နွေဦးလေပြေ🤍(အပိုင်း_၁၈)

711 38 2
                                    

Unicode

အချိန်တွေရာသီတွေ တရွေ့ရွေ့ပြောင်းရင်း မိုးသားတို့အားလုံး ဒုတိယနှစ်ကိုရောက်လာခဲ့ပြီ
အချိန်တွေရာသီတွေနည်းတူပဲတစ်စုံတစ်ယောက်ကလည်းပြောင်းလဲသွားခဲ့သည်။
အကိုကအရင်လိုကျွန်တော့ကိုဂရုမစိုက်တော့ဘူး။
တစ်နေရာရာသွားရင်ကျွန်တော့ကိုအသိပေးဖို့သတိမရတော့ဘူး။
Conservationတစ်ခုကိုသူ့ဘက်ကအရင်မစတတ်တော့ဘူး။
အဆိုးဆုံးကတော့ အကိုကကျွန်တော့်ထက်ကျွန်တော့သူငယ်ချင်းကိုပိုခင်တွယ်လာခဲ့သည်။

“ဟိန်းထက် အကိုနဲ့အဆက်အသွယ်ရရင် စောစောအိပ်ခိုင်းဦး။ စာမေးပွဲလည်းရှိတာမဟုတ်ဘဲနဲ့ အကိုဒီရက်ပိုင်းပိန်သွားတယ်”

မိမိကိုမော့ကြည့်၍မသာမယာဆိုလာသော မိုးသားကြောင့်ဟိန်းထက်မျက်နှာအရင်လွှဲကာခေါင်းညိမ့်ခဲ့မိသည်။

သူဘာ့ကြောင့် မိုးသားမျက်ဝန်းဖျော့ဖျော့တွေကိုရင်မဆိုင်ရဲခဲ့ပါသနည်း။
ပြောင်းလဲလာတဲ့အခြေအနေတွေကြား မိုးသားကိုသူသနားမိလို့လား?
ကိုခန့်ထည်သူ့အပေါ်လိုတာထက်ပိုရင်းနှီးနေတဲ့အပေါ်အားနာမိနေခြင်းပဲလားသူမသိ။

သူသိတာတစ်ခုကမိုးသားထိုကိစ္စနဲ့ပတ်သတ်ပြီး စိတ်ထဲတစ်ခုခုခံစားနေရသည်ဆိုတာပင်။
ဒီရက်ပိုင်း မိုးသားနဲ့လူချင်းသာနီးနေပေမယ့် စိတ်ချင်းဝေးနေသလိုခံစားရတာလည်းသူမကြိုက်။
အညိုရောင်မျက်ဝန်းဖျော့ဖျော့တွေနဲ့သူ့ကိုကြည့်နေတာလည်းသူမကြိုက်ချေ။

သို့သော်ငြားလည်းမိုးသားမကြိုက်၍ဆင်ခြင်ပေးပါပြောလည်း သူလုပ်နိုင်မည်မဟုတ်ပေ။
မိမိကဘာအမှားလုပ်လို့ဆင်ခြင်ရမှာပေနည်း။
ဟိန်းထက်ကနဂိုထဲကsocialကောင်းသူမို့ အပေါင်းအသင်းများသည်။ကိုခန့်ထည်ကဲ့သို့ရင်းနှီးသူတွေလည်းသူ့ဆီမှာမရှားပေ။

မိုးသားရောင်ကိုကသဲလွန်းတာပါ။

“ဒီSundayဘုရားသန့်ရှင်းရေးသွားဦးမှာလားမိုးသား။ ကိုခန့်ထည်တောင်မေးနေသေးတယ်။ငါတို့လာဦးမှာလားတဲ့”

“အကိုရှိတဲ့နေရာငါဘယ်တုန်းကမရှိပဲနေလို့လဲ”

ဒီနှစ်အတွင်းပြောင်းလဲခဲ့သည့်အရာတွေထဲတွင် Sundayတိုင်းဗိုလ်တထောင်ဘုရားတွင်မိုးသားတို့ဘုရားသန့်ရှင်းရေးလုပ်ဖြစ်တာလည်းပါဝင်လာခဲ့သည်။
အရင်ကတည်းကအကိုဘုရားသွားတိုင်းမိုးသားလိုက်ချင်ခဲ့တာဖြစ်သည်။
PTSကာလမို့သာငြိမ်နေရသည်။နည်းနည်းလေးမှမကျေနပ်ချေ။

နွေဦးလေပြေ🤍Where stories live. Discover now