မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(19)

3.3K 527 20
By ShweLoon365

(Unicode)

“ အွန်း အွန်း!”

ရှုကျင်ထျန်းသည်လက်တစ်ဖက်၌ အခွံတစ်ခုကိုကိုင်ထားပြီး ငါးနှစ်ကောင်နှင့် ရေညှိကိုလက်တစ်ဖက်တည်းနှင့်ဆွဲလိုက်ကာ ရှုဟန်ယွီအားအဆင်သင့်ဖြစ်ကြောင်း ခေါင်းညိတ်အချက်ပြလိုက်သည်။

ရှုဟန်ယွီသည် ဘေးတွင်ရပ် နေပြီး မိန်းမပျိုလေး၏ပျားပန်းခပ်နေပုံကိုကြည့်ကာ သူ့မျက်နှာ၌နူးညံ့မှုများနှင့် ပြည့်နှက်နေလေ၏။ မိန်းမပျိုလေး၏အသံကို သူကြားလိုက်ရသောအခါ ညင်ညင်သာသာတုံ့ပြန်လိုက်သည်။

အထက်သို့ ဦးတည်သွားသောအရှိန်သည် အောက်သို့ဆင်းသည် ထက်ပိုမြန်သည်။ ရှုဟန်ယွီသည်သူ၏လူသားပုံစံကိုသာသုံးပြီး မကြာမီ ရှုကျင်ထျန်းကို မျက်နှာပြင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

"ဟာ့ ~ ဟူး !!"

ပင်လယ်မျက်နှာပြင်ကို ဖြတ်ကျော်ပြီးသွားသည့်အခါ ရှုကျင်ထျန်းသည် သူ၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီး အချိန်ကြာမြင့်စွာ ကန့်သတ်ထားခဲ့သော သူ၏အဆုတ်များအတွက် အသက်ရှူထုတ်သည်။ ခဏအကြာတွင်ကောင်းမွန်စွာ ပြန်လည်သက်သာလာခဲ့သည်။

“ဟ ဟ…ဒီနေ့ကောက်ရိတ်သိမ်းမှုက အရမ်းကောင်းတယ်။ ငါတို့ကအဲဒီ့ညပုလဲကြီးကိုတောင် စုဆောင်းနိုင်ခဲ့ပြီကွ... အနာဂတ်မှာအဲဒါကိုဂူထဲမှာထည့်ပြီး မီးလုံးအဖြစ်သုံးရအောင်...ညရောက်ရင်အလင်းမရှိတာကို ငါတို့ကြောက်စရာမလိုတော့ဘူး။ ဝါး ဟား ဟား...အဟွတ် အဟွတ်! "

အခုမှရေထဲကတက်လာနိုင်တဲ့အတွက် ရှုကျင်ထျန်းရဲ့အဆုတ်က အသက်ရှူတာကိုလုံးလုံးလျားလျား ထိန်းညှိလို့မရနိုင်သေးပေ။

ခရမ်းရောင်ညပုလဲသည် ပင်လယ်မျက်နှာပြင်မှပေါ်ထွက်လာပြီး လောင်မြိုက်နေသောနေရောင်အောက်တွင်ပင် ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေဆဲဖြစ်သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို
စပျစ်နွယ်ပင်တစ်ခုကဲ့သို့ ပွေ့ဖက်ရစ်ပတ်နေပြီး ခြေထောက်များကလည်း ရှုကျင်ထျန်း၏ခြေထောက်များအနီးတွင် နီးကပ်စွာထိကပ်နေလေ၏။ သူတို့နှစ်ဦးစလုံး အ၀တ်စလစ်တွေဖြစ်နေကြပြီး သူတို့၏အရေပြားများသည်လည်း တစ်ဦးနှင့်တစ်ဦး ပွတ်သပ်ထိတွေ့မိနေကြသည်။

“ထျန်းထျန်းကြိုက်ရင် ကိုယ်တို့နေ့တိုင်းသမုဒ္ဒရာအောက်ခြေကို သွားလို့ရတယ်။ အဲ့ဒီနေရာမှာ အများကြီးရှိသေးတယ်”

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ပခုံးပေါ်တွင် မှီတွယ်နေပြီး သူ၏မျက်နှာသည်လည်း ရှုကျင်ထျန်း၏လည်တိုင်နားသို့ တိုးဝှေ့ပွတ်သပ်နေလေ၏။

"မင်းဒီအကြောင်း ပြောနေတာလား"

ရှုကျင်ထျန်းသည် သူ၏လက်ဖဝါးအတွင်းရှိ အဝါရောင်ကွက်ကျားငါးလေးကို ရှုဟန်ယွီအားပြလိုက်သည်။

"အင်း...အများကြီးကျန်သေးတယ်"

“ဒီကောင်တွေက တကယ်ကိုလှည့်စားတတ်တယ်။ အစပိုင်းမှာ သူတို့ကငါ့ကိုလှည့်စားဖို့ သေချင်ယောင်ဆောင်ပြီးတော့ ငါထွက်သွားတဲ့အခါကျမှ သူတို့အကုန်လုံးက ထွက်ပြေးသွားကြတယ်။ ချီးပဲ! နောက်တစ်ခါကျရင် ငါဒီထက်ပိုပြီးဖမ်းရမယ်"

ရှုကျင်ထျန်းသည် သူ၏လက်သီးဆုပ်လေးကို အနည်းငယ်ဖြေလျှော့လိုက်ပေမယ့် သူတို့ခုန်ထွက်မည်ကိုကြောက်သဖြင့် ချက်ချင်းတင်းကျပ်စွာ ပိတ်လိုက်သည်။

ရှုဟန်ယွီက အနည်းငယ်တောင့်တင်းသွားပြီး သူ၏အကြည့်များကလည်း ခိုးကြောင်ခိုးဝှက်ဖြစ်နေ၏။

"အမ်း...တကယ်ကို လှည့်စားတတ်တာပဲ"
ရှုဟန်ယွီက ထပ်ပြောလိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ပုံမှန်မဟုတ်သောအပြုအမူကို ချက်ချင်းဆိုသလို ရှာဖွေတွေ့ရှိခဲ့သည်။ ဒီမြွေကြီးကဘာကြောင့် ရုတ်တရက်ကြီး အရူးလိုဖြစ် သွားရပါသနည်း?

ဟမ့်!! ပြဿနာတစ်ခု ရှိကိုရှိရမယ်။

"ဘယ်မှာလဲ ငါ့အတွက်အသား?ယူလာပေးဖို့မေ့သွားပြီလား"
ရှုကျင်ထျန်းက ရှုဟန်ယွီကို မသင်္ကာစွာကြည့်လိုက်သည်။

"ဘာ? ထျန်းထျန်း မင်းဒီအသားအကြောင်း ပြောနေတာလား။ ဒီမှာရှိနေသေးတယ်!"

ရှုဟန်ယွီသည် မိန်းမပျိုလေးအား ပွေ့ဖက်ထားသော
ဘယ်ဘက်လက်ကိုပြန်ရုတ်လိုက်ပြီး အသားကိုပြလိုက်သည်။

ဒီရှုဟန်ယွီကြီးက ဘာကြောင့်ဒီလောက်ထူးဆန်းနေတာလဲ? သူထင်ယောင်ထင်မှားဖြစ်နေတာများလား? သူအသက်ရှုမ၀တာကြောင့် စိတ်ရှုပ်ထွေးသွားတာဖြစ်နိုင်သည်။

သူ၏မျက်လုံးများသည် အနည်းငယ်မသက်မသာခံစားရတာကြောင့် ရှုကျင်ထျန်းက လက်ဖြင့်ဂရုတစိုက်ပွတ်သပ်ခဲ့သည်။

"ပြန်ရအောင်...ငါ့တစ်ကိုယ်လုံး ရေစိုနေပြီ"

ရှုကျင်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်ဖျော့တော့နေသော အသားအရည်ကိုတို့ထိလိုက်သည်။ သူ၏အသားသည် အနည်းငယ်ဖောင်းပြီး ယားယံနေသည်။

“ကောင်းပြီ!”
ရှုဟန်ယွီသည် ဝိညာဉ်သားရဲမြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။

ရှုကျင်ထျန်းဟာ မြွေကြီးကသူ့ကို ရစ်ပတ်လာမှာကို စောင့်မနေတော့ဘဲ သူကိုယ်တိုင် စပါးအုံးမြွေကြီး၏ခန္ဓာကိုယ်ကို ပွေ့ဖက်ဖို့စတင်လိုက်သည်။

ရှုဟန်ယွီ၏မျက်လုံးများဟာ တောက်ပလာကာ ခဏမျှရပ်တန့်သွားပြီးနောက် ကမ်းခြေသို့လျင်မြန်စွာကူးခတ်သွားလေ၏။

ရှုဟန်ယွီသည်အလွန်မြန်ဆန်ပြီး မကြာမီ သူတို့ပထမဆုံး ရေထဲသို့ဆင်းခဲ့သည့်နေရာသို့ ပြန်ရောက်လာခဲ့သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ခန္ဓာကိုယ်ပေါ်မှ ဆင်းသွားပြီးနောက် သူ၏ခန္ဓာကိုယ်ဟာ လွတ်လပ်နေပြီး တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်မိသည်။

အာ...ဒီတစ်ခါတော့ မြွေကြီးကသူ့ကို ရစ်ပတ်တာမဟုတ်ဘူး။ ငါကိုယ်တိုင် သူ့ကိုသွားဖက်မိတာ!! ဘယ်အချိန်ကတည်းက ငါတို့ဆက်ဆံရေးက ဒီလောက်သဘာဝကျသွားရတာလဲ???

ရှုကျင်ထျန်းက ခဏရပ်လိုက်ပြီး ထိတ်လန့်သွားလေ၏။ ဒီလောင်ဇီက စပါးအုံးမြွေတစ်ကောင် အရိုက်ခံလုနီးပါး ဖြစ်သွားတယ် ငါ-ိုး!!!

ရှုကျင်ထျန်း၏ခြေလှမ်းများသည် မြေပြင်ပေါ်သို့ရောက်ပြီးသည့်အချိန်တွင် အနည်းငယ်မတည်ငြိမ်ပေ။ သူ၏အမြင်အာရုံသည်လည်း အနည်းငယ်မှုန်ဝါးနေပြီး သူကြည့်လိုက်သောအရာအားလုံးသည် မြူလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသလိုပင်။ သူမြင်သမျှအရာအားလုံးဟာ ကြီးမားတဲ့စက်ဝိုင်းတစ်ခုလို ဖြစ်နေလေ၏။

အစပိုင်းမှာ ပင်လယ်ရေအောက်ကနေ ထွက်လာခဲ့တာကြောင့်လို့ သူယူဆခဲ့တာမို့ သူတကယ်သတိမထားမိခဲ့ပေ။ သူ့မျက်လုံးများက လိုက်လျောညီထွေမှုမရှိသောကြောင့် ၎င်းကိုသာစဉ်းစားခဲ့သော်လည်း ယခုသူတို့ကမ်းပေါ်တက်ချိန်တွင် အရာဝတ္ထုမျိုးစုံကိုမြင်ရတာက သူ၏မျက်စိမှုန်ဝါးမှုကို ပိုသိသာလာစေသည်။

ရှုကျင်ထျန်းသည် အေးမြပြီးအရိပ်ရသောနေရာတွင်ထိုင်ကာ နာကျင်စွာဖြင့်မျက်တောင်ခတ်လိုက်ရာ သူ့မျက်လုံးများဟာ အနည်းငယ်ဖောင်းနေသလိုပင်။ သူကလက်ဖြင့်ပွတ်သပ်လိုက်သော်လည်း သက်သာမလာပေ။

"ထျန်းထျန်း"
ရှုဟန်ယွီသည် ရှုကျင်ထျန်းကိုပွေ့ဖက်ပြီး သူ့အားစိုးရိမ်စွာကြည့်လိုက်သည်။

ရှုကျင်ထျန်းက သူ့မျက်လုံးတွေကိုပွတ်ပြီး မျက်စောင်းထိုးရင်း...
"ငါ့မျက်လုံးတွေ နည်းနည်းနာနေတယ်။ ရှင်းရှင်းလင်းလင်းလည်း မမြင်ရဘူး။”

ရှုဟန်ယွီသည် မျက်လုံးများကိုအဆက်မပြတ် ပွတ်တိုက်နေသော မိန်းမပျိုလေး၏လက်ကိုဆွဲယူကာ အနီးကပ်ကြည့်ရန် အားယူလိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီကို သဲသဲကွဲကွဲမမြင်ရဘဲ မျက်လုံးတဖျက်ဖျက်ခတ်ကာ ကျယ်ကျယ်ဖွင့်လိုက်သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ ဦးခေါင်းနောက်ဘက်ကို လက်ဖြင့်ဆုပ်ကိုင်ကာ ပိုမိုနီးကပ်လာလေ၏။
ထျန်းထျန်းရဲ့မျက်လုံးလေးတွေက နက်မှောင်နေပြီး တလက်လက်တောက်ပနေတယ်။ ပြီးတော့ သူ့ကိုလည်း ခေါင်းမာမာနဲ့ဆန့်ကျင်တတ်သေးတယ်။ အခုအချိန်မှာတော့ တည်ငြိမ်နေပြီး ရေကဲ့သို့ကြည်လင် နူးညံ့သိမ်မွေ့သည်။ တစ်ကိုယ်လုံးကလည်း ချောမွေ့တဲ့ခြေသည်းတွေနဲ့ ကြောင်ကြီးတစ်ကောင်လိုပင်။

ရှုကျင်ထျန်းက သူ့မျက်လုံးတွေကိုဖွင့်လိုက်ပေမယ့် ရှုဟန်ယွီရဲ့အမူအရာကို သေချာမမြင်ရသေးပေ။ ထို့ကြောင့်သူက မျက်တောင်ခတ်လိုက်ပြီး မျက်လုံးကိုပိုကျယ်အောင်ဖွင့်လိုက်သည်။

ရုတ်တရပ် သူ၏နားထဲတွင် ခက်ရင်းခွသဏ္ဍာန်လျှာ၏ တရှူးရှူးတရှဲရဲဲမြည်သံကို ကြားလိုက်ရသည်။ သူ၏မှုန်ဝါးဝါးအမြင်အာရုံထဲတွင် နီရဲနေသောလျှာသည် သူ့မျက်လုံးများရှေ့သို့ အပေါ်အောက်လျှောခနဲလျှောခနဲဖြစ်နေပြီး သူ့မျက်လုံးထဲဖောက်ဝင်တော့မလိုပင်။

ရှုကျင်ထျန်းသည်လန့်ဖျပ်သွားပြီး အလိုအလျောက်ပုန်းရှောင်လိုက်သည်။

"အာ့!"
ရှုကျင်ထျန်းသည် သဘာဝအလျောက် သစ်သားတစ်ရွက်ပေါ်တွင် ထိုင်ချလိုက်မိသည်။ နောက်ပြန်လှည့်လိုက်ပြီးနောက် ချုံပုတ်နဲ့လေးပေလောက်မှာ လဲလျောင်းလိုက်သည်။

"ထျန်းထျန်း!"

ရှုဟန်ယွီလည်း ထိုနေရာသို့အလျင်အမြန်သွားပြီး မိန်းမပျိုလေးသည် သူမ၏ခြေထောက်များကို ကွေးကောက်လိုက်ပြီး သူမ၏တင်းကျပ်သောတင်ပါးများကို မြင်သာအောင်ပြနေလေ၏။ တင်းကျပ်စွာထုပ်ထားသောအ၀တ်သည် လူတွေကိုဆုတ်ဖြဲပစ်စေရန် စိတ်ဆန္ဒဖြစ်ပေါ်စေသည်။

ရှုဟန်ယွီသည် မိန်းမပျိုလေးကိုကောက်ပွေ့လိုက်ပြီး ကျိုးနေသောသစ်သားပေါ်တွင်ပြန်ထိုင်ရန် သူ့ကိုခေါ်ဆောင်လာသည်။

"ငါအဆင်ပြေပါတယ်။ ငါအဆင်ပြေတယ်။ မြန်မြန်ငါ့ကိုအောက်ချပေး!"

ရှုကျင်ထျန်းဟာ အလိုအလျောက်ကန်ပစ်မိပြီး သူစတင်ရုန်းကန်လာ၏။ သူ့အားပွေ့ဖက်ထားသည့်လက်များက ရုတ်တရက်တင်းကျပ်လာသောကြောင့် ရှုကျင်ထျန်းကအေးခဲသွားပြီး သူ၏တုံ့ပြန်မှုသည်လည်း ချက်ချင်းပင်နာခံလာသည်။

ရှုဟန်ယွီက အနည်းငယ်စိတ်သက်သာရာရသွားပြီး မိန်းမပျိုလေး၏ရင်ဘတ်ကိုတို့ထိကာ သူ့ကိုသက်သာစေရန်ကူညီလိုက်သည်။

"ထျန်းထျန်း နာသွားလား"

"မဟုတ်ဘူး...မနာပါဘူး"

ရှုကျင်ထျန်းက ခေါင်းကိုအကြိမ်ကြိမ်ခါယမ်းလိုက်သည်။ တကယ်တော့သူ့ကျောကုန်းဟာ မြေကြီးပေါ်လဲကျခဲ့ပြီး တော်တော်နာကျင်ခဲ့သည်။ ရှုဟန်ယွီက သူ့ကိုထိလိုက်သောအခါ သူ့တစ်ကိုယ်လုံးအေးစက်လာပြီး ဆံပင်များပင်ထောင်လာသည်ကို ခံစားလိုက်ရသည်။ သို့သော်သူမရှောင်လွှဲဝံ့ပေ။ သူသည်သူ့ခန္ဓာကိုယ်ကိုအောက်သို့ငုံ့လိုက်ပြီး ရှုဟန်ယွီ၏နူးညံ့သောအနမ်းများရှောင်ရှားရန် ရှုဟန်ယွီ၏ပွေ့ဖက်မှုကိုသာ လက်ခံလိုက်သည်။

ရှုဟန်ယွီက သူ့ခန္ဓာကိုယ်ပေါ်ကအလေးချိန်က ပိုလေးလာတယ်လို့ခံစားခဲ့လိုက်ပြီး နူးညံ့တဲ့အထိအတွေ့က မိန်းမပျိုလေးကို သက်တောင့်သက်သာဖြစ်စေတယ်ဟု ထင်လိုက်မိလေသည်။ ထို့အတွက်ကြောင့် သူသည်ရှုကျင်ထျန်း၏ရင်ဘတ်ကို ပို၍ပို၍စိတ်ရှည်စွာစတင်ပွတ်သပ်နေလေ၏။ မိန်းမပျိုလေးတွေက သူတို့ရဲ့ရင်ဘတ်ကို တို့ထိခံရတာ ကြိုက်တယ်ထင်တယ်။

"ဟေ့ ... ငါဗိုက်ဆာတယ်"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နူးညံ့သောလက်ကိုထိလိုက်သည်။ သူ၏ကျောသည်နာကျင်မှုမရှိ။ သူ၏မျက်လုံးများကလည်း နာကျင်မှုကိုမသိနိုင်တော့။ သူ၏နှလုံးသည်သာ မကြာမီရပ်တန့်တော့မည်။

"အင်း ထျန်းထျန်း သွားစားလိုက်ဦး"
ရှုဟန်ယွီက နောက်ဆုံးတစ်ချက်လောက် ဖွဖွပုတ်လိုက်ပြီး သူ့ကိုလွှတ်ပေးလိုက်လေ၏။

ရှုကျင်ထျန်းသည်လည်း ချက်ချင်းပင် ရှုဟန်ယွီ၏ပွေ့ဖက်နေရာမှ အဝေးတစ်နေရာသို့ခုန်ထွက်လိုက်သည်။

ရေထဲမှတက်လာပြီးနောက် ငါးတို့သည်လည်း သေလုမျောပါးဖြစ်နေပြီ။ သူတို့၏ပါးစပ်များသည်လည်း အမြှုပ်များထွက်နေကြသည်။ ကျောက်ခွံပေါ်တွင်ကပ်ထားသောအသားမှာလည်း အနည်းငယ်မာနေလေ၏။ ရှုကျင်ထျန်းက သူ့လက်ကိုဆန့်ထုတ်၍ အသားတစ်ခြမ်းကို ဖယ်လိုက်ပြီး အကြွေစေ့အရွယ်အပြာရောင်အခွံတစ်ခုကို ထုတ်ပြလိုက်သည်။

အခွံမာငါးလေး၏အပြင်ပန်းသည် အလွန်ညစ်ပတ်သော်လည်း အခွံ၏အတွင်းပိုင်းမှာတော့ အလွန်သန့်ရှင်းသည်။ အပြာရောင်အခွံမျက်နှာပြင်ပေါ်တွင် ဆီအလွှာတစ်ခုရှိပြီး ခရမ်းရောင်ဖျော့ဖျော့တောက်ပနေသည့် အလင်းရောင်ရှိသည့်အပြင် အလွန်ချောမွေ့သည်။ ၎င်းသည်အလွန်မာ၏။

ရှုကျင်ထျန်း၏မျက်လုံးများ အရောင်တောက်လာ၏။  ကောင်းပြီ...အခွံကိုရေနွေးလုပ်ဖို့ သုံးလို့ရတယ်။ ... ဟင်းချိုလည်းချက်နိုင်တယ်။ ... ဟင်းသီဟင်းရွက်ကြော်တောင် လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မည်။

"မင်းအခွံစားချင်တာလား"
ရှုဟန်ယွီက မသိလိုက်ချိန်မှာပဲ သူ၏အနောက်သို့ရောက်လာပြီး သူ့ခါးကိုဖက်ထားလိုက်သည်။

"အား! မင်းငါ့ကိုသေအောင် လုပ်နေတာလား။ လမ်းလျှောက်တဲ့အခါ ဘာလို့အသံမထွက်တာလဲ။ ဟူး~”
ရှုကျင်ထျန်းကသူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ဖိလိုက်ပြီး သူ့နှလုံးသားကမူ ကြောက်ရွံ့ခြင်းကြောင့် လျင်မြန်စွာခုန်လာလေ၏။

ရှုဟန်ယွီက ရှုကျင်ထျန်းရဲ့နားဖျားလေးကို လျက်လိုက်ပြီး ညင်ညင်သာသာပြောလိုက်သည်။
"အရသာမရှိဘူး၊ အဲ့ဒါက အရမ်းမာတယ်"

သူ့နောက်နားမှ ဝင်သက်ထွက်သက်သည်အေးမြနေပြီး သူ၏နားကိုပင်ယားယံစေသည်။

သူက ရှုဟန်ယွီ၏ရင်ခွင်ထဲမှပင် ရှုဟန်ယွီရဲ့အသက်ရှုသံကိုရှောင်တိမ်းလိုက်သည်။

ထို့နောက် ရှုကျင်ထျန်းဟာ မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။
"ငါအခွံစားချင်တယ်လို့ ဘယ်သူပြောလဲ"

ရှုဟန်ယွီက "ဒါဆိုမင်းကဘာလုပ်မှာလဲ" ဟုမေးလာလေ၏။

ရှုကျင်ထျန်းကပြုံးပြီး သူ့ကိုယ်သူကျေနပ်နေသည်။
“ ငါအဲဒါကိုအသားချက်ပြုတ်ဖို့ပဲသုံးချင်တာ...သေချာပေါက်အောင်မြင်သွားမှာ...အနာဂတ်မှာငါက အစားအစာမျိုးစုံကို ချက်ပြုတ်နိုင်လိမ့်မယ်။အား...ဂွတ်ဘိုင် ငါ့ရဲ့အသားကင်လေး! ဟားဟား~"

ရှုဟန်ယွီကတကယ်ကိုနားမလည်ပေမယ့် "ထျန်းထျန်းကြိုက်ရင် ကောင်းတာပေါ့" ဟုသာ ဘာမျှဂရုမစိုက်ဘဲပြောလိုက်လေ၏။

~~~~~~

4/10/21(8:08PM)

(Zawgyi)

အြန္း အြန္း!

ရႈက်င္ထ်န္းသည္လက္တစ္ဖက္၌ အခြံတစ္ခုကိုကိုင္ထားၿပီး ငါးႏွစ္ေကာင္ႏွင့္ ေရညွိကိုလက္တစ္ဖက္တည္းႏွင့္ဆြဲလိုက္ကာ ရႈဟန္ယြီအားအဆင္သင့္ျဖစ္ေၾကာင္း ေခါင္းညိတ္အခ်က္ျပလိုက္သည္။

ရႈဟန္ယြီသည္ ေဘးတြင္ရပ္ ေနၿပီး မိန္းမပ်ိဳေလး၏ပ်ားပန္းခပ္ေနပုံကိုၾကည့္ကာ သူ႕မ်က္ႏွာ၌ႏူးညံ့မႈမ်ားႏွင့္ ျပည့္ႏွက္ေနေလ၏။ မိန္းမပ်ိဳေလး၏အသံကို သူၾကားလိုက္ရေသာအခါ ညင္ညင္သာသာတုံ႕ျပန္လိုက္သည္။

အထက္သို႔ ဦးတည္သြားေသာအရွိန္သည္ ေအာက္သို႔ဆင္းသည္ ထက္ပိုျမန္သည္။ ရႈဟန္ယြီသည္သူ၏လူသားပုံစံကိုသာသုံးၿပီး မၾကာမီ ရႈက်င္ထ်န္းကို မ်က္ႏွာျပင္ေပၚသို႔ ေခၚေဆာင္လာခဲ့သည္။

"ဟာ့ ~ ဟူး !!"

ပင္လယ္မ်က္ႏွာျပင္ကို ျဖတ္ေက်ာ္ၿပီးသြားသည့္အခါ ရႈက်င္ထ်န္းသည္ သူ၏ပါးစပ္ကိုက်ယ္က်ယ္ဖြင့္လိုက္ၿပီး အခ်ိန္ၾကာျမင့္စြာ ကန႔္သတ္ထားခဲ့ေသာ သူ၏အဆုတ္မ်ားအတြက္ အသက္ရႉထုတ္သည္။ ခဏအၾကာတြင္ေကာင္းမြန္စြာ ျပန္လည္သက္သာလာခဲ့သည္။

ဟ ဟဒီေန႕ေကာက္ရိတ္သိမ္းမႈက အရမ္းေကာင္းတယ္။ ငါတို႔ကအဲဒီ့ညပုလဲႀကီးကိုေတာင္ စုေဆာင္းနိုင္ခဲ့ၿပီကြ... အနာဂတ္မွာအဲဒါကိုဂူထဲမွာထည့္ၿပီး မီးလုံးအျဖစ္သုံးရေအာင္...ညေရာက္ရင္အလင္းမရွိတာကို ငါတို႔ေၾကာက္စရာမလိုေတာ့ဘူး။ ဝါး ဟား ဟား...အဟြတ္ အဟြတ္! "

အခုမွေရထဲကတက္လာနိုင္တဲ့အတြက္ ရႈက်င္ထ်န္းရဲ႕အဆုတ္က အသက္ရႉတာကိုလုံးလုံးလ်ားလ်ား ထိန္းညွိလို႔မရနိုင္ေသးေပ။

ခရမ္းေရာင္ညပုလဲသည္ ပင္လယ္မ်က္ႏွာျပင္မွေပၚထြက္လာၿပီး ေလာင္ၿမိဳက္ေနေသာေနေရာင္ေအာက္တြင္ပင္ ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ ေတာက္ပေနဆဲျဖစ္သည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ ခႏၶာကိုယ္တစ္ခုလုံးကို
စပ်စ္ႏြယ္ပင္တစ္ခုကဲ့သို႔ ေပြ႕ဖက္ရစ္ပတ္ေနၿပီး ေျခေထာက္မ်ားကလည္း ရႈက်င္ထ်န္း၏ေျခေထာက္မ်ားအနီးတြင္ နီးကပ္စြာထိကပ္ေနေလ၏။ သူတို႔ႏွစ္ဦးစလုံး အ၀တ္စလစ္ေတြျဖစ္ေနၾကၿပီး သူတို႔၏အေရျပားမ်ားသည္လည္း တစ္ဦးႏွင့္တစ္ဦး ပြတ္သပ္ထိေတြ႕မိေနၾကသည္။

ထ်န္းထ်န္းႀကိဳက္ရင္ ကိုယ္တို႔ေန႕တိုင္းသမုဒၵရာေအာက္ေျခကို သြားလို႔ရတယ္။ အဲ့ဒီေနရာမွာ အမ်ားႀကီးရွိေသးတယ္

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ပခုံးေပၚတြင္ မွီတြယ္ေနၿပီး သူ၏မ်က္ႏွာသည္လည္း ရႈက်င္ထ်န္း၏လည္တိုင္နားသို႔ တိုးေဝွ႕ပြတ္သပ္ေနေလ၏။

"မင္းဒီအေၾကာင္း ေျပာေနတာလား"

ရႈက်င္ထ်န္းသည္ သူ၏လက္ဖဝါးအတြင္းရွိ အဝါေရာင္ကြက္က်ားငါးေလးကို ရႈဟန္ယြီအားျပလိုက္သည္။

"အင္း...အမ်ားႀကီးက်န္ေသးတယ္"

ဒီေကာင္ေတြက တကယ္ကိုလွည့္စားတတ္တယ္။ အစပိုင္းမွာ သူတို႔ကငါ့ကိုလွည့္စားဖို႔ ေသခ်င္ေယာင္ေဆာင္ၿပီးေတာ့ ငါထြက္သြားတဲ့အခါက်မွ သူတို႔အကုန္လုံးက ထြက္ေျပးသြားၾကတယ္။ ခ်ီးပဲ! ေနာက္တစ္ခါက်ရင္ ငါဒီထက္ပိုၿပီးဖမ္းရမယ္"

ရႈက်င္ထ်န္းသည္ သူ၏လက္သီးဆုပ္ေလးကို အနည္းငယ္ေျဖေလွ်ာ့လိုက္ေပမယ့္ သူတို႔ခုန္ထြက္မည္ကိုေၾကာက္သျဖင့္ ခ်က္ခ်င္းတင္းက်ပ္စြာ ပိတ္လိုက္သည္။

ရႈဟန္ယြီက အနည္းငယ္ေတာင့္တင္းသြားၿပီး သူ၏အၾကည့္မ်ားကလည္း ခိုးေၾကာင္ခိုးဝွက္ျဖစ္ေန၏။

"အမ္း...တကယ္ကို လွည့္စားတတ္တာပဲ"
ရႈဟန္ယြီက ထပ္ေျပာလိုက္သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ပုံမွန္မဟုတ္ေသာအျပဳအမူကို ခ်က္ခ်င္းဆိုသလို ရွာေဖြေတြ႕ရွိခဲ့သည္။ ဒီေႁမြႀကီးကဘာေၾကာင့္ ႐ုတ္တရက္ႀကီး အ႐ူးလိုျဖစ္ သြားရပါသနည္း?

ဟမ့္!! ျပႆနာတစ္ခု ရွိကိုရွိရမယ္။

"ဘယ္မွာလဲ ငါ့အတြက္အသား?ယူလာေပးဖို႔ေမ့သြားၿပီလား"
ရႈက်င္ထ်န္းက ရႈဟန္ယြီကို မသကၤာစြာၾကည့္လိုက္သည္။

"ဘာ? ထ်န္းထ်န္း မင္းဒီအသားအေၾကာင္း ေျပာေနတာလား။ ဒီမွာရွိေနေသးတယ္!"

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးအား ေပြ႕ဖက္ထားေသာ
ဘယ္ဘက္လက္ကိုျပန္႐ုတ္လိုက္ၿပီး အသားကိုျပလိုက္သည္။

ဒီရႈဟန္ယြီႀကီးက ဘာေၾကာင့္ဒီေလာက္ထူးဆန္းေနတာလဲ? သူထင္ေယာင္ထင္မွားျဖစ္ေနတာမ်ားလား? သူအသက္ရႈမ၀တာေၾကာင့္ စိတ္ရႈပ္ေထြးသြားတာျဖစ္နိုင္သည္။

သူ၏မ်က္လုံးမ်ားသည္ အနည္းငယ္မသက္မသာခံစားရတာေၾကာင့္ ရႈက်င္ထ်န္းက လက္ျဖင့္ဂ႐ုတစိုက္ပြတ္သပ္ခဲ့သည္။

"ျပန္ရေအာင္...ငါ့တစ္ကိုယ္လုံး ေရစိုေနၿပီ"

ရႈက်င္ထ်န္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး အနည္းငယ္ေဖ်ာ့ေတာ့ေနေသာ အသားအရည္ကိုတို႔ထိလိုက္သည္။ သူ၏အသားသည္ အနည္းငယ္ေဖာင္းၿပီး ယားယံေနသည္။

ေကာင္းၿပီ!
ရႈဟန္ယြီသည္ ဝိညာဥ္သားရဲေႁမြတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားေလ၏။

ရႈက်င္ထ်န္းဟာ ေႁမြႀကီးကသူ႕ကို ရစ္ပတ္လာမွာကို ေစာင့္မေနေတာ့ဘဲ သူကိုယ္တိုင္ စပါးအုံးေႁမြႀကီး၏ခႏၶာကိုယ္ကို ေပြ႕ဖက္ဖို႔စတင္လိုက္သည္။

ရႈဟန္ယြီ၏မ်က္လုံးမ်ားဟာ ေတာက္ပလာကာ ခဏမွ်ရပ္တန႔္သြားၿပီးေနာက္ ကမ္းေျခသို႔လ်င္ျမန္စြာကူးခတ္သြားေလ၏။

ရႈဟန္ယြီသည္အလြန္ျမန္ဆန္ၿပီး မၾကာမီ သူတို႔ပထမဆုံး ေရထဲသို႔ဆင္းခဲ့သည့္ေနရာသို႔ ျပန္ေရာက္လာခဲ့သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ခႏၶာကိုယ္ေပၚမွ ဆင္းသြားၿပီးေနာက္ သူ၏ခႏၶာကိုယ္ဟာ လြတ္လပ္ေနၿပီး တစ္ခုခုမွားယြင္းေနသလို ခံစားလိုက္မိသည္။

အာ...ဒီတစ္ခါေတာ့ ေႁမြႀကီးကသူ႕ကို ရစ္ပတ္တာမဟုတ္ဘူး။ ငါကိုယ္တိုင္ သူ႕ကိုသြားဖက္မိတာ!! ဘယ္အခ်ိန္ကတည္းက ငါတို႔ဆက္ဆံေရးက ဒီေလာက္သဘာဝက်သြားရတာလဲ???

ရႈက်င္ထ်န္းက ခဏရပ္လိုက္ၿပီး ထိတ္လန႔္သြားေလ၏။ ဒီေလာင္ဇီက စပါးအုံးေႁမြတစ္ေကာင္ အရိုက္ခံလုနီးပါး ျဖစ္သြားတယ္ ငါ-ိုး!!!

ရႈက်င္ထ်န္း၏ေျခလွမ္းမ်ားသည္ ေျမျပင္ေပၚသို႔ေရာက္ၿပီးသည့္အခ်ိန္တြင္ အနည္းငယ္မတည္ၿငိမ္ေပ။ သူ၏အျမင္အာ႐ုံသည္လည္း အနည္းငယ္မႈန္ဝါးေနၿပီး သူၾကည့္လိုက္ေသာအရာအားလုံးသည္ ျမဴလႊာတစ္ခုျဖင့္ ဖုံးလႊမ္းေနသလိုပင္။ သူျမင္သမွ်အရာအားလုံးဟာ ႀကီးမားတဲ့စက္ဝိုင္းတစ္ခုလို ျဖစ္ေနေလ၏။

အစပိုင္းမွာ ပင္လယ္ေရေအာက္ကေန ထြက္လာခဲ့တာေၾကာင့္လို႔ သူယူဆခဲ့တာမို႔ သူတကယ္သတိမထားမိခဲ့ေပ။ သူ႕မ်က္လုံးမ်ားက လိုက္ေလ်ာညီေထြမႈမရွိေသာေၾကာင့္ ၎ကိုသာစဥ္းစားခဲ့ေသာ္လည္း ယခုသူတို႔ကမ္းေပၚတက္ခ်ိန္တြင္ အရာဝတၳဳမ်ိဳးစုံကိုျမင္ရတာက သူ၏မ်က္စိမႈန္ဝါးမႈကို ပိုသိသာလာေစသည္။

ရႈက်င္ထ်န္းသည္ ေအးျမၿပီးအရိပ္ရေသာေနရာတြင္ထိုင္ကာ နာက်င္စြာျဖင့္မ်က္ေတာင္ခတ္လိုက္ရာ သူ႕မ်က္လုံးမ်ားဟာ အနည္းငယ္ေဖာင္းေနသလိုပင္။ သူကလက္ျဖင့္ပြတ္သပ္လိုက္ေသာ္လည္း သက္သာမလာေပ။

"ထ်န္းထ်န္း"
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကိုေပြ႕ဖက္ၿပီး သူ႕အားစိုးရိမ္စြာၾကည့္လိုက္သည္။

ရႈက်င္ထ်န္းက သူ႕မ်က္လုံးေတြကိုပြတ္ၿပီး မ်က္ေစာင္းထိုးရင္း...
"ငါ့မ်က္လုံးေတြ နည္းနည္းနာေနတယ္။ ရွင္းရွင္းလင္းလင္းလည္း မျမင္ရဘူး။

ရႈဟန္ယြီသည္ မ်က္လုံးမ်ားကိုအဆက္မျပတ္ ပြတ္တိုက္ေနေသာ မိန္းမပ်ိဳေလး၏လက္ကိုဆြဲယူကာ အနီးကပ္ၾကည့္ရန္ အားယူလိုက္သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီကို သဲသဲကြဲကြဲမျမင္ရဘဲ မ်က္လုံးတဖ်က္ဖ်က္ခတ္ကာ က်ယ္က်ယ္ဖြင့္လိုက္သည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ ဦးေခါင္းေနာက္ဘက္ကို လက္ျဖင့္ဆုပ္ကိုင္ကာ ပိုမိုနီးကပ္လာေလ၏။
ထ်န္းထ်န္းရဲ႕မ်က္လုံးေလးေတြက နက္ေမွာင္ေနၿပီး တလက္လက္ေတာက္ပေနတယ္။ ၿပီးေတာ့ သူ႕ကိုလည္း ေခါင္းမာမာနဲ႕ဆန့္က်င္တတ္ေသးတယ္။ အခုအခ်ိန္မွာေတာ့ တည္ၿငိမ္ေနၿပီး ေရကဲ့သို႔ၾကည္လင္ ႏူးညံ့သိမ္ေမြ႕သည္။ တစ္ကိုယ္လုံးကလည္း ေခ်ာေမြ႕တဲ့ေျခသည္းေတြနဲ႕ ေၾကာင္ႀကီးတစ္ေကာင္လိုပင္။

ရႈက်င္ထ်န္းက သူ႕မ်က္လုံးေတြကိုဖြင့္လိုက္ေပမယ့္ ရႈဟန္ယြီရဲ႕အမူအရာကို ေသခ်ာမျမင္ရေသးေပ။ ထို႔ေၾကာင့္သူက မ်က္ေတာင္ခတ္လိုက္ၿပီး မ်က္လုံးကိုပိုက်ယ္ေအာင္ဖြင့္လိုက္သည္။

႐ုတ္တရပ္ သူ၏နားထဲတြင္ ခက္ရင္းခြသ႑ာန္လွ်ာ၏ တရႉးရႉးတရွဲရဲဲျမည္သံကို ၾကားလိုက္ရသည္။ သူ၏မႈန္ဝါးဝါးအျမင္အာ႐ုံထဲတြင္ နီရဲေနေသာလွ်ာသည္ သူ႕မ်က္လုံးမ်ားေရွ႕သို႔ အေပၚေအာက္ေလွ်ာခနဲေလွ်ာခနဲျဖစ္ေနၿပီး သူ႕မ်က္လုံးထဲေဖာက္ဝင္ေတာ့မလိုပင္။

ရႈက်င္ထ်န္းသည္လန႔္ဖ်ပ္သြားၿပီး အလိုအေလ်ာက္ပုန္းေရွာင္လိုက္သည္။

"အာ့!"
ရႈက်င္ထ်န္းသည္ သဘာဝအေလ်ာက္ သစ္သားတစ္႐ြက္ေပၚတြင္ ထိုင္ခ်လိဳက္မိသည္။ ေနာက္ျပန္လွည့္လိုက္ၿပီးေနာက္ ခ်ဳံပုတ္နဲ႕ေလးေပေလာက္မွာ လဲေလ်ာင္းလိုက္သည္။

"ထ်န္းထ်န္း!"

ရႈဟန္ယြီလည္း ထိုေနရာသို႔အလ်င္အျမန္သြားၿပီး မိန္းမပ်ိဳေလးသည္ သူမ၏ေျခေထာက္မ်ားကို ေကြးေကာက္လိုက္ၿပီး သူမ၏တင္းက်ပ္ေသာတင္ပါးမ်ားကို ျမင္သာေအာင္ျပေနေလ၏။ တင္းက်ပ္စြာထုပ္ထားေသာအ၀တ္သည္ လူေတြကိုဆုတ္ၿဖဲပစ္ေစရန္ စိတ္ဆႏၵျဖစ္ေပၚေစသည္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကိုေကာက္ေပြ႕လိုက္ၿပီး က်ိဳးေနေသာသစ္သားေပၚတြင္ျပန္ထိုင္ရန္ သူ႕ကိုေခၚေဆာင္လာသည္။

"ငါအဆင္ေျပပါတယ္။ ငါအဆင္ေျပတယ္။ ျမန္ျမန္ငါ့ကိုေအာက္ခ်ေပး!"

ရႈက်င္ထ်န္းဟာ အလိုအေလ်ာက္ကန္ပစ္မိၿပီး သူစတင္႐ုန္းကန္လာ၏။ သူ႕အားေပြ႕ဖက္ထားသည့္လက္မ်ားက ႐ုတ္တရက္တင္းက်ပ္လာေသာေၾကာင့္ ရႈက်င္ထ်န္းကေအးခဲသြားၿပီး သူ၏တုံ႕ျပန္မႈသည္လည္း ခ်က္ခ်င္းပင္နာခံလာသည္။

ရႈဟန္ယြီက အနည္းငယ္စိတ္သက္သာရာရသြားၿပီး မိန္းမပ်ိဳေလး၏ရင္ဘတ္ကိုတို႔ထိကာ သူ႕ကိုသက္သာေစရန္ကူညီလိုက္သည္။

"ထ်န္းထ်န္း နာသြားလား"

"မဟုတ္ဘူး...မနာပါဘူး"

ရႈက်င္ထ်န္းက ေခါင္းကိုအႀကိမ္ႀကိမ္ခါယမ္းလိုက္သည္။ တကယ္ေတာ့သူ႕ေက်ာကုန္းဟာ ေျမႀကီးေပၚလဲက်ခဲ့ၿပီး ေတာ္ေတာ္နာက်င္ခဲ့သည္။ ရႈဟန္ယြီက သူ႕ကိုထိလိုက္ေသာအခါ သူ႕တစ္ကိုယ္လုံးေအးစက္လာၿပီး ဆံပင္မ်ားပင္ေထာင္လာသည္ကို ခံစားလိုက္ရသည္။ သို႔ေသာ္သူမေရွာင္လႊဲဝံ့ေပ။ သူသည္သူ႕ခႏၶာကိုယ္ကိုေအာက္သို႔ငုံ႕လိုက္ၿပီး ရႈဟန္ယြီ၏ႏူးညံ့ေသာအနမ္းမ်ားေရွာင္ရွားရန္ ရႈဟန္ယြီ၏ေပြ႕ဖက္မႈကိုသာ လက္ခံလိုက္သည္။

ရႈဟန္ယြီက သူ႕ခႏၶာကိုယ္ေပၚကအေလးခ်ိန္က ပိုေလးလာတယ္လို႔ခံစားခဲ့လိုက္ၿပီး ႏူးညံ့တဲ့အထိအေတြ႕က မိန္းမပ်ိဳေလးကို သက္ေတာင့္သက္သာျဖစ္ေစတယ္ဟု ထင္လိုက္မိေလသည္။ ထို႔အတြက္ေၾကာင့္ သူသည္ရႈက်င္ထ်န္း၏ရင္ဘတ္ကို ပို၍ပို၍စိတ္ရွည္စြာစတင္ပြတ္သပ္ေနေလ၏။ မိန္းမပ်ိဳေလးေတြက သူတို႔ရဲ႕ရင္ဘတ္ကို တို႔ထိခံရတာ ႀကိဳက္တယ္ထင္တယ္။

"ေဟ့ ... ငါဗိုက္ဆာတယ္"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ႏူးညံ့ေသာလက္ကိုထိလိုက္သည္။ သူ၏ေက်ာသည္နာက်င္မႈမရွိ။ သူ၏မ်က္လုံးမ်ားကလည္း နာက်င္မႈကိုမသိနိုင္ေတာ့။ သူ၏ႏွလုံးသည္သာ မၾကာမီရပ္တန႔္ေတာ့မည္။

"အင္း ထ်န္းထ်န္း သြားစားလိုက္ဦး"
ရႈဟန္ယြီက ေနာက္ဆုံးတစ္ခ်က္ေလာက္ ဖြဖြပုတ္လိုက္ၿပီး သူ႕ကိုလႊတ္ေပးလိုက္ေလ၏။

ရႈက်င္ထ်န္းသည္လည္း ခ်က္ခ်င္းပင္ ရႈဟန္ယြီ၏ေပြ႕ဖက္ေနရာမွ အေဝးတစ္ေနရာသို႔ခုန္ထြက္လိုက္သည္။

ေရထဲမွတက္လာၿပီးေနာက္ ငါးတို႔သည္လည္း ေသလုေမ်ာပါးျဖစ္ေနၿပီ။ သူတို႔၏ပါးစပ္မ်ားသည္လည္း အျမႇုပ္မ်ားထြက္ေနၾကသည္။ ေက်ာက္ခြံေပၚတြင္ကပ္ထားေသာအသားမွာလည္း အနည္းငယ္မာေနေလ၏။ ရႈက်င္ထ်န္းက သူ႕လက္ကိုဆန့္ထုတ္၍ အသားတစ္ျခမ္းကို ဖယ္လိုက္ၿပီး အေႂကြေစ့အ႐ြယ္အျပာေရာင္အခြံတစ္ခုကို ထုတ္ျပလိုက္သည္။

အခြံမာငါးေလး၏အျပင္ပန္းသည္ အလြန္ညစ္ပတ္ေသာ္လည္း အခြံ၏အတြင္းပိုင္းမွာေတာ့ အလြန္သန႔္ရွင္းသည္။ အျပာေရာင္အခြံမ်က္ႏွာျပင္ေပၚတြင္ ဆီအလႊာတစ္ခုရွိၿပီး ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ေတာက္ပေနသည့္ အလင္းေရာင္ရွိသည့္အျပင္ အလြန္ေခ်ာေမြ႕သည္။ ၎သည္အလြန္မာ၏။

ရႈက်င္ထ်န္း၏မ်က္လုံးမ်ား အေရာင္ေတာက္လာ၏။  ေကာင္းၿပီ...အခြံကိုေရႏြေးလုပ္ဖို႔ သုံးလို႔ရတယ္။ ... ဟင္းခ်ိဳလည္းခ်က္နိုင္တယ္။ ... ဟင္းသီဟင္း႐ြက္ေၾကာ္ေတာင္ လုပ္နိုင္ေကာင္းလုပ္နိုင္လိမ့္မည္။

"မင္းအခြံစားခ်င္တာလား"
ရႈဟန္ယြီက မသိလိုက္ခ်ိန္မွာပဲ သူ၏အေနာက္သို႔ေရာက္လာၿပီး သူ႕ခါးကိုဖက္ထားလိုက္သည္။

"အား! မင္းငါ့ကိုေသေအာင္ လုပ္ေနတာလား။ လမ္းေလွ်ာက္တဲ့အခါ ဘာလို႔အသံမထြက္တာလဲ။ ဟူး~
ရႈက်င္ထ်န္းကသူ႕ရင္ဘတ္ကို လက္တစ္ဖက္နဲ႕ဖိလိုက္ၿပီး သူ႕ႏွလုံးသားကမူ ေၾကာက္႐ြံ႕ျခင္းေၾကာင့္ လ်င္ျမန္စြာခုန္လာေလ၏။

ရႈဟန္ယြီက ရႈက်င္ထ်န္းရဲ႕နားဖ်ားေလးကို လ်က္လိုက္ၿပီး ညင္ညင္သာသာေျပာလိုက္သည္။
"အရသာမရွိဘူး၊ အဲ့ဒါက အရမ္းမာတယ္"

သူ႕ေနာက္နားမွ ဝင္သက္ထြက္သက္သည္ေအးျမေနၿပီး သူ၏နားကိုပင္ယားယံေစသည္။

သူက ရႈဟန္ယြီ၏ရင္ခြင္ထဲမွပင္ ရႈဟန္ယြီရဲ႕အသက္ရႈသံကိုေရွာင္တိမ္းလိုက္သည္။

ထို႔ေနာက္ ရႈက်င္ထ်န္းဟာ မ်က္လုံးအျပဴးသားျဖင့္ ေျပာလိုက္သည္။
"ငါအခြံစားခ်င္တယ္လို႔ ဘယ္သူေျပာလဲ"

ရႈဟန္ယြီက "ဒါဆိုမင္းကဘာလုပ္မွာလဲ" ဟုေမးလာေလ၏။

ရႈက်င္ထ်န္းကၿပဳံးၿပီး သူ႕ကိုယ္သူေက်နပ္ေနသည္။
ငါအဲဒါကိုအသားခ်က္ျပဳတ္ဖို႔ပဲသုံးခ်င္တာ...ေသခ်ာေပါက္ေအာင္ျမင္သြားမွာ...အနာဂတ္မွာငါက အစားအစာမ်ိဳးစုံကို ခ်က္ျပဳတ္နိုင္လိမ့္မယ္။အား...ဂြတ္ဘိုင္ ငါ့ရဲ႕အသားကင္ေလး! ဟားဟား~"

ရႈဟန္ယြီကတကယ္ကိုနားမလည္ေပမယ့္ "ထ်န္းထ်န္းႀကိဳက္ရင္ ေကာင္းတာေပါ့" ဟုသာ ဘာမွ်ဂ႐ုမစိုက္ဘဲေျပာလိုက္ေလ၏။

~~~~~~

4/10/21(8:08PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...