နွေဦးလေပြေ🤍(The End)

2.5K 88 28
                                    

Unicode

ရန်ကုန်တက္ကသိုလ်ဝင်းကြီးဟာ အရောင်အသွေးစုံလင်စွာဖြင့် ဒီနေ့မှပို၍တောက်ပလျက်ရှိသည်။
ကင်မရာသံတဖျတ်ဖျတ်နှင့်ရယ်သံလွင်လွင်လေးများဟာလည်း ပိုမိုနားထောင်၍
ကောင်းနေသလိုပင်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် အနက်ရောင်ဝတ်ရုံရှည်ကြီးများနှင့် ကျက်သရေရှိလှသော မိမိတို့၏သားပျို၊သမီးပျိုတို့အားကြည့်၍ အလှဆုံးပြုံးနေကြသော မိဘဆွေမျိုးများမှာလည်းကင်မရာရောင် တဖျတ်ဖျတ်အောက်တွင်တင့်တယ်လျက်ရှိသည်။

“ငယ်”

သာယာချိုအေးသောအသံလေးနှင့် အတူမိုးသားမျက်ဝန်းရှေ့ ပထမဆုံးရောက်လာသည့် ခြေထောက်တစ်စုံ။

မဲနက်သောမျက်ခုံး၊စူးရှသည့်မျက်ဝန်းနှင့် ပြုံးရောင်သန်းနေသည့်နှုတ်ခမ်းတစ်စုံက သေချာစွာဖီးလိမ်းသပ်တင်ထားသည့် ဆံပင်များကြောင့် ပို၍ခန့်ထည်နေဟန်။

ပုံမှန်လည်ကတုံးလက်ရှည်နှင့် ပုဆိုးသာဝတ်လေ့ရှိသူမို့ ယခုလိုအနောက်တိုင်းဝတ်စုံနှင့်တွေ့လိုက်ရသောကြောင့် မိုးသားအကြည့်မလွှဲနိုင်ပေ။

နက်ပြောင်တောက်ပနေသောလယ်သာဖိနပ်နှင့်နေဗီပြာရောင်suitကဖြူဝင်းသောအသားရောင်နှင့်လိုက်ဖက်လွန်းလှသည်။

“ဘယ်အချိန်ဖြစ်ဖြစ်ကိုကိုကမင်းအပိုင်ပါငယ်ရယ်။ငမ်းလှချည်လားကွာ”

“ကျွန်တော့်အပိုင်လေးကအရမ်းခန့်လွန်းနေတာကိုးဗျ”

“အဟက်...အတတ်ကလေးကွာ”

မျက်လုံးကလေးဝင့်ကာဝင့်ကာချီလျက် ပြုံးတုံ့တုံ့ဆိုလာသူကြောင့် အသဲယားကာပါးလေးဆွဲဖဲ့မိတော့ မျက်စောင်းထိုးသည်။

လည်ကတုံးလက်ရှည်အဖြူရောင်ကိုနက်ပြာရောင်ပုဆိုး၊ကတ္တီပါဖိနပ်အပြာရောင်နှင့်တွဲဖက်ဝတ်ဆင်ထားသည့်ငယ်က
လူကြီးနှင့်မတူပဲကလေးပေါက်စလေးအား
အတင်းလူကြီးလုပ်ခိုင်းထားသလိုနှယ်။

“ကိုကို... Congratulationsနော်”

“ကျေးဇူးပါကိုကို့ငယ်လေး။လာ ဓာတ်ပုံရိုက်ကြမယ်။လူကြီးတွေကပြန်သွားကြပြီ ဒီဒီတို့ငယ်နဲ့ဓာတ်ပုံရိုက်ဖို့စောင့်နေကြတယ်”

နွေဦးလေပြေ🤍Nơi câu chuyện tồn tại. Hãy khám phá bây giờ