နွေဦးလေပြေ🤍
Per Adira_thu
38.9K 1.8K 191
"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... Més
‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း
နွေဦးလေပြေ🤍(အပိုင်း_၃၁)
1K 48 5
Per Adira_thu
Unicode
အမျိုးသမီးဆေးရုံကြီး၏Hallခန်းတစ်နေရာတွင်  မိုးသားတို့အတန်းရှိသူငယ်ချင်းတစ်စု lectureအတွက်ပြင်ဆင်နေသောကြောင့်ဆူညံ့လျှက်ရှိသည်။
မိုးသားကတော့ ကော်ဖီဗူးကိုအပါထည့်ရသည်။
ဆရာဘုန်းပြည့်ကဒီလိုNight Dutyကျသည့်ညမျိုးဆို မနက်နှစ်နာရီအထိစာသင်လေ့ရှိသည်။
ထိုသို့ညမျိုးဆိုလျှင် မိုးသားတို့အားလုံး စာရေးစားပွဲနှင့်ခေါင်းနှင့် အကြိမ်ကြိမ်နှုတ်ဆက်လေ့ရှိကြသည်။
“ငါနဲ့နေရာလေးလဲပေးပါလားမိုးသား”
“မလဲပေးနိုင်ဘူး!”
မိမိအသံနှင့်မရှေးမနှောင်းပင်ထွက်လာသည့်လေသံမာမာကြောင့်နွယ်နီဦးဝေ မျက်နှာပျက်သွားလေသည်။
အခန်းထဲကတချို့သူတွေလဲ ရုတ်စုရုတ်စုနှင့်မိမိတို့ကိုအကဲခတ်သလိုကြည့်နေကြသည်။
“ငါ့နေရာကaircornနဲ့တည့်တည့်ကြီးမလို့ပါဟာ။ငါဖျားချင်သလိုဖြစ်နေလို့”
“နင့်ဘာသာဖျားဖျား,မဖျားဖျားငါစိတ်မဝင်စားဘူး။ငါ့နေရာကသာနင့်လွယ်အိတ်ဖယ်လိုက်”
“မိုးသား မိန်းကလေးတစ်ယောက်နဲ့ပြိုင်ပြီးနင်အဲ့လောက်တွက်ကပ်စရာလား။
ငါတကယ်နေမကောင်းလို့ပြောနေတာကို”
“ငါ့နေရာကလွယ်အိတ်ကိုဖယ်လိုက်လို့ပြောနေတယ်နော်”
“ဒုန်း”
“မိုးသားရောင်!!”
အောက်ကိုပြုတ်ကျသွားသည့်လွယ်အိတ်နှင့် ပြန့်ကျဲသွားသောစာအုပ်များကြောင့် နွယ်နီအသားတဆတ်ဆတ်တုန်အောင် ဒေါသထွက်လာရသည်။
အားလုံးကလည်းဝိုင်းကြည့်နေသည်မို့ ရှက်သည်။
မိုးသားရောင်ကအရင်တုန်းကထိုသို့မဟုတ်ပေ။
“အသေးလေး ဆရာ့ဆီခဏလာခဲ့ဦး”
ဘယ်အချိန်ထဲကအနောက်သို့ရောက်နေမှန်းမသိသည့်ဆရာ့ကြောင့် အခန်းထဲကလူတွေအားလုံးအသံ‌တွေတိတ်ဆိတ်သွားသလို မိုးသားသည်လည်းဆတ်ခနဲတုန်သွားရသည်။
ဒေါသအလျောက်မိမိမှားသွားသည်ကိုသိသော်လည်းမိမိချစ်ရတဲ့သူတွေစိတ်ဆိုးမှာတော့ကြောက်ပါသည်။
တစ်လရှိပြီ။
အကိုရည်းစားရပြီးတစ်လအတွင်း မိုးသားကအရင်လိုသဘောကောင်းသည့်ကောင်လေးမဟုတ်တော့ပေ။
တစ်ခုခုဆိုစိတ်တိုလွယ်ပြီး ပေါက်ကွဲရန်အသင့်ဖြစ်နေသည့်ကောင်‌ငယ်လေးအသွင်ကူး‌ပြောင်းသွားပြီဖြစ်သည်။
နောက်ဆုံးစာမေးပွဲအတွက်အကိုသည်လည်းပြင်ဆင်နေသည်ဖြစ်ရာမိုးသားနှင့်မျက်နှာချင်းဆိုင်မဆုံဖြစ်တာကြာခဲ့ပြီဖြစ်သည်။
မိုးသားလည်းလက်တွေ့ဆင်းနေသည်မို့တနဂ်နွေဘုရားသန့်ရှင်းတွေမသွားဖြစ်တာကြောင့်လည်းပါပါလိမ့်မည်။
“ရော့....ဒီကော်ဖီပူပူလေးအရင်သောက်လိုက်ဦး။
စိတ်ကြည်သွားအောင်”
အခန်းထဲရောက်သည်နှင့်ဘာစကားမှမဆိုပဲ ကော်ဖီတစ်ခွက်ကိုအရင်ဖျော်၍ပေးသည်မို့ မိုးသားယူသောက်လိုက်သည်။
“ဘာတွေခံစားနေရလဲဆရာ့ကိုပြောမပြချင်ဘူးလားအသေးလေး”
ဆရာ့ရှေ့ကခုံတွင်ကျုံ့ကျုံ့လေးထိုင်လျက် ဆရာပေးသောကော်ဖီခွက်ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း ဆရာဆက်ပြောမည့်စကားတို့ကိုသာနားစွင့်နေမိသည်။
“အသေးလေးကိုစရောက်ထဲကဆရာသတိထားမိတယ်။ပျော်ပျော်နေတတ်ပြီးသဘောကောင်းတဲ့ကောင်လေးလို့လေ။
ဒါ‌ပေမယ့် ဒီလအတွင်းမှာတွေ့ရတဲ့သားပုံစံကြောင့်ဆရာကိုယ့်အတွေးကိုယ်ပြန်ဆန်းစစ်နေမိတယ်။
ဆရာအမြင်များမှားခဲ့သလားလို့။
သားကချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ပါမိုးသား”
ဆရာ့စကားအဆုံးမိုးသားကိုယ်တွေတသိမ့်သိမ့်
တုန်၍စတင်ငိုရှိုက်မိသည်။
ပထမဆုံး။
ဒါဟာပထမဆုံးအကြိမ်အကိုရည်းစား‌ရပြီးနောက်ပိုင်းသူငိုဖူးခြင်းပဲ။
ကိုညီကရောတခြားသူငယ်ချင်းတွေကပါ အရက်တိုက်၍သူ့ကိုငိုအောင်လုပ်ခဲ့သော်လည်းသူမငိုခဲ့ပေ။
ငိုချင်သော်လည်းမျက်ရည်မကျနိုင်တာဖြစ်သည်။
ဆရာကသူ့အိပ်ကပ်ထောင့်တွင်ထည့်ထားသည့်ပုဝါအားယူ၍မိမိကိုပေးသည်။
“သား....သားအရမ်းခံစားရတယ်ဆရာ အင့်”
“အကိုရည်းစားရသွားတယ်”
‘အကို’ဆိုသည့်အသုံးအနှုန်းကြောင့် ဘုန်းပြည့်အနည်းငယ်အံ့ဩမိသော်လည်း အမူအရာမပျက်ခင်ကိုယ့်ကိုယ်ကိုအရင်ပြန်ထိန်းနိုင်လိုက်သည်။
ဒီခေတ်မှာဒီလိုမျိုးကဆန်းမှမဆန်းပေပဲ။
“ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော်ကအကို့ကြောင့်ဖွဲမီးလိုပဲတမြေ့မြေ့ နာကျင်ခဲ့စားခဲ့ရတယ်။
နာကျင်တာမှန်ပေမယ့်လည်း အကိုမရှိပဲမနေနိုင်တဲ့အတွက် အဲ့ဒီနာကျင်မှုကိုပဲပိုက်ပြီး အကို့နားနေခဲ့မိတာနှစ်နှစ်ရှိပြီဆရာ။
အကိုကကျွန်တော့သူငယ်ချင်းကိုကြိုက်နေတယ်။
ကျွန်တော့သူငယ်ချင်းကြောင့်ကျွန်တော့်ကိုထိုးတယ်။
ပြီးတော့ကျွန်တော့်ကိုချစ်တယ်ပြောတယ်။
တစ်ပတ်မပြည့်ဘူးသူချစ်သူရသွားတယ်။
ကျွန်တော်ဘယ်လိုနှလုံးသားနဲ့နားလည်ပေးရမှာလဲဆရာ”
ဆရာဟာသူပြောမည့်စကားကိုပဲတည်တည်ငြိမ်ငြိမ်နှင့်ဆက်လက်နားစွင့်နေခဲ့သည်။
“အကိုရည်းစားရသွားတယ်ဆိုတော့ ကျွန်တော်ထွေထူးပြီးနာကျင်တယ်လို့မခံစားရဘူးဆရာ။
ရင်ထဲမှာတော့ဆို့ဆို့နင့်နင့်ကြီးဖြစ်နေတာအခုထိပဲ။
ပြီးတော့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ငိုတာဆရာ့ရှေ့မှာပထမဆုံးပဲ။
ကျွန်တော်ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့တာကြာပြီ။
နောက်တစ်ခုကကျွန်တော်ရန်အရမ်းလိုလာတာပဲ။
ဆရာလည်းခုနကတွေ့မှာပါ။ကျွန်တော်ကိုယ့်စိတ်ကိုကိုယ်ဘယ်လိုမှမထိန်းချုပ်နိုင်ခဲ့ဘူး”
ဘုန်းပြည့်ခေါင်းကိုတဆတ်ဆတ်ငြိမ့်ရင်းထိုကလေးစကားကိုထောက်ခံမိသည်။
“အ‌သေးလေးတို့ကSecond Yearဆိုတော့mentalသင်ရပြီပေါ့နော်”
“ဟုတ်ကဲ့ဆရာ”
“အင်း...အသေးလေးကခုတလောအရမ်းရန်လိုနေတယ်လို့ပြောတော့ကိုယ့်ကိုယ်ကိုaggressive behaviorsတွေထွက်နေမှန်းတော့ သတိထားမိမှာပေါ့”
“ဟုတ်ကဲ့ဆရာ”
“level of painဘယ်နှစ်ခုရှိလဲသိလား”
“ယေဘုယျအားဖြင့်တော့ mild, moderate,severeဆိုပြီးသုံးခုပါဆရာ”
“ဟုတ်ပြီ။မိုးသားကအချိန်အကြာကြီးpainကိုတောက်လျှောက်ခံစားခဲ့ရတဲ့သူဆိုပြီးပြောတယ်နော်။
အခုမိုးသားလက်ရှိခံစားနေရတာကsevere pain levelကိုရောက်နေပြီ။
ဒီစကားလေးကိုကြားဖူးမှာပေါ့။
လူတွေကအနာကျင်ဆုံးအချိန်ရောက်တဲ့အခါ ဘာကိုမှမနာကျင်ကြတော့ဘူးတဲ့။
အဲ့ဒီအစား သူကaggressive behaviorsတွေအများကြီးထွက်လာတတ်တယ်။
ဥပမာ_ထိတာနဲ့ကိုက်မယ်ဆိုတဲ့မြွေဟောက်ပေါက်လေးတွေလိုပေါ့”
“ဟုတ်ကဲ့ဆရာ”
“ဒီလိုပြောလို့မိုးသားကိုဆရာကစိတ်ကျန်းမာရေးမကောင်းတော့ပါဘူး။အရူးကြီးပါလို့မဆိုလိုဘူးနော်။
ဆရာတို့လူသားအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့စိတ်ရောဂါခံစားနေရတဲ့သူတွေပဲ။
မိုးသားကကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်းလဲသိတယ်ဆို‌တော့ပိုကောင်းတာပေါ့”
“သားနားလည်ပါတယ်ဆရာ”
“အဲ့တော့သားရယ်။ဆရာ့အနေနဲ့ဆွေးနွေးချင်တာက တချို့အရာတွေကိုအတင်းဆုပ်ကိုင်မထားနဲ့။ကိုယ့်စိတ်ကိုယ်ကိုဖြေလျော့ပေးလိုက်ပါ။
ပြီးတော့ meditationများများလုပ်။Mental patientတွေမှာ တရားထိုင်တာကအကောင်းဆုံးကုထုံးပဲသား။
သီချင်းမြူးမြူးလေးတွေနားထောင်။အိပ်ရေးဝအောင်အိပ်ကြားလား”
“ဟုတ်”
“ဟုတ်ဆိုရင်လည်းခေါင်းကြီးငုံ့မထားနဲ့လေ။ဆရာ့ကိုမော့ကြည့်ပါဦး”
“အဟင်း”
မျက်ရည်တွေပေကျံနေသည့်မျက်နှာလေးနှင့် မိမိကိုမော့ကြည့်လျက် ပြုံးပြသည့်မျက်နှာလေးကြောင့် ဘုန်းပြည့်အသဲယားစွာဆံပင်တွေထိုးဖွပေးလိုက်သည်။
“ကြည့်ပါဦး။ငါ့သားလေးကဒီလောက်ချစ်ဖို့ကောင်းတာ ဘယ်သူကများဒီလိုခံစားရအောင်လုပ်ပါလိမ့်။
ကဲ...သွားကြမယ်။
Lectureနောက်ကျနေပြီ။အတန်းထဲကျရင်သူငယ်ချင်းကိုတောင်းပန်လိုက်ဦးနော်”
ခေါင်းလေးအသာငြှိမ့်ပြ၍ ဆရာ့နဲ့အတူတူlectureခန်းသို့ဝင်လာလိုက်သည်။ပြီးသည်နှင့် နွယ်နီဦးဝေရှေ့သို့ခြေစုံသွားရပ်မိသည်။
အမှန်တိုင်းပြောရရင်ရှက်ပါသည်။
တောင်းပန်ရမှာရှက်သည်။ဖြစ်နိုင်ရင်မသိချင်ယောင်ဆောင်‌၍သာနေရာလဲပလိုက်ချင်သည်။
“ဟို....‌နေရာလဲချင်လဲလေ။ငါ...ငါဖယ်ပေးမယ်”
“မလိုပါဘူး အဖျားကြီးပြီးသေရင်လည်းသေပါစေ”
မိုးသားလက်သီးကိုတင်းအောင်ဆုပ်‌၍ ထိုမျက်စောင်းထိုး၍ ‌နှုတ်ခမ်းထော်နေသော သူငယ်ချင်းအားပြေးထုချင်စိတ်ကိုမနည်းထိန်းထားရသည်။ဆရာအပါအဝင် အတန်းထဲရှိသူများကလည်း မိုးသားတို့လားကြည့်၍ရယ်ချင်စိတ်ကိုအတင်းထိန်းထားဟန်တူလေသည်။
“ကဲပါ...သူငယ်ချင်းအချင်းချင်းစိတ်မဆိုးနဲ့တော့။
မြန်မြန်နေရာလဲလိုက်။ဆရာlectureစတော့မယ်”
နောက်ဆုံးမနေသာသည့်ဆရာကပင်ဝင်ရှင်းမှအသာတကြည်လက်ခံတော့သည်။
ဟူး.....ဘယ်အချိန်ထိခန့်ထည်ဝါကမိုးသားကိုစိတ်အနှောက်အယှက်ပေးနေပါမည်နည်း။
ဘာပဲဖြစ်ဖြစ် ငိုလိုက်ရ၍ထင်သည်။
ထိုနေ့ကမိုးသားစိတ်လက်ပေါ့ပါး၍  နေရတာအဆင်ပြေသည်မို့ ဆရာ့ကိုကျေးဇူးထင်မိလေ သည်။
________________💚________________
ကိုယ်တကယ်တော့ဒီရက်ပိုင်းဖျားနေခဲ့တာ။ဒီficလေးကိုမြန်မြန်နှုတ်ဆက်ချင်တဲ့အတွက်ကြောင့်သာကိုယ်အားတင်းရေးနေရတာ။
အတိတ်တွေကကိုယ်ရုံးထွက်နိုင်ခဲ့တာကြာပြီဆိုပေမယ့်လည်း ဒီficကိုပြန်ရေးတော့ အဲ့ဒီတုန်းကအချိန်တွေဆီစိတ်ပြန်ရောက်ပြီး နာကျင်နေတဲ့ကိုယ့်ကိုမတွေ့ချင်တော့ဘူး။
ဒီficလေးကိုစတင်ထဲက တစ်ချိန်ကကိုယ့်ဘဝရဲ့အဖိုးတန်တဲ့လူတစ်ယောက်နဲ့အဖိုးတန်တဲ့အချိန်တွေကိုဝတ္ထုလေးတစ်ပုဒ်အနေနဲ့သိမ်းဆည်းချင်ခဲ့မိလို့ပါ။
____________________💚____________________
Zawgyi
“မလဲပေးနိုင်ဘူး!”
“ဒုန်း”
“မိုးသားရောင်!!”
တစ်လရှိပြီ။
စိတ်ကြည်သွားအောင်”
ပထမဆုံး။
“အကိုရည်းစားရသွားတယ်”
ဆရာဟာသူပြောမိစကားကိုပဲတည်တည်ငြိမ်ငြိမ်နှင့်ဆက်လက်နားစွင့်နေခဲ့သည်။
“ဟုတ်ကဲ့ဆရာ”
“ဟုတ်ကဲ့ဆရာ”
“ဟုတ်ကဲ့ဆရာ”
“သားနားလည်ပါတယ်ဆရာ”
“ဟုတ်”
“အဟင်း”
ကဲ...သွားကြမယ်။
“ဟို....‌နေရာလဲချင်လဲလေ။ငါ...ငါဖယ်ပေးမယ်”
မြန်မြန်နေရာလဲလိုက်။ဆရာlectureစတော့မယ်”
________________💚________________
____________________💚____________________
Continua llegint
You'll Also Like
59.4K 1.6K 22
[SHORT STORY | COMPLETED] {In short: Your dad's new relationship is getting serious which means you have to meet his girlfriend. Little do you know i...
1.1M 36.2K 61
WATTYS WINNER When her fiancé ends up in a coma and his secret mistress, Halley, shows up, Mary feels like her world is falling apart. What she does...
1.5M 37.3K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
4K 91 14
Sequel to Oiche Shamhna. It's been 5 years since Sonic and his hedgehog friends played a dangerous board game and won in the end, Sonic ends up findi...