လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

95.3K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၇)

1K 71 10
By Ahlaly

မနက်စာ စားပြီးနောက်မှာ အကိုက သူပေးထားတဲ့ကတိအတိုင်း ကျွန်တော့်ကို စက်ဘီးနှင့်တင်ပြီး အဆောင်ရှေ့အထိလိုက်ပို့ပေးသည်။ ကျွန်တော်တို့ ကျောင်းဆောင်ရှေ့မှာ ကြိုလို့ ရောက်နှင့်နေပါတဲ့ ပန်းသွဲ့သွဲ့အေးတို့သုံးယောက်သည် အကို့စက်ဘီးရပ်သည်နှင့် ကျွန်တော့်တို့အနားသို့ရောက်လာသည်။

"အကိုကြီး ဒီနေ့ထမင်းစားချိန်ဆုံကြရအောင်လေ။"

သိမ့်သိမ့်စိုးမြင့်က သူ့ဝသီအတိုင်း အဖွင့်စကားကို လှအောင်ပြောလေသည်။ ထိုအပြောကို ကျွန်တော်လည်း သဘောကျရပါသည်။ မနက်စာ အတူစားခဲ့ပြီးဖြစ်သော်လည်း နေ့လယ်စာပါ အတူထပ်စားရရင်၊ နောက်ဆုံးညစာအထိပါ အကိုနဲ့အတူ စားရမည်ဆိုလျှင် ဘဝက ဘယ်လောက်တောင်မှ သာယာပါလိမ့်မည်လဲဟုပါ တွေးမိသည်။

"ရတယ်လေ။ ၁၂လောက် ကန်တင်းမှာဆုံကြတာပေါ့။"

"ဒီတစ်ခါ သမီးတို့ရှင်းမှာနော် အကိုကြီး။"

"အငယ်တွေပဲဟာ။ ကဲ ကိုယ်သွားမယ်"

ကျွန်တော့်တို့အားလုံးကို လက်ပြလို့နှုတ်ဆတ်သွားပါသော အကို့ကျောပြင် ရွေ့လျားနေတာကို ကြည့်ရင်းဖြင့် ကျွန်တော့်မှာ ပီတိဖြာရသည်က အကြောင်းပြချက်ဆိုသည် စိုးတစ်စင်းမျှ မရှိပါ။

"သွားမယ်လေ အောင်။
ဒီနေ့ ငါတို့အတန်းက ဆင်းတာ နောက်ကျနေတယ်ဟာ..."

ပစ္စည်းတွေကို စနစ်တကျပြန်ထည့်နေပါသော ကျွန်တော်သည် အလောကြီးနေပါသော ပန်းသွဲ့သွဲ့အေးအား...
"ခဏလေးပါပဲ.." လို့ပြောပြီး ပစ္စည်းတွေသိမ်းဆည်းနေလိုက်သည်။

အသုံးပြုပြီးသားဖြစ်သော ပစ္စည်းများကို ဖြစ်သလို ပြန်သိမ်းတတ်သည်က မကောင်းသည့်အကျင့်ဟု သင်ယူခဲ့ရသည်ကြောင့်၊ အလောတကြီးနဲ့ အလျင်စလို ပြုမူခြင်းက သတိလက်လွတ်ဖြစ်စေတတ်ပြီး ပိုလို့ကြန့်ကြာစေပါသည်ဟု သင်ယူခဲ့ရသောကြောင့် အရာရာကို ဖြည်းဖြည်းချင်းလုပ်ဆောင်တတ်ခြင်းက ကျွန်တော့်ရဲ့အကျင့်တစ်ခုလိုဖြစ်နေသည်။

"အကိုကြီးတို့ စားလို့ပြီးသွားပြီလား မသိဘူးနော်။"

ထိုအခါမှ ချိန်းဆိုထားသောကိစ္စကို ကျွန်တော်သတိရသွားပြီး နာရီကိုကြည့်လိုက်တော့ ၁၂ခွဲလို့နေပြီ။

"သွားရအောင်..."

"ဟမ်။ နင့်စာအုပ်တွေ အိတ်ထဲထဲ့ဦးလေ။"

"ရတယ်။ ဘယ်သူမှ မယူပါဘူး။
လာ.. သွားရအောင်"

ကျောင်းလွယ်အိတ်ကိုပင် ထားခဲ့ပြီး ခုံပြင်ကရပ်စောင့်နေသော ပန်းသွဲ့သွဲ့အေးကို ကျော်တက်ကာ အခန်းပြင် အမြန်ထွက်ခဲ့လိုက်သည်။ ဘယ်လောက်တောင်များ ခြေလှမ်းကျဲကျဲနှင့် လျှောက်ခဲ့သည်လဲ မသိ လူတွေစုံနေကြပြီဖြစ်တဲ့ ဝိုင်းမှာ ကျွန်တော်ထိုင်လိုက်တော့ ကျွန်တော့်နောက်က ရောက်လာပါသော ပန်းသွဲ့သွဲ့အေးသည် ဟောဟဲစိုက်လိုက်နေပြီး ရေခွက်ကို အလျင်အမြန် ကောက်ယူပြီး မော့ချလေသည်။

"ဖြည်းဖြည်း..."

ရေသီးမှာစိုးလို့ ကျွန်တော့်မှာ သတိပေးလိုက်ရသည်။ ကျန်တဲ့သူတွေကတော့ ကျွန်တော်နဲ့ ပန်းသွဲ့သွဲ့အေးကို ကြည့်နေကြသည်။ တော်သေးသည် ကြည့်နေကြသည့် မျက်ဝန်းတွေထဲမှာ အကို့ရဲ့မျက်ဝန်းကြည်ကြည်လေးလည်း ပါဝင်သည်။

"အမလေး အောင်ရယ်။
အဲ့သလောက်လျှောက်ရသလား။
ငါ့မယ် ဗိုက်ထဲအစာမရှိပါဘူးဆိုမှ နင့်ကိုမှီအောင်လျှောက်ရတာ အသက်ထွက်ခမန်းပဲ"

ရေခွက်ကို ချပြီး အမောဖက်နေသော အသံဖြင့် ကျွန်တော့်ကို ပြောပါသော ပန်းသွဲ့သွဲ့အေးကို ကျွန်တော် အားနာသွားရသည်။

"ဟို ......တောင်းပန်ပါတယ်ဟာ။
ငါကလည်း နောက်ကျနေပြီဆိုပြီး..."

"ထားတော့ ထားတော့။
ကဲ မှာစရာရှိတာ မှာရအောင်။
နင်ဘာစားမှာလဲ..."

စားပွဲဝိုင်းကို ကြည့်မိတော့ ပန်းကန်တွေက ပြောင်လက်နေပြီမို့ စားမည့်သူမှာ ကျွန်တော်နှင့် ပန်းသွဲ့သွဲ့အေးသာ ရှိတော့သည်ကို သိလိုက်သည်။

"နင်တို့ မှာမနေနဲ့တော့ အကိုကြီးမှာထားပေးတယ်။
ခဏလေး ထမင်းလာချပေးဖို့ ငါစားပွဲထိုးကို အချက်ပြလိုက်မယ်။"

ပွီ !

လက်ညှိုးနှင့် လက်မကို ပါးစပ်ထဲထဲ့ကာ ဝီစီမှုတ်ပါသော သိမ့်သိမ့်စိုးမြင့်ကို အကိုတို့တစ်ဖွဲ့လုံးက ရယ်ကြသည်။ တကယ့်ကိုမှ တတ်နိုင်လွန်းတဲ့ သိမ့်သိမ့်စိုးမြင့်ပါလေ။

သို့သော်လည်း သူမ၏ ကောင်းမှုနဲ့ အကိုစေတနာရှေ့ထား မှာထားပေးပါသော ထမင်းဆီဆမ်းနှင့် လက်ဖက်သုပ်က ကျွန်တော့်ရှေ့သို့ရောက်လာရသည်။ ပန်းသွဲ့သွဲ့အေးကတော့ ရောက်လာတဲ့ ထမင်းကို အပီအပြင် စားနေပြီ။ ကျွန်တော်လည်း သူမလိုပဲ ဗိုက်ဆာနေပါသော်လည်း ထမင်းထက်ပိုပြီး ဦးစားပေး လိုချင်နေသည်က....
"ကျေးဇူး အကို"

"ရပါတယ် သော်ရာ.."

အပြောနှင့်အတူ ပါလာသော အကို့အပြုံး။ ထိုအပြုံးလေး အဆုံးသတ်သည်အထိ ကြည့်ပြီးမှ ထမင်းပန်းကန်ကို ကြည့်ကာ စားလိုက်သည်။

"မင်း လိမ်နေတာမဟုတ်လား။
ငါ့ကို အဲ့လို လာမလုပ်နဲ့ ကြည်သာ။"

ပထမနှစ်နှစ်ယောက် ထမင်းစားတာကို စောင့်ပေးနေတုန်း ဆိုင်ထဲဝင်လာပါသော ထိုဒေါသသံကြောင့် ဘေးဝိုင်းက ခုံနှစ်ခုံကို ရောင်နီဝန်းသွားယူလိုက်သည်။

"ငါ တကယ်ပြောတာ သက်လျာ။
ဒီနေ့က စပြီး ငါ သရဖူ့ကို လိုက်တော့မှာ။
ငါ တကယ်ကြိုက်လို့ လိုက်တာကွ။"

သက်လျာကို ထိုသို့ပြန်ပြောပြီး ရောင်နီဝန်း ယူထားပေးပါသော ခုံမှာ ထိုင်လိုက်သည့် ကြည်သာ့ပုံစံက ဘာမှ မဖြစ်သလိုပင်။ ပုံမှန်အတိုင်း ခပ်အေးအေးသာဖြစ်သည်။

"ဟေ့ကောင် သရဖူ့ကို ကြိုက်ရင် အစထဲက ကြိုက်ပါလားကွ။ ဘာဖြစ်လို့ အခုမှ ချက်ချင်းကြီးကြိုက်သွားရတာလဲ။ မင်း !!!!"

သက်လျာရဲ့ အသံက ဒေါသကြောင့် တော်တော်လေးကျယ်နေသည်။ အမူအရာတွေနဲ့ပါ ဒေါသထွက်နေကြောင်း ပြသည့် အနေနှင့် 'မင်း' ဟုဆိုကာ ကြည်သာ့မျက်နှာရှေ့မလှမ်းမကမ်းမှာ လက်ညှိုးဖြင့် သတိပေးနေသည်။

"ကလေးတွေ ကြည့်နေတယ် သက်လျာ။
မင်းဘာစားမှာလဲ..."

"ဟေ့ကောင် မင်း..."

"ထမင်းနဲ့ ကြက်သားဟင်း မှာလိုက်မယ် အကိုကြီး"

ကြည်သာနှစ်ယောက် စကားများနေကြတုန်း သူတို့အတွက် ပုံမှန်အတိုင်း မှာပေးဖို့ရန် ရောင်နီဝန်းသည် ဝိုင်းကနေ ထွက်သွားလေသည်။

"ဟိုကောင် မင်းမြန်မြန်လာ..."

ကောင်တာ မရောက်ခင်မှာ နောက်ကျောဆီသို့ ထိမှန်ပါသော ဤဒေါသသံကြောင့် အဝန်းနောက်သို့လှည့်ကြည့်မိတော့ သူ့ကိုခေါ်နေပါသော သက်လျာကိုတွေ့လိုက်ရသည်။ ထို့ကြောင့် ခပ်သွက်သွက်ပင် ကောင်တာကို လျှောက်သွားပြီး လိုအပ်သည်များကို မှာခဲ့ကာ စားပွဲဝိုင်းဘက်သို့ ပြန်လျှောက်လာခဲ့သည်။

"ကိုသက်..."

ထိုင်ခုံမှာ မထိုင်သေးခင် ရောက်နေကြောင်းကို သက်လျာထံသို့ အသံပြုရသည်။ ထိုအခါမှ သက်လျာသည် မျက်နှာတစ်ခုလုံး နီရဲနေလျက်နှင့် အဝန်းထံသို့ ကြည့်သည်။

"မင်း အကိုကြိီးကိုမေးထား။
အေး...မဟုတ်လို့ကတော့ မင်းမလွယ်ဘူးမှတ်"

ပဲလှော်ကြားမှာ ဆားကဘာလို့ညှပ်သလဲလို့မေးလျှင် ဆားဖြစ်နေလို့ညှပ်ရသည်။ ဒါဆို သက်လျာနှင့်ကြည်သာ့ကြားမှာ ရောင်နီဝန်းဘာကြောင့် ကြားညှပ်ရသလဲဆိုလျှင် ရောင်နီဝန်းသည် ရောင်နီဝန်းဖြစ်နေသည်ကြောင့်ဟု ဖြေရမည်။

"သမီးတို့ အတန်းပြန်သွားရမှာမို့။
သွားလိုက်တော့မယ်နော်"

လက်ကိုဆွဲပြီး အတင်းထ,ပါသော သိမ့်သိမ့်စိုးမြင့်ကြောင့် ကျွန်တော့်မှာ စားရင်းတန်းလန်း သူမတို့နှင့်အတူ လိုက်ရသည်။ သူမတို့ဘာကြောင့် ရုတ်တရပ်ထ,ပြေးသလဲ ဆိုသည့်အကြာင်းအရင်းသည်...
"အမလေး ဟိုအကိုကြီးက မျက်နှာကြီးကို ရဲလို့"

"အေးဟယ်။ ကလေးတွေစိတ်တိုရင် ချစ်စရာကောင်းပါတယ်။ ဘယ်နှယ့် ဒီကလေးမျက်နှာနဲ့ အကိုကြီးအလှည့်ရောက်မှ ကြောက်စရာကောင်းရတယ်လို့"

ကိုသက်ကို ကလေးမျက်နှာနှင့်လို့ ပြောနေသောသိမ့်သိမ့်စိုးမြင့်ကို ကျွန်တော်ကြည့်မိလိုက်တော့ သူမက ကျွန်တော့်ကို...
"ဘာကြည့်တာလဲ " ဟု မေးလာသည်။

"ကိုသက်ကို ကလေးမျက်နှာလို့ ပြောလို့ပါ"

"ဟုတ်သားပဲ စိုးမြင့်ရယ်။
အဲ့ဒီအကိုက ကလေးမျက်နှာသာပြောတယ်။
စိတ်တိုနေလိုက်တာများ ငါ့မှာ ကြောက်လွန်းလို့ နှလုံးတောင် ပြုတ်ထွက်တော့မလို"

"ပြုတ်ကျတာတွေထားပါဦး။
အောင် နင်ကအဲ့ဒီအကိုကြိီးကို သိတယ်လား။
ဘယ်yearကလဲဟင်၊ ဘယ်အဆောင်မှာနေတာလဲ။
နင်တို့နဲ့အဆောင်အတူတူပဲ"

ပုံမှန်ဆို သိပ်ပြိီးစကားပြောသည့် လေပြေနုသွေးသည် ထိုသို့အများကြီးမေးတော့ ကျွန်တော့်မှာ ရုတ်တရပ်ဘာပြန်ဖြေရမှန်းမသိဖြစ်ရသည်။

"ပြောလေ အောင်ရ"

ထပ်လို့ တွန်းအားပေးပြန်သည်မို့ ကျွန်တော် မဖြေလို့မဖြစ်တော့။

"ကိုသက်က အကိုတို့အဆောင်ကပဲ။
နောက်ဆုံးနှစ်..."

"မထင်ရဘူးနော် တော်တော်လေးနုတယ်..ဟင်းးး"

အဆုံးသတ်မှာ ရယ်လိုက်သည့် လေပြေနုသွေး၏ ရယ်သံကို သတ်မှတ်ရလျှင် သဲကိုးဖြာထဲက တစ်မှုံထဲတွင်ပါဝင်သည့် မာယာတိုးသော ရယ်သံဖြစ်သည်။

ဒီလိုနဲ့ အတန်းထဲပြန်မဝင်ခင်အထိ သူမတို့မေးသမျှ ကိုသက်အကြောင်းမှန်သမျှကို ကျွန်တော်ဖြေပေးနေရသည်။ သိပ်အများကြီးတော့ ကျွန်တော်လည်းမသိသည်မို့ ကျွန်တော်သိသလောက်အတိုင်းအတာကိုသာ ဖြေပေးနိုင်သည်။ ထိုထဲမှ ကိုသက်၏အမည်အရင်းကိုတော့ ကျွန်တော်မပြောပြခဲ့ပါ။ သူမတို့ မမေးတာကြောင့်လည်းပါသလို၊ ကျွန်တော်ကိုယ်တိုင်ကိုက မဖြေချင်တာလဲ ပါသည်။

"မောင့်သက်လျာ" ဆိုတဲ့အမည်ကို နှုတ်ဖျားကနေ ရွတ်ကြည့်နေမိသည်ကနေ ဟိုဖက်အဆောင်ကနေ အကို့အသံကိုကြားလိုက်တော့ ကျွန်တော်ချက်ချင်းပဲ အိမ်တံခါးသော့ပိတ်ကာ အကိုတို့အဆောင်ဖက်သို့ ကူးလာခဲ့လိုက်သည်။

"အခု အကိုကြီးအဖြစ်က အလောင်းတော်ရသေ့လိုမျိုးဖြစ်နေပြီဗျ။ မုဒုလက္ခဏဒေဝီကိုမြင်တော့ စျာန်လျော၊ အဲ မဟုတ်သေးဘူး ဒေဝီရဲ့.... "

နောက်ဆုံးနှစ်ရောက်မှ သရဖူ့ကို ဘယ်လိုကြိုက်သွားတာလဲလို့မေးတော့ အမြန်ပြီးအောင် ခန္ဓာကိုယ်လှလာလို့ ဖြေလိုက်သည်က ရောင်နီဝန်းကို ကြွယ်ပေးဖို့ အခွင့်အရေးပေးလိုက်သလိုပင်။ ဒီကောင်လေး အစွမ်းကုန် ဇာချဲ့ပြီး ကြွယ်တော့မည်ကို ကြည်သာသိသည်။

"ခွေးကောင်လေး မဟုတ်တာတွေမပြောစမ်းနဲ့။
ငရဲကြီးမယ်ကွ၊ ဟိုက ရသေ့"

"ကျွန်တော်ပြောတာမှမဟုတ်ပဲ။
စာဆိုတွေတောင် ညွှန်းခဲ့ရတဲ့ ရသေ့ရဲ့တဏှာရမ္မက်တွေ။ ဘာတဲ့ စာချိုးလေးတောင်ရှိသေး...."

စကားပြောရမှာ ရောက်နီဝန်းကို ဘယ်သူမှ မမှီနိုင်ပါ။ အလောင်းတော်ရသေ့နှင့် မုဒုလက္ခဏဒေဝီအကြောင်းကို စာချိုးတွေနဲ့ပါ ပြောပြချင်နေသည့် သူ့ဟန်ပန်က အရှိန်အဝါတစ်ခုအောက်မှာ ရှိနေသလို။

ထိုအရှိန်အဝါသည်...
"နှစ်ဆူလဝန်း၊ ဝိဒေကျွန်းက၊ ပေါ်ထွန်းသောယောင်၊ရွှေနန်းချောင်ဝယ်၊ အရောင်ပေါင်းစု၊ စောမုဒု၏၊ ဖွဲ့နုပျိုပျို၊ ရွှေရင်စို့ကို၊ နှစ်လိုလေးမြတ်၊ ရှုမိလတ်သည်၊ ရိုးပြတ်ခြင်းဆီချင်းချင်းတည်း။"

"ဟော လာကွာ..သော်။
မင်းရောက်လာတာနဲ့ အတော်ပဲ။
မင်းဆိုလိုက်တာကလည်း အံကိုက်ပဲ။
ကိုယ့်ညီလေးက အားကိုးရတာပဲကွာ။"

ထိုကဗျာကို ကျက်မှတ်ခိုင်းခဲ့သည့် ဘဘုန်းအား စိတ်ထဲကနေ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးမိပါသည်။ ဘဘုန်းသာ မကျက်ခိုင်းခဲ့ရင် အကို အားကိုးရတဲ့ သူတစ်ယောက်ဖြစ်ချင်မှ ဖြစ်မှာ။

အခု ဒီကဗျာရွတ်လိုက်တဲ့အကျိုးနှင့် အကို့လက်ချောင်း ရှည်သွယ်သွယ်တွေက ကျွန်တော့်လက်ချောင်းများနှင့် ထိတွေ့ပြီး ဆုပ်ကိုင်လို့ ဆွဲကာ ကျွန်တော့်အား ထိုင်ခုံတွင် ထိုင်စေသည်။

"ညီက ကဗျာတွေကို ပိုင်နိုင်တာပဲ။
ညီ့အသံက တော်တော်လေး ကောင်းတယ်။
ကြားရတဲ့ သူတိုင်းကို ငြိမ်သက်သွားအောင် လုပ်နိုင်တယ်။ကောင်းတယ်ကွာ...."

ကိုကြည်သာက ကျွန်တော့်ကို ချီးကျူးပြုပြီးနောက်မှာ လက်ကမ်းလာသည်မို့ ကျွန်တော်လည်း ကိုကြည်သာ့ကို လက်ပြန်ကမ်းလိုက်သည်။ ခဏအကြာမှာ လက်ဆွဲနှုတ်ဆတ်နေကြသောကျွန်တော်နှင့် ကိုကြည်သာ့လက်ကို ဆွဲယူလို့ ဖယ်ခွာစေသူက အကိုဖြစ်သည်။

"ဘာဖြစ်ပြန်တာလဲ။
ဒီမှာ လက်ဆွဲနှုတ်ဆတ်နေတာကိုကွာ။"

"ဒီတိုင်း မေးစရာရှိသေးလို့ပါ။
ဟိုလေ အင်္ကျီကျွတ်ကျတဲ့ မင်းသမီးအကြောင်းကို စပ်ထားတာလည်း ရှိသေးတယ်လေ။ ကျွန်တော် ဖတ်ဖူးပေမယ့် ကဗျာကိုက မေ့နေလို့။ အကိုကြီး သိလား။"

"ဘယ်သိမလဲ။ ငါမှ ကဗျာ မဖတ်ပဲ"

"ဒါဆို သော်ရော။"

"အင်္ကျီကျွတ်ကျတာ မဟုတ်ပါဘူး အကိုရာ။
ရင်ဝတ်လွှာ လျောကျတာပါ။"

"အေး ဟုတ်တယ်။ အဲ့ဒီလိုပြောရတာ။
ရသေ့က စျာန်နဲ့ ကောင်းကင်မှာပြန်နေတုန်း နန်းတော် ပြတင်းပေါက်နားမှာထိုင်နေတဲ့ မုဒုလက္ခဏက ရင်ဝတ်လွှာလေး လျောကျတာလေ။ အဲ့ဒီမှာ ဟိုဟာကွာ...အဲ့တာက နည်းနည်းပေါ်သွားတော့ ရသေ့ကမြင်ပြီး စျာန်လျော..."

"ဟိုဟာလို့ မပြောပဲ။ နို့လို့ပဲ ပြောလိုက်ပါကွာ။
ဟားဟားးးးး"

နောက်ဆုံးနှစ် ကျောင်းသား ကိုကြည်သာကတော့ အပြောအဆိုရဲတင်းသည်။ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးလိုလိုကို မြင်နေကျ၊ ကိုင်နေကျ ဆိုသလိုဖြစ်တော့လည်း ဒီအပြောက သိပ်တော့အထူးအဆန်းမဟုတ်။ အခု မပြောရဲဖြစ်နေသည့် အကိုလည်း တဖြည်းဖြည်းတော့ ရဲတင်းလာမှာလေလို့ တွေးမိလိုက်သည်က ဘာကြောင့်မှန်းတော့ ကျွန်တော်မသိလိုက်။

ထိုတစ်ခဏမှာ ကျွန်တော့်၏ဤအတွေးသည် မည်သည်ကို ဦးတည်သွားပါသလဲ။

"အကိုကြီးကဗျာ..."

"ဟားဟားး ကောင်ငယ်လေးကတော့။"

"ဟိတ် သော်။"
သူတို့နှစ်ယောက်ထဲ ပြောနေရင်းမှ အကိုသည် ကျွန်တော့်လက်ဖျံကို ခပ်ဖွဖွရိုက်ရင်း...
"အဲ့ဒီစာချိုးကိုရော ရလား။" ဟု မေးသည်။

"နန်းပြတင်းဝယ်၊ ရပ်တင်းစက်လျောင်း၊ ရွှေညောင်စောင်းမှ၊ ရုတ်ချည်းထသော်၊ အလှအင်စုံ၊ ကောတုမ္မရာဇ်၊ တိုင်းမှဖြစ်သိ၊ ပြေပြစ်သားသား၊ ညံ့ထွားလူလူ၊ စက္ကူအဟန်၊ သိန်းတန်လွလွ၊ ဝတ်တော်စလျှင်၊ ဆမတော်စွာ၊ လစ်ခဲကွာသည်၊ လျှံဝါနန်းလုံးဝင်းဝင်းတည်း။ "

ကဗျာ ရွတ်ပြီးသည့်တိုင် ဘာမှမတုန့်ပြန်ပါပဲ ငြိမ်နေကြသည့် အကိုတို့နှစ်ယောက်ကြောင့်...
"ပြီးပြီလေဗျာ..." ဟု အသိပေးလိုက်ရသည်။

ထိုအခါ အကိုက...
"ပြီးတာကို သိပါတယ် သော်ရ။
ကိုယ် စဥ်းစားနေတာ။ သော်ရွတ်တဲ့ ကဗျာစာသားအရဆိုရင် မင်းသမီးဒေဝီက သလွန်မှာ အိပ်နေတာဖြစ်ရမယ်။ လှဲတယ်ပေါ့ကွာ..အဲ့လိုအနေအထားကနေ ရုတ်တရပ်ထလိုက်တဲ့ အချိန်မှာ ခြုံလွှာလေးက ရင်ဘက်ဆီကနေ ကွာကျ။ဘယ်လောက်တောင်များ လှပလိုက်မလဲကွာ....."

"ဟေ့ကောင်လေး။ မင်းနော်မင်း။
ဒါမျိုးတွေဆို အသေအချာကို ပုံဖော်ကြည့်တာ"

"ဒါကတော့ အကိုကြီးရာ..."

သဘောတကျနဲ့ ဖြစ်နေပါသော အကို့မျက်နှာသည် ပြုံးစစနှင့်ဖြစ်နေသည့်အတိုင် ဒီတစ်ခါ အကို့အပြုံးက ကျွန်တော့်ရင်ကို အေးမျှမှုတို့မပေးစွမ်းနိုင်။

"စိုးရိမ်စိုးရိမ်၊ ကြိုးသို့လိမ်မျှ၊ အကြိမ်အကြိမ်၊ ချစ်ရည်စိမ်လျက်၊ ငြိမ်ဆိမ်ဆေးလေး၊ လူနတ်သွေးကို၊ စိတ်ပြေးခန့်ရွယ်၊ စေးခြုံလယ်၌၊ စမ္ပာယ်ပန်းသီး၊ လှမ်းမမီသို့...."

အကို မတောင်းဆိုပါပဲ ဆိုမိလိုက်သော ဤစာပုဒ်ကိုလည်း အကိုက ငြိမ်သက်စွာပင် နားထောင်ပေးသည်။ ဒါကြောင့် ကျွန်တော်လည်း ဒီငြိမ်သက်မှုကို အခွင့်ယူကာ...
"ဘယ်လိုပဲ ချစ်ကြိုက်တယ် ပြောဦးတော့။
ရသေ့နဲ့ ဘုရင့်သမီး ဘယ်လိုလုပ် ဖြစ်မလဲဗျ။
နောက်ဆုံးတော့ တဏှာရာဂဆိုတဲ့ အပူမီးတောက်လောင်တဲ့ တစ်ခဏမှာ နှစ်ပေါင်းများစွာကျင့်ကြံခဲ့တဲ့ လောကမှလွတ်မြောက်ခြင်းတရားတွေ ပျောက်ပျက်ကုန်တာပေါ့။ ဒါကြောင့် ငြိမ်းချမ်းချင်တဲ့ အကို့အတွက် ဒီတဏှာရာဂတွေကို သိပ်ပြီး အာရုံမစိုက်တာ ကောင်းမယ်"

ဘာဖြစ်လို့ ရှင်မဟာရဌသာရကို သဘောကျသလဲဆိုတုန်းက ငြိမ်းချမ်းလို့လေ ဟု ဖြေထားသည်ကြောင့် ဇွတ်အတင်းကို အကို့ကို ငြိမ်းချမ်းရာ တရားအကြောင်းတွေ ထောက်ပြနေမိသည်။

"အဲ့တာလည်း ဟုတ်တယ်။
ကိုယ့်ကို ပူလောင်စေမယ့်အရာတွေကို ရှောင်မှ"

အကို့ရဲ့ ထိုအဖြေကို ကြားမှ ငြိမ်းချမ်းသွားရသူက ကျွန်တော်ပါ။ မဟုတ်လျှင် ကျွန်တော့်ရင်ထဲမှာ တောက်လောင်နေတဲ့ မီးက တဏှာရာဂမီးထက် ပိုလို့ ပူပြင်းပါသော မေတ္တာဆိုတဲ့ မီးတောက်။

သိခဲ့သမျှထဲမှာ မေတ္တာဆိုသည် ရေစင်နှင့်နှိုင်းယှဥ်ရလောက်အောင်အထိ သိပ်ကိုအေးချမ်းသည်ဆိုတဲ့ အချက်က  လွဲမှားနေကြောင်းကို အကို့အပေါ်မှာမေတ္တာရှိမိသည့် အချိန်မှစ၍ သိခဲ့ရသည်။ အကို့တစ်ယောက်အပေါ်မှာ သက်ဝင်မိတဲ့ မေတ္တာတရားကြောင့် ကျွန်တော့်ရင်မှာ နည်းလမ်းပေါင်းမြောက်များစွာနဲ့ ပူလောင်နေရသည်က ကျွမ်းလုနီးပါးပင်။

"ညီကရော အဝန်းလိုပဲ ရှင်မဟာရဌသာရကို သဘောကျတယ်လား။"

အကိုနဲ့ ကျွန်တော့်ကို တစ်လှည့်စီကြည့်ရင်းမှ ကိုကြည်သာက ထိုသို့မေးသည်။

"ကျွန်တော်က နတ်သျှင်နောင်ကို ပိုသဘောကျတယ်။ သူကရဲရင့်တယ်လေ..."

"ဟေး ဟေး...ကောင်လေး မင်းအပြောက ရှင်မဟာရဌသာရကပဲ မရဲရင့်တာကျလို့"

"အချစ်နဲ့ပက်သတ်ရင်တော့ နောက်ဆုံးအထိဓာတုကလျာနဲ့ပဲ အဆုံးသတ်ခဲ့တဲ့ နတ်သျှင်နောင်က ငြိမ်းချမ်းရာကို ရွေးချယ်သွားတဲ့ ရှင်မဟာရဌသာရထက်တော့ ပိုပြီးရဲရင့်တယ်မဟုတ်လား။"

"အဲ့လိုလည်း မဟုတ်သေးဘူးလေ သော်ရ၊
တကယ့်လက်တွေ့ကျကျဆိုရင် ရှင်မဟာရဌသာရ ရွေးချယ်တာ မှန်တာပဲ...."

"နှမလက်လျော့နေလေတော့က စကားအရသိပ်လှပေမယ့်လည်း လင်းကြက်တွန်ချိန်အထိ မင်းတုပ်မချနိုင်ပဲ ငိုကြွေးနေရတဲ့ အမျိုးသမီးအတွက်တော့ သိပ်ကိုဆိုးရွားလွန်းတဲ့စကားပဲ အကိုရ။"

တည်ကြည်လွန်းတဲ့ သော့်အပြောကြောင့် အဝန်းမှာ ဘာမှပြန်မပြောနိုင်ပဲဖြစ်သွားရသည်။ ဘဝတစ်လျှောက်လုံး အားကျခဲ့တဲ့ ဘဝအရှင်နှင့်ပက်သတ်လျှင် မကောင်းဟူ၍ဆန်တစ်စေ့မှ မရှိခဲ့ဟု တွေးခဲ့ပါသော်လည်း ဒီတစ်ခါ ကြားလိုက်ရတဲ့ သော်စကားကြောင့် အနည်းငယ်တော့ တွေဝေသွားရသည်။

" ကိုသက်။"
ပခုံးဆီ ရောက်လာပါသော အေးစက်စက် လက်ကြောင့် လှည့်ကြည့်လိုက်တော့ ကျွန်တော့်အနောက်မှာ ရပ်နေပါသော ကိုသက်ကိုတွေ့လိုက်ရသည်။

"ဘယ်စိုးလို့လဲကွ။
ဟိုနှစ်ကောင်ကို မလှုပ်နိုင်အောင် ပြောနိုင်တာပဲ။"

"ကျွန်တော်က.."

"သတ္တိမရှိတဲ့ကောင်တွေကို သတ္တိဖြစ်မယ့် စကားတွေများများသာပြော ညီလေး။ အကိုအားပေးတယ်။"

ကျွန်တော့် ပခုံးကို လက်ဖြင့်ပုတ်နေပြီး ကျွန်တော့်ကို ရည်ညွှန်းပြောဆိုနေသော်လည်း ကိုသက်ရဲ့မျက်လုံးတို့က ကျွန်တော့်ထံတွင်ရှိမနေပါ။ ကိုသက်ရဲ့စူးနင့်နေတဲ့ မျက်လုံးတွေက ကိုကြည်သာ့ဆီမှာသာ ရှိနေသည်ကို ကျွန်တော်မြင်လိုက်ရသည်။

ကိုသက်ကို မော့ကြည့်လိုက်၊ ကိုကြည်သာ့ကို ပြန်ကြည့်လိုက်နဲ့ နှစ်ခေါက်လောက် အကြည့်ရွေ့ပြီးသည့်အချိန်မှာ ကိုကြည်သာက ကျွန်တော့်အကြည့်တွေကို သတိထားမိသွားသည်ကြောင့်လားတော့မသိ...
"မနက်ဖြန် ညနေရောက်ရင်၊ သရဖူတို့အိမ်ရှေ့ သီချင်းသွားဆိုမှာ မင်းပါလိုက်ခဲ့ ညီလေး" ဟု ပြောလာသည်။

ကိုကြည်သာပြောသည့် သရဖူကို ကျွန်တော်မသိသော်လည်း ကျွန်တော့်ပခုံးပေါ်ကနေ ဖယ်ခွာသွားတဲ့ အေးစက်စက်လက်တွေကြောင့်ရော၊ ကျွန်တော်နဲ့ ဝေးကွာသွားတဲ့ အေးသက်သက်အငွေ့အသက်တွေကြောင့်ရော သရဖူဆိုသည် ကိုသက်နဲ့ကိုကြည်သာကြားရှိ ကုန်းမြင့်တစ်ခုဆိုသည်ကို နားလည်လိုက်သည်။



____________________________

Zawgyi......

မနက္စာ စားၿပီးေနာက္မွာ အကိုက သူေပးထားတဲ့ကတိအတိုင္း ကြၽန္ေတာ့္ကို စက္ဘီးႏွင့္တင္ၿပီး အေဆာင္ေရွ႕အထိလိုက္ပို႔ေပးသည္။ ကြၽန္ေတာ္တို႔ ေက်ာင္းေဆာင္ေရွ႕မွာ ႀကိဳလို႔ ေရာက္ႏွင့္ေနပါတဲ့ ပန္းသြဲ႕သြဲ႕ေအးတို႔သုံးေယာက္သည္ အကို႔စက္ဘီးရပ္သည္ႏွင့္ ကြၽန္ေတာ့္တို႔အနားသို႔ေရာက္လာသည္။

"အကိုႀကီး ဒီေန႔ထမင္းစားခ်ိန္ဆုံၾကရေအာင္ေလ။"

သိမ့္သိမ့္စိုးျမင့္က သူ႔ဝသီအတိုင္း အဖြင့္စကားကို လွေအာင္ေျပာေလသည္။ ထိုအေျပာကို ကြၽန္ေတာ္လည္း သေဘာက်ရပါသည္။ မနက္စာ အတူစားခဲ့ၿပီးျဖစ္ေသာ္လည္း ေန႔လယ္စာပါ အတူထပ္စားရရင္၊ ေနာက္ဆုံးညစာအထိပါ အကိုနဲ႔အတူ စားရမည္ဆိုလွ်င္ ဘဝက ဘယ္ေလာက္ေတာင္မွ သာယာပါလိမ့္မည္လဲဟုပါ ေတြးမိသည္။

"ရတယ္ေလ။ ၁၂ေလာက္ ကန္တင္းမွာဆုံၾကတာေပါ့။"

"ဒီတစ္ခါ သမီးတို႔ရွင္းမွာေနာ္ အကိုႀကီး။"

"အငယ္ေတြပဲဟာ။ ကဲ ကိုယ္သြားမယ္"

ကြၽန္ေတာ့္တို႔အားလုံးကို လက္ျပလို႔ႏႈတ္ဆတ္သြားပါေသာ အကို႔ေက်ာျပင္ ေ႐ြ႕လ်ားေနတာကို ၾကည့္ရင္းျဖင့္ ကြၽန္ေတာ့္မွာ ပီတိျဖာရသည္က အေၾကာင္းျပခ်က္ဆိုသည္ စိုးတစ္စင္းမွ် မရွိပါ။

"သြားမယ္ေလ ေအာင္။
ဒီေန႔ ငါတို႔အတန္းက ဆင္းတာ ေနာက္က်ေနတယ္ဟာ..."

ပစၥည္းေတြကို စနစ္တက်ျပန္ထည့္ေနပါေသာ ကြၽန္ေတာ္သည္ အေလာႀကီးေနပါေသာ ပန္းသြဲ႕သြဲ႕ေအးအား...
"ခဏေလးပါပဲ.." လို႔ေျပာၿပီး ပစၥည္းေတြသိမ္းဆည္းေနလိုက္သည္။

အသုံးျပဳၿပီးသားျဖစ္ေသာ ပစၥည္းမ်ားကို ျဖစ္သလို ျပန္သိမ္းတတ္သည္က မေကာင္းသည့္အက်င့္ဟု သင္ယူခဲ့ရသည္ေၾကာင့္၊ အေလာတႀကီးနဲ႔ အလ်င္စလို ျပဳမူျခင္းက သတိလက္လြတ္ျဖစ္ေစတတ္ၿပီး ပိုလို႔ၾကန္႔ၾကာေစပါသည္ဟု သင္ယူခဲ့ရေသာေၾကာင့္ အရာရာကို ျဖည္းျဖည္းခ်င္းလုပ္ေဆာင္တတ္ျခင္းက ကြၽန္ေတာ့္ရဲ႕အက်င့္တစ္ခုလိုျဖစ္ေနသည္။

"အကိုႀကီးတို႔ စားလို႔ၿပီးသြားၿပီလား မသိဘူးေနာ္။"

ထိုအခါမွ ခ်ိန္းဆိုထားေသာကိစၥကို ကြၽန္ေတာ္သတိရသြားၿပီး နာရီကိုၾကည့္လိုက္ေတာ့ ၁၂ခြဲလို႔ေနၿပီ။

"သြားရေအာင္..."

"ဟမ္။ နင့္စာအုပ္ေတြ အိတ္ထဲထဲ့ဦးေလ။"

"ရတယ္။ ဘယ္သူမွ မယူပါဘူး။
လာ.. သြားရေအာင္"

ေက်ာင္းလြယ္အိတ္ကိုပင္ ထားခဲ့ၿပီး ခုံျပင္ကရပ္ေစာင့္ေနေသာ ပန္းသြဲ႕သြဲ႕ေအးကို ေက်ာ္တက္ကာ အခန္းျပင္ အျမန္ထြက္ခဲ့လိုက္သည္။ ဘယ္ေလာက္ေတာင္မ်ား ေျခလွမ္းက်ဲက်ဲႏွင့္ ေလွ်ာက္ခဲ့သည္လဲ မသိ လူေတြစုံေနၾကၿပီျဖစ္တဲ့ ဝိုင္းမွာ ကြၽန္ေတာ္ထိုင္လိုက္ေတာ့ ကြၽန္ေတာ့္ေနာက္က ေရာက္လာပါေသာ ပန္းသြဲ႕သြဲ႕ေအးသည္ ေဟာဟဲစိုက္လိုက္ေနၿပီး ေရခြက္ကို အလ်င္အျမန္ ေကာက္ယူၿပီး ေမာ့ခ်ေလသည္။

"ျဖည္းျဖည္း..."

ေရသီးမွာစိုးလို႔ ကြၽန္ေတာ့္မွာ သတိေပးလိုက္ရသည္။ က်န္တဲ့သူေတြကေတာ့ ကြၽန္ေတာ္နဲ႔ ပန္းသြဲ႕သြဲ႕ေအးကို ၾကည့္ေနၾကသည္။ ေတာ္ေသးသည္ ၾကည့္ေနၾကသည့္ မ်က္ဝန္းေတြထဲမွာ အကို႔ရဲ႕မ်က္ဝန္းၾကည္ၾကည္ေလးလည္း ပါဝင္သည္။

"အမေလး ေအာင္ရယ္။
အဲ့သေလာက္ေလွ်ာက္ရသလား။
ငါ့မယ္ ဗိုက္ထဲအစာမရွိပါဘူးဆိုမွ နင့္ကိုမွီေအာင္ေလွ်ာက္ရတာ အသက္ထြက္ခမန္းပဲ"

ေရခြက္ကို ခ်ၿပီး အေမာဖက္ေနေသာ အသံျဖင့္ ကြၽန္ေတာ့္ကို ေျပာပါေသာ ပန္းသြဲ႕သြဲ႕ေအးကို ကြၽန္ေတာ္ အားနာသြားရသည္။

"ဟို ......ေတာင္းပန္ပါတယ္ဟာ။
ငါကလည္း ေနာက္က်ေနၿပီဆိုၿပီး..."

"ထားေတာ့ ထားေတာ့။
ကဲ မွာစရာရွိတာ မွာရေအာင္။
နင္ဘာစားမွာလဲ..."

စားပြဲဝိုင္းကို ၾကည့္မိေတာ့ ပန္းကန္ေတြက ေျပာင္လက္ေနၿပီမို႔ စားမည့္သူမွာ ကြၽန္ေတာ္ႏွင့္ ပန္းသြဲ႕သြဲ႕ေအးသာ ရွိေတာ့သည္ကို သိလိုက္သည္။

"နင္တို႔ မွာမေနနဲ႔ေတာ့ အကိုႀကီးမွာထားေပးတယ္။
ခဏေလး ထမင္းလာခ်ေပးဖို႔ ငါစားပြဲထိုးကို အခ်က္ျပလိုက္မယ္။"

ပြီ !

လက္ညႇိဳးႏွင့္ လက္မကို ပါးစပ္ထဲထဲ့ကာ ဝီစီမႈတ္ပါေသာ သိမ့္သိမ့္စိုးျမင့္ကို အကိုတို႔တစ္ဖြဲ႕လုံးက ရယ္ၾကသည္။ တကယ့္ကိုမွ တတ္ႏိုင္လြန္းတဲ့ သိမ့္သိမ့္စိုးျမင့္ပါေလ။

သို႔ေသာ္လည္း သူမ၏ ေကာင္းမႈနဲ႔ အကိုေစတနာေရွ႕ထား မွာထားေပးပါေသာ ထမင္းဆီဆမ္းႏွင့္ လက္ဖက္သုပ္က ကြၽန္ေတာ့္ေရွ႕သို႔ေရာက္လာရသည္။ ပန္းသြဲ႕သြဲ႕ေအးကေတာ့ ေရာက္လာတဲ့ ထမင္းကို အပီအျပင္ စားေနၿပီ။ ကြၽန္ေတာ္လည္း သူမလိုပဲ ဗိုက္ဆာေနပါေသာ္လည္း ထမင္းထက္ပိုၿပီး ဦးစားေပး လိုခ်င္ေနသည္က....
"ေက်းဇူး အကို"

"ရပါတယ္ ေသာ္ရာ.."

အေျပာႏွင့္အတူ ပါလာေသာ အကို႔အၿပဳံး။ ထိုအၿပဳံးေလး အဆုံးသတ္သည္အထိ ၾကည့္ၿပီးမွ ထမင္းပန္းကန္ကို ၾကည့္ကာ စားလိုက္သည္။

"မင္း လိမ္ေနတာမဟုတ္လား။
ငါ့ကို အဲ့လို လာမလုပ္နဲ႔ ၾကည္သာ။"

ပထမႏွစ္ႏွစ္ေယာက္ ထမင္းစားတာကို ေစာင့္ေပးေနတုန္း ဆိုင္ထဲဝင္လာပါေသာ ထိုေဒါသသံေၾကာင့္ ေဘးဝိုင္းက ခုံႏွစ္ခုံကို ေရာင္နီဝန္းသြားယူလိုက္သည္။

"ငါ တကယ္ေျပာတာ သက္လ်ာ။
ဒီေန႔က စၿပီး ငါ သရဖူ႔ကို လိုက္ေတာ့မွာ။
ငါ တကယ္ႀကိဳက္လို႔ လိုက္တာကြ။"

သက္လ်ာကို ထိုသို႔ျပန္ေျပာၿပီး ေရာင္နီဝန္း ယူထားေပးပါေသာ ခုံမွာ ထိုင္လိုက္သည့္ ၾကည္သာ့ပုံစံက ဘာမွ မျဖစ္သလိုပင္။ ပုံမွန္အတိုင္း ခပ္ေအးေအးသာျဖစ္သည္။

"ေဟ့ေကာင္ သရဖူ႔ကို ႀကိဳက္ရင္ အစထဲက ႀကိဳက္ပါလားကြ။ ဘာျဖစ္လို႔ အခုမွ ခ်က္ခ်င္းႀကီးႀကိဳက္သြားရတာလဲ။ မင္း !!!!"

သက္လ်ာရဲ႕ အသံက ေဒါသေၾကာင့္ ေတာ္ေတာ္ေလးက်ယ္ေနသည္။ အမူအရာေတြနဲ႔ပါ ေဒါသထြက္ေနေၾကာင္း ျပသည့္ အေနႏွင့္ 'မင္း' ဟုဆိုကာ ၾကည္သာ့မ်က္ႏွာေရွ႕မလွမ္းမကမ္းမွာ လက္ညႇိဳးျဖင့္ သတိေပးေနသည္။

"ကေလးေတြ ၾကည့္ေနတယ္ သက္လ်ာ။
မင္းဘာစားမွာလဲ..."

"ေဟ့ေကာင္ မင္း..."

"ထမင္းနဲ႔ ၾကက္သားဟင္း မွာလိုက္မယ္ အကိုႀကီး"

ၾကည္သာႏွစ္ေယာက္ စကားမ်ားေနၾကတုန္း သူတို႔အတြက္ ပုံမွန္အတိုင္း မွာေပးဖို႔ရန္ ေရာင္နီဝန္းသည္ ဝိုင္းကေန ထြက္သြားေလသည္။

"ဟိုေကာင္ မင္းျမန္ျမန္လာ..."

ေကာင္တာ မေရာက္ခင္မွာ ေနာက္ေက်ာဆီသို႔ ထိမွန္ပါေသာ ဤေဒါသသံေၾကာင့္ အဝန္းေနာက္သို႔လွည့္ၾကည့္မိေတာ့ သူ႔ကိုေခၚေနပါေသာ သက္လ်ာကိုေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ ခပ္သြက္သြက္ပင္ ေကာင္တာကို ေလွ်ာက္သြားၿပီး လိုအပ္သည္မ်ားကို မွာခဲ့ကာ စားပြဲဝိုင္းဘက္သို႔ ျပန္ေလွ်ာက္လာခဲ့သည္။

"ကိုသက္..."

ထိုင္ခုံမွာ မထိုင္ေသးခင္ ေရာက္ေနေၾကာင္းကို သက္လ်ာထံသို႔ အသံျပဳရသည္။ ထိုအခါမွ သက္လ်ာသည္ မ်က္ႏွာတစ္ခုလုံး နီရဲေနလ်က္ႏွင့္ အဝန္းထံသို႔ ၾကည့္သည္။

"မင္း အကိုႀကိီးကိုေမးထား။
ေအး...မဟုတ္လို႔ကေတာ့ မင္းမလြယ္ဘူးမွတ္"

ပဲေလွာ္ၾကားမွာ ဆားကဘာလို႔ညႇပ္သလဲလို႔ေမးလွ်င္ ဆားျဖစ္ေနလို႔ညႇပ္ရသည္။ ဒါဆို သက္လ်ာႏွင့္ၾကည္သာ့ၾကားမွာ ေရာင္နီဝန္းဘာေၾကာင့္ ၾကားညႇပ္ရသလဲဆိုလွ်င္ ေရာင္နီဝန္းသည္ ေရာင္နီဝန္းျဖစ္ေနသည္ေၾကာင့္ဟု ေျဖရမည္။

"သမီးတို႔ အတန္းျပန္သြားရမွာမို႔။
သြားလိုက္ေတာ့မယ္ေနာ္"

လက္ကိုဆြဲၿပီး အတင္းထ,ပါေသာ သိမ့္သိမ့္စိုးျမင့္ေၾကာင့္ ကြၽန္ေတာ့္မွာ စားရင္းတန္းလန္း သူမတို႔ႏွင့္အတူ လိုက္ရသည္။ သူမတို႔ဘာေၾကာင့္ ႐ုတ္တရပ္ထ,ေျပးသလဲ ဆိုသည့္အၾကာင္းအရင္းသည္...
"အမေလး ဟိုအကိုႀကီးက မ်က္ႏွာႀကီးကို ရဲလို႔"

"ေအးဟယ္။ ကေလးေတြစိတ္တိုရင္ ခ်စ္စရာေကာင္းပါတယ္။ ဘယ္ႏွယ့္ ဒီကေလးမ်က္ႏွာနဲ႔ အကိုႀကီးအလွည့္ေရာက္မွ ေၾကာက္စရာေကာင္းရတယ္လို႔"

ကိုသက္ကို ကေလးမ်က္ႏွာႏွင့္လို႔ ေျပာေနေသာသိမ့္သိမ့္စိုးျမင့္ကို ကြၽန္ေတာ္ၾကည့္မိလိုက္ေတာ့ သူမက ကြၽန္ေတာ့္ကို...
"ဘာၾကည့္တာလဲ " ဟု ေမးလာသည္။

"ကိုသက္ကို ကေလးမ်က္ႏွာလို႔ ေျပာလို႔ပါ"

"ဟုတ္သားပဲ စိုးျမင့္ရယ္။
အဲ့ဒီအကိုက ကေလးမ်က္ႏွာသာေျပာတယ္။
စိတ္တိုေနလိုက္တာမ်ား ငါ့မွာ ေၾကာက္လြန္းလို႔ ႏွလုံးေတာင္ ျပဳတ္ထြက္ေတာ့မလို"

"ျပဳတ္က်တာေတြထားပါဦး။
ေအာင္ နင္ကအဲ့ဒီအကိုႀကိီးကို သိတယ္လား။
ဘယ္yearကလဲဟင္၊ ဘယ္အေဆာင္မွာေနတာလဲ။
နင္တို႔နဲ႔အေဆာင္အတူတူပဲ"

ပုံမွန္ဆို သိပ္ၿပိီးစကားေျပာသည့္ ေလေျပႏုေသြးသည္ ထိုသို႔အမ်ားႀကီးေမးေတာ့ ကြၽန္ေတာ့္မွာ ႐ုတ္တရပ္ဘာျပန္ေျဖရမွန္းမသိျဖစ္ရသည္။

"ေျပာေလ ေအာင္ရ"

ထပ္လို႔ တြန္းအားေပးျပန္သည္မို႔ ကြၽန္ေတာ္ မေျဖလို႔မျဖစ္ေတာ့။

"ကိုသက္က အကိုတို႔အေဆာင္ကပဲ။
ေနာက္ဆုံးႏွစ္..."

"မထင္ရဘူးေနာ္ ေတာ္ေတာ္ေလးႏုတယ္..ဟင္းးး"

အဆုံးသတ္မွာ ရယ္လိုက္သည့္ ေလေျပႏုေသြး၏ ရယ္သံကို သတ္မွတ္ရလွ်င္ သဲကိုးျဖာထဲက တစ္မႈံထဲတြင္ပါဝင္သည့္ မာယာတိုးေသာ ရယ္သံျဖစ္သည္။

ဒီလိုနဲ႔ အတန္းထဲျပန္မဝင္ခင္အထိ သူမတို႔ေမးသမွ် ကိုသက္အေၾကာင္းမွန္သမွ်ကို ကြၽန္ေတာ္ေျဖေပးေနရသည္။ သိပ္အမ်ားႀကီးေတာ့ ကြၽန္ေတာ္လည္းမသိသည္မို႔ ကြၽန္ေတာ္သိသေလာက္အတိုင္းအတာကိုသာ ေျဖေပးႏိုင္သည္။ ထိုထဲမွ ကိုသက္၏အမည္အရင္းကိုေတာ့ ကြၽန္ေတာ္မေျပာျပခဲ့ပါ။ သူမတို႔ မေမးတာေၾကာင့္လည္းပါသလို၊ ကြၽန္ေတာ္ကိုယ္တိုင္ကိုက မေျဖခ်င္တာလဲ ပါသည္။

"ေမာင့္သက္လ်ာ" ဆိုတဲ့အမည္ကို ႏႈတ္ဖ်ားကေန ႐ြတ္ၾကည့္ေနမိသည္ကေန ဟိုဖက္အေဆာင္ကေန အကို႔အသံကိုၾကားလိုက္ေတာ့ ကြၽန္ေတာ္ခ်က္ခ်င္းပဲ အိမ္တံခါးေသာ့ပိတ္ကာ အကိုတို႔အေဆာင္ဖက္သို႔ ကူးလာခဲ့လိုက္သည္။

"အခု အကိုႀကီးအျဖစ္က အေလာင္းေတာ္ရေသ့လိုမ်ိဳးျဖစ္ေနၿပီဗ်။ မုဒုလကၡဏေဒဝီကိုျမင္ေတာ့ စ်ာန္ေလ်ာ၊ အဲ မဟုတ္ေသးဘူး ေဒဝီရဲ႕.... "

ေနာက္ဆုံးႏွစ္ေရာက္မွ သရဖူ႔ကို ဘယ္လိုႀကိဳက္သြားတာလဲလို႔ေမးေတာ့ အျမန္ၿပီးေအာင္ ခႏၶာကိုယ္လွလာလို႔ ေျဖလိုက္သည္က ေရာင္နီဝန္းကို ႂကြယ္ေပးဖို႔ အခြင့္အေရးေပးလိုက္သလိုပင္။ ဒီေကာင္ေလး အစြမ္းကုန္ ဇာခ်ဲ႕ၿပီး ႂကြယ္ေတာ့မည္ကို ၾကည္သာသိသည္။

"ေခြးေကာင္ေလး မဟုတ္တာေတြမေျပာစမ္းနဲ႔။
ငရဲႀကီးမယ္ကြ၊ ဟိုက ရေသ့"

"ကြၽန္ေတာ္ေျပာတာမွမဟုတ္ပဲ။
စာဆိုေတြေတာင္ ၫႊန္းခဲ့ရတဲ့ ရေသ့ရဲ႕တဏွာရမၼက္ေတြ။ ဘာတဲ့ စာခ်ိဳးေလးေတာင္ရွိေသး...."

စကားေျပာရမွာ ေရာက္နီဝန္းကို ဘယ္သူမွ မမွီႏိုင္ပါ။ အေလာင္းေတာ္ရေသ့ႏွင့္ မုဒုလကၡဏေဒဝီအေၾကာင္းကို စာခ်ိဳးေတြနဲ႔ပါ ေျပာျပခ်င္ေနသည့္ သူ႔ဟန္ပန္က အရွိန္အဝါတစ္ခုေအာက္မွာ ရွိေနသလို။

ထိုအရွိန္အဝါသည္...
"ႏွစ္ဆူလဝန္း၊ ဝိေဒကြၽန္းက၊ ေပၚထြန္းေသာေယာင္၊ေ႐ႊနန္းေခ်ာင္ဝယ္၊ အေရာင္ေပါင္းစု၊ ေစာမုဒု၏၊ ဖြဲ႕ႏုပ်ိဳပ်ိဳ၊ ေ႐ႊရင္စို႔ကို၊ ႏွစ္လိုေလးျမတ္၊ ရႈမိလတ္သည္၊ ႐ိုးျပတ္ျခင္းဆီခ်င္းခ်င္းတည္း။"

"ေဟာ လာကြာ..ေသာ္။
မင္းေရာက္လာတာနဲ႔ အေတာ္ပဲ။
မင္းဆိုလိုက္တာကလည္း အံကိုက္ပဲ။
ကိုယ့္ညီေလးက အားကိုးရတာပဲကြာ။"

ထိုကဗ်ာကို က်က္မွတ္ခိုင္းခဲ့သည့္ ဘဘုန္းအား စိတ္ထဲကေန လက္ဆယ္ျဖာ ထိပ္မွာမိုးလို႔ ရွိခိုးမိပါသည္။ ဘဘုန္းသာ မက်က္ခိုင္းခဲ့ရင္ အကို အားကိုးရတဲ့ သူတစ္ေယာက္ျဖစ္ခ်င္မွ ျဖစ္မွာ။

အခု ဒီကဗ်ာ႐ြတ္လိုက္တဲ့အက်ိဳးႏွင့္ အကို႔လက္ေခ်ာင္း ရွည္သြယ္သြယ္ေတြက ကြၽန္ေတာ့္လက္ေခ်ာင္းမ်ားႏွင့္ ထိေတြ႕ၿပီး ဆုပ္ကိုင္လို႔ ဆြဲကာ ကြၽန္ေတာ့္အား ထိုင္ခုံတြင္ ထိုင္ေစသည္။

"ညီက ကဗ်ာေတြကို ပိုင္ႏိုင္တာပဲ။
ညီ့အသံက ေတာ္ေတာ္ေလး ေကာင္းတယ္။
ၾကားရတဲ့ သူတိုင္းကို ၿငိမ္သက္သြားေအာင္ လုပ္ႏိုင္တယ္။ေကာင္းတယ္ကြာ...."

ကိုၾကည္သာက ကြၽန္ေတာ့္ကို ခ်ီးက်ဴးျပဳၿပီးေနာက္မွာ လက္ကမ္းလာသည္မို႔ ကြၽန္ေတာ္လည္း ကိုၾကည္သာ့ကို လက္ျပန္ကမ္းလိုက္သည္။ ခဏအၾကာမွာ လက္ဆြဲႏႈတ္ဆတ္ေနၾကေသာကြၽန္ေတာ္ႏွင့္ ကိုၾကည္သာ့လက္ကို ဆြဲယူလို႔ ဖယ္ခြာေစသူက အကိုျဖစ္သည္။

"ဘာျဖစ္ျပန္တာလဲ။
ဒီမွာ လက္ဆြဲႏႈတ္ဆတ္ေနတာကိုကြာ။"

"ဒီတိုင္း ေမးစရာရွိေသးလို႔ပါ။
ဟိုေလ အက်ႌကြၽတ္က်တဲ့ မင္းသမီးအေၾကာင္းကို စပ္ထားတာလည္း ရွိေသးတယ္ေလ။ ကြၽန္ေတာ္ ဖတ္ဖူးေပမယ့္ ကဗ်ာကိုက ေမ့ေနလို႔။ အကိုႀကီး သိလား။"

"ဘယ္သိမလဲ။ ငါမွ ကဗ်ာ မဖတ္ပဲ"

"ဒါဆို ေသာ္ေရာ။"

"အက်ႌကြၽတ္က်တာ မဟုတ္ပါဘူး အကိုရာ။
ရင္ဝတ္လႊာ ေလ်ာက်တာပါ။"

"ေအး ဟုတ္တယ္။ အဲ့ဒီလိုေျပာရတာ။
ရေသ့က စ်ာန္နဲ႔ ေကာင္းကင္မွာျပန္ေနတုန္း နန္းေတာ္ ျပတင္းေပါက္နားမွာထိုင္ေနတဲ့ မုဒုလကၡဏက ရင္ဝတ္လႊာေလး ေလ်ာက်တာေလ။ အဲ့ဒီမွာ ဟိုဟာကြာ...အဲ့တာက နည္းနည္းေပၚသြားေတာ့ ရေသ့ကျမင္ၿပီး စ်ာန္ေလ်ာ..."

"ဟိုဟာလို႔ မေျပာပဲ။ ႏို႔လို႔ပဲ ေျပာလိုက္ပါကြာ။
ဟားဟားးးးး"

ေနာက္ဆုံးႏွစ္ ေက်ာင္းသား ကိုၾကည္သာကေတာ့ အေျပာအဆိုရဲတင္းသည္။ ခႏၶာကိုယ္အစိတ္အပိုင္း အားလုံးလိုလိုကို ျမင္ေနက်၊ ကိုင္ေနက် ဆိုသလိုျဖစ္ေတာ့လည္း ဒီအေျပာက သိပ္ေတာ့အထူးအဆန္းမဟုတ္။ အခု မေျပာရဲျဖစ္ေနသည့္ အကိုလည္း တျဖည္းျဖည္းေတာ့ ရဲတင္းလာမွာေလလို႔ ေတြးမိလိုက္သည္က ဘာေၾကာင့္မွန္းေတာ့ ကြၽန္ေတာ္မသိလိုက္။

ထိုတစ္ခဏမွာ ကြၽန္ေတာ့္၏ဤအေတြးသည္ မည္သည္ကို ဦးတည္သြားပါသလဲ။

"အကိုႀကီးကဗ်ာ..."

"ဟားဟားး ေကာင္ငယ္ေလးကေတာ့။"

"ဟိတ္ ေသာ္။"
သူတို႔ႏွစ္ေယာက္ထဲ ေျပာေနရင္းမွ အကိုသည္ ကြၽန္ေတာ့္လက္ဖ်ံကို ခပ္ဖြဖြ႐ိုက္ရင္း...
"အဲ့ဒီစာခ်ိဳးကိုေရာ ရလား။" ဟု ေမးသည္။

"နန္းျပတင္းဝယ္၊ ရပ္တင္းစက္ေလ်ာင္း၊ ေ႐ႊေညာင္ေစာင္းမွ၊ ႐ုတ္ခ်ည္းထေသာ္၊ အလွအင္စုံ၊ ေကာတုမၼရာဇ္၊ တိုင္းမွျဖစ္သိ၊ ေျပျပစ္သားသား၊ ညံ့ထြားလူလူ၊ စကၠဴအဟန္၊ သိန္းတန္လြလြ၊ ဝတ္ေတာ္စလွ်င္၊ ဆမေတာ္စြာ၊ လစ္ခဲကြာသည္၊ လွ်ံဝါနန္းလုံးဝင္းဝင္းတည္း။ "

ကဗ်ာ ႐ြတ္ၿပီးသည့္တိုင္ ဘာမွမတုန္႔ျပန္ပါပဲ ၿငိမ္ေနၾကသည့္ အကိုတို႔ႏွစ္ေယာက္ေၾကာင့္...
"ၿပီးၿပီေလဗ်ာ..." ဟု အသိေပးလိုက္ရသည္။

ထိုအခါ အကိုက...
"ၿပီးတာကို သိပါတယ္ ေသာ္ရ။
ကိုယ္ စဥ္းစားေနတာ။ ေသာ္႐ြတ္တဲ့ ကဗ်ာစာသားအရဆိုရင္ မင္းသမီးေဒဝီက သလြန္မွာ အိပ္ေနတာျဖစ္ရမယ္။ လွဲတယ္ေပါ့ကြာ..အဲ့လိုအေနအထားကေန ႐ုတ္တရပ္ထလိုက္တဲ့ အခ်ိန္မွာ ၿခဳံလႊာေလးက ရင္ဘက္ဆီကေန ကြာက်။ဘယ္ေလာက္ေတာင္မ်ား လွပလိုက္မလဲကြာ....."

"ေဟ့ေကာင္ေလး။ မင္းေနာ္မင္း။
ဒါမ်ိဳးေတြဆို အေသအခ်ာကို ပုံေဖာ္ၾကည့္တာ"

"ဒါကေတာ့ အကိုႀကီးရာ..."

သေဘာတက်နဲ႔ ျဖစ္ေနပါေသာ အကို႔မ်က္ႏွာသည္ ၿပဳံးစစႏွင့္ျဖစ္ေနသည့္အတိုင္ ဒီတစ္ခါ အကို႔အၿပဳံးက ကြၽန္ေတာ့္ရင္ကို ေအးမွ်မႈတို႔မေပးစြမ္းႏိုင္။

"စိုးရိမ္စိုးရိမ္၊ ႀကိဳးသို႔လိမ္မွ်၊ အႀကိမ္အႀကိမ္၊ ခ်စ္ရည္စိမ္လ်က္၊ ၿငိမ္ဆိမ္ေဆးေလး၊ လူနတ္ေသြးကို၊ စိတ္ေျပးခန္႔႐ြယ္၊ ေစးၿခဳံလယ္၌၊ စမၸာယ္ပန္းသီး၊ လွမ္းမမီသို႔...."

အကို မေတာင္းဆိုပါပဲ ဆိုမိလိုက္ေသာ ဤစာပုဒ္ကိုလည္း အကိုက ၿငိမ္သက္စြာပင္ နားေထာင္ေပးသည္။ ဒါေၾကာင့္ ကြၽန္ေတာ္လည္း ဒီၿငိမ္သက္မႈကို အခြင့္ယူကာ...
"ဘယ္လိုပဲ ခ်စ္ႀကိဳက္တယ္ ေျပာဦးေတာ့။
ရေသ့နဲ႔ ဘုရင့္သမီး ဘယ္လိုလုပ္ ျဖစ္မလဲဗ်။
ေနာက္ဆုံးေတာ့ တဏွာရာဂဆိုတဲ့ အပူမီးေတာက္ေလာင္တဲ့ တစ္ခဏမွာ ႏွစ္ေပါင္းမ်ားစြာက်င့္ႀကံခဲ့တဲ့ ေလာကမွလြတ္ေျမာက္ျခင္းတရားေတြ ေပ်ာက္ပ်က္ကုန္တာေပါ့။ ဒါေၾကာင့္ ၿငိမ္းခ်မ္းခ်င္တဲ့ အကို႔အတြက္ ဒီတဏွာရာဂေတြကို သိပ္ၿပီး အာ႐ုံမစိုက္တာ ေကာင္းမယ္"

ဘာျဖစ္လို႔ ရွင္မဟာရဌသာရကို သေဘာက်သလဲဆိုတုန္းက ၿငိမ္းခ်မ္းလို႔ေလ ဟု ေျဖထားသည္ေၾကာင့္ ဇြတ္အတင္းကို အကို႔ကို ၿငိမ္းခ်မ္းရာ တရားအေၾကာင္းေတြ ေထာက္ျပေနမိသည္။

"အဲ့တာလည္း ဟုတ္တယ္။
ကိုယ့္ကို ပူေလာင္ေစမယ့္အရာေတြကို ေရွာင္မွ"

အကို႔ရဲ႕ ထိုအေျဖကို ၾကားမွ ၿငိမ္းခ်မ္းသြားရသူက ကြၽန္ေတာ္ပါ။ မဟုတ္လွ်င္ ကြၽန္ေတာ့္ရင္ထဲမွာ ေတာက္ေလာင္ေနတဲ့ မီးက တဏွာရာဂမီးထက္ ပိုလို႔ ပူျပင္းပါေသာ ေမတၱာဆိုတဲ့ မီးေတာက္။

သိခဲ့သမွ်ထဲမွာ ေမတၱာဆိုသည္ ေရစင္ႏွင့္ႏႈိင္းယွဥ္ရေလာက္ေအာင္အထိ သိပ္ကိုေအးခ်မ္းသည္ဆိုတဲ့ အခ်က္က  လြဲမွားေနေၾကာင္းကို အကို႔အေပၚမွာေမတၱာရွိမိသည့္ အခ်ိန္မွစ၍ သိခဲ့ရသည္။ အကို႔တစ္ေယာက္အေပၚမွာ သက္ဝင္မိတဲ့ ေမတၱာတရားေၾကာင့္ ကြၽန္ေတာ့္ရင္မွာ နည္းလမ္းေပါင္းေျမာက္မ်ားစြာနဲ႔ ပူေလာင္ေနရသည္က ကြၽမ္းလုနီးပါးပင္။

"ညီကေရာ အဝန္းလိုပဲ ရွင္မဟာရဌသာရကို သေဘာက်တယ္လား။"

အကိုနဲ႔ ကြၽန္ေတာ့္ကို တစ္လွည့္စီၾကည့္ရင္းမွ ကိုၾကည္သာက ထိုသို႔ေမးသည္။

"ကြၽန္ေတာ္က နတ္သွ်င္ေနာင္ကို ပိုသေဘာက်တယ္။ သူကရဲရင့္တယ္ေလ..."

"ေဟး ေဟး...ေကာင္ေလး မင္းအေျပာက ရွင္မဟာရဌသာရကပဲ မရဲရင့္တာက်လို႔"

"အခ်စ္နဲ႔ပက္သတ္ရင္ေတာ့ ေနာက္ဆုံးအထိဓာတုကလ်ာနဲ႔ပဲ အဆုံးသတ္ခဲ့တဲ့ နတ္သွ်င္ေနာင္က ၿငိမ္းခ်မ္းရာကို ေ႐ြးခ်ယ္သြားတဲ့ ရွင္မဟာရဌသာရထက္ေတာ့ ပိုၿပီးရဲရင့္တယ္မဟုတ္လား။"

"အဲ့လိုလည္း မဟုတ္ေသးဘူးေလ ေသာ္ရ၊
တကယ့္လက္ေတြ႕က်က်ဆိုရင္ ရွင္မဟာရဌသာရ ေ႐ြးခ်ယ္တာ မွန္တာပဲ...."

"ႏွမလက္ေလ်ာ့ေနေလေတာ့က စကားအရသိပ္လွေပမယ့္လည္း လင္းၾကက္တြန္ခ်ိန္အထိ မင္းတုပ္မခ်ႏိုင္ပဲ ငိုေႂကြးေနရတဲ့ အမ်ိဳးသမီးအတြက္ေတာ့ သိပ္ကိုဆိုး႐ြားလြန္းတဲ့စကားပဲ အကိုရ။"

တည္ၾကည္လြန္းတဲ့ ေသာ့္အေျပာေၾကာင့္ အဝန္းမွာ ဘာမွျပန္မေျပာႏိုင္ပဲျဖစ္သြားရသည္။ ဘဝတစ္ေလွ်ာက္လုံး အားက်ခဲ့တဲ့ ဘဝအရွင္ႏွင့္ပက္သတ္လွ်င္ မေကာင္းဟူ၍ဆန္တစ္ေစ့မွ မရွိခဲ့ဟု ေတြးခဲ့ပါေသာ္လည္း ဒီတစ္ခါ ၾကားလိုက္ရတဲ့ ေသာ္စကားေၾကာင့္ အနည္းငယ္ေတာ့ ေတြေဝသြားရသည္။

" ကိုသက္။"
ပခုံးဆီ ေရာက္လာပါေသာ ေအးစက္စက္ လက္ေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္အေနာက္မွာ ရပ္ေနပါေသာ ကိုသက္ကိုေတြ႕လိုက္ရသည္။

"ဘယ္စိုးလို႔လဲကြ။
ဟိုႏွစ္ေကာင္ကို မလႈပ္ႏိုင္ေအာင္ ေျပာႏိုင္တာပဲ။"

"ကြၽန္ေတာ္က.."

"သတၱိမရွိတဲ့ေကာင္ေတြကို သတၱိျဖစ္မယ့္ စကားေတြမ်ားမ်ားသာေျပာ ညီေလး။ အကိုအားေပးတယ္။"

ကြၽန္ေတာ့္ ပခုံးကို လက္ျဖင့္ပုတ္ေနၿပီး ကြၽန္ေတာ့္ကို ရည္ၫႊန္းေျပာဆိုေနေသာ္လည္း ကိုသက္ရဲ႕မ်က္လုံးတို႔က ကြၽန္ေတာ့္ထံတြင္ရွိမေနပါ။ ကိုသက္ရဲ႕စူးနင့္ေနတဲ့ မ်က္လုံးေတြက ကိုၾကည္သာ့ဆီမွာသာ ရွိေနသည္ကို ကြၽန္ေတာ္ျမင္လိုက္ရသည္။

ကိုသက္ကို ေမာ့ၾကည့္လိုက္၊ ကိုၾကည္သာ့ကို ျပန္ၾကည့္လိုက္နဲ႔ ႏွစ္ေခါက္ေလာက္ အၾကည့္ေ႐ြ႕ၿပီးသည့္အခ်ိန္မွာ ကိုၾကည္သာက ကြၽန္ေတာ့္အၾကည့္ေတြကို သတိထားမိသြားသည္ေၾကာင့္လားေတာ့မသိ...
"မနက္ျဖန္ ညေနေရာက္ရင္၊ သရဖူတို႔အိမ္ေရွ႕ သီခ်င္းသြားဆိုမွာ မင္းပါလိုက္ခဲ့ ညီေလး" ဟု ေျပာလာသည္။

ကိုၾကည္သာေျပာသည့္ သရဖူကို ကြၽန္ေတာ္မသိေသာ္လည္း ကြၽန္ေတာ့္ပခုံးေပၚကေန ဖယ္ခြာသြားတဲ့ ေအးစက္စက္လက္ေတြေၾကာင့္ေရာ၊ ကြၽန္ေတာ္နဲ႔ ေဝးကြာသြားတဲ့ ေအးသက္သက္အေငြ႕အသက္ေတြေၾကာင့္ေရာ သရဖူဆိုသည္ ကိုသက္နဲ႔ကိုၾကည္သာၾကားရွိ ကုန္းျမင့္တစ္ခုဆိုသည္ကို နားလည္လိုက္သည္။









Continue Reading

You'll Also Like

622K 22.9K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
465K 33K 39
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်
4.1K 33 28
This book contains random poems that I created about love, sadness, happiness, dreams, nationalism, church, God and the likes. Feel free to read at y...