Class 1ထဲက ကျောင်းသားအများစုက Xi Chengမှာနေကြတာဆိုတော့ တွေ့ရအဆင်ပြေအောင် Xi Chengက KTVတစ်ခုကိုဘွတ်ကင်ချိတ်လိုက်တယ်။
လူတွေလာချင်သလောက်လာလို့ရစေဖို့အတွက်တွေးရင်း ရင်းချဲယ် ခပ်ကြီးကြီးအခန်းတခုကို ဘွတ်ကင်လုပ်လိုက်တာမို့ တစ်တန်းလုံးမဆန့်မှာတော့ ပူစရာမလိုတော့။
ချန်ရင်းရင်းနဲ့ တချို့မှာတော့ စောစောစီးစီးကြိုရောက်နေကြပြီ၊ KTVကစားစရာတွေက ဈေးကြီးတာကိုမုန်းလွန်းလို့ ကိုယ်ပိုင်သစ်သီးဖျော်ရည်လေးတွေလည်း တစ်ပါတည်းယူလာရင်း။
‘‘ချဲယ်ကောကျွေးမှာလေ၊ နင်တို့ကဘာလို့ကုပ်ကပ်နေကြတာတုန်း? သူကဘောစိပဲဟာ”
ကျန်းခဲ့တော့ နားမလည်နိုင်ပေ။
ချန်ရင်းရင်းက သောက်စရာတွေထုတ်ခင်းလိုက်ပြီး
‘‘သူ့မှာ ပိုက်ဆံရှိတယ်ဆိုတိုင်း ငါတို့ကအကုန်သုံးပစ်လို့ဖြစ်ပါ့မလား? ဘယ်သူကများ ပိုက်ဆံကို လေထဲကရတာကျလို့”
...
ဧည့်သည်တွေ အားလုံးနီးပါး ရောက်နေပြီးနောက်မှ အဓိကဇာတ်လိုက်ကျော်က နောက်ကျပြီးရောက်လာတယ်။
ရင်းချဲယ်က ကျန့်ယောင်ဆိုင်ကယ်နောက်ကထိုင်လိုက်လာရတာမို့ helmetကြောင့် ရှုပ်ပွသွားတဲ့ဆံပင်တွေကို သပ်ချနေရင်းမှပြောသည်။
‘‘ဆောရီး ငါနောက်ကျသွားတယ်”
ထိုအချိန်မှာပဲ ဝိတ်တာလေးက ဘီယာလာချတယ်။ ကျန်းခဲ့က အော်ပြောတယ်။
‘‘ချဲယ်ကော !ပြစ်ဒဏ်အနေနဲ့ တစ်ခွက်သောက်ရမယ်!”
alcoholပင်ကောင်းကောင်းမသောက်ဖူးသည့် အလိမ္မာကျောင်းသားလေးအုပ်စုဟာ ခုလိုအထိန်းအကွပ်မဲ့အနေအထားမျိုးကြောင့် စိတ်တွေပေါက်သွားပြီး လိုက်အော်တော့တယ်။
‘‘ချဲယ်ကော မသောက်ရင်လွှတ်မပေးဘူးနော်!”
ဝိတ်တာလေးက အလိုက်တသိပင် ဘီယာတစ်ခွက်ငှဲ့ပေးတယ်။ ရင်းချဲယ်ကတော့ ရှက်သလိုလိုရွံ့သလိုလိုရှောင်နေမယ့်အစား လက်လှမ်းယူလိုက်ချိန် ကျန့်ယောင်က အရင်ဖြတ်ယူသွားပြီး အဝေးကိုရွှေ့ပစ်တယ်။
‘‘သူက သောက်လို့မရဘူး၊ သူ့အစားငါသောက်မယ်”
ဘယ်သူမှမကန့်ကွက်နိုင်သေးခင်ပဲ ကျန့်ယောင်က ခေါင်းမော့လို့လည်ချောင်းတစ်လှုပ်လှုပ်နဲ့ တစ်ခွက်လုံးကို တစ်ခါတည်းမော့ပစ်လိုက်လေတယ်။
‘‘ဖာ့ခ်! ယောင်ကောက မိုက်လိုက်တာ သောက်ရမ်းပဲ!”
‘‘တစ်ဂွတ်တည်းပဲ!”
‘‘နောက်တစ်ခွက် နောက်တစ်ခွက်!”
ကျန့်ယောင်က လက်ရမ်းပြကာ
‘‘နောက်မှပဲ သောက်တော့မယ်၊ ဒီနေ့ငါလာတာ သောက်ဖို့သက်သက်လာတာမဟုတ်ဘူး”
သူ့ရဲ့ခပ်မိုက်မိုက်သောက်ပြလိုက်မှုနဲ့အတူ ဘေးကလူတွေကလည်း ကြွလာကြတယ်။ ကျန်းခဲ့က ပထမဆုံးစတင်လှုပ်ရှားလာပြီး မြူးမြူးကြွကြွဖြစ်စေဖို့အတွက် Internetပေါ်ကရေပန်းအစားဆုံးသီချင်းကို ရွေးတယ်။ နောက်တော့ သရဲငြီးသံလိုလို ဝံပုလွေအူသံလိုလိုအသံမျိုးနဲ့ ကီးမကိုက်စွာ စပြီးဆိုတော့ နားထဲကိုစုန်းမှော်ပညာတွေနဲ့ထိုးဖောက်ခံလိုက်ရသလိုပဲ။ သုံးမိနစ်လောက်ကြာပြီးနောက်မှာ ကောကျစ်ရှုန်းက သူ့သီချင်းကိုကြား၀င်ဖြတ်ပြီး တခြားနာမည်ကြီးအချစ်သီချင်းတစ်ပုဒ်ကိုပြောင်းတယ်။
‘‘ဖယ်စမ်း ဖယ်စမ်း ချဲယ်ကောကို ငါသီချင်းလေးတစ်ပုဒ်လောက်နဲ့ ဂုဏ်ပြုဦးမယ်”
ပြောတာတော့ အဲ့လိုပါပဲ၊ ဒါမယ့် ဒီနေ့သူကသူကောင်မလေးပါခေါ်လာတော့ ဘယ်သူ့ကိုဆိုပြချင်တာလဲဆိုတာ ပြောစရာမလိုပါပဲ ထင်ရှားနေပြီးသား။
‘‘တာ့ရှုန်းပုံက ကြမ်းကြမ်းထွားထွားကြီးဆိုတော့ သူ့ကိုသီချင်းကောင်းကောင်းဆိုနိုင်လိမ့်မယ်လို့ ငါတစ်ခါမှထင်မထားမိဘူး”
ချန်ရင်းရင်းမှာ သီချင်းထဲ စီးမျောသွားပြီး စိတ်လိုလက်ရချီးကျုးမိတယ်။
ဟန်မုန့် : ‘‘မင်း စာအုပ်တစ်အုပ်ကို အပေါ်ယံကကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ၊ ဥပမာ ငါ့ပဲကြည့်၊ ငါကကြည့်တော့သာ အရမ်းချောမောလှပနေပေမယ့် အမှန်တော့ ငါက စွမ်းအားမြင့် manကွ”
‘‘သွားစမ်းပါ၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်မနေနဲ့”
ကောကျစ်ရှုန်း ဆိုပြီးသွားတော့ မဆုံးနိုင်တဲ့အားပေးလက်ခုပ်သံတွေကိုရတယ်။ သူက သူ့ကောင်မလေးဆီကိုမခို့တရို့လေးပြုံးပြပြီး မိုက်ကရိုဖုန်းကို ပြန်ပေးလိုက်တယ်။
‘‘နောက်ထပ် ဘယ်အချောလေးဆိုဦးမလဲ?”
‘‘ကျွန်တော်!”
လင်းယွမ်က လက်ထောင်လာပြီး မိုက်ကရိုဖုန်းကိုယူလိုက်တယ်။
‘‘ရွှယ်ကျန်း ကျွန်တော်တို့အတူဆိုကြမလား?”
ရန်းရီလဲ့က မျက်နှာခပ်ရဲရဲဖြင့်
‘‘ကောင်းပြီလေ...”
ဟန်မုန့်တစ်ယောက် ချစ်မေတ္တာတွေနဲ့လက်လက်ထနေတဲ့ စုံတွဲတွေကိုကြည့်ရင်း လက်တစ်ဖက်ကိုကျန့်ယောက်ပခုံးပေါ်တင်လိုက်တယ်။
‘‘ကျွတ် ကျွတ် ငါ့နှလုံးသားလေး နာကျင်သွားပြီ၊ တစ်နှစ်တည်းရှိသေးတာကို မင်းတို့တွေအားလုံးက အတွဲတွေကိုယ်စီဖြစ်နေကြပြီလား? ဒုတိယနှစ်ကို သန့်သန့်စင်စင်လေးဆိုလို့ ငါတစ်ယောက်တည်းဖြတ်သန်းခဲ့တာပဲ”
ကျန့်ယောင်က ရယ်တယ်။
‘‘တစ်ယောက်ယောက်ကို ဘယ်လိုပိုးပန်းရမလဲဆိုတာ ဒီကယောင်ကောက သင်ပြပေးရမလား?”
‘‘လုပ်ပါဦး အသေးစိတ်လေး”
‘‘အမှန်တော့ ရိုးရိုးလေးပါ၊ မင်းသူ့အပေါ်ကောင်းပေးနေသရွေ့ လူအတော်များများကတော့ ရင်ထဲထိသွားတတ်ကြတယ်၊ ပြီးရင် ချိုချိုသာသာလေးတွေပြောပေးလိုက် မင်းအပေါ်ကြွေဆင်းလာကြလိမ့်မယ်”
ကျန့်ယောင်အသံက ကိုယ့်ကိုယ်ကို ဘ၀င်မြင့်နေတဲ့လေသံနဲ့။
‘‘ကြည့်လေ မင်းရဲ့ချဲယ်ကောတောင် ငါ့ကြောင့် ရင်ခုန်သွားတာ”
သူ့ရဲ့ဘေးမှာထိုင်နေတဲ့ ရင်းချဲယ် ထိုစကားကြားတော့ အမျိုးအမည်မသိသလိုလေး ကြည်နူးမိသွားတယ်။
ကျန့်ယောင်ပုံစံက စစ်ပွဲအောင်နိုင်လာလို့ပဲ ကြွားနေသလိုပဲ။
ရန်းရီလဲ့နဲ့လင်းယွမ် ဆိုပြီးသည့်နောက် မိုက်ကရိုဖုန်းက တခြားလူဆီရောက်လာတယ်။ တစ်စုံတစ်ယောက်က ဂိမ်းကစားဖို့ အကြံပြုလာတာကြောင့် ချက်ချင်းပဲ မဲပေးဖို့ လုပ်လိုက်ကြတယ်။
24တွက်ချက်ဂိမ်းနဲ့ပက်သက်လို့ ရင်းချဲယ်လေးမှာ စိတ်ပိုင်းဆိုင်ရာအရိပ်ဆိုးကြီးကျန်နေသေးတာမို့ ပြောလိုက်သည်။
‘‘စိတ်နဲ့ထည့်တွက်ရတာတွေ မပါကြေး”
ကျန်းခဲ့ကတော့ ခြေရောလက်ရောမြှောက်လို့ အသားကုန်သဘောတူရှာတယ်။
နောက်ဆုံးမှာတော့ သူတို့ အွန်လိုင်းအုပ်စုဖွဲ့ကစားနည်းလမ်းညွှန်ထဲက ‘‘I have, You haven't”(ငါလုပ်ဖူးတယ်၊ သူမလုပ်ဖူးဘူး)ဆိုတဲ့ ကစားနည်းကိုပဲရွေးချယ်လိုက်ကြတယ်။ စည်းမျဉ်းကတော့ ရှင်းရှင်းလေးပဲ : အားလုံးက တစ်ယောက်ချင်းအလှည့်ကျ သူတို့လုပ်ဖူးပြီး တခြားလူမလုပ်ဖူးသေးဘူးထင်တဲ့အရာတွေကိုပြောရမှာဖြစ်တယ်၊ လုပ်ဖူးတဲ့တစ်ခြားသူသာရှိနေမယ်ဆိုရင် ပြစ်ဒဏ်ခံရမှာဖြစ်တယ်။
အကုန်လုံး ကိုယ်စီတွေးမိတဲ့အပြစ်ပေးနည်းတွေကို စာရွက်ပေါ်ချရေးပြီး ထပ်ထားလိုက်တယ်။ အချိန်ကျလာမှ ပြစ်ဒဏ်ခံရမယ့်လူက အဲ့ထဲကဆွဲရမှာဖြစ်တယ်။
ဂိမ်းစဆော့ကြတယ်။
ဟန်မုန့်ကနေ အရင်စပြီး : ‘‘တကယ်တော့ ငါအပတ်တိုင်းနှင်းဆီပွင့်ဖတ်နဲ့ရေစိမ်ချိုးတယ်”
ကောကျစ်ရှုန်း : ‘‘ထင်တဲ့အတိုင်းပါပဲ”
ကျန်းခဲ့ : ‘‘အဲ့လိုမျိုးလုပ်တဲ့သူ မင်းတစ်ယောက်ပဲရှိမယ်”
ဟန်မုန့်တစ်ယောက် ရှောရှောရှူရှူပဲကျော်သွားတယ်။
ဒုတိယက ရန်းရီလဲ့ : ‘‘ငါ....ငါ့ရဲ့ကိုယ်တိုင်ပုံတူပန်းချီကို တစ်နာရီတည်းနဲ့ ပုံကြမ်းချဖူးတယ်”
ကောကျစ်ရှုန်း : ‘‘လင်းယွမ်လည်း လုပ်ဖူးလောက်တယ်!သူလည်း Drawing Clubကပဲလေ”
လင်းယွမ်က ရယ်တယ် : ‘‘ကျွန်တော်က သင်တာတစ်နှစ်ပဲရှိသေးတယ်၊ အဲ့လောက် မတော်ဘူးဗျ”
တကယ်ပဲ အမှန်ပဲလား ဒါမှမဟုတ် သူ့ကောင်လေးကို အပြစ်ဒဏ်မခံစေချင်လို့ပဲလားဆိုတာတော့ ဘယ်သူသိမလဲလေ၊ ဒီလိုနဲ့ပဲ ရန်းရီလဲ့လည်း အောင်မြင်သွားတယ်။ နောက်လူအနည်းငယ်လောက်ပြီးနောက်မှာ သူတို့အားလုံးသိလိုက်တာဟာ အချိန်တွေအကြာကြီးပေါင်းသင်းလာတာတောင်မှ လျှို့ဝှက်ချက်တွေ ၊ကွယ်ဝှက်ထားတဲ့ကျွမ်းကျင်မှုတွေ ကိုယ်စီရှိနေကြသေးတာပဲဆိုတာ။
ရင်းချဲယ်အလှည့်လည်းရောက်ရော သူတောင်မပြောရသေးခင် တခြားသူတွေကသူ့အစား၀င်ပြောလာကြသည် :
‘‘ငါ့အထင် ချဲယ်ကောကတော့ လူဘယ်နှစ်ယောက်လောက် ရိုက်နှက်ဆုံးမခဲ့ဖူးလဲပြောတော့မယ်ထင်တယ်”
‘‘ချဲယ်ကောက အများကြီးလုပ်ဖူးတယ်၊ ငါတို့သာ ဘာမှမလုပ်ဖူးတာ”
‘‘ဟုတ်တယ် ငါတော့ ချဲယ်ကောလုပ်သလိုအကုန် ငါလုပ်နိုင်မှာမဟုတ်လောက်ဘူးပဲတွေးမိတယ် ဟဟ”
ထင်မှတ်မထားစွာ ရင်းချဲယ်ကတော့ သူတို့ထင်သလို ကျောင်းလူဆိုးနဲ့ပက်သက်တဲ့ကိစ္စတွေကို ဂုဏ်ဖော်ပြောမလာခဲ့ပါ။ ထို့အစား သူ့၀မ်းဗိုက်နေရာကိုလက်ညှိုးထိုးပြပြီး :
‘‘ငါ ဒီနားမှာ ခွဲစိတ်ဖူးတယ်”
ကျန့်ယောင်တစ်ယောက် လက်ထဲမှာ အအေးခွက်ကိုင်ရင်း အေးခဲသွားတယ်။
ရင်းချဲယ်ထိုးပြတဲ့နေရာက အင်္ကျီနဲ့ဖုံးနေပြီး အရင်ကလည်းတစ်ယောက်မှမမြင်ဖူးဘူးဆိုပေမယ့် သူ့ကိုလျှောက်ပြောနေတယ်လို့ ဘယ်သူကမှ သံသယမဝင်ကြပေ။
‘‘ဒါက ‘တစ်ခုခုလုပ်ဖူးတာ’မျိုးမဟုတ်ဘူးလား? အဲ့ဒါက ‘အလုပ်ခံရဖူးတာ’ဖြစ်ရမှာလေ ဟုတ်တယ်မလား?”
တစ်ယောက်က ပြောလာသည်။
‘‘hahaha, အဲ့လောက်ထိကို တင်းကျပ်မှဖြစ်မှာလား?”
‘‘အိုက်ယား၊ ငါတို့က အပျော်တမ်းဂိမ်းကစားနေကြတာလေ၊ အရမ်းကြီးအတည်ကြီးမလုပ်ပါနဲ့၊ လူတိုင်းစိတ်ပျော်သလိုကစားလို့ရတာပဲ”
ဒီလိုနဲ့ ရင်းချဲယ်အလှည့် ပြီးသွားပြီး ကျန့်ယောင်အလှည့်ရောက်လာတယ်။
‘‘ယောင်ကောကတော့ သေချာပေါက် ငါတို့မလုပ်ဖူးတာတွေ အတော်များများလုပ်ဖူးမှာပဲ”
‘‘ဘယ်လိုလုပ် ကျောင်းနတ်ဘုရားရဲ့ဘ၀က ငါတို့လိုသာမညောင်ညသေမျိုးလေးတွေဘ၀နဲ့ တူနိုင်မှာလဲ?”
‘‘တော်ပါ တအားတွေ မြှောက်ပင့်မနေကြစမ်းပါနဲ့”
ကျန့်ယောင်က အပြုံးလေးနဲ့ ဟန့်တယ်။ သူ စက္ကန့်အနည်းငယ်လောက် တွေးပြီးနောက် ပြောတယ်။
‘‘ငါ တခုခုကို လွန်လွန်ကျူးကျူးလုပ်မိခဲ့တယ်၊ ဆိုးလွန်းတာမို့ ခွင့်လွှတ်ခံရဖို့တောင်မဖြစ်နိုင်လောက်တော့တဲ့အထိ”
ရင်းချဲယ် သူ့ကို မျက်ဝန်းထောင့်ကနေလှမ်းကြည့်တော့ အချိန်ကိုက်ပဲ သူ့ကိုစိုက်ကြည်နေတဲ့အကြည့်နဲ့ တည့်တည့်တိုးတယ်။
အခန်းထဲကမီးရောင်က မှိန်ပျပျနဲ့ ကျန့်ယောင်မျက်၀န်းတွေထဲကအမူအရာမှာ အရမ်းကိုမှုန်မှိုင်းနေတာမို့ ဘယ်လိုမုဒ်ဖြစ်နေလဲ သူမြင်ကြည့်လို့မရပေ။
အဲ့ဒါကိုလိုက်ပြီး ရှာဖွေဖော်ထုတ်နေဖိူ့လည်း သူစိတ်ကူးမရှိပေ။
လူတစ်ယောက်မှာ ဘေးလူတွေကို မသိစေချင်တဲ့လျှို့ဝှက်ချက်ဆိုတာ ရှိစမြဲပဲ။ ကျန့်ယောင်ဘက်ကအရင် သူ့ကိုပြောပြဖို့စမလာမှတော့ သူ့ကိုလည်းမသိစေချင်လို့ပဲဖြစ်မှာပေါ့။
ထိုနည်းတူစွာပဲ သူ့မှာလည်း ကျန့်ယောင်ကိုမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေရှိတယ်၊ ဒီမှာရှိနေကြတဲ့ လူတိုင်းမှာလည်း တူတူပဲ။
တခြားလူတွေရဲ့သိချင်စိတ်ကတော့ မယိုးမယွ။
‘‘ဘာလဲ အဲ့ဒါဘာလဲလို့? တစ်ဝက်တစ်ပျက်ကြီးရပ်မထားနဲ့လေ”
သို့ပေသည့် ကျန့်ယောင်ကတော့ ဆက်ရှင်းမပြတော့ပဲ လက်ဆန့်လို့စာရွက်တစ်ရွက်ကိုဆွဲယူတယ်။
‘‘ထားလိုက်တော့ ငါပြစ်ဒဏ်ခံဖို့ပဲရွေးတယ်”
ဒီဂိမ်းရဲ့ အမျှော်လင့်ဆုံးအပိုင်းက ပြစ်ဒဏ်ပဲ၊ ဒါ့ကြောင့် အားလုံးကလည်း စောစောက ကျန့်ယောင်ပြောခဲ့တာကိုစိတ်ထဲထားမနေတော့ပဲ သူဆွဲလိုက်တဲ့ စာရွက်ပေါ်ကစာကိုမြင်ရဖို့အရေးသာ လည်တွေဆန့်လာကြတယ်။
ဟန်မုန့်က အနားကပ်ကြည့်ပြီး မြင်သွားတော့ မနေနိုင်ပဲရယ်မိသည်။
‘‘ဘယ်သူကများ ဒီအတွေးရတာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ”
ကျန့်ယောင်က တွန့်ဆုတ်တွန့်ဆုတ်နဲ့ စာရွက်ကိုလှန်ပြတယ်။ ရေးထားတာက : ကိုယ့်လက်ဖမိုးကိုယ် ဆယ်စက္ကန့်ကြာ ကြင်ကြင်နာနာနမ်းပြပါတဲ့။
မခက်ပေမယ့် လူတွေအားလုံးရဲ့ အကြည့်တွေအောက်မှာဆိုတော့ တအားရှက်စရာကောင်းတယ်။
‘‘ယောင်ကော! လုပ်လိုက်စမ်းပါ! ယောင်ကောရဲ့ အနမ်းစကေးကိုပြဖို့ အချိန်ကျပြီ!”
ကျန်းခဲ့က အော်တယ်။
‘‘ငါ့မှာ ဘယ်အနမ်းစကေးရှိလို့လဲ...”
ကျန့်ယောင်က ခါးသီးစွာပြုံးတယ်။ သူက နှုတ်ခမ်းကိုလက်ဖမိုးနဲ့ဖိကပ်လိုက်ပြီး အကြိမ်အနည်းငယ်နမ်းတယ်။ ဆယ်စက္ကန့်ပြည့်ပြည့်သွားချင်းပဲ ပြောတယ်။
‘‘မဆိုးဘူး မဆိုးပါဘူး နောက်တစ်ယောက်”
လူစုကတော့ စနောက်လို့ ရယ်ကြတယ်၊ သူ လွယ်လွယ်နဲ့လွတ်သွားတာကိုလည်း မကျေနပ်ကြပဲ နောက်တစ်ခွက်ထပ်သောက်ခိုင်းနေပြန်တယ်။ အဲ့လိုမှပဲ ပြစ်ဒဏ်ကပြီးတယ်လို့ သတ်မှတ်မယ်တဲ့လေ။
ဂိမ်းတစ်၀က်ရောက်တော့ သီချင်းက ခုနစ်ပုဒ်ရှစ်ပုဒ်လောက်ပြီးနေပြီ။ နောက်လာမယ့်သီချင်းကတော့ ကျန့်ယောင်ရွေးထားခြင်း။ ကျန်းခဲ့က မိုက်ကရိုဖုန်းကိုကမ်းပေးလိုက်ပြီး :
‘‘ယောင်ကော ဆိုမလား?”
ကျန့်ယောင်က ပြန်ဖြေမယ်အပြင်မှာပဲ သူဘေးကရင်းချဲယ်က ရုတ်တရက်ထရပ်ပြီး :
‘‘ငါ ဖုန်းသွားပြောလိုက်ဦးမယ်”
‘‘အင်း”
ကျန့်ယောင်လည်း သူ့နောက်ကလိုက်လာခဲ့လိုက်သည်။
KTVက အတွင်းရောအပြင်ပါ ဆူညံလို့နေတယ်။ လမ်းတစ်လျှောက် ဘယ်အခန်းကများ တံခါးမပိတ်တယ်မသိ၊ ‘သေသွားတောင် မင်းကိုချစ်သွားမှာ’ဆိုပြီးဆိုနေတဲ့ အသံပြဲကြီးကဟိန်းလို့၊ အဲ့ဒါကြောင့်ပဲ ရင်းချဲယ်လည်း သူ့နောက်ကတံခါးဖွင့်သံကိုမကြားပဲ ကိုယ့်ကိစ္စကိုယ်တွေးလို့ဆက်လျှောက်လာခဲ့တယ်။
ဖုန်းတစ်ဖက်မှာတော့ ဒေါက်တာဖုန်းကပြောတယ် :
‘‘စစ်ဆေးအကဲဖြတ်ရလဒ်တော့ ရပြီ၊ ခန့်မှန်းခြေအရတော့ အချိန်ငါးလလောက်ကျန်သေးတယ်”
ရင်းချဲယ်ခြေလှမ်းတွေရပ်တန့်သွားတယ်။ နံရံကိုမှီပြီး ခနလောက်ရပ်နေလိုက်တယ်။
‘‘အာ အဲ့လိုကိုး”
ထင်မှတ်မထားတဲ့ ရလဒ်မျိုးတော့ မဟုတ်ပါဘူး
သုံးလေးလကြာ ကုသမှုပြီးတဲ့နောက် မူလအစီစဉ်အတိုင်းသာဆို ဒီမနက်က နောက်ဆုံး sessionပဲ။
သို့ပေမယ့်လည်း အရင်ကလိုပဲ ဘာမှမထိရောက်ပြန်ဘူး။
နဂိုအတိုင်းဆို အသက်ပြည့်ပြီး ဒီလာမယ့်သုံးရက်လောက်နေရင် heatကာလဖြစ်ဖို့ရာ ရာထားသည်။ ထိုကာလမှာမှ အချိန်အကြာကြီး ငုပ်လျှိုးနေခဲ့တဲ့ အတွင်းထဲကသားရဲကို အစာကျွေးဖို့ pheromoneတွေမပျံ့ထွက်နိုင်ခဲ့ရင် အနှေးနဲ့အမြန် ငြှိုးရော်ပျောက်ပျက်သွားဖို့ ထိုင်စောင့်နေရုံသာတတ်နိုင်တော့သည်။
ငါးလ၊ အမှန်တော့ အတော်လေးကြာပါသေးတယ်
အရင်နှစ် သူမူးလဲတုန်းကလည်း ဒေါက်တာဖုန်းက ဒီလိုစစ်ဆေးမှုလုပ်ခဲ့တယ်။ အဲ့တုန်းကတော့ သူ့မှာတစ်နှစ်ပဲကျန်တော့တာလို့ပြောခဲ့တာ။ အခုတစ်နှစ်ကုန်သွားပြီးတော့ နောက်ထပ်ငါးလကျန်သေးတယ်ဆိုတော့ကာ သူအမြတ်ရလိုက်သလိုပါပဲ။
‘‘ဒီနည်းလမ်းက မင်းအတွက် သိပ်ပြီးမထိရောက်လို့ပဲနေမှာပါ..”
ဒေါက်တာဖုန်းကတော့ သူ့ကိုနှစ်သိမ့်ပေးဖို့လုပ်နေတာမှန်း အသိသာကြီး။
‘‘နောက်ကျ ငါတို့တခြားနည်းလမ်းတွေကြိုးစားကြည့်လို့ရပါတယ်၊ နောက်ငါးလအတွင်း ကုသလို့ရတဲ့ဖြစ်စဉ်တွေ ပေါ်လာနိုင်တာပဲလေ”
ဒါပေမယ့် မျှော်လင့်ချက်က ရေးရေးလေးပဲရှိတယ်ဆိုတာ သူတို့နှစ်ယောက်လုံး သိပြီးသားပါ။
ရင်းချဲယ် ခေါင်းထဲမှာ အတွေးတွေ ဗလာဖြစ်လို့နေတယ်။ ခေါင်းထက်က မီးကိုမော့ကြည့်လိုက်တော့... တောက်ပတယ် ပြီးတော့ လှတယ်။
လောကကြီးက အမှန်ကို အလွန်တရာလှပကြောင်း သူ လတ်တလောလေးကမှ သိရှိလိုက်ရတာပါ။
ဘယ်တုန်းကမှ သူအသက်ဆက်ရှင်ဖို့ မလိုလားမတောင့်တခဲ့ဖူးဘူး။
အဲ့ဒီတစ်ခါမှမဖြစ်တည်ဖူးတဲ့ သူ့ထဲကအသက်ရှင်ဖို့ဆန္ဒလေးကို ကျန့်ယောင်က အစပျိူးထွန်းညှိခဲ့တယ်၊ ဒါပေမယ့် အဲဒီဆန္ဒက ကုသပျောက်ကင်းဖို့အထောက်အကူမှမဖြစ်ပဲ။ အဲ့အစား အကြီးမားဆုံးဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ပျက်အားလျော့မှုကိုသာ ခံစားရစေတယ်။
ရင်းချဲယ် ရှေ့သို့ဆက်လျှောက်လာလိုက်ပြီး မပြောခင်ခနလောက်စဉ်းစားပြီးမှ :
‘‘ကျွန်တော် စီးကရက်တွေ၀ယ်ထားတယ်၊ ဒေါက်တာ”
‘‘မင်းပြောတာ...”
‘‘Mhm ကျွန်တော် စမ်းကြည့်ချင်တယ်”
ဒီဆုံးဖြတ်ချက်ကို ချလိုက်ဖို့ဟာ အရင်ကသူထင်ထားသလောက်လည်း မခက်ပါလား။
‘‘လျှပ်စစ်ရှော့ခ်နဲ့က အဆင်မပြေမှတော့ တခြားတစ်ခုနဲ့ပေါ့”
‘‘ဒါမယ့် မင်းအကျိတ်တွေက ဒဏ်ရာရရာကနေမှ ခက်ခက်ခဲခဲနဲ့ ပြန်ကောင်းလာရုံရှိသေးတယ်လေ၊ ထပ်သာထိခိုက်သွားရင် ပြန်ကောင်းလာနိုင်မှာမဟုတ်တော့ဘူးနော်၊ မဖြစ်မနေမျိုးသာမဟုတ်ရင် မင်း အဲ့ဒါကိုခပ်ပေါ့ပေါ့လူပ်လို့မရဘူး”
ရင်းချဲယ်က ခပ်တိုးတိုးရယ်တယ်။
‘‘အခုက နောက်ဆုံးမဖြစ်မနေအခြေနေပဲမဟုတ်ဘူးလား?”
ဒေါက်တာဖုန်းက ငြိမ်ကျသွားပြီး အကြာကြီးတွေးနေပြီးမှ :
‘‘အဲ့ဒါမှ အလုပ်မဖြစ်သေးရင်ရော မင်းဘယ်လိုလုပ်ဖို့စီစဥ်ထားလဲ?”
‘‘အဲ့လိုဆိုရင်တော့ နောက်ဆုံးလှုံ့ဆော်မှုတစ်ခုပဲရှိတော့တယ်”
ရင်းချဲယ် လက်ကို၀မ်းဗိုက်မှာတင်ထားပြီး :
‘‘ကျွန်တော်တစ်ယောက်တည်းတော့ လုပ်လို့ရမှာမဟုတ်ဘူး၊ ဒေါက်တာဖုန်းက ကူညီပြီး ကျွန်တော့်ဗိုက်ကိုရိုက်ပေးမလား?”
‘‘မင်းရူးနေလား!”
အတွေးထဲမှာ အတိတ်ကပုံရိပ်တွေပြန်ပေါ်လာပြီး ဒေါက်တာဖုန်းခေါင်းတွေတောင် ထုံထိုင်းသွားသည်။
လွန်ခဲ့တဲ့ဆယ်နှစ်က ဒီကလေးကို သူစတွေ့ခဲ့ချိန်ကိုသူမှတ်မိသေးတယ်။
အဲ့ညက လေပြင်းမိုးပြင်းတွေနဲ့ မိုးကြိုးတွေသည်းထန်နေတဲ့ည။ သူဆေးရုံမှာဂျူတီကျနေတုန်း ရဲကားတစ်စီးနဲ့ အရေးပေါ်ကားတစ်စီးရောက်လာပြီး ကလေးတစ်ယောက်ပါပါလာတယ်၊ ပြန်ပေးဆွဲခံရတာဖြစ်ပြီး ပြန်ပေးသမားတွေက ကလေးအဖေကိုအမှုကိစ္စတစ်ခုကြောင့် လက်စားပြန်ချေတဲ့အနေနဲ့ ထိုကလေးကို လူမဆန်စွာ omegaကနေ betaအဖြစ်ပြောင်းပစ်လိုက်ကြတယ်ဆိုတဲ့စကားသံတွေနဲ့အတူ။
ခွဲစိတ်ခန်းထဲမ၀င်ခင်အထိ ဒေါက်တာဖုန်း ရှုပ်ထွေးနေရသေးတယ်။ ‘omegaကို beta ပြောင်းတယ်’ဆိုတာဘာကိုဆိုလိုမှန်း သူတကယ်နားမလည်နိုင်ခဲ့ဘူး။ ပင်ကိုယ်ခွဲခြားသဏ္ဍာန်တွေက မွေးရာပါတွေလေ၊ အဲ့ဒါကို လူတစ်ယောက်က ဘယ်လိုလုပ်ပြောင်းနိုင်မှာလဲ။
ခွဲစိတ်ခန်းထဲဝင်ပြီးတဲ့နောက်တော့ သူအားလုံးနားလည်သွားပြီ။
အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးငယ်ဟာ သတိမေ့သည်အထိ ရှော့ခ်တိုက်ခံထားရပြီး တစ်ကိုယ်လုံးကလည်း အညိုအမဲဆွဲနေပြီး သွေးတွေကအဆက်မပြတ်ထွက်နေသည်။ သူ့ရဲ့မဖွံ့ဖြိုးသေးတဲ့ glandsတွေဟာ စီးကရက်ထိပ်ဖူးနဲ့အထိုးခံထားရပြီး ၀မ်းဗိုက်(သားအိမ်)နေရာကလည်း သံတုတ်နဲ့အရိုက်ခံထားရတယ်။
ပြန်ပေးဆွဲသမားတွေက omegaကလေးတစ်ယောက်ပိုင်ဆိုင်တဲ့ သီးခြားအစိတ်အပိုင်းအားလုံးကို အရက်စက်ဆုံးနည်းနဲ့ ဖျက်ဆီးထားခဲ့ကြတယ်။
ခွဲစိတ်ခန်းထဲက ကျန်းမာရေး၀န်ထမ်းအားလုံး လန့်ဖျန့်သွားကြတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် သွေးသံရဲရဲနဲ့ကြောက်မက်ဖွယ်မြင်ကွင်းက အဲ့အချိန်တုန်းကလိုပဲ စိတ်ထဲဆွဲနေတုန်း။
ကံကောင်းထောက်မစွာနဲ့ မနားမနေခွဲစိတ်ကုသပြီးနောက်မှာတော့ ကလေးရဲ့အကျိတ်နဲ့သားအိမ်ကိုအောင်အောင်မြင်မြင် ရယူနိုင်လိုက်တယ်။ ခွဲစိတ်ခန်းအပြင်မှာ နေ့ရောညပါမျက်စိမှိတ်အနားမယူနိုင်ပဲ စောင့်နေကြတဲ့ မိဘနှစ်ပါးကတော့ ကျေးဇူးတွေအဖန်တလဲလဲတင်လို့။
ဒေါက်တာဖုန်းကိုယ်တိူင်လည်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိတယ်၊ ကလေးက ကံကောင်းလွန်းလို့ သူ့ဘ၀လေးသူပြန်ရလိုက်ပြီလို့တွေးရင်းပေါ့။
ဒါပေမယ့် ခွဲစိတ်အပြီးဆေးစစ်ချိန်မှ သူရုတ်တရက်တွေ့ရှိသွားတာ ကလေးက pheromoneတွေကို မခံစားနိုင်တော့သလို ထုတ်လည်းမထုတ်လွှတ်နိုင်တော့ဘူး။
ဒီလို pheromoneချို့တဲ့မှုရောဂါမျိုးဟာ မွေးရာပါနဲ့ ရရှိလာတာမျိုးဆိုပြီး နှစ်မျိုးခွဲခြားလို့ရတယ်။ မွေးရာပါမဟုတ်ရင် ပိုပြီးကုသရခက်တယ်၊ ကုသလို့မရသလောက်ပဲ။ ကြားသိရတဲ့ caseတွေအကုန်ကတော့ အသက်ဆယ့်ရှစ် heatကာလအပြီးမှာ အင်္ဂါသေဆုံးခြင်းခံစားရပြီး တစ်နှစ်ထက်ပိုပြီးကြာအောင် အသက်မရှင်နိုင်တော့တာချည်းပဲ။
ရောဂါရှာတွေ့ပြီးနောက် ပထမဦးဆုံးအနေနဲ့ ဥပဒေအတိုင်း လူနာကိုအသိပေးရသည်၊ တစ်ဖက်လူက ခုနစ်နှစ် ရှစ်နှစ်ပဲရှိတဲ့ကလေးတစ်ယောက်ဖြစ်နေဦးတော့။ တစ်ဖက်ကကလေးခံနိုင်ရည်မရှိမှာစိုးတာကြောင့် သူအတတ်နိုင်ဆုံး စကားလုံးကိုချင့်ချိန်သုံးခဲ့တယ်။
သူ့စကားကိုနားထောင်ပြီးနောက်မှာ ရင်းချဲယ်က သူ့အား မှိန်ဖျော့နေတဲ့မျက်၀န်းတစ်စုံနဲ့ ကြည့်လာတယ်။ ပြီးတော့ ပထဦးဆုံးပြောခဲ့တဲ့စကားက ‘‘အချိန်တွေအများကြီး ကျန်နေသေးတာပဲ”တဲ့။
ဒုတိယကတော့ : ‘‘ကျွန်တော့်အိမ်ကို ပြန်မပြောပါနဲ့နော် ရှို့ရှို့”တဲ့။
သူလည်းလက်ခံပြီး လျှို့ဝှက်ချက်ကိုထိန်းသိမ်းလာခဲ့ပေးတာ ဒီနေ့ထိပဲ။
...
‘‘လုံးဝမရဘူး ငါမင်းကို ခွင့်မပြုနိုင်ဘူး၊ မင်းကိုယ့်ကိုယ်ကို အန္တရာယ်ပြုသလိုဖြစ်လိမ့်မယ်”
ဒေါက်တာဖုန်းဟာ သူ့အတွေးကြောင့် ထိတ်လန့်သွားတယ်။
‘‘အဲ့တာတင်မကဘူး မင်းအဲ့လိုလုပ်ရင် မင်းအိမ်ကလည်း သေချာပေါက်သိသွားလိမ့်မယ်၊ အဲ့လိုသာဆို ငါတို့ ဘယ်လိုရှင်းပြကြမလဲ ပြော”
‘‘သူတို့သိမှာမဟုတ်ပါဘူး၊ ကျွန်တော်နဲ့အတူနေတဲ့လူတွေအားလုံးဆီက ကျွန်တော်ဖုံးထားနိုင်တယ်”
သူလုပ်နိုင်ကြောင်း သက်သေအနေနဲ့ ရင်းချဲယ် ထပ်ပြောလိုက်သေးတယ်။
‘‘အရင်ကလည်း ကျွန်တော် stun batonတစ်ခု၀ယ်ပြီး အဆောင်မှာ ကိုယ့်ဘာကိုယ်ရှော့ခ်တိုက်ဖူးတယ်၊ ညတိုင်း ကျွန်တော်သတိလစ်တာတောင် ကျွန်တော့်အတန်းဖော်တွေတစ်ယောက်မှ မသိဘူး”
‘‘မင်း တကယ်ကို မဆင်မခြင်တွေလျှောက်လုပ်နေတော့တာပဲ...”
ဒေါက်တာဖုန်းမှာ ပြောစကာစကားလုံးပင်မရှိတော့။
‘‘ဖြစ်နိုင်ချေအကုန်လုံးကို တစ်ခါမှစမ်းမကြည့်ပဲနဲ့တော့ ကျွန်တော်လက်လျော့မှာမဟုတ်ဘူး၊ ကျွန်တော့်ကို စမ်းကြည့်ခွင့်သာပြုပါ”
ရင်းချဲယ်ဟာ သူ့ကိုယ်သူသတိမထားမိပဲ ချောက်အစွန်းကို မနားမနေလျှောက်သွားနေလေရဲ့။
‘‘အားလုံးသာ အလုပ်မဖြစ်ရင် ကျွန်တော်ထပ်ပြီးမဆင်မခြင်မလုပ်တော့ဘူး၊ ကျွန်တော် အဖေနဲ့လည်း ပြောပြီးသွားပြီ နောက်နှစ်ကျတခြားကျောင်းပြောင်းပြီး နိုင်ငံခြားကို သွားချင်တယ်ဆိုတဲ့အကြောင်း၊ သူသဘောတူတယ်”
‘‘ကျောင်းပြောင်းမယ်?”
‘‘အင်း၊ ဘယ်လိုပဲဖြစ်နေပါစေ သူတို့မျက်စိရှေ့မှာတော့ မသေရက်ဘူးလေ”
သူလှည့်ပြီး ပြန်လျှောက်လာလိုက်သည်။
‘‘အချိန်ကုန်ခါနီးကျ ကျွန်တော် ကမ်းခြေကိုသွားချင်တယ်၊ ကျွန်တော့်မိဘတွေက တစ်ခါမှသွားခွင့်မပြုဘူး၊ စိတ်ဒဏ်ရာကျန်နေလို့နေမှာပေါ့၊ ဒါမယ့် ကျွန်တော်ကတော့ အဲ့ကိုတကယ်ထပ်သွားချင်တာ...”
အဲ့ဒါထက် အဲ့ကို ကျန့်ယောင်နဲ့အတူသွားချင်တာ
ပင်လယ်ပြာကြီးရဲ့ရှေ့မှာ လက်ကိုတွဲ ပခုံးချင်းမှီလို့ နေထွက်တာကိုစောင့်ရင်း၊ နေ၀င်တာကိုကြည့်ရင်းပေါ့။ တစ်နေ့ကုန်သွားလို့ နောက်တစ်နေ့ရောက်လာရင်း...။
ကျန့်ယောင်နဲ့သာဆို နေ့ရက်တိုင်းက ကြည်နူးဖွယ်...အကြင်နာလေးတွေနဲ့ ပြည့်လို့နေမှာ။
ရင်းချဲယ်တစ်ယောက် စိတ်ကူးထဲမှာမျောလွန်းပြီး ရှေ့မှာရှိတာကိုပင် သတိမထားမိတော့ဘူး။ ထောင့်ချိုးအကွေ့တစ်ခုမှာပဲ သူ လူတစ်ယောက်နဲ့၀င်တိုက်မိတော့တယ်။
‘‘အာ၊ တောင်းပန်ပါတယ်...”
ထိုလူက ရုတ်တရက် သူ့ကိုဆွဲဖက်လာတယ်၊ ရင်းနှီးနေတဲ့ အရပ်အမောင်း၊ ကျွမ်း၀င်နေရတဲ့ ကိုယ်သင်းနံ့နဲ့။
‘‘....ကျန့်ယောင်?”
‘‘ကောင်စုတ်လေး...”
ကျန့်ယောင်လက်မောင်းတွေက သူ့ကိုတင်းတင်းကျပ်ကျပ်ရစ်သိုင်းထားတာများ၊ ရင်းချဲယ်ကို သူ့ကိုယ်ထဲအတင်းမြှုပ်သွင်းပစ်ဖို့များ အားကုန်သုံးနေသလားပဲ။
‘‘မထားခဲ့ပါနဲ့.....ငါတောင်းပန်ပါတယ်”
______
T/n : နားရောလည်ကြရဲ့လားမသိဘူး၊ နားမလည်တာရှိရင် လွတ်လပ်စွာ လာမေးမြန်းနိုင်ပါတယ်နော်၊ ပြီးတော့ ရင်းချဲယ်က omegaပါ၊ တချို့တွေက ခုထိမသိကြသေးလို့၊ ဘာသာပြန်တော်လို့နေမယ် နော့်😅
[Zawgyi]
Class 1ထဲက ေက်ာင္းသားအမ်ားစုက Xi Chengမွာေနၾကတာဆိုေတာ့ ေတြ႕ရအဆင္ေျပေအာင္ Xi Chengက KTVတစ္ခုကိုဘြတ္ကင္ခ်ိတ္လိုက္တယ္။
လူေတြလာခ်င္သေလာက္လာလို႔ရေစဖို႔အတြက္ေတြးရင္း ရင္းခ်ဲယ္ ခပ္ႀကီးႀကီးအခန္းတခုကို ဘြတ္ကင္လုပ္လိုက္တာမို႔ တစ္တန္းလုံးမဆန္႔မွာေတာ့ ပူစရာမလိုေတာ့။
ခ်န္ရင္းရင္းနဲ႔ တခ်ိဳ႕မွာေတာ့ ေစာေစာစီးစီးႀကိဳေရာက္ေနၾကၿပီ၊ KTVကစားစရာေတြက ေဈးႀကီးတာကိုမုန္းလြန္းလို႔ ကိုယ္ပိုင္သစ္သီးေဖ်ာ္ရည္ေလးေတြလည္း တစ္ပါတည္းယူလာရင္း။
‘‘ခ်ဲယ္ေကာေကၽြးမွာေလ၊ နင္တို႔ကဘာလို႔ကုပ္ကပ္ေနၾကတာတုန္း? သူကေဘာစိပဲဟာ”
က်န္းခဲ့ေတာ့ နားမလည္နိုင္ေပ။
ခ်န္ရင္းရင္းက ေသာက္စရာေတြထုတ္ခင္းလိုက္ၿပီး
‘‘သူ႔မွာ ပိုက္ဆံရွိတယ္ဆိုတိုင္း ငါတို႔ကအကုန္သုံးပစ္လို႔ျဖစ္ပါ့မလား? ဘယ္သူကမ်ား ပိုက္ဆံကို ေလထဲကရတာက်လို႔”
...
ဧည့္သည္ေတြ အားလုံးနီးပါး ေရာက္ေနၿပီးေနာက္မွ အဓိကဇာတ္လိုက္ေက်ာ္က ေနာက္က်ၿပီးေရာက္လာတယ္။
ရင္းခ်ဲယ္က က်န႔္ေယာင္ဆိုင္ကယ္ေနာက္ကထိုင္လိုက္လာရတာမို႔ helmetေၾကာင့္ ရွုပ္ပြသြားတဲ့ဆံပင္ေတြကို သပ္ခ်ေနရင္းမွေျပာသည္။
‘‘ေဆာရီး ငါေနာက္က်သြားတယ္”
ထိုအခ်ိန္မွာပဲ ဝိတ္တာေလးက ဘီယာလာခ်တယ္။ က်န္းခဲ့က ေအာ္ေျပာတယ္။
‘‘ခ်ဲယ္ေကာ !ျပစ္ဒဏ္အေနနဲ႔ တစ္ခြက္ေသာက္ရမယ္!”
alcoholပင္ေကာင္းေကာင္းမေသာက္ဖူးသည့္ အလိမၼာေက်ာင္းသားေလးအုပ္စုဟာ ခုလိုအထိန္းအကြပ္မဲ့အေနအထားမ်ိဳးေၾကာင့္ စိတ္ေတြေပါက္သြားၿပီး လိုက္ေအာ္ေတာ့တယ္။
‘‘ခ်ဲယ္ေကာ မေသာက္ရင္လႊတ္မေပးဘူးေနာ္!”
ဝိတ္တာေလးက အလိုက္တသိပင္ ဘီယာတစ္ခြက္ငွဲ႕ေပးတယ္။ ရင္းခ်ဲယ္ကေတာ့ ရွက္သလိုလိုရြံ့သလိုလိုေရွာင္ေနမယ့္အစား လက္လွမ္းယူလိုက္ခ်ိန္ က်န႔္ေယာင္က အရင္ျဖတ္ယူသြားၿပီး အေဝးကိုေရႊ႕ပစ္တယ္။
‘‘သူက ေသာက္လို႔မရဘူး၊ သူ႔အစားငါေသာက္မယ္”
ဘယ္သူမွမကန႔္ကြက္နိုင္ေသးခင္ပဲ က်န႔္ေယာင္က ေခါင္းေမာ့လို႔လည္ေခ်ာင္းတစ္လွုပ္လွုပ္နဲ႔ တစ္ခြက္လုံးကို တစ္ခါတည္းေမာ့ပစ္လိုက္ေလတယ္။
‘‘ဖာ့ခ္! ေယာင္ေကာက မိုက္လိုက္တာ ေသာက္ရမ္းပဲ!”
‘‘တစ္ဂြတ္တည္းပဲ!”
‘‘ေနာက္တစ္ခြက္ ေနာက္တစ္ခြက္!”
က်န႔္ေယာင္က လက္ရမ္းျပကာ
‘‘ေနာက္မွပဲ ေသာက္ေတာ့မယ္၊ ဒီေန႔ငါလာတာ ေသာက္ဖို႔သက္သက္လာတာမဟုတ္ဘူး”
သူ႔ရဲ့ခပ္မိုက္မိုက္ေသာက္ျပလိုက္မွုနဲ႔အတူ ေဘးကလူေတြကလည္း ႂကြလာၾကတယ္။ က်န္းခဲ့က ပထမဆုံးစတင္လွုပ္ရွားလာၿပီး ျမဴးျမဴးႂကြႂကြျဖစ္ေစဖို႔အတြက္ Internetေပၚကေရပန္းအစားဆုံးသီခ်င္းကို ေရြးတယ္။ ေနာက္ေတာ့ သရဲၿငီးသံလိုလို ဝံပုေလြအူသံလိုလိုအသံမ်ိဳးနဲ႔ ကီးမကိုက္စြာ စၿပီးဆိုေတာ့ နားထဲကိုစုန္းေမွာ္ပညာေတြနဲ႔ထိုးေဖာက္ခံလိုက္ရသလိုပဲ။ သုံးမိနစ္ေလာက္ၾကာၿပီးေနာက္မွာ ေကာက်စ္ရွုန္းက သူ႔သီခ်င္းကိုၾကား၀င္ျဖတ္ၿပီး တျခားနာမည္ႀကီးအခ်စ္သီခ်င္းတစ္ပုဒ္ကိုေျပာင္းတယ္။
‘‘ဖယ္စမ္း ဖယ္စမ္း ခ်ဲယ္ေကာကို ငါသီခ်င္းေလးတစ္ပုဒ္ေလာက္နဲ႔ ဂုဏ္ျပဳဦးမယ္”
ေျပာတာေတာ့ အဲ့လိုပါပဲ၊ ဒါမယ့္ ဒီေန႔သူကသူေကာင္မေလးပါေခၚလာေတာ့ ဘယ္သူ႔ကိုဆိုျပခ်င္တာလဲဆိုတာ ေျပာစရာမလိုပါပဲ ထင္ရွားေနၿပီးသား။
‘‘တာ့ရွုန္းပုံက ၾကမ္းၾကမ္းထြားထြားႀကီးဆိုေတာ့ သူ႔ကိုသီခ်င္းေကာင္းေကာင္းဆိုနိုင္လိမ့္မယ္လို႔ ငါတစ္ခါမွထင္မထားမိဘူး”
ခ်န္ရင္းရင္းမွာ သီခ်င္းထဲ စီးေမ်ာသြားၿပီး စိတ္လိုလက္ရခ်ီးက်ဳးမိတယ္။
ဟန္မုန႔္ : ‘‘မင္း စာအုပ္တစ္အုပ္ကို အေပၚယံကၾကည့္ၿပီး ဆုံးျဖတ္လို႔မရဘူးေလ၊ ဥပမာ ငါ့ပဲၾကည့္၊ ငါကၾကည့္ေတာ့သာ အရမ္းေခ်ာေမာလွပေနေပမယ့္ အမွန္ေတာ့ ငါက စြမ္းအားျမင့္ manကြ”
‘‘သြားစမ္းပါ၊ ကိုယ့္ငါးခ်ဥ္ကိုယ္ခ်ဥ္မေနနဲ႔”
ေကာက်စ္ရွုန္း ဆိုၿပီးသြားေတာ့ မဆုံးနိုင္တဲ့အားေပးလက္ခုပ္သံေတြကိုရတယ္။ သူက သူ႔ေကာင္မေလးဆီကိုမခို႔တရို႔ေလးျပဳံးျပၿပီး မိုက္ကရိုဖုန္းကို ျပန္ေပးလိုက္တယ္။
‘‘ေနာက္ထပ္ ဘယ္အေခ်ာေလးဆိုဦးမလဲ?”
‘‘ကၽြန္ေတာ္!”
လင္းယြမ္က လက္ေထာင္လာၿပီး မိုက္ကရိုဖုန္းကိုယူလိုက္တယ္။
‘‘ရႊယ္က်န္း ကၽြန္ေတာ္တို႔အတူဆိုၾကမလား?”
ရန္းရီလဲ့က မ်က္ႏွာခပ္ရဲရဲျဖင့္
‘‘ေကာင္းၿပီေလ...”
ဟန္မုန႔္တစ္ေယာက္ ခ်စ္ေမတၱာေတြနဲ႔လက္လက္ထေနတဲ့ စုံတြဲေတြကိုၾကည့္ရင္း လက္တစ္ဖက္ကိုက်န႔္ေယာက္ပခုံးေပၚတင္လိုက္တယ္။
‘‘ကၽြတ္ ကၽြတ္ ငါ့ႏွလုံးသားေလး နာက်င္သြားၿပီ၊ တစ္ႏွစ္တည္းရွိေသးတာကို မင္းတို႔ေတြအားလုံးက အတြဲေတြကိုယ္စီျဖစ္ေနၾကၿပီလား? ဒုတိယႏွစ္ကို သန႔္သန္႔စင္စင္ေလးဆိုလို႔ ငါတစ္ေယာက္တည္းျဖတ္သန္းခဲ့တာပဲ”
က်န႔္ေယာင္က ရယ္တယ္။
‘‘တစ္ေယာက္ေယာက္ကို ဘယ္လိုပိုးပန္းရမလဲဆိုတာ ဒီကေယာင္ေကာက သင္ျပေပးရမလား?”
‘‘လုပ္ပါဦး အေသးစိတ္ေလး”
‘‘အမွန္ေတာ့ ရိုးရိုးေလးပါ၊ မင္းသူ႔အေပၚေကာင္းေပးေနသေရြ႕ လူအေတာ္မ်ားမ်ားကေတာ့ ရင္ထဲထိသြားတတ္ၾကတယ္၊ ၿပီးရင္ ခ်ိဳခ်ိဳသာသာေလးေတြေျပာေပးလိုက္ မင္းအေပၚေႂကြဆင္းလာၾကလိမ့္မယ္”
က်န႔္ေယာင္အသံက ကိုယ့္ကိုယ္ကို ဘ၀င္ျမင့္ေနတဲ့ေလသံနဲ႔။
‘‘ၾကည့္ေလ မင္းရဲ့ခ်ဲယ္ေကာေတာင္ ငါ့ေၾကာင့္ ရင္ခုန္သြားတာ”
သူ႔ရဲ့ေဘးမွာထိုင္ေနတဲ့ ရင္းခ်ဲယ္ ထိုစကားၾကားေတာ့ အမ်ိဳးအမည္မသိသလိုေလး ၾကည္ႏူးမိသြားတယ္။
က်န႔္ေယာင္ပုံစံက စစ္ပြဲေအာင္နိုင္လာလို႔ပဲ ႂကြားေနသလိုပဲ။
ရန္းရီလဲ့နဲ႔လင္းယြမ္ ဆိုၿပီးသည့္ေနာက္ မိုက္ကရိုဖုန္းက တျခားလူဆီေရာက္လာတယ္။ တစ္စုံတစ္ေယာက္က ဂိမ္းကစားဖို႔ အႀကံျပဳလာတာေၾကာင့္ ခ်က္ခ်င္းပဲ မဲေပးဖို႔ လုပ္လိုက္ၾကတယ္။
24တြက္ခ်က္ဂိမ္းနဲ႔ပက္သက္လို႔ ရင္းခ်ဲယ္ေလးမွာ စိတ္ပိုင္းဆိုင္ရာအရိပ္ဆိုးႀကီးက်န္ေနေသးတာမို႔ ေျပာလိုက္သည္။
‘‘စိတ္နဲ႔ထည့္တြက္ရတာေတြ မပါေၾကး”
က်န္းခဲ့ကေတာ့ ေျခေရာလက္ေရာေျမႇာက္လို႔ အသားကုန္သေဘာတူရွာတယ္။
ေနာက္ဆုံးမွာေတာ့ သူတို႔ အြန္လိုင္းအုပ္စုဖြဲ႕ကစားနည္းလမ္းညႊန္ထဲက ‘‘I have, You haven't”(ငါလုပ္ဖူးတယ္၊ သူမလုပ္ဖူးဘူး)ဆိုတဲ့ ကစားနည္းကိုပဲေရြးခ်ယ္လိုက္ၾကတယ္။ စည္းမ်ဥ္းကေတာ့ ရွင္းရွင္းေလးပဲ : အားလုံးက တစ္ေယာက္ခ်င္းအလွည့္က် သူတို႔လုပ္ဖူးၿပီး တျခားလူမလုပ္ဖူးေသးဘူးထင္တဲ့အရာေတြကိုေျပာရမွာျဖစ္တယ္၊ လုပ္ဖူးတဲ့တစ္ျခားသူသာရွိေနမယ္ဆိုရင္ ျပစ္ဒဏ္ခံရမွာျဖစ္တယ္။
အကုန္လုံး ကိုယ္စီေတြးမိတဲ့အျပစ္ေပးနည္းေတြကို စာရြက္ေပၚခ်ေရးၿပီး ထပ္ထားလိုက္တယ္။ အခ်ိန္က်လာမွ ျပစ္ဒဏ္ခံရမယ့္လူက အဲ့ထဲကဆြဲရမွာျဖစ္တယ္။
ဂိမ္းစေဆာ့ၾကတယ္။
ဟန္မုန႔္ကေန အရင္စၿပီး : ‘‘တကယ္ေတာ့ ငါအပတ္တိုင္းႏွင္းဆီပြင့္ဖတ္နဲ႔ေရစိမ္ခ်ိဳးတယ္”
ေကာက်စ္ရွုန္း : ‘‘ထင္တဲ့အတိုင္းပါပဲ”
က်န္းခဲ့ : ‘‘အဲ့လိုမ်ိဳးလုပ္တဲ့သူ မင္းတစ္ေယာက္ပဲရွိမယ္”
ဟန္မုန႔္တစ္ေယာက္ ေရွာေရွာရွူရွူပဲေက်ာ္သြားတယ္။
ဒုတိယက ရန္းရီလဲ့ : ‘‘ငါ....ငါ့ရဲ့ကိုယ္တိုင္ပုံတူပန္းခ်ီကို တစ္နာရီတည္းနဲ႔ ပုံၾကမ္းခ်ဖူးတယ္”
ေကာက်စ္ရွုန္း : ‘‘လင္းယြမ္လည္း လုပ္ဖူးေလာက္တယ္!သူလည္း Drawing Clubကပဲေလ”
လင္းယြမ္က ရယ္တယ္ : ‘‘ကၽြန္ေတာ္က သင္တာတစ္ႏွစ္ပဲရွိေသးတယ္၊ အဲ့ေလာက္ မေတာ္ဘူးဗ်”
တကယ္ပဲ အမွန္ပဲလား ဒါမွမဟုတ္ သူ႔ေကာင္ေလးကို အျပစ္ဒဏ္မခံေစခ်င္လို႔ပဲလားဆိုတာေတာ့ ဘယ္သူသိမလဲေလ၊ ဒီလိုနဲ႔ပဲ ရန္းရီလဲ့လည္း ေအာင္ျမင္သြားတယ္။ ေနာက္လူအနည္းငယ္ေလာက္ၿပီးေနာက္မွာ သူတို႔အားလုံးသိလိုက္တာဟာ အခ်ိန္ေတြအၾကာႀကီးေပါင္းသင္းလာတာေတာင္မွ လၽွို႔ဝွက္ခ်က္ေတြ ၊ကြယ္ဝွက္ထားတဲ့ကၽြမ္းက်င္မွုေတြ ကိုယ္စီရွိေနၾကေသးတာပဲဆိုတာ။
ရင္းခ်ဲယ္အလွည့္လည္းေရာက္ေရာ သူေတာင္မေျပာရေသးခင္ တျခားသူေတြကသူ႔အစား၀င္ေျပာလာၾကသည္ :
‘‘ငါ့အထင္ ခ်ဲယ္ေကာကေတာ့ လူဘယ္ႏွစ္ေယာက္ေလာက္ ရိုက္ႏွက္ဆုံးမခဲ့ဖူးလဲေျပာေတာ့မယ္ထင္တယ္”
‘‘ခ်ဲယ္ေကာက အမ်ားႀကီးလုပ္ဖူးတယ္၊ ငါတို႔သာ ဘာမွမလုပ္ဖူးတာ”
‘‘ဟုတ္တယ္ ငါေတာ့ ခ်ဲယ္ေကာလုပ္သလိုအကုန္ ငါလုပ္နိုင္မွာမဟုတ္ေလာက္ဘူးပဲေတြးမိတယ္ ဟဟ”
ထင္မွတ္မထားစြာ ရင္းခ်ဲယ္ကေတာ့ သူတို႔ထင္သလို ေက်ာင္းလူဆိုးနဲ႔ပက္သက္တဲ့ကိစၥေတြကို ဂုဏ္ေဖာ္ေျပာမလာခဲ့ပါ။ ထို႔အစား သူ႔၀မ္းဗိုက္ေနရာကိုလက္ညႇိုးထိုးျပၿပီး :
‘‘ငါ ဒီနားမွာ ခြဲစိတ္ဖူးတယ္”
က်န္႔ေယာင္တစ္ေယာက္ လက္ထဲမွာ အေအးခြက္ကိုင္ရင္း ေအးခဲသြားတယ္။
ရင္းခ်ဲယ္ထိုးျပတဲ့ေနရာက အကၤ်ီနဲ႔ဖုံးေနၿပီး အရင္ကလည္းတစ္ေယာက္မွမျမင္ဖူးဘူးဆိုေပမယ့္ သူ႔ကိုေလၽွာက္ေျပာေနတယ္လို႔ ဘယ္သူကမွ သံသယမဝင္ၾကေပ။
‘‘ဒါက ‘တစ္ခုခုလုပ္ဖူးတာ’မ်ိဳးမဟုတ္ဘူးလား? အဲ့ဒါက ‘အလုပ္ခံရဖူးတာ’ျဖစ္ရမွာေလ ဟုတ္တယ္မလား?”
တစ္ေယာက္က ေျပာလာသည္။
‘‘hahaha, အဲ့ေလာက္ထိကို တင္းက်ပ္မွျဖစ္မွာလား?”
‘‘အိုက္ယား၊ ငါတို႔က အေပ်ာ္တမ္းဂိမ္းကစားေနၾကတာေလ၊ အရမ္းႀကီးအတည္ႀကီးမလုပ္ပါနဲ႔၊ လူတိုင္းစိတ္ေပ်ာ္သလိုကစားလို႔ရတာပဲ”
ဒီလိုနဲ႔ ရင္းခ်ဲယ္အလွည့္ ၿပီးသြားၿပီး က်န႔္ေယာင္အလွည့္ေရာက္လာတယ္။
‘‘ေယာင္ေကာကေတာ့ ေသခ်ာေပါက္ ငါတို႔မလုပ္ဖူးတာေတြ အေတာ္မ်ားမ်ားလုပ္ဖူးမွာပဲ”
‘‘ဘယ္လိုလုပ္ ေက်ာင္းနတ္ဘုရားရဲ့ဘ၀က ငါတို႔လိုသာမေညာင္ညေသမ်ိဳးေလးေတြဘ၀နဲ႔ တူနိုင္မွာလဲ?”
‘‘ေတာ္ပါ တအားေတြ ေျမႇာက္ပင့္မေနၾကစမ္းပါနဲ႔”
က်န႔္ေယာင္က အျပဳံးေလးနဲ႔ ဟန႔္တယ္။ သူ စကၠန္႔အနည္းငယ္ေလာက္ ေတြးၿပီးေနာက္ ေျပာတယ္။
‘‘ငါ တခုခုကို လြန္လြန္က်ဴးက်ဴးလုပ္မိခဲ့တယ္၊ ဆိုးလြန္းတာမို႔ ခြင့္လႊတ္ခံရဖို႔ေတာင္မျဖစ္နိုင္ေလာက္ေတာ့တဲ့အထိ”
ရင္းခ်ဲယ္ သူ႔ကို မ်က္ဝန္းေထာင့္ကေနလွမ္းၾကည့္ေတာ့ အခ်ိန္ကိုက္ပဲ သူ႔ကိုစိုက္ၾကည္ေနတဲ့အၾကည့္နဲ႔ တည့္တည့္တိုးတယ္။
အခန္းထဲကမီးေရာင္က မွိန္ပ်ပ်နဲ႔ က်န႔္ေယာင္မ်က္၀န္းေတြထဲကအမူအရာမွာ အရမ္းကိုမွုန္မွိုင္းေနတာမို႔ ဘယ္လိုမုဒ္ျဖစ္ေနလဲ သူျမင္ၾကည့္လို႔မရေပ။
အဲ့ဒါကိုလိုက္ၿပီး ရွာေဖြေဖာ္ထုတ္ေနဖိူ႔လည္း သူစိတ္ကူးမရွိေပ။
လူတစ္ေယာက္မွာ ေဘးလူေတြကို မသိေစခ်င္တဲ့လၽွို႔ဝွက္ခ်က္ဆိုတာ ရွိစျမဲပဲ။ က်န႔္ေယာင္ဘက္ကအရင္ သူ႔ကိုေျပာျပဖို႔စမလာမွေတာ့ သူ႔ကိုလည္းမသိေစခ်င္လို႔ပဲျဖစ္မွာေပါ့။
ထိုနည္းတူစြာပဲ သူ႔မွာလည္း က်န႔္ေယာင္ကိုမသိေစခ်င္တဲ့ လၽွို႔ဝွက္ခ်က္ေတြရွိတယ္၊ ဒီမွာရွိေနၾကတဲ့ လူတိုင္းမွာလည္း တူတူပဲ။
တျခားလူေတြရဲ့သိခ်င္စိတ္ကေတာ့ မယိုးမယြ။
‘‘ဘာလဲ အဲ့ဒါဘာလဲလို႔? တစ္ဝက္တစ္ပ်က္ႀကီးရပ္မထားနဲ႔ေလ”
သို႔ေပသည့္ က်န႔္ေယာင္ကေတာ့ ဆက္ရွင္းမျပေတာ့ပဲ လက္ဆန႔္လို႔စာရြက္တစ္ရြက္ကိုဆြဲယူတယ္။
‘‘ထားလိုက္ေတာ့ ငါျပစ္ဒဏ္ခံဖို႔ပဲေရြးတယ္”
ဒီဂိမ္းရဲ့ အေမၽွာ္လင့္ဆုံးအပိုင္းက ျပစ္ဒဏ္ပဲ၊ ဒါ့ေၾကာင့္ အားလုံးကလည္း ေစာေစာက က်န႔္ေယာင္ေျပာခဲ့တာကိုစိတ္ထဲထားမေနေတာ့ပဲ သူဆြဲလိုက္တဲ့ စာရြက္ေပၚကစာကိုျမင္ရဖို႔အေရးသာ လည္ေတြဆန႔္လာၾကတယ္။
ဟန္မုန႔္က အနားကပ္ၾကည့္ၿပီး ျမင္သြားေတာ့ မေနနိုင္ပဲရယ္မိသည္။
‘‘ဘယ္သူကမ်ား ဒီအေတြးရတာလဲ၊ ရွက္ဖို႔ေကာင္းလိုက္တာ”
က်န႔္ေယာင္က တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ စာရြက္ကိုလွန္ျပတယ္။ ေရးထားတာက : ကိုယ့္လက္ဖမိုးကိုယ္ ဆယ္စကၠန႔္ၾကာ ၾကင္ၾကင္နာနာနမ္းျပပါတဲ့။
မခက္ေပမယ့္ လူေတြအားလုံးရဲ့ အၾကည့္ေတြေအာက္မွာဆိုေတာ့ တအားရွက္စရာေကာင္းတယ္။
‘‘ေယာင္ေကာ! လုပ္လိုက္စမ္းပါ! ေယာင္ေကာရဲ့ အနမ္းစေကးကိုျပဖို႔ အခ်ိန္က်ၿပီ!”
က်န္းခဲ့က ေအာ္တယ္။
‘‘ငါ့မွာ ဘယ္အနမ္းစေကးရွိလို႔လဲ...”
က်န႔္ေယာင္က ခါးသီးစြာျပဳံးတယ္။ သူက ႏွုတ္ခမ္းကိုလက္ဖမိုးနဲ႔ဖိကပ္လိုက္ၿပီး အႀကိမ္အနည္းငယ္နမ္းတယ္။ ဆယ္စကၠန႔္ျပည့္ျပည့္သြားခ်င္းပဲ ေျပာတယ္။
‘‘မဆိုးဘူး မဆိုးပါဘူး ေနာက္တစ္ေယာက္”
လူစုကေတာ့ စေနာက္လို႔ ရယ္ၾကတယ္၊ သူ လြယ္လြယ္နဲ႔လြတ္သြားတာကိုလည္း မေက်နပ္ၾကပဲ ေနာက္တစ္ခြက္ထပ္ေသာက္ခိုင္းေနျပန္တယ္။ အဲ့လိုမွပဲ ျပစ္ဒဏ္ကၿပီးတယ္လို႔ သတ္မွတ္မယ္တဲ့ေလ။
ဂိမ္းတစ္၀က္ေရာက္ေတာ့ သီခ်င္းက ခုနစ္ပုဒ္ရွစ္ပုဒ္ေလာက္ၿပီးေနၿပီ။ ေနာက္လာမယ့္သီခ်င္းကေတာ့ က်န႔္ေယာင္ေရြးထားျခင္း။ က်န္းခဲ့က မိုက္ကရိုဖုန္းကိုကမ္းေပးလိုက္ၿပီး :
‘‘ေယာင္ေကာ ဆိုမလား?”
က်န႔္ေယာင္က ျပန္ေျဖမယ္အျပင္မွာပဲ သူေဘးကရင္းခ်ဲယ္က ႐ုတ္တရက္ထရပ္ၿပီး :
‘‘ငါ ဖုန္းသြားေျပာလိုက္ဦးမယ္”
‘‘အင္း”
က်န႔္ေယာင္လည္း သူ႔ေနာက္ကလိုက္လာခဲ့လိုက္သည္။
KTVက အတြင္းေရာအျပင္ပါ ဆူညံလို႔ေနတယ္။ လမ္းတစ္ေလၽွာက္ ဘယ္အခန္းကမ်ား တံခါးမပိတ္တယ္မသိ၊ ‘ေသသြားေတာင္ မင္းကိုခ်စ္သြားမွာ’ဆိုၿပီးဆိုေနတဲ့ အသံျပဲႀကီးကဟိန္းလို႔၊ အဲ့ဒါေၾကာင့္ပဲ ရင္းခ်ဲယ္လည္း သူ႔ေနာက္ကတံခါးဖြင့္သံကိုမၾကားပဲ ကိုယ့္ကိစၥကိုယ္ေတြးလို႔ဆက္ေလၽွာက္လာခဲ့တယ္။
ဖုန္းတစ္ဖက္မွာေတာ့ ေဒါက္တာဖုန္းကေျပာတယ္ :
‘‘စစ္ေဆးအကဲျဖတ္ရလဒ္ေတာ့ ရၿပီ၊ ခန႔္မွန္းေျခအရေတာ့ အခ်ိန္ငါးလေလာက္က်န္ေသးတယ္”
ရင္းခ်ဲယ္ေျခလွမ္းေတြရပ္တန႔္သြားတယ္။ နံရံကိုမွီၿပီး ခနေလာက္ရပ္ေနလိုက္တယ္။
‘‘အာ အဲ့လိုကိုး”
ထင္မွတ္မထားတဲ့ ရလဒ္မ်ိဳးေတာ့ မဟုတ္ပါဘူး
သုံးေလးလၾကာ ကုသမွုၿပီးတဲ့ေနာက္ မူလအစီစဥ္အတိုင္းသာဆို ဒီမနက္က ေနာက္ဆုံး sessionပဲ။
သို႔ေပမယ့္လည္း အရင္ကလိုပဲ ဘာမွမထိေရာက္ျပန္ဘူး။
နဂိုအတိုင္းဆို အသက္ျပည့္ၿပီး ဒီလာမယ့္သုံးရက္ေလာက္ေနရင္ heatကာလျဖစ္ဖို႔ရာ ရာထားသည္။ ထိုကာလမွာမွ အခ်ိန္အၾကာႀကီး ငုပ္လၽွိုးေနခဲ့တဲ့ အတြင္းထဲကသားရဲကို အစာေကၽြးဖို႔ pheromoneေတြမပ်ံ႕ထြက္နိုင္ခဲ့ရင္ အေႏွးနဲ႔အျမန္ ျငႇိုးေရာ္ေပ်ာက္ပ်က္သြားဖို႔ ထိုင္ေစာင့္ေန႐ုံသာတတ္နိုင္ေတာ့သည္။
ငါးလ၊ အမွန္ေတာ့ အေတာ္ေလးၾကာပါေသးတယ္
အရင္ႏွစ္ သူမူးလဲတုန္းကလည္း ေဒါက္တာဖုန္းက ဒီလိုစစ္ေဆးမွုလုပ္ခဲ့တယ္။ အဲ့တုန္းကေတာ့ သူ႔မွာတစ္ႏွစ္ပဲက်န္ေတာ့တာလို႔ေျပာခဲ့တာ။ အခုတစ္ႏွစ္ကုန္သြားၿပီးေတာ့ ေနာက္ထပ္ငါးလက်န္ေသးတယ္ဆိုေတာ့ကာ သူအျမတ္ရလိုက္သလိုပါပဲ။
‘‘ဒီနည္းလမ္းက မင္းအတြက္ သိပ္ၿပီးမထိေရာက္လို႔ပဲေနမွာပါ..”
ေဒါက္တာဖုန္းကေတာ့ သူ႔ကိုႏွစ္သိမ့္ေပးဖို႔လုပ္ေနတာမွန္း အသိသာႀကီး။
‘‘ေနာက္က် ငါတို႔တျခားနည္းလမ္းေတြႀကိဳးစားၾကည့္လို႔ရပါတယ္၊ ေနာက္ငါးလအတြင္း ကုသလို႔ရတဲ့ျဖစ္စဥ္ေတြ ေပၚလာနိုင္တာပဲေလ”
ဒါေပမယ့္ ေမၽွာ္လင့္ခ်က္က ေရးေရးေလးပဲရွိတယ္ဆိုတာ သူတို႔ႏွစ္ေယာက္လုံး သိၿပီးသားပါ။
ရင္းခ်ဲယ္ ေခါင္းထဲမွာ အေတြးေတြ ဗလာျဖစ္လို႔ေနတယ္။ ေခါင္းထက္က မီးကိုေမာ့ၾကည့္လိုက္ေတာ့... ေတာက္ပတယ္ ၿပီးေတာ့ လွတယ္။
ေလာကႀကီးက အမွန္ကို အလြန္တရာလွပေၾကာင္း သူ လတ္တေလာေလးကမွ သိရွိလိုက္ရတာပါ။
ဘယ္တုန္းကမွ သူအသက္ဆက္ရွင္ဖို႔ မလိုလားမေတာင့္တခဲ့ဖူးဘူး။
အဲ့ဒီတစ္ခါမွမျဖစ္တည္ဖူးတဲ့ သူ႔ထဲကအသက္ရွင္ဖို႔ဆႏၵေလးကို က်န႔္ေယာင္က အစပ်ိဴးထြန္းညႇိခဲ့တယ္၊ ဒါေပမယ့္ အဲဒီဆႏၵက ကုသေပ်ာက္ကင္းဖို႔အေထာက္အကူမွမျဖစ္ပဲ။ အဲ့အစား အႀကီးမားဆုံးဆန္႔က်င္ဘက္ျဖစ္တဲ့ စိတ္ပ်က္အားေလ်ာ့မွုကိုသာ ခံစားရေစတယ္။
ရင္းခ်ဲယ္ ေရွ႕သို႔ဆက္ေလၽွာက္လာလိုက္ၿပီး မေျပာခင္ခနေလာက္စဥ္းစားၿပီးမွ :
‘‘ကၽြန္ေတာ္ စီးကရက္ေတြ၀ယ္ထားတယ္၊ ေဒါက္တာ”
‘‘မင္းေျပာတာ...”
‘‘Mhm ကၽြန္ေတာ္ စမ္းၾကည့္ခ်င္တယ္”
ဒီဆုံးျဖတ္ခ်က္ကို ခ်လိုက္ဖို႔ဟာ အရင္ကသူထင္ထားသေလာက္လည္း မခက္ပါလား။
‘‘လၽွပ္စစ္ေရွာ့ခ္နဲ႔က အဆင္မေျပမွေတာ့ တျခားတစ္ခုနဲ႔ေပါ့”
‘‘ဒါမယ့္ မင္းအက်ိတ္ေတြက ဒဏ္ရာရရာကေနမွ ခက္ခက္ခဲခဲနဲ႔ ျပန္ေကာင္းလာ႐ုံရွိေသးတယ္ေလ၊ ထပ္သာထိခိုက္သြားရင္ ျပန္ေကာင္းလာနိုင္မွာမဟုတ္ေတာ့ဘူးေနာ္၊ မျဖစ္မေနမ်ိဳးသာမဟုတ္ရင္ မင္း အဲ့ဒါကိုခပ္ေပါ့ေပါ့လူပ္လို႔မရဘူး”
ရင္းခ်ဲယ္က ခပ္တိုးတိုးရယ္တယ္။
‘‘အခုက ေနာက္ဆုံးမျဖစ္မေနအေျခေနပဲမဟုတ္ဘူးလား?”
ေဒါက္တာဖုန္းက ၿငိမ္က်သြားၿပီး အၾကာႀကီးေတြးေနၿပီးမွ :
‘‘အဲ့ဒါမွ အလုပ္မျဖစ္ေသးရင္ေရာ မင္းဘယ္လိုလုပ္ဖို႔စီစဥ္ထားလဲ?”
‘‘အဲ့လိုဆိုရင္ေတာ့ ေနာက္ဆုံးလွုံ႔ေဆာ္မွုတစ္ခုပဲရွိေတာ့တယ္”
ရင္းခ်ဲယ္ လက္ကို၀မ္းဗိုက္မွာတင္ထားၿပီး :
‘‘ကၽြန္ေတာ္တစ္ေယာက္တည္းေတာ့ လုပ္လို႔ရမွာမဟုတ္ဘူး၊ ေဒါက္တာဖုန္းက ကူညီၿပီး ကၽြန္ေတာ့္ဗိုက္ကိုရိုက္ေပးမလား?”
‘‘မင္း႐ူးေနလား!”
အေတြးထဲမွာ အတိတ္ကပုံရိပ္ေတြျပန္ေပၚလာၿပီး ေဒါက္တာဖုန္းေခါင္းေတြေတာင္ ထုံထိုင္းသြားသည္။
လြန္ခဲ့တဲ့ဆယ္ႏွစ္က ဒီကေလးကို သူစေတြ႕ခဲ့ခ်ိန္ကိုသူမွတ္မိေသးတယ္။
အဲ့ညက ေလျပင္းမိုးျပင္းေတြနဲ႔ မိုးႀကိဳးေတြသည္းထန္ေနတဲ့ည။ သူေဆး႐ုံမွာဂ်ဴတီက်ေနတုန္း ရဲကားတစ္စီးနဲ႔ အေရးေပၚကားတစ္စီးေရာက္လာၿပီး ကေလးတစ္ေယာက္ပါပါလာတယ္၊ ျပန္ေပးဆြဲခံရတာျဖစ္ၿပီး ျပန္ေပးသမားေတြက ကေလးအေဖကိုအမွုကိစၥတစ္ခုေၾကာင့္ လက္စားျပန္ေခ်တဲ့အေနနဲ႔ ထိုကေလးကို လူမဆန္စြာ omegaကေန betaအျဖစ္ေျပာင္းပစ္လိုက္ၾကတယ္ဆိုတဲ့စကားသံေတြနဲ႔အတူ။
ခြဲစိတ္ခန္းထဲမ၀င္ခင္အထိ ေဒါက္တာဖုန္း ရွုပ္ေထြးေနရေသးတယ္။ ‘omegaကို beta ေျပာင္းတယ္’ဆိုတာဘာကိုဆိုလိုမွန္း သူတကယ္နားမလည္နိုင္ခဲ့ဘူး။ ပင္ကိုယ္ခြဲျခားသ႑ာန္ေတြက ေမြးရာပါေတြေလ၊ အဲ့ဒါကို လူတစ္ေယာက္က ဘယ္လိုလုပ္ေျပာင္းနိုင္မွာလဲ။
ခြဲစိတ္ခန္းထဲဝင္ၿပီးတဲ့ေနာက္ေတာ့ သူအားလုံးနားလည္သြားၿပီ။
အသက္ခုနစ္ႏွစ္ ရွစ္ႏွစ္အရြယ္ ကေလးငယ္ဟာ သတိေမ့သည္အထိ ေရွာ့ခ္တိုက္ခံထားရၿပီး တစ္ကိုယ္လုံးကလည္း အညိဳအမဲဆြဲေနၿပီး ေသြးေတြကအဆက္မျပတ္ထြက္ေနသည္။ သူ႔ရဲ့မဖြံ့ၿဖိဳးေသးတဲ့ glandsေတြဟာ စီးကရက္ထိပ္ဖူးနဲ႔အထိုးခံထားရၿပီး ၀မ္းဗိုက္(သားအိမ္)ေနရာကလည္း သံတုတ္နဲ႔အရိုက္ခံထားရတယ္။
ျပန္ေပးဆြဲသမားေတြက omegaကေလးတစ္ေယာက္ပိုင္ဆိုင္တဲ့ သီးျခားအစိတ္အပိုင္းအားလုံးကို အရက္စက္ဆုံးနည္းနဲ႔ ဖ်က္ဆီးထားခဲ့ၾကတယ္။
ခြဲစိတ္ခန္းထဲက က်န္းမာေရး၀န္ထမ္းအားလုံး လန္႔ဖ်န႔္သြားၾကတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးတာေတာင္ ေသြးသံရဲရဲနဲ႔ေၾကာက္မက္ဖြယ္ျမင္ကြင္းက အဲ့အခ်ိန္တုန္းကလိုပဲ စိတ္ထဲဆြဲေနတုန္း။
ကံေကာင္းေထာက္မစြာနဲ႔ မနားမေနခြဲစိတ္ကုသၿပီးေနာက္မွာေတာ့ ကေလးရဲ့အက်ိတ္နဲ႔သားအိမ္ကိုေအာင္ေအာင္ျမင္ျမင္ ရယူနိုင္လိုက္တယ္။ ခြဲစိတ္ခန္းအျပင္မွာ ေန႔ေရာညပါမ်က္စိမွိတ္အနားမယူနိုင္ပဲ ေစာင့္ေနၾကတဲ့ မိဘႏွစ္ပါးကေတာ့ ေက်းဇူးေတြအဖန္တလဲလဲတင္လို႔။
ေဒါက္တာဖုန္းကိုယ္တိူင္လည္း စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိုက္မိတယ္၊ ကေလးက ကံေကာင္းလြန္းလို႔ သူ႔ဘ၀ေလးသူျပန္ရလိုက္ၿပီလို႔ေတြးရင္းေပါ့။
ဒါေပမယ့္ ခြဲစိတ္အၿပီးေဆးစစ္ခ်ိန္မွ သူ႐ုတ္တရက္ေတြ႕ရွိသြားတာ ကေလးက pheromoneေတြကို မခံစားနိုင္ေတာ့သလို ထုတ္လည္းမထုတ္လႊတ္နိုင္ေတာ့ဘူး။
ဒီလို pheromoneခ်ိဳ႕တဲ့မွုေရာဂါမ်ိဳးဟာ ေမြးရာပါနဲ႔ ရရွိလာတာမ်ိဳးဆိုၿပီး ႏွစ္မ်ိဳးခြဲျခားလို႔ရတယ္။ ေမြးရာပါမဟုတ္ရင္ ပိုၿပီးကုသရခက္တယ္၊ ကုသလို႔မရသေလာက္ပဲ။ ၾကားသိရတဲ့ caseေတြအကုန္ကေတာ့ အသက္ဆယ့္ရွစ္ heatကာလအၿပီးမွာ အဂၤါေသဆုံးျခင္းခံစားရၿပီး တစ္ႏွစ္ထက္ပိုၿပီးၾကာေအာင္ အသက္မရွင္နိုင္ေတာ့တာခ်ည္းပဲ။
ေရာဂါရွာေတြ႕ၿပီးေနာက္ ပထမဦးဆုံးအေနနဲ႔ ဥပေဒအတိုင္း လူနာကိုအသိေပးရသည္၊ တစ္ဖက္လူက ခုနစ္ႏွစ္ ရွစ္ႏွစ္ပဲရွိတဲ့ကေလးတစ္ေယာက္ျဖစ္ေနဦးေတာ့။ တစ္ဖက္ကကေလးခံနိုင္ရည္မရွိမွာစိုးတာေၾကာင့္ သူအတတ္နိုင္ဆုံး စကားလုံးကိုခ်င့္ခ်ိန္သုံးခဲ့တယ္။
သူ႔စကားကိုနားေထာင္ၿပီးေနာက္မွာ ရင္းခ်ဲယ္က သူ႔အား မွိန္ေဖ်ာ့ေနတဲ့မ်က္၀န္းတစ္စုံနဲ႔ ၾကည့္လာတယ္။ ၿပီးေတာ့ ပထဦးဆုံးေျပာခဲ့တဲ့စကားက ‘‘အခ်ိန္ေတြအမ်ားႀကီး က်န္ေနေသးတာပဲ”တဲ့။
ဒုတိယကေတာ့ : ‘‘ကၽြန္ေတာ့္အိမ္ကို ျပန္မေျပာပါနဲ႔ေနာ္ ရွို႔ရွို႔”တဲ့။
သူလည္းလက္ခံၿပီး လၽွို႔ဝွက္ခ်က္ကိုထိန္းသိမ္းလာခဲ့ေပးတာ ဒီေန႔ထိပဲ။
...
‘‘လုံးဝမရဘူး ငါမင္းကို ခြင့္မျပဳနိုင္ဘူး၊ မင္းကိုယ့္ကိုယ္ကို အႏၲရာယ္ျပဳသလိုျဖစ္လိမ့္မယ္”
ေဒါက္တာဖုန္းဟာ သူ႔အေတြးေၾကာင့္ ထိတ္လန႔္သြားတယ္။
‘‘အဲ့တာတင္မကဘူး မင္းအဲ့လိုလုပ္ရင္ မင္းအိမ္ကလည္း ေသခ်ာေပါက္သိသြားလိမ့္မယ္၊ အဲ့လိုသာဆို ငါတို႔ ဘယ္လိုရွင္းျပၾကမလဲ ေျပာ”
‘‘သူတို႔သိမွာမဟုတ္ပါဘူး၊ ကၽြန္ေတာ္နဲ႔အတူေနတဲ့လူေတြအားလုံးဆီက ကၽြန္ေတာ္ဖုံးထားနိုင္တယ္”
သူလုပ္နိုင္ေၾကာင္း သက္ေသအေနနဲ႔ ရင္းခ်ဲယ္ ထပ္ေျပာလိုက္ေသးတယ္။
‘‘အရင္ကလည္း ကၽြန္ေတာ္ stun batonတစ္ခု၀ယ္ၿပီး အေဆာင္မွာ ကိုယ့္ဘာကိုယ္ေရွာ့ခ္တိုက္ဖူးတယ္၊ ညတိုင္း ကၽြန္ေတာ္သတိလစ္တာေတာင္ ကၽြန္ေတာ့္အတန္းေဖာ္ေတြတစ္ေယာက္မွ မသိဘူး”
‘‘မင္း တကယ္ကို မဆင္မျခင္ေတြေလၽွာက္လုပ္ေနေတာ့တာပဲ...”
ေဒါက္တာဖုန္းမွာ ေျပာစကာစကားလုံးပင္မရွိေတာ့။
‘‘ျဖစ္နိုင္ေခ်အကုန္လုံးကို တစ္ခါမွစမ္းမၾကည့္ပဲနဲ႔ေတာ့ ကၽြန္ေတာ္လက္ေလ်ာ့မွာမဟုတ္ဘူး၊ ကၽြန္ေတာ့္ကို စမ္းၾကည့္ခြင့္သာျပဳပါ”
ရင္းခ်ဲယ္ဟာ သူ႔ကိုယ္သူသတိမထားမိပဲ ေခ်ာက္အစြန္းကို မနားမေနေလၽွာက္သြားေနေလရဲ့။
‘‘အားလုံးသာ အလုပ္မျဖစ္ရင္ ကၽြန္ေတာ္ထပ္ၿပီးမဆင္မျခင္မလုပ္ေတာ့ဘူး၊ ကၽြန္ေတာ္ အေဖနဲ႔လည္း ေျပာၿပီးသြားၿပီ ေနာက္ႏွစ္က်တျခားေက်ာင္းေျပာင္းၿပီး နိုင္ငံျခားကို သြားခ်င္တယ္ဆိုတဲ့အေၾကာင္း၊ သူသေဘာတူတယ္”
‘‘ေက်ာင္းေျပာင္းမယ္?”
‘‘အင္း၊ ဘယ္လိုပဲျဖစ္ေနပါေစ သူတို႔မ်က္စိေရွ႕မွာေတာ့ မေသရက္ဘူးေလ”
သူလွည့္ၿပီး ျပန္ေလၽွာက္လာလိုက္သည္။
‘‘အခ်ိန္ကုန္ခါနီးက် ကၽြန္ေတာ္ ကမ္းေျခကိုသြားခ်င္တယ္၊ ကၽြန္ေတာ့္မိဘေတြက တစ္ခါမွသြားခြင့္မျပဳဘူး၊ စိတ္ဒဏ္ရာက်န္ေနလို႔ေနမွာေပါ့၊ ဒါမယ့္ ကၽြန္ေတာ္ကေတာ့ အဲ့ကိုတကယ္ထပ္သြားခ်င္တာ...”
အဲ့ဒါထက္ အဲ့ကို က်န႔္ေယာင္နဲ႔အတူသြားခ်င္တာ
ပင္လယ္ျပာႀကီးရဲ့ေရွ႕မွာ လက္ကိုတြဲ ပခုံးခ်င္းမွီလို႔ ေနထြက္တာကိုေစာင့္ရင္း၊ ေန၀င္တာကိုၾကည့္ရင္းေပါ့။ တစ္ေန႔ကုန္သြားလို႔ ေနာက္တစ္ေန႔ေရာက္လာရင္း...။
က်န႔္ေယာင္နဲ႔သာဆို ေန႔ရက္တိုင္းက ၾကည္ႏူးဖြယ္...အၾကင္နာေလးေတြနဲ႔ ျပည့္လို႔ေနမွာ။
ရင္းခ်ဲယ္တစ္ေယာက္ စိတ္ကူးထဲမွာေမ်ာလြန္းၿပီး ေရွ႕မွာရွိတာကိုပင္ သတိမထားမိေတာ့ဘူး။ ေထာင့္ခ်ိဳးအေကြ႕တစ္ခုမွာပဲ သူ လူတစ္ေယာက္နဲ႔၀င္တိုက္မိေတာ့တယ္။
‘‘အာ၊ ေတာင္းပန္ပါတယ္...”
ထိုလူက ႐ုတ္တရက္ သူ႔ကိုဆြဲဖက္လာတယ္၊ ရင္းႏွီးေနတဲ့ အရပ္အေမာင္း၊ ကၽြမ္း၀င္ေနရတဲ့ ကိုယ္သင္းနံ့နဲ႔။
‘‘....က်န႔္ေယာင္?”
‘‘ေကာင္စုတ္ေလး...”
က်န႔္ေယာင္လက္ေမာင္းေတြက သူ႔ကိုတင္းတင္းက်ပ္က်ပ္ရစ္သိုင္းထားတာမ်ား၊ ရင္းခ်ဲယ္ကို သူ႔ကိုယ္ထဲအတင္းျမႇုပ္သြင္းပစ္ဖို႔မ်ား အားကုန္သုံးေနသလားပဲ။
‘‘မထားခဲ့ပါနဲ႔.....ငါေတာင္းပန္ပါတယ္”
______
T/n : နားေရာလည္ၾကရဲ့လားမသိဘူး၊ နားမလည္တာရွိရင္ လြတ္လပ္စြာ လာေမးျမန္းနိုင္ပါတယ္ေနာ္၊ ၿပီးေတာ့ ရင္းခ်ဲယ္က omegaပါ၊ တခ်ိဳ႕ေတြက ခုထိနားမလည္ၾကေသးလို႔ ဘာသာျပန္ေတာ္လို႔ေနမယ္ ေနာ့္😅