ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘ...

By simply_because99

1.5M 190K 6.3K

Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapter... More

Synopsis
အပိုင်း - ၁ (U+Z)
အပိုင်း - ၂ (U+Z)
အပိုင်း - ၃ (U+Z)
အပိုင်း - ၄ (U+Z)
အပိုင်း - ၅ (U+Z)
အပိုင်း - ၆ (U+Z)
အပိုင်း - ၇ (U+Z)
အပိုင်း - ၈ (U+Z)
အပိုင်း - ၉ (U+Z)
အပိုင်း - ၁၀ (U+Z)
အပိုင်း - ၁၁ (U+Z)
အပိုင်း - ၁၂ (U+Z)
အပိုင်း - ၁၃ (U+Z)
အပိုင်း - ၁၄ (U+Z)
အပိုင်း - ၁၅ (U+Z)
အပိုင်း - ၁၆ (U+Z)
အပိုင်း - ၁၇ (U+Z)
အပိုင်း - ၁၈ (U+Z)
အပိုင်း - ၁၉ (U+Z)
အပိုင်း - ၂၀ (U+Z)
အပိုင်း - ၂၁ (U+Z)
အပိုင်း - ၂၂ (U+Z)
အပိုင်း - ၂၃ (U+Z)
အပိုင်း - ၂၄ (U+Z)
အပိုင်း - ၂၅ (first part)
အပိုင်း - ၂၅ (second part)
အပိုင်း - ၂၆ (U+Z)
အပိုင်း - ၂၇ (U+Z)
အပိုင်း - ၂၈ (U+Z)
အပိုင်း - ၂၉ (U+Z)
အပိုင်း - ၃၀ (U+Z)
အပိုင်း - ၃၁ (U+Z)
အပိုင်း - ၃၂ (U+Z)
အပိုင်း - ၃၃ (U+Z)
အပိုင်း - ၃၄ (U+Z)
အပိုင်း - ၃၅ (U+Z)
အပိုင်း - ၃၆ (U+Z)
အပိုင်း - ၃၇ (U+Z)
အပိုင်း - ၃၈ (U+Z)
အပိုင်း - ၃၉ (U+Z)
အပိုင်း - ၄၀ (U+Z)
အပိုင်း - ၄၁ (U+Z)
အပိုင်း - ၄၃ (U+Z)
အပိုင်း - ၄၄ (U+Z)
အပိုင်း - ၄၅ (U+Z)
အပိုင်း - ၄၆ (U+Z)
ဇာတ်သိမ်းပိုင်း (Unicode)
ဇာတ်သိမ်းပိုင်း (Zawgyi)
Extra - 1 (U+Z)
Extra - Spinoff (U+Z)
Extra - 2 (U+Z)

အပိုင်း - ၄၂ (U+Z)

23.7K 3.3K 108
By simply_because99

Unicode

သဝန်တိုဟူသောစကားလုံးကို လော့ချင်
ထုတ်ပြောချိန်မှာ လင်းကျစ်ရှက နားမလည်နိုင်
သလိုခံစားလိုက်ရသည်။

"ကျွန်တော် သဝန်တိုရင်ရော ဘာဖြစ်မှာမို့လဲ"

"ရှောင်ရှ သဝန်တိုတတ်လာပြီဆိုတာ ကိုယ့်ကို
သဘောကျလာတဲ့အဓိပ္ပါယ်ပေါ့"

လော့ချင်က ခပ်ဖွဖွဆိုသည်။

"ဒီလောက်ဆို ပျော်သင့်နေပြီမဟုတ်လား"

လင်းကျစ်ရှ လော့ချင်ကို မမှိတ်မသုန်စိုက်ကြည့်
ရင်း တစ်ခုခုချေပလိုသော်လည်း ဘယ်ကနေ
စ‌ပြောရမလဲ မသိ။

သူနှင့်လော့ချင်ကြား တစ်ဦးအပေါ်တစ်ဦး
ထားရှိသည့်အချစ်က မညီမျှသလို သူခံစားရ
သည်။ လော့ချင်၏ချစ်ခြင်းက လင်းကျစ်ရှ
ထက်ပင် ပိုနက်ရှိုင်းနေသည်။

လော့ချင် သူ့ကို သဘောကျသည်မှာ အလွန်
သိသာသော်လည်း အစတုန်းက သူ ဒီအတိုင်း
လက်ခံခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနှင့်
ထိုသဘောကျမှုအပေါ် တုံ့ပြန်ခဲ့တာပင်။

သို့သော် အစမှာပဲ ထိုသို့ဖြစ်ပျက်ခဲ့ခြင်း။

လော့ချင်လိုလူက သူ့အား သဘောကျသည့်
စိတ်ရင်းကို နည်းနည်းမှမဖုံးကွယ်ပါဘဲ သူ့ရှေ့မှာ
နေ့တိုင်း တဝဲလည်လည်ရှိနေခဲ့သည်။

လင်းကျစ်ရှက တကယ် ဘုန်းတော်ကြီးမှ
မဟုတ်တာ၊ ဘယ်လိုလုပ် မယိမ်းယိုင်ဘဲ
နေနိုင်ပါ့မလဲ။

သို့သော် လော့ချင်ပြောသည့်အတိုင်း
လင်းကျစ်ရှက တကယ်ကို ဘူးသီးလေးလို
ဖြစ်သည်။ သူ့စိတ်ထဲမှစကားလုံးများကို
မည်သို့ ပွင့်ပွင့်လင်းလင်းပြောပြရမလဲ မသိ။

"မင်းအနေနဲ့ အတိတ်ကို လုံးဝလက်လွှတ်ပြီး
ကိုယ့်အပေါ် ခြွင်းချက်မရှိဘဲ အပြည့်အဝသဘောကျလာဖို့မလွယ်ကူမှန်း ကိုယ်သိတယ်"

လော့ချင်က သူ့နှုတ်ခမ်းကို ညင်သာစွာနမ်းရှိုက်
လာကာ ခပ်တိုးတိုးဆိုသည်။

"ရှောင်ရှ...စိတ်မပူပါနဲ့၊ ကိုယ် မင်းကို အတင်းအကျပ်ဖိအား‌မပေးဘူး၊ မင်း အချိန်ယူ
နိုင်တယ်"

တစိမ့်စိမ့်တိုးထွက်လာသော ရေနှယ်
လော့ချင်၏စကားလုံးတို့က လင်းကျစ်ရှအား
ရစ်သိုင်းလာကာ တစ်စတစ်စ နစ်မြှုပ်သွားစေ
သည်။

လင်းကျစ်ရှ စကားတစ်ခွန်းမှမဆိုဘဲ
လော့ချင်ကို အသာပွေ့ဖက်လိုက်လေ၏။

လော့ချင်က တစ်ခဏ ကြောင်အသွားပြီးမှ
နှုတ်ခမ်းစွန်းများ ကော့ညွှတ်သွားကာ ‌
လင်းကျစ်ရှကို ခပ်တင်းတင်းပွေ့ဖက်ထား
တော့သည်။

"ရှောင်ရှ"

"ဟင်?"

"ကိုယ်တို့ ရှောင်အိုက်အတွက် ညီလေး၊
ဒါမှမဟုတ် ညီမလေးတစ်ယောက်လောက်
ဘယ်တော့ မွေးကြမလဲ"

လင်းကျစ်ရှ လှုပ်ရှားမှုများ ဆတ်ခနဲတောင့်တင်း
သွားပြီး လော့ချင်ကိုကြည့်လိုက်မိသည်။
ထိုသူက မလှုပ်မယှက်ဖြစ်နေသေးသော်လည်း
မျက်ဝန်းများတွင်မူ မြေခွေးလို မရိုးသားသော
ရယ်မြူးရိပ်သန်းလို့နေ၏။

လင်းကျစ်ရှ မျက်နှာနီမြန်းသွားကာ လော့ချင်ကို
ဒေါသတကြီးတွန်းလိုက်ပြီး

"ခင်ဗျားက လက်ဒဏ်ရာရထားတာကို၊
ဒါမျိုး လိုချင်သေးတယ်လား!"

လော့ချင်က ခပ်တိုးတိုးရယ်နေလျက်။
လင်းကျစ်ရှ မတ်တတ်ရပ်ဖို့ပြင်သော်လည်း
လော့ချင်က သူ့ကို ဆွဲထား၏။ တအားရုန်းလျှင်
အသံကျယ်သွားပြီး လင်းခယ်အိုက်နိုးလာမှာကို
စိုးရိမ်ရသည်က တစ်ကြောင်း၊ လော့ချင်၏
ဒဏ်ရာကို ဖိမိနိုင်သည်က တစ်ကြောင်းတို့
ကြောင့် လင်းကျစ်ရှ ထိုသူ့ရင်ခွင်ထဲ ပြန်ထိုင်
လိုက်ရကာ မကျေမနပ်ဖြစ်နေပုံပေါ်သည်။

"ဒီနှစ် နှစ်သစ်ကူးကျရင် အိမ်ဟောင်းကို
အတူပြန်သွားဖို့ ကိုယ့်အဖေ မှာထားတယ်"

လင်းကျစ်ရှ နားမလည်ပေ။

"အတူ?"

"ဟုတ်တယ်၊ ကိုယ်တို့သုံးယောက်...
ကိုယ်ရယ်၊ မင်းရယ်၊ ရှောင်အိုက်ရယ်
အိမ်ဟောင်းကို အတူသွားကြမယ်"

လင်းကျစ်ရှ စိတ်ရှုပ်ထွေးလာသည်။

"ကျွန်တော်လည်း သွားရမှာပေါ့? အန်ကယ်က
ကျွန်တော့်ကို မုန်းတယ်မလား၊ ဘယ်လိုလုပ်
သွားခွင့်ပေးမှာလဲ"

"ကိုယ့်အဖေ ဝန်မခံချင်ပေမယ့် ကိုယ်ထင်တာ
ပြောရရင် အဲ့အဖြစ်အပျက်နောက်ပိုင်းမှာ
သူ မင်းကို မမုန်းနိုင်တော့ဘူး"

လော့ချင်က လေးနက်သောအသံနှင့်။

"လူတွေက ဒီလိုပါပဲ၊ ဒေါသထွက်တဲ့အခါ
ရှိမယ်၊ ထပ်တူခံစားရတဲ့အခါလည်း ရှိမယ်"

လင်းကျစ်ရှက ချီတုံချတုံအမူအရာပြနေဆဲ။

"မင်း မသွားချင်ရင် ကိုယ် အဖေ့ကိုပြောလိုက်
မယ်၊ နှစ်သစ်ကူးကျရင် မင်းနဲ့ရှောင်အိုက်ကို
ခေါ်ပြီး ခရီးတစ်ခုထွက်ဖို့ ကိုယ်စီစဉ်ထားလို့"

လင်းကျစ်ရှ ခဏလောက် တွေးကြည့်လိုက်ကာ

"သွားတာ ပိုကောင်းမယ်လို့ ထင်တယ်၊
အခုတလော အန်ကယ်က စိတ်အခြေအနေ
မကောင်းတဲ့အပြင် သိပ်လည်း မကျန်း‌မာဘူး
မလား၊ ဒီကိစ္စကြောင့် ဒေါသဖြစ်ရရင်
အဆင်ပြေမှာမဟုတ်ဘူး"

လော့ချင်က မျက်ဝန်းများမှတစ်ဆင့် မသိမသာအကဲခတ်နေရင်း လင်းကျစ်ရှ သိပ်မလိုလားမှန်း
သူရိပ်မိသွားခဲ့ပြီ။

လင်းကျစ်ရှက လော့ချင်အတွက် ထိုသို့
လိုက်လျောပေးတာ သေချာ၏။

လော့ချင်နှလုံးသားမှာ ရှုပ်ထွေးစပြုလာသည်။

"ရှောင်ရှ၊ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးပါနဲ့"

"တွန်းအားမပေးပါဘူး၊ တစ်ယောက်ယောက်က
ကျွန်တော့်ကို လာအနိုင်ကျင့်ရင် ပြန်ပြီး
ပညာပြမှာ"

လင်းကျစ်ရှ အပြုံးနှင့်အတူ ပြောလိုက်ရာ
လှပသောမျက်ခုံးအစုံမှာ ညင်သာစွာ
အနည်းငယ်ကွေးသွားလေသည်။

"အခုဆို ကျွန်တော့်မှာ ကျောထောက်နောက်ခံ
ရှိနေပြီ၊ ဘေးတိုက်လျှောက်ရမယ်ဆိုရင်တောင်
ကြောက်စရာမရှိတော့ဘူး"

ချိုမြိန်လွန်းသည်။ လော့ချင် ရင်ထဲ မရိုးမရွ
ခံစားလာရကာ လင်းကျစ်ရှ၏မေးဖျားကို
နမ်းပြီး ပြောလိုက်လေသည်။

"ဒါဆို ကိုယ် ဒီည ဒီအခန်းထဲမှာအိပ်ဖို့
တောင်းဆိုရင်ရော ရမလား"

"မရဘူး"

လင်းကျစ်ရှက သူ့လက်မောင်းကို ဖွဖွထိုးကာ

"လုံခြုံအောင်လို့ ခင်ဗျား ကိုယ့်အခန်းကိုယ်
ပြန်သွားအိပ်"

ထိုလုံခြုံဟူသောစကားမှာ အဓိပ္ပါယ်နှစ်ခွ
ဆောင်နေသည်။

သို့သော် လော့ချင်က လင်းကျစ်ရှနှင့်
အငြင်းမပွားနိုင်သဖြင့် ရိုးရိုးသားသား
ကိုယ့်အခန်းကိုယ်ပြန်သွားရတော့သည်။

နှစ်သစ်ကူးပွဲတော်သို့အ‌ရောက်တွင် လော့ချင်
ပတ်တီးဖြည်လိုက်ပြီဖြစ်ကာ ‌နောက်ဆုံးတော့
လက်နှစ်ဖက်လုံး လွတ်လပ်သွားပေပြီ။

ဆေးရုံမှထွက်လျှင်ထွက်ချင်း သူ လင်းကျစ်ရှဆီ
ဖုန်းဆက်ကာ စားသောက်ဆိုင်သို့လာ‌ခေါ်မည်၊
ရှောင်အိုက်ကို အတူသွားကြိုမည်ဖြစ်ကြောင်း
ပြောလိုက်သည်။

အားလပ်ရက်များကိုအတူကုန်ဆုံးဖို့ ခပ်စောစော
ပြန်ကြမည်။ မတိုင်ခင် အစောပိုင်းကတည်းက
လော့ချင်ပြောထားသောကိစ္စပင်။

ဖုန်းချပြီးနောက် လင်းကျစ်ရှက ချီမင်ယွမ်ကို
ပြုံးပြလိုက်ကာ

"ရှောင်ချီ၊ ဒီနေ့လည်း မင်းကို ဆိုင်ကြည့်ပေး
ထားဖို့ အကူအညီတောင်းရမှာပဲ"

ချီမင်ယွမ်က သက်ပြင်းချသည်။

"ဝမ်းနည်းစရာ၊ သံဝေဂရစရာပဲဗျာ၊ အမျိုးသား
တစ်ယောက်က အချစ်နဲ့တွေ့ရင် အလုပ်အကိုင်
ကိုလည်း ဂရုမစိုက်နိုင်တော့ဘူး၊ အချစ်ဆိုတဲ့
အရာက တကယ်အန္တရာယ်များတယ်!"

ချီမင်ယွမ်က ဒီအတိုင်း စနောက်သလိုပြောနေ
ခြင်းဖြစ်ကာ အတည်မမှတ်ယူသော်လည်း
လင်းကျစ်ရှကတော့ ရှက်သွားရသည်။

သူ လော့ချင်နှင့်အဆင်ပြေသွားကတည်းက
ယခင်လို စားသောက်ဆိုင်သို့ အပြေးတစ်ပိုင်း
မသွားဖြစ်တော့။ အထူးသဖြင့် လော့ချင်
လက်ဒဏ်ရာရသွားတော့ ပိုဆိုးသည်။
ဘာပဲဖြစ်ဖြစ်ဟု ‌လင်းကျစ်ရှ ပြောခဲ့သော်ငြား
အမှန်တော့ အလုပ်ချိန်အတွင်း ခပ်စောစော
ပြန်ခဲ့မိတာကို သူကိုယ်တိုင် အသိပဲဖြစ်သည်။
သူ မရှိချိန်အတွင်း ချီမင်ယွမ်ကသာ ဆိုင်ကို
ကူကြည့်ပေးထားရမြဲ။

ငွေရှင်းကောင်တာမှမိန်းကလေးက ပြုံးရင်း
ပြောလိုက်၏။

"အခုဆို ရှောင်ချီက လက်ထောက်မန်နေဂျာ
ဖြစ်နေပြီ!"

"မဟုတ်ရပါဘူးဗျာ"

ချီမင်ယွမ်က ခေါင်းခါပြကာ

"ကျွန်တော် အလုပ်ကြိုးစားရမယ်၊ အများကြီး
ကြိုးစားရဦးမယ်! ပထမဆုံး ပန်းတိုင်အသေး
ချမှတ်မယ်၊ ဆိုင်သူဌေး မျက်နှာသာပေးတာကို
အသုံးချပြီး လက်ထောက်မန်နေဂျာရာထူး
လုယူပစ်မယ်!"

"ဟားဟား၊ မင်း လုယူစရာမလိုပါဘူး၊ ငါက
မင်းကို ချက်ချင်းပေးလိုက်မှာ!"

ပြုံးနေတုန်းမှာ လော့ချင် ဝင်လာခဲ့သည်။

"ရှောင်ရှ...ရှောင်အိုက်ကို သွားကြိုရအောင်"

"အင်း၊ ကျွန်တော် ဂျာကင်ချွတ်လိုက်ဦးမယ်"

ခပ်လှမ်းလှမ်းကတည်းက ချီမင်ယွမ်
လော့ချင်ကိုကြည့်နေကာ သူ့သဘောထားမှာ
အခုနကနှင့် လုံးလုံးမတူတော့ပေ။

"အစ်ကိုလော့! ကျွန်တော့်ကို အန်ပေါင်းပေး!
စာအိတ်အနီလေးတွေ! ကျွန်တော် ဆိုင်ကို
စောင့်ကြည့်ပေးထားရတာ...အစ်ကို့လောက်
အေးအေးဆေးဆေးမနေရဘူးဗျ!"

လော့ချင်က ခပ်တိုးတိုးရယ်လိုက်ပြီး

"ဟုတ်ပါပြီ၊ ငါ မင်းကို စာအိတ်အနီခပ်ကြီးကြီး
တစ်အိတ်ပို့ပေးမယ်"

ချီမင်ယွမ် နည်းနည်း ဇဝေဇဝါဖြစ်သွားပြီး
တောင့်ခဲသွားရသည်။ လော့ချင် ပြုံးနေတာ
သေချာရဲ့လားဟု သူ နောက်တစ်ကြိမ်ကြည့်ရင်း
ထိုအပြုံးက ကြည့်ကောင်းလှသလို ကျောချမ်း
စရာလည်း‌ ကောင်းနေသည်။

အချစ်ရဲ့စွမ်းအားက ဒီလိုလား၊ ရေခဲတုံးကြီး
ကိုတောင် အရည်ပျော်စေနိုင်တယ်...

"ပြီးပြီ"

လင်းကျစ်ရှက ဦးထုပ်ဆောင်းရင်း ထွက်လာသည်။

"သွားကြစို့"

ထို့နောက် ရှောင်ချီဘက်သို့လှည့်လိုက်ပြီး

"ရှောင်ချီ...စိတ်ချမယ်နော်"

ချီမင်ယွမ်က 'အိုကေ'ဆိုသည်ထက်ပိုသော
အမူအရာမျိုးပြပြီးနောက် ထွက်ခွာသွားသူတို့ကိုကြည့်ရင်း သက်ပြင်းဖွဖွချလိုက်လေသည်။

မကြာခင် နွေဦး ချဉ်းနင်းဝင်ရောက်တော့မည်။

မူကြိုကျောင်းဆင်းချိန်မှာပဲ သူတို့ ရောက်ရှိ
သွားကာ အအေးဓာတ်က ရုတ်တရက်ဆိုသလို
မြင့်တက်လာခဲ့၏။ လေ အတော်ပြင်းပြင်း
တိုက်ခတ်လာ‌ရာ သူတို့နှစ်ဦးမှာ ထူထူထဲထဲ
မဝတ်ထားမိ။ လော့ချင်က လင်းကျစ်ရှကို
ကားထဲမှာသွားစောင့်နေဖို့ပြောသော်လည်း
လင်းကျစ်ရှက လက်မခံဘဲ သူ့လက်ကို
လော့ချင်လက်ထဲထည့်ကာ တိုးတိုးပြောလာ၏။

"အေးတယ်"

လော့ချင်က သူ့ကို အနောက်မှသိုင်းဖက်ဖို့
ပြင်သည်။ အစမှာ လင်းကျစ်ရှ ရှက်နေသော်
လည်း တကယ်နွေးသွားသဖြင့် ငြင်းဆန်မှု
မပြုတော့ဘဲ လော့ချင်ရင်ခွင်ထဲမှာ နွေးထွေး
ဇိမ်ကျနေတော့သည်။

သူတို့နှစ်ဦး၏ယခုလိုအနေအထားကို
အပြင်လူများအနေနှင့် အာရုံမစိုက်မိဘဲ နေနိုင်ဖို့
ခဲယဉ်းသည်။ သို့သော်လည်း ရာသီဥတု
အခြေအနေဆိုးရွားနေတာမို့ အခြားလူများက
တစ်ချက်မျှငဲ့ကြည့်ပြီးနောက် အေးလွန်းသဖြင့်
တုန်တက်သွားပြီး ဗျစ်တောက်ဗျစ်တောက်
ရေရွတ်နေကြလေသည်။

ခဏစောင့်ပြီးချိန်မှာတော့ လင်းခယ်အိုက်က
သူတို့မြင်ကွင်းအတွင်း ရောက်ရှိလာပေပြီ။

အုပ်စုတစ်စုနောက်မှာ ကောင်ကလေးက
ချူရွှင်းကို လက်တွဲထားပြီး ဖြည်းဖြည်းချင်း
လျှောက်လာနေသည်။ အနွေးထည်ခပ်ထူထူ
ဝတ်ထားကာ လော့ချင်ဝယ်ပေးထားသော
ယုန်လည်စည်းကို ပတ်ထား၏။ နှင်းလုံးလေးလို
ချစ်စဖွယ်။

ရုတ်တရက် ကလေးတစ်ဦးက အပြေးလာရာ
မတော်တဆတိုက်မိသွားပြီး ရှောင်အိုက်
မြဲမြဲမြံမြံမရပ်နိုင်တော့ဘဲ ဆောင့်ကြောင့်ထိုင်
ကျသွားသည်။

ဖင်ထိုင်လျက်သား လဲကျသဖြင့် ရှောင်အိုက်
မတရားသလိုခံစားရကာ ငိုတော့မည့်ဆဲဆဲ။
ရှောင်ရွှင်းက သူ့ကို ဆွဲထူပေးကာ ဆရာမဆီမှ
ရထားသော အညိုရောင်သကြားလုံးလေးကို
ပေးလိုက်သည်။ လင်းခယ်အိုက်က ဝါးခနဲ
ပျော်သွားကာ သကြားလုံးကို မြုံ့နေလေ၏။
မျက်လုံးများ တစ်ဝက်ပိတ်အောင် ပြုံးနေကာ
လက်ကလေးနှစ်ဖက်လွှဲယမ်းနေသည့်
ရှောင်အိုက်။

လင်းကျစ်ရှ ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။

ဒါ ဘယ်လိုကလေးလေးပါလိမ့်။

သကြားလုံးတစ်လုံးရသွားတာနဲ့ မိုးပြိုရင်တောင်
ဂရုမစိုက်တော့ဘူး။

လင်းခယ်အိုက် သကြားလုံးဝါးနေတုန်းမှာပဲ
ကျောင်းဂိတ်၀၌မတ်တတ်ရပ်နေသည့်
လင်းကျစ်ရှနှင့်လော့ချင်ကို မြင်သွားကာ
လက်ဝှေ့ယမ်းပြပြီး ခပ်လှမ်းလှမ်းကတည်းက
တက်တက်ကြွကြွအော်လိုက်လေသည်။

"ပါး၊ ဦးဦးလော့! သား ဒီမှာ! ဒီကိုကြည့်!
ဒီဘက်ကိုကြည့်!"

အသံသေးသေးလေးက ကြွပ်ဆတ်စူးရှနေကာ
အသံချဲ့စက်တပ်ထားသည့်အလား။ တကျာကျာ
မြည်နေသောသားရဲများကြားတွင် စူးစူးရှရှ
ထင်းထွက်လျက် မူကြိုကျောင်းတစ်ခုလုံး
ပဲ့တင်ထပ်နေတော့သည်။

လာကြိုသည့် ကျောင်းသားမိဘများ ရွှင်မြူး
သွားရပြီ။ လင်းကျစ်ရှလည်း လော့ချင်ကို
လှည့်ကြည့်ပြီး ပြုံးရယ်နေမိရင်း။

အန်ကယ်လင်းဘေးမှာရပ်နေသည့် လူစိမ်းကို
ချူရွှင်းကြည့်လိုက်သည်။ လင်းခယ်အိုက်နှင့်
အလွန်ရုပ်ချင်းဆင်နေသဖြင့် ချူရွှင်း ဇဝေဇဝါ
ဖြစ်သွားကာ

"မင်း ဘာလို့ ဦးဦးဆိုပြီး ခေါ်တာလဲ"

လင်းခယ်အိုက်က ချူရွှင်းထက်ပင် အတွေးများ
သွားရ၏။

"ဦးဦးလို့မခေါ်ရင် ဘယ်လိုခေါ်ချင်လို့လဲ"

ချူရွှင်းလည်း နားမလည်တာမို့ တိတ်တိတ်လေး
နေလိုက်ပြီး လင်းခယ်အိုက် မေးခွန်း‌တွေ
ဆက်မမေးနိုင်အောင် ချူရွှင်းက မြေပဲလုံးကို
ပါးစပ်ထဲထည့်ပေးလေသည်။

လင်းခယ်အိုက်က အာရုံပြောင်းလွယ်သဖြင့်
စားပြီးသည်နှင့် ပျော်ပျော်ရွှင်ရွှင်ပြောလိုက်၏။

"နောက်တစ်လုံးလောက်"

စာသင်ခန်းကနေ မူကြိုကျောင်းဂိတ်ဝအထိ
လာသည့်လမ်းတစ်လျှောက် မိနစ်ပိုင်းအတွင်း
မှာပင် ချူရွှင်းက လင်းခယ်အိုက်အား
တစ်မျိုးပြီးတစ်မျိုးကျွေးနေတာကို လင်းကျစ်ရှ
မြင်ရသည်။ ကောင်ကလေးပါးစပ်က မနားတမ်း
လှုပ်နေကာ သရေစာအမျိုးမျိုးကို နည်းလမ်း
ပေါင်းစုံနှင့် စားနေလေ၏။

အိမ်မှာဆို လော့ချင်က ရှောင်အိုက်ကို ထိုသို့
ကျွေးလေ့ရှိသည်။ မူကြို‌တွင်လည်း ဝချင်လွန်းသဖြင့် မနားတမ်းစားသောက်နေသူများရှိရာ
ရှောင်အိုက် လေပူဖောင်းလို တစ်နေ့တခြား
ပိုလုံးဝိုင်းလာသည်မှာ မဆန်းချေ။

လင်းခယ်အိုက်က သူတို့နှစ်ဦးဆီပြေးလာပြီး
လက်ကလေးနှစ်ဖက် ဖွင့်ကြိုသည်။

"ပါး...ချီ!"

လင်းကျစ်ရှ ကလေးအား ပွေ့ချီလိုက်စဉ်
အင့်ခနဲနေအောင် လေးသဖြင့် ဗိုက်ပူပူကို
ပွတ်သပ်လိုက်ကာ

"ရှောင်အိုက်...သား အမျိုးစုံစားထားတာပဲ၊
အိမ်ပြန်ရောက်ရင် ညစာစားနိုင်ဦးမလား"

လင်းခယ်အိုက်အဖို့ တွေးနေစရာမလိုပါပေ။

"သား စားနိုင်သေးတယ်!"

🍥🍥🍥🍥🍥🍥🍥🍥🍥🍥

Zawgyi

သဝန္တိုဟူေသာစကားလုံးကို ေလာ့ခ်င္
ထုတ္ေျပာခ်ိန္မွာ လင္းက်စ္ရွက နားမလည္ႏိုင္
သလိုခံစားလိုက္ရသည္။

"ကြၽန္ေတာ္ သဝန္တိုရင္ေရာ ဘာျဖစ္မွာမို႔လဲ"

"ေရွာင္ရွ သဝန္တိုတတ္လာၿပီဆိုတာ ကိုယ့္ကို
သေဘာက်လာတဲ့အဓိပၸါယ္ေပါ့"

ေလာ့ခ်င္က ခပ္ဖြဖြဆိုသည္။

"ဒီေလာက္ဆို ေပ်ာ္သင့္ေနၿပီမဟုတ္လား"

လင္းက်စ္ရွ ေလာ့ခ်င္ကို မမွိတ္မသုန္စိုက္ၾကည့္
ရင္း တစ္ခုခုေခ်ပလိုေသာ္လည္း ဘယ္ကေန
စ‌ေျပာရမလဲ မသိ။

သူႏွင့္ေလာ့ခ်င္ၾကား တစ္ဦးအေပၚတစ္ဦး
ထားရွိသည့္အခ်စ္က မညီမွ်သလို သူခံစားရ
သည္။ ေလာ့ခ်င္၏ခ်စ္ျခင္းက လင္းက်စ္ရွ
ထက္ပင္ ပိုနက္ရႈိင္းေနသည္။

ေလာ့ခ်င္ သူ႔ကို သေဘာက်သည္မွာ အလြန္
သိသာေသာ္လည္း အစတုန္းက သူ ဒီအတိုင္း
လက္ခံခဲ့တာျဖစ္ၿပီး တျဖည္းျဖည္းႏွင့္
ထိုသေဘာက်မႈအေပၚ တုံ႔ျပန္ခဲ့တာပင္။

သို႔ေသာ္ အစမွာပဲ ထိုသို႔ျဖစ္ပ်က္ခဲ့ျခင္း။

ေလာ့ခ်င္လိုလူက သူ႔အား သေဘာက်သည့္
စိတ္ရင္းကို နည္းနည္းမွမဖုံးကြယ္ပါဘဲ သူ႔ေရွ႕မွာ
ေန႔တိုင္း တဝဲလည္လည္ရွိေနခဲ့သည္။

လင္းက်စ္ရွက တကယ္ ဘုန္းေတာ္ႀကီးမွ
မဟုတ္တာ၊ ဘယ္လိုလုပ္ မယိမ္းယိုင္ဘဲ
ေနႏိုင္ပါ့မလဲ။

သို႔ေသာ္ ေလာ့ခ်င္ေျပာသည့္အတိုင္း
လင္းက်စ္ရွက တကယ္ကို ဘူးသီးေလးလို
ျဖစ္သည္။ သူ႔စိတ္ထဲမွစကားလုံးမ်ားကို
မည္သို႔ ပြင့္ပြင့္လင္းလင္းေျပာျပရမလဲ မသိ။

"မင္းအေနနဲ႔ အတိတ္ကို လုံးဝလက္လႊတ္ၿပီး
ကိုယ့္အေပၚ ႁခြင္းခ်က္မရွိဘဲ အျပည့္အဝသေဘာက်လာဖို႔မလြယ္ကူမွန္း ကိုယ္သိတယ္"

ေလာ့ခ်င္က သူ႔ႏႈတ္ခမ္းကို ညင္သာစြာနမ္းရႈိက္
လာကာ ခပ္တိုးတိုးဆိုသည္။

"ေရွာင္ရွ...စိတ္မပူပါနဲ႔၊ ကိုယ္ မင္းကို အတင္းအက်ပ္ဖိအား‌မေပးဘူး၊ မင္း အခ်ိန္ယူ
ႏိုင္တယ္"

တစိမ့္စိမ့္တိုးထြက္လာေသာ ေရႏွယ္
ေလာ့ခ်င္၏စကားလုံးတို႔က လင္းက်စ္ရွအား
ရစ္သိုင္းလာကာ တစ္စတစ္စ နစ္ျမႇဳပ္သြားေစ
သည္။

လင္းက်စ္ရွ စကားတစ္ခြန္းမွမဆိုဘဲ
ေလာ့ခ်င္ကို အသာေပြ႕ဖက္လိုက္ေလ၏။

ေလာ့ခ်င္က တစ္ခဏ ေၾကာင္အသြားၿပီးမွ
ႏႈတ္ခမ္းစြန္းမ်ား ေကာ့ၫႊတ္သြားကာ ‌
လင္းက်စ္ရွကို ခပ္တင္းတင္းေပြ႕ဖက္ထား
ေတာ့သည္။

"ေရွာင္ရွ"

"ဟင္?"

"ကိုယ္တို႔ ေရွာင္အိုက္အတြက္ ညီေလး၊
ဒါမွမဟုတ္ ညီမေလးတစ္ေယာက္ေလာက္
ဘယ္ေတာ့ ေမြးၾကမလဲ"

လင္းက်စ္ရွ လႈပ္ရွားမႈမ်ား ဆတ္ခနဲေတာင့္တင္း
သြားၿပီး ေလာ့ခ်င္ကိုၾကည့္လိုက္မိသည္။
ထိုသူက မလႈပ္မယွက္ျဖစ္ေနေသးေသာ္လည္း
မ်က္ဝန္းမ်ားတြင္မူ ေျမေခြးလို မ႐ိုးသားေသာ
ရယ္ျမဴးရိပ္သန္းလို႔ေန၏။

လင္းက်စ္ရွ မ်က္ႏွာနီျမန္းသြားကာ ေလာ့ခ်င္ကို
ေဒါသတႀကီးတြန္းလိုက္ၿပီး

"ခင္ဗ်ားက လက္ဒဏ္ရာရထားတာကို၊
ဒါမ်ိဳး လိုခ်င္ေသးတယ္လား!"

ေလာ့ခ်င္က ခပ္တိုးတိုးရယ္ေနလ်က္။
လင္းက်စ္ရွ မတ္တတ္ရပ္ဖို႔ျပင္ေသာ္လည္း
ေလာ့ခ်င္က သူ႔ကို ဆြဲထား၏။ တအား႐ုန္းလွ်င္
အသံက်ယ္သြားၿပီး လင္းခယ္အိုက္ႏိုးလာမွာကို
စိုးရိမ္ရသည္က တစ္ေၾကာင္း၊ ေလာ့ခ်င္၏
ဒဏ္ရာကို ဖိမိႏိုင္သည္က တစ္ေၾကာင္းတို႔
ေၾကာင့္ လင္းက်စ္ရွ ထိုသူ႔ရင္ခြင္ထဲ ျပန္ထိုင္
လိုက္ရကာ မေက်မနပ္ျဖစ္ေနပုံေပၚသည္။

"ဒီႏွစ္ ႏွစ္သစ္ကူးက်ရင္ အိမ္ေဟာင္းကို
အတူျပန္သြားဖို႔ ကိုယ့္အေဖ မွာထားတယ္"

လင္းက်စ္ရွ နားမလည္ေပ။

"အတူ?"

"ဟုတ္တယ္၊ ကိုယ္တို႔သုံးေယာက္...
ကိုယ္ရယ္၊ မင္းရယ္၊ ေရွာင္အိုက္ရယ္
အိမ္ေဟာင္းကို အတူသြားၾကမယ္"

လင္းက်စ္ရွ စိတ္ရႈပ္ေထြးလာသည္။

"ကြၽန္ေတာ္လည္း သြားရမွာေပါ့? အန္ကယ္က
ကြၽန္ေတာ့္ကို မုန္းတယ္မလား၊ ဘယ္လိုလုပ္
သြားခြင့္ေပးမွာလဲ"

"ကိုယ့္အေဖ ဝန္မခံခ်င္ေပမယ့္ ကိုယ္ထင္တာ
ေျပာရရင္ အဲ့အျဖစ္အပ်က္ေနာက္ပိုင္းမွာ
သူ မင္းကို မမုန္းႏိုင္ေတာ့ဘူး"

ေလာ့ခ်င္က ေလးနက္ေသာအသံႏွင့္။

"လူေတြက ဒီလိုပါပဲ၊ ေဒါသထြက္တဲ့အခါ
ရွိမယ္၊ ထပ္တူခံစားရတဲ့အခါလည္း ရွိမယ္"

လင္းက်စ္ရွက ခ်ီတုံခ်တုံအမူအရာျပေနဆဲ။

"မင္း မသြားခ်င္ရင္ ကိုယ္ အေဖ့ကိုေျပာလိုက္
မယ္၊ ႏွစ္သစ္ကူးက်ရင္ မင္းနဲ႔ေရွာင္အိုက္ကို
ေခၚၿပီး ခရီးတစ္ခုထြက္ဖို႔ ကိုယ္စီစဥ္ထားလို႔"

လင္းက်စ္ရွ ခဏေလာက္ ေတြးၾကည့္လိုက္ကာ

"သြားတာ ပိုေကာင္းမယ္လို႔ ထင္တယ္၊
အခုတေလာ အန္ကယ္က စိတ္အေျခအေန
မေကာင္းတဲ့အျပင္ သိပ္လည္း မက်န္း‌မာဘူး
မလား၊ ဒီကိစၥေၾကာင့္ ေဒါသျဖစ္ရရင္
အဆင္ေျပမွာမဟုတ္ဘူး"

ေလာ့ခ်င္က မ်က္ဝန္းမ်ားမွတစ္ဆင့္ မသိမသာအကဲခတ္ေနရင္း လင္းက်စ္ရွ သိပ္မလိုလားမွန္း
သူရိပ္မိသြားခဲ့ၿပီ။

လင္းက်စ္ရွက ေလာ့ခ်င္အတြက္ ထိုသို႔
လိုက္ေလ်ာေပးတာ ေသခ်ာ၏။

ေလာ့ခ်င္ႏွလုံးသားမွာ ရႈပ္ေထြးစျပဳလာသည္။

"ေရွာင္ရွ၊ ကိုယ့္ကိုယ္ကိုယ္ တြန္းအားမေပးပါနဲ႔"

"တြန္းအားမေပးပါဘူး၊ တစ္ေယာက္ေယာက္က
ကြၽန္ေတာ့္ကို လာအႏိုင္က်င့္ရင္ ျပန္ၿပီး
ပညာျပမွာ"

လင္းက်စ္ရွ အၿပဳံးႏွင့္အတူ ေျပာလိုက္ရာ
လွပေသာမ်က္ခုံးအစုံမွာ ညင္သာစြာ
အနည္းငယ္ေကြးသြားေလသည္။

"အခုဆို ကြၽန္ေတာ့္မွာ ေက်ာေထာက္ေနာက္ခံ
ရွိေနၿပီ၊ ေဘးတိုက္ေလွ်ာက္ရမယ္ဆိုရင္ေတာင္
ေၾကာက္စရာမရွိေတာ့ဘူး"

ခ်ိဳၿမိန္လြန္းသည္။ ေလာ့ခ်င္ ရင္ထဲ မ႐ိုးမ႐ြ
ခံစားလာရကာ လင္းက်စ္ရွ၏ေမးဖ်ားကို
နမ္းၿပီး ေျပာလိုက္ေလသည္။

"ဒါဆို ကိုယ္ ဒီည ဒီအခန္းထဲမွာအိပ္ဖို႔
ေတာင္းဆိုရင္ေရာ ရမလား"

"မရဘူး"

လင္းက်စ္ရွက သူ႔လက္ေမာင္းကို ဖြဖြထိုးကာ

"လုံၿခဳံေအာင္လို႔ ခင္ဗ်ား ကိုယ့္အခန္းကိုယ္
ျပန္သြားအိပ္"

ထိုလုံၿခဳံဟူေသာစကားမွာ အဓိပၸါယ္ႏွစ္ခြ
ေဆာင္ေနသည္။

သို႔ေသာ္ ေလာ့ခ်င္က လင္းက်စ္ရွႏွင့္
အျငင္းမပြားႏိုင္သျဖင့္ ႐ိုး႐ိုးသားသား
ကိုယ့္အခန္းကိုယ္ျပန္သြားရေတာ့သည္။

ႏွစ္သစ္ကူးပြဲေတာ္သို႔အ‌ေရာက္တြင္ ေလာ့ခ်င္
ပတ္တီးျဖည္လိုက္ၿပီျဖစ္ကာ ‌ေနာက္ဆုံးေတာ့
လက္ႏွစ္ဖက္လုံး လြတ္လပ္သြားေပၿပီ။

ေဆး႐ုံမွထြက္လွ်င္ထြက္ခ်င္း သူ လင္းက်စ္ရွဆီ
ဖုန္းဆက္ကာ စားေသာက္ဆိုင္သို႔လာ‌ေခၚမည္၊
ေရွာင္အိုက္ကို အတူသြားႀကိဳမည္ျဖစ္ေၾကာင္း
ေျပာလိုက္သည္။

အားလပ္ရက္မ်ားကိုအတူကုန္ဆုံးဖို႔ ခပ္ေစာေစာ
ျပန္ၾကမည္။ မတိုင္ခင္ အေစာပိုင္းကတည္းက
ေလာ့ခ်င္ေျပာထားေသာကိစၥပင္။

ဖုန္းခ်ၿပီးေနာက္ လင္းက်စ္ရွက ခ်ီမင္ယြမ္ကို
ၿပဳံးျပလိုက္ကာ

"ေရွာင္ခ်ီ၊ ဒီေန႔လည္း မင္းကို ဆိုင္ၾကည့္ေပး
ထားဖို႔ အကူအညီေတာင္းရမွာပဲ"

ခ်ီမင္ယြမ္က သက္ျပင္းခ်သည္။

"ဝမ္းနည္းစရာ၊ သံေဝဂရစရာပဲဗ်ာ၊ အမ်ိဳးသား
တစ္ေယာက္က အခ်စ္နဲ႔ေတြ႕ရင္ အလုပ္အကိုင္
ကိုလည္း ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး၊ အခ်စ္ဆိုတဲ့
အရာက တကယ္အႏၲရာယ္မ်ားတယ္!"

ခ်ီမင္ယြမ္က ဒီအတိုင္း စေနာက္သလိုေျပာေန
ျခင္းျဖစ္ကာ အတည္မမွတ္ယူေသာ္လည္း
လင္းက်စ္ရွကေတာ့ ရွက္သြားရသည္။

သူ ေလာ့ခ်င္ႏွင့္အဆင္ေျပသြားကတည္းက
ယခင္လို စားေသာက္ဆိုင္သို႔ အေျပးတစ္ပိုင္း
မသြားျဖစ္ေတာ့။ အထူးသျဖင့္ ေလာ့ခ်င္
လက္ဒဏ္ရာရသြားေတာ့ ပိုဆိုးသည္။
ဘာပဲျဖစ္ျဖစ္ဟု ‌လင္းက်စ္ရွ ေျပာခဲ့ေသာ္ျငား
အမွန္ေတာ့ အလုပ္ခ်ိန္အတြင္း ခပ္ေစာေစာ
ျပန္ခဲ့မိတာကို သူကိုယ္တိုင္ အသိပဲျဖစ္သည္။
သူ မရွိခ်ိန္အတြင္း ခ်ီမင္ယြမ္ကသာ ဆိုင္ကို
ကူၾကည့္ေပးထားရၿမဲ။

ေငြရွင္းေကာင္တာမွမိန္းကေလးက ၿပဳံးရင္း
ေျပာလိုက္၏။

"အခုဆို ေရွာင္ခ်ီက လက္ေထာက္မန္ေနဂ်ာ
ျဖစ္ေနၿပီ!"

"မဟုတ္ရပါဘူးဗ်ာ"

ခ်ီမင္ယြမ္က ေခါင္းခါျပကာ

"ကြၽန္ေတာ္ အလုပ္ႀကိဳးစားရမယ္၊ အမ်ားႀကီး
ႀကိဳးစားရဦးမယ္! ပထမဆုံး ပန္းတိုင္အေသး
ခ်မွတ္မယ္၊ ဆိုင္သူေဌး မ်က္ႏွာသာေပးတာကို
အသုံးခ်ၿပီး လက္ေထာက္မန္ေနဂ်ာရာထူး
လုယူပစ္မယ္!"

"ဟားဟား၊ မင္း လုယူစရာမလိုပါဘူး၊ ငါက
မင္းကို ခ်က္ခ်င္းေပးလိုက္မွာ!"

ၿပဳံးေနတုန္းမွာ ေလာ့ခ်င္ ဝင္လာခဲ့သည္။

"ေရွာင္ရွ...ေရွာင္အိုက္ကို သြားႀကိဳရေအာင္"

"အင္း၊ ကြၽန္ေတာ္ ဂ်ာကင္ခြၽတ္လိုက္ဦးမယ္"

ခပ္လွမ္းလွမ္းကတည္းက ခ်ီမင္ယြမ္
ေလာ့ခ်င္ကိုၾကည့္ေနကာ သူ႔သေဘာထားမွာ
အခုနကႏွင့္ လုံးလုံးမတူေတာ့ေပ။

"အစ္ကိုေလာ့! ကြၽန္ေတာ့္ကို အန္ေပါင္းေပး!
စာအိတ္အနီေလးေတြ! ကြၽန္ေတာ္ ဆိုင္ကို
ေစာင့္ၾကည့္ေပးထားရတာ...အစ္ကို႔ေလာက္
ေအးေအးေဆးေဆးမေနရဘူးဗ်!"

ေလာ့ခ်င္က ခပ္တိုးတိုးရယ္လိုက္ၿပီး

"ဟုတ္ပါၿပီ၊ ငါ မင္းကို စာအိတ္အနီခပ္ႀကီးႀကီး
တစ္အိတ္ပို႔ေပးမယ္"

ခ်ီမင္ယြမ္ နည္းနည္း ဇေဝဇဝါျဖစ္သြားၿပီး
ေတာင့္ခဲသြားရသည္။ ေလာ့ခ်င္ ၿပဳံးေနတာ
ေသခ်ာရဲ႕လားဟု သူ ေနာက္တစ္ႀကိမ္ၾကည့္ရင္း
ထိုအၿပဳံးက ၾကည့္ေကာင္းလွသလို ေက်ာခ်မ္း
စရာလည္း‌ ေကာင္းေနသည္။

အခ်စ္ရဲ႕စြမ္းအားက ဒီလိုလား၊ ေရခဲတုံးႀကီး
ကိုေတာင္ အရည္ေပ်ာ္ေစႏိုင္တယ္...

"ၿပီးၿပီ"

လင္းက်စ္ရွက ဦးထုပ္ေဆာင္းရင္း ထြက္လာသည္။

"သြားၾကစို႔"

ထို႔ေနာက္ ေရွာင္ခ်ီဘက္သို႔လွည့္လိုက္ၿပီး

"ေရွာင္ခ်ီ...စိတ္ခ်မယ္ေနာ္"

ခ်ီမင္ယြမ္က 'အိုေက'ဆိုသည္ထက္ပိုေသာ
အမူအရာမ်ိဳးျပၿပီးေနာက္ ထြက္ခြာသြားသူတို႔ကိုၾကည့္ရင္း သက္ျပင္းဖြဖြခ်လိုက္ေလသည္။

မၾကာခင္ ေႏြဦး ခ်ဥ္းနင္းဝင္ေရာက္ေတာ့မည္။

မူႀကိဳေက်ာင္းဆင္းခ်ိန္မွာပဲ သူတို႔ ေရာက္ရွိ
သြားကာ အေအးဓာတ္က ႐ုတ္တရက္ဆိုသလို
ျမင့္တက္လာခဲ့၏။ ေလ အေတာ္ျပင္းျပင္း
တိုက္ခတ္လာ‌ရာ သူတို႔ႏွစ္ဦးမွာ ထူထူထဲထဲ
မဝတ္ထားမိ။ ေလာ့ခ်င္က လင္းက်စ္ရွကို
ကားထဲမွာသြားေစာင့္ေနဖို႔ေျပာေသာ္လည္း
လင္းက်စ္ရွက လက္မခံဘဲ သူ႔လက္ကို
ေလာ့ခ်င္လက္ထဲထည့္ကာ တိုးတိုးေျပာလာ၏။

"ေအးတယ္"

ေလာ့ခ်င္က သူ႔ကို အေနာက္မွသိုင္းဖက္ဖို႔
ျပင္သည္။ အစမွာ လင္းက်စ္ရွ ရွက္ေနေသာ္
လည္း တကယ္ေႏြးသြားသျဖင့္ ျငင္းဆန္မႈ
မျပဳေတာ့ဘဲ ေလာ့ခ်င္ရင္ခြင္ထဲမွာ ေႏြးေထြး
ဇိမ္က်ေနေတာ့သည္။

သူတို႔ႏွစ္ဦး၏ယခုလိုအေနအထားကို
အျပင္လူမ်ားအေနႏွင့္ အာ႐ုံမစိုက္မိဘဲ ေနႏိုင္ဖို႔
ခဲယဥ္းသည္။ သို႔ေသာ္လည္း ရာသီဥတု
အေျခအေနဆိုး႐ြားေနတာမို႔ အျခားလူမ်ားက
တစ္ခ်က္မွ်ငဲ့ၾကည့္ၿပီးေနာက္ ေအးလြန္းသျဖင့္
တုန္တက္သြားၿပီး ဗ်စ္ေတာက္ဗ်စ္ေတာက္
ေရ႐ြတ္ေနၾကေလသည္။

ခဏေစာင့္ၿပီးခ်ိန္မွာေတာ့ လင္းခယ္အိုက္က
သူတို႔ျမင္ကြင္းအတြင္း ေရာက္ရွိလာေပၿပီ။

အုပ္စုတစ္စုေနာက္မွာ ေကာင္ကေလးက
ခ်ဴ႐ႊင္းကို လက္တြဲထားၿပီး ျဖည္းျဖည္းခ်င္း
ေလွ်ာက္လာေနသည္။ အေႏြးထည္ခပ္ထူထူ
ဝတ္ထားကာ ေလာ့ခ်င္ဝယ္ေပးထားေသာ
ယုန္လည္စည္းကို ပတ္ထား၏။ ႏွင္းလုံးေလးလို
ခ်စ္စဖြယ္။

႐ုတ္တရက္ ကေလးတစ္ဦးက အေျပးလာရာ
မေတာ္တဆတိုက္မိသြားၿပီး ေရွာင္အိုက္
ၿမဲၿမဲၿမံၿမံမရပ္ႏိုင္ေတာ့ဘဲ ေဆာင့္ေၾကာင့္ထိုင္
က်သြားသည္။

ဖင္ထိုင္လ်က္သား လဲက်သျဖင့္ ေရွာင္အိုက္
မတရားသလိုခံစားရကာ ငိုေတာ့မည့္ဆဲဆဲ။
ေရွာင္႐ႊင္းက သူ႔ကို ဆြဲထူေပးကာ ဆရာမဆီမွ
ရထားေသာ အညိဳေရာင္သၾကားလုံးေလးကို
ေပးလိုက္သည္။ လင္းခယ္အိုက္က ဝါးခနဲ
ေပ်ာ္သြားကာ သၾကားလုံးကို ၿမဳံ႕ေနေလ၏။
မ်က္လုံးမ်ား တစ္ဝက္ပိတ္ေအာင္ ၿပဳံးေနကာ
လက္ကေလးႏွစ္ဖက္လႊဲယမ္းေနသည့္
ေရွာင္အိုက္။

လင္းက်စ္ရွ ရယ္ရခက္၊ ငိုရခက္ျဖစ္သြားသည္။

ဒါ ဘယ္လိုကေလးေလးပါလိမ့္။

သၾကားလုံးတစ္လုံးရသြားတာနဲ႔ မိုးၿပိဳရင္ေတာင္
ဂ႐ုမစိုက္ေတာ့ဘူး။

လင္းခယ္အိုက္ သၾကားလုံးဝါးေနတုန္းမွာပဲ
ေက်ာင္းဂိတ္၀၌မတ္တတ္ရပ္ေနသည့္
လင္းက်စ္ရွႏွင့္ေလာ့ခ်င္ကို ျမင္သြားကာ
လက္ေဝွ႔ယမ္းျပၿပီး ခပ္လွမ္းလွမ္းကတည္းက
တက္တက္ႂကြႂကြေအာ္လိုက္ေလသည္။

"ပါး၊ ဦးဦးေလာ့! သား ဒီမွာ! ဒီကိုၾကည့္!
ဒီဘက္ကိုၾကည့္!"

အသံေသးေသးေလးက ႂကြပ္ဆတ္စူးရွေနကာ
အသံခ်ဲ႕စက္တပ္ထားသည့္အလား။ တက်ာက်ာ
ျမည္ေနေသာသားရဲမ်ားၾကားတြင္ စူးစူးရွရွ
ထင္းထြက္လ်က္ မူႀကိဳေက်ာင္းတစ္ခုလုံး
ပဲ့တင္ထပ္ေနေတာ့သည္။

လာႀကိဳသည့္ ေက်ာင္းသားမိဘမ်ား ႐ႊင္ျမဴး
သြားရၿပီ။ လင္းက်စ္ရွလည္း ေလာ့ခ်င္ကို
လွည့္ၾကည့္ၿပီး ၿပဳံးရယ္ေနမိရင္း။

အန္ကယ္လင္းေဘးမွာရပ္ေနသည့္ လူစိမ္းကို
ခ်ဴ႐ႊင္းၾကည့္လိုက္သည္။ လင္းခယ္အိုက္ႏွင့္
အလြန္႐ုပ္ခ်င္းဆင္ေနသျဖင့္ ခ်ဴ႐ႊင္း ဇေဝဇဝါ
ျဖစ္သြားကာ

"မင္း ဘာလို႔ ဦးဦးဆိုၿပီး ေခၚတာလဲ"

လင္းခယ္အိုက္က ခ်ဴ႐ႊင္းထက္ပင္ အေတြးမ်ား
သြားရ၏။

"ဦးဦးလို႔မေခၚရင္ ဘယ္လိုေခၚခ်င္လို႔လဲ"

ခ်ဴ႐ႊင္းလည္း နားမလည္တာမို႔ တိတ္တိတ္ေလး
ေနလိုက္ၿပီး လင္းခယ္အိုက္ ေမးခြန္း‌ေတြ
ဆက္မေမးႏိုင္ေအာင္ ခ်ဴ႐ႊင္းက ေျမပဲလုံးကို
ပါးစပ္ထဲထည့္ေပးေလသည္။

လင္းခယ္အိုက္က အာ႐ုံေျပာင္းလြယ္သျဖင့္
စားၿပီးသည္ႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပာလိုက္၏။

"ေနာက္တစ္လုံးေလာက္"

စာသင္ခန္းကေန မူႀကိဳေက်ာင္းဂိတ္ဝအထိ
လာသည့္လမ္းတစ္ေလွ်ာက္ မိနစ္ပိုင္းအတြင္း
မွာပင္ ခ်ဴ႐ႊင္းက လင္းခယ္အိုက္အား
တစ္မ်ိဳးၿပီးတစ္မ်ိဳးေကြၽးေနတာကို လင္းက်စ္ရွ
ျမင္ရသည္။ ေကာင္ကေလးပါးစပ္က မနားတမ္း
လႈပ္ေနကာ သေရစာအမ်ိဳးမ်ိဳးကို နည္းလမ္း
ေပါင္းစုံႏွင့္ စားေနေလ၏။

အိမ္မွာဆို ေလာ့ခ်င္က ေရွာင္အိုက္ကို ထိုသို႔
ေကြၽးေလ့ရွိသည္။ မူႀကိဳ‌တြင္လည္း ဝခ်င္လြန္းသျဖင့္ မနားတမ္းစားေသာက္ေနသူမ်ားရွိရာ
ေရွာင္အိုက္ ေလပူေဖာင္းလို တစ္ေန႔တျခား
ပိုလုံးဝိုင္းလာသည္မွာ မဆန္းေခ်။

လင္းခယ္အိုက္က သူတို႔ႏွစ္ဦးဆီေျပးလာၿပီး
လက္ကေလးႏွစ္ဖက္ ဖြင့္ႀကိဳသည္။

"ပါး...ခ်ီ!"

လင္းက်စ္ရွ ကေလးအား ေပြ႕ခ်ီလိုက္စဥ္
အင့္ခနဲေနေအာင္ ေလးသျဖင့္ ဗိုက္ပူပူကို
ပြတ္သပ္လိုက္ကာ

"ေရွာင္အိုက္...သား အမ်ိဳးစုံစားထားတာပဲ၊
အိမ္ျပန္ေရာက္ရင္ ညစာစားႏိုင္ဦးမလား"

လင္းခယ္အိုက္အဖို႔ ေတြးေနစရာမလိုပါေပ။

"သား စားႏိုင္ေသးတယ္!"

🍥🍥🍥🍥🍥🍥🍥🍥🍥🍥

Continue Reading

You'll Also Like

568K 36.7K 31
story description>>>>> start-5/10/2021 end-1/1/2022
1.3M 215K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
52.5K 4.1K 9
Oh Sehun ♥ Kim Minseok
33.2K 3.4K 12
There have many different dimensions at the same time , same place..... Tuka is a normal girl but game worm! One day she cought an accidient.....she...