နွေဦးလေပြေ🤍(အပိုင်း_၃၂)

1K 50 4
                                    

Unicode

"Cheers"

ခွက်ကလေးတွေကိုယ်စီကိုင်ကာချီးယားစ်လုပ်နေသော ဒုတိယနှစ်မှမိုးသားတို့ငါးယောက်ပင်ဖြစ်သည်။
ကော်ဖီသောက်ဖို့ဝယ်ထားသည့်ခွက်ကလေးများက ယခုတော့အရက်ထည့်သောက်ခြင်းခံနေရပြီဖြစ်သည်။

မနက်ကNight Dutyထွက်ထဲကဒီညသောက်ဖို့အရေး ကိုညီ့ကိုအပူကပ်ထားရခြင်းဖြစ်သည်။
အမြဲတစေမသောက်ဖြစ်သော်လည်း အခုလိုမျိုးကြုံရင်ကြုံသလို ခွက်ပုံးကစ်လေ့ရှိကြသည်။
ကိုညီကတစ်ယောက်ထဲနေသည်မို့ အမြဲသောက်နေကျ ကိုညီ့အခန်းတွင်သာသောက်ဖို့ပြင်ဆင်ကြတော့သည်။

ကိုညီ့ကုတင်ကနံရံတစ်ဖက်သို့ထိုးကပ်ထားသည်မို့ ဘေးကနေရာလွတ်ကျယ်ကြီးတွင် အားလုံးဝိုင်းဖွဲ့၍သောက်စားကြခြင်းဖြစ်သည်။

"အွန့်"

မိမိရှေ့သို့ရောက်လာသည့်ကြက်သားကြော်ဖတ်လေးကြောင့် မော့ကြည့်မိတော့ မိမိကိုကြည့်နေသည့်ဟိန်းထက်နှင့်ဆုံလေသည်။
နေပါဦး...ဒီကောင်အခုမိမိအိမ်ကကြော်ပေးသည့်ကြက်ကြော်နှင့် မိမိကိုမျက်နှာပြန်လုပ်နေသည်လား။

"ကျေးဇူး"

ခပ်တိုးတိုးသာဆို၍ခေါင်းငုံ့မိသော်လည်းဟိန်းထက်ပြုံးနေမည်မှန်းမိုးသားသိနေခဲ့သည်။
ကိုညီတို့သုံးယောက်သည်လည်းမိုးသားတို့ကိုအခုမှကြည့်၍သက်ပြင်းချနိုင်သွားသည်။
စောက်ခွေးလေးတွေ ရှားရှားပါးပါးအတန်းထဲဝယ်ယောက်ျားလေးငါးယောက်ထဲပါ,ပါတယ်ဆို သူတို့အဆင်မပြေ၍ မိမိတို့ပါအလိုလိုအနေကြပ်ရသည်။

"ဒါနဲ့....မင်းတို့သိကြလား။ငါကသရုပ်ဆောင်လုပ်ဖူးတယ်ဆိုတာ"

စလာပြီ။မိုးသားရောင်တို့အရပ်လေးတစ်ခွက်နှစ်ခွက်ဝင်ရုံရှိသေးသည်။ဇာတ်လမ်းစလာလေပြီ။
သနပ်ခါးကိုဖွေးနေအောင်လူး၍ စွပ်ကျယ်လက်ပြတ်အဖြူကိုအနီရောင်ဂျေဂျေဘောင်းဘီနှင့်တွဲဝတ်ထားသည့်မိုးသားက ဒူးတစ်ဖက်ထောင်၍ အရက်ခွက်ကိုမော့နေဟန်မှာဂျစ်တစ်တစ်နှင့်။

"ပြောစမ်းပါဦး"

"ဒီလိုလေဗျာ။ကျွန်တော်ကိုးတန်းနှစ်က ရွာကိုMRTVကရုပ်ရှင်လာရိုက်တယ်။သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်တဲ့။
အဲ့ဒီမှာကျွန်တော်က ကြက်ခြေနီအနေနဲ့ဝင်ပြီးသရုပ်ဆောင်ခဲ့ရတာကွ"

နွေဦးလေပြေ🤍Where stories live. Discover now