Worship Me, I Can Make You Ri...

By XiaoMaoMao55

506K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 21 (U+Z)

6.7K 1.4K 44
By XiaoMaoMao55

-Unicode-

အခန်း ၂၁: ဒီဝယ်သူအကြောင်း မေ့လိုက်တော့

အပြင်မှာတာဝန်ကျတဲ့ ကင်းလှည့်အဖွဲ့နဲ့ တတိယတပ်ဖွဲ့ဝင်တွေဟာ နေ့တိုင်း သူတို့အပြင်မသွားခင် ကြွယ်ဝခြင်းနတ်ဘုရားကို ပူဇော်ကြလေ့ရှိတယ်။ အဲဒါက ဒီပြီးခဲ့တဲ့လအတွင်း တဖြည်းဖြည်းနဲ့ ဖြစ်လာခဲ့တဲ့ အကျင့်တစ်ခုပဲ။

အစကတော့ လူတွေက အခြားသူတွေ သိမှာစိုးရိမ်တဲ့အတွက် တိုးတိုးတိတ်တိတ်လုပ်ကြတယ်။ နောက်ပိုင်းမှာ ချန်ကျင့်ရွှယ်က ဦးဆောင်လာတဲ့အတွက် သူတို့လည်း နေ့ခင်းလူမြင်ကွင်းမှာတောင် ဘာသာတရားကိုင်းရှိုင်းတဲ့ အပြုအမူတွေ လုပ်ဆောင်လာကြတယ်။ စစ်သင်္ဘော Wyvern ပေါ်ကလူတွေက ဒါကို အသားကျနေတာ ကြာလှပြီ။

ဒါတွေအကုန်လုံးက ဦးဆောင်နမူနာလုပ်တဲ့ ချန်ကျင့်ရွှယ်ကိုပဲ အပြစ်ဖို့ရမယ်။

ချန်ကျင့်ရွှယ်က ဝမ်ရှောင်းယွင်ရဲ့ ဒုဗိုလ်ချုပ်ဖြစ်တဲ့အပြင် သူငယ်ချင်းကောင်းတစ်ယောက်လည်း ဟုတ်တယ်။ သဘာဝအလျောက် သူက အဆင့်ရာထူးအရ ဝမ်ရှောင်းယွင်နောက်က ထင်ပေါ်တဲ့ ပြယုဂ်တစ်ခုလို့ ယူဆလို့ရတယ်။

ဒုဗိုလ်ချုပ်ချန်က လမ်းကြောင်းဖောက်ပေးပြီး ဒီအယူသီးမှုကိုလည်း ယုံကြည်တယ်။ အလိုအလျောက်ပဲ တတိယတပ်ဖွဲ့ဝင်တွေဟာ သူ့ဆီကနေ သင်ယူထားတာဖြစ်တယ်။

နောက်ပိုင်းမှာ ချိုမြိန်တဲ့ဆုလာဘ်တွေ ခံစားရပြီးတဲ့နောက်၊ ကိုးကွယ်ပြီးနောက် သူတို့ကံကောင်းလာတာတင်မကဘဲ မကြာခဏ ထီပေါက်တာကိုပါ သိရှိလာပြီးနောက်မှာတော့ သူတို့ အရင်က မယုံကြည်ခဲ့ရင်တောင်မှာ အခုဆို ယုံကြည်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။

အခု သူတို့ကို မိစ္ဆာဒိဋ္ဌိအယူကိုးကွယ်တဲ့ ဘာသာရေးဂိုဏ်းတစ်ခုအသွင် ကယ်လုအန်း ပြောတာကို ကြားလိုက်ရတော့ သူတို့အားလုံး စိတ်ထဲမှာ အတော်လေး မပျော်မရွှင်ဖြစ်သွားတယ်။

စားစရာကို ဖြစ်သလိုစားလို့ရပေမဲ့ စကားကိုတော့ မဆင်မခြင်ပြောလို့မဖြစ်ဘူးလေ။

စကားအမှားတွေပြောမိပြီး ဒုဗိုလ်ချုပ် ဘယ်လောက်တောင် ကံဆိုးမိုးမှောင်ကျသွားလဲဆိုတာ မမြင်ဖူးလား။

လူတိုင်းက ချက်ချင်း သူတို့ကို မိစ္ဆာအယူကိုးကွယ်တဲ့ဂိုဏ်းလို့ ခေါ်တဲ့သူနဲ့ ကောင်းကောင်းစကားပြောချင်ခဲ့တယ်။

မမျှော်လင့်ဘဲ သူတို့လှည့်ကြည့်လိုက်တဲ့အခါ ဝမ်ရှောင်းယွင် ဘေးကပ်ရပ်က ကယ်လုအန်းကို မြင်လိုက်ရတယ်။ အားလုံးက တညီတညွတ်တည်း အံ့အားသင့်သွားကြပြီးနောက် အလျင်အမြန် ရိုရိုသေသေ ဂါရဝပြုလိုက်တယ်။

"ဗိုလ်ချုပ်ကြီး၊ ဆရာကြီး ကယ်လုအန်း"

သူတို့က "စကားကောင်းပြောမဲ့" အစီအစဉ်ကို လွှင့်ပစ်လိုက်တယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီး ကယ်လုအန်းပဲလေ။

ကယ်လုအန်းက သူတို့ကို ကြည့်လိုက်တယ်။ သူတို့ ဦးနှောက်ကျင်းခံထားရတဲ့လူတွေလိုမဟုတ်ဘဲ သာမန်လိုပဲပြုမူနေတာကိုတွေ့တော့ သူမနေနိုင်တော့ဘဲ မေးလိုက်တယ်: "မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ"

ကျန်းဖုန်းကဆိုတယ်: "ဆရာကြီး ကယ်လုအန်း၊ ကျွန်တော်တို့ ကင်းလှည့်သွားမလို့ အဆင်သင့်ပြင်နေတာပါ။ အခုပဲ ကြွယ်ဝခြင်းနတ်ဘုရားကို ပူဇော်နေကြတာ၊ ဒီနေ့ ကင်းလှည့်သွားရင်းနဲ့ ပစ္စည်းကောင်းလေးတွေ တွေ့အောင်နဲ့ အန္တရာယ်ကင်းအောင်လို့လေ။"

ကယ်လုအန်းက အံ့အားသင့်နေတဲ့ မျက်နှာနဲ့ : "ကြွယ်ဝခြင်းနတ်ဘုရား ဟုတ်လား"

လူတိုင်းက သူတို့ကိုယ်သူတို့ ဆရာကြီးကယ်လုအန်းရှေ့မှာ ထင်ပေါ်ချင်ပြီး အမြင်ကောင်းရအောင် လုပ်ချင်ကြတယ်။ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ ထူးခြားအံ့ဖွယ်အဖြစ်အပျက်တွေကိုလည်း မျှဝေချင်ကြသေးတယ်။ ဟိုလူကတစ်ကြောင်း၊ ဒီလူကတစ်ကြောင်းနဲ့ ကယ်လုအန်းကို ဖြစ်ကြောင်းကုန်စင် စတင်ရှင်းပြကြတော့တယ်။

အလျင်အမြန်ပဲ ကယ်လုအန်းက ဒီ "ကြွယ်ဝခြင်းနတ်ဘုရား" ဘယ်ကရောက်လာလဲဆိုတာ နားလည်သွားတယ်။

အဆိုအရတော့ သူ့ကို ကိုးကွယ်ပြီးရင် သင်က နည်းနည်းကံကောင်းရင် စွမ်းအင်ကျောက်တုံးတွေ ကောက်ရနိုင်ပြီး အလွန့်အလွန် ကံကောင်းရင်တော့ စွမ်းအင်သတ္တုတွင်းကိုတောင် ရှာတွေ့နိုင်သေးတယ်ပေါ့။

အဆိုအရတော့ သူ့ကို ကိုးကွယ်ပြီးရင် သေချာပေါက် ထီပေါက်လိမ့်မယ်။ အကြီးဆုံးဆုမဟုတ်ရင်တောင်မှ ထိပ်ဆုံးသုံးဆုထဲမှာတော့ ဝင်လိမ့်မယ်။ ဘုရားသိကြားမသလိုကံကောင်းတဲ့သူဆိုရင် ထီဆုအတွဲလိုက်တောင် ပေါက်နိုင်သေးတယ်။

အဆိုအရတော့ သူ့ကို ကိုးကွယ်ပြီးရင် အဝေးက မြို့တော်ထဲမှာနေတဲ့ သင့်အမေတောင်မှပဲ သောင်းချီပြီး ထီပေါက်နိုင်တယ်။ ပြန်ပေးဆွဲခံရတဲ့ ညီလေးကိုတောင် ပြန်တွေ့နိုင်သေးတယ်။

ကယ်လုအန်း: "......."

အခုလေးတင် တတိယတပ်ဖွဲ့ဝင်တွေက အလွန်ပြင်းပြင်းထန်ထန် ဦးနှောက်ကျင်းခံလိုက်ရတာတော့ မဟုတ်လောက်ဘူးလို့ သူခံစားနေရသေးတယ်။

အခုတော့ ကြည့်ရတာ စင်စစ် အတော်လေး ပြင်းထန်နေတဲ့ပုံပဲ။

ကယ်လုအန်းက တစ်ဖက်လှည့်လိုက်ပြီး ဝမ်ရှောင်းယွင်ကို စိတ်ရင်းနဲ့ ပြောလာတယ်: "ဗိုလ်ချုပ်ကြီးဝမ် မင်း စိတ်ရောဂါကုဆရာဝန်တစ်ယောက် ချက်ချင်းငှားဖို့ အကြံပေးပါရစေ၊ ဒီက မင်းရဲ့တတိယတပ်ဖွဲ့က... ကြည့်ရတာ နည်းနည်း အန္တရာယ်ရှိနေပြီထင်တယ်"

လူအားလုံး: "!!!"

မဟုတ်ဘူး၊ အန္တရာယ်ကျမဲ့သူက ဆရာကြီးနော်!

ဆရာကြီး ကြွယ်ဝခြင်းနတ်ဘုရားရဲ့ စွမ်းအားတွေကို ဘာမှ မသိသေးဘူး!

ဝမ်ရှောင်းယွင် ခေါင်းညိတ်လိုက်ပြီး ထိပ်တန်းတပ်ဖွဲ့လေးနဲ့ အခြားသူတွေကို ပြန်လွှတ်လိုက်တယ်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ်ပဲ ပြောတယ်: "အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် စဉ်းစားလိုက်ပါမယ်"

ကယ်လုအန်းက စိုးရိမ်စိတ်တွေ ပြည့်နေတယ်: "ဒီကလေးတွေက ဘယ်လိုဖြစ်ပြီး ဒီလောက်လွယ်လွယ်ကူကူ အလိမ်ခံရတာလဲ။ သူတို့တွေးရောတွေးမိကြရဲ့လား။ တကယ်လို့ ဒီကြွယ်ဝခြင်းနတ်ဘုရားက တကယ်တမ်း လူတိုင်းဆုတောင်းတွေ ဖြည့်ပေးနိုင်လောက်တဲ့ စွမ်းအားရှိတယ်ဆိုရင်၊ ဒီကမ္ဘာမှာ ဘယ်သူက အလုပ်လုပ်နေဦးမှာလဲ။ သူ့ကို ကိုးကွယ်နေရင် လုံလောက်နေပြီပေါ့။ ပူဇော်ပသရုံနဲ့ လူတွေက စားစရာ၊ သောက်စရာအတွက် စိတ်ပူစရာတောင် လိုမှာမဟုတ်ဘူး။"

ချန်ကျင့်ရွှယ်နဲ့ ကျွမ်းကျိုးရောက်လာတော့ သူတို့ ဒီစကားတွေကို ကြားမိသွားတယ်။

ကျွမ်းကျိုးက နည်းနည်း စိတ်မပျော်တော့ဘူး: "သူတို့က အလိမ်ခံရတာမဟုတ်ပါဘူး"

ကယ်လုအန်းက သူ့ကိုမြင်တာနဲ့ ချက်ချင်း ဝမ်းသာအားရ ကြိုဆိုလိုက်တယ်: "မင်းက သူငယ်ချင်းလေး ကျွမ်းကျိုးလား။ ငါက ကယ်လုအန်းပါ။ မင်း ငါ့ကို ဘိုးဘိုးကယ်လုအန်းလို့ ခေါ်လို့ရတယ်"

ကျွမ်းကျိုးက ခေါင်းမာစွာ ပြောလိုက်ပြန်တယ်: "သူတို့တွေက အလိမ်ခံရတာမဟုတ်ပါဘူး"

ကယ်လုအန်းက နည်းနည်း ရှုပ်သွားတယ်။ သူက ဝမ်ရှောင်းယွင်ကို ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်က ပခုံးတွန့်ပြကာ အနိမ့်အမြင့်မရှိတဲ့အသံနဲ့ ပြောတယ်: "ကျိုးကျိုးလည်း ကြွယ်ဝခြင်းနတ်ဘုရားကို ယုံကြည်တယ်"

ကယ်လုအန်း: "......"

ကောင်းပြီ။ အခြားသူတွေရဲ့ ယုံကြည်မှုကို သားပုပ်လေလွင့်ပြောတယ်ဆိုတာ စင်စစ် စက်ဆုပ်ရွံရှာစရာအခြေအနေနဲ့ အဆုံးသတ်သွားနိုင်တယ်။ အထူးသဖြင့် ဒါက အလိမ်အညာပါဆိုတာကို သက်သေပြစရာ အထောက်အထားတစ်ခုမှ မရှိတဲ့အခါမျိုးမှာပေါ့။

ကယ်လုအန်းက ခဏတဖြုတ်စဉ်းစားလိုက်ပြီး မေးတယ်: "ဒီပြောနေကြတဲ့ ကြွယ်ဝခြင်းနတ်ဘုရားက သူ့ကိုကိုးကွယ်တဲ့လူတိုင်းရဲ့ ဆုတောင်းတွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ တကယ်ယုံတာလား"

ကျွမ်းကျိုးက လေးလေးနက်နက် ဖြေတယ်: "သူသာကြားမယ်ဆိုရင် သေချာပေါက် ဖြည့်ဆည်းပေးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို လူတွေ ယုံကြည်လေလေ၊ သူ့ရဲ့တန်ခိုးစွမ်းအင် ပိုအားကောင်းလေပဲ"

ဒါတွေအကုန်လုံးက အနည်းငယ် ယုံကြည်ချင်စရာမကောင်းဘူးလို့ ခံစားနေရသေးတဲ့ ကယ်လုအန်းက ဒီစကားကို ကြားတော့ ပိုပြီးတော့တောင် ယုံချင်စရာမကောင်းဘူးလို့ ခံစားလိုက်ရတယ်: "ဒီကြွယ်ဝခြင်းနတ်ဘုရားက တန်ခိုးစွမ်းအင်ရဖို့အတွက် ယုံကြည်သူတွေအပေါ် မှီခိုနေရတာလား"

ကျွမ်းကျိုးကဆိုတယ်: "ဟုတ်တယ်၊ နတ်ဘုရားနဲ့ သက်ဝင်ယုံကြည်သူတွေက ရေနဲ့ လှေလိုပဲ။ ရေက လှေကို သယ်ဆောင်ထားနိုင်သလို လှေကို မှောက်လည်း မှောက်ပစ်နိုင်တယ်"

ကယ်လုအန်း: "ဒါက ပိုတောင်မှ ကြောက်စရာကောင်းသေးတယ်။ တကယ်လို့ စိတ်ဖောက်ပြန်နေတဲ့ လူသတ်သမားတစ်ယောက်က ဆုတောင်းခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒီပြောနေကြတဲ့နတ်ဘုရားက တန်ခိုးစွမ်းအင်ရယူဖို့အတွက် သူ့ရဲ့ဆုတောင်းကိုရော ဖြည့်ဆည်းပေးမှာပဲလား။ နောက်ပြီး သူသာ တကယ်စွမ်းအားကြီးတယ်ဆိုရင် လူတိုင်းက သူ့ကို နေ့တိုင်း ကပ်လှူစရာပဲလိုပြီး၊ ဘယ်သူမှ အလုပ်လုပ်စရာမလိုတော့ဘဲ နေမှာပေါ့။ သူတို့သာ ဒီကြွယ်ဝခြင်းနတ်ဘုရားကို ကိုးကွယ်နေသရွေ့ နေ့စဉ်လိုအပ်ချက်တွေကို စိတ်ပူစရာကို မလိုတော့ဘူးပေါ့"

ဒါက မိစ္ဆာဒိဋ္ဌိအယူကိုးကွယ်တဲ့ဂိုဏ်းပဲ မဟုတ်ဘူးလား။

ကယ်လုအန်းက မှတ်မိလိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်း အနည်းငယ်က ဒီလိုမျိုးအယူအဆတွေ ရိုက်သွင်းခံရတဲ့ အဖြစ်အပျက်တစ်ခု အရင်က ဖြစ်ဖူးတယ်။

လူအရေအတွက်အတော်များများက စုဝေးကြပြီး ကိုယ်ခံပညာတစ်မျိုးကို စတင်လေ့ကျင့်ကြကာ ဒီပညာကို လေ့ကျင့်ပြီးရင် နတ်ဘုရားတွေ ဖြစ်လာမယ်လို့ ပြောကြတယ်။

အစကတော့ ဘယ်သူကမှ ဒါကို မယုံကြည်ကြဘူး။ ဒါပေမဲ့ လူအရေအတွက်အများကြီးက ရုတ်တရက် စတင်ပြောလာကြတယ် -- ငါ့မိသားစုက ဘယ်သူကတော့ နတ်ဘုရားတစ်ပါးဖြစ်သွားပြီ၊ ငါ့အိမ်နီးချင်း ဘယ်သူကတော့ ဒါကို လေ့ကျင့်ပြီး နတ်ဘုရားဖြစ်သွားပြီ ဘာညာနဲ့။

ပြောတဲ့လူတွေ များလာလေလေ၊ ယုံကြည်တဲ့လူတွေ များလာလေလေပဲ။ 'အောင်မြင်တဲ့နမူနာတွေ' အများကြီး ထပ်ပေါင်းထည့်လိုက်တဲ့အခါ လူတိုင်းက ဒီကိုယ်ခံပညာကို ကျင့်မယ်ဆိုရင် တကယ်ပဲ နတ်ဘုရားအဖြစ်ရောက်မယ်လို့ စတင်ယုံကြည်လာကြတယ်။ နေ့တိုင်း သူတို့ စားခြင်း၊ သောက်ခြင်း၊ အလုပ်လုပ်ခြင်း အမှုကိစ္စကို စွန့်လွှတ်ပြီး လေ့ကျင့်ဖို့ပဲ အာရုံစိုက်ထားကြတယ်။ အဆုံးမှာတော့ နတ်ဘုရားဘဝကို ရောက်ဖို့ အသက်တောင်စတေးခဲ့ကြတယ်။

အခု ဒီ"ကြွယ်ဝခြင်းနတ်ဘုရား" ရုတ်တရက်ပေါ်လာတာက တကယ်ကို အရင်က အဖြစ်အပျက်နဲ့ အင်မတန် ဆင်တူနေတယ်။

ရှင်းပြလို့မရတဲ့ အကြောင်းပြချက်ကြောင့် လူတိုင်းက သူတို့ဆုတောင်း ပြည့်လာတယ်၊ ဒီကြွယ်ဝခြင်းနတ်ဘုရားက တကယ် အလုပ်ဖြစ်တယ်လို့ ပြောလာကြတယ်။

ကယ်လုအန်းရဲ့ မျက်လုံးထဲမှာတော့ ဒါတွေက တိုက်ဆိုင်မှုတွေသက်သက်ပဲ။ အချို့ကိစ္စတွေက နောက်ကွယ်ကနေ အချို့သောသူတွေက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာပဲ ဖြစ်နိုင်ချေများတယ်။

ကျွမ်းကျိုး မျက်မှောင်ကြုတ်လိုက်တယ်: "ဒါပေမဲ့... ပျင်းရိနေပြီး ငေးငိုင်ပြီးအချိန်ဖြုန်းနေရုံနဲ့ အလကားလိုချင်တဲ့သူတွေကတော့ ဆုတောင်းခဲ့မယ်ဆိုရင်တောင် နတ်ဘုရားက သူတို့ကို ကြားမှာမဟုတ်ဘူး"

ကယ်လုအန်းက မေးတယ်: "သူမကြားဘူးဆိုတာ မင်းဘယ်လိုသိလဲ။ သူက အနန္တတန်ခိုးရှင်မဟုတ်ဘူးလား"

ကျွမ်းကျိုးဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်လိုက်ပြီး တိုးတိတ်စွာ ပြောတယ်: "ဒီလိုပဲ သူတို့ပြောတာကို သူမကြားရဘူး"

ခဏရပ်ပြီးနောက် သူကဆက်ပြောတယ်: "ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေက စိုက်ပျိုးထားတာမရှိဘဲ ရိတ်သိမ်းချင်ကြတာလေ။ ဒီလိုလောဘမျိုးကို မကောင်းတဲ့စိတ်လို့ ယူဆတယ်။ နတ်ဘုရားက စိတ်ရင်းကောင်းတဲ့လူတွေကိုပဲ ကာကွယ်ပေးလိမ့်မယ်။ နှလုံးသားထဲမှာ စိတ်ပုပ်စိတ်ယုတ်တွေ ရှိနေမယ်ဆိုရင်၊ ဘယ်လောက်ပဲ ဆုတောင်းပါစေ၊ ဘယ်လောက်ပဲ စိတ်နှစ်မြှုပ်ထားပါစေ၊ နတ်ဘုရားက ဘာကိုမှ ကြားနိုင်မှာမဟုတ်ဘူး။ တကယ်လို့ ခင်ဗျားက အဖတ်ဆယ်လို့မရလောက်အောင် ကောက်ကျစ်တဲ့သူမျိုးဆိုရင် ပိုတောင်ဆိုးဦးမယ်"

ကယ်လုအန်း: "ဒါဆို မင်းပြောတဲ့အတိုင်း ငါတို့အတွေးရထားကို လမ်းကြောင်းပြောင်းလိုက်ရအောင်၊ အခုဆို စစ်သင်္ဘော Wyvern ပေါ်က တတိယတပ်ဖွဲ့ထဲမှာ လူတွေသိပ်အများကြီးမရှိဘူး။ သူရဲ့ တန်ခိုးစွမ်းအင်ကို ဖြည့်တင်းဖို့ မင်းတို့ရဲ့ယုံကြည်မှုကိုလိုအပ်လို့ သူက မင်းတို့ဆုတောင်းတွေအကုန်လုံးကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံနေကြတယ်။ ဒါပေမဲ့ အနာဂတ်မှာ သူ့ကိုကိုးကွယ်တဲ့လူတွေက ဂြိုလ်တစ်ခုလုံးက လူတွေဖြစ်လာရင်ကော၊ သူက တကယ်ပဲ လူတိုင်းရဲ့ဆုတောင်းကို ဖြည့်ဆည်းပေးနိုင်မှာလား။ ဂြိုလ်တွေပေါ်မှာ လူရာပေါင်း ထောင်ပေါင်းချီပြီးရှိတယ်။ လူမှုအဖွဲ့အစည်းတိုင်းမှာ လူသန်းချီပြီးရှိတယ်။ သူက လူတစ်ယောက်ချင်းစီကို တကယ်ပဲ စိတ်ကျေနပ်စေနိုင်မှာလား"

"တကယ်တမ်း အဲဒီလိုသာဆိုရင် ကမ္ဘာကြီးက ဖရိုဖရဲဖြစ်သွားမှာမဟုတ်ဘူးလား"

ကျွမ်းကျိုးက အလျင်စလို ပြောလာတယ်: "ဒါပေမဲ့ ကျွန်တော်ပြောပြီးပြီလေ၊ ဒါက လူပေါ်မူတည်တယ်။ ခင်ဗျား ကြိုးစားတဲ့သူ ဟုတ်မဟုတ်အပေါ် မူတည်တယ်။ ဆုတစ်ခုတည်းကို တောင်းတာတောင်မှ ဘာဖြစ်လို့ တချို့လူရဲ့ ဆုတောင်းက ချက်ချင်းပြည့်ပြီး အချို့လူတွေက တစ်စိတ်တစ်ပိုင်းလောက်ပဲ ပြည့်ရတာလဲ။ ဒါက ခင်ဗျားဘယ်လောက်တောင် ပြင်းပြင်းထန်ထန် ရုန်းကန်ကြိုးစားနေလဲဆိုတဲ့အပေါ် မူတည်တယ်"

ဆုကြီးပေါက်တဲ့ အဲဒီလူတွေက ပုံမှန်အားဖြင့် ကြိုးစားကြပြီး ဝီရိယရှိတဲ့လူတွေပဲ။ အဲဒါကြောင့်ပဲ သူတို့ရဲ့ကောင်းတဲ့ကံက ဆုပေါက်ရလောက်တဲ့အထိ အဆအချို့တိုးပွားသွားတာပဲ။

ဒီအဆိုပါ ယုံကြည်မှုစွမ်းအားဆိုတာမျိုးက တကယ် နတ်ဘုရားသာ ဒီကမ္ဘာမှာရှိခဲ့မယ်ဆိုရင် သင့်ရဲ့ယုံကြည်မှုက သူ့အတွက် အားဖြစ်လာပြီး သူရဲ့အားက ထူးဆန်းစွာ ပြောမပြနိုင်လောက်အောင် သင့်ထံကို ပြန်အကျိုးပြုလိမ့်မယ်ဆိုတာမျိုးပဲ။ (*ဒီစာကြောင်းကလေ ကမ္ဘာပေါ်မှာ လက်နဲ့ပြလို့မရတဲ့ ထူးဆန်းတဲ့အရာတွေကနေတဆင့်ဖြစ်လာတယ်လို့ပြောချင်တာ၊ ကံအကြောင်းတရား၊ ကံကြမ္မာတို့၊ ရေစက်တို့လိုမျိုးလေ)

ကျွမ်းကျိုးက အဲဒီလူအတွက် ကိုယ်တိုင်ကိုယ်ကျ ဘာမှလုပ်စရာမလိုဘူး။ သူတကယ်ကို ဘာတစ်ခုမှ လုပ်စရာမလိုဘူး။

ဥပမာ ညီလေးပြန်ပေးဆွဲပြီး ရောင်းစားခံရတဲ့ တတိယတပ်ဖွဲ့က အဲဒီလူကိုပဲကြည့်။

သူက စိတ်ထားကောင်းတဲ့လူဖြစ်တယ်။ သူ့ညီလေးကို ပြန်ရှာတွေ့ချင်တဲ့အတွက် သူ့ညီလေးသတင်းကို ရနိုင်အောင်လို့ လစာရတိုင်းမှာ အိမ်ခြေရာမဲ့တွေကို ကူညီဖို့ သုံးတတ်တယ်။

ကောင်းတဲ့အမှုကိစ္စတွေ သူပြုတိုင်းမှာ ကျွမ်းကျိုးရဲ့ တန်ခိုးစွမ်းအင်က ထူးထူးဆန်းဆန်း ပြောပြမရအောင် သူ့ဆီကို ပြန်လှည့်လာပြီး ကံကောင်းအောင် လုပ်ပေးတယ်။ အဲဒါကြောင့် သူ့ဆုတောင်းပြည့်သွားတာပဲ။

တကယ်လို့ သူသာ အားသွန်ခွန်စိုက်မရှာခဲ့ဘူးဆိုရင် နတ်ဘုရားကို ဆုတောင်းတာတောင်မှ သူ့ဆန္ဒပြည့်မှာမဟုတ်ဘူး။ နတ်ဘုရားက ဘာလုပ်စရာလိုလို့လဲ။ သူ့ညီလေးကို ကောင်းကင်ကနေ ပစ်ချပေးရလို့လား။ ညီလေးကို သူ့ရှေ့ကို ပစ်ပေးရလား။

အဲဒါကြောင့် ကြိုးစားအားထုတ်မှုမပါရင် နတ်ဘုရားကို စေတနာကောင်းနဲ့ စိတ်ရင်းနဲ့ ဆုတောင်းရင်တောင်မှ နတ်ဘုရားဆီက တုံ့ပြန်မှုပြန်ရလိမ့်မယ်၊ ဒါပေမဲ့ ဒီတုံ့ပြန်မှုကနေ ဘာမှသိပ်ပြန်ရမှာမဟုတ်ဘူး။ ဘာမှတောင် မပါသလောက်ပဲ။

အပြင်ဘက်သွားရင်း ပိုက်ဆံကောက်ရအောင် ဆုတောင်းသလိုမျိုးပဲ။

၁၀ ဒေါ်လာကောက်ရတာကလည်း ဆုတောင်းဖြည့်ဆည်းပေးတာပဲ။

ဒါပေမဲ့ အခြားသူတွေကတော့ ဒေါ်လာ တစ်သိန်း ကောက်ရနိုင်တာပဲ။

ဒါက ဒီလိုမျိုး စည်းမျဉ်းနဲ့ ကြိုတင်သတ်မှတ်ချက်တွေရှိတဲ့ အရာတစ်ခုပဲ။

ကျွမ်းကျိုးကိုယ်၌တောင်မှ ဒါကို ပြောင်းလဲလို့မရဘူး။

ကျွမ်းကျိုးက လေးလေးနက်နက်ပြောတယ်: "ခင်ဗျားနားလည်ထားရမှာက ကြိုးစားလေလေ၊ ပိုပြီးကံကောင်းလာလေလေပဲ"

ပိုပြီးကြိုးစားအားထုတ်လေလေ၊ နတ်ဘုရားက ခင်ဗျားကို ပိုပြီး ကြည့်ရှုစောင်မလေလေပဲ။

ကယ်လုအန်း: "......................"

သူငယ်ချင်းလေးပြောတဲ့ စကားလုံးတွေက မှန်လွန်းနေပြီး အလွန်အကျိုးအကြောင်းသင့်နေတဲ့အတွက် သူတကယ်တော့ ပြန်မငြင်းနိုင်ခဲ့ဘူး။

သူတောင်မှပဲ ဦးနှောက်ကျင်းခံရတော့မဲ့ဆဲဆဲ ဖြစ်သွားတယ်။

ကယ်လုအန်းက ပါးစပ်ကိုဖွင့်လိုက်၊ ပိတ်လိုက်နဲ့ နောက်တစ်ဖန် ပြန်ဖွင့်လိုက်ပြန်တယ်။ ထို့နောက် သူက ဖော်ရွေတဲ့လေသံနဲ့ ပြောတယ်: "ငါတို့ စက်ရုပ်လေးအကြောင်းပဲ ဆွေးနွေးကြရင် မကောင်းဘူးလား"

သို့သော်လည်း အဆုံးတွင်တော့ သူတို့က အဲဒီအကြောင်း လုံးဝ မဆွေးနွေးနိုင်ခဲ့ဘူး။

ကယ်လုအန်းက ရောက်ရောက်ချင်း ကြွယ်ဝခြင်းနတ်ဘုရားလေးကို လူလိမ်တစ်ယောက်လို အသရေပျက်အောင်ပြောခဲ့တယ်။

နောက်တော့ သက်သေလည်း မပြနိုင်တဲ့နောက်မှာ စကားလမ်းကြောင်းပြောဖို့လုပ်တယ်။

ကြွယ်ဝခြင်းနတ်ဘုရားလေးမှာလည်း ဒေါသရှိတယ်လေ!

ကြွယ်ဝခြင်းနတ်ဘုရားလေးက သူနဲ့ စက်ရုပ်တွေအကြောင်း လုံးလုံး မဆွေးနွေးချင်တော့ဘူး။ ဝမ်ရှောင်းယွင်ကို ဆွဲပြီးတော့ ထွက်သွားတော့တယ်။

ကယ်လုအန်း: ".....မသွားပါနဲ့ သူငယ်ချင်းလေး။ ဒီအဘိုးကြီးက အဝေးကြီးကနေ ဒီအထိလာခဲ့တာပါ။ မင်းရဲ့ အဲဒီစက်ရုပ်လေးအကြောင်း ကောင်းကောင်းဆွေးနွေးကြရအောင်...."

ကျွမ်းကျိုးအရင်ကလုပ်ခဲ့တဲ့ စက်ရုပ်လေးက ရောင်းထွက်သွားတာ လဝက်လောက်တောင်ရှိနေပြီ။ တစ်ဖက်လူက ပစ္စည်းလက်ခံရရှိကြောင်း အသိအမှတ်ပြု လက်မှတ်လည်းထိုးပြီးသွားပြီ။

ဒီလဝက်အတွင်း ကျွမ်းကျိုးနဲ့ ဝမ်ရှောင်းယွင်က အမှိုက်ပုံထဲကနေ အစိတ်အပိုင်းအပိုပစ္စည်းတွေ အများကြီးကောက်ပြီး ရှောင်ဖော့လန် #2 နဲ့ #3 ကို တီထွင်ဖို့ လုပ်ငန်းစဉ်ကို ပုံတူပြန်လုပ်ခဲ့တယ်။

သို့သော် ကျွမ်းကျိုးဟာ သူတို့ကို ကယ်လုအန်းအား လုံးဝ မပေးချင်ခဲ့ဘူး။

သူက ရှောင်ဖော့လန် #2 နဲ့ #3 ကို ဝမ်ရှောင်းယွင်လက်ထဲကို ထည့်လိုက်ပြီး ခိုင်ခိုင်မာမာပြောတယ်: "အကုန် ခင်ဗျားအတွက်ချည်းပဲ။ အခြားသူတွေကို မပေးနဲ့။"

'ကယ်လုအန်း' ဆိုတဲ့ နာမည်ကို ထည့်မပြောဘဲ 'အခြားသူတွေ' ဆိုတဲ့စကားလုံးကို အထူးသဖြင့် ဖိပြီးပြောသွားတယ်။

ဝမ်ရှောင်းယွင်က တခစ်ခစ်ရယ်လိုက်တယ်။

သူ့ယုံကြည်ရာကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားနေတဲ့ ဒီသူငယ်ချင်းလေးက အင်မတန်ချစ်စရာကောင်းတယ်။

အထူးသဖြင့် သူ့ရဲ့ ဒေါကန်ပြီး ဖောင်းနေတဲ့ မျက်နှာလေး။

ဝမ်ရှောင်းယွင်က ရှောင်ဖော့လန် #2 နဲ့ #3 ကို ဘေးမှာချလိုက်ပြီး တိုးဖွဖွပြောတယ်: "စိတ်ဆိုးနေတာလား"

ကျွမ်းကျိုးက နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပေမဲ့ မကျေမနပ်ပြောဖို့ကို ထိန်းမထားနိုင်တော့ဘူး: "သူနားမလည်ရင်လည်း မယုံကြည်ဘဲနေလို့ရတယ်။ ဒါပေမဲ့ သူက ကျွန်တော်ကလိမ်နေ... ကျွန်တော်တို့က အလိမ်ခံနေရတယ်လို့ ပြောလို့မရဘူးလေ"

ဝမ်ရှောင်းယွင်က ဆိုတယ်: "အင်း မင်းပြောတာမှန်တယ်။ ဒီတော့ လောလောဆယ်တော့ သူ့ကို လျစ်လျူရှုထားလိုက်ရအောင်"

"သူ့ကိုလျစ်လျူရှုထားလိုက်" ကျွမ်းကျိုးလည်း အဲဒီလိုပဲ တွေးမိတယ်။ ဒီဝယ်သူအကြောင်း မေ့ထားလိုက်တော့။

ကျွမ်းကျိုးရဲ့စိတ်အခြေအနေ ပိုကောင်းလာတာကိုတွေ့တော့ ဝမ်ရှောင်းယွင်က သူ့ရဲ့ကိုယ်ပိုင်ကွန်ပျူတာက မှတ်စုကို ဖွင့်လိုက်တယ်။ အဲဒီနောက် ကျွမ်းကျိုးဘက်ကိုကြည့်ပြီး ပြောတယ်: "ဒါဆို ကိုယ့်ကို ကျိုးကျိုးကြိုက်တဲ့ဟာနဲ့ မကြိုက်တဲ့ဟာတွေ အကုန်လုံး ပြောပြမလား"

ကျွမ်းကျိုးက နားမလည်ဘူး: "ဘာဖြစ်လို့ အဲဒါတွေ ပြောရမှာလဲ"

ခံစားချက်တွေပြည့်နေတဲ့ မျက်လုံးတွေနဲ့ လေးနက်နေတဲ့လေသံနဲ့အတူ ဝမ်ရှောင်းယွင်က ပြောတယ်: "မင်းမုန်းတဲ့အရာတွေအကုန်လုံး ကိုယ်မှတ်ထားမယ်။ အဲဒါမှ နောက်ကျရင် မင်းစိတ်ဆိုးအောင် ကိုယ်မလုပ်မိမှာ"

အံ့အားသင့်သွားပြီး ကျွမ်းကျိုးမျက်နှာက နီရောင်သန်းလာတယ်: "ကျွန်တော်က အကြောင်းမရှိဘဲ စိတ်မဆိုးပါဘူး..."

ဝမ်ရှောင်းယွင်က အင်း ဆိုပြီး အသိအမှတ်ပြုလိုက်တယ်: "ကိုယ်သိတယ်၊ ကျိုးကျိုးကလွယ်လွယ်နဲ့ စိတ်မဆိုးတတ်ဘူး"

ကျွမ်းကျိုးက အသံတိုးတိုးလေးနဲ့ ပြောတယ်: "ဒါဆို ပြောစရာမလိုတော့ဘူးလေ...."

"အင်း လိုတယ်" ဝမ်ရှောင်းယွင်က ကြင်ကြင်နာနာလေး ပြောလာတယ်: "ဒီလိုမှ အနာဂတ်မှာ မင်းကိုယ့်ကို လျစ်လျူရှုစရာ အကြောင်းပြချက်မရှိမှာပေါ့"

...............xxx.................

စာရေးသူမှာပြောစရာရှိပါတယ်: PS --

ကယ်လုအန်း: သောက်ကျိုးနည်း! ငါအခုနားလည်သွားပြီ...

ဝမ်ရှောင်းယွင်: အခုအချိန်နှောင်းသွားပြီ။ ခင်ဗျားက အိုနေပြီလေ

ကယ်လုအန်း: ????

Aki - ဒီအပိုင်းကတော့ ကံ၊ ကံရဲ့အကျိုးရယ် ဝီရိယရှိမှ အကျိုးဖြစ်ထွန်းမယ်ဆိုတာကို အဓိကပြောသွားသလိုပဲ။ ကျိုးကျိုးတို့ပြောတာကို ပေါက်ကြရဲ့လားမသိဘူး။ နားမလည်ခဲ့ရင် Aki ဘာသာပြန်တာ လိုသွားလို့ ဖြစ်ပါလိမ့်မယ်။ သည်းခံပေးပါလို့။ ကျိုးကျိုးက ဒေါသထွက်နေပေမဲ့ ကိုယ်ကတော့သူ့ကိုကြည့်ပြီး ချစ်လို့ရယ်ချင်တာပဲ XD

-Zawgyi-

အခန္း ၂၁: ဒီဝယ္သူအေၾကာင္း ေမ့လိုက္ေတာ့

အျပင္မွာတာဝန္က်တဲ့ ကင္းလွည့္အဖြဲ႕နဲ႔ တတိယတပ္ဖြဲ႕ဝင္ေတြဟာ ေန႔တိုင္း သူတို႔အျပင္မသြားခင္ ႂကြယ္ဝျခင္းနတ္ဘုရားကို ပူေဇာ္ၾကေလ့႐ွိတယ္။ အဲဒါက ဒီၿပီးခဲ့တဲ့လအတြင္း တျဖည္းျဖည္းနဲ႔ ျဖစ္လာခဲ့တဲ့ အက်င့္တစ္ခုပဲ။

အစကေတာ့ လူေတြက အျခားသူေတြ သိမွာစိုးရိမ္တဲ့အတြက္ တိုးတိုးတိတ္တိတ္လုပ္ၾကတယ္။ ေနာက္ပိုင္းမွာ ခ်န္က်င့္႐ႊယ္က ဦးေဆာင္လာတဲ့အတြက္ သူတို႔လည္း ေန႔ခင္းလူျမင္ကြင္းမွာေတာင္ ဘာသာတရားကိုင္း႐ႈိင္းတဲ့ အျပဳအမူေတြ လုပ္ေဆာင္လာၾကတယ္။ စစ္သေဘၤာ Wyvern ေပၚကလူေတြက ဒါကို အသားက်ေနတာ ၾကာလွၿပီ။

ဒါေတြအကုန္လံုးက ဦးေဆာင္နမူနာလုပ္တဲ့ ခ်န္က်င့္႐ႊယ္ကိုပဲ အျပစ္ဖို႔ရမယ္။

ခ်န္က်င့္႐ႊယ္က ဝမ္ေ႐ွာင္းယြင္ရဲ႕ ဒုဗိုလ္ခ်ဳပ္ျဖစ္တဲ့အျပင္ သူငယ္ခ်င္းေကာင္းတစ္ေယာက္လည္း ဟုတ္တယ္။ သဘာဝအေလ်ာက္ သူက အဆင့္ရာထူးအရ ဝမ္ေ႐ွာင္းယြင္ေနာက္က ထင္ေပၚတဲ့ ျပယုဂ္တစ္ခုလို႔ ယူဆလို႔ရတယ္။

ဒုဗိုလ္ခ်ဳပ္ခ်န္က လမ္းေၾကာင္းေဖာက္ေပးၿပီး ဒီအယူသီးမႈကိုလည္း ယံုၾကည္တယ္။ အလိုအေလ်ာက္ပဲ တတိယတပ္ဖြဲ႔ဝင္ေတြဟာ သူ႔ဆီကေန သင္ယူထားတာျဖစ္တယ္။

ေနာက္ပိုင္းမွာ ခ်ိဳၿမိန္တဲ့ဆုလာဘ္ေတြ ခံစားရၿပီးတဲ့ေနာက္၊ ကိုးကြယ္ၿပီးေနာက္ သူတို႔ကံေကာင္းလာတာတင္မကဘဲ မၾကာခဏ ထီေပါက္တာကိုပါ သိ႐ွိလာၿပီးေနာက္မွာေတာ့ သူတို႔ အရင္က မယံုၾကည္ခဲ့ရင္ေတာင္မွာ အခုဆို ယံုၾကည္႐ံုကလြဲၿပီး ေ႐ြးခ်ယ္စရာမ႐ွိခဲ့ဘူး။

အခု သူတို႔ကို မိစၦာဒိ႒ိအယူကိုးကြယ္တဲ့ ဘာသာေရးဂိုဏ္းတစ္ခုအသြင္ ကယ္လုအန္း ေျပာတာကို ၾကားလိုက္ရေတာ့ သူတို႔အားလံုး စိတ္ထဲမွာ အေတာ္ေလး မေပ်ာ္မ႐ႊင္ျဖစ္သြားတယ္။

စားစရာကို ျဖစ္သလိုစားလို႔ရေပမဲ့ စကားကိုေတာ့ မဆင္မျခင္ေျပာလို႔မျဖစ္ဘူးေလ။

စကားအမွားေတြေျပာမိၿပီး ဒုဗိုလ္ခ်ဳပ္ ဘယ္ေလာက္ေတာင္ ကံဆိုးမိုးေမွာင္က်သြားလဲဆိုတာ မျမင္ဖူးလား။

လူတိုင္းက ခ်က္ခ်င္း သူတို႔ကို မိစၦာအယူကိုးကြယ္တဲ့ဂိုဏ္းလို႔ ေခၚတဲ့သူနဲ႔ ေကာင္းေကာင္းစကားေျပာခ်င္ခဲ့တယ္။

မေမွ်ာ္လင့္ဘဲ သူတို႔လွည့္ၾကည့္လိုက္တဲ့အခါ ဝမ္ေ႐ွာင္းယြင္ ေဘးကပ္ရပ္က ကယ္လုအန္းကို ျမင္လိုက္ရတယ္။ အားလံုးက တညီတညြတ္တည္း အံ့အားသင့္သြားၾကၿပီးေနာက္ အလ်င္အျမန္ ႐ို႐ိုေသေသ ဂါရဝျပဳလုိက္တယ္။

"ဗိုလ္ခ်ဳပ္ႀကီး၊ ဆရာႀကီး ကယ္လုအန္း"

သူတို႔က "စကားေကာင္းေျပာမဲ့" အစီအစဥ္ကို လႊင့္ပစ္လိုက္တယ္။ ဒါက ဘယ္လိုပဲျဖစ္ျဖစ္ ဆရာႀကီး ကယ္လုအန္းပဲေလ။

ကယ္လုအန္းက သူတို႔ကို ၾကည့္လုိက္တယ္။ သူတို႔ ဦးေႏွာက္က်င္းခံထားရတဲ့လူေတြလိုမဟုတ္ဘဲ သာမန္လိုပဲျပဳမူေနတာကိုေတြ႕ေတာ့ သူမေနႏိုင္ေတာ့ဘဲ ေမးလိုက္တယ္: "မင္းတို႔ေကာင္ေတြ ဘာလုပ္ေနၾကတာလဲ"

က်န္းဖုန္းကဆိုတယ္: "ဆရာႀကီး ကယ္လုအန္း၊ ကၽြန္ေတာ္တို႔ ကင္းလွည့္သြားမလို႔ အဆင္သင့္ျပင္ေနတာပါ။ အခုပဲ ႂကြယ္ဝျခင္းနတ္ဘုရားကို ပူေဇာ္ေနၾကတာ၊ ဒီေန႔ ကင္းလွည့္သြားရင္းနဲ႔ ပစၥည္းေကာင္းေလးေတြ ေတြ႕ေအာင္နဲ႔ အႏၱရာယ္ကင္းေအာင္လို႔ေလ။"

ကယ္လုအန္းက အံ့အားသင့္ေနတဲ့ မ်က္ႏွာနဲ႔ : "ႂကြယ္ဝျခင္းနတ္ဘုရား ဟုတ္လား"

လူတိုင္းက သူတို႔ကိုယ္သူတို႔ ဆရာႀကီးကယ္လုအန္းေ႐ွ႕မွာ ထင္ေပၚခ်င္ၿပီး အျမင္ေကာင္းရေအာင္ လုပ္ခ်င္ၾကတယ္။ သူတို႔ကိုယ္တိုင္ ႀကံဳေတြ႕ခဲ့တဲ့ ထူးျခားအံ့ဖြယ္အျဖစ္အပ်က္ေတြကိုလည္း မွ်ေဝခ်င္ၾကေသးတယ္။ ဟိုလူကတစ္ေၾကာင္း၊ ဒီလူကတစ္ေၾကာင္းနဲ႔ ကယ္လုအန္းကို ျဖစ္ေၾကာင္းကုန္စင္ စတင္႐ွင္းျပၾကေတာ့တယ္။

အလ်င္အျမန္ပဲ ကယ္လုအန္းက ဒီ "ႂကြယ္ဝျခင္းနတ္ဘုရား" ဘယ္ကေရာက္လာလဲဆိုတာ နားလည္သြားတယ္။

အဆိုအရေတာ့ သူ႔ကို ကိုးကြယ္ၿပီးရင္ သင္က နည္းနည္းကံေကာင္းရင္ စြမ္းအင္ေက်ာက္တံုးေတြ ေကာက္ရႏိုင္ၿပီး အလြန္႔အလြန္ ကံေကာင္းရင္ေတာ့ စြမ္းအင္သတၱဳတြင္းကိုေတာင္ ႐ွာေတြ႕ႏိုင္ေသးတယ္ေပါ့။

အဆိုအရေတာ့ သူ႔ကို ကိုးကြယ္ၿပီးရင္ ေသခ်ာေပါက္ ထီေပါက္လိမ့္မယ္။ အႀကီးဆံုးဆုမဟုတ္ရင္ေတာင္မွ ထိပ္ဆံုးသံုးဆုထဲမွာေတာ့ ဝင္လိမ့္မယ္။ ဘုရားသိၾကားမသလိုကံေကာင္းတဲ့သူဆိုရင္ ထီဆုအတြဲလိုက္ေတာင္ ေပါက္ႏိုင္ေသးတယ္။

အဆိုအရေတာ့ သူ႔ကို ကိုးကြယ္ၿပီးရင္ အေဝးက ၿမိဳ႕ေတာ္ထဲမွာေနတဲ့ သင့္အေမေတာင္မွပဲ ေသာင္းခ်ီၿပီး ထီေပါက္ႏိုင္တယ္။ ျပန္ေပးဆြဲခံရတဲ့ ညီေလးကိုေတာင္ ျပန္ေတြ႕ႏိုင္ေသးတယ္။

ကယ္လုအန္း: "......."

အခုေလးတင္ တတိယတပ္ဖြဲ႕ဝင္ေတြက အလြန္ျပင္းျပင္းထန္ထန္ ဦးေႏွာက္က်င္းခံလိုက္ရတာေတာ့ မဟုတ္ေလာက္ဘူးလို႔ သူခံစားေနရေသးတယ္။

အခုေတာ့ ၾကည့္ရတာ စင္စစ္ အေတာ္ေလး ျပင္းထန္ေနတဲ့ပံုပဲ။

ကယ္လုအန္းက တစ္ဖက္လွည့္လုိက္ၿပီး ဝမ္ေ႐ွာင္းယြင္ကို စိတ္ရင္းနဲ႔ ေျပာလာတယ္: "ဗိုလ္ခ်ဳပ္ႀကီးဝမ္ မင္း စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္ ခ်က္ခ်င္းငွားဖို႔ အႀကံေပးပါရေစ၊ ဒီက မင္းရဲ႕တတိယတပ္ဖြဲ႕က... ၾကည့္ရတာ နည္းနည္း အႏၱရာယ္႐ွိေနၿပီထင္တယ္"

လူအားလံုး: "!!!"

မဟုတ္ဘူး၊ အႏၱရာယ္က်မဲ့သူက ဆရာႀကီးေနာ္!

ဆရာႀကီး ႂကြယ္ဝျခင္းနတ္ဘုရားရဲ႕ စြမ္းအားေတြကို ဘာမွ မသိေသးဘူး!

ဝမ္ေ႐ွာင္းယြင္ ေခါင္းညိတ္လိုက္ၿပီး ထိပ္တန္းတပ္ဖြဲ႕ေလးနဲ႔ အျခားသူေတြကို ျပန္လႊတ္လိုက္တယ္။ ထို႔ေနာက္ သူက တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာတယ္: "အႀကံေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ကၽြန္ေတာ္ စဥ္းစားလိုက္ပါမယ္"

ကယ္လုအန္းက စိုးရိမ္စိတ္ေတြ ျပည့္ေနတယ္: "ဒီကေလးေတြက ဘယ္လိုျဖစ္ၿပီး ဒီေလာက္လြယ္လြယ္ကူကူ အလိမ္ခံရတာလဲ။ သူတို႔ေတြးေရာေတြးမိၾကရဲ႕လား။ တကယ္လို႔ ဒီႂကြယ္ဝျခင္းနတ္ဘုရားက တကယ္တမ္း လူတိုင္းဆုေတာင္းေတြ ျဖည့္ေပးႏိုင္ေလာက္တဲ့ စြမ္းအား႐ွိတယ္ဆိုရင္၊ ဒီကမာၻမွာ ဘယ္သူက အလုပ္လုပ္ေနဦးမွာလဲ။ သူ႔ကို ကိုးကြယ္ေနရင္ လံုေလာက္ေနၿပီေပါ့။ ပူေဇာ္ပသ႐ံုနဲ႔ လူေတြက စားစရာ၊ ေသာက္စရာအတြက္ စိတ္ပူစရာေတာင္ လိုမွာမဟုတ္ဘူး။"

ခ်န္က်င့္႐ႊယ္နဲ႔ ကၽြမ္းက်ိဳးေရာက္လာေတာ့ သူတို႔ ဒီစကားေတြကို ၾကားမိသြားတယ္။

ကၽြမ္းက်ိဳးက နည္းနည္း စိတ္မေပ်ာ္ေတာ့ဘူး: "သူတို႔က အလိမ္ခံရတာမဟုတ္ပါဘူး"

ကယ္လုအန္းက သူ႔ကိုျမင္တာနဲ႔ ခ်က္ခ်င္း ဝမ္းသာအားရ ႀကိဳဆိုလိုက္တယ္: "မင္းက သူငယ္ခ်င္းေလး ကၽြမ္းက်ိဳးလား။ ငါက ကယ္လုအန္းပါ။ မင္း ငါ့ကို ဘုိးဘိုးကယ္လုအန္းလို႔ ေခၚလို႔ရတယ္"

ကၽြမ္းက်ိဳးက ေခါင္းမာစြာ ေျပာလိုက္ျပန္တယ္: "သူတို႔ေတြက အလိမ္ခံရတာမဟုတ္ပါဘူး"

ကယ္လုအန္းက နည္းနည္း ႐ႈပ္သြားတယ္။ သူက ဝမ္ေ႐ွာင္းယြင္ကို ၾကည့္လိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က ပခံုးတြန္႔ျပကာ အနိမ့္အျမင့္မ႐ွိတဲ့အသံနဲ႔ ေျပာတယ္: "က်ိဳးက်ိဳးလည္း ႂကြယ္ဝျခင္းနတ္ဘုရားကို ယံုၾကည္တယ္"

ကယ္လုအန္း: "......"

ေကာင္းၿပီ။ အျခားသူေတြရဲ႕ ယံုၾကည္မႈကို သားပုပ္ေလလြင့္ေျပာတယ္ဆိုတာ စင္စစ္ စက္ဆုပ္႐ြံ႐ွာစရာအေျခအေနနဲ႔ အဆံုးသတ္သြားႏိုင္တယ္။ အထူးသျဖင့္ ဒါက အလိမ္အညာပါဆိုတာကို သက္ေသျပစရာ အေထာက္အထားတစ္ခုမွ မ႐ွိတဲ့အခါမ်ိဳးမွာေပါ့။

ကယ္လုအန္းက ခဏတျဖဳတ္စဥ္းစားလိုက္ၿပီး ေမးတယ္: "ဒီေျပာေနၾကတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားက သူ႔ကိုကုိးကြယ္တဲ့လူတိုင္းရဲ႕ ဆုေတာင္းေတြကို ျဖည့္ဆည္းေပးႏိုင္တယ္လို႔ တကယ္ယံုတာလား"

ကၽြမ္းက်ိဳးက ေလးေလးနက္နက္ ေျဖတယ္: "သူသာၾကားမယ္ဆုိရင္ ေသခ်ာေပါက္ ျဖည့္ဆည္းေပးလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ကို လူေတြ ယံုၾကည္ေလေလ၊ သူ႔ရဲ႕တန္ခိုးစြမ္းအင္ ပိုအားေကာင္းေလပဲ"

ဒါေတြအကုန္လံုးက အနည္းငယ္ ယံုၾကည္ခ်င္စရာမေကာင္းဘူးလို႔ ခံစားေနရေသးတဲ့ ကယ္လုအန္းက ဒီစကားကို ၾကားေတာ့ ပိုၿပီးေတာ့ေတာင္ ယံုခ်င္စရာမေကာင္းဘူးလို႔ ခံစားလိုက္ရတယ္: "ဒီႂကြယ္ဝျခင္းနတ္ဘုရားက တန္ခိုးစြမ္းအင္ရဖို႔အတြက္ ယံုၾကည္သူေတြအေပၚ မီွခိုေနရတာလား"

ကၽြမ္းက်ိဳးကဆိုတယ္: "ဟုတ္တယ္၊ နတ္ဘုရားနဲ႔ သက္ဝင္ယံုၾကည္သူေတြက ေရနဲ႔ ေလွလိုပဲ။ ေရက ေလွကို သယ္ေဆာင္ထားႏိုင္သလို ေလွကို ေမွာက္လည္း ေမွာက္ပစ္ႏိုင္တယ္"

ကယ္လုအန္း: "ဒါက ပိုေတာင္မွ ေၾကာက္စရာေကာင္းေသးတယ္။ တကယ္လို႔ စိတ္ေဖာက္ျပန္ေနတဲ့ လူသတ္သမားတစ္ေယာက္က ဆုေတာင္းခဲ့ရင္ ဘယ္လိုလုပ္မလဲ။ ဒီေျပာေနၾကတဲ့နတ္ဘုရားက တန္ခိုးစြမ္းအင္ရယူဖို႔အတြက္ သူ႔ရဲ႕ဆုေတာင္းကိုေရာ ျဖည့္ဆည္းေပးမွာပဲလား။ ေနာက္ၿပီး သူသာ တကယ္စြမ္းအားႀကီးတယ္ဆိုရင္ လူတိုင္းက သူ႔ကို ေန႔တိုင္း ကပ္လွဴစရာပဲလိုၿပီး၊ ဘယ္သူမွ အလုပ္လုပ္စရာမလိုေတာ့ဘဲ ေနမွာေပါ့။ သူတို႔သာ ဒီႂကြယ္ဝျခင္းနတ္ဘုရားကို ကိုးကြယ္ေနသေ႐ြ႕ ေန႔စဥ္လိုအပ္ခ်က္ေတြကို စိတ္ပူစရာကို မလိုေတာ့ဘူးေပါ့"

ဒါက မိစၦာဒိ႒ိအယူကိုးကြယ္တဲ့ဂိုဏ္းပဲ မဟုတ္ဘူးလား။

ကယ္လုအန္းက မွတ္မိလုိက္တယ္။ လြန္ခဲ့တဲ့ ႏွစ္ရာေပါင္း အနည္းငယ္က ဒီလိုမ်ိဳးအယူအဆေတြ ႐ိုက္သြင္းခံရတဲ့ အျဖစ္အပ်က္တစ္ခု အရင္က ျဖစ္ဖူးတယ္။

လူအေရအတြက္အေတာ္မ်ားမ်ားက စုေဝးၾကၿပီး ကိုယ္ခံပညာတစ္မ်ိဳးကို စတင္ေလ့က်င့္ၾကကာ ဒီပညာကို ေလ့က်င့္ၿပီးရင္ နတ္ဘုရားေတြ ျဖစ္လာမယ္လို႔ ေျပာၾကတယ္။

အစကေတာ့ ဘယ္သူကမွ ဒါကို မယံုၾကည္ၾကဘူး။ ဒါေပမဲ့ လူအေရအတြက္အမ်ားႀကီးက ႐ုတ္တရက္ စတင္ေျပာလာၾကတယ္ -- ငါ့မိသားစုက ဘယ္သူကေတာ့ နတ္ဘုရားတစ္ပါးျဖစ္သြားၿပီ၊ ငါ့အိမ္နီးခ်င္း ဘယ္သူကေတာ့ ဒါကို ေလ့က်င့္ၿပီး နတ္ဘုရားျဖစ္သြားၿပီ ဘာညာနဲ႔။

ေျပာတဲ့လူေတြ မ်ားလာေလေလ၊ ယံုၾကည္တဲ့လူေတြ မ်ားလာေလေလပဲ။ 'ေအာင္ျမင္တဲ့နမူနာေတြ' အမ်ားႀကီး ထပ္ေပါင္းထည့္လိုက္တဲ့အခါ လူတိုင္းက ဒီကိုယ္ခံပညာကို က်င့္မယ္ဆိုရင္ တကယ္ပဲ နတ္ဘုရားအျဖစ္ေရာက္မယ္လို႔ စတင္ယံုၾကည္လာၾကတယ္။ ေန႔တိုင္း သူတို႔ စားျခင္း၊ ေသာက္ျခင္း၊ အလုပ္လုပ္ျခင္း အမႈကိစၥကို စြန္႔လႊတ္ၿပီး ေလ့က်င့္ဖို႔ပဲ အာ႐ံုစိုက္ထားၾကတယ္။ အဆံုးမွာေတာ့ နတ္ဘုရားဘဝကို ေရာက္ဖို႔ အသက္ေတာင္စေတးခဲ့ၾကတယ္။

အခု ဒီ"ႂကြယ္ဝျခင္းနတ္ဘုရား" ႐ုတ္တရက္ေပၚလာတာက တကယ္ကို အရင္က အျဖစ္အပ်က္နဲ႔ အင္မတန္ ဆင္တူေနတယ္။

႐ွင္းျပလို႔မရတဲ့ အေၾကာင္းျပခ်က္ေၾကာင့္ လူတိုင္းက သူတို႔ဆုေတာင္း ျပည့္လာတယ္၊ ဒီႂကြယ္ဝျခင္းနတ္ဘုရားက တကယ္ အလုပ္ျဖစ္တယ္လို႔ ေျပာလာၾကတယ္။

ကယ္လုအန္းရဲ႕ မ်က္လံုးထဲမွာေတာ့ ဒါေတြက တိုက္ဆိုင္မႈေတြသက္သက္ပဲ။ အခ်ိဳ႕ကိစၥေတြက ေနာက္ကြယ္ကေန အခ်ိဳ႕ေသာသူေတြက ရည္႐ြယ္ခ်က္႐ွိ႐ွိ စီစဥ္ထားတာပဲ ျဖစ္ႏိုင္ေခ်မ်ားတယ္။

ကၽြမ္းက်ိဳး မ်က္ေမွာင္ၾကဳတ္လိုက္တယ္: "ဒါေပမဲ့... ပ်င္းရိေနၿပီး ေငးငိုင္ၿပီးအခ်ိန္ျဖဳန္းေန႐ံုနဲ႔ အလကားလိုခ်င္တဲ့သူေတြကေတာ့ ဆုေတာင္းခဲ့မယ္ဆိုရင္ေတာင္ နတ္ဘုရားက သူတို႔ကို ၾကားမွာမဟုတ္ဘူး"

ကယ္လုအန္းက ေမးတယ္: "သူမၾကားဘူးဆိုတာ မင္းဘယ္လိုသိလဲ။ သူက အနႏၱတန္ခိုး႐ွင္မဟုတ္ဘူးလား"

ကၽြမ္းက်ိဳးဟာ ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ပိတ္လိုက္ၿပီး တိုးတိတ္စြာ ေျပာတယ္: "ဒီလိုပဲ သူတို႔ေျပာတာကို သူမၾကားရဘူး"

ခဏရပ္ၿပီးေနာက္ သူကဆက္ေျပာတယ္: "ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒီလူေတြက စိုက္ပ်ိဳးထားတာမ႐ွိဘဲ ရိတ္သိမ္းခ်င္ၾကတာေလ။ ဒီလိုေလာဘမ်ိဳးကို မေကာင္းတဲ့စိတ္လို႔ ယူဆတယ္။ နတ္ဘုရားက စိတ္ရင္းေကာင္းတဲ့လူေတြကိုပဲ ကာကြယ္ေပးလိမ့္မယ္။ ႏွလံုးသားထဲမွာ စိတ္ပုပ္စိတ္ယုတ္ေတြ ႐ွိေနမယ္ဆိုရင္၊ ဘယ္ေလာက္ပဲ ဆုေတာင္းပါေစ၊ ဘယ္ေလာက္ပဲ စိတ္ႏွစ္ျမွဳပ္ထားပါေစ၊ နတ္ဘုရားက ဘာကိုမွ ၾကားႏိုင္မွာမဟုတ္ဘူး။ တကယ္လို႔ ခင္ဗ်ားက အဖတ္ဆယ္လို႔မရေလာက္ေအာင္ ေကာက္က်စ္တဲ့သူမ်ိဳးဆိုရင္ ပိုေတာင္ဆိုးဦးမယ္"

ကယ္လုအန္း: "ဒါဆို မင္းေျပာတဲ့အတိုင္း ငါတို႔အေတြးရထားကို လမ္းေၾကာင္းေျပာင္းလိုက္ရေအာင္၊ အခုဆို စစ္သေဘၤာ Wyvern ေပၚက တတိယတပ္ဖြဲ႕ထဲမွာ လူေတြသိပ္အမ်ားႀကီးမ႐ွိဘူး။ သူရဲ႕ တန္ခိုးစြမ္းအင္ကို ျဖည့္တင္းဖို႔ မင္းတို႔ရဲ႕ယံုၾကည္မႈကိုလိုအပ္လို႔ သူက မင္းတို႔ဆုေတာင္းေတြအကုန္လံုးကို ျဖည့္ဆည္းေပးလိမ့္မယ္လို႔ ယံုေနၾကတယ္။ ဒါေပမဲ့ အနာဂတ္မွာ သူ႔ကိုကိုးကြယ္တဲ့လူေတြက ၿဂိဳလ္တစ္ခုလံုးက လူေတြျဖစ္လာရင္ေကာ၊ သူက တကယ္ပဲ လူတိုင္းရဲ႕ဆုေတာင္းကို ျဖည့္ဆည္းေပးႏိုင္မွာလား။ ၿဂိဳလ္ေတြေပၚမွာ လူရာေပါင္း ေထာင္ေပါင္းခ်ီၿပီး႐ွိတယ္။ လူမႈအဖြဲ႕အစည္းတိုင္းမွာ လူသန္းခ်ီၿပီး႐ွိတယ္။ သူက လူတစ္ေယာက္ခ်င္းစီကို တကယ္ပဲ စိတ္ေက်နပ္ေစႏိုင္မွာလား"

"တကယ္တမ္း အဲဒီလိုသာဆိုရင္ ကမာၻႀကီးက ဖ႐ိုဖရဲျဖစ္သြားမွာမဟုတ္ဘူးလား"

ကၽြမ္းက်ိဳးက အလ်င္စလို ေျပာလာတယ္: "ဒါေပမဲ့ ကၽြန္ေတာ္ေျပာၿပီးၿပီေလ၊ ဒါက လူေပၚမူတည္တယ္။ ခင္ဗ်ား ႀကိဳးစားတဲ့သူ ဟုတ္မဟုတ္အေပၚ မူတည္တယ္။ ဆုတစ္ခုတည္းကို ေတာင္းတာေတာင္မွ ဘာျဖစ္လို႔ တခ်ိဳ႕လူရဲ႕ ဆုေတာင္းက ခ်က္ခ်င္းျပည့္ၿပီး အခ်ိဳ႕လူေတြက တစ္စိတ္တစ္ပိုင္းေလာက္ပဲ ျပည့္ရတာလဲ။ ဒါက ခင္ဗ်ားဘယ္ေလာက္ေတာင္ ျပင္းျပင္းထန္ထန္ ႐ုန္းကန္ႀကိဳးစားေနလဲဆိုတဲ့အေပၚ မူတည္တယ္"

ဆုႀကီးေပါက္တဲ့ အဲဒီလူေတြက ပံုမွန္အားျဖင့္ ႀကိဳးစားၾကၿပီး ဝီရိယ႐ွိတဲ့လူေတြပဲ။ အဲဒါေၾကာင့္ပဲ သူတို႔ရဲ႕ေကာင္းတဲ့ကံက ဆုေပါက္ရေလာက္တဲ့အထိ အဆအခ်ိဳ႕တိုးပြားသြားတာပဲ။

ဒီအဆိုပါ ယံုၾကည္မႈစြမ္းအားဆိုတာမ်ိဳးက တကယ္ နတ္ဘုရားသာ ဒီကမာၻမွာ႐ွိခဲ့မယ္ဆိုရင္ သင့္ရဲ႕ယံုၾကည္မႈက သူ႔အတြက္ အားျဖစ္လာၿပီး သူရဲ႕အားက ထူးဆန္းစြာ ေျပာမျပႏိုင္ေလာက္ေအာင္ သင့္ထံကို ျပန္အက်ိဳးျပဳလိမ့္မယ္ဆိုတာမ်ိဳးပဲ။ (*ဒီစာေၾကာင္းကေလ ကမာၻေပၚမွာ လက္နဲ႔ျပလို႔မရတဲ့ ထူးဆန္းတဲ့အရာေတြကေနတဆင့္ျဖစ္လာတယ္လို႔ေျပာခ်င္တာ၊ ကံအေၾကာင္းတရား၊ ကံၾကမၼာတို႔၊ ေရစက္တို႔လိုမ်ိဳးေလ)

ကၽြမ္းက်ိဳးက အဲဒီလူအတြက္ ကိုယ္တိုင္ကိုယ္က် ဘာမွလုပ္စရာမလိုဘူး။ သူတကယ္ကို ဘာတစ္ခုမွ လုပ္စရာမလိုဘူး။

ဥပမာ ညီေလးျပန္ေပးဆြဲၿပီး ေရာင္းစားခံရတဲ့ တတိယတပ္ဖြဲ႕က အဲဒီလူကိုပဲၾကည့္။

သူက စိတ္ထားေကာင္းတဲ့လူျဖစ္တယ္။ သူ႔ညီေလးကို ျပန္႐ွာေတြ႕ခ်င္တဲ့အတြက္ သူ႔ညီေလးသတင္းကို ရႏိုင္ေအာင္လို႔ လစာရတိုင္းမွာ အိမ္ေျခရာမဲ့ေတြကို ကူညီဖို႔ သံုးတတ္တယ္။

ေကာင္းတဲ့အမႈကိစၥေတြ သူျပဳတိုင္းမွာ ကၽြမ္းက်ိဳးရဲ႕ တန္ခိုးစြမ္းအင္က ထူးထူးဆန္းဆန္း ေျပာျပမရေအာင္ သူ႔ဆီကို ျပန္လွည့္လာၿပီး ကံေကာင္းေအာင္ လုပ္ေပးတယ္။ အဲဒါေၾကာင့္ သူ႔ဆုေတာင္းျပည့္သြားတာပဲ။

တကယ္လို႔ သူသာ အားသြန္ခြန္စိုက္မ႐ွာခဲ့ဘူးဆိုရင္ နတ္ဘုရားကို ဆုေတာင္းတာေတာင္မွ သူ႔ဆႏၵျပည့္မွာမဟုတ္ဘူး။ နတ္ဘုရားက ဘာလုပ္စရာလိုလို႔လဲ။ သူ႔ညီေလးကို ေကာင္းကင္ကေန ပစ္ခ်ေပးရလို႔လား။ ညီေလးကို သူ႔ေ႐ွ႕ကို ပစ္ေပးရလား။

အဲဒါေၾကာင့္ ႀကိဳးစားအားထုတ္မႈမပါရင္ နတ္ဘုရားကို ေစတနာေကာင္းနဲ႔ စိတ္ရင္းနဲ႔ ဆုေတာင္းရင္ေတာင္မွ နတ္ဘုရားဆီက တံု႔ျပန္မႈျပန္ရလိမ့္မယ္၊ ဒါေပမဲ့ ဒီတံု႔ျပန္မႈကေန ဘာမွသိပ္ျပန္ရမွာမဟုတ္ဘူး။ ဘာမွေတာင္ မပါသေလာက္ပဲ။

အျပင္ဘက္သြားရင္း ပိုက္ဆံေကာက္ရေအာင္ ဆုေတာင္းသလိုမ်ိဳးပဲ။

၁၀ ေဒၚလာေကာက္ရတာကလည္း ဆုေတာင္းျဖည့္ဆည္းေပးတာပဲ။

ဒါေပမဲ့ အျခားသူေတြကေတာ့ ေဒၚလာ တစ္သိန္း ေကာက္ရႏိုင္တာပဲ။

ဒါက ဒီလိုမ်ိဳး စည္းမ်ဥ္းနဲ႔ ႀကိဳတင္သတ္မွတ္ခ်က္ေတြ႐ွိတဲ့ အရာတစ္ခုပဲ။

ကၽြမ္းက်ိဳးကိုယ္၌ေတာင္မွ ဒါကို ေျပာင္းလဲလို႔မရဘူး။

ကၽြမ္းက်ိဳးက ေလးေလးနက္နက္ေျပာတယ္: "ခင္ဗ်ားနားလည္ထားရမွာက ႀကိဳးစားေလေလ၊ ပိုၿပီးကံေကာင္းလာေလေလပဲ"

ပိုၿပီးႀကိဳးစားအားထုတ္ေလေလ၊ နတ္ဘုရားက ခင္ဗ်ားကို ပိုၿပီး ၾကည့္႐ႈေစာင္မေလေလပဲ။

ကယ္လုအန္း: "......................"

သူငယ္ခ်င္းေလးေျပာတဲ့ စကားလံုးေတြက မွန္လြန္းေနၿပီး အလြန္အက်ိဳးအေၾကာင္းသင့္ေနတဲ့အတြက္ သူတကယ္ေတာ့ ျပန္မျငင္းႏိုင္ခဲ့ဘူး။

သူေတာင္မွပဲ ဦးေႏွာက္က်င္းခံရေတာ့မဲ့ဆဲဆဲ ျဖစ္သြားတယ္။

ကယ္လုအန္းက ပါးစပ္ကိုဖြင့္လိုက္၊ ပိတ္လိုက္နဲ႔ ေနာက္တစ္ဖန္ ျပန္ဖြင့္လိုက္ျပန္တယ္။ ထို႔ေနာက္ သူက ေဖာ္ေ႐ြတဲ့ေလသံနဲ႔ ေျပာတယ္: "ငါတို႔ စက္႐ုပ္ေလးအေၾကာင္းပဲ ေဆြးေႏြးၾကရင္ မေကာင္းဘူးလား"

သို႔ေသာ္လည္း အဆံုးတြင္ေတာ့ သူတို႔က အဲဒီအေၾကာင္း လံုးဝ မေဆြးေႏြးႏိုင္ခဲ့ဘူး။

ကယ္လုအန္းက ေရာက္ေရာက္ခ်င္း ႂကြယ္ဝျခင္းနတ္ဘုရားေလးကို လူလိမ္တစ္ေယာက္လို အသေရပ်က္ေအာင္ေျပာခဲ့တယ္။

ေနာက္ေတာ့ သက္ေသလည္း မျပႏိုင္တဲ့ေနာက္မွာ စကားလမ္းေၾကာင္းေျပာဖို႔လုပ္တယ္။

ႂကြယ္ဝျခင္းနတ္ဘုရားေလးမွာလည္း ေဒါသ႐ွိတယ္ေလ!

ႂကြယ္ဝျခင္းနတ္ဘုရားေလးက သူနဲ႔ စက္႐ုပ္ေတြအေၾကာင္း လံုးလံုး မေဆြးေႏြးခ်င္ေတာ့ဘူး။ ဝမ္ေ႐ွာင္းယြင္ကို ဆြဲၿပီးေတာ့ ထြက္သြားေတာ့တယ္။

ကယ္လုအန္း: ".....မသြားပါနဲ႔ သူငယ္ခ်င္းေလး။ ဒီအဘိုးႀကီးက အေဝးႀကီးကေန ဒီအထိလာခဲ့တာပါ။ မင္းရဲ႕ အဲဒီစက္႐ုပ္ေလးအေၾကာင္း ေကာင္းေကာင္းေဆြးေႏြးၾကရေအာင္...."

ကၽြမ္းက်ိဳးအရင္ကလုပ္ခဲ့တဲ့ စက္႐ုပ္ေလးက ေရာင္းထြက္သြားတာ လဝက္ေလာက္ေတာင္႐ွိေနၿပီ။ တစ္ဖက္လူက ပစၥည္းလက္ခံရ႐ွိေၾကာင္း အသိအမွတ္ျပဳ လက္မွတ္လည္းထိုးၿပီးသြားၿပီ။

ဒီလဝက္အတြင္း ကၽြမ္းက်ိဳးနဲ႔ ဝမ္ေ႐ွာင္းယြင္က အမႈိက္ပံုထဲကေန အစိတ္အပိုင္းအပိုပစၥည္းေတြ အမ်ားႀကီးေကာက္ၿပီး ေ႐ွာင္ေဖာ့လန္ #2 နဲ႔ #3 ကို တီထြင္ဖို႔ လုပ္ငန္းစဥ္ကို ပံုတူျပန္လုပ္ခဲ့တယ္။

သို႔ေသာ္ ကၽြမ္းက်ိဳးဟာ သူတို႔ကို ကယ္လုအန္းအား လံုးဝ မေပးခ်င္ခဲ့ဘူး။

သူက ေ႐ွာင္ေဖာ့လန္ #2 နဲ႔ #3 ကို ဝမ္ေ႐ွာင္းယြင္လက္ထဲကို ထည့္လိုက္ၿပီး ခိုင္ခိုင္မာမာေျပာတယ္: "အကုန္ ခင္ဗ်ားအတြက္ခ်ည္းပဲ။ အျခားသူေတြကို မေပးနဲ႔။"

'ကယ္လုအန္း' ဆိုတဲ့ နာမည္ကို ထည့္မေျပာဘဲ 'အျခားသူေတြ' ဆိုတဲ့စကားလံုးကို အထူးသျဖင့္ ဖိၿပီးေျပာသြားတယ္။

ဝမ္ေ႐ွာင္းယြင္က တခစ္ခစ္ရယ္လိုက္တယ္။

သူ႔ယံုၾကည္ရာကို ကာကြယ္ဖို႔ အေကာင္းဆံုးႀကိဳးစားေနတဲ့ ဒီသူငယ္ခ်င္းေလးက အင္မတန္ခ်စ္စရာေကာင္းတယ္။

အထူးသျဖင့္ သူ႔ရဲ႕ ေဒါကန္ၿပီး ေဖာင္းေနတဲ့ မ်က္ႏွာေလး။

ဝမ္ေ႐ွာင္းယြင္က ေ႐ွာင္ေဖာ့လန္ #2 နဲ႔ #3 ကို ေဘးမွာခ်လိုက္ၿပီး တိုးဖြဖြေျပာတယ္: "စိတ္ဆိုးေနတာလား"

ကၽြမ္းက်ိဳးက ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားေပမဲ့ မေက်မနပ္ေျပာဖို႔ကို ထိန္းမထားႏိုင္ေတာ့ဘူး: "သူနားမလည္ရင္လည္း မယံုၾကည္ဘဲေနလို႔ရတယ္။ ဒါေပမဲ့ သူက ကၽြန္ေတာ္ကလိမ္ေန... ကၽြန္ေတာ္တို႔က အလိမ္ခံေနရတယ္လို႔ ေျပာလို႔မရဘူးေလ"

ဝမ္ေ႐ွာင္းယြင္က ဆိုတယ္: "အင္း မင္းေျပာတာမွန္တယ္။ ဒီေတာ့ ေလာေလာဆယ္ေတာ့ သူ႔ကို လ်စ္လ်ဴ႐ႈထားလိုက္ရေအာင္"

"သူ႔ကိုလ်စ္လ်ဴ႐ႈထားလိုက္" ကၽြမ္းက်ိဳးလည္း အဲဒီလိုပဲ ေတြးမိတယ္။ ဒီဝယ္သူအေၾကာင္း ေမ့ထားလိုက္ေတာ့။

ကၽြမ္းက်ိဳးရဲ႕စိတ္အေျခအေန ပိုေကာင္းလာတာကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က သူ႔ရဲ႕ကိုယ္ပိုင္ကြန္ပ်ဴတာက မွတ္စုကို ဖြင့္လိုက္တယ္။ အဲဒီေနာက္ ကၽြမ္းက်ိဳးဘက္ကိုၾကည့္ၿပီး ေျပာတယ္: "ဒါဆို ကိုယ့္ကို က်ိဳးက်ိဳးႀကိဳက္တဲ့ဟာနဲ႔ မႀကိဳက္တဲ့ဟာေတြ အကုန္လံုး ေျပာျပမလား"

ကၽြမ္းက်ိဳးက နားမလည္ဘူး: "ဘာျဖစ္လို႔ အဲဒါေတြ ေျပာရမွာလဲ"

ခံစားခ်က္ေတြျပည့္ေနတဲ့ မ်က္လံုးေတြနဲ႔ ေလးနက္ေနတဲ့ေလသံနဲ႔အတူ ဝမ္ေ႐ွာင္းယြင္က ေျပာတယ္: "မင္းမုန္းတဲ့အရာေတြအကုန္လံုး ကိုယ္မွတ္ထားမယ္။ အဲဒါမွ ေနာက္က်ရင္ မင္းစိတ္ဆိုးေအာင္ ကိုယ္မလုပ္မိမွာ"

အံ့အားသင့္သြားၿပီး ကၽြမ္းက်ိဳးမ်က္ႏွာက နီေရာင္သန္းလာတယ္: "ကၽြန္ေတာ္က အေၾကာင္းမ႐ွိဘဲ စိတ္မဆိုးပါဘူး..."

ဝမ္ေ႐ွာင္းယြင္က အင္း ဆိုၿပီး အသိအမွတ္ျပဳလုိက္တယ္: "ကိုယ္သိတယ္၊ က်ိဳးက်ိဳးကလြယ္လြယ္နဲ႔ စိတ္မဆိုးတတ္ဘူး"

ကၽြမ္းက်ိဳးက အသံတိုးတိုးေလးနဲ႔ ေျပာတယ္: "ဒါဆို ေျပာစရာမလိုေတာ့ဘူးေလ...."

"အင္း လုိတယ္" ဝမ္ေ႐ွာင္းယြင္က ၾကင္ၾကင္နာနာေလး ေျပာလာတယ္: "ဒီလိုမွ အနာဂတ္မွာ မင္းကိုယ့္ကို လ်စ္လ်ဴ႐ႈစရာ အေၾကာင္းျပခ်က္မ႐ွိမွာေပါ့"

...............xxx.................

စာေရးသူမွာေျပာစရာ႐ွိပါတယ္: PS --

ကယ္လုအန္း: ေသာက္က်ိဳးနည္း! ငါအခုနားလည္သြားၿပီ...

ဝမ္ေ႐ွာင္းယြင္: အခုအခ်ိန္ေႏွာင္းသြားၿပီ။ ခင္ဗ်ားက အိုေနၿပီေလ

ကယ္လုအန္း: ????

Aki - ဒီအပိုင္းကေတာ့ ကံ၊ ကံရဲ႕အက်ိဳးရယ္ ဝီရိယရွိမွ အက်ိဳးျဖစ္ထြန္းမယ္ဆိုတာကို အဓိကေျပာသြားသလိုပဲ။ က်ိဳးက်ိဳးတို႔ေျပာတာကို ေပါက္ၾကရဲ႕လားမသိဘူး။ နားမလည္ခဲ့ရင္ Aki ဘာသာျပန္တာ လိုသြားလို႔ ျဖစ္ပါလိမ့္မယ္။ သည္းခံေပးပါလို႔။ က်ိဳးက်ိဳးက ေဒါသထြက္ေနေပမဲ့ ကိုယ္ကေတာ့သူ႔ကိုၾကည့္ၿပီး ခ်စ္လို႔ရယ္ခ်င္တာပဲ XD

Continue Reading

You'll Also Like

268K 42.4K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
110K 15.3K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.4M 180K 151
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
139K 9.6K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...