Unicode
စိတ်ပျက်အားငယ်နေပါသော အကြင်သူ့ထံတွင်
ချဉ်စုပ်စုပ် အငွေ့အသက်များကလည်း တစ်စွန်းတစ်စ~
နောက်ဆုံး၌မူ ချန်းကျင်းသည် အိပ်ရာကုတင်ထက်၌ နှစ်ခြိုက်စွာ အိပ်ပျော်သွားရ၏။ မနေ့ညက သူ၏ကိုယ်ထည်လေးမှာ ခင်ပွန်းဖြစ်သူထံမှ နှစ်ကြိမ်တိတိဆက်တိုက် အရိုင်းဆန်စွာ အနိုင်ကျင့်ခံခဲ့ရသောကြောင့် ခြေချောင်းနှစ်ဖက်လုံးမှာလည်း ပျော့ခွေလျက်။ သို့ဖြစ်၍ သူသည် မိန်းမောကာ မည်ကဲ့သို့ အိပ်ပျော်သွားကြောင်းကိုလည်း ကောင်းစွာ မမှတ်မိနိုင်တော့ပါပေ။
၎င်းနောက် ခင်ပွန်းဖြစ်သူနှင့် အတူတကွ ပျော်ရွှင်နေသည်ဟူသော အကြောင်းအရာအား အိပ်မက်မက်နေစဉ်မှာပင် သူ၏နှုတ်ခမ်းလွှာမှာ ပြင်းပြစွာ နမ်းရှိုက်ခံနေရကြောင်း ခံစားမိလေတော့၏။ တဖြည်းဖြည်းနှင့် ၎င်းအနမ်းမှာ သူ၏အဆုတ်အတွင်းမှ အောက်စီဂျင်အား ပြတ်လပ်စေသည်အထိ အကြမ်းဆန်လာရသည်။ ထို့ကြောင့် ချန်းကျင်းသည် နောက်ဆုံး၌ သည်းမခံနိုင်တော့ပါဘဲ နှစ်ကြိမ်မျှ ရုန်းကန်လျက် နိုးထလာရလေသည်။
မျက်လုံးများဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်ကား လုထောင်၏ ခန့်ညားချောမောသော မျက်နှာပြင်ပင်။ သို့သော် ခင်ပွန်းဖြစ်သူ၏ မျက်နှာမှာ အနည်းငယ် မကျေမနပ်ဖြစ်နေဟန် ပေါက်နေ၍ တစ်နည်းတစ်ဖုံအားဖြင့်လည်း ရှက်ရွံ့ဟန် ပေါက်နေသေးပြန်၏။
ချန်းကျင်းက သူ၏မျက်နှာအမူအရာအား နားမလည်နိုင်စွာဖြင့် မေးလာမိသည်။
"ဒါလင် ဘာဖြစ်နေတာလဲ"
ထိုကဲ့သို့ အသံပြုလိုက်သောအခါမှသာ ချန်းကျင်းသည် မိမိ၏အသံက အနည်းငယ် ခြောက်ကပ်နေကြောင်း သတိထားမိသွားရ၏။
တစ်ဖက်မှ လုထောင်ကမူ ပို၍ မကျေမနပ်ဖြစ်လာရပြီပင်။ သူသည် ဘာစကားမျှမဆိုပါဘဲ မျက်မှောင်ကြုတ်ကာ ချန်းကျင်း၏ကိုယ်ထည်လေးအား ခပ်ဖွဖွ ပွေ့ဖက်လာခဲ့၏။ သူ၏လက်ချောင်းများကမူ အနောက်ဘက်မှ တင်ပါးအဝထံသို့ တဖြည်းဖြည်း တိုးဝင်လျက်။
ချန်းကျင်းက ရှက်သွေးဖြာနေသော မျက်နှာထားနှင့် သူ၏ရင်ဘတ်အား တွန်းလာကာ ငြင်းဆိုလေသည်။
"မနေ့ညကပဲ အကြာကြီး လုပ်ပြီးခဲ့တာကို.."
လုထောင်၏မျက်နှာမှာ တမဟုတ်ချင်းပင် ကွပ်ခနဲ ပျက်ယွင်းသွားရ၍ လေသံမှာလည်း အေးစက်စက်။
"မနေ့ညက ဘယ်နှကြိမ်လုပ်ဖြစ်ခဲ့တာလဲ"
"နှစ်ခါလေ ..မမှတ်မိတော့ဘူးလား"
ချန်းကျင်းက လွန်စွာမှ ရှက်ရွံ့သွားဟန်ဖြင့် ဆက်၍ စကားဆိုလာခဲ့လေ၏။
"ပြီးတော့ မနေ့ညက ခင်ဗျား အရမ်းကြမ်းခဲ့တာ။ အဲ့ဒါကြောင့် ဒီနေရာက နည်းနည်းလောက် ဖောင်းနေတုန်းပဲနဲ့ တူတယ်"
ထို့နောက် သူက ပြောရင်းဆိုရင်း ဝမ်းဗိုက်တစ်နေရာထံသို့ သူ၏လက်တစ်ဖက်ဖြင့် မသိစိတ်အလျောက် ဖုံးကွယ်လာမိပြန်သည်။ သို့သော် လုထောင်ကမူ ဖုံးကွယ်ခွင့်မပေးခဲ့ပါချေ။
သူက ချန်းကျင်း၏ကိုယ်ထက်မှ စောင်အား ဖယ်လိုက်ကာ ဖုံးကွယ်ထားသော ဝမ်းဗိုက်နေရာထက်သို့ အသေအချာ ကြည့်ရှုလာပေတော့၏။
"ကိုယ်ကြည့်ကြည့်ရအောင်"
မနေ့ညက ချန်းကျင်းသည် အိပ်ရာထက်၌ ဒူးထောက်လျက် အပေါက်ဝအား ကောင်းစွာမြင်နိုင်သည်အထိ တင်ပါးနှစ်ဖက်လုံးကို ခပ်မြင့်မြင့် မြှောက်သည့် အနေအထားမျိုးနှင့် ကြာမြင့်စွာ တောင့်ခံနေခဲ့ရခြင်း ဖြစ်သည်။ သူ၏တင်ပါးအဝလေးသည်ကား လှပ၍ ပန်းနုရောင်သန်းနေကာ ပတ်ပတ်လည်၌ သန့်ရှင်းပြီး မည်သည့်အမွှေးအမျှင်မှလည်း ရှိမနေခဲ့။ အတွင်းသားများမှာ အစဉ်အမြဲ တင်းကြပ်နေခဲ့ရသည့်တိုင် ယခုအချိန်၌မူ အနည်းငယ် ပျော့ပျောင်းကာ ဖူးယောင်နေလျက်။
၎င်းအထိအတွေ့အား ခံစားမိသည်နှင့်ပင် လုထောင်၏မျက်ဝန်းများမှာ တဖန်ပြန်၍ အေးစက်သွားရပြန်၏။ ထို့အပြင် သူ၏သူငယ်အိမ်များမှလည်း ကြောက်မက်ဖွယ် အလင်းတန်းတို့က အပြင်ဘက်သို့ ဖောက်ထွက်လာတော့မည့်အတိုင်းပါပင်။
ချန်းကျင်း : "ဖောင်းနေသေးလား"
"ဖောင်းနေတုန်းပဲ ထင်တယ်"
ပြန်ဖြေလာသော သူ၏အသံမှာ အနည်းငယ် မပြတ်မသား။
ထိုအခါ ချန်းကျင်းက ရှက်ရွံ့စွာဖြင့် ခပ်ဖွဖွ ဆိုလေ၏။
"ဒါဆိုလည်း ကျွန်တော့်ကို လွှတ်ပေးတော့။ အခုချက်ချင်းကြီး ထပ်လုပ်လို့ မဖြစ်သေးဘူး"
သို့နှင့် လုထောင်က သူ့အားပွေ့ဖက်ထားရာမှ လွှတ်ပေးပြီးနောက်တွင် ချန်းကျင်းသည် လဲလျောင်းနေရာမှ ထထိုင်လိုက်၍ ခင်ပွန်းဖြစ်သူ၏ နှုတ်ခမ်းလွှာထက်သို့ ခပ်ဖွဖွ အနမ်းခြွေလာခဲ့ပေ၏။
"တကယ်လို့ ဒါလင်က လိုချင်တယ်ဆိုရင် ညကျမှ ထပ်လုပ်မယ်လေ နော်?"
လုထောင်က သူ့အား စိုက်ကြည့်လာပြီးနောက် သူ၏ပါးပြင်ကို ထုံးစံအတိုင်း ဖျစ်ညှစ်လာခဲ့ကာ နူးညံ့စွာ ဆိုလေသည်။
"ကောင်းပါပြီ"
သို့နှင့် ထိုနေ့တွင်ပင် သူတို့နှစ်ယောက်သည် တစ်နေရာရာထံသို့ သီးသန့်သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့ကြ၏။ ရီကျောက်ကမ္ဘာထံသို့ ရောက်ရှိနေသည့် ဤရက်ပိုင်းအတွင်းတွင် ထိုလူသားနှစ်ယောက်မှာ ကောင်းကောင်း အလည်အပတ်မပြုရသေးသည် မဟုတ်ပါလား။ သူတို့အားဂိုက်လုပ်ပေးမည့်လူမှာ တက္ကစီသမားဦးလေးကြီး၏ ညီဖြစ်သူ ဖြစ်၍ သူသည်လည်း အစ်ကိုဖြစ်သူကဲ့သို့ တက္ကစီသမား တစ်ယောက်ဖြစ်၏။ မနေ့က သူ၏အစ်ကိုအား လုထောင်က ကယ်တင်ပေးခဲ့သောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် ဤနေ့တွင် သစ်သီးခြံတစ်ခြံသို့ အခမဲ့ လိုက်ပို့ပေးခြင်းပါပင်။
အဓိကရုဏ်းမှာ အချိန်ကာလအားဖြင့် တစ်ညမျှသာ ကြာမြင့်ခဲ့ရခြင်း ဖြစ်သည့်တိုင် လမ်းမများထက်၌ ရှင်းလင်းနေပြီဖြစ်၍ သွေးရောင်များကလည်း စွန်းထင်းမနေတော့ပါချေ။ ပြောင်းလဲသွားသည်မှာ ယခင်ကထက်ပို၍ လူသူအသွားအလာနည်းသွားခြင်းသာ ရှိလိမ့်လေမည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းပြောင်းလဲမှုမှာလည်း တစ်နည်းတစ်ဖုံအားဖြင့် ငြိမ်သက်အေးချမ်းသွားသကဲ့သို့ ခံစားရနေပြန်၏။
ချန်းကျင်းသည် တွေးတောရင်းနှင့်ပင် မနေ့ညက အဓိကရုဏ်းကိစ္စအား လုထောင်က မည်သို့မည်ပုံ ဖြေရှင်းခဲ့ပါကြောင်း သိချင်လာမိတော့သည်။ ထို့ကြောင့် သူက မနေနိုင်ပါဘဲ မေးလိုက်မိသောအခါ လုထောင်က "လျှို့ဝှက်ချက်" ဟူသော အဖြေတစ်ခုကိုသာ ပေးလာခဲ့ပေ၏။ ၎င်းမှာ စစ်တပ်၏ အတွင်းရေးကိစ္စများ ဖြစ်ဟန်တူသဖြင့် ချန်းကျင်းသည်လည်း ဆက်၍ မေးမြန်းမလာခဲ့တော့ပါချေ။
သို့နှင့် တစ်နေရာအရောက်တွင် စစ်တပ်တစ်တပ်က အဆောက်အဦးတစ်ခုအား ဖျက်ဆီးနေကြောင်း သူက မြင်လိုက်ရပြန်သည်။ ထို့ကြောင့် ချန်းကျင်းသည် အရှေ့ဘက်မှ တက္ကစီသမား လူငယ်အား မေးမြန်းမိလေတော့၏။
"ဪ အဲ့ဒါ ဘုရားကျောင်းလေ"
ချန်းကျင်းကမူ အနည်းငယ် ဇဝေဇဝါဖြစ်လျက်။
"အာ ဒီလိုမျိုး ဘုရားကျောင်းတွေကို အကြမ်းဖက်ဖျက်ဆီးတာကျတော့ရော နောက်ထပ် အဓိကရုဏ်းတွေ ထပ်ဖြစ်မလာနိုင်ဘူးလား"
တက္ကစီသမား လူငယ်လေးက ခေါင်းယမ်းပြရင်း ဆိုသည်။
"ကျွန်တော်လည်း မပြောတတ်ပါဘူး။ ဒါပေမဲ့ ထပ်ပြီး အဓိကရုဏ်းတွေဖြစ်လာရင်တောင် ပျက်စီးမှုတွေ ဖြစ်လာတော့မယ် မထင်ဘူး။ ဘာလို့ဆို ဒီတစ်ခေါက် အင်ပါယာကမ္ဘာက စစ်တပ်ကပါ တိုက်ရိုက် ကိုင်တွယ်လာတာမို့လို့လေ။ ကြည့်ရတာ အစိုးရအသစ်လည်း မကြာမီ ပြန်တက်လာတော့မယ် ထင်ပါရဲ့..။ ဘာသာရေးခေါင်းဆောင်တွေလည်း နတ်ဘုရားတွေကို အကြောင်းပြပြီး လူတွေကို လှည့်စားလို့ မရလောက်တော့ဘူး။ နောက်ပြီး ဒီလို အရှေ့နဲ့အနောက် ပါတီနှစ်ခုကွဲပြီး မသင့်မမြတ်ဖြစ်သွားရတာက မသမာသူတစ်စုက အဲ့ဒီတုန်းက အာဏာရနေတဲ့ ပါတီဘက်က ခေါင်းဆောင်ကို လုပ်ကြံလို့လည်း ပြောနေကြပြန်ရောလေ။ ဟူး ရှုပ်နေတာပဲ။ ကဲပါ ဘာပဲပြောပြော နောက်ဆုံးတော့ ဒီရီကျောက်ကမ္ဘာက ပြောင်းလဲသွားတော့မှာ..ကောင်းလား ဆိုလား မပြောတတ်ပေမဲ့ ဖြစ်သမျှ အကြောင်းအကောင်းဆိုပြီး လက်ခံရတော့မှာပါပဲ"
၎င်းတက္ကစီသမားသည်ကား အတော်လေး ငယ်ရွယ်ပုံပေါက်၍ သူ၏အသက်မှာ နှစ်ဆယ်စွန်းစွန်းလောက်သာ ရှိလိမ့်ဦးလေမည်။ သို့သော် သူသည်ကား မိမိ၏ကိုကြီးထက်ပင် ပို၍ အသိအမြင် ကျယ်ပြန့်၍ လူကြီးဆန်သေးသည်ဟု ချန်းကျင်းမှာ တိတ်တဆိတ် မှတ်ချက်ပြုမိတော့၏။
ခဏမျှကြာပြီးနောက်တွင် ချန်းကျင်းက ဆက်မေးလာခဲ့သည်။
"မင်းကိုကြည့်ရတာ နတ်ဘုရားတွေ ပျက်သုဉ်းတာနဲ့ ပတ်သက်ပြီး အရမ်းစိတ်ထဲမထားတဲ့ ပုံပဲနော်"
ထိုလူငယ်လေးက သွားဖြူဖြူများပေါ်လာသည်အထိ သဘောကျစွာရယ်မောလျက်။
"ဒါပေါ့။ ကျွန်တော်က ဘာသာရေးကို မယုံကြည်ဘူးလေ သိပ္ပံနည်းပညာကိုပဲ ယုံကြည်တာ"
ချန်းကျင်းကမူ အနည်းငယ် ဇဝေဇဝါဖြစ်သွားရ၏။
"ရီကျောက်ကမ္ဘာက လူတွေအားလုံးက ဘာသာရေး ယုံကြည်ကြတယ် မဟုတ်ဘူးလား"
"ဒါက ဒီတိုင်း ငြင်းဆန်လို့မရတဲ့ ဓလေ့ထုံးတမ်းတစ်ခုခု သာသာပါလေ။ တဖြည်းဖြည်းနဲ့ အသက်အရွယ်ရလာတော့ ကျွန်တော်တို့လည်း ကိုယ့်ခံယူချက်နဲ့ကိုယ် ဆုံးဖြတ်လာနိုင်ခဲ့ပြီ။ အစွန်းရောက်တဲ့ ဘာသာရေးတွေလည်း အကြွင်းမဲ့ ယုံမနေတော့ဘူး။ တကယ်တော့ ကျွန်တော့်လိုလူစားမျိုးတွေလည်း အများကြီးကျန်ပါသေးတယ်။ အင်း ရီကျောက်ကမ္ဘာရဲ့ လူဦးရေပမာဏနဲ့ ပြောရရင် ၃၀ ရာခိုင်နှုန်း လောက်ပေါ့"
ထိုလူငယ်ကောင်လေးက ပြုံးရွှင်စွာဖြင့် စကားဆက်ဆိုလာပြန်၏။
"ကျွန်တော့်ရဲ့အိပ်မက်က ငွေအလုံအလောက်စုပြီး တခြားကမ္ဘာတစ်ခုကို ခရီးထွက်ဖို့လေ။ အထူးသဖြင့် အင်ပါယာကမ္ဘာကိုပေါ့။ ဒါပေမဲ့ အင်ပါယာကမ္ဘာရဲ့ စီမံအုပ်ချုပ်မှုက အရမ်းကြပ်တယ်လို့ ကြားတယ်။ အဲ့ဒီကမ္ဘာကို ဝင်ခွင့်ရတဲ့လူတွေက ပညာတစ်ခုခုမှာ တစ်ဖတ်ကမ်းခတ် အရည်အချင်းရှိရင်ရှိ မဟုတ်ရင်လည်း ကျိကျိတက် ချမ်းသာနေမှဆိုပဲ။ နောက်ပြီး တည်ထောင်သူမျိုးနွယ်ဝင်တွေနဲ့ အမျိုးစပ်ရင်လည်း နေထိုင်ခွင့်ရှိတယ်လို့တော့ ကြားမိသေးတယ်။ ဘာပဲပြောပြောပါလေ ကျွန်တော်က အဲ့ဒီအချက်တွေနဲ့ တစ်ခုမှ ကိုက်ညီမနေခဲ့တာ။ တည်ထောင်သူမျိုးနွယ်ဝင်ဆိုတာလည်း အမျိုးစပ်ဖို့နေနေသာသာ တစ်ခါမှတောင် မတွေ့ဖူးဘူး။ ဒီတစ်သက်တော့ ကျွန်တော့်ရဲ့အိပ်မက်က ပြည့်တော့မယ် မထင်ပါဘူးဗျာ"
ချန်းကျင်းမှာ ၎င်းနောက်ဆုံးစကားအား ကြားကြားချင်း လွန်စွာမှ စိတ်မကောင်းဖြစ်သွားရလေတော့၏။
ထိုအချိန်တွင် လုထောင်က ရုတ်တရက် စကားဆိုလာလေသည်။
"အဲ့ဒီလို မဟုတ်ပါဘူး"
ချန်းကျင်းနှင့် တက္ကစီသမား လူငယ်လေးမှာ သူ၏စကားကြောင့် ခေတ္တခဏ ကြောင်သွားမိလျက်။ တက္ကစီသမားလူငယ်လေးက အံ့အားသင့်သွားဟန်ဖြင့် ဝမ်းသာအားရ အမေးစကားပြုလာ၏။
"အစ်ကိုက..ကျွန်တော့်မှာ တခြားအခွင့်အရေး ရှိသေးတယ်လို့ ပြောချင်တာလား"
"ဖြစ်နိုင်ပါတယ်"
လုထောင်က ထိုကဲ့သို့ ခပ်တိုတိုသာ အဖြေပြန်ပြု၍ တစ်ဖက်သို့ ငေးကြည့်နေပေ၏။ ထို့နောက် သူသည် ဘာဆိုဘာမျှ ထပ်ပြောမလာခဲ့တော့။
သို့သော် တစ်ဖက်မှ တက္ကစီသမား လူငယ်လေးကမူ အလွန်မှ ပျော်ရွှင်သွားရသည်ပင်။
"အစ်ကိုက ကျွန်တော့်ကို နှစ်သိမ့်တဲ့သဘောမျိုးနဲ့ ပြောတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူးလေ။ ကျွန်တော်က ကျေးဇူးတင်ပါတယ်။ အာ..သစ်သီးခြံက ခဏနေဆို ရောက်တော့မှာ။ အဲ့ဒါက ကျွန်တော့်ဦးလေး ပိုင်တာလေ။ သူက ဒီမြို့မှာ နာမည်အကြီးဆုံး လယ်သမားပဲဗျ။ ခြံထဲမှာ သီးပင်စားပင်တွေ အများကြီးစိုက်ထားတယ် ဒီအချိန်လောက်ဆို တချို့အပင်တွေ မှည့်နေလောက်ပြီ။ မှည့်တဲ့အခါ အပင်ကနေ တန်းဆွတ်ပြီး စားလိုက်ရုံပဲ ..အစ်ကိုတို့ ကြိုက်သလောက်စား ဘာမှမဖြစ်ဘူး။ ပြန်တဲ့အခါ ယူသွားလို့တောင် ရသေးတယ်"
သို့နှင့် သစ်သီးခြံသို့ ရောက်လာသောအခါ ထိုခြံပိုင်ရှင် လယ်သမားကြီးက သူတို့နှစ်ယောက်လုံးအား နွေးထွေးစွာ ကြိုဆိုလေ၏။ လယ်သမားဦးလေးကြီးနှင့် သူ၏တူဖြစ်သူ တက္ကစီသမား လူငယ်လေးတို့ကမူ လုထောင်၏ ရာထူးဂုဏ်ပုဒ်အား မသိခဲ့ပါပေ။ သို့သော် လုထောင်က သူ၏တူဖြစ်သူ တက္ကစီသမားဦးလေးကြီးအား မနေ့ညက ကယ်ဆယ်ပေးထားသောကြောင့် လယ်သမားကြီးမှာ လွန်စွာမှ ကျေးဇူးတင်လျက် ရှိနေသည်ပင်။
အင်ပါယာကမ္ဘာတွင်လည်း အသီးအနှံများ စိုက်ပျိုးလို့ရသည့်တိုင် ၎င်းအမျိုးအစားများမှာ သာမန်ဖြစ်ကာ ထုတ်ကုန်များမှာလည်း သာမန်မျှသာ ဖြစ်ရ၏။ သို့သော် ဤကမ္ဘာမှ အသီးအနှံများကမူ အင်ပါယာကမ္ဘာမှ အသီးအနှံများနှင့် မတူပါဘဲ ချိုမြိန်ကာ လတ်ဆတ်ရလေသည်။
ချန်းကျင်းကမူ ပျားစပျစ်ပင်များကြောင့် လွန်စွာမှ ပျော်ရွှင်နေလျက်။ သူသည် သစ်သီးခြံအတွင်းသို့ လျှောက်ပတ်သွား၍ အရင်ကတစ်ခါမှ မမြင်ဖူးပါသော သစ်သီးများကိုလည်း မြည်းစမ်းကြည့်နေတော့၏။
သို့နှင့် သူက တစ်နာရီမျှ ကြာသည်အထိ သစ်သီးပေါင်းစုံအား အဆက်မပြတ် စားသုံးနေလေရာ နောက်ဆုံး လုထောင်က သူ့အား တားမြစ်လာရတော့သည်ပင်။
"အရမ်းမစားနဲ့လေ။ အတိုင်းအတာနဲ့ စားမှပေါ့။ ဝမ်းလျှောဦးမယ်"
ချန်းကျင်းမှာ တမဟုတ်ချင်းပင် လုထောင်၏ စကားအား နားထောင်ကာ ထပ်၍လည်း စားသုံးခြင်း မရှိတော့ပါပေ။ ထိုအစား သူသည် ရင့်မှည့်နေသော သစ်သီးများကိုသာ ပျော်ရွှင်စွာ ခူးဆွတ်လာတော့၏။ ထို့နောက် သူသည် လယ်သမားဦးလေးကြီးကိုလည်း အလုပ်များစွာ ကူလုပ်ပေးခဲ့၍ ဝိုင်စည်တစ်ခုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးခဲ့သည်ပင်။
သို့နှင့် နောက်ဆုံး ပြန်ခါနီးအချိန်တွင် လယ်သမားဦးလေးကြီးသည် သူတို့အား သစ်သီးများစွာနှင့် ဝိုင်ဘူးတစ်ဘူးအား ပေးလာခဲ့ပေ၏။ ထို့နောက် တက္ကစီသမား လူငယ်လေးက သူတို့အား ဟိုတယ်ဆီသို့ ပြန်လည် လိုက်ပို့ပေးခဲ့လေသည်။ ဟိုတယ်သို့ရောက်၍ ကားရပ်နားချိန်တွင် တစ်ဖက်မှ လူငယ်လေးက လက်ဆောင်ပစ္စည်းများအား ကူချပေးလာ၏။ ထိုအချိန်တွင် ချန်းကျင်းသည် မိမိ၏ခင်ပွန်းဖြစ်သူက ကားအတွင်းရှိ အံဆွဲတစ်ခုထဲသို့ ပစ္စည်းအချို့ကို တိတ်တိတ်လေး ထည့်ပေးနေကြောင်း မြင်လိုက်ရလေတော့သည်။
သို့သော် သူသည် ဘာဆိုဘာမျှ မေးမလာခဲ့ပါဘဲ ထိုအစား အခန်းအတွင်းသို့ ရောက်သောအခါမှသာ လုထောင်အား မေးလာလေ၏။
လုထောင်က သူ၏ပါးပြင်အား ခပ်ဖွဖွ ဖျစ်ညှစ်ကာ ပြုံးလျက်ဆိုသည်။
"ငွေပေါ့ ဘေဘီရဲ့။ တခြား ဘာဖြစ်ရဦးမှာလဲ"
"ဪ ..ငွေကိုး။ ဒီပစ္စည်းတွေအတွက် အဖိုးအခပေးသင့်တယ်ဆိုတာကို ကျွန်တော် မေ့သွားတယ်။ သူတို့က ဘယ်လောက်ပဲ အလကားပေးပေး ကျွန်တော်တို့ယူလာတာက အများကြီးပဲဆိုတော့ ပြန်ပေးသင့်တာပေါ့နော်"
"အင်း။ ကိုယ့်မှာ ကျန်တဲ့ ဘဏ်စာအုပ်တွေကိုလည်း ဒီမှာပဲ ထားခဲ့လိုက်တော့မယ်"
ချန်းကျင်းက လုထောင်၏လက်တစ်ဖက်အား သူ၏ပါးပြင်ထက်သို့ ထိကပ်လာစေကာ ဖွဖွလေး ဆိုသည်။
"မနက်ဖြန် ပြန်မှာလား"
"အင်း"
"ဒီမှာအကြာကြီးနေခဲ့တာပဲကို သိပ်ပြီး မနေလိုက်ရသလို ခံစားနေရတယ်"
ချန်းကျင်းမှာ အနည်းငယ် နှမြောတသဖြစ်လျက်။ သို့သော် ချက်ချင်းပင် သူသည် တစ်ခုခုအား သွားတွေးမိ၍ ရုတ်တရက် ပျော်ရွှင်သွားရပြန်၏။
"ကိစ္စမရှိပါဘူးလေ အဲ့ဒါလည်း တစ်မျိုးကောင်းတာပါပဲ။ ဒီကပြန်ပြီး နောက်တစ်ခေါက်ကျရင် တခြားကမ္ဘာတစ်ခုဆီကို ထပ်ပြီး အလည်သွားကြတာပေါ့။ တကယ်တော့လေ အရင်က ကျွန်တော်က အင်ပါယာကမ္ဘာကနေ ထွက်ရမှာကို အရမ်းကြောက်နေခဲ့ရတာ။ ဘာလို့ဆို အပြင်လောကမှာ မကောင်းတဲ့လူတွေရှိတယ်လို့ ပြောကြလို့လေ။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့ဒီလို မဟုတ်ပါဘူး။ တခြားနေရာတွေလည်း လှပပြီး တစ်မျိုး ပျော်ဖို့်ကောင်းတာပဲ"
ချန်းကျင်းသည်ကား သူပြောချင်ရာ တတွတ်တွတ် ပြောနေခြင်းဖြစ်သောကြောင့် တစ်ဖက်မှ ခင်ပွန်းဖြစ်သူ၏ စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများကို မမြင်နိုင်ခဲ့ပါချေ။ သူက ကြမ်းပြင်ထက်တွင် ပြန့်ကျဲနေသော လက်ဆောင်ပစ္စည်းများအား ကြည့်ရင်း စိတ်ပူစွာဖြင့် မေးလာသည်။
"ဒီဟာတွေကို ဘယ်လိုလုပ်မလဲ။ ဒါတွေအားလုံးကိုလည်း ယူသွားမှာလား ကားက ဆန့်ပါ့မလား ဒါလင်"
"ဆန့်ပါတယ်"
~~~~~
နောက်ဆုံး အပြန်ခရီးသည်ကား မူလအလာခရီးနှင့် ကြာချိန်တူကြောင်း သိသည့်တိုင် ချန်းကျင်းကမူ အပြန်ခရီးက ပို၍ မြန်နေသည်ဟု ခံစားမိလေတော့၏။ သူတို့၏ကားသည် ခရီးအလယ်၌ တခြားကမ္ဘာများစွာတွင် ပုံမှန်အတိုင်း ရပ်နားခဲ့ပေသည်။ သို့သော် သူတို့သည် အပြင်ဘက်ကိုမူ မဆင်းဖြစ်ခဲ့ပါပေ။ ထိုအစား ချန်းကျင်းသည် ပြတင်းပေါက်မှတစ်ဆင့်သာ အပြင်ဘက် ရှုခင်းများကို ကြည့်လာခဲ့လေ၏။
သို့နှင့် အင်ပါယာကမ္ဘာသို့ ဝင်ရောက်ခါစတွင် လုထောင်သည် ဖေလီ့ထံမှ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိလာရသည်။
လုထောင်သည် မိမိ၏ဘေး၌ထိုင်နေသော ချန်းကျင်းအား တစ်ချက်မျှ စောင်းကြည့်လိုက်၍ သီးသန့် mode အားပြောင်းကာ ဖုန်းလက်ခံဖြေခဲ့လေ၏။ ထို့နောက် ဖေလီက အကြောင်းစုံအား တင်ပြပြီးသွားသောအခါ သူသည် "အင်း" ဟူသော အသံခပ်တိမ်တိမ်ကိုသာ အဖြေပြုလျက် ဖုန်းချလိုက်သည်ပင်။
"ဘာဖြစ်လို့လဲ။ ဌာနချုပ်မှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့လား"
ချန်းကျင်းက ခင်ပွန်းဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲအား အသေအချာကြည့်ရှုလာ၍ စိုးရိမ်တကြီး မေးလာခဲ့၏။
"ဒါလင် မဟုတ်မှလွဲရော ရီကျောက်ကမ္ဘာက ကိစ္စတုန်းက စစ်ဥပဒေနဲ့ မလွတ်တဲ့လုပ်ရပ်တစ်ခုခုများ လုပ်ခဲ့မိလို့လားဟင်?"
"အဲ့ဒီလို မဟုတ်ပါဘူး"
လုထောင်ကမူ တည်ငြိမ်လျက်။
"ဒီတိုင်း ကိုယ်သွားကြည့်ဖို လိုအပ်တဲ့ကိစ္စလေး ရှိရုံပါပဲ။ ကိုယ်မင်းကို အရင်ပြန်ပို့ပေးခဲ့မယ် ဟုတ်ပြီလား"
သို့ဖြစ်၍ ချန်းကျင်းသည် ဆက်၌ မေးခွန်းမေးမလာတော့ပါချေ။ အမှန်အားဖြင့်ဆိုရလျှင် သူသည် ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးနှင့် ယခင်ကတည်းက နေသားကျပြီးသားပင်။ စစ်တပ်ဥပဒေများသည်ကား တင်းကြပ်လွန်း၍ လျှို့ဝှက်ချက်လည်း များစွာ ရှိသည်ဖြစ်လေရာ သူ့အနေနှင့် အရမ်းမစပ်စုသင့်သည် မဟုတ်ပါလား။
ထုပ်ပိုးခြင်းစနစ်က လွန်စွာမှ ကောင်းမွန်လှပါသဖြင့် ခရီးလမ်းရှည်ကြာခဲ့သည့်တိုင် သစ်သီးသစ်ဖုများမှာ ပုံပျက်ယိုယွင်းခြင်း မရှိခဲ့ပါပေ။ ချန်းကျင်းသည် အိမ်ပြန်ရောက်ရောက်ချင်း ၎င်းအသီးများအား အသေအချာ ခွဲထုတ်လိုက်ကာ မိတ်ဆွေများကို လက်ဆောင်ပေးရန် အသီးသီး ပြင်ဆင်လေတော့၏။ သို့သော် လုထောင်ကမူ အဝတ်အစားများ လဲလှယ်၍ ၎င်းနောက် သူ့အားနှုတ်ဆက်ရင်း ထွက်ခွာရန် ချက်ချင်းပြင်နေပေပြီ။
ဖေလီသည်ကား သူတို့၏အိမ်အရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်ကာ တံခါးဝ၌ အာကာသယာဉ်တစ်စင်းနှင့် စောင့်ကြိုနေလျက် ရှိ၏။ ထို့နောက် သူသည် လုထောင်အား ဒေါက်တာထျန် စောင့်ဆိုင်းနေသည့် စစ်တပ်ဆေးရုံထံသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွား ပေးခဲ့လေတော့သည်။
လုထောင်က ဒေါက်တာထျန်အား နှုတ်ဆက်ကာ အမေးဆို၏။
"ကျွန်တော့်ကို ဒီလောက် ရေးကြီးသုတ်ပြာ ခေါ်ရတာ ဘာထူးထူးခြားခြား ကိစ္စများ ရှိလို့ပါလဲ"
ဒေါက်တာထျန်သည် အချိန်နှင့်အမျှ ပြောင်းလဲနေပါသည့် screen ထက်မှ ဒေတာများအား ကြည့်နေရင်းကပင် အဖြေပြုလေ၏။
"ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဗိုလ်ချုပ်ရဲ့ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်တာကို သတိထားမိခဲ့တယ်။ အဲ့ဒီနေ့က တစ်ခုခုများ ဖြစ်ခဲ့သေးသလား"
ထို့နောက် သူက လုထောင်ဘက်သို့ လှည့်ကာ ကြည့်လာခဲ့ပေ၏။ သူ၏မျက်ဝန်းများကမူ စူးရှလျက်။
"ကျွန်တော်ကတော့ အဲ့ဒီမူမမှန်မှုက ပြန်ကောင်းတဲ့ လက္ခဏာလို့ ထင်နေမိတယ်"
အမှန်မှာမူ လုထောင်၏ ဦးနှောက်အတွင်း၌ လက်တွေ့စမ်းသပ်မှုနှင့် ပတ်သက်၍ သူကိုယ်တိုင် ထည့်သွင်းပေးခဲ့ပါသည့် ကိရိယာတစ်ခုက ရှိနေခြင်းပါပင်။
၎င်းကိရိယာလေးမှာ သီးသန့်ဆက်သွယ်နိုင်စွမ်းလည်း ရှိသေးသဖြင့် လုထောင်၏ ဦးနှောက်အတွင်းမှ ပြောင်းလဲမှုပေါင်းစုံမှာ ဒေါက်တာထျန်၏ screen ထက်၌ အထင်းသား ပေါ်လွင်နေလျက်။
လုထောင်က လက်သီးဆုပ်လိုက်ရင်း တည်ငြိမ်စွာဆိုသည်။
"စစ်သားတစ်ယောက်အနေနဲ့ ကျွန်တော် ကျိန်ဆိုပြီး ပြောရဲပါတယ်။ ကျန်းမာရေးလက္ခဏာနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး"
"ကျွန်တော်လည်း ဗိုလ်ချုပ်ကို ယုံကြည်ပြီးသားပါ။ ဘာပဲပြောပြော စရိုက်နှစ်ခုလုံးက လူတစ်ယောက်တည်းပဲလေ..အချင်းချင်းကြားမှာ အဆင်မပြေဖြစ်စရာ အကြောင်းမှ မရှိဘဲ"
ဒေါက်တာထျန်၏ စကားလုံးများက နှစ်သိမ့်ဟန်ပေါက်နေသည့်တိုင် ဖေလီကမူ အနည်းငယ် ထိတ်လန့်သွားလျက်။ သို့သော် သူသည် ချက်ချင်းပင် ပုံမှန်အခြေအနေ ပြန်ရောက်အောင် ထိန်းချုပ်လိုက်ကာ ထုံးစံအတိုင်း တည်ငြိမ်စွာဖြင့် ထောက်ခံစကားဆိုလာလေ၏။
"ကျွန်တော်လည်း အဲ့ဒီလိုပဲထင်ပါတယ်"
လုထောင်ကမူ ထောက်ခံခြင်းမရှိခဲ့ပါပေ။ သူက ထိုင်ခုံတစ်ခုထံသို့ ဝင်ထိုင်လိုက်၍ ခါးသက်သက် အပြုံးတစ်ပွင့်အား ဖော်ပြကာ စကားဆိုလာသည်။
"ဘယ်သူမဆို ကောင်းကောင်း ရှင်သန်ချင်ကြတာချည်းပါပဲ"
ထိုအခါ ဒေါက်တာထျန်သည်လည်း သူ့နည်းတူ ဝင်ထိုင်လာကာ စကားဆိုလေတော့၏။ သူ၏မျက်နှာထားကမူ ယခင်ကလောက် အလေးအနက်ဖြစ်မနေခဲ့တော့။
"မူလလူပဲဖြစ်ဖြစ် လက်ရှိလူပဲဖြစ်ဖြစ် အဲ့ဒါက အရေးမကြီးပါဘူး။ တစ်ယောက်တည်းပဲမဟုတ်လား ဗိုလ်ချုပ်က အနာဂတ်မှာ ကောင်းကောင်းရှင်သန်သွားဦးမှာပါ"
"ဘာပဲပြောပြော လူသားတွေ ရှင်သန်နေတယ်ဆိုတာ ခန္ဓာကိုယ် အသွေးအသားနဲ့တင်မှ မဟုတ်တာ။ စိတ်ခံစားချက်ကလည်း အဓိကကျသေးတယ်လေ"
ထို့နောက် လုထောင်က မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လာပြန်၏။
"သူက ကျွန်တော့်ထက် တစ်ပန်းသာတယ်ဆိုတာကို လက်မခံနိုင်သေးသရွေ့.."
ဒေါက်တာထျန်ကမူ ဗိုလ်ချုပ်ဖြစ်သူအား ဖြောင်းဖြရန်ကို လက်လျှော့လိုက်ဟန် တူ၏။ သူသည် ၎င်းအကြောင်းအား ဆက်၍မဆွေးနွေးတော့ပါဘဲ မူလအကြောင်းကိုသာ ပြန်ပြောင်းမေးလာခဲ့သည်။
"ကောင်းပါပြီ။ အရင်ဆုံး ကျွန်တော့်ကို အကြောင်းစုံ ရှင်းပြပေးပါဦး"
"လွန်ခဲ့တဲ့ နှစ်ရက်က သူတကယ်ပဲ ပြန်ပေါ်လာခဲ့တယ်"
လုထောင်က မည်သူမည်ဝါ ဟုအတိအကျ နာမည်တပ်မပြောခဲ့သည့်တိုင် ဖေလီနှင့် ဒေါက်တာထျန် နှစ်ယောက်လုံးသည် ထိုလူက မည်သူမှန်း ကောင်းစွာသိသည်ပင်။
"ဘယ်အချိန်မှာလဲ"
လုထောင်က သက်ပြင်းအရှည်ကြီးတစ်ချက်အား ချလာ၍ ဆိုလာခဲ့၏။
"ကျွန်တော် ရူးမတတ် ကြောက်လန့်သွားမိတဲ့ အချိန်မှာ.."
မိမိ၏ဇနီးဖြစ်သူမှာ တစ်ဖက်မှ ဓားသွား၏အောက်၌ ဇီဝန်ခြွေခံရတော့မည် ဟူသော မြင်ကွင်းက သူ၏နှလုံးသားတစ်ခုလုံးအား ကြေမွပျက်စီးသွားစေသကဲ့သို့ပင်။ ထို့အပြင် မိမိတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ဝေးလံနေ၍ တစ်ဖက်လူအား အချိန်မီကယ်တင်နိုင်စွမ်းလည်း သူ့ထံတွင် ရှိမနေခဲ့။
ထိုအချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက်လူက ၎င်းခန္ဓာကိုယ်အား ပြန်လည်ပိုင်ဆိုင်သွားခဲ့ကာ ချန်းကျင်းဆီသို့ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် 0.01 စက္ကန့်အတွင်း အရောက်သွားနိုင်ခဲ့၍ အသက်အန္တရာယ်ဘေးမှ အချိန်မီ ကယ်တင်ပေးလိုက်ခြင်းပါပင်။
သူသည်ကား တစ်လျှောက်လုံး ရှည်လျားသည့် ညတာကာလကို ဖြတ်သန်းခဲ့ရသည့် ခံစားချက်မျိုးနှင့် နိုးထလာခဲ့ရခြင်း ဖြစ်၏။ ထို့နောက် နိုးနိုးချင်း သူပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းသည်ကား မိမိ၏ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေပါသော ဇနီးဖြစ်သူလေးပင်။
ချန်းကျင်းက ဘာမျှမထိခိုက်ပါဘဲ သက်ရှိထင်ရှားရှိနေကြောင်း မြင်ရသောအခါ သူသည် စိတ်သက်သာရာရသွားမိ၍ နောက်ဆုံးဖြစ်တည်ခဲ့ပါသော ထိတ်လန့်မှုများနှင့် စိုးရိမ်မှုများမှာလည်း တစ်ဆက်တည်း ပျောက်ဆုံးသွားရသည်။ သို့သော် တမဟုတ်ချင်းပင် ဇနီးဖြစ်သူ၏ ကိုယ်ထည်ထက်မှ သဲလွန်စများကြောင့် သူ၏နှလုံးသားအတွင်း၌ သဝန်တိုစိတ်များက နေရာယူသွားရပြန်တော့၏။ ထို့နောက် တဖြည်းဖြည်းနှင့် ၎င်းသဝန်တိုမှုများမှသည် အားငယ်စိတ်နှင့် ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
သူသည်ကား မူလလူထက် တစ်ပန်းရှုံးနေခဲ့ရသည် မဟုတ်ပါလား။
Zawgyi
စိတ္ပ်က္အားငယ္ေနပါေသာ အၾကင္သူ႔ထံတြင္
ခ်ဥ္စုပ္စုပ္ အေငြ႔အသက္မ်ားကလည္း တစ္စြန္းတစ္စ~
ေနာက္ဆံုး၌မူ ခ်န္းက်င္းသည္ အိပ္ရာကုတင္ထက္၌ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားရ၏။ မေန႔ညက သူ၏ကိုယ္ထည္ေလးမွာ ခင္ပြန္းျဖစ္သူထံမွ ႏွစ္ႀကိမ္တိတိဆက္တိုက္ အ႐ိုင္းဆန္စြာ အႏိုင္က်င့္ခံခဲ့ရေသာေၾကာင့္ ေျခေခ်ာင္းႏွစ္ဖက္လံုးမွာလည္း ေပ်ာ့ေခြလ်က္။ သို႔ျဖစ္၍ သူသည္ မိန္းေမာကာ မည္ကဲ့သို႔ အိပ္ေပ်ာ္သြားေၾကာင္းကိုလည္း ေကာင္းစြာ မမွတ္မိႏိုင္ေတာ့ပါေပ။
၎ေနာက္ ခင္ပြန္းျဖစ္သူႏွင့္ အတူတကြ ေပ်ာ္ရႊင္ေနသည္ဟူေသာ အေၾကာင္းအရာအား အိပ္မက္မက္ေနစဥ္မွာပင္ သူ၏ႏႈတ္ခမ္းလႊာမွာ ျပင္းျပစြာ နမ္း႐ိႈက္ခံေနရေၾကာင္း ခံစားမိေလေတာ့၏။ တျဖည္းျဖည္းႏွင့္ ၎အနမ္းမွာ သူ၏အဆုတ္အတြင္းမွ ေအာက္စီဂ်င္အား ျပတ္လပ္ေစသည္အထိ အၾကမ္းဆန္လာရသည္။ ထို႔ေၾကာင့္ ခ်န္းက်င္းသည္ ေနာက္ဆံုး၌ သည္းမခံႏိုင္ေတာ့ပါဘဲ ႏွစ္ႀကိမ္မွ် ႐ုန္းကန္လ်က္ ႏိုးထလာရေလသည္။
မ်က္လံုးမ်ားဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရသည္ကား လုေထာင္၏ ခန္႔ညားေခ်ာေမာေသာ မ်က္ႏွာျပင္ပင္။ သို႔ေသာ္ ခင္ပြန္းျဖစ္သူ၏ မ်က္ႏွာမွာ အနည္းငယ္ မေက်မနပ္ျဖစ္ေနဟန္ ေပါက္ေန၍ တစ္နည္းတစ္ဖံုအားျဖင့္လည္း ႐ွက္ရြံ႔ဟန္ ေပါက္ေနေသးျပန္၏။
ခ်န္းက်င္းက သူ၏မ်က္ႏွာအမူအရာအား နားမလည္ႏိုင္စြာျဖင့္ ေမးလာမိသည္။
"ဒါလင္ ဘာျဖစ္ေနတာလဲ"
ထိုကဲ့သို႔ အသံျပဳလိုက္ေသာအခါမွသာ ခ်န္းက်င္းသည္ မိမိ၏အသံက အနည္းငယ္ ေျခာက္ကပ္ေနေၾကာင္း သတိထားမိသြားရ၏။
တစ္ဖက္မွ လုေထာင္ကမူ ပို၍ မေက်မနပ္ျဖစ္လာရၿပီပင္။ သူသည္ ဘာစကားမွ်မဆိုပါဘဲ မ်က္ေမွာင္ၾကဳတ္ကာ ခ်န္းက်င္း၏ကိုယ္ထည္ေလးအား ခပ္ဖြဖြ ေပြ႔ဖက္လာခဲ့၏။ သူ၏လက္ေခ်ာင္းမ်ားကမူ အေနာက္ဘက္မွ တင္ပါးအဝထံသို႔ တျဖည္းျဖည္း တိုးဝင္လ်က္။
ခ်န္းက်င္းက ႐ွက္ေသြးျဖာေနေသာ မ်က္ႏွာထားႏွင့္ သူ၏ရင္ဘတ္အား တြန္းလာကာ ျငင္းဆိုေလသည္။
"မေန႔ညကပဲ အၾကာႀကီး လုပ္ၿပီးခဲ့တာကို.."
လုေထာင္၏မ်က္ႏွာမွာ တမဟုတ္ခ်င္းပင္ ကြပ္ခနဲ ပ်က္ယြင္းသြားရ၍ ေလသံမွာလည္း ေအးစက္စက္။
"မေန႔ညက ဘယ္ႏွႀကိမ္လုပ္ျဖစ္ခဲ့တာလဲ"
"ႏွစ္ခါေလ ..မမွတ္မိေတာ့ဘူးလား"
ခ်န္းက်င္းက လြန္စြာမွ ႐ွက္ရြံ႔သြားဟန္ျဖင့္ ဆက္၍ စကားဆိုလာခဲ့ေလ၏။
"ၿပီးေတာ့ မေန႔ညက ခင္ဗ်ား အရမ္းၾကမ္းခဲ့တာ။ အဲ့ဒါေၾကာင့္ ဒီေနရာက နည္းနည္းေလာက္ ေဖာင္းေနတုန္းပဲနဲ႔ တူတယ္"
ထို႔ေနာက္ သူက ေျပာရင္းဆိုရင္း ဝမ္းဗိုက္တစ္ေနရာထံသို႔ သူ၏လက္တစ္ဖက္ျဖင့္ မသိစိတ္အေလ်ာက္ ဖံုးကြယ္လာမိျပန္သည္။ သို႔ေသာ္ လုေထာင္ကမူ ဖံုးကြယ္ခြင့္မေပးခဲ့ပါေခ်။
သူက ခ်န္းက်င္း၏ကိုယ္ထက္မွ ေစာင္အား ဖယ္လိုက္ကာ ဖံုးကြယ္ထားေသာ ဝမ္းဗိုက္ေနရာထက္သို႔ အေသအခ်ာ ၾကည့္႐ႈလာေပေတာ့၏။
"ကိုယ္ၾကည့္ၾကည့္ရေအာင္"
မေန႔ညက ခ်န္းက်င္းသည္ အိပ္ရာထက္၌ ဒူးေထာက္လ်က္ အေပါက္ဝအား ေကာင္းစြာျမင္ႏိုင္သည္အထိ တင္ပါးႏွစ္ဖက္လံုးကို ခပ္ျမင့္ျမင့္ ေျမႇာက္သည့္ အေနအထားမ်ိဳးႏွင့္ ၾကာျမင့္စြာ ေတာင့္ခံေနခဲ့ရျခင္း ျဖစ္သည္။ သူ၏တင္ပါးအဝေလးသည္ကား လွပ၍ ပန္းႏုေရာင္သန္းေနကာ ပတ္ပတ္လည္၌ သန္႔႐ွင္းၿပီး မည္သည့္အေမႊးအမွ်င္မွလည္း ႐ွိမေနခဲ့။ အတြင္းသားမ်ားမွာ အစဥ္အျမဲ တင္းၾကပ္ေနခဲ့ရသည့္တိုင္ ယခုအခ်ိန္၌မူ အနည္းငယ္ ေပ်ာ့ေပ်ာင္းကာ ဖူးေယာင္ေနလ်က္။
၎အထိအေတြ႔အား ခံစားမိသည္ႏွင့္ပင္ လုေထာင္၏မ်က္ဝန္းမ်ားမွာ တဖန္ျပန္၍ ေအးစက္သြားရျပန္၏။ ထို႔အျပင္ သူ၏သူငယ္အိမ္မ်ားမွလည္း ေၾကာက္မက္ဖြယ္ အလင္းတန္းတို႔က အျပင္ဘက္သို႔ ေဖာက္ထြက္လာေတာ့မည့္အတိုင္းပါပင္။
ခ်န္းက်င္း : "ေဖာင္းေနေသးလား"
"ေဖာင္းေနတုန္းပဲ ထင္တယ္"
ျပန္ေျဖလာေသာ သူ၏အသံမွာ အနည္းငယ္ မျပတ္မသား။
ထိုအခါ ခ်န္းက်င္းက ႐ွက္ရြံ႔စြာျဖင့္ ခပ္ဖြဖြ ဆိုေလ၏။
"ဒါဆိုလည္း ကြၽန္ေတာ့္ကို လႊတ္ေပးေတာ့။ အခုခ်က္ခ်င္းႀကီး ထပ္လုပ္လို႔ မျဖစ္ေသးဘူး"
သို႔ႏွင့္ လုေထာင္က သူ႔အားေပြ႔ဖက္ထားရာမွ လႊတ္ေပးၿပီးေနာက္တြင္ ခ်န္းက်င္းသည္ လဲေလ်ာင္းေနရာမွ ထထိုင္လိုက္၍ ခင္ပြန္းျဖစ္သူ၏ ႏႈတ္ခမ္းလႊာထက္သို႔ ခပ္ဖြဖြ အနမ္းေႁခြလာခဲ့ေပ၏။
"တကယ္လို႔ ဒါလင္က လုိခ်င္တယ္ဆိုရင္ ညက်မွ ထပ္လုပ္မယ္ေလ ေနာ္?"
လုေထာင္က သူ႔အား စိုက္ၾကည့္လာၿပီးေနာက္ သူ၏ပါးျပင္ကို ထံုးစံအတိုင္း ဖ်စ္ညႇစ္လာခဲ့ကာ ႏူးညံ့စြာ ဆိုေလသည္။
"ေကာင္းပါၿပီ"
သို႔ႏွင့္ ထိုေန႔တြင္ပင္ သူတို႔ႏွစ္ေယာက္သည္ တစ္ေနရာရာထံသို႔ သီးသန္႔သြားေရာက္လည္ပတ္ရန္ စီစဥ္ခဲ့ၾက၏။ ရီေက်ာက္ကမာၻထံသို႔ ေရာက္႐ွိေနသည့္ ဤရက္ပိုင္းအတြင္းတြင္ ထိုလူသားႏွစ္ေယာက္မွာ ေကာင္းေကာင္း အလည္အပတ္မျပဳရေသးသည္ မဟုတ္ပါလား။ သူတို႔အားဂိုက္လုပ္ေပးမည့္လူမွာ တကၠစီသမားဦးေလးႀကီး၏ ညီျဖစ္သူ ျဖစ္၍ သူသည္လည္း အစ္ကိုျဖစ္သူကဲ့သို႔ တကၠစီသမား တစ္ေယာက္ျဖစ္၏။ မေန႔က သူ၏အစ္ကိုအား လုေထာင္က ကယ္တင္ေပးခဲ့ေသာေၾကာင့္ ေက်းဇူးတင္သည့္အေနျဖင့္ ဤေန႔တြင္ သစ္သီးျခံတစ္ျခံသို႔ အခမဲ့ လိုက္ပို႔ေပးျခင္းပါပင္။
အဓိကရုဏ္းမွာ အခ်ိန္ကာလအားျဖင့္ တစ္ညမွ်သာ ၾကာျမင့္ခဲ့ရျခင္း ျဖစ္သည့္တိုင္ လမ္းမမ်ားထက္၌ ႐ွင္းလင္းေနၿပီျဖစ္၍ ေသြးေရာင္မ်ားကလည္း စြန္းထင္းမေနေတာ့ပါေခ်။ ေျပာင္းလဲသြားသည္မွာ ယခင္ကထက္ပို၍ လူသူအသြားအလာနည္းသြားျခင္းသာ ႐ွိလိမ့္ေလမည္။ မည္သို႔ပင္ဆိုေစကာမူ ၎ေျပာင္းလဲမႈမွာလည္း တစ္နည္းတစ္ဖံုအားျဖင့္ ၿငိမ္သက္ေအးခ်မ္းသြားသကဲ့သို႔ ခံစားရေနျပန္၏။
ခ်န္းက်င္းသည္ ေတြးေတာရင္းႏွင့္ပင္ မေန႔ညက အဓိက႐ုဏ္းကိစၥအား လုေထာင္က မည္သို႔မည္ပံု ေျဖ႐ွင္းခဲ့ပါေၾကာင္း သိခ်င္လာမိေတာ့သည္။ ထို႔ေၾကာင့္ သူက မေနႏိုင္ပါဘဲ ေမးလိုက္မိေသာအခါ လုေထာင္က "လွ်ိဳ႕ဝွက္ခ်က္" ဟူေသာ အေျဖတစ္ခုကိုသာ ေပးလာခဲ့ေပ၏။ ၎မွာ စစ္တပ္၏ အတြင္းေရးကိစၥမ်ား ျဖစ္ဟန္တူသျဖင့္ ခ်န္းက်င္းသည္လည္း ဆက္၍ ေမးျမန္းမလာခဲ့ေတာ့ပါေခ်။
သို႔ႏွင့္ တစ္ေနရာအေရာက္တြင္ စစ္တပ္တစ္တပ္က အေဆာက္အဦးတစ္ခုအား ဖ်က္ဆီးေနေၾကာင္း သူက ျမင္လိုက္ရျပန္သည္။ ထို႔ေၾကာင့္ ခ်န္းက်င္းသည္ အေ႐ွ႕ဘက္မွ တကၠစီသမား လူငယ္အား ေမးျမန္းမိေလေတာ့၏။
"ဪ အဲ့ဒါ ဘုရားေက်ာင္းေလ"
ခ်န္းက်င္းကမူ အနည္းငယ္ ဇေဝဇဝါျဖစ္လ်က္။
"အာ ဒီလိုမ်ိဳး ဘုရားေက်ာင္းေတြကို အၾကမ္းဖက္ဖ်က္ဆီးတာက်ေတာ့ေရာ ေနာက္ထပ္ အဓိကရုဏ္းေတြ ထပ္ျဖစ္မလာႏိုင္ဘူးလား"
တကၠစီသမား လူငယ္ေလးက ေခါင္းယမ္းျပရင္း ဆိုသည္။
"ကြၽန္ေတာ္လည္း မေျပာတတ္ပါဘူး။ ဒါေပမဲ့ ထပ္ၿပီး အဓိက႐ုဏ္းေတြျဖစ္လာရင္ေတာင္ ပ်က္စီးမႈေတြ ျဖစ္လာေတာ့မယ္ မထင္ဘူး။ ဘာလို႔ဆို ဒီတစ္ေခါက္ အင္ပါယာကမာၻက စစ္တပ္ကပါ တိုက္႐ိုက္ ကိုင္တြယ္လာတာမို႔လို႔ေလ။ ၾကည့္ရတာ အစိုးရအသစ္လည္း မၾကာမီ ျပန္တက္လာေတာ့မယ္ ထင္ပါရဲ႕..။ ဘာသာေရးေခါင္းေဆာင္ေတြလည္း နတ္ဘုရားေတြကို အေၾကာင္းျပၿပီး လူေတြကို လွည့္စားလို႔ မရေလာက္ေတာ့ဘူး။ ေနာက္ၿပီး ဒီလို အေ႐ွ႕နဲ႔အေနာက္ ပါတီႏွစ္ခုကြဲၿပီး မသင့္မျမတ္ျဖစ္သြားရတာက မသမာသူတစ္စုက အဲ့ဒီတုန္းက အာဏာရေနတဲ့ ပါတီဘက္က ေခါင္းေဆာင္ကို လုပ္ၾကံလို႔လည္း ေျပာေနၾကျပန္ေရာေလ။ ဟူး ႐ႈပ္ေနတာပဲ။ ကဲပါ ဘာပဲေျပာေျပာ ေနာက္ဆံုးေတာ့ ဒီရီေက်ာက္ကမာၻက ေျပာင္းလဲသြားေတာ့မွာ..ေကာင္းလား ဆိုလား မေျပာတတ္ေပမဲ့ ျဖစ္သမွ် အေၾကာင္းအေကာင္းဆိုၿပီး လက္ခံရေတာ့မွာပါပဲ"
၎တကၠစီသမားသည္ကား အေတာ္ေလး ငယ္ရြယ္ပံုေပါက္၍ သူ၏အသက္မွာ ႏွစ္ဆယ္စြန္းစြန္းေလာက္သာ ႐ွိလိမ့္ဦးေလမည္။ သို႔ေသာ္ သူသည္ကား မိမိ၏ကိုႀကီးထက္ပင္ ပို၍ အသိအျမင္ က်ယ္ျပန္႔၍ လူႀကီးဆန္ေသးသည္ဟု ခ်န္းက်င္းမွာ တိတ္တဆိတ္ မွတ္ခ်က္ျပဳမိေတာ့၏။
ခဏမွ်ၾကာၿပီးေနာက္တြင္ ခ်န္းက်င္းက ဆက္ေမးလာခဲ့သည္။
"မင္းကိုၾကည့္ရတာ နတ္ဘုရားေတြ ပ်က္သုဥ္းတာနဲ႔ ပတ္သက္ၿပီး အရမ္းစိတ္ထဲမထားတဲ့ ပံုပဲေနာ္"
ထိုလူငယ္ေလးက သြားျဖဴျဖဴမ်ားေပၚလာသည္အထိ သေဘာက်စြာရယ္ေမာလ်က္။
"ဒါေပါ့။ ကြၽန္ေတာ္က ဘာသာေရးကို မယံုၾကည္ဘူးေလ သိပၸံနည္းပညာကိုပဲ ယံုၾကည္တာ"
ခ်န္းက်င္းကမူ အနည္းငယ္ ဇေဝဇဝါျဖစ္သြားရ၏။
"ရီေက်ာက္ကမာၻက လူေတြအားလံုးက ဘာသာေရး ယံုၾကည္ၾကတယ္ မဟုတ္ဘူးလား"
"ဒါက ဒီတိုင္း ျငင္းဆန္လို႔မရတဲ့ ဓေလ့ထံုးတမ္းတစ္ခုခု သာသာပါေလ။ တျဖည္းျဖည္းနဲ႔ အသက္အရြယ္ရလာေတာ့ ကြၽန္ေတာ္တို႔လည္း ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ ဆံုးျဖတ္လာႏိုင္ခဲ့ၿပီ။ အစြန္းေရာက္တဲ့ ဘာသာေရးေတြလည္း အႂကြင္းမဲ့ ယံုမေနေတာ့ဘူး။ တကယ္ေတာ့ ကြၽန္ေတာ့္လိုလူစားမ်ိဳးေတြလည္း အမ်ားႀကီးက်န္ပါေသးတယ္။ အင္း ရီေက်ာက္ကမာၻရဲ႕ လူဦးေရပမာဏနဲ႔ ေျပာရရင္ ၃၀ ရာခိုင္ႏႈန္း ေလာက္ေပါ့"
ထိုလူငယ္ေကာင္ေလးက ျပံဳးရႊင္စြာျဖင့္ စကားဆက္ဆိုလာျပန္၏။
"ကြၽန္ေတာ့္ရဲ႕အိပ္မက္က ေငြအလံုအေလာက္စုၿပီး တျခားကမာၻတစ္ခုကို ခရီးထြက္ဖို႔ေလ။ အထူးသျဖင့္ အင္ပါယာကမာၻကိုေပါ့။ ဒါေပမဲ့ အင္ပါယာကမာၻရဲ႕ စီမံအုပ္ခ်ဳပ္မႈက အရမ္းၾကပ္တယ္လို႔ ၾကားတယ္။ အဲ့ဒီကမာၻကို ဝင္ခြင့္ရတဲ့လူေတြက ပညာတစ္ခုခုမွာ တစ္ဖတ္ကမ္းခတ္ အရည္အခ်င္း႐ွိရင္႐ွိ မဟုတ္ရင္လည္း က်ိက်ိတက္ ခ်မ္းသာေနမွဆိုပဲ။ ေနာက္ၿပီး တည္ေထာင္သူမ်ိဳးႏြယ္ဝင္ေတြနဲ႔ အမ်ိဳးစပ္ရင္လည္း ေနထိုင္ခြင့္႐ွိတယ္လို႔ေတာ့ ၾကားမိေသးတယ္။ ဘာပဲေျပာေျပာပါေလ ကြၽန္ေတာ္က အဲ့ဒီအခ်က္ေတြနဲ႔ တစ္ခုမွ ကိုက္ညီမေနခဲ့တာ။ တည္ေထာင္သူမ်ိဳးႏြယ္ဝင္ဆိုတာလည္း အမ်ိဳးစပ္ဖို႔ေနေနသာသာ တစ္ခါမွေတာင္ မေတြ႔ဖူးဘူး။ ဒီတစ္သက္ေတာ့ ကြၽန္ေတာ့္ရဲ႕အိပ္မက္က ျပည့္ေတာ့မယ္ မထင္ပါဘူးဗ်ာ"
ခ်န္းက်င္းမွာ ၎ေနာက္ဆံုးစကားအား ၾကားၾကားခ်င္း လြန္စြာမွ စိတ္မေကာင္းျဖစ္သြားရေလေတာ့၏။
ထိုအခ်ိန္တြင္ လုေထာင္က ႐ုတ္တရက္ စကားဆိုလာေလသည္။
"အဲ့ဒီလို မဟုတ္ပါဘူး"
ခ်န္းက်င္းႏွင့္ တကၠစီသမား လူငယ္ေလးမွာ သူ၏စကားေၾကာင့္ ေခတၱခဏ ေၾကာင္သြားမိလ်က္။ တကၠစီသမားလူငယ္ေလးက အံ့အားသင့္သြားဟန္ျဖင့္ ဝမ္းသာအားရ အေမးစကားျပဳလာ၏။
"အစ္ကိုက..ကြၽန္ေတာ့္မွာ တျခားအခြင့္အေရး ႐ွိေသးတယ္လို႔ ေျပာခ်င္တာလား"
"ျဖစ္ႏိုင္ပါတယ္"
လုေထာင္က ထိုကဲ့သို႔ ခပ္တိုတိုသာ အေျဖျပန္ျပဳ၍ တစ္ဖက္သို႔ ေငးၾကည့္ေနေပ၏။ ထို႔ေနာက္ သူသည္ ဘာဆိုဘာမွ် ထပ္ေျပာမလာခဲ့ေတာ့။
သို႔ေသာ္ တစ္ဖက္မွ တကၠစီသမား လူငယ္ေလးကမူ အလြန္မွ ေပ်ာ္ရႊင္သြားရသည္ပင္။
"အစ္ကိုက ကြၽန္ေတာ့္ကို ႏွစ္သိမ့္တဲ့သေဘာမ်ိဳးနဲ႔ ေျပာတယ္ဆိုရင္ေတာင္ ကိစၥမ႐ွိပါဘူးေလ။ ကြၽန္ေတာ္က ေက်းဇူးတင္ပါတယ္။ အာ..သစ္သီးျခံက ခဏေနဆို ေရာက္ေတာ့မွာ။ အဲ့ဒါက ကြၽန္ေတာ့္ဦးေလး ပိုင္တာေလ။ သူက ဒီၿမိဳ႕မွာ နာမည္အႀကီးဆံုး လယ္သမားပဲဗ်။ ျခံထဲမွာ သီးပင္စားပင္ေတြ အမ်ားႀကီးစိုက္ထားတယ္ ဒီအခ်ိန္ေလာက္ဆို တခ်ိဳ႕အပင္ေတြ မွည့္ေနေလာက္ၿပီ။ မွည့္တဲ့အခါ အပင္ကေန တန္းဆြတ္ၿပီး စားလိုက္ရံုပဲ ..အစ္ကိုတို႔ ႀကိဳက္သေလာက္စား ဘာမွမျဖစ္ဘူး။ ျပန္တဲ့အခါ ယူသြားလို႔ေတာင္ ရေသးတယ္"
သို႔ႏွင့္ သစ္သီးျခံသို႔ ေရာက္လာေသာအခါ ထိုျခံပိုင္႐ွင္ လယ္သမားႀကီးက သူတို႔ႏွစ္ေယာက္လံုးအား ေႏြးေထြးစြာ ႀကိဳဆိုေလ၏။ လယ္သမားဦးေလးႀကီးႏွင့္ သူ၏တူျဖစ္သူ တကၠစီသမား လူငယ္ေလးတို႔ကမူ လုေထာင္၏ ရာထူးဂုဏ္ပုဒ္အား မသိခဲ့ပါေပ။ သို႔ေသာ္ လုေထာင္က သူ၏တူျဖစ္သူ တကၠစီသမားဦးေလးႀကီးအား မေန႔ညက ကယ္ဆယ္ေပးထားေသာေၾကာင့္ လယ္သမားႀကီးမွာ လြန္စြာမွ ေက်းဇူးတင္လ်က္ ႐ွိေနသည္ပင္။
အင္ပါယာကမာၻတြင္လည္း အသီးအႏွံမ်ား စိုက္ပ်ိဳးလို႔ရသည့္တိုင္ ၎အမ်ိဳးအစားမ်ားမွာ သာမန္ျဖစ္ကာ ထုတ္ကုန္မ်ားမွာလည္း သာမန္မွ်သာ ျဖစ္ရ၏။ သို႔ေသာ္ ဤကမာၻမွ အသီးအႏွံမ်ားကမူ အင္ပါယာကမာၻမွ အသီးအႏွံမ်ားႏွင့္ မတူပါဘဲ ခ်ိဳၿမိန္ကာ လတ္ဆတ္ရေလသည္။
ခ်န္းက်င္းကမူ ပ်ားစပ်စ္ပင္မ်ားေၾကာင့္ လြန္စြာမွ ေပ်ာ္ရႊင္ေနလ်က္။ သူသည္ သစ္သီးျခံအတြင္းသို႔ ေလွ်ာက္ပတ္သြား၍ အရင္ကတစ္ခါမွ မျမင္ဖူးပါေသာ သစ္သီးမ်ားကိုလည္း ျမည္းစမ္းၾကည့္ေနေတာ့၏။
သို႔ႏွင့္ သူက တစ္နာရီမွ် ၾကာသည္အထိ သစ္သီးေပါင္းစံုအား အဆက္မျပတ္ စားသံုးေနေလရာ ေနာက္ဆံုး လုေထာင္က သူ႔အား တားျမစ္လာရေတာ့သည္ပင္။
"အရမ္းမစားနဲ႔ေလ။ အတိုင္းအတာနဲ႔ စားမွေပါ့။ ဝမ္းေလွ်ာဦးမယ္"
ခ်န္းက်င္းမွာ တမဟုတ္ခ်င္းပင္ လုေထာင္၏ စကားအား နားေထာင္ကာ ထပ္၍လည္း စားသံုးျခင္း မ႐ွိေတာ့ပါေပ။ ထိုအစား သူသည္ ရင့္မွည့္ေနေသာ သစ္သီးမ်ားကိုသာ ေပ်ာ္ရႊင္စြာ ခူးဆြတ္လာေတာ့၏။ ထို႔ေနာက္ သူသည္ လယ္သမားဦးေလးႀကီးကိုလည္း အလုပ္မ်ားစြာ ကူလုပ္ေပးခဲ့၍ ဝိုင္စည္တစ္ခုကိုလည္း ကိုယ္တိုင္ကိုယ္က် ျပဳလုပ္ေပးခဲ့သည္ပင္။
သို႔ႏွင့္ ေနာက္ဆံုး ျပန္ခါနီးအခ်ိန္တြင္ လယ္သမားဦးေလးႀကီးသည္ သူတို႔အား သစ္သီးမ်ားစြာႏွင့္ ဝိုင္ဘူးတစ္ဘူးအား ေပးလာခဲ့ေပ၏။ ထို႔ေနာက္ တကၠစီသမား လူငယ္ေလးက သူတို႔အား ဟိုတယ္ဆီသို႔ ျပန္လည္ လိုက္ပို႔ေပးခဲ့ေလသည္။ ဟိုတယ္သို႔ေရာက္၍ ကားရပ္နားခ်ိန္တြင္ တစ္ဖက္မွ လူငယ္ေလးက လက္ေဆာင္ပစၥည္းမ်ားအား ကူခ်ေပးလာ၏။ ထိုအခ်ိန္တြင္ ခ်န္းက်င္းသည္ မိမိ၏ခင္ပြန္းျဖစ္သူက ကားအတြင္း႐ွိ အံဆြဲတစ္ခုထဲသို႔ ပစၥည္းအခ်ိဳ႕ကို တိတ္တိတ္ေလး ထည့္ေပးေနေၾကာင္း ျမင္လိုက္ရေလေတာ့သည္။
သို႔ေသာ္ သူသည္ ဘာဆိုဘာမွ် ေမးမလာခဲ့ပါဘဲ ထိုအစား အခန္းအတြင္းသို႔ ေရာက္ေသာအခါမွသာ လုေထာင္အား ေမးလာေလ၏။
လုေထာင္က သူ၏ပါးျပင္အား ခပ္ဖြဖြ ဖ်စ္ညႇစ္ကာ ျပံဳးလ်က္ဆိုသည္။
"ေငြေပါ့ ေဘဘီရဲ႕။ တျခား ဘာျဖစ္ရဦးမွာလဲ"
"ဪ ..ေငြကိုး။ ဒီပစၥည္းေတြအတြက္ အဖိုးအခေပးသင့္တယ္ဆိုတာကို ကြၽန္ေတာ္ ေမ့သြားတယ္။ သူတို႔က ဘယ္ေလာက္ပဲ အလကားေပးေပး ကြၽန္ေတာ္တို႔ယူလာတာက အမ်ားႀကီးပဲဆိုေတာ့ ျပန္ေပးသင့္တာေပါ့ေနာ္"
"အင္း။ ကိုယ့္မွာ က်န္တဲ့ ဘဏ္စာအုပ္ေတြကိုလည္း ဒီမွာပဲ ထားခဲ့လိုက္ေတာ့မယ္"
ခ်န္းက်င္းက လုေထာင္၏လက္တစ္ဖက္အား သူ၏ပါးျပင္ထက္သို႔ ထိကပ္လာေစကာ ဖြဖြေလး ဆိုသည္။
"မနက္ျဖန္ ျပန္မွာလား"
"အင္း"
"ဒီမွာအၾကာႀကီးေနခဲ့တာပဲကို သိပ္ၿပီး မေနလိုက္ရသလို ခံစားေနရတယ္"
ခ်န္းက်င္းမွာ အနည္းငယ္ ႏွေျမာတသျဖစ္လ်က္။ သို႔ေသာ္ ခ်က္ခ်င္းပင္ သူသည္ တစ္ခုခုအား သြားေတြးမိ၍ ႐ုတ္တရက္ ေပ်ာ္ရႊင္သြားရျပန္၏။
"ကိစၥမ႐ွိပါဘူးေလ အဲ့ဒါလည္း တစ္မ်ိဳးေကာင္းတာပါပဲ။ ဒီကျပန္ၿပီး ေနာက္တစ္ေခါက္က်ရင္ တျခားကမာၻတစ္ခုဆီကို ထပ္ၿပီး အလည္သြားၾကတာေပါ့။ တကယ္ေတာ့ေလ အရင္က ကြၽန္ေတာ္က အင္ပါယာကမာၻကေန ထြက္ရမွာကို အရမ္းေၾကာက္ေနခဲ့ရတာ။ ဘာလို႔ဆို အျပင္ေလာကမွာ မေကာင္းတဲ့လူေတြ႐ွိတယ္လို႔ ေျပာၾကလို႔ေလ။ ဒါေပမဲ့ လက္ေတြ႔မွာေတာ့ အဲ့ဒီလို မဟုတ္ပါဘူး။ တျခားေနရာေတြလည္း လွပၿပီး တစ္မ်ိဳး ေပ်ာ္ဖို္႔ေကာင္းတာပဲ"
ခ်န္းက်င္းသည္ကား သူေျပာခ်င္ရာ တတြတ္တြတ္ ေျပာေနျခင္းျဖစ္ေသာေၾကာင့္ တစ္ဖက္မွ ခင္ပြန္းျဖစ္သူ၏ စိတ္႐ႈပ္ေထြးေနေသာ မ်က္ဝန္းမ်ားကို မျမင္ႏိုင္ခဲ့ပါေခ်။ သူက ၾကမ္းျပင္ထက္တြင္ ျပန္႔က်ဲေနေသာ လက္ေဆာင္ပစၥည္းမ်ားအား ၾကည့္ရင္း စိတ္ပူစြာျဖင့္ ေမးလာသည္။
"ဒီဟာေတြကို ဘယ္လိုလုပ္မလဲ။ ဒါေတြအားလံုးကိုလည္း ယူသြားမွာလား ကားက ဆန္႔ပါ့မလား ဒါလင္"
"ဆန္႔ပါတယ္"
~~~~~
ေနာက္ဆံုး အျပန္ခရီးသည္ကား မူလအလာခရီးႏွင့္ ၾကာခ်ိန္တူေၾကာင္း သိသည့္တိုင္ ခ်န္းက်င္းကမူ အျပန္ခရီးက ပို၍ ျမန္ေနသည္ဟု ခံစားမိေလေတာ့၏။ သူတို႔၏ကားသည္ ခရီးအလယ္၌ တျခားကမာၻမ်ားစြာတြင္ ပံုမွန္အတိုင္း ရပ္နားခဲ့ေပသည္။ သို႔ေသာ္ သူတို႔သည္ အျပင္ဘက္ကိုမူ မဆင္းျဖစ္ခဲ့ပါေပ။ ထိုအစား ခ်န္းက်င္းသည္ ျပတင္းေပါက္မွတစ္ဆင့္သာ အျပင္ဘက္ ႐ႈခင္းမ်ားကို ၾကည့္လာခဲ့ေလ၏။
သို႔ႏွင့္ အင္ပါယာကမာၻသို႔ ဝင္ေရာက္ခါစတြင္ လုေထာင္သည္ ေဖလီ့ထံမွ ဖုန္းေခၚဆိုမႈအား လက္ခံရ႐ွိလာရသည္။
လုေထာင္သည္ မိမိ၏ေဘး၌ထိုင္ေနေသာ ခ်န္းက်င္းအား တစ္ခ်က္မွ် ေစာင္းၾကည့္လိုက္၍ သီးသန္႔ mode အားေျပာင္းကာ ဖုန္းလက္ခံေျဖခဲ့ေလ၏။ ထို႔ေနာက္ ေဖလီက အေၾကာင္းစံုအား တင္ျပၿပီးသြားေသာအခါ သူသည္ "အင္း" ဟူေသာ အသံခပ္တိမ္တိမ္ကိုသာ အေျဖျပဳလ်က္ ဖုန္းခ်လိုက္သည္ပင္။
"ဘာျဖစ္လို႔လဲ။ ဌာနခ်ဳပ္မွာ ျပႆနာ တစ္ခုခု ျဖစ္ေနလို႔လား"
ခ်န္းက်င္းက ခင္ပြန္းျဖစ္သူ၏ မ်က္ႏွာရိပ္မ်က္ႏွာကဲအား အေသအခ်ာၾကည့္႐ႈလာ၍ စိုးရိမ္တႀကီး ေမးလာခဲ့၏။
"ဒါလင္ မဟုတ္မွလြဲေရာ ရီေက်ာက္ကမာၻက ကိစၥတုန္းက စစ္ဥပေဒနဲ႔ မလြတ္တဲ့လုပ္ရပ္တစ္ခုခုမ်ား လုပ္ခဲ့မိလို႔လားဟင္?"
"အဲ့ဒီလို မဟုတ္ပါဘူး"
လုေထာင္ကမူ တည္ၿငိမ္လ်က္။
"ဒီတိုင္း ကိုယ္သြားၾကည့္ဖို္ လိုအပ္တဲ့ကိစၥေလး ႐ွိရံုပါပဲ။ ကိုယ္မင္းကို အရင္ျပန္ပို႔ေပးခဲ့မယ္ ဟုတ္ၿပီလား"
သို႔ျဖစ္၍ ခ်န္းက်င္းသည္ ဆက္၌ ေမးခြန္းေမးမလာေတာ့ပါေခ်။ အမွန္အားျဖင့္ဆိုရလွ်င္ သူသည္ ထိုကဲ့သို႔ေသာ တံု႔ျပန္မႈမ်ိဳးႏွင့္ ယခင္ကတည္းက ေနသားက်ၿပီးသားပင္။ စစ္တပ္ဥပေဒမ်ားသည္ကား တင္းၾကပ္လြန္း၍ လွ်ိဳ႕ဝွက္ခ်က္လည္း မ်ားစြာ ႐ွိသည္ျဖစ္ေလရာ သူ႔အေနႏွင့္ အရမ္းမစပ္စုသင့္သည္ မဟုတ္ပါလား။
ထုပ္ပိုးျခင္းစနစ္က လြန္စြာမွ ေကာင္းမြန္လွပါသျဖင့္ ခရီးလမ္း႐ွည္ၾကာခဲ့သည့္တိုင္ သစ္သီးသစ္ဖုမ်ားမွာ ပံုပ်က္ယိုယြင္းျခင္း မ႐ွိခဲ့ပါေပ။ ခ်န္းက်င္းသည္ အိမ္ျပန္ေရာက္ေရာက္ခ်င္း ၎အသီးမ်ားအား အေသအခ်ာ ခြဲထုတ္လိုက္ကာ မိတ္ေဆြမ်ားကို လက္ေဆာင္ေပးရန္ အသီးသီး ျပင္ဆင္ေလေတာ့၏။ သို႔ေသာ္ လုေထာင္ကမူ အဝတ္အစားမ်ား လဲလွယ္၍ ၎ေနာက္ သူ႔အားႏႈတ္ဆက္ရင္း ထြက္ခြာရန္ ခ်က္ခ်င္းျပင္ေနေပၿပီ။
ေဖလီသည္ကား သူတို႔၏အိမ္အေ႐ွ႕သို႔ ေရာက္ႏွင့္ေနၿပီ ျဖစ္ကာ တံခါးဝ၌ အာကာသယာဥ္တစ္စင္းႏွင့္ ေစာင့္ႀကိဳေနလ်က္ ႐ွိ၏။ ထို႔ေနာက္ သူသည္ လုေထာင္အား ေဒါက္တာထ်န္ ေစာင့္ဆိုင္းေနသည့္ စစ္တပ္ေဆးရံုထံသို႔ တန္းတန္းမတ္မတ္ ေခၚေဆာင္သြား ေပးခဲ့ေလေတာ့သည္။
လုေထာင္က ေဒါက္တာထ်န္အား ႏႈတ္ဆက္ကာ အေမးဆို၏။
"ကြၽန္ေတာ့္ကို ဒီေလာက္ ေရးႀကီးသုတ္ျပာ ေခၚရတာ ဘာထူးထူးျခားျခား ကိစၥမ်ား ႐ွိလို႔ပါလဲ"
ေဒါက္တာထ်န္သည္ အခ်ိန္ႏွင့္အမွ် ေျပာင္းလဲေနပါသည့္ screen ထက္မွ ေဒတာမ်ားအား ၾကည့္ေနရင္းကပင္ အေျဖျပဳေလ၏။
"ကြၽန္ေတာ္ လြန္ခဲ့တဲ့ႏွစ္ရက္တုန္းက ဗိုလ္ခ်ဳပ္ရဲ႕ဦးေႏွာက္နဲ႔ ပတ္သက္ၿပီး တစ္ခုခု မူမမွန္တာကို သတိထားမိခဲ့တယ္။ အဲ့ဒီေန႔က တစ္ခုခုမ်ား ျဖစ္ခဲ့ေသးသလား"
ထို႔ေနာက္ သူက လုေထာင္ဘက္သို႔ လွည့္ကာ ၾကည့္လာခဲ့ေပ၏။ သူ၏မ်က္ဝန္းမ်ားကမူ စူး႐ွလ်က္။
"ကြၽန္ေတာ္ကေတာ့ အဲ့ဒီမူမမွန္မႈက ျပန္ေကာင္းတဲ့ လကၡဏာလို႔ ထင္ေနမိတယ္"
အမွန္မွာမူ လုေထာင္၏ ဦးေႏွာက္အတြင္း၌ လက္ေတြ႔စမ္းသပ္မႈႏွင့္ ပတ္သက္၍ သူကိုယ္တိုင္ ထည့္သြင္းေပးခဲ့ပါသည့္ ကိရိယာတစ္ခုက ႐ွိေနျခင္းပါပင္။
၎ကိရိယာေလးမွာ သီးသန္႔ဆက္သြယ္ႏိုင္စြမ္းလည္း ႐ွိေသးသျဖင့္ လုေထာင္၏ ဦးေႏွာက္အတြင္းမွ ေျပာင္းလဲမႈေပါင္းစံုမွာ ေဒါက္တာထ်န္၏ screen ထက္၌ အထင္းသား ေပၚလြင္ေနလ်က္။
လုေထာင္က လက္သီးဆုပ္လိုက္ရင္း တည္ၿငိမ္စြာဆိုသည္။
"စစ္သားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ က်ိန္ဆိုၿပီး ေျပာရဲပါတယ္။ က်န္းမာေရးလကၡဏာနဲ႔ ပတ္သက္ၿပီး ဖံုးကြယ္ထားဖို႔ စိတ္ကူးမ႐ွိပါဘူး"
"ကြၽန္ေတာ္လည္း ဗိုလ္ခ်ဳပ္ကို ယံုၾကည္ၿပီးသားပါ။ ဘာပဲေျပာေျပာ စ႐ိုက္ႏွစ္ခုလံုးက လူတစ္ေယာက္တည္းပဲေလ..အခ်င္းခ်င္းၾကားမွာ အဆင္မေျပျဖစ္စရာ အေၾကာင္းမွ မ႐ွိဘဲ"
ေဒါက္တာထ်န္၏ စကားလံုးမ်ားက ႏွစ္သိမ့္ဟန္ေပါက္ေနသည့္တိုင္ ေဖလီကမူ အနည္းငယ္ ထိတ္လန္႔သြားလ်က္။ သို႔ေသာ္ သူသည္ ခ်က္ခ်င္းပင္ ပံုမွန္အေျခအေန ျပန္ေရာက္ေအာင္ ထိန္းခ်ဳပ္လိုက္ကာ ထံုးစံအတိုင္း တည္ၿငိမ္စြာျဖင့္ ေထာက္ခံစကားဆိုလာေလ၏။
"ကြၽန္ေတာ္လည္း အဲ့ဒီလိုပဲထင္ပါတယ္"
လုေထာင္ကမူ ေထာက္ခံျခင္းမ႐ွိခဲ့ပါေပ။ သူက ထိုင္ခံုတစ္ခုထံသို႔ ဝင္ထိုင္လိုက္၍ ခါးသက္သက္ အျပံဳးတစ္ပြင့္အား ေဖာ္ျပကာ စကားဆိုလာသည္။
"ဘယ္သူမဆို ေကာင္းေကာင္း ႐ွင္သန္ခ်င္ၾကတာခ်ည္းပါပဲ"
ထိုအခါ ေဒါက္တာထ်န္သည္လည္း သူ႔နည္းတူ ဝင္ထိုင္လာကာ စကားဆိုေလေတာ့၏။ သူ၏မ်က္ႏွာထားကမူ ယခင္ကေလာက္ အေလးအနက္ျဖစ္မေနခဲ့ေတာ့။
"မူလလူပဲျဖစ္ျဖစ္ လက္႐ွိလူပဲျဖစ္ျဖစ္ အဲ့ဒါက အေရးမႀကီးပါဘူး။ တစ္ေယာက္တည္းပဲမဟုတ္လား ဗိုလ္ခ်ဳပ္က အနာဂတ္မွာ ေကာင္းေကာင္း႐ွင္သန္သြားဦးမွာပါ"
"ဘာပဲေျပာေျပာ လူသားေတြ ႐ွင္သန္ေနတယ္ဆိုတာ ခႏၶာကိုယ္ အေသြးအသားနဲ႔တင္မွ မဟုတ္တာ။ စိတ္ခံစားခ်က္ကလည္း အဓိကက်ေသးတယ္ေလ"
ထို႔ေနာက္ လုေထာင္က မ်က္ေမွာင္ၾကဳတ္လ်က္ တိုးတိုးေလး ေရရြတ္လာျပန္၏။
"သူက ကြၽန္ေတာ့္ထက္ တစ္ပန္းသာတယ္ဆိုတာကို လက္မခံႏိုင္ေသးသေရြ႔.."
ေဒါက္တာထ်န္ကမူ ဗိုလ္ခ်ဳပ္ျဖစ္သူအား ေျဖာင္းျဖရန္ကို လက္ေလွ်ာ့လိုက္ဟန္ တူ၏။ သူသည္ ၎အေၾကာင္းအား ဆက္၍မေဆြးေႏြးေတာ့ပါဘဲ မူလအေၾကာင္းကိုသာ ျပန္ေျပာင္းေမးလာခဲ့သည္။
"ေကာင္းပါၿပီ။ အရင္ဆံုး ကြၽန္ေတာ့္ကို အေၾကာင္းစံု ႐ွင္းျပေပးပါဦး"
"လြန္ခဲ့တဲ့ ႏွစ္ရက္က သူတကယ္ပဲ ျပန္ေပၚလာခဲ့တယ္"
လုေထာင္က မည္သူမည္ဝါ ဟုအတိအက် နာမည္တပ္မေျပာခဲ့သည့္တိုင္ ေဖလီႏွင့္ ေဒါက္တာထ်န္ ႏွစ္ေယာက္လံုးသည္ ထိုလူက မည္သူမွန္း ေကာင္းစြာသိသည္ပင္။
"ဘယ္အခ်ိန္မွာလဲ"
လုေထာင္က သက္ျပင္းအ႐ွည္ႀကီးတစ္ခ်က္အား ခ်လာ၍ ဆိုလာခဲ့၏။
"ကြၽန္ေတာ္ ႐ူးမတတ္ ေၾကာက္လန္႔သြားမိတဲ့ အခ်ိန္မွာ.."
မိမိ၏ဇနီးျဖစ္သူမွာ တစ္ဖက္မွ ဓားသြား၏ေအာက္၌ ဇီဝန္ေႁခြခံရေတာ့မည္ ဟူေသာ ျမင္ကြင္းက သူ၏ႏွလံုးသားတစ္ခုလံုးအား ေၾကမြပ်က္စီးသြားေစသကဲ့သို႔ပင္။ ထို႔အျပင္ မိမိတို႔ႏွစ္ဦးၾကား႐ွိ အကြာအေဝးမွာ ေဝးလံေန၍ တစ္ဖက္လူအား အခ်ိန္မီကယ္တင္ႏိုင္စြမ္းလည္း သူ႔ထံတြင္ ႐ွိမေနခဲ့။
ထိုအခ်ိန္မွာပင္ တိုက္တိုက္ဆိုင္ဆိုင္ တစ္ဖက္လူက ၎ခႏၶာကိုယ္အား ျပန္လည္ပိုင္ဆိုင္သြားခဲ့ကာ ခ်န္းက်င္းဆီသို႔ လွ်ပ္စီးကဲ့သို႔ေသာ အျမန္ႏႈန္းျဖင့္ 0.01 စကၠန္႔အတြင္း အေရာက္သြားနိုင္ခဲ့၍ အသက္အႏၱရာယ္ေဘးမွ အခ်ိန္မီ ကယ္တင္ေပးလိုက္ျခင္းပါပင္။
သူသည္ကား တစ္ေလွ်ာက္လံုး ရွည္လ်ားသည့္ ညတာကာလကို ျဖတ္သန္းခဲ့ရသည့္ ခံစားခ်က္မ်ိဳးႏွင့္ ႏိုးထလာခဲ့ရျခင္း ျဖစ္၏။ ထို႔ေနာက္ ႏိုးႏိုးခ်င္း သူပထမဆံုး ျမင္လိုက္ရသည့္ ျမင္ကြင္းသည္ကား မိမိ၏ရင္ခြင္ထဲ၌ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနပါေသာ ဇနီးျဖစ္သူေလးပင္။
ခ်န္းက်င္းက ဘာမွ်မထိခိုက္ပါဘဲ သက္႐ွိထင္႐ွား႐ွိေနေၾကာင္း ျမင္ရေသာအခါ သူသည္ စိတ္သက္သာရာရသြားမိ၍ ေနာက္ဆံုးျဖစ္တည္ခဲ့ပါေသာ ထိတ္လန္႔မႈမ်ားႏွင့္ စိုးရိမ္မႈမ်ားမွာလည္း တစ္ဆက္တည္း ေပ်ာက္ဆံုးသြားရသည္။ သို႔ေသာ္ တမဟုတ္ခ်င္းပင္ ဇနီးျဖစ္သူ၏ ကိုယ္ထည္ထက္မွ သဲလြန္စမ်ားေၾကာင့္ သူ၏ႏွလံုးသားအတြင္း၌ သဝန္တိုစိတ္မ်ားက ေနရာယူသြားရျပန္ေတာ့၏။ ထို႔ေနာက္ တျဖည္းျဖည္းႏွင့္ ၎သဝန္တိုမႈမ်ားမွသည္ အားငယ္စိတ္ႏွင့္ ဝမ္းနည္းမႈအျဖစ္သို႔ ေျပာင္းလဲသြားရေလသည္။
သူသည္ကား မူလလူထက္ တစ္ပန္း႐ွံုးေနခဲ့ရသည္ မဟုတ္ပါလား။