Application For Divorce [ 离婚...

By Leuruna

1.5M 202K 9.7K

Myanmar translation of light novel "Application for Divorce" Original Author - 云间 [Yun Jian] Novel status - c... More

Description
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀
၅၁
၅၂
၅၃
၅၄ (side couple)
၅၆ (side couple)
၅၇ (side couple)
၅၈ (side couple)
၅၉ (side couple)
၆၀ (side couple)
၆၁ (side couple)
၆၂ (side couple)
၆၃ (side couple)
၆၄ (side couple)
၆၅ (side couple)
၆၆ (side couple)
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂
၈၃
၈၄
၈၅
၈၆
၈၇
၈၈
၈၉
၉၀
၉၁
၉၂
၉၃
၉၄
၉၅
၉၆
၉၇
၉၈
၉၉
၁၀၀
၁၀၁
၁၀၂
၁၀၃
၁၀၄
Extra 1
Extra 2
Extra 3

၅၅ (side couple)

9.6K 1.2K 41
By Leuruna

Unicode

ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ဇာတ်လမ်းရိုက်ကူးရန် သွားရောက်ခြင်း (ဒုတိယအပိုင်း)

ချင်းရှန်ကုမ္ပဏီသည်ကား ပွန်းဗီဒီယိုများ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်သည့်တိုင် အသုံးပြုသော စတူဒီယို နေရာများကမူ ဧရိယာကြီးမား၍ ဒီဇိုင်းအမျိုးမျိုး ရှိပေ၏။ ထို့အပြင် လူနေအိမ်များကဲ့သို့သော ပြင်ဆင်မှုမျိုးကိုလည်း အသေအချာ တည်ဆောက်ထားရှိသေးသဖြင့် ၎င်းကုမ္ပဏီ နေရာတစ်ခုလုံးမှာ ကြီးကျယ်ခမ်းနား ရသည်ပင်။ သို့ဖြစ်၍ အချို့သော ပုံမှန်ရုပ်ရှင်များကပါ ရန်းချီ၏ကုမ္ပဏီထံ၌ ရိုက်ကူးရန် ရံဖန်ရံခါ နေရာငှါးရမ်း လာတတ်ကြသေးလေသည်။

ကုမ္ပဏီက ထုတ်လုပ်လိုက်သည့် ပွန်းဗီဒီယို ရုပ်ရှင်များသည် အချိန်တိုင်း ရောင်းအားအမြင့်ဆုံး ဖြစ်ရ၏။ A အဆင့် ဗီဒီယိုများမှာ သာမန်ဇာတ်ကွက်အား အခြေခံ၍ ရိုက်ကူးထားသော ဇာတ်လမ်းမျိုးဖြစ်ကာ ၎င်းတို့၌ လိင်အသားပေးသည့် အကြောင်းအရာများကလည်း ပေါ်ပေါ်ထင်ထင် မပါရှိပါချေ။ ထိုအစား စကားပြောခန်းများကသာ တပုံတပင် ပါရှိတတ်သည်။ S အဆင့် ဗီဒီယိုများကမူ ရာနှုန်းပြည့် လိင်အသားပေးသည့် ဇာတ်လမ်းမျိုး ဖြစ်ရ၍ ချင်းရှန်ကုမ္ပဏီမှာလည်း ထိုကဲ့သို့သော ဗီဒီယိုများကိုသာ အဓိကထား၍ ဖြန့်ဖြူးရေးလုပ်ခြင်းပင်။

S အဆင့် ဗီဒီယိုများ၌ AV နှင့် GV ဟူ၍ အမျိုးအစား ထပ်မံခွဲခြားထားသေး၏။ AV ဟူသည်မှာ အမျိုးသားနှင့် အမျိုးသမီး ပါဝင်သရုပ်ဆောင်ထားသော ဇာတ်လမ်းမျိုး ဖြစ်၍ GV သည်ကား အမျိုးသားအချင်းချင်း ဖြစ်ကာ အထူးသဖြင့် သာမန်အမျိုးသားနှင့် ရှားပါးမျိုးစိတ် ကြားမှ ဆက်ဆံမှုအား ဖော်ပြခြင်းမျိုး ဖြစ်သည်။ ဤလောက၌ သာမန်အမျိုးသားနှစ်ဦး ပါဝင်သရုပ်ဆောင်ထားပါသည့် GV မျိုးလည်း ရှိသည့်တိုင် အစိုးရကမူ ၎င်းအမျိုးအစားအား အားပေးထောက်ခံခြင်း မရှိခဲ့ပါချေ။ အကြောင်းမှာ ၎င်းအခြင်းအရာက အင်ပါယာကမ္ဘာ၏ မျိုးပွားနှုန်းကိုလည်း အကျိုးမပြုနိုင်သောကြောင့်ပင်။ ထို့ကြောင့် သာမန်အမျိုးသားနှစ်ဦးကြားမှ ပွန်းဗီဒီယိုများမှာ လွန်စွာမှ နည်းပါးရလေ၏။

ယခု ချန်းရွှီအနေဖြင့် GV ရိုက်ရန် အကြောင်းဖန်လာခဲ့ပေပြီ။

ထိုကဲ့သို့ အကြောင်းဖန်လာရခြင်းမှာ ချန်းရွှီ၏ လိင်ပိုင်းဆိုင်ရာ ခံယူချက်ကြောင့် မဟုတ်ရပါပေ။ အမှန်အတိုင်းဆိုရလျှင် သူသည်ကား လွန်စွာမှ ဖြူစင်၍ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်ပါသော အမျိုးသားတစ်ဦး ဖြစ်ရသည်။ လွန်ခဲ့သည့် နှစ် ၄၀ ဟူသော ဘဝသက်တမ်းအတွင်း၌ သူ့အနားတွင် အမျိုးသမီးအနည်းငယ်နှင့် ရှားပါးမျိုးစိတ် အချို့သာ ရှိခဲ့ရလေ၏။

ကျိန်းသေပေါက် ချန်းရွှီတွင်လည်း ထိုလူများနှင့် ချစ်ကျွမ်းဝင်ခဲ့သော အခိုက်အတန့်မျိုး ရှိခဲ့ရဖူးသည့်တိုင် သူသည်ကား လက်တွဲဖော်ကဲ့သို့ အရာမျိုးနှင့် ပတ်သက်၍ အရေးတယူ စိတ်ဝင်စားခြင်း မရှိလေရာ သူ၏ဆက်ဆံရေးတိုင်းနီးပါးမှာ မကြာခဏ ပျက်ရသည်ချည်းပင်။

ထို့အပြင် ချန်းရွှီသည် ဂန္ထဝင်စာပေများနှင့် ဂီတများအား ဖတ်ရှုနားဆင်ရသည်ကို သဘောကျလေ့ ရှိသူဖြစ်သေး၏။ သူ၏အားလပ်ချိန် အများစုတွင်လည်း ရှေးဟောင်းစာပေများကိုသာ ဖတ်ရှုရင်း အချိန်ကုန်ဆုံးခဲ့လေသည်။ အဖေဖြစ်သူ ချန်းကျန်းကမူ သူ့ကို ထိုကဲ့သို့ စာဖတ်ရင်း အချိန်မကုန်ဆုံး စေချင်ခဲ့ပါပေ။ ထို့ကြောင့် ချန်းကျန်းသည် ချန်းရွှီအား အိမ်ထောင်ပြုရန် တတွတ်တွတ် ဆော်ဩတတ်သည်။ သို့ဖြစ်၍ နောက်ဆုံး၌ သူသည် မိမိနှင့်သင့်တော်မည့် လက်တွဲဖော် တစ်ယောက်ယောက်အား ကြိုးစား၍ ရှာဖွေခဲ့ရလေတော့၏။

သို့သော် သူက ထိုကဲ့သို့ သင့်တော်မည့်လူအား ရှာဖွေကာ အိမ်သို့ မိတ်ဆက်ပေးရန် ခေါ်လာခဲ့ဖူးသည့်တိုင် သူ၏ တစ်ဦးတည်းသော ညီလေးဖြစ်သူက ထိုလူများအား သဘောကျပုံပေါ်မနေခဲ့ပါချေ။ ထို့ကြောင့် ချစ်သူထားမိပါသော အကြိမ်တိုင်း၌ ချန်းရွှီသည် တစ်ဖက်လူအား ကျိုးကြောင်းရှင်းပြကာ သူ့ဘက်မှစ၍ လမ်းခွဲခဲ့ရသည်ချည်းပင်။ သို့နှင့် သူသည် ယခုအသက်အရွယ် ရောက်သည်အထိ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်သာ တည်ရှိနေရတော့ပေ၏။

၎င်းမတော်တဆမှု ဖြစ်ပြီးနောက် ချန်းရွှီသည် ငွေပမာဏ အမြောက်အများအား အစိုးရထံသို့ လျော်ကြေးငွေပေးခဲ့ရသဖြင့် သူ၏မိသားစုပိုင် ကြွယ်ဝမှုအားလုံးမှာ ပျက်သုဉ်းလုနီးနီး။ ထို့အပြင် ၎င်းအချိန်အခါတွင်မှ ဖခင်ဖြစ်သူကလည်း ကံဆိုးစွာ ကျန်းမာရေးချို့တဲ့ သွားရပြန်သည်။ ထို့ကြောင့် ဘဝတစ်လျှောက်လုံး ရွှေဇွန်းတပ်၍ မွေးဖွားလာသကဲ့သို့ အကြော့စားနေထိုင်ရသော ညီဖြစ်သူသည်လည်း နှစ်ခြိုက်ရသည့် အဖိုးတန်ပစ္စည်းအာလုံးကို ထုခွဲရောင်းချရန် အကြောင်းဖန်လာရပေတော့၏။

ချန်းကျင်းက သူ၏ပစ္စည်းများအား ရောင်းထုတ်ရန် ပေးအပ်လာသည့် အကြိမ်တိုင်းတွင် ချန်းရွှီသည် လွန်စွာမှ စိတ်မကောင်းဖြစ်ရလေသည်။ သို့နှင့် တစ်ဖက်လူက သလင်းကျောက်သေတ္တာတစ်ခုအား ပေးအပ်လာသော အခိုက်တွင် သူသည် မည်သို့မျှ ဆက်၍ သည်းခံနိုင်စွမ်းမရှိတော့ပါပေ။ ၎င်းသလင်းကျောက် ပုတီးစေ့များသည်ကား ချန်းကျင်းသဘောအကျရဆုံး ပစ္စည်းများဖြစ်ရသည် မဟုတ်ပါလား။

မိသားစုစီးပွားပျက်ရသည့် အကြောင်းအရင်းမှာ သူ့အပေါ်၌ လုံးလုံးမူတည်ရလေသည်။ သူကိုယ်တိုင်က ၎င်းပရောဂျက်အား အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်မှု လွန်ကဲသွားမိခြင်းပင်။ ထိုအခါက ၎င်းလုပ်ငန်းမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေသေးသဖြင့် အကျိုးဆက်များ ရှိလာနိုင်ကြောင်း ချန်းရွှီသည်လည်း ခန့်မှန်းမိ၏။ သို့သည့်တိုင် သူသည်ကား ခေါင်းမာမာနှင့် ငွေမက်ကာ ဆက်လက်လုပ်ဆောင်ခဲ့ မိပေသည်။

သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် တစ်ခုတည်းကြောင့် မိသားစုတစ်ခုလုံး ယခုကဲ့သို့ ဒုက္ခရောက်သွားရခြင်းဖြစ်ကာ လူ့လောကအကြောင်း ဘာမျှနားမလည်သေးပါသော ညီဖြစ်သူသည်ပင် ၎င်းအတွက်ကြောင့်နှင့် သူတန်ဖိုးထားရသော ပစ္စည်းအားလုံးကို စွန့်လွှတ်နေရလေပြီ။ ထိုအခါက ချန်းရွှီမှာ မျက်လုံးမှိတ်လိုက်တိုင်း ပုံရိပ်တစ်ခုတည်းကိုသာ ထပ်တလဲလဲ မြင်ယောင်နေမိတော့၏။ မိမိက သလင်းကျောက်သေတ္တာလေးအား ချန်းကျင်းထံသို့ ပထမဆုံး ယူဆောင်လာပေးစဉ်အခါက ဖြစ်ပျက်သွားပါသော တစ်ဖက်လူ၏ အံ့ဩပျော်ရွှင်ဖွယ် တုံ့ပြန်မှု။

ချန်းရွှီသည်ကား ညီဖြစ်သူ၏ အကြောင်းကို ကောင်းကောင်းနားလည်သည်ပင်။ ချန်းကျင်းမှာ အသစ်မြင် အဟောင်းပစ်တတ်သည့် လူစားမျိုးဖြစ်ရသည့်တိုင် ၎င်းသလင်းကျောက် သေတ္တာလေးကိုမူ အမြဲတမ်း တန်ဖိုးထားတတ်၏။ သူ့အနေဖြင့် ၎င်းရတနာများအား လွန်စွာမှ သဘောကျနှစ်ခြိုက်သည်မှာ အထူးတလည် ပြောပြနေစရာ မလိုတော့ပါပေ။ 

သို့ဖြစ်၍ ချန်းရွှီသည် ၎င်းသလင်းကျောက်သေတ္တာလေးအား မရောင်းရက်တော့ပါဘဲ နောက်ဆုံးအနေဖြင့် သိမ်းဆည်းပေးထားရန်သာ တစ်ယောက်တည်း ဆုံးဖြတ်ချက် ချမိလိုက်လေ၏။

ထို့ကြောင့် နောက်ဆုံး၌ ချန်းရွှီသည် ပွန်းဗီဒီယို ရိုက်ကူးရန်အတွက် ချင်းရှန်ကုမ္ပဏီထံသို့ ရောက်ရှိလာရခြင်းပါပင်။ ဤနည်းလမ်းကသာ သူ့အတွက် နောက်ဆုံးသော အခွင့်အရေး ဖြစ်ရသည်မဟုတ်ပါလား။

ထိပ်တန်းသူဌေးကြီး၏ သားဖြစ်သည့်အလျောက် သူ့ထံတွင် မိတ်ဆွေအပေါင်းအသင်း များစွာရှိသည်။ ထိုကာလများအတွင်း၌ သူ့အနားရှိ မိတ်ဆွေများမှာ သူ့အကြိုက် အလိုက်ဆောင်ပေးခဲ့ ကြသည်ချည်းပင်။ သို့သော် ယခုကဲ့သို့ အောက်ခြေရောက်သွားချိန်တွင်မူ ထိုလူများအားလုံးမှာ သူ၏အနားမှ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကုန်ကြ၏။ ချန်းရွှီက အောက်ကျခံ၍ တကူးတက သွားရောက်ကာ အကူအညီတောင်းဆိုခြင်းအမှုမျိုး ပြုခဲ့ဖူးသည့်တိုင် တစ်ယောက်မျှ သူ့အားမကူညီခဲ့ပါချေ။ ထိုလူများအားလုံး သူ့ကို ပြန်လည်ဆက်ဆံသည့်ပုံသည်ကား သူတောင်းစား တစ်ယောက်အား ဆက်ဆံသည့်နှယ်။

သို့သော် ချန်းရွှီကမူ ၎င်းအခြင်းအရာနှင့် ပတ်သက်၍ အံ့ဩတုန်လှုပ်ခြင်း ရှိမနေခဲ့။ အင်ပါယာကမ္ဘာမှ လူကုန်ထံအသိုင်းအဝိုင်းများမှာ ဤကဲ့သို့ပင် ဖြစ်ရသည်။ ဤကမ္ဘာ၌ နေထိုင်နိုင်ရန် လိုအပ်သည့် ဥပဒေများနှင့် အဆင့်အတန်း သတ်မှတ်ချက်များက ထိုလူတို့အတွက် အဖိုးအန္တတ ထိုက်ဟန်တူ၏။ ထို့ကြောင့် ချန်းရွှီထံ၌ ယခုကဲ့သို့ သင့်တော်သည့် အဆင့်သတ်မှတ်ချက်မျိုး မရှိတော့သည့်အခါတွင် ယခင်ပတ်ဝန်းကျင်က ငြင်းဆန်ခြင်းမျိုး ဖြစ်ရသည်ပင်။

ထို့ကြောင့် သူ့အနေဖြင့် ထိုနည်းလမ်းအား ရွေးချယ်ရန်သာ တတ်နိုင်ခဲ့ပေတော့၏။

ချန်းရွှီ၏ ပညာအရည်အချင်းနှင့် လုပ်ငန်းပိုင်းစွမ်းရည်က မြင့်မားသည့်တိုင် အင်ပါယာကမ္ဘာ၌ ပြစ်မှုကျူးလွန်ထားသူများအား အလုပ်အကိုင်နှင့် ပတ်သက်၍ အခွင့်အလမ်း တင်းကြပ်ထားခြင်း ဖြစ်လေရာ ချန်းရွှီသည် အောက်ခြေအလုပ်မျိုးကိုသာ လုပ်ခွင့်ရခဲ့သည်။ ထို့အပြင် ၎င်းလုပ်ငန်းများမှ ရသည့် ငွေမှာလည်း ဖခင်ဖြစ်သူအား သေမင်းတံခါးဝမှ အပြည့်အဝ ကယ်တင်နိုင်စွမ်း မရှိရပြန်ပါပေ။ သို့ဖြစ်၍ သူသည် နောက်ဆုံး၌ လစာအမြောက်အများ ပေးနိုင်သည့် တစ်ခုတည်းသော ရိုက်ကူးရေး ကုမ္ပဏီထံသို့ ရောက်ရှိလာရခြင်းပင်။

ပထမဆုံး အင်တာဗျူးအတွက် သူလာရောက်သည့်အခါတွင် တာဝန်ရှိသူသည် သူ့အား အံ့ဩဝမ်းသာစွာဖြင့် ကြည့်လာခဲ့၏။ ထို့အပြင် ထိုလူ၏အကြည့်များတွင် လှောင်ရယ်မှုများကလည်း တစ်စွန်းတစ်စ။ ချန်းရွှီကမူ ၎င်းကဲ့သို့သော အကြည့်မျိုးများနှင့် နေသားကျနေလေပြီ။ ထို့ကြောင့် သူသည် ရှက်ရွံ့ခြင်း မရှိပါဘဲ ပုံမှန်စီးပွားရေး လုပ်ငန်းတစ်ခုခုအား ပူးပေါင်းဆွေးနွေးရန် လာရောက်သကဲ့သို့ တည်ငြိမ်စွာ ပြုမူလိုက်တော့လေ၏။ သူ၏ပုံစံမှာ မိမိ၏ခန္ဓာကိုယ်ကို သစ္စာဖောက်မည့်လူနှင့် သေးသေးလေးမျှ တူညီမနေခဲ့ပါချေ။

တာဝန်ရှိ ဝန်ထမ်းက ချန်းရွှီလွှဲအပ်ပေးလာသည့် စာရွက်စာတမ်းများအား သာမန်ကာလျှံကာမျှ ဖတ်ရှုလိုက်ပြီးနောက် အလေးမထားဟန်ဖြင့် ဆိုလာလေသည်။

"ကျွန်တော်တို့ ကုမ္ပဏီမှာ ရိုက်ကူးရေးလုပ်ချင်တာက ဟုတ်ပေမဲ့ ကျွန်တော့်အမြင်မှာတော့ မစ္စတာချန်းက နည်းနည်း အသက်ကြီးနေတဲ့ ပုံပေါက်နေတယ်။ ဒီလိုဆို ကိုယ်ခံအားလည်း လုံလုံလောက်လောက် မကောင်းမှာ စိုးရတယ်ဗျာ။ ခင်ဗျားရဲ့ အရပ်က အဆိုးကြီးမဟုတ်ပေမဲ့ ကြွက်သားတွေက သိပ်မရှိဘူးလေ ဟုတ်တယ်မလား?"

ချန်းရွှီကမူ တည်ငြိမ်လျက်။

"ကျွန်တော် အရင်က လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်ပါတယ်။ ကြွက်သားက နည်းပေမဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ တခြားပြဿနာတွေ မရှိပါဘူး။ နောက်ပြီး လူသားတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၁၃၀ အထိ ရှိနေတာပဲ။ တိတိကျကျပြောရရင် ပျမ်းမျှတွက်ကြည့်ရင်တောင် ကျွန်တော့်အသက်က ထက်ဝက်မကျိုးသေးပါဘူး။ ဒီလိုအရွယ်မျိုးက သတ်လတ်ပိုင်းပဲ ရှိသေးတာ မဟုတ်ဘူးလား?"

တာဝန်ရှိဝန်ထမ်းသည်ကား သူ၏ကမ်းလှမ်းမှုနှင့် ပတ်သက်၍ လက်ခံရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်၏။ သို့သော် ချန်းရွှီက ထိုကဲ့သို့ အချက်ကျကျ ပြောဆိုလာသောအခါ သူ့အနေဖြင့် တစ်ဖက်လူထံသို့ စိတ်ဝင်တစား မကြည့်လာဘဲ မနေနိုင်တော့ပါချေ။ ထို့နောက် ၎င်းဝန်ထမ်းက အနည်းငယ် စိတ်ပါလာဟန်ဖြင့် ပြန်လည်တုံ့ပြန်လေသည်။

"မစ္စတာချန်း ပြောတာလည်း ဟုတ်တာပါပဲ..။ အဲ့ဒီတော့ မစ္စတာချန်းအနေနဲ့ ဒီလိုဗီဒီယိုတွေ အရင်က ကြည့်ခဲ့ဖူးမှာပေါ့။ ကျွန်တော်တို့က ကြွက်သားတွေအများကြီးရှိပြီး ဘော်ဒီတောင့်တဲ့ ယောကျ်ားမျိုးကိုပဲ နံပါတ်တစ် နေရာအတွက် ရွေးချယ်လေ့ရှိတာပါ။ အဲ့ဒါမှ ပိုပြီး ရုပ်လုံးကြွမှာမို့လို့်လေ။ ဒါပေမဲ့ အခု မစ္စတာချန်းက ကျွန်တော်တို့လိုချင်တဲ့ ပုံစံနဲ့မကိုက်ဘူးဆိုတော့ အထက်ကနေလို့တော့ မဖြစ်ဘူးဗျ။ အဲ့ဒီတော့ နံပါတ် 0 လုပ်လို့ပဲ ရလိမ့်မယ်..ဆိုပေမဲ့ ခင်ဗျားက ရှားပါးမျိုးစိတ်လည်း မဟုတ်ပြန်ဘူးနော်?"

တာဝန်ရှိသူမှာ ပြောရင်းဆိုရင်း အနည်းငယ်ပင် စိုးရိမ်စိတ်တို့ ဖြစ်လာရလေသည်။ ချန်းရွှီက တစ်နှစ်ကျော်မျှ လူလုံးမပြပါဘဲ အောက်ခြေတွင် ပျောက်ကွယ်နေခဲ့သည့်တိုင် သူ၏အတိတ်မှ ဂုဏ်ပုဒ်ကြောင့် ပွန်းဇာတ်လမ်း၌ မည်သည့်နေရာမှ သရုပ်ဆောင်ပါစေ ကျိန်းသေပေါက် ၎င်းက ပေါက်လိမ့်မည်ပင်။

"ကျွန်တော်က ရှားပါးမျိုးစိတ် မဟုတ်ပါဘူး"

ချန်းရွှီ၏ ကိုယ်ဟန်အနေအထားသည်ကား 90 ဒီဂရီကဲ့သို့ တန်းတန်းမတ်မတ်။ သူ၏ပုခုံးများက အရမ်းမကျယ်ရသည့်တိုင် ခြေချောင်းများကမူ အတော်အတန် ရှည်လျားပေ၏။

"ခင်ဗျားတို့ဘက်က ကျွန်တော်လိုချင်တဲ့ လုပ်အားခကို ပေးနိုင်သရွေ့ ဘယ်လိုပဲစီစဉ်စီစဉ် ကျွန်တော်လက်ခံနိုင်ပါတယ်"

တာဝန်ရှိဝန်ထမ်းက စိတ်ဝင်တစားနှင့် မျက်ခုံးတစ်ဖက် ပင့်ကာ မေးလာပြန်သည်။

"ငွေအရေးတကြီး လိုနေလို့လား?"

"ဟုတ်ပါတယ်။ ကျွန်တော် ငွေလိုနေတာ အဲ့ဒါကြောင့် စာချုပ်ချုပ်ပြီးတာနဲ့ ကျွန်တော်တောင်းဆိုတဲ့ ပမာဏကို တစ်ခါတည်းနဲ့ အပြတ်လွှဲပေးစေချင်ပါတယ်"

ချန်းရွှီ၏လေသံက ထစ်ငေါ့ခြင်း မရှိပါဘဲ ကြည်လင်ပြတ်သားနေပုံမှာ နွေဦးလေပြေကဲ့သို့ပင်။

"၁၅ မီလီယမ် တိတိကိုပေါ့"

နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် ၎င်းငွေပမာဏက ပြောပစရာမဟုတ်လေရာ ကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်းသည်လည်း ချန်းရွှီ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ အံ့ဩသွားခြင်း ရှိမနေခဲ့ပါပေ။ သို့သော် ၎င်းဝန်ထမ်းက အနည်းငယ် တွေးတောဟန်ဖြင့် သူ၏မေးစေ့အား လက်တစ်ဖက်ဖြင့် ထိကိုင်ကာ တမင်သက်သက် ဆိုလာပြန်၏။

"မစ္စတာချန်း တောင်းဆိုတဲ့ ပမာဏက အရမ်းများတယ်ဗျ သိရဲ့လား။ ဒီလောကရဲ့ နာမည်ကြီး သရုပ်ဆောင်တောင် တစ်ကားတည်းရိုက်ရုံနဲ့ ဒီလောက်ပမာဏ မရနိုင်ဘူး"

ချန်းရွှီကမူ ထုံးစံအတိုင်း တည်ငြိမ်နေဆဲ။

"ကျွန်တော်က တစ်ကားတည်းအတွက် ပြောတာမဟုတ်ပါဘူး။ ခင်ဗျား တွက်ကြည့်လို့ရပါတယ်"

တာဝန်ရှိဝန်ထမ်းမှာ သူ၏တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားမိလေ၏။

"ကောင်းပါပြီ။ ဒါဆို ကျွန်တော် တွက်ကြည့်လိုက်ပါဦးမယ်။ စကားမစပ် ကျွန်တော်တို့ကုမ္ပဏီက အမြဲတမ်း မျှမျှတတနဲ့ စာချုပ်ချုပ်ပေးတာမို့ မစ္စတာချန်းအနေနဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်မှာ စိုးရိမ်စရာမလိုပါဘူး"

ချန်းရွှီက ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။

"ကျွန်တော် ခင်ဗျားတို့ကို ယုံပါတယ်"

သို့ဖြစ်၍ တာဝန်ရှိဝန်ထမ်းသည် ချန်းရွှီအား ခဏမျှ စောင့်ပေးပါရန် မှာကြားပြီးနောက် လိုအပ်သည်များအား စတင် တွက်ချက်လေတော့၏။ တွက်ချက်မှုက သိပ်မကြာခဲ့ရပါချေ။ ခဏမျှကြာပြီးနောက်တွင် သူက ချန်းရွှီအား ရှင်းပြလာသည်။

“ကျွန်တော် တွက်ကြည့်ပြီးသွားပြီ။ မစ္စတာချန်းအနေနဲ့ ဇာတ်ကား ၁၅ ကားရိုက်ရမှာပါ။ ဇာတ်ကားဆိုလို့ အရှည်ကြီးမထင်ပါနဲ့ အဓိက sex ခန်းတစ်ခန်းစာတည်းပါပဲ။ အဲ့ဒီတော့ တစ်ရက်ကို တစ်ကားနှုန်းနဲ့ တစ်ရက်ကျော် ရိုက်ကူးရေးလုပ်မှာဆိုတော့ တစ်လလောက် ကြာမြင့်ပါလိမ့်မယ်"

ချန်းရွှီက ဝန်ထမ်းဖြစ်သူ၏ ရှင်းပြချက်အား တိတ်တဆိတ် နားထောင်လျက်။ ထို့နောက် သူက အတန်ကြာ ငြိမ်သက်ပြီးခါမှ ပြန်လည်ကာ စကားဆိုလာပေ၏။

"အဲ့ဒီတော့ တစ်ကားကို တစ်မီလီယမ်ပေါ့"

တာဝန်ရှိဝန်ထမ်းသည်လည်း ၎င်းငွေပမာဏက မများပါမှန်း သိလေသည်။ တစ်မီလီယံဟူသော ပမာဏမှာ အခြားကမ္ဘာများအတွက် ကြီးကျယ်ကောင်း ကြီးကျယ်နိုင်သည့်တိုင် အင်ပါယာကမ္ဘာ၌မူ ပြောပစရာ ဟုတ်မနေခဲ့။ ထို့အပြင် သူတို့၏ရိုက်ကူးရေး ကုမ္ပဏီက ၎င်းနယ်ပယ်၌ တစ်ခုတည်းသော ထိပ်တန်းကုမ္ပဏီလည်း ဖြစ်နေသေးလေရာ ပထမဆုံးသော ဗီဒီယိုနှင့်ပင် 15 မီလီယမ် ပမာဏနီးပါး ရောင်းထွက်လိမ့်မည်ပင်။ သို့သော် သူသည် ရှက်ရွံ့ခြင်းမရှိပါဘဲ ချန်းရွှီအပေါ် ခေါင်းပုံဖြတ်၍ လစာပမာဏ အနည်းအကျဉ်းကိုသာ သတ်မှတ်ထားခဲ့လေ၏။

ထိုဝန်ထမ်းက တည်ငြိမ်စွာ ပြုံးပြလာရင်း ဆိုသည်။

"ဟုတ်ပါတယ်"

ချန်းရွှီမှာ တဖန်ပြန်၍ တိတ်ဆိတ်သွားရပြန်၏။ သူ၏ပုံစံမှာ ၎င်းအကြောင်းနှင့် ပတ်သက်၍ အသေအချာ တွေးတောနေဟန်ပင်။ သူက ထိုကဲ့သို့ ဘာမျှမဆိုပါဘဲ ဆိတ်ဆိတ်နေလေလေ တစ်ဖက်မှ တာဝန်ရှိဝန်ထမ်းမှာ ပို၍ ချွေးပြန်လာရလေ ဖြစ်ရတော့သည်။ မည်သို့ပင်ဆိုစေကာမူ ချန်းရွှီသည်ကား နှစ်ယောက်မရှိနိုင်သော တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့ပါသည့် အထက်တန်းစားမျိုးနွယ်ဝင်တစ်ဦး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ အကယ်၍ ထိုလူကသာ မိမိ၏ ငွေပေးချေမှု ပုံစံအား စိတ်တိုင်းမကျပါသဖြင့် ထွက်သွားပါလျှင် ကုမ္ပဏီအတွက် နစ်နာရလိမ့်လေမည်။

ထို့ကြောင့် ၎င်းဝန်ထမ်းသည် ရိုက်ကူးရေးလုပ်ရမည့် အကြိမ်အရေအတွက်အား လျှော့ပေါ့ပေးရန် စဉ်းစားမိလိုက်တော့၏။ သို့သော် သူက ၎င်းအကြောင်းအား မဆိုရသေးခင်မှာပင် တစ်ဖက်မှ ချန်းရွှီက ဦးစွာ စကားစလာခဲ့ပေသည်။

"ကောင်းပါပြီ"

စာချုပ်ချုပ်ခြင်း အမှုသည်ကား မြန်ဆန်လှသည် ဖြစ်၍ တစ်နာရီအတွင်း အလုံးစုံ ပြီးဆုံးသွားခဲ့ကာ ၎င်းနောက် ချက်ချင်းပင် ချန်းရွှီ၏အကောင့်ထဲ၌လည်း ငွေ ၁၅ မီလီယံတိတိက ရောက်ရှိလာခဲ့ရလေပြီ။

ပထမဆုံးသော ရိုက်ကူးရေးသည်ကား မနက်ဖြန်မနက်ခင်း စတင်မည်ဖြစ်၏။ သို့နှင့် စကားပြောဆိုခြင်းအမှု ပြီးဆုံးသွားသောအခါ ချန်းရွှီသည် ကုမ္ပဏီအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့တော့သည်။ ထို့နောက် သူသည် အပြင်ဘက်ရှိ ခုံတန်းလျားတစ်ခုထက်တွင် ကျပန်းဝင်ထိုင်ကာ light screen အား ဖွင့်လိုက်၏။ အကောင့်ထဲမှ ငွေပမာဏများအား တစ်ခဏမျှ တိတ်တဆိတ် ကြည့်ရှုပြီးနောက် သူသည် ချန်းကျင်းထံသို့ ထိုငွေအားလုံးအား လွှဲပေးလိုက်တော့လေသည်။

ထို့သို့လွှဲပေးပြီး ချက်ချင်းပင် ချန်းကျင်းထံမှ ဗီဒီယိုကောလ် တစ်ခုက ဝင်ရောက်လာခဲ့ရ၏။ screen ထက်၌မူ ညီဖြစ်သူ၏ မျက်နှာလေးက အထင်းသား။ ချန်းကျင်းသည်ကား အချိန်တိုင်းနီးပါး ချစ်စဖွယ်ကောင်းကာ လှပနေဆဲ။ သူက အသက်နှစ်ဆယ်ကျော်နေပြီ ဖြစ်သည့်တိုင် ချန်းရွှီ၏မျက်လုံးထဲ၌မူ ကလေးသာသာပင် ရှိသေးလေသည်။

ချန်းကျင်းအား မွေးဖွားခါစက ချန်းရွှီမှာ အသက် ၁၅ နှစ်ခန့် ရှိနေပြီဖြစ်၍ ကျိုးကြောင်းဆင်ခြင်တတ်သော အရွယ် ရောက်နေရပြီပင်။ မိခင်ဖြစ်သူက သူ့အတွက် ညီငယ်လေးတစ်ဦး မွေးဖွားပေးပြီးကြောင်း ကြားကြားချင်းပင် သူသည် ဆေးရုံထံသို့ အလျင်အမြန် ရောက်ချလာခဲ့မိလေ၏။ ၎င်းမှာ တစ်ဖက်ကလေးငယ်လေးက မျက်လုံးပွင့်ချိန်အမီ အချိန်ကိုက် ဖြစ်ရပြန်သေးသည်။

ထိုကလေးလေးမှာ သေးသေးကွေးကွေးလေးနှင့် နူးညံ့ကာ ချစ်စဖွယ် အတိ!

ချန်းရွှီ၏နှလုံးသားသည် ကလေးငယ်လေးအား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်ဝမ်းသာမှုတို့ဖြင့် ပြည့်လျှံသွားခဲ့ရပေ၏။ ထိုအချိန်ကတည်းကမှစ၍ သူသည် ညီဖြစ်သူအား အလွန့်အလွန်မှ ချစ်ခင်ပေးကာ ဖူးဖူးမှုတ် အလိုလိုက်ထားခဲ့မိခြင်းပါပင်။ မည်သို့ပင်ဆိုစေကာမူ ဖခင်ဖြစ်သူသည်ကား အချိန်ပြည့်နီးပါး အလုပ်ရှုပ်နေရ၍ တစ်ဖက်မှ မိခင်ဖြစ်သူမှာလည်း ချန်းကျင်း ငယ်စဉ်ကတည်းကစ ဆုံးပါးသွားခဲ့ရသည် မဟုတ်ပါလား။

ထို့ကြောင့် ချန်းရွှီသည် သနားစဖွယ် ညီလေးအား လိုချင်သမျှ အကုန်လိုက်လျောပေး၍ ပြုစုထားမိခြင်း ဖြစ်သည်။ သူ၏ဘဝသက်တမ်းတစ်လျှောက်၌ မိမိကိုယ်တိုင်အတွက်ကိုပင် ဤမျှအထိ ဂရုစိုက်မှုမရှိခဲ့။ ချန်းရွှီ၏ အရေးပေးမှု ဂရုစိုက်မှု အားလုံးသည်ကား ချန်းကျင်းတစ်ဦးတည်းထံ၌သာ တည်ရှိခဲ့ရလေ၏။

သို့ဖြစ်၍ ညီဖြစ်သူ၏ အိမ်ထောင်ရေးက မသာယာကြောင်း ကြားရသောအခါ သူသည် လွန်စွာမှ စိတ်မကောင်း ဖြစ်ခဲ့မိခြင်းပါပင်။ ထို့ကြောင့် အစ်ကိုတစ်ယောက်အနေဖြင့် ညီဖြစ်သူ ကြိုက်နှစ်တတ်ပါသော အဖိုးတန်ပစ္စည်းများအား ဝယ်ယူပေးခြင်းဖြင့်ဖြစ်စေ ချန်းကျင်း၏ပျော်ရွှင်မှုကို တစ်ဖက်မှ ကူရှာပေးမည်ဟု ဆုံးဖြတ်ထားခဲ့မိသည့်တိုင် ကံကြမ္မာက သူ့အား မျက်နှာသာပေးခြင်းမရှိခဲ့။

"ကိုကြီး ပုတီးစေ့တွေ ရောင်းပြီးပြီလား"

"အင်း"

ချန်းကျင်း၏မျက်ဝန်းများအတွင်း၌ နှစ်ခြိုက်ရသည့် အဖိုးတန်ပစ္စည်းအား ဆုံးရှုံးရသဖြင့် ဖြစ်တည်လာရသော ဝမ်းနည်းရိပ်တို့က တစ်စွန်းတစ်စ။ သို့သည့်တိုင် သူသည် ၎င်းဝမ်းနည်းမှုများအား ဖုံးကွယ်လိုက်၍ မိမိမျက်နှာကို အတတ်နိုင်ဆုံး ပြုံးပြထားလျက်။ ၎င်းပုံရိပ်ကြောင့် ချန်းရွှီ၏နှလုံးသားမှာ တမဟုတ်ချင်း မနာကျင်မိဘဲ မနေနိုင်တော့ပါချေ။

ချန်းကျင်းက ပြုံးလျက်ဆို၏။

"ကျွန်တော့်ပစ္စည်းတွေကို ကူရောင်းပေးလို့ ကျေးဇူးပါပဲ ကိုကြီး။ ဒီပမာဏနဲ့ဆို အဖေ့ခွဲစိတ်ခအတွက် စိတ်ပူစရာမလိုတော့ဘူး။ ကျွန်တော် အခုပဲ ဆေးရုံကို ငွေလွှဲပေးလိုက်တော့မယ်"

ခဏကြာပြီးနောက် ချန်းကျင်းက ပြုံးလျက်နှင့်ပင် စကားဆက်ဆိုပြန်သည်။

"ကိုကြီး အရမ်း အပင်ပန်းမခံနဲ့နော် သိလား။ ကျွန်တော်လည်း အခု အလုပ်ရနေပြီ။ အဲ့ဒါက အပတ်တိုင်းလည်း လုပ်အားခရတော့ အဖေ့ရဲ့ဆေးဖိုးကို ကျွန်တော်လည်း ကူပြီးပေးနိုင်မှာပါ"

ချန်းရွှီကမူ မိမိကိုယ်ကို အပြစ်တင်သည့်အနေဖြင့် အောက်နှုတ်ခမ်းလွှာအား တိတ်တဆိတ် ကိုက်ခဲလျက်။

"တောင်းပန်ပါတယ်"

ချန်းကျင်းမှာ တစ်ခဏမျှ ကြောင်သွားမိပေ၏။ ထို့နောက် ချက်ချင်းပင် သူက နီမြန်းနေသော မျက်ဝန်းတစ်စုံဖြင့် နှာရှုံ့လျက် စကားဆိုလာသည်။

"ကိုကြီး.. ကျွန်တော့်ကို အဲ့ဒီလိုမျိုး မပြောပါနဲ့။ ကိုကြီးက ဒီလိုတောင်းပန်စကားမျိုး ပြောစရာ အကြောင်းမှမရှိတာ။ ကိုကြီးက အပင်ပန်းဆုံးလေ"

သို့နှင့် အခြားသော အကြောင်းအရာများ အတန်ကြာသည်အထိ ပြောဆိုပြီးနောက်တွင် ညီအစ်ကိုနှစ်ယောက်၏ စကားပြောခြင်းအမှုမှာ ပြီးဆုံးသွားရလေတော့၏။ ချန်းရွှီကမူ ၎င်းခုံတန်းထက်၌ပင် အချိန်အကြာကြီး ဆက်လက်ထိုင်နေမိဆဲ။ ထို့နောက် တဖြည်းဖြည်း ပတ်ဝန်းကျင်က အမှောင်ဖုံးလာသောအခါမှသာ သူသည် သူ၏ယာယီတိုက်ခန်းလေးထံသို့ လမ်းလျှောက်ပြန်ခဲ့မိသည်ပင်။

နောက်နေ့မနက်ခင်းအစော၌ ချန်းရွှီသည် ချင်းရှန်ကုမ္ပဏီထံသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့၏။ မနေ့က တာဝန်ရှိဝန်ထမ်းကလည်း သူ့အား စောင့်ကြိုပေးနေလေသည်။ ထိုဝန်ထမ်းက ချန်းရွှီကို မြင်သောအခါ ပြုံးပြကာ နှုတ်ဆက်၏။ ထို့နောက် သူက ရိုးရှင်းသောဇာတ်ညွှန်းစာရွက်တစ်ရွက်အား လွှဲပြောင်းပေးအပ်ရင်း စကားဆိုသည်။

"ပထမဆုံးရိုက်ကူးရေးအတွက် အားလုံးတော့ ပြင်ပြီးသွားပါပြီ။ အမျိုးအစားက ဂေးပွန်းပါ"

ချန်းရွှီမှာ တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားလျက်။

"ကျွန်တော်က နံပါတ် 0 မလား"

"ဟုတ်ပါတယ်။ အရင်က ဒီလိုနယ်ပယ်မှာ အတွေ့အကြုံရှိခဲ့ဖူးလား"

အတိတ်မှ ကြုံတွေ့ခဲ့ရဖူးသော အဖြစ်အပျက်တချို့က သူ့စိတ်အတွင်းဝယ် ဖြတ်ပြေးသွားပုံမှာ လျှပ်စီးတစ်စပမာ။ သို့သော် ချန်းရွှီသည် မည်သည့်ထူးခြားမှုမှ မပြပါဘဲ တည်ငြိမ်စွာဖြင့်ပင် ခေါင်းယမ်းပြလာမိလေ၏။

"မရှိပါဘူး"

၎င်းအဖြေအား ကြားရသောအခါ တစ်ဖက်မှ ဝန်ထမ်းဖြစ်သူ၏မျက်ဝန်းထောင့်စွန်းများမှာ အပြုံးတစ်ပွင့်နှင့်အတူ ကျဉ်းမြောင်းသွားရတော့သည်။

"မရှိလောက်ဘူးလို့ ကျွန်တော်ထင်သားပဲ။ အဲ့ဒါကောင်းတယ်ဗျ"

သူသည် ပျော်ရွှင်ဝမ်းသာစွာဖြင့် ကုမ္ပဏီအတွင်းဘက်သို့ လျှောက်လှမ်းသွားကာ ဘာသာရေရွတ်လာပြန်၏။

"တစ်ခေတ်တစ်ခါက အချမ်းသာဆုံးသူဌေးကြီးရဲ့ သားဖြစ်သူက သူ့ရဲ့ပထမဆုံးအကြိမ်ကို ဒီနေရာမှာ လာအသုံးပြုတာ..အရမ်းမိုက်တဲ့ သတင်းပဲ။ ပေါက်မှာသေချာတယ်"

၎င်းဝန်ထမ်း၏ အသံက ညင်သာခြင်းရှိမနေသည့်အတွက် ချန်းရွှီမှာ စကားလုံးတိုင်းအား ပြတ်ပြတ်သားသား ကြားလိုက်ရသည်ပင်။ ဇာတ်ညွှန်းစာရွက်အား တင်းကြပ်စွာ ဆုပ်ကိုင်လျက် တစ်ခဏမျှ တိတ်တဆိတ် ရပ်နေမိသည်မှာ ကျောက်ဆူးချထားသည့် သဘောၤပမာ။ ၎င်းနောက်တွင်မူ ချန်းရွှီ၏နှုတ်ခမ်းထောင့်စွန်း တစ်နေရာ၌ လှောင်ပြုံးတစ်ခုက တဖြည်းဖြည်း ဖြစ်တည်လာရလေတော့၏။

TN: စကားမစပ် ဒါက orange blossom ပါတီပွဲတုန်းက ယူရိခါနဲ့ချန်းကျင်းရဲ့ ဆင်တူ maid ဝတ်စုံလေးတွေ။

အဲ့ဒီနေရာပြန်တုန်းက ယူရိခါက ဘာလို့များ ဒီလိုဝတ်ထားရတာလဲလို့ ကိုယ့်မှာတကယ်ကို စဉ်းစားမရခဲ့..

သူက တည်ထောင်သူမျိုးနွယ်ဝင်ပဲကို ဒီလိုဝတ်စုံမျိုး ဘာလို့ဝတ်ရတာလဲလို့..
တကယ်လို့ မုန့်စားချင်တယ် ဆိုရင်တောင် ဧည့်သည်အနေနဲ့ ထိုင်စားလည်း ရတာပဲကို။ ဒီလိုမုန့်ချပေးတဲ့ လူအဖြစ် နေစရာမှမလိုတာပဲလို့..

google translation ကများ လွဲနေတာလားဆိုပြီး စိတ်ပူနေခဲ့ရတာ။ အခု manhua တွေ့တော့မှ တကယ် ရယ်ရခက် ငိုရခက် ဖြစ်ရပြန်ရော (╥﹏╥)

Zawgyi

ထုတ္​လုပ္​​ေရးကုမၸဏီတစ္​ခုသို႔ ဇာတ္​လမ္​း႐ိုက္​ကူးရန္​ သြား​ေရာက္​ျခင္​း (ဒုတိယအပိုင္​း)

ခ်င္​း႐ွန္​ကုမၸဏီသည္​ကား ပြန္​း​ဗီဒီယိုမ်ား ထုတ္​လုပ္​ျဖန္​႔ျဖဴးသည္​့ ကုမၸဏီျဖစ္​သည္​့တိုင္​ အသံုးျပဳ​ေသာ စတူဒီယို ​ေနရာမ်ားကမူ ဧရိယာႀကီးမား၍ ဒီဇိုင္​းအမ်ိဳးမ်ိဳး ႐ွိ​ေပ၏။ ထို႔အျပင္​ လူ​ေနအိမ္​မ်ားကဲ့သို႔​ေသာ ျပင္​ဆင္​မႈမ​်ိဳးကိုလည္​း အ​ေသအခ်ာ တည္​​ေဆာက္​ထား႐ွိ​ေသးသျဖင္​့ ၎ကုမၸဏီ ​ေနရာတစ္​ခုလံုးမွာ ႀကီးက်ယ္​ခမ္​းနား ရသည္​ပင္​။ သို႔ျဖစ္​၍ အခ်ိဳ႕​ေသာ ပံုမွန္​႐ုပ္​႐ွင္​မ်ားကပါ ရန္​းခ်ီ၏ကုမၸဏီထံ၌ ႐ိုက္​ကူးရန္​ ရံဖန္​ရံခါ ​ေနရာငွါးရမ္​း လာတတ္​ၾက​ေသး​ေလသည္​။

ကုမၸဏီက ထုတ္​လုပ္​လိုက္​သည္​့ ပြန္​း​ဗီဒီယို ႐ုပ္​႐ွင္​မ်ားသည္​ အခ်ိန္​တိုင္​း ​ေရာင္​းအားအျမင္​့ဆံုး ျဖစ္​ရ၏။ A အဆင္​့ ​ဗီဒီယိုမ်ားမွာ သာမန္​ဇာတ္​​ကြက္​အား အ​ေျခခံ၍ ႐ိုက္​ကူးထား​ေသာ ဇာတ္​လမ္​းမ်ိဳးျဖစ္​ကာ ၎တို႔၌ လိင္​အသား​ေပး​သည္​့ အ​ေၾကာင္​းအရာမ်ားကလည္​း ​ေပၚ​ေပၚထင္​ထင္​ မပါ႐ွိပါ​ေခ်။ ထိုအစား စကား​ေျပာခန္​းမ်ားကသာ တပံုတပင္​ ပါ႐ွိ​တတ္​သည္​။ S အဆင့္ ​ဗီဒီယိုမ်ားကမူ ရာႏႈန္​းျပည္​့ လိင္​အသား​ေပးသည္​့ ဇာတ္​လမ္​းမ်ိဳး ျဖစ္​ရ၍ ခ်င္းရွန္​​ကုမၸဏီမွာလည္​း ထိုကဲ့သို႔​ေသာ ​ဗီဒီယိုမ်ားကိုသာ အဓိကထား၍ ျဖန္​႔ျဖဴး​ေရးလုပ္​ျခင္း​ပင္​။

S အဆင္​့ ​ဗီဒီယိုမ်ား၌ AV ႏွင္​့ GV ဟူ၍ အမ်ိဳးအစား ထပ္​မံခြဲျခားထား​ေသး၏။ AV ဟူသည္​မွာ အမ်ိဳးသားႏွင္​့ အမ်ိဳးသမီး ပါဝင္​သ႐ုပ္​​ေဆာင္​ထား​ေသာ ဇာတ္​လမ္​းမ်ိဳး ျဖစ္​၍ GV သည္​ကား အမ်ိဳးသားအခ်င္​းခ်င္​း ျဖစ္​ကာ အထူးသျဖင္​့ သာမန္​အမ်ိဳးသားႏွင္​့ ႐ွားပါးမ်ိဳးစိတ္​ ၾကားမွ ဆက္​ဆံမႈအား ​ေဖာ္​ျပျခင္​းမ်ိဳး ျဖစ္​သည္​။ ဤ​ေလာက၌ သာမန္​အမ်ိဳးသားႏွစ္​ဦး ပါဝင္​သ႐ုပ္​​ေဆာင္​ထားပါသည္​့ GV မ်ိဳးလည္​း ႐ွိသည္​့တိုင္​ အစိုးရကမူ ၎အမ်ိဳးအစားအား အား​ေပး​ေထာက္​ခံျခင္​း မ႐ွိခဲ့ပါ​ေခ်။ အ​ေၾကာင္​းမွာ ၎အျခင္​းအရာက အင္​ပါယာကမာၻ၏ မ်ိဳးပြားႏႈန္​းကိုလည္​း အက်ိဳးမျပဳႏိုင္​​​ေသာ​ေၾကာင္​့ပင္​။ ထို႔​ေၾကာင္​့ သာမန္​အမ်ိဳးသားႏွစ္​ဦးၾကားမွ ပြန္​း​ဗီဒီယိုမ်ားမွာ လြန္​စြာမွ နည္​းပါးရ​ေလ၏။

ယခု ခ်န္​းရႊီအ​ေနျဖင္​့ GV ​႐ိုက္​ရန္​ အ​ေၾကာင္​းဖန္​လာခဲ့​ေပၿပီ။

ထိုကဲ့သို႔ အ​ေၾကာင္​းဖန္​လာရျခင္​းမွာ ခ်န္​းရႊီ၏ လိင္​ပိုင္​းဆိုင္​ရာ ခံယူခ်က္​​ေၾကာင္​့ မဟုတ္​ရပါ​ေပ။ အမွန္​အတိုင္​းဆိုရလွ်င္​ သူသည္​ကား လြန္​စြာမွ ျဖဴစင္​၍ ကိုယ္​့ကိုယ္​ကို ထိန္​းထိန္​းသိမ္​းသိမ္​း ​ေနတတ္​ပါ​ေသာ အမ်ိဳးသားတစ္​ဦး ျဖစ္​ရသည္​။ လြန္​ခဲ့​သည္​့ ႏွစ္​ ၄၀ ဟူ​ေသာ ဘဝသက္​တမ္​းအတြင္​း၌ သူ႔အနားတြင္​ အမ်ိဳးသမီးအနည္​းငယ္​ႏွင္​့ ႐ွားပါးမ်ိဳးစိတ္​ အခ်ိဳ႕သာ ႐ွိခဲ့ရ​ေလ၏။

က်ိန္​း​ေသ​ေပါက္​ ခ်န္​းရႊီတြင္​လည္​း ထိုလူမ်ားႏွင္​့ ခ်စ္​ကြၽမ္​းဝင္​ခဲ့​ေသာ အခိုက္​အတန္​႔မ်ိဳး ႐ွိခဲ့ရဖူးသည္​့တိုင္​ သူသည္​ကား လက္​တြဲ​ေဖာ္​ကဲ့သို႔​ အရာမ်ိဳးႏွင္​့ ပတ္​သက္​၍ အ​ေရးတယူ ​စိတ္​ဝင္​စားျခင္​း မ႐ွိ​ေလရာ သူ၏ဆက္​ဆံ​ေရးတိုင္​းနီးပါးမွာ မၾကာခဏ ပ်က္​ရသည္​ခ်ည္​းပင္​။

ထို႔အျပင္​ ခ်န္​းရႊီသည္​ ဂႏၳ၀င္​စာ​ေပမ်ားႏွင္​့ ဂီတမ်ားအား ဖတ္​႐ႈနားဆင္​ရသည္​ကို သ​ေဘာက်​ေလ့ ႐ွိသူျဖစ္​​ေသး၏။ သူ၏အားလပ္​ခ်ိန္​ အမ်ားစုတြင္​လည္​း ​ေ႐ွး​ေဟာင္​းစာ​ေပမ်ားကိုသာ ဖတ္​႐ႈရင္​း အခ်ိန္​ကုန္​ဆံုးခဲ့​ေလသည္​။ အ​ေဖျဖစ္​သူ ခ်န္​းက်န္​းကမူ သူ႔ကို ထိုကဲ့သို႔ စာဖတ္​ရင္​း အခ်ိန္​မကုန္​ဆံုး ​ေစခ်င္​ခဲ့ပါ​ေပ။ ထို႔​ေၾကာင္​့ ခ်န္​းက်န္​းသည္​ ခ်န္​းရႊီအား အိမ္​​ေထာင္​ျပဳရန္​ တတြတ္​တြ​တ္​ ​ေဆာ္​ဩတတ္​သည္​။ သို႔ျဖစ္​၍ ​ေနာက္​ဆံုး၌ သူသည္​ မိမိႏွင္​့သင္​့​ေတာ္​မည္​့ လက္​တြဲ​ေဖာ္​ တစ္​​​​ေယာက္​​​​ေယာက္​အား ႀကိဳးစား၍ ႐ွာ​ေဖြခဲ့ရ​​ေလ​ေတာ့​၏။

သို႔​ေသာ္​ သူက ထိုကဲ့သို႔ သင္​့​ေတာ္​မည္​့လူအား ႐ွာ​ေဖြကာ အိမ္​သို႔ မိတ္​ဆက္​​ေပးရန္​ ​ေခၚလာခဲ့ဖူးသည္​့တိုင္​ သူ၏ တစ္​ဦးတည္​း​ေသာ ညီ​ေလးျဖစ္​သူက ထိုလူမ်ားအား သ​ေဘာက်ပံု​ေပၚမ​ေနခဲ့ပါ​ေခ်။ ထို႔​ေၾကာင္​့ ခ်စ္​သူထားမိပါ​ေသာ အႀကိမ္​တိုင္​း၌ ခ်န္​းရႊီိသည္​ တစ္​ဖက္​လူအား က်ိဳး​ေၾကာင္​း႐ွင္​းျပကာ သူ႔ဘက္​မွစ၍ လမ္​းခြဲခဲ့ရသည္​ခ်ည္​းပင္​။ သို႔ႏွင္​့ သူသည္​ ယခုအသက္​အရြယ္​ ​ေရာက္​သည္​အထိ တစ္​ကိုယ္​တည္​း လူပ်ိဳႀကီးအျဖစ္​သာ တည္​႐ွိ​ေနရ​ေတာ့​ေပ၏။

၎မ​ေတာ္​တဆမႈ ျဖစ္​ၿပီး​ေနာက္​ ခ်န္​းရႊီသည္​ ​ေငြပမာဏ အ​ေျမာက္​အမ်ားအား အစိုးရထံသို႔ ​ေလ်ာ​္​​ေၾကး​ေငြ​ေပးခဲ့ရသျဖင္​့ သူ၏မိသားစုပိုင္​ ႂကြယ္​ဝမႈအားလံုးမွာ ပ်က္​သုဥ္​းလုနီးနီး။ ထို႔အျပင္​ ၎အခ်ိန္​အခါတြင္​မွ ဖခင္​ျဖစ္​သူကလည္း ကံဆိုးစြာ က်န္​းမာ​ေရးခ်ိဳ႕တဲ့ သြားရ​ျပန္​သည္​။ ထို႔​ေၾကာင္​့ ဘဝတစ္​​ေလွ်ာက္​လံုး ​ေရႊဇြန္​းတပ္​၍ ​ေမြးဖြားလာသကဲ့သို႔ အ​ေၾကာ့စား​ေနထိုင္​ရ​ေသာ ညီျဖစ္​သူသည္​လည္​း ႏွစ္​ၿခိဳက္​ရသည္​့ အဖိုးတန္​ပစၥည္​း​အာလံုးကို ထုခြဲ​ေရာင္​းခ်ရန္​ အ​ေၾကာင္​းဖန္​လာရ​ေပ​ေတာ့၏။

ခ်န္​းက်င္​းက သူ၏ပစၥည္​းမ်ားအား ​ေရာင္​းထုတ္​ရန္​ ​ေပးအပ္​လာသည္​့ အႀကိမ္​တိုင္​းတြင္​ ခ်န္​းရႊီသည္​ လြန္​စြာမွ စိတ္​မ​ေကာင္​းျဖစ္​ရ​ေလသည္​။ သို႔​ႏွင္​့ တစ္​ဖက္​လူက သလင္​း​ေက်ာက္​​ေသတၱာတစ္​ခုအား ​ေပးအပ္​လာ​ေသာ အခိုက္​တြင္​ သူသည္​ မည္​သို႔မွ် ဆက္​၍ သည္​းခံႏိုင္​စြမ္​းမ႐ွိ​ေတာ့ပါ​ေပ။ ၎သလင္​း​ေက်ာက္​ ပုတီး​ေစ့မ်ားသည္​ကား ခ်န္​းက်င္​းသ​ေဘာအက်ရဆံုး ပစၥည္​းမ်ားျဖစ္​ရသည္​ မဟုတ္​ပါလား။

မိသားစုစီးပြားပ်က္​ရသည္​့ အ​ေၾကာင္​းအရင္​းမွာ သူ႔အ​ေပၚ၌ လံုးလံုးမူတည္​ရ​ေလသည္​။ သူကိုယ္​တိုင္​က ၎ပ​ေရာဂ်က္​အား အ​ေကာင္​အထည္​​ ​ေဖာ္​ႏိုင္​လိမ္​့မည္​ဟု ယံုၾကည္​မႈ လြန္​ကဲသြားမိျခင္​းပင္​။ ထိုအခါက ၎လုပ္​ငန္​းမွာ အ​ေၾကာင္​းအမ်ိဳးမ်ိဳး​ေၾကာင္​့ ​တရားမဝင္​ျဖစ္​​ေန​ေသးသျဖင္​့ အက်ိဳးဆက္​မ်ား ႐ွိလာႏိုင္​​ေၾကာင္း ခ်န္​းရႊီသည္​လည္​း ခန္​႔မွန္​းမိ၏။ သို႔သည္​့တိုင္​ သူသည္​ကား ​ေခါင္​းမာမာႏွင္​့ ​ေငြမက္​ကာ ဆက္​လက္​လုပ္​​ေဆာင္​​ခဲ့ မိ​ေပသည္​။

သူ၏ ကိုယ္​ပိုင္​ဆံုးျဖတ္ခ်က္​ တစ္​ခုတည္​း​ေၾကာင္​့ မိသားစုတစ္​ခုလံုး ယခုကဲ့သို႔ ဒုကၡ​ေရာက္​သြားရျခင္​းျဖစ္​ကာ လူ႔​ေလာကအ​ေၾကာင္​း ဘာမွ်နားမလည္​​ေသးပါ​ေသာ ညီျဖစ္​သူသည္​ပင္​ ၎အတြက္​​ေၾကာင္​့ႏွင္​့ သူတန္​ဖိုးထားရ​ေသာ ပစၥည္​းအားလံုးကို စြန္​႔လႊတ္​​ေနရ​ေလၿပီ။ ထိုအခါက ခ်န္​းရႊီမွာ မ်က္​လံုးမွိတ္​လိုက္​တိုင္​း ပံုရိပ္​တစ္​ခုတည္​းကိုသာ ထပ္​တလဲလဲ ျမင္​​ေယာင္​​ေနမိ​ေတာ့၏။ မိမိက သလင္​း​ေက်ာက္​​ေသတၱာ​ေလးအား ခ်န္​းက်င္​းထံသို႔ ပထမဆံုး ယူ​ေဆာင္​လာ​ေပးစဥ္​အခါက ျဖစ္​ပ်က္​သြားပါ​ေသာ တစ္​ဖက္​လူ၏ အံ့ဩ​ေပ်ာ္​ရႊင္​ဖြယ္​ တံု႔ျပန္​မႈ။

ခ်န္​းရႊီသည္​ကား ညီျဖစ္​သူ၏ အ​ေၾကာင္​းကို ​ေကာင္​း​ေကာင္​းနားလည္​သည္​ပင္​။ ခ်န္​းက်င္​းမွာ အသစ္​ျမင္​ အ​ေဟာင္​းပစ္​တတ္​သည္​့ လူစားမ်ိဳးျဖစ္​ရသည္​့တိုင္​ ၎သလင္​း​ေက်ာက္​ ​ေသတၱာ​ေလးကိုမူ အျမဲတမ္​း တန္​ဖိုးထားတတ္​၏။ သူ႔အ​ေနျဖင္​့ ၎ရတနာမ်ားအား လြန္​စြာမွ သ​ေဘာက်ႏွစ္​ၿခိဳက္​သည္​မွာ အထူးတလည္​ ​ေျပာျပ​ေနစရာ မလို​ေတာ့ပါ​ေပ။ 

သို႔ျဖစ္​၍ ခ်န္​းရႊီသည္​ ၎သလင္​း​ေက်ာက္​​ေသတၱာ​ေလးအား မ​ေရာင္းရက္​​ေတာ့ပါဘဲ ​ေနာက္​ဆံုးအ​ေနျဖင္​့ သိမ္​းဆည္​း​ေပးထားရန္​သာ တစ္​​ေယာက္​တည္​း ​ဆံုးျဖတ္ခ်က္​ ခ်မိလိုက္​​ေလ၏။

ထို႔​ေၾကာင္​့ ​ေနာက္​ဆံုး၌ ခ်န္​းရႊီသည္​ ပြန္​း​ဗီဒီယို ႐ိုက္​ကူးရန္​အတြက္​ ခ်င္​း႐ွန္​ကုမၸဏီထံသို႔ ​ေရာက္​႐ွိလာရျခင္​းပါပင္​။ ဤနည္​းလမ္​းကသာ သူ႔အတြက္​ ​ေနာက္​ဆံုး​ေသာ အခြင္​့အ​ေရး ျဖစ္​ရသည္​မဟုတ္​ပါလား။

ထိပ္​တန္​းသူ​ေဌးႀကီး၏ သားျဖစ္​သည္​့အ​ေလ်ာက္​ သူ႔ထံတြင္​ မိတ္​​ေဆြအ​ေပါင္​းအသင္​း မ်ားစြာ႐ွိသည္​။ ထိုကာလမ်ားအတြင္​း၌ သူ႔အနား႐ွိ မိတ္​​ေဆြမ်ားမွာ သူ႔အႀကိဳက္​ အလိုက္​​ေဆာင္​​ေပးခဲ့ ၾကသည္​ခ်ည္​းပင္​။ သို႔​ေသာ္​ ယခုကဲ့သို႔ ​ေအာက္​​ေျခ​ေရာက္​သြားခ်ိန္​တြင္​မူ ထိုလူမ်ားအားလံုးမွာ သူ၏အနားမွ ၾကက္​​ေပ်ာက္​ငွက္​​ေပ်ာက္​ ​ေပ်ာက္​သြားကုန္​ၾက​၏။ ခ်န္​းရႊီက ​ေအာက္​က်ခံ၍ တကူးတက သြား​ေရာက္​ကာ အကူအညီ​ေတာင္​းဆိုျခင္​းအမႈမ်ိဳး ျပဳခဲ့ဖူးသည္​့တိုင္​ တစ္​​ေယာက္​မွ် သူ႔အားမကူညီခဲ့ပါ​ေခ်။ ထိုလူမ်ားအားလံုး သူ႔ကို ျပန္​လည္​ဆက္​ဆံသည္​့ပံုသည္​ကား သူ​ေတာင္​းစား တစ္​​ေယာက္​အား ဆက္​ဆံသည္​့ႏွယ္​။

သို႔​ေသာ္​ ခ်န္​းရႊီကမူ ၎အျခင္​းအရာႏွင္​့ ပတ္​သက္​၍ အံ့ဩတုန္​လႈပ္​ျခင္​း ႐ွိမ​ေနခဲ့။ အင္​ပါယာကမာၻမွ လူကုန္​ထံအသိုင္​းအဝိုင္​းမ်ားမွာ ဤကဲ့သို႔ပင္​ ျဖစ္​ရသည္​။ ဤကမာၻ၌ ​ေနထိုင္​ႏိုင္​ရန္​ လိုအပ္​သည္​့ ဥပ​ေဒမ်ားႏွင္​့ အဆင္​့အတန္​း သတ္​မွတ္​ခ်က္​မ်ားက ထိုလူတို႔အတြက္​ အဖိုးအႏၱတ ထိုက္​ဟန္​တူ၏။ ထို႔​ေၾကာင္​့ ခ်န္​းရႊီထံ၌ ယခုကဲ့သို႔ သင္​့​ေတာ္​သည္​့ အဆင္​့သတ္​မွတ္​ခ်က္မ်ိဳး မ႐ွိ​ေတာ့သည္​့အခါတြင္​ ယခင္​ပတ္​ဝန္​းက်င္​က ျငင္​းဆန္​ျခင္​းမ်ိဳး ျဖစ္​ရသည္​ပင္​။

ထို႔​ေၾကာင္​့ သူ႔အ​ေနျဖင္​့ ထိုနည္​းလမ္​းအား ​ေရြးခ်ယ္​ရန္​သာ တတ္​ႏိုင္​ခဲ့​ေပ​ေတာ့၏။

ခ်န္​းရႊီ၏ ပညာအရည္​အခ်င္​းႏွင္​့ လုပ္​ငန္​းပိုင္​းစြမ္​းရည္​က ျမင္​့မားသည္​့တိုင္​ အင္​ပါယာကမာၻ၌ ျပစ္​မႈက်ဴးလြန္​ထားသူမ်ားအား အလုပ္​အကိုင္​ႏွင္​့ ပတ္​သက္​၍ အခြင္​့အလမ္​း တင္​းၾကပ္​ထား​ျခင္​း ျဖစ္​​ေလရာ ခ်န္​းရႊီသည္​ ​ေအာက္​​ေျခအလုပ္​မ​်ိဳးကိုသာ လုပ္​ခြင္​့ရခဲ့​​သည္​။ ထို႔အျပင္​ ၎လုပ္​ငန္​းမ်ားမွ ရသည္​့ ​ေငြမွာလည္​း ဖခင္​ျဖစ္​သူအား ​ေသမင္​းတံခါးဝမွ အျပည္​့အဝ ကယ္​တင္​ႏိုင္​စြမ္​း မ႐ွိရျပန္​ပါ​ေပ။ သို႔ျဖစ္​၍ သူသည္​ ​ေနာက္​ဆံုး၌ လစာအ​ေျမာက္​အမ်ား ​ေပးႏိုင္​သည္​့ တစ္​ခုတည္​း​ေသာ ႐ိုက္​ကူး​ေရး ကုမၸဏီထံသို႔ ​ေရာက္​႐ွိလာရျခင္​းပင္​။

ပထမဆံုး အင္​တာ​ဗ်ဴးအတြက္​ သူလာ​ေရာက္​သည္​့အခါတြင္​ တာဝန္​႐ွိသူသည္​ သူ႔အား အံ့ဩဝမ္​းသာစြာျဖင္​့ ၾကည္​့လာခဲ့၏။ ထို႔အျပင္​ ထိုလူ၏အၾကည္​့မ်ားတြင္​ ​ေလွာင္​ရယ္​မႈမ်ားကလည္​း တစ္​စြန္​းတစ္​စ။ ခ်န္​းရႊီကမူ ၎ကဲ့သို႔​ေသာ အၾကည္​့မ်ိဳးမ်ားႏွင္​့ ​ေနသားက်​ေန​ေလၿပီ။ ထို႔​ေၾကာင္​့ သူသည္​ ႐ွက္​ရြံ႔ျခင္​း မ႐ွိပါဘဲ ပံုမွန္​စီးပြား​ေရး လုပ္​ငန္​းတစ္​ခုခုအား ​ပူး​ေပါင္​း​ေဆြး​ေႏြးရန္​ လာ​ေရာက္​သကဲ့သို႔ တည္​ၿငိမ္​စြာ ​ျပဳမူ​လိုက္​​ေတာ့​ေလ၏။ သူ၏ပံုစံမွာ မိမိ၏ခႏၶာကိုယ္​ကို သစၥာ​ေဖာက္​မည္​့လူႏွင္​့ ​ေသး​ေသး​ေလးမွ် တူညီ​မ​ေနခဲ့ပါ​ေခ်။

တာဝန္​႐ွိ ဝန္​ထမ္​းက ခ်န္​းရႊီလႊဲအပ္​​ေပးလာသည္​့ စာရြက္​စာတမ္​းမ်ားအား သာမန္​ကာလွ်ံကာမွ် ဖတ္​႐ႈလိုက္​ၿပီး​ေနာက္​ အ​ေလးမထားဟန္​ျဖင္​့ ဆိုလာ​​ေလသည္​။

"ကြၽန္​​ေတာ္​တို႔ ကုမၸဏီမွာ ႐ိုက္​ကူး​ေရးလုပ္​ခ်င္​တာက ဟုတ္​​ေပမဲ့ ကြၽန္​​ေတာ္​့အျမင္​မွာ​ေတာ့ မစၥတာခ်န္​းက နည္​းနည္​း အသက္​ႀကီး​ေနတဲ့ ပံု​ေပါက္​​ေနတယ္​။ ​ဒီလိုဆို ကိုယ္​ခံအားလည္​း လံုလံု​ေလာက္​​ေလာက္​ မ​ေကာင္​းမွာ စိုးရတယ္​​ဗ်ာ။ ခင္​​ဗ်ားရဲ႕ အရပ္​က​ အဆိုးႀကီးမဟုတ္​​ေပမဲ့ ႂကြက္​သား​ေတြက သိပ္​မ႐ွိဘူး​ေလ ဟုတ္​တယ္​မလား?"

ခ်န္​းရႊီကမူ တည္​ၿငိမ္​လ်က္​။

"ကြၽန္​​ေတာ္​ အရင္​က ​ေလ့က်င္​့ခန္​း ပံုမွန္​လုပ္​ျဖစ္​ပါတယ္​။ ႂကြက္​သား​က နည္​း​ေပမဲ့ ခႏၶာကိုယ္​နဲ႔ ပတ္​သက္​ၿပီး​ေတာ့ တျခားျပႆနာ​ေတြ မ႐ွိပါဘူး။ ​ေနာက္​ၿပီး လူသား​ေတြရဲ႕ သက္​တမ္​းက ႏွစ္​​ေပါင္​း ၁၃၀ အထိ ႐ွိ​ေနတာပဲ။ တိတိက်က်​ေျပာရရင္​ ပ်မ္​းမွ်တြက္​ၾကည္​့ရင္​​ေတာင္​ ကြၽန္​​ေတာ္​့အသက္​က ထက္​ဝက္​မက်ိဳး​ေသးပါဘူး။ ဒီလိုအရြယ္​မ်ိဳးက သတ္​လတ္​ပိုင္​းပဲ ႐ွိ​ေသးတာ မဟုတ္​ဘူးလား?"

တာဝန္​႐ွိဝန္​ထမ္​းသည္​ကား သူ၏ကမ္​းလွမ္​းမႈႏွင္​့ ပတ္​သက္​၍ လက္​ခံရန္​ တြန္​႔ဆုတ္​​ေနခဲ့ျခင္း ျဖစ္​၏​။ သို႔​ေသာ္​ ခ်န္​းရႊီက ထိုကဲ့သို႔ အခ်က္​က်က် ​ေျပာဆိုလာ​ေသာအခါ သူ႔အ​ေနျဖင္​့ တစ္​ဖက္​လူထံသို႔ စိတ္​ဝင္​တစား မၾကည္​့လာဘဲ မ​ေနႏိုင္​​ေတာ့ပါ​ေခ်။ ထို႔​ေနာက္​ ၎ဝန္​ထမ္​းက အနည္​းငယ္​ စိတ္​ပါလာဟန္​ျဖင္​့ ျပန္​လည္​တုံ႔ျပန္​​​ေလသည္​။

"မစၥတာခ်န္​း ​ေျပာတာလည္​း ဟုတ္​တာပါပဲ..။ အဲ့ဒီ​ေတာ့ မစၥတာခ်န္​းအ​ေနနဲ႔ ဒီလို​ဗီဒီယို​ေတြ အရင္​က ၾကည္​့ခဲ့ဖူးမွာ​ေပါ့။ ကြၽန္​​ေတာ္တို႔က ႂကြက္​သား​ေတြအမ်ားႀကီး႐ွိၿပီး ​ေဘာ္​ဒီ​ေတာင္​့တဲ့ ​ေယာက်္​ားမ်ိဳးကိုပဲ နံပါတ္​တစ္​ ​ေနရာအတြက္​ ​ေရြးခ်ယ္​​ေလ့႐ွိတာပါ။ အဲ့ဒါမွ ပိုၿပီး ႐ုပ္​လံုးႂကြမွာမို႔​လို္႔​ေလ။ ဒါ​ေပမဲ့ အခု မစၥတာခ်န္​းက ကြၽန္​​ေတာ္​တို႔လိုခ်င္​တဲ့ ပံုစံနဲ႔မကိုက္​ဘူးဆို​ေတာ့ အထက္​က​ေနလို႔​ေတာ့ မျဖစ္​ဘူး​ဗ်။ အဲ့ဒီ​ေတာ့ နံပါတ္​ 0 လုပ္​လို႔ပဲ ရလိမ္​့မယ္​..ဆို​ေပမဲ့ ခင္​​ဗ်ားက ႐ွားပါးမ်ိဳးစိတ္​လည္​း မဟုတ္​ျပန္​ဘူး​ေနာ္​?"

တာဝန္​႐ွိသူမွာ​ ​ေျပာရင္​းဆိုရင္​း အနည္​းငယ္​ပင္​ စိုးရိမ္​စိတ္​တို႔ ျဖစ္​လာရ​ေလသည္​။ ခ်န္​းရႊီက တစ္​ႏွစ္​​ေက်ာ္​မွ် လူလံုးမျပပါဘဲ ​ေအာက္​​ေျခတြင္​ ​ေပ်ာက္​ကြယ္​​ေနခဲ့သည္​့တိုင္​ သူ၏အတိတ္​မွ ဂုဏ္​ပုဒ္​​ေၾကာင္​့ ပြန္​းဇာတ္​လမ္​း၌ မည္​သည္​့​ေနရာမွ သ႐ုပ္​​ေဆာင္​​ပါ​ေစ က်ိန္​း​ေသ​ေပါက္​ ၎က ​ေပါက္​လိမ္​့မည္​ပင္​။

"ကြၽန္​​ေတာ္​က ႐ွားပါးမ်ိဳးစိတ္​ မဟုတ္​ပါဘူး"

ခ်န္​းရႊီ၏ ကိုယ္​ဟန္​အ​ေနအထားသည္​ကား 90 ဒီဂရီကဲ့သို႔ တန္​းတန္​းမတ္​မတ္​။ သူ၏ပုခံုးမ်ားက အရမ္​းမက်ယ္​ရသည္​့တိုင္​ ​ေျခ​ေခ်ာင္​းမ်ားကမူ အ​ေတာ္​အတန္​ ႐ွည္​လ်ား​ေပ​၏။

"ခင္​​ဗ်ားတို႔ဘက္​က ကြၽန္​​ေတာ္​လိုခ်င္​တဲ့ လုပ္​အားခကို ​ေပးႏိုင္​သ​ေရြ႔ ဘယ္​လိုပဲစီစဥ္​စီစဥ္​ ကြၽန္​​ေတာ္​လက္​ခံႏိုင္​ပါတယ္​"

တာဝန္​႐ွိဝန္​ထမ္​းက စိတ္​ဝင္​တစားႏွင္​့ မ်က္​ခံုးတစ္​ဖက္ ပင္​့ကာ ​ေမးလာျပန္​သည္​။

"​ေငြအ​ေရးတႀကီး လို​ေနလို႔လား?"

"ဟုတ္​ပါတယ္​။ ကြၽန္​​ေတာ္​ ​ေငြလို​ေနတာ အဲ့ဒါ​ေၾကာင္​့ စာခ်ဳပ္​ခ်ဳပ္​ၿပီးတာနဲ႔ ကြၽန္​​ေတာ္​​ေတာင္​းဆိုတဲ့ ပမာဏကို တစ္​ခါတည္​းနဲ႔ အျပတ္​​လႊဲ​ေပး​ေစခ်င္​ပါတယ္​"

ခ်န္​းရႊီ၏​ေလသံက ထစ္​​ေငါ့ျခင္​း မ႐ွိပါဘဲ ၾကည္​လင္ျပတ္​သား​ေနပံုမွာ ​ေႏြဦး​ေလ​ေျပကဲ့သို႔ပင္​။

"၁၅ မီလီယမ္​ တိတိကို​ေပါ့"

နာမည္​ႀကီး စီးပြား​ေရးလုပ္​ငန္​း႐ွင္​မ်ားအတြက္​ ၎​ေငြပမာဏက ​ေျပာပစရာမဟုတ္​​ေလရာ ကုမၸဏီမွ တာဝန္​႐ွိဝန္​ထမ္​းသည္​လည္​း ခ်န္​းရႊီ၏ ​ေတာင္​းဆိုမႈႏွင္​့ ပတ္​သက္​၍ အံ့ဩသြားျခင္​း ႐ွိမ​ေနခဲ့ပါ​ေပ။ သို႔​ေသာ္​ ၎ဝန္ထမ္းက​​ အနည္​းငယ္​ ​ေတြး​ေတာဟန္​ျဖင္​့ သူ၏​ေမး​ေစ့အား လက္​တစ္​ဖက္​ျဖင္​့ ထိကိုင္​ကာ တမင္​သက္​သက္​ ဆိုလာျပန္​၏။

"မစၥတာခ်န္​း ​ေတာင္​းဆိုတဲ့ ပမာဏက အရမ္​းမ်ားတယ္​​ဗ် သိရဲ႕လား။ ဒီ​ေလာကရဲ႕ နာမည္​ႀကီး သ႐ုပ္​​ေဆာင္​​ေတာင္​ တစ္​ကားတည္​း႐ိုက္​ရံုနဲ႔ ဒီ​ေလာက္​ပမာဏ မရႏိုင္​ဘူး"

ခ်န္​းရႊီကမူ ထံုးစံအတိုင္​း တည္​ၿငိမ္​​ေနဆဲ။

"ကြၽန္​​ေတာ္​က တစ္​ကားတည္​းအတြက္​ ​ေျပာတာမဟုတ္​ပါဘူး။ ခင္​​ဗ်ား တြက္​ၾကည္​့လို႔ရပါတယ္​"

တာဝန္​႐ွိဝန္​ထမ္​းမွာ သူ၏တံု႔ျပန္​မႈ​ေၾကာင္​့ အနည္​းငယ္​ အံ့အားသင္​့သြားမိ​ေလ၏။

"​ေကာင္​းပါၿပီ။ ဒါဆို ကြၽန္​​ေတာ္​ တြက္​ၾကည္​့လိုက္​ပါဦးမယ္​။ စကားမစပ္​ ကြၽန္​​ေတာ္​တို႔ကုမၸဏီက အျမဲတမ္​း မွ်မွ်တတနဲ႔ စာခ်ဳပ္​ခ်ဳပ္​​ေပးတာမို႔ မစၥတာခ်န္​းအ​ေနနဲ႔ စာခ်ဳပ္​ကိစၥနဲ႔ပတ္​သက္​ၿပီး ျပႆနာတစ္​စံုတစ္​ရာျဖစ္​မွာ စိုးရိမ္​စရာမလိုပါဘူး"

ခ်န္​းရႊီက ခပ္​ဖြဖြ ျပံဳးလ်က္​ ဆိုသည္​။

"ကြၽန္​​ေတာ္​ ခင္​​ဗ်ားတို႔ကို ယံုပါတယ္​"

သို႔ျဖစ္​၍ တာဝန္​႐ွိဝန္​ထမ္​းသည္​ ခ်န္​းရႊီအား ခဏမွ် ​ေစာင္​့​ေပးပါရန္​ မွာၾကားၿပီး​ေနာက္​ လိုအပ္​သည္​မ်ားအား စတင္​ တြက္​ခ်က္​​ေလ​ေတာ့၏။ တြက္​ခ်က္​မႈက သိပ္​မၾကာခဲ့ရပါ​ေခ်။ ခဏမွ်ၾကာၿပီး​ေနာက္​တြင္​ သူက ခ်န္​းရႊီအား ႐ွင္​းျပလာသည္​။

“ကြၽန္​​ေတာ္​ တြက္​ၾကည္​့ၿပီးသြားၿပီ။ မစၥတာခ်န္​းအ​ေနနဲ႔ ဇာတ္​ကား ၁၅ ကား႐ိုက္​ရမွာပါ။ ဇာတ္​ကားဆိုလို႔ အ႐ွည္​ႀကီးမထင္​ပါနဲ႔ အဓိက sex ခန္​းတစ္​ခန္​းစာတည္​းပါပဲ။ အဲ့ဒီ​ေတာ့ တစ္​ရက္​ကို တစ္​ကားႏႈန္​းနဲ႔ တစ္​ရက္​​ေက်ာ္​ ႐ိုက္​ကူး​ေရးလုပ္​မွာဆို​ေတာ့ တစ္​လ​ေလာက္​ ၾကာျမင္​့ပါလိမ္​့မယ္​"

ခ်န္​းရႊီက ဝန္​ထမ္​းျဖစ္​သူ၏ ႐ွင္​းျပခ်က္​အား တိတ္​တဆိတ္​ နား​ေထာင္​လ်က္​။ ထို႔​ေနာက္​ သူက အတန္​ၾကာ ၿငိမ္​သက္​ၿပီးခါမွ ျပန္​လည္​ကာ စကားဆိုလာ​ေပ၏။

"အဲ့ဒီ​ေတာ့ တစ္​ကားကို တစ္​မီလီယမ္​​ေပါ့"

တာဝန္​႐ွိဝန္​ထမ္​းသည္​လည္​း ၎​ေငြပမာဏက မမ်ားပါမွန္​း သိ​ေလသည္​။ တစ္​မီလီယံဟူ​ေသာ ပမာဏမွာ အျခားကမာၻမ်ားအတြက္​ ႀကီးက်ယ္​ေကာင္​း ႀကီးက်ယ္​ႏိုင္​သည္​့တိုင္​ အင္​ပါယာကမာၻ၌မူ ​ေျပာပစရာ ဟုတ္​မ​ေနခဲ့။ ထို႔အျပင္​ သူတို႔၏႐ိုက္​ကူး​ေရး ကုမၸဏီက ၎နယ္​ပယ္​၌ တစ္​ခုတည္​း​ေသာ ထိပ္​တန္​းကုမၸဏီလည္​း ျဖစ္​​ေန​ေသး​ေလရာ ပထမဆံုး​ေသာ ​ဗီဒီယိုႏွင္​့ပင္​ 15 မီလီယမ္​ ပမာဏနီးပါး ​ေရာင္​းထြက္​လိမ္​့မည္​ပင္​။ သို႔​ေသာ္​ သူသည္​ ႐ွက္​ရြံ႔ျခင္​းမ႐ွိပါဘဲ ခ်န္​းရႊီအ​ေပၚ ​ေခါင္​းပံုျဖတ္​၍ လစာပမာဏ အနည္​းအက်ဥ္​းကိုသာ ​သတ္​မွတ္​ထားခဲ့​ေလ၏။

ထိုဝန္​ထမ္​းက တည္​ၿငိမ္​စြာ ျပံဳးျပလာရင္​း ဆိုသည္​။

"ဟုတ္​ပါတယ္​"

ခ်န္​းရႊီမွာ တဖန္​ျပန္​၍ တိတ္​ဆိတ္​သြားရျပန္​၏။ သူ၏ပုံစံမွာ ၎အ​ေၾကာင္​းႏွင္​့ ပတ္​သက္​၍ အ​ေသအခ်ာ ​ေတြး​ေတာ​ေနဟန္​ပင္​။ သူက ထိုကဲ့သို႔ ဘာမွ်မဆိုပါဘဲ ဆိတ္​ဆိတ္​​ေန​ေလ​ေလ တစ္​ဖက္​မွ တာဝန္​႐ွိဝန္​ထမ္​းမွာ ပို၍ ​ေခြၽးျပန္​လာရ​ေလ ျဖစ္​ရ​​ေတာ့သည္​။ မည္​သို႔ပင္​ဆို​ေစကာမူ ခ်န္​းရႊီသည္​ကား ႏွစ္​​ေယာက္​မ႐ွိႏိုင္​​ေသာ တစ္​​ေခတ္​တစ္​ခါက နာမည္​ႀကီးခဲ့ပါသည္​့ အထက္​တန္​းစားမ်ိဳးႏြယ္​ဝင္​တစ္​ဦး ျဖစ္​ခဲ့ရသည္​ မဟုတ္​ပါလား။ အကယ္​၍ ထိုလူကသာ မိမိ၏ ​ေငြ​ေပး​ေခ်မႈ ပံုစံအား စိတ္​တိုင္​းမက်ပါသျဖင္​့ ထြက္​သြားပါလွ်င္​ ကုမၸဏီအတြက္​ နစ္​နာရလိမ္​့​ေလမည္​။

ထို႔​ေၾကာင္​့ ​၎ဝန္​ထမ္​းသည္​ ႐ိုက္​ကူး​ေရးလုပ္​ရမည္​့ အႀကိမ္​အ​ေရအတြက္​အား ​ေလွ်ာ့​ေပါ့​ေပးရန္​ ​စဥ္​းစားမိလိုက္​​ေတာ့၏။ သို႔​ေသာ္​ သူက ၎အ​ေၾကာင္​းအား မဆိုရ​ေသးခင္​မွာပင္​ တစ္​ဖက္​မွ ခ်န္​းရႊီက ဦးစြာ စကားစလာခဲ့​​ေပသည္​။

"​ေကာင္​းပါၿပီ"

စာခ်ဳပ္​ခ်ဳပ္​ျခင္​း အမႈသည္​ကား ျမန္​ဆန္​လွသည္​ ျဖစ္​၍ တစ္​နာရီအတြင္​း အလံုးစံု ၿပီးဆံုးသြားခဲ့ကာ ၎​ေနာက္​ ခ်က္​ခ်င္​းပင္​ ခ်န္​းရႊီ၏အ​ေကာင္​့ထဲ၌လည္​း ​ေငြ ၁၅ မီလီယံတိတိက ​​ေရာက္​႐ွိလာခဲ့ရ​ေလၿပီ။

ပထမဆံုး​ေသာ ႐ိုက္​ကူး​ေရးသည္​ကား မနက္​ျဖန္​မနက္​ခင္​း စတင္​မည္​ျဖစ္​၏။ သို႔ႏွင္​့ စကား​ေျပာဆိုျခင္​းအမႈ ၿပီးဆံုးသြား​ေသာအခါ ခ်န္​းရႊီသည္​ ကုမၸဏီအျပင္​ဘက္​သို႔ လမ္​း​ေလွ်ာက္​ထြက္​လာခဲ့​ေတာ့သည္​။ ထို႔​ေနာက္​ သူသည္​ အျပင္​ဘက္​႐ွိ ခံုတန္​းလ်ားတစ္​ခုထက္​တြင္​ က်ပန္​းဝင္​ထိုင္​ကာ light screen အား ဖြင္​့လိုက္​၏။ အ​ေကာင္​့ထဲမွ ​ေငြပမာဏမ်ားအား တစ္​ခဏမွ် တိတ္​တဆိတ္​ ၾကည္​့႐ႈၿပီး​ေနာက္​ သူသည္​ ခ်န္​းက်င္​းထံသို႔ ထို​ေငြအားလံုးအား လႊဲ​ေပးလိုက္​​ေတာ့​ေလသည္​။

ထို႔​သို႔လႊဲ​ေပးၿပီး ခ်က္​ခ်င္​းပင္​ ခ်န္​းက်င္​းထံမွ ​ဗီဒီယို​ေကာလ္​ တစ္​ခုက ဝင္​​ေရာက္​လာခဲ့ရ၏။ screen ထက္​၌မူ ညီျဖစ္​သူ၏ မ်က္​ႏွာ​ေလးက အထင္​းသား။ ခ်န္​းက်င္​းသည္​ကား အခ်ိန္​တိုင္​းနီးပါး ခ်စ္​စဖြယ္​​ေကာင္​းကာ လွပ​​ေနဆဲ။ သူက အသက္​ႏွစ္​ဆယ္​​ေက်ာ္​​ေနၿပီ ျဖစ္​သည္​့တိုင္​ ခ်န္​းရႊီ၏မ်က္​လံုးထဲ၌မူ က​​ေလးသာသာပင္​ ႐ွိ​ေသး​ေလသည္​။

ခ်န္​းက်င္​းအား ​ေမြးဖြားခါစက ခ်န္​းရႊီမွာ အသက္​ ၁၅ ႏွစ္​ခန္​႔ ႐ွိ​ေနၿပီျဖစ္​၍ က်ိဳး​ေၾကာင္​းဆင္​ျခင္​တတ္​​ေသာ အရြယ္​ ​ေရာက္​​​ေနရၿပီပင္​။ မိခင္​ျဖစ္​သူက သူ႔အတြက္​ ညီငယ္​​ေလးတစ္​ဦး ​ေမြးဖြား​ေပး​ၿပီး​ေၾကာင္​း ၾကားၾကားခ်င္​းပင္​ သူသည္​ ​ေဆးရံုထံသို႔ အလ်င္​အျမန္​ ​ေရာက္​ခ်လာခဲ့မိ​ေလ၏။ ၎မွာ တစ္​ဖက္​က​ေလးငယ္​​ေလးက မ်က္​လံုးပြင္​့ခ်ိန္​အမီ အခ်ိန္​ကိုက္​ ျဖစ္​ရ​ျပန္​​ေသးသည္​။

​ထိုက​ေလး​ေလးမွာ ​ေသး​ေသး​ေကြး​ေကြး​ေလးႏွင္​့ ႏူးညံ့ကာ ခ်စ္​စဖြယ္​ အတိ!

ခ်န္​းရႊီ၏ႏွလံုးသားသည္​ က​ေလးငယ္​​ေလးအား ျမင္​လိုက္​ရသည္​ႏွင္​့ တစ္​ၿပိဳင္​နက္ ​ေပ်ာ္​ရႊင္​ဝမ္​းသာမႈတို႔ျဖင္​့ ျပည့္​လွ်ံသြားခဲ့ရ​ေပ၏။ ထိုအခ်ိန္​ကတည္​းကမွစ၍ သူသည္​ ညီျဖစ္​သူအား အလြန္​႔အလြန္​မွ ခ်စ္​ခင္​​ေပးကာ ဖူးဖူးမႈတ္​ အလိုလိုက္​ထားခဲ့မိျခင္​းပါပင္​။ မည္​သို႔ပင္​ဆို​ေစကာမူ ဖခင္ျ​ဖစ္​သူသည္​ကား အခ်ိန္​ျပည္​့နီးပါး အလုပ္​႐ႈပ္​​ေနရ၍ တစ္​ဖက္​မွ မိခင္​ျဖစ္​သူမွာလည္​း ခ်န္​းက်င္​း ငယ္​စဥ္​ကတည္​းကစ ဆံုးပါးသြားခဲ့ရသည္​ မဟုတ္​ပါလား။

ထို႔​ေၾကာင္​့ ခ်န္​းရႊီသည္​ သနားစဖြယ္​ ညီ​ေလးအား လိုခ်င္​သမွ် အကုန္​လိုက္​​ေလ်ာ​ေပး၍ ျပဳစုထားမိျခင္​း ျဖစ္​​သည္​။ သူ၏ဘဝသက္​တမ္​းတစ္​​ေလွ်ာက္​၌ မိမိကိုယ္​တိုင္​အတြက္​ကိုပင္​ ဤမွ်အထိ ဂ႐ုစိုက္​မႈမ႐ွိခဲ့။ ခ်န္​းရႊီ၏ အ​ေရး​ေပးမႈ ဂ႐ုစိုက္​မႈ အားလံုးသည္​ကား ခ်န္​းက်င္​းတစ္​ဦးတည္​းထံ၌သာ တည္​႐ွိခဲ့ရ​ေလ၏။

သို႔ျဖစ္​၍ ညီျဖစ္​သူ၏ အိမ္​​ေထာင္​​ေရးက မသာယာ​ေၾကာင္​း ၾကားရ​ေသာအခါ သူသည္​ လြန္​စြာမွ စိတ္​မ​ေကာင္​း ျဖစ္​ခဲ့မိျခင္​းပါပင္​။ ထို႔​ေၾကာင္​့ အစ္​ကိုတစ္​​ေယာက္​အ​ေနျဖင္​့ ညီျဖစ္သူ ​ႀကိဳက္​ႏွစ္​တတ္​ပါ​ေသာ အဖိုးတန္​ပစၥည္​းမ်ားအား ဝယ္​ယူ​ေပးျခင္​းျဖင္​့ျဖစ္​​ေစ ခ်န္​းက်င္​း၏​ေပ်ာ္​ရႊင္​မႈကို တစ္ဖက္​မွ ကူ႐ွာ​ေပးမည္​ဟု ဆံုးျဖတ္​ထားခဲ့မိသည္​့တိုင္​ ကံၾကမၼာက သူ႔အား မ်က္​ႏွာသာ​ေပးျခင္​းမ႐ွိခဲ့။

"ကိုႀကီး ပုတီး​ေစ့​ေတြ ​ေရာင္​းၿပီးၿပီလား"

"အင္​း"

ခ်န္​းက်င္း၏မ်က္​ဝန္​းမ်ားအတြင္​း၌ ႏွစ္​ၿခိဳက္​ရသည္​့ အဖိုးတန္​ပစၥည္​း​အား ဆံုး႐ွံုးရသျဖင္​့ ျဖစ္​တည္​လာရ​ေသာ ဝမ္​းနည္​းရိပ္​တို႔က တစ္​စြန္​းတစ္​စ။ သို႔သည္​့တိုင္​ သူသည္​ ၎ဝမ္​းနည္​းမႈမ်ားအား ဖံုးကြယ္​လိုက္​၍ မိမိမ်က္​ႏွာကို အတတ္​ႏိုင္​ဆံုး ျပံဳးျပထားလ်က္​။ ၎ပံုရိပ္​​ေၾကာင္​့ ခ်န္​းရႊီ၏ႏွလံုးသားမွာ တမဟုတ္​ခ်င္​း မနာက်င္​မိဘဲ မ​ေနႏိုင္​​ေတာ့ပါ​ေခ်။

ခ်န္​းက်င္​းက ျပံဳးလ်က္​ဆို၏။

"ကြၽန္​​ေတာ္​့ပစၥည္​း​ေတြကို ကူ​ေရာင္​း​ေပးလို႔ ​ေက်းဇူးပါပဲ ကိုႀကီး။ ဒီပမာဏနဲ႔ဆို အ​ေဖ့ခြဲစိတ္​ခအတြက္​ စိတ္​ပူစရာမလို​ေတာ့ဘူး။ ကြၽန္​​ေတာ္​ အခုပဲ ​ေဆးရံုကို ​ေငြလႊဲ​ေပးလိုက္​​ေတာ့မယ္​"

ခဏၾကာၿပီး​ေနာက္​ ခ်န္​းက်င္​းက ျပံဳးလ်က္​ႏွင္​့ပင္​ စကားဆက္​ဆိုျပန္​သည္​။

"ကိုႀကီး အရမ္​း အပင္​ပန္​းမခံနဲ႔​ေနာ္ သိလား။ ကြၽန​္​​ေတာ္​လည္​း အခု အလုပ္​ရ​ေနၿပီ။ အဲ့ဒါ​က အပတ္​တိုင္​းလည္​း လုပ္​အားခရ​ေတာ့ အ​ေဖ့ရဲ႕​ေဆးဖိုးကို ကြၽန္​​ေတာ္​လည္​း ကူၿပီး​ေပးႏိုင္​မွာပါ"

ခ်န္​းရႊီကမူ မိမိကိုယ္​ကို အျပစ္​တင္​သည္​့အ​ေနျဖင္​့ ​ေအာက္​ႏႈတ္​ခမ္​းလႊာအား တိတ္​တဆိတ္​ ကိုက္​ခဲလ်က္​။

"​ေတာင္​းပန္​ပါတယ္​"

ခ်န္​းက်င္​းမွာ တစ္​ခဏမွ် ​ေၾကာင္​သြားမိ​ေပ၏။ ထို႔​ေနာက္​ ခ်က္​ခ်င္​းပင္​ သူက နီျမန္​း​ေန​​ေသာ မ်က္​ဝန္​းတစ္​စံုျဖင္​့ ႏွာ႐ႈံ့လ်က္​ စကားဆို​လာသည္​။

"ကိုႀကီး.. ကြၽန္​​ေတာ္​့ကို အဲ့ဒီလိုမ်ိဳး မ​ေျပာပါနဲ႔။ ကိုႀကီးက ဒီလို​ေတာင္​းပန္​စကားမ်ိဳး ​ေျပာစရာ အ​ေၾကာင္​းမွမ႐ွိတာ။ ကိုႀကီးက အပင္​ပန္​းဆံုး​ေလ"

သို႔ႏွင္​့ ​အျခား​ေသာ အ​ေၾကာင္​းအရာမ်ား ​အတန္​ၾကာသည္​အထိ ​ေျပာဆိုၿပီး​ေနာက္​တြင္​ ညီအစ္​ကိုႏွစ္​​ေယာက္​၏ စကား​ေျပာျခင္​းအမႈမွာ ၿပီးဆံုးသြားရ​ေလ​ေတာ့၏။ ခ်န္​းရႊီကမူ ၎ခုံတန္​းထက္​၌ပင္​ အခ်ိန္​အၾကာႀကီး ဆက္လက္​​ထိုင္​​ေနမိဆဲ။ ထို႔​ေနာက္​ တျဖည္​းျဖည္​း ​ပတ္​ဝန္​းက်င္​က အ​ေမွာင္​ဖံုးလာ​ေသာအခါမွသာ သူသည္​ သူ၏ယာယီတိုက္​ခန္​း​ေလးထံသို႔ လမ္​း​ေလွ်ာက္​ျပန္​ခဲ့​​မိသည္​ပင္​။

​ေနာက္​​ေန႔မနက္​ခင္​းအ​ေစာ၌ ခ်န္​းရႊီသည္​ ခ်င္​း႐ွန္​ကုမၸဏီထံသို႔ တစ္​ဖန္​ျပန္​လည္​ ​ေရာက္​႐ွိလာခဲ့​၏။ မ​ေန႔က တာဝန္​႐ွိဝန္​ထမ္​းကလည္​း သူ႔အား ​ေစာင္​့ႀကိဳ​ေပး​ေန​ေလသည္​။ ထိုဝန္​ထမ္​းက ခ်န္​းရႊီကို ျမင္​​ေသာအခါ ျပံဳးျပကာ ႏႈတ္​ဆက္​၏။ ထို႔​ေနာက္​ သူက ႐ိုး႐ွင္​း​ေသာဇာတ္​ၫႊန္​းစာရြက္​တစ္​ရြက္​အား လႊဲ​ေျပာင္​း​ေပးအပ္​ရင္​း စကားဆို​သည္​။

"ပထမဆံုး​႐ိုက္​ကူး​ေရးအတြက္​ အားလံုး​ေတာ့ ျပင္​ၿပီးသြားပါၿပီ။ အမ်ိဳးအစားက ​ေဂးပြန္​းပါ"

ခ်န္​းရႊီမွာ တစ္​ဒဂၤမွ် တိတ္​ဆိတ္​သြားလ်က္​။

"ကြၽန္​​ေတာ္​က နံပါတ္​ 0 မလား"

"ဟုတ္​ပါတယ္​။ အရင္​က ဒီလိုနယ္​ပယ္​မွာ အ​ေတြ႔အၾကံဳ႐ွိခဲ့ဖူးလား"

အတိတ္​မွ ၾကံဳ​ေတြ႔ခဲ့ရဖူး​ေသာ အျဖစ္​အပ်က္​တခ်ိဳ႕က သူ႔စိတ္​အတြင္​းဝယ္​ ျဖတ္​​ေျပးသြားပံုမွာ လွ်ပ္​စီးတစ္​စပမာ။ သို႔​ေသာ္​ ခ်န္​းရႊီသည္​ မည္​သည္​့ထူးျခားမႈမွ မျပပါဘဲ တည္​ၿငိမ္​စြာျဖင္​့ပင္​ ​ေခါင္​းယမ္​းျပလာမိ​ေလ၏။

"မ႐ွိပါဘူး"

၎အ​ေျဖအား ၾကားရ​ေသာအခါ တစ္​ဖက္​မွ ဝန္​ထမ္​းျဖစ္​သူ၏မ်က္​ဝန္​း​ေထာင္​့စြန္​းမ်ားမွာ အျပံဳးတစ္​ပြင္​့ႏွင္​့အတူ က်ဥ္​း​ေျမာင္​းသြားရ​ေတာ့သည္။

"မ႐ွိ​ေလာက္​ဘူးလို႔ ကြၽန္​​ေတာ္​ထင္​သားပဲ။ အဲ့ဒါ​ေကာင္​းတယ္​​ဗ်"

သူသည္​ ​ေပ်ာ္​ရႊင္​ဝမ္​းသာစြာျဖင္​့ ကုမၸဏီအတြင္​းဘက္​သို႔ ​ေလွ်ာက္​လွမ္​းသြားကာ ဘာသာ​ေရရြတ္​လာျပန္​၏။

"တစ္​​ေခတ္​တစ္​ခါက အခ်မ္​းသာဆံုးသူ​ေဌးႀကီးရဲ႕ သားျဖစ္​သူက သူ႔ရဲ႕ပထမဆံုးအႀကိမ္​ကို ဒီ​ေနရာမွာ လာအသံုးျပဳတာ..အရမ္​းမိုက္​တဲ့ သတင္​းပဲ။ ​ေပါက္​မွာ​ေသခ်ာတယ္​"

၎ဝန္​ထမ္​း၏ အသံက ညင္​သာျခင္​း႐ွိမ​ေနသည္​့အတြက္​ ခ်န္​းရႊီမွာ စကားလံုးတိုင္​းအား ျပတ္​ျပတ္​သားသား ၾကားလိုက္​ရ​သည္​ပင္​။ ဇာတ္​ၫႊန္​းစာရြက္​အား တင္​းၾကပ္​စြာ ဆုပ္​ကိုင္​လ်က္​ တစ္​ခဏမွ် တိတ္​တဆိတ္​ ရပ္​​ေနမိသည္​မွာ ​ေက်ာက္​ဆူးခ်ထားသည္​့ သ​ေဘာၤပမာ။ ၎​ေနာက္​တြင္​မူ ခ်န္​းရႊီ၏ႏႈတ္​ခမ္​း​ေထာင္​့စြန္​း တစ္​​ေနရာ၌ ​ေလွာင္​ျပံဳးတစ္​ခုက တျဖည္​းျဖည္​း ျဖစ္​တည္​လာရ​ေလ​ေတာ့၏။

TN: စကားမစပ္​ ဒါက orange blossom ပါတီပြဲတုန္​းက ယူရိခါနဲ႔ခ်န္​းက်င္​းရဲ႕ ဆင္​တူ maid ဝတ္​စံု​ေလး​ေတြ။

အဲ့ဒီ​ေနရာျပန္​တုန္​းက ယူရိခါက ဘာလို႔မ်ား ဒီလိုဝတ္​ထားရတာလဲလို႔ ကိုယ္​့မွာတကယ္​ကို စဥ္​းစားမရခဲ့..

သူက တည္​​ေထာင္​သူမ်ိဳးႏြယ္ဝင္​ပဲကို ဒီလိုဝတ္​စံုမ်ိဳး ဘာလို႔ဝတ္​ရတာလဲလို႔..
တကယ္​လို႔ မုန္​႔စားခ်င္​တယ္ ​ဆိုရင္​​ေတာင္​ ဧည္​့သည္​အ​ေနနဲ႔ ထိုင္​စားလည္​း ရတာပဲ​ကို။ ဒီလိုမုန္​႔ခ်​ေပးတဲ့ လူအျဖစ္​ ​ေနစရာမွမလိုတာပဲလို႔..

google translation ကမ်ား လြဲ​ေနတာလားဆိုၿပီး စိတ္​ပူ​ေနခဲ့ရတာ။ အခု manhua ​ေတြ႔​ေတာ့မွ တကယ္​ ရယ္​ရခက္​ ငိုရခက္​ ျဖစ္​ရျပန္​​ေရာ (╥﹏╥)

Continue Reading

You'll Also Like

1.5M 193K 158
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
75.3K 11.7K 53
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
3.1M 236K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023