Application For Divorce [ 离婚...
By Leuruna
1.5M 202K 9.7K
Myanmar translation of light novel "Application for Divorce" Original Author - 云间 [Yun Jian] Novel status - c... More
Description
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၅၀
၅၁
၅၂
၅၃
၅၄ (side couple)
၅၅ (side couple)
၅၆ (side couple)
၅၇ (side couple)
၅၈ (side couple)
၅၉ (side couple)
၆၀ (side couple)
၆၁ (side couple)
၆၂ (side couple)
၆၃ (side couple)
၆၄ (side couple)
၆၅ (side couple)
၆၆ (side couple)
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂
၈၃
၈၄
၈၅
၈၆
၈၇
၈၈
၈၉
၉၀
၉၁
၉၂
၉၃
၉၄
၉၅
၉၆
၉၇
၉၈
၉၉
၁၀၀
၁၀၁
၁၀၂
၁၀၃
၁၀၄
Extra 1
Extra 2
Extra 3
၄၉
12.9K 1.7K 86
By Leuruna
Unicode
ခင်ပွန်းဖြစ်သူထံမှ နှစ်သိမ့်မှုအား တောင့်တခြင်း
အဓိကရုဏ်းဖြစ်ရာ ဧရိယာသည်ကား ဟိုတယ်နှင့် အရမ်းမဝေးရပါချေ။ ထို့ကြောင့် အချိန်နှင့်အမျှ ဗုံးပေါက်ကွဲသံများလည်း ကြားနေနိုင်၏။ ချန်းကျင်းသည် လုထောင်၏လုံခြုံရေးအား လွန်စွာမှ စိုးရိမ်နေမိသဖြင့် တစ်ဖက်လူထံသို့ မက်ဆေ့ချ်တစ်စောင်မျှ ဖြစ်ဖြစ် ပို့ရန် အကြိမ်ပေါင်းများစွာ ဟန်ပြင်နေမိသည်။ သို့သော် တစ်ဖက်တွင်လည်း သူသည် ခင်ပွန်းဖြစ်သူအား အနှောင့်အယှက် ပေးမိမည် စိုးပြန်သေးရာ အဆုံး၌ ဆက်သွယ်ခြင်းမပြုတော့ပါဘဲ တိတ်တဆိတ် သည်းခံရန်သာ တွေးလိုက်တော့လေ၏။
ချန်းကျင်းသည်ကား ဟိုတယ်၏ အောက်ထပ်နှင့် အခန်းရှိရာအပေါ်ဆုံးထပ်သို့ ခေါက်တုံ့ခေါက်ပြန် သွားလျက်။ သူ၏အဓိကရည်ရွယ်ချက်မှာ အပြင်ဘက်မှ အခြေအနေများအား တစ်စက္ကန့်မလပ် သိရှိနိုင်ရန်နှင့် တက္ကစီဦလေးကြီးအား နီးစပ်ရာဆေးရုံသို့ ချောမွေ့စွာ ပို့ဆောင်ပြီးကြောင်း အတည်ပြုရန်ပင်။
ထို့နောက် တဖြည်းဖြည်းနှင့် အခြေအနေများက တည်ငြိမ်စပြုလာလေရာ ချန်းကျင်းသည် အပြင်သို့ ထွက်ရန်ဟန်ပြင်မိလေတော့၏။ ထိုအခါ တစ်ဖက်မှ ကောင်တာရှိမန်နေဂျာက သူ့အား ကပျာကယာ တားမြစ်လာရသည်။
"သခင်လေးချန်း အခုချိန် အပြင်မှာ မလုံခြုံသေးပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး မထွက်ပါနဲ့"
"ဒါပေမဲ့.."
ချန်းကျင်းသည်ကား ခင်ပွန်းဖြစ်သူ၏ လုံခြုံရေးနှင့်ပတ်သက်၍ လွန်စွာမှ စိုးရိမ်ပူပန်နေမိပြီ ဖြစ်၏။ သို့သော် မိမိက ဘာမျှအသုံးမဝင်ကြောင်း ဘာသာ တွေးမိသောအခါ ယခုကဲ့သို့ ကိုယ့်သေတွင်းကိုယ် တူးသည့်လုပ်ရပ်မျိုးအား လက်လွှတ်လိုက်ရန်သာ ဆုံးဖြတ်မိတော့လေသည်။
ဟိုတယ်အခန်း၏ ဧည့်ခန်းကြီးအတွင်း၌ မြင်တွေ့နေကျဖြစ်သော လူတစ်ယောက်က ပျောက်ဆုံးနေသောကြောင့် တစ်ခန်းလုံးမှာ ဘာမျှမရှိသကဲ့သို့ လစ်ဟာလျက်။ ချန်းကျင်းသည် ဧည့်ခန်းအတွင်းသို့ တိတ်တိတ်လေး လျှောက်လာ၍ ဆိုဖာခုံထက်၌ ထိုင်ကာ လုထောင်၏အပြန်အား စောင့်ရန် တွေးလိုက်၏။ သို့သော် မကြာမီမှာပင် သူသည် တစ်ဖက်လူအား စောင့်ရင်း ဆိုဖာထက်တွင် ကွေးကွေးလေး အိပ်ပျော်သွားရသည်။
တိုးလျသော တံခါးပွင့်သံက ချန်းကျင်းအား အိပ်မက်ကမ္ဘာထဲမှ နိုးထလာစေသည်ပင်။ သူသည် ကပျာကယာနှင့် လဲလျောင်းနေရာမှ ထထိုင်လိုက်၍ အသံလာရာအရပ်ဆီသို့ ကြည့်မိသည့်တိုင် အိပ်ချင်မူးတူးဖြစ်နေသည့် မျက်ဝန်းတစ်စုံ၏ကျေးဇူးကြောင့် တစ်ဖက်လူ၏ ပုံရိပ်အား သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ပါချေ။ ထို့နောက် တစ်ဖက်လူက ဧည့်ခန်းအတွင်းသို့ ဝင်လာသောအခါမှသာ သူ၏သိမြင်နိုင်စွမ်းတို့က ရှင်းလင်းသွားဟန် တူလေ၏။ ချန်းကျင်းသည် တမဟုတ်ချင်းပင် လုထောင်ထံသို့ လျင်မြန်စွာ ပြေးသွား၍ မလွတ်တမ်း ဖက်တွယ်ထားမိပေတော့သည်။
ရင်းနှီးနေကျဖြစ်သော ကိုယ်သင်းနံ့က သူ့နှလုံးသားအတွင်းရှိ စိုးရိမ်စိတ်မျိုးစုံအား အလိုအလျောက် လျော့နည်းသွားစေ၏။
"နောက်ဆုံးတော့ ဒါလင် ပြန်လာပြီပဲ။ ဘယ်နေရာမှ မထိခိုက်သွားဘူး မလားဟင်?"
ချန်းကျင်းသည် ခင်ပွန်းဖြစ်သူ၏ ပြင်ပတစ်ကိုယ်လုံးအနှံ့ ဒဏ်ရာရမရ ဝေ့ဝဲ ကြည့်ရှုပြီးနောက် မျက်နှာထံသို့ ကြည့်လာခဲ့ပေ၏။ သူ၏မျက်ဝန်းများကမူ စိုးရိမ်ပူပန်စိတ်များ အပြည့်။ သို့သော် တစ်ဖက်လူ၏ ကိုယ်ထည်ကမူ အနည်းငယ် ထူးခြားစွာဖြင့် ပုံမှန်နှင့်မတူဘဲ တောင့်တင်းနေသလိုပါပင်။
လုထောင်၏ မျက်နှာသည်ကား သန့်ရှင်းနေကာ သွေးစွန်းရာများလည်း ရှိမနေခဲ့။ သူ၏အဝတ်အစားများက သွေးစီးကြောင်းများ သွေးကွက်များဖြင့် ပေပွနေခဲ့ရသည့်တိုင် သူကိုယ်တိုင်ကမူ ဒဏ်ရာမရခဲ့ပါချေ။
လုထောင်က တည်ငြိမ်စွာဆိုသည်။
"ဘာမှမဖြစ်ခဲ့ပါဘူး"
တစ်ဖက်မှ ချန်းကျန်းကမူ သူ၏အဖြေကြောင့် အပျော်လွန်၍ မျက်ရည်များပင် ဝဲလာမတတ်။
"တော်သေးတာပေါ့..တကယ်တော်သေးတာပေါ့! ခင်ဗျား တစ်ခုခုများ ဖြစ်သွားမလားဆိုပြီး ကျွန်တော် အရမ်းတွေ စိတ်ပူနေခဲ့ရတာ။ ..ဒါဆို အဓိကရုဏ်းဖြစ်တာကရော ဘယ်လိုလဲ!? ဖြေရှင်းပြီးသွားပြီလား"
"ဖြေရှင်းပြီးသွားပြီ"
မည်သို့မည်ပုံ ဖြေရှင်းခဲ့ကြောင်းကိုမူ ချန်းကျင်းသည် မမေးခဲ့ပါချေ။ သူသည်ကား ထိုကဲ့သို့ အရေးအခင်းကိစ္စများနှင့် ပတ်သက်၍ အသိဉာဏ်နည်းပါးသူဖြစ်သဖြင့် နောက်ကွယ်မှ ဖြေရှင်းပုံများအား အတင်းအကြပ် နားလည်ရန် ကြိုးစားမနေခဲ့တော့။ သူသည် မျက်နှာချင်းဆိုင်မှ လုထောင်ကိုသာ ဆက်လက်၍ ဖက်တွယ်ထားနေမိသည်။ သူ၏နှလုံးသားအတွင်း၌ ယခုအချိန်အထိ အကြောက်တရား အနည်းငယ်က ကိန်းအောင်းနေဆဲ ဖြစ်လေရာ ခင်ပွန်းဖြစ်သူထံမှ နှစ်သိမ့်မှုကို လိုအပ်နေသည်ပင်။
"ကျွန်တော့်ရဲ့ဒါလင်က အရမ်းတော်တာပဲ"
ချန်းကျင်းသည် ခြေဖျားထောက်လိုက်၍ သူ၏နဖူးထိပ်အား တစ်ဖက်လူ၏နဖူးထိပ်နှင့် ခက်ခက်ခဲခဲ ထိတွေ့လာစေကာ ရင်းနှီးကျွမ်းဝင်သော အနေအထားမျိုး ဖန်တီးယူပြန်၏။ ထို့နောက် သူက လေသံဖွဖွလေးဖြင့် စကားဆက်သည်။
"တကယ်တော့ ကျွန်တော် သေမတတ် ကြောက်နေခဲ့မိတာ..သိရဲ့လား။ ဒီလိုသွေးထွက်သံယို ကိစ္စမျိုးတွေ ကြုံဖူးတာ ဒါက ပထမဆုံးပဲမို့.."
ချန်းကျင်းသည် ပြောရင်းဆိုရင်း ကြောက်လာမိသဖြင့် တစ်ကိုယ်လုံးအနှံ့ အနည်းငယ်မျှ တုန်ရီလာသလိုပါပင်။ သူက ဆက်၍ သည်းမခံနိုင်တော့ဟန်ဖြင့် စကားဆိုလာပြန်၏။
"ဒါလင်..ကျွန်တော့်ကိုနမ်း"
သို့သော် ချန်းကျင်းသည် လုထောင်၏တုံ့ပြန်မှုအား စောင့်မနေခဲ့ပါချေ။ သူသည်ကား လွန်စွာမှ တောင့်တနေမိပြီဖြစ်သောကြောင့် မိမိဘက်မှစတင်၍ လုထောင်၏နှုတ်ခမ်းလွှာများထက်သို့ စတင်နမ်းရှိုက်လာခဲ့ပေတော့၏။
တစ်ဖက်လူ၏ လျှာဖျားမှာ ယခင်ကနှင့်မတူပါဘဲ အနည်းငယ် ထူးဆန်းစွာဖြင့် အေးစက်လျက်။ ၎င်းအေးစက်မှုက ချန်းကျင်းအား အတော်လေး စိတ်မသက်မသာဖြစ်စေလေရာ သူသည် သူ၏လျှာဖျားအား အသုံးပြုလာ၍ လုထောင်၏ခံတွင်းအထဲသို့ မွှေ့ပတ်ရန် ကြိုးစားလေတော့သည်။
၎င်းလျှာဖျားက တစ်ဖက်လူ၏ နှုတ်ခမ်းလွှာများနှင့် သွားများအား လွယ်လင့်တကူ ဖြတ်ကျော်နိုင်ခဲ့သည့်တိုင် ခံတွင်းဝအတွင်းသို့ လှည့်ပတ်ရန်ကိုမူ မတတ်နိုင်ခဲ့။ ချန်းကျင်း၏ လှုပ်ရှားမှုများမှာ လုထောင်ထံမှ အချိန်မီ တားမြစ်ခံလိုက်ရခြင်းပင်။
လုထောင်၏ ငြင်းဆန်သောအားက အရမ်းမကြီးမားရပါချေ။ သူသည် ချန်းကျင်း၏ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်လျက် မိမိတို့နှစ်ဦးကြားမှ အကွာအဝေးကို အနည်းငယ်မျှ ဝေးကွာစေခဲ့ရုံသာ။
ချန်းကျင်းကမူ သူ၏အပြုအမူကြောင့် ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
"ဘာဖြစ်လို့လဲ"
လုထောင်က သူ၏မေးခွန်းအား ခေါင်းယမ်းပြကာ အဖြေပြုလျက် ဆို၏။
"ကိုယ် ရေသွားချိုးလိုက်ဦးမယ်"
သူသည် ပြောရင်းဆိုရင်း ချန်းကျင်းအား လွှတ်ပေးလိုက်၍ အိပ်ခန်းအတွင်းသို့ လမ်းလျှောက်သွားသည်။ မိမိ၏ခင်ပွန်းဖြစ်သူက ရေချိုးခန်းရှိရာဘက်သို့ သွားနေခြင်း မဟုတ်ပါကြောင်း မြင်ရသောအခါ ချန်းကျင်းက ကပျာကယာ စကားဆိုလာမိလေ၏။
"ရေချိုးခန်းက ဟိုဘက်မှာလေ"
လုထောင်၏ ခြေလှမ်းများမှာ တစ်ခဏမျှ ရပ်တန့်သွားလျက်။ ထို့နောက် သူက အိပ်ခန်းအတွင်းသို့ ဆက်လျှောက်ရန် ဟန်ပြင်ကာ စကားဆိုသည်။
"ကိုယ်က လဲဖို့အဝတ်အစားကို ယူမလို့.."
"ဪ.."
မကြာမီအတွင်းပင် အောက်ခံဘောင်းဘီ တစ်ထည်အား လက်ထဲ၌ ဆုပ်ကိုင်လျက် ထွက်လာသော ခင်ပွန်းဖြစ်သူ၏ ပုံရိပ်က ချန်းကျင်း၏မြင်လွှာအတွင်းသို့ ပေါ်လာခဲ့ရသည်။ ၎င်းမြင်ကွင်းက သူ့အား ဆွဲဆောင်သကဲ့သို့ ဖြစ်စေကာ နှလုံးသားအတွင်းမှ လိုအင်ဆန္ဒများအား ထိန်းချုပ်နိုင်စွမ်းကိုလည်း ကင်းမဲ့စေပြန်၏။ ချန်းကျင်းသည် လုထောင်၏ အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ပြေးလိုက်သွား၍ တစ်ဖက်လူ၏ ခါးတစ်ခွင်အား ဖက်တွယ်ထားမိလေသည်။ သူ၏ပါးပြင်ကမူ ကျယ်ပြန့်ပြန့် ကျောပြင်ထက်သို့ ခပ်ဖွဖွ ပွတ်သပ်လျက်။
ချန်းကျင်းက ကလေးဆန်ဆန် ချွဲပျစ်သော အသံလေးနှင့် စကားဆိုလာပြန်၏။
"ဒါလင်..အရင်ကလို ကျွန်တော် ကူပြီး ရေချိုးပေးရမလား။ ခေါင်းလည်းလျှော်ပေးပြီး ကျောလည်းတိုက်ပေးမယ်လေ"
ခရီးထွက်လာပြီးနောက်ပိုင်းမှစ သူတို့နှစ်ယောက်သည် နေ့တိုင်းရေအတူချိုး ဖြစ်ကြ၍ မကြာခဏလည်း ဆက်ဆံလေ့ရှိသောကြောင့် တစ်နေ့ကို အကြိမ်ပေါင်းများစွာ ရေချိုးခန်းထဲဝင်၍ အတူတကွ သန့်ရှင်းရေး လုပ်ဖြစ်ကြသည်ပင်။ ထို့ကြောင့် ချန်းကျင်းသည် ခင်ပွန်းဖြစ်သူနှင့် ပို၍ရင်းနှီးလာသကဲ့သို့ ခံစားရကာ တစ်ဖက်လူကို တွေ့ရသည့်အချိန်တိုင်း တပူးပူးတတွဲတွဲနှင့် ကပ်တွယ်နေချင်လာရတော့၏။
လုထောင်က တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် တည်ငြိမ်စွာ ဆိုလေသည်။
"ကောင်းပြီ"
ချန်းကျင်းကမူ အပျော်လွန်၍ ခုန်ပေါက်လုမတတ်။
"ဒါဆို ကျွန်တော် အရင်ဆုံးသွားပြီး ရေဖြည့်ထားလိုက်မယ်နော်"
ချန်းကျင်းသည် ရေအပူချိန်အား ညှိ၍ ရေချိုးကန်ကြီး အတွင်းသို့ ဦးစွာ ရေလွှတ်ထားလိုက်သည်။ တစ်ဖက်မှ လုထောင်ကမူ အဝတ်အစားများမချွတ်သေးပါဘဲ မူလနေရာ၌ မလှုပ်မယှက် ရပ်နေဆဲ။ ချန်းကျင်းက သူ့အား ဝေ့ဝဲကြည့်လာရင်း အနည်းငယ်မျှ နားမလည်နိုင်ဟန်ဖြင့် မေးလာခဲ့သည်။
"ဒါလင်..အဝတ်တွေ မချွတ်သေးဘူးလား"
မကြာမီအတွင်းပင် လုထောင်သည် သူ၏အဝတ်အစားများအား စတင်၍ ချွတ်လာခဲ့ကာ တောင့်တင်းသည့် ရင်အုပ်ကြွက်သားအစုံအား ပြသလို့လာလေ၏။ ၎င်းမြင်ကွင်းကြောင့် ချန်းကျင်းမှာ တမဟုတ်ချင်းပင် ရှက်သွေးဖြာသွားမိ၍ ထို့နောက် ခေါင်းငုံ့လျက် သူ၏အဝတ်အစားများကိုလည်း ချွတ်လာခဲ့သည်ပင်။
ရီကျောက်ကမ္ဘာ၏ ရာသီဥတုက ပူပြင်းလှသည်ဖြစ်သောကြောင့် နေထိုင်သူများသည် အဝတ်အနည်းငယ်မျှသာ ဝတ်ဆင်ထားလေ့ရှိကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး၏ ကိုယ်ထည်များမှာ အချိန်တိုအတွင်းပင် မိမွေးတိုင်းဖမွေးတိုင်း ဖြစ်သွားရတော့လေသည်။
ချန်းကျင်းသည် ရေပန်းခလုတ်အား ဖွင့်လိုက်၍ မတ်တပ်ရပ်လျက် ရေချိုးရန် ဟန်ပြင်၏။ သူက တစ်ဖက်မှ လုထောင်ဘက်သို့ လှည့်ကာ မေးလာပြန်သည်။
"ရေမချိုးသေးဘူးလား"
"အာ..မင်း အရင်ချိုးနှင့်ပါ"
မိမိ၏ခင်ပွန်းဖြစ်သူသည်ကား အနည်းငယ် ထူးဆန်းနေ၍ ယခင်ကကဲ့သို့ ဟက်ဟက်ပက်ပက် မရှိကြောင်း တွေ့ရသောအခါ ချန်းကျင်းမှာ ရုတ်တရက် ဝမ်းနည်းမိ၍ ဒေါသလည်း ထွက်သွားမိတော့၏။ အကြင်သူဟာ ဘာကြောင့်များ သူ့ကို အေးတိအေးစက် ဆက်ဆံနေရပါသနည်း။
ချန်းကျင်းသည် တွေးလေလေ ပို၍ ဝမ်းနည်းမိလေလေ ဖြစ်သဖြင့် လုထောင်ထံသို့ ကပျာကယာ လျှောက်သွားလိုက်ကာ သနားစဖွယ် အကြည့်လေးနှင့် ဆိုလာလေသည်။
"ဒါလင်..ခင်ဗျား ကျွန်တော့်ကို စိတ်ဆိုးနေသေးတာလား"
လုထောင်က ဘာမျှပြန်မပြောလာသောအခါ ချန်းကျင်းမှာ ပို၍ ဒေါသထွက်လာမိရသည်ပင်။ ထို့်ကြောင့် သူသည် တစ်ဖက်လူအား ဖက်တွယ်လိုက်ကာ ကိုယ်လုံးတီးကိုယ်ထည်နှစ်ခုအား တစ်သားတည်း ဖြစ်စေသည်အထိ ထိကပ်စေ၏။ ခင်ပွန်းဖြစ်သူ၏ ကိုယ်ထည်သည်ကား အနည်းငယ် နေရခက်စွာ တောင့်တင်းနေဆဲဖြစ်သည့်တိုင် ချန်းကျင်းကမူ ၎င်းအား ဂရုထားမနေခဲ့ပါချေ။
"အစောပိုင်းက ကိစ္စက တကယ်မတော်တဆ ဖြစ်သွားခဲ့တာပါဆို။ ကျွန်တော် တမင်သက်သက် ဆက်သွယ်ရေးစက်ကို ပိတ်ပစ်တာ မဟုတ်ပါဘူး။ ဘာလို့မှန်းမသိဘူး လိုင်းကသူ့သူကျသွားတာ။ အဲ့ဒီနောက် ကျွန်တော်က ဒါလင့်ကို လာရှာမယ်လုပ်တုန်းရှိသေးတယ် ဘေးနားက လူကြီးတစ်ယောက်က ကျွန်တော့်ကို ဝင်တိုက်သွားပြန်ရော..ပြီးတော့ တခြားလူအုပ်ကြီးကပါ ရောက်ချလာပြီး အဓိကရုဏ်းဖြစ်တဲ့ နေရာကို အတင်းအကြပ် ဆွဲခေါ်သွားတာ.."
ချန်းကျင်း၏ကိုယ်ထည်လေးမှာ ၎င်းအကြောင်းများအား ပြန်ပြောင်းတွေးတောရင်း ကြောက်ရွံမှုကြောင့် ထပ်မံတုန်ရီလာရပြန်၏။
"အဲ့ဒီတုန်းက..တကယ် အရမ်းကြောက်ဖို့ကောင်းတာပဲ။ ဘာလို့များ လူတွေက အဲ့ဒီလောက်တောင် ရက်စက်နေရတာပါလိမ့်..အချင်းချင်းကို သွေးထွက်သံယိုဖြစ်အောင် လုပ်နေကြတယ်"
လုထောင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဒါက အထက်လူကြီးတွေရဲ့ လိုအပ်မှုတွေကြောင့် ဖြစ်လာရတဲ့အကျိုးဆက်ပဲ။ ပြီးတော့ လောလောဆယ် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း အပြည့်အဝထိန်းချုပ်နိုင်မယ့် နည်းလမ်းမရှိသေးဘူး။ လက်နက်ရောင်းချမှုနှုန်းကို ပိတ်ပင်လိုက်ရင်တောင်မှ အဓိကရုဏ်း အရေအတွက်ကို လျော့နည်းစေရုံပဲရှိမှာ ..အမြစ်ပြတ်ပျောက်သွားနိုင်မှာမဟုတ်သေးဘူး"
ချန်းကျင်းကမူ အလုံးစုံ နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်လျက်။ သူက ထိတ်လန့်စွာဖြင့် ရုတ်တရက် ဆိုလာပြန်သည်။
"ပေါက်ကွဲသံတွေလည်း ကြားလိုက်ရသေးတယ်.."
"အဲ့ဒါက လူလုပ်ဗုံးတွေပါ"
လုထောင်၏လေသံက အနည်းငယ် နှစ်သိမ့်သည့်သဘောသက်ရောက်၍ ပျော့ပျောင်းနေသည့်တိုင် ချန်းကျင်းကမူ ထိတ်လန့်နေဆဲပါပင်။
"ဘာပဲပြောပြော အဲ့ဒီလိုကိစ္စတွေ ထပ်မဖြစ်လာတော့ရင် ကောင်းမှာပဲ"
ချန်းကျင်းသည် ခင်ပွန်းဖြစ်သူအား သနားစဖွယ် စိုက်ကြည့်လာ၍ ပို၍တင်းကြပ်စွာ ဖက်တွယ်လိုက်မိပြန်၏။ သူသည်ကား တစ်ဖက်လူထံမှ နှစ်သိမ့်မှုအား လိုချင်နေသေးသည်ပင်။ သို့သော် တစ်ဖက်မှ လုထောင်ကမူ သူ၏ပုခုံးနှစ်ဖက်အား ယခင်ကအတိုင်း ဆုပ်ကိုင်ကာ အဝေးသို့ တွန်းလွှတ်ပါရန် ဟန်ပြင်လျက်။ ချန်းကျင်းသည် မိမိက လက်လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ခင်ပွန်းဖြစ်သူက ရှောင်ထွက်သွားမည်ကို စိုးရိမ်မိသဖြင့် တစ်ဖက်လူ၏လက်အားက အရမ်းမများသေးခင်မှာပင် အောက်သို့ ပဆစ်တုတ်ထိုင်ချလာကာ လုထောင်၏ ခြေသလုံးသားများအား နေရာပြောင်း၍ တင်းကြပ်စွာ ပွေ့ဖက်လာပြန်၏။
အကြိမ်ပေါင်းများစွာ ဆက်ဆံခြင်းက ချန်းကျင်းအား ပို၍ အရှက်အကြောက် လျော့နည်းစေဟန် တူသည်။ နှစ်ယောက်သားမှာ ညစ်ညမ်းဖွယ်ကောင်းသည့် ကစားနည်းပေါင်းစုံအား ကစားခဲ့ဖူးသဖြင့် blow job ပေးသည့် အခြင်းအရာမှာလည်း သူ့အတွက် ပထမဆုံးမဟုတ်ရတော့ပါပေ။
တစ်ဖက်လူ၏ အင်္ဂါမှာ ရေစက်အချို့ တွဲလောင်းခိုနေခဲ့၍ အပြည့်အဝ ထောင်မတ်ခြင်း ရှိမနေသည့်တိုင် အရွယ်အစားကမူ အံ့ဩဖွယ်ကောင်းလှဆဲဖြစ်၏။ ချန်းကျင်းသည် သူ၏ပါးစပ်အား ခပ်ဟဟဖွင့်လိုက်ကာ ၎င်းအသားချောင်းကို ခံတွင်းအပြည့် စုပ်ယူလိုက်၍ ခက်ခက်ခဲခဲ လျက်လာခဲ့ပေသည်။
လုထောင်၏မျက်နှာမှာ တမဟုတ်ချင်းပင် ပျက်ယွင်းသွားရ၍ သူငယ်အိမ်များမှာလည်း အံ့ဩမှုကြောင့် ဦးတည်ရာမဲ့လျက်။ သူက လက်နှစ်ဖက်လုံး ဆန့်ထုတ်လာ၍ ချန်းကျင်း၏ လှုပ်ရှားမှုများအား ရပ်တန့်ရန် ကြိုးစားခဲ့သည့်တိုင် အပြည့်အဝ တားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။ အကြောင်းမှာ ချန်းကျင်းက မျက်လုံးများပင့်လျက် သူ့အား မော့ကြည့်လာသောကြောင့်ပင်။
ဇနီးသည်လေး၏ မျက်ဝန်းများသည်ကား လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့ကာ နူးညံ့သည့်နှုတ်ခမ်းအလွှာမှာလည်း သူ၏ ခံစားလွယ်သော နေရာများထံသို့ ထိကပ်လျက် ရှိ၏။ ထို့ကြောင့် လုထောင်သည် သူ၏လက်အစုံအား ကောင်းစွာ ဆန့်ထုတ်နိုင်ခြင်း မရှိတော့ပါဘဲ နောက်ဆုံး မျက်မှောင်ကြုတ်လျက်နှင့်သာ တိတ်တိတ်လေး ငြိမ်ခံ နေခဲ့ရပေတော့သည်။
အရေပြားတစ်လျှောက်မှ အကြောရွတ်များမှာ တစ်ဖက်လူ၏ခံတွင်းဝအတွင်း၌ ငုံထွေးခံထားရင်းနှင့်ပင် တဖြည်းဖြည်း ထင်ရှားလာရ၍ ပစ္စည်းတစ်ခုလုံးမှာလည်း ရာနှုန်းပြည့် မာထောင်လာရကာ ချန်းကျင်း၏ ပါးစပ်တစ်ခုလုံးမှာ ဟာကွက်မရှိသည်အထိ ပြည့်ကြပ်လာရတော့၏။ အမှန်မှာမူ ချန်းကျင်းသည်ကား တစ်ဖက်လူက မိမိအား ယခင်ကအတိုင်း စနောက်လာလေမလားဟု မျှော်လင့်နေခဲ့မိခြင်း ဖြစ်သည်ပင်။ သို့သော် ဤအကြိမ်၌မူ လုထောင်သည် သူ့အား စကားတစ်ခွန်းမျှ ဆိုမလာခဲ့။ တစ်ဖက်လူ၏ပုံစံမှာ သူ၏ပြုစုပေးမှုနှင့် ပတ်သက်၍ လုံလုံလောက်လောက် ကျေနပ်မှုရှိနေသည့် ပုံစံမျိုးပင်။
ချန်းကျင်းကမူ ခင်ပွန်းဖြစ်သူ၏ တိတ်ဆိတ်မှုနှင့် ပတ်သက်၍ အရမ်းအတွေးလွန်မနေခဲ့တော့ပါပေ။ အနည်းဆုံးတော့ လုထောင်သည် သူ့အား ငြင်းဆန်ခြင်း ရှိမနေခဲ့သည် မဟုတ်ပါလား။
နောက်ဆုံး၌မူ သူ၏ပါးပြင်နှစ်ဖက်လုံးမှာလည်း အနည်းငယ် ညောင်းစပြုလာရပေပြီ။ ချန်းကျင်းသည် တစ်ဖက်လူ၏ ပစ္စည်းအား ခံတွင်းဝထဲမှ ထုတ်လိုက်၍ ထို့နောက် သူ၏ပန်းရောင်လျှာဖျားလေးနှင့် နေရာအနှံ့သို့ ထပ်မံလျက်ယူလာခဲ့ပြန်၏။ သူ၏လှုပ်ရှားမှုများသည်ကား လျင်မြန်သွက်လက်ကာ ကျွမ်းကျင်သည်။ ၎င်းကျွမ်းကျင်မှုများအောက်၌ ခင်ပွန်းဖြစ်သူ၏ ပစ္စည်းတစ်ခုလုံးက နေရာမလပ် စိုစွတ်လာရပြီးနောက်တွင် သူသည် ဘေးဘက်မှ ကပ်ပယ်လ်အိတ်များရှိရာထံသို့ ဦးတည်ရာ ပြောင်းလာခဲ့ပေတော့၏။
ဤကြီးမားသည့် ကပ်ပယ်လ်အိတ်များမှာ ယခင်က သုတ်ရည်များစွာအား အကြိမ်ပေါင်းများစွာ ထုတ်လွှတ်ခဲ့ပြီး ဖြစ်သည့်တိုင် ယခုအချိန်ထိ လေးလံနေဆဲ။ အကြင်သူ၏ ၎င်းအိတ်များအတွင်း၌ သုတ်ရည်မည်မျှကများ ကိန်းအောင်းနေလိမ့်မည်နည်း။ ချန်းကျင်း၏ ကိုယ်ထည်လေးမှာ ၎င်းအကြောင်းအား တွေးမိရုံနှင့်ပင် မသိစိတ်အလျောက် တုန်ရီသွားမိလေတော့၏။
သူ၏လျှာဖျားက နွေးထွေးနေခဲ့သော်ငြား တစ်ဖက်မှ ကပ်ပယ်လ်အိတ်များကမူ အေးစက်လျက်။ ချန်းကျင်းသည် ၎င်းအိတ်နှစ်ခုအား ဂရုတစိုက် လျက်ယူလာခဲ့၍ တစ်ဖက်လူအား သာယာမှု အထွတ်အထိပ် ရောက်စေနိုင်သည်အထိ ပူနွေးနွေး အာငွေ့ဖြင့်လည်း မကြာခဏ ထိတွေ့လာခဲ့ပြန်၏။
တစ်ဖက်မှ လုထောင်ကမူ အနည်းငယ် နေရခက်လျက်။ သူသည် သူ၏မျက်ဝန်းအစုံအား ပိတ်လိုက်ကာ တစ်ခဏမျှ ကြာပြီးနောက်တွင် ပြန်ဖွင့်လာခဲ့၏။ သို့သော် နောက်တစ်ကြိမ် ပြန်ပွင့်လာသော မျက်ဝန်းများမှာ ယခင်ကကဲ့သို့ ကြင်လင်ပြတ်သားမနေတော့ပါဘဲ အနည်းငယ်ရီဝေသည့်ဘက်သို့ ရောက်လာရသည်ပင်။
"ကျွန်တော် သေရမှာကို မကြောက်ပေမဲ့..ဒါလင့်ကို ထပ်ပြီးမတွေ့ရမှာကိုတော့ ကြောက်မိတယ်"
ချန်းကျင်းမှာ မျက်ရည်များဝဲလျက်ကပင် ၎င်းစကားအား ဆိုလာခဲ့ခြင်း ဖြစ်၏။ သူ၏ပုံစံမှာ လွန်စွာမှ သနားချင့်စဖွယ်ကောင်းလျက်။
၎င်းစကားတစ်ခွန်းက မည်မျှအထိ အစွမ်းထက်ကြောင်း မပြောတတ်ပါချေ။ ထိုကဲ့သို့ ပြောဆိုပြီးနောက် မကြာမီအတွင်းပင် လုထောင်ဘက်မှ တုံ့ပြန်မှုအနည်းငယ် ရှိလာသောကြောင့် ချန်းကျင်းသည် တစ်ဖက်လူဟာ ရုတ်တရက် ငြိမ်သက်နေရာမှ အသက်ဝင်လာသလား ဟူ၍ပင် တွေးမိလေတော့၏။
သူသည်ကား လုထောင်၏ပစ္စည်းအား ငုံ့ထွေးကာ စုပ်ယူပေးနေဆဲ ဖြစ်လေရာ ခင်ပွန်းဖြစ်သူ၏ မျက်နှာအမူအရာကိုလည်း ကောင်းစွာမမြင်တွေ့နိုင်ခဲ့ပါချေ။ သို့သော် တစ်ဖက်လူ၏ တင်ပါးလှုပ်ရှားမှုများက ရုတ်တရက် အရှိန်ပါလာ၍ ၎င်းမှာ သူ၏လည်ဝအထိရောက်အောင် တွန်းထိုးရန် ကြိုးစားနေသည့်အတိုင်းပါပင်။
၎င်းအကျိုးဆက်ကြောင့် ချန်းကျင်း၏ မျက်ဝန်းထောင့်များ၌ မျက်ရည်ဥများက တွဲခိုလာရသည့်တိုင် သူသည် ၎င်းအနိုင်ကျင့်မှုအား ငြင်းဆန်နိုင်စွမ်း မရှိခဲ့။
"ဒါလင့်ကို ချစ်တယ်"
လုထောင်၏ သူငယ်အိမ်များသည်ကား အနည်းငယ် အဆင်မပြေဖြစ်ဟန်ဖြင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာလျက်။ သူသည်ကား အထွတ်အထိပ်သို့ ရောက်ရှိခါနီးနေပြီ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ ခံတွင်းဝထဲမှ သူ၏ပစ္စည်းအား ထုတ်ယူရန် ကြိုးစားသည့်တိုင် ချန်းကျင်းကမူ လွှတ်မပေးပါဘဲ ခေါင်းမာစွာနှင့် ဆက်လက်ငုံထွေးနေဆဲပါပင်။
"အပြင်မှာ မထုတ်နဲ့။ ကျွန်တော့်ထဲမှာ ထုတ်..အ "
ချန်းကျင်း၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် နီရဲတွတ်နေရ၍ သွားရည်အချို့ကလည်း မေးစေ့အထိ စီးကျနေရပြီ ဖြစ်၏။ သို့သော် သူသည် တစ်ဖက်လူ၏ပစ္စည်းအား အတင်းအကြပ် စုပ်ယူဆဲဖြစ်ကာ လွှတ်ပေးရန် သဘောမတူသည့်အနေဖြင့် ခေါင်းအား တွင်တွင်ယမ်းရင်း ငြင်းဆိုလာပြန်သည်။
သူ့အား တွန်းဖယ်ရန် ဆန့်ထုတ်ပြီးသား ဖြစ်သော ခင်ပွန်းဖြစ်သူ၏ လက်တစ်စုံမှာ နောက်တစ်ကြိမ်ထပ်၍ ရုတ်သိမ်းသွားရပြန်၏။ ထိုအစား လုထောင်၏ လက်ဖဝါးအစုံက သူ၏ဦးခေါင်းအထက်သို့ အနည်းငယ် အားထည့်လျက် ဖိနှိပ်လာရသည်။ ချန်းကျင်းမှာ တစ်ဖက်လူ၏ တုံ့ပြန်မှုကြောင့် ကျေနပ်သွားရ၍ ခင်ပွန်းဖြစ်သူအား အလိုရမ္မက်တို့ ပြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် စိုက်ကြည့်လာကာ ဆိုလေတော့၏။
"ကျွန်တော့်ကို ပေး.."
ထူထဲရှည်လျားကာ ပူနွေးသည့်ပစ္စည်းကြီးက ခံတွင်းတစ်လျှောက် ထပ်မံ လျှောဝင်သွား၍ အနက်ဆုံး အပိုင်းဖြစ်သော လည်မျိုဝအထိ ထိတွေ့လျက်။ ချန်းကျင်း၏ မျက်နှာအစိတ်အပိုင်းများမှာလည်း လုထောင်၏ ပေါင်ရင်းမှ အမွှေးအမျှင်များနှင့် တစ်သားတည်း ဖြစ်သည်အထိ အက်စပ်လျက်ရှိကာ သူ၏ဝင်လေထွက်လေများ အားလုံးမှာ ခင်ပွန်းဖြစ်သူ၏ အငွေ့အသက်တို့နှင့် ပြည့်နှက်နေရတော့၏။
သို့သည့်တိုင် ချန်းကျင်းသည် သေးသေးလေးမျှ မသက်မသာ မဖြစ်ခဲ့ပါပေ။ ထိုအစား သူသည် လွန်စွာမှ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေမိသဖြင့် အထိအတွေ့ လုံးဝမရှိသေးပါသော သူ၏ကိုယ်ပိုင်ပစ္စည်းလေးသည်ပင် ထောင်မတ်လာရသေး၏။ မကြာမီအတွင်းပင် ပြားချပ်နေပါသော ရင်ဘတ်ထက်မှ အမှတ်အသားနှစ်ခုမှာလည်း တဖြည်းဖြည်း ဖူးယောင်လာရကာ နွေဦးတွင် တွေ့ရသော ပန်းဖူးလေးများနှင့် ဆင်တူလာရသည်ပင်။
ခင်ပွန်းဖြစ်သူ၏ သုတ်ရည်များက ကပ်ပယ်လ်အိတ်များမှ တစ်ဆင့် သူ၏လည်မျိုဝလေးအတွင်းသို့ ထုတ်လွှတ်လိုက်ချိန်တွင် သူတို့နှစ်ယောက်လုံးမှာ တစ်ခဏမျှ မိန်းမောမိသွားရ၏။ ထူထဲပျစ်နှစ်သော အရည်များအားလုံးက လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး နောက်ဆုံးတွင် ချန်းကျင်းမှာ အနည်းငယ် အသက်ရှုကြပ်သလို ဖြစ်လာရတော့သည်။ ထို့ကြောင့် လုထောင်က လျင်မြန်စွာ မိမိ၏ပစ္စည်းအား ခံတွင်းဝထဲမှ ဆွဲနှုတ်လိုက်ကာ တစ်ဖက်လူ၏ ကျောပြင်အား ခပ်ဖွဖွ ပုတ်ပေးလျက် စိတ်ပူစွာ မေးလေ၏။
"အဆင်ပြေရဲ့လား"
"အင်း.."
သူ၏ နှုတ်ခမ်းထောင့်စွန်း၌မူ ခင်ပွန်းဖြစ်သူ၏ သုတ်ရည်အချို့က တစ်စွန်းတစ်စ ချိတ်ဆွဲလျက်။ ချန်းကျင်းက လုထောင်အား ပြန်လည် စိုက်ကြည့်လာလျက် အပြုံးလေးတစ်ပွင့်နှင့် ဆက်ဆိုသည်။
"ဒါကို ကျွန်တော် တကယ် သဘောကျတယ်။ မနက်ဖြန်လည်း စားလို့ရမယ်မလားဟင်?"
ချန်းကျင်းသည် ၎င်းစကားအား ပြောပြီးပြီးချင်းပင် ရှက်ရွံ့စွာဖြင့် အောက်ဘက်သို့ ခေါင်းငုံ့သွားလေတော့၏။ မိမိ၏ အရှက်မဲ့သော တောင်းဆိုမှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူ၏ တုံ့ပြန်မှုကို ရင်ဆိုင်နိုင်မည့် သတ္တိက သူ့ဆီတွင် ရှိမနေခဲ့ပါချေ။
ရေချိုးကန်ကြီးအတွင်းရှိ ရေများသည်ကား အောက်ဘက်သို့ တဖြည်းဖြည်း စီးကျလာ၍ လျှံကျနေခဲ့လေပြီ။ ချန်းကျင်းသည် ကပျာကယာနှင့် ရေပိုက်ခေါင်းအား သွားပိတ်လိုက်ကာ ထို့နောက် ရေအပူချိန်အား စစ်ရန် ရေချိုးကန်အတွင်းသို့ အနည်းငယ် ကိုယ်ကိုင်းလာခဲ့ပေ၏။ ထို့နောက် ရေအပူချိန်က အဆင်ပြေကြောင်း စစ်ဆေးပြီးသဖြင့် သူက တဖန်ကိုယ်ပြန်မတ်ရန် ပြင်လိုက်ချိန်မှာပင် မည်သည့်အချိန်ကတည်းက အနားရောက်လာမှန်း မသိပါသော လုထောင်က သူ၏ခါးအား ဆုပ်ကိုင်လာခဲ့တော့သည်။
လုထောင်၏ လက်ချောင်းများသည်ကား ချန်းကျင်း၏ တင်ပါးနှင့်ခါးအဆက်ရှိ တက်တူးစာသားများအား အားဖြင့်ဖိကာ ပွတ်သပ်လျက်။ ချန်းကျင်းမှာ ခင်ပွန်းဖြစ်သူ၏ အပြုအမူကြောင့် အနည်းငယ် ရှက်သွေးဖြာသွားရ၍ အနောက်သို့ ခေါင်းလှည့်လာကာ တိုးတိုးလေးဆိုလေသည်။
"ဒါလင်..ဘယ်လောက်မှ မကြာသေးတာကို ထပ်ပြီး လိုချင်နေပြန်ပြီလား"
Zawgyi
"ဒါ​ပေမဲ့.."
"ဘာမှမဖြစ်​ခဲ့ပါဘူး"
"​ဖြေရှင်းပြီးသွားပြီ"
"ဘာဖြစ်​လို့လဲ"
"ဪ.."
"​ကောင်းပြီ"
"​ရေမချိုး​သေးဘူးလား"