တန်ရာတန်ကြေး 〖 Completed 〗

By NgaChaukMaKyikeBuu

86.5K 10.2K 409

တန္ရာတန္ေၾကး Title - 以牙还牙 ( A Tooth For A Tooth ) Author - 小谧 ( Xiao Mi ) Translation Status - Completed Re-t... More

( ၁ )
( ၂ )
( ၄ )
( ၅ )
( ၆ )
( ၇ )
( ၈ )
( ၉ )
( ၁၀ )
( ၁၁ )
( ၁၂ )
( ၁၃ ) [ END ]
Extras

( ၃ )

4.7K 684 15
By NgaChaukMaKyikeBuu

( Unicode )

အခန်း ( ၃ )

ရွှီချင်းနျို့က မိုင့်ယောင်အနားမှ ယောက်ျားများအားလုံးကို ညီဖြစ်သူ မိုင့်ယွမ်ပါမကျန် စစ်ကြည့်သည်။

နောက်ဆုံးတွင် ထောက်ပြနိုင်သူက ပိုင်ဖန်းတစ်ဦးတည်းသာ ရှိ၏။

ပိုင်ဖန်းသည် မိုင့်ယောင် မနှစ်ကတွေ့လာသော မိတ်ဆွေတစ်ယောက်၏ မိတ်ဆွေဖြစ်သည်။ သူက အင်မတန်ကိုမှ ချောမောကာ နာမည်ကြီး မော်ဒယ်လည်း ဖြစ်လေသည်။ ဖက်ရှင်လောကထဲ ကျင်လည်နေသည်မှာ နှစ်ပေါင်း ကြာလှကာ အသိအမြင်ကျယ်သူ တစ်ယောက်ပင်။

မိုင့်ယောင်သည် ပုံပန်းအရတော့ ရင့်ကျက်တည်ငြိမ်သော်ငြား အတွင်းနှလုံးသားကမူ ကောလိပ်တက်စဥ်ကအတိုင်း ကျန်ရစ်နေသေးသည်။ စိတ်လှုပ်ရှားစရာ အသစ်အဆန်းများကို သဘောကျသော မှုန်ကုပ်ကုပ်နှင့် သခင်လေးပင် ဖြစ်နေသေးကာ အဆင့်မြင့်မြင့် ဇိမ်ကျကျနေထိုင်ရေးကို ရှေးရှူဆဲပင်။

ပိုင်ဖန်းနှင့် မိုင့်ယောင်တို့စတွေ့ကြသောအခါ နာမည်ကြီးကားဘရန်းတံဆိပ်များမှ စ၍ စီးကရက်၊ ဝိုင်၊ စတော့ခ်ရှယ်ယာများအကြောင်းထိအဆုံး ပြောဖြစ်ကြသည်။

ရွှီချင်းနျို့ကမူ ပိုင်ဖန်းကို တစ်စက်မှ မခင်။ အနှီလူကား ဟန်အမူအရာ ပိုလွန်းသည်ဟု မြင်မိသည်။

တွဲတာတာ နှစ်ပေါင်းမြောက်များစွာ ကြာခဲ့သည့်တိုင် ရွှီချင်းနျို့အတွက် နေရအကျပ်ဆုံး မိုင့်ယောင် အကျင့်စရိုက်များမှာ ဂုဏ်မောက်မာမှု နှင့် ယုံကြည်ချက် မိုးထိ လွန်ကဲခြင်းတို့ပဲ ဖြစ်ကြ၏။ မိုင့်ယောင်သည် ကိုယ့်ကိုကိုယ် တတ်နိုင်စွမ်းရှိသည်ဟု အထင်ကြီးလွန်းကာ မိမိမှာ တစ်ပါးလူထက် သာလွန်သည်ဟု ခံယူထားသည်။

မိုင့်ယောင် နှင့် ပိုင်ဖန်းတို့ တွေ့ပြီးနောက် ထိုပြဿနာက ပိုဆိုးဝါးသွားတော့သည်။

ထို့နောက်တွင်တော့ ပိုင်ဖန်းသည် မိုင့်ယောင်အပေါ် စိတ်က သိပ်မရိုးသားကြောင်း ရွှီချင်းနျို့ သိလိုက်ရလေသည်။ ပိုင်ဖန်းကား သူ၏ ရှေ့တည့်တည့်မှာတောင် မိုင့်ယောင်ကို အီစီကလီလုပ်ရဲသည်။ ဤအကြောင်းကို မိုင့်ယောင်ထံ ပြောပြရာ မိုင့်ယောင်က ဆိုသည် "သူက အဲ့လိုပါပဲကွ လူတကာ စနောက်နေတာ သူ့စရိုက်ကိုက ပွင့်လင်းလွန်းတာ လျှောက်မတွေးပါနဲ့ ငါတို့က ဒီတိုင်း မိတ်ဆွေတွေပဲ"

ရွှီချင်းနျို့က ဒေါသတွေ ထွက်လာရပြီး လှောင်ရယ်သည် "သူက အနုပညာလောကထဲမှာ ဆိုပေမယ့် မင်းကျတော့ မဟုတ်ဘူးလေ သူ့ဘာသာ ဂဏာမငြိမ်ပဲ စပြီး အီစီကလီလုပ်လာတာဆိုပေမဲ့ မင်းလည်း ကျေနပ်နေတယ် မလား ဒါကိုတောင် မိတ်ဆွေလို့ ခေါ်ရဲသေးတယ်ပေါ့ ကောင်းပြီလေ အဲ့ဒါဆို ငါလည်း အနုပညာလောကထဲ မိတ်ဆွေတစ်ယောက် ရှာလာပြမယ်"

မိုင့်ယောင်သည် ဘာရယ်မဟုတ်သော အညုအတုတွေကို သဘောကျသော်ငြား ဘဝတွင် ဘာက ပိုအရေးကြီးမှန်းတော့ သိသည်။ ပိုင်းဖန်အပေါ် ဘာသဘောမှ မရှိပါချေ။ ပိုင်းဖန်အတွက်လောက်နှင့် ရွှီချင်းနျို့အား ဒေါသထွက်စေဖို့ မတန်။ သို့ဖြစ်ရာ တဖြည်းဖြည်း ပိုင်ဖန်းကို ရှောင်လာတော့သည်။

ပိုင်ဖန်းက စိတ်ဆိုးကာ ရွှီချင်းနျို့ကို ကန်ထုတ်၍ သူနှင့် လာတွဲရန် မိုင့်ယောင်ကို ဖွင့်ပြောသည်။ စကားထဲတွင် ရွှီချင်းနျို့အပေါ် မလိုမုန်းထားမှုများက အတိုင်းသားပင်။ မိုင့်ယောင်လည်း ထိုစကားများကြောင့် စိတ်ဆိုးသွားကာ ထိုနေ့မှစပြီး ပိုင်ဖန်းနှင့် အဆက်အဆံကလည်း လျော့ပါးသွားရလျက် ပိုရှောင်လာတော့သည်။

ပိုင်ဖန်းကား မဟုတ်မမှန် လုပ်မည့်သူပဲ ဖြစ်သည်။ ရွှီချင်းနျို့သည် တစ်ဖက်လူ၏ မြူဆွယ်နိုင်စွမ်းရည် ပြည့်ဝသော မျက်လုံးများကို ကြည့်ကာ စိတ်မချ။ ထိုသို့ဖြင့် မိုင့်ယောင်သည် ပိုင်ဖန်းနှင့် အဆက်အသွယ်လုံးဝဖြတ်လိုက်ကာ ဆိုလေသည် "သူ ဘယ်သူနဲ့ပဲ မိတ်ဆွေဖြစ်ချင်ချင် ငါ လိုက်ထိန်းချုပ်လို့ မရဘူး"

ရွှီချင်းနျို့ကမူ အလွန်ပျော်မြူးသွားခဲ့ရလေသည်။

ကံဆိုးစွာပင် သူ၏ ပျော်ရွှင်မှုလေးက အချိန်မရှည်ကြာခဲ့ပေ။ လွန်ခဲ့သော ခြောက်လတုန်းက မိုင့်ယောင်ကုမ္ပဏီမှ ကော်ဖီဘရန်းတစ်ခုကို ကြေညာပေးရန် ပိုင်ဖန်းကို ငှားခဲ့လေရာ နှစ်ယောက်သား အလုပ်ကိစ္စဖြင့် မကြာခဏတွေ့ကြရတော့သည်။

မိုင့်ယောင်၏ ဖုန်းကောစာရင်းမှတော့ လွန်ခဲ့သည့် နှစ်လအတွင်း ထိုနှစ်ယောက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်မျှ ဖုန်းပြောထားကြကြောင်း တွေ့ရသည်။

မိုင့်ယောင်နှင့် ဖောက်ပြန်နေသူသည် ပိုင်ဖန်းပဲလား။

ပိုင်ဖန်းကသာ သံသယဖြစ်ဖွယ် အကောင်းဆုံးဟု ထင်မိသော်လည်း ရွှီချင်းနျို့ ရာနှုန်းပြည့်မသေချာပေ။

အမှန်ကမူ ရင်ထဲ မယုံချင်သေး။ သူကိုက အတွေးလွန်နေတာပဲ ဖြစ်စေချင်သည်။ မိုင့်ယောင် မဖောက်ပြန်ခဲ့ပဲ မိမိတစ်ယောက်တည်းကိုသာ စွဲမြဲချစ်နေဆဲဟု ယုံကြည်ထားချင်သည်။

စိတ်ကို ဖြေလျှော့ဖို့ ကြိုးစားကာ စာအုပ်ဆိုင် ေစာင့်ရင်း၊ ဝတ္ထုတွေ ရေးရင်း သူ၏ မူမမှန်မှုအား မိုင့်ယောင် သတိမထားမိပါစေနဲ့ဟု မျှော်လင့်မိသည်။

သို့သော် မိုင့်ယောင် တစ်ညတွင် ချစ်တင်းနှောဖို့ တောင်းဆိုလာချိန်မှာတော့ ဤလူသည် အခြားသူကိုလည်း ဖက်ခဲ့မည်၊ နမ်းခဲ့မည်၊ ထိုးသွင်းခဲ့မည်ဟု တွေးမိကာ ရွှီချင်းနျို့ သည်းမခံနိုင်တော့။ မိုင့်ယောင်၏ အထိအတွေ့အား တွန်းဆန်မိလေသည်။

သူ့ကိုယ်သူ ညစ်ပတ်သွားသလို ခံစားလာရကာ အန်ချင်မိချေသည်။

တုံ့ပြန်ချက်က ပြင်းထန်လွန်းသဖြင့် မိုင့်ယောင်ကတောင် သတိပြုမိသွားရကာ အိပ်ရာနံဘေးရှိ မီးအိမ်ကို ထွန်း၍ မေးလာသည် "မင်း ဘာဖြစ်နေတာလဲ အခုရက်ပိုင်း ငါ ထိတာကို မခံနိုင်ဘူး နေမကောင်းတာလား ဒါမှမဟုတ် ငါ့ကို စိတ်ဆိုးနေပြန်ပြီလား"

မိုင့်ယောင် မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်လျှံနေ၏။ ရွှီချင်းနျို့ သူ့ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားရသည်။

သို့ဖြစ်ရာ အကြည့်မလွှဲပဲ ခပ်ဖွဖွပြောလိုက်သည် "ငါ ခုနောက်ပိုင်း နည်းနည်းနှုံးကျနေလို့ ဆန္ဒမပါဘူး ဖြစ်နေတာ"

မိုင့်ယောင်သည် သူ တကယ်နေမကောင်းလို့ဟုပဲ မှတ်ကာ ဖိအားမပေးတော့။ နှစ်ဦးသားအတူ ရေဝင်ချိုးပြီးနောက် ရွှီချင်းနျို့ကို ဖက်လျက် အိပ်မောကျသွားတော့သည်။

မိုင့်ယောင်က အိပ်ပျော်သော်လည်း ရွှီချင်းနျို့ကမူ မနက် ၃နာရီခွဲအထိ အိပ်မရ။ တစ်ဖက်လူ၏ လရောင်အောက်မှ မျက်နှာကို ငေးမှိုင်ကြည့်နေမိသည်။ ကုန်လွန်ပြီး ခုနှစ်နှစ်တာမှ ပျော်စရာ၊ ဝမ်းနည်းစရာ၊ ရင်နာစရာ စသဖြင့် လှပသော အမှတ်တရများက ရုပ်ရှင်ကားအလား အတွေးထဲ အခန်းလိုက် စီရီထွက်ပေါ်လာနေကြသည်။

မိုင့်ယောင်အပေါ် ထားရှိသော သူ၏ အချစ်က လျော့ပါးမသွားခဲ့တာတော့ သေချာသည်။ မိုင့်ယောင်ကို မဆုံးရှုံးချင်သလို နှစ်ဦးကြားဆက်ဆံရေးကိုလည်း အထစ်အငေါ့ မရှိစေချင်ပေ။ သို့သော် သံသယများကို မျိုသိပ်ကာ ဘာမှ မသိထားသလို ဟန်ဆောင်လို့မရ ဖြစ်နေ၏။

ရင်ထဲ လမ်းပျောက်ကာ ဘာဆက်လုပ်ရမည်မှန်း မတွေးနိုင်တော့။

"ဟင်း..." မိုင့်ယောင်က ရုတ်တရက်နိုးလာကာ မျက်လုံးများကို ပွတ်၍ ညာမျက်လုံးအား အုပ်ဖုံးနေသော အရှေ့ဆံမြိတ်ကို ဖယ်ကာ ခပ်ဖွဖွပြောသည် "မအိပ်သေးဘူးလား"

တိတ်ဆိတ်သော ညည့်ယံတွင် အသံက အင်မတန်မှ နူးညံ့နေ၏။

ရွှီချင်းနျို့ ရင်ထဲ ချဥ်တက်လာရသည်။

"ပေါင်ပေ​့ နေ့လည်ပိုင်း အိပ်တာများသွားလို့ အခု အိပ်မပျော်တော့တာလား မင်းလေးကလေ နေ့နဲ့ ည အမြဲမှားနေတော့တာ ဇီးကွက်ပဲ ဖြစ်လိုက်ပါတော့..."မိုင့်ယောင်က ပြောရင်း ရွှီချင်းနျို့ခါးကို ထွေးဖက်လိုက်သည်။ ရင်ထဲ တင်းကြပ်စွာ ပိုက်ကာ မျက်ခုံးအလယ်တွင် အနမ်းပေးလိုက်ပြီး စ,သည် "အိပ်ပျော်အောင် ဒီအစ်ကိုကြီးက သားချော့တေး ဆိုသိပ်ပေးရမလား"

တကယ်လည်း ဆိုပြလေသည်။ ဆိုရင်း မျက်တောင်များ မှေးစင်းကျလာကာ အိပ်မောကျသွားပြန်တော့သည်။

ရွှီချင်းနျို့သည် မိုင့်ယောင်ရင်အုပ်ထဲ မှီရင်း စည်းကျကာ အားပါသော နှလုံးခုန်သံအား နားဆင်၍ ထွက်သက်ငွေ့လေနွေးကို ခံစားကြည့်ပြီး သက်ပြင်းချသည်။ ထို့နောက် တွေးမိသည်။ သူ တကယ်ကို အတွေးလွန်နေတာပဲ ဖြစ်ရမည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ဤမျှ ချစ်တာ မိုင့်ယောင် သူ့ကို စိတ်မပျက်စေလောက်။

ရင်ထဲ မည်မျှပင် သံသယလက်စတွေ ကျန်နေပါစေ၊ ရွှီချင်းနျို့သည် မိုင့်ယောင်ကို ထပ်မံယုံကြည်ပေးဖို့ ဆုံးဖြတ်ခဲ့လေသည်။

သူသာ ဆက်မစုံစမ်းတော့လျှင် မိုင့်ယောင်နှင့် သူ၏ ဆက်ဆံရေးလည်း ဆက်ဆံရေးလည်း အရင်ကလို နီးကပ်နေနိုင်မည်ဟု မှတ်ယူခဲ့သည်။

နောက်နေ့ နေလည်တွင်တော့ မိုင့်ယောင်နှင့် ဖောက်ပြန်သူကို ရွှီချင်းနျို့ ကွင်းကွင်းကွက်ကွက် မြင်လိုက်ရတော့လေသည်။

ထိုသူက သူ၏ အရင်းနှီးဆုံး သူငယ်ချင်း လင်းရှောင်ဝမ်ဖြစ်နေလိမ့်မည်ဟု ရွှီချင်းနျို့ လုံးဝမထင်ထားခဲ့ပါချေ။

___

( Zawgyi )

အခန္း ( ၃ )

ရႊီခ်င္းန်ိဳ႕က မိုင့္ေယာင္အနားမွ ေယာက္်ားမ်ားအားလုံးကို ညီျဖစ္သူ မိုင့္ယြမ္ပါမက်န္ စစ္ၾကည့္သည္။

ေနာက္ဆုံးတြင္ ေထာက္ျပနိုင္သူက ပိုင္ဖန္းတစ္ဦးတည္းသာ ရွိ၏။

ပိုင္ဖန္းသည္ မိုင့္ေယာင္ မႏွစ္ကေတြ႕လာေသာ မိတ္ေဆြတစ္ေယာက္၏ မိတ္ေဆြျဖစ္သည္။ သူက အင္မတန္ကိုမွ ေခ်ာေမာကာ နာမည္ႀကီး ေမာ္ဒယ္လည္း ျဖစ္ေလသည္။ ဖက္ရွင္ေလာကထဲ က်င္လည္ေနသည္မွာ ႏွစ္ေပါင္း ၾကာလွကာ အသိအျမင္က်ယ္သူ တစ္ေယာက္ပင္။

မိုင့္ေယာင္သည္ ပုံပန္းအရေတာ့ ရင့္က်က္တည္ၿငိမ္ေသာ္ျငား အတြင္းႏွလုံးသားကမူ ေကာလိပ္တက္စဥ္ကအတိုင္း က်န္ရစ္ေနေသးသည္။ စိတ္လႈပ္ရွားစရာ အသစ္အဆန္းမ်ားကို သေဘာက်ေသာ မႈန္ကုပ္ကုပ္ႏွင့္ သခင္ေလးပင္ ျဖစ္ေနေသးကာ အဆင့္ျမင့္ျမင့္ ဇိမ္က်က်ေနထိုင္ေရးကို ေရွးရႉဆဲပင္။

ပိုင္ဖန္းႏွင့္ မိုင့္ေယာင္တို႔စေတြ႕ၾကေသာအခါ နာမည္ႀကီးကားဘရန္းတံဆိပ္မ်ားမွ စ၍ စီးကရက္၊ ဝိုင္၊ စေတာ့ခ္ရွယ္ယာမ်ားအေၾကာင္းထိအဆုံး ေျပာျဖစ္ၾကသည္။

ရႊီခ်င္းန်ိဳ႕ကမူ ပိုင္ဖန္းကို တစ္စက္မွ မခင္။ အႏွီလူကား ဟန္အမူအရာ ပိုလြန္းသည္ဟု ျမင္မိသည္။

တြဲတာတာ ႏွစ္ေပါင္းေျမာက္မ်ားစြာ ၾကာခဲ့သည့္တိုင္ ရႊီခ်င္းန်ိဳ႕အတြက္ ေနရအက်ပ္ဆုံး မိုင့္ေယာင္ အက်င့္စရိုက္မ်ားမွာ ဂုဏ္ေမာက္မာမႈ ႏွင့္ ယုံၾကည္ခ်က္ မိုးထိ လြန္ကဲျခင္းတို႔ပဲ ျဖစ္ၾက၏။ မိုင့္ေယာင္သည္ ကိုယ့္ကိုကိုယ္ တတ္နိုင္စြမ္းရွိသည္ဟု အထင္ႀကီးလြန္းကာ မိမိမွာ တစ္ပါးလူထက္ သာလြန္သည္ဟု ခံယူထားသည္။

မိုင့္ေယာင္ ႏွင့္ ပိုင္ဖန္းတို႔ ေတြ႕ၿပီးေနာက္ ထိုျပႆနာက ပိုဆိုးဝါးသြားေတာ့သည္။

ထို႔ေနာက္တြင္ေတာ့ ပိုင္ဖန္းသည္ မိုင့္ေယာင္အေပၚ စိတ္က သိပ္မရိုးသားေၾကာင္း ရႊီခ်င္းန်ိဳ႕ သိလိုက္ရေလသည္။ ပိုင္ဖန္းကား သူ၏ ေရွ႕တည့္တည့္မွာေတာင္ မိုင့္ေယာင္ကို အီစီကလီလုပ္ရဲသည္။ ဤအေၾကာင္းကို မိုင့္ေယာင္ထံ ေျပာျပရာ မိုင့္ေယာင္က ဆိုသည္ "သူက အဲ့လိုပါပဲကြ လူတကာ စေနာက္ေနတာ သူ႔စရိုက္ကိုက ပြင့္လင္းလြန္းတာ ေလၽွာက္မေတြးပါနဲ႔ ငါတို႔က ဒီတိုင္း မိတ္ေဆြေတြပဲ"

ရႊီခ်င္းန်ိဳ႕က ေဒါသေတြ ထြက္လာရၿပီး ေလွာင္ရယ္သည္ "သူက အႏုပညာေလာကထဲမွာ ဆိုေပမယ့္ မင္းက်ေတာ့ မဟုတ္ဘူးေလ သူ႔ဘာသာ ဂဏာမၿငိမ္ပဲ စၿပီး အီစီကလီလုပ္လာတာဆိုေပမဲ့ မင္းလည္း ေက်နပ္ေနတယ္ မလား ဒါကိုေတာင္ မိတ္ေဆြလို႔ ေခၚရဲေသးတယ္ေပါ့ ေကာင္းၿပီေလ အဲ့ဒါဆို ငါလည္း အႏုပညာေလာကထဲ မိတ္ေဆြတစ္ေယာက္ ရွာလာျပမယ္"

မိုင့္ေယာင္သည္ ဘာရယ္မဟုတ္ေသာ အညဳအတုေတြကို သေဘာက်ေသာ္ျငား ဘဝတြင္ ဘာက ပိုအေရးႀကီးမွန္းေတာ့ သိသည္။ ပိုင္းဖန္အေပၚ ဘာသေဘာမွ မရွိပါေခ်။ ပိုင္းဖန္အတြက္ေလာက္ႏွင့္ ရႊီခ်င္းန်ိဳ႕အား ေဒါသထြက္ေစဖို႔ မတန္။ သို႔ျဖစ္ရာ တျဖည္းျဖည္း ပိုင္ဖန္းကို ေရွာင္လာေတာ့သည္။

ပိုင္ဖန္းက စိတ္ဆိုးကာ ရႊီခ်င္းန်ိဳ႕ကို ကန္ထုတ္၍ သူႏွင့္ လာတြဲရန္ မိုင့္ေယာင္ကို ဖြင့္ေျပာသည္။ စကားထဲတြင္ ရႊီခ်င္းန်ိဳ႕အေပၚ မလိုမုန္းထားမႈမ်ားက အတိုင္းသားပင္။ မိုင့္ေယာင္လည္း ထိုစကားမ်ားေၾကာင့္ စိတ္ဆိုးသြားကာ ထိုေန႔မွစၿပီး ပိုင္ဖန္းႏွင့္ အဆက္အဆံကလည္း ေလ်ာ့ပါးသြားရလ်က္ ပိုေရွာင္လာေတာ့သည္။

ပိုင္ဖန္းကား မဟုတ္မမွန္ လုပ္မည့္သူပဲ ျဖစ္သည္။ ရႊီခ်င္းန်ိဳ႕သည္ တစ္ဖက္လူ၏ ျမဴဆြယ္နိုင္စြမ္းရည္ ျပည့္ဝေသာ မ်က္လုံးမ်ားကို ၾကည့္ကာ စိတ္မခ်။ ထိုသို႔ျဖင့္ မိုင့္ေယာင္သည္ ပိုင္ဖန္းႏွင့္ အဆက္အသြယ္လုံးဝျဖတ္လိုက္ကာ ဆိုေလသည္ "သူ ဘယ္သူနဲ႔ပဲ မိတ္ေဆြျဖစ္ခ်င္ခ်င္ ငါ လိုက္ထိန္းခ်ဳပ္လို႔ မရဘူး"

ရႊီခ်င္းန်ိဳ႕ကမူ အလြန္ေပ်ာ္ျမဴးသြားခဲ့ရေလသည္။

ကံဆိုးစြာပင္ သူ၏ ေပ်ာ္ရႊင္မႈေလးက အခ်ိန္မရွည္ၾကာခဲ့ေပ။ လြန္ခဲ့ေသာ ေျခာက္လတုန္းက မိုင့္ေယာင္ကုမၸဏီမွ ေကာ္ဖီဘရန္းတစ္ခုကို ေၾကညာေပးရန္ ပိုင္ဖန္းကို ငွားခဲ့ေလရာ ႏွစ္ေယာက္သား အလုပ္ကိစၥျဖင့္ မၾကာခဏေတြ႕ၾကရေတာ့သည္။

မိုင့္ေယာင္၏ ဖုန္းေကာစာရင္းမွေတာ့ လြန္ခဲ့သည့္ ႏွစ္လအတြင္း ထိုႏွစ္ေယာက္ တစ္ပတ္ကို တစ္ႀကိမ္ ႏွစ္ႀကိမ္မၽွ ဖုန္းေျပာထားၾကေၾကာင္း ေတြ႕ရသည္။

မိုင့္ေယာင္ႏွင့္ ေဖာက္ျပန္ေနသူသည္ ပိုင္ဖန္းပဲလား။

ပိုင္ဖန္းကသာ သံသယျဖစ္ဖြယ္ အေကာင္းဆုံးဟု ထင္မိေသာ္လည္း ရႊီခ်င္းန်ိဳ႕ ရာႏႈန္းျပည့္မေသခ်ာေပ။

အမွန္ကမူ ရင္ထဲ မယုံခ်င္ေသး။ သူကိုက အေတြးလြန္ေနတာပဲ ျဖစ္ေစခ်င္သည္။ မိုင့္ေယာင္ မေဖာက္ျပန္ခဲ့ပဲ မိမိတစ္ေယာက္တည္းကိုသာ စြဲျမဲခ်စ္ေနဆဲဟု ယုံၾကည္ထားခ်င္သည္။

စိတ္ကို ေျဖေလၽွာ့ဖို႔ ႀကိဳးစားကာ စာအုပ္ဆိုင္ ေစာင့္ရင္း၊ ဝတၳဳေတြ ေရးရင္း သူ၏ မူမမွန္မႈအား မိုင့္ေယာင္ သတိမထားမိပါေစနဲ႔ဟု ေမၽွာ္လင့္မိသည္။

သို႔ေသာ္ မိုင့္ေယာင္ တစ္ညတြင္ ခ်စ္တင္းေႏွာဖို႔ ေတာင္းဆိုလာခ်ိန္မွာေတာ့ ဤလူသည္ အျခားသူကိုလည္း ဖက္ခဲ့မည္၊ နမ္းခဲ့မည္၊ ထိုးသြင္းခဲ့မည္ဟု ေတြးမိကာ ရႊီခ်င္းန်ိဳ႕ သည္းမခံနိုင္ေတာ့။ မိုင့္ေယာင္၏ အထိအေတြ႕အား တြန္းဆန္မိေလသည္။

သူ႔ကိုယ္သူ ညစ္ပတ္သြားသလို ခံစားလာရကာ အန္ခ်င္မိေခ်သည္။

တုံ႔ျပန္ခ်က္က ျပင္းထန္လြန္းသျဖင့္ မိုင့္ေယာင္ကေတာင္ သတိျပဳမိသြားရကာ အိပ္ရာနံေဘးရွိ မီးအိမ္ကို ထြန္း၍ ေမးလာသည္ "မင္း ဘာျဖစ္ေနတာလဲ အခုရက္ပိုင္း ငါ ထိတာကို မခံနိုင္ဘူး ေနမေကာင္းတာလား ဒါမွမဟုတ္ ငါ့ကို စိတ္ဆိုးေနျပန္ၿပီလား"

မိုင့္ေယာင္ မ်က္လုံးမ်ားတြင္ စိုးရိမ္ပူပန္မႈမ်ား ျပည့္လၽွံေန၏။ ရႊီခ်င္းန်ိဳ႕ သူ႔ကို ၾကည့္ကာ စိတ္ရႈပ္ေထြးသြားရသည္။

သို႔ျဖစ္ရာ အၾကည့္မလႊဲပဲ ခပ္ဖြဖြေျပာလိုက္သည္ "ငါ ခုေနာက္ပိုင္း နည္းနည္းႏႈံးက်ေနလို႔ ဆႏၵမပါဘူး ျဖစ္ေနတာ"

မိုင့္ေယာင္သည္ သူ တကယ္ေနမေကာင္းလို႔ဟုပဲ မွတ္ကာ ဖိအားမေပးေတာ့။ ႏွစ္ဦးသားအတူ ေရဝင္ခ်ိဳးၿပီးေနာက္ ရႊီခ်င္းန်ိဳ႕ကို ဖက္လ်က္ အိပ္ေမာက်သြားေတာ့သည္။

မိုင့္ေယာင္က အိပ္ေပ်ာ္ေသာ္လည္း ရႊီခ်င္းန်ိဳ႕ကမူ မနက္ ၃နာရီခြဲအထိ အိပ္မရ။ တစ္ဖက္လူ၏ လေရာင္ေအာက္မွ မ်က္ႏွာကို ေငးမွိုင္ၾကည့္ေနမိသည္။ ကုန္လြန္ၿပီး ခုႏွစ္ႏွစ္တာမွ ေပ်ာ္စရာ၊ ဝမ္းနည္းစရာ၊ ရင္နာစရာ စသျဖင့္ လွပေသာ အမွတ္တရမ်ားက ႐ုပ္ရွင္ကားအလား အေတြးထဲ အခန္းလိုက္ စီရီထြက္ေပၚလာေနၾကသည္။

မိုင့္ေယာင္အေပၚ ထားရွိေသာ သူ၏ အခ်စ္က ေလ်ာ့ပါးမသြားခဲ့တာေတာ့ ေသခ်ာသည္။ မိုင့္ေယာင္ကို မဆုံးရႈံးခ်င္သလို ႏွစ္ဦးၾကားဆက္ဆံေရးကိုလည္း အထစ္အေငါ့ မရွိေစခ်င္ေပ။ သို႔ေသာ္ သံသယမ်ားကို မ်ိဳသိပ္ကာ ဘာမွ မသိထားသလို ဟန္ေဆာင္လို႔မရ ျဖစ္ေန၏။

ရင္ထဲ လမ္းေပ်ာက္ကာ ဘာဆက္လုပ္ရမည္မွန္း မေတြးနိုင္ေတာ့။

"ဟင္း..." မိုင့္ေယာင္က ႐ုတ္တရက္နိုးလာကာ မ်က္လုံးမ်ားကို ပြတ္၍ ညာမ်က္လုံးအား အုပ္ဖုံးေနေသာ အေရွ႕ဆံၿမိတ္ကို ဖယ္ကာ ခပ္ဖြဖြေျပာသည္ "မအိပ္ေသးဘူးလား"

တိတ္ဆိတ္ေသာ ညည့္ယံတြင္ အသံက အင္မတန္မွ ႏူးညံ့ေန၏။

ရႊီခ်င္းန်ိဳ႕ ရင္ထဲ ခ်ဥ္တက္လာရသည္။

"ေပါင္ေပ​့ ေန႔လည္ပိုင္း အိပ္တာမ်ားသြားလို႔ အခု အိပ္မေပ်ာ္ေတာ့တာလား မင္းေလးကေလ ေန႔နဲ႔ ည အျမဲမွားေနေတာ့တာ ဇီးကြက္ပဲ ျဖစ္လိုက္ပါေတာ့..."မိုင့္ေယာင္က ေျပာရင္း ရႊီခ်င္းန်ိဳ႕ခါးကို ေထြးဖက္လိုက္သည္။ ရင္ထဲ တင္းၾကပ္စြာ ပိုက္ကာ မ်က္ခုံးအလယ္တြင္ အနမ္းေပးလိုက္ၿပီး စ,သည္ "အိပ္ေပ်ာ္ေအာင္ ဒီအစ္ကိုႀကီးက သားေခ်ာ့ေတး ဆိုသိပ္ေပးရမလား"

တကယ္လည္း ဆိုျပေလသည္။ ဆိုရင္း မ်က္ေတာင္မ်ား ေမွးစင္းက်လာကာ အိပ္ေမာက်သြားျပန္ေတာ့သည္။

ရႊီခ်င္းန်ိဳ႕သည္ မိုင့္ေယာင္ရင္အုပ္ထဲ မွီရင္း စည္းက်ကာ အားပါေသာ ႏွလုံးခုန္သံအား နားဆင္၍ ထြက္သက္ေငြ႕ေလေႏြးကို ခံစားၾကည့္ၿပီး သက္ျပင္းခ်သည္။ ထို႔ေနာက္ ေတြးမိသည္။ သူ တကယ္ကို အေတြးလြန္ေနတာပဲ ျဖစ္ရမည္။ သူတို႔ တစ္ေယာက္ကို တစ္ေယာက္ ဤမၽွ ခ်စ္တာ မိုင့္ေယာင္ သူ႔ကို စိတ္မပ်က္ေစေလာက္။

ရင္ထဲ မည္မၽွပင္ သံသယလက္စေတြ က်န္ေနပါေစ၊ ရႊီခ်င္းန်ိဳ႕သည္ မိုင့္ေယာင္ကို ထပ္မံယုံၾကည္ေပးဖို႔ ဆုံးျဖတ္ခဲ့ေလသည္။

သူသာ ဆက္မစုံစမ္းေတာ့လၽွင္ မိုင့္ေယာင္ႏွင့္ သူ၏ ဆက္ဆံေရးလည္း ဆက္ဆံေရးလည္း အရင္ကလို နီးကပ္ေနနိုင္မည္ဟု မွတ္ယူခဲ့သည္။

ေနာက္ေန႔ ေနလည္တြင္ေတာ့ မိုင့္ေယာင္ႏွင့္ ေဖာက္ျပန္သူကို ရႊီခ်င္းန်ိဳ႕ ကြင္းကြင္းကြက္ကြက္ ျမင္လိုက္ရေတာ့ေလသည္။

ထိုသူက သူ၏ အရင္းႏွီးဆုံး သူငယ္ခ်င္း လင္းေရွာင္ဝမ္ျဖစ္ေနလိမ့္မည္ဟု ရႊီခ်င္းန်ိဳ႕ လုံးဝမထင္ထားခဲ့ပါေခ်။

___

Continue Reading

You'll Also Like

491K 28K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"
349K 48.9K 123
(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://www.rabbit-converter.org/Rabbit/ Because...
269K 464 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
325K 23.4K 21
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...