာ့ေအာင္ လုပ္ႏိုင္တယ္။ ခ်န္က်င့္႐ႊယ္ကို ကံဆိုးမႈေတြ တစ္ခုၿပီးတစ္ခု ႀကံဳေအာင္လုပ္ႏိုင္တယ္။

စြမ္းအင္ဓာတ္ေရာင္ျခည္လံုးဝမထြက္တဲ့ စက္႐ုပ္ေတြ တီထြင္ႏိုင္ၿပီးေတာ့ မေရမတြက္ႏိုင္တဲ့ မက္ခါတီထြင္သူမာစတာေတြေတာင္ မလုပ္ႏိုင္တဲ့ စက္႐ုပ္နဲ႔လူသား စိတ္ပိုင္းဆိုင္ရာဆက္သြယ္လို႔ရေအာင္ လုပ္ႏိုင္တယ္ -- ဒါက အေက်ာ္ေဇယ် *စိတ္သႏၱာန္မက္ခါေတြကို ေျပာတာေလ။ (*စိတ္စြမ္းအား၊ အေတြးနဲ႔ ထိန္းခ်ဳပ္ႏိုင္တဲ့ မက္ခါေတြ)

သူက စြမ္းအင္ဓာတ္ေရာင္ျခည္ကေန အဆိပ္သင့္တဲ့ စိတ္စြမ္းအားေတြကိုလည္း ကုသႏိုင္တယ္။

ဝမ္ေ႐ွာင္းယြင္ေတြးေလေလ၊ ပိုၿပီး အံ့အားသင့္လာရေလေလပဲ။ ဒီစာရင္းထဲက ကိစၥတိုင္းလိုလိုက တစ္ခုခ်င္းစီ ခ်ျပရင္ေတာင္မွ စၾကဝဠာတစ္ခုလံုးကို အထိတ္တလန္႔ျဖစ္သြားေစလိမ့္မယ္။

အဲဒါကို ဒီလိုပုဂၢိဳလ္မ်ိဳးက အခုသူ႔ေဘးကပ္ရပ္မွာ လံုးဝအကာအကြယ္မ႐ွိဘဲ အျပစ္ကင္းစင္စြာနဲ႔ လဲေလ်ာင္းေနတယ္။

ဝမ္ေ႐ွာင္းယြင္ရဲ႕အမူအရာက တျဖည္းျဖည္းခ်င္း ေလးနက္တည္ၾကည္လာတယ္။ ဒီလူကိုေသခ်ာ ကာကြယ္ႏိုင္ဖို႔အတြက္ သူပိုၿပီး သန္မာလာဖို႔လိုတယ္။

သူ က်ိဳးက်ိဳးကိုလည္း ပိုၿပီးသန္မာလာေအာင္ လုပ္ဖို႔လုိတယ္။ အဲဒါမွ အနာဂတ္မွာ ဒီအတိုင္းဆက္ၿပီး အျပစ္ကင္းစင္ၿပီး ျဖဴစင္ေနရင္ေတာင္မွ သူမ်ားေၾကာင့္နာက်င္ရမွာကို ေၾကာက္စရာမလုိမွာ။

အဲဒါေၾကာင့္ ဝမ္ေ႐ွာင္းယြင္က အဲဒီတစ္ညလံုး ကမၻာေဟာင္းက နတ္ဘုရားေတြနဲ႔ သက္ဆိုင္တဲ့ ဒ႑ာရီေတြအေၾကာင္း သုေတသနလုပ္ရင္းနဲ႔ အခ်ိန္ကုန္သြားတယ္။

ၾကယ္စုကြန္ရက္ေပၚက အခ်က္အလက္ အႀကီးအေသးအကုန္လံုးကို ေမႊေႏွာက္႐ွာလုိက္တဲ့အျပင္ ေ႐ွးသမိုင္းေၾကာင္းကို သုေတနလုပ္တဲ့ ပေရာ္ဖက္ဆာအခ်ိဳ႕နဲ႔ ဆက္သြယ္ေဆြးေႏြးဖို႔ သူ႔ရဲ႕အထူးလုပ္ပိုင္ခြင့္ကိုေတာင္ သံုးခဲ့ေသးတယ္။ သူသိလိုက္ရတာက က်ိဳးက်ိဳးမွာ သက္ဝင္ယံုၾကည္သူေတြ မ်ားေလေလ က်ိဳးက်ိဳးရဲ႕တန္ခိုးႀကီးေလေလပဲ။ ေနာက္ၿပီး နတ္ဘုရားပံုေတာ္ရယ္ ေ႐ႊစင္႐ုပ္တုေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြလည္း အမ်ားႀကီး႐ွိေသးတယ္။

ဝမ္ေ႐ွာင္းယြင္ ေနာက္တစ္ေန႔ ႏိုးလာလာခ်င္းပဲ က်ိဳးက်ိဳးအတြက္ ကိုယ္ခြဲတစ္ခု ဖန္တီးေပးဖို႔ လူတစ္ေယာက္လႊတ္လိုက္တယ္။ ဒီနတ္ဘုရားပံုေတာ္၊ ခႏၶာကိုယ္အစစ္အတြက္ကေတာ့....

ဝမ္ေ႐ွာင္းယြင္က တည္တည္တံ့တံ့ ေျပာတယ္: "က်ိဳးက်ိဳး မင္းရဲ႕ေကာေကာက အခန္းထဲမွာပဲ တစ္ေယာက္တည္းေနရတာ အရမ္းပ်င္းေနမွာပဲ။ အခုကစၿပီး ကိုယ္နဲ႔အတူ ေခၚသြားရင္ ဘယ္လိုလဲ"

ကၽြမ္းက်ိဳး: "????"

ကၽြမ္းက်ိဳး: "ေနပါဦး ကၽြန္ေတာ့္ကို.... ကၽြန္ေတာ့္ေကာေကာကို ဘယ္ေခၚသြားမလို႔လဲ"

ဝမ္ေ႐ွာင္းယြင္: "ဘယ္ျဖစ္ျဖစ္ရတယ္၊ ဘယ္ေနရာပဲျဖစ္ျဖစ္ တစ္ခန္းထဲမွာပဲ ဆက္တိုက္ေနတာထက္ေတာ့ ပိုေကာင္းတာပဲ"

ဒါက က်ိဳးက်ိဳးရဲ႕ ခႏၶာကိုယ္အစစ္ဆိုတာသိလိုက္ၿပီးေနာက္ ဒီနတ္ဘုရားပံုေတာ္ကို အခန္းထဲမွာ မသိလိုက္မသိဘာသာနဲ႔ ဘယ္ထားခဲ့ႏိုင္မွာလဲ။

တျခားလူေတြ ဒါကိုထိေနရင္ ဘယ္လိုလုပ္မလဲ။

ကၽြမ္းက်ိဳး: ".......ဒါက အေရးမႀကီးပါဘူး။ သူက သူ႔ဘာသာသူ ေကာင္းေကာင္းေနတတ္ပါတယ္"

ဝမ္ေ႐ွာင္းယြင္: "ကိုယ္က သူတစ္ေယာက္တည္း အထီးက်န္ေနတာကို ၾကည့္မေနႏိုင္ဘူး"

ကၽြမ္းက်ိဳး: "........"

ဝမ္ေ႐ွာင္းယြင္က သူ႔ေခါင္းကို ပြတ္ေပးလုိက္ၿပီး : "လိမ္လိမ္မာမာေန၊ အစားမွန္မွန္စားဖို႔ သတိရဦး"

ဒီလိုေျပာရင္းဆိုရင္းနဲ႔ နတ္ဘုရားပံုေတာ္ကို ယူၿပီး ထြက္သြားပါေရာ။

သူထြက္သြားတာနဲ႔ ကၽြမ္းက်ိဳးက အိပ္ရာထဲမွာ လွဲလိုက္ၿပီး မ်က္ႏွာၾကက္ကို လံုးဝ စိတ္ပ်က္လက္ပ်က္နဲ႔ စူးစိုက္ၾကည့္ေနတယ္။

"ဝမ္ေ႐ွာင္းယြင္... သူဘာလို႔ ဒီလိုျဖစ္ေနရတာလဲ"

သိပ္မၾကာပါဘူး။ စစ္သေဘၤာ Wyvern ေပၚက တတိယတပ္ဖြဲ႕ဝင္ေတြ အကုန္လံုးက စစ္သေဘၤာထဲမွာ ႏွစ္မီတာေလာက္အျမင့္႐ွိတဲ့ ေ႐ႊ႐ုပ္တုတစ္ခု အပိုထပ္ေရာက္လာတာကို ေတြ႕လုိက္ရတယ္။

႐ုပ္တုကို ပံုမွန္ႂကြယ္ဝျခင္းနတ္ဘုရားတစ္ပါးအသြင္ ထြင္းထုထားတယ္။

ကိစၥမ႐ွိပါဘူး။ ဒီမွာ နတ္ဘုရားဆိုလို႔ ကၽြမ္းက်ိဳးတစ္ေယာက္ပဲ႐ွိတယ္။

ဒီ႐ုပ္တုကို ဘာျဖစ္လို႔ ထုထားတာလဲလို႔ ေမးေတာ့ တတိယတပ္ဖြဲ႕ျပန္ရလုိက္တဲ့အေျဖက "မင္းတို႔ေကာင္ေတြ ေန႔တိုင္း ေလထဲကို ကိုးကြယ္ေနရတာကိုျမင္ေတာ့ က်ိဳးက်ိဳးက မင္းတို႔အတြက္ ခက္ခဲမယ္လို႔ ခံစားမိတယ္။ အဲဒါေၾကာင္ မင္းတို႔ေတြ ေနာက္ဆို ဒီေ႐ႊ႐ုပ္တုကို ပူေဇာ္လို႔ရေအာင္လို႔ ျမင့္ျမတ္တဲ့ ႂကြယ္ဝျခင္းနတ္ဘုရားပံုေတာ္ တီထြင္ေပးဖို႔ သူက အထူးတလည္ ဗိုလ္ခ်ဳပ္ႀကီးကို ေတာင္းဆိုထားတာ"

တတိယတပ္ဖြဲ႔ဝင္ေတြအားလံုးက ေက်နပ္ပီတိဂြမ္းဆီထိသြားၿပီး စိတ္ခံစားလြယ္သြားတယ္။

"ဝူးဝူးဝူး မဒမ္က ငါတို႔ကို အရမ္းစဥ္းစားေပးတယ္။ မဒမ္က သိပ္ေကာင္းတယ္"

"မဒမ္က သိပ္ေတာ္တယ္။ ဗိုလ္ခ်ဳပ္ႀကီးက သူေျပာသမွ်အကုန္လုပ္တယ္။ ဗိုလ္ခ်ဳပ္ႀကီးက မိန္းမႏိုင္တာခံရတဲ့ ေယာက္်ားလိုပံုစံမ်ိဳးလို႔ ဘယ္သူထင္မိမွာလဲ"

"မိန္းမႏိုင္တာခံရတဲ့ေယာက္်ားဆိုေတာ့ ဘာျဖစ္ေသးလဲ။ ဒါက မိန္းမကို အလိုလုိက္တာလို႔ေခၚတယ္။ ဗိုလ္ခ်ဳပ္ႀကီးက သူ႔မိန္းမကို တုန္ေနေအာင္ခ်စ္တာ၊ သူက ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္ခိုင္မာတဲ့လူမ်ိဳး ျဖစ္ရမယ္။ တတိယတပ္ဖြဲ႕ကို ဝင္လိုက္တာ ဆံုးျဖတ္ခ်က္မွန္သြားၿပီ။ သံသယဝင္စရာကိုမလိုဘူး! "

"ေနၾကပါဦး။ ဘယ္လိုျဖစ္လို႔ မင္းတို႔ေတြအကုန္လံုးက သူ႔ကို မဒမ္ဆိုၿပီး တိုက္႐ိုက္ႀကီး ေခၚေနၾကတာလဲ။ ငါထင္တာေတာ့ ဗိုလ္ခ်ဳပ္ႀကီးက မစၥတာကၽြမ္းနဲ႔ မတြဲေသးဘူးမလား"

"တရားဝင္ေတာ့ မဟုတ္ေသးဘူး။ ဟုတ္တယ္ ဒါေပမဲ့ ဗိုလ္ခ်ဳပ္ႀကီး က်ိဳးက်ိဳးကို ဘယ္ေလာက္သေဘာက်လဲ မင္းမျမင္ဘူးလား။ တြဲဖို႔ဆိုတာက ေနာက္ဆံုးျဖစ္လာမွာပဲမလား"

"ဘာလဲ။ သူတို႔က မတြဲရေသးဘူးလား။ ဒါေပမဲ့ သူတို႔က အတူတူအရမ္းလိုက္ဖက္တာပဲ။ ဘာလို႔ မတြဲၾကေသးတာလဲ"

သို႔ေသာ္ လူတိုင္းက သူတို႔ရဲ႕ CP က ဘယ္လိုလိုက္ဖက္ပါတယ္ဆိုၿပီး စိတ္အားထက္သန္စြာ ေဆြးေႏြးေနၾကပါေစ၊ တကယ့္လက္ေတြ႕မွာ ဝမ္ေ႐ွာင္းယြင္နဲ႔ ကၽြမ္းက်ိဳးက မတြဲၾကေသးဘူးေလ။

တကယ္တမ္းေျပာရရင္ လူတိုင္းက သူတို႔ရဲ႕ မ်က္ႏွာသာေပးထားတဲ့ CP ရယ္ သူတို႔အတြဲရဲ႕ လူပံုအလယ္မွာ ခ်စ္ခင္ၾကင္နာၾကတာေတြအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားေနတဲ့အခ်ိန္မွာပဲ ႐ုတ္ျခည္း သူတို႔ရဲ႕ ဗိုလ္ခ်ဳပ္ႀကီး ေျပာင္းလဲသြားတာကို ေတြ႕လုိက္ရတယ္။

ဗိုလ္ခ်ဳပ္ႀကီးက သြားေလရာေနရာကို ႐ုပ္တုတစ္ခုကို စၿပီး ေခၚသြားတယ္။ အဲဒီ႐ုပ္တုကလည္း မဒမ္ရဲ႕အေဖေလ။

ဒီအေျခအေနႀကီး ေျပာင္းလဲသြားတဲ့လမ္းေၾကာင္းက အလြန္ျမန္လြန္းလို႔ လူတိုင္းက အံ့အားသင့္ေနၾကတယ္။

ခ်န္က်င့္႐ႊင္ေတာင္မွပဲ မဆဲဆိုပဲ မေနႏိုင္ဘူး : "ေဘာ့စ္ ဘာျဖစ္လို႔ က်ိဳးက်ိဳးအေဖ႐ုပ္တုကို ေနရာတကာ ယူသြားေနရတာလဲ"

သူက ေျပာရင္းဆိုရင္း ကၽြမ္းက်ိဳးကိုလည္း တစ္ခ်ိန္တည္းမွာ ၾကည့္လိုက္တယ္: "က်ိဳးက်ိဳး မင္းတကယ္ပဲ ဒါနဲ႔ပတ္သက္ၿပီး ဘာမွမလုပ္ေတာ့ဘူးလား"

ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ကို မႈန္မႈိင္းေနတဲ့ အၾကည့္နဲ႔ ၾကည့္လိုက္တယ္။

သူလည္း ျပန္လိုခ်င္တာေပါ့။ ဒါေပမဲ့ သူျပန္ယူဖို႔ လုပ္တိုင္းမွာ ဝမ္ေ႐ွာင္းယြင္က ႐ွိသမွ် ဆင္ေျခဆင္လက္ေတြ၊ အေၾကာင္းျပခ်က္ေတြ သံုးၿပီး ျပန္ေခၚသြားေရာ။

ဝမ္ေ႐ွာင္းယြင္က တည္ၿငိမ္တဲ့အမူအရာနဲ႔ ေျပာလိုက္တယ္: "ဒါက က်ိဳးက်ိဳးအေဖ မဟုတ္ဘူး"

ခ်န္က်င့္႐ႊယ္က ေ႐ွာ့ခ္ရသြားတယ္: "က်ိဳးက်ိဳးအေဖမဟုတ္ဘူးလား"

ဝမ္ေ႐ွာင္းယြင္က 'အင္း' ဆိုၿပီး အသံျပဳလုိက္ၿပီး က်ိဳးက်ိဳးကို ၾကည့္လိုက္တယ္။ သူငယ္ခ်င္းေလးနဲ႔ သူအၾကည့္ဆံုသြားတယ္။ မ်က္ႏွာေလးမွာ ႐ွက္ေသြးျဖာေနရင္းနဲ႔ ကၽြမ္းက်ိဳးက အျပစ္႐ွိစြာ သူ႔အၾကည့္လႊဲသြားတယ္။

ဝမ္ေ႐ွာင္းယြင္က ရယ္လိုက္ၿပီး သူ႔ရဲ႕ ခပ္ေအာေအာရယ္သံမွာ လူကိုကလိကလိျဖစ္ေစႏိုင္တဲ့ စိတ္အာ႐ံုကိုလႈံ႔ေဆာ္ေပးႏိုင္တဲ့ ဆြဲေဆာင္မႈတစ္ခုစြက္ေနတယ္: "ဒါက သူ႔ေကာေကာေလ"

"ေကာေကာ ဟုတ္လား" ခ်န္က်င့္႐ႊယ္က ပိုလို႔ေတာင္ အံ့ဩသြားတယ္: "ဒါက သူ႔အေဖျဖစ္ရမွာ မဟုတ္ဘူးလား"

ကၽြမ္းက်ိဳးဆီက အတည္ျပဳတာကို အေလာတႀကီး ေစာင့္ေမွ်ာ္ေနရင္းကေန ခ်န္က်င့္႐ႊယ္ အျမန္ေမးလိုက္တယ္: "က်ိဳးက်ိဳး ဒါတကယ္ပဲ မင္းရဲ႕ေကာေကာလား"

ကၽြမ္းက်ိဳးက မပြင့္တပြင့္နဲ႔ အသိအမွတ္ျပဳသလို အသံျပဳလိုက္တယ္။

ခ်န္က်င့္႐ႊယ္: "ဘာျဖစ္လို႔ အရင္က ဘာမွမေျပာတာလဲ။ ငါတို႔အကုန္လံုးက ဒီတစ္ခ်ိန္လံုး ဒါက မင္းအေဖလို႔ပဲ ထင္ထားတာ"

ဝမ္ေ႐ွာင္းယြင္: "ဒါက အသိသာႀကီးကို။ ႐ုပ္တုကလူက ဒီေလာက္ငယ္ေနတာကို သူ႔အေဖဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"

ခ်န္က်င့္႐ႊယ္: "????"

မဟုတ္ေသးဘူးေလ ေဘာ့စ္။ အရင္က ေဘာ့စ္ ဒီလိုေျပာတာမဟုတ္ဘူးေလ။

ဝမ္ေ႐ွာင္းယြင္: "သူက အရမ္းၾကည့္ေကာင္းတယ္"

ကၽြမ္းက်ိဳးက အသံတိတ္ေနရင္းနဲ႔ ႐ွက္ေသြးျဖာေနတယ္။

ဝမ္ေ႐ွာင္းယြင္: "ေတာက္ပၿပီး အသက္ဝင္ေနတဲ့ မ်က္လံုးေတြနဲ႔"

ခ်န္က်င့္႐ႊယ္: "????"

ႂကြယ္ဝျခင္းနတ္ဘုရားေလး: "...................."

ဝမ္ေ႐ွာင္းယြင္: "ေနာက္ၿပီး ျဖဴစင္ၿပီး ၾကင္နာတတ္တဲ့အၿပံဳးေလးနဲ႔"

ခ်န္က်င့္႐ႊယ္: "????"

ႂကြယ္ဝျခင္းနတ္ဘုရားေလး: "...................."

ဝမ္ေ႐ွာင္းယြင္: "လူေတြအမ်ားႀကီး သူ႔ကို ႏွစ္သက္ၾကမွာပဲ"

"ဝမ္ေ႐ွာင္းယြင္!" ႂကြယ္ဝျခင္းနတ္ဘုရားေလးက နားမေထာင္ႏိုင္ေတာ့ဘဲ ေအာ္လိုက္တယ္: "ထပ္မေျပာနဲ႔ေတာ့!"

ခ်န္က်င့္႐ႊယ္က ၾကက္သီးေမြးညင္းေတြထေနတဲ့ တစ္ကိုယ္လံုးကို ခါခ်လိုက္ၿပီး : "ေထာက္ခံတယ္၊ ကၽြန္ေတာ္တို႔ကို အနားေလးေပးပါဦး။ ဒီေလာက္ စိတ္ခံစားခ်က္ျပင္းျပေနတဲ့စကားေတြ မေျပာစမ္းပါနဲ႔"

ဒီကအေျခအေနကို မသိတဲ့လူေတြဆိုရင္ ဝမ္ေ႐ွာင္းယြင္က ဒီ႐ုပ္တုကို သေဘာက်ေနတယ္လို႔ေတာင္ ယံုသြားေလာက္တယ္။

"စိတ္ခံစားခ်က္ျပင္းျပေန႐ုံတင္မကဘူး၊ .... " ခ်န္က်င့္႐ႊယ္က ကၽြမ္းက်ိဳး ဝမ္ေ႐ွာင္းယြင္ကို မေက်နပ္ေၾကာင္း ေျပာေစခ်င္ေနတယ္။ လွည့္ၾကည့္လိုက္တဲ့အခါ ကၽြမ္းက်ိဳးရဲ႕ ႐ွက္ေသြးျဖာေနတဲ့ မ်က္ႏွာကိုလည္းေတြ႕ေရာ၊ သူက နည္းနည္း အံ့အားသင့္သြားၿပီး သံသယဝင္စြာနဲ႔ ေမးလိုက္တယ္: "က်ိဳးက်ိဳး ဘာျဖစ္လို႔ မင္းမ်က္ႏွာက ဒီေလာက္ နီရဲေနရတာလဲ!"

ကၽြမ္က်ိဳးက ဝမ္ေ႐ွာင္းယြင္ကို တိတ္တိတ္ေလး ခိုးၿပီး မ်က္ေစာင္းထိုးလိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က ၿပံဳးေနၿပီး သူ႔ရဲ႕ေခ်ာေမာတဲ့ မ်က္ႏွာထားဟာ ပိုၿပီးႏူးညံ့ ညင္သာတဲ့ပံုေပါက္ေနတယ္။

ကၽြမ္းက်ိဳး မေျဖႏိုင္ခင္မွာပဲ ကယ္လုအန္းရဲ႕အသံ အျပင္ဘက္ကေန လြင့္လာတယ္။ သူက ဝမ္ေ႐ွာင္းယြင္ကို လာ႐ွာတာျဖစ္ၿပီး အသံအရဆိုရင္ အင္မတန္ အလ်င္လိုေနတဲ့ပံုရတယ္။

ဝမ္ေ႐ွာင္းယြင္က ထိန္းခ်ဳပ္ခလုတ္ကြက္ကို ဖြင့္လုိက္ၿပီး ကယ္လုအန္းကို အထဲဝင္ခြင့္ေပးလိုက္တယ္။

ကၽြမ္းက်ိဳးနဲ႔ ခ်န္က်င့္႐ႊယ္လည္း ဒီမွာ႐ွိေနေတာ့ ကယ္လုအန္းက ဆိုတယ္: "အရမ္းေကာင္းတယ္။ မင္းတို႔အကုန္လံုး႐ွိေနေတာ့ တစ္ေယာက္ခ်င္းဆီ ႐ွာခ်ိန္သက္သာသြားတယ္"

ခ်န္က်င့္႐ႊယ္က ေမးတယ္: "ဆရာႀကီး၊ ဘာျဖစ္လို႔လဲ"

ကယ္လုအန္းက သူ႔ရဲ႕ကိုယ္ပိုင္ဆက္သြယ္ေရးစက္ကို ဖြင့္လိုက္ၿပီး လူတစ္ေယာက္ရဲ႕ chat box ကို ဖြင့္လိုက္တယ္။ အဲဒီ chat box ထဲမွာ ပံုတစ္ပံု႐ွိတယ္။

"ႏွစ္တုိင္း ငါတို႔အင္ပါယာမွာ ႀကီးမားတဲ့မက္ခါၿပိဳင္ပြဲ က်င္းပတယ္။ မင္းတို႔ ဒါကို မွတ္မိတယ္မလား။ ၿပိဳင္ပြဲက အစကေနအဆံုးအထိ လဝက္ေလာက္ၾကာတယ္။ ဒီႏွစ္ရဲ႕မက္ခါၿပိဳင္ပြဲက လြန္ခဲ့တဲ့ ရက္အနည္းငယ္က စခဲ့တယ္။ အစက ငါ့ကို ဒီၿပိဳင္ပြဲအတြက္ အကဲျဖတ္ဒိုင္လုပ္ေပးဖို႔ အဖိတ္ခံရတယ္"

သို႔ေပမဲ့ ဆရာႀကီးကယ္လုအန္းက ကၽြမ္းက်ိဳးကို ႐ွာဖို႔ အမႈိက္ၿဂိဳလ္ကို ေရာက္ေနတာဆိုေတာ့ ၿပိဳင္ပြဲေကာ္မတီကို သူ႔ရဲ႕တပည့္ေခါင္းေဆာင္ ဟန္ခ်င္းေ႐ွာင္းကို ေထာက္ခံေပးလုိက္တယ္။

ဟန္ခ်င္းေ႐ွာင္းက ၿပိဳင္ပြဲရဲ႕ အရင္က ခ်န္ပီယံေဟာင္းတစ္ေယာက္ ျဖစ္တယ္။ ေနာက္ၿပီး သူကိုယ္တိုင္လည္း ဂုဏ္သတင္းေမႊးတယ္။ အခု ကယ္လုအန္းရဲ႕ ေထာက္ခံမႈလည္းရေတာ့ ေကာ္မတီက ဟန္ခ်င္းေ႐ွာင္း ဒိုင္လုပ္ဖို႔ကို လႈိက္လႈိက္လွဲလွဲ သေဘာတူလုိက္ၾကတယ္။

"အခုေလးတင္ ငါ့ရဲ႕တပည့္ႀကီး ခ်င္းေ႐ွာင္းက စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္တစ္ခုရဲ႕ ပံုစံျပာကို ပို႔လိုက္တယ္။ ဒါက မက္ခါၿပိဳင္ပြဲမွာ ေပၚလာတဲ့ မေမွ်ာ္လင့္ထားတဲ့ *ျမင္းနက္တစ္ေကာင္လို႔လည္း ေျပာေသးတယ္။ ဒီျမင္းနက္က စြမ္းအင္ေက်ာက္ေတြကထြက္တဲ့ ဓာတ္ေရာင္ျခည္ကို လံုးဝ ပိတ္ပင္ထားတဲ့စနစ္တစ္ခုကို တီထြင္ႏိုင္တယ္။ ခ်င္းေ႐ွာင္းက တအားစိတ္လႈပ္႐ွားၿပီး ငါ့ကို ပံုစံျပာပို႔လုိက္တယ္။ သူေျပာတာ သူစစ္ၾကည့္ၿပီးသြားၿပီတဲ့။ စြမ္းအင္ေက်ာက္တစ္တံုးကို ဒီစနစ္ထဲတပ္ဆင္လိုက္ၿပီးတဲ့ေနာက္ အဲဒါက တကယ္ပဲ စြမ္းအင္ဓာတ္ေရာင္ျခည္ကို လံုးလံုး ပိတ္ထားႏိုင္တယ္.... ဒါေပမဲ့ ငါၾကည့္ေလေလ၊ ဒီမွာ တစ္ခုခု မသကၤာစရာ႐ွိေနတယ္လို႔ ခံစားရေလေလပဲ။ ဒီစြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္က... ေ႐ွာင္ေဖာ့လန္ရဲ႕ဟာနဲ႔ တူေနသလိုပဲ" (*ျမင္းနက္ - မထင္ရဘဲ ထူးခၽြန္တဲ့သူ၊ အရာ)

ဒီအခ်ိန္အေတာအတြင္း ကယ္လုအန္းက ေဝါ့စီးကို ျပဳျပင္တာကလြဲရင္ ေ႐ွာင္ေဖာ့လန္ကိုလည္း ေတာ္ေတာ္ေလး ေလ့လာတယ္။

ေ႐ွာင္ေဖာ့လန္က ကၽြမ္းက်ိဳးေ႐ွ႕မွာဆို နာခံခ်င္ေယာင္ေဆာင္ရတာကို ႀကိဳက္လို႔ ေတာ္ေသးတယ္။ ကၽြမ္းက်ိဳး႐ွိေနရင္ သူက လိမ္လိမ္မာမာနဲ႔ ကယ္လုအန္းကို စစ္ေဆးခြင့္ေပးတယ္။ ကၽြမ္းက်ိဳးထြက္သြားတာနဲ႔ ျမင့္ျမတ္တဲ့ သခင္ႀကီးတစ္ပါးလို ခ်က္ခ်င္း စျပဳမူေတာ့တာပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ တစ္လဆိုတဲ့ကာလအတြင္း ႀကိဳးၾကားႀကိဳးၾကား ၾကည့္ရတဲ့အခ်ိန္ေလးေတြက ကယ္လုအန္း ေ႐ွာင္ေဖာ့လန္ရဲ႕ တပ္ဆင္ထားတဲ့စနစ္အမ်ားစုကို စစ္ေဆးဖို႔ လံုေလာက္တယ္။

ဒါေၾကာင့္ သူ႔ရဲ႕တပည့္ပို႔လုိက္တဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို ျမင္လိုက္ေတာ့ သူခ်က္ခ်င္း မွတ္မိလိုက္တယ္။ ဒါက ေ႐ွာင္ေဖာ့လန္ရဲ႕ စြမ္းအင္အရင္းအျမစ္စနစ္ပဲ။

ပိုၿပီးတိတိက်က်ေျပာရရင္ ဒါက ေ႐ွာင္ေဖာ့လန္ရဲ႕စနစ္နဲ႔ ထပ္တူက်ေနတဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္တစ္ခုပဲ။

ကၽြမ္းက်ိဳးက အနားကပ္ၾကည့္လုိက္တယ္: "ဟမ္ ဒါက ေ႐ွာင္ေဖာ့လန္ရဲ႕ဒီဇိုင္းကိုလိုက္ၿပီး တီထြင္ထားတဲ့ ေ႐ွာင္ေဖာ့လန္ #1 ပဲ။ ဒါ ကၽြန္ေတာ္ေရာင္းလိုက္တဲ့ အဲဒီစက္႐ုပ္ေလ"

ကယ္လုအန္း: "အံ့ဩစရာမ႐ွိပါဘူး။ မင္းအရင္က စက္႐ုပ္တစ္႐ုပ္ေရာင္းလိုက္တယ္ၾကားကတည္းက ငါစိတ္ထဲမွာ ထင့္ေနတာ"

ခ်န္က်င့္ရႊယ္က ဆိုတယ္: "ဒါဆို ဆိုလိုတာက တစ္ေယာက္ေယာက္က က်ိဳးက်ိဳးလုပ္ထားတဲ့ စက္႐ုပ္ကို ယူသြားၿပီး မက္ခါၿပိဳင္ပြဲဝင္ထားတာေပါ့။ အဲ့ေတာ့ ျမင္းနက္ျဖစ္လာၿပီး *ဖုန္ကေနထၿပီး ေအာင္ျမင္မႈသရဖူေဆာင္းလိုက္တယ္ေပါ့" (*ဘာမွမလုပ္ဘဲ အႏိုင္ရတာကို ဆိုလိုပါတယ္)

ကယ္လုအန္းက အမွန္ျပင္ေပးလိုက္တယ္: "က်ိဳးက်ိဳးလုပ္ထားတဲ့ စက္႐ုပ္ကို ယူသြားတာမဟုတ္ဘူး။ စက္႐ုပ္က စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို တစစီျဖဳတ္ၿပီး မက္ခါတစ္စီးထဲမွာ ထည့္ထားတာ"

ခ်န္က်င့္႐ႊယ္က ေဒါသူပုန္ထသြားတယ္: "အဲဒါ အတူတူပဲမလား။ ဘယ္လိုပဲျဖစ္ျဖစ္ အဲဒါကိုလုပ္ထားတဲ့သူက က်ိဳးက်ိဳးေလ"

ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးကို ေမးလုိက္တယ္: "မင္းဆိုင္မွာ အဲဒီအေရာင္းအဝယ္အတြက္ လက္ခံ ႐ွိဦးမယ္မလား"

"႐ွိေလာက္တယ္" ကၽြမ္းက်ိဳးက သူအခ်ိန္အၾကာႀကီး မဝင္ထားတဲ့ အြန္လိုင္းဆိုင္ကို ၾကည့္ဖို႔ ဖြင့္လိုက္တယ္။ အဲဒီမွာ 'မက္ခါအၾကမ္းစား' ဆိုတဲ့ ဝယ္သူဆီက ပစၥည္းလက္ခံရၿပီးတဲ့ေနာက္မွာ မက္ေဆ့ေတြအမ်ားႀကီး ဝင္ေနတာကို ေတြ႕လိုက္ရတယ္။

မက္ခါအၾကမ္းစား: သူေဌး လုိင္းေပၚ႐ွိလား။ ခင္ဗ်ားလုပ္ထားတဲ့ ဒီစက္႐ုပ္ ေရာင္းေသးလား။ ကၽြန္ေတာ္ ၁၀ လံုးေလာက္ ထပ္မွာခ်င္တယ္။

မက္ခါအၾကမ္းစား: ကၽြန္ေတာ္ ၁ သန္းေပးမယ္။

မက္ခါအၾကမ္းစား: သူေဌး? ဟယ္လို?

မက္ခါအၾကမ္းစား: ၁ သန္းက နည္းလြန္းတယ္ ထင္လို႔လား။ ေကာင္းၿပီ! ၁၀ သန္း! ၾကယ္စုဒဂၤါး ၁၀ သန္းေပးမယ္။ လုပ္ေပးမလား။

မက္ခါအၾကမ္းစား: ??? သူေဌး??

မက္ခါအၾကမ္းစား: နည္းလြန္းေနေသးလား။ ၾကယ္စုဒဂၤါး သန္း ၅၀ ကြာ။ ခင္ဗ်ားရဲ႕ အေကာင့္နံပါတ္ေပး။ ကၽြန္ေတာ္ ပိုက္ဆံခ်က္ခ်င္း လႊဲေပးလုိက္မယ္! ပိုက္ဆံေတာင္ ႀကိဳေပးဦးမွာေနာ္!

မက္ခါအၾကမ္းစား: ဒီလုိဆိုရင္ေကာ၊ အက်ိဳးတူပူးေပါင္းၾကရေအာင္။ ခင္ဗ်ားက ထြင္၊ ကၽြန္ေတာ္က ကူေရာင္းေပးမယ္။ ကၽြန္ေတာ္က အခု ခင္ဗ်ား စက္႐ုပ္ေရာင္းေနတဲ့ ေထာင္ဂဏန္းေလးထက္ေတာင္ အဆတစ္ရာေလာက္ သာေအာင္ ပိုျမင့္တဲ့ေဈးနဲ႔ ေရာင္းႏိုင္တယ္။ လက္ခံလား၊ လက္မခံဘူးလား။

မက္ခါအၾကမ္းစား: ခင္ဗ်ားက ကၽြန္ေတာ့္ထက္ပိုၿပီး အဆက္အသြယ္ေကာင္းတယ္လို႔ ေတြးေတာင္မေတြးနဲ႔။ ခင္ဗ်ားမွာသာ အဆက္အသြယ္႐ွိရင္ အြန္လိုင္းဆိုင္ဖြင့္မွာမဟုတ္ဘူး။ အတူတူ အက်ိဳးတူ ပူးေပါင္းၾကရေအာင္။ ဟုတ္ၿပီလား။

မက္ခါအၾကမ္းစား: ေကာင္းၿပီ။ ကၽြန္ေတာ့္ကို လ်စ္လ်ဴ႐ႈတယ္ေပါ့။ စမ္းၾကည့္လိုက္ေလ။ ကိစၥမ႐ွိဘူး။ ခင္ဗ်ားဘယ္လိုမ်ိဳး ရလဒ္ရမလဲဆိုတာ ေစာင့္ၾကည့္လုိက္။

သို႔ေပမဲ့ ကၽြမ္းက်ိဳးက ဒါေတြတစ္ခုကိုမွ စကားျပန္မေျပာခဲ့ဘူး။

လြန္ခဲ့တဲ့လက သူ မက္ခါဘယ္လိုလုပ္ရလဲ ေလ့လာေနရတာနဲ႔ အလုပ္႐ႈပ္ေနတယ္။ သူ႔ရဲ႕ေလ့လာမႈကို အေႏွာင့္အယွက္မျဖစ္ေအာင္လို႔ သူက ေၾကာ္ျငာေတြနဲ႔ အြန္လိုင္းမက္ေဆ့ေတြ အကုန္လံုးကို ပိတ္ထားတယ္။ အဲဒါေၾကာင့္ သူ ဒီမက္ေဆ့ေတြ တစ္ခုကိုမွ သူမေတြ႕ဘူး။

သူတစ္ခါမွ စာမျပန္တာေၾကာင့္ျဖစ္လိမ့္မယ္။ အဆံုးမွာ 'မက္ခါအၾကမ္းစား' က ကၽြမ္းက်ိဳးရဲ႕ အြန္လိုင္းဆိုင္ကို တိုက္႐ုိက္ တိုင္ၾကားခဲ့တယ္။

ဒီတုိင္ၾကားစာက ခုခံေျပာဆိုခြင့္ကာလ႐ွိတယ္။ ကၽြမ္းက်ိဳးကသာ သူ႔ကို အေၾကာင္းကိစၥမ႐ွိဘဲ တိုင္ၾကားတယ္ဆိုတာကို သက္ေသျပႏိုင္ရင္ သူ႔ဆိုင္လည္း ပိတ္စရာမလိုဘူး။

ဒါေပမဲ့ သူက ဒီအေၾကာင္း သိေတာင္မသိခဲ့ဘူး။ ဒီေတာ့ ေမတၱာရပ္ခံစာတင္ဖို႔ဆို ေျပာမေနနဲ႔ေတာ့။

ဒါေၾကာင့္ သူ ဝယ္သူရဲ႕မက္ေဆ့ေတြဖတ္ၿပီးလို႔ အြန္လိုင္းဆိုင္ကိုလည္း ဝင္လိုက္ေရာ၊ ထင္တဲ့အတိုင္း ဆိုင္က အပိတ္ခံလုိက္ရၿပီ။

ကၽြမ္းက်ိဳး: "........."

ခ်န္က်င့္႐ႊယ္ ေဒါသေတြထြက္လာတယ္: "စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကို ယူသြားၿပီး ၿပိဳင္ပြဲဝင္လိုက္တာ ဒီလူလို႔ ထင္လား! ခ်ီးပဲ! မင္းကိုေတာင္ တိုင္ၾကားရတယ္လို႔ ဘယ္ေလာက္ အ႐ွက္မ႐ွိလုိက္သလဲ"

ကယ္လုအန္းက နည္းနည္း စိုးရိမ္ေနတယ္: "ဒါေပမဲ့ စြမ္းအင္အရင္းအျမစ္တပ္ဆင္စနစ္ကေရာ၊ က်ိဳးက်ိဳးလုပ္ထားတယ္ဆိုတာ သက္ေသျပႏိုင္လား"

ကၽြမ္းက်ိဳး ေ႐ွာင္ေဖာ့လန္#1 ကိုလုပ္တုန္းက သူက ေရွာင္ေဖာ့လန္ကို ကူးခ်လိုက္႐ံုပဲ။ အဲဒါေၾကာင့္ ဒီစနစ္က တကယ္တမ္းေတာ့ ႐ိုး႐ွင္းတဲ့ အမႈိက္အပိုင္းအစေတြကိုသံုးၿပီး တပ္ဆင္ထားတဲ့ ဝမ္ေ႐ွာင္းယြင္ လုပ္ထားတာလို႔ ေျပာရမယ္။

ဒီေလာက္လြယ္ကူတာ၊ လူတိုင္းလုပ္လို႔ရတယ္။

"သူျပႏိုင္တယ္" ဝမ္ေ႐ွာင္းယြင္က တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာတယ္: "က်ိဳးက်ိဳးေရာင္းလုိက္တဲ့ စက္႐ုပ္ကို ကၽြန္ေတာ့္ေအာက္ကလူ သြားပို႔ေပးတာ။ သူဘယ္သူလဲ ကၽြန္ေတာ္သိတယ္။ သူ႔ကို တိုက္႐ိုက္ဆက္သြယ္လို႔ရတယ္"

ဒီ လြယ္ကူတဲ့ တပ္ဆင္စနစ္ကို ဘယ္သူမဆို တည္ေဆာက္ႏိုင္တယ္။ ဒါေပမဲ့ တစ္ခုတည္းေသာ ကူးခ်လို႔မရတဲ့အရာက ကၽြမ္းက်ိဳးရဲ႕ စြမ္းအင္ဓာတ္ေရာင္ျခည္ပိတ္ပင္တဲ့ နည္းလမ္းပဲ။

ဝမ္ေ႐ွာင္းယြင္ေျပာတာကို ၾကားေတာ့ ကယ္လုအန္းက အံ့ဩသြားတယ္: "မင္းဆိုလိုတာက... ၿမိဳ႕ေတာ္ၿဂိဳလ္ကိုျပန္ဖို႔ စီစဥ္ေနတာလား။ ဒါေပမဲ့ တပ္မဟာဦးစီးခ်ဳပ္ေဟာက မင္းကို မလာေစ...."

အခု ဝမ္ေ႐ွာင္းယြင္က စြမ္းအင္ဓာတ္ေရာင္ျခည္ အဆိပ္သင့္ခံထားရၿပီး သူ႔ရဲ႕စိတ္စြမ္းအားအဆင့္က က်ဆင္းေနတယ္။

သူ႔မက္ခါ ေဝါ့စီးကလည္း ထိခုိက္ထားတယ္။

တပ္ထဲမွာ တတိယတပ္ဖြဲ႕ကို ထိန္းခ်ဳပ္ခ်င္ေနတဲ့သူေတြ တကယ္ကို မ်ားလြန္းတယ္။ ဒီအေၾကာင္းျပခ်က္ေၾကာင့္ပဲ တပ္မဟာဦးစီးခ်ဳပ္ေဟာက သူ႔ကို အမႈိက္ၿဂိဳလ္ေပၚမွာ ဆက္ေနေစခ်င္ေနတာျဖစ္တယ္။

ဒါက ေရပန္းစားေနရာကေန သိုသိုသိပ္သိပ္ေနဖို႔တင္မကဘူး ဝမ္ေ႐ွာင္းယြင္ကို ေနာက္လာမဲ့ မုန္တိုင္းအတြက္ ျပင္ဆင္ခ်ိန္ေပးဖို႔အတြက္လည္း ျဖစ္တယ္။

အခုျပန္မယ္ဆိုတာက တကယ္ေတာ့ ေကာင္းတဲ့အရာမဟုတ္ဘူး။

ဝမ္ေ႐ွာင္းယြင္က မေျဖခဲ့ဘူး။ သူက ကၽြမ္းက်ိဳးကိုပဲ ေမးလုိက္တယ္: "က်ိဳးက်ိဳး ၿမိဳ႕ေတာ္ၿဂိဳလ္ကို သြားခ်င္လား"

ကၽြမ္းက်ိဳးက သူလုပ္ထားတဲ့စက္႐ုပ္နဲ႔ တျခားတစ္ေယာက္က ၿပိဳင္ပြဲဝင္ၿပိဳင္တဲ့ကိစၥကို သူတကယ္ေတာ့ သိပ္ဂ႐ုမစိုက္ဘူး။ သူစိတ္ဝင္စားတာက: "ၿမိဳ႕ေတာ္ၿဂိဳလ္မွာ လူေတြအမ်ားႀကီး႐ွိလား"

ဝမ္ေ႐ွာင္းယြင္: "အမ်ားႀကီးပဲ အင္ပါယာတစ္ခုလံုးမွာ လူအမ်ားဆံုး႐ွိတဲ့ေနရာပဲ"

ကၽြမ္းက်ိဳးရဲ႕မ်က္လံုးေတြ အေရာင္ေတာက္သြားတယ္။

ဝယ္သူေတြအမ်ားႀကီး။

သူက အထိန္းေလးနဲ႔ ေျပာလုိက္တယ္: "ဒါဆို ဒါဆို ခင္ဗ်ားသြားဖို႔လိုရင္ ကၽြန္ေတာ္လည္း သြားမယ္....."

သူတစ္ေယာက္တည္း သြားခ်င္လို႔မဟုတ္ဘူးေလ။ ဟုတ္တယ္မလား။

ဝမ္ေ႐ွာင္းယြင္က ၿပံဳးလိုက္ၿပီး ေျပာတယ္: "အိုေက ကိုယ္မင္းကို ေခၚသြားမယ္"

တစ္ဖက္လွည့္ၿပီး ခ်န္က်င့္႐ႊယ္ကို ညႊန္ၾကားလိုက္တယ္: "ေက်ာက္ဆက္တူးဖို႔ အာကာသယာဥ္ႏွစ္စီးကို ခ်န္ထားခဲ့။ မနက္ျဖန္ ငါတို႔ျပင္ဆင္ၿပီး ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ၾကမယ္"

ခ်န္က်င့္႐ႊယ္လည္း သဘာဝအေလ်ာက္ ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ခ်င္တာပါပဲ၊ ဒါေပမဲ့ သူက နည္းနည္း မေသမခ်ာျဖစ္ေနတယ္: "မနက္ျဖန္ ခ်က္ခ်င္းျပန္ေတာ့မွာလား"

ဝမ္ေ႐ွာင္းယြင္ကဆိုတယ္: "က်ိဳးက်ိဳးနဲ႔ အင္း က်ိဳးက်ိဳးေကာေကာကို ၿမိဳ႕ေတာ္ၿဂိဳလ္ ဘယ္လိုပံု႐ွိလဲဆိုတာျပဖို႔ အခ်ိန္ကိုက္ပဲ။ ေမွ်ာ္လင့္ေနၿပီလား"

မ်က္လံုးေတြ တလက္လက္ေတာက္ၿပီး ကၽြမ္းက်ိဳးက အက်ယ္ႀကီး ေျဖလိုက္တယ္: "အရမ္းအရမ္းပဲ"

ဝမ္ေ႐ွာင္းယြင္က ေမးတယ္: "ဒါဆို မင္းေကာေကာကေရာ"

႐ွက္ေသြးျဖာသြားၿပီး ကၽြမ္းက်ိဳးက အသံကိုႏွိမ့္ၿပီး တိုးတိုးေလးေျပာတယ္: "သူလည္း သူလည္း ေမွ်ာ္လင့္ေနမွာပါ...."

ဝမ္ေ႐ွာင္းယြင္: "ဒါဆို ေတာ္ေသးတာေပါ့"

ခ်န္က်င့္႐ႊယ္: "????"

ခ်န္က်င့္႐ႊယ္ နားေထာင္ေလေလ၊ သူနားမလည္ႏိုင္ေလေလပဲ။

သူက ဝမ္ေ႐ွာင္းယြင္ကို ေထာင့္ကို ဆြဲသြားၿပီး အံႀကိတ္ၿပီး ေမးတယ္: "ခ်စ္ရတဲ့ေလာင္ဝမ္၊ မင္းဘာေတြျဖစ္ေနတာလဲ။ မင္းက တိတိက်က် ဘယ္သူ႔ကို ဂ႐ုစိုက္ေနတာလဲ။ ဘာကိစၥ က်ိဳးက်ိဳးေကာေကာကို စာေၾကာင္းတိုင္းမွာ ထည့္ေျပာေနရတာလဲ။ မင္း... တကယ္တမ္းက သူ႔ေကာေကာကို ဂ႐ုစိုက္တာဆိုၿပီး က်ိဳးက်ိဳးက အထင္လြဲသြားမွာ မစိုးရိမ္ဘူးလား"

သူက တိုးတိုးေလးေျပာလိုက္တာပဲ ဒါေပမဲ့ ကၽြမ္းက်ိဳးက ၾကားလိုက္ေသးတယ္။ သူက တိတ္တိတ္ေလး နားစြင့္ထားတယ္။

ကၽြမ္းက်ိဳးကို တစ္ခ်က္ေစာင္းၾကည့္လုိက္ၿပီးေတာ့ ဝမ္ေ႐ွာင္းယြင္က တိုးဖြဖြ ရယ္လိုက္ၿပီး ေျပာတယ္: "သူအထင္လြဲမွာ မစိုးပါဘူး။ သူအထင္မလြဲမွာကို ပိုၿပီးေတာ့ေၾကာက္ေသးတယ္"

တကယ္လို႔ သူသာ အထင္မလြဲဘူးဆိုရင္ ဝမ္ေ႐ွာင္းယြင္ သူ႔အေပၚခံစားရတဲ့ သေဘာက်တယ္ဆိုတာက ႐ိုး႐ိုးတန္းတန္း သာမန္သေဘာက်တာမ်ိဳး မဟုတ္ဘူးဆိုတာ သူဘယ္လိုလုပ္သိမွာလဲ။

..................xxx..................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ခ်န္က်င့္႐ႊယ္: .....ဖာ့ခ္၊ ေသခ်ာေပါက္ ဒီေကာင္က ေယာက္်ားႏွစ္ေယာက္ၾကား ေလွနံႏွစ္ဖက္နင္းေနတာပဲ။ အဲဒါကို ဘာကိစၥ သူ႔ဆီကေန စိတ္ၿမဲၿမံၿပီး စိတ္ရင္းျပည့္ဝေနတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ထြက္ေနရတာလဲ။

ကယ္လုအန္း: ဒီဆက္ဆံမႈမ်ိဳးက .... ငါေတာ့ ထပ္ၿပီး အသစ္အဆန္းေတြ သင္ယူရျပန္ၿပီ။

Aki - ဗိုလ္ခ်ဳပ္ႀကီးရဲ႕ ခ်စ္တတ္ေနမႈႀကီးကို အားက် ရႊတ္ 

Continue Reading

You'll Also Like

70.8K 15K 42
ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာေဖာက္ခဲ့သည္။ သူနဲ႔ အရင္းနွီးဆံုး သူငယ္ခ်...
109K 15.2K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
118K 19.3K 32
汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.
185K 20.4K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...