စူးနစ်ခဲ့သော လမ်းတစ်ခု စူး...
By YuZuOkazaki
207K 8.8K 508
Bl ficပါ +ပါတယ်နော် 😁 အရမ်းမှောင်တယ်မထင်ပါန့ဲ semeကြီးကukeလေးကို မချစ်သလို နဲ့ အမြဲ ဂရုစိုက်တာပါ မဖတ်ကြည့်... More
1.နှလုံးသား ရဲ့ ခိုင်းစေရာUni+Zaw
2.😷ကျွန်တစ်ယောက်လို😷Uni+Zaw
3.ကွဲကြေမှု့ 🤕🤕Unicode+Zawgyi
4. အကိုရဲ့ အစေခံ👦💘Uni+Zaw
5.ကျနော်က😖 အခြောက်မဟုတ်ဘူးအကိုun+Zaw
6.+18(warning)🔞
7.အကို့ရဲ့ ကြွေရုပ်👦un+zaw
8.မျက်ရည်တွေကို မုန်းတယ်အကို💔
9. 18+🙆‍♂️🔞
10.မျက်ရည်ခသောနေ့♥♥
11.သုံးပွင့်ဆိုင်လာတဲ့အခါ😭
12. မမုန်းပါနဲ့ 💔
13.မိတ်ဆက်ခြင်း
14.ရက်စက်ပါ😭 ပြီးရင်ချစ်တယ်ဆိုတဲ့စကားနဲ့သတ်ပါ💔
15.သုံးပွင့်ဆိုင်💔
16.မိုးရေထဲမှာပဲ 💔
17.ညမအကို့အချစ်ကို လုယူမိပြီ
18.အတ္တဆိုတာ အခုမှစမှာ။🧡
19.သိပ်ချစ်တယ် အကို💞
20.ကျောခိုင်းထွက်ခွာသွားပါ့မယ်💔
21.လှောင့်ချိုင်ထဲက ငှက်လေး😭
22.အသက်ရှုသံ
23.ပြန်လာပေးပါ
24.အတိတ်ကိုမသိချင်တော့ဘူး
25.နောက်ဘဝမှကိုယ်မင်းကိုချစ်မယ်
26.ရက်စက်ပြီးမှမချစ်ပါနဲ့လား
27.ထပ်မံရွာသောမိုး
28.အကို့ရဲ့အချစ်တွေ မင်းမြင်ပါစေ
29.ပျော်ရွှင်မှု့က အကိုနဲ့အတူရှိနေမှ
30.အချစ်❤
31. မင်းနဲ့အတူ🤟🏻
New one
32.မိသားစုတဲ့နွေးထွေးတယ်မလား။
33.မင်းဖြစ်နေဖို့ပဲလိုတယ်
35.အဆုံးသတ်ဟာလှပခဲ့သည်။
34.ကလေးမွေးဖွားခြင်း
1.3K 46 4
By YuZuOkazaki
''ဘာလာလုပ်တာလဲမင်း မင်းနဲ့ငါတို့မပတ်သတ်ဖို့ပြောထားပြီးသားလေ ''
သုတရာဇာတစ်ယောက် သူ့ရှေ့ကမိန်းမပျိုကို ခက်ထန်တဲ့မျက်လုံးများနဲ့စူးစိုက်ကြည့်နေသည်။
ထိုမိန်းမငယ်လည်း သက်ပြင်းချဖို့ပင်အားယူရင်း
''သုခကိုပြန်လာခေါ်တာ ''
ထိုစကားတစ်ခွန်းကြောင့် သုတထည်ဝါ မျက်လုံးတွေ လက်ခနဲ ထိုမိန်းမငယ်ထံ ခနဲ့သောအပြုံးတစ်ချက်ဖြင့် အနားသို့ကပ်သွားသည်။
''ပြန်လာခေါ်တာလား ။ ငွေကုန်သွားလို့လား ဘယ်လောက်ထပ်လိုတာလဲ ''
'' ငွေကရှိပါတယ် အခုလည်းအခြေ ချနိုင်နေပြီလေ။ သုတ မင်းသိပါတယ် ငါငါ့မောင်လေးကို ပြန်လိုချင်တယ်ဆိုတာ ''
''မပေးနိုင်ဘူး မင်းလိုမိန်းမ တစ်ယောက်က သုခထည်ဝါကို စောင့်ရှောက်ပေးဖို့ တတ်နိုင်မယ်လို့ ငါမထင်ဘူး ''
သုတရာဇာရဲ့ နှုတ်ခမ်းထောင့်လေးတစ်ဖက်ဆီကိုကွေးညွှတ်သွားရင်း
အံဆွဲလက်ကိုင်ကိုဖွင့်ကာ ဖိုင်တစ်ရွက်ကိုထုတ်ပေးလိုက်သည်။
''ငါတတ်နိုင်တယ်။ အခု ငါ့မှာဆွေမျိုးဆိုလို့ဒီမောင်လေးပဲရှိတော့တာ။ ငါနောက်လထဲမဂ်လာဆောင်တော့မှာ မောင်လေးကို အနားမှာရှိစေချင်တယ်။ ''
''တောက်စ် မင်းဘာသာမဂ်လာဆောင်တာလေ သုခနဲ့ဘာဆိုင်တော့လို့လဲ ''
''သုတရာဇာ မင်းစကားကိုကြည့်ပြော ငါမင်းထက်အများကြီးကြီးတယ် အခုငါမောင်လေးကို ပြန်ခေါ်ရုံပဲ မင်းအဲ့လောက်အဖြစ်သည်းနေစရာမှ မလိုတာ ပြန်ထည့်ပေးလိုက်ရင်ပြီးပြီပဲ ''
''အဲ့တော့ မဂ်လာဆောင်ဖို့ ငွေလိုတယ်ပေါ့ ဘယ်လောက်လဲ ပြော မြန်မြန် ပြီးရင်ထွက်သွားတော့ ''
''သုခကိုပဲ ငါ့ကိုပေးတွေ့ပါ။ ''
''ဘာ)))))ပေးတွေ့ရမယ်ဟုတ်လား ဘာဆိုင်တော့လိုလဲ ''
ဒီအခါ မိန်းမငယ်သည် သုတရာဇာရဲ့ မျက်နှာထပ် ဖြန်းခနဲမည်အောင် လက်တစ်ဖက်ဖြင့်ရိုက်ချလိုက်သည်။
''ငါ့မောင်ဟဲ့ ငါတွေ့လို့မရ ရအောင်မင်းဘာဖြစ်နေတာလဲ ''
သုတရာဇာ ထိုစကားကြောင့် ပို၍ပင်ပေါက်ကွဲသွားသည်။
''မောင် ဟုတ်လား မောင်ဆိုရင် ဘာလို့ သူ့ကို ပြစ်ထားခဲ့တာလဲ ။ပြောလေ ခင်ဗျား''
''ငါ့မှာလည်းငါ့အကြောင်းငါရှိလို့ပေါ့ ''
''အခုမှ ပြန်ပေါ်လာပြီး ခင်ဗျားက သူ့အမပါလို့ပြောတော့ သူကယုံမယ်တဲ့လား ''
''ငါ့ကိုပေးတွေ့ပါ။ ငါ့ကိုသူမှတ်မိမှာပါ ''
''အချိန်တွေက ကြာခဲ့ပြီ။ ခင်ဗျားသူ့ကိုထားခဲ့တာ 15နှစ်ကြာခဲ့ပြီ။ အခုကျနော့်အသက်တောင် 21 ပြည့်နေပြီ။ သူ့က ခင်ဗျားကို မှတ်မိရင်တောင် ခင်ဗျား ပြန်လာတာဝမ်းသာမယ်မထင်ဘူး ''
''ငါသိပါတယ် ငါ့အဒါကြောင့်ပြန်လာခဲ့တာလေ ''
''ခင်ဗျားသူ့ကို ထားသွားတုန်းက သူအတင်းဆွဲခေါ်ခဲ့တယ်လေ ခင်ဗျားက အမဝမ်းကွဲတစ်ယောက်ဖြစ်နေမှတော့ အမစိတ်ဓာတ်ဘယ်အပြည့်ရှိမှာလဲ
သူငိုပြီး မသွားဖို့ အော်ငိုနေတာလေ။သုံးနှစ်သားပဲရှိသေးတဲ့ ကလေးကို ခင်ဗျားက နောက်လှည့်မကြည့်ပဲထွက်သွားခဲ့တာလေ ။ သူဘာတွေဆုံးရှုံးခဲ့ရလဲခင်ဗျားသိလား။
မေတ္တာတရားတွေ ယုံကြည်မှု့တွေ ခင်ဗျားတို့အပေါ် သူ့ရဲ့ချစ်တတ်မှု့တွေကို ကျနော်ပါ မရတော့တဲ့ထိ သူကပြောင်းလဲသွားခဲ့တာ။
အခုတော့ကျနော့်ကြိုးစားမှု့နဲ့ကျနော်ပြန်ရအောင်ယူထားပြီးပြီ။ ခင်ဗျားထပ်မနှောက်ယှက်ပါနဲ့။သူရဲ့ဒီဘဝလေးက အစကတည်းကဆုံရှုံးမှုတွေတအားများတယ် ခင်ဗျားသိလား မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရလို့ မိဘတွေရဲ့မေတ္တာဆိုတာ သူမသိဘူး ။
အမတစ်ယောက်ကို သိပ်ချစ်ပေမဲ့ အဲ့အမကပါ အမရင်းမဟုတ်မှန်းသိတာတောင်သိပ်ခင်တွယ်တဲ့ ဒီကလေးက ခင်ဗျားထွက်သွားတုန်းကဆို မေ့လဲတဲ့ထိ ငိုနေတာ။အချိန်တိုင်းအမကိုတမ်းတနေတဲ့ကလေး။အခု ခင်ဗျား ကိုမှတ်မိရင်တောင်အမုန်းကြီးမုန်းနေမှာ။
မေတ္တာတရားတွေမပေးနိုင်ရင်တောင်သူ့ကိုထပ်ပြီး မနှောင့်ယှက်ပါနဲ့။
သူက သူ့ကိုသူလူကြီးတစ်ယောက်လို ပြုမူနေခဲ့တာကြာပြီ။ တကယ့်ကိုလူကြီးလေးတစ်ယောက်လို ရင့်ကျက်နေတဲ့ကလေးဆိုတာခင်ဗျားတွေ့ရင် အံသြနေလိမ့်မယ် ''
သုတရာဇာပြောသမျှစကားတွေကို တစ်လုံးချင်းနားထောင်ရင်း Maria ဆိုတဲ့ကောင်မလေးဟာ အပြိုပြိုအလဲလဲ ထိုင်ငိုချပါတော့တယ်။
သုတပြောသမျှစကားတွေကို သုတကိုယ်တိုင်ပင် ပြောမိမှန်းမသိ ပြောခဲ့မိတယ်။ ဒီကောင်လေးအကြောင့်သူ့ထပ်ဘယ်သူများသိဦးမှာလဲ။
ပါးပေါ်ကပူနွေးနွေး မျက်ရည်စတစ်ချို့ကို လက်ဖနောင့်ဖြင့်ပင့်သုတ်ရင်းစိတ်မကောင်းမိ။
သူမြတ်နိုးပါတယ်ဆိုတဲ့ ဒီကောင်လေး။
ဒုက္ခဆင်းရဲကို ငယ်ငယ်ကတည်းကကြုံခဲ့ရတဲ့ ကောင်လေးဟာ
နာမည်နဲ့မလိုက်။ သုခဆိုတဲ့ချမ်းသာတရားကိုသူမရခဲ့သလို ထည်ဝါဆိုတဲ့ မေတ္တာတရားတွေ ခေါင်းပါးခဲ့ရတဲ့သူတစ်ယောက်။
အချစ်ဆိုတဲ့အကိုပေါ်ထားတဲ့သံယောစဥ်ဟာ မပြတ်နိုင်သလို ပိုပြီးနက်လာတဲ့အခါ  သူမရခဲ့တာ မေတ္တာတရားတွေရ ရပါစေဆိုတဲ့ စိတ်နဲ့ အဖေတစ်ယောက်လို အကိုတစ်ယောက်လို ဆုံးမခဲ့တဲ့ သုတရာဇာဟာလည်း သူ့ကို နှစ်နှစ်လောက်ခွဲခွာခဲ့ရတယ်။
ဒီကောင်လေးကို ခွဲခွာဖို့နှစ်နှစ်လာက်ကြာမြင့်ခဲ့ပေမဲ့ ဒီကောင်လေးငိုတယ်ဆိုတာ ကျနော်မတွေ့ခဲ့ဘူး။ သိလိုက်ပါတယ်။သူသိပ်ရင့်ကျက်သွားတယ်ဆိုတာကိုအဲ့တုန်းထဲက သိလိုက်ရတယ်။
သုတရာဇာဆိုတဲ့နာမ် ဂုဏ်ပုဒ်နဲ့အညီ သုတ ပြည့်စုံတဲ့ မိသားစုမှာမွေးဖွားလာရတယ် သြဇာအာဏာလည်းသိပ်ရှိတဲ့ ခပ်ငယ်ငယ်ကောင်လေးဟာ သုခထည်ဝါဆိုတဲ့ ကောင်လေးအပေါ်တော့ သိပ်ဂရုဏာတရားရှိလိုက်တာ။
သိပ်ပြီးလည်းမြတ်နိုးထားခဲ့တာ။သုခကြောင့်ပဲ သုတဆိုတဲ့ သူဟာ ကိုယ့်ဘဝကိုယ်ရပ်တည်ဖို့အင်အားတွေရခဲ့တာ။
''ငါမှားခဲ့တာ ငါသိပါပြီ သုတရယ်။ ငါမောင်လေးကို ထားခဲ့တယ်ဆိုတာ ငါအဲ့တုန်းက 14 နှစ်ပဲရှိသေးတယ်လေ။ အမေနဲ့အဖေက ရွာခင်းတွေ မိုးကြောင့်ပျက်စီးတော့ နေစရာမရှိ နဲ့ ငါတို့မိသားစုဘဝပါပျက်စီးတဲ့အထိဖြစ်ကုန်လာတယ်။ အမေကရွာခင်းတွေကြောင့် စိတ်ဓာတ်တွေကျပြီး ငါပါကျောင်းထွက်လိုက်ရတယ်။ အမေလည်းရောဂါတွေဝင်လာတော့တယ်။ အဖေက ငါနဲ့သုခကိုကျွေးမွေးဖို့အလုပ်လုပ်နိုင်အောင်ကြိုးစားပေမဲ့ ငါတို့မိသားစုလက်ထဲသာ သုခကိုကြီးပြင်းဖို့မွေးစားခဲ့ရင် သုခတစ်ယောက်ဒုက္ခဆိုတာကို ပိုသိလာလိမ့်မယ်။ဒါကြောင့်လည်းမင်းတို့မိသားစုနဲ့ထားခဲ့ရတာ။ ငါက14 နှစ်သာသာရှိသေးတဲ့ ကလေးမတစ်ယောက် ငါသူ့ကိုမစောင့်ရှောက်နိုင်သေးဘူး။ သူ့အတွက်မင်းကပိုအရေးပါမယ်ထင်လို့ ထားခဲ့တာ။ မင်းနဲ့အတူရှိတာက ငါနဲ့အတူရှိတာထက်စာရင် ပိုပြီး လွတ်လပ်လိမ့်မယ်ထင်လို့။ မင်းနဲ့အတူ ကြီးပြင်းလာတဲ့အခါ သူပိုပြီးထူးချွန်လာမယ်ထင်လို့ ငါကလေးအတွေးနဲ့ မင်းဆီအပ်ခဲ့တာ။ ငါမှားတာပါ။ငါမောင်လေးကိုတွေ့ချင်တယ်။လုပ်ပါဟာ ငါအဝေးကပဲတွေးရမယ်ဆိုလည်းအဆင်ပြေပါတယ်။ ''
Maria ရဲ့စကားအဆုံးသုတရာဇာ ခုနက စကားတွေကိုသူ့ကိုပြောမိတာမှားလေခြင်းဆိုကာ အပြစ်ပြောစကားတွေအတွက် အားနာနေမိတယ်။
''သုခက အခုဆေးရုံမှာ ''
''ဟင် ဆေးရုံ ဘာဖြစ်တာတဲ့လဲ သူကျန်းမာရေးမကောင်းဘူးလား ငါလိုက်ကြည့်ပါရစေ ငါ့ကိုလိုက်ပို့ပါ။''
''ဟုတ်တယ် သူ နက်ဖန်တော့ဆင်းရမှာ။ သူကလေးမွေးထားတော့ ခင်ဗျားကိုတွေ့ရင် ပိုဆိုးမှာဆိုးတယ်။ ခင်ဗျားသိမှာပါ။အခုမှ သွေးနုသားနုအချိန်ဆိုတော့ မတွေ့စေချင်ဘူး။ ခင်ဗျား လည်း ကူညီရာမရောက်ပဲဒုက္ခပေးရာရောက်လိမ့်မယ် ''
''ကလေးမွေးတယ်ဟုတ်လား။
ဘယ်လို ငါနားကြားမှားတာလား သူမိန်းမရသွားတာလား ''
''ကျနော်နဲ့ရ သွားတာ ''
''ဟင် မင်းနဲ့ ''
''ဟုတ်တယ် ကျနော်နဲ့သုခ ရတဲ့ကလေးကို သုခကိုယ်တိုင်မွေးပေးထားတယ်။ ကျနော်နဲ့သူရဲ့ ရင်သွေးလေးရနေပြီ ''
''မင်း သူ့ကိုအဲ့လိုလုပ်လိုက်တယ်ဟုတ်လား မင်းကို သူမထိုးဘူးလား''
''ထိုးမလားဗျ ။ ကျနော် နဲ့သူက မေတ္တာရှိတာ ငယ်ငယ်လေးထဲကလိုဖြစ်ခဲ့တာ။ဘယ်သူတွေဖြတ်ဖြတ် ကျနော်နဲ့သူရဲ့သံယောစဥ်က ပြတ်တေက်ဖို့ခဲ့ယဥ်းတယ် ''
''နေပါဦးကလေးက ဘယ်လိုရမှာလဲ သုခက ယောကျာ်းလေး လေ ''
''ဟုတ်တယ် ဒါပေမဲ့ ကျနော် ကြောင့်နဲ့ သူကိုယ်ဝန်ရသွားတယ်။ 
အမေပြောတာတော့  သုခကိုမမွေးခင် သူ့အမေဗိုက်ထဲမှာတုန်းက ဆရာမက အက်ထရာဆောင်းရိုက်တာ မိန်းကလေးပဲပေါ်တယ်။ မွေးလာမှ အမြီးလေးနဲ့ ယောကျာ်းလေးဖြစ်နေတာ။ သူကမိန်းကလေးလိုမျိုးပဲ သားအိမ်ပါတယ်။ ဒါကြောင့်လည်းသူက ကလေးမွေးဖွားပေးနိုင်တာပေါ့။
ကျေးဇူးတင်ရမှာက သားအိမ်ကိုပဲ ဘာလို့ဆို ကျနော် သူနဲ့ဖြစ်ခဲ့မှန်းကိုယ်ဝန်ရမှပဲသိရတော့တယ်။
သူကိုယ်တိုင်ကလည်းမပြောဘူး။ ''
(ဆေးပညာသိပ်နားမလည်လို့ပါ။ စိတ်ကူးနဲ့ရေးသားထားတာကြောင့် အဆင်ပြေသလိုလေးပဲဖတ်ပေးကြပါ။ peace.)
''ဒါဆို ငါ့ကိုသူ့ဆီခေါ်သွားပါ။ငါအရမ်းတွေ့ချင်လို့ပါ။ ''
''မရဘူးလို့ပြောနေတယ်လေ ''
''လုပ်ပါသုတရယ် ငါတကယ်မောင်လေးကို တွေ့ရမှာအဆင်ပြေမှာ။ သူတအားပင်ပန်းနေခဲ့မှာပဲ။ ''
''လိုက်ခဲ့ချင်ရင် ခင်ဗျားဘာစကားမှမပြောပဲအရင်လိုက်ခဲ့။ ဒါပေမဲ့ သုခက မတွေ့ချင်ပါဘူးဆို ပြန်ရမယ်။ ထပ်ပြီးလည်းမလာနဲ့''
''အင်းပါ တွေ့ရမယ်ဆိုရင်ပဲ ငါကျေနပ်ပါတယ် ကျေနပ်ပါတယ် ''
.....
''သက်လွင် ကားစီးစဥ်ထား ငါဆေးရုံပြန်သွားမယ် ''
''ဟုတ်ကဲ့ Boss.ဒီအမကိုဘယ်လိုလူပ်ရမလဲ ''
''သူပါလိုက်မှာ မြန်မြန် အခုညနေတောင်ရောက်နေပြီ သုခ ဗိုက်ဆာနေလောက်ပြီ ''
''Boss က အကဲပိုပြန်ပြီ။ ပြန်လာတာပဲ နေ့လယ်လောက်က အခုလောက်ဆိုမဆာသေးပါဘူး ။ကျနော်တောင်မဆာသေးဘူး ''
သက်လွင်ကိုနားရင်းပိတ်အုပ်လိုက်ပြီး
''မင်းနဲ့တူမလား သူကနှစ်ယောက်စာ စားနေရတာလေ ။ ခနခနဆာတယ် ဆိုတာ မကြားဖူးဘူးလား ''
''Boss အဲ့ဒါတွေဘယ်လိုသိတာလဲ ''
''ငါဖတ်ထားတာပေါ့။ ငါအခုမှ အဖေ ဖြစ်မှာလေ ။အဖေတစ်ယောက်ကဘာတွေလုပ်လဲ ငါရှာထားတာပေါ့။ ''
''မချီးကျူးပဲမနေနိုင်တော့ဘူး Bossကို အရမ်းဂရုစိုက်တတ်တာပဲနော် ''
နှစ်ယောက်သားစကားတွေကျူးနေတာနဲ့ Mariaကို မေ့လျော့လို့ ဆေးရုံရှေ့သို့ခပ်မြန်မြန်ရောက်လာတော့ သုတရာဇာ အောက်ထပ်မှာ Mari a ကိုစောင့်ခိုင်းထားတယ်။
''ကိုကို ပြန်လာပြီလား ညကျမှ လာမယ်ထင်တာ ''
ကုတင်ထက်ဘေးစောင်းလေးအိပ်နေရာမှ တံခါးဖွင့်သံကြောင့် နိုးလာပြီးသုတလာထိုင်တော့သုတရဲ့လက်တစ်ဖက်ကိုဆွဲယူသည်။
''ကိုကို ထပ်ပြီးမထားသွားတော့ဘူးမလားဟင် ခ မနေရဲတော့ဘူး
ကိုကိုထားသွားရင် အရင်လိုပြန်နေဖို့အင်အားမရှိတော့ဘူး ။''
''ကဲ ဒီကောင်လေး ချွဲနေပြန်ပြီ။ မနက်ကတည်းကအခုထိ။
ကိုကိုကဘာလို့ထားသွားရမှာတုန်း တစ်သက်လုံးအတူရှိနေမှာ။''
''ကိုကို ''
''ဗိုက်ဆာပြီလား ကိုကို ဆန်ပြုတ်ပဲယူလာတယ်။ ပြီးတော့ အပြင်ဟာတွေစိတ်မချလို့ ကိုကို ဦးထွန်းကို ချက်ခိုင်းထားတာ ။''
''ဟင့်အင့်မစားချင်သေးဘူး။ ''
''မစားချင်လို့မှမရပဲ ကလေးလေးအတွက်အင်အားဖြစ်ဖို့ကိုကိုတစ်ယောက်တည်းမလုပ်နိုင်ဘူး ခ လေးပါကူမှရမှာ အဲ့တော့များများစားပါနော် ''
''ကိုကို လည်းတော်တော်ပြောင်းလဲလာပြီနော် အရင်လိုစိတ်မတိုတော့ဘူးလား ခ ကို''
''မတိုတော့တာမဟုတ်ဘူး မတိုချင်တော့တာ အဲ့လိုမျိုးကိုကိုမလုပ်နိုင်တော့ဘူးမလုပ်ရဲတော့ဘူး မလုပ်ချင်တော့ဘူး။ ကိုကိုကြောင့်အများကြီးနာကျင်ခဲ့တယ်မလား။ ကိုကိုပြန်ပြီး ကောင်းအောင်နေတော့မယ်။ ခ ကြောင့်ကိုကိုအရာအားလုံးကိုပြောင်းလဲပြစ်ရတော့မယ် ''
''ကိုကို ''
''ပြောလေ ဘာလိုချင်လို့လဲ ''
''ဗျာလို့ ထူးလေကွာ ကိုကိုကလည်း မယဥ်ကျေးလိုက်တာ ''
'' အင်း ဟုတ်ပါပြီလေ ထူးမယ် ထူးမယ် ''
''ကိုကို ''
''ဗျာ ''
''ကိုကို ''
''ဗျာ ''
''ကိုကို ''
'' ဗျာ ''
''ကိုကို ''
''ဘယ်နှစ်ခါတောင်ထူးရဦးမှာ သာဓုခေါ်သလို သုံးခါရှိနေပြီနော် မဆိုးနဲ့တော့ ။ ကိုကိုပြောစရာရှိတယ် ။ ''
''အင်းပြောလေ ကိုကို ''
'' ဟိုလေ ဟို ကိုပြောချင်တာ ''
'' ဘာလဲ ပြောလေ ''
''Maria ''
'' အမ Maria လား ကိုကို ''
'' မှတ်မိလားဟင် ခ သူ့ကို ''
'' အင်းမှတ်မိတယ် တော်တော်တောင်ကြာခဲ့ပြီနော် အမနဲ့မတွေ့ဖြစ်တာ ''
'' ခ သူ့ကိုတွေ့လို့ရ ရင် တွေ့ချင်လား ဟင် ''
သုတရာဇာ ကုတင်စွန်း၌ ထိုင်ရင် သူ့နားက သုခထည်ဝါ ဆံပင်တွေကို ပွရင်း အနမ်းထက်အနမ်းတစ်ပွင့် ချွေချလိုက်တယ် ။
''အင်း တွေ့လို့ရ ရင်တွေ့ချင်တာပေါ့ ကိုကို ဒါပေမဲ့ ဘယ်လိုလိုက်ရှာလို့ ဖြစ်မှာလဲ ''
''ကိုကိုရှာလို့တွေ့ရင် ကော ခေါ်ခဲ့ပေးရမလား ''
'' အင်း အမ နဲ့ သိပ်တွေ့ချင်ခဲ့တာ။ ငယ်ငယ်တုန်းက အမက ခ့ကို ထားသွားမယ်မထင်လို့ ဆိုးခဲ့တာ။အဲ့လိုမှန်းသိရင် အမဆီကမုန့်တွေလုမစားခဲ့ပါဘူး။ ''
အပြစ်ကင်းစင်တဲ့ဆိုတဲ့ ကောင်းလေးငယ်ဟာ ကိုယ်ချစ်သူဖြစ်နေခဲ့တယ်။
သူ့ဘဝကိုဒုက္ခပေးခဲ့ပြီးတစ်ယောက်ထဲ အထီးကျန်စေခဲ့တဲ့ကောင်လေးဟာ အခုကျ အရာအားလုံးကို ခွင့်လွှတ်ပြီး သူ့ကိုသူ အပြစ်ရှိတဲ့ကလေးလို စကားတွေဆိုနေတယ်။
'' ခ မမှားပါဘူး ကိုကိုနဲ့ ခရဲ့မမက မှားတာ ။ခ ကသိပ်ဖြူစင်တယ်။ ကိုကိုဒါကြောင့် ခ ကို အပြစ်မပြောချင်တော့တာ။ ''
'' အမ နဲ့သာတွေ့ရ ရင်သိပ်ကောင်းမယ်နော် ခ ကလေးလေးမွေးထားတယ်ဆိုတာသိရင် ဘာပြောမလဲ မသိဘူး သုံးနှစ်လောက်က ထင်တယ် အမက သိပ်ပြီး ခင်တွယ်စရာကောင်းတယ်။အမကြီးတစ်ယောက်လိုပဲ အခုများတွေ့ရ ရင်သိပ်ကောင်းမယ် ''
'' ခ အမုန်းဆိုတာကိုကော နားလည်ရဲ့လား ''
.........,.......................................................................
34. ကလေးမွေးဖွားခြင်း
''သုခကိုပြန်လာခေါ်တာ ''
''ငါ့ကိုပေးတွေ့ပါ။ ငါ့ကိုသူမှတ်မိမှာပါ ''
''သုခက အခုဆေးရုံမှာ ''
''ကလေးမွေးတယ်ဟုတ်လား။
''ကျနော်နဲ့ရ သွားတာ ''
''ဟင် မင်းနဲ့ ''
.....
''ကိုကို ''
''ကိုကို ''
''ကိုကို ''
''ဗျာ ''
''ကိုကို ''
''ဗျာ ''
''ကိုကို ''
'' ဗျာ ''
''ကိုကို ''
''အင်းပြောလေ ကိုကို ''
'' ဘာလဲ ပြောလေ ''
''Maria ''
'' အမ Maria လား ကိုကို ''
'' မှတ်မိလားဟင် ခ သူ့ကို ''
Continue Reading
You'll Also Like
435K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
342K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
267K 18.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.2M 63.9K 50