ချစ်ကျွန်းရိပ်ညို

By Natpankalay

4M 375K 50.9K

ဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့ More

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၄
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-(၁၆)
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုင်း-၃၄
အပိုင်း-၃၅
အပိုင်း-၃၆
အပိုင်း-၃၇
အပိုင်း-၃၈
အပိုင်း-၃၉
အပိုင်း-၄၀
အပိုင်း-၄၁ ဇာတ်သိမ်းပိုင်း
Thingyan extra
Hello

အပိုင်း-၁၉

86.9K 8.7K 923
By Natpankalay

အပိုင်း−၁၉

သီတင်းကျွတ်အချိန်ကာလသမယမို့ ရွာ၏အိမ်တိုင်းစေ့နီးပါး ဖယောင်းတိုင်တို့ဖြင့် ထွန်းလင်းနေလေသည်။အိမ်တော်သာတွင် အစဉ်အလာရှိတစ်ခုရှိသည်။တောင်ပိုင်းခြမ်းနှင့်မြောက်ဘက်ခြမ်းမှ မီးလှည့်လာသော လူတန်းကြီးသည် ရွာဦးဘုန်းကြီးကျောင်းကြီးတွင် ဆုံဆည်းကြ၏။ဤကာလတွင်လည်း အိမ်တော်သာရွာနှစ်ခြမ်းက တည့်ရှုကြပြန်ပါသည်။ ရံဖန်ရံခါတွင် ဘုန်းဘုန်းဘုရားသည် ဒီရွာနှစ်ခြမ်းအစဉ်တည့်ရှုနေစေရန် ပွဲတော်တွေ အမြဲစီစဉ်ဖန်တီးထားရမလားတောင် တွေးတောမိသည့်အခါရှိသေးသည်။

မီးလှည့်ရာလမ်းတစ်လျှောက်သည် ဟိုဘက်ဒီဘက်ခြမ်း လူမရွေး၊ ကာလသားတို့သည် အပျိုမိန်းကလေးတို့အား ပိုးပန်းစနောက်ကြသည့်အချိန်လည်းဖြစ်သည်။ဝတ်ကောင်းစားလှတို့ဖြင့် အားလုံးက သားနားနေကြသည်။ လူကြီးသူမတို့က ဘုန်းကြီးကျောင်းဝန်းထဲက ဘုရားစေတီတွင် မီးထွန်းပူဇော်ကြတာရှိသလို လူငယ်များကလည်း မီးပုံးငယ်လေးတွေ လွှတ်သည့်လူက လွှတ်. မီးလှည့်ရောက်လာသည့် အပျိုတို့ကို ပိုးပန်းသူက ပိုးပန်းနှင့် အိမ်တော်သာ ဘုန်းကြီးကျောင်းတစ်ဝန်းလုံး စည်ကားနေလေတော့သည်။

သို့သော် ဒီနှစ်က ပိုလို့တောင် စည်ကားပါသေးသည်။ အကြောင်းမူကား ဘုန်းဘုန်းဘုရား၏မြို့မှ မိတ်ဆွေအလှူရှင်တစ်ချို့က ရွာသူရွာသားတွေပျော်ရွှင်စေရရန် အလို့ငှာ ဘုန်းကြီးကျောင်းအပြင်ဘက်က ကွက်လပ်ပြင်တွင် စတိတ်စင်ဖြင့် တီးဝိုင်းလေး ငှားရမ်းထားပေးခြင်းဖြစ်သည်။ဂီတဝိုင်းက တေးသံရှင်တစ်ချို့က ဖျော်ဖြေသလို ရွာကဝါသနာပါသည့်သူများကိုလည်း ဖိတ်ခေါ်ကာ ရင်းရင်းနှီးနှီးသီဆိုစေတာမို့ အဆိုမတတ်သည့်သူများ ပေါက်တတ်ကရ တက်ကာသီဆိုသည့်အခါတွင် အကုန်လုံး ပွဲကျရလေတော့သည်။

ကျွန်းညို နှင့် အောင်လွင်သည်လည်း ထုံးစံအတိုင်း ကြော့မော့နေအောင် ပြင်လျက် စတိတ်စင်ရှေ့တွင် မတ်တပ်ရပ်နေကြလျက် ရောက်နေပြီဖြစ်သည်။ပိုးလုံးကတော့ သူကြီးဆန္ဒအတိုင်း မီးလှည့်ရာတွင် ပါဝင်ရသည်မို့ သူတို့နှင့်အတူမရှိနိုင်သေးဘဲ ဘုန်းကြီးကျောင်းဝန်းထဲတွင် အပျိုတွေနှင့် ဟိုဟိုဒီဒီအလုပ်များနေလေတော့သည်။ ကျွန်းညိုသည် မီးလှည့်ရာတွင်ပါဝင်သည့် မိုးညိုကို မြင်တော့ နှစ်ထောင်းအားရစွာပြုံးပြလိုက်ပေမယ့် စိတ်ဆိုးက ခုထိပြေဟန်မတူသေးသော မိုးညိုသည် ကျွန်းညိုကို မျက်စောင်းထိုးသည်။ သို့ပေမယ့် ကျွန်းညို ကျေနပ်နေသည်။ ဒါ မိုးညို အရင်ကလောက် စိတ်မဆိုးတော့ဘူးဆိုသည့် သဘောဖြစ်တာမို့။

“ဟေ့ကောင် မင်း က ဒီလာနေတော့ မင်းယောကျာ်းရော..’

‘မသိဘူးလေ။ ကျောင်းဝန်းထဲမှာနေမှာပေါ့။ စောစောကတော့ ဆန်ချိုအေးတွေ ဝေတဲ့နေရာမှာတွေ့လိုက်သေးတယ်။ အတူလာတာမှမဟုတ်တာ ငါမှမသိ။”

‘အေး လွှတ်ထား မင်း ။ တော်ကြာ မိုးညိုနား ကပ်သွားဦးမယ်။”

အောင်လွင့် ပခုံးပေါ် တံတောင်ဆစ်ကွေးကာတင်ထားသည့် ကျွန်းညိုက မျက်မှောင်လေးနည်းနည်းတော့ကြုံ့သွားရသည်။ နောက်တော့ ခေါင်းဖြည်းဖြည်းခါသည်။

“သူက ငါ့ကိုခေါ်ထားတဲ့အတောအတွင်းတော့ မိုးညိုကို ပြန်ပိုးမှာမဟုတ်ဘူး။လောလောဆယ် ငါကသူ့ယောကျာ်းဖြစ်နေတာမို့ သူ အဲ့လောက်တော့ မျက်နှာမပြောင်ဘူး”

သိတတ်ရန်ကောဆိုသည့် သဘောဖြင့် အောင်လွင်က ကျွန်းညိုမမြင်မှန်းသိလျက်နှင့် နှာခေါင်းရှုံ့လိုက်သေးသည်။ စတိတ်စင်လေးပေါ်တွင်က နောက်သီချင်းအတွက် တီးလုံးစမ်းနေတာမို့ အားလုံးက ခဏရပ်စောင့်နေကြရင်း မျက်လုံးက လျှောက်ကြည့်နေကြသည်။ကျွန်းညိုအကြည့်ထဲတွင် ထင်စေသည် ဆန်ချိုအေးဗန်းလေးလေးကိုင်လျက် စတိတ်စင်ဘေးနားက အဖွဲ့သားတွေကို လိုက်ဝေနေတာတွေ့သည်။ရှပ်အဖြူကို ပုဆိုးအပြာနုဖြင့် တွဲဝတ်ထားသည့် ထင်စေက မြင့်မားသည့်အရပ်၊ တောင့်တင်းသည့်ခန္ဓာကိုယ်နှင့် တော်တော်လေးကို လိုက်ဖက်မှုရှိသည်ကို လက်မခံချင်ဘဲ လက်ခံရပါသည်။

“ကဲ ထပ်စလိုက်ကြရအောင်ဗျာ.. ဘယ်သူသီဆိုဦးမလဲ။လုပ်ကြပါ.ကဲ.ကဲ.. ဟိုရှေ့က အင်္ကျီအပြာနဲ့အစ်ကို.. လာပါဗျ..တစ်ပုဒ်လောက်.’

အစီအစဉ်တင်ဆက်သူကောင်လေးက ပွဲကိုသွက်စေရန် အာသွက်လျှာသွက်ဖြင့် ပြောနေရင်း ရှေ့ဆုံးနားက ကျွန်းညိုကို မိုက်ဖြင့် ညွှန်ပြလျက် စင်ပေါ်တက်လာရန် ကမ်းလှမ်းသည်။အားလုံးကလည်း လက်ခုပ်တဖြောင်းဖြောင်းတီးရင်း လုပ်စမ်းပါဟု အော်ကြသည်။အမှတ်မထင် ထင်စေ့ကို လှမ်းကြည့်မိတော့ သူ့ဘက်ကိုကြည့်နေတာနှင့်ဆုံပြီး အကြည့်လွှဲသွားသည်။ ဘေးနားက ဘယ်ရွာကမှန်း မသိသည့် ကာလသားနှစ်ယောက်လောက်ဆီက တီးတိုးသံကိုကြားသည့်အခါ ကျွန်းညို မိုက်ကိုလှမ်းယူလျက် စင်ပေါ်တက်လိုက်တော့သည်။

“အဲ့ကောင်က အရှက်မရှိ ယောကျာ်းချင်းယူထားတာလေ.။ဒီလိုလူရှေ့သူရှေ့ ဘယ်ထွက်ရဲမလဲ “

ကျွန်းညိုက ဘာကိုရှက်ရမှာလဲ။ ယောကျာ်းချင်းယူတော့ရော ဘယ်သူ့ကိုဒုက္ခပေးနေလို့လဲ။ ဘယ်သူ့ကို မတော်မတရား ထိခိုက်စေနေလို့လဲ။နောက်ပြီးတော့ ဘာလို့ သူကရှက်ပြီး လူရှေ့သူရှေ့မထွက်ရဲဘူးဖြစ်ရမှာလဲ။

ကျွန်းညိုက အဲ့လိုကောင်မျိုးမဟုတ်။

“အစ်ကို လုပ်ပါဦး.. ဘာသီချင်းဆိုမလဲဗျ.’

အစီအစဉ်တင်ဆက်သူကောင်လေးက သီချင်းမေးသည့်အခါ ကျွန်းညိုက နားနားကပ်လျက် တိုးတိုးလေးပြောလိုက်သည်။ တီးဝိုင်းဆရာတွေဆီ သွားလျက် ကောင်လေးက ထိုသီချင်းကို ပြောသည်။တီးဝိုင်းနှင့် ဒီသီချင်းကို ကျွန်းညိုက ကောင်းကောင်းကို ဆိုတတ်ပါသည်။မြို့မှာ ကောလိပ်တက်တုန်းက မြို့ကသူငယ်ချင်းတစ်ယောက်၏ အိမ်က တီးဝိုင်းထောင်ထားတာမို့ အားလပ်ရက်တိုင်း သူတို့က တီးဝိုင်းအစုံဖြင့် အပျော်ဆိုနေကျ။

“အဟမ်း.. ကျွန်တော်က ကျွန်းညိုပါ။ မြောက်အိမ်တော်သာခြမ်းကပါ။ ခု ဒီလိုလူရှေ့သူရှေ့မှာ အရှက်မရှိ မကြောက်မရွံ့ဘဲ သီချင်းတစ်ပုဒ်ဆိုပြပါ့မယ်။အသံဆိုးသွားရင် သည်းခံပေးကြပါနော်။”

စကားတစ်လုံးချင်းစီကို ထိုကာလသားနှစ်ကောင်ကိုကြည့်လျက် ပြောတော့ ထိုကောင်တွေက  မျက်နှာပျက်ကာ နေရာမှ ထွက်သွားကြသည်။ကျန်သည့်လူတွေကတော့ ကျွန်းညို၏ဗရုတ်ကျသည့် စရိုက်ကို သိပြီးသားမို့ လက်ခုပ်တီးလျက် အားပေးကြသေးသည်။

သံစဉ်ထွက်လာသည့်အခါ အောင်လွင်က မျက်နှာမဲ့သည်။ အမြဲတမ်း ဒီသီချင်းပဲ….။

“လှိုင်းတွေလည်း… ပြေးဆော့နေဆဲ.. ဘယ်သောင်ပြင်… ဘယ်ကမ်းပါးဆီကိုရွယ်… နားခိုစရာ ..သူ ရှာလို့ရယ်..  အပြေးလေး..လှမ်းကြတယ်.. ဟိုဒီမှာကွယ်.. သောင်ခုံပြင်ဝယ်.. ဆုံကာရယ်.. ခိုနားကြရတယ်…ကိုယ့်ရဲ့ အသည်းနှလုံးကြားဆီမယ်.. မေတ္တာရေလှိုင်း သူ့အပေါ်ဝယ်.. ​ရိုက်ခတ်လို့ သူ့အပါးသွားမယ်.. ရင်မှာအစဉ် ခိုနားရဖို့ရွယ်..’

ချိုကာကရုဏာသက်သည့်အသံကြောင့် ကျောင်းဝန်းထဲပြန်ဝင်ဖို့ပြင်နေသည့် ထင်စေ့ခြေလှမ်းတွေ တန့်သွားရတော့သည်။ ဗန်းလေးကို လက်ကကိုင်ရင်းကနေ စတိတ်စင်ပေါ်သို့ လှမ်းကြည့်မိတော့လေသည်။ရှပ်လက်တိုအပြာနုလေး  ပုဆိုးကွက်စိတ် အနက်လေးဖြင့် ကျွန်းညိုသည် ခါတိုင်းဂျစ်ကန်ကန်အမြင်ကတ်စရာပုံစံနှင့်မတူ ခုညတွင်တော့ အေးအေးချမ်းချမ်းဖြင့် ငြိမ်ဆိမ်နေတတ်သည့် ကောင်လေးသဖွယ် သီချင်းကိုလည်း စီးမြောနေသည်။ ကျွန်းညိုတင်မကပါ။ စင်အောက်က လူတွေသည်လည်း ကျွန်းညိုအသံတွင် မြောပါကာ သီချင်းအဓိပ္ပာယ်ကို လိုက်ပါခံစားနေကြတာကို သတိထားမိသည်။

“ခုတော့လည်း….. သူ့အသည်းပြင်ဝယ်.. ရင်နာစရာအမုန်းစကားတွေရယ်… နားခိုရာနေရာလည်း…မလွယ်.. ရေလှိုင်းလေးရဲ့ အဖြစ်ရယ်.. ဟိုဒီမှာကွယ်… သောင်ခုံပြင်ဝယ်.. ရင်နာဖွယ် ငိုလွမ်းကြရတယ်……’

မေတ္တာရေလှိုင်းသီချင်း၏ အနိမ့်အမြင်အတက်အကျသည် ခါတိုင်းလည်း နားထောင်ဖူးနေသော်ငြား ယနေ့ ကျွန်းညိုဆိုလေမှ ပိုလို့ပင် အသက်ဝင်နေသလို ခံစားမိလေသည်။သီချင်းဆုံးသွားတော့ လက်ခုပ်သံတွေက တဖျဖျ။ဘာမှန်းမသိ လေပူတစ်ချက်မှုတ်ထုတ်မိရင်း ရှေ့ဆက်ဖို့သာပြင်လိုက်ပေမယ့် တစ်စုံတစ်ယောက်ကြည့်နေသလိုခံစားရတာမို့ စိတ်ထင်ရာကို ကြည့်လိုက်မိတော့  အောင်လွင်သည် လက်နှစ်ဖက်ပိုက်လျက် သူ့ကိုစေ့စေ့ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ဘာမဆိုင် ညာမဆိုင်လာကြည့်နေတာမို့ သောက်မြင်ကတ်ကတ်ဖြင့် မျက်မှောင်ကြုံ့ကြည့်ခဲ့ရင်း နေရာမှထွက်သွားခဲ့လိုက်တော့သည်။

“ထင်စေ..’

စင်ဘေးဘက်ကနေ လှမ်းအော်ခေါ်ရင်း ဆင်းလာသည့် ကျွန်းညိုကြောင့် ခြေလှမ်းကရပ်ရပြန်သည်။ ဒီနေ့အဖို့ ကျောင်းဝန်းထဲရောပြန်ရောက်ပါ့မလား။

“ငါသီချင်းဆိုတာကောင်းတယ်မလား။ မင်း ရပ်ပြီးနားထောင်နေတာ ငါတွေ့တယ်”

‘အေး.. တော်တော်ကောင်းတယ်.. သောက်မြင်ကတ်ဖို့”

ကျွန်းညို နှာခေါင်းလေးရှုံ့သည်။ထင်စေကတော့ ဂရုမစိုက်ဘဲ ထွက်သွားခဲ့ပြီဖြစ်သည်။စင်ပေါ်တွင်လည်း နောက်ထပ် ဆိုမည့် ကာလသားတစ်ချို့ဖြင့် ပြန်လည်စည်ကားနေပြီဖြစ်သည်။အောင်လွင်က ကျွန်းညိုပုခုံးကိုဖက်လာလျက် ဖျစ်ညှစ်သည်။

“မင်းမလည်း ဒီသီချင်းတစ်ပုဒ်ပဲရသလားမသိဘူး။တီးဝိုင်းနဲ့ဆိုပါပြီ ဆိုရင် ဒါချည်းပဲ နားကလောလိုက်တာ။”

‘သောက်ပိုတွေမပြောနဲ့။ မင်း ငါ့အသံမှာ နစ်မြောနေတယ်တော့လုပ်လိုက်..’

‘အော့.’

အောင်လွင် အော့အန်ဟန်ဖြင့် သရုပ်ဖော်သည်။ကျွန်းညိုက ရယ်ကာ အောင်လွင့်ရင်ဘတ်ကို တံတောင်ဖြင့် တွတ်လိုက်ရင်း ကျောင်းဝန်းထဲသို့ ဦးတည်ကြသည်။ထင်စေ့ ကျောပြင်ကို ဒီတိုင်းပဲလိုက်ကြည့်မိတော့ သူက ကျောင်းအစွန်နားတွင်ရှိသည့် ဓနိမိုးထရံကာ မီးဖိုဆောင်ငယ်လေးဘက် သွားတာမြင်လိုက်ရသည်။ ကျွန်းညိုတို့ကတော့ စေတီနားကိုသာ လျှောက်လာကြသည်။ ဒီအချိန် ကျောင်းဝန်းထဲတွင် မီးပုံးငယ်တွေလွှတ်သည့် အပျိုတစ်ချို့လည်း ရှိနေဦးမည်ဖြစ်သည်။မိဘနှစ်ပါးကတော့ ပုံမှန်ဆို ညဉ့်မနက်ခင်ကတည်းက ဘုရားစေတီတွင် ဆီမီးလာထွန်းကာ ဘုန်းဘုန်းဘုရားကို  လာကန်တော့တတ်သည်မို့ ခုနေ ရှိတော့မည်မဟုတ်။မိဘအကြောင်းတွေးမိတော့ ကျွန်းညို မျက်နှာလေး ညှို့သွားရတော့သည်။မနက်က အိမ်ကိုသွားခဲ့သည်။

“ငါ့မျက်နှာကိုအိုးမဲသုတ်ပြီး သိက္ခာချတဲ့ကောင်..တစ်သက်လုံး အလိုလိုက်ထားလို့ အမိုက်စော်ကားခဲ့တဲ့မင်းက ငါတို့ကိုကန်တော့ဖို့ အရည်အချင်းရှိရဲ့လား။ငါတို့မှာ မင်းလို သားမျိုးမရှိဘူး။ မိုးညိုဆိုတဲ့သမီးတစ်ယောက်ပဲရှိတယ်ကွ။”

ကျွန်းညို မျက်ရည်ဝဲတက်လာမိတော့သည်။တစ်သက်လုံး မိဘက ဖူးဖူးမှုတ်ထားခဲ့သည့်သူမို့ ဒီလိုစကားကြမ်းကြမ်းမျိုး တစ်သက်နှင့်တစ်ကိုယ်ယောင်လို့တောင် မကြားခဲ့ရဖူး။

“စိတ်မကောင်းမဖြစ်နဲ့ ကျွန်းညို။မင်း မိဘကိုသတိရနေတာမလား။ ကိုယ်တိုင်ကန်တော့ရမှ မဟုတ်ပါဘူး မင်းကလည်း။ ရပ်ဝေးရောက်နေတဲ့ သားသမီးတွေဆို ဒီလိုအခါကြီးရက်ကြီး မဆုံနိုင်လည်း မှန်းမျှော်ပြီး ကန်တော့ကြရတာပဲ။ ဘုရားကန်တော့ရင်း စိတ်မှန်းနဲ့ကန်တော့လိုက်ပါကွာ..’

တစ်သက်လုံးတွဲလာကြတာမို့ အောင်လွင်က အရိပ်အခြည်ကြည့်တာနှင့်သိသည်။ကျွန်းညို ဝဲတက်နေသည့် မျက်ရည်တွေကို ပုတ်ခတ်လိုက်ရင်း ခေါင်းညိတ်ပြသည်။

“ပိုးလုံးက ဘယ်ရောက်နေတာလဲမသိဘူး။”

‘ဟိုးမှာ..ဟိုးမှာ..ဟေ့ကောင် လက်ပြနေတယ်။”

ဖယောင်းတိုင်တွေက နေရာအနှံ့နီးပါးမို့ ဘုန်းကြီးကျောင်းဝရန်တာကနေ မီးထွန်းရင်း လက်ပြနေသည့် ပိုးလုံးကို မြင်လိုက်ရသည်။ ပိုးလုံးက အနီရောင်ချည်ဝမ်းဆက်လေးနှင့်လှပနေသည်။ ပိုးလုံးဘေးတွင်ကတော့ မိုးညို.။သို့ပေမယ့် မိုးညိုက သူတို့ကို တစ်ချက်သာ ကြည့်လျက် အကြည့်လွှဲကာ မီးထွန်းခြင်းကိုသာ အာရုံစိုက်နေသည်။

“သွားမယ်. ငါတို့လည်း ကျောင်းပေါ်တက်ကြမယ်..’

အောင်လွင်က ဆော်သြလျက် နှစ်ယောက်သား ကျောင်းပေါ်တက်မည်ပေမယ့်  ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုကြောင့် အသံကြားရာဆီ အာရုံစိုက်မိကြသည်။

“မီး… မီးလောင်နေတယ်ဗျို့..’

‘ရေခပ်ကြ… ရေခပ်ကြလေ မြန်မြန်..’

အရှေ့တွင်လည်း စတိတ်စင်က အသံတစ်ချို့နှင့်မို့ အော်သံတွေက တိုးမပေါက်။ လူကြီးအချို့က မိုက်သံတွေရပ်ထားဖို့ စတိတ်စင်ဘက် ပြေးကြသလို ကျန်သည့်လူများကလည်း အုန်းအုန်းကြွက်ကြွက်..

‘မီးဖိုဆောင်မှာကွ..’

ယောင်ပြီးရပ်နေမိစဉ် ထိုစကားကြောင့် ကျွန်းညို ခန္ဓာကိုယ်ထဲကသွေးတွေဖျင်းခနဲဖြစ်သွားသည်။ အောင်လွင် ပခုံးဖက်ထားသည်ကနေ ရုန်းထွက်လိုက်ရင်း မီးဖိုဆောင်ရှိရာဘက်သို့ တစ်ရှိန်ထိုးပြေးတော့သည်။ ဓနိကနေတစ်ဆင့် ထရံကိုပါ စွဲလောင်နေပြီဖြစ်သည့် မီးကသိပ်တော့ မကြီးသေး။အားလုံးက ရေတွင်း၊ရေကန်ကနေ ရေတွေသယ်ခပ်လျက် ဖြန်းပက်ကြသည်။ ကျွန်းညိုမျက်စိရှေ့တွင် ထင်စေ ဝတ်ထားသည့် အင်္ကျီအဖြူကို မီးရောင်တွေကြားကနေ ကြမ်းပေါ်မှာ ရှိနေသည်ကို မြင်ရသည့်အခါ စဉ်းစားဆင်ခြင်နိုင်စွမ်းတို့ လွတ်ထွက်သွားရတော့သည်။

“ကျွန်းညို..’

‘ဟေ့ကောင်..’

‘ဟယ် ဘာလုပ်တာလဲ. မဝင်နဲ့လေ.’

မီးစွဲလောင်နေသည့်  တဲအိမ်ထဲ ပြေးဝင်သွားသည့် ကျွန်းညိုကို မည်သူကမှ မဆွဲလိုက်နိုင်။အားလုံး ရုတ်ရုတ်သဲသဲကို ဖြစ်ကုန်ကြသည်။ စတိတ်စင်ဘက်ကလည်း အသံတွေရပ်စဲကုန်ကာ အားလုံးက ရေခပ်လို့ရသမျှအရာအားလုံးဖြင့် တဲအိမ်ကို လောင်းပက်ကြသည်။ကျွန်းညိုက အပူဒဏ်ကိုမမှု။အထဲတွင် တစ်ခုခုကို သည်းသည်းမဲမဲရှာနေတာကို ခပ်ဝါးဝါးမြင်ကြသည်။ အောင်လွင်လည်း ရေပြေးခပ်နေရတာမို့ ကျွန်းညို ဒီလိုဝင်သွားမည်လို့တော့ မထင်လိုက်။ခု မြင်တော့ ဆွဲပြေးခေါ်မည်ပြုစဉ်…

“ဟင်.. ကျွန်းညို.. ပြန်လာခဲ့စမ်း.’

အသံကုန်အော်ဟစ်လိုက်သည့် အသံတစ်သံကြောင့် ကျွန်းညို လှုပ်ရှားမှုတွေတန့်ကုန်ကာ အပြင်ဘက်ကို ပြန်ကြည့်လာသည်။ ထို့နောက် အသားကုန် ပြေးထွက်လာပါတော့သည်။မျက်လုံးအိမ်သည် နီရဲလျက် မျက်ရည်ကြည်တွေက အစွမ်းကုန် ကျိုးကျလာတော့မည့်နှယ်။

ကျန်သည့်သူတွေက ရေဆက်တိုက်ဖြန်းကာ ငြိမ်းနေသည်မို့ မီးအားက ကြီးမလာဘဲ အညွန့်ကျိုးကျသွားခဲ့သည်။ထင်စေက ကျွန်းညိုလက်ကို ဆွဲလျက် ထောင့်ဘေးတစ်နေရာကိုကပ်သည်။

“ဘာလုပ်တာလဲကွာ မင်း.. မီးလောင်နေတယ်ကွ.. သေတတ်တယ်။”

ထင်စေက အော်သည်။ကျွန်းညိုက ဘာမှပြန်မပြောပါ။သက်ပြင်းချလိုက်တော့မှ ပြိုကျလာသည့် မျက်ရည်တွေကို လက်ဖမိုးဖြင့် ဆွဲသုတ်ရင်း အရူးတစ်ယောက်လိုရယ်သည်။

“အထဲက လောင်နေတာလား ဆိုပြီး မီးဝင်ငြိမ်းတာပေါ့.. ဘာလုပ်ရမှာလဲ ငါက..’

“သောက်အဓိပ္ပာယ်မရှိဘူး။လောင်လို့ ပြာကျသွားပါစေကွာ.. အထဲဝင်ပြီး လုပ်စရာကိုမလိုဘူး။”

“ဘုန်းကြီးကျောင်းဝန်းထဲက မီးဖိုဆောင်လေကွာ.. ဘယ်လိုလုပ် ဒီတိုင်းပစ်ထားလို့ရမှာလဲ။”

မျက်နှာတွင်လည်း မီးခိုးတို့ပေကျံလျက် နားရွက်ဖျားတွေနီရဲနေသည့် ကျွန်းညိုကို ကြည့်ကာ ထင်စေ ဘာကို ဒေါသထွက်လို့ ထွက်မှန်းမသိ။

“အကုန်လုံး ဝိုင်းလောင်းနေတာပဲ။ ပြီးရင် ငြိမ်းသွားမှာသေချာပဲ။ဘာဆိုင်လို့ မင်းက သူရဲကောင်းဝင်လုပ်ချင်နေတာလဲ။”

‘ဘာလဲ. ငါကသူရဲကောင်းလုပ်တော့ မင်း မလုပ်ရမှာစိုးလို့လား”

‘တောက်. ! ဒါကို ပေါ့ပေါ့ပါးပါးပြောနိုင်သေးတယ်။ မင်း တော်တော် အလေးအနက်မရှိတဲ့ကောင်ပဲ ကျွန်းညို.’

အရေးမကြီးသလိုပြောကာ ရယ်နေသေးသည့် ကျွန်းညိုကို ထင်စေက နားမလည်နိုင်။ဆွဲထားမိခဲ့သည့်လက်ကို စိတ်ဆိုးစွာဖြင့် ဖြုတ်ချရင်း လှည့်ထွက်သွားတော့သည်။ထင်စေက စွပ်ကျယ်လေးနှင့်မို့ စောစောက ကြမ်းပေါ်က အင်္ကျီက ထင်စေ့အင်္ကျီဆိုတာ သေချာနေပါသည်။

“ကျွန်းညို.. ‘

‘ဟင်..’

‘ကောင်စုတ်ရယ်.. ရူးနေလို့ မီးထဲဝင်ပြေးရသလား..ဟမ်.. နင်တစ်ခုခုဖြစ်ရင် ငါတို့ဘယ်လိုလုပ်မလဲ ငနာရဲ့။”

မိုးညိုက အားနှင့်ပြေးဖက်သည်မို့ လူက အင့်ခနဲ။ကျောင်းပေါ်ကနေ ပြေးဆင်းလာခဲ့ပေမယ့် ရေဝိုင်းခပ်ရာ ကူနေသည်မို့ ကျွန်းညို မီးထဲဝင်သည်ကိုမသိ။ပြန်ထွက်လာကာမှ မြင်တော့ သွေးတို့ဆောင့်တက်သွားရသည်။လိုက်ရှာပေမယ့် လူအုပ်ကြားထဲ ဘယ်သူကဆွဲခေါ်သွားမှန်းမသိ မတွေ့ပြန်တော့။ခု လူရှင်းကာမှပဲ တွေ့ရတော့သည်။ မိုးညိုက အသံထွက်လျက် ရှိုက်ကြီးတငင်ငိုသည်။ဘေးနားက ပိုးလုံးနှင့် အောင်လွင်မှာလည်း အမောတကော။

“ဘာမှမဖြစ်ပါဘူးဟ. ငိုမနေစမ်းပါနဲ့ တိတ်.. တိတ်.. နင်ငိုတော့ ငါဘယ်လိုလုပ် စိတ်ကောင်းမလဲ ဘာမှမဖြစ်တဲ့ဟာ”

‘ဘာမှမဖြစ်လို့တော်သေးတာပေါ့ဟဲ့.. ကျွန်းညိုရယ်.. နင် တကယ်ကိုဆိုးတာပဲ”

ပြောရင်း မိုးညိုက ငိုနေပြန်ပါသေးသည်မို့ နှစ်သိမ့်ကာ တိတ်စေရန် ကျွန်းညိုက ပိုးလုံးကို မျက်စပစ်ပြသည်။ မိုးညို သည်းသည်းမဲမဲ ငိုလျှင် သူ တကယ်ကိုမချော့တတ်။

“ကဲပါ မိုးညိုရယ်.. ကျွန်းညိုလည်း ဘာမှမဖြစ်ဘူးလေ။ မီးလည်းငြိမ်းသွားပြီ။ ကျောင်းပေါ်မှာ လူကြီးတွေနဲ့ ဘုန်းဘုန်းဘုရားတို့ ဘာတွေပြောနေကြလဲမသိဘူး။ငါတို့သွားနားထောင်ရအောင်.. တစ်ခုခုဆို ကူရအောင်လေ.’

မိုးညိုက ကွမ်းတောင်ကိုင်အပျိုခေါင်းဆောင်မို့ ပိုးလုံးက နှစ်သိမ့်စည်းရုံးလိုက်တော့ ရှိုက်ငိုတာကို တိတ်ရင်း ကျွန်းညိုကို ကြည့်သည်။ကျွန်းညိုက ခေါင်းညိတ်လျက် ကြည်ကြည်သာသာ ပြုံးပြသည်။နှစ်ယောက်သား ထွက်သွားတော့မှ ကျွန်းညိုက စိတ်အေးသွားသလို တဖန်သက်ပြင်းချကာရယ်သည်။ အောင်လွင်က သူ့ကို ခပ်တည်တည်ကြည့်နေဆဲ.။

“ဘာကြည့်တာလဲ  ခဏလေး ငါ မျက်နှာခဏသစ်ပြီးရင် ကျောင်းပေါ်တက်ကြမယ်လေ။”

အကုန်လုံးနီးပါးလောင်ကျွမ်းလုနီးနီးစားဖိုဆောင်လေးကတော့ ချုပ်ငြိမ်းသွားပြီဖြစ်သည်။ဒီနားမှာတစ်ယောက်စ နှစ်ယောက်စပဲ သိမ်းဆည်းကျန်ခဲ့ရင်း အားလုံးက ဘုန်းဘုန်းဘုရားကျောင်းပေါ်ရောက်သွားခဲ့ပြီဖြစ်သည်။

“ကျွန်းညို..’

‘ဟင်..’

ကျွန်းညိုက ရှေ့က လျှောက်ပေမယ့် အောင်လွင်က လိုက်မလာသေးဘဲ နာမည်ခေါ်နေတာမို့ ရပ်ကာ လှည့်ကြည့်လိုက်ရသည်။ သူ့ကိုကြည့်နေသည့် အောင်လွင့်မျက်လုံးတွေက အလေးအနက်။

“ငါတစ်ခုမေးမယ် မညာနဲ့”

‘ငါတို့ကြား ညာစရာရှိလို့လား ဘာမေးမှာလဲ စကားပုလ္လင်ခံမနေစမ်းပါနဲ့။”

“အေး.. မင်း ထင်စေ့ကို ကြိုက်နေတာလား။’

ကျွန်းညိုကရယ်သည်။ ပြောလည်းပြောတတ်ပါပေ့ဆိုသည့်အကြည့်ဖြင့် အောင်လွင့်ကိုကြည့်ပေမယ့် အောင်လွင်က ခုထိ ခပ်တည်တည်။မျက်လုံးတွေက တည်ငြိမ်လျက် ကျွန်းညိုမျက်လုံးတွေထဲ တည့်တည့်မြင်အောင်ကြည့်သည်။ ကျွန်းညိုကလည်း အကြည့်မကိုမရှောင်ပါ။ ပခုံးလှုပ်အောင် တစ်ချက်ရယ်လိုက်ရင်းက.

‘ပေါက်တတ်ကရတွေ အောင်လွင်ရာ.. ဘာတွေမေးနေတာလဲ။”

‘ငါ မေးခွန်းမှားသွားတယ်။”

“အေး ကိုယ့်အမှား ကိုယ်သိပြီးတာပဲ။ လာစမ်းပါကွာ.. သွားမယ်ဆို..’

‘မင်း ထင်စေ့ကို ကြိုက်နေတာလားလို့ မေးရမှာ မဟုတ်ဘူး။ မင်း ဘယ်တုန်းကတည်းက  ထင်စေ့ကို  ကြိုက်နေတာလဲလို့ မေးရမှာ။ ငါ့မေးခွန်း မှန်လား ကျွန်းညို”

ကျွန်းညိုမျက်နှာထက်က အပြုံးရိပ်က ပျောက်ကွယ်သွားခဲ့သည်။အောင်လွင့်ကို တည့်တည့်ပြန်ကြည့်တော့ ခပ်ယဲ့ယဲ့ပြုံးနေခဲ့သည့် သူငယ်ချင်းကြောင့် ကျွန်းညို ခေါင်းတစ်ချက်ငုံ့ရင်း ခပ်တိုးတိုးလေးရယ်သည်။သူ ဘယ်တုန်းကမှ ဒါကို ပြောဖို့ ရည်ရွယ်ချက်မရှိခဲ့။

“မင်း ဘယ်လိုလုပ်သိတာလဲ။”

*******************************
#With Heart
Just A Dreamer

(ခါတိုင်းအပိုင်းတွေထက် ရှည်ရှည်လေးရေးပေးထားပါတယ်ရှင့်..။ review လေးတွေ စောင့်နေပါတယ်နော်။ FB မှာ review ပေးတာတွေကလေ  အကုန်လုံးကို မမြင်ရတာမို့ #ချစ်ကျွန်းရိပ်ညို  လို့ hastag လေးခံရေးပေးပါလားဟင်..အဲ့ဒါမှ အားလုံးရှာ ဖတ်လို့ရတာမို့ပါ။)



Zawgyi

အပိုင္း−၁၉

သီတင္းကြၽတ္အခ်ိန္ကာလသမယမို႔ ရြာ၏အိမ္တိုင္းေစ့နီးပါး ဖေယာင္းတိုင္တို႔ျဖင့္ ထြန္းလင္းေနေလသည္။အိမ္ေတာ္သာတြင္ အစဉ္အလာရိွတစ္ခုရိွသည္။ေတာင္ပိုင္းျခမ္းႏွင့္ေျမာက္ဘက္ျခမ္းမွ မီးလွၫ့္လာေသာ လူတန္းႀကီးသည္ ရြာဦးဘုန္းႀကီးေက်ာင္းႀကီးတြင္ ဆံုဆည္းၾက၏။ဤကာလတြင္လည္း အိမ္ေတာ္သာရြာႏွစ္ျခမ္းက တၫ့္ရႈၾကျပန္ပါသည္။ ရံဖန္ရံခါတြင္ ဘုန္းဘုန္းဘုရားသည္ ဒီရြာႏွစ္ျခမ္းအစဉ္တၫ့္ရႈေနေစရန္ ပြဲေတာ္ေတြ အၿမဲစီစဉ္ဖန္တီးထားရမလားေတာင္ ေတြးေတာမိသၫ့္အခါရိွေသးသည္။

မီးလွၫ့္ရာလမ္းတစ္ေလ်ွာက္သည္ ဟိုဘက္ဒီဘက္ျခမ္း လူမေရြး၊ ကာလသားတို႔သည္ အပ်ိဳမိန္းကေလးတို႔အား ပိုးပန္းစေနာက္ၾကသၫ့္အခ်ိန္လည္းျဖစ္သည္။ဝတ္ေကာင္းစားလွတို႔ျဖင့္ အားလံုးက သားနားေနၾကသည္။ လူႀကီးသူမတို႔က ဘုန္းႀကီးေက်ာင္းဝန္းထဲက ဘုရားေစတီတြင္ မီးထြန္းပူေဇာ္ၾကတာရိွသလို လူငယ္မ်ားကလည္း မီးပံုးငယ္ေလးေတြ လႊတ္သၫ့္လူက လႊတ္. မီးလွၫ့္ေရာက္လာသၫ့္ အပ်ိဳတို႔ကို ပိုးပန္းသူက ပိုးပန္းႏွင့္ အိမ္ေတာ္သာ ဘုန္းႀကီးေက်ာင္းတစ္ဝန္းလံုး စည္ကားေနေလေတာ့သည္။

သို႔ေသာ္ ဒီႏွစ္က ပိုလို႔ေတာင္ စည္ကားပါေသးသည္။ အေၾကာင္းမူကား ဘုန္းဘုန္းဘုရား၏ၿမိဳ႔မွ မိတ္ေဆြအလႉရွင္တစ္ခ်ိဳ႕က ရြာသူရြာသားေတြေပ်ာ္ရႊင္ေစရရန္ အလို႔ငွာ ဘုန္းႀကီးေက်ာင္းအျပင္ဘက္က ကြက္လပ္ျပင္တြင္ စတိတ္စင္ျဖင့္ တီးဝိုင္းေလး ငွားရမ္းထားေပးျခင္းျဖစ္သည္။ဂီတဝိုင္းက ေတးသံရွင္တစ္ခ်ိဳ႕က ေဖ်ာ္ေျဖသလို ရြာကဝါသနာပါသၫ့္သူမ်ားကိုလည္း ဖိတ္ေခၚကာ ရင္းရင္းႏွီးႏွီးသီဆိုေစတာမို႔ အဆိုမတတ္သၫ့္သူမ်ား ေပါက္တတ္ကရ တက္ကာသီဆိုသၫ့္အခါတြင္ အကုန္လံုး ပြဲက်ရေလေတာ့သည္။

ကြၽန္းညို ႏွင့္ ေအာင္လြင္သည္လည္း ထံုးစံအတိုင္း ေၾကာ့ေမာ့ေနေအာင္ ျပင္လ်က္ စတိတ္စင္ေရ႔ွတြင္ မတ္တပ္ရပ္ေနၾကလ်က္ ေရာက္ေနၿပီျဖစ္သည္။ပိုးလံုးကေတာ့ သူႀကီးဆႏၵအတိုင္း မီးလွၫ့္ရာတြင္ ပါဝင္ရသည္မို႔ သူတို႔ႏွင့္အတူမရိွႏိုင္ေသးဘဲ ဘုန္းႀကီးေက်ာင္းဝန္းထဲတြင္ အပ်ိဳေတြႏွင့္ ဟိုဟိုဒီဒီအလုပ္မ်ားေနေလေတာ့သည္။ ကြၽန္းညိုသည္ မီးလွၫ့္ရာတြင္ပါဝင္သၫ့္ မိုးညိုကို ျမင္ေတာ့ ႏွစ္ေထာင္းအားရစြာၿပံဳးျပလိုက္ေပမယ့္ စိတ္ဆိုးက ခုထိေျပဟန္မတူေသးေသာ မိုးညိုသည္ ကြၽန္းညိုကို မ်က္ေစာင္းထိုးသည္။ သို႔ေပမယ့္ ကြၽန္းညို ေက်နပ္ေနသည္။ ဒါ မိုးညို အရင္ကေလာက္ စိတ္မဆိုးေတာ့ဘူးဆိုသၫ့္ သေဘာျဖစ္တာမို႔။

“ေဟ့ေကာင္ မင္း က ဒီလာေနေတာ့ မင္းေယာက်ာ္းေရာ..’

‘မသိဘူးေလ။ ေက်ာင္းဝန္းထဲမွာေနမွာေပါ့။ ေစာေစာကေတာ့ ဆန္ခ်ိဳေအးေတြ ေဝတဲ့ေနရာမွာေတြ့လိုက္ေသးတယ္။ အတူလာတာမွမဟုတ္တာ ငါမွမသိ။”

‘ေအး လႊတ္ထား မင္း ။ ေတာ္ၾကာ မိုးညိုနား ကပ္သြားဦးမယ္။”

ေအာင္လြင့္ ပခံုးေပၚ တံေတာင္ဆစ္ေကြးကာတင္ထားသၫ့္ ကြၽန္းညိုက မ်က္ေမွာင္ေလးနည္းနည္းေတာ့ႀကံဳ႔သြားရသည္။ ေနာက္ေတာ့ ေခါင္းျဖည္းျဖည္းခါသည္။

“သူက ငါ့ကိုေခၚထားတဲ့အေတာအတြင္းေတာ့ မိုးညိုကို ျပန္ပိုးမွာမဟုတ္ဘူး။ေလာေလာဆယ္ ငါကသူ႔ေယာက်ာ္းျဖစ္ေနတာမို႔ သူ အဲ့ေလာက္ေတာ့ မ်က္ႏွာမေျပာင္ဘူး”

သိတတ္ရန္ေကာဆိုသၫ့္ သေဘာျဖင့္ ေအာင္လြင္က ကြၽန္းညိုမျမင္မွန္းသိလ်က္ႏွင့္ ႏွာေခါင္းရႈံ႔လိုက္ေသးသည္။ စတိတ္စင္ေလးေပၚတြင္က ေနာက္သီခ်င္းအတြက္ တီးလံုးစမ္းေနတာမို႔ အားလံုးက ခဏရပ္ေစာင့္ေနၾကရင္း မ်က္လံုးက ေလ်ွာက္ၾကၫ့္ေနၾကသည္။ကြၽန္းညိုအၾကၫ့္ထဲတြင္ ထင္ေစသည္ ဆန္ခ်ိဳေအးဗန္းေလးေလးကိုင္လ်က္ စတိတ္စင္ေဘးနားက အဖြဲ႔သားေတြကို လိုက္ေဝေနတာေတြ့သည္။ရွပ္အျဖဴကို ပုဆိုးအျပာႏုျဖင့္ တြဲဝတ္ထားသၫ့္ ထင္ေစက ျမင့္မားသၫ့္အရပ္၊ ေတာင့္တင္းသၫ့္ခႏၶာကိုယ္ႏွင့္ ေတာ္ေတာ္ေလးကို လိုက္ဖက္မႈရိွသည္ကို လက္မခံခ်င္ဘဲ လက္ခံရပါသည္။

“ကဲ ထပ္စလိုက္ၾကရေအာင္ဗ်ာ.. ဘယ္သူသီဆိုဦးမလဲ။လုပ္ၾကပါ.ကဲ.ကဲ.. ဟိုေရ႔ွက အက်ႌအျပာနဲ႔အစ္ကို.. လာပါဗ်..တစ္ပုဒ္ေလာက္.’

အစီအစဉ္တင္ဆက္သူေကာင္ေလးက ပြဲကိုသြက္ေစရန္ အာသြက္လ်ွာသြက္ျဖင့္ ေျပာေနရင္း ေရ႔ွဆံုးနားက ကြၽန္းညိုကို မိုက္ျဖင့္ ၫႊန္ျပလ်က္ စင္ေပၚတက္လာရန္ ကမ္းလွမ္းသည္။အားလံုးကလည္း လက္ခုပ္တေျဖာင္းေျဖာင္းတီးရင္း လုပ္စမ္းပါဟု ေအာ္ၾကသည္။အမွတ္မထင္ ထင္ေစ့ကို လွမ္းၾကၫ့္မိေတာ့ သူ႔ဘက္ကိုၾကၫ့္ေနတာႏွင့္ဆံုၿပီး အၾကၫ့္လႊဲသြားသည္။ ေဘးနားက ဘယ္ရြာကမွန္း မသိသၫ့္ ကာလသားႏွစ္ေယာက္ေလာက္ဆီက တီးတိုးသံကိုၾကားသၫ့္အခါ ကြၽန္းညို မိုက္ကိုလွမ္းယူလ်က္ စင္ေပၚတက္လိုက္ေတာ့သည္။

“အဲ့ေကာင္က အရွက္မရိွ ေယာက်ာ္းခ်င္းယူထားတာေလ.။ဒီလိုလူေရ႔ွသူေရ႔ွ ဘယ္ထြက္ရဲမလဲ “

ကြၽန္းညိုက ဘာကိုရွက္ရမွာလဲ။ ေယာက်ာ္းခ်င္းယူေတာ့ေရာ ဘယ္သူ႔ကိုဒုကၡေပးေနလို႔လဲ။ ဘယ္သူ႔ကို မေတာ္မတရား ထိခိုက္ေစေနလို႔လဲ။ေနာက္ၿပီးေတာ့ ဘာလို႔ သူကရွက္ၿပီး လူေရ႔ွသူေရ႔ွမထြက္ရဲဘူးျဖစ္ရမွာလဲ။

ကြၽန္းညိုက အဲ့လိုေကာင္မ်ိဳးမဟုတ္။

“အစ္ကို လုပ္ပါဦး.. ဘာသီခ်င္းဆိုမလဲဗ်.’

အစီအစဉ္တင္ဆက္သူေကာင္ေလးက သီခ်င္းေမးသၫ့္အခါ ကြၽန္းညိုက နားနားကပ္လ်က္ တိုးတိုးေလးေျပာလိုက္သည္။ တီးဝိုင္းဆရာေတြဆီ သြားလ်က္ ေကာင္ေလးက ထိုသီခ်င္းကို ေျပာသည္။တီးဝိုင္းႏွင့္ ဒီသီခ်င္းကို ကြၽန္းညိုက ေကာင္းေကာင္းကို ဆိုတတ္ပါသည္။ၿမိဳ႔မွာ ေကာလိပ္တက္တုန္းက ၿမိဳ႔ကသူငယ္ခ်င္းတစ္ေယာက္၏ အိမ္က တီးဝိုင္းေထာင္ထားတာမို႔ အားလပ္ရက္တိုင္း သူတို႔က တီးဝိုင္းအစံုျဖင့္ အေပ်ာ္ဆိုေနက်။

“အဟမ္း.. ကြၽန္ေတာ္က ကြၽန္းညိုပါ။ ေျမာက္အိမ္ေတာ္သာျခမ္းကပါ။ ခု ဒီလိုလူေရ႔ွသူေရ႔ွမွာ အရွက္မရိွ မေၾကာက္မရြံ႔ဘဲ သီခ်င္းတစ္ပုဒ္ဆိုျပပါ့မယ္။အသံဆိုးသြားရင္ သည္းခံေပးၾကပါေနာ္။”

စကားတစ္လံုးခ်င္းစီကို ထိုကာလသားႏွစ္ေကာင္ကိုၾကၫ့္လ်က္ ေျပာေတာ့ ထိုေကာင္ေတြက  မ်က္ႏွာပ်က္ကာ ေနရာမွ ထြက္သြားၾကသည္။က်န္သၫ့္လူေတြကေတာ့ ကြၽန္းညို၏ဗရုတ္က်သၫ့္ စရိုက္ကို သိၿပီးသားမို႔ လက္ခုပ္တီးလ်က္ အားေပးၾကေသးသည္။

သံစဉ္ထြက္လာသၫ့္အခါ ေအာင္လြင္က မ်က္ႏွာမဲ့သည္။ အၿမဲတမ္း ဒီသီခ်င္းပဲ….။

“လိႈင္းေတြလည္း… ေျပးေဆာ့ေနဆဲ.. ဘယ္ေသာင္ျပင္… ဘယ္ကမ္းပါးဆီကိုရြယ္… နားခိုစရာ ..သူ ရွာလို႔ရယ္..  အေျပးေလး..လွမ္းၾကတယ္.. ဟိုဒီမွာကြယ္.. ေသာင္ခံုျပင္ဝယ္.. ဆံုကာရယ္.. ခိုနားၾကရတယ္…ကိုယ့္ရဲ့ အသည္းႏွလံုးၾကားဆီမယ္.. ေမတၲာေရလိႈင္း သူ႔အေပၚဝယ္.. ​ရိုက္ခတ္လို႔ သူ႔အပါးသြားမယ္.. ရင္မွာအစဉ္ ခိုနားရဖို႔ရြယ္..’

ခ်ိဳကာကရုဏာသက္သၫ့္အသံေၾကာင့္ ေက်ာင္းဝန္းထဲျပန္ဝင္ဖို႔ျပင္ေနသၫ့္ ထင္ေစ့ေျခလွမ္းေတြ တန႔္သြားရေတာ့သည္။ ဗန္းေလးကို လက္ကကိုင္ရင္းကေန စတိတ္စင္ေပၚသို႔ လွမ္းၾကၫ့္မိေတာ့ေလသည္။ရွပ္လက္တိုအျပာႏုေလး  ပုဆိုးကြက္စိတ္ အနက္ေလးျဖင့္ ကြၽန္းညိုသည္ ခါတိုင္းဂ်စ္ကန္ကန္အျမင္ကတ္စရာပံုစံႏွင့္မတူ ခုညတြင္ေတာ့ ေအးေအးခ်မ္းခ်မ္းျဖင့္ ၿငိမ္ဆိမ္ေနတတ္သၫ့္ ေကာင္ေလးသဖြယ္ သီခ်င္းကိုလည္း စီးေျမာေနသည္။ ကြၽန္းညိုတင္မကပါ။ စင္ေအာက္က လူေတြသည္လည္း ကြၽန္းညိုအသံတြင္ ေျမာပါကာ သီခ်င္းအဓိပၸာယ္ကို လိုက္ပါခံစားေနၾကတာကို သတိထားမိသည္။

“ခုေတာ့လည္း….. သူ႔အသည္းျပင္ဝယ္.. ရင္နာစရာအမုန္းစကားေတြရယ္… နားခိုရာေနရာလည္း…မလြယ္.. ေရလိႈင္းေလးရဲ့ အျဖစ္ရယ္.. ဟိုဒီမွာကြယ္… ေသာင္ခံုျပင္ဝယ္.. ရင္နာဖြယ္ ငိုလြမ္းၾကရတယ္……’

ေမတၲာေရလိႈင္းသီခ်င္း၏ အနိမ့္အျမင္အတက္အက်သည္ ခါတိုင္းလည္း နားေထာင္ဖူးေနေသာ္ျငား ယေန့ ကြၽန္းညိုဆိုေလမွ ပိုလို႔ပင္ အသက္ဝင္ေနသလို ခံစားမိေလသည္။သီခ်င္းဆံုးသြားေတာ့ လက္ခုပ္သံေတြက တဖ်ဖ်။ဘာမွန္းမသိ ေလပူတစ္ခ်က္မႈတ္ထုတ္မိရင္း ေရ႔ွဆက္ဖို႔သာျပင္လိုက္ေပမယ့္ တစ္စံုတစ္ေယာက္ၾကၫ့္ေနသလိုခံစားရတာမို႔ စိတ္ထင္ရာကို ၾကၫ့္လိုက္မိေတာ့  ေအာင္လြင္သည္ လက္ႏွစ္ဖက္ပိုက္လ်က္ သူ႔ကိုေစ့ေစ့ၾကၫ့္ေနသည္ကိုေတြ့လိုက္ရသည္။ဘာမဆိုင္ ညာမဆိုင္လာၾကၫ့္ေနတာမို႔ ေသာက္ျမင္ကတ္ကတ္ျဖင့္ မ်က္ေမွာင္ႀကံဳ႔ၾကၫ့္ခဲ့ရင္း ေနရာမွထြက္သြားခဲ့လိုက္ေတာ့သည္။

“ထင္ေစ..’

စင္ေဘးဘက္ကေန လွမ္းေအာ္ေခၚရင္း ဆင္းလာသၫ့္ ကြၽန္းညိုေၾကာင့္ ေျခလွမ္းကရပ္ရျပန္သည္။ ဒီေန့အဖို႔ ေက်ာင္းဝန္းထဲေရာျပန္ေရာက္ပါ့မလား။

“ငါသီခ်င္းဆိုတာေကာင္းတယ္မလား။ မင္း ရပ္ၿပီးနားေထာင္ေနတာ ငါေတြ့တယ္”

‘ေအး.. ေတာ္ေတာ္ေကာင္းတယ္.. ေသာက္ျမင္ကတ္ဖို႔”

ကြၽန္းညို ႏွာေခါင္းေလးရႈံ႔သည္။ထင္ေစကေတာ့ ဂရုမစိုက္ဘဲ ထြက္သြားခဲ့ၿပီျဖစ္သည္။စင္ေပၚတြင္လည္း ေနာက္ထပ္ ဆိုမၫ့္ ကာလသားတစ္ခ်ိဳ႕ျဖင့္ ျပန္လည္စည္ကားေနၿပီျဖစ္သည္။ေအာင္လြင္က ကြၽန္းညိုပုခံုးကိုဖက္လာလ်က္ ဖ်စ္ၫွစ္သည္။

“မင္းမလည္း ဒီသီခ်င္းတစ္ပုဒ္ပဲရသလားမသိဘူး။တီးဝိုင္းနဲ႔ဆိုပါၿပီ ဆိုရင္ ဒါခ်ည္းပဲ နားကေလာလိုက္တာ။”

‘ေသာက္ပိုေတြမေျပာနဲ႔။ မင္း ငါ့အသံမွာ နစ္ေျမာေနတယ္ေတာ့လုပ္လိုက္..’

‘ေအာ့.’

ေအာင္လြင္ ေအာ့အန္ဟန္ျဖင့္ သရုပ္ေဖာ္သည္။ကြၽန္းညိုက ရယ္ကာ ေအာင္လြင့္ရင္ဘတ္ကို တံေတာင္ျဖင့္ တြတ္လိုက္ရင္း ေက်ာင္းဝန္းထဲသို႔ ဦးတည္ၾကသည္။ထင္ေစ့ ေက်ာျပင္ကို ဒီတိုင္းပဲလိုက္ၾကၫ့္မိေတာ့ သူက ေက်ာင္းအစြန္နားတြင္ရိွသၫ့္ ဓနိမိုးထရံကာ မီးဖိုေဆာင္ငယ္ေလးဘက္ သြားတာျမင္လိုက္ရသည္။ ကြၽန္းညိုတို႔ကေတာ့ ေစတီနားကိုသာ ေလ်ွာက္လာၾကသည္။ ဒီအခ်ိန္ ေက်ာင္းဝန္းထဲတြင္ မီးပံုးငယ္ေတြလႊတ္သၫ့္ အပ်ိဳတစ္ခ်ိဳ႕လည္း ရိွေနဦးမည္ျဖစ္သည္။မိဘႏွစ္ပါးကေတာ့ ပံုမွန္ဆို ညၪ့္မနက္ခင္ကတည္းက ဘုရားေစတီတြင္ ဆီမီးလာထြန္းကာ ဘုန္းဘုန္းဘုရားကို  လာကန္ေတာ့တတ္သည္မို႔ ခုေန ရိွေတာ့မည္မဟုတ္။မိဘအေၾကာင္းေတြးမိေတာ့ ကြၽန္းညို မ်က္ႏွာေလး ၫွို႔သြားရေတာ့သည္။မနက္က အိမ္ကိုသြားခဲ့သည္။

“ငါ့မ်က္ႏွာကိုအိုးမဲသုတ္ၿပီး သိကၡာခ်တဲ့ေကာင္..တစ္သက္လံုး အလိုလိုက္ထားလို႔ အမိုက္ေစာ္ကားခဲ့တဲ့မင္းက ငါတို႔ကိုကန္ေတာ့ဖို႔ အရည္အခ်င္းရိွရဲ့လား။ငါတို႔မွာ မင္းလို သားမ်ိဳးမရိွဘူး။ မိုးညိုဆိုတဲ့သမီးတစ္ေယာက္ပဲရိွတယ္ကြ။”

ကြၽန္းညို မ်က္ရည္ဝဲတက္လာမိေတာ့သည္။တစ္သက္လံုး မိဘက ဖူးဖူးမႈတ္ထားခဲ့သၫ့္သူမို႔ ဒီလိုစကားၾကမ္းၾကမ္းမ်ိဳး တစ္သက္ႏွင့္တစ္ကိုယ္ေယာင္လို႔ေတာင္ မၾကားခဲ့ရဖူး။

“စိတ္မေကာင္းမျဖစ္နဲ႔ ကြၽန္းညို။မင္း မိဘကိုသတိရေနတာမလား။ ကိုယ္တိုင္ကန္ေတာ့ရမွ မဟုတ္ပါဘူး မင္းကလည္း။ ရပ္ေဝးေရာက္ေနတဲ့ သားသမီးေတြဆို ဒီလိုအခါႀကီးရက္ႀကီး မဆံုႏိုင္လည္း မွန္းေမ်ွာ္ၿပီး ကန္ေတာ့ၾကရတာပဲ။ ဘုရားကန္ေတာ့ရင္း စိတ္မွန္းနဲ႔ကန္ေတာ့လိုက္ပါကြာ..’

တစ္သက္လံုးတြဲလာၾကတာမို႔ ေအာင္လြင္က အရိပ္အျခည္ၾကၫ့္တာႏွင့္သိသည္။ကြၽန္းညို ဝဲတက္ေနသၫ့္ မ်က္ရည္ေတြကို ပုတ္ခတ္လိုက္ရင္း ေခါင္းညိတ္ျပသည္။

“ပိုးလံုးက ဘယ္ေရာက္ေနတာလဲမသိဘူး။”

‘ဟိုးမွာ..ဟိုးမွာ..ေဟ့ေကာင္ လက္ျပေနတယ္။”

ဖေယာင္းတိုင္ေတြက ေနရာအႏွံ႔နီးပါးမို႔ ဘုန္းႀကီးေက်ာင္းဝရန္တာကေန မီးထြန္းရင္း လက္ျပေနသၫ့္ ပိုးလံုးကို ျမင္လိုက္ရသည္။ ပိုးလံုးက အနီေရာင္ခ်ည္ဝမ္းဆက္ေလးႏွင့္လွပေနသည္။ ပိုးလံုးေဘးတြင္ကေတာ့ မိုးညို.။သို႔ေပမယ့္ မိုးညိုက သူတို႔ကို တစ္ခ်က္သာ ၾကၫ့္လ်က္ အၾကၫ့္လႊဲကာ မီးထြန္းျခင္းကိုသာ အာရံုစိုက္ေနသည္။

“သြားမယ္. ငါတို႔လည္း ေက်ာင္းေပၚတက္ၾကမယ္..’

ေအာင္လြင္က ေဆာ္ၾသလ်က္ ႏွစ္ေယာက္သား ေက်ာင္းေပၚတက္မည္ေပမယ့္  ရုတ္ရုတ္သဲသဲအေျခအေနတစ္ခုေၾကာင့္ အသံၾကားရာဆီ အာရံုစိုက္မိၾကသည္။

“မီး… မီးေလာင္ေနတယ္ဗ်ိဳ႕..’

‘ေရခပ္ၾက… ေရခပ္ၾကေလ ျမန္ျမန္..’

အေရ႔ွတြင္လည္း စတိတ္စင္က အသံတစ္ခ်ိဳ႕ႏွင့္မို႔ ေအာ္သံေတြက တိုးမေပါက္။ လူႀကီးအခ်ိဳ႕က မိုက္သံေတြရပ္ထားဖို႔ စတိတ္စင္ဘက္ ေျပးၾကသလို က်န္သၫ့္လူမ်ားကလည္း အုန္းအုန္းႂကြက္ႂကြက္..

‘မီးဖိုေဆာင္မွာကြ..’

ေယာင္ၿပီးရပ္ေနမိစဉ္ ထိုစကားေၾကာင့္ ကြၽန္းညို ခႏၶာကိုယ္ထဲကေသြးေတြဖ်င္းခနဲျဖစ္သြားသည္။ ေအာင္လြင္ ပခံုးဖက္ထားသည္ကေန ရုန္းထြက္လိုက္ရင္း မီးဖိုေဆာင္ရိွရာဘက္သို႔ တစ္ရိွန္ထိုးေျပးေတာ့သည္။ ဓနိကေနတစ္ဆင့္ ထရံကိုပါ စြဲေလာင္ေနၿပီျဖစ္သၫ့္ မီးကသိပ္ေတာ့ မႀကီးေသး။အားလံုးက ေရတြင္း၊ေရကန္ကေန ေရေတြသယ္ခပ္လ်က္ ျဖန္းပက္ၾကသည္။ ကြၽန္းညိုမ်က္စိေရ႔ွတြင္ ထင္ေစ ဝတ္ထားသၫ့္ အက်ႌအျဖဴကို မီးေရာင္ေတြၾကားကေန ၾကမ္းေပၚမွာ ရိွေနသည္ကို ျမင္ရသၫ့္အခါ စဉ္းစားဆင္ျခင္ႏိုင္စြမ္းတို႔ လြတ္ထြက္သြားရေတာ့သည္။

“ကြၽန္းညို..’

‘ေဟ့ေကာင္..’

‘ဟယ္ ဘာလုပ္တာလဲ. မဝင္နဲ႔ေလ.’

မီးစြဲေလာင္ေနသၫ့္  တဲအိမ္ထဲ ေျပးဝင္သြားသၫ့္ ကြၽန္းညိုကို မည္သူကမွ မဆြဲလိုက္ႏိုင္။အားလံုး ရုတ္ရုတ္သဲသဲကို ျဖစ္ကုန္ၾကသည္။ စတိတ္စင္ဘက္ကလည္း အသံေတြရပ္စဲကုန္ကာ အားလံုးက ေရခပ္လို႔ရသမ်ွအရာအားလံုးျဖင့္ တဲအိမ္ကို ေလာင္းပက္ၾကသည္။ကြၽန္းညိုက အပူဒဏ္ကိုမမႈ။အထဲတြင္ တစ္ခုခုကို သည္းသည္းမဲမဲရွာေနတာကို ခပ္ဝါးဝါးျမင္ၾကသည္။ ေအာင္လြင္လည္း ေရေျပးခပ္ေနရတာမို႔ ကြၽန္းညို ဒီလိုဝင္သြားမည္လို႔ေတာ့ မထင္လိုက္။ခု ျမင္ေတာ့ ဆြဲေျပးေခၚမည္ျပဳစဉ္…

“ဟင္.. ကြၽန္းညို.. ျပန္လာခဲ့စမ္း.’

အသံကုန္ေအာ္ဟစ္လိုက္သၫ့္ အသံတစ္သံေၾကာင့္ ကြၽန္းညို လႈပ္ရွားမႈေတြတန႔္ကုန္ကာ အျပင္ဘက္ကို ျပန္ၾကၫ့္လာသည္။ ထို႔ေနာက္ အသားကုန္ ေျပးထြက္လာပါေတာ့သည္။မ်က္လံုးအိမ္သည္ နီရဲလ်က္ မ်က္ရည္ၾကည္ေတြက အစြမ္းကုန္ က်ိဳးက်လာေတာ့မၫ့္ႏွယ္။

က်န္သၫ့္သူေတြက ေရဆက္တိုက္ျဖန္းကာ ၿငိမ္းေနသည္မို႔ မီးအားက ႀကီးမလာဘဲ အၫြန႔္က်ိဳးက်သြားခဲ့သည္။ထင္ေစက ကြၽန္းညိုလက္ကို ဆြဲလ်က္ ေထာင့္ေဘးတစ္ေနရာကိုကပ္သည္။

“ဘာလုပ္တာလဲကြာ မင္း.. မီးေလာင္ေနတယ္ကြ.. ေသတတ္တယ္။”

ထင္ေစက ေအာ္သည္။ကြၽန္းညိုက ဘာမျွပန္မေျပာပါ။သက္ျပင္းခ်လိုက္ေတာ့မွ ၿပိဳက်လာသၫ့္ မ်က္ရည္ေတြကို လက္ဖမိုးျဖင့္ ဆြဲသုတ္ရင္း အရူးတစ္ေယာက္လိုရယ္သည္။

“အထဲက ေလာင္ေနတာလား ဆိုၿပီး မီးဝင္ၿငိမ္းတာေပါ့.. ဘာလုပ္ရမွာလဲ ငါက..’

“ေသာက္အဓိပၸာယ္မရိွဘူး။ေလာင္လို႔ ျပာက်သြားပါေစကြာ.. အထဲဝင္ၿပီး လုပ္စရာကိုမလိုဘူး။”

“ဘုန္းႀကီးေက်ာင္းဝန္းထဲက မီးဖိုေဆာင္ေလကြာ.. ဘယ္လိုလုပ္ ဒီတိုင္းပစ္ထားလို႔ရမွာလဲ။”

မ်က္ႏွာတြင္လည္း မီးခိုးတို႔ေပက်ံလ်က္ နားရြက္ဖ်ားေတြနီရဲေနသၫ့္ ကြၽန္းညိုကို ၾကၫ့္ကာ ထင္ေစ ဘာကို ေဒါသထြက္လို႔ ထြက္မွန္းမသိ။

“အကုန္လံုး ဝိုင္းေလာင္းေနတာပဲ။ ၿပီးရင္ ၿငိမ္းသြားမွာေသခ်ာပဲ။ဘာဆိုင္လို႔ မင္းက သူရဲေကာင္းဝင္လုပ္ခ်င္ေနတာလဲ။”

‘ဘာလဲ. ငါကသူရဲေကာင္းလုပ္ေတာ့ မင္း မလုပ္ရမွာစိုးလို႔လား”

‘ေတာက္. ! ဒါကို ေပါ့ေပါ့ပါးပါးေျပာႏိုင္ေသးတယ္။ မင္း ေတာ္ေတာ္ အေလးအနက္မရိွတဲ့ေကာင္ပဲ ကြၽန္းညို.’

အေရးမႀကီးသလိုေျပာကာ ရယ္ေနေသးသၫ့္ ကြၽန္းညိုကို ထင္ေစက နားမလည္ႏိုင္။ဆြဲထားမိခဲ့သၫ့္လက္ကို စိတ္ဆိုးစြာျဖင့္ ျဖဳတ္ခ်ရင္း လွၫ့္ထြက္သြားေတာ့သည္။ထင္ေစက စြပ္က်ယ္ေလးႏွင့္မို႔ ေစာေစာက ၾကမ္းေပၚက အက်ႌက ထင္ေစ့အက်ႌဆိုတာ ေသခ်ာေနပါသည္။

“ကြၽန္းညို.. ‘

‘ဟင္..’

‘ေကာင္စုတ္ရယ္.. ရူးေနလို႔ မီးထဲဝင္ေျပးရသလား..ဟမ္.. နင္တစ္ခုခုျဖစ္ရင္ ငါတို႔ဘယ္လိုလုပ္မလဲ ငနာရဲ့။”

မိုးညိုက အားႏွင့္ေျပးဖက္သည္မို႔ လူက အင့္ခနဲ။ေက်ာင္းေပၚကေန ေျပးဆင္းလာခဲ့ေပမယ့္ ေရဝိုင္းခပ္ရာ ကူေနသည္မို႔ ကြၽန္းညို မီးထဲဝင္သည္ကိုမသိ။ျပန္ထြက္လာကာမွ ျမင္ေတာ့ ေသြးတို႔ေဆာင့္တက္သြားရသည္။လိုက္ရွာေပမယ့္ လူအုပ္ၾကားထဲ ဘယ္သူကဆြဲေခၚသြားမွန္းမသိ မေတြ့ျပန္ေတာ့။ခု လူရွင္းကာမွပဲ ေတြ့ရေတာ့သည္။ မိုးညိုက အသံထြက္လ်က္ ရိႈက္ႀကီးတငင္ငိုသည္။ေဘးနားက ပိုးလံုးႏွင့္ ေအာင္လြင္မွာလည္း အေမာတေကာ။

“ဘာမွမျဖစ္ပါဘူးဟ. ငိုမေနစမ္းပါနဲ႔ တိတ္.. တိတ္.. နင္ငိုေတာ့ ငါဘယ္လိုလုပ္ စိတ္ေကာင္းမလဲ ဘာမွမျဖစ္တဲ့ဟာ”

‘ဘာမွမျဖစ္လို႔ေတာ္ေသးတာေပါ့ဟဲ့.. ကြၽန္းညိုရယ္.. နင္ တကယ္ကိုဆိုးတာပဲ”

ေျပာရင္း မိုးညိုက ငိုေနျပန္ပါေသးသည္မို႔ ႏွစ္သိမ့္ကာ တိတ္ေစရန္ ကြၽန္းညိုက ပိုးလံုးကို မ်က္စပစ္ျပသည္။ မိုးညို သည္းသည္းမဲမဲ ငိုလ်ွင္ သူ တကယ္ကိုမေခ်ာ့တတ္။

“ကဲပါ   မိုးညို  ရယ္.. ကြၽန္းညိုလည္း ဘာမွမျဖစ္ဘူးေလ။ မီးလည္းၿငိမ္းသြားၿပီ။ ေက်ာင္းေပၚမွာ လူႀကီးေတြနဲ႔ ဘုန္းဘုန္းဘုရားတို႔ ဘာေတြေျပာေနၾကလဲမသိဘူး။ငါတို႔သြားနားေထာင္ရေအာင္.. တစ္ခုခုဆို ကူရေအာင္ေလ.’

မိုးညိုက ကြမ္းေတာင္ကိုင္အပ်ိဳေခါင္းေဆာင္မို႔ ပိုးလံုးက ႏွစ္သိမ့္စည္းရံုးလိုက္ေတာ့ ရိႈက္ငိုတာကို တိတ္ရင္း ကြၽန္းညိုကို ၾကၫ့္သည္။ကြၽန္းညိုက ေခါင္းညိတ္လ်က္ ၾကည္ၾကည္သာသာ ၿပံဳးျပသည္။ႏွစ္ေယာက္သား ထြက္သြားေတာ့မွ ကြၽန္းညိုက စိတ္ေအးသြားသလို တဖန္သက္ျပင္းခ်ကာရယ္သည္။ ေအာင္လြင္က သူ႔ကို ခပ္တည္တည္ၾကၫ့္ေနဆဲ.။

“ဘာၾကၫ့္တာလဲ  ခဏေလး ငါ မ်က္ႏွာခဏသစ္ၿပီးရင္ ေက်ာင္းေပၚတက္ၾကမယ္ေလ။”

အကုန္လံုးနီးပါးေလာင္ကြၽမ္းလုနီးနီးစားဖိုေဆာင္ေလးကေတာ့ ခ်ဳပ္ၿငိမ္းသြားၿပီျဖစ္သည္။ဒီနားမွာတစ္ေယာက္စ ႏွစ္ေယာက္စပဲ သိမ္းဆည္းက်န္ခဲ့ရင္း အားလံုးက ဘုန္းဘုန္းဘုရားေက်ာင္းေပၚေရာက္သြားခဲ့ၿပီျဖစ္သည္။

“ကြၽန္းညို..’

‘ဟင္..’

ကြၽန္းညိုက ေရ႔ွက ေလ်ွာက္ေပမယ့္ ေအာင္လြင္က လိုက္မလာေသးဘဲ နာမည္ေခၚေနတာမို႔ ရပ္ကာ လွၫ့္ၾကၫ့္လိုက္ရသည္။ သူ႔ကိုၾကၫ့္ေနသၫ့္ ေအာင္လြင့္မ်က္လံုးေတြက အေလးအနက္။

“ငါတစ္ခုေမးမယ္ မညာနဲ႔”

‘ငါတို႔ၾကား ညာစရာရိွလို႔လား ဘာေမးမွာလဲ စကားပုလႅင္ခံမေနစမ္းပါနဲ႔။”

“ေအး.. မင္း ထင္ေစ့ကို ႀကိဳက္ေနတာလား။’

ကြၽန္းညိုကရယ္သည္။ ေျပာလည္းေျပာတတ္ပါေပ့ဆိုသၫ့္အၾကၫ့္ျဖင့္ ေအာင္လြင့္ကိုၾကၫ့္ေပမယ့္ ေအာင္လြင္က ခုထိ ခပ္တည္တည္။မ်က္လံုးေတြက တည္ၿငိမ္လ်က္ ကြၽန္းညိုမ်က္လံုးေတြထဲ တၫ့္တၫ့္ျမင္ေအာင္ၾကၫ့္သည္။ ကြၽန္းညိုကလည္း အၾကၫ့္မကိုမေရွာင္ပါ။ ပခံုးလႈပ္ေအာင္ တစ္ခ်က္ရယ္လိုက္ရင္းက.

‘ေပါက္တတ္ကရေတြ ေအာင္လြင္ရာ.. ဘာေတြေမးေနတာလဲ။”

‘ငါ ေမးခြန္းမွားသြားတယ္။”

“ေအး ကိုယ့္အမွား ကိုယ္သိၿပီးတာပဲ။ လာစမ္းပါကြာ.. သြားမယ္ဆို..’

‘မင္း ထင္ေစ့ကို ႀကိဳက္ေနတာလားလို႔ ေမးရမွာ မဟုတ္ဘူး။ မင္း ဘယ္တုန္းကတည္းက  ထင္ေစ့ကို  ႀကိဳက္ေနတာလဲလို႔ ေမးရမွာ။ ငါ့ေမးခြန္း မွန္လား ကြၽန္းညို”

ကြၽန္းညိုမ်က္ႏွာထက္က အၿပံဳးရိပ္က ေပ်ာက္ကြယ္သြားခဲ့သည္။ေအာင္လြင့္ကို တၫ့္တၫ့္ျပန္ၾကၫ့္ေတာ့ ခပ္ယဲ့ယဲ့ၿပံဳးေနခဲ့သၫ့္ သူငယ္ခ်င္းေၾကာင့္ ကြၽန္းညို ေခါင္းတစ္ခ်က္ငံု႔ရင္း ခပ္တိုးတိုးေလးရယ္သည္။သူ ဘယ္တုန္းကမွ ဒါကို ေျပာဖို႔ ရည္ရြယ္ခ်က္မရိွခဲ့။

“မင္း ဘယ္လိုလုပ္သိတာလဲ။”

*******************************
#With Heart
Just A Dreamer

(ခါတိုင္းအပိုင္းေတြထက္ ရွည္ရွည္ေလးေရးေပးထားပါတယ္ရွင့္..။ review ေလးေတြ ေစာင့္ေနပါတယ္ေနာ္။ FB မွာ review ေပးတာေတြကေလ  အကုန္လံုးကို မျမင္ရတာမို႔ #ခ်စ္ကြၽန္းရိပ္ညို  လို႔ hastag ေလးခံေရးေပးပါလားဟင္..အဲ့ဒါမွ အားလံုးရွာ ဖတ္လို႔ရတာမို႔ပါ။)

Continue Reading

You'll Also Like

16.5K 1.4K 25
မင္း မ႐ွိရင္ ငါ ဆိုတာလည္း မ႐ွိႏိူင္တာမို႔.....
1.2M 42.9K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
424K 1.7K 8
Sex Scene One Shot တွေဗျာ။ လူကြီးစာ ဖတ်ချင်တဲ့သူတွေ ဝင်ကြည့်ပေါ့။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုတော့ လုံးဝ လုံးဝ လမ်းမှားပြီးရောက်မလာဖို့ တိုက်တွန်း...
248K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...