လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

95.3K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၉)

944 64 13
By Ahlaly

"အကိုကြီး အဆောင်ရှာနေတယ်ဆို။
ကိုသန့်က ပြောလိုက်တာ။ ဘယ်လိုဖြစ်တာလဲဗျာ...."

စက်ဘီးကို ဒေါက်ထောက်ပြီးနောက်တွင် အဆောင်ထဲသို့ ခြေလှမ်းအကျဲများဖြင့်လျှောက်လာရင်း ပြောသည့် ထိုစကားသည် တော်တော်လေးကို ကျယ်လောင်လွန်းသည်။

"ဘယ်အကိုကြီးလဲ ဟေ့ကောင်....."

ပုဆိုးခါးဖုံစ ကို လက်ဖြင့်မြှောက်ကိုင်လျက် အခန်းတံခါးဝကနေ မေးနေသော သက်လျာသည် အခုမှ အိပ်ရာကနေ ကုန်းရုန်းပြီး ထ,လာသည့်ပုံစံပင်။

"အကိုကြီးကြည်သာလေ ကိုသက်။ ကျွန်တော့်ကိုလည်း ကိုသန့်ပြောလိုက်တာ။ သူတို့အဆောင်မှူးဆီ ဖုန်းဆက်ပြီး အခန်းအလွတ်ရှိသေးလား မေးတယ်တဲ့။"

သူ့အခန်းတံခါးကနေ သက်လျာအခန်းဆီသို့ကြည့်ရင်း ရှင်းပြနေသည့် ရောင်နီဝန်းကို ကြည်သာ စောင့်ကန်လိုက်ချင်သည်။ ထိုသို့ စောင့်ကန်ဖို့ရန်အတွက်ဆို ဒီကောင်လေးရှိရာသို့ သွားရမည်။ ဒီကောင်လေးရှိရာသည် သက်လျာ မျက်နှာမူနေရာ အရပ်ဖြစ်သည်မို့ ကြည်သာမှ မလာရဲပဲဖြစ်နေရသည်။

"နိုးပြီလား အကိုကြီး....."

အစထဲက သူထိုင်နေရာကို သိပါလျက်နှင့် နိုးပြီးလား အကိုကြီးဟု ဘာကြောင့်ပြောသည်မသိလိုက်ခင်မှာပဲ ကြည်သာအခန်းအတွင်း ဝင်ရောက်လာပြီဖြစ်တဲ့ သက်လျာ။

"ဘာသဘောလဲ ကြည်သာ။
မင်း တကယ်ပဲ ဘာတွေလုပ်နေတာလဲ"

ကုတင်ပေါ်မှာ ခေါင်းအုံးမှီလို့ ထိုင်ပါသော ကြည်သာ၏ လည်ပင်းအင်္ကျီစကို ဆွဲကိုင်လို့ မေးနေသည့် သက်လျာရဲ့ ပုံစံက တော်တော်လေးကို ဒေါသ ထွက်နေသည့်ပုံစံဖြစ်သည်။

"လွှတ်ဦး သက်လျာ။"

"မင်း ပြော...မင်း ဘာစောက်ချိုးတွေ ချိုးနေတာလဲ ဆိုတာ ပြော!!!"

ကြည်သာကို စောင့်တွန်းလိုက်ပြီးနောက်မှာ ကြည်သာ့ကုတင်ပေါ်မှာ တတ်ထိုင်သည်အထိ သက်လျာရဲ့မျက်နှာက ရဲစပ်နေတုန်း။ ကြည်သာ့မှာလည်း သူခိုးလူမိဆိုသလို သကြားလုံးခိုးစားတာကို အမေသိသွားလို့ ကြောက်နေသည့် ကလေးပုံစံ။ အခန်းတံခါးဝမှာလည်း လက်ပိုက်လို့ရပ်ကြည့်နေသည့် ရောင်နီဝန်းသည် သူတို့နှစ်ယောက်ကို ဘာမှမပြောပဲ ငြိမ်သက်နေလေသည်။

"အဝန်းရှိတယ် သက်လျာ။
မင်း ကိုယ်မင်း ထိန်း..."

"ဘာထိန်း ရမှာလည်း ငါဘာလုပ်နေလို့လဲဟ။
ဟေ့ကောင် မင်း မလှိမ့်တပတ်တွေမလုပ်နဲ့နော်။ အဆောင်ကိစ္စကို အခုရှင်း။ အခုရှင်း...."

"ငါက ဒီတိုင်း"

"ဘာဒီတိုင်းလဲ ဟေ့ကောင်။
မင်း အတွေးကို ငါမသိဘူးမထင်နဲ့။
မင်း ငါ့လက်က လွတ်မယ်ထင်နေရင် မှားမယ်..."

ကြည်သာ့ ရင်ဘက်ကို လက်သီးဖြင့် ခပ်ပြင်းပြင်း တစ်ချက်ထိုးရင်း မာန်လေတော့ ကြည်သာ့မှာ မျက်နှာရှုံ့မိသည်အထိ အီစိမ့်သွားရလေသည်။

"....."

"အပိုတွေနဲ့ ကွာ။ မင်းတော့....."

ကြည်သာက ဘာမှမပြောပဲ နေလေလေ သက်လျာမှာ ဒေါသထွက်လေလေနှင့် နောက်ဆုံး ကြည်သာကပဲ အေးသက်စွာနှင့် အနိုင်ရသွားခဲ့လေသည်။

လက်လျော့လိုက်ရသူက သက်လျာပင်။
"ငါ့ကို မမြင်ချင်တော့လို့မလား။
ငါပဲ အဆောင်ပြောင်းမယ်။ ဟိုကောင် ရောင်နီဝန်း ပစ္စည်းသိမ်းပြီး ငါ့အဆောင်ကို လာပို့...."

ဒေါကြိီးမောကြီးနှင့် ပြောသွားသည့်အတိုင်း ရောင်နီဝန်းသည် ချက်ချင်းပင် သက်လျာအခန်းသို့သွားပြီး သက်လျာပစ္စည်းတွေကို သိမ်းသည်က ညနေဘက်မှာ သက်လျာရဲ့ ပစ္စည်းတွေကို သက်လျာအရင်နှစ်တွေက နေခဲ့သည့် အဆောင်ဆီသို့ မြင်းလှည်းငှားကာဖြင့် အရောက်ပို့ပေးခဲ့လေသည်။

အပြန်ကိုတော့ မြင်းလှည်း ထပ်မငှားတော့ပဲ အပင်ရိပ်ကိုခိုကာ အေးသက်စွာနှင့်ပင် လမ်းလျှောက်ပြန်ခဲ့လိုက်သည်။

"အကို...."

"ဘယ်သွားမို့လဲ သော်။"

"အခွေသွားဝယ်ရင် ကောင်းမလားလို့တွေးပြီး ထွက်လာတာပဲ။ ဒါပေမယ့်လည်း အခုတော့ အကိုနဲ့တွေ့ပြီဆိုတော့ အိမ်ပဲ ပြန်လိုက်မယ်လေ..."

"မဟုတ်တာပဲ သော်ရ။ သော်သွားစရာရှိတာ သွားပါကွာ။ ကိုယ်လိုက်ခဲ့ပေးရမလား။"

"ရပါတယ်ဗျာ။ အရေးတကြီး လိုချင်တာမျိုးလည်း မဟုတ်ပါဘူး။ ဒီတိုင်းပျင်းပျင်းရှိလှလို့ ထွက်လာတာပါ"

"ကိုယ်လည်း တစ်နေ့လုံး ကိုသက်ပစ္စည်းတွေသိမ်းနေတာနဲ့ သော့်အိမ်ဘက်ကိုမရောက်ဖြစ်ဘူး။ တစ်နေ့လုံး သော်တော့ ပျင်းပျင်းရှိနေခဲ့မှာပဲ..."

"အရမ်းကြီးတော့လည်း မဟုတ်ပါဘူးဗျ။ ဒီတိုင်းပဲ ကဗျာရေးနေရင်းနဲ့ အချိန်တွေ ကုန်သွားတာ..ညောင်းလာလို့ အကျောဆန့်လိုက်မှ ညနေဘက်ရောက်မှန်းသိလိုက်တာ"

"ဘာလဲ သော်လည်း ၁၆နှစ်သားမှာ နာမည်ကြီး ကဗျာ ရေးခဲ့ချင်တာလားကွ...."

"ရှင်မဟာရဌသာရလို ဘူရိဒတ်လင်္ကာကို ရေးနိုင်မယ်တော့မထင်ပါဘူးဗျာ။ သားတော်နဂါးမင်းကို လွမ်းဆွတ်နေရတဲ့ မယ်တော့်အတွက် အဖွဲ့ကို ကျွန်တော်မရေးဝံ့ပါဘူး အကိုရာ။ ကျွန်တော်က...."

ကျွန်တော်က အကို့ဘွဲ့တေးတွေကိုပဲ သီချင်တာ။

"ဒီမှာ ထိုင်ဦးမလား သော်။
အေးအေးဆေးဆေးမှပဲ အဆောင်ပြန်ကြတာပေါ့"

အကို့ဘက်က ချိန်းဆိုမှုကို ကျွန်တော်မငြင်းပါပဲနှင့် ကျုံးရေပြင်ဆီ မျက်နှာမူလို့ ထိုင်မိသည်။

"ပြောပါဦး သော်က ဘာကဗျာတွေရေးရတာ သဘောကျလဲ။"

ကျွန်တော့်ကို မကြည့်ပဲ ရေပြင်ဆီသို့ ကြည့်နေပါသော အကို့မျက်နှာ တခြမ်းအနေအထားကို စူးစူးစိုက်စိုက်ကြည့်ရင်း ကျွန်တော်ဖြေမိတာက....
"အချစ်အကြောင်း..."

မရဲဝံ့သော်လည်း သိစေချင်သည်။ အချိန်မကြာသေးသော်လည်း ကျွန်တော့်ဘက်က တစ်နေ့တစ်နေ့ ပိုပြီးတိုးလာရုံကလွဲလို့ လုံးဝအနုတ်ဘက်သို့ မရောက်သွားတဲ့ ကျွန်တော့်မေတ္တာ အတိုင်းအတာက အလုံးအရင်းနဲ့ကို အကို့ကမ္ဘာမှာ နေရာယူချင်နေသည်။ အကို့ကမ္ဘာကို ကျွန်တော်အပိုင်စားရချင်လွန်းလှသည်။

"ဒီကောင်လေးတော့ အခုမှ ပထမနှစ်ရှိသေးတာကို တဏှာစိတ်တွေရှိနေပြီ။"

"အကိုရော ဒုတိယနှစ်ရောက်ပြီ။ သဘောကျတဲ့ သူ မရှိသေးဘူးလား။"

"အပူတွေ မလိုချင်ပါဘူးကွာ။ ကိုယ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲဖြတ်သန်းချင်တာ သော်ရ။"

"သြော်..."

အကို့စကားကြောင့် ကျွန်တော့်မှာ ဘာမှ ဆက်မပြောနိုင်ပဲဖြစ်သွားရသည်။ ငြိမ်းချမ်းချင်တဲ့ ကျွန်တော့်ချစ်ရသူကို ကျွန်တော့်ဘက်က ဘယ်လိုများ ချစ်ခွင့် ပန်ရပါ့။

"သီချင်းဆက်ရအောင်လေ သော်။ တစ်ပုဒ်လုံးဆိုကြေးနော်။ ကိုယ်အရင်မေးမယ်"

"ဟုတ်ကဲ့..."
ချစ်ရသူ နားသောတ ဆင်ဖို့ရန်အတွက် လေညှင်းနှင့်အပြိုင် ချစ်ရသူနားကို ပြိုင်ဆိုင်သိမ်းဖို့ရန် အတွက် တံတွေးတစ်ချို့ကို မြိုချပြီး လည်ချောင်းကို စိုစွတ်စေလိုက်သည်။

"ပ' နဲ့ စတာ သော်...."

အကို့ဘက်က အမေးပြုတဲ့ အစ စာလုံးကို မတွေးတောမိပါပဲ အလိုအလျောက် ကျွန်တော်ဆိုမိလိုက်သည့် သီချင်းက...
🎶 ပန်းဆက်သမားလေးရဲ့ ချစ်သူ။ ပုပ္ပါးသူလေးရဲ့ ချစ်သူ။ ချစ်ခဲ့ဖူးသည် လွမ်းခဲ့ဖူးသည် ပျော်တော့လည်းပျော်ဖူးပါသည်။ မှိုင်းမှုန်ပြာရီ တိုင်းပုဂံဆီိက ကိုဗျတ္တနဲ့ မယ်ဝဏ္ဏလေးတို့ သူတို့နှစ်ဦးပျော်ဖူးခဲ့သည်။ ရွှေစကားကြိုင်သင်း ချစ်ခြင်းသက်သေတည် မျက်ရည်ဖြေမဆည် ချစ်ပုပ္ပါးဆီ လွမ်းစရာ့ဌာနီ။

သြော် ချစ်ခဲ့ဖူးသည် လွမ်းခဲ့ဖူးသည် ပျော်တော့လဲ ပျော်ဖူး....🎶

ဆက်ဆိုလို့ မရတော့ပါပဲနှင့် တိမ်ဝင်သွားပါသော ကျွန်တော့်အသံနှင့်အတူ ထိန်းချုပ်ခြင်းလွတ်လပ်နယ်မြေဆီသို့ ဒလဟောကျဆင်းသွားတဲ့ ကျွန်တော့်မျက်ရည်တွေက ပါးပြင်မှသည် လည်ပင်းဆီသို့ ချက်ချင်းဆိုသလို ရောက်လာသည်ကို စိုစွတ်မှုတွေကနေ တဆင့်ခံစားသိသော်လည်း ဖယ်ရှားဖို့ရန်အတွက် ကျွန်တော့်လက်တွေက ကျွန်တော့်ဦးနှောက်ရဲ့ အချက်ပေးမှုကို စောင့်ဆိုင်းနေရလေသည်။

"ကလေးလား သော်ရာ။ ကြည့်ပါဥိီး ငိုနေလိုက်တာ"

သူဝတ်ထားပါသော လက်ရှည်၏ အင်္ကျီအစွန်းစနှင့် သော့်ပါးပြင်ဆီက မျက်ရည်တွေကို သုတ်ပေးရင်း မချိတင်ကဲ ပြောဆိုနေသည့် ရောင်နီဝန်းအသံသည် ဝမ်းနည်းမှုတို့ရှိမနေပါ။

"အကို ဘာမှမဖြစ်ဘူးလားဟင်..."

မျက်ရည်တို့ကို ပပျောက်စေဖို့ မျက်တောင်ခတ်ရင်းနှင့် မျှော်လင့်တကြီးနဲ့မေးလိုက်မိသည်က...
"သီချင်းပဲကို သော်ရာ" လို့ ဖြေပေးဖို့မှမဟုတ်တာ။

ကျွန်တော်ပဲ ကျွန်တော်ကပဲ ခံစားချက်တွေလွယ်နေသည်လားဗျာ။

"ဗျတ္တနဲ့ မယ်ဝဏ္ဏရဲ့ချစ်ဇာတ်လမ်းကို အကိုမသိလို့ဖြစ်မယ်။ ဒါကြောင့် ဒီသီချင်းကို မခံစားတတ်တာဖြစ်မယ်..."

"ကိုယ်က မသိပဲနေပါ့မလား သော်ရ။ ဇော်ဂျီဖိုဝင်သားစားပြီး သထုံကနေပြေးလာတဲ့ ကုလားငယ်ဗျတ္တ ဗျာ။ ပုဂံကိုရောက်တော့ အနော်ရထာမင်းက အပြေးသန်တဲ့ဗျတ္တကို ပန်းဆက်သမားရာထူးခန့်ပြီး ပုဂံကနေ တောင်ဘက် မိုင်(၃၀)ဝေးတဲ့ ပုပ္ပါးကနေ ပန်းတွေဆက်သစေတယ်။ ဟော အဲ့လိုနဲ့ လာပါများတော့  ပုပ္ပါးသူမယ်ဝဏ္ဏနဲ့တွေ့တယ်ဗျာ။ နေ့စဥ် တွေ့နေရတော့ ချစ်ကြကြိုက်ကြဖြစ်ကြရော။ အဲ့ဒီမှာ ဗျတ္တပုဂံပြန်ရင် မယ်ဝဏ္ဏမှာ လွမ်းပြီးကျန်ခဲ့။အဲ့တာကို သီချင်းရေးထားတာလေ။ ဒါပေမယ့်လည်း သော်ရယ် ကိုဗျတ္တနဲ့ မယ်ဝဏ္ဏက ခဏခဏခွဲရတယ်သာဆိုတယ် သားတော်နှစ်ပါးကိုတော့ ရတဲ့အချိန်လေးမှာ ဖြစ်ထွန်းအောင် ဖွားမြင်ခဲ့သေးတယ်ဗျာ။ ရွှေဖျဥ်းညီနောင်လေ...."

ကျွန်တော့်ထက်ပင် ပိုလို့ သိပါသော သမိုင်းကြောင်းများ။ ကျွန်တော်ဆို မယ်ဝဏ္ဏနဲ့ဗျတ္တကို အတွဲဆိုတာသိသည်။ သို့သော်လည်း ရွှေဖျဥ်းညီနောင်နှင့် ဤသို့တော်စပ်သည်မှန်း မသိခဲ့ပါ။ ဒါကြောင့် ကျွန်တော်တွေးမိသည်က ဇာတ်ကြောင်းကို သိသိရက်နှင့် မခံစားရသည်က ကျွန်တော့်အသံကပဲ သီချင်းကို မပေါ်လွင်စေလို့လား။

"ကျွန်တော့်အသံက သီချင်းကို ပုံဖော်မပေးနိုင်လို့လား အကို။"

"မဟုတ်တာကွာ။ သော့်အသံက နားထောင်လို့ကောင်းလွန်းလို့ ကိုယ့်က သီချင်းဆက်ရအောင် အစအဆုံးဆိုပြီး ဂွင်ဆင်နေတဲ့ဥစ္စာ။ အခုတော့ သီချင်း တစ်ဝက်မှာတင် အသံကောင်းတဲ့ သော်လေးက ငိုတော့ ကိုယ့်မှာ အောက်သက်သက်နဲ့"

အပြောချိုချိုလေးတွေနဲ့ အကိုက ကျွန်တော့်မျက်ရည်တွေကို ခမ်းခြောက်အောင်လုပ်နေလေသည်။ အကို့အပြောကြောင့် ကျွန်တော့် နှလုံးသားလေးက ယားစိစိဖြစ်လာပေမယ့်လည်း...
"အကို့မှာ အသည်းနှလုံးမရှိဘူးလား" လို့ တိုးဆိတ်စွာနှင့် နှုတ်က မေးခွန်းထုတ်မိလေသည်။

"ဟောဗျာ....စွဲချက်ကပြင်းတယ်ဗျ"
ရယ်သံဖက်လို့ ပြောပါသော ထိုအပြောသည် ပုံမှန်အသံထက် ကျယ်လို့နေသည်။

ကျွန်တော့်မျက်ရည်တွေ ခမ်းခြောက်ဖို့ လေရဲ့ အကူအညီကို ယူနေရတဲ့ ထိုခဏမှာ မြင်လိုက်ရတဲ့ အကိုအပြုံးလေးကြောင့် ကျွန်တော့်နှုတ်ခမ်းတွေလည်း ကွေးညွှတ်လို့သွားရသည်။

ညနေခင်းရဲ့ လေပြေထဲမှာ ကျွန်တော်နဲ့ အကို့ရဲ့ အပြုံးတွေ ရောစပ်ယှက်ဖြာလို့နေသည်က ကောင်းကင်ရဲ့အလှတရား ရောင်စဥ်ခုနှစ်ဖြာရှိသည့် သက်တန့်နှင့် နေမင်း၏တောက်ပမှုတို့ ရောစပ်လျှင်တောင်မှ ကျွန်တော်တို့ကို မှီနိုင်အံ့မထင်ပါ။

"ပြန်ကြမလား သော်..."

"ဟုတ်..."

အကိုနဲ့အတူ လျှောက်ခဲ့တဲ့ အိမ်ပြန်လမ်းဆီမှာ နေမင်းက ကျွန်တော့်ချစ်ရသူ ရောင်နီဝန်းရဲ့ခြေရင်းမှာ ဝတ်တွားခယသည့် အနေအထားသို့ရောက်ခဲ့လေပြီ။

တဖြည်းဖြည်းနဲ့ ကြီးစိုးလာတဲ့ အမှောင်ထုကိုလည်း ကျွန်တော့်အကိုရဲ့ အပြုံးတွေနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့သည်။

"ဒီညတော့ အနောက်ဆောင်က နည်းပညာ ကျောင်းသူလေးတွေကို ခြွေရအောင်လေ။"

ကျောချင်းကပ်လျက်အဆောင်မှာ တစ်ယောက်နှစ်ယောက်သာရှိသည့် နည်းပညာတက္ကသိုလ်ကျောင်းသူတွေကို သီချင်းဆိုရင်း ခြွေဖို့ရန်အတွက် ဦးဆောင်သူက သန်းတိုးအောင်ဖြစ်သည်။

"ခဏ ခဏ...ကိုတိုး။ ဒီည သော့်ကို ဆိုခိုင်းရအောင်"

"မလုပ်ပါနဲ့ဗျာ။ ကျွန်တော် ဂဲကြောက်ပါတယ်"

"ဟားဟားးး..."

"ကဲ သွားစို့ဟေ့..."

အကြီးတွေရဲ့ တောင်းဆိုမှုကို ဘယ်လိုမှ မငြင်းနိုင်တော့ပဲ စန္ဒသော်ကအောင်သည် သက်တန့်ကြည်သာ၏ ဂီတသံစဥ်ကို နားဆင်ရင်း...
🎶ညတုန်းက တွေ့ရတယ် ကောင်မလေးတစ်ယောက်။ ပျောက်သွားလို့ လိုက်ရှာနေတယ်။ ညမွှေးပန်းကလေးရယ်။ တွေ့များ တွေ့မိသလားကွယ်။ ဖွေရှာသူမောလို့ ငိုရလိမ့်မယ်။ ဖွေရှာသူမောလို့ ငို ငိုရလိမ့်မယ်။

အိမ်မက်ထဲက မိန်းမလှလေးရယ်။ ရှောင်ပြေးလို့ ပုန်းနေသလားကွယ်။ လစန္ဒာရယ် တွေ့များတွေ့မိသလားကွယ်။ ဖွေရှာသူမောလို့ ငိုရလိမ့်မယ်။ ဖွေရှာသူမောလို့ ငို ငိုရလိမ့်မယ်။ 🎶

မနေ့ညက ညမွှေးပန်းက ညလုံးပေါက်သွားသည်မို့ ကျွန်တော်ကိုယ်တိုင်လည်း အိမ်ကိုလင်းခါနီးမှပဲ ပြန်ရတော့မည်။ အရက်မူးနေကြတာလဲ မဟုတ်ပါပဲ ညမွှေးပန်းသီချင်းကို ဂျာအေးသူ့အမေရိုက်ဖြစ်နေသည့် ကိုတိုးတို့အုပ်စုထဲ ကိုကြည်သာက အဆိုးဆုံးဖြစ်သည်။ ကိိုသက် ရှိတုန်းက ငြိမ်သက်လှတဲ့ ကိုကြည်သာက  ညကတော့ဖြင့် အစွမ်းကုန်သောင်းကျန်းကာ ဂီတာကို လက်ကမချ တီးသည်က ညမွှေးပန်းတစ်ပုဒ်ထဲကို သံစဥ်တွေက ဟိုရောက်ဒီရောက်ဖြစ်နေသည်။

တော်သေးသည် အရက်မသောက်ထားလို့ ဟုသာ တွေးမိပေမယ့်လည်း အနံ့နဲ့ပတ်သတ်ရင် သိပ်ပြီး အာရုံခံလို့မကောင်းတဲ့ ကျွန်တော်က အကြီးတွေ ခန္ဓာကိုယ် ယိုင်၊မယိုင်ကိုကြည့်ပြီး အရက်သောက်၊မသောက်ကို ဆုံးဖြတ်ခြင်းဖြစ်၏။

"ကိုသက်သာရှိရင် ကျွန်တော်တို့ကို ရှယ်သတ်မှာဗျာ..."

"အခု မရှိပါဘူးကွ"

"Ok ok..အကိုကြီး အိပ်နှင့် ကျွန်တော် သော့်ကိုလိုက်ပို့လိုက်ဦးမယ်။"

"ယောကျာ်းအချင်းချင်းလည်း ဂရုမစိုက်နဲ့။"

"အင်း အင်း...."

နောက်ဆက်တွဲ ပြောနေပါသော ကိုကြည်သာ့ အသံတို့ကို လျစ်လျူရှူရင်း ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါသောအကို။ ခြံစည်းရိုးခြင်း ကပ်နေသည့်တိုင် အကိုက ကျွန်တော့်ကို ဘယ်တော့မှ တစ်ယောက်ထဲ မပြန်ခိုင်း၊ ကျွန်တော် အိမ်ထဲကို ရောက်တာ သေချာပြီးမှ အကိုက သူ့အဆောင်ဘက် ကူးသွားတတ်သည်က သူနဲ့ကျွန်တော် ခွဲခွာသည့် အချိန်တိုင်းဖြစ်သည်။

"ဒီမှာပဲ အိပ်သွားပါလား အကို.."

"မလုပ်ပါနဲ့ သော်ရ။ အကိုကြီးက မှာထားတယ် ယောကျာ်း အချင်းချင်းလည်း မယုံနဲ့တဲ့ ဟားဟားးး......"

"အကိုကလည်း"

အကို့အပြောကြောင့် ကျွန်တော့်မှာ အပျိုဖြန်းလေးလိုပဲ ရှက်သွားရသည်။ ယောကျာ်းကြီးဖြစ်ပါလျက်နဲ့ ထိုအပြောကိုတော့ မျက်နှာတော်တော်ပူမိပါသည်။ ဟုတ်သည် မသိရင် ကျွန်တော်ကပဲ သူ့ကို ဖြားယောင်းသွေးဆောင်မည့် သူကျလို့။

"သွားတော့မယ်။ ဒါနဲ့ ဟောကိန်းထုတ်တဲ့ ပုဏ္ဏားရှစ်ယောက် အမည်သိလား"

"ဗျာ..."

အိမ်ပေါက်ဆီရောက်နေပြီ ဖြစ်တဲ့ကျွန်တော်သည် အကို့အမေးကို နားမလည်လို့ပြန်မေးသည်ကို အကိုက ကျွန်တော်မကြားဘူးထင်ပြီး...
"ဘုရားမမွေးခင်က ဟောကိန်းထုတ်တဲ့ ပုဏ္ဏားအမည်ကို ပြောတာလေ။" ဟု အသံမြှင့်လို့ပြောသည်။

မျက်လုံးတွေ ကျိမ်းစပ်နေပါသည်ဆိုမှ ခက်ခက်ခဲခဲထိုအမေး။ ပဥ္စဝဂ္ဂီ ငါးပါး အမည်လို့မေးလျှင်တော်သေးသည်။ အခုတော့ဖြင့် ကျွန်တော်မှာ ဦးနှောက်ထဲရှိ အလွှာတွေကို တဖြည်းဖြည်းချင်းတူးဆွပြီး လေးတွဲ့တွဲ့နှင့် ဖြေပေးရသည်။

"ကောဏ္ဍည၊ ရာမ၊ ဓဇ၊ လက္ခဏ၊ ယည၊ သုဘောဇ၊ သုယာမ ...."

လက်ချောင်းတွေကို ချိုးရင်း ရေတွက်ကာ ဖြေနေသည်က တစ်ချောင်းလိုနေသည်။ မှားလို့ တစ်ယောက်ကျန်နေလေသည်။ ပုဏ္ဏား(၈) ယောက်မှာ တစ်ယောက်ကို ဘယ်လိုမှ စဥ်းစားမရတော့။ အိပ်ချင်နေပါသည်ဆိုမှ အတင်းတွေ ဇာတ်တွေစဥ်းစားတော့ ကျွန်တော့်မှာ ခေါင်းတွေရော၊ မျက်လုံးတွေပါ ထူပူစပ်လာသည်။

"ဇောတိမန္တ ပါ သော်ရ။ ကဲ အိပ်ချင်တယ် ဆိုလည်း အိပ်တော့ကွာ..."

မျက်လုံးတွေ မှိတ်လိုက် ဖွင့်လိုက်နဲ့ အကျပ်ရိုက်နေတဲ့ သော့်ကို ကြည်ရင်းသနားလာသည်မို့ ထပ်ပြီး အနှောက်အယှက်မပေးတော့ပဲ ကိုယ့်အဆောင်ကိုပဲ ပြန်ဖို့ရန်လှည့်လိုက်သည်။

"ယသော်ဓရာ မဖြစ်ချင်ဘူး အကို"

နောက်ကျောဆီသို့ ထိတွေ့ပါသော ထိုအသံသည် အဝန်း၏ ကျောပြင်တစ်ခုလုံးကို ချက်ချင်းပဲ ကြက်သီးမွှေးညှင်း ထသည်အထိ စွမ်းဆောင်နိုင်သည်။

"ကိုယ် သွားတော့မယ်။"

"ခဏ အကို။ "

ကျွန်တော့်ကို ကျောပေးထားတဲ့ အကို့ဆီသို့လျှောက်သွားလိုက်ရင်း အကိုနဲ့မျက်နှာချင်းဆိုင် အနေအထားမှာ ကျွန်တော်ခြေလှမ်းတွေကို ရပ်တန့်ဖြစ်သည်က ...
"ကိုသက် ဘာလို့ ပြောင်းသွားတာလဲ အကို"

အကို့မျက်နှာကို စေ့စေ့ကြည့်ပြီး တိကျသေချာသည့် အဖြေကို အကို့ဆီကနေ လိုချင်လို့ဖြစ်၏။

"ကိုယ်မသိဘူး သော်"

"ဒါဆို မနေ့ညက ကျွန်တော့်မျက်လုံးတွေကို ဘာလို့မှိတ်ထားတာလဲ"

မနေ့ညက "ခဏလေး သော်" ဟုဆိုက အလျင်စလိုနှင့် ကျွန်တော့်မျက်လုံးတွေကို သူ့လက်ဖဝါးတွေနဲ့ ဖုံးကွယ်လိုက်သည့်အကိုသည် ကိုကြည်သာနှင့် ကိုသက်ကြားက တစ်ခုခုကို မြင်သွားသည်က သေချာပါသည်။

အချိန်တစ်ခုအထိ ကျွန်တော့်မျက်လုံးတွေကို ပိတ်ထားပြီး..."အကိုကြီးတို့ ဘယ်များရောက်သွားလဲ...." လို့ မေးသည်က သေချာပေါက် အကိုမသိလို့မေးခြင်းမဟုတ်ပဲ သိသိလျက်နဲ့အသံကျယ်ထုတ်ပြီး မေးသည်ဟု ကျွန်တော်ခံစားနေရသည်။ ကျွန်တော့် မသိစိတ်က သိနေသည်။ ကိုသက်အဆောင်ပြောင်းသွားသည်က အကိုနဲ့သက်ဆိုင်နေမည်ဆိုတာပင်။

"အဲ့တာက ရှေ့မှာရှိတဲ့ ထင်းချောင်းကို မြွေထင်သွားလို့ သော်ရ။ သော်များ ကြောက်နေမလားလို့..."

ဖြူစင်နဲ့ အပြုံးတွေနဲ့ ဖုံးကွယ်ပြီး လိမ်ပြောနေတဲ့ အကို့စကားလှလှလေးကြောင့် မဟုတ်မှန်းသိတာတောင် ကျွန်တော့်မှာ ဆက်မေးဖို့ရန်အတွက် ခွန်အားမရှိတော့ပါ။ ဒီရောက်မှ ရင်းနှီးခဲ့သည့် လူတွေအထဲမှာ နားလည်ရအခက်ဆုံးက အကိုပင်။

ဒီလိုနားလည်ရခက်တဲ့ သူကိုမှ ကျွန်တော့်နှလုံးသားက ခက်ခက်ခဲခဲနှင့် နက်နက်နဲနဲ ကျွမ်းဝင်လို့နေသည်။

"ကျေးဇူး အကို.."

"ရပါတယ်ကွာ။ ကဲ ကောင်းကောင်းအိပ်ပါ သော်"

အကို့စကားကြောင့် ကောင်းကောင်း အိပ်ပျော်ဖို့ ကြိုးစားပါသော်လည်း အကို့အကြောင်းတွေကို တွေးရင်း ကျွန်တော့်မှာ အိပ်လို့မပျော်ခဲ့ပါ။



__________________________

Zawgyi......


"အကိုႀကီး အေဆာင္ရွာေနတယ္ဆို။
ကိုသန္႔က ေျပာလိုက္တာ။ ဘယ္လိုျဖစ္တာလဲဗ်ာ...."

စက္ဘီးကို ေဒါက္ေထာက္ၿပီးေနာက္တြင္ အေဆာင္ထဲသို႔ ေျခလွမ္းအက်ဲမ်ားျဖင့္ေလွ်ာက္လာရင္း ေျပာသည့္ ထိုစကားသည္ ေတာ္ေတာ္ေလးကို က်ယ္ေလာင္လြန္းသည္။

"ဘယ္အကိုႀကီးလဲ ေဟ့ေကာင္....."

ပုဆိုးခါးဖုံစ ကို လက္ျဖင့္ေျမႇာက္ကိုင္လ်က္ အခန္းတံခါးဝကေန ေမးေနေသာ သက္လ်ာသည္ အခုမွ အိပ္ရာကေန ကုန္း႐ုန္းၿပီး ထ,လာသည့္ပုံစံပင္။

"အကိုႀကီးၾကည္သာေလ ကိုသက္။ ကြၽန္ေတာ့္ကိုလည္း ကိုသန္႔ေျပာလိုက္တာ။ သူတို႔အေဆာင္မႉးဆီ ဖုန္းဆက္ၿပီး အခန္းအလြတ္ရွိေသးလား ေမးတယ္တဲ့။"

သူ႔အခန္းတံခါးကေန သက္လ်ာအခန္းဆီသို႔ၾကည့္ရင္း ရွင္းျပေနသည့္ ေရာင္နီဝန္းကို ၾကည္သာ ေစာင့္ကန္လိုက္ခ်င္သည္။ ထိုသို႔ ေစာင့္ကန္ဖို႔ရန္အတြက္ဆို ဒီေကာင္ေလးရွိရာသို႔ သြားရမည္။ ဒီေကာင္ေလးရွိရာသည္ သက္လ်ာ မ်က္ႏွာမူေနရာ အရပ္ျဖစ္သည္မို႔ ၾကည္သာမွ မလာရဲပဲျဖစ္ေနရသည္။

"ႏိုးၿပီလား အကိုႀကီး....."

အစထဲက သူထိုင္ေနရာကို သိပါလ်က္ႏွင့္ ႏိုးၿပီးလား အကိုႀကီးဟု ဘာေၾကာင့္ေျပာသည္မသိလိုက္ခင္မွာပဲ ၾကည္သာအခန္းအတြင္း ဝင္ေရာက္လာၿပီျဖစ္တဲ့ သက္လ်ာ။

"ဘာသေဘာလဲ ၾကည္သာ။
မင္း တကယ္ပဲ ဘာေတြလုပ္ေနတာလဲ"

ကုတင္ေပၚမွာ ေခါင္းအုံးမွီလို႔ ထိုင္ပါေသာ ၾကည္သာ၏ လည္ပင္းအက်ႌစကို ဆြဲကိုင္လို႔ ေမးေနသည့္ သက္လ်ာရဲ႕ ပုံစံက ေတာ္ေတာ္ေလးကို ေဒါသ ထြက္ေနသည့္ပုံစံျဖစ္သည္။

"လႊတ္ဦး သက္လ်ာ။"

"မင္း ေျပာ...မင္း ဘာေစာက္ခ်ိဳးေတြ ခ်ိဳးေနတာလဲ ဆိုတာ ေျပာ!!!"

ၾကည္သာကို ေစာင့္တြန္းလိုက္ၿပီးေနာက္မွာ ၾကည္သာ့ကုတင္ေပၚမွာ တတ္ထိုင္သည္အထိ သက္လ်ာရဲ႕မ်က္ႏွာက ရဲစပ္ေနတုန္း။ ၾကည္သာ့မွာလည္း သူခိုးလူမိဆိုသလို သၾကားလုံးခိုးစားတာကို အေမသိသြားလို႔ ေၾကာက္ေနသည့္ ကေလးပုံစံ။ အခန္းတံခါးဝမွာလည္း လက္ပိုက္လို႔ရပ္ၾကည့္ေနသည့္ ေရာင္နီဝန္းသည္ သူတို႔ႏွစ္ေယာက္ကို ဘာမွမေျပာပဲ ၿငိမ္သက္ေနေလသည္။

"အဝန္းရွိတယ္ သက္လ်ာ။
မင္း ကိုယ္မင္း ထိန္း..."

"ဘာထိန္း ရမွာလည္း ငါဘာလုပ္ေနလို႔လဲဟ။
ေဟ့ေကာင္ မင္း မလွိမ့္တပတ္ေတြမလုပ္နဲ႔ေနာ္။ အေဆာင္ကိစၥကို အခုရွင္း။ အခုရွင္း...."

"ငါက ဒီတိုင္း"

"ဘာဒီတိုင္းလဲ ေဟ့ေကာင္။
မင္း အေတြးကို ငါမသိဘူးမထင္နဲ႔။
မင္း ငါ့လက္က လြတ္မယ္ထင္ေနရင္ မွားမယ္..."

ၾကည္သာ့ ရင္ဘက္ကို လက္သီးျဖင့္ ခပ္ျပင္းျပင္း တစ္ခ်က္ထိုးရင္း မာန္ေလေတာ့ ၾကည္သာ့မွာ မ်က္ႏွာရႈံ႕မိသည္အထိ အီစိမ့္သြားရေလသည္။

"....."

"အပိုေတြနဲ႔ ကြာ။ မင္းေတာ့....."

ၾကည္သာက ဘာမွမေျပာပဲ ေနေလေလ သက္လ်ာမွာ ေဒါသထြက္ေလေလႏွင့္ ေနာက္ဆုံး ၾကည္သာကပဲ ေအးသက္စြာႏွင့္ အႏိုင္ရသြားခဲ့ေလသည္။

လက္ေလ်ာ့လိုက္ရသူက သက္လ်ာပင္။
"ငါ့ကို မျမင္ခ်င္ေတာ့လို႔မလား။
ငါပဲ အေဆာင္ေျပာင္းမယ္။ ဟိုေကာင္ ေရာင္နီဝန္း ပစၥည္းသိမ္းၿပီး ငါ့အေဆာင္ကို လာပို႔...."

ေဒါႀကိီးေမာႀကီးႏွင့္ ေျပာသြားသည့္အတိုင္း ေရာင္နီဝန္းသည္ ခ်က္ခ်င္းပင္ သက္လ်ာအခန္းသို႔သြားၿပီး သက္လ်ာပစၥည္းေတြကို သိမ္းသည္က ညေနဘက္မွာ သက္လ်ာရဲ႕ ပစၥည္းေတြကို သက္လ်ာအရင္ႏွစ္ေတြက ေနခဲ့သည့္ အေဆာင္ဆီသို႔ ျမင္းလွည္းငွားကာျဖင့္ အေရာက္ပို႔ေပးခဲ့ေလသည္။

အျပန္ကိုေတာ့ ျမင္းလွည္း ထပ္မငွားေတာ့ပဲ အပင္ရိပ္ကိုခိုကာ ေအးသက္စြာႏွင့္ပင္ လမ္းေလွ်ာက္ျပန္ခဲ့လိုက္သည္။

"အကို...."

"ဘယ္သြားမို႔လဲ ေသာ္။"

"အေခြသြားဝယ္ရင္ ေကာင္းမလားလို႔ေတြးၿပီး ထြက္လာတာပဲ။ ဒါေပမယ့္လည္း အခုေတာ့ အကိုနဲ႔ေတြ႕ၿပီဆိုေတာ့ အိမ္ပဲ ျပန္လိုက္မယ္ေလ..."

"မဟုတ္တာပဲ ေသာ္ရ။ ေသာ္သြားစရာရွိတာ သြားပါကြာ။ ကိုယ္လိုက္ခဲ့ေပးရမလား။"

"ရပါတယ္ဗ်ာ။ အေရးတႀကီး လိုခ်င္တာမ်ိဳးလည္း မဟုတ္ပါဘူး။ ဒီတိုင္းပ်င္းပ်င္းရွိလွလို႔ ထြက္လာတာပါ"

"ကိုယ္လည္း တစ္ေန႔လုံး ကိုသက္ပစၥည္းေတြသိမ္းေနတာနဲ႔ ေသာ့္အိမ္ဘက္ကိုမေရာက္ျဖစ္ဘူး။ တစ္ေန႔လုံး ေသာ္ေတာ့ ပ်င္းပ်င္းရွိေနခဲ့မွာပဲ..."

"အရမ္းႀကီးေတာ့လည္း မဟုတ္ပါဘူးဗ်။ ဒီတိုင္းပဲ ကဗ်ာေရးေနရင္းနဲ႔ အခ်ိန္ေတြ ကုန္သြားတာ..ေညာင္းလာလို႔ အေက်ာဆန္႔လိုက္မွ ညေနဘက္ေရာက္မွန္းသိလိုက္တာ"

"ဘာလဲ ေသာ္လည္း ၁၆ႏွစ္သားမွာ နာမည္ႀကီး ကဗ်ာ ေရးခဲ့ခ်င္တာလားကြ...."

"ရွင္မဟာရဌသာရလို ဘူရိဒတ္လကၤာကို ေရးႏိုင္မယ္ေတာ့မထင္ပါဘူးဗ်ာ။ သားေတာ္နဂါးမင္းကို လြမ္းဆြတ္ေနရတဲ့ မယ္ေတာ့္အတြက္ အဖြဲ႕ကို ကြၽန္ေတာ္မေရးဝံ့ပါဘူး အကိုရာ။ ကြၽန္ေတာ္က...."

ကြၽန္ေတာ္က အကို႔ဘြဲ႕ေတးေတြကိုပဲ သီခ်င္တာ။

"ဒီမွာ ထိုင္ဦးမလား ေသာ္။
ေအးေအးေဆးေဆးမွပဲ အေဆာင္ျပန္ၾကတာေပါ့"

အကို႔ဘက္က ခ်ိန္းဆိုမႈကို ကြၽန္ေတာ္မျငင္းပါပဲႏွင့္ က်ဳံးေရျပင္ဆီ မ်က္ႏွာမူလို႔ ထိုင္မိသည္။

"ေျပာပါဦး ေသာ္က ဘာကဗ်ာေတြေရးရတာ သေဘာက်လဲ။"

ကြၽန္ေတာ့္ကို မၾကည့္ပဲ ေရျပင္ဆီသို႔ ၾကည့္ေနပါေသာ အကို႔မ်က္ႏွာ တျခမ္းအေနအထားကို စူးစူးစိုက္စိုက္ၾကည့္ရင္း ကြၽန္ေတာ္ေျဖမိတာက....
"အခ်စ္အေၾကာင္း..."

မရဲဝံ့ေသာ္လည္း သိေစခ်င္သည္။ အခ်ိန္မၾကာေသးေသာ္လည္း ကြၽန္ေတာ့္ဘက္က တစ္ေန႔တစ္ေန႔ ပိုၿပီးတိုးလာ႐ုံကလြဲလို႔ လုံးဝအႏုတ္ဘက္သို႔ မေရာက္သြားတဲ့ ကြၽန္ေတာ့္ေမတၱာ အတိုင္းအတာက အလုံးအရင္းနဲ႔ကို အကို႔ကမာၻမွာ ေနရာယူခ်င္ေနသည္။ အကို႔ကမာၻကို ကြၽန္ေတာ္အပိုင္စားရခ်င္လြန္းလွသည္။

"ဒီေကာင္ေလးေတာ့ အခုမွ ပထမႏွစ္ရွိေသးတာကို တဏွာစိတ္ေတြရွိေနၿပီ။"

"အကိုေရာ ဒုတိယႏွစ္ေရာက္ၿပီ။ သေဘာက်တဲ့ သူ မရွိေသးဘူးလား။"

"အပူေတြ မလိုခ်င္ပါဘူးကြာ။ ကိုယ္က ေအးေအးေဆးေဆးနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲျဖတ္သန္းခ်င္တာ ေသာ္ရ။"

"ေၾသာ္..."

အကို႔စကားေၾကာင့္ ကြၽန္ေတာ့္မွာ ဘာမွ ဆက္မေျပာႏိုင္ပဲျဖစ္သြားရသည္။ ၿငိမ္းခ်မ္းခ်င္တဲ့ ကြၽန္ေတာ့္ခ်စ္ရသူကို ကြၽန္ေတာ့္ဘက္က ဘယ္လိုမ်ား ခ်စ္ခြင့္ ပန္ရပါ့။

"သီခ်င္းဆက္ရေအာင္ေလ ေသာ္။ တစ္ပုဒ္လုံးဆိုေၾကးေနာ္။ ကိုယ္အရင္ေမးမယ္"

"ဟုတ္ကဲ့..."
ခ်စ္ရသူ နားေသာတ ဆင္ဖို႔ရန္အတြက္ ေလညႇင္းႏွင့္အၿပိဳင္ ခ်စ္ရသူနားကို ၿပိဳင္ဆိုင္သိမ္းဖို႔ရန္ အတြက္ တံေတြးတစ္ခ်ိဳ႕ကို ၿမိဳခ်ၿပီး လည္ေခ်ာင္းကို စိုစြတ္ေစလိုက္သည္။

"ပ' နဲ႔ စတာ ေသာ္...."

အကို႔ဘက္က အေမးျပဳတဲ့ အစ စာလုံးကို မေတြးေတာမိပါပဲ အလိုအေလ်ာက္ ကြၽန္ေတာ္ဆိုမိလိုက္သည့္ သီခ်င္းက...
🎶 ပန္းဆက္သမားေလးရဲ႕ ခ်စ္သူ။ ပုပၸါးသူေလးရဲ႕ ခ်စ္သူ။ ခ်စ္ခဲ့ဖူးသည္ လြမ္းခဲ့ဖူးသည္ ေပ်ာ္ေတာ့လည္းေပ်ာ္ဖူးပါသည္။ မႈိင္းမႈန္ျပာရီ တိုင္းပုဂံဆီိက ကိုဗ်တၱနဲ႔ မယ္ဝဏၰေလးတို႔ သူတို႔ႏွစ္ဦးေပ်ာ္ဖူးခဲ့သည္။ ေ႐ႊစကားႀကိဳင္သင္း ခ်စ္ျခင္းသက္ေသတည္ မ်က္ရည္ေျဖမဆည္ ခ်စ္ပုပၸါးဆီ လြမ္းစရာ့ဌာနီ။

ေၾသာ္ ခ်စ္ခဲ့ဖူးသည္ လြမ္းခဲ့ဖူးသည္ ေပ်ာ္ေတာ့လဲ ေပ်ာ္ဖူး....🎶

ဆက္ဆိုလို႔ မရေတာ့ပါပဲႏွင့္ တိမ္ဝင္သြားပါေသာ ကြၽန္ေတာ့္အသံႏွင့္အတူ ထိန္းခ်ဳပ္ျခင္းလြတ္လပ္နယ္ေျမဆီသို႔ ဒလေဟာက်ဆင္းသြားတဲ့ ကြၽန္ေတာ့္မ်က္ရည္ေတြက ပါးျပင္မွသည္ လည္ပင္းဆီသို႔ ခ်က္ခ်င္းဆိုသလို ေရာက္လာသည္ကို စိုစြတ္မႈေတြကေန တဆင့္ခံစားသိေသာ္လည္း ဖယ္ရွားဖို႔ရန္အတြက္ ကြၽန္ေတာ့္လက္ေတြက ကြၽန္ေတာ့္ဦးေႏွာက္ရဲ႕ အခ်က္ေပးမႈကို ေစာင့္ဆိုင္းေနရေလသည္။

"ကေလးလား ေသာ္ရာ။ ၾကည့္ပါဥိီး ငိုေနလိုက္တာ"

သူဝတ္ထားပါေသာ လက္ရွည္၏ အက်ႌအစြန္းစႏွင့္ ေသာ့္ပါးျပင္ဆီက မ်က္ရည္ေတြကို သုတ္ေပးရင္း မခ်ိတင္ကဲ ေျပာဆိုေနသည့္ ေရာင္နီဝန္းအသံသည္ ဝမ္းနည္းမႈတို႔ရွိမေနပါ။

"အကို ဘာမွမျဖစ္ဘူးလားဟင္..."

မ်က္ရည္တို႔ကို ပေပ်ာက္ေစဖို႔ မ်က္ေတာင္ခတ္ရင္းႏွင့္ ေမွ်ာ္လင့္တႀကီးနဲ႔ေမးလိုက္မိသည္က...
"သီခ်င္းပဲကို ေသာ္ရာ" လို႔ ေျဖေပးဖို႔မွမဟုတ္တာ။

ကြၽန္ေတာ္ပဲ ကြၽန္ေတာ္ကပဲ ခံစားခ်က္ေတြလြယ္ေနသည္လားဗ်ာ။

"ဗ်တၱနဲ႔ မယ္ဝဏၰရဲ႕ခ်စ္ဇာတ္လမ္းကို အကိုမသိလို႔ျဖစ္မယ္။ ဒါေၾကာင့္ ဒီသီခ်င္းကို မခံစားတတ္တာျဖစ္မယ္..."

"ကိုယ္က မသိပဲေနပါ့မလား ေသာ္ရ။ ေဇာ္ဂ်ီဖိုဝင္သားစားၿပီး သထုံကေနေျပးလာတဲ့ ကုလားငယ္ဗ်တၱ ဗ်ာ။ ပုဂံကိုေရာက္ေတာ့ အေနာ္ရထာမင္းက အေျပးသန္တဲ့ဗ်တၱကို ပန္းဆက္သမားရာထူးခန္႔ၿပီး ပုဂံကေန ေတာင္ဘက္ မိုင္(၃၀)ေဝးတဲ့ ပုပၸါးကေန ပန္းေတြဆက္သေစတယ္။ ေဟာ အဲ့လိုနဲ႔ လာပါမ်ားေတာ့  ပုပၸါးသူမယ္ဝဏၰနဲ႔ေတြ႕တယ္ဗ်ာ။ ေန႔စဥ္ ေတြ႕ေနရေတာ့ ခ်စ္ၾကႀကိဳက္ၾကျဖစ္ၾကေရာ။ အဲ့ဒီမွာ ဗ်တၱပုဂံျပန္ရင္ မယ္ဝဏၰမွာ လြမ္းၿပီးက်န္ခဲ့။အဲ့တာကို သီခ်င္းေရးထားတာေလ။ ဒါေပမယ့္လည္း ေသာ္ရယ္ ကိုဗ်တၱနဲ႔ မယ္ဝဏၰက ခဏခဏခြဲရတယ္သာဆိုတယ္ သားေတာ္ႏွစ္ပါးကိုေတာ့ ရတဲ့အခ်ိန္ေလးမွာ ျဖစ္ထြန္းေအာင္ ဖြားျမင္ခဲ့ေသးတယ္ဗ်ာ။ ေ႐ႊဖ်ဥ္းညီေနာင္ေလ...."

ကြၽန္ေတာ့္ထက္ပင္ ပိုလို႔ သိပါေသာ သမိုင္းေၾကာင္းမ်ား။ ကြၽန္ေတာ္ဆို မယ္ဝဏၰနဲ႔ဗ်တၱကို အတြဲဆိုတာသိသည္။ သို႔ေသာ္လည္း ေ႐ႊဖ်ဥ္းညီေနာင္ႏွင့္ ဤသို႔ေတာ္စပ္သည္မွန္း မသိခဲ့ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ေတြးမိသည္က ဇာတ္ေၾကာင္းကို သိသိရက္ႏွင့္ မခံစားရသည္က ကြၽန္ေတာ့္အသံကပဲ သီခ်င္းကို မေပၚလြင္ေစလို႔လား။

"ကြၽန္ေတာ့္အသံက သီခ်င္းကို ပုံေဖာ္မေပးႏိုင္လို႔လား အကို။"

"မဟုတ္တာကြာ။ ေသာ့္အသံက နားေထာင္လို႔ေကာင္းလြန္းလို႔ ကိုယ့္က သီခ်င္းဆက္ရေအာင္ အစအဆုံးဆိုၿပီး ဂြင္ဆင္ေနတဲ့ဥစၥာ။ အခုေတာ့ သီခ်င္း တစ္ဝက္မွာတင္ အသံေကာင္းတဲ့ ေသာ္ေလးက ငိုေတာ့ ကိုယ့္မွာ ေအာက္သက္သက္နဲ႔"

အေျပာခ်ိဳခ်ိဳေလးေတြနဲ႔ အကိုက ကြၽန္ေတာ့္မ်က္ရည္ေတြကို ခမ္းေျခာက္ေအာင္လုပ္ေနေလသည္။ အကို႔အေျပာေၾကာင့္ ကြၽန္ေတာ့္ ႏွလုံးသားေလးက ယားစိစိျဖစ္လာေပမယ့္လည္း...
"အကို႔မွာ အသည္းႏွလုံးမရွိဘူးလား" လို႔ တိုးဆိတ္စြာႏွင့္ ႏႈတ္က ေမးခြန္းထုတ္မိေလသည္။

"ေဟာဗ်ာ....စြဲခ်က္ကျပင္းတယ္ဗ်"
ရယ္သံဖက္လို႔ ေျပာပါေသာ ထိုအေျပာသည္ ပုံမွန္အသံထက္ က်ယ္လို႔ေနသည္။

ကြၽန္ေတာ့္မ်က္ရည္ေတြ ခမ္းေျခာက္ဖို႔ ေလရဲ႕ အကူအညီကို ယူေနရတဲ့ ထိုခဏမွာ ျမင္လိုက္ရတဲ့ အကိုအၿပဳံးေလးေၾကာင့္ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြလည္း ေကြးၫႊတ္လို႔သြားရသည္။

ညေနခင္းရဲ႕ ေလေျပထဲမွာ ကြၽန္ေတာ္နဲ႔ အကို႔ရဲ႕ အၿပဳံးေတြ ေရာစပ္ယွက္ျဖာလို႔ေနသည္က ေကာင္းကင္ရဲ႕အလွတရား ေရာင္စဥ္ခုႏွစ္ျဖာရွိသည့္ သက္တန္႔ႏွင့္ ေနမင္း၏ေတာက္ပမႈတို႔ ေရာစပ္လွ်င္ေတာင္မွ ကြၽန္ေတာ္တို႔ကို မွီႏိုင္အံ့မထင္ပါ။

"ျပန္ၾကမလား ေသာ္..."

"ဟုတ္..."

အကိုနဲ႔အတူ ေလွ်ာက္ခဲ့တဲ့ အိမ္ျပန္လမ္းဆီမွာ ေနမင္းက ကြၽန္ေတာ့္ခ်စ္ရသူ ေရာင္နီဝန္းရဲ႕ေျခရင္းမွာ ဝတ္တြားခယသည့္ အေနအထားသို႔ေရာက္ခဲ့ေလၿပီ။

တျဖည္းျဖည္းနဲ႔ ႀကီးစိုးလာတဲ့ အေမွာင္ထုကိုလည္း ကြၽန္ေတာ့္အကိုရဲ႕ အၿပဳံးေတြနဲ႔ ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနခဲ့သည္။

"ဒီညေတာ့ အေနာက္ေဆာင္က နည္းပညာ ေက်ာင္းသူေလးေတြကို ေႁခြရေအာင္ေလ။"

ေက်ာခ်င္းကပ္လ်က္အေဆာင္မွာ တစ္ေယာက္ႏွစ္ေယာက္သာရွိသည့္ နည္းပညာတကၠသိုလ္ေက်ာင္းသူေတြကို သီခ်င္းဆိုရင္း ေႁခြဖို႔ရန္အတြက္ ဦးေဆာင္သူက သန္းတိုးေအာင္ျဖစ္သည္။

"ခဏ ခဏ...ကိုတိုး။ ဒီည ေသာ့္ကို ဆိုခိုင္းရေအာင္"

"မလုပ္ပါနဲ႔ဗ်ာ။ ကြၽန္ေတာ္ ဂဲေၾကာက္ပါတယ္"

"ဟားဟားးး..."

"ကဲ သြားစို႔ေဟ့..."

အႀကီးေတြရဲ႕ ေတာင္းဆိုမႈကို ဘယ္လိုမွ မျငင္းႏိုင္ေတာ့ပဲ စႏၵေသာ္ကေအာင္သည္ သက္တန္႔ၾကည္သာ၏ ဂီတသံစဥ္ကို နားဆင္ရင္း...
🎶ညတုန္းက ေတြ႕ရတယ္ ေကာင္မေလးတစ္ေယာက္။ ေပ်ာက္သြားလို႔ လိုက္ရွာေနတယ္။ ညေမႊးပန္းကေလးရယ္။ ေတြ႕မ်ား ေတြ႕မိသလားကြယ္။ ေဖြရွာသူေမာလို႔ ငိုရလိမ့္မယ္။ ေဖြရွာသူေမာလို႔ ငို ငိုရလိမ့္မယ္။

အိမ္မက္ထဲက မိန္းမလွေလးရယ္။ ေရွာင္ေျပးလို႔ ပုန္းေနသလားကြယ္။ လစႏၵာရယ္ ေတြ႕မ်ားေတြ႕မိသလားကြယ္။ ေဖြရွာသူေမာလို႔ ငိုရလိမ့္မယ္။ ေဖြရွာသူေမာလို႔ ငို ငိုရလိမ့္မယ္။ 🎶

မေန႔ညက ညေမႊးပန္းက ညလုံးေပါက္သြားသည္မို႔ ကြၽန္ေတာ္ကိုယ္တိုင္လည္း အိမ္ကိုလင္းခါနီးမွပဲ ျပန္ရေတာ့မည္။ အရက္မူးေနၾကတာလဲ မဟုတ္ပါပဲ ညေမႊးပန္းသီခ်င္းကို ဂ်ာေအးသူ႔အေမ႐ိုက္ျဖစ္ေနသည့္ ကိုတိုးတို႔အုပ္စုထဲ ကိုၾကည္သာက အဆိုးဆုံးျဖစ္သည္။ ကိိုသက္ ရွိတုန္းက ၿငိမ္သက္လွတဲ့ ကိုၾကည္သာက  ညကေတာ့ျဖင့္ အစြမ္းကုန္ေသာင္းက်န္းကာ ဂီတာကို လက္ကမခ် တီးသည္က ညေမႊးပန္းတစ္ပုဒ္ထဲကို သံစဥ္ေတြက ဟိုေရာက္ဒီေရာက္ျဖစ္ေနသည္။

ေတာ္ေသးသည္ အရက္မေသာက္ထားလို႔ ဟုသာ ေတြးမိေပမယ့္လည္း အနံ႔နဲ႔ပတ္သတ္ရင္ သိပ္ၿပီး အာ႐ုံခံလို႔မေကာင္းတဲ့ ကြၽန္ေတာ္က အႀကီးေတြ ခႏၶာကိုယ္ ယိုင္၊မယိုင္ကိုၾကည့္ၿပီး အရက္ေသာက္၊မေသာက္ကို ဆုံးျဖတ္ျခင္းျဖစ္၏။

"ကိုသက္သာရွိရင္ ကြၽန္ေတာ္တို႔ကို ရွယ္သတ္မွာဗ်ာ..."

"အခု မရွိပါဘူးကြ"

"Ok ok..အကိုႀကီး အိပ္ႏွင့္ ကြၽန္ေတာ္ ေသာ့္ကိုလိုက္ပို႔လိုက္ဦးမယ္။"

"ေယာက်ာ္းအခ်င္းခ်င္းလည္း ဂ႐ုမစိုက္နဲ႔။"

"အင္း အင္း...."

ေနာက္ဆက္တြဲ ေျပာေနပါေသာ ကိုၾကည္သာ့ အသံတို႔ကို လ်စ္လ်ဴရႉရင္း ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔ေပးပါေသာအကို။ ၿခံစည္း႐ိုးျခင္း ကပ္ေနသည့္တိုင္ အကိုက ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ တစ္ေယာက္ထဲ မျပန္ခိုင္း၊ ကြၽန္ေတာ္ အိမ္ထဲကို ေရာက္တာ ေသခ်ာၿပီးမွ အကိုက သူ႔အေဆာင္ဘက္ ကူးသြားတတ္သည္က သူနဲ႔ကြၽန္ေတာ္ ခြဲခြာသည့္ အခ်ိန္တိုင္းျဖစ္သည္။

"ဒီမွာပဲ အိပ္သြားပါလား အကို.."

"မလုပ္ပါနဲ႔ ေသာ္ရ။ အကိုႀကီးက မွာထားတယ္ ေယာက်ာ္း အခ်င္းခ်င္းလည္း မယုံနဲ႔တဲ့ ဟားဟားးး......"

"အကိုကလည္း"

အကို႔အေျပာေၾကာင့္ ကြၽန္ေတာ့္မွာ အပ်ိဳျဖန္းေလးလိုပဲ ရွက္သြားရသည္။ ေယာက်ာ္းႀကီးျဖစ္ပါလ်က္နဲ႔ ထိုအေျပာကိုေတာ့ မ်က္ႏွာေတာ္ေတာ္ပူမိပါသည္။ ဟုတ္သည္ မသိရင္ ကြၽန္ေတာ္ကပဲ သူ႔ကို ျဖားေယာင္းေသြးေဆာင္မည့္ သူက်လို႔။

"သြားေတာ့မယ္။ ဒါနဲ႔ ေဟာကိန္းထုတ္တဲ့ ပုဏၰားရွစ္ေယာက္ အမည္သိလား"

"ဗ်ာ..."

အိမ္ေပါက္ဆီေရာက္ေနၿပီ ျဖစ္တဲ့ကြၽန္ေတာ္သည္ အကို႔အေမးကို နားမလည္လို႔ျပန္ေမးသည္ကို အကိုက ကြၽန္ေတာ္မၾကားဘူးထင္ၿပီး...
"ဘုရားမေမြးခင္က ေဟာကိန္းထုတ္တဲ့ ပုဏၰားအမည္ကို ေျပာတာေလ။" ဟု အသံျမႇင့္လို႔ေျပာသည္။

မ်က္လုံးေတြ က်ိမ္းစပ္ေနပါသည္ဆိုမွ ခက္ခက္ခဲခဲထိုအေမး။ ပၪၥဝဂၢီ ငါးပါး အမည္လို႔ေမးလွ်င္ေတာ္ေသးသည္။ အခုေတာ့ျဖင့္ ကြၽန္ေတာ္မွာ ဦးေႏွာက္ထဲရွိ အလႊာေတြကို တျဖည္းျဖည္းခ်င္းတူးဆြၿပီး ေလးတြဲ႕တြဲ႕ႏွင့္ ေျဖေပးရသည္။

"ေကာ႑ည၊ ရာမ၊ ဓဇ၊ လကၡဏ၊ ယည၊ သုေဘာဇ၊ သုယာမ ...."

လက္ေခ်ာင္းေတြကို ခ်ိဳးရင္း ေရတြက္ကာ ေျဖေနသည္က တစ္ေခ်ာင္းလိုေနသည္။ မွားလို႔ တစ္ေယာက္က်န္ေနေလသည္။ ပုဏၰား(၈) ေယာက္မွာ တစ္ေယာက္ကို ဘယ္လိုမွ စဥ္းစားမရေတာ့။ အိပ္ခ်င္ေနပါသည္ဆိုမွ အတင္းေတြ ဇာတ္ေတြစဥ္းစားေတာ့ ကြၽန္ေတာ့္မွာ ေခါင္းေတြေရာ၊ မ်က္လုံးေတြပါ ထူပူစပ္လာသည္။

"ေဇာတိမႏၲ ပါ ေသာ္ရ။ ကဲ အိပ္ခ်င္တယ္ ဆိုလည္း အိပ္ေတာ့ကြာ..."

မ်က္လုံးေတြ မွိတ္လိုက္ ဖြင့္လိုက္နဲ႔ အက်ပ္႐ိုက္ေနတဲ့ ေသာ့္ကို ၾကည္ရင္းသနားလာသည္မို႔ ထပ္ၿပီး အေႏွာက္အယွက္မေပးေတာ့ပဲ ကိုယ့္အေဆာင္ကိုပဲ ျပန္ဖို႔ရန္လွည့္လိုက္သည္။

"ယေသာ္ဓရာ မျဖစ္ခ်င္ဘူး အကို"

ေနာက္ေက်ာဆီသို႔ ထိေတြ႕ပါေသာ ထိုအသံသည္ အဝန္း၏ ေက်ာျပင္တစ္ခုလုံးကို ခ်က္ခ်င္းပဲ ၾကက္သီးေမႊးညႇင္း ထသည္အထိ စြမ္းေဆာင္ႏိုင္သည္။

"ကိုယ္ သြားေတာ့မယ္။"

"ခဏ အကို။ "

ကြၽန္ေတာ့္ကို ေက်ာေပးထားတဲ့ အကို႔ဆီသို႔ေလွ်ာက္သြားလိုက္ရင္း အကိုနဲ႔မ်က္ႏွာခ်င္းဆိုင္ အေနအထားမွာ ကြၽန္ေတာ္ေျခလွမ္းေတြကို ရပ္တန္႔ျဖစ္သည္က ...
"ကိုသက္ ဘာလို႔ ေျပာင္းသြားတာလဲ အကို"

အကို႔မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး တိက်ေသခ်ာသည့္ အေျဖကို အကို႔ဆီကေန လိုခ်င္လို႔ျဖစ္၏။

"ကိုယ္မသိဘူး ေသာ္"

"ဒါဆို မေန႔ညက ကြၽန္ေတာ့္မ်က္လုံးေတြကို ဘာလို႔မွိတ္ထားတာလဲ"

မေန႔ညက "ခဏေလး ေသာ္" ဟုဆိုက အလ်င္စလိုႏွင့္ ကြၽန္ေတာ့္မ်က္လုံးေတြကို သူ႔လက္ဖဝါးေတြနဲ႔ ဖုံးကြယ္လိုက္သည့္အကိုသည္ ကိုၾကည္သာႏွင့္ ကိုသက္ၾကားက တစ္ခုခုကို ျမင္သြားသည္က ေသခ်ာပါသည္။

အခ်ိန္တစ္ခုအထိ ကြၽန္ေတာ့္မ်က္လုံးေတြကို ပိတ္ထားၿပီး..."အကိုႀကီးတို႔ ဘယ္မ်ားေရာက္သြားလဲ...." လို႔ ေမးသည္က ေသခ်ာေပါက္ အကိုမသိလို႔ေမးျခင္းမဟုတ္ပဲ သိသိလ်က္နဲ႔အသံက်ယ္ထုတ္ၿပီး ေမးသည္ဟု ကြၽန္ေတာ္ခံစားေနရသည္။ ကြၽန္ေတာ့္ မသိစိတ္က သိေနသည္။ ကိုသက္အေဆာင္ေျပာင္းသြားသည္က အကိုနဲ႔သက္ဆိုင္ေနမည္ဆိုတာပင္။

"အဲ့တာက ေရွ႕မွာရွိတဲ့ ထင္းေခ်ာင္းကို ေႁမြထင္သြားလို႔ ေသာ္ရ။ ေသာ္မ်ား ေၾကာက္ေနမလားလို႔..."

ျဖဴစင္နဲ႔ အၿပဳံးေတြနဲ႔ ဖုံးကြယ္ၿပီး လိမ္ေျပာေနတဲ့ အကို႔စကားလွလွေလးေၾကာင့္ မဟုတ္မွန္းသိတာေတာင္ ကြၽန္ေတာ့္မွာ ဆက္ေမးဖို႔ရန္အတြက္ ခြန္အားမရွိေတာ့ပါ။ ဒီေရာက္မွ ရင္းႏွီးခဲ့သည့္ လူေတြအထဲမွာ နားလည္ရအခက္ဆုံးက အကိုပင္။

ဒီလိုနားလည္ရခက္တဲ့ သူကိုမွ ကြၽန္ေတာ့္ႏွလုံးသားက ခက္ခက္ခဲခဲႏွင့္ နက္နက္နဲနဲ ကြၽမ္းဝင္လို႔ေနသည္။

"ေက်းဇူး အကို.."

"ရပါတယ္ကြာ။ ကဲ ေကာင္းေကာင္းအိပ္ပါ ေသာ္"

အကို႔စကားေၾကာင့္ ေကာင္းေကာင္း အိပ္ေပ်ာ္ဖို႔ ႀကိဳးစားပါေသာ္လည္း အကို႔အေၾကာင္းေတြကို ေတြးရင္း ကြၽန္ေတာ့္မွာ အိပ္လို႔မေပ်ာ္ခဲ့ပါ။



Continue Reading

You'll Also Like

1.7K 359 23
සීතල ‌වප් මස උණුහුම් කරන්නට කෝපි කෝප්පයක් නැති කළ සිත නළවන්නට වැළඳගන්න ‌පෙම්බරකු නැති තැන ඉදින් පැමිණිද කවිය මා සනසන්නට
224K 7.9K 51
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
34.1K 2.4K 32
လူအများကြီးဆီကနေပြီး အချစ်တွေအများကြီးကို လက်ခံခဲ့နိုင်တယ်၊လူအများကြီးကိုလည်း အချစ်တွေပေးခဲ့တယ် ဒါပေမဲ့အထီးကျန်တယ်