လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

By Ahlaly

94.9K 4.6K 1.5K

From the first year to.......... More

Spoiler (1)
Spoiler (2)
အပိုင်း (၁)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၂)

1.9K 110 17
By Ahlaly

"ဒါဆို သော်က ဘုန်းကြီးကျောင်းသားပေါ့"

"အဲ့လိုပြောလို့ရပါတယ်။ ကျွန်တော်ငယ်ငယ်ထဲက ဘုန်ကြီးကျောင်းမှာပဲ အနေများတော့၊ အိမ်မှာကလဲ တစ်ယောက်တည်းဆိုတော့လေ။"

အဆောင်သို့အပြန်လမ်းမှာ ဟိုဟိုဒီဒီ ပြောနေရင်းကနေ တိုးဝင်သိစေလိုက်ပါသော ကျွန်တော့်ဘဝရဲ့ အလွှာတစ်ခု။ ဘာလို့မှန်းမသိပဲ အခုမှတွေ့ဖူးတဲ့ အကို့ကို ကျွန်တော့်အကြောင်း အကုန်ပြောပြချင်နေသည်။

"ဓမ္မစင်္ကြာကို အလွတ်ရခဲ့တဲ့ ကောင်လေးပေါ့"

"မေတ္တာသုတ်နဲ့ ပဌာန်းအထိပါ"

"သော်က ငကြွားလေးပဲ"

ပြောပြောဆိုဆိုဖြင့် လမ်းလျှောက်ခဲ့သည်က ကျောင်းတည်ရှိရာ လမ်း၈၀ကနေ နန်းရှေ့ကိုတောင် ရောက်လုနီးတော့မည်။ လမ်းမအထက်မှာ စက်ဘီး၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေကြသလို ကျွန်တော့် ရင်အတွင်းမှာလည်း အကို့ဘေးမှာ ရပ်နေတယ်ဆိုတဲ့ အသိနဲ့ အမည်မသိ လှိုင်းလေးတစ်ချို့ ဖြတ်သန်းနေသည်။

"သော်။ ကိုယ်ခေါ်နေတာ ကြားရဲ့လား"

"....."

လမ်းမ အထက်ကိုကြည့်ရင်း ငြိမ်သက်ရွေ့လျားနေတဲ့ ဘေးက သော့်ပုံစံသည် အလွန်ရင့်ကျက်လွန်းသည်။ အေးဆေးတည်ငြိမ်တဲ့ သော့်အသွင်က မြင်ရသူကို ရှိန်စေသည်ဟု အဝန်း ခံစားမိသည်။ သို့သော်လည်း ဘာလို့မှန်းမသိပဲ သော်နဲ့ စကားပြောရတာကို အဝန်းပျော်နေမိသည်။

"သော်..."

လက်မောင်းအရင်းကို ထိတွေ့ကိုင်လိုက်ပြီး အသံပြုလိုက်မှ သော်က အဝန်းထံသို့ကြည့်လာသည်။

"ပြောလေ အကို"

"အငေးလွန်နေတာပဲ ကောင်လေးက။"

"ကျွန်တော် တစ်ခါမှ မရောက်ဖူးလို့အကို။
ပြီးတော့ ပုပ္ပါးမှာက ဒီလိုမျိုး ဆိုင်ကယ်တို့ စက်ဘီးတို့နဲ့ ရှုပ်ယှက်ခတ်တာမျိုး မရှိဘူးလေ။"

"ဘုရားဖူးလာတဲ့ လူတွေရှိတယ်မဟုတ်လား။"

"ကျွန်တော် နေတဲ့ကျောင်းက တောင်ဘက်နဲ့ ဝေးတယ် အကိုရ။ ကျောင်းပတ်ပတ်လည်မှာ စကားပင်တွေ၊ ဆေးပင်တွေနဲ့ ရှုပ်နေတာ"

"သြော်။...ဒါဆို သော်ကျောင်းတတ်တော့ရော"

"ဘ.က ကျောင်းလေ။"

"ဒါဆို သော်က တော်တာပဲ။ ကိုယ့်ကျောင်းကနေ ကိုယ် ဒီထိရောက်လာခဲ့တယ်"

ရာချီမက ထောင်ချီ ရှိနေပါသော ဘော်ဒါတို့မှ ဆင်းသက်လာသည် မဟုတ်သော သော်သည် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကနေ ဤအထိရောက်လာခဲ့သည်မှာ ကံ၊ဉာဏ်၊ ဝီရိယအား တော်တော်လေး ကောင်းလို့ ဟု အဝန်းသတ်မှတ်သည်။

"အကိုကရော ၁၀တန်းဘယ်ကနေအောင်တာလဲ။
ဟို တစ်မျိုးတော့မထင်နဲ့။ အကိုက Top 2ဖြစ်ခဲ့တာ ဆိုလို့ မေးကြည့်တာ"

"ကိုယ်တို့ ရွာက ကျူရှင်မှာပဲတတ်ခဲ့တာလေ။
တကယ်ဆို ကိုယ်က Top 1 အထိ မျှော်မှန်းထားတာ။ ဘယ်တတ်နိုင်ပါ့မလဲ။ ၂ဆိုတော့လည်း လက်ခံခဲ့ရတာပဲလေ"

ဒုတိယနှစ်ကျောင်းသား အကိုသည် ၁၀တန်းမှာ တစ်နိုင်ငံလုံး အဆင့်၁ မဖြစ်ခဲ့သည်ကို အခုထိ မကျေလည်သေးမှန်း မျက်ဝန်းတွေကနေ တဆင့် ကျွန်တော်သိလိုက်သည်။ ယှဥ်ပြိုင်လိုစိတ်များပြီး စူးရဲနေတဲ့ အကိုအကြည့်တွေက အမှန်တကယ်ပင်ကြောက်ဖို့ ကောင်းပါသည်။

"ကိုယ့်ကိုကြည့်ပြီး လျှောက်နေတာ သော်တော့ ခလုတ်တိုက်..."

ပြောလို့မှမဆုံးသေး အုတ်ပိုင်းကျိုးနဲ့ တိုက်ပြီး လဲမလို ဖြစ်တဲ့ သော့်ကို အဝန်းဖမ်းထိန်းပေးလိုက်ရသည်။ ဒီလိုဆိုတော့ သော့်ရဲ့ခန္ဓာကိုယ်လေးက အဝန်း၏ရင်အတွင်း ပြိုဆင်းရသည်။

"နာနေလား သော်"

သော့် ခြေထောက်ဆီသို့ စူးစမ်းကြည့်မိတော့ သွေးမထွက်သော်လည်း ခြေမထိပ်လေးက ရဲတွတ်နေသည်။ ထိုမှမကသေး ရင်ခွင်ထဲက သော်ပုံစံက တော်တော်လေး လန့်သွားဟန်မို့ စိတ်ပူရသည်။

သော့်အတွက် ကျောင်းစတတ်တဲ့ ပထမနေ့မှာ ပျော်စရာတွေနဲ့ပဲ ကြုံစေချင်ပါသည်ဆိုမှ အခုလိုမျိုး အနာတရဖြစ်ရတာမျိုးကို အဝန်းဒေါသထွက်မိသည်။

ပထမနှစ်ကျောင်းသားဘဝဆိုတာက ဘဝမှာတစ်ခါပဲဖြတ်သန်းရတာဖြစ်ပြီး တက္ကသိုလ်စတတ်တဲ့ ပထမနေ့ဆိုတာလည်း ပျော်စရာတွေနဲ့ပြည့်နှက်နေသင့်တာ။ ဒါမှ အချိန်တွေပြောင်းလဲသွားပြီးနောက် ပြန်တွေးတဲ့အခါတိုင်း ကြည်နူးနေရမှာမို့ ဒီတစ်ရက်တော့ သော့်အတွက် ပျော်စရာတွေကြည့်ဖြစ်စေချင်သည်။

"ရတယ် အကို။ သိပ်မနာပါဘူး။
အရမ်းကြီး မတိုက်မိလိုက်ဘူး"

ပေါက်ကွဲထွက်မတတ်ခုန်ပေါက်နေတဲ့ နှလုံးသားကြောင့် အကိုရင်ခွင်ထဲကနေ ထွက်ပြီး မူလအနေအထားအတိုင်း ပြန်လည် ရပ်တည်လိုက်ရသည်။ မဟုတ်ရင် အကို့ရင်ခွင်ကနေ ကျွန်တော် ဘယ်တော့မှ ရုန်းထွက်ချင်မှာ မဟုတ်တော့ဘူး။ မဖြစ်သင့်ဘူးဆိုတဲ့ အရာတွေကို မဖြစ်အောင်ထိန်းသိမ်းခြင်းကလည်း မြတ်သောဆင်ခြင်တုံတရားတစ်ခုပဲတဲ့။

မူမမှန်ချင်တဲ့ အရာအားလုံးကို ထိန်းချုပ်ပြီး ကျွန်တော် အကို့ကို ခင်တွယ်ထားချင်ပါသည်။

"ဒါနဲ့ ....အကို ဘာဖြစ်လို့ ဘော်ဒါမသွားခဲ့တာလဲ။
အကို့ကို ကြည့်ရတာ အကိုဘာလိုချင်လဲဆိုတာကို အစထဲက သိတဲ့ပုံပါ။ ဘာလို့များ သေချာကြိုးစားလို့ရအောင် ဘော်ဒါမတတ်ခဲ့လဲဆိုတာ ကျွန်တော်နားမလည်ဘူး"

စကားလမ်းကြောင်း ပြောင်းလိုက်ပါသော ကျွန်တော့်ကြောင့် ကျွန်တော့်ခြေထောက်ထံသို့ကြည့်ပြီး စိုးရိမ်နေတဲ့ အကို့မျက်လုံးတွေက ကျွန်တော့်မျက်လုံးကို ကြည့်ပြီး ပြုံးရွှင်လို့လာသည်။

"ကိုယ့် ညီမကို မပင်ပန်းစေချင်လို့။"

"ကျွန်တော် သိပ်မနားမလည်ဘူး"

"ဒီလိုလေ သော်ရ။ အိမ်မှာနေပြီး ကျူရှင်တတ်တာက ဘော်ဒါမှာ အချိန်ပြည့်စောင့်ကြည့်ခံပြီး စာလုပ်ရတာထက် ဆိုင်ရင် သက်သာတယ်မဟုတ်လား။ ကိုယ့်ညီမက ကိုယ်လုပ်သမျှ အကုန်လိုက်လုပ်တာ သော်ရဲ့။ အဲ့တာကြောင့် ကိုယ်ဘော်ဒါမသွားခဲ့တာ"

"အရမ်းချစ်တာပဲလား အငယ်တွေကို"

Top 1ဖြစ်ချင်ခဲ့သော သူသည် Top 2ဖြင့်သာ ရပ်တည်ခဲ့ရခြင်း အကြောင်းတရားက အငယ်တွေကို မပင်ပန်းစေချင်လို့တဲ့။ ဒီနေရာမှာ ကျွန်တော်တွေ့လိုက်ရသည်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတွေကိုပင်။ အကို့ညီမတွေက အကို့ရဲ့ချစ်ခြင်းတရားတွေကြောင့် ကံအကောင်းဆုံးလူသားတွေပင်။

"ကိုယ့်ညီမပဲဟာ ကိုယ်ချစ်တာပေါ့။
တစ်ဦးတည်းသော သားဆိုတော့ သော်က အဲ့တာမျိုးတွေ ကြုံဖူးမှာမဟုတ်ဘူး။ ကိုယ့်မှာ သူတို့ပြောတာလေးတွေကို နားထောင်ပြီး ပြုံးရတဲ့အခိုက်အတန့်က သိပ်များတယ်။"

"အကို့ညီမလေးတွေက တော်တော်လေးချစ်ရာကောင်းတဲ့ ပုံပဲ။"

"အင်း။ နောက်ကြုံရင် သော့်ကိုပြချင်ပါသေးတယ်"

အငယ်တွေအကြောင်းပြောတဲ့ အချိန်မှာ အကို့မျက်လုံးလေးတွေက ရွှင်မြူးလို့နေသည်။ အကို့မျက်နှာတစ်ခုလုံးက သူ့နေရာနှင့်သူ ပြည့်စုံသော်လည်း ကျွန်တော် သဘောအကျဆုံးကတော့ အကို့ရဲ့မျက်လုံးတွေပဲ။ မျက်ဆံ ရွှေဝါရောင်နှင့် မျက်သားအိမ် ကြည်ကြည်လင်လင်တို့က သိပ်လှပါသည်။

"ဟေ့ အဝန်း မြန်မြန်လာဟ။
မင်းကို စောင့်နေကြတာ"

အသံလာရာသို့ ကြည့်လိုက်တော့မှ အကိုတို့အဆောင်ရောက်ပြီဆိုတာကို သိလိုက်ရသည်။ အတွင်းထဲကနေ လှမ်းအော်သည့် အသံက တော်တော်လေး ကျယ်လွန်းပါသည်။

"သော်က နှစ်ယောက်ခန်းလား၊ တစ်ယောက်ခန်းလား။"

အတော်အတန်ကျယ်ဝန်းပါသော အဆောင်တွင် ဆေးကျောင်းသားတွေနေကြသည်မို့ အဆောင်ပိုင်ရှင်က တစ်ခန်းကို အလွန်ဆုံးနှစ်ယောက်သာထားပေးသည်။ တစ်ယောက်ခန်းဆိုတာကလည်း ၄ခန်းလောက်အထိရှိသည်။ ထိုကြောင့် သော့်အား တစ်ယောက်ခန်းလား၊ နှစ်ယောက်ခန်းလား မေးခြင်း။

"ကျွန်တော်က ဟိုဘက်က အိမ်လေးမှာငှားနေတာ အကို"

အဝန်းတို့ အဆောင်နှင့် ကပ်လျက်ရှိတဲ့ ပျဥ်ထောင်အိမ်လေးကို သော်က ညွှန်ပြသည်။

"လူလည်လုပ်တာပဲ။ ကိုယ့်မှာ သော့်ကို ကိုယ်တို့အဆောင်က ဂျူနီယာထင်ပြီး ပျော်နေတာ။"

"ဗျာ..."

"အခုနှစ် ကိုယ်တို့အဆောင်မှာ ပထမနှစ်မရှိဘူးလေ။ ဒုတိယနှစ်ကလည်း ကိုယ်တစ်ယောက်တည်းကွ။ အဲ့တော့ စီနီယာတွေ ထောင်းသမျှက ကိုယ်ပဲခံရမှာ။ မရဘူးကွာ သော်ပါလိုက်ခဲ့"

သော့်လက်ကို ဆွဲပြီး အဆောင်ထဲဝင်လာခဲ့တဲ့ အဝန်းရဲ့ ပုံစံက ဇွတ်တရွတ်နိုင်လှပါသည်။

"ဖြည်းဖြည်းလာပါဟ။ နောက်က ကောင်လေးလဲ လဲကျပါဦးမယ်ကွာ..."

အဆောင်ရှေ့မှာ ဝိုင်းဖွဲ့နေကြတဲ့ စီနီယာတွေက အဆောင်ထဲကို ဝင်ချလာတဲ့ အဝန်းရဲ့ပုံစံကြောင့် နောက်မှာ ပါလာတဲ့ သော့်ရဲ့ကသောကမြောနိုင်မှုကို ကြည့်ရင်း ပြောသည်။

"မလဲပါဘူး ကိုတိုးရာ။ ကဲ သော်ရေ ဒီမှာထိုင်"

သော့်လက်ထဲက စာအုပ်တွေကိုပါ နေရာချပေးပြီးနောက်မှာတော့ ထိုင်နေပြီဖြစ်တဲ့ သော့်ထံသို့ ရေနွေးကြမ်းတစ်ခွက် ကမ်းပေးလေသည်။

"အကိုလည်း ထိုင်လေ"

"ကိုယ်က ရတယ်သော်။"

"အမယ် ငါ့တို့ညီလေးက ကိုယ်တွေဘာတွေပြောလို့ပါလား။ ကြည့်ရတာ ဂျူနီယာရလာပြီထင်တယ်"

စတုတ္တနှစ်ဖြစ်သော သန်းတိုးအောင်က သော့်ကိုကြည့်ရင်း အဝန်းကိုပြောသည်။ နှစ်နှစ်ဆက်တိုက် အဆောင်မှာ အငယ်ဆုံးလေးဖြစ်နေရတဲ့ အဝန်းက အကိုတွေရဲ့အချစ်တော်ဖြစ်သော်လည်း အကိုတွေခိုင်းသမျှကို လှိမ့်ပိမ့်နေအောင်လုပ်ပေးရသည်မို့ သူလည်းပဲ ဂျူနီယာလိုချင်နေတာ အကုန်လုံးအသိ။

သို့သော်လည်း ကံဆိုးချင်တော့ ဒီနှစ်အဆောင်မှာ ပထမနှစ်ရောက်မလာပါ။

"ကျွန်တော်ကိုက ကံဆိုးတာပါဗျာ။
သော်က ဟိုဘက်အိမ်မှာငှားနေတာတဲ့။
ဒီလောက်နီးနေတာ၊ ယောင်မှားပြီး ဒီအဆောင်ကို ငှားမိလိုက် ပါရောလားတဲ့။"

ဂျစ်ကန်ကန်နဲ့ အကို့အပြောကို ကျွန်တော်မှင်သက်သွားသော်လည်း ကျန်တဲ့လူတွေက တဟားဟားနှင့် သဘောတကျရယ်နေကြသည်။ တစ်နေ့လုံး ကျွန်တော့်ရှေ့မှာ အကြီးပီပီလူကြီးဆန်ပြခဲ့တဲ့ အကိုက ဤသို့လည်း ချစ်စရာကောင်းအောင် ဂျစ်တတ်သေးသည်တဲ့။

"ကဲ ကဲ မင်းတို့မရယ်နဲ့တော့။
လုပ်ငန်းစ ရအောင်လေ။"

"၄ယောက်စီလုပ်ကြမလား။"

"ကျွန်တော်မပါဘူး"

"ကျွန်တော်လည်း မပါသေးဘူး"
ထို့အပြင် နောက်ထပ် ၄ယောက်လည်း လက်ထောင်ပြသည်။

ထိုကြောင့် သီချင်းဆက်တဲ့ ဂိမ်းမှာ ပါဝင်မည်သူက သော်အပါအဝင်မှ လေးယောက်သာကျန်သည်။

"မင်းဘယ်သူနဲ့ နေမလဲ အဝန်း"

"သော်နဲ့ပဲနေလိုက်မယ်။ ကိုတိုးတို့ မညစ်နဲ့ဦး။
ကလေးပါ လိမ်တတ်သွားမှာ စိုးလို့..."

ကျွန်တော့်ကို မွေးခါစ ကလေးသဖွယ် သဘောထားနေပါသော အကို့အား ကျန်သည့်သူများသည် လှောင်ရယ် ရယ်ကြလေသည်။ ကြည့်ရတာ ညီငယ်လေးပြောသမျှကို သဘောတကျရှိနေပေးကြသည့် ပုံပါ။ အကိုက ဒီအဆောင်မှာတော့ အဖိုးတန်အငယ်လေးဖြစ်မည်။

"သော် သီချင်းတော့ရတယ် မဟုတ်လား။"

"နည်းနည်းပါပါးတော့ ရတယ်"

"စိတ်မပူနဲ့ ကိုယ်ရှိတယ်"

ခုံမှာ ဝင်ထိုင်ရင်း အကိုက ကျွနိတော့်အား အားပေးလေသည်။ သူတို့ဘာဆော့မည်ကို ကျွန်တော်မသိပါ။ ဝင်ပါရမလား၊ မပါပဲနေရမလားဆိုတာကိုလည်း မဆုံးဖြတ်ရသေး။ သို့သော်လည်း ကျွန်တော်နဲ့အကိုက တစ်ဖက်တည်း ကျသွားပြီ။

"အငယ်တွေကို ဦးစားပေးတယ်။ မင်းတို့အရင်စ ကွာ...."

လွင်လွင်မောင်၏ အပြောကို အဝန်းညစ်ပြုံးတစ်ချက် ပြုံးလိုက်ပြီး....
"ညနဲ့ စတဲ့ သီချင်းဗျာ။"

ပထမ စာလုံးရွေးချယ်မှုက သီချင်းမစရသေးသည်မို့ ပြောချင်တာ ပြောလို့ရပါသည်။ ထိုကြောင့် အဝန်းတမင် ညစ်လိုက်ခြင်းပါ။ သို့သော်လည်း ဆေးကျောင်း ပဥ္စမနှစ်ဖြစ်တဲ့ ကိုလွင်မောင်ကလည်း မခေပါ။

"ညအခါ သူရိမ်နေမင်း ပြင်းပြတဲ့အခါ သနားစရ ကြာပန်းလေခဗျာ နွမ်းလျခွေခေါက်ရတာ တို့နှစ်ယောက်အချစ်လည်း ဒီလိုပဲပေါ့ချစ်စုံသက်ရာ မင်းနဲ့ ကိုယ်ဟာ ငွေလမင်းနှင့်ကြာပန်းလေးပုံပမာ နှစ်ဦးသားအချစ်မှာ ကြည်နူးကြတဲ့အခါ မောင်ချစ်ပန်းက တင့်ဆန်းလန်းဝေဖြာ..."

"ကဲ ဖြာ...ဖ"

သီချင်းကို အထှာကျကျနှင့် ဆိုသွားပါသော ကိုလွင်မောင်၏ အသံအဆုံးမှာ ကိုတိုးက အဝန်းတို့ဆက်ရမည့် "ဖ" စကားလုံးကို အားဖိပြောသည်။ ကြည့်ရတာ သူတို့ ဆက်နိုင်လို့ ဂုဏ်ယူနေပုံ။

"ဖ နှင့် စတဲ့သီချင်းကို ဆိုလိုက်ရင်ရတယ် သော်။
ဆိုရမှာ ရှက်ရင် ကိုယ့်ကို ကပ်ပြီးပြော၊ ကိုယ်ဆိုပေးမယ်။ သီချင်းဆိုတယ်လို့ သဘောမထားပဲ မေးခွန်းဖြေတယ်လို့ပဲ သဘောထားပေါ့"

သော့်အား အနားကပ်ကာ တိုးတိုး တိုးတိုး ပြောနေသည့် အဝန်းကို အကြီိးတန်းများက ရယ်နေကြပြီ။ အဝန်းဘယ်လောက်ထိ ညီလိုချင်သလဲဆိုတာ သူတို့အသိဆုံးပါ။ ယောကျာ်းလေး အဖော်ရသော်လည်း အတန်းကြီးတဲ့ စီနီယာမို့လို့ သူတို့ထောင်းသမျှခံရတဲ့ အဝန်းဟာ ပထမနှစ်တစ်နှစ်လုံး ဆုတောင်းခဲ့သည်က ဒုတိယနှစ်ရောက်လျှင် အဆောင်ကို ပထမနှစ်အသစ်ကလေး ရောက်လာပါသည်ဆိုတာပင်။

သို့သော်လည်း အဝန်းရဲ့ဆုတောင်းက မပြည့်ခဲ့ပါ။ ထို့ကြောင့် ဘေးအိမ်က ကောင်လေးကို အဝန်း အသည်းအသန်တွေ ဂရုစိုက်နေခြင်းဖြစ်သည်။

"ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်"

"ဟားးးဟားးးးးး....."

သော်ဆိုတဲ့ သီချင်းကြောင့် စီနီယာတွေတင်မဟုတ်တော့ပဲ ဘေးနားက အဝန်းကပါ အားရပါးရနှင့်ရယ်ချလေသည်။ အကုန်လုံးဝိုင်းရယ်လိုက်တော့ သော်က အနည်းငယ်ရှက်သွားကာ...
"ဟို နားရည်ဝနေတဲ့ သီချင်းမို့ပါ။"

ပတ်ဝန်းကျင်က ကလေးတွေ နေ့တိုင်းဖွင့်တဲ့ ဤသီချင်းအား ဖြေလိုက်ခြင်းကို သော့်မှာ ဘယ်လို လျှောက်လဲချက် ပေးလိုက်ရမှန်းမသိတော့။ ဘေးက လူတွေရယ်တာကလည်း တကယ့်ကို အူလှိုက်သဲလှိုက်နှင့်ပင်။

"တ တ...မရယ်ကြနဲ့လေဗျာ။
သီချင်းဆက်တာပဲကို...."

မရယ်ကြနဲ့ ပြောတဲ့ အကို့အသံသည်လည်း ရယ်ရှိန်မရပ်သေးပါ။ အကိုက ခပ်သဲ့သဲ့ရယ်သံနှင့်အတူ အဆုံးပိတ် အက္ခရာကို မေးသည်။

"တကယ်ဆိုရင် အချစ်ပဲလိုတယ်။
ဘာကြောင့်...."

Feeling အပြည့်နှင့် မျက်နှာတွေအထိပါ မဲ့ရွဲ့ပြီး ဆိုတဲ့ သန်းတိုးအောင်သည် တစ်ကြောင်းပဲ ဆိုပြီး တိခနဲရပ်လိုက်သည်မို့ အဝန်းတို့ဆက်ရမည်က "က" အက္ခရာ။

"ကိုကိုချစ်ရေ။ တို့ကတော့ ဒီလိုပဲ ခေါ်မှာပဲ ဟေ့ ကြားလား ကိုကို့ချစ်ရေ....ဝူး"

ဆတ်ခနဲဆိုလိုက်တဲ့ အဝန်းရဲ့ အသံကြောင့် အားလုံးက ထပ်ရယ်ကြရသည်။ သော်ရဲ့ ဖေဖေကြီး သီချင်းကနေစပြီး သူတို့ အပြောင်အပျက်တွေ လုပ်နေကြသည်က အဖွဲ့လိုက် ရယ်မောနေရသည်။

"ဝူး ကဘာလဲဟ။"

"မသိဘူးဗျာ။ ဝူးပဲ 'ဝ"

မနိုင် နိုင်အောင် တမင်ညစ်နေပါသော အကို့ပုံစံလေးက အူယားစရာလေး။ အကြီးပီပီ ပြုမူခြင်းတွေရဲ့နောက်မှာ ဒီလို အမူအယာလေးတွေကို မြင်ခွင့်ရတာက ဘေးအိမ်ကို ငှားခဲ့လို့ဖြစ်သည်။

အကိုနှင့် အဆောင်မနီးပဲ ကျောင်းမှာသာ တွေ့ရမည်ဆိုလျှင် ဤမျှလောက်ထိ ချစ်စရာကောင်းတဲ့ အကို့ပုံစံကို မြင်ခွင့်ရမှာ မဟုတ်ပါ။ ကျေးဇူးတင်ပါတယ် ဘဘုန်းရယ်။

"ဟေ့ သော်။ 'လ' တဲ့ စဥ်းစားဦး။"

တစ်ဖက်အသင်းက 'ဝ' နဲ့စတာ ဘာဆိုလိုက်လဲမသိပေမယ့် အခုကျွန်တော်တာဝန်ကျသည်က 'လ'နဲ့ စတဲ့သီချင်းပင်။ ဒီတစ်ခါတော့ ကလေးသီချင်းတွေကို ကွင်းလို့ရှောင်ဖယ်ပြီး ဆိုလိုက်သည်က...
"လေပြေ ညှင်းတွေ တိုက်ခတ်မှ သာယာပါတယ်ချစ်သူအပြုံး။"

ဤတစ်ကြောင်းမှ လွဲဆက်မရတော့သည်မို့ ဤနေရာတွင် ရပ်တန့်လိုက်တော့..
'ပ" ဆိုတဲ့ အကို့ရဲ့ မေးသံကို ကြားလိုက်ရသည်။

ကျွန်တော်ရပ်နားသည့်နေရာသည် အကိုရဲ့ စတင်ရာဖြစ်နေသည်ကို သိလိုက်ရတော့ ကျွန်တော်စိတ်ထဲတွေးမိသည်က ဘာရယ်မဟုတ်ပဲ ကျွန်တော့်တို့ လက်ဖက်ညီတာပဲ။

"ပန်ဆင်သော ပန်းကလေးကို ပွင့်လန်းစေ။
မပန်ချင်.."

"ခ ' ကွာ ဆိုကြ"

"ခင့်ကို အချစ်ကြိုးတွေ သွယ်ကာ ရစ်ကာ မေတ္တာစစ်နဲ့ဆို ရှောင်ချင်သလို ရှားချင်သလို မစိမ်းပင်ကြီးရယ် မူကပို"

အဝန်းမဆိုခင် သော်က အရင်ဦးအောင် ဆိုလိုက်သည်မို့ သွက်လက်လာတဲ့ ညီလေးကို ကြည့်ပြီး အဝန်းပြုံးမိသည်။

"ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်ရာကောင်းလိုက်တာကွာ။ 'က' "

Slow downနှင့် သီချင်းဆိုပြီး အက္ခရာပြောသည့်နေရာမှာ အသံပြင်းချတဲ့ ကိုလွင်မောင့်ရဲ့ အသံဆုံးပြီး ချက်ချင်းမှာပဲ ထွက်ပေါ်လာတဲ့ သော်အသံချိုချို။

"ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်။ ငှက်တွေကိုလေ ဘယ်သူတွေ တေးဆိုစေတယ်။
မေ့မရဘူးကွယ် အချစ်ရဆုံးသူရယ်...."

ကလေးသီချင်လည်းမဟုတ်၊ စည်းချက်မကျတာလည်း မဟုတ်တော့၊ ခပ်သွက်ဆိုတာမျိုးလည်း မဟုတ်ပဲ မူရင်းအဆိုရှင်လို ဆွဲငင်ငင်ဖြစ်တဲ့ အောင့်အသံကြောင့် နောက်ထပ် အသံတို့က ထပ်ထွက်မလာသေး။ အကုန်လုံးက အောင်ဆက်ပြီး ဆိုဦးမည်ပဲထင်နေကြသည်။

"ရ' လေ အကိုတို့။"

"သော့်အသံက အရမ်းကောင်းတာပဲ"

"အေးကွာ။ ညီလေး မင်းအသံကို ငါတို့တော့ တော်တော် သဘောကျသွားပြီ။ အဆိုတော်တွေ ဘာတွေ ဝါသနာပါသေးလား"

အဝန်း အနောက်မှာရပ်နေသည့် အတန်းကြီးအကိုတစ်ယောက်က ပြောတော့ သော်က ခေါင်းခါပြရင်း
"မပါပါဘူး" ဟု ဖြေပေးသည်။

"မပါရင်လည်း ငါတို့ကိုတော့ သီချင်းလေးဆိုပြပါကွာ။ ငါတို့ မင်းအသံလေးကို ကြိုက်လို့"

ကိုလွင်မောင်က တောင်းဆိုတော့လည်း သော်က ခေါင်းရမ်းပြပြီး ငြင်းပြန်သည်။

စီနီယာတွေအကုန်လုံးက မျှော်လင့်တကြီးနှင့် တောင်းဆိုနေသည်ကို ပထမနှစ်လေး သော်က ငြင်းဆန်သည်မှာ မကောင်း ဖြစ်တာမို့ အဝန်းကပဲ ဤ အခြေအနေကို ဖျက်ဆီိးလိုက်သည်။

"သော် အခန်းရှင်းစရာရှိသေးတယ်ဆို။
နောက်တောင် ကျနေပြီ။"

ပြောပြောဆိုဆိုနှင့် သော့် စာအုပ်တွေပါ ကောက်ကိုင်ပြီး သော့်လက်ကို ဆွဲထူကာ ထစေသည့်နောက်မှာ စီနီယာတွေဘက်လှည့်ကာ မျက်လုံးတစ်ဖက် မှိတ်ပြခဲ့လေသည်။

"သော်..."

"ဗျာ။"

အိမ်ထဲကနေ ရေတစ်ခွက် ခပ်ပေးရင်း အကိုရှေ့ချပေးလိုက်တော့ အကိုက သော့်ကိုကြည့်ရင်း သော်ဆိုသည့်နာမကို ရေရွတ်သည်။

"သီချင်းဆိုရတာကို မကြိုက်ဘူးလား။"

"ကြိုက်ပါတယ်။ ဒါပေမယ့်လည်း သူများရှေ့တော့ မဆိုချင်ဘူး။ နည်းနည်း ကသိကအောက်နိုင်မယ်ထင်လို့"

"အစမို့ပါ သော်ရာ။
ကိုယ်လည်း အစပိုင်းတော့ သော့်လိုပါပဲ။
ဒီလူတွေ အတန်ကြီးတယ်ဆိုပြီး စောက်ချိုးမပြေဘူးထင်ခဲ့တာ။ ဒါပေမယ့်လည်း ကြာလာတော့ သူတို့နဲ့ နေသားကြလာတာပါပဲ။ အတန်းကြီးလေလေ စာများလေလေ ပင်ပန်းလေလေနဲ့ အငယ်တွေကိုနိုင်စားချင်လေလေပဲ သော်ရ။ နားလည်ပေးလိုက်ပါကွာ။"

"ဒါပေမယ့်လည်း ကိုယ့်ပိုက်ဆံကိုယ် ကျောင်းတတ်နေတာကို ဘာဖြစ်လို့ သူတို့ပြောသလိုနေပေးရမှာလဲ။ ကျွန်တော် နားမလည်ဘူး"

"သူတို့က စီနီယာမိုလို့ပေါ့။ ဒီအသိုက်အဝန်းမှာ ကျင်လည်ရမယ့် ကိုယ်တို့မှာ ကိုယ်တို့က ကျိုးနွံရမယ့်သူရော၊ ကိုယ်တို့ကို ကိုင်းရှိုင်းလာမယ့်သူရော ရှိလာမှာပဲ။ ဒါတွေနဲ့ ကင်းအောင်ရှောင်မယ်ဆိုရင် ကိုယ်တို့ဒီအသိုက်အဝန်းရဲ့ အပြင်ကို ရောက်သွားလိမ့်မယ်။"

ဒီအသိုက်အဝန်းထဲမှာ နေသားကျအောင် လမ်းပြပေးခဲ့သူသည် ကျွန်တော့်ကို ဒီအသိုက်အဝန်းရဲ့အပြင်ကို တွန်းထုတ်ခဲ့သူဖြစ်လိမ့်မည်ဟု ကျွန်တော် မစဥ်းစားခဲ့မိပါ။

"ကိုယ်ပြောတာ နားလည်လား သော်။"

"ဟုတ်ကဲ့။ ကျွန်တော် ကြိုးစားပါ့မယ်"

"အင်း။ ဒါဆို ကိုယ်ပြန်လိုက်ဦးမယ်။"

အကို ပြန်ထွက်သွားပြီး တော်တော်ကြာသည်အထိ ကျွန်တော့်မှာ အိပ်မပျော်နိုင်သေးပဲ တွေးတောနေရသည်က ည၁၀နာရီပင် ထိုးတော့မည်။ ကျွန်တော့်ရဲ့ စိတ်အာရုံတို့က အကိုနဲ့ရှိခဲ့တဲ့ အခိုက်အတန့်တွေကို ပြန်တွေးပြီး သိဝင်နိုးကြားစေဆဲဖြစ်သည်။

_________________________


Zawgyi......


"ဒါဆို ေသာ္က ဘုန္းႀကီးေက်ာင္းသားေပါ့"

"အဲ့လိုေျပာလို႔ရပါတယ္။ ကြၽန္ေတာ္ငယ္ငယ္ထဲက ဘုန္ႀကီးေက်ာင္းမွာပဲ အေနမ်ားေတာ့၊ အိမ္မွာကလဲ တစ္ေယာက္တည္းဆိုေတာ့ေလ။"

အေဆာင္သို႔အျပန္လမ္းမွာ ဟိုဟိုဒီဒီ ေျပာေနရင္းကေန တိုးဝင္သိေစလိုက္ပါေသာ ကြၽန္ေတာ့္ဘဝရဲ႕ အလႊာတစ္ခု။ ဘာလို႔မွန္းမသိပဲ အခုမွေတြ႕ဖူးတဲ့ အကို႔ကို ကြၽန္ေတာ့္အေၾကာင္း အကုန္ေျပာျပခ်င္ေနသည္။

"ဓမၼစၾကၤာကို အလြတ္ရခဲ့တဲ့ ေကာင္ေလးေပါ့"

"ေမတၱာသုတ္နဲ႔ ပဌာန္းအထိပါ"

"ေသာ္က ငႂကြားေလးပဲ"

ေျပာေျပာဆိုဆိုျဖင့္ လမ္းေလွ်ာက္ခဲ့သည္က ေက်ာင္းတည္ရွိရာ လမ္း၈၀ကေန နန္းေရွ႕ကိုေတာင္ ေရာက္လုနီးေတာ့မည္။ လမ္းမအထက္မွာ စက္ဘီး၊ ဆိုင္ကယ္မ်ား ျဖတ္သန္းသြားလာေနၾကသလို ကြၽန္ေတာ့္ ရင္အတြင္းမွာလည္း အကို႔ေဘးမွာ ရပ္ေနတယ္ဆိုတဲ့ အသိနဲ႔ အမည္မသိ လႈိင္းေလးတစ္ခ်ိဳ႕ ျဖတ္သန္းေနသည္။

"ေသာ္။ ကိုယ္ေခၚေနတာ ၾကားရဲ႕လား"

"....."

လမ္းမ အထက္ကိုၾကည့္ရင္း ၿငိမ္သက္ေ႐ြ႕လ်ားေနတဲ့ ေဘးက ေသာ့္ပုံစံသည္ အလြန္ရင့္က်က္လြန္းသည္။ ေအးေဆးတည္ၿငိမ္တဲ့ ေသာ့္အသြင္က ျမင္ရသူကို ရွိန္ေစသည္ဟု အဝန္း ခံစားမိသည္။ သို႔ေသာ္လည္း ဘာလို႔မွန္းမသိပဲ ေသာ္နဲ႔ စကားေျပာရတာကို အဝန္းေပ်ာ္ေနမိသည္။

"ေသာ္..."

လက္ေမာင္းအရင္းကို ထိေတြ႕ကိုင္လိုက္ၿပီး အသံျပဳလိုက္မွ ေသာ္က အဝန္းထံသို႔ၾကည့္လာသည္။

"ေျပာေလ အကို"

"အေငးလြန္ေနတာပဲ ေကာင္ေလးက။"

"ကြၽန္ေတာ္ တစ္ခါမွ မေရာက္ဖူးလို႔အကို။
ၿပီးေတာ့ ပုပၸါးမွာက ဒီလိုမ်ိဳး ဆိုင္ကယ္တို႔ စက္ဘီးတို႔နဲ႔ ရႈပ္ယွက္ခတ္တာမ်ိဳး မရွိဘူးေလ။"

"ဘုရားဖူးလာတဲ့ လူေတြရွိတယ္မဟုတ္လား။"

"ကြၽန္ေတာ္ ေနတဲ့ေက်ာင္းက ေတာင္ဘက္နဲ႔ ေဝးတယ္ အကိုရ။ ေက်ာင္းပတ္ပတ္လည္မွာ စကားပင္ေတြ၊ ေဆးပင္ေတြနဲ႔ ရႈပ္ေနတာ"

"ေၾသာ္။...ဒါဆို ေသာ္ေက်ာင္းတတ္ေတာ့ေရာ"

"ဘ.က ေက်ာင္းေလ။"

"ဒါဆို ေသာ္က ေတာ္တာပဲ။ ကိုယ့္ေက်ာင္းကေန ကိုယ္ ဒီထိေရာက္လာခဲ့တယ္"

ရာခ်ီမက ေထာင္ခ်ီ ရွိေနပါေသာ ေဘာ္ဒါတို႔မွ ဆင္းသက္လာသည္ မဟုတ္ေသာ ေသာ္သည္ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္းကေန ဤအထိေရာက္လာခဲ့သည္မွာ ကံ၊ဉာဏ္၊ ဝီရိယအား ေတာ္ေတာ္ေလး ေကာင္းလို႔ ဟု အဝန္းသတ္မွတ္သည္။

"အကိုကေရာ ၁၀တန္းဘယ္ကေနေအာင္တာလဲ။
ဟို တစ္မ်ိဳးေတာ့မထင္နဲ႔။ အကိုက Top 2ျဖစ္ခဲ့တာ ဆိုလို႔ ေမးၾကည့္တာ"

"ကိုယ္တို႔ ႐ြာက က်ဴရွင္မွာပဲတတ္ခဲ့တာေလ။
တကယ္ဆို ကိုယ္က Top 1 အထိ ေမွ်ာ္မွန္းထားတာ။ ဘယ္တတ္ႏိုင္ပါ့မလဲ။ ၂ဆိုေတာ့လည္း လက္ခံခဲ့ရတာပဲေလ"

ဒုတိယႏွစ္ေက်ာင္းသား အကိုသည္ ၁၀တန္းမွာ တစ္ႏိုင္ငံလုံး အဆင့္၁ မျဖစ္ခဲ့သည္ကို အခုထိ မေက်လည္ေသးမွန္း မ်က္ဝန္းေတြကေန တဆင့္ ကြၽန္ေတာ္သိလိုက္သည္။ ယွဥ္ၿပိဳင္လိုစိတ္မ်ားၿပီး စူးရဲေနတဲ့ အကိုအၾကည့္ေတြက အမွန္တကယ္ပင္ေၾကာက္ဖို႔ ေကာင္းပါသည္။

"ကိုယ့္ကိုၾကည့္ၿပီး ေလွ်ာက္ေနတာ ေသာ္ေတာ့ ခလုတ္တိုက္..."

ေျပာလို႔မွမဆုံးေသး အုတ္ပိုင္းက်ိဳးနဲ႔ တိုက္ၿပီး လဲမလို ျဖစ္တဲ့ ေသာ့္ကို အဝန္းဖမ္းထိန္းေပးလိုက္ရသည္။ ဒီလိုဆိုေတာ့ ေသာ့္ရဲ႕ခႏၶာကိုယ္ေလးက အဝန္း၏ရင္အတြင္း ၿပိဳဆင္းရသည္။

"နာေနလား ေသာ္"

ေသာ့္ ေျခေထာက္ဆီသို႔ စူးစမ္းၾကည့္မိေတာ့ ေသြးမထြက္ေသာ္လည္း ေျခမထိပ္ေလးက ရဲတြတ္ေနသည္။ ထိုမွမကေသး ရင္ခြင္ထဲက ေသာ္ပုံစံက ေတာ္ေတာ္ေလး လန္႔သြားဟန္မို႔ စိတ္ပူရသည္။

ေသာ့္အတြက္ ေက်ာင္းစတတ္တဲ့ ပထမေန႔မွာ ေပ်ာ္စရာေတြနဲ႔ပဲ ႀကဳံေစခ်င္ပါသည္ဆိုမွ အခုလိုမ်ိဳး အနာတရျဖစ္ရတာမ်ိဳးကို အဝန္းေဒါသထြက္မိသည္။

ပထမႏွစ္ေက်ာင္းသားဘဝဆိုတာက ဘဝမွာတစ္ခါပဲျဖတ္သန္းရတာျဖစ္ၿပီး တကၠသိုလ္စတတ္တဲ့ ပထမေန႔ဆိုတာလည္း ေပ်ာ္စရာေတြနဲ႔ျပည့္ႏွက္ေနသင့္တာ။ ဒါမွ အခ်ိန္ေတြေျပာင္းလဲသြားၿပီးေနာက္ ျပန္ေတြးတဲ့အခါတိုင္း ၾကည္ႏူးေနရမွာမို႔ ဒီတစ္ရက္ေတာ့ ေသာ့္အတြက္ ေပ်ာ္စရာေတြၾကည့္ျဖစ္ေစခ်င္သည္။

"ရတယ္ အကို။ သိပ္မနာပါဘူး။
အရမ္းႀကီး မတိုက္မိလိုက္ဘူး"

ေပါက္ကြဲထြက္မတတ္ခုန္ေပါက္ေနတဲ့ ႏွလုံးသားေၾကာင့္ အကိုရင္ခြင္ထဲကေန ထြက္ၿပီး မူလအေနအထားအတိုင္း ျပန္လည္ ရပ္တည္လိုက္ရသည္။ မဟုတ္ရင္ အကို႔ရင္ခြင္ကေန ကြၽန္ေတာ္ ဘယ္ေတာ့မွ ႐ုန္းထြက္ခ်င္မွာ မဟုတ္ေတာ့ဘူး။ မျဖစ္သင့္ဘူးဆိုတဲ့ အရာေတြကို မျဖစ္ေအာင္ထိန္းသိမ္းျခင္းကလည္း ျမတ္ေသာဆင္ျခင္တုံတရားတစ္ခုပဲတဲ့။

မူမမွန္ခ်င္တဲ့ အရာအားလုံးကို ထိန္းခ်ဳပ္ၿပီး ကြၽန္ေတာ္ အကို႔ကို ခင္တြယ္ထားခ်င္ပါသည္။

"ဒါနဲ႔ ....အကို ဘာျဖစ္လို႔ ေဘာ္ဒါမသြားခဲ့တာလဲ။
အကို႔ကို ၾကည့္ရတာ အကိုဘာလိုခ်င္လဲဆိုတာကို အစထဲက သိတဲ့ပုံပါ။ ဘာလို႔မ်ား ေသခ်ာႀကိဳးစားလို႔ရေအာင္ ေဘာ္ဒါမတတ္ခဲ့လဲဆိုတာ ကြၽန္ေတာ္နားမလည္ဘူး"

စကားလမ္းေၾကာင္း ေျပာင္းလိုက္ပါေသာ ကြၽန္ေတာ့္ေၾကာင့္ ကြၽန္ေတာ့္ေျခေထာက္ထံသို႔ၾကည့္ၿပီး စိုးရိမ္ေနတဲ့ အကို႔မ်က္လုံးေတြက ကြၽန္ေတာ့္မ်က္လုံးကို ၾကည့္ၿပီး ၿပဳံး႐ႊင္လို႔လာသည္။

"ကိုယ့္ ညီမကို မပင္ပန္းေစခ်င္လို႔။"

"ကြၽန္ေတာ္ သိပ္မနားမလည္ဘူး"

"ဒီလိုေလ ေသာ္ရ။ အိမ္မွာေနၿပီး က်ဴရွင္တတ္တာက ေဘာ္ဒါမွာ အခ်ိန္ျပည့္ေစာင့္ၾကည့္ခံၿပီး စာလုပ္ရတာထက္ ဆိုင္ရင္ သက္သာတယ္မဟုတ္လား။ ကိုယ့္ညီမက ကိုယ္လုပ္သမွ် အကုန္လိုက္လုပ္တာ ေသာ္ရဲ႕။ အဲ့တာေၾကာင့္ ကိုယ္ေဘာ္ဒါမသြားခဲ့တာ"

"အရမ္းခ်စ္တာပဲလား အငယ္ေတြကို"

Top 1ျဖစ္ခ်င္ခဲ့ေသာ သူသည္ Top 2ျဖင့္သာ ရပ္တည္ခဲ့ရျခင္း အေၾကာင္းတရားက အငယ္ေတြကို မပင္ပန္းေစခ်င္လို႔တဲ့။ ဒီေနရာမွာ ကြၽန္ေတာ္ေတြ႕လိုက္ရသည္က ကမာၻေပၚမွာ ကံအေကာင္းဆုံးလူသားေတြကိုပင္။ အကို႔ညီမေတြက အကို႔ရဲ႕ခ်စ္ျခင္းတရားေတြေၾကာင့္ ကံအေကာင္းဆုံးလူသားေတြပင္။

"ကိုယ့္ညီမပဲဟာ ကိုယ္ခ်စ္တာေပါ့။
တစ္ဦးတည္းေသာ သားဆိုေတာ့ ေသာ္က အဲ့တာမ်ိဳးေတြ ႀကဳံဖူးမွာမဟုတ္ဘူး။ ကိုယ့္မွာ သူတို႔ေျပာတာေလးေတြကို နားေထာင္ၿပီး ၿပဳံးရတဲ့အခိုက္အတန္႔က သိပ္မ်ားတယ္။"

"အကို႔ညီမေလးေတြက ေတာ္ေတာ္ေလးခ်စ္ရာေကာင္းတဲ့ ပုံပဲ။"

"အင္း။ ေနာက္ႀကဳံရင္ ေသာ့္ကိုျပခ်င္ပါေသးတယ္"

အငယ္ေတြအေၾကာင္းေျပာတဲ့ အခ်ိန္မွာ အကို႔မ်က္လုံးေလးေတြက ႐ႊင္ျမဴးလို႔ေနသည္။ အကို႔မ်က္ႏွာတစ္ခုလုံးက သူ႔ေနရာႏွင့္သူ ျပည့္စုံေသာ္လည္း ကြၽန္ေတာ္ သေဘာအက်ဆုံးကေတာ့ အကို႔ရဲ႕မ်က္လုံးေတြပဲ။ မ်က္ဆံ ေ႐ႊဝါေရာင္ႏွင့္ မ်က္သားအိမ္ ၾကည္ၾကည္လင္လင္တို႔က သိပ္လွပါသည္။

"ေဟ့ အဝန္း ျမန္ျမန္လာဟ။
မင္းကို ေစာင့္ေနၾကတာ"

အသံလာရာသို႔ ၾကည့္လိုက္ေတာ့မွ အကိုတို႔အေဆာင္ေရာက္ၿပီဆိုတာကို သိလိုက္ရသည္။ အတြင္းထဲကေန လွမ္းေအာ္သည့္ အသံက ေတာ္ေတာ္ေလး က်ယ္လြန္းပါသည္။

"ေသာ္က ႏွစ္ေယာက္ခန္းလား၊ တစ္ေယာက္ခန္းလား။"

အေတာ္အတန္က်ယ္ဝန္းပါေသာ အေဆာင္တြင္ ေဆးေက်ာင္းသားေတြေနၾကသည္မို႔ အေဆာင္ပိုင္ရွင္က တစ္ခန္းကို အလြန္ဆုံးႏွစ္ေယာက္သာထားေပးသည္။ တစ္ေယာက္ခန္းဆိုတာကလည္း ၄ခန္းေလာက္အထိရွိသည္။ ထိုေၾကာင့္ ေသာ့္အား တစ္ေယာက္ခန္းလား၊ ႏွစ္ေယာက္ခန္းလား ေမးျခင္း။

"ကြၽန္ေတာ္က ဟိုဘက္က အိမ္ေလးမွာငွားေနတာ အကို"

အဝန္းတို႔ အေဆာင္ႏွင့္ ကပ္လ်က္ရွိတဲ့ ပ်ဥ္ေထာင္အိမ္ေလးကို ေသာ္က ၫႊန္ျပသည္။

"လူလည္လုပ္တာပဲ။ ကိုယ့္မွာ ေသာ့္ကို ကိုယ္တို႔အေဆာင္က ဂ်ဴနီယာထင္ၿပီး ေပ်ာ္ေနတာ။"

"ဗ်ာ..."

"အခုႏွစ္ ကိုယ္တို႔အေဆာင္မွာ ပထမႏွစ္မရွိဘူးေလ။ ဒုတိယႏွစ္ကလည္း ကိုယ္တစ္ေယာက္တည္းကြ။ အဲ့ေတာ့ စီနီယာေတြ ေထာင္းသမွ်က ကိုယ္ပဲခံရမွာ။ မရဘူးကြာ ေသာ္ပါလိုက္ခဲ့"

ေသာ့္လက္ကို ဆြဲၿပီး အေဆာင္ထဲဝင္လာခဲ့တဲ့ အဝန္းရဲ႕ ပုံစံက ဇြတ္တ႐ြတ္ႏိုင္လွပါသည္။

"ျဖည္းျဖည္းလာပါဟ။ ေနာက္က ေကာင္ေလးလဲ လဲက်ပါဦးမယ္ကြာ..."

အေဆာင္ေရွ႕မွာ ဝိုင္းဖြဲ႕ေနၾကတဲ့ စီနီယာေတြက အေဆာင္ထဲကို ဝင္ခ်လာတဲ့ အဝန္းရဲ႕ပုံစံေၾကာင့္ ေနာက္မွာ ပါလာတဲ့ ေသာ့္ရဲ႕ကေသာကေျမာႏိုင္မႈကို ၾကည့္ရင္း ေျပာသည္။

"မလဲပါဘူး ကိုတိုးရာ။ ကဲ ေသာ္ေရ ဒီမွာထိုင္"

ေသာ့္လက္ထဲက စာအုပ္ေတြကိုပါ ေနရာခ်ေပးၿပီးေနာက္မွာေတာ့ ထိုင္ေနၿပီျဖစ္တဲ့ ေသာ့္ထံသို႔ ေရေႏြးၾကမ္းတစ္ခြက္ ကမ္းေပးေလသည္။

"အကိုလည္း ထိုင္ေလ"

"ကိုယ္က ရတယ္ေသာ္။"

"အမယ္ ငါ့တို႔ညီေလးက ကိုယ္ေတြဘာေတြေျပာလို႔ပါလား။ ၾကည့္ရတာ ဂ်ဴနီယာရလာၿပီထင္တယ္"

စတုတၱႏွစ္ျဖစ္ေသာ သန္းတိုးေအာင္က ေသာ့္ကိုၾကည့္ရင္း အဝန္းကိုေျပာသည္။ ႏွစ္ႏွစ္ဆက္တိုက္ အေဆာင္မွာ အငယ္ဆုံးေလးျဖစ္ေနရတဲ့ အဝန္းက အကိုေတြရဲ႕အခ်စ္ေတာ္ျဖစ္ေသာ္လည္း အကိုေတြခိုင္းသမွ်ကို လွိမ့္ပိမ့္ေနေအာင္လုပ္ေပးရသည္မို႔ သူလည္းပဲ ဂ်ဴနီယာလိုခ်င္ေနတာ အကုန္လုံးအသိ။

သို႔ေသာ္လည္း ကံဆိုးခ်င္ေတာ့ ဒီႏွစ္အေဆာင္မွာ ပထမႏွစ္ေရာက္မလာပါ။

"ကြၽန္ေတာ္ကိုက ကံဆိုးတာပါဗ်ာ။
ေသာ္က ဟိုဘက္အိမ္မွာငွားေနတာတဲ့။
ဒီေလာက္နီးေနတာ၊ ေယာင္မွားၿပီး ဒီအေဆာင္ကို ငွားမိလိုက္ ပါေရာလားတဲ့။"

ဂ်စ္ကန္ကန္နဲ႔ အကို႔အေျပာကို ကြၽန္ေတာ္မွင္သက္သြားေသာ္လည္း က်န္တဲ့လူေတြက တဟားဟားႏွင့္ သေဘာတက်ရယ္ေနၾကသည္။ တစ္ေန႔လုံး ကြၽန္ေတာ့္ေရွ႕မွာ အႀကီးပီပီလူႀကီးဆန္ျပခဲ့တဲ့ အကိုက ဤသို႔လည္း ခ်စ္စရာေကာင္းေအာင္ ဂ်စ္တတ္ေသးသည္တဲ့။

"ကဲ ကဲ မင္းတို႔မရယ္နဲ႔ေတာ့။
လုပ္ငန္းစ ရေအာင္ေလ။"

"၄ေယာက္စီလုပ္ၾကမလား။"

"ကြၽန္ေတာ္မပါဘူး"

"ကြၽန္ေတာ္လည္း မပါေသးဘူး"
ထို႔အျပင္ ေနာက္ထပ္ ၄ေယာက္လည္း လက္ေထာင္ျပသည္။

ထိုေၾကာင့္ သီခ်င္းဆက္တဲ့ ဂိမ္းမွာ ပါဝင္မည္သူက ေသာ္အပါအဝင္မွ ေလးေယာက္သာက်န္သည္။

"မင္းဘယ္သူနဲ႔ ေနမလဲ အဝန္း"

"ေသာ္နဲ႔ပဲေနလိုက္မယ္။ ကိုတိုးတို႔ မညစ္နဲ႔ဦး။
ကေလးပါ လိမ္တတ္သြားမွာ စိုးလို႔..."

ကြၽန္ေတာ့္ကို ေမြးခါစ ကေလးသဖြယ္ သေဘာထားေနပါေသာ အကို႔အား က်န္သည့္သူမ်ားသည္ ေလွာင္ရယ္ ရယ္ၾကေလသည္။ ၾကည့္ရတာ ညီငယ္ေလးေျပာသမွ်ကို သေဘာတက်ရွိေနေပးၾကသည့္ ပုံပါ။ အကိုက ဒီအေဆာင္မွာေတာ့ အဖိုးတန္အငယ္ေလးျဖစ္မည္။

"ေသာ္ သီခ်င္းေတာ့ရတယ္ မဟုတ္လား။"

"နည္းနည္းပါပါးေတာ့ ရတယ္"

"စိတ္မပူနဲ႔ ကိုယ္ရွိတယ္"

ခုံမွာ ဝင္ထိုင္ရင္း အကိုက ကြၽနိေတာ့္အား အားေပးေလသည္။ သူတို႔ဘာေဆာ့မည္ကို ကြၽန္ေတာ္မသိပါ။ ဝင္ပါရမလား၊ မပါပဲေနရမလားဆိုတာကိုလည္း မဆုံးျဖတ္ရေသး။ သို႔ေသာ္လည္း ကြၽန္ေတာ္နဲ႔အကိုက တစ္ဖက္တည္း က်သြားၿပီ။

"အငယ္ေတြကို ဦးစားေပးတယ္။ မင္းတို႔အရင္စ ကြာ...."

လြင္လြင္ေမာင္၏ အေျပာကို အဝန္းညစ္ၿပဳံးတစ္ခ်က္ ၿပဳံးလိုက္ၿပီး....
"ညနဲ႔ စတဲ့ သီခ်င္းဗ်ာ။"

ပထမ စာလုံးေ႐ြးခ်ယ္မႈက သီခ်င္းမစရေသးသည္မို႔ ေျပာခ်င္တာ ေျပာလို႔ရပါသည္။ ထိုေၾကာင့္ အဝန္းတမင္ ညစ္လိုက္ျခင္းပါ။ သို႔ေသာ္လည္း ေဆးေက်ာင္း ပၪၥမႏွစ္ျဖစ္တဲ့ ကိုလြင္ေမာင္ကလည္း မေခပါ။

"ညအခါ သူရိမ္ေနမင္း ျပင္းျပတဲ့အခါ သနားစရ ၾကာပန္းေလခဗ်ာ ႏြမ္းလ်ေခြေခါက္ရတာ တို႔ႏွစ္ေယာက္အခ်စ္လည္း ဒီလိုပဲေပါ့ခ်စ္စုံသက္ရာ မင္းနဲ႔ ကိုယ္ဟာ ေငြလမင္းႏွင့္ၾကာပန္းေလးပုံပမာ ႏွစ္ဦးသားအခ်စ္မွာ ၾကည္ႏူးၾကတဲ့အခါ ေမာင္ခ်စ္ပန္းက တင့္ဆန္းလန္းေဝျဖာ..."

"ကဲ ျဖာ...ဖ"

သီခ်င္းကို အထွာက်က်ႏွင့္ ဆိုသြားပါေသာ ကိုလြင္ေမာင္၏ အသံအဆုံးမွာ ကိုတိုးက အဝန္းတို႔ဆက္ရမည့္ "ဖ" စကားလုံးကို အားဖိေျပာသည္။ ၾကည့္ရတာ သူတို႔ ဆက္ႏိုင္လို႔ ဂုဏ္ယူေနပုံ။

"ဖ ႏွင့္ စတဲ့သီခ်င္းကို ဆိုလိုက္ရင္ရတယ္ ေသာ္။
ဆိုရမွာ ရွက္ရင္ ကိုယ့္ကို ကပ္ၿပီးေျပာ၊ ကိုယ္ဆိုေပးမယ္။ သီခ်င္းဆိုတယ္လို႔ သေဘာမထားပဲ ေမးခြန္းေျဖတယ္လို႔ပဲ သေဘာထားေပါ့"

ေသာ့္အား အနားကပ္ကာ တိုးတိုး တိုးတိုး ေျပာေနသည့္ အဝန္းကို အႀကီိးတန္းမ်ားက ရယ္ေနၾကၿပီ။ အဝန္းဘယ္ေလာက္ထိ ညီလိုခ်င္သလဲဆိုတာ သူတို႔အသိဆုံးပါ။ ေယာက်ာ္းေလး အေဖာ္ရေသာ္လည္း အတန္းႀကီးတဲ့ စီနီယာမို႔လို႔ သူတို႔ေထာင္းသမွ်ခံရတဲ့ အဝန္းဟာ ပထမႏွစ္တစ္ႏွစ္လုံး ဆုေတာင္းခဲ့သည္က ဒုတိယႏွစ္ေရာက္လွ်င္ အေဆာင္ကို ပထမႏွစ္အသစ္ကေလး ေရာက္လာပါသည္ဆိုတာပင္။

သို႔ေသာ္လည္း အဝန္းရဲ႕ဆုေတာင္းက မျပည့္ခဲ့ပါ။ ထို႔ေၾကာင့္ ေဘးအိမ္က ေကာင္ေလးကို အဝန္း အသည္းအသန္ေတြ ဂ႐ုစိုက္ေနျခင္းျဖစ္သည္။

"ေဖေဖႀကီး ေဖေဖႀကီး ေဖေဖႀကီးကို ခ်စ္တယ္"

"ဟားးးဟားးးးးး....."

ေသာ္ဆိုတဲ့ သီခ်င္းေၾကာင့္ စီနီယာေတြတင္မဟုတ္ေတာ့ပဲ ေဘးနားက အဝန္းကပါ အားရပါးရႏွင့္ရယ္ခ်ေလသည္။ အကုန္လုံးဝိုင္းရယ္လိုက္ေတာ့ ေသာ္က အနည္းငယ္ရွက္သြားကာ...
"ဟို နားရည္ဝေနတဲ့ သီခ်င္းမို႔ပါ။"

ပတ္ဝန္းက်င္က ကေလးေတြ ေန႔တိုင္းဖြင့္တဲ့ ဤသီခ်င္းအား ေျဖလိုက္ျခင္းကို ေသာ့္မွာ ဘယ္လို ေလွ်ာက္လဲခ်က္ ေပးလိုက္ရမွန္းမသိေတာ့။ ေဘးက လူေတြရယ္တာကလည္း တကယ့္ကို အူလႈိက္သဲလႈိက္ႏွင့္ပင္။

"တ တ...မရယ္ၾကနဲ႔ေလဗ်ာ။
သီခ်င္းဆက္တာပဲကို...."

မရယ္ၾကနဲ႔ ေျပာတဲ့ အကို႔အသံသည္လည္း ရယ္ရွိန္မရပ္ေသးပါ။ အကိုက ခပ္သဲ့သဲ့ရယ္သံႏွင့္အတူ အဆုံးပိတ္ အကၡရာကို ေမးသည္။

"တကယ္ဆိုရင္ အခ်စ္ပဲလိုတယ္။
ဘာေၾကာင့္...."

Feeling အျပည့္ႏွင့္ မ်က္ႏွာေတြအထိပါ မဲ့႐ြဲ႕ၿပီး ဆိုတဲ့ သန္းတိုးေအာင္သည္ တစ္ေၾကာင္းပဲ ဆိုၿပီး တိခနဲရပ္လိုက္သည္မို႔ အဝန္းတို႔ဆက္ရမည္က "က" အကၡရာ။

"ကိုကိုခ်စ္ေရ။ တို႔ကေတာ့ ဒီလိုပဲ ေခၚမွာပဲ ေဟ့ ၾကားလား ကိုကို႔ခ်စ္ေရ....ဝူး"

ဆတ္ခနဲဆိုလိုက္တဲ့ အဝန္းရဲ႕ အသံေၾကာင့္ အားလုံးက ထပ္ရယ္ၾကရသည္။ ေသာ္ရဲ႕ ေဖေဖႀကီး သီခ်င္းကေနစၿပီး သူတို႔ အေျပာင္အပ်က္ေတြ လုပ္ေနၾကသည္က အဖြဲ႕လိုက္ ရယ္ေမာေနရသည္။

"ဝူး ကဘာလဲဟ။"

"မသိဘူးဗ်ာ။ ဝူးပဲ 'ဝ"

မႏိုင္ ႏိုင္ေအာင္ တမင္ညစ္ေနပါေသာ အကို႔ပုံစံေလးက အူယားစရာေလး။ အႀကီးပီပီ ျပဳမူျခင္းေတြရဲ႕ေနာက္မွာ ဒီလို အမူအယာေလးေတြကို ျမင္ခြင့္ရတာက ေဘးအိမ္ကို ငွားခဲ့လို႔ျဖစ္သည္။

အကိုႏွင့္ အေဆာင္မနီးပဲ ေက်ာင္းမွာသာ ေတြ႕ရမည္ဆိုလွ်င္ ဤမွ်ေလာက္ထိ ခ်စ္စရာေကာင္းတဲ့ အကို႔ပုံစံကို ျမင္ခြင့္ရမွာ မဟုတ္ပါ။ ေက်းဇူးတင္ပါတယ္ ဘဘုန္းရယ္။

"ေဟ့ ေသာ္။ 'လ' တဲ့ စဥ္းစားဦး။"

တစ္ဖက္အသင္းက 'ဝ' နဲ႔စတာ ဘာဆိုလိုက္လဲမသိေပမယ့္ အခုကြၽန္ေတာ္တာဝန္က်သည္က 'လ'နဲ႔ စတဲ့သီခ်င္းပင္။ ဒီတစ္ခါေတာ့ ကေလးသီခ်င္းေတြကို ကြင္းလို႔ေရွာင္ဖယ္ၿပီး ဆိုလိုက္သည္က...
"ေလေျပ ညႇင္းေတြ တိုက္ခတ္မွ သာယာပါတယ္ခ်စ္သူအၿပဳံး။"

ဤတစ္ေၾကာင္းမွ လြဲဆက္မရေတာ့သည္မို႔ ဤေနရာတြင္ ရပ္တန္႔လိုက္ေတာ့..
'ပ" ဆိုတဲ့ အကို႔ရဲ႕ ေမးသံကို ၾကားလိုက္ရသည္။

ကြၽန္ေတာ္ရပ္နားသည့္ေနရာသည္ အကိုရဲ႕ စတင္ရာျဖစ္ေနသည္ကို သိလိုက္ရေတာ့ ကြၽန္ေတာ္စိတ္ထဲေတြးမိသည္က ဘာရယ္မဟုတ္ပဲ ကြၽန္ေတာ့္တို႔ လက္ဖက္ညီတာပဲ။

"ပန္ဆင္ေသာ ပန္းကေလးကို ပြင့္လန္းေစ။
မပန္ခ်င္.."

"ခ ' ကြာ ဆိုၾက"

"ခင့္ကို အခ်စ္ႀကိဳးေတြ သြယ္ကာ ရစ္ကာ ေမတၱာစစ္နဲ႔ဆို ေရွာင္ခ်င္သလို ရွားခ်င္သလို မစိမ္းပင္ႀကီးရယ္ မူကပို"

အဝန္းမဆိုခင္ ေသာ္က အရင္ဦးေအာင္ ဆိုလိုက္သည္မို႔ သြက္လက္လာတဲ့ ညီေလးကို ၾကည့္ၿပီး အဝန္းၿပဳံးမိသည္။

"ပါးျပင္မွာ သနပ္ခါးေလးနဲ႔ ခ်စ္ရာေကာင္းလိုက္တာကြာ။ 'က' "

Slow downႏွင့္ သီခ်င္းဆိုၿပီး အကၡရာေျပာသည့္ေနရာမွာ အသံျပင္းခ်တဲ့ ကိုလြင္ေမာင့္ရဲ႕ အသံဆုံးၿပီး ခ်က္ခ်င္းမွာပဲ ထြက္ေပၚလာတဲ့ ေသာ္အသံခ်ိဳခ်ိဳ။

"ေကာင္းကင္ျပာကို ဘယ္သူမ်ား ေဆးေရာင္ျခယ္။ ငွက္ေတြကိုေလ ဘယ္သူေတြ ေတးဆိုေစတယ္။
ေမ့မရဘူးကြယ္ အခ်စ္ရဆုံးသူရယ္...."

ကေလးသီခ်င္လည္းမဟုတ္၊ စည္းခ်က္မက်တာလည္း မဟုတ္ေတာ့၊ ခပ္သြက္ဆိုတာမ်ိဳးလည္း မဟုတ္ပဲ မူရင္းအဆိုရွင္လို ဆြဲငင္ငင္ျဖစ္တဲ့ ေအာင့္အသံေၾကာင့္ ေနာက္ထပ္ အသံတို႔က ထပ္ထြက္မလာေသး။ အကုန္လုံးက ေအာင္ဆက္ၿပီး ဆိုဦးမည္ပဲထင္ေနၾကသည္။

"ရ' ေလ အကိုတို႔။"

"ေသာ့္အသံက အရမ္းေကာင္းတာပဲ"

"ေအးကြာ။ ညီေလး မင္းအသံကို ငါတို႔ေတာ့ ေတာ္ေတာ္ သေဘာက်သြားၿပီ။ အဆိုေတာ္ေတြ ဘာေတြ ဝါသနာပါေသးလား"

အဝန္း အေနာက္မွာရပ္ေနသည့္ အတန္းႀကီးအကိုတစ္ေယာက္က ေျပာေတာ့ ေသာ္က ေခါင္းခါျပရင္း
"မပါပါဘူး" ဟု ေျဖေပးသည္။

"မပါရင္လည္း ငါတို႔ကိုေတာ့ သီခ်င္းေလးဆိုျပပါကြာ။ ငါတို႔ မင္းအသံေလးကို ႀကိဳက္လို႔"

ကိုလြင္ေမာင္က ေတာင္းဆိုေတာ့လည္း ေသာ္က ေခါင္းရမ္းျပၿပီး ျငင္းျပန္သည္။

စီနီယာေတြအကုန္လုံးက ေမွ်ာ္လင့္တႀကီးႏွင့္ ေတာင္းဆိုေနသည္ကို ပထမႏွစ္ေလး ေသာ္က ျငင္းဆန္သည္မွာ မေကာင္း ျဖစ္တာမို႔ အဝန္းကပဲ ဤ အေျခအေနကို ဖ်က္ဆီိးလိုက္သည္။

"ေသာ္ အခန္းရွင္းစရာရွိေသးတယ္ဆို။
ေနာက္ေတာင္ က်ေနၿပီ။"

ေျပာေျပာဆိုဆိုႏွင့္ ေသာ့္ စာအုပ္ေတြပါ ေကာက္ကိုင္ၿပီး ေသာ့္လက္ကို ဆြဲထူကာ ထေစသည့္ေနာက္မွာ စီနီယာေတြဘက္လွည့္ကာ မ်က္လုံးတစ္ဖက္ မွိတ္ျပခဲ့ေလသည္။

"ေသာ္..."

"ဗ်ာ။"

အိမ္ထဲကေန ေရတစ္ခြက္ ခပ္ေပးရင္း အကိုေရွ႕ခ်ေပးလိုက္ေတာ့ အကိုက ေသာ့္ကိုၾကည့္ရင္း ေသာ္ဆိုသည့္နာမကို ေရ႐ြတ္သည္။

"သီခ်င္းဆိုရတာကို မႀကိဳက္ဘူးလား။"

"ႀကိဳက္ပါတယ္။ ဒါေပမယ့္လည္း သူမ်ားေရွ႕ေတာ့ မဆိုခ်င္ဘူး။ နည္းနည္း ကသိကေအာက္ႏိုင္မယ္ထင္လို႔"

"အစမို႔ပါ ေသာ္ရာ။
ကိုယ္လည္း အစပိုင္းေတာ့ ေသာ့္လိုပါပဲ။
ဒီလူေတြ အတန္ႀကီးတယ္ဆိုၿပီး ေစာက္ခ်ိဳးမေျပဘူးထင္ခဲ့တာ။ ဒါေပမယ့္လည္း ၾကာလာေတာ့ သူတို႔နဲ႔ ေနသားၾကလာတာပါပဲ။ အတန္းႀကီးေလေလ စာမ်ားေလေလ ပင္ပန္းေလေလနဲ႔ အငယ္ေတြကိုႏိုင္စားခ်င္ေလေလပဲ ေသာ္ရ။ နားလည္ေပးလိုက္ပါကြာ။"

"ဒါေပမယ့္လည္း ကိုယ့္ပိုက္ဆံကိုယ္ ေက်ာင္းတတ္ေနတာကို ဘာျဖစ္လို႔ သူတို႔ေျပာသလိုေနေပးရမွာလဲ။ ကြၽန္ေတာ္ နားမလည္ဘူး"

"သူတို႔က စီနီယာမိုလို႔ေပါ့။ ဒီအသိုက္အဝန္းမွာ က်င္လည္ရမယ့္ ကိုယ္တို႔မွာ ကိုယ္တို႔က က်ိဳးႏြံရမယ့္သူေရာ၊ ကိုယ္တို႔ကို ကိုင္းရႈိင္းလာမယ့္သူေရာ ရွိလာမွာပဲ။ ဒါေတြနဲ႔ ကင္းေအာင္ေရွာင္မယ္ဆိုရင္ ကိုယ္တို႔ဒီအသိုက္အဝန္းရဲ႕ အျပင္ကို ေရာက္သြားလိမ့္မယ္။"

ဒီအသိုက္အဝန္းထဲမွာ ေနသားက်ေအာင္ လမ္းျပေပးခဲ့သူသည္ ကြၽန္ေတာ့္ကို ဒီအသိုက္အဝန္းရဲ႕အျပင္ကို တြန္းထုတ္ခဲ့သူျဖစ္လိမ့္မည္ဟု ကြၽန္ေတာ္ မစဥ္းစားခဲ့မိပါ။

"ကိုယ္ေျပာတာ နားလည္လား ေသာ္။"

"ဟုတ္ကဲ့။ ကြၽန္ေတာ္ ႀကိဳးစားပါ့မယ္"

"အင္း။ ဒါဆို ကိုယ္ျပန္လိုက္ဦးမယ္။"

အကို ျပန္ထြက္သြားၿပီး ေတာ္ေတာ္ၾကာသည္အထိ ကြၽန္ေတာ့္မွာ အိပ္မေပ်ာ္ႏိုင္ေသးပဲ ေတြးေတာေနရသည္က ည၁၀နာရီပင္ ထိုးေတာ့မည္။ ကြၽန္ေတာ့္ရဲ႕ စိတ္အာ႐ုံတို႔က အကိုနဲ႔ရွိခဲ့တဲ့ အခိုက္အတန္႔ေတြကို ျပန္ေတြးၿပီး သိဝင္ႏိုးၾကားေစဆဲျဖစ္သည္။












Continue Reading

You'll Also Like

212K 8.3K 52
နေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မ...
281K 29K 26
JEON JUNGKOOK KIM TAEHYUNG KOOKV(Yaio)
58.3K 4.7K 16
_ ကိုရင်ငယ်လေးရယ် ကလေးလေးရယ် နောက်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ ထိုအမျိုးသားရယ် Start date: 5 march 2023 End date: ....
2.5K 391 37
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio