ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (46)

5.3K 819 16
By LuciousKim

Zawgyi

ဒီတစ္ၾကိမ္မွာေတာ့ ခ်န္ယြီက ရွန္ယန္းကိုေအာက္ဘက္သို႔ဆြဲခ်ဖို႔ၾကံစည္လိုက္တဲ့ပံုပဲ။

ရွန္ယန္းက ခ်န္ယြီကိုၾကည့္လိုက္ျပီး အားေပ်ာ့ျခင္းမရိွေပမယ့္ အရမ္းလည္းစိတ္ပါဝင္စားျခင္းမရိွတဲ့ေလသံနွင့္ျပန္ေျပာလိုက္တယ္။

" အဲဒီေန႔တုန္းက နင့္ရဲ႕ပံုစံကအရမ္းကိုသနားစရာေကာင္းတဲ့ပံုျဖစ္ေနလို႔ ငါကူညီဖို႔လာခဲ့တာ ဒါေပမယ့္ ငါရုတ္တရက္ေတြ႕လိုက္ရတာက .. နင္လုယြင္ခ်န္းကိုအရမ္းၾကိဳက္ျပီးေတာ့ သူ႕ရဲ႕လက္မွတ္ကိုလည္းအရမ္းတန္ဖိုးထားတယ္ ဒီေတာ့ သူ႕ရဲ႕လက္မွတ္ပါတဲ့အယ္လ္ဘမ္နဲ႔ပိုစတာေတြအားလံုးကို နင္ေပ်ာက္သြားတယ္ဆိုတာျဖစ္နိုင္ပါ့မလား "

ခ်န္ယြီ အေနာက္ဘက္ကိုေျခတစ္လွမ္းဆုတ္လိုက္မိတာေၾကာင့္ သူမရဲ႕ေနာက္မွာရိွေနတဲ့ထိုင္ခံုနဲ႕တိုက္မိျပီး ဒယီးဒယိုင္နဲ႕ရပ္တန္႔သြားတာကိုၾကည့္ရင္း ရွန္ယန္းဆက္ေျပာလိုက္တယ္။

"ဒါေၾကာင့္ ငါနင့္ကိုစမ္းသပ္ၾကည့္ခဲ့တယ္ အယ္လ္ဘမ္နဲ႕ပိုစတာေတြဘယ္ေလာက္မ်ားမ်ားရိွတာလဲဆိုျပီးေမးေတာ့ ဘယ္ပစၥည္းက ဘယ္ေလာက္လဲဆိုတာကအစ နင္အကုန္လံုးကိုရွင္းရွင္းလင္းလင္းေျဖနိုင္ခဲ့တယ္ ဒီေတာ့ အဲဒီပစၥည္းေတြကိုနင္အမွတ္တမဲ့နွင့္ေပ်ာက္သြားတယ္ဆိုတာျဖစ္နိုင္ပါ့မလား "

"ေနာက္တစ္ခုက ငါနင့္ကိုအယ္လ္ဘမ္နဲ႕ပိုစတာေတြကိုရွာဖို႔ေျပာခဲ့ေပမယ့္ နင့္ရဲ႕ဖိနပ္ကေတာ့ အရမ္းကိုသန္႔ရွင္းေနခဲ့တယ္ ငါ့ရဲ႕စိတ္ထက္ေတာင္သန္႔ရွင္းေနတယ္ေလ "

ရွန္ယန္း စကားဆံုးျပီးတာနဲ႕ ျပံဳးျပီးထပ္ေမးလိုက္တယ္။

"ဒီေတာ့ နင္ဘာေတြေျပာခ်င္ေသးလဲ "

ခ်န္ယြီရဲ႕မ်က္နွာကေဖ်ာ့ေတာ့လာျပီး  သူမရဲ႕နႈတ္ခမ္းေတြက တုန္ယင္ေနကာ ဘယ္လိုစကားမွမေျပာနိုင္ေတာ့ဘူး။

သူမထံမွ စကားသံထြက္မလာေတာ့တာကိုေတြ႕ေတာ့ ရွန္ယန္းစိတ္ဝင္စားမႈေတြမရိွေတာ့တဲ့အတြက္ သူမရဲ႕အေပၚကုတ္အက်ႌကိုဆြဲယူျပီး အျပင္ကိုထြက္လာခဲ့တယ္။

" နင့္ရဲ႕ျပသနာကို နင္ရွင္းလိုက္ေတာ့ "

အခန္းတံခါးပိတ္လိုက္တဲ့အခ်ိန္မွာပဲ လီလီရဲ႕ေဒါသတၾကီးေျပာလာတဲ့စကားသံကိုရွန္ယန္းၾကားလိုက္ရတယ္။

" သူခိုးမ! နင့္လိုလူမ်ိဳးက လုယြင္ခ်န္းရဲ႕ပရိတ္သတ္ျဖစ္ဖို႔မထိုက္တန္ဘူး !"

ရွန္ယန္း ဓာတ္ေလွကားဆီသို႔ေျဖးညွင္းစြာေလ်ွာက္သြားလိုက္တယ္။ သူမရဲ႕ဇာတ္ဝင္ခန္းကိုရိုက္ကူးဖို႔မိနစ္အနည္းငယ္ေလာက္အခ်ိန္ရေသးတဲ့အတြက္ သူမအေနနဲ႕အလ်ွင္အျမန္သြားဖို႔မလိုအပ္ဘူးေလ။

ဓာတ္ေလွကားတံခါးပြင့္လာခ်ိန္မွာေတာ့ ရိုက္ကူးေရးဝန္ထမ္းတစ္ေယာက္ထြက္လာျပီး ရွန္ယန္းကိုေတြ႕တဲ့အတြက္ေမးလာခဲ့တယ္။

" ခ်န္လန္ ဘယ္မွာလဲ "

ရွန္ယန္းက ခဏေလာက္ေတြးေတာျပီး ျပန္ေမးလိုက္တယ္။

"ခ်န္လန္..?"

" မင္းနဲ႕အတူေနတဲ့တစ္ေယာက္ေလ .. အခု သူ႕ရဲ႕အခန္းရိုက္ရမယ့္အခ်ိန္ကို ရိုက္ကြင္းမွာလည္းမရိွ ဖုန္းလည္းမကိုင္လို႔ ..ဒါရိုက္တာဝူကစိတ္ဆိုးေနျပီ ဒါေၾကာင့္ ရိုက္ကူးေရးအကူတစ္ေယာက္ကငါ့ကိုေခၚျပီး သူမကိုလိုက္ရွာခိုင္းလိုက္တာ "

ခ်န္ယြီရဲ႕နာမည္က ခ်န္လန္လား ။

ရွန္ယန္းက ထပ္ေမးလိုပ္တယ္။

"သူ႕ရဲ႕နာမည္က ခ်န္လန္လား "

"မသိဘူး သူမရဲ႕ ID ကတ္မွာေတာ့ ခ်န္လန္လို႔ေရးထားတာပဲ"

ရွန္ယန္း :"......"

ဇာတ္လိုက္မရဲ႕ေအးဂ်င့္နာမည္ကလည္း ခ်န္လန္ပဲ။ ဒါေပမယ့္ မ်ိဳးရိုးနာမည္ေရာ နာမည္ေရာတူညီေနတာက ျဖစ္နိုင္ပါ့မလား ။

ဇာတ္လိုက္မရဲ႕ေအးဂ်င့္ခ်န္လန္ကလည္း ယခင္တုန္းကမင္းသမီးလုပ္ခဲ့ဖူးတယ္လို႔ သူမဖတ္ခဲ့ရတယ္။ ဒါေပမယ့္ မၾကာခင္မွာေတာ့ သူမက ဒရမ္မာေတြထဲမွာမပါဝင္ရေတာ့တာေၾကာင့္ေအးဂ်င့္အျဖစ္သို႔ေျပာင္းလဲလုပ္ကိုင္ခဲ့တယ္။

ထိုအခ်ိန္မွာ သူမက ဇာတ္လိုက္မနဲ႕ေတြ႕ဆံုခဲ့ျပီး အနုပညာရပ္ဝန္းထဲမွာဇာတ္လိုက္မ ရပ္တည္နိုင္ဖို႔နည္းလမ္းအမ်ိဳးမ်ိဳးသံုးကာကူညီခဲ့ျပီး အလ်င္အျမန္နွင့္ လူသိမ်ားေအာင္ျမင္လာခဲ့တယ္။ ဒါေပမယ့္ ဘယ္သူကမွ သူမဘယ္လိုေနရာမ်ိဳးမွာထူးခ်ြန္တာလဲဆိုတာကိုမသိခဲ့ၾကဘူး။

ေျပာၾကတာကေတာ့ သူမရဲ႕နာမည္ကိုလူသိမ်ားေအာင္လုပ္တဲ့ ေစ်းကြက္ရွာမႈနည္းလမ္းေတြကအရမ္းကိုေကာင္းတယ္တဲ့။

ရွန္ယန္း ယခင္ဘဝမွာတုန္းက ဇာတ္လိုက္မရဲ႕ေအးဂ်င့္ကိုမျမင္ဖူးခဲ့ဘူး။ သူမကအျမဲတမ္းမုရီအန္းကိုရရိွဖို႔အတြက္ပဲေတြးေတာေနခဲ့ျပီး ဇာတ္လိုက္မနဲ႕ပတ္သက္တဲ့ တံု႔ျပန္မႈေတြကိုဂရုမစိုက္မိခဲ့ဘူး။

ရွန္ယန္း ဇာတ္လိုက္မကိုေတြ႕ခဲ့ရတဲ့အခ်ိန္တိုင္းက မုရီအန္းေၾကာင့္ပဲျဖစ္ျပီးေတာ့ ထိုအခ်ိန္ေတြမွာလည္း ဇာတ္လိုက္မကသူမရဲ႕ေအးဂ်င့္ကိုအတူေခၚလာခဲ့ျခင္းမရိွခဲ့ဘူး။ ဒါေၾကာင့္ ရွန္ယန္းက ဇာတ္လိုက္မရဲ႕ေအးဂ်င့္ကို နာမည္တစ္ခုတည္းကိုပဲသိခဲ့တာျဖစ္တယ္။

"သူအခန္းထဲမွာရိွတယ္ က်ြန္မအတူလိုက္ၾကည့္ေပးမယ္"

ရွန္ယန္းက ေျပာလိုက္ျပီးအခန္းဆီသို႔ျပန္လည္ေလ်ွာက္လာေတာ့ ခ်န္ယြီက သူမရဲ႕ခရီးေဆာင္အိတ္ကိုဆြဲျပီး အခန္းထဲကထြက္လာတာကိုေတြ႕လိုက္ရတယ္။

ခ်န္ယြီရဲ႕မ်က္လံုးေတြကအနည္းငယ္ေရာင္ကိုင္းေနျပီး ရွန္ယန္းကိုေတြ႕လိုက္ရေတာ့ ဆက္တိုက္ေျပာလာခဲ့တယ္။

"အစ္မယန္ယန္ က်ြန္မရဲ႕အမွားေတြအားလံုးအတြက္ေတာင္းပန္ပါတယ္ .. အခု ..."

သူမကစကားကိုဆံုးေအာင္မေျပာခဲ့ဘဲ ခရီးေဆာင္အိတ္ကိုဆြဲယူျပီးအေရွ႕ကိုဆက္ေလ်ွာက္သြားခဲ့တယ္။

ရိုက္ကူးေရးဝန္ထမ္းက ခ်န္ယြီကိုၾကည့္ျပီးအလွ်င္အျမန္ေျပာလိုက္တယ္။

" မင္းရဲ႕အခန္းကိုရိုက္ကူးရမယ့္အခ်ိန္ရိုက္ကြင္းမွာရိွမေနလို႔ဒါရိုက္တာဝူစိတ္ဆိုးေနျပီ"

"က်ြန္မထပ္ျပီးရိုက္ကူးေတာ့မွာမဟုတ္ဘူး ရိုက္ကူးေရးစာခ်ဳပ္ကိုဖ်က္သိမ္းေၾကာင္းမၾကာခင္ပို႔ေပးလိုက္ပါ့မယ္"

သူမေျပာျပီးခ်ိန္မွာပဲ လီလီနဲ႕တျခားသူေတြကအခန္းထဲကထြက္လာခဲ့ၾကတယ္။

" သူငါတို႕ေရွ႕မွာဒူးေထာက္ျပီးခြင့္လႊတ္ေပးဖို႔ေတာင္းပန္သြားတယ္ ေနာက္ျပီးဘယ္ေတာ့မွထပ္မလုပ္ေတာ့ဘူးလို႔ကတိေပးသြားတယ္ သူ႕ကိုအျပစ္ေပးတဲ့အေနနဲ႕ ေနာက္ထပ္လုယြင္ခ်န္းရဲ႕ပရိတ္သတ္အျဖစ္ဆက္ရိွမေနေတာ့ဖို႔ေျပာလိုက္ျပီ သူခနေလာက္ေတာ့ လက္မခံဘဲေနေနေပမယ့္ ေနာက္ေတာ့သူ႕ပစၥည္းေတြကိုသိမ္းဆည္းျပီးထြက္သြားဖို႔လက္ခံလိုက္ရတာပဲ "

အခ်ိန္ခဏေလာက္အတြင္းမွာပဲ  ခ်န္ယြီကို လီလီ့ကိုေတာင္းပန္ခဲ့ျပီး သူမရဲ႕ခရီးေဆာင္အိတ္ေတြကိုပါထုတ္ပိုးခဲ့ကာ လီလီ့ကိုအံၾသသင့္တဲ့အထိလုပ္နိုင္ခဲ့တယ္။ ေနာက္ျပီး သူမကဘာတစ္ခုမွျပန္ခံမေျပာခဲ့ဘူး။

သူမကအမွန္တကယ္ကို ဇာတ္လိုက္မရဲ႕ေအးဂ်င့္ခ်န္လန္ျဖစ္နိုင္တယ္။

ရွန္ယန္းက ခ်န္ယြီရဲ႕ပံုစံကိုတစ္ခ်က္စိုက္ၾကည့္ျပီးသက္ျပင္းခ်လိုပ္တယ္။ ျဖစ္နိုင္တာကေတာ့ သူမ(ရွန္ယန္း)က အေျမွာက္စာခံဇာတ္ေကာင္ျဖစ္ေနတဲ့အတြက္ ထိုသို႔ေသာလူေတြနဲ႕ပတ္သက္ရမယ့္ကံၾကမၼာပါလာခဲ့တယ္ထင္တယ္။

ဒါေပမယ့္ သူမအတြက္ေၾကာက္ရြံ႕ေနစရာအေၾကာင္းမရိွေတာ့ဘူး ။ သူမရဲ႕နွလံုးသားထဲမွာ မုရီအန္းအတြက္ေနရာမရိွေတာ့တာေၾကာင့္ သူမကအရင္ဘဝတုန္းကရွန္းယန္းလိုမ်ိဳး ထပ္ျပီးျဖစ္စရာအေၾကာင္းမရိွေတာ့ဘူးေလ။

"ရွန္ယန္း ငါတို႔ကိုကူညီေပးတဲ့အတြက္ေက်းဇူးပါပဲ .. ရိႈးပြဲမွာအနိုင္ရျပီးငါတို႔ရဲ႕ယြင္ခ်န္းနဲ႕အတူသရုပ္ေဆာင္ရပါေစလို႔ဆုေတာင္းေပးေနမယ္ေနာ္ !"

လီလီက ထုိသို႔ေျပာျပီးတာနွင့္ တျခားေသာပရိတ္သတ္ေတြကပါသူမရဲ႕ေနာက္မွလိုက္ျပီးေျပာလာၾကတယ္။ သူတို႕ကရွန္ယန္းရဲ႕ပရိတ္သတ္ေတြမဟုတ္ေပမယ့္ ရွန္ယန္းကသူတို႔ကိုကူညီေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ျပီး တကယ္လို႔ voteေပးရမယ္ဆိုရင္ သူမကို voteျပီးကူညီေပးၾကလိမ့္မယ္။

ရွန္ယန္းက ျပံဳးျပီး ဘာမွျပန္မေျပာလိုက္ေတာ့ဘူး။

သူမရိုက္ကြင္းဆီကိုျပန္သြားခ်ိန္မွာေတာ့ .. ခ်န္ယြီ ..မဟုတ္ဘူး ခ်န္လန္က စာခ်ဳပ္ကိုဖ်က္သိမ္းခဲ့တာေၾကာင့္ ရိုက္ကြင္းထဲမွာဒါရိုက္တာဝူေဒါသတၾကီးျဖစ္ေနလိမ့္မယ္ဆိုတာကို သိေနခဲ့တယ္။

ရွန္ယန္းအေနနဲ႕ သူမကိုပါဆူပူၾကိမ္းေမာင္းလာမွာကိုမလိုခ်င္တဲ့တြက္ ပိုျပီးေလးနက္စြာသရုပ္ေဆာင္ဖို႔ဆံုးျဖတ္လိုက္တယ္။

***

Unicode

ဒီတစ်ကြိမ်မှာတော့ ချန်ယွီက ရှန်ယန်းကိုအောက်ဘက်သို့ဆွဲချဖို့ကြံစည်လိုက်တဲ့ပုံပဲ။

ရှန်ယန်းက ချန်ယွီကိုကြည့်လိုက်ပြီး အားပျော့ခြင်းမရှိပေမယ့် အရမ်းလည်းစိတ်ပါဝင်စားခြင်းမရှိတဲ့လေသံနှင့်ပြန်ပြောလိုက်တယ်။

" အဲဒီနေ့တုန်းက နင့်ရဲ့ပုံစံကအရမ်းကိုသနားစရာကောင်းတဲ့ပုံဖြစ်နေလို့ ငါကူညီဖို့လာခဲ့တာ ဒါပေမယ့် ငါရုတ်တရက်တွေ့လိုက်ရတာက .. နင်လုယွင်ချန်းကိုအရမ်းကြိုက်ပြီးတော့ သူ့ရဲ့လက်မှတ်ကိုလည်းအရမ်းတန်ဖိုးထားတယ် ဒီတော့ သူ့ရဲ့လက်မှတ်ပါတဲ့အယ်လ်ဘမ်နဲ့ပိုစတာတွေအားလုံးကို နင်ပျောက်သွားတယ်ဆိုတာဖြစ်နိုင်ပါ့မလား "

ချန်ယွီ အနောက်ဘက်ကိုခြေတစ်လှမ်းဆုတ်လိုက်မိတာကြောင့် သူမရဲ့နောက်မှာရှိနေတဲ့ထိုင်ခုံနဲ့တိုက်မိပြီး ဒယီးဒယိုင်နဲ့ရပ်တန့်သွားတာကိုကြည့်ရင်း ရှန်ယန်းဆက်ပြောလိုက်တယ်။

"ဒါကြောင့် ငါနင့်ကိုစမ်းသပ်ကြည့်ခဲ့တယ် အယ်လ်ဘမ်နဲ့ပိုစတာတွေဘယ်လောက်များများရှိတာလဲဆိုပြီးမေးတော့ ဘယ်ပစ္စည်းက ဘယ်လောက်လဲဆိုတာကအစ နင်အကုန်လုံးကိုရှင်းရှင်းလင်းလင်းဖြေနိုင်ခဲ့တယ် ဒီတော့ အဲဒီပစ္စည်းတွေကိုနင်အမှတ်တမဲ့နှင့်ပျောက်သွားတယ်ဆိုတာဖြစ်နိုင်ပါ့မလား "

"နောက်တစ်ခုက ငါနင့်ကိုအယ်လ်ဘမ်နဲ့ပိုစတာတွေကိုရှာဖို့ပြောခဲ့ပေမယ့် နင့်ရဲ့ဖိနပ်ကတော့ အရမ်းကိုသန့်ရှင်းနေခဲ့တယ် ငါ့ရဲ့စိတ်ထက်တောင်သန့်ရှင်းနေတယ်လေ "

ရှန်ယန်း စကားဆုံးပြီးတာနဲ့ ပြုံးပြီးထပ်မေးလိုက်တယ်။

"ဒီတော့ နင်ဘာတွေပြောချင်သေးလဲ "

ချန်ယွီရဲ့မျက်နှာကဖျော့တော့လာပြီး  သူမရဲ့နှုတ်ခမ်းတွေက တုန်ယင်နေကာ ဘယ်လိုစကားမှမပြောနိုင်တော့ဘူး။

သူမထံမှ စကားသံထွက်မလာတော့တာကိုတွေ့တော့ ရှန်ယန်းစိတ်ဝင်စားမှုတွေမရှိတော့တဲ့အတွက် သူမရဲ့အပေါ်ကုတ်အင်္ကျီကိုဆွဲယူပြီး အပြင်ကိုထွက်လာခဲ့တယ်။

" နင့်ရဲ့ပြသနာကို နင်ရှင်းလိုက်တော့ "

အခန်းတံခါးပိတ်လိုက်တဲ့အချိန်မှာပဲ လီလီရဲ့ဒေါသတကြီးပြောလာတဲ့စကားသံကိုရှန်ယန်းကြားလိုက်ရတယ်။

" သူခိုးမ! နင့်လိုလူမျိုးက လုယွင်ချန်းရဲ့ပရိတ်သတ်ဖြစ်ဖို့မထိုက်တန်ဘူး !"

ရှန်ယန်း ဓာတ်လှေကားဆီသို့ဖြေးညှင်းစွာလျှောက်သွားလိုက်တယ်။ သူမရဲ့ဇာတ်ဝင်ခန်းကိုရိုက်ကူးဖို့မိနစ်အနည်းငယ်လောက်အချိန်ရသေးတဲ့အတွက် သူမအနေနဲ့အလျှင်အမြန်သွားဖို့မလိုအပ်ဘူးလေ။

ဓာတ်လှေကားတံခါးပွင့်လာချိန်မှာတော့ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်ထွက်လာပြီး ရှန်ယန်းကိုတွေ့တဲ့အတွက်မေးလာခဲ့တယ်။

" ချန်လန် ဘယ်မှာလဲ "

ရှန်ယန်းက ခဏလောက်တွေးတောပြီး ပြန်မေးလိုက်တယ်။

"ချန်လန်..?"

" မင်းနဲ့အတူနေတဲ့တစ်ယောက်လေ .. အခု သူ့ရဲ့အခန်းရိုက်ရမယ့်အချိန်ကို ရိုက်ကွင်းမှာလည်းမရှိ ဖုန်းလည်းမကိုင်လို့ ..ဒါရိုက်တာဝူကစိတ်ဆိုးနေပြီ ဒါကြောင့် ရိုက်ကူးရေးအကူတစ်ယောက်ကငါ့ကိုခေါ်ပြီး သူမကိုလိုက်ရှာခိုင်းလိုက်တာ "

ချန်ယွီရဲ့နာမည်က ချန်လန်လား ။

ရှန်ယန်းက ထပ်မေးလိုပ်တယ်။

"သူ့ရဲ့နာမည်က ချန်လန်လား "

"မသိဘူး သူမရဲ့ ID ကတ်မှာတော့ ချန်လန်လို့ရေးထားတာပဲ"

ရှန်ယန်း :"......"

ဇာတ်လိုက်မရဲ့အေးဂျင့်နာမည်ကလည်း ချန်လန်ပဲ။ ဒါပေမယ့် မျိုးရိုးနာမည်ရော နာမည်ရောတူညီနေတာက ဖြစ်နိုင်ပါ့မလား ။

ဇာတ်လိုက်မရဲ့အေးဂျင့်ချန်လန်ကလည်း ယခင်တုန်းကမင်းသမီးလုပ်ခဲ့ဖူးတယ်လို့ သူမဖတ်ခဲ့ရတယ်။ ဒါပေမယ့် မကြာခင်မှာတော့ သူမက ဒရမ်မာတွေထဲမှာမပါဝင်ရတော့တာကြောင့်အေးဂျင့်အဖြစ်သို့ပြောင်းလဲလုပ်ကိုင်ခဲ့တယ်။

ထိုအချိန်မှာ သူမက ဇာတ်လိုက်မနဲ့တွေ့ဆုံခဲ့ပြီး အနုပညာရပ်ဝန်းထဲမှာဇာတ်လိုက်မ ရပ်တည်နိုင်ဖို့နည်းလမ်းအမျိုးမျိုးသုံးကာကူညီခဲ့ပြီး အလျင်အမြန်နှင့် လူသိများအောင်မြင်လာခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူမဘယ်လိုနေရာမျိုးမှာထူးချွန်တာလဲဆိုတာကိုမသိခဲ့ကြဘူး။

ပြောကြတာကတော့ သူမရဲ့နာမည်ကိုလူသိများအောင်လုပ်တဲ့ ဈေးကွက်ရှာမှုနည်းလမ်းတွေကအရမ်းကိုကောင်းတယ်တဲ့။

ရှန်ယန်း ယခင်ဘဝမှာတုန်းက ဇာတ်လိုက်မရဲ့အေးဂျင့်ကိုမမြင်ဖူးခဲ့ဘူး။ သူမကအမြဲတမ်းမုရီအန်းကိုရရှိဖို့အတွက်ပဲတွေးတောနေခဲ့ပြီး ဇာတ်လိုက်မနဲ့ပတ်သက်တဲ့ တုံ့ပြန်မှုတွေကိုဂရုမစိုက်မိခဲ့ဘူး။

ရှန်ယန်း ဇာတ်လိုက်မကိုတွေ့ခဲ့ရတဲ့အချိန်တိုင်းက မုရီအန်းကြောင့်ပဲဖြစ်ပြီးတော့ ထိုအချိန်တွေမှာလည်း ဇာတ်လိုက်မကသူမရဲ့အေးဂျင့်ကိုအတူခေါ်လာခဲ့ခြင်းမရှိခဲ့ဘူး။ ဒါကြောင့် ရှန်ယန်းက ဇာတ်လိုက်မရဲ့အေးဂျင့်ကို နာမည်တစ်ခုတည်းကိုပဲသိခဲ့တာဖြစ်တယ်။

"သူအခန်းထဲမှာရှိတယ် ကျွန်မအတူလိုက်ကြည့်ပေးမယ်"

ရှန်ယန်းက ပြောလိုက်ပြီးအခန်းဆီသို့ပြန်လည်လျှောက်လာတော့ ချန်ယွီက သူမရဲ့ခရီးဆောင်အိတ်ကိုဆွဲပြီး အခန်းထဲကထွက်လာတာကိုတွေ့လိုက်ရတယ်။

ချန်ယွီရဲ့မျက်လုံးတွေကအနည်းငယ်ရောင်ကိုင်းနေပြီး ရှန်ယန်းကိုတွေ့လိုက်ရတော့ ဆက်တိုက်ပြောလာခဲ့တယ်။

"အစ်မယန်ယန် ကျွန်မရဲ့အမှားတွေအားလုံးအတွက်တောင်းပန်ပါတယ် .. အခု ..."

သူမကစကားကိုဆုံးအောင်မပြောခဲ့ဘဲ ခရီးဆောင်အိတ်ကိုဆွဲယူပြီးအရှေ့ကိုဆက်လျှောက်သွားခဲ့တယ်။

ရိုက်ကူးရေးဝန်ထမ်းက ချန်ယွီကိုကြည့်ပြီးအလျှင်အမြန်ပြောလိုက်တယ်။

" မင်းရဲ့အခန်းကိုရိုက်ကူးရမယ့်အချိန်ရိုက်ကွင်းမှာရှိမနေလို့ဒါရိုက်တာဝူစိတ်ဆိုးနေပြီ"

"ကျွန်မထပ်ပြီးရိုက်ကူးတော့မှာမဟုတ်ဘူး ရိုက်ကူးရေးစာချုပ်ကိုဖျက်သိမ်းကြောင်းမကြာခင်ပို့ပေးလိုက်ပါ့မယ်"

သူမပြောပြီးချိန်မှာပဲ လီလီနဲ့တခြားသူတွေကအခန်းထဲကထွက်လာခဲ့ကြတယ်။

" သူငါတို့ရှေ့မှာဒူးထောက်ပြီးခွင့်လွှတ်ပေးဖို့တောင်းပန်သွားတယ် နောက်ပြီးဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ကတိပေးသွားတယ် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ နောက်ထပ်လုယွင်ချန်းရဲ့ပရိတ်သတ်အဖြစ်ဆက်ရှိမနေတော့ဖို့ပြောလိုက်ပြီ သူခနလောက်တော့ လက်မခံဘဲနေနေပေမယ့် နောက်တော့သူ့ပစ္စည်းတွေကိုသိမ်းဆည်းပြီးထွက်သွားဖို့လက်ခံလိုက်ရတာပဲ "

အချိန်ခဏလောက်အတွင်းမှာပဲ  ချန်ယွီကို လီလီ့ကိုတောင်းပန်ခဲ့ပြီး သူမရဲ့ခရီးဆောင်အိတ်တွေကိုပါထုတ်ပိုးခဲ့ကာ လီလီ့ကိုအံသြသင့်တဲ့အထိလုပ်နိုင်ခဲ့တယ်။ နောက်ပြီး သူမကဘာတစ်ခုမှပြန်ခံမပြောခဲ့ဘူး။

သူမကအမှန်တကယ်ကို ဇာတ်လိုက်မရဲ့အေးဂျင့်ချန်လန်ဖြစ်နိုင်တယ်။

ရှန်ယန်းက ချန်ယွီရဲ့ပုံစံကိုတစ်ချက်စိုက်ကြည့်ပြီးသက်ပြင်းချလိုပ်တယ်။ ဖြစ်နိုင်တာကတော့ သူမ(ရှန်ယန်း)က အမြှောက်စာခံဇာတ်ကောင်ဖြစ်နေတဲ့အတွက် ထိုသို့သောလူတွေနဲ့ပတ်သက်ရမယ့်ကံကြမ္မာပါလာခဲ့တယ်ထင်တယ်။

ဒါပေမယ့် သူမအတွက်ကြောက်ရွံ့နေစရာအကြောင်းမရှိတော့ဘူး ။ သူမရဲ့နှလုံးသားထဲမှာ မုရီအန်းအတွက်နေရာမရှိတော့တာကြောင့် သူမကအရင်ဘဝတုန်းကရှန်းယန်းလိုမျိုး ထပ်ပြီးဖြစ်စရာအကြောင်းမရှိတော့ဘူးလေ။

"ရှန်ယန်း ငါတို့ကိုကူညီပေးတဲ့အတွက်ကျေးဇူးပါပဲ .. ရှိုးပွဲမှာအနိုင်ရပြီးငါတို့ရဲ့ယွင်ချန်းနဲ့အတူသရုပ်ဆောင်ရပါစေလို့ဆုတောင်းပေးနေမယ်နော် !"

လီလီက ထိုသို့ပြောပြီးတာနှင့် တခြားသောပရိတ်သတ်တွေကပါသူမရဲ့နောက်မှလိုက်ပြီးပြောလာကြတယ်။ သူတို့ကရှန်ယန်းရဲ့ပရိတ်သတ်တွေမဟုတ်ပေမယ့် ရှန်ယန်းကသူတို့ကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပြီး တကယ်လို့ voteပေးရမယ်ဆိုရင် သူမကို voteပြီးကူညီပေးကြလိမ့်မယ်။

ရှန်ယန်းက ပြုံးပြီး ဘာမှပြန်မပြောလိုက်တော့ဘူး။

သူမရိုက်ကွင်းဆီကိုပြန်သွားချိန်မှာတော့ .. ချန်ယွီ ..မဟုတ်ဘူး ချန်လန်က စာချုပ်ကိုဖျက်သိမ်းခဲ့တာကြောင့် ရိုက်ကွင်းထဲမှာဒါရိုက်တာဝူဒေါသတကြီးဖြစ်နေလိမ့်မယ်ဆိုတာကို သိနေခဲ့တယ်။

ရှန်ယန်းအနေနဲ့ သူမကိုပါဆူပူကြိမ်းမောင်းလာမှာကိုမလိုချင်တဲ့တွက် ပိုပြီးလေးနက်စွာသရုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်။

***

Continue Reading

You'll Also Like

14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 60.3K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
838K 90K 167
summary အခ်ိန္​ခရီးသြားပုံျပင္​တစ္​ပုဒ္​ ဉာဏ္​နီဉာဏ္​နက္​မ်ားၿပီး ​ေကာက္​က်စ္​တ့ဲသူမဟာ အဆင္​့အတန္​းျမင္​့မ်ိဳး႐ိုးမွ လူမမာသည္​မမ​ေလး လာျဖစ္​တယ္​ ​ေစ့...