လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

95.4K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၁၀)

1.1K 67 12
By Ahlaly

"မင်းက ဘာလာလုပ်တာလဲ"

အသံထက်အရင် အဝန်းရဲ့နောက်ကျောပြင်ဆီကို ကျရောက်လာသည်က စာအုပ်ထူထူ တစ်ခု။ အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သည်မို့ ထိုင်နေသည့် ခုံမှ အရှေ့သို့ အလိုအလျောက် ခါးကိုင်းမိသွားရသည်။

အသားနာတာနဲ့ ထပ်ထူ ဖြစ်တည်လာသော ဒေါသတို့သည် အဝန်းမျက်ဝန်းတို့တွင်ထင်ဟပ်နေသည်။ နောက်ကျောဘက်ဆီသို့လှည့် ကြည့်လိုက်တော့ သက်လျာကို မြင်လိုက်ရသည်မို့...
"သီချင်းခွေ လာလုပ်တာ ကိုသက်၊ ကိုသက်ရော ဘယ်လိုရောက်လာတာလဲ။"

"မိတ္ထူလာဆွဲတာ။ နေပါဦး မင်းကို ငါက ဘာကိစ္စပြောပြရမှာလဲ ငါ့ဘာငါ ဘာလုပ်လုပ်ပေါ့။ ဒါကိုထားဦး .....မင်း မနေ့ကငါ့စောင်တွေကို ဘယ်လိုသယ်လာတာလဲ။ ပြောပါဦး"

"မြင်းလှည်းနဲ့ သယ်ခဲ့တာလေဗျာ..."

"ခွေးကောင်လေး။ ငါ့စောင်တွေမှာ မြင်းခြေမှုန်တွေကြည့်ပဲကွ။ ညက ငါ့မယ် သဲပုံထဲအိပ်ရသလိုပဲ"

"အရှေ့မှာထားလိုက်မိတာ ထင်တယ် ကိုသက်။ တောင်းပန်ပါတယ်ဗျာ....."

"မင်းနော် မင်း။ ဂရုစိုက်..."

"ဟုတ်ကဲ့ ကိုသက်။"

"မင်းအကိုကြီးကြည်သာ့ကို စောင့်ကြည့်ထား။ တစ်ခုခုဆို ငါ့ကိုချက်ချင်းလာပြော။ ငါပြောတာ နားလည်လား။"

"ဟုတ်ကဲ့။"

"မင်းရှိရဲ့နဲ့ သူတစ်ခုခုသာဆိုရင် မင်းမလွယ်ဘူး..."

ဒီတစ်ခါမှာတော့ အဝန်းခေါင်းကို ခပ်သွက်သွက်ငြိမ့်ပြလိုက်သည်။ တစ်ခါတည်း စိတ်ထဲမှာ တွေးမိတာက ဒီတစ်နှစ်လုံး အကိုကြီးဘာမှမဖြစ်စေရပါ။ ရှေ့နှစ်ကတော့ မပြောတတ်။

"အဝန်းရေ အခွေရပြီဟေ့။ သီချင်းတစ်ပုဒ်ထဲဖြစ်နေလို့ သီချင်းမလာခင် ကြေငြာလေးတစ်ခုထည့်ထားပေးတယ်။"

"ရပါတယ်ဗျာ။ ဘယ်လောက်ပေးရမလဲ"

"၅ရာ...ဒါနဲ့ ဒီသီချင်းကို ကြည်သာ ဂီတာနဲ့ဆိုမှာလားကွ။ ဘယ်နေ့လဲ..."

မနှစ်က အကိုကြီးနဲ့လာရင်း ဒီဆိုင်ကို ပထမဆုံးရောက်ဖူးခဲ့ခြင်းဖြစ်သည်။ မှတ်မှတ်ရရ ပထမနှစ်မှာ ဒီဆိုင်ကို ၉ခေါက်တိတိရောက်ခဲ့သည်။ အကိုကြီးအတွက် တိတ်ခွေလာသွင်းတဲ့ အချိန်ရော၊ ကိုသက်အတွက် လိုအပ်တဲ့ စာရွက်တွေမိတ္ထူလာကူးပေးတဲ့ အချိန်နဲ့ ဒီဆိုင်က အဝန်းနဲ့တော်တော်လေး ရင်းနှီးခဲ့သည်။

အခု ဒုတိယနှစ်ကိုရောက်တော့ ကျောင်းဖွင့်တာ အခုရက်မှတစ်ပတ်ပြည့်မည်။ ဒီဆိုင်မှာ တိတ်ခွေလာထုတ်ရသည်က အကိုကြီးအတွက်မဟုတ်ပဲ တခြားသူအတွက်ဖြစ်နေသည်ဆိုတာကို မဖြေပေးချင်ပါ။

"ဒီမှာ ၅ရာ ကိုပြည့်။ ကျွန်တော်သွားဦးမယ်"

အိတ်ကပ်ထဲက ပိုက်ဆံ၅ရာကို ထုတ်ပေးလိုက်ပြီး ကိုပြည့်လက်ထဲက အခွေကို ယူကာ အမြန်ပြန်လာခဲ့လိုက်သည်။

လမ်းမှာ လက်ထဲရှိတိတ်ခွေကို ကိုင်မြှောက်ကြည့်နေရင်း အဝန်းရဲ့အပြုံးတို့ဟာ ဖုံးဖိမရဖြစ်နေသည်။

🎶ရေပြာလှိုင်းကမ်းခြေဆီ....
မြေနီလမ်းလေးကို ဖြတ်လျှောက်ခဲ့သည်။ 🎶

ကြားယောင်လာမိပါသော ထိုသီချင်းနှင့် တွေးဆမိတဲ့ သော့်ရဲ့အသံ ပေါင်းစပ်မှုသည် ကောင်းကင်နှင့်တိမ်ဆိုင်အလား လိုက်ဖက်ညီလွန်းလှပါသည်။

"သော်ရေ သော်....."

"ကျွန်တော် ဒီမှာထိုင်နေတယ် အကို။
အိမ်ထဲဝင်ခဲ့လေ...."

ရေးလက်စ စာအုပ်ကို စားပွဲခုံအောက်ထိုးလိုက်ပြီး ဘေးရှိ နီးရာစာအုပ်ကို စားပွဲတင်ပြီး ဖွင့်ထားလိုက်မိသည်။

"စာဖတ်နေတာလား သော်။"

"ဟုတ်။ အကို ဘယ်သွားနေတာလဲ။
အစောက ကျွန်တော်လာရှာသေးတယ်။
ကိုကြည်သာက အကိုအပြင်ထွက်သွားတယ် ပြောလို့"

"အင်း။ ဒီမှာလေ သော့်အတွက်"

စားပွဲခုံပေါ်ရောက်လာသည့် တိတ်ခွေကြောင့်...
"ဒါက"

"သော် နားထောင်ဖို့။ သီချင်းလေ"

"ကျွန်တော်မှာ အောက်စက်ရှိမှန်း အကိုဘယ်လိုသိလဲ။"

"ကိုယ် မသိပါဘူး သော်ရ။
ကိုယ်တို့အဆောင်မှာတော့ TVအစုံလိုက်ရှိတယ်လေ။ အဲ့တာ သော်နားထောင်လို့ရအောင် အဆောင် ခေါ်သွားပြီး ဖွင့်ပြမလို့။ သော့်ကို ဒီသီချင်းနားထောင်စေချင်လို့လေ။"

အားတက်သရော ပြောနေတဲ့ အကို့စကားကြောင့် ကျွန်တော် ထိုက်နေရာကနေ ထ,လိုက်ပြီး ဗီရိုဆီသို့လျှောက်သွားလိုက်သည်။ မီးခလုတ်ကို ဖွင့်လိုက်ပြီး အခွေထုတ်ကာ အကိုပေးတဲ့ သီချင်းခွေကို စက်ထဲထဲ့ရင်း....
"ဘာသီချင်းမိုလို့လဲ။"

"ကိုယ် အကြိုက်ဆုံးသီချင်းလေ။"

"ဒါဆို အကိုယူထားလေဗျာ။ အကိုနားထောင်ပေါ့။ ဘာလဲ အကိုတို့အဆောင်မှာ လူရှုပ်လို့ ကျွန်တော့်ဆီကို လာပြီး နားထောင်မယ်ပေါ့။"

"အစကတော့ အဲ့လိုအတွေးမရှိဘူး။ ဒါပေမယ့် အခု သော့်ဆီမှာနားထောင်လို့ ရမှန်းသိတော့ ရှေ့လျှောက် အဲ့လိုပဲလုပ်ဖြစ်မယ်ထင်တယ်"

"အကိုကတော့ တကယ်ဗျာ..."

"တကယ်ပြောတာ သော်ရ။ ကိုယ်က ဒီတိတ်ခွေကို အဆောင်က စက်နဲ့ဖွင့်မယ်ပေါ့။ ဒီသီချင်းကို သော့်ကို အလွတ်ကျက်ခိုင်းမယ်။ ပြီးရင် ကိုယ်တို့ ကျောင်းသွားတဲ့ အချိန်တိုင်း သော့်ကိုဆိုပြခိုင်းမယ်လို့ စဥ်းစားထားတာ"

"ဘာဖြစ်လို့လဲ..."

"ကိုယ် ကြိုက်လို့။ ကိုယ်အကြိုက်ဆုံးသီချင်းကို သော့်အသံနဲ့နားထောင်ချင်တယ်။ ကိုယ်အကြိုက်ဆုံးအသံက သော့်အသံလေ..."

ထိုင်နေရာကနေ ကျွန်တော့်ဆီ ငေးမောကြည့်ရင်း ခံစားမှုအပြည့်နဲ့ပြောနေတဲ့ အကို့ ပုံစံကလေ  တံခါးဝကနေရပ်ပြီး ကျွန်တော့်ဥိ ဝင်လာပါလို့ လက်ပြခေါ်နေသလိုပဲ။ အကိုရင်ခွင် နှလုံးသားနန်းတော်တံခါးက ကျွန်တော့်ကို ကမ်းလင့်လို့ ကြိုနေမည်လား။

"အကို...."

🎶မီကိုနဲ့ဆို အသွေးရောင်ရယ်မတူ...🎶

ထွက်ပေါ်လာပါသော ကျွန်တော့်ဘေးဆီမှ အသံကြောင့် ကျွန်တော့်စကားတို့က ရပ်တန့်သွားရသည်။

ကျွန်တော်နဲ့ အကိုနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတုန်းမှာ ဒီအသံက ကျွန်တော်တို့ကို သတိပေးနှိုးဆော်လိုက်သလိုပင်။

"အဲ့တာကို ကျော်လိုက် သော်။ သီချင်းက အဲ့ဒီနောက်မှာ"

"ဟုတ်..."

အကို အသံကြောင့် ချက်ချင်းဆိုသလို ယောင်ယောင်မှားမှားနှင့် ရီမုကိုတောင်မကိုင်နိုင်တော့ပဲ အောက်စက်ရှိ ခလုတ်ကနေ ကျော်ချလိုက်မိသည်က တော်တော်လေး မြန်ဆန်လွန်းသွားသည်။

"ဖြည်းဖြည်းနှိပ်ပါ သော်ရ။ အောက်စက်က ရွဲ့သွားပြီ..."

"ဟုတ်..."

ကျွန်တော်က အကို့တစ်ယောက်အတွက် သီးသန့်ဖြစ်တည်လာတဲ့ ပုတ်သင်ညိုလေးတစ်ကောင်။ အကိုပြောသမျှ ခေါင်းငြိမ့်မည်။

တီးလုံးသံကြောင့် ကျွန်တော်သိလိုက်မိသည်က ဒီသီချင်းက တစ်ခါမှမကြားဖူးတဲ့ သီချင်းဖြစ်လိမ့်မည် ဆိုတာပင်။ ကျွန်တော် ရင်းနှီးခဲ့သည်က ကျွန်တော့်မိခင်အေးငြိမ်သော်က နားဆင်ခဲ့သော ခေတ်ဟောင်းသီချင်းများဖြစ်သည်။ တစ်ချို့ ခေတ်သီချင်းများကတော့ ကျွန်တော်နားနှင့်မှတ်ဉာဏ်တို့ကြားမှာ ရင်းနှီးလွယ်သည့် ကောင်းမွန်မှုတစ်ခုကြောင့်။

ယခု ထိုသီချင်းတီးလုံးအစကိုတော့မူ သေချာသည် ကျွန်တော်တစ်ခါမှ မကြားဘူးသေး။သို့သော်....

🎶ရေပြာလှိုင်းကမ်းခြေဆီ
မြေနီလမ်းကလေးကို ဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါ ခြုံလွှမ်းသည်
ပင်လယ်ဇင်ယော်တွေပြန်ဝဲလျက်ရှိသည်
အနောက်ဘက်မိုးတိမ်တွေလည်း မျောလွင့်ကြသည်
အဝေးကထုံးစေတီလေး ဖူးတွေမှန်းရည်
ဆည်းလည်းခတ်သံတွေလည်း သဲ့သဲ့မျှကိုယ်ကြားသည်။

ဆံပင်တွေမျောလွင့်နေသည်
ဒီရေတိုးတက်သံ သဲ့သဲ့ကြားသည်
ငိုသံလိုလိုထင်မိသည်
တစ်ချိန်တစ်ခါဆီကို မျှော်ရည်အသည်းနင့်မြစ်နဒီ
သက္ကရာဇ်နောက်ပြန်အတိတ်သွား ရထားလေးတစ်စင်းသည်
ရုတ်တရပ်ခွဲခွာကာလ အဟောင်းများသို့ဆီ
ကမ်းစပ်နံဘေးကရွာကလေး တဲစုစုအိမ်တန်းဆီ။

တူနှစ်ကိုယ် မနီးစပ်နိုင်ပြီ
နှစ်ကိုယ်တူမှန်းတဲ့ အနာဂတ်ချစ်တိုင်းပြည်
ထူထောင်နိုင်ရန်စွန့်စားမည်
သူငိုနေစဥ် နေဝင်စချုပ်ညရီ
နှေးတုန့်လေးကန်ခြေလှမ်းများစခဲ့ပြီ
တရွေ့ရွေ့ ရွေ့ကျန်ရွာကလေပျပျဝေးဆီ
တစ်နေ့တော့ချစ်ရွှေလက်တွဲ နွှဲဆက်ဖို့ပြန်ခဲ့မည်။ 🎶

အချိန်တစ်ခုထိ နားစွင့်နေပြီးမှ ပေါ်လာသော တီးလုံးသံက ကျွန်တော်နှင့်ရင်းနှီးလေသည်။ ကျွန်တော့်နှုတ်တ်ခမ်းတို့ကို အနည်းငယ်မျှလှုပ်လိုက်ပြီး....

🎶ကိန္နရာချောင်းခြားလေပြီ
ကံကြမ္မာတရားက ရှင်ကွဲခွဲရက်ပြီ
တိမ်လိုလေလို လွင့်သွားပြီ
ရာသီတွေရယ် အလီလီပြောင်းလဲခဲ့ပြီ
နှလုံးသာနှုတ်ငုံတော်ဦး ဖူးပွင့်ခဲ့ပြီ
အရေးရောက်ချစ်သူပြန်ရောက် နောက်ကျခဲ့ပြီ
အသည်းအသက် လက်လွန်တစ်ဆင့်စကား နားနင့်နင့် ရင်ဆို့ပြီ 🎶

ဆိုပြီးလို့ အကို့ဆီကြည့်လိုက်တော့ အကို့ရဲ့တောက်ပနေတဲ့ မျက်ဝန်းတွေက ရွှန်းစိုလို့နေသည်။ ချစ်ပုပ္ပါး သီချင်းဆိုစဥ်ကတောင် မျက်ရည်မကျခဲ့တဲ့အကိုက ဒီသီချင်းကြောင့်နဲ့ မျက်ရည်ကျခဲ့ပြီ။

အို....အကိုရာ.....အကိုလည်းခံစားတတ်သည်လား။

🎶မှော်ဆရာလေး ဖြစ်ချင်သည်
ပုံပြင်ဟောင်းကလေး အသက်သွင်းမိတော့မည်
တစ်နေရာဆီ သူထွက်သွားပြီ
ဒီရင် ဒီလွင် ဒီနင် နှလုံးသားအရပ်ဆီ
အထိမ်းမှတ် မျက်ရည်မြစ်ကလေး စီးဆင်းခဲ့ပြီ
အခုတော့ ပါးစပ်ရာဇဝင်လေး တစ်ခုဖြစ်ခဲ့ပြီ
လှိုင်းဆင့်ဆင့် ရေယျာဥ်လှိုင်း လွမ်းရစ်မဲ့နဒီအပါးဆီ။

ရေပြာလှိုင်း ကမ်းခြေဆီ........🎶

အဆုံးသတ်သွားသည့် အချိန်မှာ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လို့သွားသည်။

အချိန်တော်တော်ကြာမှ စန္ဒသော်ကအောင်သည် ရပ်နေသည့် နေရာမှ ရွေ့လျားသွားပြီး...
"အကို" ဟု ခပ်တိုးတိုးရေရွတ်လေသည်။

"ကိုယ့်နားကို လာထိုင်ပါ သော်"

လက်ကိုဆွဲကာ သူ့အနားကို တိုးစေတော့ မျက်နှာချင်းဆိုင်မှာထိုင်နေသည့် စန္ဒသော်က အောင်သည် စားပွဲ၏ တောင်ဘက်ထိပ်ကို ရောက်လာရသည်။ အဝန်းထိုင်နေသည့် အနောက်ဘက်ထိပ်နှင့် နီးကပ်လျက်ရှိသည့် ထိုနေရာဟာ ရောင်နီဝန်းကိုယ်တိုင် ကမ်းလင့်ဖိတ်ခေါ်ခဲ့သည့် နေရာဖြစ်သည်။

"သော် ဒီသီချင်းကို ရတယ်နော်။ ကိုယ့်ကို ပြောရောပေါ့ ကောင်လေးရ။ ကိုယ့်မှာ မင်းမရဘူးထင်ပြီး ကွန်ပျူတာဆိုင်အထိ တကူးတက သွားကူးလာရတာ..."

သော့်လက်ကို ဆုပ်ကိုင်ထားသည်က အနည်းငယ်ပြေလျော့သွားပြီး ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ ရောင်နီဝန်းရဲ့ မျက်လုံးတွေမှာ အရည်ကြည်တို့က အစောကလို ရွှန်းလဲ့နေတာမျိုး မဟုတ်တော့။

"အကို ငိုတယ်နော်..."

"အင်း။ ကိုယ် ဘာလို့ဒီသီချင်းကို ကြိုက်လဲ သော်သိလား။"

"ဟင့်အင်း..."

"ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတဲ့ပုံစံမျိုးဖြစ်လို့လေ။ စူးစူးနင့်နင့်နဲ့ ကွဲကွာသွားရတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လောက်သနားဖို့ကောင်းလိုက်သလဲ။ အဲ့တာကြောင့် ကိုယ်သိပ်ကြိုက်တာ"

"ဗျာ..."

လူ့စိတ်ဆိုတာ ဝမ်းနည်စရာဆို မတွေးချင်ဘူးလို့ သိထားခဲ့သည်က အခုတော့ဖြင့် အကို့ရဲ့အပြောကြောင့် ထိုစကားက စဥ်းစားစရာတစ်ခု ဖြစ်လာခဲ့ပြီ။

သနားဖို့ကောင်းလို့ သိပ်ကြိုက်တာလား အကိုရယ်။ အကို့နှလုံးသားက မာကျောလှချည်လားဗျာ။

"သော်ရော ဒီသီချင်းကို ဘယ်လိုရနေတာလဲ။"

"ဒီတိုင်းကြားဖူးတာပါ။ နေခြည်ရောင်ဝါ ခြုံလွှမ်းသည် ဆိုတဲ့နေရာမှာ ပြန်ပြီး သတိရပေမယ့် သေချာအောင် ဆန်းစစ်နေလို့ နောက်ပုဒ်မှဆိုဖြစ်သွားတာ။"

"ရောင်ခြည်ရောင်ဝါ အင်း သော်ပြောမှပဲ အဲ့ဒီစကားလေးက လှတယ်နော်။ နေရောင်ရဲ့ နေခြည်၊ လရောင်ရဲ့ ရောင်ဝါ..."

သော့်လက်တွေဆီကို အုပ်မိုးထားတဲ့ သူ့လက်တို့ကို ပြန်လည်ရုတ်သိမ်းပြီး သူ့မေးဆီကို ပွတ်ကာ စဥ်းစားသလိုလို ပြောနေသည့် အဝန်းရဲ့ပုံစံသည် တည်တည်ငြိမ်ငြိမ်နဲ့ပင်ဖြစ်သည်။

"မဟုတ်သေးဘူး အကို။ ရောင်ခြည်ရောင်ဝါက နေမင်းကြီးဆီကနေ ရလာတဲ့ အလင်းရောင်ဖြာကျတဲ့အရောင်ကိုပြောချင်တာ။ ရောင်နီဝန်းပေါ်လာတဲ့ အချိန်တွေမှာဆို နေက အနီရောင်၊ ပြီးမှ အဝါ အဲ့ဒီနောက်မှ ဖြာကျပြီး လင်းလာတာ။ အဲ့တာကိုညွှန်းချင်တာ "

"ဒါပေမယ့်လည်း သော်ရယ်။ ကိုယ်ကတော့ နေရောင်ခြည်နဲ့ လရောင်ဝါကို သဘောကျတယ်။ မဆိုးဘူးကွ။ ရကန်ရှိတယ် ရာမရကန်ဦးတိုးရဲ့ ဘုန်းနှင့်ကံနှင့်ရွှေသဇင်မှာပါ ပါတယ်။ နေရောင်ခြည် လရောင်ဝါ၊ မိုးလုံးပြာ... "

" အကို့ဟာက ခါးကနေ ဖြတ်ဆိုသလိုဖြစ်နေပြီ"

အကို့စကားမဆုံးသေးခင် ကျွန်တော်က ဖြတ်ပြောလိုက်တော့ အကိုက..
"ဒါဆို သော်ပဲ ဆိုပြလေ။"

တတ်ကြွစွာနှင့် ပြောပါသော အကို့ပုံစံကို ကျွန်တော့်မှာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိသည်။

ငယ်ငယ်က ကဗျာရွတ်ရတာကို ပျော်စရာလို့ သတ်မှတ်ခဲ့သည်။ အသက်နည်းနည်းကြီးလာတော့ လူရှေ့သူရှေ့ ကဗျာ ရွတ်ရမှာ ရှက်သလိုလိုဖြစ် လာသည်။ အခုလို အကို့ရှေ့မှာ အကိုတောင်းဆိုလို့ ရွတ်ရမည်ဆိုလာလျှင်တော့ ဟန်ပန်ကိုးကားအစုံနှင့် အကို နားဆင်လို့ကောင်းအောင် ကြိုးစားချင်လာသည်။

ထို့ကြောင့် အကို့ဆီက ချီးကျူးစကားလေး ကြားရဖို့အရေးအတွက် "အဟမ်း" ဟု ဆိုကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး .....

"စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောင်တောင်
နေမရောင်မခံ၊ ပန်းပျံပင်ဆင့်
မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ
မိုးမခဘူး၊ နွေလသန်ပေါက်
ယဥ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်
ပွင့်ဖူးတွေဆင်ကြသည်။

ရွှေပင်ဆင့်ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်
ဂမုန့်အင့်အဖက်၊ ဆောင်းစက်ရိပ်ခို
ရေတွက်လို့ ဆိုတော့မည်။

လက်တံတိုတစ်မည်၊ လက်တံရှည်နှင့်
နေရောင်ခြည်၊ လရောင်ဝါ
မိုးလုံးပြာ၊ မိုးလုံးမှိုင်း
ပုလဲဆိုင်း၊ ပုလဲနှစ်
ချစ်စရာ့လိပ်ပြာတောင်
နီလာရောင် တောင်လုံးမြိုင်
သုံးပွင့်ဆိုင်ခိုင်လုံးလန်း
ပက်လုံးလန်း နွဲ့တမ်းယိမ်း
ညှာတံစိမ်းမြတို့၊ လေသိမ်းတိုင်းလှ
ကိန္နရီကသည့်နှယ်။ "

သီချင်းဆိုတာတာကြောင့်ရော အခုကဗျာအထိပါ အသံကို ဆွဲလို့ဆိုပြီးတော့ လည်ပင်းက ခမ်းခြောက်ကြောင်း လက္ခဏာတွေပြလာသည်မို့ 'ကိန္နရီကသည့်နှယ်" မှာ လှလှပပလေး ရပ်တန့်လိုက်ရသည်။

သို့သော်လည်း သော်ရပ်လိုက်တဲ့ ခဏအတွင်းမှာပဲ ပေါ်ထွက်လာသည့် ရောင်နီဝန်း၏ အသံသည်လည်း သော့်လို ထူးခြားသည့်အသံမဟုတ်သည့်တိုင် ရှင်းလင်းစွာနှင့် နားဆင်လို့ကောင်းသည့် အသံမျိုးဖြစ်သည်။

"တစ်ချို့ကနီပြာပြာ၊ တစ်ချို့ကဖြူပြာပြာ
တစ်ချို့မှာချိပ်ပွင့်၊ တစ်ချို့မှာပန်းရင့်ကို
ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံချင်းတွင်
ဝေယံနန်းမြင့်၊ ပန်တိုင်းတင့်မို့
မြို့ဝန်မင်းစာ၊ လိပ်မပါပဲ
ကွယ်ရာစျေးပြင်၊ ရောင်းလို့များမြင်မလား။

သေချင်သေ၊ ရှင်ချင်ရှင်
အင်မတန့် အင်မတန်၊ ရာဇဝတ်တော်ခံရမည်
မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့်ဝံ့မတုန်း
ဘုန်းနှင့်ကံနှင့် ရွှေသဇင်....တဲ့။ ကဲ ကိုစန္ဒသော်ကအောင် ကျွန်တော့်ကို ရေတစ်ခွက်ခပ်တိုက်ပါဗျာ..."

အကို့ကိုကြည့်ရင်း ရေသောက်ထ,သောက်ဖို့ မေ့နေသည့် ကျွန်တော့်ကို သူ့အတွက်ရေခပ်ခိုင်းတဲ့အကိုပါလေ။ အကို့စကားကြောင့် ကျွန်တော့်မှာ တစ်ချက်ရယ်လိုက်ပြီး ထိုင်ရာကနေ ထ,ကာ ရေအိုးဆီသို့ သွားလိုက်သည်။

"သော် အရင်သောက်ခဲ့ဦးနော်။"

"ရေဗူးပါယူလာခဲ့မယ်။ အကိုပြီးမှပဲ သောက်မယ်"

"ဒါဆိုလည်း သော့်သဘောတော် အတိုင်းပါဗျာ..."

ရေဗူးနှင့် ဖန်ခွက်ကိုင်လို့ ပြန်ထွက်လာတဲ့ ကျွန်တော့်ကို အကိုက အသေအချာကြည့်နေရင်းနဲ့ ပြုံးပြသည်ကြောင့် ဖန်ခွက်ကိုင်ထားရတဲ့ ကျွန်တော့်လက်တွေက လျော့ရဲရဲ။

"သောက်လေ သော်"

သူ ရေသောက်ပြီးနောက်မှာ ကျွန်တော့်ဆီသို့ ကမ်းလင့်ပါတဲ့ ဖန်ခွ်က်ကိုင်ထားတဲ့ အကို့လက်ချောင်းသွယ်သွယ်တွေမှာ ကျွန်တော့်ရဲ့ အသက်နဲ့ခန္ဓာ အပ်ချင်သည်အထိဖြစ်ရသည်က အကို့အပေါ်မှာ ကျွန်တော့်ဘက်က တစ်ပတ်အတိုင်းအတာကာလအတွင်း အလွန်အကျံကို မေတ္တာတွေ တိုးပွားနေလို့ဖြစ်သည်။

"တကယ်ဆို အောက်ဆုံးပုဒ်က သော့်အသံ၊ သော့်ဟန်၊ သော့်မာန်နဲ့ဆို သိပ်နားထောင်လို့ ကောင်းမှာကိုကွာ။"

သောက်လက်စဖြစ်တဲ့ ရေတို့ကို လည်ချောင်းအောက် အမြန်ပို့လိုက်ပြီး နှုတ်ခမ်းနဲ့ထိတွေ့နေဆဲဖြစ်တဲ့ ဖန်ခွက်ကိုလည်း အမြန်ဖယ်ခွာကာ...
"ကျွန်တော် ရေဆာနေလို့ အကိုရ" ဟု ဖြေရှင်းချက်ပေးရသည်။

"အင်း။ နောက်တစ်ခါဆို အဆုံးသတ်ထိ သော်ပဲတာဝန်ယူပေးရမယ်နော်။ တန်းလန်းမထားခဲ့နဲ့"

"ဗျာ..."

"သီချင်းပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ် သော်ပဲ အစအဆုံးဆိုပေးရမယ်လို့။ အဲ့တာကို ပြောတာ"

"ဒါများ အကိုရာ။ အကိုလည်းသိနေတာပဲဟာ အကိုကပဲ ကျွန်တော့်ကိုလှလှလေးအဆုံးသတ်ပေးပေါ့"

အကိုက နည်းနည်းလေးတောင် ကျွန်တော့်ရဲ့အပြောမှာ ပျော်ဝင်မသွားပါပဲနှင့်....
"ကိုယ်က သော့်လိုမှ အသံမကောင်းတာ" ဟု ပြောသည်။

ဒါကြောင့်ကျွန်တော့်ဘက်ကလည်း အရဲကိုးကာ..
"ကျွန်တော် သဘောကျလေ"

"ကိုယ်က ပိုသဘောကျပါတယ် သော့်အသံကို။ ဒါနဲ့ သော့်ကိုပြောရဦးမယ်။ နောင်တစ်ချိန် ကလေးလေးတွေရလာရင်လေ နေနဲ့လ ပါတာလေးတွေပေးရင်ကောင်းမလားပဲ သော်။ နေရောင်ခြည်တို့ လရောင်ဝါတို့ဆို ဘယ်လိုနေမလဲ။ လှတယ်နော်..."

သဘောတကျနဲ့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ ပြောပါတဲ့ အကို့အပြောကြောင့် ကျွန်တော့်အတွေးထဲမှာ နေရာယူလို့ စိုးမိုးလာသည်က သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်နဲ့ ပျော်ပါးနေမယ့် ပန်းမြိုင်လယ်ထဲမှာ ကျွန်တော့်ရောင်နီးဝန်အပါး ခစားလို့နေသည်က ကျွန်တော်မှအပါး တစ်ခြားသူမြင်ကြည့်လို့မရပါ။

အကိုနဲ့ ကျွန်တော့်လို လိုက်ဖက်တဲ့ သူတွေအချင်းချင်းပဲ ပေါင်းဖက်သင့်တာမဟုတ်လား။ ကျွန်တော်ကလွဲလို့ ဟုတ်တယ် ကျွန်တော်ကလွဲလို့ အကိုက တခြားဘယ်သူနဲ့မှ မတင့်တယ်မလိုက်ဖက်ပါ။

"အကို့ သဘောပါ။"

"အင်း သော့်ကိုကြည့်ရတာလည်း ဒီနာမည်လေးတွေကို သဘောကျတဲ့ပုံပဲ"

အကိုပြုံးနေလို့ပါ။

ကျွန်တော့်မျက်လုံးတွေကိုသာ အကိုဖတ်တတ်မယ်ဆိုရင်လေ။ အကိုမြင်မယ့် ကျွန်တော့်ရဲ့ မေတ္တာခြောက်ကမ်းပါးက တော်တော်လေး နက်ရှိုင်းနေမှာကို ကျွန်တော်သိသည်။

"ဦးတိုးက ရကန်တွေရေးတာများတယ်နော် သော်။"

ကဗျာအကြောင်း ဆွေးနွေးတော့မည့် အကိုက ကျွန်တော့် အဖော်စပ်လေတော့ ကျွန်တော်မှာ သိခဲ့သမျှကို ပြောပြရပေတော့မည်။ အကိုနဲ့သာဆိုရင်လေ တစ်ထောင့်တစ်ည မက ရှည်လျားသည့် အကြောင်းအရာတွေကိုလည်း ပြောပြချင်ပါသည်၊ တိုင်ပင်ချင်ပါသည်၊ ဆွေးနွေးဖလှယ်ချင်ပါသည်။

"သော်.."

"ဟုတ်"

"ဘာတွေ တွေးနေတာလဲကွ။ ကိုယ်ပြောတာ ကြားရဲ့လား။"

"တောင်းပန်ပါတယ် အကို။ ကျွန်တော်အတွေးလွန်နေလို့"

"ကဲ ဆက်တွေးထားဦး။ ကိုယ်လည်းပြန်ဦးမယ်။
စာမကြည့်ရသေးဘူးကွ။ ဒါနဲ့ မနက်ဖြန်ရောက်ရင် သီချင်းပြရမှာနော်..."

"ဟုတ်။ ကျွန်တော့်ကို စိတ်မဆိုးပါဘူးနော်"

"ဆိုးစရာလားကွ။ ကိုယ်က ဒီတိုင်း စာမကြည့်ရသေးလို့ပြန်တာပါကွ။ သော်နဲ့စကားပြောရတာ အရမ်းပျော်ဖို့ကောင်းတယ်။ သော်သိလား သော်က ကိုယ့်အတွက် .....တကယ့်ညီအရင်းလိုပဲ"

ထိုသို့ပြောပြီး ကျွန်တော့်ခေါင်းကို ခပ်ဖွဖွပုတ်ပြီး ထွက်ခွာသွားပါသော အကို့ကျောပြင်ကို ကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ ဟာသွားရသည်။

'အကိုဘွဲ့တေး'ဟု အစချီထားသော လက်ရေးသော့သော့လေးတွေကိုမြင်ယောင်မိရင်း အိမ်ထဲကနေထွက်လာခဲ့လိုက်တဲ့ မဝေးလှတဲ့ခရီးမှာ အသံတွေ၊ဟန်တွေ၊ နောက်ဆုံး လက်ရေးရှည်မြောမြောလေးတွေနဲ့ပါ လွှမ်းခြုံစိုးမိုးနိုင်စွမ်းရှိလှတဲ့ ကိုယ့်ရဲ့သော်.....



_______________________

Zawgyi.....



"မင္းက ဘာလာလုပ္တာလဲ"

အသံထက္အရင္ အဝန္းရဲ႕ေနာက္ေက်ာျပင္ဆီကို က်ေရာက္လာသည္က စာအုပ္ထူထူ တစ္ခု။ အားျပင္းျပင္းနဲ႔ ႐ိုက္ခ်လိုက္သည္မို႔ ထိုင္ေနသည့္ ခုံမွ အေရွ႕သို႔ အလိုအေလ်ာက္ ခါးကိုင္းမိသြားရသည္။

အသားနာတာနဲ႔ ထပ္ထူ ျဖစ္တည္လာေသာ ေဒါသတို႔သည္ အဝန္းမ်က္ဝန္းတို႔တြင္ထင္ဟပ္ေနသည္။ ေနာက္ေက်ာဘက္ဆီသို႔လွည့္ ၾကည့္လိုက္ေတာ့ သက္လ်ာကို ျမင္လိုက္ရသည္မို႔...
"သီခ်င္းေခြ လာလုပ္တာ ကိုသက္၊ ကိုသက္ေရာ ဘယ္လိုေရာက္လာတာလဲ။"

"မိတၳဴလာဆြဲတာ။ ေနပါဦး မင္းကို ငါက ဘာကိစၥေျပာျပရမွာလဲ ငါ့ဘာငါ ဘာလုပ္လုပ္ေပါ့။ ဒါကိုထားဦး .....မင္း မေန႔ကငါ့ေစာင္ေတြကို ဘယ္လိုသယ္လာတာလဲ။ ေျပာပါဦး"

"ျမင္းလွည္းနဲ႔ သယ္ခဲ့တာေလဗ်ာ..."

"ေခြးေကာင္ေလး။ ငါ့ေစာင္ေတြမွာ ျမင္းေျခမႈန္ေတြၾကည့္ပဲကြ။ ညက ငါ့မယ္ သဲပုံထဲအိပ္ရသလိုပဲ"

"အေရွ႕မွာထားလိုက္မိတာ ထင္တယ္ ကိုသက္။ ေတာင္းပန္ပါတယ္ဗ်ာ....."

"မင္းေနာ္ မင္း။ ဂ႐ုစိုက္..."

"ဟုတ္ကဲ့ ကိုသက္။"

"မင္းအကိုႀကီးၾကည္သာ့ကို ေစာင့္ၾကည့္ထား။ တစ္ခုခုဆို ငါ့ကိုခ်က္ခ်င္းလာေျပာ။ ငါေျပာတာ နားလည္လား။"

"ဟုတ္ကဲ့။"

"မင္းရွိရဲ႕နဲ႔ သူတစ္ခုခုသာဆိုရင္ မင္းမလြယ္ဘူး..."

ဒီတစ္ခါမွာေတာ့ အဝန္းေခါင္းကို ခပ္သြက္သြက္ၿငိမ့္ျပလိုက္သည္။ တစ္ခါတည္း စိတ္ထဲမွာ ေတြးမိတာက ဒီတစ္ႏွစ္လုံး အကိုႀကီးဘာမွမျဖစ္ေစရပါ။ ေရွ႕ႏွစ္ကေတာ့ မေျပာတတ္။

"အဝန္းေရ အေခြရၿပီေဟ့။ သီခ်င္းတစ္ပုဒ္ထဲျဖစ္ေနလို႔ သီခ်င္းမလာခင္ ေၾကျငာေလးတစ္ခုထည့္ထားေပးတယ္။"

"ရပါတယ္ဗ်ာ။ ဘယ္ေလာက္ေပးရမလဲ"

"၅ရာ...ဒါနဲ႔ ဒီသီခ်င္းကို ၾကည္သာ ဂီတာနဲ႔ဆိုမွာလားကြ။ ဘယ္ေန႔လဲ..."

မႏွစ္က အကိုႀကီးနဲ႔လာရင္း ဒီဆိုင္ကို ပထမဆုံးေရာက္ဖူးခဲ့ျခင္းျဖစ္သည္။ မွတ္မွတ္ရရ ပထမႏွစ္မွာ ဒီဆိုင္ကို ၉ေခါက္တိတိေရာက္ခဲ့သည္။ အကိုႀကီးအတြက္ တိတ္ေခြလာသြင္းတဲ့ အခ်ိန္ေရာ၊ ကိုသက္အတြက္ လိုအပ္တဲ့ စာ႐ြက္ေတြမိတၳဴလာကူးေပးတဲ့ အခ်ိန္နဲ႔ ဒီဆိုင္က အဝန္းနဲ႔ေတာ္ေတာ္ေလး ရင္းႏွီးခဲ့သည္။

အခု ဒုတိယႏွစ္ကိုေရာက္ေတာ့ ေက်ာင္းဖြင့္တာ အခုရက္မွတစ္ပတ္ျပည့္မည္။ ဒီဆိုင္မွာ တိတ္ေခြလာထုတ္ရသည္က အကိုႀကီးအတြက္မဟုတ္ပဲ တျခားသူအတြက္ျဖစ္ေနသည္ဆိုတာကို မေျဖေပးခ်င္ပါ။

"ဒီမွာ ၅ရာ ကိုျပည့္။ ကြၽန္ေတာ္သြားဦးမယ္"

အိတ္ကပ္ထဲက ပိုက္ဆံ၅ရာကို ထုတ္ေပးလိုက္ၿပီး ကိုျပည့္လက္ထဲက အေခြကို ယူကာ အျမန္ျပန္လာခဲ့လိုက္သည္။

လမ္းမွာ လက္ထဲရွိတိတ္ေခြကို ကိုင္ေျမႇာက္ၾကည့္ေနရင္း အဝန္းရဲ႕အၿပဳံးတို႔ဟာ ဖုံးဖိမရျဖစ္ေနသည္။

🎶ေရျပာလႈိင္းကမ္းေျခဆီ....
ေျမနီလမ္းေလးကို ျဖတ္ေလွ်ာက္ခဲ့သည္။ 🎶

ၾကားေယာင္လာမိပါေသာ ထိုသီခ်င္းႏွင့္ ေတြးဆမိတဲ့ ေသာ့္ရဲ႕အသံ ေပါင္းစပ္မႈသည္ ေကာင္းကင္ႏွင့္တိမ္ဆိုင္အလား လိုက္ဖက္ညီလြန္းလွပါသည္။

"ေသာ္ေရ ေသာ္....."

"ကြၽန္ေတာ္ ဒီမွာထိုင္ေနတယ္ အကို။
အိမ္ထဲဝင္ခဲ့ေလ...."

ေရးလက္စ စာအုပ္ကို စားပြဲခုံေအာက္ထိုးလိုက္ၿပီး ေဘးရွိ နီးရာစာအုပ္ကို စားပြဲတင္ၿပီး ဖြင့္ထားလိုက္မိသည္။

"စာဖတ္ေနတာလား ေသာ္။"

"ဟုတ္။ အကို ဘယ္သြားေနတာလဲ။
အေစာက ကြၽန္ေတာ္လာရွာေသးတယ္။
ကိုၾကည္သာက အကိုအျပင္ထြက္သြားတယ္ ေျပာလို႔"

"အင္း။ ဒီမွာေလ ေသာ့္အတြက္"

စားပြဲခုံေပၚေရာက္လာသည့္ တိတ္ေခြေၾကာင့္...
"ဒါက"

"ေသာ္ နားေထာင္ဖို႔။ သီခ်င္းေလ"

"ကြၽန္ေတာ္မွာ ေအာက္စက္ရွိမွန္း အကိုဘယ္လိုသိလဲ။"

"ကိုယ္ မသိပါဘူး ေသာ္ရ။
ကိုယ္တို႔အေဆာင္မွာေတာ့ TVအစုံလိုက္ရွိတယ္ေလ။ အဲ့တာ ေသာ္နားေထာင္လို႔ရေအာင္ အေဆာင္ ေခၚသြားၿပီး ဖြင့္ျပမလို႔။ ေသာ့္ကို ဒီသီခ်င္းနားေထာင္ေစခ်င္လို႔ေလ။"

အားတက္သေရာ ေျပာေနတဲ့ အကို႔စကားေၾကာင့္ ကြၽန္ေတာ္ ထိုက္ေနရာကေန ထ,လိုက္ၿပီး ဗီ႐ိုဆီသို႔ေလွ်ာက္သြားလိုက္သည္။ မီးခလုတ္ကို ဖြင့္လိုက္ၿပီး အေခြထုတ္ကာ အကိုေပးတဲ့ သီခ်င္းေခြကို စက္ထဲထဲ့ရင္း....
"ဘာသီခ်င္းမိုလို႔လဲ။"

"ကိုယ္ အႀကိဳက္ဆုံးသီခ်င္းေလ။"

"ဒါဆို အကိုယူထားေလဗ်ာ။ အကိုနားေထာင္ေပါ့။ ဘာလဲ အကိုတို႔အေဆာင္မွာ လူရႈပ္လို႔ ကြၽန္ေတာ့္ဆီကို လာၿပီး နားေထာင္မယ္ေပါ့။"

"အစကေတာ့ အဲ့လိုအေတြးမရွိဘူး။ ဒါေပမယ့္ အခု ေသာ့္ဆီမွာနားေထာင္လို႔ ရမွန္းသိေတာ့ ေရွ႕ေလွ်ာက္ အဲ့လိုပဲလုပ္ျဖစ္မယ္ထင္တယ္"

"အကိုကေတာ့ တကယ္ဗ်ာ..."

"တကယ္ေျပာတာ ေသာ္ရ။ ကိုယ္က ဒီတိတ္ေခြကို အေဆာင္က စက္နဲ႔ဖြင့္မယ္ေပါ့။ ဒီသီခ်င္းကို ေသာ့္ကို အလြတ္က်က္ခိုင္းမယ္။ ၿပီးရင္ ကိုယ္တို႔ ေက်ာင္းသြားတဲ့ အခ်ိန္တိုင္း ေသာ့္ကိုဆိုျပခိုင္းမယ္လို႔ စဥ္းစားထားတာ"

"ဘာျဖစ္လို႔လဲ..."

"ကိုယ္ ႀကိဳက္လို႔။ ကိုယ္အႀကိဳက္ဆုံးသီခ်င္းကို ေသာ့္အသံနဲ႔နားေထာင္ခ်င္တယ္။ ကိုယ္အႀကိဳက္ဆုံးအသံက ေသာ့္အသံေလ..."

ထိုင္ေနရာကေန ကြၽန္ေတာ့္ဆီ ေငးေမာၾကည့္ရင္း ခံစားမႈအျပည့္နဲ႔ေျပာေနတဲ့ အကို႔ ပုံစံကေလ  တံခါးဝကေနရပ္ၿပီး ကြၽန္ေတာ့္ဥိ ဝင္လာပါလို႔ လက္ျပေခၚေနသလိုပဲ။ အကိုရင္ခြင္ ႏွလုံးသားနန္းေတာ္တံခါးက ကြၽန္ေတာ့္ကို ကမ္းလင့္လို႔ ႀကိဳေနမည္လား။

"အကို...."

🎶မီကိုနဲ႔ဆို အေသြးေရာင္ရယ္မတူ...🎶

ထြက္ေပၚလာပါေသာ ကြၽန္ေတာ့္ေဘးဆီမွ အသံေၾကာင့္ ကြၽန္ေတာ့္စကားတို႔က ရပ္တန္႔သြားရသည္။

ကြၽန္ေတာ္နဲ႔ အကိုနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနၾကတုန္းမွာ ဒီအသံက ကြၽန္ေတာ္တို႔ကို သတိေပးႏႈိးေဆာ္လိုက္သလိုပင္။

"အဲ့တာကို ေက်ာ္လိုက္ ေသာ္။ သီခ်င္းက အဲ့ဒီေနာက္မွာ"

"ဟုတ္..."

အကို အသံေၾကာင့္ ခ်က္ခ်င္းဆိုသလို ေယာင္ေယာင္မွားမွားႏွင့္ ရီမုကိုေတာင္မကိုင္ႏိုင္ေတာ့ပဲ ေအာက္စက္ရွိ ခလုတ္ကေန ေက်ာ္ခ်လိုက္မိသည္က ေတာ္ေတာ္ေလး ျမန္ဆန္လြန္းသြားသည္။

"ျဖည္းျဖည္းႏွိပ္ပါ ေသာ္ရ။ ေအာက္စက္က ႐ြဲ႕သြားၿပီ..."

"ဟုတ္..."

ကြၽန္ေတာ္က အကို႔တစ္ေယာက္အတြက္ သီးသန္႔ျဖစ္တည္လာတဲ့ ပုတ္သင္ညိဳေလးတစ္ေကာင္။ အကိုေျပာသမွ် ေခါင္းၿငိမ့္မည္။

တီးလုံးသံေၾကာင့္ ကြၽန္ေတာ္သိလိုက္မိသည္က ဒီသီခ်င္းက တစ္ခါမွမၾကားဖူးတဲ့ သီခ်င္းျဖစ္လိမ့္မည္ ဆိုတာပင္။ ကြၽန္ေတာ္ ရင္းႏွီးခဲ့သည္က ကြၽန္ေတာ့္မိခင္ေအးၿငိမ္ေသာ္က နားဆင္ခဲ့ေသာ ေခတ္ေဟာင္းသီခ်င္းမ်ားျဖစ္သည္။ တစ္ခ်ိဳ႕ ေခတ္သီခ်င္းမ်ားကေတာ့ ကြၽန္ေတာ္နားႏွင့္မွတ္ဉာဏ္တို႔ၾကားမွာ ရင္းႏွီးလြယ္သည့္ ေကာင္းမြန္မႈတစ္ခုေၾကာင့္။

ယခု ထိုသီခ်င္းတီးလုံးအစကိုေတာ့မူ ေသခ်ာသည္ ကြၽန္ေတာ္တစ္ခါမွ မၾကားဘူးေသး။သို႔ေသာ္....

🎶ေရျပာလႈိင္းကမ္းေျခဆီ
ေျမနီလမ္းကေလးကို ျဖတ္ေလွ်ာက္ခဲ့သည္
ေနျခည္ေရာင္ဝါ ၿခဳံလႊမ္းသည္
ပင္လယ္ဇင္ေယာ္ေတြျပန္ဝဲလ်က္ရွိသည္
အေနာက္ဘက္မိုးတိမ္ေတြလည္း ေမ်ာလြင့္ၾကသည္
အေဝးကထုံးေစတီေလး ဖူးေတြမွန္းရည္
ဆည္းလည္းခတ္သံေတြလည္း သဲ့သဲ့မွ်ကိုယ္ၾကားသည္။

ဆံပင္ေတြေမ်ာလြင့္ေနသည္
ဒီေရတိုးတက္သံ သဲ့သဲ့ၾကားသည္
ငိုသံလိုလိုထင္မိသည္
တစ္ခ်ိန္တစ္ခါဆီကို ေမွ်ာ္ရည္အသည္းနင့္ျမစ္နဒီ
သကၠရာဇ္ေနာက္ျပန္အတိတ္သြား ရထားေလးတစ္စင္းသည္
႐ုတ္တရပ္ခြဲခြာကာလ အေဟာင္းမ်ားသို႔ဆီ
ကမ္းစပ္နံေဘးက႐ြာကေလး တဲစုစုအိမ္တန္းဆီ။

တူႏွစ္ကိုယ္ မနီးစပ္ႏိုင္ၿပီ
ႏွစ္ကိုယ္တူမွန္းတဲ့ အနာဂတ္ခ်စ္တိုင္းျပည္
ထူေထာင္ႏိုင္ရန္စြန္႔စားမည္
သူငိုေနစဥ္ ေနဝင္စခ်ဳပ္ညရီ
ေႏွးတုန္႔ေလးကန္ေျခလွမ္းမ်ားစခဲ့ၿပီ
တေ႐ြ႕ေ႐ြ႕ ေ႐ြ႕က်န္႐ြာကေလပ်ပ်ေဝးဆီ
တစ္ေန႔ေတာ့ခ်စ္ေ႐ႊလက္တြဲ ႏႊဲဆက္ဖို႔ျပန္ခဲ့မည္။ 🎶

အခ်ိန္တစ္ခုထိ နားစြင့္ေနၿပီးမွ ေပၚလာေသာ တီးလုံးသံက ကြၽန္ေတာ္ႏွင့္ရင္းႏွီးေလသည္။ ကြၽန္ေတာ့္ႏႈတ္တ္ခမ္းတို႔ကို အနည္းငယ္မွ်လႈပ္လိုက္ၿပီး....

🎶ကိႏၷရာေခ်ာင္းျခားေလၿပီ
ကံၾကမၼာတရားက ရွင္ကြဲခြဲရက္ၿပီ
တိမ္လိုေလလို လြင့္သြားၿပီ
ရာသီေတြရယ္ အလီလီေျပာင္းလဲခဲ့ၿပီ
ႏွလုံးသာႏႈတ္ငုံေတာ္ဦး ဖူးပြင့္ခဲ့ၿပီ
အေရးေရာက္ခ်စ္သူျပန္ေရာက္ ေနာက္က်ခဲ့ၿပီ
အသည္းအသက္ လက္လြန္တစ္ဆင့္စကား နားနင့္နင့္ ရင္ဆို႔ၿပီ 🎶

ဆိုၿပီးလို႔ အကို႔ဆီၾကည့္လိုက္ေတာ့ အကို႔ရဲ႕ေတာက္ပေနတဲ့ မ်က္ဝန္းေတြက ႐ႊန္းစိုလို႔ေနသည္။ ခ်စ္ပုပၸါး သီခ်င္းဆိုစဥ္ကေတာင္ မ်က္ရည္မက်ခဲ့တဲ့အကိုက ဒီသီခ်င္းေၾကာင့္နဲ႔ မ်က္ရည္က်ခဲ့ၿပီ။

အို....အကိုရာ.....အကိုလည္းခံစားတတ္သည္လား။

🎶ေမွာ္ဆရာေလး ျဖစ္ခ်င္သည္
ပုံျပင္ေဟာင္းကေလး အသက္သြင္းမိေတာ့မည္
တစ္ေနရာဆီ သူထြက္သြားၿပီ
ဒီရင္ ဒီလြင္ ဒီနင္ ႏွလုံးသားအရပ္ဆီ
အထိမ္းမွတ္ မ်က္ရည္ျမစ္ကေလး စီးဆင္းခဲ့ၿပီ
အခုေတာ့ ပါးစပ္ရာဇဝင္ေလး တစ္ခုျဖစ္ခဲ့ၿပီ
လႈိင္းဆင့္ဆင့္ ေရယ်ာဥ္လႈိင္း လြမ္းရစ္မဲ့နဒီအပါးဆီ။

ေရျပာလႈိင္း ကမ္းေျခဆီ........🎶

အဆုံးသတ္သြားသည့္ အခ်ိန္မွာ ပတ္ဝန္းက်င္က တိတ္ဆိတ္ၿငိမ္သက္လို႔သြားသည္။

အခ်ိန္ေတာ္ေတာ္ၾကာမွ စႏၵေသာ္ကေအာင္သည္ ရပ္ေနသည့္ ေနရာမွ ေ႐ြ႕လ်ားသြားၿပီး...
"အကို" ဟု ခပ္တိုးတိုးေရ႐ြတ္ေလသည္။

"ကိုယ့္နားကို လာထိုင္ပါ ေသာ္"

လက္ကိုဆြဲကာ သူ႔အနားကို တိုးေစေတာ့ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနသည့္ စႏၵေသာ္က ေအာင္သည္ စားပြဲ၏ ေတာင္ဘက္ထိပ္ကို ေရာက္လာရသည္။ အဝန္းထိုင္ေနသည့္ အေနာက္ဘက္ထိပ္ႏွင့္ နီးကပ္လ်က္ရွိသည့္ ထိုေနရာဟာ ေရာင္နီဝန္းကိုယ္တိုင္ ကမ္းလင့္ဖိတ္ေခၚခဲ့သည့္ ေနရာျဖစ္သည္။

"ေသာ္ ဒီသီခ်င္းကို ရတယ္ေနာ္။ ကိုယ့္ကို ေျပာေရာေပါ့ ေကာင္ေလးရ။ ကိုယ့္မွာ မင္းမရဘူးထင္ၿပီး ကြန္ပ်ဴတာဆိုင္အထိ တကူးတက သြားကူးလာရတာ..."

ေသာ့္လက္ကို ဆုပ္ကိုင္ထားသည္က အနည္းငယ္ေျပေလ်ာ့သြားၿပီး ပုံမွန္အေနအထားကို ျပန္လည္ေရာက္ရွိလာၿပီျဖစ္တဲ့ ေရာင္နီဝန္းရဲ႕ မ်က္လုံးေတြမွာ အရည္ၾကည္တို႔က အေစာကလို ႐ႊန္းလဲ့ေနတာမ်ိဳး မဟုတ္ေတာ့။

"အကို ငိုတယ္ေနာ္..."

"အင္း။ ကိုယ္ ဘာလို႔ဒီသီခ်င္းကို ႀကိဳက္လဲ ေသာ္သိလား။"

"ဟင့္အင္း..."

"ဇာတ္လမ္းတစ္ပုဒ္ကို ေျပာျပေနတဲ့ပုံစံမ်ိဳးျဖစ္လို႔ေလ။ စူးစူးနင့္နင့္နဲ႔ ကြဲကြာသြားရတဲ့ အခ်စ္ဇာတ္လမ္းေလး ဘယ္ေလာက္သနားဖို႔ေကာင္းလိုက္သလဲ။ အဲ့တာေၾကာင့္ ကိုယ္သိပ္ႀကိဳက္တာ"

"ဗ်ာ..."

လူ႔စိတ္ဆိုတာ ဝမ္းနည္စရာဆို မေတြးခ်င္ဘူးလို႔ သိထားခဲ့သည္က အခုေတာ့ျဖင့္ အကို႔ရဲ႕အေျပာေၾကာင့္ ထိုစကားက စဥ္းစားစရာတစ္ခု ျဖစ္လာခဲ့ၿပီ။

သနားဖို႔ေကာင္းလို႔ သိပ္ႀကိဳက္တာလား အကိုရယ္။ အကို႔ႏွလုံးသားက မာေက်ာလွခ်ည္လားဗ်ာ။

"ေသာ္ေရာ ဒီသီခ်င္းကို ဘယ္လိုရေနတာလဲ။"

"ဒီတိုင္းၾကားဖူးတာပါ။ ေနျခည္ေရာင္ဝါ ၿခဳံလႊမ္းသည္ ဆိုတဲ့ေနရာမွာ ျပန္ၿပီး သတိရေပမယ့္ ေသခ်ာေအာင္ ဆန္းစစ္ေနလို႔ ေနာက္ပုဒ္မွဆိုျဖစ္သြားတာ။"

"ေရာင္ျခည္ေရာင္ဝါ အင္း ေသာ္ေျပာမွပဲ အဲ့ဒီစကားေလးက လွတယ္ေနာ္။ ေနေရာင္ရဲ႕ ေနျခည္၊ လေရာင္ရဲ႕ ေရာင္ဝါ..."

ေသာ့္လက္ေတြဆီကို အုပ္မိုးထားတဲ့ သူ႔လက္တို႔ကို ျပန္လည္႐ုတ္သိမ္းၿပီး သူ႔ေမးဆီကို ပြတ္ကာ စဥ္းစားသလိုလို ေျပာေနသည့္ အဝန္းရဲ႕ပုံစံသည္ တည္တည္ၿငိမ္ၿငိမ္နဲ႔ပင္ျဖစ္သည္။

"မဟုတ္ေသးဘူး အကို။ ေရာင္ျခည္ေရာင္ဝါက ေနမင္းႀကီးဆီကေန ရလာတဲ့ အလင္းေရာင္ျဖာက်တဲ့အေရာင္ကိုေျပာခ်င္တာ။ ေရာင္နီဝန္းေပၚလာတဲ့ အခ်ိန္ေတြမွာဆို ေနက အနီေရာင္၊ ၿပီးမွ အဝါ အဲ့ဒီေနာက္မွ ျဖာက်ၿပီး လင္းလာတာ။ အဲ့တာကိုၫႊန္းခ်င္တာ "

"ဒါေပမယ့္လည္း ေသာ္ရယ္။ ကိုယ္ကေတာ့ ေနေရာင္ျခည္နဲ႔ လေရာင္ဝါကို သေဘာက်တယ္။ မဆိုးဘူးကြ။ ရကန္ရွိတယ္ ရာမရကန္ဦးတိုးရဲ႕ ဘုန္းႏွင့္ကံႏွင့္ေ႐ႊသဇင္မွာပါ ပါတယ္။ ေနေရာင္ျခည္ လေရာင္ဝါ၊ မိုးလုံးျပာ... "

" အကို႔ဟာက ခါးကေန ျဖတ္ဆိုသလိုျဖစ္ေနၿပီ"

အကို႔စကားမဆုံးေသးခင္ ကြၽန္ေတာ္က ျဖတ္ေျပာလိုက္ေတာ့ အကိုက..
"ဒါဆို ေသာ္ပဲ ဆိုျပေလ။"

တတ္ႂကြစြာႏွင့္ ေျပာပါေသာ အကို႔ပုံစံကို ကြၽန္ေတာ့္မွာ မ်က္ေတာင္မခတ္စတမ္း စိုက္ၾကည့္ေနမိသည္။

ငယ္ငယ္က ကဗ်ာ႐ြတ္ရတာကို ေပ်ာ္စရာလို႔ သတ္မွတ္ခဲ့သည္။ အသက္နည္းနည္းႀကီးလာေတာ့ လူေရွ႕သူေရွ႕ ကဗ်ာ ႐ြတ္ရမွာ ရွက္သလိုလိုျဖစ္ လာသည္။ အခုလို အကို႔ေရွ႕မွာ အကိုေတာင္းဆိုလို႔ ႐ြတ္ရမည္ဆိုလာလွ်င္ေတာ့ ဟန္ပန္ကိုးကားအစုံႏွင့္ အကို နားဆင္လို႔ေကာင္းေအာင္ ႀကိဳးစားခ်င္လာသည္။

ထို႔ေၾကာင့္ အကို႔ဆီက ခ်ီးက်ဴးစကားေလး ၾကားရဖို႔အေရးအတြက္ "အဟမ္း" ဟု ဆိုကာ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး .....

"စိမ့္ႀကီးၿမိဳင္ႀကီး၊ ရိပ္ႀကီးေတာင္ေတာင္
ေနမေရာင္မခံ၊ ပန္းပ်ံပင္ဆင့္
ေျမႏွင့္ရန္ဘက္၊ ခက္လက္စိမ္းျမ
မိုးမခဘူး၊ ေႏြလသန္ေပါက္
ယဥ္ခ်ိန္ေရာက္ခါမွ၊ ႏွင္းေသာက္ကယ္႐ႊင္႐ႊင္
ပြင့္ဖူးေတြဆင္ၾကသည္။

ေ႐ႊပင္ဆင့္ေငြပင္ဆင့္၊ ပတၱျမားပင္ဆင့္
ဂမုန္႔အင့္အဖက္၊ ေဆာင္းစက္ရိပ္ခို
ေရတြက္လို႔ ဆိုေတာ့မည္။

လက္တံတိုတစ္မည္၊ လက္တံရွည္ႏွင့္
ေနေရာင္ျခည္၊ လေရာင္ဝါ
မိုးလုံးျပာ၊ မိုးလုံးမႈိင္း
ပုလဲဆိုင္း၊ ပုလဲႏွစ္
ခ်စ္စရာ့လိပ္ျပာေတာင္
နီလာေရာင္ ေတာင္လုံးၿမိဳင္
သုံးပြင့္ဆိုင္ခိုင္လုံးလန္း
ပက္လုံးလန္း ႏြဲ႕တမ္းယိမ္း
ညႇာတံစိမ္းျမတို႔၊ ေလသိမ္းတိုင္းလွ
ကိႏၷရီကသည့္ႏွယ္။ "

သီခ်င္းဆိုတာတာေၾကာင့္ေရာ အခုကဗ်ာအထိပါ အသံကို ဆြဲလို႔ဆိုၿပီးေတာ့ လည္ပင္းက ခမ္းေျခာက္ေၾကာင္း လကၡဏာေတြျပလာသည္မို႔ 'ကိႏၷရီကသည့္ႏွယ္" မွာ လွလွပပေလး ရပ္တန္႔လိုက္ရသည္။

သို႔ေသာ္လည္း ေသာ္ရပ္လိုက္တဲ့ ခဏအတြင္းမွာပဲ ေပၚထြက္လာသည့္ ေရာင္နီဝန္း၏ အသံသည္လည္း ေသာ့္လို ထူးျခားသည့္အသံမဟုတ္သည့္တိုင္ ရွင္းလင္းစြာႏွင့္ နားဆင္လို႔ေကာင္းသည့္ အသံမ်ိဳးျဖစ္သည္။

"တစ္ခ်ိဳ႕ကနီျပာျပာ၊ တစ္ခ်ိဳ႕ကျဖဴျပာျပာ
တစ္ခ်ိဳ႕မွာခ်ိပ္ပြင့္၊ တစ္ခ်ိဳ႕မွာပန္းရင့္ကို
ပင္ဆင့္ပန္းပ်ံ၊ ဘြဲ႕မည္ရည္ခံခ်င္းတြင္
ေဝယံနန္းျမင့္၊ ပန္တိုင္းတင့္မို႔
ၿမိဳ႕ဝန္မင္းစာ၊ လိပ္မပါပဲ
ကြယ္ရာေစ်းျပင္၊ ေရာင္းလို႔မ်ားျမင္မလား။

ေသခ်င္ေသ၊ ရွင္ခ်င္ရွင္
အင္မတန္႔ အင္မတန္၊ ရာဇဝတ္ေတာ္ခံရမည္
ျမတ္ပန္ေတာ္ပန္း၊ ခိုင္လုံးလန္းကို
ဟိုေလာင္ပန္းပြင့္၊ ဘယ္ဂုဏ္ေၾကာင့္ဝံ့မတုန္း
ဘုန္းႏွင့္ကံႏွင့္ ေ႐ႊသဇင္....တဲ့။ ကဲ ကိုစႏၵေသာ္ကေအာင္ ကြၽန္ေတာ့္ကို ေရတစ္ခြက္ခပ္တိုက္ပါဗ်ာ..."

အကို႔ကိုၾကည့္ရင္း ေရေသာက္ထ,ေသာက္ဖို႔ ေမ့ေနသည့္ ကြၽန္ေတာ့္ကို သူ႔အတြက္ေရခပ္ခိုင္းတဲ့အကိုပါေလ။ အကို႔စကားေၾကာင့္ ကြၽန္ေတာ့္မွာ တစ္ခ်က္ရယ္လိုက္ၿပီး ထိုင္ရာကေန ထ,ကာ ေရအိုးဆီသို႔ သြားလိုက္သည္။

"ေသာ္ အရင္ေသာက္ခဲ့ဦးေနာ္။"

"ေရဗူးပါယူလာခဲ့မယ္။ အကိုၿပီးမွပဲ ေသာက္မယ္"

"ဒါဆိုလည္း ေသာ့္သေဘာေတာ္ အတိုင္းပါဗ်ာ..."

ေရဗူးႏွင့္ ဖန္ခြက္ကိုင္လို႔ ျပန္ထြက္လာတဲ့ ကြၽန္ေတာ့္ကို အကိုက အေသအခ်ာၾကည့္ေနရင္းနဲ႔ ၿပဳံးျပသည္ေၾကာင့္ ဖန္ခြက္ကိုင္ထားရတဲ့ ကြၽန္ေတာ့္လက္ေတြက ေလ်ာ့ရဲရဲ။

"ေသာက္ေလ ေသာ္"

သူ ေရေသာက္ၿပီးေနာက္မွာ ကြၽန္ေတာ့္ဆီသို႔ ကမ္းလင့္ပါတဲ့ ဖန္ခြ္က္ကိုင္ထားတဲ့ အကို႔လက္ေခ်ာင္းသြယ္သြယ္ေတြမွာ ကြၽန္ေတာ့္ရဲ႕ အသက္နဲ႔ခႏၶာ အပ္ခ်င္သည္အထိျဖစ္ရသည္က အကို႔အေပၚမွာ ကြၽန္ေတာ့္ဘက္က တစ္ပတ္အတိုင္းအတာကာလအတြင္း အလြန္အက်ံကို ေမတၱာေတြ တိုးပြားေနလို႔ျဖစ္သည္။

"တကယ္ဆို ေအာက္ဆုံးပုဒ္က ေသာ့္အသံ၊ ေသာ့္ဟန္၊ ေသာ့္မာန္နဲ႔ဆို သိပ္နားေထာင္လို႔ ေကာင္းမွာကိုကြာ။"

ေသာက္လက္စျဖစ္တဲ့ ေရတို႔ကို လည္ေခ်ာင္းေအာက္ အျမန္ပို႔လိုက္ၿပီး ႏႈတ္ခမ္းနဲ႔ထိေတြ႕ေနဆဲျဖစ္တဲ့ ဖန္ခြက္ကိုလည္း အျမန္ဖယ္ခြာကာ...
"ကြၽန္ေတာ္ ေရဆာေနလို႔ အကိုရ" ဟု ေျဖရွင္းခ်က္ေပးရသည္။

"အင္း။ ေနာက္တစ္ခါဆို အဆုံးသတ္ထိ ေသာ္ပဲတာဝန္ယူေပးရမယ္ေနာ္။ တန္းလန္းမထားခဲ့နဲ႔"

"ဗ်ာ..."

"သီခ်င္းပဲျဖစ္ျဖစ္၊ ကဗ်ာပဲျဖစ္ျဖစ္ ေသာ္ပဲ အစအဆုံးဆိုေပးရမယ္လို႔။ အဲ့တာကို ေျပာတာ"

"ဒါမ်ား အကိုရာ။ အကိုလည္းသိေနတာပဲဟာ အကိုကပဲ ကြၽန္ေတာ့္ကိုလွလွေလးအဆုံးသတ္ေပးေပါ့"

အကိုက နည္းနည္းေလးေတာင္ ကြၽန္ေတာ့္ရဲ႕အေျပာမွာ ေပ်ာ္ဝင္မသြားပါပဲႏွင့္....
"ကိုယ္က ေသာ့္လိုမွ အသံမေကာင္းတာ" ဟု ေျပာသည္။

ဒါေၾကာင့္ကြၽန္ေတာ့္ဘက္ကလည္း အရဲကိုးကာ..
"ကြၽန္ေတာ္ သေဘာက်ေလ"

"ကိုယ္က ပိုသေဘာက်ပါတယ္ ေသာ့္အသံကို။ ဒါနဲ႔ ေသာ့္ကိုေျပာရဦးမယ္။ ေနာင္တစ္ခ်ိန္ ကေလးေလးေတြရလာရင္ေလ ေနနဲ႔လ ပါတာေလးေတြေပးရင္ေကာင္းမလားပဲ ေသာ္။ ေနေရာင္ျခည္တို႔ လေရာင္ဝါတို႔ဆို ဘယ္လိုေနမလဲ။ လွတယ္ေနာ္..."

သေဘာတက်နဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးကာ ေျပာပါတဲ့ အကို႔အေျပာေၾကာင့္ ကြၽန္ေတာ့္အေတြးထဲမွာ ေနရာယူလို႔ စိုးမိုးလာသည္က သားေလးတစ္ေယာက္၊ သမီးေလးတစ္ေယာက္နဲ႔ ေပ်ာ္ပါးေနမယ့္ ပန္းၿမိဳင္လယ္ထဲမွာ ကြၽန္ေတာ့္ေရာင္နီးဝန္အပါး ခစားလို႔ေနသည္က ကြၽန္ေတာ္မွအပါး တစ္ျခားသူျမင္ၾကည့္လို႔မရပါ။

အကိုနဲ႔ ကြၽန္ေတာ့္လို လိုက္ဖက္တဲ့ သူေတြအခ်င္းခ်င္းပဲ ေပါင္းဖက္သင့္တာမဟုတ္လား။ ကြၽန္ေတာ္ကလြဲလို႔ ဟုတ္တယ္ ကြၽန္ေတာ္ကလြဲလို႔ အကိုက တျခားဘယ္သူနဲ႔မွ မတင့္တယ္မလိုက္ဖက္ပါ။

"အကို႔ သေဘာပါ။"

"အင္း ေသာ့္ကိုၾကည့္ရတာလည္း ဒီနာမည္ေလးေတြကို သေဘာက်တဲ့ပုံပဲ"

အကိုၿပဳံးေနလို႔ပါ။

ကြၽန္ေတာ့္မ်က္လုံးေတြကိုသာ အကိုဖတ္တတ္မယ္ဆိုရင္ေလ။ အကိုျမင္မယ့္ ကြၽန္ေတာ့္ရဲ႕ ေမတၱာေျခာက္ကမ္းပါးက ေတာ္ေတာ္ေလး နက္ရႈိင္းေနမွာကို ကြၽန္ေတာ္သိသည္။

"ဦးတိုးက ရကန္ေတြေရးတာမ်ားတယ္ေနာ္ ေသာ္။"

ကဗ်ာအေၾကာင္း ေဆြးေႏြးေတာ့မည့္ အကိုက ကြၽန္ေတာ့္ အေဖာ္စပ္ေလေတာ့ ကြၽန္ေတာ္မွာ သိခဲ့သမွ်ကို ေျပာျပရေပေတာ့မည္။ အကိုနဲ႔သာဆိုရင္ေလ တစ္ေထာင့္တစ္ည မက ရွည္လ်ားသည့္ အေၾကာင္းအရာေတြကိုလည္း ေျပာျပခ်င္ပါသည္၊ တိုင္ပင္ခ်င္ပါသည္၊ ေဆြးေႏြးဖလွယ္ခ်င္ပါသည္။

"ေသာ္.."

"ဟုတ္"

"ဘာေတြ ေတြးေနတာလဲကြ။ ကိုယ္ေျပာတာ ၾကားရဲ႕လား။"

"ေတာင္းပန္ပါတယ္ အကို။ ကြၽန္ေတာ္အေတြးလြန္ေနလို႔"

"ကဲ ဆက္ေတြးထားဦး။ ကိုယ္လည္းျပန္ဦးမယ္။
စာမၾကည့္ရေသးဘူးကြ။ ဒါနဲ႔ မနက္ျဖန္ေရာက္ရင္ သီခ်င္းျပရမွာေနာ္..."

"ဟုတ္။ ကြၽန္ေတာ့္ကို စိတ္မဆိုးပါဘူးေနာ္"

"ဆိုးစရာလားကြ။ ကိုယ္က ဒီတိုင္း စာမၾကည့္ရေသးလို႔ျပန္တာပါကြ။ ေသာ္နဲ႔စကားေျပာရတာ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္။ ေသာ္သိလား ေသာ္က ကိုယ့္အတြက္ .....တကယ့္ညီအရင္းလိုပဲ"

ထိုသို႔ေျပာၿပီး ကြၽန္ေတာ့္ေခါင္းကို ခပ္ဖြဖြပုတ္ၿပီး ထြက္ခြာသြားပါေသာ အကို႔ေက်ာျပင္ကို ၾကည့္ရင္း ကြၽန္ေတာ့္ရင္ထဲမွာ ဟာသြားရသည္။

'အကိုဘြဲ႕ေတး'ဟု အစခ်ီထားေသာ လက္ေရးေသာ့ေသာ့ေလးေတြကိုျမင္ေယာင္မိရင္း အိမ္ထဲကေနထြက္လာခဲ့လိုက္တဲ့ မေဝးလွတဲ့ခရီးမွာ အသံေတြ၊ဟန္ေတြ၊ ေနာက္ဆုံး လက္ေရးရွည္ေျမာေျမာေလးေတြနဲ႔ပါ လႊမ္းၿခဳံစိုးမိုးႏိုင္စြမ္းရွိလွတဲ့ ကိုယ့္ရဲ႕ေသာ္.....








Continue Reading

You'll Also Like

34.1K 2.4K 32
လူအများကြီးဆီကနေပြီး အချစ်တွေအများကြီးကို လက်ခံခဲ့နိုင်တယ်၊လူအများကြီးကိုလည်း အချစ်တွေပေးခဲ့တယ် ဒါပေမဲ့အထီးကျန်တယ်