(Unicode)
"အွန်း...အွန်း!"
ရှုကျင်ထျန်းက သူ့လက်ကိုဆွဲလိုက်သည်။ ရှုကျင်ထျန်း၏အသံကို ကြားရသောအခါ ရှုဟန်ယွီကလှည့်ကြည့်လိုက်ရာ ထိတ်လန့်မှုများနှင့်အကူအညီတောင်းခံနေသည်ကို တွေ့လိုက်ရသည်။
သူသည်နူးညံ့သော အနီရောင်အသားကိုထိရန် လက်ကိုအသုံးပြုခဲ့သော်လည်း ရုတ်တရက်မမျှော်လင့်ဘဲ ထိုအရာသည် သူ့လက်ချောင်းကိုညှပ်ထားလေ၏။
အာ့...အရမ်းနာတာပဲ။ သူ့လက်တစ်ခုလုံး ပြားချပ်သွားတော့မယ်ထင်တယ်...
ရှုဟန်ယွီက လျင်မြန်စွာကူးခတ်သွားပြီး အခွံမာသတ္တဝါလေး၏ဘေးနှစ်ဖက်ကို လက်ဖြင့်ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်သည်။ ရှုကျင်ထျန်းရဲ့လက်ထဲက အခွံမာငါးဟာ သူ့ကြောင့်နှစ်ပိုင်းကွဲသွားခဲ့လေ၏။
ရှုဟန်ယွီသည် မိန်းမပျိုလေး၏လက်ကို သူ၏မျက်နှာအနီးသို့ဆွဲယူ စစ်ဆေးလိုက်သည်။ သူ၏လက်ချောင်းများက အနည်းငယ်နီနေပေမယ့် ကျိုးသွားတာတော့မဟုတ်။ မိန်းမပျိုလေးက အဘယ်ကြောင့်များ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပါသနည်း?
သို့သော်လည်း ရှုဟန်ယွီက သူ၏လျှာကိုသုံး၍ ရှုကျင်ထျန်း၏လက်ချောင်းကို ဂရုတစိုက်ဖြင့် အသာအယာလျက်လိုက်သည်။
ရှုကျင်ထျန်းမှာ အနည်းငယ်လန့်သွားလေ၏။ သူ့နှလုံးသားထဲ၌ သေးငယ်သောနူးညံ့မှုအခိုက်အတန့်လေးကို ရုတ်တရပ် ခံစားလိုက်ရသည်။ ရှုဟန်ယွီက သူ့ကိုအရမ်းဂရုစိုက်တာပဲလား? သူ့ကိုအဲ့ဒီလောက်တောင် သဘောကျတာလား?
ရှုကျင်ထျန်းက သူ့ဘာသာလျှောက်တွေးနေလိုက်သည်။ သူ(ဟန်ယွီ)က တစ်ခုခုကိုရစ်ပတ်ရတာ ဒါမှမဟုတ် ကိုင်ထားရတာကိုကြိုက်တယ်။ သူ(ဟန်ယွီ)ကြိုက်တဲ့အရာတစ်ခု ပျက်စီးသွားရင် နည်းနည်းတော့နောင်တရမှာပဲ။ ဒါပေမယ့် ဂရုစိုက်မှာတော့မဟုတ်ဘူး။ တကယ်လို့ ဖျက်စီးခံရရင်လည်း အသစ်တစ်ခုပြောင်းလို့ရတယ်။ ဒါပေမယ့် အိမ်မွေးတိရိစ္ဆာန်လို စောင့်ရှောက်နေတယ်ဆိုရင်တော့…
သူကအိမ်မွေးတိရိစ္ဆာန်မှမဟုတ်တာ။ သူမခံစားနိုင်တော့ဘူး ဝူး ဝူး ဝူး...
ရှုဟန်ယွီက ရစ်ပတ်ရတာကိုကြိုက်တာမို့ အဲ့ဒီအရာကိုဂရုစိုက်တာဖြစ်နိုင်သည်။ ဒါပေမယ့် အဲ့ဒီအရာက သူကိုယ်တိုင်ဖြစ်နေတာပဲ။ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်သူတစ်ဦးရဲ့ ရှုထောင့်မှကြည့်ပြီး ရှုကျင်ထျန်းသည် မြွေကြီးကသူ့ကို အတော်လေး ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။
ဒါပေမယ့် ဘယ်သူက ဖက်ခေါင်းအုံးဖြစ်ချင်နေလို့လဲ။ ဘာပဲဖြစ်ဖြစ် သူမလိုချင်ဘူး။ ရှုကျင်ထျန်း၏ မျက်လုံးအိမ်အတွင်း၌ မျက်ရည်စလေးများပင် ငွေ့ရည်ဖွဲ့လာခဲ့၏။
ရှုကျင်ထျန်းက သူ့လက်ကိုလျင်မြန်စွာဆွဲယူကာ နောက်ကျောသို့ဝှက်ထားလိုက်ပြီး အနည်းငယ်အဆင်မပြေစွာပြုံးလိုက်သည်။ ထို့နောက်သူသည် မြွေကြီးနှင့်ပိုမိုနီးကပ်သွားပြီး သူ၏အေးမြသောနှုတ်ခမ်းကို ညင်သာစွာဖိကပ်စုပ်ယူလိုက်သည်။
ရှုဟန်ယွီသည် မိန်းမပျိုလေး၏နာခံမှုရှိသောလျှာကို ရစ်ပတ်ငုံထွေးရန် သူ၏လျှာဖျားလေးကိုအသုံးပြု၍ နှုတ်ခမ်းများကိုဖွင့်ဟလိုက်သည်။
ရှုကျင်ထျန်း၏ နောက်ကျောတွင်ဝှက်ထားသောလက်ဖြင့် သူ၏နောက်ကျောကို ပွတ်သပ်လိုက်သည်။ ဘုရားရေ! ဒါက အရမ်းနာတယ်။ သူ့လက်ချောင်းတွေပြတ်ထွက်တော့မယ်! သောက်ကျိုးနည်း အခွံအစုတ်ပလုတ် ဒီလောင်ဇီကမင်းကို ဘယ်လိုစားပစ်မလဲဆိုတာကို ကြည့်ထားလိုက်!
ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နှုတ်ခမ်းများနှင့်ခွာလိုက်ပြီး နှစ်ခြမ်းကွဲနေပြီဖြစ်သော သနားစရာအခွံကိုကြည့်လိုက်သည်။ အစေးများနှင့်နူးညံ့သောအသားများသည် အခွံနှစ်ခုအ ပြင်တွင်ပြန့်ကျဲသွားပြီး သင့်တော်သောအစုအဖြစ် ဖွဲ့စည်းနိုင်ခြင်းပင်မရှိချေ။
အလွန်ရုပ်ဆိုးသောကြောင့် ၎င်းကိုစားလို့ပင်ရနိုင်ပါ့မည်လား? ရှုကျင်ထျန်းသည် အနည်းငယ်သံသယ၀င်ခဲ့သော်လည်း သူ၏ဒေါသကိုတစ်နည်းနည်းဖြင့် ထုတ်ပြခဲ့သည်။
ရှုကျင်ထျန်းသည် အခွံမာသတ္တဝါလေးကို ပုတ်လိုက်လေ၏။ ပိုမိုနူးညံသောအသားကို ခံစားလိုက်ရသဖြင့် ၎င်းကိုဆွဲထုတ်ပစ်လိုက်ချင်သည်။
ရှုဟန်ယွီရဲ့အကြည့်က ချက်ချင်းထူးဆန်းသွားပြီး သူက "ထျန်းထျန်း ဒါကိုစားချင်တာလား" ဟုမရေမရာမေးလာလေ၏။
"အွန်း!"
ရှုကျင်ထျန်းက ခေါင်းညိတ်ကာအတည်ပြုသည်။
ဘာပဲဖြစ်ဖြစ် သူ့အရသာကိုပြောင်းနိုင်မှာမို့ ကြိုးစားကြည့်ရမည်။ ဒါပေမယ့် အခွံမှာအခဲလိုက်ကပ်နေတာကြောင့် နူးညံ့ပြီးပျော့ညံ့တဲ့အသားကို ဆွဲထုတ်ပစ်လို့မရ ပေ။
အပြာရောင်ရေထဲမှာ အခွံမာသတ္တဝါတွေအများကြီးရှိသည်။ ဒါပေမယ့်ဒီအရာကိုစားနိုင်လိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။ တစ်ခါမှလည်း မမြင်ဖူးဘူး။ ဒါပေမယ့် မိန်းမပျိုလေးက တကယ့်ကိုစားချင်နေတာ ကြောင့် သူ့ကိုကူညီဖို့စိတ်ကူးလိုက်လေ၏။
ရှုကျင်ထျန်း ဆွဲမထုတ်နိုင်ခဲ့သော နူးညံ့သည့်အသားကို ရှုဟန်ယွီက ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ရာ သူ၏လက်ထဲတွင် အသားလက်တစ်ဆုပ်ခန့်ရှိလေ၏။
သို့သော် အခွံ၏အစေးကပ်မှုသည် အလွန်အားကောင်းနေဆဲဖြစ်သည်။ ရှုဟန်ယွီက အသားစိုင်ကြီးတွေကို ဆွဲထုတ်လိုက်ပေမယ့် အသားရဲ့အောက်ခြေကအခွံကို သံနဲ့ရိုက်ထားသလိုဖြစ်နေဆဲပင်။ အသားအများစုက ထိုအပေါ်မှာပဲရှိနေလေ၏။
ရှုဟန်ယွီသည် အသားကိုထုတ်ယူလိုက်သောအခါတွင် ခရမ်းရောင်ရောင်ခြည်များ ထုတ်လွှတ်သောပုလဲတစ်လုံးသည် အခွံပျက်နေသောအသားထဲတွင် တောက်ပလာလေ၏။ ၎င်းကိုအဖြူရောင်နှင့်အနီရောင်အသားဖြင့် ထုပ်ထားသော်လည်း ဖုံးကွယ်တစ်ဝက်နှင့် ထုတ်ဖော်တစ်ဝက်စတိုင်သည် စွဲမက်ဖွယ်အလှတရားကိုမဖုံးကွယ်နိုင်ခဲ့ပေ။
"အား ~"
ပုလဲတစ်လုံး! ရှုကျင်ထျန်း၏မျက်လုံးများသည်တောက်ပသွားပြီး သူပါးစပ်ကိုအံ့သြစွာမဖွင့်ဘဲ မနေနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည်ပင်လယ်ရေတစ်လုတ်စာကို မတော်တဆမျိုချလိုက်ပြီး အကြိမ်အနည်းငယ်ချောင်းဆိုးလိုက်မိ၏။
ရှုဟန်ယွီသည် ရှုကျင်ထျန်း ကျောပြင်အား ဖွဖွပုတ်ကာကူညီပေးလိုက်ပြီး သူ၏လက်မှအသားကို မိန်းမပျိုလေး၏ ပါးစပ်နားသို့တိုးကပ်ပေးလိုက်သည်။
"ထျန်းထျန်း စားလေ"
"ဝူး ~ ဟမ်!"
ရှုကျင်ထျန်းက "ကြည့်" လို့ဆိုလိုချင်တာဖြစ်ပေမယ့် ရှုဟန်ယွီက နားမလည်ဘဲ သံသယဖြစ်တဲ့အမူအရာကိုပြလာတဲ့အခါ ပုလဲကိုအခွံပေါ်ကနေဆွဲထုတ်ဖို့ သူလက်လှမ်းလိုက်ရတော့သည်။
ဘယ်လိုတောင် လှ နေတဲ့အရောင်လေးလဲ! ရှုကျင်ထျန်းသည် ပုလဲများကိုနှစ်သက်သူတစ်ဦးမဟုတ်ပေ။ သို့သော် ဤပုလဲသည်လုံးဝန်းသော ခေါင်းထိပ်ကိုသာပြသခဲ့ရုံတွင် ၎င်းကိုနှစ်သက်စေခဲ့ပြီး ပုလဲ၏ပုံတစ်ခုလုံးကို မျှော်လင့်တကြီးဖြစ်စေခဲ့သည်။
အခွံ၏အသားစေးကပ်မှုသည် အားကောင်းသော်လည်း ဤပုလဲကအထူးခံနိုင်ရည်ရှိပုံရပြီး ၎င်းကိုပြင်းပြင်းထန်ထန်ကပ်မနေခဲ့ပေ။ ၎င်းအစား အသားမှခွဲထုတ်ရန် အကာအကွယ်အမြှေးပါးတစ်ခု ရှိပုံရသည်။
မြင်နေရသော စပျစ်သီးအရွယ်ဖြစ်ပြီး ခရမ်းရောင်တောက်ပမှုသည် ၎င်း၏အစိတ်အပိုင်းအနည်းငယ်မျှသာဖြစ်သည်။ ၎င်းကိုထိလိုက်သောအခါ ၎င်းသည်ကြီးမားသောအလုံးတစ်လုံး၏ အရွယ်အစားနှင့်တူသည်။ ရှုကျင်ထျန်းက ပုလဲလုံးကိုထုတ်လိုက်ရာ အံ့သြသွားလေ၏။
ပုလဲသည် လက်သီးဆုပ်အရွယ်ဖြစ်နေပြီး မမျှော်လင့်ဘဲ သူ့လက်တွင်း၌လေးလံနေသည်။ ဒါဟာတကယ်ကို အရည်အသွေးမြင့်တယ်လို့ ခံစားလိုက်ရသည်။
ပုလဲ၏အရောင်သည်လည်း လုံးဝကိုတွေ့ရခဲ့သည်။ ၎င်းသည် သူစိတ်ကူးခဲ့သည့်အတိုင်း စစ်မှန်တဲ့ခရမ်းရောင်မဟုတ်ပေမယ့် ခရမ်းရောင်ဖျော့ဖျော့ လင်းလက်တောက်ပနေပြီး သလင်းကျောက်တစ်ခုလိုကြည်လင်နေ၏။
မျှော်လင့်မထားပေမယ့် ဒါက ညလင်းပုလဲတစ်လုံးပဲ! ခရမ်းရောင်ညပုလဲလေး!!!
ရှုကျင်ထျန်းသည် ပုလဲကိုသူ၏လက်ဖဝါးထဲ၌ဆုပ်ကိုင်ထားပြီး ကြည်နူးစွာပွတ်တိုက်သည်။ တောက်ပသောပုလဲ၏မျက်နှာပြင်သည် မြွေကြီး၏အရေပြားကဲ့သို့ ချောမွေ့ပြီးအေးစက်သည်။ ပင်လယ်ရေမှအလင်းရောင်သည် ခရမ်းရောင်ပုလဲကို ဖြတ်၍ သူ၏လက်တွင်း၌ပင် တောက်ပမှုကိုပြသခဲ့သည်။
"မင်းအရမ်းသဘောကျတာပဲလား"
ရှုဟန်ယွီက မိန်းမပျိုလေးကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
“အမ်း!”
ရှုကျင်ထျန်းသည် ခရမ်းရောင်ညပုလဲကို ရှုဟန်ယွီဆီသို့ လက်ဆောင်အဖြစ်ပေးအပ်လိုက်လေ၏။
“စားလို့လည်းမရဘူး”
ရှုဟန်ယွီ က အေးစက်စွာပြောပြီး ပုလဲကိုအလွန်အကျွံချစ်မြတ်နိုးနေသည့် မိန်းမပျိုလေးအား အနည်းငယ်မကြည်မသာဖြစ်နေလေ၏။
"ဖူး!"
ဘယ်သူကစားချင်မလဲ? ရှုကျင်ထျန်းက သူ့ရယ်သံကိုထိန်းရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။ မဟုတ်သေးဘူး။ သူရယ်ရင် ရေမွန်းသွားလိမ့်မယ်။
ရှုကျင်ထျန်းသည် သူ့ရင်ဘတ်ကအနည်းငယ်တင်းကျပ်လာသလို ခံစားရလိုက်ရတာကြောင့် အောက်ဆီဂျင် ပြတ်လပ်နေတာဖြစ်နိုင်သည်။ ရှုကျင်ထျန်းသည် ရေထဲ၌အသက်ရှုအောင့်ထားနိုင်သည့် အချိန်တိုလာသည်ကိုသတိပြုမိသည်။ ရေဖိအားကြောင့်လည်း ဖြစ်နိုင်သည်။
ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နှုတ်ခမ်းများနှင့် နီးကပ်သွားပြီး သန့်ရှင်းအေးမြသော အောက်ဆီဂျင်ကိုရှူရှိုက်မိပြန်သည်။
ဒါဟာ ရှုဟန်ယွီက သူ့တို့ဟူးကိုစားဖို့ အခွင့်အလမ်းပေးနေတာ မလွဲဧကန်ပဲ။ ဒါပေမယ့်ကံကောင်းစွာပဲ အဲဒါကအလွန်အကျွံမဖြစ်တဲ့အတွက် ရှုကျင်ထျန်းက မျက်ကွယ်ပြုလိုက်တယ်။
(TN:တို့ဖူးစား=အသားယူ/အခွင့်အရေးယူ)
ရှုကျင်ထျန်းက အပေါ်ကိုလက်ညှိုးညွှန်ပြီး ရှုဟန်ယွီကို သူတို့တက်လို့ရပြီလားလို့ မေးလိုက်သည်။
သူသည် ရေ၌လုံလောက်စွာမကစားရသေးသော်လည်း နှလုံးခုန်မမှန်ခြင်းနှင့် ရေအောက်၌အသက်ရှုကြပ်ခြင်းတို့ကို အနည်းငယ်ခံစားခဲ့ရပြီး မခံမရပ်နိုင်ဖြစ်ခဲ့သည်။ အစပိုင်းမှာအဆင်ပြေတုန်းပဲ။ ဒါပေမယ့်တော်တော်ကြာတော့ သည်းခံဖို့တော်တော်ခက်လာတယ်။
ရှုဟန်ယွီသည် မိန်းမပျိုလေးမျက်နှာမကောင်းကြောင်းကို တွေ့မြင်လိုက်ပြီး မိန်းမပျိုလေး၏ခါးကို ပွေ့ဖက်ကာ ရေကူးရန်ပြင်ဆင်လိုက်သည်။
"အမ်း!"
ရှုကျင်ထျန်းသည် ရှုဟန်ယွီကိုခေါ်လိုက်ပြီး ရွှေရောင်နှင့်အညိုရောင်များ ရောစပ်ထားသောပင်လယ်ကြမ်းပြင်ကိုညွှန်ပြလိုက်သည်။ အခု လေးတင်ပင်လယ်မှိုက တော်တော်လေးကောင်းတယ်။ ဒါကြောင့်တစ်ချို့ကို စားဖို့ယူသွားရအောင်။
ရှုကျင်ထျန်းသည် ရှုဟန်ယွီကို ရန်စဖို့ရာကြောက်လွန်းလှသည်။ ထိုသူက ဘာမှမတုံ့ပြန်ဘူးဆိုတာကို မြင်လိုက်ရသောအခါ သူကျောက်တုံးတွေကိုအမြန်ထောက်ပြီး လမ်းလျှောက်လိုက်သည်။ ရှုဟန်ယွီက သူ့အပေါ် စိတ်မရှည်နိုင်မှာကို စိုးရိမ်နေမိခြင်းပင်။
အယ်? အခုလေးတင် ရှိနေသေးတယ်လေ။ ဘာလို့များ ပျောက်သွားတာလဲ? အဲ့ဒါတွေအားလုံးက သူတို့ကိုကြောက်ရွံ့သွားတာလား?
သက်သေအနေနှင့် ရှုကျင်ထျန်းသည်သဲထဲသို့ တွင်းတူးရန်ကြိုးစားခဲ့သော်လည်း ကျောက်မှုန်အနည်းငယ်ကိုသာ တွေ့ခဲ့ရသည်။
သေချာတာပေါ့၊ သူတို့ကငါးတွေဖြစ်ပြီး အားလုံးကထွက်ပြေးသွားခဲ့ပြီ။ ကံကောင်းထောက်မစွာနဲ့ သူက အသားစိမ်းမစားဟုပင် ရှုကျင်ထျန်းက ပျော်ရွှင်စွာတွေးနေလေ၏။
ရှုဟန်ယွီက အနည်းငယ်ရှက်သွားပြီး သူ၏လှပသောမျက်နှာလေးဟာ အနီရောင်ဖျော့ဖျော့လေးသမ်းလာလေ၏။ ရှုကျင်ထျန်းသည် ရှုဟန်ယွီဆီသို့ စိတ်ပျက်လက်ပျက်နှင့် လျှောက်သွားလိုက်သည်။
"မရှိတော့ဘူး? ထျန်းထျန်းကြိုက်ရင် ကိုယ်တို့ ထပ်ရှာရအောင်လေ"
"အွန်း အွန်း~"
ရှုကျင်ထျန်းက ခေါင်းယမ်းလိုက်သည်။ သူသည်းမခံနိုင်တော့ဘူး။ အသက်ရှုဖို့အပြင်ကိုထွက်ချင်တယ်။ အဲ့ဒါကြောင့် နေရာအနှံ့လှည့်ပတ်ကြည့်ဖို့ အချိန်မရှိဘူး။
“ကိုယ်တို့ နောက်တစ်ကြိမ်ပဲဖမ်းမယ်လေ...ဒီမှာအများကြီးရှိတယ်” ရှုဟန်ယွီက အနည်းငယ်ဝမ်းနည်းစွာပြောလိုက်သည်။
"အမ်း!"
ရှုကျင်ထျန်းသည် ချက်ချင်းခေါင်းညိတ်လိုက်ပြီးနောက် တစ်ခုခုမှားနေပြီဆိုတာကို သဘောပေါက်လိုက်သည်။ ဘယ်တုန်းက မြွေကြီးက ဒီလိုပုံစံမျိုး စကားပြောတတ်သွားတာလဲ? ပိုအံ့သြစရာကောင်းတာက သူ့ထင်မြင်ချက်ကိုလည်း အရမ်းဂရုစိုက်သေးတယ်။
သေချာတာပေါ့...မြွေကြီးက အသားမစားခင် နာခံကြောင်းပြနေတာလေ...ချက်ချင်းဆိုသလို မြွေကြီးက သူ့ကိုပွေ့ဖက်ပြီး သူ၏လျှာနဲ့ထိတွေ့ပြုမူနေတာကို သူမခုခံနိုင်ခဲ့ပေ။
ချီးပဲ! ဒီမကောင်းတဲ့မြွေကြီးကတော့!
ရှုကျင်ထျန်းက ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူစားလိုက်သော ပင်လယ်မှိုများကိုတွေ့လိုက်သဖြင့် သူတို့ကိုပြန်ယူချင်သည်။ သူအဲဒါကိုစားတဲ့အခါမှာ လန်းဆန်းပြီး တော်တော်အရသာရှိလိမ့်မည်။ နောက်ဆုံးတွင် သူအရသာပြောင်းလဲနိုင်တော့မည်။
ရှုကျင်ထျန်းသည် ကျောက်တုံးကိုဆုပ်ကိုင်ထားရာမှ လက်လွှတ်လိုက်ရာ သူ့ခန္ဓာကိုယ်က သဘာဝအလျှောက် ပေါလောပေါ်လာလေ၏။ အမြင့်သို့ရောက်သောအခါ ရှုကျင်ထျန်းသည် ထူထဲသောပင်လယ်ရေညှိအား တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်အားရေပေါ်သို့ ထပ်ပြီးမတက်စေတော့ချေ။
ရှုကျင်ထျန်း၏ ရုတ်တရက်ဆွဲငင်မှုသည် ပင်လယ်ရေမှော်တစ်ခုလုံးကို ပါဝင်ပတ်သက်စေခဲ့သည်။ ထို့ကြောင့် အထဲမှာပုန်းနေတဲ့ ငါးလေးတွေကချက်ခြင်းပြေးထွက်သွားပြီး အဝေးကိုကူးခတ်သွားလေ၏။
အယ်! ငါးတွေရှိတယ်! သနားစရာကောင်းတာက သူတို့က မြန်မြန်ဆန်ဆန်ထွက်ပြေးသွားတာပဲ!
ရှုဟန်ယွီသည် မိန်းမပျိုလေး၏မျက်လုံးများကိုမြင်သောအခါ သူစားချင်မှန်းသိလိုက်သည်။ ထို့ကြောင့်သူ၏ခန္ဓာကိုယ်သည် ရှေ့သို့ပြေးသွားပြီး ထိုငါးလေးတွေကိုလိုက်ရှာသည်။ ခဏအကြာတွင် သူသည် သုံးကောင်လောက်ဖမ်းပြီး ပြန်လာခဲ့သည်။
ရှုကျင်ထျန်းမှာ ရှုဟန်ယွီငါးဖမ်းသည်ကို ကျေးဇူးတင်စွာကြည့်နေမိသည်။ သူက လေးမှပစ်လွှတ်လိုက်သည့်မြှားကဲ့သို့ အလွန်လျင်မြန်လှသည်။
ရှုဟန်ယွီက ငါးကို ရှုကျင်ထျန်းစားဖို့ရာအတွက် ပေးလိုက်သည်။ ရှုကျင်ထျန်းသည် ခုန်ပျံကျော်လွှားလျက်ရှိနေသေးသည့် အပြာရောင်ငါးလေးများအားကြည့်ကာ သူ့နှုတ်ခမ်းများကလှုပ်ခတ်နေလေ၏။ ဒီလောင်ဇီက ငါးစိမ်းမစားဘူး။ ကျေးဇူး!
ရှုကျင်ထျန်းသည် ရှုဟန်ယွီသူ့အတွက်ဖမ်းခဲ့သော ငါးကိုလက်ခံပြီး ၎င်းတို့အားမည်သို့ကိုင်တွယ်ရမည်ကို သေချာမသိပေ။ ငါးတစ်ကောင်ကိုကိုင်ထားတာက သူနဲ့အတူတခြားအရာတွေကို ယူလို့မရတော့ဘူး။ ဒါပေမဲ့သူက ပင်လယ်ရေညှိအချို့ကို ယူချင်သေးတယ်!
ရှုကျင်ထျန်းက တစ်ချက်လောက် လှည့်ပတ်ကြည့်လိုက်ပြီး ပိုးသားကဲ့သို့ပါးလွှာသော ပင်လယ်ရေညှိကိုတွေ့လိုက်တဲ့အခါ သူ့မျက်လုံးတွေကချက်ချင်းပင် တောက်ပလာခဲ့သည်။
"အိုးးးးးး!"
ရှုကျင်ထျန်းသည် တဖျက်ဖျက်လှုပ်နေသော ပင်လယ်ရေမှော်တွေကိုကြည့်ရန် ရှုဟန်ယွီကိုညွှန်ပြလိုက်သည်။
ရှုဟန်ယွီသည် မိန်းမပျိုလေးပြောချင်တာကို လျင်မြန်စွာနားလည်သွားပြီး သူ့အတွက်ရှည်လျားသောအမြှောင်းကို ဆွဲထုတ်ရန်ရေကူးသွားလိုက်သည်။
~~~~~~
2/10/21(8:10PM)
ဒီnovelလေးက Chapter 110ထိရှိပါတယ် first papapaကလေ 30နားနီးမှပါ😁😁
(Zawgyi)
"အွန်း...အွန်း!"
"အွန်း!"
"အား ~"
"ထျန်းထျန်း စားလေ"
"ဝူး ~ ဟမ်!"
အမ်း!
စားလို့လည်းမရဘူး
"ဖူး!"
"အမ်း!"
"အွန်း အွန်း~"
"အမ်း!"
"အိုးးးးးး!"
~~~~~~
2/10/21(8:10PM)