လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

94.9K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၁၆)

931 72 21
By Ahlaly

"ရှင်မဟာရဌလိုလား ညီလေး..."

တိတ်ဆိတ်နေတဲ့ စန္ဒသော်ကအောင်ရဲ့ အိမ်အတွင်း လေထုကို ပြန်လည်လို့ အသက်ဝင်စေသူက သက်တန့်ကြည်သာ။ သူ့နောက်မှာ လွင်မောင်နှင့် သန်းတိုးအောင်တို့လည်း ပါလာကြသည်။

"ညီလေးပျောက်ရှာတာ တွေ့ပြီလား ငါတို့အဝန်း..."

မျက်ခုံးပင့်မေးပြီး အဝန်းရဲ့ဘေးက ခုံကိုဝင်ထိုင်တဲ့ လွင်မောင့်ကြောင့် တွဲကိုင်ထားပါတဲ့ လက်နှစ်ဖက်ဟာ ရုတ်ချည်း ကွဲကွာသွားသည်။ လူတွေရောက်လာပြီဆိုတဲ့ အသိနဲ့ တစ်ယောက်နဲ့တစ်ယောက်မလုံမလဲ ကြည့်မိကြပြီး ပြုံးပြရမှာလိုလို၊  မဲ့ပြရမှာ လိုလိုနဲ့ အခြေအနေက ခက်လွန်းလှသည်။

"ညနေက အဝန်းဖြစ်ကလေ ဟိုစကားလိုပဲ။ ကျွန်တော့် ချစ်သူပျောက်လို့ရှာ၊ သူ့ကိုတွေ့ပြောပေးဗျာ။ ထင်ထင်ရှားရှား သူ့အမှတ်သား ပေါင်ကျံမှာလည်း ပွေးနဲ့ဗျား.....ဟဟားးးး"

သန်းတိုးအောင်ရဲ့ စကားမှာ အဝန်းရော၊စန္ဒသော်ကအောင်ပါ ရယ်မိကြသည်။ တော်တော်လည်း နောက်တဲ့ ဒီလူ။

"မဆိုးဘူးကွ။ မင်းသာ အင်းဝခေတ်က မွေးခဲ့ရင် ရှင်၄လေးပါးမဟုတ်ပဲ။ ရှင်၅ပါးဖြစ်မှာကွ။"

သန်းတိုးအောင်ရဲ့ လက်ပြင်ကို အားပြင်းပြင်းနဲ့ ရိုက်ချပြီး အားပေးလေတဲ့ လွင်မောင့်ကို ကြည့်ကာ...
"အဲ့ဒီခေတ်က ပေးလေးပင်၊ရှင်လေးပါးကို ပြောပြစမ်းပါ ကိုလွင်မောင်"

စကားဝိုင်းထဲကို ဝင်ရောက်လို့ ဆက်နွှယ်လာပြီ ဖြစ်တဲ့ ရောင်နီဝန်းကို လွင်မောင်က မျက်စောင်းထိုးသည်။ သူသိသည် အဝန်းက ဆရာ့ဆရာကြီးတွေထက် ပိုလို့ ဆရာလုပ်ပေတော့မည်။ စီနီဟာဖြစ်တဲ့ လွင်မောင်ကလည်း ဆေးကျောင်းသားပေမို့၊ ဒီကောင်လေးထက်အရင် ထမင်းစားခဲ့သူမို့  အဆုံးမှာဒီကောင်လေးကို အနိုင်မရလျှင်တောင်မှ ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားကို တွေးမြင်ပြီး....
"ဒီလောက်ကတော့ ငါလည်း သိပါကွာ။ " ဟု ပြောလိုက်ရသည်နှင့် တပြိုင်နက် ဦးနှောက်ထဲမှာ ပြန်လည်လို့ Recallခေါ်မိနေသည်က အင်းဝခေတ်အကြောင်း ဖတ်ဖူးခဲ့သမျှစာပေများဖြစ်သည်။

"သိရင် ပြောလေ ကိုလွင်မောင်။ မသိရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။ ဒီက ညီလေးက ပြောပြပေးချင်နေလို့...."

"ဟွန်း...ဒီလောက်လေးကတော့ ရှင်အုန်းညိုကွာ၊ ပြီးတော့ ရှင်ခေမာ နောက်တစ်ယောက်က ရှင်မဟာသီလဝံသ၊ နောက်ဆုံး တစ်ယောက်က ရှင်မဟာရဌသာရ....."

ဆင်ကန်းတောတိုး ဆိုသလိုပဲ။ ပိုင်နိုင်ခြင်းမရှိပဲ ရမ်းဖြေလေတော့ သန်းတိုးအောင်တစ်ယောက် ရောပြွန်းလို့နေလေပြီ။ ဒါကို ကျန်တဲ့သူတွေကလည်း ရယ်ချင်ပက်ကျိဖြစ်နေကြပြီ။

အင်းဝခေတ်က စာဆိုတော်ဖြစ်ပေမယ့်လည်း ရှင်မဟာရဌသာရက ပေလေးပင်၊ရှင်လေးပါး ထဲက တစ်ပါးမှမဟုတ်ပဲ။ မသိတဲ့သူဆို လွင်မောင်ရဲ့ ဖြီးချက်တွေကို အဟုတ်ထင်နေတော့မှာ။ သို့သော်လည်း ထိုင်နေတဲ့ထဲမှာ ဆရာကြီး ရောင်နီဝန်းပါနေသည်မို့ ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးဆုံးမယ့်ပုံမပေါ်တော့။

လွင်မောင်ရဲ့ အမှားလေးကို ထောက်ပြပါလို့ သူတော့ ဆရာကြီးလုပ်လေတော့မည်။

"ဘာဖြစ်နေကြတာလဲ။ ငါပြောတာ မှားလို့လား။"

ပြုံးစိစိဖြစ်နေတဲ့ သူတွေကို ကြည့်ပြီး ကိုဖြီးလွင်မောင်တစ်ယောက်တော့ သူ့အဖြေသူ မလုံမလဲဖြစ် နေသည်။

"မမှားပါဘူး။ နည်းနည်းပဲ လွဲသွားတာ။ မဟုတ်မှ ကိုလွင်မောင်က ခုံတော်မောင်ကျဘမ်းများ ဝင်စားလေသလားပဲ။"

"အေး ဝင်စားတာက ငါမဟုတ်ဘူး မင်း။ မင်းအိမ်ကို ပြန်မေးကြည့်ဦး တော်ကြာ အဆက်အဆက်က မင်းရဲ့ ဘိုးတွေဘေးတွေဖြစ်နေဦးမယ်။ တကယ်တည်း...."

"ကျွန်တော်ပြောချင်တာက ရှင်ဥတ္တမကျော်ကို မေ့နေလို့လေ။ ရှင်လေးပါးထဲမှာ ရှင်မဟာရဌသာရမှ မပါပဲ။ ပါတာက ရှင်ဥတ္တမကျော်လေ။ ကိုလွင်မောင့် စိတ်ထဲ ရှင်ဥတ္တမကျော်အပေါ်မှာ အငြိုးတွေများရှိနေလို့ မေ့နေသလားလို့ ပြောပြတာ။"

"ငနွားလေး...စကားတတ်တဲ့ မင်းကမှ ကျဘမ်းမျိုးဆက်ဟ။ ကိုလွင်မောင်ရေ ခင်ဗျားပြောတာ မှားနေတယ်လို့ပြောရင် ဘာဖြစ်မှာမိုလို့လဲ။ မင်းဘိုးအေ မောင်ကျဘမ်းကို စကားထဲထည့်ပြောနေ...."

စားပွဲခုံပေါ်ရှိ လက်သုတ်ပဝါကို ရောင်နီဝန်းရင်ဘက်ဆီသို့ ချိန်ပေါက်လိုက်ပြီး ပေါက်ကွဲလေတဲ့ လွင်မောင့် ပုံစံကြောင့် အဝန်းမှာ အရယ်မရပ်ပဲဖြစ်နေသည်။

ခုံတော် မောင်ကျဘမ်းကို အဝန်းက သဘောကျသလောက် ကိုလွင်မောင်က မနှစ်မြို့။ ဘာဖြစ်လို့လဲ ဆိုတော့ အရမ်း ကျဖမ်းလို့တဲ့။ စကားအစအနက အစ လိုက်ဖမ်းပြီး ပြောတတ်တဲ့ သူစားကို သူက သဘောမကျသည်ဆိုလား။ အင်း ဒီထဲမှာ အဝန်းလည်းပါတာပေါ့။

အရမ်းကြွယ်တဲ့ အဝန်းကို တစ်ခါတစ်လေ အမြင်ကတ်ရင် ခြုံစောင် မကပ်အောင် လုပ်တတ်တဲ့ ဒီ ကိုလွင်မောင်။ အစအနောက်ကို သိပ်အားမပေးတဲ့ ကိုလွင်မောင့်ရှေ့ရောက်ရင် သေးသေးလေးကအစ အကြီးကြီး ချဲ့လိုက်ချင်သည်က အဝန်းရဲ့ စိတ်ဆန္ဒ။

သူများတွေကို ကလိကလိနဲ့ ခုလုခုလုဖြစ်အောင်လုပ်ရတာကို အဝန်း သိပ်သဘောကျသည်။

"ခွေးကောင်လေး။ ညကျ မင်းအဝတ်တွေချွတ်ထားဦးမယ်။"

မန္တလေး ဆောင်း ချမ်းပုံမျိုးနဲ့ ကြိမ်းမောင်းနေပါတဲ့လွင်မောင့် အပြာကို အဝန်းက သွားလေးစေ့ပြီး တကယ်ချမ်းသလို၊ တုန်သလို လုပ်ပြသည်။

"မင်းတော့...."

သူ့ကို စနောက်နေတဲ့ အဝန်းကို လွင်မောင်တော့ မကြိတ်နိုင်၊မခဲနိုင်ဖြစ်လို့နေသည်။ ကျဘမ်းမကြိုက်တဲ့သူ့ကို ကျဘမ်းဝင်စားသလားလို့ မေးတာရော၊ ကျဘမ်းမျိုးဆက်က ရှေ့မှာတင် အရမ်းကြွယ်ချပြနေတာကြောင့်ရော နုပ်နုပ်စင်းချင်စိတ်တွေ တဖွားဖွားနဲ့ ထ,ပြီးထုရိုက်ဖို့ပြင်လိုက်သည်။

"နေပါ နေပါ လွင်မောင်ရာ။ မင်းကလည်း အဝန်းအကြောင်းကို မသိတာလည်း မဟုတ်ပဲနဲ့။ စိတ် လျော့စမ်းပါ။"

လွင်မောင့်လက်ကို လှမ်းဆွဲပြီး တားသည့်သူက ကြည်သာ။ ဒါတွေကြောင့်ပဲ ကြည်သာ သာရှိနေလျှင် ရောင်နီဝန်းတို့က စစ်အတွင်းဖြစ်ရင်တောင်မှ မြင်းဝယ်လိုက်ဦးမှာ။ အဲ့သလောက်ထိ အားကိုးလို့ရသည်။

သူ့အပေါ်ကျလာမယ့် အန္တရာယ်ဆိုလျှင် စကားလေးနဲ့တောင် တင်စီးမခံတတ်ပါတဲ့ သက်တန့်ကြည်သာသည် ရောင်နီဝန်း အားကိုးရပါတဲ့ အကိုကြီး။

"ပြန်မယ် ကိုတိုးလာ။ လွင်မောင်လည်း ရုန်းမနေနဲ့တော့ မိုးချုပ်နေပြီ။ မင်းတို့စာကြည့်ကြမှာမဟုတ်လား။ လာပါကွာ...."

"ခီး !...ကျွန်တော် နောက်မှ လိုက်ခဲ့မယ် အကိုကြီး။"

"ပြန်မလာလည်း ဖြစ်တယ် ဟေ့ကောင်..."

လွင်မောင့်အပြောကို လျှာထုတ်လို့ ပြောင်ပြနေတဲ့ ရောင်နီဝန်းရဲ့မျက်နှာဟာ အနိုင်ရပါလို့ ပျော်နေသည့် ကလေးတစ်ယောက်နှယ်။ တယ်လည်း အပြစ်ကင်းစင်လွန်းလှပါသည်။

"ကဲ သော်။ ညစာ အပြင်ထွက်စားရအောင်"

နှစ်ယောက်ထဲ ကျန်တော့သည့် အခြေအနေမှာ စားဖို့သောက်ဖို့ဆီ ဦးတည်နေတဲ့ အဝန်းမျက်နှာဟာလည်း ကြည်ကြည်လင်လင်၊ချိုချိုမြမြနှင့်ပင်။

"နေ့လည်က ဝယ်ထားတာတွေရှိသေးတယ်။ အိမ်မှာပဲ စားရအောင်ပါ အကိုရာ။ မိုးကလည်း ချုပ်နေပြီကို။ အပြင်ထွက်ဦးမလို့လား အကိုက"

"စောပါသေးတယ် သော်ရ။ လာပါ။"

လက်ကိုဆွဲလို့ အတင်းခေါ်လေတော့ အကိုခေါ်တဲ့ ကမ္ဘာအစွန်းကို လိုက်,လိုက်ပါ့မယ်အမျိုး ဘေးဘယ် ထီမထင်ပါလေ။

"ဒါနဲ့ အကို။ ကျွန်တော်ပိုက်ဆံမယူခဲ့ရသေးဘူး။"

အိမ်တံခါးကို သော့ပိတ်တာကလည်း အကိုပဲ၊ ကျွန်တော့်ကို လက် ဆွဲခေါ်တာကလည်း အကိုပဲ၊ တစ်ခုပဲ အကို့ဘက်က စတင်လို့ ချိတ်ဆက်ပါတဲ့ ဒီလက်တွေကို မပြတ်သွားအောင် ထိန်းသိမ်းတဲ့ သူကတော့ ကျွန်တော်ဖြစ်သည်။

"ကိုယ့်မှာ ပါပါတယ်။ သော် ဘာစားချင်လဲ"

"အမှန်တိုင်းပြောရရင် အိမ်ကိုပြန်မလာခင်က မမနွဲ့တို့အိမ်မှာ မုန့်တွေစားခဲ့လို့ ဗိုက်အင့်နေတာ။"

"ဒါဆိုလည်း ကျုံးဘေးမှာပဲ သွားထိုင်ကြမလား။ သော်အချိန်ရရဲ့လား။ စာကြည့်ရမှာတွေ များနေလားဟင်..."

"ရပါတယ် အကိုရ။ ခဏလောက်တော့ relaxလုပ်ဖို့ အချိန်ရှိပါတယ်"

"အင်း။"

လမ်းအကူးမှာလည်း ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တစ်ချို့ရဲ့ မီးရောင်ကြောင့် ကျွန်တော့်လက်တွေဆီကျွန်တော့်ငုံ့ကြည့်မိတော့ မြင်လိုက်ရသည်က စူးရှတောက်ပနေသည့်ကြားမှ အကို့လက်ချောင်း သွယ်သွယ်လေးတွေက ကျွန်တော့်လက်ချောင်းတွေကြားမှာ တိုးဝင်ယှက်ဖြာနေသည်။

ကျွန်တော်ကပဲ စိတ်ကထင်လို့လားတော့မသိ။ အကို့ဘက်က အပြည့်အဝကို ဆုပ်ကိုင်ထားသည်ဟု ခံစားနေမိသည်။ ကျွန်တော့်ဘက်က ပြတ်မသွားရအောင် ထိန်းသိမ်းခဲ့တော့ အကို့ဘက်ကပြန်လည်လို့ဆုပ်ကိုင်တဲ့အချိန်မှာ ကျွန်တော့်လက်ဖဝါးတွေမှာ ချွေးတို့အနည်းငယ် ထွက်ချင်နေသည်ကို ခံစားမိသည်။ သို့သော်လည်း အကိုဆုပ်ကိုင်ထားသည်ကို ပြတ်ခွာသွားမှာ စိုး၍ လက်ကိုနည်းနည်းလေးတောင် မလှုပ်မိ။

အကို့လက်ချောင်း သွယ်သွယ်တွေကြားမှာ ပျော်ဝင်နေတဲ့ ကျွန်တော့်လက်တွေမှာ ချွေးမှက၊ သွေးစိမ်းရှင်ရှင်ပဲထွက်နေပါစေ ထုတ်ယူလို့ဖယ်ခွာမည်မဟုတ်ပါ။

"အေးနေမယ်ထင်တာ။ ကြည့်စမ်း သော့်လက်ဖဝါးတောင် ချွေးထွက်နေပြီ။ ကိုယ်ကိုင်ထားတာ အရမ်းတင်းသွားလို့လားပဲ။"

"နွေးတယ်။ အကို့လက်က နွေးတယ်။"

"ဟုတ်လား သော်ပဲ ချမ်းနေလို့များလား။ ကိုယ်ကတော့ ပူနေတာ။ လက်တွဲဖြုတ်မို့ဟာ လမ်းအကူးမို့ အခုမှ ဖြုတ်လိုက်ရတာ။"

ဘာကိုမှ မျှော်လင့်ထားလို့ မရတဲ့ ကျွန်တော့် ကောင်းကင်ကြီးက ရုတ်ချည်းမုန်တိုင်းတွေထန်ပြီး ကျွန်တော့်နွေဦးကိုဖျက်ဆီးပစ်သည်။

တွဲလက်တွေ ခိုင်မြဲခဲ့တဲ့ အချိန်ခဏလေးအတွင်းမှာ ပျော်ခဲ့ရသမျှကို ဖျက်ဆီးပစ်ပါတဲ့ ကောင်းကင်မုန်တိုင်းကို ကျွန်တော်လည်း နည်းနည်းတော့ ချဥ်မိသည်။

"အကိုသိအောင်ပြောရဦးမယ်။  ရှင်မဟာရဌသာရရေးတဲ့ ဝဏ္ဏပဘာချီ အလှဖွဲ့တွေက တကယ်တော့လေ တူရိယာအစုံကို တပြိုင်နက်ထဲတီးနေသလိုပဲ။ နားထဲတော့ သာယာနာပျော်ဖွယ်ပါ။ ဒါပေမယ့်လည်း သေသေချာချာ ရေရေရာရာတော့ နှလုံးသားထဲထိ တိုးဝင်နိုင်စွမ်းမရှိဘူး။"

အကို သဘောကျတဲ့အရာကို လက်လွှတ်စပ္ပါယ်ဝေဖန်လိုက်သည်က ကျွန်တော်ဟာလည်း ကောင်းကင်နဲ့ လိုက်ဖက်ညီပါတဲ့ လေထုဆိုတာကို သိစေချင်လို့ဖြစ်သည်။

ကောင်းကင်တစ်ခုတည်းကပဲ အပြောင်းအလဲ မြန်တတ်တာမဟုတ်ပါဘူး၊ လေထုမှာလည်း နူးညံ့တဲ့လေညှင်းအပြင် ချက်ချင်းပဲ ကြမ်းတမ်းဖျက်ဆီးနိုင်တဲ့ စွမ်းပကားတွေရှိပါသေးတယ်။

"သော်က စည်တော်ကြီးရွမ်းတာကို ပိုသဘောကျတယ်ထင်တယ်။"

"ဗျာ..."

မျက်စိနှစ်ဖက်ကို မျက်လွှာချလို့ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်တဲ့ အကို့မျက်နှာ။ ထိုမျက်နှာအရိပ်အကဲအရခန့်မှန်းရမည်ဆိုလျှင် ကျွန်တော် စိတ်ဆိုးလို့ပြောပစ်တာကို အကိုသိသည်။ ဒါဆို ကျွန်တော် စိတ်ဆိုးရတဲ့ အကြောင်းအရင်းကိုရော အကိုများ သိနေမလား။

မျက်လုံးမှိတ်ထားပြီး နှုတ်ခမ်းတွေက အထက်သို့အနည်းငယ်ကွေးထက်ကာ ခေါင်းကို မနှေးမမြန် ပုံမှန်နှုန်းထားနှင့် ငြိမ့်ပြနေသည်က အရာရာကို သိနေပါတဲ့  ပုံစံမျိုးဖြစ်နေသည်။

"အကို သိတယ်လား။"

"သိတာပေါ့။ သော် ဘာတွေဖြစ်နေလဲဆိုတာ ကိုယ်သိပ်သိတာပေါ့။ ဒါထက် ကိုယ်သိတာက ပြိုင်ဖက်ဆိုရင်တောင်မှ အရှင်မြတ်က နှလုံးသားအရင်းပြုရေးတဲ့သူပါ။"

"မဟုတ်တာဗျာ။ အကိုသိတယ်ဆို၊တကယ်ပဲ အကို ဘာသိလို့လဲ"

ကျွန်တော် မေးတာကတခြားလေ။ အကိုသိလားလို့ မေးတာက ကျွန်တော် စိတ်ဆိုးပြီးပြောချင်ရာပြောရတဲ့ အကြောင်းအရင်းကို သိနေတာလားလို့မေးတာ။ မဆိုင်လိုက်တာ။ ကိုယ်သိပ်သိတာပေါ့ဆိုပြီး ဘာလို့များ သိပ်ကျွမ်းကျင်ပါတဲ့ ဒီဇာတ်ကြောင်းတွေအကြောင်းကို ပြောပြရသလဲ။

အကို ...အကို သိပ်လွန်တာပဲ။ မလှိမ့်တပတ်နဲ့ ကျွန်တော့်ကို ကျီစားနေတာများလွန်းနေပြီ။

အကိုသိသည်ဟုပြောသည်။ တကယ်လည်း အကိုသိလောက်သည်ဟု ကျွန်တော်ထင်သည်။ သို့သော်လည်း တကယ်တမ်းမှာ အကိုသိနေသည့် အကြောင်းတရားက ကျွန်တော့်မေတ္တာအကြောင်းမဟုတ်ပါပဲ ဒီဇာတ်ကြောင်းတွေလား။

"ရှင်မဟာသီလဝံသနဲ့ ရှင်မဟာရဌသာရက ခေတ်ပြိုင်စာဆိုတွေလေ။ ရှင်မဟာရဌသာရက ပေလေးပင်ရှင်လေးပါထဲ တစ်ပါးအပါအဝင်တော့ မဟုတ်ခဲ့ပေမယ့် အခုချိန်ထိ သူရေးခဲ့တဲ့ ဆုံးမစာတွေက ခေတ်နဲ့အညီအသုံးဝင်နေဆဲပဲလေ သော်။ ဒါကြောင့်ပဲ ဆရာကြီးဦးအောင်သင်းက 'သူတို့အလွမ်း ကျွန်တော်တို့အလှ'လို့ ရေးခဲ့တာနေမှာ။

သူတို့ရဲ့ အလွမ်းတွေက ဒီကနေ့ ကိုယ့်တို့တွေရဲ့အလှတွေပဲလေ။ ဟုတ်တယ်မလား။ တကယ်တော့ အရှင်မြတ်သာ ရဟန်းဘောင်ကနေ စွန့်ခွာသွားပြီး ချစ်သူဆီပြန်သွားမယ်ဆိုရင်...."

"တော်ပါတော့။ တော်လိုက်ပါတော့ အကို။ ဇာတ်ကြောင်းတွေကို ကျွန်တော်နားမထောင်ချင်တော့ဘူး။ အကိုသိတာ၊ အကို့မှာ ဗဟုသုတစုံလင်တာ၊ အကိုဉာဏ်ကောင်းတာကို ကျွန်တော်သိနေတာပဲ။ တော်လောက်ပါပြီ...."

"အယ် သော်လေး...ကိုယ့်ကို စိတ်ဆိုးသွားတာလား။ ကိုယ် ဘာလုပ်မိလို့လဲ။ ပြောပါဦး..."

သော့် တစ်ကိုယ်လုံးကို ဆွဲယူလို့ မျက်နှာချင်းဆိုင်ပစ်လိုက်တော့ နှုတ်ခမ်းတွေက အစတုန်ယင်နေတဲ့ မျက်နှာလေးကြောင့် ရင်ဘက်ထဲမချိမဆံ့။ တကယ်ဆို ဒီလောက်လေးနဲ့ ဒိီလောက်ကြီးထိခံစားနေဖို့က မလိုအပ်ဘူးထင်တယ်ကွာ။

ကြည့်လိုက်တာက မင်းရဲ့မျက်နှာပဲ။ မြင်လိုက်ရတာက မင်းရင်ထဲက နာကျင်ဒဏ်ရာတွေအထိ။

ကိုယ် ဘာများပြန်လုပ်ပေးရမလဲလို့ ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးမိပေမယ့်လည်း ထက်မြတ်လှတဲ့ ဦးနှောက်ဟာ မင်းရင်ထဲမှာ နာကျင် ခံစားနေရတာတွေကို သိလိုက်ရတော့ ထုံထိုင်းသွားပါသလားမပြောတတ်တော့။ နှုတ်ခမ်းတွေတုန်ယင်နေတဲ့ မင်းမျက်နှာလေး မြင်ရုံနဲ့တင် ကိုယ်ဦးနှောက်က ဗလာနတ္ထိ ဘာမှစဥ်းစားလို့မရတော့၊ အခုလိုမျိုးနတ္ထိဖြစ်သွားရတာက တုန်ယီနေတဲ့ မင်းရဲ့မျက်နှာလေးကြောင့် ဆိုတာကို မင်းသိလား။

'မင်းတစ်ယောက်ထဲ မဟုတ်ပါဘူး၊ ကိုယ်ပါရော' လို့ ပြောချင်နေတဲ့စိတ်တွေကို ထိန်းချုပ်နေရတာက ဘယ်လောက်ထိ ခက်ခဲမှန်း မင်းမှနားမလည်တာ။ ဒီလိုတွေ ခက်ခက်ခဲခဲ ထိန်းချုပ်နေတဲ့ ကြားထဲကနေ အတင်းထိုးထွက်လာတဲ့ ကိုယ့်ရဲ့အစွန်းထွက်အပြုအမူတွေ လောက်နဲ့ပဲ မင်းက ဇဝေဇဝါတွေဖြစ်နေတာ။

မင်းရဲ့ အရာအားလုံးကို နားလည်သိတတ်နေတဲ့ ကိုယ့်ဘက်ကရော ဘယ်လောက်ထိများ ရောက်ယက်တွေခတ်နေလိုက်မလဲဆိုတာ မင်းတွေးမိရဲ့လား၊ ကိုယ့်ရဲ့သော်။

"ကိုယ်တောင်းပန်ပါတယ် သော်ရာ။"

သော့်မျက်ဝန်းထဲမှာ ရောက်ရှိနေတဲ့ အရည်ကြည်တို့က ပါးပြင်ပေါ်ကို ကျရောက်လာလေတော့ ရောင်နီဝန်းရဲ့ ထိန်းချုပ်မှုတွေဟာ အကြွင်းမဲ့ဇုန်ကို ရောက်သွားရသည်။

ရင်ခွင်ထဲ သိမ်းကျုံးလို့ ဖက်ထားလိုက်ပြီး ဆံပင်တိုတိုတွေအထပ်မှာ ပါးအပ်ကာ တိုးဝှေ့ပွတ်တိုက်နေမိသည်က မင်းကို ကိုယ် သိပ်.........

"အကို ဘာဖြစ်လို့ အဲ့လောက်ထိ ဉာဏ်ကောင်းတာလဲဗျာ။ အကိုသာ ဉာဏ်မကောင်းခဲ့ရင်၊ အကိုသာ ကျွန်တော် ပြောသမျှအဟုတ်ထင်မယ့်သူ ဖြစ်ခဲ့ရင် ဘယ်လောက်များကောင်းမလဲ။ အခုတော့ အကို့ဉာဏ်က ကျွန်တော်ဘယ်လိုမှ လိုက်လို့မမှီနိုင်တဲ့ ကျည်ဆန်ရထားလိုပဲ။ လိုက်ရတာ ကျွန်တော်မောလှပြီ။"

"ကိုယ့်အကြောင်း ဟိမဝန္တာမက ချီးမွှမ်းခန်းတွေ နောက်မှ ဖွင့်ပါ သော်ရာ...ဒီတိုင်း"

ဒီတိုင်းပဲ ငြိမ်ငြိမ်လေးနေကြရအောင်လို့ ပြောဖို့အားယူနေစဥ်မှာပဲ ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး ကိုယ့်မျက်နှာကို ကြည့်လာတဲ့ ကောင်လေးက...။
"အကို ဘာပြောတာလဲ။ ကျွန်တော် နားမလည်ဘူး" တဲ့။

"ကိုယ့်ဉာဏ်အကြောင်းကို အကျယ်တဝံ့ ချီးမွှမ်းမနေသေးနဲ့လို့ ပြောတာပါကွာ...."

"ရှင်းရှင်းပြောလည်း ရရဲ့သားနဲ့။ အကိုဟာလေ...အမြဲစကားကို မရှင်းမရှင်းနဲ့"

မျက်ရည်စတို့ မရှိတော့ပဲ နှုတ်ခမ်းလေး စူပြီး ပြောနေသည်ကြောင့် အဝန်းမှာလည်း အမြန်ပဲ သင့်တော်ရာလမ်းကြောင်းကို လိုက်ပါလို့ ပြောဆိုရတော့သည်။

"ကောင်လေးတော့ အလိုလိုက်မှန်းသိလို့ ပြောရဲဆိုရဲတွေဖြစ်လာပြီ။ ကိုယ်တော့ ဝဋ်လည်တော့မယ်ထင်တယ်။ အကိုကြီးကို ပြန်ပြောခဲ့သမျှက သော်နဲ့မှ ခံရမယ်ထင်"

"ကျွန်တော် အကို့ကို ပြန်မပြောပါဘူး။ ဒီတိုင်း ပြောပြတာ။"

"ဘာကို..."

"အကို အရမ်းကြွယ်နေလို့"

"ဘာများကြွယ်နေလို့လဲ။ ကြွယ်ရအောင် ကိုယ်က ငွေတိုးပေးတာလည်းမဟုတ်"

"လုပ်လာပြန်ပြီ။ ရှင်းပါဦး ကြွယ်တာနဲ့ ငွေတိုးပေးတာနဲ့က ဘာဆိုင်လို့လဲ"

"ကိုယ်တို့ရွာမှာ ငွေတိုးပေးတဲ့ မိန်းမက ဒေါ်ကြွယ်လေ။ အဲ့တာနဲ့ အဲ့လို အဲ့လို ပြောပြတာ။"

"ကဲ အခုကြည့် ကျွန်တော်ပြောတာလွန်လား။ အကိုကြွယ်တာ လွန်လား။"

"ကိုယ် မသိဘူး။ ဒါပေမယ့် ဒီလိုလှတဲ့ ညချမ်းလေးမှာ သော့်သီချင်းသံလေးကို နားထောင်ချင်တာတော့ အမှန်ပဲ။"

ဘာမှမဆိုင်တဲ့ အကို့စကားကြောင့် ကျွန်တော့်မှာ ပြုံးချင်သွားသည်။ အကိုက တကယ်ပဲ ကျွန်တော့်ကို ထင်သလိုလုပ်နေတာ။ ကျွန်တော်ကိုယ်တိုင်ကိုကလည်း အကိုလုပ်သမျှကို တသွေမတိမ်းခံနေချင်တော့ အကိုနဲ့ကျွန်တော်ဟာ လိုက်ဖက်ညီသွားတာဖြစ်သည်။

"ဆိုပြမယ် မဟုတ်လား သော်။"

"ကဗျာ စပ်ပေးရမလား အကို....."

"သော်ကိုယ်တိုင် စပ်မှာ။"

"အင်း..."

ပိုင်နိုင်စွာနဲ့ ကြည်လင်ခြင်းတို့ ခြုံလွှမ်းပြီး 'အင်း' လို့ ပြောလိုက်တော့ အကို့မျက်နှာက အမှောင်ကိုခွင်းမယ့် သူရိန်မင်းပမာနှယ် တောက်ပလို့သွားသည်။

ကျွန်တော့်ရဲ့အပြောမှာ ပြုံးရွှင်လင်းလက်သွားတဲ့ အကို့ပုံရိပ်ကို မလွှတ်တမ်းကြည့်နေမိသည်က မျက်တောင်မခတ်မိအောင်ပင် ထိန်းချုပ်ထားမိသည်အထိ။

ဘယ်အချိန်မှာ မည်းလာမည်မှန်းမသိတဲ့ ကျွန်တော့်ကောင်းကင်ကို ကြည်လင်နေခိုက် တစ်ဝကြီးကြည့်ထားချင်မိသည်။

"စပ်လေသော်...ကိုယ်နားထောင်နေတယ်"

ငြိမ်သက်လို့ ငေးနေပါတဲ့ ကျွန်တော့်ကို အကိုက သတိပေးလာတော့...အကို့မျက်နှာကို မမှိတ်မသုန်ကြည့်ပြီး ဖြစ်တည်လာတဲ့ ဒီကဗျာ....
"ငွေလသာတဲ့၊ ညချမ်းချိန်မှာ
ဘေးတွင်နေသာ၊ ရှိနေသည်က
ရောင်နီထိန်းလင်း၊ နေလမင်းတည်း။

ပြုံးတွင်မည်သာ၊ ဘေးတွင်ခါဝယ်
ပုလဲနီလာ၊ ဆို,မသာဖွယ်
တောက်ပသည်သာ၊ ရတနာမျှ
ချစ်လင်းလက်သည်။"

ဦးနှောက်မပါပဲ ကျွန်တော့်ရင်အတွင်းက ဖြစ်တည်လာတဲ့ ဒီကဗျာသည် ကျွန်တော့်နှလုံးသားနှင့် ရေးထိုးပြီး ကျွန်တော့်နှုတ်ဖြင့် ချစ်သူနားအရောက် ချိန်မြိန်စွာ စီးဝင်ဖို့ရန် ရွတ်ဆိုလိုက်ခြင်းဖြစ်သည်။



_________________________


Zawgyi.....


"ရွင္မဟာရဌလိုလား ညီေလး..."

တိတ္ဆိတ္ေနတဲ့ စႏၵေသာ္ကေအာင္ရဲ႕ အိမ္အတြင္း ေလထုကို ျပန္လည္လို႔ အသက္ဝင္ေစသူက သက္တန္႔ၾကည္သာ။ သူ႔ေနာက္မွာ လြင္ေမာင္ႏွင့္ သန္းတိုးေအာင္တို႔လည္း ပါလာၾကသည္။

"ညီေလးေပ်ာက္ရွာတာ ေတြ႕ၿပီလား ငါတို႔အဝန္း..."

မ်က္ခုံးပင့္ေမးၿပီး အဝန္းရဲ႕ေဘးက ခုံကိုဝင္ထိုင္တဲ့ လြင္ေမာင့္ေၾကာင့္ တြဲကိုင္ထားပါတဲ့ လက္ႏွစ္ဖက္ဟာ ႐ုတ္ခ်ည္း ကြဲကြာသြားသည္။ လူေတြေရာက္လာၿပီဆိုတဲ့ အသိနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္မလုံမလဲ ၾကည့္မိၾကၿပီး ၿပဳံးျပရမွာလိုလို၊  မဲ့ျပရမွာ လိုလိုနဲ႔ အေျခအေနက ခက္လြန္းလွသည္။

"ညေနက အဝန္းျဖစ္ကေလ ဟိုစကားလိုပဲ။ ကြၽန္ေတာ့္ ခ်စ္သူေပ်ာက္လို႔ရွာ၊ သူ႔ကိုေတြ႕ေျပာေပးဗ်ာ။ ထင္ထင္ရွားရွား သူ႔အမွတ္သား ေပါင္က်ံမွာလည္း ေပြးနဲ႔ဗ်ား.....ဟဟားးးး"

သန္းတိုးေအာင္ရဲ႕ စကားမွာ အဝန္းေရာ၊စႏၵေသာ္ကေအာင္ပါ ရယ္မိၾကသည္။ ေတာ္ေတာ္လည္း ေနာက္တဲ့ ဒီလူ။

"မဆိုးဘူးကြ။ မင္းသာ အင္းဝေခတ္က ေမြးခဲ့ရင္ ရွင္၄ေလးပါးမဟုတ္ပဲ။ ရွင္၅ပါးျဖစ္မွာကြ။"

သန္းတိုးေအာင္ရဲ႕ လက္ျပင္ကို အားျပင္းျပင္းနဲ႔ ႐ိုက္ခ်ၿပီး အားေပးေလတဲ့ လြင္ေမာင့္ကို ၾကည့္ကာ...
"အဲ့ဒီေခတ္က ေပးေလးပင္၊ရွင္ေလးပါးကို ေျပာျပစမ္းပါ ကိုလြင္ေမာင္"

စကားဝိုင္းထဲကို ဝင္ေရာက္လို႔ ဆက္ႏႊယ္လာၿပီ ျဖစ္တဲ့ ေရာင္နီဝန္းကို လြင္ေမာင္က မ်က္ေစာင္းထိုးသည္။ သူသိသည္ အဝန္းက ဆရာ့ဆရာႀကီးေတြထက္ ပိုလို႔ ဆရာလုပ္ေပေတာ့မည္။ စီနီဟာျဖစ္တဲ့ လြင္ေမာင္ကလည္း ေဆးေက်ာင္းသားေပမို႔၊ ဒီေကာင္ေလးထက္အရင္ ထမင္းစားခဲ့သူမို႔  အဆုံးမွာဒီေကာင္ေလးကို အႏိုင္မရလွ်င္ေတာင္မွ ဟန္ကိုယ့္ဖို႔ ဆိုတဲ့ စကားကို ေတြးျမင္ၿပီး....
"ဒီေလာက္ကေတာ့ ငါလည္း သိပါကြာ။ " ဟု ေျပာလိုက္ရသည္ႏွင့္ တၿပိဳင္နက္ ဦးေႏွာက္ထဲမွာ ျပန္လည္လို႔ Recallေခၚမိေနသည္က အင္းဝေခတ္အေၾကာင္း ဖတ္ဖူးခဲ့သမွ်စာေပမ်ားျဖစ္သည္။

"သိရင္ ေျပာေလ ကိုလြင္ေမာင္။ မသိရင္လည္း ပြင့္ပြင့္လင္းလင္းပဲ ေျပာပါ။ ဒီက ညီေလးက ေျပာျပေပးခ်င္ေနလို႔...."

"ဟြန္း...ဒီေလာက္ေလးကေတာ့ ရွင္အုန္းညိဳကြာ၊ ၿပီးေတာ့ ရွင္ေခမာ ေနာက္တစ္ေယာက္က ရွင္မဟာသီလဝံသ၊ ေနာက္ဆုံး တစ္ေယာက္က ရွင္မဟာရဌသာရ....."

ဆင္ကန္းေတာတိုး ဆိုသလိုပဲ။ ပိုင္ႏိုင္ျခင္းမရွိပဲ ရမ္းေျဖေလေတာ့ သန္းတိုးေအာင္တစ္ေယာက္ ေရာႁပြန္းလို႔ေနေလၿပီ။ ဒါကို က်န္တဲ့သူေတြကလည္း ရယ္ခ်င္ပက္က်ိျဖစ္ေနၾကၿပီ။

အင္းဝေခတ္က စာဆိုေတာ္ျဖစ္ေပမယ့္လည္း ရွင္မဟာရဌသာရက ေပေလးပင္၊ရွင္ေလးပါး ထဲက တစ္ပါးမွမဟုတ္ပဲ။ မသိတဲ့သူဆို လြင္ေမာင္ရဲ႕ ၿဖီးခ်က္ေတြကို အဟုတ္ထင္ေနေတာ့မွာ။ သို႔ေသာ္လည္း ထိုင္ေနတဲ့ထဲမွာ ဆရာႀကီး ေရာင္နီဝန္းပါေနသည္မို႔ ဒီကိစၥက လြယ္လြယ္နဲ႔ ၿပီးဆုံးမယ့္ပုံမေပၚေတာ့။

လြင္ေမာင္ရဲ႕ အမွားေလးကို ေထာက္ျပပါလို႔ သူေတာ့ ဆရာႀကီးလုပ္ေလေတာ့မည္။

"ဘာျဖစ္ေနၾကတာလဲ။ ငါေျပာတာ မွားလို႔လား။"

ၿပဳံးစိစိျဖစ္ေနတဲ့ သူေတြကို ၾကည့္ၿပီး ကိုၿဖီးလြင္ေမာင္တစ္ေယာက္ေတာ့ သူ႔အေျဖသူ မလုံမလဲျဖစ္ ေနသည္။

"မမွားပါဘူး။ နည္းနည္းပဲ လြဲသြားတာ။ မဟုတ္မွ ကိုလြင္ေမာင္က ခုံေတာ္ေမာင္က်ဘမ္းမ်ား ဝင္စားေလသလားပဲ။"

"ေအး ဝင္စားတာက ငါမဟုတ္ဘူး မင္း။ မင္းအိမ္ကို ျပန္ေမးၾကည့္ဦး ေတာ္ၾကာ အဆက္အဆက္က မင္းရဲ႕ ဘိုးေတြေဘးေတြျဖစ္ေနဦးမယ္။ တကယ္တည္း...."

"ကြၽန္ေတာ္ေျပာခ်င္တာက ရွင္ဥတၱမေက်ာ္ကို ေမ့ေနလို႔ေလ။ ရွင္ေလးပါးထဲမွာ ရွင္မဟာရဌသာရမွ မပါပဲ။ ပါတာက ရွင္ဥတၱမေက်ာ္ေလ။ ကိုလြင္ေမာင့္ စိတ္ထဲ ရွင္ဥတၱမေက်ာ္အေပၚမွာ အၿငိဳးေတြမ်ားရွိေနလို႔ ေမ့ေနသလားလို႔ ေျပာျပတာ။"

"ငႏြားေလး...စကားတတ္တဲ့ မင္းကမွ က်ဘမ္းမ်ိဳးဆက္ဟ။ ကိုလြင္ေမာင္ေရ ခင္ဗ်ားေျပာတာ မွားေနတယ္လို႔ေျပာရင္ ဘာျဖစ္မွာမိုလို႔လဲ။ မင္းဘိုးေအ ေမာင္က်ဘမ္းကို စကားထဲထည့္ေျပာေန...."

စားပြဲခုံေပၚရွိ လက္သုတ္ပဝါကို ေရာင္နီဝန္းရင္ဘက္ဆီသို႔ ခ်ိန္ေပါက္လိုက္ၿပီး ေပါက္ကြဲေလတဲ့ လြင္ေမာင့္ ပုံစံေၾကာင့္ အဝန္းမွာ အရယ္မရပ္ပဲျဖစ္ေနသည္။

ခုံေတာ္ ေမာင္က်ဘမ္းကို အဝန္းက သေဘာက်သေလာက္ ကိုလြင္ေမာင္က မႏွစ္ၿမိဳ႕။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အရမ္း က်ဖမ္းလို႔တဲ့။ စကားအစအနက အစ လိုက္ဖမ္းၿပီး ေျပာတတ္တဲ့ သူစားကို သူက သေဘာမက်သည္ဆိုလား။ အင္း ဒီထဲမွာ အဝန္းလည္းပါတာေပါ့။

အရမ္းႂကြယ္တဲ့ အဝန္းကို တစ္ခါတစ္ေလ အျမင္ကတ္ရင္ ၿခဳံေစာင္ မကပ္ေအာင္ လုပ္တတ္တဲ့ ဒီ ကိုလြင္ေမာင္။ အစအေနာက္ကို သိပ္အားမေပးတဲ့ ကိုလြင္ေမာင့္ေရွ႕ေရာက္ရင္ ေသးေသးေလးကအစ အႀကီးႀကီး ခ်ဲ႕လိုက္ခ်င္သည္က အဝန္းရဲ႕ စိတ္ဆႏၵ။

သူမ်ားေတြကို ကလိကလိနဲ႔ ခုလုခုလုျဖစ္ေအာင္လုပ္ရတာကို အဝန္း သိပ္သေဘာက်သည္။

"ေခြးေကာင္ေလး။ ညက် မင္းအဝတ္ေတြခြၽတ္ထားဦးမယ္။"

မႏၲေလး ေဆာင္း ခ်မ္းပုံမ်ိဳးနဲ႔ ႀကိမ္းေမာင္းေနပါတဲ့လြင္ေမာင့္ အျပာကို အဝန္းက သြားေလးေစ့ၿပီး တကယ္ခ်မ္းသလို၊ တုန္သလို လုပ္ျပသည္။

"မင္းေတာ့...."

သူ႔ကို စေနာက္ေနတဲ့ အဝန္းကို လြင္ေမာင္ေတာ့ မႀကိတ္ႏိုင္၊မခဲႏိုင္ျဖစ္လို႔ေနသည္။ က်ဘမ္းမႀကိဳက္တဲ့သူ႔ကို က်ဘမ္းဝင္စားသလားလို႔ ေမးတာေရာ၊ က်ဘမ္းမ်ိဳးဆက္က ေရွ႕မွာတင္ အရမ္းႂကြယ္ခ်ျပေနတာေၾကာင့္ေရာ ႏုပ္ႏုပ္စင္းခ်င္စိတ္ေတြ တဖြားဖြားနဲ႔ ထ,ၿပီးထု႐ိုက္ဖို႔ျပင္လိုက္သည္။

"ေနပါ ေနပါ လြင္ေမာင္ရာ။ မင္းကလည္း အဝန္းအေၾကာင္းကို မသိတာလည္း မဟုတ္ပဲနဲ႔။ စိတ္ ေလ်ာ့စမ္းပါ။"

လြင္ေမာင့္လက္ကို လွမ္းဆြဲၿပီး တားသည့္သူက ၾကည္သာ။ ဒါေတြေၾကာင့္ပဲ ၾကည္သာ သာရွိေနလွ်င္ ေရာင္နီဝန္းတို႔က စစ္အတြင္းျဖစ္ရင္ေတာင္မွ ျမင္းဝယ္လိုက္ဦးမွာ။ အဲ့သေလာက္ထိ အားကိုးလို႔ရသည္။

သူ႔အေပၚက်လာမယ့္ အႏၲရာယ္ဆိုလွ်င္ စကားေလးနဲ႔ေတာင္ တင္စီးမခံတတ္ပါတဲ့ သက္တန္႔ၾကည္သာသည္ ေရာင္နီဝန္း အားကိုးရပါတဲ့ အကိုႀကီး။

"ျပန္မယ္ ကိုတိုးလာ။ လြင္ေမာင္လည္း ႐ုန္းမေနနဲ႔ေတာ့ မိုးခ်ဳပ္ေနၿပီ။ မင္းတို႔စာၾကည့္ၾကမွာမဟုတ္လား။ လာပါကြာ...."

"ခီး !...ကြၽန္ေတာ္ ေနာက္မွ လိုက္ခဲ့မယ္ အကိုႀကီး။"

"ျပန္မလာလည္း ျဖစ္တယ္ ေဟ့ေကာင္..."

လြင္ေမာင့္အေျပာကို လွ်ာထုတ္လို႔ ေျပာင္ျပေနတဲ့ ေရာင္နီဝန္းရဲ႕မ်က္ႏွာဟာ အႏိုင္ရပါလို႔ ေပ်ာ္ေနသည့္ ကေလးတစ္ေယာက္ႏွယ္။ တယ္လည္း အျပစ္ကင္းစင္လြန္းလွပါသည္။

"ကဲ ေသာ္။ ညစာ အျပင္ထြက္စားရေအာင္"

ႏွစ္ေယာက္ထဲ က်န္ေတာ့သည့္ အေျခအေနမွာ စားဖို႔ေသာက္ဖို႔ဆီ ဦးတည္ေနတဲ့ အဝန္းမ်က္ႏွာဟာလည္း ၾကည္ၾကည္လင္လင္၊ခ်ိဳခ်ိဳျမျမႏွင့္ပင္။

"ေန႔လည္က ဝယ္ထားတာေတြရွိေသးတယ္။ အိမ္မွာပဲ စားရေအာင္ပါ အကိုရာ။ မိုးကလည္း ခ်ဳပ္ေနၿပီကို။ အျပင္ထြက္ဦးမလို႔လား အကိုက"

"ေစာပါေသးတယ္ ေသာ္ရ။ လာပါ။"

လက္ကိုဆြဲလို႔ အတင္းေခၚေလေတာ့ အကိုေခၚတဲ့ ကမာၻအစြန္းကို လိုက္,လိုက္ပါ့မယ္အမ်ိဳး ေဘးဘယ္ ထီမထင္ပါေလ။

"ဒါနဲ႔ အကို။ ကြၽန္ေတာ္ပိုက္ဆံမယူခဲ့ရေသးဘူး။"

အိမ္တံခါးကို ေသာ့ပိတ္တာကလည္း အကိုပဲ၊ ကြၽန္ေတာ့္ကို လက္ ဆြဲေခၚတာကလည္း အကိုပဲ၊ တစ္ခုပဲ အကို႔ဘက္က စတင္လို႔ ခ်ိတ္ဆက္ပါတဲ့ ဒီလက္ေတြကို မျပတ္သြားေအာင္ ထိန္းသိမ္းတဲ့ သူကေတာ့ ကြၽန္ေတာ္ျဖစ္သည္။

"ကိုယ့္မွာ ပါပါတယ္။ ေသာ္ ဘာစားခ်င္လဲ"

"အမွန္တိုင္းေျပာရရင္ အိမ္ကိုျပန္မလာခင္က မမႏြဲ႕တို႔အိမ္မွာ မုန္႔ေတြစားခဲ့လို႔ ဗိုက္အင့္ေနတာ။"

"ဒါဆိုလည္း က်ဳံးေဘးမွာပဲ သြားထိုင္ၾကမလား။ ေသာ္အခ်ိန္ရရဲ႕လား။ စာၾကည့္ရမွာေတြ မ်ားေနလားဟင္..."

"ရပါတယ္ အကိုရ။ ခဏေလာက္ေတာ့ relaxလုပ္ဖို႔ အခ်ိန္ရွိပါတယ္"

"အင္း။"

လမ္းအကူးမွာလည္း ျဖတ္သြားျဖတ္လာ ဆိုင္ကယ္တစ္ခ်ိဳ႕ရဲ႕ မီးေရာင္ေၾကာင့္ ကြၽန္ေတာ့္လက္ေတြဆီကြၽန္ေတာ့္ငုံ႔ၾကည့္မိေတာ့ ျမင္လိုက္ရသည္က စူးရွေတာက္ပေနသည့္ၾကားမွ အကို႔လက္ေခ်ာင္း သြယ္သြယ္ေလးေတြက ကြၽန္ေတာ့္လက္ေခ်ာင္းေတြၾကားမွာ တိုးဝင္ယွက္ျဖာေနသည္။

ကြၽန္ေတာ္ကပဲ စိတ္ကထင္လို႔လားေတာ့မသိ။ အကို႔ဘက္က အျပည့္အဝကို ဆုပ္ကိုင္ထားသည္ဟု ခံစားေနမိသည္။ ကြၽန္ေတာ့္ဘက္က ျပတ္မသြားရေအာင္ ထိန္းသိမ္းခဲ့ေတာ့ အကို႔ဘက္ကျပန္လည္လို႔ဆုပ္ကိုင္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္လက္ဖဝါးေတြမွာ ေခြၽးတို႔အနည္းငယ္ ထြက္ခ်င္ေနသည္ကို ခံစားမိသည္။ သို႔ေသာ္လည္း အကိုဆုပ္ကိုင္ထားသည္ကို ျပတ္ခြာသြားမွာ စိုး၍ လက္ကိုနည္းနည္းေလးေတာင္ မလႈပ္မိ။

အကို႔လက္ေခ်ာင္း သြယ္သြယ္ေတြၾကားမွာ ေပ်ာ္ဝင္ေနတဲ့ ကြၽန္ေတာ့္လက္ေတြမွာ ေခြၽးမွက၊ ေသြးစိမ္းရွင္ရွင္ပဲထြက္ေနပါေစ ထုတ္ယူလို႔ဖယ္ခြာမည္မဟုတ္ပါ။

"ေအးေနမယ္ထင္တာ။ ၾကည့္စမ္း ေသာ့္လက္ဖဝါးေတာင္ ေခြၽးထြက္ေနၿပီ။ ကိုယ္ကိုင္ထားတာ အရမ္းတင္းသြားလို႔လားပဲ။"

"ေႏြးတယ္။ အကို႔လက္က ေႏြးတယ္။"

"ဟုတ္လား ေသာ္ပဲ ခ်မ္းေနလို႔မ်ားလား။ ကိုယ္ကေတာ့ ပူေနတာ။ လက္တြဲျဖဳတ္မို႔ဟာ လမ္းအကူးမို႔ အခုမွ ျဖဳတ္လိုက္ရတာ။"

ဘာကိုမွ ေမွ်ာ္လင့္ထားလို႔ မရတဲ့ ကြၽန္ေတာ့္ ေကာင္းကင္ႀကီးက ႐ုတ္ခ်ည္းမုန္တိုင္းေတြထန္ၿပီး ကြၽန္ေတာ့္ေႏြဦးကိုဖ်က္ဆီးပစ္သည္။

တြဲလက္ေတြ ခိုင္ၿမဲခဲ့တဲ့ အခ်ိန္ခဏေလးအတြင္းမွာ ေပ်ာ္ခဲ့ရသမွ်ကို ဖ်က္ဆီးပစ္ပါတဲ့ ေကာင္းကင္မုန္တိုင္းကို ကြၽန္ေတာ္လည္း နည္းနည္းေတာ့ ခ်ဥ္မိသည္။

"အကိုသိေအာင္ေျပာရဦးမယ္။  ရွင္မဟာရဌသာရေရးတဲ့ ဝဏၰပဘာခ်ီ အလွဖြဲ႕ေတြက တကယ္ေတာ့ေလ တူရိယာအစုံကို တၿပိဳင္နက္ထဲတီးေနသလိုပဲ။ နားထဲေတာ့ သာယာနာေပ်ာ္ဖြယ္ပါ။ ဒါေပမယ့္လည္း ေသေသခ်ာခ်ာ ေရေရရာရာေတာ့ ႏွလုံးသားထဲထိ တိုးဝင္ႏိုင္စြမ္းမရွိဘူး။"

အကို သေဘာက်တဲ့အရာကို လက္လႊတ္စပၸါယ္ေဝဖန္လိုက္သည္က ကြၽန္ေတာ္ဟာလည္း ေကာင္းကင္နဲ႔ လိုက္ဖက္ညီပါတဲ့ ေလထုဆိုတာကို သိေစခ်င္လို႔ျဖစ္သည္။

ေကာင္းကင္တစ္ခုတည္းကပဲ အေျပာင္းအလဲ ျမန္တတ္တာမဟုတ္ပါဘူး၊ ေလထုမွာလည္း ႏူးညံ့တဲ့ေလညႇင္းအျပင္ ခ်က္ခ်င္းပဲ ၾကမ္းတမ္းဖ်က္ဆီးႏိုင္တဲ့ စြမ္းပကားေတြရွိပါေသးတယ္။

"ေသာ္က စည္ေတာ္ႀကီး႐ြမ္းတာကို ပိုသေဘာက်တယ္ထင္တယ္။"

"ဗ်ာ..."

မ်က္စိႏွစ္ဖက္ကို မ်က္လႊာခ်လို႔ ၿငိမ္းခ်မ္းျခင္းကို ေဖာ္ေဆာင္တဲ့ အကို႔မ်က္ႏွာ။ ထိုမ်က္ႏွာအရိပ္အကဲအရခန္႔မွန္းရမည္ဆိုလွ်င္ ကြၽန္ေတာ္ စိတ္ဆိုးလို႔ေျပာပစ္တာကို အကိုသိသည္။ ဒါဆို ကြၽန္ေတာ္ စိတ္ဆိုးရတဲ့ အေၾကာင္းအရင္းကိုေရာ အကိုမ်ား သိေနမလား။

မ်က္လုံးမွိတ္ထားၿပီး ႏႈတ္ခမ္းေတြက အထက္သို႔အနည္းငယ္ေကြးထက္ကာ ေခါင္းကို မေႏွးမျမန္ ပုံမွန္ႏႈန္းထားႏွင့္ ၿငိမ့္ျပေနသည္က အရာရာကို သိေနပါတဲ့  ပုံစံမ်ိဳးျဖစ္ေနသည္။

"အကို သိတယ္လား။"

"သိတာေပါ့။ ေသာ္ ဘာေတြျဖစ္ေနလဲဆိုတာ ကိုယ္သိပ္သိတာေပါ့။ ဒါထက္ ကိုယ္သိတာက ၿပိဳင္ဖက္ဆိုရင္ေတာင္မွ အရွင္ျမတ္က ႏွလုံးသားအရင္းျပဳေရးတဲ့သူပါ။"

"မဟုတ္တာဗ်ာ။ အကိုသိတယ္ဆို၊တကယ္ပဲ အကို ဘာသိလို႔လဲ"

ကြၽန္ေတာ္ ေမးတာကတျခားေလ။ အကိုသိလားလို႔ ေမးတာက ကြၽန္ေတာ္ စိတ္ဆိုးၿပီးေျပာခ်င္ရာေျပာရတဲ့ အေၾကာင္းအရင္းကို သိေနတာလားလို႔ေမးတာ။ မဆိုင္လိုက္တာ။ ကိုယ္သိပ္သိတာေပါ့ဆိုၿပီး ဘာလို႔မ်ား သိပ္ကြၽမ္းက်င္ပါတဲ့ ဒီဇာတ္ေၾကာင္းေတြအေၾကာင္းကို ေျပာျပရသလဲ။

အကို ...အကို သိပ္လြန္တာပဲ။ မလွိမ့္တပတ္နဲ႔ ကြၽန္ေတာ့္ကို က်ီစားေနတာမ်ားလြန္းေနၿပီ။

အကိုသိသည္ဟုေျပာသည္။ တကယ္လည္း အကိုသိေလာက္သည္ဟု ကြၽန္ေတာ္ထင္သည္။ သို႔ေသာ္လည္း တကယ္တမ္းမွာ အကိုသိေနသည့္ အေၾကာင္းတရားက ကြၽန္ေတာ့္ေမတၱာအေၾကာင္းမဟုတ္ပါပဲ ဒီဇာတ္ေၾကာင္းေတြလား။

"ရွင္မဟာသီလဝံသနဲ႔ ရွင္မဟာရဌသာရက ေခတ္ၿပိဳင္စာဆိုေတြေလ။ ရွင္မဟာရဌသာရက ေပေလးပင္ရွင္ေလးပါထဲ တစ္ပါးအပါအဝင္ေတာ့ မဟုတ္ခဲ့ေပမယ့္ အခုခ်ိန္ထိ သူေရးခဲ့တဲ့ ဆုံးမစာေတြက ေခတ္နဲ႔အညီအသုံးဝင္ေနဆဲပဲေလ ေသာ္။ ဒါေၾကာင့္ပဲ ဆရာႀကီးဦးေအာင္သင္းက 'သူတို႔အလြမ္း ကြၽန္ေတာ္တို႔အလွ'လို႔ ေရးခဲ့တာေနမွာ။

သူတို႔ရဲ႕ အလြမ္းေတြက ဒီကေန႔ ကိုယ့္တို႔ေတြရဲ႕အလွေတြပဲေလ။ ဟုတ္တယ္မလား။ တကယ္ေတာ့ အရွင္ျမတ္သာ ရဟန္းေဘာင္ကေန စြန္႔ခြာသြားၿပီး ခ်စ္သူဆီျပန္သြားမယ္ဆိုရင္...."

"ေတာ္ပါေတာ့။ ေတာ္လိုက္ပါေတာ့ အကို။ ဇာတ္ေၾကာင္းေတြကို ကြၽန္ေတာ္နားမေထာင္ခ်င္ေတာ့ဘူး။ အကိုသိတာ၊ အကို႔မွာ ဗဟုသုတစုံလင္တာ၊ အကိုဉာဏ္ေကာင္းတာကို ကြၽန္ေတာ္သိေနတာပဲ။ ေတာ္ေလာက္ပါၿပီ...."

"အယ္ ေသာ္ေလး...ကိုယ့္ကို စိတ္ဆိုးသြားတာလား။ ကိုယ္ ဘာလုပ္မိလို႔လဲ။ ေျပာပါဦး..."

ေသာ့္ တစ္ကိုယ္လုံးကို ဆြဲယူလို႔ မ်က္ႏွာခ်င္းဆိုင္ပစ္လိုက္ေတာ့ ႏႈတ္ခမ္းေတြက အစတုန္ယင္ေနတဲ့ မ်က္ႏွာေလးေၾကာင့္ ရင္ဘက္ထဲမခ်ိမဆံ့။ တကယ္ဆို ဒီေလာက္ေလးနဲ႔ ဒိီေလာက္ႀကီးထိခံစားေနဖို႔က မလိုအပ္ဘူးထင္တယ္ကြာ။

ၾကည့္လိုက္တာက မင္းရဲ႕မ်က္ႏွာပဲ။ ျမင္လိုက္ရတာက မင္းရင္ထဲက နာက်င္ဒဏ္ရာေတြအထိ။

ကိုယ္ ဘာမ်ားျပန္လုပ္ေပးရမလဲလို႔ ဦးေႏွာက္ကို အလ်င္အျမန္အလုပ္ေပးမိေပမယ့္လည္း ထက္ျမတ္လွတဲ့ ဦးေႏွာက္ဟာ မင္းရင္ထဲမွာ နာက်င္ ခံစားေနရတာေတြကို သိလိုက္ရေတာ့ ထုံထိုင္းသြားပါသလားမေျပာတတ္ေတာ့။ ႏႈတ္ခမ္းေတြတုန္ယင္ေနတဲ့ မင္းမ်က္ႏွာေလး ျမင္႐ုံနဲ႔တင္ ကိုယ္ဦးေႏွာက္က ဗလာနတၳိ ဘာမွစဥ္းစားလို႔မရေတာ့၊ အခုလိုမ်ိဳးနတၳိျဖစ္သြားရတာက တုန္ယီေနတဲ့ မင္းရဲ႕မ်က္ႏွာေလးေၾကာင့္ ဆိုတာကို မင္းသိလား။

'မင္းတစ္ေယာက္ထဲ မဟုတ္ပါဘူး၊ ကိုယ္ပါေရာ' လို႔ ေျပာခ်င္ေနတဲ့စိတ္ေတြကို ထိန္းခ်ဳပ္ေနရတာက ဘယ္ေလာက္ထိ ခက္ခဲမွန္း မင္းမွနားမလည္တာ။ ဒီလိုေတြ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ေနတဲ့ ၾကားထဲကေန အတင္းထိုးထြက္လာတဲ့ ကိုယ့္ရဲ႕အစြန္းထြက္အျပဳအမူေတြ ေလာက္နဲ႔ပဲ မင္းက ဇေဝဇဝါေတြျဖစ္ေနတာ။

မင္းရဲ႕ အရာအားလုံးကို နားလည္သိတတ္ေနတဲ့ ကိုယ့္ဘက္ကေရာ ဘယ္ေလာက္ထိမ်ား ေရာက္ယက္ေတြခတ္ေနလိုက္မလဲဆိုတာ မင္းေတြးမိရဲ႕လား၊ ကိုယ့္ရဲ႕ေသာ္။

"ကိုယ္ေတာင္းပန္ပါတယ္ ေသာ္ရာ။"

ေသာ့္မ်က္ဝန္းထဲမွာ ေရာက္ရွိေနတဲ့ အရည္ၾကည္တို႔က ပါးျပင္ေပၚကို က်ေရာက္လာေလေတာ့ ေရာင္နီဝန္းရဲ႕ ထိန္းခ်ဳပ္မႈေတြဟာ အႂကြင္းမဲ့ဇုန္ကို ေရာက္သြားရသည္။

ရင္ခြင္ထဲ သိမ္းက်ဳံးလို႔ ဖက္ထားလိုက္ၿပီး ဆံပင္တိုတိုေတြအထပ္မွာ ပါးအပ္ကာ တိုးေဝွ႔ပြတ္တိုက္ေနမိသည္က မင္းကို ကိုယ္ သိပ္.........

"အကို ဘာျဖစ္လို႔ အဲ့ေလာက္ထိ ဉာဏ္ေကာင္းတာလဲဗ်ာ။ အကိုသာ ဉာဏ္မေကာင္းခဲ့ရင္၊ အကိုသာ ကြၽန္ေတာ္ ေျပာသမွ်အဟုတ္ထင္မယ့္သူ ျဖစ္ခဲ့ရင္ ဘယ္ေလာက္မ်ားေကာင္းမလဲ။ အခုေတာ့ အကို႔ဉာဏ္က ကြၽန္ေတာ္ဘယ္လိုမွ လိုက္လို႔မမွီႏိုင္တဲ့ က်ည္ဆန္ရထားလိုပဲ။ လိုက္ရတာ ကြၽန္ေတာ္ေမာလွၿပီ။"

"ကိုယ့္အေၾကာင္း ဟိမဝႏၲာမက ခ်ီးမႊမ္းခန္းေတြ ေနာက္မွ ဖြင့္ပါ ေသာ္ရာ...ဒီတိုင္း"

ဒီတိုင္းပဲ ၿငိမ္ၿငိမ္ေလးေနၾကရေအာင္လို႔ ေျပာဖို႔အားယူေနစဥ္မွာပဲ ရင္ခြင္ထဲကေန ႐ုန္းထြက္ၿပီး ကိုယ့္မ်က္ႏွာကို ၾကည့္လာတဲ့ ေကာင္ေလးက...။
"အကို ဘာေျပာတာလဲ။ ကြၽန္ေတာ္ နားမလည္ဘူး" တဲ့။

"ကိုယ့္ဉာဏ္အေၾကာင္းကို အက်ယ္တဝံ့ ခ်ီးမႊမ္းမေနေသးနဲ႔လို႔ ေျပာတာပါကြာ...."

"ရွင္းရွင္းေျပာလည္း ရရဲ႕သားနဲ႔။ အကိုဟာေလ...အၿမဲစကားကို မရွင္းမရွင္းနဲ႔"

မ်က္ရည္စတို႔ မရွိေတာ့ပဲ ႏႈတ္ခမ္းေလး စူၿပီး ေျပာေနသည္ေၾကာင့္ အဝန္းမွာလည္း အျမန္ပဲ သင့္ေတာ္ရာလမ္းေၾကာင္းကို လိုက္ပါလို႔ ေျပာဆိုရေတာ့သည္။

"ေကာင္ေလးေတာ့ အလိုလိုက္မွန္းသိလို႔ ေျပာရဲဆိုရဲေတြျဖစ္လာၿပီ။ ကိုယ္ေတာ့ ဝဋ္လည္ေတာ့မယ္ထင္တယ္။ အကိုႀကီးကို ျပန္ေျပာခဲ့သမွ်က ေသာ္နဲ႔မွ ခံရမယ္ထင္"

"ကြၽန္ေတာ္ အကို႔ကို ျပန္မေျပာပါဘူး။ ဒီတိုင္း ေျပာျပတာ။"

"ဘာကို..."

"အကို အရမ္းႂကြယ္ေနလို႔"

"ဘာမ်ားႂကြယ္ေနလို႔လဲ။ ႂကြယ္ရေအာင္ ကိုယ္က ေငြတိုးေပးတာလည္းမဟုတ္"

"လုပ္လာျပန္ၿပီ။ ရွင္းပါဦး ႂကြယ္တာနဲ႔ ေငြတိုးေပးတာနဲ႔က ဘာဆိုင္လို႔လဲ"

"ကိုယ္တို႔႐ြာမွာ ေငြတိုးေပးတဲ့ မိန္းမက ေဒၚႂကြယ္ေလ။ အဲ့တာနဲ႔ အဲ့လို အဲ့လို ေျပာျပတာ။"

"ကဲ အခုၾကည့္ ကြၽန္ေတာ္ေျပာတာလြန္လား။ အကိုႂကြယ္တာ လြန္လား။"

"ကိုယ္ မသိဘူး။ ဒါေပမယ့္ ဒီလိုလွတဲ့ ညခ်မ္းေလးမွာ ေသာ့္သီခ်င္းသံေလးကို နားေထာင္ခ်င္တာေတာ့ အမွန္ပဲ။"

ဘာမွမဆိုင္တဲ့ အကို႔စကားေၾကာင့္ ကြၽန္ေတာ့္မွာ ၿပဳံးခ်င္သြားသည္။ အကိုက တကယ္ပဲ ကြၽန္ေတာ့္ကို ထင္သလိုလုပ္ေနတာ။ ကြၽန္ေတာ္ကိုယ္တိုင္ကိုကလည္း အကိုလုပ္သမွ်ကို တေသြမတိမ္းခံေနခ်င္ေတာ့ အကိုနဲ႔ကြၽန္ေတာ္ဟာ လိုက္ဖက္ညီသြားတာျဖစ္သည္။

"ဆိုျပမယ္ မဟုတ္လား ေသာ္။"

"ကဗ်ာ စပ္ေပးရမလား အကို....."

"ေသာ္ကိုယ္တိုင္ စပ္မွာ။"

"အင္း..."

ပိုင္ႏိုင္စြာနဲ႔ ၾကည္လင္ျခင္းတို႔ ၿခဳံလႊမ္းၿပီး 'အင္း' လို႔ ေျပာလိုက္ေတာ့ အကို႔မ်က္ႏွာက အေမွာင္ကိုခြင္းမယ့္ သူရိန္မင္းပမာႏွယ္ ေတာက္ပလို႔သြားသည္။

ကြၽန္ေတာ့္ရဲ႕အေျပာမွာ ၿပဳံး႐ႊင္လင္းလက္သြားတဲ့ အကို႔ပုံရိပ္ကို မလႊတ္တမ္းၾကည့္ေနမိသည္က မ်က္ေတာင္မခတ္မိေအာင္ပင္ ထိန္းခ်ဳပ္ထားမိသည္အထိ။

ဘယ္အခ်ိန္မွာ မည္းလာမည္မွန္းမသိတဲ့ ကြၽန္ေတာ့္ေကာင္းကင္ကို ၾကည္လင္ေနခိုက္ တစ္ဝႀကီးၾကည့္ထားခ်င္မိသည္။

"စပ္ေလေသာ္...ကိုယ္နားေထာင္ေနတယ္"

ၿငိမ္သက္လို႔ ေငးေနပါတဲ့ ကြၽန္ေတာ့္ကို အကိုက သတိေပးလာေတာ့...အကို႔မ်က္ႏွာကို မမွိတ္မသုန္ၾကည့္ၿပီး ျဖစ္တည္လာတဲ့ ဒီကဗ်ာ....
"ေငြလသာတဲ့၊ ညခ်မ္းခ်ိန္မွာ
ေဘးတြင္ေနသာ၊ ရွိေနသည္က
ေရာင္နီထိန္းလင္း၊ ေနလမင္းတည္း။

ၿပဳံးတြင္မည္သာ၊ ေဘးတြင္ခါဝယ္
ပုလဲနီလာ၊ ဆို,မသာဖြယ္
ေတာက္ပသည္သာ၊ ရတနာမွ်
ခ်စ္လင္းလက္သည္။"

ဦးေႏွာက္မပါပဲ ကြၽန္ေတာ့္ရင္အတြင္းက ျဖစ္တည္လာတဲ့ ဒီကဗ်ာသည္ ကြၽန္ေတာ့္ႏွလုံးသားႏွင့္ ေရးထိုးၿပီး ကြၽန္ေတာ့္ႏႈတ္ျဖင့္ ခ်စ္သူနားအေရာက္ ခ်ိန္ၿမိန္စြာ စီးဝင္ဖို႔ရန္ ႐ြတ္ဆိုလိုက္ျခင္းျဖစ္သည္။

Continue Reading

You'll Also Like

4.5K 587 10
ප්‍රේමයේ කොන්ඩිස් වීදුරුව, මන්දගාමීව කලතමි......✨
221K 7.8K 51
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။