နေခြည်ထွေး၍ နွေးပါစေ(COMPLETE...

By Kattamkaung

874K 85.5K 4.8K

အချစ်ရဲ့ Timing , လူတွေရဲ့ ခံယူချက် အမျိုးမျိုးနဲ့ တိုးတက်မှုနှောင့်နှေးနေတဲ့ ဒေသတွေဆီ တစ်ခေါက်လောက် သွားကြည့... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter -30
Chapter-31
Chapter -32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter- 39
Chapter-40
Chapter-41
Chapter-42
Chapter - 43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter-2

22.5K 2.1K 47
By Kattamkaung

Unicode

ရုန်းထွက်မရခြင်းများ ၂

ခရီးပန်းပန်းနှင့် အိပ်ပျော်သွားတာ နောက်တစ်ရက်နေ့တစ်ဝက်ကျိုးမှပဲ သျှမ်းအိပ်ရာနိုးတော့သည်။ မနေ့ကပဲ ရွာတစ်ရွာက
ထန်းရွက်မိုးတဲထဲမှာအိပ်ရာနိုးလာပြီး ဒီနေ့တော့ အဲယားကွန်းခန်းထဲမှာအိပ်ရာထရတာမို့ နိုးနိုးချင်း ကြောင်တောင်တောင်။အိမ်နှင့်ဝေးနေတာ ကြာခဲ့ပြီမို့ စိတ်နဲ့ကိုယ်လွတ်ကာ မျက်နှာကျက်ကိုငေးရင်းငေါင်နေရသည်။

ဆယ်ငါးမိနစ်လောက်နေမှ အသိဝင်ပြီး
အိပ်ရာကထရသည်။ တစွန်းတစ
ကိုယ်ပေါ်ရောက်နေတဲ့ စောင်ကိုခေါက်ပြီး
အဲယားကွန်းကို အရင်ပိတ်လိုက်သည်။
ချစ်နိုင်းအောင်က အပူချိန်ညှိပေးသွားပုံပင်။
အခန်းတွင်းဟာ မပူလွန်းမအေးလွန်းဖြစ်နေသည်။ သျှမ်းက ကုတင်ခေါင်းရင်းထိတိုးထိုင်ရင်း ခဲပုတ်ရောင်လိုက်ကာကြီးကိုဆွဲခွာတော့ နှစ်ဖက်ဖွင့်တံခါးနီးပါးလောက်ကျယ်သည့်မှန်ချပ်ကြီးက ဘွားခနဲပေါ်လာသည်။

မှန်၏တစ်ဖက်တွင် အင်တုံကြီးများရှိနေပြီး
စိမ်းစိုနေသောကြာရွက်ကြီးများက အပြည့်
နေရာယူလို့ထားသည်။ ဖူးပွင့်နေသည့် ကြာပွင့်ကြာငုံများကို ကြည့်ရင်း မျက်စိအေးလာရ၏။ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်နှင့် ညို့နေသောကြာပွင့်ကြီးတွေက သူ့ရှေ့အိမ်မှာ ကျက်သရေရှိလို့နေပြီး စိမ်းဖန့်နေသောကြာခွက်များကလည်း အစေ့အဆံတင်းကားလို့နေသည်။အဖြူရောင်နှင့် ရွှေရောင်စပ်ထားသည့်ငါးကလေးများဟာ ကြာရွက်တွေအောက်မှ ခေါင်းလေးတွေစီခနဲပေါ်လာတတ်ကြ‌၏။

အိမ်အပြင်မှာ အပူချိန် နည်းပုံမရ။လင်းထိန်ပြီး အတော်ပူနေခဲ့ပြီ။ခပ်လှမ်းလှမ်းက သပြေခြံဆီလှမ်းကြည့်လိုက်မိတော့ သပြေညွန့်နုတွေမရှိတော့။ပန်းဒိုင်တွေ စောစောညှပ်သွားပုံရသည်။ အိမ်ရှင်က အိမ်သိပ်မမြဲတာကြောင့် ခြံထဲကကိစ္စတွေသိပ်မသိ။ ဖွားဖွားရဲ့ လက်လုပ်လက်ရင်းဖြစ်တာကြောင့်သာ သျှမ်းထိန်းသိမ်းထားခဲ့တာဖြစ်သည်။

သျှမ်းက ဂွတီးဂွကျနိုင်လွန်းသည်ဟု အိမ်ကအမြဲပြောသည်။ လုပ်ချင်ရာလုပ်ပြီး လူကြီးတွေနှင့် အကြောသိပ်မတည့်တာကြောင့်အရောနှောသိပ်လည်းမရှိလှ။ အထူးသဖြင့် ဟိတ်ကြီးဟန်ကြီးတဲ့အပေါ်ယံတွေကို သျှမ်းက နည်းနည်းမှကြည့်မရပါချေ။ ဒါကြောင့်လဲ မလိုအပ်ပဲချိုသာမနေရသည့် နေရာတွေမှာသာနေချင်ခဲ့သည်။ နေဖြစ်အောင်လဲ သျှမ်းကြိုးစားခဲ့သည်။

လူတွေဟာ အသက်ရှင်ဖို့အရေး အင်မတန်
ကိန်းကြီးခမ်းကြီးနိုင်လွန်းသည်ဟု သျှမ်းထင်သည်။ အချင်းချင်း ငါ့မှာဘာရှိတယ်ဆိုတဲ့ ရုပ်ဝတ္ထုတွေကို အပြိုင်ဆိုင်ပြနေကြပြီး
တကယ်မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ချင်းစာ တရားကိုတော့ နောက်ပို့ထားတတ်ကြသည်။
စိတ်ထဲကမပါပဲနှင့် ချီးမွမ်းပြောဆိုတတ်ပြီး
အဲ့ဒီလူတွေကပဲ နောက်ကွယ်မှာနှာခေါင်းရှုံကြပြန်သည်။

ချိုမြိန်မှုတွေဟာ လှည့်စားတဲ့နေရာမှာအသုံးချဖို့ဖြစ်လာပြီး သူများကိုနင်းချမှ
အပေါ်တက်ရတာကို အရသာလို့ထင်လာကြသည်။ ငွေကြေးသုံးစွဲမှုတွေက ဘဝရဲ့ အနှစ်သာရဖြစ်လာကာ စိတ်ရင်းနဲ့စေတနာဟာ အပိုသီးသန့်သာဖြစ်သွားကြသည်။
သျှမ်းက လူ့ဂွစာမဟုတ်ပေမဲ့ တော်ရုံ
လူတွေနှင့်မပက်သက်ချင်။ ဝါဒကြီးသူ၊
ဂုဏ်ပုဒ်ကြီးသူတွေကို ပိုပြီးဝေးဝေးရှောင်ချင်သည်။ သူတို့ရဲ့ မပြီးဆုံးနိုင်တဲ့ ဘုန်းတော်ကြူးမှုတွေကို ထိုင်နားထောင်ပြီးခေါင်းငြိမ့်မနေချင်။

အဲ့ဒီလူတွေအထဲမှာ သျှမ်းနဲ့ဘုဘောက်အကျဆုံးကတော့ သျှမ်းရဲ့မွေးသဖခင်ကြီး
ဦးဇေယျာပိုင်ပါပဲ။ ဘယ်လိုများ သားအဖ ဖြစ်လာသလဲတွေးရသည်အထိ သျှမ်းတို့သားအဖကကီးမကိုက်။ သျှမ်းအဖေက ဂုဏ်မောက်သည်။ငွေကြေးကြွယ်ဝတာကို
ကုသိုလ်ထူးတစ်ခုလို တွေးပြီးမော်ကြွားလို့
မပြီး။ အဆိုးဆုံးက မိမွေဖမွေကိုတန်ဖိုးမထားပဲ ငါသာလူတတ်ကြီးလုပ်တတ်တာဖြစ်သည်။

သျှမ်းငယ်ငယ်ကတည်းက ဖေဖေခေါ်တဲ့
လူချမ်းသာစကားဝိုင်းတွေဆီ ပါသွားဖူးသည်။ ဘယ်လိုရင်းနှီးမြှုပ်နှံမယ်၊
ဘာတွေ ချိတ်ဆက်မယ်ဆို‌တာတွေချည်း
တိုင်ပင်တတ်ကြတဲ့ စကားဝိုင်းတွေပေါ့။
တချို့တကယ်ကြွယ်ဝတာလဲရှိသလို၊ တချို့
ကိုယ့်အခြေအနေထက်ပိုပြီး ချပြချင်နေကြတာလဲရှိသည်။ တစ်ခါ လူတစ်ယောက်လျော့သွားတိုင်း ကျန်သူတွေက သူ့ရဲ့အတင်းဖျင်းကို ထမင်းစားရေသောက်ပြောတတ်ကြ၏။

ကိုယ့်အလုပ်ကိုယ် တိုးတက်အောင်လုပ်မဲ့အစား သူများဆင်းရဲတာကို အချိန်ယူပြောဖို့ အင်အားပြည့်နေတတ်ကြသူတွေကို သျှမ်း
နည်းနည်းမှ နားမလည်ခဲ့။ ထိုလူတွေရဲ့ မျက်နှာတွေကိုကြည့်ရတာနဲ့တင် လေးလံပင်ပန်းရသည်။ တဖြေးဖြေး သျှမ်းက စာကို အကြောင်းပြချက်ပေးကာ ဖေဖေနဲ့ခွဲထွက်ဖို့ ကြိုးစားခဲ့သည်။ ဖေဖေပြောတဲ့ ဘဝတိုးတက်ရေးလမ်းကြောင်းဟာ အဲ့ဒီစကားဝိုင်းတွေမှာမရှိတာကို နားလည်ခဲ့သည်။

သျှမ်းနဲ့ဖေဖေ့ကြားက သဘောထားကွဲလွဲမှုကတစတစကြီးလာပြီး ဖေဖေ့ရဲ့အထင်သေးတဲ့ ရိုက်ပုတ်မှုတွေက သျှမ်းကိုပိုပြီးသေချာစေခဲ့သည်။ ဒီလို အရည်မရ အဖတ်မရတွေ ဘယ်တော့မှ မလုပ်ဖူးဆိုတာကိုပေါ့။ ဖွားဖွားမဆုံးခင်အထိ ဖွားဖွားအနားမှာ းနေဖို့သာကြိုးစားခဲ့သည်။ ဖွားဖွားက ဖေဖေ့စကားသာ အဟုတ်ထင်တဲ့ မေမေနဲ့မတူသလို မိဘစကားမြေဝယ်မကျနားထောင်မည်ဆိုသည့် မမထက်စာရင် အများကြီးသက်တောင့်သက်သာရှိလွန်း၏။

တစ်ဦးတည်းသောသားဖေဖေက သူများတွေနှင့်သာ အချိန်ကုန်နေပေမဲ့ မိခင်မုဆိုးမကြီးကိုတော့ ခေါင်းထဲထည့်ပုံမပေါ်။
ဝတ်ကျေတန်းကျေဆက်ဆံရုံနှင့် တာဝန်ကျေပြီ ထင်ခဲ့ပုံရသည်။ ရိုးရှင်းပြီး သဘာဝကျကျ မြင်တတ်သည့်ဖွားဖွားက ဖေဖေ့အတွက် တိုးတက်ရာလမ်းမရှိသည့် အမျိုးသမီးကြီးတစ်ယောက်ထက်မပိုခဲ့ရှာ။

ဖွားဖွားပိုင်တဲ့ခြံကျယ်ကြီးကိုရောင်းလို့ သူ့လုပ်ငန်းထဲအရင်းနှီးထည့်ချင်တဲ့ ဖေဖေ့အစီစဉ်ဟာမအောင်မြင်ခဲ့။ သျှမ်းကိုယ်တိုင် အကြီးကျယ်ကန့်ကွက်ခဲ့သည်။ ဒီအတွက်နှင့် သျှမ်းတို့သားအဖကြား ပိုပြီးအခြေနေတင်းမာလာခဲ့သည်အထိပင်။ မေမေကတော့
ယောက္ခမဖြစ်သူ အရွယ်ကြီးမှစိတ်မထိခိုက်အောင် သူတို့ကြားထဲတိုးတိုးဝင်ဖြေရှင်းခဲ့ရှာပါရဲ့။

သျှမ်း ဆေးကျောင်းဒုတိယနှစ်မှာ ဖွားဖွားဆုံးပြီး ဘဝရဲ့အရင်းနှီးဆုံးလူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရသည်။ တစ်ပါတ်လောက် လဲသည်အထိ စိတ်ထိခိုက်ခဲ့ရတဲ့သျှမ်းက
ဖွားဖွားခြံကိုရောင်းဖို့စီစဉ်နေပါသည်ဆိုသည့် အသံကြားတာနှင့် ချက်ချင်းအိပ်ရာထဲကထပြီး ပြဿနာရှာဝောာ့သည်။

ငွေပုံကြီးထဲမှာပဲ ဘဝဆုံးချင်နေသလားဆိုတဲ့
အမေးကြောင့် ဆွဲထိုးခံခဲ့ရသည်အထိပင်။ နောက်ဆုံး မစားမသောက်ဆန္ဒပြကာမှ
ဖေဖေက တောက်တခေါက်ခေါက်နှင့် လက်လျော့သွားတာဖြစ်သည်။ သားသမီးကိုတော့ ဘယ်မိဘမှမနိုင်။ ဖေဖေဟာ ဖွားဖွားရဲ့
ဒီလိုစိတ်ရင်းကိုလဲ သိခဲ့ဖို့ကောင်းပါသည်။

အဲ့ဒီအချိန်ကတည်းက သျှမ်းဟာ ဖွားဖွားခြံကို လုပ်ငန်းမပျက်လည်ပတ်စေခဲ့သည်။
ဖွားဖွားအိမ်အဟောင်းလေးကိုမပြင်ခင်
နဂိုရှိပြီးသား ခြံထဲကဝန်ထမ်းတွေကို အလုပ်တွေဆက်စေခဲ့သည်။ ဘဲခြံလည်းဘဲခြံအလျောက် ၊ ပျိုးခြံလည်းပျိုးခြံအလျောက် ဆက်လည်ပတ်နိုင်ခဲ့၏။ကံကောင်းစွာပဲ အလုပ်သမားတွေက သျှမ်းတို့ရဲ့ဆွေမကင်း မျိုးမကင်းတွေမို့ ခေါင်းခဲစရာမလိုခင် အဆင်ပြေသွားခဲ့တာဖြစ်မည်။

ကျောင်းပြီးတော့လဲ တော်တော်နှင့်ဘယ်မှာမှအလုပ်မဝင်။ အလုပ်သင်ဆရာဝန်ဘဝပြီးသွားတာနှင့် ခြံထဲမှာပဲ ဝေ့လည်ဝေ့လည်အချိန်ကုန်နေခဲ့သေးသည်။ ဆရာဝန်တွေ ပေါလွန်းနေတဲ့မြို့ကြီးမှာ ဆေးရုံကောင်းဝင်ဖို့ လွယ်လှသည်တော့မဟုတ်။ နောက်ခံသာမကောင်းရင် ဘာဘွဲ့ရရပင်ပန်းကြတာချည်းမို့လား။

သျှမ်းကတော့ ဟိုမခံချင် သည်မခံချင်စိတ်ကြောင့် အလုပ်မဝင်ဖြစ်တာဆိုရမည်။
နောက်ပိုင်း ဆရာဦးနှင့်ဆုံမှ အကိုက်ဆုံး
လုပ်ငန်းကိုတွေ့ရတော့သည်။ကြီးမြတ်နေတာမဟုတ်ပေမဲ့လည်း ‌လူ့အရင်းမြစ်ပုံနေသည့်နေရာမှာ ထိုင်စောင့်နေရတာထက်စာရင် လိုတဲ့ဆီပြေးသွားကူရတာ သျှမ်းအတွက်
အကိုက်ဆုံး လုပ်ငန်းဖြစ်လာခဲ့သည်။
အိမ်မကပ်ချင်တဲ့ ဝါသနာကိုလည်း အထောက်အပံ့ဖြစ်သွားခဲ့သည်ဆိုပါတော့။

ဖေဖေကတော့ တက်လမ်းမရှိသည့်အပေအတေဟု ပြောတတ်သည်။ရည်မှန်းချက်မရှိတဲ့၊ တာဝန်မကျေတဲ့ သားမိုက်ပေါ့လေ။ ဖေဖေ့အရိပ်မှာနေပြီး ခေါင်းလေးငုံ့၊သွားလေးဖြီးပြနေရတာထက်တော့ ဘဝကအများကြီး ပျော်စရာကောင်းပါသေးသည်။လူငယ်တွေဆုံပြီး လူငယ်အတွေးတွေ ပေါ့ပေါ့ပါးပါးပြောပြနိုင်ကြတာထက် ပိုကောင်းတဲ့ဘဝက ဘယ်မှာများရှိအုန်းမလဲ။ သျှမ်းရဲ့ ရည်မှန်းချက်က ကိုယ့်ရှင်သန်မှုကိုယ်တာဝန်ယူပြီး စိတ်ချမ်းသာဖို့သာဖြစ်သည်။

......................................................

နိုးလာတာနှင့် လန်းသွားအောင်ရေမိုးချိုးပြီး
အဝတ်စားလဲလိုက်၏။ မနက်စာ ထမစားထားတာကြောင့် သျှမ်းဗိုက်ကဆန္ဒပြနေပြီမို့
ဗိုက်ကိုလက်နဲ့ပွတ်ရင်း မီးဖိုချောင်ထဲအရင်ဝင်လာလိုက်သည်။ လူမရှိတာကြာတော့ ဘာရှိမှန်းတောင်မသိတော့။ ဘာမှ မရှိရင်တော့ နန်းရှေ့သွားပြီးတစ်ခုခုစားရမည်။
ဒါမှမဟုတ် ပုသိမ်ကြီးဘက်တက်သွားရင်လည်းဖြစ်သည်။

ထင်ထားတာနှင့်မတူစွာပဲ စားပွဲထက်မှာအုပ်ဆောင်းလေးကအသင့်။သတိမထားမိခင်မှာပဲသျှမ်းပြုံးလိုက်မိ၏။ အမွေးမျှင်ရိတ်ထားတာမကြာသေးသည့် နှုတ်ခမ်းတစ်ဝိုက်ဟာကော့တက်သွားခဲ့သည်။ သူအပိုတွေတွေးနေမိတာပဲ။ တကယ်ဆို အိမ်မှာဘာမှမရှိလို့ငတ်တာမျိုး ဘယ်တုန်းကမှကြုံဖူးတာမဟုတ်။ ချစ်နိုင်းအောင်ရဲ့ ဓာတ်တွေကူးပြီးအပိုအတွေးတွေတတ်နေပါပြီ။

ထိုင်ခုံကိုဆွဲထိုင်ရင်း အပြာရောင် အုပ်ဆောင်းကိုလှန်လိုက်သည်နှင့်
စားချင်စရာမုန့်ဟင်းခါးက သျှမ်းကိုကြိုသည်။ ဘူးသီးကြော်ဖတ်များက
မုန့်ဟင်းရည်ထဲနစ်ဝင်နေကာ အိုးဘဲဥနှစ်လုံးကလည်းအထင်ရှား။ဘေးမှာ ပန်းကန်အသေးနှင့်ထည့်ထားသည့် နံနံပင်နှင့် ပဲသီးစိတ်တွေကိုအကုန်လောင်းထည့်ပြီး ဇွန်းနှင့်မွှေချလိုက်သည်။ ငှက်ပျောအူနှင့်ကြက်သွန်လုံးများဟာ ဟင်းရည်ထဲမှာ ပေါ်လာလိုက်မြုပ်သွားလိုက်နှင့်။

အေးနေပေမဲ့ ဗိုက်ဆာနေတာကြောင့်
မုန့်ဟင်းခါးကအရသာမပျက်။ မြိန်ရည်ရှက်ရည်စားနေရင်း ချစ်နိုင်းအောင်ကိုသတိရမိ၏။ ဘယ်အချိန် သူ့ကိုပြန်လာနှိပ်စက်မည်မသိ။ လောလောဆယ်တော့ နိုးလာကတည်းက အရိပ်ပင်မတွေ့ရသေးပေ။
မနေ့ကတည်းက ရှုပ်ပွနေတဲ့ဧည့်ခန်းဟာ
ရှင်းလင်းနေပြီး မီးဖိုချောင်ကလည်း စိုစိုပြေပြေဖြစ်နေတာကြောင့် ငရှုပ်တစ်ကောင်
သူမျက်နှာသာပေးအောင် လုပ်သွားတာသိလိုက်ရပြီ။

ခုံပေါ်လက်ထောက်နေရင်း တံတောင်အောက်က ခိုးလို့ခုလုအထိတွေ့ကြောင့် ဖယ်ကြည့်တော့ မိုးပြာရောင်stick noteလေးဟာ မှန်စားပွဲထက်မှာကပ်လျက်သား။ နှာခေါင်းတစ်ချက်ရှုံ့ရင်း စာရွက်ကိုဆွဲခွာလိုက်သည်။

"အပိုတွေ လုပ်ပြန်ပြီ"
အပြောကသာပိုနေပေမဲ့ မဖတ်ပဲလဲမနေနိုင်။ ခပ်စောင်းစောင်း လက်ရေးတွေကို
အဆုံးထိ သျှမ်းသေချာဖတ်လိုက်သည်။
စာသုံးကြောင်းရဲ့အဆုံးမှာ အသည်းပုံလေး
ဆွဲထားသေးတာကြောင့် ထပ်ပြီးနှာခေါင်းရှုံ့လိုက်မိ၏။

'ကိုကို စားဖို့ မုန့်ဟင်းခါးဝယ်ခဲ့ပါတယ်
အိမ်ရှေ့သော့ကိုခတ်ပြီး ပြတင်းပေါက်ကနေ ပစ်ထည့်ခဲ့တာမို့ နောက်ဖေးပေါက်ကအရင်ထွက်ပါ
ပစ္စည်းတွေယူပြီးမှ အိမ်ပြန်လာခဲ့ပါ့မယ်
-ကိုကို့ ချစ်နိုင်း'

"ပေါက်ကရတွေ "

ခေါင်းကိုခါယမ်းလျက် စားပွဲခုံအောက်ကို
လက်လျှိုကာ စာရွက်ကိုပြန်ကပ်လိုက်သည်။ ပြီးမှ မုန့်ဟင်းခါးကို ဇိမ်ပြေနပြေဆက်စားဖြစ်၏။ အခုမှနိုးလာပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်ရှိမနေ။ စားပြီးမှ ဇာတ်ကားတစ်ခုခုကြည့်ရင်း အနားယူဖို့သာ သျှမ်းစဉ်းစားထားလိုက်သည်။

" ဘယ်ဆိုင်ကလဲမသိဘူး။ စားလို့တော့ ကောင်းသား"

သျှမ်းရဲ့ဒူးတွေက စားပွဲအောက်မှာတလှုပ်လှုပ်နှင့်။ သူကပ်ထားတဲ့ ရောင်စုံ
စာရွက်တွေကလည်း စားပွဲအောက်မှာအနှံ့ကျဲလို့ကပ်နေခဲ့သည်။ဘယ်တော့မှ ချစ်နိုင်းအောင်ရဲ့စာတွေကို လွှင့်ပစ်ခဲ့တာမျိုး မရှိပါလေ..။

ဇာတ်ကားကြည့်ဖို့ရွေးနေရင်းမှ အိမ်ကိုဖုန်းဆက်ဖို့သတိရသည်။ မေမေ့ဆီ မနေ့နေ့လည်လောက်ကဆက်ထားခဲ့ပေမဲ့ အဆင်ပြေကြောင်းသေချာမပြောရသေး။
တကယ်ဆို တစ်မြို့ထဲနေနေကြပေမဲ့
သျှမ်းက အိမ်ကိုခြေဦးလှည့်တာသိပ်မရှိ။
သူ့ဟာသူ ခြံထဲကအိမ်မှာပဲ အေးဆေးနေတာများသည်။ မေမေနဲ မမကတော့ တခါတလေ လာတတ်ပေမဲ့ မွေးသဖခင်မကြည်တာမို့
သျှမ်းသွားတွေ့ရတဲ့ အကြိမ်ကသာများပါသည်။

"ဟယ်လို...သားသား။ သေချာနားပြီးပြီလား။
ရေရောချိုးထားရဲ့လား"

ဖုန်းဆက်လိုက်တာနှင့် ဆက်တိုက်မေးလာတဲ့
မေမေကြောင့် သျှမ်းရယ်လိုက်မိသည်။

"နားပြီးလို့ဆက်တာ မားသားရဲ့"

"ဒီရောက်မှတော့ မေမေတို့ကစိတ်မချစရာမရှိပါဘူး။ ချစ်နိုင်းလေးရော ရှိလားသားသား"

ချစ်နိုင်းအောင် နာမည်ပါလာတော့ သျှမ်းမျက်နှာက ဆူပုတ်သွားသည်။ မေမေ့ဆီ ဟိုအရှုပ်ဖုန်းဆက်ထားပုံပင်။ ချစ်နိုင်းအောင်တို့က သျှမ်းကိုတော့ တကယ့်အချဉ်မှအချဉ်။
အိမ်ကိုပါ ချုပ်ထားတဲ့ အဲ့ကလေးလိုလိုဟာလေးလက်ထဲမှာ သျှမ်းက လက်ခုပ်ထဲကရေအလား။

"မရှိဘူး လျှောက်သွားနေတယ်"

သျှမ်း မကျေမနပ်ပြောတော့ တစ်ဖက်က ရယ်သံများထွက်လို့လာသည်။ ကြည့်ရတာ မမလဲရှိနေပုံရ၏။

"သားသား ဒီရက်ပိုင်းအိမ်လာအုန်းလေ။
သားဖေဖေ သွေးတက်နေတာ ခုတလော"

"ဘယ်သူက ဘာမွှေနေလို့လဲ"

"သားသားကတော့နော်။ မေမေ အကောင်းပြောနေတာ။ သားဖေဖေက ခုတလော သွေးတိုးဖြစ်ချင်နေတာ ထင်ပါရဲ့ကွယ်။
လူကြည့်ရတာလည်း ပင်ပန်းနေသလားလို့"

"ကိုရှိုင်းကရော ဘာပြောလဲ"

"ကိုရှိုင်းကတော့ ဆေးသောက်ဆေးထိုး လိုတာအကုန်လုပ်ပေးပါတယ်။ လောလောဆယ် ဆရာဝန်အနေနဲ့ထက်
သားဖေဖေကို အလွမ်းပြေလာတွေ့ဖို့
ပြောတာပါ"

ကိုင်ထားလက်စ တီဗွီ ရီမုဒ်ကို ဟိုဟိုဒီဒီပွတ်ရင်း သျှမ်းငြိမ်နေလိုက်သည်။ ကိုရှိုင်းက
မမရဲ့အမျိုးသား၊ဆရာဝန်ဖြစ်ပြီး ဆေးရုံကြီးတွေမှာထိုင်ရတာမို့ ဖေဖေ့ကျန်းမာရေးကို အရမ်းစိုးရိမ်စရာမရှိ။ ဒါပေမဲ့ မေမေပြောတာကလဲ မှန်ပါသည်။ သျှမ်းဖာသာသျှမ်း ဘယ်လိုပဲနေနေ မိဘဟာမိဘပဲမို့
စိတ်တိုင်းမကျဘူးဆိုတာနှင့် ပစ်ထားလို့မရ။
ကျန်းမာရေး မကောင်းတဲ့အချိန်ဆို ပိုဆိုးသေးသည်။ ဒုတိယ ဦးဇေယျာပိုင်လဲ သျှမ်းလုံးဝမဖြစ်ချင်။

"သဘက်ခါလောက် သားလာခဲ့မယ်"

"တကယ်နော်.. ဒါဆို သားသားကြိုက်တဲ့
အမဲသားစတူး မေမေချက်ထားမယ်"
မေမေ့အသံက ပျော်ရွှင်မှုအပြည့်။ စိတ်လှုပ်ရှားနေတာကိုတောင် သျှမ်းခံစားလို့ရသည်။ သားပြန်လာမယ်ဆိုလို့ ပျော်နေရှာတာများ။ သျှမ်းမှာ စိတ်မကောင်းဖြစ်ရသလို သနားလည်းသနားနေရသည်။

"သျှမ်းပိုင် ပြန်လာရင် ချစ်နိုင်းလေးရော
ခေါ်ခဲ့အုန်းနော်။ ဒီမှာ မီးမီးပေါက်စက
ကိုကိုချစ်နိုင်းကိုလွမ်းလို့တဲ့"

"ကိုကိုချစ်နိုင်း!!"

မမအသံနှင့်အတူ သူ့သမီး ပေါက်စအသံပါ
နားထဲစူးနေအောင်ဝင်လာတာကြောင့်
ဖုန်းကို နားနဲ့ခပ်ဝေးဝေးထိခွာလိုက်ရသည်။
လူကဖြင့် အခုမှလေးတန်းရှိသေးတာကို
ကိုကိုချစ်နိုင်း ကိုကိုချစ်နိုင်းနဲ့ သူ့မှာအကဲပိုလို့မပြီး။ သျှမ်းရဲ့မျက်နှာက မဲတက်ချင်သွားသည်။

"ဘာ ကိုကိုချစ်နိုင်းလဲ။ မီးမီး ဦးလေးအရွယ်နော်"

ဟွန့်ခနဲ အသံနှင့်အတူ မီးမီးမပြေးနဲ့လဲမယ်ဆိုသော အော်သံတို့ဆူညံသွားသည်။
သူ့တူမလို့မပြောရဘူး သူ့လိုပဲအကြောတင်းတဲ့ကလေးမလေး။

"သားသားလာရင် ချစ်နိုင်းကိုပါခေါ်ခဲ့နော်။
မေမေ အမဲစတူးကို နှစ်ဆချက်ထားလိုက်မယ်"

"ဒါပဲ မေမေတို့က‌။ သားကိုဦးစားပေးမဟုတ်ဖူး"

တဖက်မှ ရယ်သံများထွက်လာသည်။
မကျေမနပ်ပြောနေပေမဲ့ သျှမ်းမျက်နှာက
တဖြေးဖြေးပြုံးလာခဲ့၏။
ချစ်နိုင်းအောင်က သူ့အိမ်နဲ့အဆင်ပြေတာများ သျှမ်းအဖေဦးဂွစာတောင် သားလေး သားလေးဖြစ်ရသည့်အထိပင်။

အိမ်ကိုဖုန်းဆက်ပြီး ဇာတ်ကားကြည့်နေတုန်း
အိမ်ရှေ့မှာရပ်လိုက်တဲ့ ဆိုင်ကယ်သံ။
တဘွန်းဘွန်းနှင့် ဝင်လာကတည်းက ချစ်နိုင်းအောင်မှန်း သျှမ်းသိပြီးသား။ ခပ်တည်တည်နှင့်တီဗွီဆက်ကြည့်နေပေမဲ့ အိမ်ရှေ့က ခြေသံတွေဆီကိုတော့ မသိမသာစိတ်ရောက်နေခဲ့သည်။

"ကိုကို..ကိုကို!!"

ဘေးပြတင်းပေါက်မှာပေါ်လာတဲ့
ချစ်နိုင်းအောင်က မိုးပြာရောင်ကြယ်ပုံများပါသည့် တီရှပ်ပွပွကိုဝတ်ဆင်ထားပြီး၊
ခပ်ပွပွဖြစ်နေတဲ့ ဆံပင်တွေဟာ
နေရောင်အောက်မှာ နက်ပြာရောင်တောက်ပနေခဲ့သည်။

"ကိုကို ..တံခါးဖွင့်ပေးအုန်း ဟီးဟီး"
သူ့သွား သုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်
ရယ်ပြနေတဲ့ငရှုပ်။ပြတင်းပေါက်မှာ တပ်ထားသည့် တိုင်လုံးတွေကိုကိုင်လှုပ်နေသည်မှာ မျောက်တစ်ကောင်အလား။
သျှမ်း ခြေထောက်အနားပြုတ်ကျနေသည့်
အိမ်သော့ဆီကို မေးတငေါ့ငေါ့နှင့်ပြောနေတာပင်။သူပစ်ချထားကတည်းက သျှမ်းပြန်ကောက်မထားရသေးတာဖြစ်သည်။

"ကိုကို တံခါးသော့ပေးအုန်းလို့ "

ဟွန်းခနဲ လုပ်လိုက်ပြီးမှ ကြမ်းပြင်က
သော့ကိုကောက်ကာ သျှမ်းထလိုက်သည်။
ပြတင်းပေါက်ဆီလျှောက်သွားပေးမဲ့ သော့ကိုတန်းမပေး။ ပြတင်းပေါက်ဘောင်ကိုမှီရင်း အပြင်ဘက်ကလူကို ငုံ့ကြည့်လိုက်သည်။
မွှန်ထူနေတဲ့ ရေမွှေးနံ့က နှာခေါင်းထဲ အခန့်သားဝင်လာ၏။

နဂိုကတည်းက သူ့ထက်အရပ်နိမ့်တာရော
အိမ်အပြင်ဘက်က မြေနိမ့်တာရောကြောင့်
ချစ်နိုင်းအောင်က သူ့ကိုမော့ကြည့်နေရရှာသည်။ အညိုရောင်မျက်ဝန်းတွေက သော့လေးပေးပါဟု တောင်းဆိုနေသလို။ မျက်လုံးအောက်ဖက်က မှဲ့နက်ကလေးဟာ ဖြူနှစ်နေသည့်အသားအရည်ထဲ နစ်ဝင်နေသည့် ဆူးတစ်ချောင်းသဖွယ်။

"အဲ့ဒါကြောင့် အပြင်ကနေဘာလို့သော့ခတ်သွားသေးလဲ အရူးရဲ့..ဟေ့ မင်း!!"
လှောင်ပြောင်နေရင်း လက်ထဲကသော့ကို
အလုခံလိုက်ရတာကြောင့် သျှမ်းမှာထောင်းခနဲ။ ဒီတစ်ခေါက်တော့ လက်ကိုင်တန်းကို
အော်ကျန်ရစ်နေခဲ့တာ သျှမ်းဖြစ်သွားခဲ့ပြီး ချစ်နိုင်းအောင်က အိမ်ရှေ့တံခါးဆီပြန်ပြေးသွားခဲ့ပြီ။

"တံခါးဟောင်းလောင်းနဲ့ လူဝင်ရိုက်သွားမှ မှတ်မှာကိုကိုက!!"
ချစ်နိုင်းအောင်အသံက စွာတာတာ။
သူပဲ ရာနှုန်းပြည့်မှန်နေသလိုမျိုး သျှမ်းကို
အော်သွားသေးသည်။

အိမ်ရှေ့သော့ဖွင့်ကာ ချစ်နိုင်းအောင်ဝင်လာတော့ သျှမ်းကပြတင်းပေါက်နားမှာရှိနေဆဲ။
သူ့မျက်နှာက အီးမှန်ထားသလိုရှုံ့တွလို့နေသည်။ Luggageအိတ်ကိုဆွဲလျက် အိမ်ထဲဝင်လာသည့်ချစ်နိုင်းအောင်က လက်ထဲမှာ အထုပ်ပေါင်းများစွာ။ လည်ပင်းမှာလဲ အထုပ်တစ်ထုပ်ဆွဲထားသေးသည်။ မသိရင် သူ့အိမ်သူ့ရာကိုလာတဲ့အတိုင်း။

ခပ်တည်တည်ကြည့်နေတဲ့ သျှမ်းကိုတော့
တစ်ချက်ပြုံးပြ၏။ မျက်လုံးတွေပါ မှေးမှိတ်သွာသည်အထိပင်

"ငြိမ့်ငြိမ့်အိမ်က ပြန်သယ်လာတာ ဟီးဟီး"

"လူတကာကို ပတ် ဒုက္ခပေးနေ"

သျှမ်းအပြောကြောင့် ချစ်နိုင်းအောင်က
ဇက်ကိုပု၏။ နောက်တော့ လက်ထဲကအိတ်တွေကို အိပ်ခန်းဝမှာချပြီး ဖော့ဘူးနှင့်အထုပ်တစ်ထုပ်ကိုသာကိုင်ထားခဲ့သည်။
အပေါက်ဝမှာပိတ်မထားဖို့ သျှမ်းအော်မယ်လုပ်ချိန်မှာတော့ ဂျင်းဘောင်းဘီအောက်က
ခြေတံသွယ်သွယ်တွေက နောက်ဖေးဆီဦးတည်သွားခဲ့ပြီ။

"ကိုကိုဖို့ အမဲသားစတူးပါတယ်နော်။
ရှယ်ဝယ်လာတာ ချစ်နိုင်းက"

သျှမ်းက ပေစောင်းစောင်းလုပ်ရင်း
မကျေနပ်သလိုလို ဆူပုတ်နေလိုက်သေး၏။
ဒါပေမဲ့ ခဏပါပဲ.. သူ့ခြေလှမ်းတွေက
မီးဖိုခန်းဆီ ဦးတည်သွားမိသည်။
ပါးစပ်ကလည်း ရေရွတ်လျက်...။

"ပိုက်ဆံအတော် ဖြုန်းနေတာပဲ"

ချစ်နိုင်းအောင်ကတော့ သျှမ်းကို အစားသောက်ကျွေးပြီး ဖြားယောင်းသွေးဆောင်ဖို့
လုပ်နေပါပြီ....။

................................................

စာရေးသူ၏ အမှာစာ:
သျှမ်းကို - ရှမ်း(န်)လို့ အနီးစပ်ဆုံး အသံထွက်ပါတယ်နော်
ဒါလေးကတော့ အကြမ်းပြောရရင်
အကြာကြီးတစ်ဖက်သတ် ချစ်ခဲ့ရတဲ့
ကောင်လေးတစ်ယောက်နဲ့ ချစ်မိမှန်း
မသိခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့
အကြောင်းပေါ့
ထူးထူးခြားခြားလေး ရေးဖို့ရှိတာမို့
ဒါလေးကိုလဲ သဘောကျပေးကြပါအုန်း❤️
Edit:15.11.2021

Zawgyi

႐ုန္းထြက္မရျခင္းမ်ား ၂

ခရီးပန္းပန္းႏွင့္ အိပ္ေပ်ာ္သြားတာ ေနာက္တစ္ရက္ေန႕တစ္ဝက္က်ိဳးမွပဲ သွ်မ္းအိပ္ရာနိုးေတာ့သည္။ မေန႕ကပဲ ႐ြာတစ္႐ြာက
ထန္း႐ြက္မိုးတဲထဲမွာအိပ္ရာနိုးလာၿပီး ဒီေန႕ေတာ့ အဲယားကြန္းခန္းထဲမွာအိပ္ရာထရတာမို႔ နိုးနိုးခ်င္း ေၾကာင္ေတာင္ေတာင္။အိမ္ႏွင့္ေဝးေနတာ ၾကာခဲ့ၿပီမို႔ စိတ္နဲ႕ကိုယ္လြတ္ကာ မ်က္ႏွာက်က္ကိုေငးရင္းေငါင္ေနရသည္။

ဆယ္ငါးမိနစ္ေလာက္ေနမွ အသိဝင္ၿပီး
အိပ္ရာကထရသည္။ တစြန္းတစ
ကိုယ္ေပၚေရာက္ေနတဲ့ ေစာင္ကိုေခါက္ၿပီး
အဲယားကြန္းကို အရင္ပိတ္လိုက္သည္။
ခ်စ္နိုင္းေအာင္က အပူခ်ိန္ညွိေပးသြားပုံပင္။
အခန္းတြင္းဟာ မပူလြန္းမေအးလြန္းျဖစ္ေနသည္။ သွ်မ္းက ကုတင္ေခါင္းရင္းထိတိုးထိုင္ရင္း ခဲပုတ္ေရာင္လိုက္ကာႀကီးကိုဆြဲခြာေတာ့ ႏွစ္ဖက္ဖြင့္တံခါးနီးပါးေလာက္က်ယ္သည့္မွန္ခ်ပ္ႀကီးက ဘြားခနဲေပၚလာသည္။

မွန္၏တစ္ဖက္တြင္ အင္တုံႀကီးမ်ားရွိေနၿပီး
စိမ္းစိုေနေသာၾကာ႐ြက္ႀကီးမ်ားက အျပည့္
ေနရာယူလို႔ထားသည္။ ဖူးပြင့္ေနသည့္ ၾကာပြင့္ၾကာငုံမ်ားကို ၾကည့္ရင္း မ်က္စိေအးလာရ၏။ခရမ္းေရာင္၊ ပန္းေရာင္၊ အျဖဴေရာင္ႏွင့္ ညို႔ေနေသာၾကာပြင့္ႀကီးေတြက သူ႕ေရွ႕အိမ္မွာ က်က္သေရရွိလို႔ေနၿပီး စိမ္းဖန႔္ေနေသာၾကာခြက္မ်ားကလည္း အေစ့အဆံတင္းကားလို႔ေနသည္။အျဖဴေရာင္ႏွင့္ ေ႐ႊေရာင္စပ္ထားသည့္ငါးကေလးမ်ားဟာ ၾကာ႐ြက္ေတြေအာက္မွ ေခါင္းေလးေတြစီခနဲေပၚလာတတ္ၾက‌၏။

အိမ္အျပင္မွာ အပူခ်ိန္ နည္းပုံမရ။လင္းထိန္ၿပီး အေတာ္ပူေနခဲ့ၿပီ။ခပ္လွမ္းလွမ္းက သေျပၿခံဆီလွမ္းၾကည့္လိုက္မိေတာ့ သေျပၫြန႔္ႏုေတြမရွိေတာ့။ပန္းဒိုင္ေတြ ေစာေစာညွပ္သြားပုံရသည္။ အိမ္ရွင္က အိမ္သိပ္မၿမဲတာေၾကာင့္ ၿခံထဲကကိစၥေတြသိပ္မသိ။ ဖြားဖြားရဲ႕ လက္လုပ္လက္ရင္းျဖစ္တာေၾကာင့္သာ သွ်မ္းထိန္းသိမ္းထားခဲ့တာျဖစ္သည္။

သွ်မ္းက ဂြတီးဂြက်နိဳင္လြန္းသည္ဟု အိမ္ကအၿမဲေျပာသည္။ လုပ္ခ်င္ရာလုပ္ၿပီး လူႀကီးေတြႏွင့္ အေၾကာသိပ္မတည့္တာေၾကာင့္အေရာေႏွာသိပ္လည္းမရွိလွ။ အထူးသျဖင့္ ဟိတ္ႀကီးဟန္ႀကီးတဲ့အေပၚယံေတြကို သွ်မ္းက နည္းနည္းမွၾကည့္မရပါေခ်။ ဒါေၾကာင့္လဲ မလိုအပ္ပဲခ်ိဳသာမေနရသည့္ ေနရာေတြမွာသာေနခ်င္ခဲ့သည္။ ေနျဖစ္ေအာင္လဲ သွ်မ္းႀကိဳးစားခဲ့သည္။

လူေတြဟာ အသက္ရွင္ဖို႔အေရး အင္မတန္
ကိန္းႀကီးခမ္းႀကီးနိုင္လြန္းသည္ဟု သွ်မ္းထင္သည္။ အခ်င္းခ်င္း ငါ့မွာဘာရွိတယ္ဆိုတဲ့ ႐ုပ္ဝတၳဳေတြကို အၿပိဳင္ဆိုင္ျပေနၾကၿပီး
တကယ္မရွိမျဖစ္လိုအပ္တဲ့ ကိုယ္ခ်င္းစာ တရားကိုေတာ့ ေနာက္ပို႔ထားတတ္ၾကသည္။
စိတ္ထဲကမပါပဲႏွင့္ ခ်ီးမြမ္းေျပာဆိုတတ္ၿပီး
အဲ့ဒီလူေတြကပဲ ေနာက္ကြယ္မွာႏွာေခါင္းရႈံၾကျပန္သည္။

ခ်ိဳၿမိန္မႈေတြဟာ လွည့္စားတဲ့ေနရာမွာအသုံးခ်ဖိဳ႕ျဖစ္လာၿပီး သူမ်ားကိုနင္းခ်မွ
အေပၚတက္ရတာကို အရသာလို႔ထင္လာၾကသည္။ ေငြေၾကးသုံးစြဲမႈေတြက ဘဝရဲ႕ အႏွစ္သာရျဖစ္လာကာ စိတ္ရင္းနဲ႕ေစတနာဟာ အပိုသီးသန႔္သာျဖစ္သြားၾကသည္။
သွ်မ္းက လူ႕ဂြစာမဟုတ္ေပမဲ့ ေတာ္႐ုံ
လူေတြႏွင့္မပက္သက္ခ်င္။ ဝါဒႀကီးသူ၊
ဂုဏ္ပုဒ္ႀကီးသူေတြကို ပိုၿပီးေဝးေဝးေရွာင္ခ်င္သည္။ သူတို႔ရဲ႕ မၿပီးဆုံးနိုင္တဲ့ ဘုန္းေတာ္ၾကဴးမႈေတြကို ထိုင္နားေထာင္ၿပီးေခါင္းၿငိမ့္မေနခ်င္။

အဲ့ဒီလူေတြအထဲမွာ သွ်မ္းနဲ႕ဘုေဘာက္အက်ဆဳံးကေတာ့ သွ်မ္းရဲ႕ေမြးသဖခင္ႀကီး
ဦးေဇယ်ာပိုင္ပါပဲ။ ဘယ္လိုမ်ား သားအဖ ျဖစ္လာသလဲေတြးရသည္အထိ သွ်မ္းတို႔သားအဖကကီးမကိုက္။ သွ်မ္းအေဖက ဂုဏ္ေမာက္သည္။ေငြေၾကးႂကြယ္ဝတာကို
ကုသိုလ္ထူးတစ္ခုလို ေတြးၿပီးေမာ္ႂကြားလို႔
မၿပီး။ အဆိုးဆုံးက မိေမြဖေမြကိုတန္ဖိုးမထားပဲ ငါသာလူတတ္ႀကီးလုပ္တတ္တာျဖစ္သည္။

သွ်မ္းငယ္ငယ္ကတည္းက ေဖေဖေခၚတဲ့
လူခ်မ္းသာစကားဝိုင္းေတြဆီ ပါသြားဖူးသည္။ ဘယ္လိုရင္းႏွီးျမႇုပ္ႏွံမယ္၊
ဘာေတြ ခ်ိတ္ဆက္မယ္ဆို‌တာေတြခ်ည္း
တိုင္ပင္တတ္ၾကတဲ့ စကားဝိုင္းေတြေပါ့။
တခ်ိဳ႕တကယ္ႂကြယ္ဝတာလဲရွိသလို၊ တခ်ိဳ႕
ကိုယ့္အေျခအေနထက္ပိုၿပီး ခ်ျပခ်င္ေနၾကတာလဲရွိသည္။ တစ္ခါ လူတစ္ေယာက္ေလ်ာ့သြားတိုင္း က်န္သူေတြက သူ႕ရဲ႕အတင္းဖ်င္းကို ထမင္းစားေရေသာက္ေျပာတတ္ၾက၏။

ကိုယ့္အလုပ္ကိုယ္ တိုးတက္ေအာင္လုပ္မဲ့အစား သူမ်ားဆင္းရဲတာကို အခ်ိန္ယူေျပာဖို႔ အင္အားျပည့္ေနတတ္ၾကသူေတြကို သွ်မ္း
နည္းနည္းမွ နားမလည္ခဲ့။ ထိုလူေတြရဲ႕ မ်က္ႏွာေတြကိုၾကည့္ရတာနဲ႕တင္ ေလးလံပင္ပန္းရသည္။ တေျဖးေျဖး သွ်မ္းက စာကို အေၾကာင္းျပခ်က္ေပးကာ ေဖေဖနဲ႕ခြဲထြက္ဖို႔ ႀကိဳးစားခဲ့သည္။ ေဖေဖေျပာတဲ့ ဘဝတိုးတက္ေရးလမ္းေၾကာင္းဟာ အဲ့ဒီစကားဝိုင္းေတြမွာမရွိတာကို နားလည္ခဲ့သည္။

သွ်မ္းနဲ႕ေဖေဖ့ၾကားက သေဘာထားကြဲလြဲမႈကတစတစႀကီးလာၿပီး ေဖေဖ့ရဲ႕အထင္ေသးတဲ့ ရိုက္ပုတ္မႈေတြက သွ်မ္းကိုပိုၿပီးေသခ်ာေစခဲ့သည္။ ဒီလို အရည္မရ အဖတ္မရေတြ ဘယ္ေတာ့မွ မလုပ္ဖူးဆိုတာကိုေပါ့။ ဖြားဖြားမဆုံးခင္အထိ ဖြားဖြားအနားမွာ းေနဖို႔သာႀကိဳးစားခဲ့သည္။ ဖြားဖြားက ေဖေဖ့စကားသာ အဟုတ္ထင္တဲ့ ေမေမနဲ႕မတူသလို မိဘစကားေျမဝယ္မက်နားေထာင္မည္ဆိုသည့္ မမထက္စာရင္ အမ်ားႀကီးသက္ေတာင့္သက္သာရွိလြန္း၏။

တစ္ဦးတည္းေသာသားေဖေဖက သူမ်ားေတြႏွင့္သာ အခ်ိန္ကုန္ေနေပမဲ့ မိခင္မုဆိုးမႀကီးကိုေတာ့ ေခါင္းထဲထည့္ပုံမေပၚ။
ဝတ္ေက်တန္းေက်ဆက္ဆံ႐ုံႏွင့္ တာဝန္ေက်ၿပီ ထင္ခဲ့ပုံရသည္။ ရိုးရွင္းၿပီး သဘာဝက်က် ျမင္တတ္သည့္ဖြားဖြားက ေဖေဖ့အတြက္ တိုးတက္ရာလမ္းမရွိသည့္ အမ်ိဳးသမီးႀကီးတစ္ေယာက္ထက္မပိုခဲ့ရွာ။

ဖြားဖြားပိုင္တဲ့ၿခံက်ယ္ႀကီးကိုေရာင္းလို႔ သူ႕လုပ္ငန္းထဲအရင္းႏွီးထည့္ခ်င္တဲ့ ေဖေဖ့အစီစဥ္ဟာမေအာင္ျမင္ခဲ့။ သွ်မ္းကိုယ္တိုင္ အႀကီးက်ယ္ကန႔္ကြက္ခဲ့သည္။ ဒီအတြက္ႏွင့္ သွ်မ္းတို႔သားအဖၾကား ပိုၿပီးအေျခေနတင္းမာလာခဲ့သည္အထိပင္။ ေမေမကေတာ့
ေယာကၡမျဖစ္သူ အ႐ြယ္ႀကီးမွစိတ္မထိခိုက္ေအာင္ သူတို႔ၾကားထဲတိုးတိုးဝင္ေျဖရွင္းခဲ့ရွာပါရဲ႕။

သွ်မ္း ေဆးေက်ာင္းဒုတိယႏွစ္မွာ ဖြားဖြားဆုံးၿပီး ဘဝရဲ႕အရင္းႏွီးဆုံးလူတစ္ေယာက္ကို
ဆုံးရႈံးလိုက္ရသည္။ တစ္ပါတ္ေလာက္ လဲသည္အထိ စိတ္ထိခိုက္ခဲ့ရတဲ့သွ်မ္းက
ဖြားဖြားၿခံကိုေရာင္းဖို႔စီစဥ္ေနပါသည္ဆိုသည့္ အသံၾကားတာႏွင့္ ခ်က္ခ်င္းအိပ္ရာထဲကထၿပီး ျပႆနာရွာေဝာာ့သည္။

ေငြပုံႀကီးထဲမွာပဲ ဘဝဆုံးခ်င္ေနသလားဆိုတဲ့
အေမးေၾကာင့္ ဆြဲထိုးခံခဲ့ရသည္အထိပင္။ ေနာက္ဆုံး မစားမေသာက္ဆႏၵျပကာမွ
ေဖေဖက ေတာက္တေခါက္ေခါက္ႏွင့္ လက္ေလ်ာ့သြားတာျဖစ္သည္။ သားသမီးကိုေတာ့ ဘယ္မိဘမွမနိုင္။ ေဖေဖဟာ ဖြားဖြားရဲ႕
ဒီလိုစိတ္ရင္းကိုလဲ သိခဲ့ဖို႔ေကာင္းပါသည္။

အဲ့ဒီအခ်ိန္ကတည္းက သွ်မ္းဟာ ဖြားဖြားၿခံကို လုပ္ငန္းမပ်က္လည္ပတ္ေစခဲ့သည္။
ဖြားဖြားအိမ္အေဟာင္းေလးကိုမျပင္ခင္
နဂိုရွိၿပီးသား ၿခံထဲကဝန္ထမ္းေတြကို အလုပ္ေတြဆက္ေစခဲ့သည္။ ဘဲၿခံလည္းဘဲၿခံအေလ်ာက္ ၊ ပ်ိဳးၿခံလည္းပ်ိဳးၿခံအေလ်ာက္ ဆက္လည္ပတ္နိုင္ခဲ့၏။ကံေကာင္းစြာပဲ အလုပ္သမားေတြက သွ်မ္းတို႔ရဲ႕ေဆြမကင္း မ်ိဳးမကင္းေတြမို႔ ေခါင္းခဲစရာမလိုခင္ အဆင္ေျပသြားခဲ့တာျဖစ္မည္။

ေက်ာင္းၿပီးေတာ့လဲ ေတာ္ေတာ္ႏွင့္ဘယ္မွာမွအလုပ္မဝင္။ အလုပ္သင္ဆရာဝန္ဘဝၿပီးသြားတာႏွင့္ ၿခံထဲမွာပဲ ေဝ့လည္ေဝ့လည္အခ်ိန္ကုန္ေနခဲ့ေသးသည္။ ဆရာဝန္ေတြ ေပါလြန္းေနတဲ့ၿမိဳ႕ႀကီးမွာ ေဆး႐ုံေကာင္းဝင္ဖို႔ လြယ္လွသည္ေတာ့မဟုတ္။ ေနာက္ခံသာမေကာင္းရင္ ဘာဘြဲ႕ရရပင္ပန္းၾကတာခ်ည္းမို႔လား။

သွ်မ္းကေတာ့ ဟိုမခံခ်င္ သည္မခံခ်င္စိတ္ေၾကာင့္ အလုပ္မဝင္ျဖစ္တာဆိုရမည္။
ေနာက္ပိုင္း ဆရာဦးႏွင့္ဆုံမွ အကိုက္ဆုံး
လုပ္ငန္းကိုေတြ႕ရေတာ့သည္။ႀကီးျမတ္ေနတာမဟုတ္ေပမဲ့လည္း ‌လူ႕အရင္းျမစ္ပုံေနသည့္ေနရာမွာ ထိုင္ေစာင့္ေနရတာထက္စာရင္ လိုတဲ့ဆီေျပးသြားကူရတာ သွ်မ္းအတြက္
အကိုက္ဆုံး လုပ္ငန္းျဖစ္လာခဲ့သည္။
အိမ္မကပ္ခ်င္တဲ့ ဝါသနာကိုလည္း အေထာက္အပံ့ျဖစ္သြားခဲ့သည္ဆိုပါေတာ့။

ေဖေဖကေတာ့ တက္လမ္းမရွိသည့္အေပအေတဟု ေျပာတတ္သည္။ရည္မွန္းခ်က္မရွိတဲ့၊ တာဝန္မေက်တဲ့ သားမိုက္ေပါ့ေလ။ ေဖေဖ့အရိပ္မွာေနၿပီး ေခါင္းေလးငုံ႕၊သြားေလးၿဖီးျပေနရတာထက္ေတာ့ ဘဝကအမ်ားႀကီး ေပ်ာ္စရာေကာင္းပါေသးသည္။လူငယ္ေတြဆုံၿပီး လူငယ္အေတြးေတြ ေပါ့ေပါ့ပါးပါးေျပာျပနိုင္ၾကတာထက္ ပိုေကာင္းတဲ့ဘဝက ဘယ္မွာမ်ားရွိအုန္းမလဲ။ သွ်မ္းရဲ႕ ရည္မွန္းခ်က္က ကိုယ့္ရွင္သန္မႈကိုယ္တာဝန္ယူၿပီး စိတ္ခ်မ္းသာဖို႔သာျဖစ္သည္။

......................................................

နိုးလာတာႏွင့္ လန္းသြားေအာင္ေရမိုးခ်ိဳးၿပီး
အဝတ္စားလဲလိုက္၏။ မနက္စာ ထမစားထားတာေၾကာင့္ သွ်မ္းဗိုက္ကဆႏၵျပေနၿပီမို႔
ဗိုက္ကိုလက္နဲ႕ပြတ္ရင္း မီးဖိုေခ်ာင္ထဲအရင္ဝင္လာလိုက္သည္။ လူမရွိတာၾကာေတာ့ ဘာရွိမွန္းေတာင္မသိေတာ့။ ဘာမွ မရွိရင္ေတာ့ နန္းေရွ႕သြားၿပီးတစ္ခုခုစားရမည္။
ဒါမွမဟုတ္ ပုသိမ္ႀကီးဘက္တက္သြားရင္လည္းျဖစ္သည္။

ထင္ထားတာႏွင့္မတူစြာပဲ စားပြဲထက္မွာအုပ္ေဆာင္းေလးကအသင့္။သတိမထားမိခင္မွာပဲသွ်မ္းၿပဳံးလိုက္မိ၏။ အေမြးမွ်င္ရိတ္ထားတာမၾကာေသးသည့္ ႏႈတ္ခမ္းတစ္ဝိုက္ဟာေကာ့တက္သြားခဲ့သည္။ သူအပိုေတြေတြးေနမိတာပဲ။ တကယ္ဆို အိမ္မွာဘာမွမရွိလို႔ငတ္တာမ်ိဳး ဘယ္တုန္းကမွႀကဳံဖူးတာမဟုတ္။ ခ်စ္နိုင္းေအာင္ရဲ႕ ဓာတ္ေတြကူးၿပီးအပိုအေတြးေတြတတ္ေနပါၿပီ။

ထိုင္ခုံကိုဆြဲထိုင္ရင္း အျပာေရာင္ အုပ္ေဆာင္းကိုလွန္လိုက္သည္ႏွင့္
စားခ်င္စရာမုန႔္ဟင္းခါးက သွ်မ္းကိုႀကိဳသည္။ ဘူးသီးေၾကာ္ဖတ္မ်ားက
မုန႔္ဟင္းရည္ထဲနစ္ဝင္ေနကာ အိုးဘဲဥႏွစ္လုံးကလည္းအထင္ရွား။ေဘးမွာ ပန္းကန္အေသးႏွင့္ထည့္ထားသည့္ နံနံပင္ႏွင့္ ပဲသီးစိတ္ေတြကိုအကုန္ေလာင္းထည့္ၿပီး ဇြန္းႏွင့္ေမႊခ်လိဳက္သည္။ ငွက္ေပ်ာအူႏွင့္ၾကက္သြန္လုံးမ်ားဟာ ဟင္းရည္ထဲမွာ ေပၚလာလိုက္ျမဳပ္သြားလိုက္ႏွင့္။

ေအးေနေပမဲ့ ဗိုက္ဆာေနတာေၾကာင့္
မုန႔္ဟင္းခါးကအရသာမပ်က္။ ၿမိန္ရည္ရွက္ရည္စားေနရင္း ခ်စ္နိုင္းေအာင္ကိုသတိရမိ၏။ ဘယ္အခ်ိန္ သူ႕ကိုျပန္လာႏွိပ္စက္မည္မသိ။ ေလာေလာဆယ္ေတာ့ နိုးလာကတည္းက အရိပ္ပင္မေတြ႕ရေသးေပ။
မေန႕ကတည္းက ရႈပ္ပြေနတဲ့ဧည့္ခန္းဟာ
ရွင္းလင္းေနၿပီး မီးဖိုေခ်ာင္ကလည္း စိုစိုေျပေျပျဖစ္ေနတာေၾကာင့္ ငရႈပ္တစ္ေကာင္
သူမ်က္ႏွာသာေပးေအာင္ လုပ္သြားတာသိလိုက္ရၿပီ။

ခုံေပၚလက္ေထာက္ေနရင္း တံေတာင္ေအာက္က ခိုးလို႔ခုလုအထိေတြ႕ေၾကာင့္ ဖယ္ၾကည့္ေတာ့ မိုးျပာေရာင္stick noteေလးဟာ မွန္စားပြဲထက္မွာကပ္လ်က္သား။ ႏွာေခါင္းတစ္ခ်က္ရႈံ႕ရင္း စာ႐ြက္ကိုဆြဲခြာလိုက္သည္။

"အပိုေတြ လုပ္ျပန္ၿပီ"
အေျပာကသာပိုေနေပမဲ့ မဖတ္ပဲလဲမေနနိုင္။ ခပ္ေစာင္းေစာင္း လက္ေရးေတြကို
အဆုံးထိ သွ်မ္းေသခ်ာဖတ္လိုက္သည္။
စာသုံးေၾကာင္းရဲ႕အဆုံးမွာ အသည္းပုံေလး
ဆြဲထားေသးတာေၾကာင့္ ထပ္ၿပီးႏွာေခါင္းရႈံ႕လိုက္မိ၏။

'ကိုကို စားဖို႔ မုန႔္ဟင္းခါးဝယ္ခဲ့ပါတယ္
အိမ္ေရွ႕ေသာ့ကိုခတ္ၿပီး ျပတင္းေပါက္ကေန ပစ္ထည့္ခဲ့တာမို႔ ေနာက္ေဖးေပါက္ကအရင္ထြက္ပါ
ပစၥည္းေတြယူၿပီးမွ အိမ္ျပန္လာခဲ့ပါ့မယ္
-ကိုကို႔ ခ်စ္နိုင္း'

"ေပါက္ကရေတြ "

ေခါင္းကိုခါယမ္းလ်က္ စားပြဲခုံေအာက္ကို
လက္လွ်ိုကာ စာ႐ြက္ကိုျပန္ကပ္လိုက္သည္။ ၿပီးမွ မုန႔္ဟင္းခါးကို ဇိမ္ေျပနေျပဆက္စားျဖစ္၏။ အခုမွနိုးလာေပမဲ့ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္ရွိမေန။ စားၿပီးမွ ဇာတ္ကားတစ္ခုခုၾကည့္ရင္း အနားယူဖို႔သာ သွ်မ္းစဥ္းစားထားလိုက္သည္။

" ဘယ္ဆိုင္ကလဲမသိဘူး။ စားလို႔ေတာ့ ေကာင္းသား"

သွ်မ္းရဲ႕ဒူးေတြက စားပြဲေအာက္မွာတလႈပ္လႈပ္ႏွင့္။ သူကပ္ထားတဲ့ ေရာင္စုံ
စာ႐ြက္ေတြကလည္း စားပြဲေအာက္မွာအႏွံ႕က်ဲလို႔ကပ္ေနခဲ့သည္။ဘယ္ေတာ့မွ ခ်စ္နိုင္းေအာင္ရဲ႕စာေတြကို လႊင့္ပစ္ခဲ့တာမ်ိဳး မရွိပါေလ..။

ဇာတ္ကားၾကည့္ဖို႔ေ႐ြးေနရင္းမွ အိမ္ကိုဖုန္းဆက္ဖို႔သတိရသည္။ ေမေမ့ဆီ မေန႕ေန႕လည္ေလာက္ကဆက္ထားခဲ့ေပမဲ့ အဆင္ေျပေၾကာင္းေသခ်ာမေျပာရေသး။
တကယ္ဆို တစ္ၿမိဳ႕ထဲေနေနၾကေပမဲ့
သွ်မ္းက အိမ္ကိုေျခဦးလွည့္တာသိပ္မရွိ။
သူ႕ဟာသူ ၿခံထဲကအိမ္မွာပဲ ေအးေဆးေနတာမ်ားသည္။ ေမေမနဲ မမကေတာ့ တခါတေလ လာတတ္ေပမဲ့ ေမြးသဖခင္မၾကည္တာမို႔
သွ်မ္းသြားေတြ႕ရတဲ့ အႀကိမ္ကသာမ်ားပါသည္။

"ဟယ္လို...သားသား။ ေသခ်ာနားၿပီးၿပီလား။
ေရေရာခ်ိဳးထားရဲ႕လား"

ဖုန္းဆက္လိုက္တာႏွင့္ ဆက္တိုက္ေမးလာတဲ့
ေမေမေၾကာင့္ သွ်မ္းရယ္လိုက္မိသည္။

"နားၿပီးလို႔ဆက္တာ မားသားရဲ႕"

"ဒီေရာက္မွေတာ့ ေမေမတို႔ကစိတ္မခ်စရာမရွိပါဘူး။ ခ်စ္နိုင္းေလးေရာ ရွိလားသားသား"

ခ်စ္နိုင္းေအာင္ နာမည္ပါလာေတာ့ သွ်မ္းမ်က္ႏွာက ဆူပုတ္သြားသည္။ ေမေမ့ဆီ ဟိုအရႈပ္ဖုန္းဆက္ထားပုံပင္။ ခ်စ္နိုင္းေအာင္တို႔က သွ်မ္းကိုေတာ့ တကယ့္အခ်ဥ္မွအခ်ဥ္။
အိမ္ကိုပါ ခ်ဳပ္ထားတဲ့ အဲ့ကေလးလိုလိုဟာေလးလက္ထဲမွာ သွ်မ္းက လက္ခုပ္ထဲကေရအလား။

"မရွိဘူး ေလွ်ာက္သြားေနတယ္"

သွ်မ္း မေက်မနပ္ေျပာေတာ့ တစ္ဖက္က ရယ္သံမ်ားထြက္လို႔လာသည္။ ၾကည့္ရတာ မမလဲရွိေနပုံရ၏။

"သားသား ဒီရက္ပိုင္းအိမ္လာအုန္းေလ။
သားေဖေဖ ေသြးတက္ေနတာ ခုတေလာ"

"ဘယ္သူက ဘာေမႊေနလို႔လဲ"

"သားသားကေတာ့ေနာ္။ ေမေမ အေကာင္းေျပာေနတာ။ သားေဖေဖက ခုတေလာ ေသြးတိုးျဖစ္ခ်င္ေနတာ ထင္ပါရဲ႕ကြယ္။
လူၾကည့္ရတာလည္း ပင္ပန္းေနသလားလို႔"

"ကိုရွိုင္းကေရာ ဘာေျပာလဲ"

"ကိုရွိုင္းကေတာ့ ေဆးေသာက္ေဆးထိုး လိုတာအကုန္လုပ္ေပးပါတယ္။ ေလာေလာဆယ္ ဆရာဝန္အေနနဲ႕ထက္
သားေဖေဖကို အလြမ္းေျပလာေတြ႕ဖို႔
ေျပာတာပါ"

ကိုင္ထားလက္စ တီဗြီ ရီမုဒ္ကို ဟိုဟိုဒီဒီပြတ္ရင္း သွ်မ္းၿငိမ္ေနလိုက္သည္။ ကိုရွိုင္းက
မမရဲ႕အမ်ိဳးသား၊ဆရာဝန္ျဖစ္ၿပီး ေဆး႐ုံႀကီးေတြမွာထိုင္ရတာမို႔ ေဖေဖ့က်န္းမာေရးကို အရမ္းစိုးရိမ္စရာမရွိ။ ဒါေပမဲ့ ေမေမေျပာတာကလဲ မွန္ပါသည္။ သွ်မ္းဖာသာသွ်မ္း ဘယ္လိုပဲေနေန မိဘဟာမိဘပဲမို႔
စိတ္တိုင္းမက်ဘဴးဆိုတာႏွင့္ ပစ္ထားလို႔မရ။
က်န္းမာေရး မေကာင္းတဲ့အခ်ိန္ဆို ပိုဆိုးေသးသည္။ ဒုတိယ ဦးေဇယ်ာပိုင္လဲ သွ်မ္းလုံးဝမျဖစ္ခ်င္။

"သဘက္ခါေလာက္ သားလာခဲ့မယ္"

"တကယ္ေနာ္.. ဒါဆို သားသားႀကိဳက္တဲ့
အမဲသားစတူး ေမေမခ်က္ထားမယ္"
ေမေမ့အသံက ေပ်ာ္႐ႊင္မႈအျပည့္။ စိတ္လႈပ္ရွားေနတာကိုေတာင္ သွ်မ္းခံစားလို႔ရသည္။ သားျပန္လာမယ္ဆိုလို႔ ေပ်ာ္ေနရွာတာမ်ား။ သွ်မ္းမွာ စိတ္မေကာင္းျဖစ္ရသလို သနားလည္းသနားေနရသည္။

"သွ်မ္းပိုင္ ျပန္လာရင္ ခ်စ္နိုင္းေလးေရာ
ေခၚခဲ့အုန္းေနာ္။ ဒီမွာ မီးမီးေပါက္စက
ကိုကိုခ်စ္နိုင္းကိုလြမ္းလို႔တဲ့"

"ကိုကိုခ်စ္နိုင္း!!"

မမအသံႏွင့္အတူ သူ႕သမီး ေပါက္စအသံပါ
နားထဲစူးေနေအာင္ဝင္လာတာေၾကာင့္
ဖုန္းကို နားနဲ႕ခပ္ေဝးေဝးထိခြာလိုက္ရသည္။
လူကျဖင့္ အခုမွေလးတန္းရွိေသးတာကို
ကိုကိုခ်စ္နိုင္း ကိုကိုခ်စ္နိုင္းနဲ႕ သူ႕မွာအကဲပိုလို႔မၿပီး။ သွ်မ္းရဲ႕မ်က္ႏွာက မဲတက္ခ်င္သြားသည္။

"ဘာ ကိုကိုခ်စ္နိုင္းလဲ။ မီးမီး ဦးေလးအ႐ြယ္ေနာ္"

ဟြန႔္ခနဲ အသံႏွင့္အတူ မီးမီးမေျပးနဲ႕လဲမယ္ဆိုေသာ ေအာ္သံတို႔ဆူညံသြားသည္။
သူ႕တူမလို႔မေျပာရဘူး သူ႕လိုပဲအေၾကာတင္းတဲ့ကေလးမေလး။

"သားသားလာရင္ ခ်စ္နိုင္းကိုပါေခၚခဲ့ေနာ္။
ေမေမ အမဲစတူးကို ႏွစ္ဆခ်က္ထားလိုက္မယ္"

"ဒါပဲ ေမေမတို႔က‌။ သားကိုဦးစားေပးမဟုတ္ဖူး"

တဖက္မွ ရယ္သံမ်ားထြက္လာသည္။
မေက်မနပ္ေျပာေနေပမဲ့ သွ်မ္းမ်က္ႏွာက
တေျဖးေျဖးၿပဳံးလာခဲ့၏။
ခ်စ္နိုင္းေအာင္က သူ႕အိမ္နဲ႕အဆင္ေျပတာမ်ား သွ်မ္းအေဖဦးဂြစာေတာင္ သားေလး သားေလးျဖစ္ရသည့္အထိပင္။

အိမ္ကိုဖုန္းဆက္ၿပီး ဇာတ္ကားၾကည့္ေနတုန္း
အိမ္ေရွ႕မွာရပ္လိုက္တဲ့ ဆိုင္ကယ္သံ။
တဘြန္းဘြန္းႏွင့္ ဝင္လာကတည္းက ခ်စ္နိုင္းေအာင္မွန္း သွ်မ္းသိၿပီးသား။ ခပ္တည္တည္ႏွင့္တီဗြီဆက္ၾကည့္ေနေပမဲ့ အိမ္ေရွ႕က ေျခသံေတြဆီကိုေတာ့ မသိမသာစိတ္ေရာက္ေနခဲ့သည္။

"ကိုကို..ကိုကို!!"

ေဘးျပတင္းေပါက္မွာေပၚလာတဲ့
ခ်စ္နိုင္းေအာင္က မိုးျပာေရာင္ၾကယ္ပုံမ်ားပါသည့္ တီရွပ္ပြပြကိုဝတ္ဆင္ထားၿပီး၊
ခပ္ပြပြျဖစ္ေနတဲ့ ဆံပင္ေတြဟာ
ေနေရာင္ေအာက္မွာ နက္ျပာေရာင္ေတာက္ပေနခဲ့သည္။

"ကိုကို ..တံခါးဖြင့္ေပးအုန္း ဟီးဟီး"
သူ႕သြား သုံးဆယ့္ႏွစ္ေခ်ာင္းလုံးေပၚေအာင္
ရယ္ျပေနတဲ့ငရႈပ္။ျပတင္းေပါက္မွာ တပ္ထားသည့္ တိုင္လုံးေတြကိုကိုင္လႈပ္ေနသည္မွာ ေမ်ာက္တစ္ေကာင္အလား။
သွ်မ္း ေျခေထာက္အနားျပဳတ္က်ေနသည့္
အိမ္ေသာ့ဆီကို ေမးတေငါ့ေငါ့ႏွင့္ေျပာေနတာပင္။သူပစ္ခ်ထားကတည္းက သွ်မ္းျပန္ေကာက္မထားရေသးတာျဖစ္သည္။

"ကိုကို တံခါးေသာ့ေပးအုန္းလို႔ "

ဟြန္းခနဲ လုပ္လိုက္ၿပီးမွ ၾကမ္းျပင္က
ေသာ့ကိုေကာက္ကာ သွ်မ္းထလိုက္သည္။
ျပတင္းေပါက္ဆီေလွ်ာက္သြားေပးမဲ့ ေသာ့ကိုတန္းမေပး။ ျပတင္းေပါက္ေဘာင္ကိုမွီရင္း အျပင္ဘက္ကလူကို ငုံ႕ၾကည့္လိုက္သည္။
မႊန္ထူေနတဲ့ ေရေမႊးနံ႕က ႏွာေခါင္းထဲ အခန႔္သားဝင္လာ၏။

နဂိုကတည္းက သူ႕ထက္အရပ္နိမ့္တာေရာ
အိမ္အျပင္ဘက္က ေျမနိမ့္တာေရာေၾကာင့္
ခ်စ္နိုင္းေအာင္က သူ႕ကိုေမာ့ၾကည့္ေနရရွာသည္။ အညိုေရာင္မ်က္ဝန္းေတြက ေသာ့ေလးေပးပါဟု ေတာင္းဆိုေနသလို။ မ်က္လုံးေအာက္ဖက္က မွဲ႕နက္ကေလးဟာ ျဖဴႏွစ္ေနသည့္အသားအရည္ထဲ နစ္ဝင္ေနသည့္ ဆူးတစ္ေခ်ာင္းသဖြယ္။

"အဲ့ဒါေၾကာင့္ အျပင္ကေနဘာလို႔ေသာ့ခတ္သြားေသးလဲ အ႐ူးရဲ႕..ေဟ့ မင္း!!"
ေလွာင္ေျပာင္ေနရင္း လက္ထဲကေသာ့ကို
အလုခံလိုက္ရတာေၾကာင့္ သွ်မ္းမွာေထာင္းခနဲ။ ဒီတစ္ေခါက္ေတာ့ လက္ကိုင္တန္းကို
ေအာ္က်န္ရစ္ေနခဲ့တာ သွ်မ္းျဖစ္သြားခဲ့ၿပီး ခ်စ္နိုင္းေအာင္က အိမ္ေရွ႕တံခါးဆီျပန္ေျပးသြားခဲ့ၿပီ။

"တံခါးေဟာင္းေလာင္းနဲ႕ လူဝင္ရိုက္သြားမွ မွတ္မွာကိုကိုက!!"
ခ်စ္နိုင္းေအာင္အသံက စြာတာတာ။
သူပဲ ရာႏႈန္းျပည့္မွန္ေနသလိုမ်ိဳး သွ်မ္းကို
ေအာ္သြားေသးသည္။

အိမ္ေရွ႕ေသာ့ဖြင့္ကာ ခ်စ္နိုင္းေအာင္ဝင္လာေတာ့ သွ်မ္းကျပတင္းေပါက္နားမွာရွိေနဆဲ။
သူ႕မ်က္ႏွာက အီးမွန္ထားသလိုရႈံ႕တြလို႔ေနသည္။ Luggageအိတ္ကိုဆြဲလ်က္ အိမ္ထဲဝင္လာသည့္ခ်စ္နိုင္းေအာင္က လက္ထဲမွာ အထုပ္ေပါင္းမ်ားစြာ။ လည္ပင္းမွာလဲ အထုပ္တစ္ထုပ္ဆြဲထားေသးသည္။ မသိရင္ သူ႕အိမ္သူ႕ရာကိုလာတဲ့အတိုင္း။

ခပ္တည္တည္ၾကည့္ေနတဲ့ သွ်မ္းကိုေတာ့
တစ္ခ်က္ၿပဳံးျပ၏။ မ်က္လုံးေတြပါ ေမွးမွိတ္သြာသည္အထိပင္

"ၿငိမ့္ၿငိမ့္အိမ္က ျပန္သယ္လာတာ ဟီးဟီး"

"လူတကာကို ပတ္ ဒုကၡေပးေန"

သွ်မ္းအေျပာေၾကာင့္ ခ်စ္နိုင္းေအာင္က
ဇက္ကိုပု၏။ ေနာက္ေတာ့ လက္ထဲကအိတ္ေတြကို အိပ္ခန္းဝမွာခ်ၿပီး ေဖာ့ဘူးႏွင့္အထုပ္တစ္ထုပ္ကိုသာကိုင္ထားခဲ့သည္။
အေပါက္ဝမွာပိတ္မထားဖို႔ သွ်မ္းေအာ္မယ္လုပ္ခ်ိန္မွာေတာ့ ဂ်င္းေဘာင္းဘီေအာက္က
ေျခတံသြယ္သြယ္ေတြက ေနာက္ေဖးဆီဦးတည္သြားခဲ့ၿပီ။

"ကိုကိုဖို႔ အမဲသားစတူးပါတယ္ေနာ္။
ရွယ္ဝယ္လာတာ ခ်စ္နိုင္းက"

သွ်မ္းက ေပေစာင္းေစာင္းလုပ္ရင္း
မေက်နပ္သလိုလို ဆူပုတ္ေနလိုက္ေသး၏။
ဒါေပမဲ့ ခဏပါပဲ.. သူ႕ေျခလွမ္းေတြက
မီးဖိုခန္းဆီ ဦးတည္သြားမိသည္။
ပါးစပ္ကလည္း ေရ႐ြတ္လ်က္...။

"ပိုက္ဆံအေတာ္ ျဖဳန္းေနတာပဲ"

ခ်စ္နိုင္းေအာင္ကေတာ့ သွ်မ္းကို အစားေသာက္ေကြၽးၿပီး ျဖားေယာင္းေသြးေဆာင္ဖို႔
လုပ္ေနပါၿပီ....။

................................................

စာေရးသူ၏ အမွာစာ:
သွ်မ္းကို - ရွမ္း(န္)လို႔ အနီးစပ္ဆုံး အသံထြက္ပါတယ္ေနာ္
ဒါေလးကေတာ့ အၾကမ္းေျပာရရင္
အၾကာႀကီးတစ္ဖက္သတ္ ခ်စ္ခဲ့ရတဲ့
ေကာင္ေလးတစ္ေယာက္နဲ႕ ခ်စ္မိမွန္း
မသိခဲ့တဲ့ အစ္ကိုႀကီးတစ္ေယာက္ရဲ႕
အေၾကာင္းေပါ့
ထူးထူးျခားျခားေလး ေရးဖို႔ရွိတာမို႔
ဒါေလးကိုလဲ သေဘာက်ေပးၾကပါအုန္း❤️
Edit:15.11.2021

Continue Reading

You'll Also Like

95.6K 5.8K 41
Author's fiction with Boss Lu @Luhan Studio Meeting Room ""Morning""ဆိုသည့္အသံက Meeting Roomထဲရွိလူအားလံုးကိုလႈပ္လႈပ္ရွားရွား ျဖစ္သြားေစသည္ ု ေကာ္ဖီခ...
47.1K 2.6K 13
(Unicode + Zawgyi) Memories of each couple in Myanmar Spring Revolution.
255K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
5.7K 442 2
#TGMyanmar (သၾကၤန္​ၿပိဳင္​ပြဲ၀င္​စာမူ) ကြၽန္​​ေတာ္​အရမ္​းနွစ္​သက္​တဲ့ ပိ​ေတာက္​​ေတြပြင္​့ခ်ိန္​မွာပဲ သၾကၤန္​ကိုခ်စ္​တဲ့ေကာင္​​ေလးတစ္​​ေယာက္​နဲ႔ ခ်စ္​...