ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)
By maylapyaepyae
32K 3K 409
EXO fanfiction More
Intro
Ch-1
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)
359 46 8
By maylapyaepyae
[Unicode]
Baekhyun ရွာရောက်တာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီ။ သိပ်ချစ်ရတဲ့ လူသားကို လွမ်းရပေမဲ့လည်း ဒီနေရာလေးကပဲ သူသိပ်ချစ်ရတဲ့ အငွေ့အသက် တွေ အများဆုံး ရှိတဲ့နေရာလေးဆိုလဲမမှား။ သူနှစ်တွေအများကြီး ဒီနေရာလေးကနေ ထွက်ခွာခဲ့တာဟာ သူသိပ်ချစ်ရတဲ့လူသားနောက်ကို လိုက်သွားမိမှာဆိုးလို့။ဒီရွာလေးကိုပြန်ရောက်တိုင်း ချစ်ရတဲ့သူကို ချစ်တယ်လို့ တဖွဖွမပြောမိခဲ့တာကို နောင်တရလို့မဆုံး။ ကံကြမ္မာက သူ့ကို ပြင်ဆင်ခွင့်လေးတောင်မပေးခဲ့ပဲ ရက်စက်ခဲ့သည်။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဆုတောင်းချင်ပါရဲ့ ချစ်ရသူနဲ့ဝေးကွာခြင်းမှ ကင်းဝေးပါစေလို့........။
ရွာဦးထိပ်စေတီ ရှိ ခေါင်းလောင်းငယ်လေးတွေဟာ လေတိုက်တိုင်းသာယာစွာထွက်ပေါ်လာလေ့ရှိသည်။ Baekhyun စေတီသို့ရောက်နေသည်မှာ 1 နာရီနီးပါးရှိနေပြီဖြစ်သည်။ သို့သော်လည်း သူမထချင်သေး။ အေးချမ်းလွန်းလှတဲ့ ဘုရားရိပ်အောက်မှာ သူနေချင်သေးသည်။ ပူလောင်နေတဲ့ ရင်ကို ဘုရားရိပ်ကသာ အေးချမ်းစေနိုင်သည်လေ။
" ဦးဦးရေ ဦးဦး "
လုံးတုံးလုံးတုံးနဲ့ပြေးလာတဲ့ Kyungsoo အသေးစားလေးရဲ့အသံကြောင့် Baekhyun ပြုံးလိုက်မိသည်။ တကယ့်ကို Kyungsoo နဲ့ တူလွန်းတဲ့ပေါက်စဟာ သူ့ရဲ့ရယ်မောအောင်လုပ်နိုင်လွန်းသည်။ အခုလည်း သူ့အဖေနဲ့ဘာပြဿနာဖြစ်လာပြန်လည်းမသိဘူး။ တကယ့်ကို အမွှေစိန်ပေါက်စ။
" ဦးဦးလို့ဆို သားခေါ်နေတာကို ထူးဘူး သားမှာပြေးလာရတာမောလို့ "
" မင်းဘာသာပြေးလာတာလေ ဘယ်သူကပြေးလာခိုင်းလို့လဲ ပေါက်စရဲ့ "
" ဦးဦး!! သားကိုပေါက်စလို့မခေါ်ပါနဲ့ဆို ... သားနာမည်က Kyungyeol ပါဆို ။ သားက စေတနာနဲ့ ဦးဦးဆီကို ဖေဖေတို့မပြောခိုင်းတဲ့သတင်းလာပြောတဲ့ဟာ။ နေပေါ့ သား ဦးဦးကို စိတ်ဆိုးသွားပြီ ခေါ်တော့ဘူး ဟွန့် "
" ဟမ် မပြောခိုင်းတဲ့သတင်း?? ဘာလဲ yeol လေးရဲ့။ ပြောခိုင်းတာမဟုတ်ဘူးလား "
Baekhyun သူ့ကိုစိတ်ဆိုးနေတဲ့ပေါက်စကို အာရုံမစိုက်နိုင်ဘဲ မပြောခိုင်းတဲ့ သတင်းကို ပိုစိတ်ဝင်စားလို့နေသည်။ ပေါက်စအကြောင်းသူသိသည် ။ လူကြီးစကားတွေကို ခိုးနားထောင်ပြီး ဦးလေးတစ်ယောက်မကျန်ကို သတင်းလိုက်ဖြန့်တက်တဲ့ပေါက်စ။ အခုလည်း Kyungsoo တို့က သူမရှိတုန်း တစ်ခုခုပြောနေတာကို ပေါက်စက ခိုးနားထောင်ပြီး သူ့ကိုလာပြောတာဖြစ်မည်။
" ဟုတ်တယ် ဦးဦးကို မသိစေနဲ့တဲ့။ ပြီးတော့ အဲ့လူကြီးကိုလည်း ပြန်လွှတ်လိုက်တဲ့ အဲ့လူကြီးကိုမြင်ပြီး ဦးဦး က စိတ်ထိခိုက်သွားလိမ့်မယ်တဲ့ "
" အဲ့လူကြီး ?? "
" ဟုတ်တယ် ဒယ်ဒီသူငယ်ချင်းကိုပြောတာပဲ အသားညိုညိုနဲ့လေ "
ပေါက်စရဲ့စကားအဆုံး သူဘုရားပေါ်က ဆင်းကာ Kyungsoo အိမ်သို့ အပြေးတစ်ပိုင်းသွားတော့သည်။ ဘယ်သူလဲ ဘယ်သူမို့လို့ သူ့ကိုပေးမသိရတာလဲ။ ပေါက်စ စကားတွေက မပြည့်စုံပေမဲ့ သူအဲ့စကားတွေရဲ့အဓိပ္ပါယ်အတိမ်အနက်ကို နားမလည်နိုင်တဲ့အထိတော့မဟုတ်သေး။ လမ်းတစ်လျှောက် သူတွေးလာသော်လည်း စိတ်လှုပ်ရှားနေတာကြောင့် သူ့ခေါင်းထဲ ဗလာဖြစ်လို့နေသည်။
-----
" မင်း Baekhyun မလာခင်ပြန်သင့်ပြီ ။ ဒီနေရာက မင်းကို မကြိုဆိုဘူး ။ "
Kyungsoo ရဲ့ ရင့်သီးတဲ့စကားတွေကြောင့် Chanyeol တားဖို့လုပ်လိုက်သည်။
" ငယ် အဲ့လောက်ထိလုပ်ဖို့မလို... "
" ဝင်မပါနဲ့ ကိုကို!! ။ ကိုကိုဘာသိလို့လဲ Baek က ကျွန်တော်တို့ကြောင့်သာ ဘာမှမဖြစ်ချင်ယောင်ဆောင်နေတာ သူ့ရင်ထဲမှာ ဒဏ်ရာတွေနဲ့ကိုကိုရဲ့။ သူ့ကိုသာ မြင်ရင် Baek ကပျော်သွားမယ်ထင်လား ။ မဟုတ်ဘူး သူက ပိုလို့တောင်လက်ခံနိုင်မှာမဟုတ်ဘူး ။ "
ပြန်ရလိုက်တာက ဒေါသတကြီး ဆူပူမှုတစ်ခုသာ။ ငယ် အရမ်းကို သွေးပူနေတာကြောင့် သူဆက်မပြောဖို့တွေးလိုက်သည်။ မဟုတ်ပါက အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်တော့မည်။ တကယ့်ကို စိတ်ရှုပ်စရာပါလား။
" အဲ့တာက ဘာတွေဖြစ်နေတာလဲ "
ခြံဝက စကားသံကြောင့် Chanyeol ခေါင်း မိုးကြိုးပစ်ချလိုက်သည်နှယ်။ သွားပြီ သူ့ရဲ့ငယ်ကို ချော့လို့ရမည်မဟုတ်တော့။ ဘယ်ကောင်က Baekhyun ကိုသွားခေါ်တာလဲ ။ သိလို့ကတော့ ခြေနှစ်ချောင်းကနေကိုင်ပြီး ရွာပြင်လွှတ်ပစ်မယ် နေနှင့်အုံးပေါ့ကွာ။
ခြံဝကနေ တစ်လှမ်းချင်းဝင်လာတဲ့ Baek ကိုကြည့်ပြီး ခြံထဲက လူတွေအကုန်လုံး သတိအနေထားနှင့်ဖြစ်နေကြသည်။ သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ ဝင်လာတဲ့ Baekhyun ကိုသာ စိုက်ကြည့်နေသည်။ Baekhyun သည်လည်း ထိုလူကိုကြည့်နေသော်လည်း။ ခေါင်းထဲမှာ အပြေးအလွှားမေးခွန်းထုတ်နေမိသည်။ ထိုသူက ဘယ်သူလဲဟုပင် သူသိပ်ချစ်ရတဲ့ လူသားနဲ့ တစ်ပုံစံထဲတူနေသော်လည်း သူ့ဝဲဘက်ရင်အုံကတော့ လှုပ်ရှားမှုမရှိပါချေ။ ထိုအရာကိုကြည့်ခြင်းအားဖြင့် ထိုလူက သူချစ်ရတဲ့သူမဟုတ်ပေ။
နောက်ဆုံးမှာ ထိုလူနဲ့ Baekhyun အကွာဝေးက ခြေ 5 လှမ်းမျှသာလိုတော့သည်။
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်တဲ့သူကတော့ Sehun။
" Baekhyun သူက Jongin ရဲ့ အမြွှာညီ Kim Kai တဲ့ ။ Jongin နဲ့ သူက ငယ်ငယ်လေးထဲက ကွဲသွားကြတာတဲ့ အခုမှ Kai က နိုင်ငံခြားကနေပြန်ရောက်လာပြီး သူ့အကိုအကြောင်းကို သိသွားလို့ အကိုတို့ဆီရောက်လာတာ။ သူက ညီနဲ့တွေ့ချင်တယ်ပြောပေမဲ့ Kyungsoo က ညီအဆင်မပြေမှာဆိုးလို့ ညီ့ကို ပေးမသိဖို့ပြောနေတာ။ အကိုတို့ တောင်းပန်ပါတယ် တမင်သတ်သတ် ညီလေး ကို မပြောတာမဟုတ်ပါဘူး။ အကိုတို့ တိုင်ပင်နေတုန်းပဲရှိပါသေးတယ်။ "
Sehun ရဲ့ရှင်းပြမှုအပြီးမှာတော့ Kyungsoo နဲ့ သူ့အချစ်လေးဆီမှ မျက်စောင်းလှလှတစ်ချက်ဆီ ရလိုက်လေသည်။
Baekhyun ကား တုပ်တုပ်မလှုပ်သေး။ ရင်မခုန်ဘူးဆိုရင်တောင် သူချစ်ရတဲ့လူသားနဲ့တူနေတဲ့မျက်နှာကို သူ့မှာအကြည့်မလွှဲနိုင်သေးပါ။
Kai သူ့ရှေ့က သူ့အမြွှာအကိုဖြစ်သူရဲ့ကောင်လေးကိုကြည့်ပြီး သူ့နှလုံးသားတစ်ခုလုံးလှုပ်ရှားသွားရသည်။ သူ့အကိုက အဖေဖြစ်သူနဲ့ရောအမေဖြစ်သူနဲ့ပါ အဆက်သွယ်ဖြတ်သွားရခြင်းအကြောင်းတရားလေးက သူ့အရှေ့မှာ ရှိနေသည်။ မထူးဆန်းတော့ပါဘူး။ သူသာဆိုလည်း သူ့အကိုလို ဆုံးဖြတ်မိမှာအမှန်ပင်။ သူက ငယ်ငယ်လေးထဲက ဦးလေးဖြစ်သူနဲ့ နိုင်ငံခြားမှာနေခဲ့ရပြီး တစ်ခေါက်လေးမှတောင် ပြန်လာခွင့်မရပေ။ အကိုဖြစ်သူသေဆုံး‌တာကိုတောင် သူငယ်ချင်းဖြစ်သူ သူ့ဆီကိုလာလည်မှ မတော်တဆစကားဆက်မိရင်း သူသိခဲ့ရသည်။ အကို‌ဖြစ်သူ သေတာကို 10 နှစ်ကျော်အောင် သူ့ကိုလှည့်စားထားတဲ့ မိဘဖြစ်သူကို ဒေါသထွက်လွန်း၍ ပြောစရာစကားမရှိအောင်ဖြစ်ရသည်။ သူ့ရဲ့အသုံးမကျမှုကိုလည်း အပစ်တင်တဲ့အနေဖြင့် အကိုဖြစ်သူအုတ်ဂူရှေ့၌ 5 ရက်ဆက်တိုက် ဒူးထောက်နေခဲ့သည်။ သူ့သူငယ်ချင်းက 5 ရက်မြေက်နေ့မှာ သူ့ကိုမေ့အောင်ရိုက်ပြီးခေါ်လာလို့သာ ထိုမျှနှင့်ပြီးသွားတာဖြစ်သည်။ အခြသူ့စိတ်ထဲရှိတာက သူ့အကိုဖြစ်ချင်တာမှန်သမျှ သူက ကိုယ်စားအဖြစ်အရာအားလုံးလုပ်ပေးမည်ဖြစ်သည်။ အခုလာတဲ့အကြောင်းရင်းကလည်း သူ့အကိုဖြစ်သူ သူ့ကောင်လေးအကြောင်းကို နေ့စဉ်မပြတ်ရေးထားတဲ့စာအုပ်လေးကို သူ့ကောင်‌လေး အား ပေးရန်ဖြစ်သည်။ အခုတော့ သူစိတ်ပြောင်းသွားပြီ သူ့အရှေ့က ကောင်လေးကို သူကိုယ်တိုင် သူ့အကိုရေးထားတဲ့စာအုပ်ထဲကကောင်လေးလိုပြန်ဖြစ်လာအောင် သူကြိုးစားတော့မည်။ Baekhyun ဆိုတဲ့ ကောင်လေးဆီက အချစ်ပြန်မရရင်တောင် သူ့အကိုပြောတဲ့ အရင်လိုအပြုံးလေးတွေပြန်ရလာရင်ကိုပဲသူကျေနပ်နိုင်ပါသည်။ သူ့မိဘတွေကိုတော့ ဒီကနေလှမ်းကန်တော့လိုက်တော့မည်။ သူ့ရှေ့ကကောင်လေးအတွက် သူဘာမဆိုလုပ်နိုင်ပါသည်။
" Hyun ? Hyun ဗျ "
Kai ရဲ့ ခေါ်သံကြောင့် Baek အသိဝင်လာသည်။
" ဆိုတော့ ခင်ဗျားက ဒီကို ဘာကြောင့် လာတာလဲ "
" ကိုယ်အစက မင်းကို ဒီအတိုင်းလေးသိချင်ရုံပါ အခုတော့စိတ်ပြောင်းသွားပြီး ကိုယ်မင်းအနားမှာပဲ နေတော့မယ် "
" ဘာ!!!! "
Kyungsoo ရဲ့အော်သံကြောင့် ဘေးနားမှာရှိနေသူအကုန်လန့်သွားတော့သည်။ အိုးမပူ စလောင်းကပူနေတဲ့ အဖြစ်ပါ။ Baekhyun က အေးဆေးသလောက် ပျာယာတွေခတ်နေတဲ့ အမောင်စပ်စလူး Kyungsoo ကို Chen နဲ့ LuLu က မျက်စောင်းနဲ့ကြည့်လိုက်ကြသည်။ minseok နဲ့ Sehun ကတော့ ရယ်လျက်။ Chanyeol ကတော့ သူ့အကောင်ပေါက်ကို ဘယ်လိုထိန်းရမလဲစဉ်းစားနေရသည်။ကြည့်ရတာတော့ ဒီလိုဒေါသ levelက သူအတွက်ညစာငတ်ကိန်းပင်။ ဒေါသပုစိကိုချော့ဖို့မလွယ်ပါတကား။
Baekhyun အစကထိုလူစကားကြောင့်ကြောင်သွားသော်လည်း ပြန်ဖြေဖို့စကားမစရသေးခင်မှာပဲ Kyungsoo ကြောင့် ပျက်စီးလေသည်။ အဲ့လောက်တောင်စိုးရိမ်နေရင် ဘာလို့ငါ့ကိုမယူတာလဲလို့ စိတ်ပေါက်ပေါက်နဲ့မေးလိုက်ရင် မကောင်းရှိပေတော့မည်။ ငါနော် ဆရာchan ကို အားနားလို့သာပေါ့။ ပြောဖို့စကားတောင် ဘယ်က စပြောရမှန်းမသိတော့ပေ။ အဲ့တာကို ဟိုလူက အခွင့်ကောင်းယူကာ
" မငြင်းဘူးဆိုတော့ လက်ခံလိုက်ပြီလို့ ယူဆလိုက်ပြီ။ ဆိုတော့ ကိုယ့်ကို မင်းနေတဲ့အိမ်ကို ခေါ်သွားပေး "
" ဟေ့ လူ......... "
" တိတ်စမ်း Kyungsoo !! မဟုတ်ရင် ငါမင်းကို အသေလုပ်မိတော့မယ် ။ အဲ့လောက်စိုးရိမ်နေရင် မင်းငါ့ကို ဘာလို့မယူဘဲ မင်းင်္ယောကျားကို ယူနေသေးလဲ။ အေး ဒီတစ်ခါ မင်းအသံထပ်ထွက်လာကြည့်စမ်း မင်းနဲ့မင်းလင် ကွဲပြီသာမှတ် "
ထိုအခါမှ Kyungsoo အသံတ်တ်သွားတော့သည်။ Chen နဲ့ Lulu မှာတော့ တဟားဟားအော်ရယ်နေကြလေသည်။ Chanyeol ကတော့ Baekhyun စကားကြောင့် Kyungsoo ကို သူ့နောက်ကို့ပို့ထားတော့သည်။ Minseok နဲ့ Sehun မှာလည်း ရယ်ချင်နေတာကို မနည်းအောင့်ထားနေရသည့်ပုံ။
Kai ကတော့ သူ့ရှေ့က စွာတေးလေးကိုကြည့်ပြီး အနာဂတ်ကို စိတ်ကူးယဉ်နေလေသည်။ သို့သော်လည်း စိတ်ကူး နဲ့ လက်တွေ့ကား တစ်ထပ်ထဲ မကျနိုင်ပါ။
" နောက်ပြီး ဟိုလူ ခင်ဗျားဘာသာ ဘယ်သူဖြစ်ဖြစ် ကျွန်တော်နဲ့မဆိုင်ဘူး။ ကျွန်တော့အလုပ်လဲမဟုတ်ဘူး။ နောက်တစ်ခါ ကျွန်တော်တို့နဲ့လာမပက်သက်ပါနဲ့။ "
ထိုသို့ပြောပြီးထွက်သွားတဲ့ Baekhyun နောက်ကို ပြေးလိုက်သွားတဲ့ Kai ကိုကြည့်ပြီး Chanyeol တို့ခေါင်းခါလိုက်ကြသည်။ ကြည့်ရတာ သူ့အကိုခြေလှမ်းတိုင်းလိုက်တော့မည့်ပုံပင်။ သူတို့ကတော့ဝင်ပါဖို့စိတ်ကူးမရှိပါ။ Baekhyun သည်လည်း အတိတ်ကိုမေ့ပြီး ပျော်ရွှင်စွာနေဖို့ ထိုက်တန်ပြီး ထို့သိုပျော်ရွှင်စွာနေနိုင်ဖို့ကလည်း Jongin မရှိသည့်တိုင် Kai ကတော့ လုပ်ပေးနိုင်လိမ့်မည်။ ထို့သို့တွေးရတာကလည်း Jongin ရဲ့ အမြွှာညီပေမို့ Baekhyun အတွက်အဆင်ပြေဆုံးလူသားလည်းဖြစ်သည်။ Chen နဲ့ Lulu ကတော့ သူတို့သူငယ်ချင်းအဆင်ပြေနေသ၍ ဝင်ပါမှာမဟုတ်ချေ။ Kyungsoo ကလည်းထို့နည်းတူစွာပင်။
အတိတ်မေ့မရတောင် အမြဲတမ်းတသသလုပ်နေလို့ မဖြစ်ဘူးမလား။ ပစ္စုပန်ကိုလက်တွေ့ကျကျအသုံးချပြီး အနာဂတ်မှာ နောင်တမရအောင် လူတိုင်းကကြိုးစားသင့်ပေသည်။ ကိုယ်ကပဲအချိန်ကို လိုသလိုထိန်းချုပ်ပြီး အချိန်က ထိန်းချုပ်တာကို လက်မခံသင့်ပေ။
ပျော်ရွှင်မှုသည်လည်း ထို့အတူပင်။ လူတိုင်းက ပျော်ရွှင်ဖို့ထိုက်တန်ပါသည်။ ဗီလန်ပဲဖြစ်ဖြစ် ၊ အရံဇာတ်ကောင်ပဲဖြစ်ဖြစ် ၊ ဒုတိယဇာတ်လိုက်ပဲဖြစ်ဖြစ် ၊ အဓိက ဇာတ်ကောင်ပဲဖြစ်ဖြစ် ဘယ်သူမဆို ပျော်ရွှင်ဖို့ထိုက်တန်ကြသည်ပင်။
နောက်ဆုံးမှာတော့ ဒီဇာတ်လမ်းလေးထဲက ဇာတ်ကောင်တွေသည်လည်း ပျော်ရွှင်စွာ အဆုံးသတ်ကြပေတော့မည်။
ကျောင်းဆရာလေးနဲ့ငယ်ဟာလည်း သူတို့ရဲ့အမွှေစိန်‌သားလေးနဲ့ အနာဂတ်ကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းသွားကြပေလိမ့်မည်။
ထို့အတူ
Minseok နဲ့ Chen ဟာလည်း သူတို့သူငယ်ချင်းတွေရဲ့ ကလေးတွေကိုထိန်းရင်း,
Sehun နဲ့ Lulu တို့မိသားစု ဟာလည်း သူတို့သားလေးနဲ့ အတူ နွေးထွေးတဲ့မိသားစုလေးအဖြစ်
အနာဂတ်ကို ကောင်းမွန်းစွာ ဖြတ်သန်းကြပေလိမ့်မည်။
Baekhyun ကတော့ Kai နဲ့ ရွာလေးမှာ ရန်သတ်လိုက် သူငယ်ချင်းတွေကို နှောင့်ယှက်လိုက် ပျော်ရွှင်စွာဖြတ်သန်းပေလိမ့်မည်။
Kai ကတော့ သူ့ရဲ့စွာတေးလေးကို ပျော်ရွှင်အောင် လုပ်ပေးရင်းဖြင့် ရွာလေးမှာနေနေလိမ့်မည်။
လူနှစ်ယောက်ပေါင်းစည်းမှ happy ending မဟုတ်ပါဘူး လူတိုင်းပျော်ရွှင်စွာဇာတ်သိမ်းသွားတာကလည်း Happy Ending ပါဘဲ။
လူတိုင်း ခါးသတ်တဲ့ အတိတ်တွေကနေရုန်းထွက်နိုင်ပြီး ပျော်ရွှင်တဲ့ နေ့ရက်တွေဆီသို့ လျှောက်လှမ်းနိုင်ပါစေ။
The End.
_________________________________
*** မင်းရဲ့အပြုံးတွေအသက်ပြန်ဝင်လာတဲ့တစ်နေ့ ကိုယ်မင်းအနားက‌ နေထွက်သွားမယ်လို့ ကျိန်ဆိုခဲ့ဖူးတယ်။ အခုတော့ ကိုယ်သွားရတော့အချိန်ပေါ့။ ချစ်ရတဲ့ညီလေး‌ရေကျေးဇူးပါကွာ။ ပျော်ရွှင်ပါစေ ချစ်ရသူရေ နောက်ဆုံးတော့ ကိုယ်စိတ်ချနိုင်သွားပြီ။ ကိုယ့်ညီလေးနဲ့မင်း လေးထာဝရပျော်ရွှင်ပါစေ........
_________________________________
နောက်ဆုံးတော့ ပြီးသွားခဲ့ပါပြီ။ အခုချိန်ထိ စိတ်ရှည်ရှည် လိုက်ပါလာပေးတဲ့ စာဖတ်သူများကိုကျေးဇူးအထူးပါ။ အစက Extra မရေးဖို့ပါပဲ။ ဒါပေမဲ့ ရေးဖို့ပြောလာတော့ ရေးမယ်လို့ တွေးဖြစ်ခဲ့ပေမဲ့ ခေါင်းထဲ ဘာ plot မှာမရှိသေးပါဘူး။ အဲ့တာနဲ့ပဲ တစ်ပိုင်းတစ်ပိုင်းကို ဆယ်သက်လောက်ကြာသွားခဲ့ပါတယ်။ အဲ့အတွက်ကို အနူးညွှတ်တောင်းပန်ပါတယ်။ အားလုံးကို ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်။
Take car ပါ...
Love you...
-------------------------------------------------
[Zawgyi]
" ဦးဦးရေ ဦးဦး "
" အဲ့လူကြီး ?? "
-----
" Hyun ? Hyun ဗျ "
" ဘာ!!!! "
" ဟေ့ လူ......... "
ထို့အတူ
The End.
_________________________________
_________________________________
Take car ပါ...
Love you...
-------------------------------------------------
Continue Reading
You'll Also Like
39K 2.7K 13
ထိုယောကျ်ားကိုမှ သဘောကျခဲ့မိပြီ ထိုေယာက်္ားကိုမွ သေဘာက်ခဲ့မိၿပီ
1.8K 201 3
''မင်းကငါ့ရဲ့ နွေဦးလေးပဲ''
5.9K 803 13
တည်ငြိမ်နေတဲ့ရေပြင်ကို ကျောက်ခဲနဲ့ပေါက်မယ် ဒါတောင်မှမလှုပ်ရင် ကျောက်တုံးကြီးပစ်ချမယ် 27.01.22
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC