⟨Unicode⟩
ဒီနေ့ Kyungsoo တစ်ယောက်အလုပ်ရှုပ်နေသည်။ Baek ရောက်လာမှာဖြစ်လို့ သူ့မှာ ဟင်းချက်တဲ့နေရာမှာရှိတဲ့ Lu Luနဲ့chen ဆီ ပြေးဆရာလုပ်လိုက် အခန်းသန့်ရှင်းရေးလုပ်နေတဲ့ Sehun နဲ့ minseok ဆီပြေးဆရာလုပ်လိုက်နဲ့ ဗျာများလျက်ရှိသည်။ ဆရာ Chan နဲ့ ကလေးနှစ်ယောက်ကတော့ စာသွားသင်နေတာကြောင့် မရှိတော့ တစ်အိမ်လုံး Kyungsoo တစ်ယောက်ထဲ မရှိတဲ့အလုပ်ရှုပ်နေလေသည်။ Chen နဲ့ Lu Lu ကတော့ မျက်စောင်းတထိုးထိုး။ သူတို့ချည်းလုပ်နေရတာလေ။
Kyungsoo ကတော့မသိချင်ယောင်ဆောင်ကာ Baek အတွက်ပြင်ထားတဲ့ မုန့်တွေနှိုက်စားနေသည်။
" yer..... Kyungsoo မင်း နှိုက်စားနေပြန်ပြီလား "
Lu Lu ရဲ့အော်သံကြောင့် Kyungsoo ရဲ့ပါးစပ်က ချယ်ရီသီးလေးပြုတ်ကြသွားရသည်။
" သေမလို့အော်နေတာလား Lu Lu ငါ နှိုက်စားတာမဟုတ်ဘူး မြည်းကြည့်တာဟ "
" ေ-ာကိုမြည်းကြည့် "
" ကြည့်စမ်း Lu Lu နင်မိန်းကလေးမဟုတ်ဘူးလား မိုက်ရိုင်းတာ နှစ်ယောက်မရှိဘူး နင့်ယောင်္ကျား မှအားမနာ ။"
" -ျီးပဲ နင် "
" အဲ့တာကို နင်စား Lu Lu မ "
" #$&#$& "
" ဟက် ငါလာတိုင်း နင်တို့နှစ်ယောက်ရန်ဖြစ်နေတာချည်းပဲ "
" ဟင် "
Kyungsoo နဲ့ Lu Lu ရန်ဖြစ်နေတုန်း နောက်ကစကားသံကြောင့် လှည့်ကြည့်တော့
" Baekhyun!!! "
Kyungsoo အော်သံနဲ့အတူ Baek ကိုပြေးဖက်လိုက်သည် ။
" ငါ မင်းကို အရမ်းလွမ်းနေတာ "
Kyungsoo ပြေးဖက်တော့ Lu Luနဲ့Chen တို့နှစ်ယောက်ပါ ပြေးဖက်လာသည်။
" ဟက် ငါလည်းလွမ်းပါတယ်ကွာ လောလောဆယ်လွှတ်ပါအုံးကွ မင်းတို့ကောင်တွေ ဖက်တာနဲ့ ငါပိသေတော့မယ် "
Lu Lu ကို Sehun က ဆွဲခေါ်သွားသလို Chen ကိုလည်း minseok က ခေါ်လိုက်သည်။ Kyungsoo ကတော့ ဖက်ထားလွှတ်လိုက်ပေမဲ့ Baek ရဲ့လက်တစ်ဖက်ကို ကိုင်ထားဆဲ။
" လာ Baekhyun မင်းအတွက် ငါတို့ ပြင်ဆင်ထားတယ် "
Sehun ကပြောလိုက်တော့ Kyungsoo ကပါဝင်ပြေသည်။
" ဟုတ်တယ် ငါတို့တွေပြင်ထားတာ မင်းကြိုက်တဲ့ မုန့်တွေလဲပြင်ထားတယ် "
" ဟွန်း ထိုင်စားနေတဲ့သူကများ "
Lu Lu က မဲ့ရွဲ့ကာပြောလာသည်။
" ထိုင်စားတာမဟုတ်ဘူး ကောင်းမကောင်းမြည်းပေးတာ သဘောပေါက်လား အစားအသောက်ဆိုတာ မြည်းပေးရတယ် အဲ့တာမှကောင်းမကောင်းသိတာ "
" တစ်ကိုယ်လုံး ဆင်ခြေဆင်လက်တွေချည်းပဲ "
Baekhyun တစ်ယောက် Kyungsoo နဲ့ Lu Lu ကိုကြည့်ပြီးရယ်လိုက်မိသည်။ တကယ်ပါ ကလေးမိဘတွေဖြစ်နေပြီ အခုထိကလေးဆန်ကြတုန်း။
" ကဲပါ တော်ကြဝောာ့ ငါဒီနေ့တော့ နားရမှာမလား "
" နားလေ Baek ရာ အဲ့နှစ်ကောင်ကို အဖက်လုပ်မနေနဲ့ အချိန်တိုင်းသက်နေတာ လာလိုက်ခဲ့ "
Chen ကပြောလဲပြော Baek ရဲ့ ခရီးဆောင်အိတ်ကိုပြောင်းသယ်ကာ သူတို့ပြင်ထားတဲ့ အခန်းသို့ ဦးဆောင်ခေါ်သွားလိုကါသည်။ Sehun နဲ့ Minseok ကတော့ Kyungsoo သူငယ်ချင်းတွေကို ထားခဲ့ပြီး ထွက်သွားနှင့်လေပြီ။ Baek ကိုမြင်ရင် သူတို့သူငယ်ချင်း Kai ကို သတိရလာတာကြောင့် ။ ဘယ်လောက်ပဲ မေ့ထားတယ်ဆိုဆို တိုက်ဆိုင်မှုတွေရှိရင်သတိရတက်ပြီး သူငယ်ချင်းချစ်သူကိုမြင်ရရင်လည်း ဖြေမဆည်နိုင်တာက ပျောက်မသွားတက်။ သူတို့တောင် ဒီလောက်ဖြစ်နေရင် Baek သာဆို သူတို့မစဉ်းစားရဲ။ သူတို့ရှေ့မှာ ဒီနေ့အချိန်ထိ ကြံ့ခိုင်စွာနေပြတဲ့ ထိုကောင်လေးကိုလည်း တကယ်လေးစားပါသည်။ အမြဲတမ်း သူ့သူငယ်ချင်းတွေအတွက် ပြုံးပေးထားတဲ့ကောင်လေး ၊ အပြုံးတွေက မပီပြင်ရင်တောင် သူ့သူငယ်ချင်းတွေကို အဆင်မပြေတဲ့ဘက်ခြမ်းကို မပြတက်တဲ့ကောင်လေး။ ကံတရားကြီးက ရက်စက်လွန်းသော်လည်း သူတို့တက်နိုင်တာ ဘာတစ်ခုမှမရှိပေ။ ရင်နာစွာကြည့်နေရုံမှတစ်ပါး။
Baek Chen လိုက်ပို့ပေးတဲ့ အခန်းကို ကြည့်လိုက်ပြီး language ကိုဘေးမှာထားလိုက်ပြီး အခန်းပြတင်းပေါက်နားသွားရပ်လိုက်သည်။
' နှစ်တွေကြာနေပြီ အကို ဒါပေမဲ့ ကျွန်တော်မမေ့နိုင်သေးဘူး။ ရွာဝင်လမ်းက သစ်ပင်ကြီးကိုမြင်ရင်လည်း သတိရတယ်။ စိတ်ဆိုးတိုင်းသွားထိုင်တက်တဲ့ ကြာကန်လေးကိုမြင်ရင်လည်းသတိရတယ်။ ရွာပြင်ကလယ်ကွင်းတွေမြင်ရင်လည်းသတိရတယ်။အခုလို ပြတင်းပေါက်နားရပ်နေရင်တောင် အရင်တုန်းက ကျွန်တော့်ကို ချော့ခဲ့တာတွေကို ပြန်မြင်ယောင်နေတုန်းပဲ အကို။ အကိုပြောတော့ ပြန်လာခဲ့မယ်ဆို။ အကိုထွက်သွားခဲ့တာ 10စုနှစ်တစ်ခုကျော်ခဲ့ပြီအကို။ အကိုက ကတိမတည်ဘူးဗျာ။ ကျွန်တော် ပင်ပန်းနေပြီအကို။ ကျွန်တော် ဒီနှစ်တွေမှာ အဆင်ပြေအောင်နေခဲ့ပေမဲ့ အခုကျွန်တော်အရမ်းပင်ပန်းနေပြီ။ ကျွန်တော်လက်လျော့လိုက်ချင်ပြီ အကို။ '
" ဒေါက် ဒေါက် Baek ငါဝင်လာခဲ့မယ် "
Lu Lu က တံခါးခေါက်ကာပြောလာတာကြောင့် Baek မျက်ရည်တွေကို သုတ်ကာ အိပ်ရာပေါ်ထိုင်ချလိုက်သည်။ ပြီးတော့ language အိတ်ထဲက အဝတ်တွေကို ထုတ်နေလိုက်သည်။
" ဝင်လာလေ Lu Lu ငါ အဝတ်အစားတွေပြန်လုပ်နေလို့ "
" အော် နင်ကလည်း အရင်မနားဘူး။ ပင်ပန်းလာတာကို "
အခန်းတံခါးကို အသာတွန်းဖွင့်ကာ ဝင်လာတဲ့ Lu Lu။ လက်ထဲကသံပုရာရည်ခွက်ကိုလည်းကိုင်လို့။ အိပ်ရာပေါ်ထိုင်နေတဲ့ Baek ကိုမြင်တော့ နားဖို့ပြောသည်။
" ငါအဆင်ပြေပါတယ်ဟ အဲ့လောက်လဲမဟုတ်ပါဘူး "
" အေးပါဟယ် နင့်သဘောပါ ဒီမှာ နင်ငြီးစီစီဖြစ်နေမှာဆိုးလို့တဲ့ Kyungsoo က သံပုရာရေလာပို့ခိုင်းလို့ဟေ့ "
" အေး ငါသောက်လိုက်မယ် ။ ဒါနဲ့ ကလေးနှစ်ယောက်ရော "
" စာသွားသင်တယ်လေ ဆရာ Chan နဲ့ ရွာထိပ်က ဇရပ်မှာ။ မမြင်ခဲ့ဘူးလား "
" အော် လမ်းမှာကလေးတွေအများကြီဆိုတော့ ငါ မတွေ့တာနေမှာ "
" ကဲပါ ချွေးတိတ်အောင်နားလိုက်အုံး ညနေကြမှ ငါတို့စကားလက်စုံပြောကြတာပေါ့ "
" အေးအေး "
Lu Lu ပြန်ထွက်သွားတော့ စားပွဲပေါ်တင်ထားတဲ့သံပုရာရည်ခွက်ကိုအကုန်သောက်ချလိုက်သည်။ အဝတ်စားအိတ်ကို ဘေးကိုတိုးလိုက်ကာ Baek အိပ်ယာပေါ်လှဲချလိုက်ကာ မျက်လုံးစုံမှိတ်ကာ အိပ်ဖို့ကြိုးစားလိုက်သည်။ မျက်လုံးထောင့်စွန်းက ကျဆင်းသွားတဲ့ မျက်ရည်စက်လေးကို မသိချင်ယောင်ဆောင်ရင်း အောင့်တက်လာတဲ့ရင်ဘတ်ကိုပါလျစ်လျူရှုလျက်ပေါ့။
_________________________________
***ဟိုအရင်လို အချစ်တွေလည်းပြန်မရတော့ဘူး
ဟိုအရင်လို နွေးထွေးမှုတွေလည်းပြန်ရှာမရတော့ဘူး
ဟိုအရင်လို စိုးရိမ်စွာပြောဖူးတဲ့စကားတွေလည်းပြန်မကြားရတော့ဘူး
ဟိုအရင်လို စနောက်တက်တဲ့ စကားတွေလည်းပြန်ပြီးမချေပရတော့ဘူး
ဟိုအရင်လို ရင်ခွင်ထဲပြေးဝင်ပြီး ချွဲနွှဲ့မှုတွေကိုလည်းပြန်မရနိုင်တော့ဘူး
ဟိုအရင်လို.....
ဟိုအရင်လို...
ဟိုအရင်လို.... ဘာတစ်ခုမှပြန်မရတော့ဘူး....
နောက်ဆုံတော့လည်း ခံသီးစွာနဲ့လက်ခံရတာက အမှန်တရားတစ်ခုကိုပါ...
နောက်လှည့်ကြည့်လိုက်တိုင်း အမှတ်တရာတွေများစွာရှိပေမဲ့ ရှေ့ကိုကြည့်လိုက်တိုင်း ကျွန်တော့်ရဲ့အနာဂတ်က မရေရာတဲ့အမှတ်တရတွေပေါ့။
ခင်ဗျားမရှိတဲ့ အမှတ်တရတွေကို ကျွန်တော်မသိမ်းဆည်းချင်တော့ဗျာ။ တကယ်လို့သာကျွန်တော်အတိတ်ကိုပြန်သွားလို့ရရင်လေ
" ခင်ဗျားကို သိပ်ချစ်တယ်လို့ "
_________________________________
T.B.C.
Words-1240
Sat , 16 Oct , 2021
--------------------------------------------------------------------------------------------------
⟨Zawgyi⟩
ဒီေန႔ Kyungsoo တစ္ေယာက္အလုပ္ရွုပ္ေနသည္။ Baek ေရာက္လာမွာျဖစ္လို႔ သူ႔မွာ ဟင္းခ်က္တဲ့ေနရာမွာရွိတဲ့ Lu Luနဲ႔chen ဆီ ေျပးဆရာလုပ္လိုက္ အခန္းသန႔္ရွင္းေရးလုပ္ေနတဲ့ Sehun နဲ႔ minseok ဆီေျပးဆရာလုပ္လိုက္နဲ႔ ဗ်ာမ်ားလ်က္ရွိသည္။ ဆရာ Chan နဲ႔ ကေလးႏွစ္ေယာက္ကေတာ့ စာသြားသင္ေနတာေၾကာင့္ မရွိေတာ့ တစ္အိမ္လုံး Kyungsoo တစ္ေယာက္ထဲ မရွိတဲ့အလုပ္ရွုပ္ေနေလသည္။ Chen နဲ႔ Lu Lu ကေတာ့ မ်က္ေစာင္းတထိုးထိုး။ သူတို႔ခ်ည္းလုပ္ေနရတာေလ။
Kyungsoo ကေတာ့မသိခ်င္ေယာင္ေဆာင္ကာ Baek အတြက္ျပင္ထားတဲ့ မုန႔္ေတြႏွိုက္စားေနသည္။
" yer..... Kyungsoo မင္း ႏွိုက္စားေနျပန္ၿပီလား "
Lu Lu ရဲ့ေအာ္သံေၾကာင့္ Kyungsoo ရဲ့ပါးစပ္က ခ်ယ္ရီသီးေလးျပဳတ္ၾကသြားရသည္။
" ေသမလို႔ေအာ္ေနတာလား Lu Lu ငါ ႏွိုက္စားတာမဟုတ္ဘူး ျမည္းၾကည့္တာဟ "
" ေ-ာကိုျမည္းၾကည့္ "
" ၾကည့္စမ္း Lu Lu နင္မိန္းကေလးမဟုတ္ဘူးလား မိုက္ရိုင္းတာ ႏွစ္ေယာက္မရွိဘူး နင့္ေယာကၤ်ား မွအားမနာ ။"
" -်ီးပဲ နင္ "
" အဲ့တာကို နင္စား Lu Lu မ "
" #$&#$& "
" ဟက္ ငါလာတိုင္း နင္တို႔ႏွစ္ေယာက္ရန္ျဖစ္ေနတာခ်ည္းပဲ "
" ဟင္ "
Kyungsoo နဲ႔ Lu Lu ရန္ျဖစ္ေနတုန္း ေနာက္ကစကားသံေၾကာင့္ လွည့္ၾကည့္ေတာ့
" Baekhyun!!! "
Kyungsoo ေအာ္သံနဲ႔အတူ Baek ကိုေျပးဖက္လိုက္သည္ ။
" ငါ မင္းကို အရမ္းလြမ္းေနတာ "
Kyungsoo ေျပးဖက္ေတာ့ Lu Luနဲ႔Chen တို႔ႏွစ္ေယာက္ပါ ေျပးဖက္လာသည္။
" ဟက္ ငါလည္းလြမ္းပါတယ္ကြာ ေလာေလာဆယ္လႊတ္ပါအုံးကြ မင္းတို႔ေကာင္ေတြ ဖက္တာနဲ႔ ငါပိေသေတာ့မယ္ "
Lu Lu ကို Sehun က ဆြဲေခၚသြားသလို Chen ကိုလည္း minseok က ေခၚလိုက္သည္။ Kyungsoo ကေတာ့ ဖက္ထားလႊတ္လိုက္ေပမဲ့ Baek ရဲ့လက္တစ္ဖက္ကို ကိုင္ထားဆဲ။
" လာ Baekhyun မင္းအတြက္ ငါတို႔ ျပင္ဆင္ထားတယ္ "
Sehun ကေျပာလိုက္ေတာ့ Kyungsoo ကပါဝင္ေျပသည္။
" ဟုတ္တယ္ ငါတို႔ေတြျပင္ထားတာ မင္းႀကိဳက္တဲ့ မုန႔္ေတြလဲျပင္ထားတယ္ "
" ဟြန္း ထိုင္စားေနတဲ့သူကမ်ား "
Lu Lu က မဲ့ရြဲ႕ကာေျပာလာသည္။
" ထိုင္စားတာမဟုတ္ဘူး ေကာင္းမေကာင္းျမည္းေပးတာ သေဘာေပါက္လား အစားအေသာက္ဆိုတာ ျမည္းေပးရတယ္ အဲ့တာမွေကာင္းမေကာင္းသိတာ "
" တစ္ကိုယ္လုံး ဆင္ေျခဆင္လက္ေတြခ်ည္းပဲ "
Baekhyun တစ္ေယာက္ Kyungsoo နဲ႔ Lu Lu ကိုၾကည့္ၿပီးရယ္လိုက္မိသည္။ တကယ္ပါ ကေလးမိဘေတြျဖစ္ေနၿပီ အခုထိကေလးဆန္ၾကတုန္း။
" ကဲပါ ေတာ္ၾကေဝာာ့ ငါဒီေန႔ေတာ့ နားရမွာမလား "
" နားေလ Baek ရာ အဲ့ႏွစ္ေကာင္ကို အဖက္လုပ္မေနနဲ႔ အခ်ိန္တိုင္းသက္ေနတာ လာလိုက္ခဲ့ "
Chen ကေျပာလဲေျပာ Baek ရဲ့ ခရီးေဆာင္အိတ္ကိုေျပာင္းသယ္ကာ သူတို႔ျပင္ထားတဲ့ အခန္းသို႔ ဦးေဆာင္ေခၚသြားလိုကါသည္။ Sehun နဲ႔ Minseok ကေတာ့ Kyungsoo သူငယ္ခ်င္းေတြကို ထားခဲ့ၿပီး ထြက္သြားႏွင့္ေလၿပီ။ Baek ကိုျမင္ရင္ သူတို႔သူငယ္ခ်င္း Kai ကို သတိရလာတာေၾကာင့္ ။ ဘယ္ေလာက္ပဲ ေမ့ထားတယ္ဆိုဆို တိုက္ဆိုင္မွုေတြရွိရင္သတိရတက္ၿပီး သူငယ္ခ်င္းခ်စ္သူကိုျမင္ရရင္လည္း ေျဖမဆည္နိုင္တာက ေပ်ာက္မသြားတက္။ သူတို႔ေတာင္ ဒီေလာက္ျဖစ္ေနရင္ Baek သာဆို သူတို႔မစဥ္းစားရဲ။ သူတို႔ေရွ႕မွာ ဒီေန႔အခ်ိန္ထိ ႀကံ့ခိုင္စြာေနျပတဲ့ ထိုေကာင္ေလးကိုလည္း တကယ္ေလးစားပါသည္။ အျမဲတမ္း သူ႔သူငယ္ခ်င္းေတြအတြက္ ျပဳံးေပးထားတဲ့ေကာင္ေလး ၊ အျပဳံးေတြက မပီျပင္ရင္ေတာင္ သူ႔သူငယ္ခ်င္းေတြကို အဆင္မေျပတဲ့ဘက္ျခမ္းကို မျပတက္တဲ့ေကာင္ေလး။ ကံတရားႀကီးက ရက္စက္လြန္းေသာ္လည္း သူတို႔တက္နိုင္တာ ဘာတစ္ခုမွမရွိေပ။ ရင္နာစြာၾကည့္ေန႐ုံမွတစ္ပါး။
Baek Chen လိုက္ပို႔ေပးတဲ့ အခန္းကို ၾကည့္လိုက္ၿပီး language ကိုေဘးမွာထားလိုက္ၿပီး အခန္းျပတင္းေပါက္နားသြားရပ္လိုက္သည္။
' ႏွစ္ေတြၾကာေနၿပီ အကို ဒါေပမဲ့ ကၽြန္ေတာ္မေမ့နိုင္ေသးဘူး။ ရြာဝင္လမ္းက သစ္ပင္ႀကီးကိုျမင္ရင္လည္း သတိရတယ္။ စိတ္ဆိုးတိုင္းသြားထိုင္တက္တဲ့ ၾကာကန္ေလးကိုျမင္ရင္လည္းသတိရတယ္။ ရြာျပင္ကလယ္ကြင္းေတြျမင္ရင္လည္းသတိရတယ္။အခုလို ျပတင္းေပါက္နားရပ္ေနရင္ေတာင္ အရင္တုန္းက ကၽြန္ေတာ့္ကို ေခ်ာ့ခဲ့တာေတြကို ျပန္ျမင္ေယာင္ေနတုန္းပဲ အကို။ အကိုေျပာေတာ့ ျပန္လာခဲ့မယ္ဆို။ အကိုထြက္သြားခဲ့တာ 10စုႏွစ္တစ္ခုေက်ာ္ခဲ့ၿပီအကို။ အကိုက ကတိမတည္ဘူးဗ်ာ။ ကၽြန္ေတာ္ ပင္ပန္းေနၿပီအကို။ ကၽြန္ေတာ္ ဒီႏွစ္ေတြမွာ အဆင္ေျပေအာင္ေနခဲ့ေပမဲ့ အခုကၽြန္ေတာ္အရမ္းပင္ပန္းေနၿပီ။ ကၽြန္ေတာ္လက္ေလ်ာ့လိုက္ခ်င္ၿပီ အကို။ '
" ေဒါက္ ေဒါက္ Baek ငါဝင္လာခဲ့မယ္ "
Lu Lu က တံခါးေခါက္ကာေျပာလာတာေၾကာင့္ Baek မ်က္ရည္ေတြကို သုတ္ကာ အိပ္ရာေပၚထိုင္ခ်လိုက္သည္။ ၿပီးေတာ့ language အိတ္ထဲက အဝတ္ေတြကို ထုတ္ေနလိုက္သည္။
" ဝင္လာေလ Lu Lu ငါ အဝတ္အစားေတြျပန္လုပ္ေနလို႔ "
" ေအာ္ နင္ကလည္း အရင္မနားဘူး။ ပင္ပန္းလာတာကို "
အခန္းတံခါးကို အသာတြန္းဖြင့္ကာ ဝင္လာတဲ့ Lu Lu။ လက္ထဲကသံပုရာရည္ခြက္ကိုလည္းကိုင္လို႔။ အိပ္ရာေပၚထိုင္ေနတဲ့ Baek ကိုျမင္ေတာ့ နားဖို႔ေျပာသည္။
" ငါအဆင္ေျပပါတယ္ဟ အဲ့ေလာက္လဲမဟုတ္ပါဘူး "
" ေအးပါဟယ္ နင့္သေဘာပါ ဒီမွာ နင္ၿငီးစီစီျဖစ္ေနမွာဆိုးလို႔တဲ့ Kyungsoo က သံပုရာေရလာပို႔ခိုင္းလို႔ေဟ့ "
" ေအး ငါေသာက္လိုက္မယ္ ။ ဒါနဲ႔ ကေလးႏွစ္ေယာက္ေရာ "
" စာသြားသင္တယ္ေလ ဆရာ Chan နဲ႔ ရြာထိပ္က ဇရပ္မွာ။ မျမင္ခဲ့ဘူးလား "
" ေအာ္ လမ္းမွာကေလးေတြအမ်ားႀကီဆိုေတာ့ ငါ မေတြ႕တာေနမွာ "
" ကဲပါ ေခၽြးတိတ္ေအာင္နားလိုက္အုံး ညေနၾကမွ ငါတို႔စကားလက္စုံေျပာၾကတာေပါ့ "
" ေအးေအး "
Lu Lu ျပန္ထြက္သြားေတာ့ စားပြဲေပၚတင္ထားတဲ့သံပုရာရည္ခြက္ကိုအကုန္ေသာက္ခ်လိုက္သည္။ အဝတ္စားအိတ္ကို ေဘးကိုတိုးလိုက္ကာ Baek အိပ္ယာေပၚလွဲခ်လိုက္ကာ မ်က္လုံးစုံမွိတ္ကာ အိပ္ဖို႔ႀကိဳးစားလိုက္သည္။ မ်က္လုံးေထာင့္စြန္းက က်ဆင္းသြားတဲ့ မ်က္ရည္စက္ေလးကို မသိခ်င္ေယာင္ေဆာင္ရင္း ေအာင့္တက္လာတဲ့ရင္ဘတ္ကိုပါလ်စ္လ်ဴရွုလ်က္ေပါ့။
_________________________________
***ဟိုအရင္လို အခ်စ္ေတြလည္းျပန္မရေတာ့ဘူး
ဟိုအရင္လို ေႏြးေထြးမွုေတြလည္းျပန္ရွာမရေတာ့ဘူး
ဟိုအရင္လို စိုးရိမ္စြာေျပာဖူးတဲ့စကားေတြလည္းျပန္မၾကားရေတာ့ဘူး
ဟိုအရင္လို စေနာက္တက္တဲ့ စကားေတြလည္းျပန္ၿပီးမေခ်ပရေတာ့ဘူး
ဟိုအရင္လို ရင္ခြင္ထဲေျပးဝင္ၿပီး ခၽြဲႏႊဲ႕မွုေတြကိုလည္းျပန္မရနိုင္ေတာ့ဘူး
ဟိုအရင္လို.....
ဟိုအရင္လို...
ဟိုအရင္လို.... ဘာတစ္ခုမွျပန္မရေတာ့ဘူး....
ေနာက္ဆုံေတာ့လည္း ခံသီးစြာနဲ႔လက္ခံရတာက အမွန္တရားတစ္ခုကိုပါ...
ေနာက္လွည့္ၾကည့္လိုက္တိုင္း အမွတ္တရာေတြမ်ားစြာရွိေပမဲ့ ေရွ႕ကိုၾကည့္လိုက္တိုင္း ကၽြန္ေတာ့္ရဲ့အနာဂတ္က မေရရာတဲ့အမွတ္တရေတြေပါ့။
ခင္ဗ်ားမရွိတဲ့ အမွတ္တရေတြကို ကၽြန္ေတာ္မသိမ္းဆည္းခ်င္ေတာ့ဗ်ာ။ တကယ္လို႔သာကၽြန္ေတာ္အတိတ္ကိုျပန္သြားလို႔ရရင္ေလ
" ခင္ဗ်ားကို သိပ္ခ်စ္တယ္လို႔ "
_________________________________
T.B.C.
Words-1240
Sat , 16 Oct , 2021
--------------------------------------------------------------------------------------------------