နေခြည်ထွေး၍ နွေးပါစေ(COMPLETE...

By Kattamkaung

855K 84.8K 4.8K

အချစ်ရဲ့ Timing , လူတွေရဲ့ ခံယူချက် အမျိုးမျိုးနဲ့ တိုးတက်မှုနှောင့်နှေးနေတဲ့ ဒေသတွေဆီ တစ်ခေါက်လောက် သွားကြည့... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter -30
Chapter-31
Chapter -32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter- 39
Chapter-40
Chapter-41
Chapter-42
Chapter - 43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter-8

14.2K 1.7K 94
By Kattamkaung

Unicode

ရုန်းထွက် မရခြင်းများ ၈

(This Chapter contains making love sences and not suitable for under 18. So ,Read at your own risk and skip the last phrases if you are sensitive with adult sences)

ရေခဲမုန့်ဆိုင်ထဲထိုင်နေပေမဲ့ သူတို့စိတ်တွေက နည်းနည်းမှ အေးမနေ။ အားလုံးက မျောက်အိုလေးတွေလိုမျိုး မှိုင်တွေတွေရှိနေကြကာ
စကားလဲသိပ်မပြောကြ။ လွန်ခဲ့တဲ့ နာရီဝက်လောက်အထိ တစ်ယောက်နှင့်တစ်ယောက်
စနောက်နေခဲ့ကြပေမဲ့ အခုတော့အခြေနေက လိုတာထက်ပိုပြီးတိတ်ဆိတ်နေသည်။

စားပွဲထိုးလေးက သူ့တို့စားပွဲကို ကွက်ကြည့်ကွက်ကြည့်နှင့်။ အစောကပဲ တဟေးဟေးတဟားဟားအော်နေကြပြီး အခုတော့တရားထိုင်နေကြသလိုငြိမ်သက်နေကြတာမို့ အံ့အားသင့်နေပုံပေါ်သည်။

ချစ်နိုင်း သူ့ရှေ့က အရည်သာကျန်တော့သည့် ဖာလူဒါခွက်ကိုစိုက်ကြည့်နေရင်း
သူစောစောကစားထားတာ ဘာအရသာလဲဆိုတာ ပြန်တွေးနေမိသည်။ နှစ်တိုင်း ဒီလိုအချိန်ဆို သူ့မှာလောကကြီးနဲ့အဆက်ပြတ်သလို ကြောင်တောင်တောင်ဖြစ်ရ၏။ စာမေးပွဲ အောင်စာရင်းမထွက်ခင် မိနစ်ပိုင်းအလိုကာလပေါ့။

ဆေးကျောင်း အောင်စာရင်းတွေက စာမေးပွဲပြီးတာနှင့် တန်းထွက်လာတာကြောင့် သူတို့ကောင်းကောင်းနားရသည်မရှိ။ ရှေ့ကစာတွေ ဖြေနိုင်ခဲ့ရဲ့လားဆိုတာ မသိခင်မှာပဲသူတို့ကို အောင်စာရင်းစောင့်နေပြီ။ စိုးရိမ်စိတ်ကလေးတော့ရှိ၏။ ဖြေနိုင်သလားကိုယ့်ကိုယ်ကိုယ် ပြန်မတွေးတတ်တာမို့ ခုထိရလာဒ်ကိုမခန့်မှန်းတတ်။ အရေးကြီးတဲ့နှစ်မှ ကျောင်းခေါ်ချိန်မပြည့်လို့ တိုင်စာကအပို့ခံထားရသေးသည်။

ရသမျှ ဘုရားဂုဏ်တော်တွေအကုန်ရွတ်လို့
ဘုရားမှတစ်ပါး ကိုးကွယ်ရမရှိလုပ်ကာ
ချစ်နိုင်းဆုတောင်းနေရသည်။ ဒီစာမေးပွဲ
အောင်ကိုအောင်မှဖြစ်မည်။ ကချင်ခရီးစဉ်ကို သေချာပေါက် ချစ်နိုင်းလိုက်ချင်သည်။
ကိုကို့ဆီက တော်သားပဲဆိုသည့် ချီးကျူးမှုတွေချစ်နိုင်းလိုချင်သည်။

နောက်ဆုံးဘာသာမဖြေခင် ဆရာဦးဆီမှ ဖုန်းဆက်လာကတည်းက ချစ်နိုင်းစိတ်ကူးတွေယဉ်ခဲ့ရ၏။ Oo Group ရဲ့ ဒီတစ်ခေါက်ဒေသဆိုင်ရာ ထောက်ပံ့ရေးခရီးစဉ်မှာ ချစ်နိုင်းနာမည်ဖြည့်ပေးထာတာမို့ စာမေးပွဲကို လုံးဝ Clear Passအောင် လုပ်ပါတဲ့လေ။
ချစ်နိုင်းကတော့ အဲ့ကတည်းက ကချင်မြေမှာ ကိုကိုနှင့် အတူသွားလာနေသည့် ပုံရိပ်တွေကို စိတ်ကူးယဉ်ပြီးနေပြီဖြစ်သည်။

ဖေဖေ့ဆီ ခွင့်ကြိုတောင်းထားတော့လဲ မငြင်း။ စာမေးပွဲအောင်ရင် ကြိုက်ရာသာလုပ်ဆိုတာမို့ ဒီစာမေးပွဲအောင်ဖို့ကသာ အက္ခရာဖြစ်နေတော့သည်။ ချစ်နိုင်းရင်ထဲ သေချာသလိုလို ၊ မသေချာသလိုလို။ ကချင်စိတ်ကူးကလေးကိုတောင် ခေါင်းထဲကခဏထုတ်ရင်း
ဖုန်းသံမြည်လာမှာကို စောင့်နေရသည်။

လောလောဆယ် သူတို့Sectionက ခုံနံပါတ်နီးတဲ့ ခြောက်ယောက်လောက် အတူတူရှိနေတာဖြစ်ပြီး စွမ်းဟိန်းက ချစ်နိုင်းဘေးမှာထိုင်လို့နေသည်။ သူလည်းရင်တုန်နေပုံရ၏။
ရေခဲမုန့်ဇွန်းကြီးကိုကိုင်ထားရင်း ငြိမ်နေရှာသည်။

တီ*
မက်ဆေ့ဝင်သံနှင့်အတူ သူတို့မျက်လုံးတွေဆုံသွားကြသည်။ အတူထိုင်နေသည့် ကလေးမတစ်ယောက်ဆီမှဖုန်း။ သူမက တုန်တုန်ယင်ယင်နှင့် အိတ်ထဲကဖုန်းကိုထုတ်ကာ မက်ဆေ့ကိုဖွင့်ကြည့်သည်။ တုန်လှုပ်နေသည့် သူမမျက်နှာကိုကြည့်နေရသူတွေလည်း ရင်တုန်းပန်းတုန်နှင့်။

" အော်ရီဒူးက ပက်ကေ့ခ်ျအသစ် ကြော်ညာတာကြီး"

"ဟာ"

" ဘာများလဲလို့"

"ရင်တုန်သွားတာပဲ"

‌စိတ်လှုပ်ရှားနေသည့်ကြားမှ သူတို့ရယ်မိကြသည်။ အရေးထဲ ဖုန်းအော်ပရေတာတွေက
တစ်မျိုး။

ရယ်သံတွေ တွတ်ထိုးသံတွေက ခဏအတွင်းပြန်ငြိမ်သက်သွားကာ စောစောကလိုပဲ
တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ဆိုင်ထဲမှာ သူတို့အုပ်စုပဲရှိတာမို့ တိတ်သင့်တာထက်ပင် ပိုတိတ်ဆိတ်နေတော့သည်။

"အောင်စာရင်းတွေ စနေပြီတဲ့
ECစာပို့ထားတယ် gpထဲဝင်ကြည့်ကြ"
တစ်လျှောက်လုံး ဖုန်းထိုင်ကြည့်နေသည့်
နဒီ့ဆီမှ အသံထွက်လာသည်။ သူမက အောက်လျှောကျနေသည့် မျက်မှန်ဝိုင်းကိုပင့်တင်လျက် အောင်စာရင်းကြည့်ဖို့ အသင့်ဖြစ်အောင် လုပ်နေပုံရသည်။

နဒီ့စကားကြောင့် ဖုန်းကိုယ်စီဖွင့်လိုက်ကြတဲ့သူတို့။ ဂရုထဲမှာ အောင်စရင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောနေကြသည်။ ဖုန်းခြောက်လုံးဆီမှ နိုတီသံတွေက
ဆိုင်အတွင်းချက်ချင်းကို ဆူညံသွားစေတော့၏။

"သာကြီး နင့်နာမည်ပါလာပြီ"

နဒီ့အော်သံနှင့်အတူ သာကြီးဆီမှ "တကယ်လား" ဆိုသည့် ရင်ခေါင်းသံကြီးက ကပ်ပါလာသည်။အောင်သွားတာမို့ သူတို့ဂုဏ်ပြုနေတုန်းပဲ နဒီနှင့် အခြားနှစ်ယောက်ရဲ့ အောင်စာရင်းပါ ပေါ်လာခဲ့ပြီ။
"အမလေး ပျော်လိုက်တာ" "၆နှစ်ကျော်လုံး
သေချင်စော်နံရကျိုး နပ်ပါပြီ" စသည့်
ရေရွတ်သံတွေက ဆက်တိုက် ဆက်တိုက်ပေါ်လာတော့၏။

နာမည်မလာသေးတဲ့ ချစ်နိုင်းနဲ့စွမ်းဟိန်းမှာသာ ဇီးရွက်လောက်မျက်နှာလေးတွေနှင့်
တိတ်တိတ်လေး အောင်စာရင်းစောင့်နေရသည်။ "အောင်လိုက်ပါ အောင်လိုက်ပါ" ဆိုသည့်စကားလုံးကို ဘယ်နှကြိမ်လောက် ရေရွတ်မိမှန်းမသိ။

သူတို့နှစ်ယောက်နာမည် တက်လာပါမှ
သက်ပြင်းချကာ နှစ်ယောက်သား ပုခုံးချင်းတိုက်မိလိုက်ကြတော့သည်။ စိတ်လှုပ်ရှားပြီး
အေးစက်နေသည့် လက်တွေက အခုမှသွေးပြန်စီးသလားထင်ရ၏။

"ချစ်နိုင်းအောင် နင် Clear passတယ်" ဆိုတဲ့
အပြောလေးအောက်မှာ လက်သီးဆုပ်နှစ်ဖက်ကို ခါယမ်းမိသည်အထိ ချစ်နိုင်းစိတ်ခံစားချက် ကောင်းသွားရသည်။

"အကုန် အောင်မှာပါလို့ ပြောသားနဲ့"

"အပျော် စိတ်လှုပ်ရှားကြည့်တာပါ"

‌‌အစောက ချီးချမ်းအောင်ကြောက်နေကြတာ
သူတို့မဟုတ်တော့သလိုမျိုး ခုတော့ တက်တက်ကြွကြွ ကြီးကြီးကျယ်ကျယ်တွေ ပြောနေကြပြီ။

"နင်တို့ အလုပ်သင်မဝင်ရခင် ဘာလုပ်ကြမှာလဲ ခရီးစုသွားကြမလား"

"ငါလဲသွားချင်တယ်။ ကလောသွားမလား
ပုဂံသွားမလားဟဲ့"
မိန်းကလေးတွေဆီမှ ပွစိပွစိတိုင်ပင်သံတွေထွက်လို့လာပြီ။ ယောက်ျားလေးတွေကတော့
ဂိမ်းချိန်းဆော့ဖို့ ဖူဆယ်ကွင်းသွားဖို့ ဖုန်းနှင့်အချိတ်ဆက်လုပ်နေကြပြီ။ ချစ်နိုင်းကတော့ ဖေဖေ့ဆီအရင် ဖုန်းဆက်လိုက်၏။ တိုင်ပင်သူတွေ စကားဝိုင်းကနေ ခဏခွဲထွက်ပြီးတော့ပေါ့။ စွမ်းဟိန်းလည်း သူ့မိဘတွေဆီ ဖုန်းဆက်နေပုံရသည်။

"ဟယ်လို ဖေဖေ"

"..."

"အဲ့ဒါဆက်တာ။သား အောင်တယ်သိလား"

"..."

"ဟီးဟီး ပြောပါတယ် ယုံကြည်စမ်းပါလို့"

"..."

"အန်ကယ်တို့ကို မပြောရသေးဘူး။
ဖေဖေ့ဆီအရင်လှမ်းပြောတာ"

"..."

"ဟုတ်ဟုတ်။ အဲ့ဒါ‌ဆို ဖေဖေဆက်လိုက်တော့"

"..."

"ကိုကို့ကိုက သားပဲပြောလိုက်မယ်"

"..."

"ဟုတ် ဒါပဲနော်။ နောက်မှ ဖုန်းထပ်ဆက်လိုက်မယ်"

ဖုန်းချပြီးတာနှင့် စကားဝိုင်းထဲ ချစ်နိုင်းပြန်ဝင်သည်။ မိန်းကလေးအုပ်စုရဲ့ ခရီးသွားရေးက အခုထိနေရာသတ်မှတ်လို့မပြီး။
ငွေဆောင်ကနေ မိုးကုတ်ရောက်သွားပြန်ပြီ။

"ဟေ့ စွမ်းဟိန်းနဲ့ ချစ်‌နိုင်းအောင်ရော လိုက်မှာလား"

သူတို့ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်မိလိုက်ကြသည်။ မြင်းခြံသား
စွမ်းဟိန်းက လိုက်ချင်ပုံမပေါ်။ သူ့မျက်နှာက အင်းအဲလုပ်ရ ခက်နေသည့်အခြေအနေမို့ ချစ်နိုင်းကပဲ အရင်စကားဖြတ်ရသည်။

"ငါက ကချင်ဘက်သွားဖို့ရှိတယ်"

"ဟယ် ဟုတ်လား"

"ငါတို့ရော လိုက်လို့ရလား မြစ်ကြီးနားဆို
ငါတို့ဖာသာလိုက်ခဲ့မယ်လေ"

"အေး အဲ့ဒါကောင်းသား"

ရုတ်တရက် မြစ်ကြီးနားအစီစဉ် ရောက်သွားပြန်တော့ ချစ်နိုင်းတားရပြန်သည်။

"အဲ့ထက်‌ဝေးတယ် လူမှုကူညီရေးအဖွဲ့စည်းတွေနဲ့ လိုက်သွားမှာရယ်"

"ဟယ် ငါတို့ရော စာရင်းပေးလို့ရလား"

"စာရင်းပေးပေးချင်း လိုက်လို့တော့မရဘူး။
ငါကအဖွဲ့ဝင်ထားတာ ကြာပြီမို့"

ဆူပုတ်ပုတ်ကလေးတွေ ဖြစ်သွားသည့်
သူငယ်ချင်းမတွေကြောင့် ချစ်နိုင်းသွားဖြူလေးတွေ ဖြီးပြရုံသာတတ်နိုင်တော့သည်။
ဖြစ်နိုင်ရင် သူတကယ်ခေါ်ချင်ပေမဲ့ စည်းမျဉ်းဟာ စည်းမျဉ်းပဲ မဟုတ်ပါလား။

"စွမ်းဟိန်းရော ငါတို့နဲ့လိုက်မှာလား"

"ဟို ချစ်နိုင်းအောင်လဲ မပါတော့ မလိုက်တော့ပါဘူး"

"နင်ကလဲဟယ် ဆင်ခြေမကောင်းလိုက်တာ"

"အေးလေ ချစ်နိုင်းအောင်များ ကြိုက်နေလားမသိဘူး။ ခုစဉ်းစားမှ နှစ်တိုင်းသူတို့ဘယ်မှမလိုက်ကြဘူး"

"နင်တို့ကလဲ ဟီးဟီး"

နှစ်ယောက်သား မျက်နှာချိုသွေးလို့
အာရုံလွှဲကြပါစေ ဆုတောင်းနေရသည်။
တကယ်တော့ ချစ်နိုင်းက အောင်စာရင်းထွက်ပြီးတိုင်း မေမြို့ပြန်တာဖြစ်ပြီး စွမ်းဟိန်းကလဲ
မြင်းခြံက သူ့မိဘလုပ်ငန်းကို ပြန်ကူရတာဖြစ်သည်။ နှစ်ယောက်မစုံတော့ သူတို့မလိုက်ဖြစ်ကြတော့တာပင်။

တိုင်ပင်မှုတွေအပြီး သူတို့ပြန်ကြတော့
ညနေအတော်စောင်းနေပြီ။ ခရီးသွားအစီစဉ်ကလဲ ဟိုလိုလိုသည်လိုလိုနှင့် နောက်ရက်မှ
ဆက်ပြောကြရအောင်ဆိုကာ ဇာတ်လမ်းပြတ်သွားကြသည်။

ချစ်နိုင်းတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ဆိုင်ကယ်ထားရာဆီ အတူလျှောက်လာကြရင်း အဆက်သွယ်မပြတ်ဖို့ မှာနေကြရသည်။
စွမ်းဟိန်းက သူ့ရဲ့လက်တွေဖြင့် ချစ်နိုင်းဆံပင်တွေကြား ထိုးဖွလို့မပြီး။ ဒီကောင်က အမြဲ ချစ်နိုင်းကို စနောက်ရတာကြိုက်သူဖြစ်သည်။အရပ်ချင်းမကွာပေမဲ့ စွမ်းဟိန်းက ချစ်နိုင်းထက်ပိုတောင့်တင်းတာမို့ ပြန်ချလို့လဲ မနိုင်။

"ကချင်မလေးတွေပဲ လိုက်ငေးမနေနဲ့"
စွမ်းဟိန်းက ချစ်နိုင်းကိုစနေသည်။
ညိုသောအသားအရေရှိပေမဲ့ စွမ်းဟိန်းက
အတော်လေးခံ့ညားသည်။ သူနှင့်ယှဉ်လျှင်
ဖြူစုတ်စုတ်နှင့် ချစ်နိုင်းရုပ်က ဘယ်ချောင်ရောက်သွားမှန်းတောင်မသိ။ ဒါကြောင့်
စွမ်းဟိန်းကို မိန်းကလေးတွေက တအားသဘောကျကြတာဖြစ်မည်။ သူကတော့
တစ်နှစ်ခွဲရည်းစားကိုတောင် လူသိမခံခဲ့ပေမဲ့ပေါ့။ နောက်ပိုင်း နန္ဒာကလည်း စကားလာမပြောတာမို့ သူတို့ဇာတ်လမ်းလည်း တကယ်ပြတ်သွားပုံရသည်။

"ခရီးမသွားခင် ဆံပင်ဆေးဆိုးအုန်းမှာလား"

"အေး .. ဒီတစ်ခါ ပန်းနုရောင်ဆိုးမလားလို့"

စွမ်းဟိန်းက နှာခေါင်းရှုံ့ကာ ချစ်နိုင်းပုခုံးကို လက်သီးနှင့်ဖွဖွထိုးသည်။ သူ့လို လူရိုးက
ဆံပင်ဆေးဆိုးတာ နားဖောက်တာ ဘယ်တုန်းကမှ မလုပ်ဖူးဘူးကိုး။

ချစ်နိုင်းက ဒီနေ့ဝတ်လာသည့် ငွေရောင်နား‌ဆွဲကလေးကို လက်နဲ့ယမ်းပြရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ကျောင်းပိတ်ပြီမို့ သူ့အဖိုးတန် ကလေးလေးတွေကို ကြိုက်သလိုထုတ်ဝတ်လို့ရပြီလေ။ ခရီးမသွားခင်
လက်သည်းအနက်လည်း ပြန်ဆိုးထားအုန်းမည်။

" ဘာပဲဖြစ်ဖြစ် အဆက်သွယ်မပြတ်နဲ့"

"အေးပါ ငစွမ်းရာ။ ခရီးမသွားခင် မင်းကိုဖုန်းဆက်မယ် ဟုတ်ပြီလား"

ခေါင်းငြိမ့်ပြပြီးနောက် စွမ်းဟိန်းက သူ့ကိုနှုတ်ဆက်ကာ ဆိုင်ကယ်နှင့် ပြန်သွားတော့သည်။ ချစ်နိုင်းလည်း ကိုယ့်ဆိုင်ကယ်ကိုယ်ထုတ်လို့ အိမ်ပြန်ဖို့လုပ်ရတော့သည်။
မကြာခင် မန္တလေးရဲ့ဆည်းဆာက မှောင်သွားတော့မည်မို့ ကိုကို့ဆီအမြန်ပြန်ရမည်။

မက်ဆေ့ပို့ထားတာမို့ ခုချိန်ဆို ကိုကိုသိနေလောက်ပါပြီ။ ချစ်နိုင်းသည် လတ်ဆတ်သောလေညင်းကြား ဆိုင်ကယ်ကိုအရှိန်တင်ကာ မောင်းလာခဲ့သည်။ ကားတွေဆိုင်ကယ်တွေ အချိန်ကြာသည့်မီးပွိုင့်တွေကို ဂရုတစိုက်ဖြတ်ကျော်နေရပေမဲ့ နည်းနည်းမှ စိတ်မညစ်။

ခုလေးတင်ပဲ ရလာဒ်ကောင်းထွက်လာလို့
ယုံကြည်မှုရှိနေတာဖြစ်မည်။
ထိုစဉ်က အနာဂတ်ရက်တွေနှင့်
ဖြတ်သန်းရမဲ့ကိစ္စတွေအကြောင်း အလေးနက်မစဉ်းစားတတ်သေး။
ပစ္စုပ္ပာန်ကာလမှာ အရာအားလုံး ပြည့်စုံနေသည့် ကလေးတစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုယ် ထင်နေမိခဲ့သည်။

ကိုကို့ရဲ့ အချစ်ကသာ သူ့ကမ္ဘာရဲ့
အဓိကပန်းတိုင် ဖြစ်နေခဲ့သည်။

....................................

Laptop နှင့် ပြင်ဆင်မှုစားရိတ်တွေတွက်နေတုန်း ဆိုင်ကယ်သံကြားတာမို့ သျှမ်းပြတင်းပေါက်ကနေ ကြည့်လိုက်မိတော့
ကလစ်ဆိုင်ကယ်လေးက ခြံဝကတစ်ဆင့်
အိမ်ဘက်မောင်းလာနေသည်။ ချစ်နိုင်းအောင် အိမ်ပြန်လာပြီ။

နေ့လည်ကတည်းက အောင်စာရင်းကြည့်ဆိုပြီးထွက်သွားတာ အခုမိုးအတော်ချုပ်နေမှ အိပ်ပြန်ရောက်တော့သည်။ခြံထဲက မီးရောင်ဖွေးဖွေးအောက်မှာ ချစ်နိုင်းအောင်က အဝါနုရောင်လက်ရှည်အပါလေး ဝဲနေသည်အထိ
ဆိုင်ကယ်မောင်းလာပြီး ပြတင်းပေါက်ကတစ်ဆင့် သျှမ်းကိုတာ့တာလှမ်းပြသည်။

တကယ်ဆို သူတို့အောင်စာရင်းထွက်ကတည်းက သျှမ်းသိပြီးသား။ ချစ်နိုင်းအောင် မက်ဆေ့ပို့တော့ နောက်တောင်ကျနေပြီ။ ဆရာဦးရဲ့ ခရီးမှာစာရင်းအတိကျထည့်ရမှာမို့သာ အစောကြီးလိုင်းပေါ်တက်ပြီး ထိုင်စောင့်နေရတာဖြစ်သည်။ ကျောင်းမှာ သရုပ်ပြပြန်လုပ်နေသည့် သူငယ်ချင်းကတစ်ဆင့် အောင်စာရင်းကို လှမ်းပြောခိုင်းထားရသည်။ သိချင်လွန်း၍တော့ မဟုတ်။

အိမ်ထဲဝင်လာသည်နှင့် ဖိနပ်ကိုဟိုတစ်ဖက်သည်တစ်ဖက် ချွတ်ခဲ့ကာ သျှမ်းဆီရင်ဘက်ဖွင့်ပြေးလာတဲ့ ငရှုပ်။Laptopကို အမြန်ဖယ်ချမိလို့သာ တော်သေးသည်။မဟုတ်လျှင် သူ့ကိုယ်ကြီးနဲ့ လူပေါ်အတင်းတိုးဖက်တာမို့
ထိခိုက်ရလိမ့်အုန်းမည်။

သျှမ်းကိုယ်ပေါ် နင့်ခနဲဖိထိုင်လာပြီး လက်တွေကဂုတ်မှာခိုကပ်လာတဲ့ ချစ်နိုင်းအောင်။
လေးပင်ကာ နွေးအိနေသောကိုယ်မှ အီလည်နေသောအမွှေးရနံ့တို့ ထွက်နေသည်။
ချစ်နိုင်းအောင်ရဲ့ နားဆွဲတန်းလန်းက သျှမ်းမျက်စိရှေ့မှာ တရမ်းရမ်းဖြစ်လျက်။

"ကိုကို ကျွန်တော်စာမေးပွဲအောင်ပြီ အွန်း.."
အီလေးဆွဲအသံကြီးဖြင့် ကလေးလို ခိုကပ်နေတာကြောင့် လက်မောင်းကနေဆွဲခွာတဲ့အခါ
ပါးပြင်ထက် အနမ်းတချို့က သိပ်သိပ်သည်းသည်းရောက်ရှိလို့လာပြန်သည်။ ငရှုပ်ကတော့ သျှမ်းကိုလုံးဝလေးစားမှုမရှိ။

"မင်းကိုယ်ကြီးက ဖယ်စမ်းပါ။
စာမေးပွဲအောင်တာကို တစ်ဘဝလုံးအောင်မြင်သလိုလုပ်မနေနဲ့"

ချစ်နိုင်းအောင်မျက်နှာက ပြုံးခနဲ။
သွားဖြူဖြူတွေက စီရီနေပြီး မျက်ဝန်းညိုတွေက မှေးမှိတ်လို့သွားသည်။ မျက်ဝန်းအောက်ဖက်က မှည့်နက်ကလေးပါ ထည့်ပေါင်းလိုက်တဲ့အခါ ငရှုပ်က ညနေခင်းရဲ့
လေပြေကလေးလို ပေါ့ပါးနေတော့၏။

"ကိုကို ဒီညအောင်ပွဲခံရအောင်"

"ဘာကိစ္စ"

ကိုယ်ပေါ်ရောက်နေသူကြောင့် သျှမ်းက
မော့ကြည့်ရင်း မေးငေါ့ကာမေးလိုက်သည်။
ချစ်နိုင်းအောင်နှဖူးက သျှမ်းနှဖူးဆီ ဖိကပ်လာပြီး သူတို့ဝင်သက်ထွက်သက်တွေလည်း ရောနှောသွားကြသည်။

"ချစ်နိုင်း စာမေးပွဲအောင်လို့"

နီးနီးကပ်ကပ်မြင်ရတဲ့ မျက်ဝန်းညိုတွေက
မဆွဲဆောင်နိုင်ဘူးပြောရင် သျှမ်းလိမ်ရာကျမှာပေါ့။ အနီးကပ် အလွတ်ရနေတဲ့ ဒီမျက်နှာကို သူအမြင်မကြည်သည့်ကြားမှ အရင်းနှီးဆုံးဖြစ်ခဲ့တာ ကြာခဲ့ပြီမို့လား။ သို့သော်လည်း
သျှမ်းဟာခံစားချက်တွေကို ခံစားချက်အတိုင်းသာ ထားတတ်သည်မို့ ထုတ်ပြရန်အကြောင်းရင်းမရှိချေ။

"အပြင်ထွက်ဖို့ စဉ်းစားမနေနဲ့"
အတွေးနှင့်မဆိုင်စွာ ပါးစပ်ကထွက်သည့်စကား။

ငရှုပ်က ‌ကိုယ်ပေါ်ကဆင်းလို့ မီးဖိုချောင်ဘက်ပြေးထွက်သွားသည်။ ပါးစပ်ကလဲ အအော်မပျက်။
"အပြင်သွားစရာမလိုဘူး ခဏစောင့်"တဲ့လေ။

ဂလောက်ဂလက်အသံတွေနှင့်အတူ
ဗန်းတစ်ခုကိုကိုင်လျက် ချစ်နိုင်းအောင်
ပြန်ထွက်လာသည်။အရင်တစ်ခါ သူ့အဖေပေးခဲ့တဲ့ဝိုင်ဘူးကို ဘယ်မှာသိမ်းထားသည်မသိ။ အခုမှပဲသျှမ်းမြင်ရတော့သည်။

"ဒီမှာ ကိုကို့အတွက်"
ဘေးမှာဝင်ထိုင်လို့ ဝိုင်ခွက်အရှည်ထဲ ငှဲ့ထည့်ပေးလာသည့် နှစ်ချို့ဝိုင်ဟာ အရောင်ဆင်း အင်မတန်လှလို့နေသည်။ တော်ရုံတန်ရုံ သောက်ဖို့လွယ်မည်မဟုတ်။ ခြံပိုင်ရှင်ပေးသွားလို့သာ သူတို့သောက်ရတာဖြစ်သည်။

‌"ရော့"

လက်ချောင်းရှည်များကြားမှ ဝိုင်ခွက်ကိုလှမ်းယူရင်း လျှာစွတ်ရုံစမ်းကြည့်တဲ့အခါ ခံစားချက်က ရှိန်းခနဲ။ ကြာလေကြာလေ အဖိုးတန်လေဆိုသည့် ဝိုင်မျိုးပင်။

ချစ်နိုင်းအောင်က သူ့ခွက်သူကိုင်ကာ သျှမ်းခွက်ကိုလာတိုက်သည့်အခါ ကလောက်ခနဲအသံက အောင်ပွဲရဲ့ သင်္ကေတအဖြစ် ထွက်ပေါ်လို့လာသည်။

"Cheer ကိုကို"

"Congratulations"
နှစ်ယောက်သားရဲ့ ညချမ်းက နူးနူးညံ့ညံ့။
သူတို့ကီးကိုက်ချင်ရင်လဲ ဒီလိုပဲ အေး‌ချမ်းနေတတ်ပါသေးသည်။

သျှမ်းက တမြုံ့မြုံ့ အရသာခံနေပေမဲ့
ငရှုပ်ကတော့ အအေးသောက်သလို ရှယ်ကိုသောက်နေတော့သည်။ တစ်ခွက်ပြီးတစ်ခွက် အငမ်းမရသောက်နေတာမို့ သူဝတ်ထားတဲ့
အင်္ကျီပေါ်ပါ ဝိုင်တွေစီးကျကုန်သည်အထိ။
ကြိုက်ပြီဆို တဇွတ်ထိုးဆန်တာ ချစ်နိုင်းအောင်ရဲ့အကျင့်။ လောဘကလည်း ကြီးသေးသည်။

"ကိုကို "

"ဘာလဲ"

ဘေးခုံမှာ ခြေချထိုင်လို့ သူ့ဒူးခေါင်းပေါ်သူ
မေးထောက်ထားသည့် ချစ်နိုင်းအောင်ပုံစံက
ပုံမှန်မဟုတ်တော့။နဂိုဖြူဖွေးသည့် အသားရည်ဟာ ခပ်ရဲရဲဖြစ်နေပြီး နှုတ်ခမ်းထွေးထွေးဟာလည်း ဝိုင်တို့ဖြင့်စိုစိစိဖြစ်ကာနေသည်။
ဆံပင်ပွပွတွေကြောင့် လူပုံစံကြည့်ရတာ
ဖရိုဖရဲဖြစ်လျက်။

"ဒီနေ့ ချစ်နိုင်းကို ဆုပေးမလား"
ဝိုင်မော့သောက်နေရင်း သျှမ်းမျက်ခုံးပင့်မိသွားသည်။ ရီဝေဝေဖြစ်နေသည့် မျက်ဝန်းတွေက သျှမ်းဆီကနေမခွာ။ သောက်လက်စကို အမြန်မော့ချပြီး ခွက်ကိုခုံပေါ်တင်တော့
သျှမ်းလုပ်သမျှ အကုန်လိုက်ကြည့်နေပြန်သည်။

"ဝိုင်က မူးတာလဲမဟုတ်ဖူး။
မူးရင်လဲ သွားအိပ်ရင်အိပ်တော့"
ဘာကို ဦးတည်နေသလဲသိနေတာမို့
သျှမ်းစကားလမ်းကြောင်းလွှဲလိုက်သည်။
သူတို့အတူမနေ‌တာ အတော်ကြာနေပြီ။
အရင်တစ်ခေါက် ခရီးမသွားခင်ကဆိုတော့
လေးလ‌နီးပါးရှိတော့မည်။

အိပ်ရာပေါ်က ကိစ္စတွေဟာ အမြဲနှစ်ဦးသဘောတူဖြစ်ခဲ့တာကြောင့် သိပ်တော့မထူးဆန်း။ ထူးဆန်းတာက သျှမ်းပင်။
အစပိုင်း သူ့ဘက်ကအမျိုးမျိုးရှောင်တိမ်းငြင်းဆန်ခဲ့ပေမဲ့ အဆုံးမှာတော့ သူကိုယ်တိုင်ကိုက အရှိန်အတောမသတ်နိုင်ဖြစ်ရစမြဲ။
ပက်သက်မှုကြာ‌လာလေ အထိအတွေ့တွေဟာ ပုံမှန်သာယာမှုလိုအင်ဆန္ဒထက်ပိုကြောင်း သူ့ကိုယ်သူသိရှိလာလေဖြစ်သည်။

ခုလည်း သူ့စိတ်သူဝေခွဲမရဖြစ်နေတာကြောင့် မသိချင်ယောင်ဆောင်ကာ စာရင်းဆက်လုပ်ဖို့ပြင်လိုက်သည်။ Laptopကိုယူရန်လက်ပြင်တုန်းရှိသေး မေးစေ့ကနေဆွဲမော့ခံလိုက်ရကာ သျှမ်းနှုတ်ခမ်းတွေ ပူထူသွားရသည်။ ရုတ်တရက် ကိုယ်ပေါ်တက်ထိုင်လာသည့် ချစ်နိုင်းအောင်က သူ့လက်တွေကိုအငြိမ်မနေ။ သျှမ်းရဲ့မေးရိုးတွေ လည်ပင်းတွေကို ပွတ်သပ်လို့လာတော့သည်။

နှုတ်ခမ်းတစ်ခုလုံးလစ်လပ်ချိန်မရအောင်
ပွတ်တိုက်ခံနေရပြီး ဆွဲငုံကိုက်ဆွဲမှုကြောင့်
ပွင့်ဟသွာသည့် ခံတွင်းဟာလည်း ရစ်ပတ်မှုတို့ဖြင့်ပြည့်နှက်သွားသည်။ ချစ်နိုင်းအောင်ရဲ့ကိုယ်ဟာ အထက်အောက်နိမ့်ချည်မြင့်ချည်
ပွတ်တိုက်တွယ်ကပ်နေပြီး သူတို့ရဲ့ကိုယ်လုံးတွေက နီးထွေးအိုက်စပ်လာကြသည်။

အောက်ဘက်မှအထိတွေ့တွေဟာ အဝတ်စားများခံနေသည့်တိုင် ပြင်းရှလျက်။
မောဟိုက်နေသည့် အသက်ရှူသံတွေကြား
ချစ်နိုင်းအောင်ရဲ့ လိုအင်ဆန္ဒတွေကို
မြင်လိုက်ရတဲ့အခါ စောစောက ခါးသွယ်သွယ်ကနေတွန်းဖယ်ဖို့လုပ်နေတဲ့ သူ့လက်တွေဟာ ပိုမိုတင်းကြပ်သွားကြတော့သည်။

ဖိညှစ်ကိုင်လိုက်မိတဲ့ ကိုယ်လုံးအ‌ထိတွေ့ကြောင့် နီရဲနေသည့်မျက်နှာကမဲ့ခနဲ။
သို့သော်ချစ်နိုင်းအောင်က ထိုနာကျင်မှုကို
အာရုံသိပ်မစိုက်ပဲ သျှမ်းရဲ့ပါးပြင်ကို
သူ့ပါးနှင့်ပွတ်သပ်လာပြန်သည်။ သူ့နားက
နားဆွဲရဲ့ခပ်အေးအေးအထိတွေ့ကိုပါ သျှမ်းခံစားနေရ၏။

"အင်း......ဟင်း"

မောဟိုက်ညည်းညူသံတွေက ကြီးမားတဲ့
လိုအင်ဆန္ဒတွေကို အလျှံတောက်လောင်လာဖို့ မီးစာဖြည့်နေပါသလို။ မျက်ဝန်းတွေ မှေးမှိတ်မိသွားသည်အထိ သျှမ်းဟာဒီခံစားချက်တွေမှာ စီးမြောပါဝင်သွားခဲ့ရပြီ။

တဖြေးဖြေးတင်းမာလာတဲ့ ခန္ဓာကိုယ်တိုက်ပွဲက မထိတထိနှင့်ရပ်မည့်ပုံမပေါ်။ လည်ပင်းတွေအထိ တိုးဝှေ့နမ်းလာတဲ့ နှုတ်ခမ်းတွေကြောင့် သျှမ်းက ကိုယ်ပေါ်မှာခွထိုင်လျက်သားဖြစ်ချင်တိုင်းဖြစ်နေသူကို တင်ပါးအောက်ကဆွဲမလို့ မတ်တပ်ရပ်လိုက်သည်။

အင့်ခနဲ ညည်းသံနှင့် သူ့ကိုတွယ်ဖက်လာသည့်လက်တွေ။ မျက်ဝန်းညိုတွေက မသိနားမလည်တဲ့ ယုန်သူငယ်လိုဟန်ဆောင်လာတဲ့အခါ သျှမ်းမျက်ဝန်းတွေက စူးရှလို့သွားသည်။ ရင်ဘတ်ချင်းအပ်လာသူက ဘယ်အချိန်ကတည်းက အင်္ကျီတွေချွတ်ထားသည်မထိ။ သျှမ်းရဲ့ ရှပ်အင်္ကျီရင်ခွဲဟာ ကြယ်သီးတစ်လုံးမှတပ်လျက်မရှိတော့သလို သူကိုယ်တိုင်လဲ ပခုံးကနေ အကုန်လျှောကျနေခဲ့ပြီ။

ပင့်ချီမလျက် အိပ်ခန်းဆီဦးတည်တော့
နားထဲရောက်လာသည့်အသံတိုးတိုး။

"ကိုကို့ ထီးလေးတွေ အခန်းဝက ဒုတိယအံဆွဲထဲမှာ"

သျှမ်းမျက်ခုံးတွေက ချက်ချင်းတွန့်ချိုးလို့လာသည်။ ထပ်ပြီး ဒီနွံထဲကနေ သူမထနိုင်ပြန်ဘူး။ ဒုန်းစိုင်းနေသည့်ရင်ခုန်သံတွေနှင့်
သူ့ခံစားချက်တွေက ပေါက်ထွက်မတတ်ဖြစ်နေပြီး သူ့ကိုယ်သူဒေါသဖြစ်ခြင်းတွေပါ တွဲပါလာတဲ့အခါ ဘာကိုမှအစိုးမရနိုင်တော့။
ခြေလှမ်းကျဲကြီးတွေနှင့် အခန်းဆီလျှောက်လာခဲ့လိုက်သည်။သူ့မေးရိုးတစ်လျှောက်နှင့် နားတွေကတော့ ပူထူနေအောင် အနမ်းခံနေရဆဲ။

ဂျွိခနဲ ဆွဲဖွင့်ခံလိုက်ရတဲ့အံဆွဲလေးဟာ
အပြစ်မရှိပါပဲ အမဲခံနေရရှာသည်။ လက်တစ်ဖက်က ချစ်နိုင်းအောင်ကိုထိန်းပွေ့ထားရင်း နောက်တစ်ဖက်က အကာကွယ်များနှင့်
Lubricantဘူးကို လက်တစ်ဆုပ်ယူလိုက်သည်။  ပြီးမှ ကုတင်ဆီလျှောက်လာခဲ့လိုက်၏။

သွေးကြောတွေက တဒိတ်ဒိတ်မြည်လျက်
ချက်ချင်းပဲ ပေါက်ထွက်တော့မလို။
အစပျိုးရေး လုပ်ငန်းစဉ်တွေမှာ ချစ်နိုင်းအောင်ရဲ့အပြုမူတစ်ခုချင်းစီက သျှမ်းကိုသွေးပွက်ပွက်ဆူလာစေသည်။

ချစ်နိုင်းအောင် အဆင်ပြေအောင် အသင့်ပြင်ပေးပြီးမှ သေချာနည်းလမ်းတကျ သူကိုယ်သူပြင်ဆင်ရတဲ့အခါ ခါးကိုလာလာထိတွေ့လာသည့် ခြေချောင်းတွေ။ အိပ်ရာထက်လဲလျောင်းနေရင်း မောဟိုက်တုန်ယင်နေသည့် ပုံစံကိုမြင်တဲ့အခါ သျှမ်းမျက်ခုံးတွေဟာ တွန့်သထက်တွန့်ချိုးလို့လာတော့သည်။

"အင်း....အ..ကိုကို"
ဆွဲဆွဲငင်ငင်ညည်းညူသံနှင့် ခါးကိုချိတ်တွယ်လာသည့်ခြေချောင်းတွေ။ သျှမ်းရဲ့လက်တွေက ချစ်နိုင်းအောင်မေးစေ့ကိုဆွဲယူမော့စေကာ သိပ်သည်းသောအနမ်းတို့ကိုတာရှည်စေလိုက်သည်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားတိုက်ခတ်မှုဟာလဲ အရှိန်မပျက်။
ကျောပြင်ဟာ ချစ်နိုင်းအောင်ရဲ့ဖက်တွယ်မှုကြား တင်းကြပ်နေသည်။

ခံစားချက် ရေယာဉ်ဟာအလျှင်မပျက်
ဒူးခေါက်ကွေးတွေကို ခေါက်သထက်ခေါက်လို့ ပိုမိုပြင်းထန်သည့် တိုးဝင်မှုတွေဆီဦးတည်တော့ ချစ်နိုင်းအောင်က ရုန်းကန်ချင်လာသည်။ ပါးပြင်တို့ကိုဆွဲငုံမတတ်ဖိနမ်းလို့
နားရွက်ဖျားတွေကိုပါ ဆွဲကိုက်ပါမှ တအိအိနှင့် ပြန်ငြိမ်သက်သွား၏။အေးစက်စက်နှင့် နားဆွဲကပါ သျှမ်းခံတွင်းထဲ ဝင်ရောက်နေခဲ့သည်။

"အင်း....ရှုပ်လိုက်တာ.."
သျှမ်းညည်းသံကြောင့် တသိမ့်သိမ့်တုန်သွားသည့် ကိုယ်လုံး။ သဘောတကျနှင့် ဆံပင်တွေကိုဆွဲကာ နူးညံ့စွာကြည့်လို့လာသည်။ ထိုအကြည့်တွေဟာ လုပ်ယူထားခြင်းမရှိသည့်တိုင် ရှောင်ဖယ်ရခက်လွန်းလှသည်။

သျှမ်းရဲ့ ကျေနပ်ခြင်းတွေကတော်ရုံနှင့်မရောက်လာနိုင်။ အခြေအနေပေါင်းစုံနှင့်
ပေါင်းစပ်ခြင်းတွေမှာ သူတို့ဟာမတင်းတိမ်နိုင်ခဲ့ကြ။ လိမ်ယှက်နေတဲ့နွယ်‌များကြားထဲ
ဆွဲမြုပ်ပြီးရင်း မြုပ်သွားခဲ့ကြသည်။ အော်ဟစ်သံနှင် ကိုယ်ချင်းလုံးထွေးရိုက်ခတ်သံတွေကလဲ တစ်ခန်းလုံးပြည့်ကျပ်လျက်။

"ကိုကို....ဟင်း..."

အဆုံးသတ်မှာတော့ ချစ်နိုင်းအောင်က
သျှမ်းရင်ခွင်ထဲပြိုကျလို့လာသည်။
မောဟိုက်နေသည့် နိမ့်ချည်မြင့်ချည်ရင်ဘတ်ပေါ်မှာ ချစ်နိုင်းအောင်ကလဲ နိမ့်တစ်ခါမြင့်တလှည့်ဖြစ်လျက်သား မှောက်ပြားလေး။

"ကိုကို..."
အသံက တိုးဖျော့ဖျော့။ အသက်ရှူသံပြင်းပြင်းကို သျှမ်းခံစားရသည်။ ချွေးတွေစိုရွှဲနေတာကြောင့် သူတို့ကိုယ်တွေ အေးစက်စက်။

"အင်း.."
အောက်ဘက်က စောင်ကိုနှစ်ယောက်ပေါ်လွှမ်းလိုက်ရင်း သျှမ်းထူးလိုက်သည်။
ချစ်နိုင်းအောင်က အအေးဒဏ်အကြာကြီးမခံနိုင်။ ချွေးအအေးပတ်ပြီးမဖျားခင် သန့်ရှင်းရေးလုပ်ပြီး ဆေးတိုက်မှရမည်။

"ချစ်နိုင်းကို ချစ်လား"
သျှမ်းရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။ သူ့ခံစားချက်တွေက ငြိမ်သက်လျက်။
ဒေါသထွက်နေသလောက်တောင် တုန်လှုပ်ရင်ခုန်မှုရှိမနေ။ သျှမ်းဟာ ရင်ခုန်မနေ။
ထိုမေးခွန်းက သျှမ်းကိုရင်ခုန်အောင်မလုပ်။
မကြာခဏကြားနေရတာမို့ ရိုးသွားတာလဲဖြစ်ချင်ဖြစ်မည်။

"ပင်ပန်းနေရင် အိပ်လိုက်။ ငါ သန့်ရှင်းရေးလုပ်လိုက်မယ်"

ထိကပ်နေသည့် ချစ်နိုင်းအောင်ကိုယ်လုံးက
ပိုအေးစက်သွားသလို ခံစားရသည်။
ချစ်နိုင်းအောင်က ဒီမေးခွန်းမေးရတာ မငြီးငွေ့နိုင်ဘူးလားမသိ။ အပေါ်ယံအဖြေတွေအတွက် မမောနိုင်မပန်းနိုင်သူမို့ မေးတတ်လွန်းသည်။ သျှမ်းကလဲ ဘယ်တော့မှ ညာမဖြေတတ်။

"အဟင်း..."
ရယ်သံတိုးတိုးက အရင်တုန့်ပြန်မှုတွေအတိုင်း မခြားနားစွာထွက်ပေါ်လာ၏။
သို့သော် ဒီတစ်ကြိမ်မှာတော့ ချစ်နိုင်းအောင်က စကားကိုဆက်သည်။ သူ့အသံက လေညင်းလေးလို ခပ်တိုးတိုးသာ။ သို့သော် သျှမ်းကတော့ အသေချာလေးကြားလိုက်ရပါသည်။

"ချစ်နိုင်း နှလုံးသားကို
နာကျင်အောင်မလုပ်နဲ့ကိုကို။
ကိုကိုပဲ နာကျင်ရလိမ့်မယ်။"

"..."

"ကိုယ်ပိုင်တဲ့ နှလုံးသားကို
တန်ဖိုးလေးထားစမ်းပါ...ဟင်း.."

သက်ပြင်းချသံတိုးတိုးနှင့် အဆုံးသတ်သွားသည့် စကားလုံးတွေက ပေါ့ပေါ့ပါးပါးမရှိ။
သျှမ်းခံစားချက်တွေဟာ လေးလံလာသည်။
တဖြေးဖြေးနှင့် အတုပ်နှောင်ခံနေရသလိုမျိုး
သျှမ်းခံစားရသည်။ သူ့နှလုံးသားက အခုမှ ထိတ်ခနဲတုန်လျက်။

သူ့ရင်ခွင်ထဲက ချစ်နိုင်းအောင်ကတော့
မျက်ဝန်းတွေကိုမှိတ်ကာ ငြိမ်သက်နေပြီဖြစ်သည်....။

...................................................
စာရေးသူ၏ အမှာစာ:
အပေါ်မှာ သတိပေးချက်ရေးထားတာမို့
အားလုံး စိတ်အနှောက်ယှက်မရှိဖို့ မျှော်လင့်ပါတယ်။ Wattpad မှာ Adult senceတွေက
ထွေထွေထူးထူးမဟုတ်ပေမဲ့ နည်းနည်းတော့ထပ်ပြီး သတိပေးချင်ပါတယ်။ တချို့လည်း
ဒါတွေ သိပြီးသားဖြစ်ကြမှာပါ။

လိင်ပိုင်းဆိုင်ရာ ပက်သတ်မှုတွေရှိလာတော့မယ်ဆို အကာကွယ်သုံးဖို့မမေ့ပါနဲ့။
လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ
မဖြစ်ပွားဖို့ ကာကွယ်ရပါမယ်။
မိမိကစ ကာကွယ်ပါပေါ့။

ဒီနေ့အပိုင်းက အတော်လဲ ရှည်သွားပါပြီ။
ဒါဆို နောက်ရက်မှ တွေ့ကြရအောင်နော်

Zawgyi

႐ုန္းထြက္ မရျခင္းမ်ား ၈

(This Chapter contains making love sences and not suitable for under 18. So ,Read at your own risk and skip the last phrases if you are sensitive with adult sences)

ေရခဲမုန႔္ဆိုင္ထဲထိုင္ေနေပမဲ့ သူတို႔စိတ္ေတြက နည္းနည္းမွ ေအးမေန။ အားလုံးက ေမ်ာက္အိုေလးေတြလိုမ်ိဳး မွိုင္ေတြေတြရွိေနၾကကာ
စကားလဲသိပ္မေျပာၾက။ လြန္ခဲ့တဲ့ နာရီဝက္ေလာက္အထိ တစ္ေယာက္ႏွင့္တစ္ေယာက္
စေနာက္ေနခဲ့ၾကေပမဲ့ အခုေတာ့အေျခေနက လိုတာထက္ပိုၿပီးတိတ္ဆိတ္ေနသည္။

စားပြဲထိုးေလးက သူ႕တို႔စားပြဲကို ကြက္ၾကည့္ကြက္ၾကည့္ႏွင့္။ အေစာကပဲ တေဟးေဟးတဟားဟားေအာ္ေနၾကၿပီး အခုေတာ့တရားထိုင္ေနၾကသလိုၿငိမ္သက္ေနၾကတာမို႔ အံ့အားသင့္ေနပုံေပၚသည္။

ခ်စ္နိုင္း သူ႕ေရွ႕က အရည္သာက်န္ေတာ့သည့္ ဖာလူဒါခြက္ကိုစိုက္ၾကည့္ေနရင္း
သူေစာေစာကစားထားတာ ဘာအရသာလဲဆိုတာ ျပန္ေတြးေနမိသည္။ ႏွစ္တိုင္း ဒီလိုအခ်ိန္ဆို သူ႕မွာေလာကႀကီးနဲ႕အဆက္ျပတ္သလို ေၾကာင္ေတာင္ေတာင္ျဖစ္ရ၏။ စာေမးပြဲ ေအာင္စာရင္းမထြက္ခင္ မိနစ္ပိုင္းအလိုကာလေပါ့။

ေဆးေက်ာင္း ေအာင္စာရင္းေတြက စာေမးပြဲၿပီးတာႏွင့္ တန္းထြက္လာတာေၾကာင့္ သူတို႔ေကာင္းေကာင္းနားရသည္မရွိ။ ေရွ႕ကစာေတြ ေျဖနိုင္ခဲ့ရဲ႕လားဆိုတာ မသိခင္မွာပဲသူတို႔ကို ေအာင္စာရင္းေစာင့္ေနၿပီ။ စိုးရိမ္စိတ္ကေလးေတာ့ရွိ၏။ ေျဖနိုင္သလားကိုယ့္ကိုယ္ကိုယ္ ျပန္မေတြးတတ္တာမို႔ ခုထိရလာဒ္ကိုမခန႔္မွန္းတတ္။ အေရးႀကီးတဲ့ႏွစ္မွ ေက်ာင္းေခၚခ်ိန္မျပည့္လို႔ တိုင္စာကအပို႔ခံထားရေသးသည္။

ရသမွ် ဘုရားဂုဏ္ေတာ္ေတြအကုန္႐ြတ္လို႔
ဘုရားမွတစ္ပါး ကိုးကြယ္ရမရွိလုပ္ကာ
ခ်စ္နိုင္းဆုေတာင္းေနရသည္။ ဒီစာေမးပြဲ
ေအာင္ကိုေအာင္မွျဖစ္မည္။ ကခ်င္ခရီးစဥ္ကို ေသခ်ာေပါက္ ခ်စ္နိုင္းလိုက္ခ်င္သည္။
ကိုကို႔ဆီက ေတာ္သားပဲဆိုသည့္ ခ်ီးက်ဴးမႈေတြခ်စ္နိုင္းလိုခ်င္သည္။

ေနာက္ဆုံးဘာသာမေျဖခင္ ဆရာဦးဆီမွ ဖုန္းဆက္လာကတည္းက ခ်စ္နိုင္းစိတ္ကူးေတြယဥ္ခဲ့ရ၏။ Oo Group ရဲ႕ ဒီတစ္ေခါက္ေဒသဆိုင္ရာ ေထာက္ပံ့ေရးခရီးစဥ္မွာ ခ်စ္နိုင္းနာမည္ျဖည့္ေပးထာတာမို႔ စာေမးပြဲကို လုံးဝ Clear Passေအာင္ လုပ္ပါတဲ့ေလ။
ခ်စ္နိုင္းကေတာ့ အဲ့ကတည္းက ကခ်င္ေျမမွာ ကိုကိုႏွင့္ အတူသြားလာေနသည့္ ပုံရိပ္ေတြကို စိတ္ကူးယဥ္ၿပီးေနၿပီျဖစ္သည္။

ေဖေဖ့ဆီ ခြင့္ႀကိဳေတာင္းထားေတာ့လဲ မျငင္း။ စာေမးပြဲေအာင္ရင္ ႀကိဳက္ရာသာလုပ္ဆိုတာမို႔ ဒီစာေမးပြဲေအာင္ဖို႔ကသာ အကၡရာျဖစ္ေနေတာ့သည္။ ခ်စ္နိုင္းရင္ထဲ ေသခ်ာသလိုလို ၊ မေသခ်ာသလိုလို။ ကခ်င္စိတ္ကူးကေလးကိုေတာင္ ေခါင္းထဲကခဏထုတ္ရင္း
ဖုန္းသံျမည္လာမွာကို ေစာင့္ေနရသည္။

ေလာေလာဆယ္ သူတို႔Sectionက ခုံနံပါတ္နီးတဲ့ ေျခာက္ေယာက္ေလာက္ အတူတူရွိေနတာျဖစ္ၿပီး စြမ္းဟိန္းက ခ်စ္နိုင္းေဘးမွာထိုင္လို႔ေနသည္။ သူလည္းရင္တုန္ေနပုံရ၏။
ေရခဲမုန႔္ဇြန္းႀကီးကိုကိုင္ထားရင္း ၿငိမ္ေနရွာသည္။

တီ*
မက္ေဆ့ဝင္သံႏွင့္အတူ သူတို႔မ်က္လုံးေတြဆုံသြားၾကသည္။ အတူထိုင္ေနသည့္ ကေလးမတစ္ေယာက္ဆီမွဖုန္း။ သူမက တုန္တုန္ယင္ယင္ႏွင့္ အိတ္ထဲကဖုန္းကိုထုတ္ကာ မက္ေဆ့ကိုဖြင့္ၾကည့္သည္။ တုန္လႈပ္ေနသည့္ သူမမ်က္ႏွာကိုၾကည့္ေနရသူေတြလည္း ရင္တုန္းပန္းတုန္ႏွင့္။

" ေအာ္ရီဒူးက ပက္ေက့ခ္်အသစ္ ေၾကာ္ညာတာႀကီး"

"ဟာ"

" ဘာမ်ားလဲလို႔"

"ရင္တုန္သြားတာပဲ"

‌စိတ္လႈပ္ရွားေနသည့္ၾကားမွ သူတို႔ရယ္မိၾကသည္။ အေရးထဲ ဖုန္းေအာ္ပေရတာေတြက
တစ္မ်ိဳး။

ရယ္သံေတြ တြတ္ထိုးသံေတြက ခဏအတြင္းျပန္ၿငိမ္သက္သြားကာ ေစာေစာကလိုပဲ
တိတ္ဆိတ္မႈက ႀကီးစိုးသြားျပန္သည္။ဆိုင္ထဲမွာ သူတို႔အုပ္စုပဲရွိတာမို႔ တိတ္သင့္တာထက္ပင္ ပိုတိတ္ဆိတ္ေနေတာ့သည္။

"ေအာင္စာရင္းေတြ စေနၿပီတဲ့
ECစာပို႔ထားတယ္ gpထဲဝင္ၾကည့္ၾက"
တစ္ေလွ်ာက္လုံး ဖုန္းထိုင္ၾကည့္ေနသည့္
နဒီ့ဆီမွ အသံထြက္လာသည္။ သူမက ေအာက္ေလွ်ာက်ေနသည့္ မ်က္မွန္ဝိုင္းကိုပင့္တင္လ်က္ ေအာင္စာရင္းၾကည့္ဖို႔ အသင့္ျဖစ္ေအာင္ လုပ္ေနပုံရသည္။

နဒီ့စကားေၾကာင့္ ဖုန္းကိုယ္စီဖြင့္လိုက္ၾကတဲ့သူတို႔။ ဂ႐ုထဲမွာ ေအာင္စရင္းေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ဝင္ေျပာေနၾကသည္။ ဖုန္းေျခာက္လုံးဆီမွ နိုတီသံေတြက
ဆိုင္အတြင္းခ်က္ခ်င္းကို ဆူညံသြားေစေတာ့၏။

"သာႀကီး နင့္နာမည္ပါလာၿပီ"

နဒီ့ေအာ္သံႏွင့္အတူ သာႀကီးဆီမွ "တကယ္လား" ဆိုသည့္ ရင္ေခါင္းသံႀကီးက ကပ္ပါလာသည္။ေအာင္သြားတာမို႔ သူတို႔ဂုဏ္ျပဳေနတုန္းပဲ နဒီႏွင့္ အျခားႏွစ္ေယာက္ရဲ႕ ေအာင္စာရင္းပါ ေပၚလာခဲ့ၿပီ။
"အမေလး ေပ်ာ္လိုက္တာ" "၆ႏွစ္ေက်ာ္လုံး
ေသခ်င္ေစာ္နံရက်ိဳး နပ္ပါၿပီ" စသည့္
ေရ႐ြတ္သံေတြက ဆက္တိုက္ ဆက္တိုက္ေပၚလာေတာ့၏။

နာမည္မလာေသးတဲ့ ခ်စ္နိုင္းနဲ႕စြမ္းဟိန္းမွာသာ ဇီး႐ြက္ေလာက္မ်က္ႏွာေလးေတြႏွင့္
တိတ္တိတ္ေလး ေအာင္စာရင္းေစာင့္ေနရသည္။ "ေအာင္လိုက္ပါ ေအာင္လိုက္ပါ" ဆိုသည့္စကားလုံးကို ဘယ္ႏွႀကိမ္ေလာက္ ေရ႐ြတ္မိမွန္းမသိ။

သူတို႔ႏွစ္ေယာက္နာမည္ တက္လာပါမွ
သက္ျပင္းခ်ကာ ႏွစ္ေယာက္သား ပုခုံးခ်င္းတိုက္မိလိုက္ၾကေတာ့သည္။ စိတ္လႈပ္ရွားၿပီး
ေအးစက္ေနသည့္ လက္ေတြက အခုမွေသြးျပန္စီးသလားထင္ရ၏။

"ခ်စ္နိုင္းေအာင္ နင္ Clear passတယ္" ဆိုတဲ့
အေျပာေလးေအာက္မွာ လက္သီးဆုပ္ႏွစ္ဖက္ကို ခါယမ္းမိသည္အထိ ခ်စ္နိုင္းစိတ္ခံစားခ်က္ ေကာင္းသြားရသည္။

"အကုန္ ေအာင္မွာပါလို႔ ေျပာသားနဲ႕"

"အေပ်ာ္ စိတ္လႈပ္ရွားၾကည့္တာပါ"

‌‌အေစာက ခ်ီးခ်မ္းေအာင္ေၾကာက္ေနၾကတာ
သူတို႔မဟုတ္ေတာ့သလိုမ်ိဳး ခုေတာ့ တက္တက္ႂကြႂကြ ႀကီးႀကီးက်ယ္က်ယ္ေတြ ေျပာေနၾကၿပီ။

"နင္တို႔ အလုပ္သင္မဝင္ရခင္ ဘာလုပ္ၾကမွာလဲ ခရီးစုသြားၾကမလား"

"ငါလဲသြားခ်င္တယ္။ ကေလာသြားမလား
ပုဂံသြားမလားဟဲ့"
မိန္းကေလးေတြဆီမွ ပြစိပြစိတိုင္ပင္သံေတြထြက္လို႔လာၿပီ။ ေယာက္်ားေလးေတြကေတာ့
ဂိမ္းခ်ိန္းေဆာ့ဖို႔ ဖူဆယ္ကြင္းသြားဖို႔ ဖုန္းႏွင့္အခ်ိတ္ဆက္လုပ္ေနၾကၿပီ။ ခ်စ္နိုင္းကေတာ့ ေဖေဖ့ဆီအရင္ ဖုန္းဆက္လိုက္၏။ တိုင္ပင္သူေတြ စကားဝိုင္းကေန ခဏခြဲထြက္ၿပီးေတာ့ေပါ့။ စြမ္းဟိန္းလည္း သူ႕မိဘေတြဆီ ဖုန္းဆက္ေနပုံရသည္။

"ဟယ္လို ေဖေဖ"

"..."

"အဲ့ဒါဆက္တာ။သား ေအာင္တယ္သိလား"

"..."

"ဟီးဟီး ေျပာပါတယ္ ယုံၾကည္စမ္းပါလို႔"

"..."

"အန္ကယ္တို႔ကို မေျပာရေသးဘူး။
ေဖေဖ့ဆီအရင္လွမ္းေျပာတာ"

"..."

"ဟုတ္ဟုတ္။ အဲ့ဒါ‌ဆို ေဖေဖဆက္လိုက္ေတာ့"

"..."

"ကိုကို႔ကိုက သားပဲေျပာလိုက္မယ္"

"..."

"ဟုတ္ ဒါပဲေနာ္။ ေနာက္မွ ဖုန္းထပ္ဆက္လိုက္မယ္"

ဖုန္းခ်ၿပီးတာႏွင့္ စကားဝိုင္းထဲ ခ်စ္နိုင္းျပန္ဝင္သည္။ မိန္းကေလးအုပ္စုရဲ႕ ခရီးသြားေရးက အခုထိေနရာသတ္မွတ္လို႔မၿပီး။
ေငြေဆာင္ကေန မိုးကုတ္ေရာက္သြားျပန္ၿပီ။

"ေဟ့ စြမ္းဟိန္းနဲ႕ ခ်စ္‌နိုင္းေအာင္ေရာ လိုက္မွာလား"

သူတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္
ၾကည့္မိလိုက္ၾကသည္။ ျမင္းၿခံသား
စြမ္းဟိန္းက လိုက္ခ်င္ပုံမေပၚ။ သူ႕မ်က္ႏွာက အင္းအဲလုပ္ရ ခက္ေနသည့္အေျခအေနမို႔ ခ်စ္နိုင္းကပဲ အရင္စကားျဖတ္ရသည္။

"ငါက ကခ်င္ဘက္သြားဖို႔ရွိတယ္"

"ဟယ္ ဟုတ္လား"

"ငါတို႔ေရာ လိုက္လို႔ရလား ျမစ္ႀကီးနားဆို
ငါတို႔ဖာသာလိုက္ခဲ့မယ္ေလ"

"ေအး အဲ့ဒါေကာင္းသား"

႐ုတ္တရက္ ျမစ္ႀကီးနားအစီစဥ္ ေရာက္သြားျပန္ေတာ့ ခ်စ္နိုင္းတားရျပန္သည္။

"အဲ့ထက္‌ေဝးတယ္ လူမႈကူညီေရးအဖြဲ႕စည္းေတြနဲ႕ လိုက္သြားမွာရယ္"

"ဟယ္ ငါတို႔ေရာ စာရင္းေပးလို႔ရလား"

"စာရင္းေပးေပးခ်င္း လိုက္လို႔ေတာ့မရဘူး။
ငါကအဖြဲ႕ဝင္ထားတာ ၾကာၿပီမို႔"

ဆူပုတ္ပုတ္ကေလးေတြ ျဖစ္သြားသည့္
သူငယ္ခ်င္းမေတြေၾကာင့္ ခ်စ္နိုင္းသြားျဖဴေလးေတြ ၿဖီးျပ႐ုံသာတတ္နိုင္ေတာ့သည္။
ျဖစ္နိုင္ရင္ သူတကယ္ေခၚခ်င္ေပမဲ့ စည္းမ်ဥ္းဟာ စည္းမ်ဥ္းပဲ မဟုတ္ပါလား။

"စြမ္းဟိန္းေရာ ငါတို႔နဲ႕လိုက္မွာလား"

"ဟို ခ်စ္နိုင္းေအာင္လဲ မပါေတာ့ မလိုက္ေတာ့ပါဘူး"

"နင္ကလဲဟယ္ ဆင္ေျခမေကာင္းလိုက္တာ"

"ေအးေလ ခ်စ္နိုင္းေအာင္မ်ား ႀကိဳက္ေနလားမသိဘူး။ ခုစဥ္းစားမွ ႏွစ္တိုင္းသူတို႔ဘယ္မွမလိုက္ၾကဘူး"

"နင္တို႔ကလဲ ဟီးဟီး"

ႏွစ္ေယာက္သား မ်က္ႏွာခ်ိဳေသြးလို႔
အာ႐ုံလႊဲၾကပါေစ ဆုေတာင္းေနရသည္။
တကယ္ေတာ့ ခ်စ္နိုင္းက ေအာင္စာရင္းထြက္ၿပီးတိုင္း ေမၿမိဳ႕ျပန္တာျဖစ္ၿပီး စြမ္းဟိန္းကလဲ
ျမင္းၿခံက သူ႕မိဘလုပ္ငန္းကို ျပန္ကူရတာျဖစ္သည္။ ႏွစ္ေယာက္မစုံေတာ့ သူတို႔မလိုက္ျဖစ္ၾကေတာ့တာပင္။

တိုင္ပင္မႈေတြအၿပီး သူတို႔ျပန္ၾကေတာ့
ညေနအေတာ္ေစာင္းေနၿပီ။ ခရီးသြားအစီစဥ္ကလဲ ဟိုလိုလိုသည္လိုလိုႏွင့္ ေနာက္ရက္မွ
ဆက္ေျပာၾကရေအာင္ဆိုကာ ဇာတ္လမ္းျပတ္သြားၾကသည္။

ခ်စ္နိုင္းတို႔ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ဆိုင္ကယ္ထားရာဆီ အတူေလွ်ာက္လာၾကရင္း အဆက္သြယ္မျပတ္ဖို႔ မွာေနၾကရသည္။
စြမ္းဟိန္းက သူ႕ရဲ႕လက္ေတြျဖင့္ ခ်စ္နိုင္းဆံပင္ေတြၾကား ထိုးဖြလို႔မၿပီး။ ဒီေကာင္က အၿမဲ ခ်စ္နိုင္းကို စေနာက္ရတာႀကိဳက္သူျဖစ္သည္။အရပ္ခ်င္းမကြာေပမဲ့ စြမ္းဟိန္းက ခ်စ္နိုင္းထက္ပိုေတာင့္တင္းတာမို႔ ျပန္ခ်လိဳ႕လဲ မနိုင္။

"ကခ်င္မေလးေတြပဲ လိုက္ေငးမေနနဲ႕"
စြမ္းဟိန္းက ခ်စ္နိုင္းကိုစေနသည္။
ညိုေသာအသားအေရရွိေပမဲ့ စြမ္းဟိန္းက
အေတာ္ေလးခံ့ညားသည္။ သူႏွင့္ယွဥ္လွ်င္
ျဖဴစုတ္စုတ္ႏွင့္ ခ်စ္နိုင္း႐ုပ္က ဘယ္ေခ်ာင္ေရာက္သြားမွန္းေတာင္မသိ။ ဒါေၾကာင့္
စြမ္းဟိန္းကို မိန္းကေလးေတြက တအားသေဘာက်ၾကတာျဖစ္မည္။ သူကေတာ့
တစ္ႏွစ္ခြဲရည္းစားကိုေတာင္ လူသိမခံခဲ့ေပမဲ့ေပါ့။ ေနာက္ပိုင္း နႏၵာကလည္း စကားလာမေျပာတာမို႔ သူတို႔ဇာတ္လမ္းလည္း တကယ္ျပတ္သြားပုံရသည္။

"ခရီးမသြားခင္ ဆံပင္ေဆးဆိုးအုန္းမွာလား"

"ေအး .. ဒီတစ္ခါ ပန္းႏုေရာင္ဆိုးမလားလို႔"

စြမ္းဟိန္းက ႏွာေခါင္းရႈံ႕ကာ ခ်စ္နိုင္းပုခုံးကို လက္သီးႏွင့္ဖြဖြထိုးသည္။ သူ႕လို လူရိုးက
ဆံပင္ေဆးဆိုးတာ နားေဖာက္တာ ဘယ္တုန္းကမွ မလုပ္ဖူးဘူးကိုး။

ခ်စ္နိုင္းက ဒီေန႕ဝတ္လာသည့္ ေငြေရာင္နား‌ဆြဲကေလးကို လက္နဲ႕ယမ္းျပရင္း မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။ ေက်ာင္းပိတ္ၿပီမို႔ သူ႕အဖိုးတန္ ကေလးေလးေတြကို ႀကိဳက္သလိုထုတ္ဝတ္လို႔ရၿပီေလ။ ခရီးမသြားခင္
လက္သည္းအနက္လည္း ျပန္ဆိုးထားအုန္းမည္။

" ဘာပဲျဖစ္ျဖစ္ အဆက္သြယ္မျပတ္နဲ႕"

"ေအးပါ ငစြမ္းရာ။ ခရီးမသြားခင္ မင္းကိုဖုန္းဆက္မယ္ ဟုတ္ၿပီလား"

ေခါင္းၿငိမ့္ျပၿပီးေနာက္ စြမ္းဟိန္းက သူ႕ကိုႏႈတ္ဆက္ကာ ဆိုင္ကယ္ႏွင့္ ျပန္သြားေတာ့သည္။ ခ်စ္နိုင္းလည္း ကိုယ့္ဆိုင္ကယ္ကိုယ္ထုတ္လို႔ အိမ္ျပန္ဖို႔လုပ္ရေတာ့သည္။
မၾကာခင္ မႏၲေလးရဲ႕ဆည္းဆာက ေမွာင္သြားေတာ့မည္မို႔ ကိုကို႔ဆီအျမန္ျပန္ရမည္။

မက္ေဆ့ပို႔ထားတာမို႔ ခုခ်ိန္ဆို ကိုကိုသိေနေလာက္ပါၿပီ။ ခ်စ္နိုင္းသည္ လတ္ဆတ္ေသာေလညင္းၾကား ဆိုင္ကယ္ကိုအရွိန္တင္ကာ ေမာင္းလာခဲ့သည္။ ကားေတြဆိုင္ကယ္ေတြ အခ်ိန္ၾကာသည့္မီးပြိုင့္ေတြကို ဂ႐ုတစိုက္ျဖတ္ေက်ာ္ေနရေပမဲ့ နည္းနည္းမွ စိတ္မညစ္။

ခုေလးတင္ပဲ ရလာဒ္ေကာင္းထြက္လာလို႔
ယုံၾကည္မႈရွိေနတာျဖစ္မည္။
ထိုစဥ္က အနာဂတ္ရက္ေတြႏွင့္
ျဖတ္သန္းရမဲ့ကိစၥေတြအေၾကာင္း အေလးနက္မစဥ္းစားတတ္ေသး။
ပစၥဳပၸာန္ကာလမွာ အရာအားလုံး ျပည့္စုံေနသည့္ ကေလးတစ္ေယာက္လိုပဲ ကိုယ့္ကိုယ္ကိုယ္ ထင္ေနမိခဲ့သည္။

ကိုကို႔ရဲ႕ အခ်စ္ကသာ သူ႕ကမာၻရဲ႕
အဓိကပန္းတိုင္ ျဖစ္ေနခဲ့သည္။

....................................

Laptop ႏွင့္ ျပင္ဆင္မႈစားရိတ္ေတြတြက္ေနတုန္း ဆိုင္ကယ္သံၾကားတာမို႔ သွ်မ္းျပတင္းေပါက္ကေန ၾကည့္လိုက္မိေတာ့
ကလစ္ဆိုင္ကယ္ေလးက ၿခံဝကတစ္ဆင့္
အိမ္ဘက္ေမာင္းလာေနသည္။ ခ်စ္နိုင္းေအာင္ အိမ္ျပန္လာၿပီ။

ေန႕လည္ကတည္းက ေအာင္စာရင္းၾကည့္ဆိုၿပီးထြက္သြားတာ အခုမိုးအေတာ္ခ်ဳပ္ေနမွ အိပ္ျပန္ေရာက္ေတာ့သည္။ၿခံထဲက မီးေရာင္ေဖြးေဖြးေအာက္မွာ ခ်စ္နိုင္းေအာင္က အဝါႏုေရာင္လက္ရွည္အပါေလး ဝဲေနသည္အထိ
ဆိုင္ကယ္ေမာင္းလာၿပီး ျပတင္းေပါက္ကတစ္ဆင့္ သွ်မ္းကိုတာ့တာ့လွမ္းျပသည္။

တကယ္ဆို သူတို႔ေအာင္စာရင္းထြက္ကတည္းက သွ်မ္းသိၿပီးသား။ ခ်စ္နိုင္းေအာင္ မက္ေဆ့ပို႔ေတာ့ ေနာက္ေတာင္က်ေနၿပီ။ ဆရာဦးရဲ႕ ခရီးမွာစာရင္းအတိက်ထည့္ရမွာမို႔သာ အေစာႀကီးလိုင္းေပၚတက္ၿပီး ထိုင္ေစာင့္ေနရတာျဖစ္သည္။ ေက်ာင္းမွာ သ႐ုပ္ျပျပန္လုပ္ေနသည့္ သူငယ္ခ်င္းကတစ္ဆင့္ ေအာင္စာရင္းကို လွမ္းေျပာခိုင္းထားရသည္။ သိခ်င္လြန္း၍ေတာ့ မဟုတ္။

အိမ္ထဲဝင္လာသည္ႏွင့္ ဖိနပ္ကိုဟိုတစ္ဖက္သည္တစ္ဖက္ ခြၽတ္ခဲ့ကာ သွ်မ္းဆီရင္ဘက္ဖြင့္ေျပးလာတဲ့ ငရႈပ္။Laptopကို အျမန္ဖယ္ခ်မိလို႔သာ ေတာ္ေသးသည္။မဟုတ္လွ်င္ သူ႕ကိုယ္ႀကီးနဲ႕ လူေပၚအတင္းတိုးဖက္တာမို႔
ထိခိုက္ရလိမ့္အုန္းမည္။

သွ်မ္းကိုယ္ေပၚ နင့္ခနဲဖိထိုင္လာၿပီး လက္ေတြကဂုတ္မွာခိုကပ္လာတဲ့ ခ်စ္နိုင္းေအာင္။
ေလးပင္ကာ ေႏြးအိေနေသာကိုယ္မွ အီလည္ေနေသာအေမႊးရနံ႕တို႔ ထြက္ေနသည္။
ခ်စ္နိုင္းေအာင္ရဲ႕ နားဆြဲတန္းလန္းက သွ်မ္းမ်က္စိေရွ႕မွာ တရမ္းရမ္းျဖစ္လ်က္။

"ကိုကို ကြၽန္ေတာ္စာေမးပြဲေအာင္ၿပီ အြန္း.."
အီေလးဆြဲအသံႀကီးျဖင့္ ကေလးလို ခိုကပ္ေနတာေၾကာင့္ လက္ေမာင္းကေနဆြဲခြာတဲ့အခါ
ပါးျပင္ထက္ အနမ္းတခ်ိဳ႕က သိပ္သိပ္သည္းသည္းေရာက္ရွိလို႔လာျပန္သည္။ ငရႈပ္ကေတာ့ သွ်မ္းကိုလုံးဝေလးစားမႈမရွိ။

"မင္းကိုယ္ႀကီးက ဖယ္စမ္းပါ။
စာေမးပြဲေအာင္တာကို တစ္ဘဝလုံးေအာင္ျမင္သလိုလုပ္မေနနဲ႕"

ခ်စ္နိုင္းေအာင္မ်က္ႏွာက ၿပဳံးခနဲ။
သြားျဖဴျဖဴေတြက စီရီေနၿပီး မ်က္ဝန္းညိုေတြက ေမွးမွိတ္လို႔သြားသည္။ မ်က္ဝန္းေအာက္ဖက္က မွည့္နက္ကေလးပါ ထည့္ေပါင္းလိုက္တဲ့အခါ ငရႈပ္က ညေနခင္းရဲ႕
ေလေျပကေလးလို ေပါ့ပါးေနေတာ့၏။

"ကိုကို ဒီညေအာင္ပြဲခံရေအာင္"

"ဘာကိစၥ"

ကိုယ္ေပၚေရာက္ေနသူေၾကာင့္ သွ်မ္းက
ေမာ့ၾကည့္ရင္း ေမးေငါ့ကာေမးလိုက္သည္။
ခ်စ္နိုင္းေအာင္ႏွဖူးက သွ်မ္းႏွဖူးဆီ ဖိကပ္လာၿပီး သူတို႔ဝင္သက္ထြက္သက္ေတြလည္း ေရာေႏွာသြားၾကသည္။

"ခ်စ္နိုင္း စာေမးပြဲေအာင္လို႔"

နီးနီးကပ္ကပ္ျမင္ရတဲ့ မ်က္ဝန္းညိုေတြက
မဆြဲေဆာင္နိုင္ဘူးေျပာရင္ သွ်မ္းလိမ္ရာက်မွာေပါ့။ အနီးကပ္ အလြတ္ရေနတဲ့ ဒီမ်က္ႏွာကို သူအျမင္မၾကည္သည့္ၾကားမွ အရင္းႏွီးဆုံးျဖစ္ခဲ့တာ ၾကာခဲ့ၿပီမို႔လား။ သို႔ေသာ္လည္း
သွ်မ္းဟာခံစားခ်က္ေတြကို ခံစားခ်က္အတိုင္းသာ ထားတတ္သည္မို႔ ထုတ္ျပရန္အေၾကာင္းရင္းမရွိေခ်။

"အျပင္ထြက္ဖို႔ စဥ္းစားမေနနဲ႕"
အေတြးႏွင့္မဆိုင္စြာ ပါးစပ္ကထြက္သည့္စကား။

ငရႈပ္က ‌ကိုယ္ေပၚကဆင္းလို႔ မီးဖိုေခ်ာင္ဘက္ေျပးထြက္သြားသည္။ ပါးစပ္ကလဲ အေအာ္မပ်က္။
"အျပင္သြားစရာမလိုဘူး ခဏေစာင့္"တဲ့ေလ။

ဂေလာက္ဂလက္အသံေတြႏွင့္အတူ
ဗန္းတစ္ခုကိုကိုင္လ်က္ ခ်စ္နိုင္းေအာင္
ျပန္ထြက္လာသည္။အရင္တစ္ခါ သူ႕အေဖေပးခဲ့တဲ့ဝိုင္ဘူးကို ဘယ္မွာသိမ္းထားသည္မသိ။ အခုမွပဲသွ်မ္းျမင္ရေတာ့သည္။

"ဒီမွာ ကိုကို႔အတြက္"
ေဘးမွာဝင္ထိုင္လို႔ ဝိုင္ခြက္အရွည္ထဲ ငွဲ႕ထည့္ေပးလာသည့္ ႏွစ္ခ်ိဳ႕ဝိုင္ဟာ အေရာင္ဆင္း အင္မတန္လွလို႔ေနသည္။ ေတာ္႐ုံတန္႐ုံ ေသာက္ဖို႔လြယ္မည္မဟုတ္။ ၿခံပိုင္ရွင္ေပးသြားလို႔သာ သူတို႔ေသာက္ရတာျဖစ္သည္။

‌"ေရာ့"

လက္ေခ်ာင္းရွည္မ်ားၾကားမွ ဝိုင္ခြက္ကိုလွမ္းယူရင္း လွ်ာစြတ္႐ုံစမ္းၾကည့္တဲ့အခါ ခံစားခ်က္က ရွိန္းခနဲ။ ၾကာေလၾကာေလ အဖိုးတန္ေလဆိုသည့္ ဝိုင္မ်ိဳးပင္။

ခ်စ္နိုင္းေအာင္က သူ႕ခြက္သူကိုင္ကာ သွ်မ္းခြက္ကိုလာတိုက္သည့္အခါ ကေလာက္ခနဲအသံက ေအာင္ပြဲရဲ႕ သေကၤတအျဖစ္ ထြက္ေပၚလို႔လာသည္။

"Cheer ကိုကို"

"Congratulations"
ႏွစ္ေယာက္သားရဲ႕ ညခ်မ္းက ႏူးႏူးညံ့ညံ့။
သူတို႔ကီးကိုက္ခ်င္ရင္လဲ ဒီလိုပဲ ေအး‌ခ်မ္းေနတတ္ပါေသးသည္။

သွ်မ္းက တၿမဳံ႕ၿမဳံ႕ အရသာခံေနေပမဲ့
ငရႈပ္ကေတာ့ အေအးေသာက္သလို ရွယ္ကိုေသာက္ေနေတာ့သည္။ တစ္ခြက္ၿပီးတစ္ခြက္ အငမ္းမရေသာက္ေနတာမို႔ သူဝတ္ထားတဲ့
အကၤ်ီေပၚပါ ဝိုင္ေတြစီးက်ကဳန္သည္အထိ။
ႀကိဳက္ၿပီဆို တဇြတ္ထိုးဆန္တာ ခ်စ္နိုင္းေအာင္ရဲ႕အက်င့္။ ေလာဘကလည္း ႀကီးေသးသည္။

"ကိုကို "

"ဘာလဲ"

ေဘးခုံမွာ ေျခခ်ထိဳင္လို႔ သူ႕ဒူးေခါင္းေပၚသူ
ေမးေထာက္ထားသည့္ ခ်စ္နိုင္းေအာင္ပုံစံက
ပုံမွန္မဟုတ္ေတာ့။နဂိုျဖဴေဖြးသည့္ အသားရည္ဟာ ခပ္ရဲရဲျဖစ္ေနၿပီး ႏႈတ္ခမ္းေထြးေထြးဟာလည္း ဝိုင္တို႔ျဖင့္စိုစိစိျဖစ္ကာေနသည္။
ဆံပင္ပြပြေတြေၾကာင့္ လူပုံစံၾကည့္ရတာ
ဖရိုဖရဲျဖစ္လ်က္။

"ဒီေန႕ ခ်စ္နိုင္းကို ဆုေပးမလား"
ဝိုင္ေမာ့ေသာက္ေနရင္း သွ်မ္းမ်က္ခုံးပင့္မိသြားသည္။ ရီေဝေဝျဖစ္ေနသည့္ မ်က္ဝန္းေတြက သွ်မ္းဆီကေနမခြာ။ ေသာက္လက္စကို အျမန္ေမာ့ခ်ၿပီး ခြက္ကိုခုံေပၚတင္ေတာ့
သွ်မ္းလုပ္သမွ် အကုန္လိုက္ၾကည့္ေနျပန္သည္။

"ဝိုင္က မူးတာလဲမဟုတ္ဖူး။
မူးရင္လဲ သြားအိပ္ရင္အိပ္ေတာ့"
ဘာကို ဦးတည္ေနသလဲသိေနတာမို႔
သွ်မ္းစကားလမ္းေၾကာင္းလႊဲလိုက္သည္။
သူတို႔အတူမေန‌တာ အေတာ္ၾကာေနၿပီ။
အရင္တစ္ေခါက္ ခရီးမသြားခင္ကဆိုေတာ့
ေလးလ‌နီးပါးရွိေတာ့မည္။

အိပ္ရာေပၚက ကိစၥေတြဟာ အၿမဲႏွစ္ဦးသေဘာတူျဖစ္ခဲ့တာေၾကာင့္ သိပ္ေတာ့မထူးဆန္း။ ထူးဆန္းတာက သွ်မ္းပင္။
အစပိုင္း သူ႕ဘက္ကအမ်ိဳးမ်ိဳးေရွာင္တိမ္းျငင္းဆန္ခဲ့ေပမဲ့ အဆုံးမွာေတာ့ သူကိုယ္တိုင္ကိုက အရွိန္အေတာမသတ္နိုင္ျဖစ္ရစၿမဲ။
ပက္သက္မႈၾကာ‌လာေလ အထိအေတြ႕ေတြဟာ ပုံမွန္သာယာမႈလိုအင္ဆႏၵထက္ပိုေၾကာင္း သူ႕ကိုယ္သူသိရွိလာေလျဖစ္သည္။

ခုလည္း သူ႕စိတ္သူေဝခြဲမရျဖစ္ေနတာေၾကာင့္ မသိခ်င္ေယာင္ေဆာင္ကာ စာရင္းဆက္လုပ္ဖို႔ျပင္လိုက္သည္။ Laptopကိုယူရန္လက္ျပင္တုန္းရွိေသး ေမးေစ့ကေနဆြဲေမာ့ခံလိုက္ရကာ သွ်မ္းႏႈတ္ခမ္းေတြ ပူထူသြားရသည္။ ႐ုတ္တရက္ ကိုယ္ေပၚတက္ထိုင္လာသည့္ ခ်စ္နိုင္းေအာင္က သူ႕လက္ေတြကိုအၿငိမ္မေန။ သွ်မ္းရဲ႕ေမးရိုးေတြ လည္ပင္းေတြကို ပြတ္သပ္လို႔လာေတာ့သည္။

ႏႈတ္ခမ္းတစ္ခုလုံးလစ္လပ္ခ်ိန္မရေအာင္
ပြတ္တိုက္ခံေနရၿပီး ဆြဲငုံကိုက္ဆြဲမႈေၾကာင့္
ပြင့္ဟသြာသည့္ ခံတြင္းဟာလည္း ရစ္ပတ္မႈတို႔ျဖင့္ျပည့္ႏွက္သြားသည္။ ခ်စ္နိုင္းေအာင္ရဲ႕ကိုယ္ဟာ အထက္ေအာက္နိမ့္ခ်ည္ျမင့္ခ်ည္
ပြတ္တိုက္တြယ္ကပ္ေနၿပီး သူတို႔ရဲ႕ကိုယ္လုံးေတြက နီးေထြးအိုက္စပ္လာၾကသည္။

ေအာက္ဘက္မွအထိေတြ႕ေတြဟာ အဝတ္စားမ်ားခံေနသည့္တိုင္ ျပင္းရွလ်က္။
ေမာဟေနသည့္ အသက္ရႉသံေတြၾကား
ခ်စ္နိုင္းေအာင္ရဲ႕ လိုအင္ဆႏၵေတြကို
ျမင္လိုက္ရတဲ့အခါ ေစာေစာက ခါးသြယ္သြယ္ကေနတြန္းဖယ္ဖို႔လုပ္ေနတဲ့ သူ႕လက္ေတြဟာ ပိုမိုတင္းၾကပ္သြားၾကေတာ့သည္။

ဖိညွစ္ကိုင္လိုက္မိတဲ့ ကိုယ္လုံးအ‌ထိေတြ႕ေၾကာင့္ နီရဲေနသည့္မ်က္ႏွာကမဲ့ခနဲ။
သို႔ေသာ္ခ်စ္နိုင္းေအာင္က ထိုနာက်င္မႈကို
အာ႐ုံသိပ္မစိုက္ပဲ သွ်မ္းရဲ႕ပါးျပင္ကို
သူ႕ပါးႏွင့္ပြတ္သပ္လာျပန္သည္။ သူ႕နားက
နားဆြဲရဲ႕ခပ္ေအးေအးအထိေတြ႕ကိုပါ သွ်မ္းခံစားေနရ၏။

"အင္း......ဟင္း"

ေမာဟိုက္ညည္းၫူသံေတြက ႀကီးမားတဲ့
လိုအင္ဆႏၵေတြကို အလွ်ံေတာက္ေလာင္လာဖို႔ မီးစာျဖည့္ေနပါသလို။ မ်က္ဝန္းေတြ ေမွးမွိတ္မိသြားသည္အထိ သွ်မ္းဟာဒီခံစားခ်က္ေတြမွာ စီးေျမာပါဝင္သြားခဲ့ရၿပီ။

တေျဖးေျဖးတင္းမာလာတဲ့ ခႏၶာကိုယ္တိုက္ပြဲက မထိတထိႏွင့္ရပ္မည့္ပုံမေပၚ။ လည္ပင္းေတြအထိ တိုးေဝွ႕နမ္းလာတဲ့ ႏႈတ္ခမ္းေတြေၾကာင့္ သွ်မ္းက ကိုယ္ေပၚမွာခြထိုင္လ်က္သားျဖစ္ခ်င္တိုင္းျဖစ္ေနသူကို တင္ပါးေအာက္ကဆြဲမလို႔ မတ္တပ္ရပ္လိုက္သည္။

အင့္ခနဲ ညည္းသံႏွင့္ သူ႕ကိုတြယ္ဖက္လာသည့္လက္ေတြ။ မ်က္ဝန္းညိုေတြက မသိနားမလည္တဲ့ ယုန္သူငယ္လိုဟန္ေဆာင္လာတဲ့အခါ သွ်မ္းမ်က္ဝန္းေတြက စူးရွလို႔သြားသည္။ ရင္ဘတ္ခ်င္းအပ္လာသူက ဘယ္အခ်ိန္ကတည္းက အကၤ်ီေတြခြၽတ္ထားသည္မထိ။ သွ်မ္းရဲ႕ ရွပ္အကၤ်ီရင္ခြဲဟာ ၾကယ္သီးတစ္လုံးမွတပ္လ်က္မရွိေတာ့သလို သူကိုယ္တိုင္လဲ ပခုံးကေန အကုန္ေလွ်ာက်ေနခဲ့ၿပီ။

ပင့္ခ်ီမလ်က္ အိပ္ခန္းဆီဦးတည္ေတာ့
နားထဲေရာက္လာသည့္အသံတိုးတိုး။

"ကိုကို႔ ထီးေလးေတြ အခန္းဝက ဒုတိယအံဆြဲထဲမွာ"

သွ်မ္းမ်က္ခုံးေတြက ခ်က္ခ်င္းတြန႔္ခ်ိဳးလို႔လာသည္။ ထပ္ၿပီး ဒီႏြံထဲကေန သူမထနိုင္ျပန္ဘူး။ ဒုန္းစိုင္းေနသည့္ရင္ခုန္သံေတြႏွင့္
သူ႕ခံစားခ်က္ေတြက ေပါက္ထြက္မတတ္ျဖစ္ေနၿပီး သူ႕ကိုယ္သူေဒါသျဖစ္ခ်င္းေတြပါ တြဲပါလာတဲ့အခါ ဘာကိုမွအစိုးမရနိုင္ေတာ့။
ေျခလွမ္းက်ဲႀကီးေတြႏွင့္ အခန္းဆီေလွ်ာက္လာခဲ့လိုက္သည္။သူ႕ေမးရိုးတစ္ေလွ်ာက္ႏွင့္ နားေတြကေတာ့ ပူထူေနေအာင္ အနမ္းခံေနရဆဲ။

ဂြၽိခနဲ ဆြဲဖြင့္ခံလိုက္ရတဲ့အံဆြဲေလးဟာ
အျပစ္မရွိပါပဲ အမဲခံေနရရွာသည္။ လက္တစ္ဖက္က ခ်စ္နိုင္းေအာင္ကိုထိန္းေပြ႕ထားရင္း ေနာက္တစ္ဖက္က အကာကြယ္မ်ားႏွင့္
Lubricantဘူးကို လက္တစ္ဆုပ္ယူလိုက္သည္။  ၿပီးမွ ကုတင္ဆီေလွ်ာက္လာခဲ့လိုက္၏။

ေသြးေၾကာေတြက တဒိတ္ဒိတ္ျမည္လ်က္
ခ်က္ခ်င္းပဲ ေပါက္ထြက္ေတာ့မလို။
အစပ်ိဳးေရး လုပ္ငန္းစဥ္ေတြမွာ ခ်စ္နိုင္းေအာင္ရဲ႕အျပဳမူတစ္ခုခ်င္းစီက သွ်မ္းကိုေသြးပြက္ပြက္ဆူလာေစသည္။

ခ်စ္နိုင္းေအာင္ အဆင္ေျပေအာင္ အသင့္ျပင္ေပးၿပီးမွ ေသခ်ာနည္းလမ္းတက် သူကိုယ္သူျပင္ဆင္ရတဲ့အခါ ခါးကိုလာလာထိေတြ႕လာသည့္ ေျခေခ်ာင္းေတြ။ အိပ္ရာထက္လဲေလ်ာင္းေနရင္း ေမာဟိုက္တုန္ယင္ေနသည့္ ပုံစံကိုျမင္တဲ့အခါ သွ်မ္းမ်က္ခုံးေတြဟာ တြန႔္သထက္တြန႔္ခ်ိဳးလို႔လာေတာ့သည္။

"အင္း....အ..ကိုကို"
ဆြဲဆြဲငင္ငင္ညည္းၫူသံႏွင့္ ခါးကိုခ်ိတ္တြယ္လာသည့္ေျခေခ်ာင္းေတြ။ သွ်မ္းရဲ႕လက္ေတြက ခ်စ္နိုင္းေအာင္ေမးေစ့ကိုဆြဲယူေမာ့ေစကာ သိပ္သည္းေသာအနမ္းတို႔ကိုတာရွည္ေစလိုက္သည္။ ခႏၶာကိုယ္ရဲ႕ လႈပ္ရွားတိုက္ခတ္မႈဟာလဲ အရွိန္မပ်က္။
ေက်ာျပင္ဟာ ခ်စ္နိုင္းေအာင္ရဲ႕ဖက္တြယ္မႈၾကား တင္းၾကပ္ေနသည္။

ခံစားခ်က္ ေရယာဥ္ဟာအလွ်င္မပ်က္
ဒူးေခါက္ေကြးေတြကို ေခါက္သထက္ေခါက္လို႔ ပိုမိုျပင္းထန္သည့္ တိုးဝင္မႈေတြဆီဦးတည္ေတာ့ ခ်စ္နိုင္းေအာင္က ႐ုန္းကန္ခ်င္လာသည္။ ပါးျပင္တို႔ကိုဆြဲငုံမတတ္ဖိနမ္းလို႔
နား႐ြက္ဖ်ားေတြကိုပါ ဆြဲကိုက္ပါမွ တအိအိႏွင့္ ျပန္ၿငိမ္သက္သြား၏။ေအးစက္စက္ႏွင့္ နားဆြဲကပါ သွ်မ္းခံတြင္းထဲ ဝင္ေရာက္ေနခဲ့သည္။

"အင္း....ရႈပ္လိုက္တာ.."
သွ်မ္းညည္းသံေၾကာင့္ တသိမ့္သိမ့္တုန္သြားသည့္ ကိုယ္လုံး။ သေဘာတက်ႏွင့္ ဆံပင္ေတြကိုဆြဲကာ  ႏူးညံ့စြာၾကည့္လို႔လာသည္။ ထိုအၾကည့္ေတြဟာ လုပ္ယူထားျခင္းမရွိသည့္တိုင္ ေရွာင္ဖယ္ရခက္လြန္းလွသည္။

သွ်မ္းရဲ႕ ေက်နပ္ျခင္းေတြကေတာ္႐ုံႏွင့္မေရာက္လာနိုင္။ အေျခအေနေပါင္းစုံႏွင့္
ေပါင္းစပ္ျခင္းေတြမွာ သူတို႔ဟာမတင္းတိမ္နိုင္ခဲ့ၾက။ လိမ္ယွက္ေနတဲ့ႏြယ္‌မ်ားၾကားထဲ
ဆြဲျမဳပ္ၿပီးရင္း ျမဳပ္သြားခဲ့ၾကသည္။ ေအာ္ဟစ္သံႏွင္ ကိုယ္ခ်င္းလုံးေထြးရိုက္ခတ္သံေတြကလဲ တစ္ခန္းလုံးျပည့္က်ပ္လ်က္။

"ကိုကို....ဟင္း..."

အဆုံးသတ္မွာေတာ့ ခ်စ္နိုင္းေအာင္က
သွ်မ္းရင္ခြင္ထဲၿပိဳက်လိဳ႕လာသည္။
ေမာဟိုက္ေနသည့္ နိမ့္ခ်ည္ျမင့္ခ်ည္ရင္ဘတ္ေပၚမွာ ခ်စ္နိုင္းေအာင္ကလဲ နိမ့္တစ္ခါျမင့္တလွည့္ျဖစ္လ်က္သား ေမွာက္ျပားေလး။

"ကိုကို..."
အသံက တိုးေဖ်ာ့ေဖ်ာ့။ အသက္ရႉသံျပင္းျပင္းကို သွ်မ္းခံစားရသည္။ ေခြၽးေတြစို႐ႊဲေနတာေၾကာင့္ သူတို႔ကိုယ္ေတြ ေအးစက္စက္။

"အင္း.."
ေအာက္ဘက္က ေစာင္ကိုႏွစ္ေယာက္ေပၚလႊမ္းလိုက္ရင္း သွ်မ္းထူးလိုက္သည္။
ခ်စ္နိုင္းေအာင္က အေအးဒဏ္အၾကာႀကီးမခံနိုင္။ ေခြၽးအေအးပတ္ၿပီးမဖ်ားခင္ သန႔္ရွင္းေရးလုပ္ၿပီး ေဆးတိုက္မွရမည္။

"ခ်စ္နိုင္းကို ခ်စ္လား"
သွ်မ္းရဲ႕ လႈပ္ရွားမႈေတြက ရပ္တန႔္သြားသည္။ သူ႕ခံစားခ်က္ေတြက ၿငိမ္သက္လ်က္။
ေဒါသထြက္ေနသေလာက္ေတာင္ တုန္လႈပ္ရင္ခုန္မႈရွိမေန။ သွ်မ္းဟာ ရင္ခုန္မေန။
ထိုေမးခြန္းက သွ်မ္းကိုရင္ခုန္ေအာင္မလုပ္။
မၾကာခဏၾကားေနရတာမို႔ ရိုးသြားတာလဲျဖစ္ခ်င္ျဖစ္မည္။

"ပင္ပန္းေနရင္ အိပ္လိုက္။ ငါ သန႔္ရွင္းေရးလုပ္လိုက္မယ္"

ထိကပ္ေနသည့္ ခ်စ္နိုင္းေအာင္ကိုယ္လုံးက
ပိုေအးစက္သြားသလို ခံစားရသည္။
ခ်စ္နိုင္းေအာင္က ဒီေမးခြန္းေမးရတာ မၿငီးေငြ႕နိုင္ဘူးလားမသိ။ အေပၚယံအေျဖေတြအတြက္ မေမာနိုင္မပန္းနိုင္သူမို႔ ေမးတတ္လြန္းသည္။ သွ်မ္းကလဲ ဘယ္ေတာ့မွ ညာမေျဖတတ္။

"အဟင္း..."
ရယ္သံတိုးတိုးက အရင္တုန႔္ျပန္မႈေတြအတိုင္း မျခားနားစြာထြက္ေပၚလာ၏။
သို႔ေသာ္ ဒီတစ္ႀကိမ္မွာေတာ့ ခ်စ္နိုင္းေအာင္က စကားကိုဆက္သည္။ သူ႕အသံက ေလညင္းေလးလို ခပ္တိုးတိုးသာ။ သို႔ေသာ္ သွ်မ္းကေတာ့ အေသခ်ာေလးၾကားလိုက္ရပါသည္။

"ခ်စ္နိုင္း ႏွလုံးသားကို
နာက်င္ေအာင္မလုပ္နဲ႕ကိုကို။
ကိုကိုပဲ နာက်င္ရလိမ့္မယ္။"

"..."

"ကိုယ္ပိုင္တဲ့ ႏွလုံးသားကို
တန္ဖိုးေလးထားစမ္းပါ...ဟင္း.."

သက္ျပင္းခ်သံတိုးတိုးႏွင့္ အဆုံးသတ္သြားသည့္ စကားလုံးေတြက ေပါ့ေပါ့ပါးပါးမရွိ။
သွ်မ္းခံစားခ်က္ေတြဟာ ေလးလံလာသည္။
တေျဖးေျဖးႏွင့္ အတုပ္ေႏွာင္ခံေနရသလိုမ်ိဳး
သွ်မ္းခံစားရသည္။ သူ႕ႏွလုံးသားက အခုမွ ထိတ္ခနဲတုန္လ်က္။

သူ႕ရင္ခြင္ထဲက ခ်စ္နိုင္းေအာင္ကေတာ့
မ်က္ဝန္းေတြကိုမွိတ္ကာ ၿငိမ္သက္ေနၿပီျဖစ္သည္....။

...................................................
စာေရးသူ၏ အမွာစာ:
အေပၚမွာ သတိေပးခ်က္ေရးထားတာမို႔
အားလုံး စိတ္အေႏွာက္ယွက္မရွိဖို႔ ေမွ်ာ္လင့္ပါတယ္။ Wattpad မွာ Adult senceေတြက
ေထြေထြထူးထူးမဟုတ္ေပမဲ့ နည္းနည္းေတာ့ထပ္ၿပီး သတိေပးခ်င္ပါတယ္။ တခ်ိဳ႕လည္း
ဒါေတြ သိၿပီးသားျဖစ္ၾကမွာပါ။

လိင္ပိုင္းဆိုင္ရာ ပက္သတ္မႈေတြရွိလာေတာ့မယ္ဆို အကာကြယ္သုံးဖို႔မေမ့ပါနဲ႕။
လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြ
မျဖစ္ပြားဖို႔ ကာကြယ္ရပါမယ္။
မိမိကစ ကာကြယ္ပါေပါ့။

ဒီေန႕အပိုင္းက အေတာ္လဲ ရွည္သြားပါၿပီ။
ဒါဆို ေနာက္ရက္မွ ေတြ႕ၾကရေအာင္ေနာ္

Continue Reading

You'll Also Like

2.4K 153 9
တန်ခူးလေရဲ့နွေးထွေးမှုနှင့်အတူဆောင်ယူလာတဲ့ချစ်ခြင်း💛 တန္ခူးေလရဲ႕ေႏြးေထြးမႈႏွင့္အတူေဆာင္ယူလာတဲ့ခ်စ္ျခင္း💛
220K 13.5K 55
အချစ်ဆိုတာရဲ့နောက်မှာ ပိုင်ဆိုင်ခြင်းဆိုတာက ကပ်ပါလာခဲ့ရင်. . .ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းမှာ မင်းကိုချည်ဖို့ကြိုးတစ်ချောင်းပျောက်နေခဲ့တယ်။ အခ်စ္ဆိုတာရဲ႕...
250K 11.6K 83
Uni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတ...
811K 51.8K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...