အပိုင်း−၂၄
“ဘာ !!”
ရုတ်တရက်ထအော်လိုက်သော ပိုးလုံးကြောင့် အောင်လွင် လန့်ဖြန့်ကာ ပါးစပ်ထဲက ရေနွေးကြမ်းတွေ ဖူးခနဲပြန်ထွက်တော့သည်။
“အသာလုပ်ပါဟာ. သီးတောင်သီးတယ်”
ပိုးလုံးက ခုနကနှင့်မတူ။ကျနေသည့် မျက်ရည်တွေပင် ပြန်ဝင်တော့မလိုဖြင့် တအံ့တသြ ပါးစပ်အဟောင်းသားဟမိသည်။ ကျွန်းညိုကို သနားလို့ ကျွန်းညိုကို စာနာလို့ ထင်စေကို သောက်မြင်ကတ်လွန်းလို့ မျက်ရည်ပါကျလာလျက် မနေ့ကအဖြစ်ကို ငိုကာ ပြောနေသည့် ပိုးလုံးသည် မျက်ရည်တွေပင် မတန့်ရှိမည်လား။
ကျွန်းညိုက ထင်စေ့ကို သဘောကျနေသတဲ့လေ။
“ကျွန်းညိုကတော့ ဘယ်သူ့ကိုမှ မပြောပြခိုင်းဘူး။ဒါပေမဲ့ မနေ့က နင့်ကြောင့် အဲ့လိုဖြစ်ရတာလို့ ထင်နေတာမလား။ နောက်ဆက်ပြီး အဲ့လို မထိတထိတွေ ထင်စေ့ကို သွားပြောလို့ ဟိုက တုံ့ပြန်ရင် စိတ်ဆင်းရဲရမှာက ငါတို့လူ။”
“နင် မမြင်လို့ပါ အဲ့ကောင်မျက်နှာပေးကို။ မသိရင် ငါကပဲ ကျွန်းညိုကို အတင်းသဘောကျနေလို့ လိုက်ကပ်နေတဲ့ပုံ ဖမ်းထားတာ။ အမြင်ကတ်လို့ ပြောလိုက်တာ။ကျွန်းညိုက ကြိုက်နေမယ်လို့တော့ ငါဘယ်ထင်ပါ့မလဲ။အဲ့ဒါကြောင့် သီတင်းကျွတ်ညက မီးထဲဝင် ပြေးတာလား။”
‘အင်း. ထင်စေ အထဲမှာ ကျန်နေတယ်ထင်လို့”
‘အဲ့ဒါဆို နင် မှားနေပြီ အောင်လွင်။ ကျွန်းညိုက ထင်စေ့ကို ကြိုက်နေတာမဟုတ်ဘူး”
ပိုးလုံးက မျက်မှောင်လေးကုတ်လျက် အလေးအနက်ဆိုတော့ အောင်လွင် ကိုင်ထားသည့် ရေနွေးကြမ်းပန်းကန်လုံးလေးကို အောက်ချရင်း အာရုံစိုက်ပေးလိုက်သည်။
“သူကိုယ်တိုင် ဝန်ခံထားတာ ဘယ်က မှားရမှာတုန်း”
“သူ ချစ်နေတာ။ကြိုက်တာထက် ပိုတယ်ဟဲ့ ။ သေချာတယ်။”
‘မသိတော့ပါဘူးဟာ။ ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ”
အောင်လွင်က ညည်းညူတော့ ပိုးလုံးလည်း သက်ပြင်းဖွဖွချသည်။ ဒါ ဘယ်လိုလုပ်ရပါ့။ ကျွန်းညိုက ချစ်နေတယ်ဆိုတာ ကောင်းတဲ့အလားအလာမှမဟုတ်ဘဲ။ နိုင်စားချင်သည့် ထင်စေ့ကြောင့် ကျွန်းညိုက ပျော်ရွှင်ရမှာမဟုတ်။ စိတ်ချမ်းသာရမှာ မဟုတ်။ ချစ်မယ့်ချစ် ဟိုဘက်ကတော့ အရင်ချစ်စေချင်တာ။ ခုတော့ သူတို့သူငယ်ချင်းက အရင်တဲ့လား။
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့