နွေဦးလေပြေ🤍(အပိုင်း_၁၉)

788 40 7
                                    

Unicode

ညအချိန်ဖြစ်သော်ငြားရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ဂျူတီအတက်အဆင်းလုပ်နေကြသော သူနာပြုလေးများအား တွေ့ကြရသည်။
မိုးသားတို့ပရဟိတအတွက်ကားက ဆေးရုံကြီးရှေ့တွင်ရပ်ထားသည်မို့ ဆေးရုံကြီးဝင်းထဲကဖြတ်ရခြင်းပင်ဖြစ်သည်။

ညအိပ်ခရီးဖြစ်သည့်အတွက်ကြောင့် မိုးသားရောဟိန်းထက်ပါ ပေါ့ပေါ့ပါးပါး‌ဖြစ်တာလေးတွေဝတ်ထားကြသည်။
အရောင်လေးတွေသာကွဲသော Teeခပ်ပွပွကို နက်ပြာရောင်စတိုင်ပင်ဘောင်းဘီလေးတွေနှင့် တွဲဝတ်ထားကြသည်။

အရွယ်တူsizeတူကောင်လေးနှစ်ယောက်ဆင်တူဝတ်ထားသည်မို့ ကြည့်ရတာတမျိုးဖြစ်နေလေသည်။

“လာလာ မိုးသားတို့ကိုစောင့်နေတာ နေရာဦးထားတယ်”

မိုးသားတို့တက်လာတာတွေ့တော့ အရင်ကြိုရောက်နေတဲ့ မမပိုကထွက်ခေါ်သည်။
နှစ်ယောက်တွဲခုံတွင်ထိုင်နေသော ဒီဒီနဲ့အတူသူ့ဘေးကအကို့ဆီကိုပါမရည်ရွယ်ပဲအကြည့်ရောက်မိသွားသည်။
မမစုသွယ်ရယ်မမပိုတို့သုံးယောက်ရယ်အင်ဂျင်နီယာကျောင်းကကိုသုတအောင်ကနောက်ဆုံးတန်းမှာထိုင်သည်။
သူတို့ရှေ့ကအကိုနဲ့ဒီဒီထိုင်နေတာဖြစ်ပြီး မိုးသားတို့အတွက်တော့ အကိုတို့ဘေးကနှစ်ယောက်တွဲခုံကိုဦးပေးထားသည်။

ဒါကပရဟိတခရီးစဉ်တွေထွက်တိုင်းမိုးသားတို့အဖွဲ့၏အစဉ်အလာဖြစ်သည်။အုပ်စုလိုက်ကားနောက်ဆုံးတွင်စုထိုင်ပြီး သီချင်းတွေဆိုကြပေါက်ကရတွေပြောကြနှင့်အလွန်ပျော်စရာကောင်းလှသည်။

“ကိုမြင့်သူ သီချင်းဖွင့်မယ်ဆို သားဖုန်းနဲ့joinမှာနော်”

ကားစထွက်လို့ဘုရားရှိခိုးပြီးတာနဲ့ သီချင်းဖွင့်ဖို့တာဆူနေတဲ့မိုးသားအသံကြောင့် တစ်ကားလုံးပွဲကျသွားသည်။ကားပေါ်မှာပါလာတဲ့လူတွေကလည်း အရင်အခေါက်တွေထဲကလိုက်ဖူးသူတွေမို့ ထွေထွေထူးထူးရှက်စရာမလိုပေ။
မိုးသားတို့အဖွဲ့အကြောင်းနော‌ကြေနေသူများသာဖြစ်သည်။

ဖုန်းကိုBluetoothနဲ့joinပြီးသည်နှင့် ထွက်ပေါ်လာသည်ကဝိုင်းဝိုင်းရဲ့ဖြေသိမ့်လိုက်။ဤတွင်မိမိနဘေးက ဟိန်းထက်ကတစ်စခန်းထလာလေသည်။

နွေဦးလေပြေ🤍Kde žijí příběhy. Začni objevovat