Unicode
ကြင်ဖက်တွေ့နေသော တစ်ကိုယ်တည်းသမားလေး
ရန်းချီ
ယနေ့၏ရာသီဥတုက အတော်လေး သာယာကာ နေရောင်ကခြည်ကလည်း နေရာအနှံ့သို့ ဖြာကျလျက်ရှိ၏။ အဖွားဖြစ်သူထံမှ ခွင့်လွှတ်စကား ကြားရသောအခါ ချန်းကျင်း၏ အတွင်း နှလုံးသားတစ်ခုလုံးသည် နေရောင်ခြည်ကြောင့် နွေးထွေးပြီးဖြစ်သော အပြင်ကိုယ်ထည်အတိုင်း တဖြည်းဖြည်း နွေးထွေးလာရတော့လေသည်။ ထို့အပြင် နှလုံးသားထက်၌ အချိန်အတန်ကြာ ထမ်းပိုးခဲ့ရသော ဝန်ထုပ်ကြီးမှာလည်း နောက်ဆုံးတော့ လျော့နည်းသွားဟန် တူ၏။ ထို့နောက် ချန်းကျင်းသည် အဖွားဖြစ်သူနှင့် အချိန်အတူဖြုန်းရန်အတွက် တခြား စကားလမ်းကြောင်းတစ်ခုအား ပြောင်းပြောလာခဲ့ပေသည်။ သူက အခုရက်ပိုင်း လုထောင်၏အခြေအနေများအား ပြောပြနေခြင်းဖြစ်သဖြင့် ခင်ပွန်းဖြစ်သူ၏ စစ်တပ်ဆေးရုံသို့ မကြာခဏ သွားရောက်နေရသော အကြောင်းအရာများကလည်း ပါရှိလာရသည်ပင်။
အဖွားဖြစ်သူသည် ဟက်ဟက်ပက်ပက် ပြန်လည်တုံ့ပြန်ခြင်း မရှိသည့်တိုင် တစ်ချိန်လုံး အရေးတစိုက်နှင့် အသံတိတ်နားထောင်နေခဲ့ခြင်း ဖြစ်၏။ ချန်းကျင်းက လုထောင် ဆေးရုံသို့ မကြာခဏ သွားရောက်နေရကြောင်း ပြောပြလာသောအခါ သူမသည် စိတ်ပူစွာဖြင့် ပြန်လည်ကာ အမေးဆိုလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လုထောင်သည်ကား သူမ၏သက်တမ်းတစ်ဝက်စာမျှ အချိန်အတူကုန်ဆုံးခဲ့ပါသော မြေးလေးဖြစ်ရသည် မဟုတ်ပါလား။
"ဘာလို့ ရှောင်ထောင်က စစ်တပ်ဆေးရုံကို ခဏခဏ သွားနေရတာလဲ။ သူတစ်ခုခု ဖြစ်နေလို့လား"
"ကျွန်တော်လည်း မသိပါဘူး။ သူ့ကို မေးကြည့်ပေမဲ့ သူက ဘာမှသေချာ ပြန်မဖြေဘူးလေ"
"မင်းကို ပြောပြလို့လည်း အသုံးမှမဝင်တာ"
အဖွားဖြစ်သူသည်ကား အနည်းငယ် နှုတ်ကြမ်းလှ၏။
"စစ်တပ်မှာက အရမ်း စည်းကမ်းတင်းကြပ်တယ်။ အပြင်လူတွေကို တချို့ကိစ္စတွေ ပြောပြလို့မရဘူး"
"အာ..ဟုတ်သားပဲ"
ချန်းကျင်းကမူ မိမိ၏ တုံးအမှုနှင့် ပတ်သက်၍ ရှက်ရွံ့သလို မခံစားရပါပေ။
"ဘာပဲပြောပြော သူအဆင်ပြေမှာပါ။ ဆေးရုံကဆင်းတော့ ကျွန်တော် ဒေါက်တာဂယ်လ်ဆင်ကို မေးကြည့်ခဲ့တာ သူကပြောတယ် လုထောင်ရဲ့အခြေအနေက အားလုံးကောင်းပါတယ်တဲ့။ နှစ်ဝက်လောက်ကြာရင် အရင်အတိုင်း မှတ်ဉာဏ်တွေပြန်ရလာမှာတဲ့.."
၎င်းနောက်ဆုံးစကားအား ပြောပြမိသည့်အချိန်တွင် ချန်းကျင်း၏အသံမှာ အနည်းငယ် တိုးညှင်းသွားခဲ့ရ၏။
အဖွားဖြစ်သူကမူ မည်သည့်စကားကိုမျှ ထပ်ဆိုမလာတော့ပါချေ။ အတန်ကြာ ငြိမ်သက်ပြီးသည့်နောက်မှ သူမက ဆိုလာ၏။
"ငါ့ကို ပြန်ပို့ပေးတော့"
ချန်းကျင်းသည် လျင်မြန်စွာပင် သူမအား အိမ်တော်အတွင်းသို့ ပြန်ခေါ်လာပေ၏။ ယွိမိသားစုသည်ကား ကျယ်ပြန့်သော ဧရိယာအား ပိုင်ဆိုင်ထားခြင်းဖြစ်ကာ ခြံဝင်းကြီးတစ်ခုလုံးသည် ပျမ်းမျှ ၁၀ ကီလိုမီတာခန့် ကျယ်ဝန်းသည်။ ထို့အပြင် အစောပိုင်းက သူတို့လမ်းလျှောက်ခဲ့သည်မှာ အိမ်တော်တစ်ခုလုံး၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်ရလေ၏။ ရုတ်တရက် ချန်းကျင်းသည် လုထောင်၏အဖွားမှာလည်း အတိတ်အခါက ဤမိသားစုဝင်ဖြစ်ခဲ့ဖူး၍ ဤနေရာ၌ နေထိုင်ခဲ့ဖူးမည် ဖြစ်ကြောင်း အမှတ်ရမိသွားကာ မထိန်းနိုင်ဘဲ မေးခွန်းတစ်ခုကို မေးလာမိပေတော့သည်။
"အဖွားရော ဘယ်နေရာမှာ နေခဲ့တာလဲ? အာ..အဖွား လက်မထပ်ခင် အချိန်တုန်းက ပြောတာ"
၎င်းမေးခွန်းအား မေးပြီးခါမှပင် ချန်းကျင်းသည် အနည်းငယ် နောင်တရသွားမိ၏။ မည်သို့ပင်ဆိုစေကာမူ မိမိတို့နှစ်ယောက်သားမှာ ဆက်ဆံရေးမကောင်းခဲ့ဖူး၍ ရင်းနှီးစွာလည်း စကားမပြောဆိုခဲ့ကြဖူးသည် မဟုတ်ပါလား။ သို့နှင့် ချန်းကျင်းသည် အဖွားဖြစ်သူမှာ မိမိအား ဤအကြိမ်၌လည်း အရင်ကအတိုင်း လျစ်လျူရှုထားလိမ့်မည်ဟု တွေးထင်လိုက်မိလေတော့သည်။ သို့သော် ယခုအကြိမ်၌မူ တစ်ဖက်လူသည်ကား သူထင်သည့်အတိုင်း လျစ်လျူမရှုခဲ့ပါဘဲ တစ်နေရာရာထံသို့ လက်ညွှန်းညွှန်ကာ ပြန်ဖြေလာခဲ့ပေ၏။
"ပင်လယ်အော်ရဲ့ ဟိုဘက်နားမှာ"
ချန်းကျင်းမှာ အဖွားဖြစ်သူ၏ တုံ့ပြန်မှုကြောင့် အတော်လေး ပျော်ရွှင်သွားမိသည်ပင်။
"ဒီကနေဆို အတော်လေး ဝေးသေးတာပဲနော်"
"အဲ့ဒီအချိန်တုန်းက နေရာက ဒီလောက်ထိ မကျယ်သေးဘူး။ ဒီအဓိကအိမ်တော်ကလည်း နောက်ပိုင်းမှ ဆောက်ဖြစ်တာပဲ ..အဲ့ဒါနဲ့ မိသားစုတစ်ခုလုံး နောက်ဆုံး ဒီအိမ်တော်ဘက်ကို ပြောင်းလာကြတာ"
"ဪ အဲ့ဒီလိုကိုး"
ချန်းကျင်းက ကပျာကယာနှင့် ချီးမွမ်းစကားဆက်ဆိုလေသည်။
"ယွိမိသားစုက တကယ်ကို ဖွံ့ဖြိုးတိုးတက်တာ မြန်တာပဲနော်။ မိသားစုဝင်တွေကလည်း အများကြီးပဲ"
ဤအကြိမ်၌မူ အဖွားဖြစ်သူက ချန်းကျင်းအား ပြန်လည် မတုံ့ပြန်ခဲ့ပါချေ။ ၎င်းအကြောင်းအရာမှာ သူမအား အနည်းငယ် မပျော်မရွှင် ဖြစ်စေဟန်တူ၏။ ထို့ကြောင့် ချန်းကျင်းသည် တမဟုတ်ချင်းပင် ရှက်ရွံ့သွားမိ၍ မိမိ၏စကား၌ တစ်နေရာရာကများ အမှားပါသွားလေမလား တွေးမိကာ စိုးရိမ်လာရတော့၏။ သို့နှင့် သူက တခြားအကြောင်းအရာအား ပြောင်းကာ ပြောဆိုမည်အပြုတွင် သူတို့နှင့် မဝေးသော တစ်နေရာ၌ လူနှစ်ယောက်က လမ်းလျှောက်နေကြောင်း တွေ့လိုက်ရလေသည်။ ချန်းကျင်း၏ အမြင်အာရုံမှာ စူးရှကောင်းမွန်သောကြောင့် သူသည် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ၎င်းလူနှစ်ယောက်၏ အသွင်အပြင်အား ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်သွားကာ ထို့နောက် ကပျာကယာ စကားဆိုလာပေတော့၏။
"အားရှို့နဲ့ ရန်းရှောင်ချီလည်း ဒီဘက်ကို လမ်းလျှောက်ထွက်လာတဲ့ပုံပဲ"
အဖွားဖြစ်သူက ဆက်စပ်မှုမရှိသော စကားတစ်ခွန်းအား ရုတ်တရက်ဆိုလာလေသည်။
"မင်းနဲ့သာမတွေ့ဖြစ်ခဲ့ရင် ဒီနေ့ ငါနဲ့အတူ လမ်းလျှောက်ထွက်မယ့်လူက အားရှို့ဖြစ်နေမှာ..မဟုတ်လည်း ရှောင်ထောင်ပေါ့"
ချန်းကျင်းသည် တစ်ခဏမျှ ကြောင်သွားမိ၍ အဖွားဖြစ်သူ၏စကားအား ကောင်းစွာနားလည်ရန် အချိန်အတော်ယူလိုက်ရပေသည်။
"အဖွား..အဲ့ဒါက ဘာကိုပြောချင်တာလဲ?"
"ပြောမရဘူးလေ"
သူမက ငြိမ်သက်နေ၍ တည်ငြိမ်စွာ ဆိုလာခဲ့သည်။
"တကယ်လို့များ ရှောင်ထောင်သာ အခုချိန်ထိ လူလွတ်ဖြစ်နေခဲ့ရင် အားရှို့နဲ့သူနဲ့က လက်ထပ်ဖြစ်လောက်မှာ မဟုတ်လား။ သူတို့နှစ်ယောက်က လိုက်ဖက်တယ်လေ"
ချန်းကျင်းသည် အတန်ကြာမျှ ငြိမ်သက်သွားရ၍ ထိုလူနှစ်ယောက်၏ ပုံရိပ်အား မျက်လုံးထဲ ပုံဖော်ကြည့်မိရာ ၎င်းမှာ အမှန်တကယ်ပဲ အဖွားဖြစ်သူပြောသည့်အတိုင်း လိုက်ဖက်နေကြောင်း တွေ့လိုက်ရပေ၏။ လုထောင်နှင့် အားရှို့သည်ကား ဝမ်းကွဲမောင်နှမများအဖြစ် ယူဆ၍ရသည့်တိုင် အဖွားဖြစ်သူနှင့် ယွိစီကွေးမှာ တကယ့်ညီအစ်မ အရင်းများ မဟုတ်ကြပါချေ။
တည်ထောင်သူမျိုးနွယ်ဝင်များမှာ အချင်းချင်းလည်း ပြန်လည် လက်ဆက်၍ ရသဖြင့် ၎င်းဆက်နွယ်မှုသည် အရေးမပါ ဖြစ်ရတော့၏။ ထို့အပြင် အားရှို့သည်ကား ယွိစီကွေး၏ မြေးမလေးဖြစ်၍ သူမ၏မိသားစု နောက်ခံနှင့် အပြုအမူ ဝါသနာများကလည်း အကြင်သူနှင့် ကိုက်ညီလှသည်ဖြစ်ရာ မိမိထက်ပင် အားရှို့က လုထောင်နှင့် လိုက်ဖက်လိမ့်လေမည်။
သူကသာ လုထောင်အား အတင်းအကြပ် လက်ထပ်စေရန် တွန်းအားမပေးခဲ့ပါက ထိုလူသားနှစ်ယောက်သည် ယခုအချိန်၌ ပျော်ပျော်ရွှင်ရွှင် နေနိုင်လောက်မည် မဟုတ်ပါလား။
တမဟုတ်ချင်းပင် ချန်းကျင်း၏ နှလုံးသားအတွင်း၌ သေးငယ်သော သဝန်တိုမှုလေးတစ်ခုက ဖြစ်တည်လာရ၍ သူ၏စကားလုံးများမှာလည်း ရှာလကာရည်အနံ့တို့နှင့် ပြည့်နှက်လာရတော့၏။
"အဖွားက..ကျွန်တော့်ကို သဘောမကျလို့လား"
အဖွားဖြစ်သူ၏မျက်နှာပြင်ထက်၌ ရှားပါးသော အပြုံးပန်းတစ်ပွင့်က ပွင့်လန်းလာရသည်။
"မင်းနဲ့ပတ်သက်ပြီး သဘောမကျတဲ့အကြောင်းကို ပြောရမယ်ဆိုရင် ဆုံးမှာတောင် မဟုတ်ဘူး"
ချန်းကျင်း၏ ပခုံးနှစ်ဖက်မှာ သိမ်ငယ်မှုကြောင့် အနည်းငယ် ကြုံ့သွားရလေသည်။
"အထက်စီးဆန်တယ် ကိုယ့်အတွက်ကိုပဲ ကြည့်တယ် အသုံးအဖြုန်းလည်း ကြီးတယ်..ဘယ်ဘက်ကကြည့်ကြည့် ဇနီးကောင်းတစ်ယောက်နဲ့မှ တူမနေခဲ့တာ။ နောက်ပြီး မင်းက မင်းလိုချင်တာရဖို့အတွက် မသမာတဲ့နည်းလမ်းတွေလည်း သုံးသေးတယ်။ ရုပ်ရည်လေးနဲ့မှ မလိုက် တကယ်ကို ယုတ်ညံ့ပြီး ဆိုးသွမ်းလွန်းတာ.. အဲ့ဒီတုန်းက မင်း ရှောင်ထောင်ကို လက်ထပ်ချင်တယ်ဆိုတာ ရတနာပစ္စည်းတစ်ခုခုကို အပိုင်လိုချင်လို့ မရမက သိမ်းပိုက်လိုက်တဲ့ ပုံစံအတိုင်းပဲ။ မတူတာဆိုလို့ လူတစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ သဘောကျမိတာ ဖြစ်လိမ့်မယ်..နောက်ပြီး မင်းက သူ့ကို အတင်းအကြပ် ဖိအားပေးပြီး လက်ထပ်ယူခဲ့တာလေ..ငါက ဘယ်လိုလုပ် မင်းကို သဘောကျနိုင်ပါ့မလဲ"
ချန်းကျင်းသည် အတော်လေး ရှက်ရွံ့သွားမိ၍ တိုးဖွဖွ ရေရွတ်လာမိ၏။
"တောင်းပန်ပါတယ်..ကျွန်တော့် အမှားတွေပါ"
"ဒါပေမဲ့ မင်းနဲ့ပတ်သက်ပြီး တစ်ခုကိုတော့ ငါအထင်လွဲသွားခဲ့မိတယ်ဆိုတာကို ဝန်ခံပါတယ်။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လုံးလုံး ရှောင်ထောင်က မင်းကို အေးစက်စက် ဆက်ဆံခဲ့တာတောင် မင်းက သူ့ကိုဆက်ချစ်နေတုန်းပဲ။ အင်းလေ..အဲ့ဒါကလည်း ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဘာလို့ဆို ရှောင်ထောင်က အရမ်းဆွဲဆောင်မှု ရှိနေတာကိုး"
အဖွားဖြစ်သူသည်ကား ပွင့်လင်းလှသည်ဖြစ်၍ နူးညံ့သည့်စကားလုံးများကိုလည်း ရွေးချယ်ပြောဆိုခြင်း မရှိသည့်တိုင် သူမ၏လေသံမှာမူ အရင်နှင့်မတူပါဘဲ အနည်းငယ် ပျော့ပျောင်းနေသလိုပါပင်။
သူမက မနီးမဝေးမှ ယောကျ်ားပျိုနှင့် မိန်းမပျို စုံတွဲကို ကြည့်လိုက်ရင်း တည်ငြိမ်စွာ ဆိုသည်။
"ယွိမိသားစုမှာ "လက်ထပ်ခြင်းအမှု" ဆိုတာက အကျိုးအမြတ်အတွက်ချည်းပဲ။ တကယ်လို့ ရှောင်ထောင်သာ သာမန်လူဖြစ်ပြီး စစ်တပ်ရာထူးလည်း မရှိဘူးဆိုရင် သူဘယ်လောက်ပဲ ချောမောပြီး ဆွဲဆောင်မှုရှိနေပါစေ ယွိမိသားစုက သူ့ကို လက်ခံမှာမဟုတ်သလို အားရှို့ကလည်း သူ့ကိုလက်ထပ်ဖြစ်မှာ မဟုတ်ဘူး။ အစောပိုင်းက ငါပြောလိုက်တဲ့ သူတို့နှစ်ယောက် လိုက်ဖက်နိုင်တယ်ဆိုတာက ရှောင်ထောင် ဗိုလ်ချုပ်ဖြစ်ပြီး အချိန်အတွက် ပြောချင်တာ။ အဲ့ဒီလို စဉ်းစားကြည့်လိုက်ပြန်တော့လည်း မင်းနဲ့လက်ထပ်ဖြစ်တာက တော်သေးတာပေါ့လို့ တွေးမိပြန်ရော..နည်းနည်းလောက်ပေါ့"
သူမက ဘေးနားမှ မတ်တပ်ရပ်နေသော ချန်းကျင်းအား တစ်ချက်ကြည့်လာရင်း ဆက်ဆိုသည်။
"အနည်းဆုံးတော့ မင်းက သူ့နောက်ခံကို ကြည့်ခဲ့တာမဟုတ်ဘဲ သူ့မျက်နှာကိုပဲ ကြည့်ခဲ့တာမို့လို့လေ။ ဘာပဲပြောပြော မင်းလည်း လိုချင်တာရဖို့အတွက် အတင်းအကြပ် လုပ်ခဲ့တာပါပဲ။ မတူတာဆိုလို့ အကျိုးအမြတ်ကိုကြည့်ပြီး လက်ထပ်တတ်တဲ့ ဒီလိုအထက်တန်းစား အသိုင်းအဝိုင်းထဲမှာ မင်းမပါခဲ့တာပဲ ရှိလိမ့်မယ်"
ချန်းကျင်းက အနည်းငယ် နီရဲနေသော မျက်နှာထားနှင့် တိုးဖွဖွ ဆိုလာသည်။
"ကျွန်တော်က သူ့ကို..မျက်နှာကြောင့် ချစ်ခဲ့တာ မဟုတ်ပါဘူး"
"ပြောတော့ မြင်မြင်ချင်း ချစ်မိသွားတာဆို!? အဲ့ဒါက မျက်နှာကြောင့် မဟုတ်ရင် တခြားဘာဖြစ်ရဦးမှာလဲ"
ချန်းကျင်းမှာ တစ်ခဏမျှ ပြောစရာစကားတို့ ပျောက်ရှသွားရပေ၏။ သူသည် ၎င်းအကြောင်းအား သေချာပြန်ပြောင်း၍ တွေးကြည့်မိသောအခါ မိမိမှာ ထိုအခါက အမှန်တကယ်ပဲ လုထောင်၏မျက်နှာအား တွေ့မိရင်း ချစ်မိသွားခြင်း ဖြစ်ကြောင်း လက်ခံလိုက်ရတော့သည်။ ထို့ကြောင့် အဖွားဖြစ်သူ၏ မှတ်ချက်အား ငြင်းဆန်ခြင်းမပြုပါဘဲ ဆိတ်ဆိတ်နေ၍သာ ထောက်ခံခဲ့လေ၏။ ထို့အပြင် အဖွားဖြစ်သူသည် ယွိမိသားစု၏ လက်ထပ်ရေးရာအမှုနှင့် ပတ်သက်၍ အတော်လေး သဘောမကျသည့် ပုံပေါက်နေလေရာ ချန်းကျင်းသည် လျင်မြန်စွာပင် အခြားဆက်စပ်သည့် အကြောင်းအရာတစ်ခုအား မေးမြန်းလာမိပေတော့သည်။
"ဒါဆို အခု ရန်းရှောင်ချီနဲ့ အားရှို့က ကြင်ဖက်တွေ့နေတာမျိုးလား"
တစ်ဖက်မှ အဖွားဖြစ်သူမှာ သူ၏မေးခွန်းကြောင့် အနည်းငယ် အံ့ဩလျက်။
"မင်း အဲ့ဒါကို အခုမှသိတာလား!?"
ချန်းကျင်းသည် မိမိ၏အသိအမြင်နည်းပါးမှုကြောင့် ရှက်ရွံ့သွားမိ၍ ခေါင်းလေးငုံ့ကာ တိုးဖွဖွ ဆိုသည်။
"အာ..ကျွန်တော် အရင်က သိပ်သတိမထားခဲ့မိလို့.."
တစ်ဖက်မှ လူနှစ်ယောက်မူ သူတို့ရှိရာနေရာနှင့် တဖြည်းဖြည်း နီးကပ်လာနေလေပြီ။ အားရှို့သည် လွန်စွာမှ လှပ၍ သူမ၏အလှသည်ကား သာမန်မိန်းကလေးများကဲ့သို့ အားနွဲ့သည့်သဘောမျိုး မဟုတ်ရပါဘဲ မိမိကိုယ်ကို အားကိုးနိုင်သည်အထိ ကြံ့ခိုင်သည့်ပုံပေါက်၍ တစ်နည်းတစ်ဖုံအားဖြင့်လည်း ဆွဲဆောင်မှုရှိနေသေးသည်ပင်။ ထို့အပြင် သူမသည် ရန်းချီနှင့်လည်း ရာနှုန်းပြည့် လိုက်ဖက်မှု ရှိပေ၏။
အနားသို့ ရောက်ရှိလာချိန်တွင် စီရှို့က အဖွားဖြစ်သူအား နှုတ်ဆက်စကားဆိုသည်။ ရုတ်တရက် ချန်းကျင်းသည် မိမိမှာ ရန်းချီထံမှ အကြိမ်ပေါင်းများစွာ အထင်သေးခံ အစနောက်ခံခဲ့ရကြောင်း သတိရမိသွား၍ ဤအကြိမ်၌မူ သူ့အား ပြန်လည်ကာ လက်စားချေရန် အခွင့်အရေးရပြီဟု တွေးလိုက်မိပေ၏။ သို့နှင့် သူက လျင်မြန်စွာပင် တစ်ဖက်မှ ရန်းချီအား စကားဆိုလာတော့သည်။
"ကွန်ကွန်နော် ရန်းရှောင်ချီ.. မင်းနောက်ဆုံးတော့ single ဘဝကနေ ကျွတ်ပြီပေါ့။ ထပ်ပြီးတော့ ငါတို့ခြံထောင့်မှာ တိတ်တိတ်လေးငိုစရာ မလိုတော့ဘူးလေ"
ရန်းချီ၏ မူလအစက ပြုံးရယ်နေသော မျက်နှာထားမှာ ၎င်းစကားအား ကြားလိုက်ရချိန်၌ ရုတ်ချည်းပင် ကွပ်ခနဲ ပျက်ယွင်းသွားရ၍ အစိမ်းရောင် မျက်ဝန်းများဆီမှလည်း စူးရှသည့် အလင်းတန်းတို့ ထွက်ပေါ်လာတော့မည့် အတိုင်းပါပင်။ ချန်းကျင်းသည် တစ်ဖက်လူ၏ပြောင်းလဲမှုများနှင့် ပတ်သက်၍ အတော်လေး ထိတ်လန့်သွားမိလေရာ ကပျာကယာနှင့် အဖွားဖြစ်သူ၏အနောက်ဘက်သို့ ဝင်ပုန်းမိပေတော့၏။
ထို့်နောက် သူက အထစ်ထစ်အငေါ့ငေါ့နှင့် ဆိုသည်။
"ငါ..ငါက ဒီတိုင်းစလိုက်တာကို မင်းမျက်နှာကြီးက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ"
တစ်ဖက်မှ စီရှို့က သူတို့၏စကားဝိုင်းအား စိတ်ဝင်စားသွားဟန် တူလေ၏။ သူမက အပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် အမေးဆိုလာသည်။
"ခြံထောင့်မှာ တိတ်တိတ်လေးငိုတယ် ဟုတ်လား။ အဲ့ဒါက ဘာကိုပြောချင်တာလဲ"
သူမက ထိုကဲ့သို့မေးလာသောအခါ ရန်းချီ၏ မျက်နှာထက်ရှိ တင်းမာမှုတို့်မှာ အနည်းငယ်မျှ လျော့နည်းသွားရ၏။ သို့သော် သူ၏ပုံစံမှာ မကြည်မသာဖြစ်နေသေး၍ တစ်နည်းအားဖြင့် စိတ်မရှည်ဟန်လည်း ပေါက်နေသေးလေသည်။
"ဟိုးငယ်ငယ်က အကြောင်းတွေပါ။ ဘာမှမဟုတ်ဘူး"
သူက ချန်းကျင်းအား တစ်ချက်မျှ စိုက်ကြည့်ပြီးနောက် ယွိစီရှို့ဘက်သို့ စကားထပ်ဆိုလာခဲ့၏။
"အထဲပြန်သွားကြတော့မလား"
ယွိစီရှို့ကမူ ရန်းချီ၏အပြုအမူနှင့် ပတ်သက်၍ စိတ်ဆိုးဟန်မပေါ်ပါချေ။ သူမက သဘောထားကြီးစွာ ပြုံးပြလာ၍ နူးညံ့စွာ ဆိုသည်။
"သွားတာပေါ့။ လမ်းလည်း အကြာကြီးလျှောက်ပြီးပြီပဲကို။ ဒီတစ်ခါ သမီး အဖွားကို ကူတွန်းပေးမယ်နော်"
ချန်းကျင်း၏ တစ်ခုတည်းသော အလုပ်ကလေးမှာ ယွိစီရှို့ဆီမှ လုယူခြင်း ခံလိုက်ရသဖြင့် သူသည် ရန်းချီနှင့်အတူ အနောက်မှ လမ်းလျှောက်လိုက်ရန်သာ တတ်နိုင်ခဲ့ပေ၏။ တစ်ဖက်လူ၏ မျက်နှာထားမှာ လွန်စွာမှ တင်းမာနေခဲ့၍ တစ်လမ်းလုံးလည်း ရန်းချီသည် ချန်းကျင်းအား တစ်ချက်မျှ လှည့်ကြည့်လာခြင်း မရှိခဲ့ပါချေ။ ထို့ကြောင့် ချန်းကျင်းမှာ မိမိကိုယ်ကို အနည်းငယ်မျှ အပြစ်ရှိသလိုပင် ခံစားမိလာရတော့လေသည်။
သူစနောက်လိုက်သည့် အကြောင်းအရာက..အရမ်းပဲ လွန်သွားလို့များလား!!?
အတိတ်အခါကဆိုလျှင် သခင်လေးချန်းသည် ယခုကဲ့သို့ အရေးတယူ တွေးယူနေမည် မဟုတ်ပါပေ။ သို့သော် ရင့်ကျက်လာပြီးနောက်တွင်မူ သူသည် မိမိ၏အပြုအမူများနှင့် ပတ်သက်၍ ဂရုတစိုက်ရှိလာခဲ့၍ တစ်ဖက်လူက မိမိကြောင့် နာကျင်သွားရမည်ကိုလည်း အတော်လေး စိုးရိမ်တတ်လာခဲ့ပေ၏။ ထို့ကြောင့် သူသည် ၎င်းစကားအား အထူးသဖြင့် ငယ်သူငယ်ချင်းဖြစ်သူ ရန်းချီကို ပြောရန် အခက်တွေ့နေမိခြင်း ဖြစ်သည်ပင်။ နောက်ဆုံးတွင်မူ ချန်းကျင်းသည် မနေနိုင်သည့်အဆုံး အသံဖွဖွလေးနှင့် စကားစဆိုလာရတော့ပေ၏။
"ရန်းရှောင်ချီ..တောင်းပန်ပါတယ်။ ငါက တမင်သက်သက် မင်းကိုစိတ်တိုစေချင်တဲ့ သဘောနဲ့ပြောလိုက်တာ မဟုတ်ပါဘူး။ ဒါကြောင့် အရမ်းကြီး စိတ်ထဲမထားပါနဲ့.."
ရန်းချီက တစ်ချက်မျှ လှောင်ရယ်လာရင်း ဆိုသည်။
"ဪ.. ကြည့်ရတာ သခင်လေးချန်းက အခုနောက်ပိုင်း လွယ်လွယ်ကူကူနဲ့ တောင်းပန်လာတတ်တဲ့ပုံပဲနော်"
သူ၏တုံ့ပြန်မှုကြောင့် ချန်းကျင်းမှာ အနည်းငယ် ရှက်ရွံ့သွားရပေတော့၏။
"အဲ့ဒါက ဘာဖြစ်နေလို့လဲ!?"
"တုံးအတယ်ဆိုပေမဲ့ ကိုယ့်အခြေအနေကိုတော့ နားလည်သေးတဲ့ပုံပဲ မို့လို့လေ။ အနားမှာ အရင်ကလို ကာကွယ်ပေးမယ့် အစ်ကိုကြီးမရှိတော့ ကိုယ့်အမှားကို တောင်းပန်ရကောင်းမှန်း သိပြီပေါ့? မင်းပုံစံကလေ အမြီးညှပ်ခံလိုက်ရတဲ့ ကြောင်အတိုင်းပဲ သိလား။ ဒီလိုပုံစံကိုသာ အစ်ကိုရွှီမြင်ရင် ဘယ်လိုများ ဖြစ်သွားမှာပါလိမ့်..ဝမ်းသာမှာလား ဒါမှမဟုတ် ဒေါသထွက်မိမှာများလား!?"
"မင်း..ငါ့ကို သဘောမကျဘူးဆိုရင်လည်း ငါ့ကိုပဲ မကောင်းပြောလေ။ ဘာလို့ ငါ့ကိုကြီးကို ခဏခဏ ဆွဲထည့်နေတာလဲ။ ကိုကြီးက မင်းအပေါ် ဘာအမှားမှ မလုပ်ခဲ့ဖူးတာကို!"
၎င်းနောက်ဆုံးစကားအား ပြောပြီးခါမှပင် ချန်းကျင်းသည် ၎င်းမှာ အနည်းငယ် မှားယွင်းနေသည်ဟု တွေးမိသွား၍ ကပျာကယာ စကားထပ်ဆိုလာတော့၏။
"နေပါဦး..ငါလည်း မင်းအပေါ် ဘာအမှားမှ မလုပ်ခဲ့ဖူးဘူးလေ! အရင်က ငါတို့တွေ အမြဲတမ်း တည့်တည့်ပြုပြု ရှိခဲ့တာပဲကို ဘာလို့ မင်းက ငါ့ကို ရုတ်တရက်ကြီး ကြည့်မရဖြစ်လာရတာလဲ!?"
အမှန်မှာမူ ချန်းကျင်းသည် ၎င်းအကြောင်းပြချက်အား အမြဲတမ်း သိရှိနေလိုခြင်း ဖြစ်၏။ သူတို့နှစ်ယောက်မှာ စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့် မိတ်ပျက်သွားခဲ့ရခြင်း ဖြစ်သည့်တိုင် ဤမျှအထိ ဆက်ဆံရေးက တင်းမာသွားစရာ အကြောင်းမရှိပါချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ငယ်စဉ်အခါက လွန်စွာမှ ရင်းနှီးခဲ့ဖူးသော ဆော့ဖော်ဆော့ဖက်များ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား?
ရန်းချီက သူ့အား မထီလေးစား ကြည့်လာ၍ ဆိုသည်။
"ဘယ်လိုထင်လို့လဲ?"
ချန်းကျင်းသည် အကြောင်းတစ်ခုအား ရုတ်ချည်းသွားတွေးမိ၍ ထို့နောက် လွန်စွာမှ အံ့ဩသွားဟန်ဖြင့် ကပျာကယာ ပြန်ဖြေလာတော့၏။
"မင်း မဟုတ်မှလွဲရော ငါက တကယ်ပဲ မင်းနဲ့လက်မထပ်ခဲ့လို့ အခုလို ဖြစ်သွားတာလား!? အချစ်ကနေ အမုန်းကို ပြောင်းသွားတာမျိုးလေ"
သူက ခဏနား၍ စကားဆက်သည်။
"နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနှစ်မှာပဲ မင်းက ငါတို့ခြံထောင့်မှာ ငိုနေခဲ့တာ မဟုတ်လား?"
ဘာကြောင့်များ ရန်းချီဟာ တခြားနေရာ၌ သွားမငိုပါဘဲ မိမိ၏ခြံထောင့်၌ ငိုနေခဲ့ရပါသနည်း။ တကယ်ပဲ ထိုအခါက ရန်းချီ သဘောကျနေခဲ့မိသည့်သူမှာ မိမိ ဖြစ်နေခဲ့ခြင်းမျိုးလား? ချန်းကျင်းမှာ ၎င်းအကြောင်းအား ပို၍တွေးလေ မယုံကြည်နိုင်လေ ဖြစ်လာရတော့၏။
သူ့စကားကြောင့် ရန်းချီက ကျယ်လောင်စွာ ရယ်မောလေသည်။ တစ်ဖက်မှ စီရှို့တို့မှာ အတော်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သဖြင့် ရန်းချီသည် သူ၏အသံအား ဆက်၍ထိန်းမထားတော့ပါပေ။
"ချန်းကျင်း..မင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလွန်းတာနဲ့ ပတ်သက်ပြီး အကန့်အသက်တစ်ခုလောက်တော့ ထားသင့်ပြီလို့ ငါထင်တယ်။ ကျောက်မျက်ရတနာတွေပဲ တစ်ပုံတစ်ခေါင်း ဝယ်ခဲ့ဖူးပြီး ကိုယ့်ကိုပြန်ကြည့်ဖို့ မှန်တစ်ချပ်တော့ မဝယ်ဖြစ်ခဲ့ဖူးဘူးလား!? ဟင် ? ဘယ်လိုလုပ်ပြီး ငါက မင်းကို ကြိုက်နေတယ်လို့များ တွေးမိသွားရတာလဲ ချီးလိုပဲ!"
ရန်းချီထံမှ နားဝင်ဆိုးသော စကားများ ကြားရသည့်တိုင် ဤအကြိမ်၌မူ ချန်းကျင်းသည် နည်းနည်းလေးမျှပင် စိတ်အားငယ်မှု မဖြစ်မိပါဘဲ ထိုအစား ပို၍ပင် စိတ်သက်သာရာရသွားမိသေးလေ၏။
"မဟုတ်လည်း ပြီးတာပါပဲ။ အဲ့ဒီလို ကြားရလို့ ငါက ပိုတောင်ဝမ်းသာသေးတယ်!"
တစ်ဖက်မှ ရန်းချီကမူ လွန်စွာမှ ဒေါသထွက်နေပြီဖြစ်၏။ သူက ကြယ်သီးများအား အကြမ်းပတမ်း ဖြုတ်ပစ်ကာ အပေါ်ထပ်ကုတ်အကျႌကို အဝေးသို့ လွှင့်ပစ်လိုက်လေသည်။ သူ၏ မျက်ခုံးများကမူ ကြုံ့လွန်းသဖြင့် တွန့်လိမ်သွားလုနီးနီးပါပင်။ အတန်ကြာပြီးနောက်မှ ရန်းချီက အသံမာမာနှင့် ဆိုလာသည်။
"ကျန်တဲ့လူတွေကိုပြောလိုက်..ငါနေမကောင်းလို့ အရင်ပြန်နှင့်ပြီလို့"
ချန်းကျင်းမှာ တစ်ခဏမျှ မှင်သက်သွားမိလျက်။
"ဘာလို့ငါက ပြောပေးရမှာလဲ"
"ဘာလို့ဆို ငါက မင်းကြောင့် ဒီလိုမျိုး ဒေါသထွက်သွားရတာ မို့်လို့ပေါ့!!"
ထို့နောက် ရန်းချီက သူ့အား စိုက်ကြည့်လာရင်း သွားများကြိတ်လျက် စကားဆက်ဆိုသည်။
"နောက်ပြီး ဒီနေ့မြင်ခဲ့တာကို အစ်ကိုရွှီ့ကို လုံးဝ ပြန်မပြောနဲ့!"
အဝေးတစ်နေရာသို့ ဒေါသတကြီး လမ်းလျှောက်ကာ ထွက်သွားလေသော တစ်ဖက်လူအား ကြည့်ရင်း ချန်းကျင်းမှာ အတော်လေး စိတ်ရှုပ်သွားမိရတော့၏။
သူက ဘာအတွက်ကြောင့်များ ရန်းချီ၏ ကြင်ဖက်တွေ့မှုကို အစ်ကိုဖြစ်သူအား ပြောပြရပါမည်နည်း!?
ရန်းချီ၏ကိစ္စက ကိုကြီးနှင့် ဘာမျှမဆိုင်သည် မဟုတ်ရပါလား?
Zawgyi
ၾကင္ဖက္ေတြ႔ေနေသာ တစ္ကိုယ္တည္းသမားေလး
ရန္းခ်ီ
ယေန႔၏ရာသီဥတုက အေတာ္ေလး သာယာကာ ေနေရာင္ကျခည္ကလည္း ေနရာအႏွံ႔သို႔ ျဖာက်လ်က္႐ွိ၏။ အဖြားျဖစ္သူထံမွ ခြင့္လႊတ္စကား ၾကားရေသာအခါ ခ်န္းက်င္း၏ အတြင္း ႏွလံုးသားတစ္ခုလံုးသည္ ေနေရာင္ျခည္ေၾကာင့္ ေႏြးေထြးၿပီးျဖစ္ေသာ အျပင္ကိုယ္ထည္အတိုင္း တျဖည္းျဖည္း ေႏြးေထြးလာရေတာ့ေလသည္။ ထို႔အျပင္ ႏွလံုးသားထက္၌ အခ်ိန္အတန္ၾကာ ထမ္းပိုးခဲ့ရေသာ ဝန္ထုပ္ႀကီးမွာလည္း ေနာက္ဆံုးေတာ့ ေလ်ာ့နည္းသြားဟန္ တူ၏။ ထို႔ေနာက္ ခ်န္းက်င္းသည္ အဖြားျဖစ္သူႏွင့္ အခ်ိန္အတူျဖဳန္းရန္အတြက္ တျခား စကားလမ္းေၾကာင္းတစ္ခုအား ေျပာင္းေျပာလာခဲ့ေပသည္။ သူက အခုရက္ပိုင္း လုေထာင္၏အေျခအေနမ်ားအား ေျပာျပေနျခင္းျဖစ္သျဖင့္ ခင္ပြန္းျဖစ္သူ၏ စစ္တပ္ေဆးရံုသို႔ မၾကာခဏ သြားေရာက္ေနရေသာ အေၾကာင္းအရာမ်ားကလည္း ပါ႐ွိလာရသည္ပင္။
အဖြားျဖစ္သူသည္ ဟက္ဟက္ပက္ပက္ ျပန္လည္တံု႔ျပန္ျခင္း မ႐ွိသည့္တိုင္ တစ္ခ်ိန္လံုး အေရးတစိုက္ႏွင့္ အသံတိတ္နားေထာင္ေနခဲ့ျခင္း ျဖစ္၏။ ခ်န္းက်င္းက လုေထာင္ ေဆးရံုသို႔ မၾကာခဏ သြားေရာက္ေနရေၾကာင္း ေျပာျပလာေသာအခါ သူမသည္ စိတ္ပူစြာျဖင့္ ျပန္လည္ကာ အေမးဆိုလာခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ လုေထာင္သည္ကား သူမ၏သက္တမ္းတစ္ဝက္စာမွ် အခ်ိန္အတူကုန္ဆံုးခဲ့ပါေသာ ေျမးေလးျဖစ္ရသည္ မဟုတ္ပါလား။
"ဘာလို႔ ေ႐ွာင္ေထာင္က စစ္တပ္ေဆးရံုကို ခဏခဏ သြားေနရတာလဲ။ သူတစ္ခုခု ျဖစ္ေနလို႔လား"
"ကြၽန္ေတာ္လည္း မသိပါဘူး။ သူ႔ကို ေမးၾကည့္ေပမဲ့ သူက ဘာမွေသခ်ာ ျပန္မေျဖဘူးေလ"
"မင္းကို ေျပာျပလို႔လည္း အသံုးမွမဝင္တာ"
အဖြားျဖစ္သူသည္ကား အနည္းငယ္ ႏႈတ္ၾကမ္းလွ၏။
"စစ္တပ္မွာက အရမ္း စည္းကမ္းတင္းၾကပ္တယ္။ အျပင္လူေတြကို တခ်ိဳ႕ကိစၥေတြ ေျပာျပလို႔မရဘူး"
"အာ..ဟုတ္သားပဲ"
ခ်န္းက်င္းကမူ မိမိ၏ တံုးအမႈႏွင့္ ပတ္သက္၍ ႐ွက္ရြံ႔သလို မခံစားရပါေပ။
"ဘာပဲေျပာေျပာ သူအဆင္ေျပမွာပါ။ ေဆးရံုကဆင္းေတာ့ ကြၽန္ေတာ္ ေဒါက္တာဂယ္လ္ဆင္ကို ေမးၾကည့္ခဲ့တာ သူကေျပာတယ္ လုေထာင္ရဲ႕အေျခအေနက အားလံုးေကာင္းပါတယ္တဲ့။ ႏွစ္ဝက္ေလာက္ၾကာရင္ အရင္အတိုင္း မွတ္ဉာဏ္ေတြျပန္ရလာမွာတဲ့.."
၎ေနာက္ဆံုးစကားအား ေျပာျပမိသည့္အခ်ိန္တြင္ ခ်န္းက်င္း၏အသံမွာ အနည္းငယ္ တိုးညႇင္းသြားခဲ့ရ၏။
အဖြားျဖစ္သူကမူ မည္သည့္စကားကိုမွ် ထပ္ဆိုမလာေတာ့ပါေခ်။ အတန္ၾကာ ၿငိမ္သက္ၿပီးသည့္ေနာက္မွ သူမက ဆိုလာ၏။
"ငါ့ကို ျပန္ပို႔ေပးေတာ့"
ခ်န္းက်င္းသည္ လ်င္ျမန္စြာပင္ သူမအား အိမ္ေတာ္အတြင္းသို႔ ျပန္ေခၚလာေပ၏။ ယြိမိသားစုသည္ကား က်ယ္ျပန္႔ေသာ ဧရိယာအား ပိုင္ဆိုင္ထားျခင္းျဖစ္ကာ ျခံဝင္းႀကီးတစ္ခုလံုးသည္ ပ်မ္းမွ် ၁၀ ကီလိုမီတာခန္႔ က်ယ္ဝန္းသည္။ ထို႔အျပင္ အေစာပိုင္းက သူတို႔လမ္းေလွ်ာက္ခဲ့သည္မွာ အိမ္ေတာ္တစ္ခုလံုး၏ ေသးငယ္ေသာ အစိတ္အပိုင္းမွ်သာ ျဖစ္ရေလ၏။ ႐ုတ္တရက္ ခ်န္းက်င္းသည္ လုေထာင္၏အဖြားမွာလည္း အတိတ္အခါက ဤမိသားစုဝင္ျဖစ္ခဲ့ဖူး၍ ဤေနရာ၌ ေနထိုင္ခဲ့ဖူးမည္ ျဖစ္ေၾကာင္း အမွတ္ရမိသြားကာ မထိန္းႏိုင္ဘဲ ေမးခြန္းတစ္ခုကို ေမးလာမိေပေတာ့သည္။
"အဖြားေရာ ဘယ္ေနရာမွာ ေနခဲ့တာလဲ? အာ..အဖြား လက္မထပ္ခင္ အခ်ိန္တုန္းက ေျပာတာ"
၎ေမးခြန္းအား ေမးၿပီးခါမွပင္ ခ်န္းက်င္းသည္ အနည္းငယ္ ေနာင္တရသြားမိ၏။ မည္သို႔ပင္ဆိုေစကာမူ မိမိတို႔ႏွစ္ေယာက္သားမွာ ဆက္ဆံေရးမေကာင္းခဲ့ဖူး၍ ရင္းႏွီးစြာလည္း စကားမေျပာဆိုခဲ့ၾကဖူးသည္ မဟုတ္ပါလား။ သို႔ႏွင့္ ခ်န္းက်င္းသည္ အဖြားျဖစ္သူမွာ မိမိအား ဤအႀကိမ္၌လည္း အရင္ကအတိုင္း လ်စ္လ်ဴရႈထားလိမ့္မည္ဟု ေတြးထင္လိုက္မိေလေတာ့သည္။ သို႔ေသာ္ ယခုအႀကိမ္၌မူ တစ္ဖက္လူသည္ကား သူထင္သည့္အတိုင္း လ်စ္လ်ဴမ႐ႈခဲ့ပါဘဲ တစ္ေနရာရာထံသို႔ လက္ၫႊန္းၫႊန္ကာ ျပန္ေျဖလာခဲ့ေပ၏။
"ပင္လယ္ေအာ္ရဲ႕ ဟိုဘက္နားမွာ"
ခ်န္းက်င္းမွာ အဖြားျဖစ္သူ၏ တုံ႔ျပန္မႈေၾကာင့္ အေတာ္ေလး ေပ်ာ္ရႊင္သြားမိသည္ပင္။
"ဒီကေနဆို အေတာ္ေလး ေဝးေသးတာပဲေနာ္"
"အဲ့ဒီအခ်ိန္တုန္းက ေနရာက ဒီေလာက္ထိ မက်ယ္ေသးဘူး။ ဒီအဓိကအိမ္ေတာ္ကလည္း ေနာက္ပိုင္းမွ ေဆာက္ျဖစ္တာပဲ ..အဲ့ဒါနဲ႔ မိသားစုတစ္ခုလံုး ေနာက္ဆံုး ဒီအိမ္ေတာ္ဘက္ကို ေျပာင္းလာၾကတာ"
"ဪ အဲ့ဒီလိုကိုး"
ခ်န္းက်င္းက ကပ်ာကယာႏွင့္ ခ်ီးမြမ္းစကားဆက္ဆိုေလသည္။
"ယြိမိသားစုက တကယ္ကို ဖြံ႔ၿဖိဳးတိုးတက္တာ ျမန္တာပဲေနာ္။ မိသားစုဝင္ေတြကလည္း အမ်ားႀကီးပဲ"
ဤအႀကိမ္၌မူ အဖြားျဖစ္သူက ခ်န္းက်င္းအား ျပန္လည္ မတံု႔ျပန္ခဲ့ပါေခ်။ ၎အေၾကာင္းအရာမွာ သူမအား အနည္းငယ္ မေပ်ာ္မရႊင္ ျဖစ္ေစဟန္တူ၏။ ထို႔ေၾကာင့္ ခ်န္းက်င္းသည္ တမဟုတ္ခ်င္းပင္ ႐ွက္ရြံ႔သြားမိ၍ မိမိ၏စကား၌ တစ္ေနရာရာကမ်ား အမွားပါသြားေလမလား ေတြးမိကာ စိုးရိမ္လာရေတာ့၏။ သို႔ႏွင့္ သူက တျခားအေၾကာင္းအရာအား ေျပာင္းကာ ေျပာဆိုမည္အျပဳတြင္ သူတို႔ႏွင့္ မေဝးေသာ တစ္ေနရာ၌ လူႏွစ္ေယာက္က လမ္းေလွ်ာက္ေနေၾကာင္း ေတြ႔လိုက္ရေလသည္။ ခ်န္းက်င္း၏ အျမင္အာရံုမွာ စူး႐ွေကာင္းမြန္ေသာေၾကာင့္ သူသည္ တစ္ခ်က္မွ် ၾကည့္လိုက္ရံုျဖင့္ ၎လူႏွစ္ေယာက္၏ အသြင္အျပင္အား ႐ွင္း႐ွင္းလင္းလင္း ခြဲျခားသိျမင္သြားကာ ထို႔ေနာက္ ကပ်ာကယာ စကားဆိုလာေပေတာ့၏။
"အား႐ိႈ့နဲ႔ ရန္းေ႐ွာင္ခ်ီလည္း ဒီဘက္ကို လမ္းေလွ်ာက္ထြက္လာတဲ့ပံုပဲ"
အဖြားျဖစ္သူက ဆက္စပ္မႈမ႐ွိေသာ စကားတစ္ခြန္းအား ႐ုတ္တရက္ဆိုလာေလသည္။
"မင္းနဲ႔သာမေတြ႔ျဖစ္ခဲ့ရင္ ဒီေန႔ ငါနဲ႔အတူ လမ္းေလွ်ာက္ထြက္မယ့္လူက အား႐ိႈ့ျဖစ္ေနမွာ..မဟုတ္လည္း ေ႐ွာင္ေထာင္ေပါ့"
ခ်န္းက်င္းသည္ တစ္ခဏမွ် ေၾကာင္သြားမိ၍ အဖြားျဖစ္သူ၏စကားအား ေကာင္းစြာနားလည္ရန္ အခ်ိန္အေတာ္ယူလိုက္ရေပသည္။
"အဖြား..အဲ့ဒါက ဘာကိုေျပာခ်င္တာလဲ?"
"ေျပာမရဘူးေလ"
သူမက ၿငိမ္သက္ေန၍ တည္ၿငိမ္စြာ ဆိုလာခဲ့သည္။
"တကယ္လို႔မ်ား ေ႐ွာင္ေထာင္သာ အခုခ်ိန္ထိ လူလြတ္ျဖစ္ေနခဲ့ရင္ အား႐ိႈ့နဲ႔သူနဲ႔က လက္ထပ္ျဖစ္ေလာက္မွာ မဟုတ္လား။ သူတို႔ႏွစ္ေယာက္က လိုက္ဖက္တယ္ေလ"
ခ်န္းက်င္းသည္ အတန္ၾကာမွ် ၿငိမ္သက္သြားရ၍ ထိုလူႏွစ္ေယာက္၏ ပံုရိပ္အား မ်က္လံုးထဲ ပံုေဖာ္ၾကည့္မိရာ ၎မွာ အမွန္တကယ္ပဲ အဖြားျဖစ္သူေျပာသည့္အတိုင္း လိုက္ဖက္ေနေၾကာင္း ေတြ႔လိုက္ရေပ၏။ လုေထာင္ႏွင့္ အား႐ိႈ့သည္ကား ဝမ္းကြဲေမာင္ႏွမမ်ားအျဖစ္ ယူဆ၍ရသည့္တိုင္ အဖြားျဖစ္သူႏွင့္ ယြိစီေကြးမွာ တကယ့္ညီအစ္မ အရင္းမ်ား မဟုတ္ၾကပါေခ်။
တည္ေထာင္သူမ်ိဳးႏြယ္ဝင္မ်ားမွာ အခ်င္းခ်င္းလည္း ျပန္လည္ လက္ဆက္၍ ရသျဖင့္ ၎ဆက္ႏြယ္မႈသည္ အေရးမပါ ျဖစ္ရေတာ့၏။ ထို႔အျပင္ အား႐ိႈ့သည္ကား ယြိစီေကြး၏ ေျမးမေလးျဖစ္၍ သူမ၏မိသားစု ေနာက္ခံႏွင့္ အျပဳအမူ ဝါသနာမ်ားကလည္း အၾကင္သူႏွင့္ ကိုက္ညီလွသည္ျဖစ္ရာ မိမိထက္ပင္ အား႐ိႈ့က လုေထာင္ႏွင့္ လိုက္ဖက္လိမ့္ေလမည္။
သူကသာ လုေထာင္အား အတင္းအၾကပ္ လက္ထပ္ေစရန္ တြန္းအားမေပးခဲ့ပါက ထိုလူသားႏွစ္ေယာက္သည္ ယခုအခ်ိန္၌ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနႏိုင္ေလာက္မည္ မဟုတ္ပါလား။
တမဟုတ္ခ်င္းပင္ ခ်န္းက်င္း၏ ႏွလံုးသားအတြင္း၌ ေသးငယ္ေသာ သဝန္တိုမႈေလးတစ္ခုက ျဖစ္တည္လာရ၍ သူ၏စကားလံုးမ်ားမွာလည္း ႐ွာလကာရည္အနံ႔တို႔ႏွင့္ ျပည့္ႏွက္လာရေတာ့၏။
"အဖြားက..ကြၽန္ေတာ့္ကို သေဘာမက်လို႔လား"
အဖြားျဖစ္သူ၏မ်က္ႏွာျပင္ထက္၌ ႐ွားပါးေသာ အျပံဳးပန္းတစ္ပြင့္က ပြင့္လန္းလာရသည္။
"မင္းနဲ႔ပတ္သက္ၿပီး သေဘာမက်တဲ့အေၾကာင္းကို ေျပာရမယ္ဆိုရင္ ဆံုးမွာေတာင္ မဟုတ္ဘူး"
ခ်န္းက်င္း၏ ပခံုးႏွစ္ဖက္မွာ သိမ္ငယ္မႈေၾကာင့္ အနည္းငယ္ ၾကံဳ႕သြားရေလသည္။
"အထက္စီးဆန္တယ္ ကိုယ့္အတြက္ကိုပဲ ၾကည့္တယ္ အသံုးအျဖဳန္းလည္း ႀကီးတယ္..ဘယ္ဘက္ကၾကည့္ၾကည့္ ဇနီးေကာင္းတစ္ေယာက္နဲ႔မွ တူမေနခဲ့တာ။ ေနာက္ၿပီး မင္းက မင္းလိုခ်င္တာရဖို႔အတြက္ မသမာတဲ့နည္းလမ္းေတြလည္း သံုးေသးတယ္။ ႐ုပ္ရည္ေလးနဲ႔မွ မလိုက္ တကယ္ကို ယုတ္ညံ့ၿပီး ဆိုးသြမ္းလြန္းတာ.. အဲ့ဒီတုန္းက မင္း ေ႐ွာင္ေထာင္ကို လက္ထပ္ခ်င္တယ္ဆိုတာ ရတနာပစၥည္းတစ္ခုခုကို အပိုင္လိုခ်င္လို႔ မရမက သိမ္းပိုက္လိုက္တဲ့ ပံုစံအတိုင္းပဲ။ မတူတာဆိုလို႔ လူတစ္ေယာက္တည္းကိုပဲ စြဲစြဲျမဲျမဲ သေဘာက်မိတာ ျဖစ္လိမ့္မယ္..ေနာက္ၿပီး မင္းက သူ႔ကို အတင္းအၾကပ္ ဖိအားေပးၿပီး လက္ထပ္ယူခဲ့တာေလ..ငါက ဘယ္လိုလုပ္ မင္းကို သေဘာက်ႏိုင္ပါ့မလဲ"
ခ်န္းက်င္းသည္ အေတာ္ေလး ႐ွက္ရြံ႔သြားမိ၍ တိုးဖြဖြ ေရရြတ္လာမိ၏။
"ေတာင္းပန္ပါတယ္..ကြၽန္ေတာ့္ အမွားေတြပါ"
"ဒါေပမဲ့ မင္းနဲ႔ပတ္သက္ၿပီး တစ္ခုကိုေတာ့ ငါအထင္လြဲသြားခဲ့မိတယ္ဆိုတာကို ဝန္ခံပါတယ္။ လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္လံုးလံုး ေ႐ွာင္ေထာင္က မင္းကို ေအးစက္စက္ ဆက္ဆံခဲ့တာေတာင္ မင္းက သူ႔ကိုဆက္ခ်စ္ေနတုန္းပဲ။ အင္းေလ..အဲ့ဒါကလည္း ျဖစ္သင့္တယ္လို႔ ထင္ပါတယ္။ ဘာလို႔ဆို ေ႐ွာင္ေထာင္က အရမ္းဆြဲေဆာင္မႈ ႐ွိေနတာကိုး"
အဖြားျဖစ္သူသည္ကား ပြင့္လင္းလွသည္ျဖစ္၍ ႏူးညံ့သည့္စကားလံုးမ်ားကိုလည္း ေရြးခ်ယ္ေျပာဆိုျခင္း မ႐ွိသည့္တိုင္ သူမ၏ေလသံမွာမူ အရင္ႏွင့္မတူပါဘဲ အနည္းငယ္ ေပ်ာ့ေပ်ာင္းေနသလိုပါပင္။
သူမက မနီးမေဝးမွ ေယာက်္ားပ်ိဳႏွင့္ မိန္းမပ်ိဳ စံုတြဲကို ၾကည့္လိုက္ရင္း တည္ၿငိမ္စြာ ဆိုသည္။
"ယြိမိသားစုမွာ "လက္ထပ္ျခင္းအမႈ" ဆိုတာက အက်ိဳးအျမတ္အတြက္ခ်ည္းပဲ။ တကယ္လို႔ ေ႐ွာင္ေထာင္သာ သာမန္လူျဖစ္ၿပီး စစ္တပ္ရာထူးလည္း မ႐ွိဘူးဆိုရင္ သူဘယ္ေလာက္ပဲ ေခ်ာေမာၿပီး ဆြဲေဆာင္မႈ႐ွိေနပါေစ ယြိမိသားစုက သူ႔ကို လက္ခံမွာမဟုတ္သလို အား႐ိႈ့ကလည္း သူ႔ကိုလက္ထပ္ျဖစ္မွာ မဟုတ္ဘူး။ အေစာပိုင္းက ငါေျပာလိုက္တဲ့ သူတို႔ႏွစ္ေယာက္ လိုက္ဖက္ႏိုင္တယ္ဆိုတာက ေ႐ွာင္ေထာင္ ဗိုလ္ခ်ဳပ္ျဖစ္ၿပီး အခ်ိန္အတြက္ ေျပာခ်င္တာ။ အဲ့ဒီလို စဥ္းစားၾကည့္လိုက္ျပန္ေတာ့လည္း မင္းနဲ႔လက္ထပ္ျဖစ္တာက ေတာ္ေသးတာေပါ့လို႔ ေတြးမိျပန္ေရာ..နည္းနည္းေလာက္ေပါ့"
သူမက ေဘးနားမွ မတ္တပ္ရပ္ေနေသာ ခ်န္းက်င္းအား တစ္ခ်က္ၾကည့္လာရင္း ဆက္ဆိုသည္။
"အနည္းဆံုးေတာ့ မင္းက သူ႔ေနာက္ခံကို ၾကည့္ခဲ့တာမဟုတ္ဘဲ သူ႔မ်က္ႏွာကိုပဲ ၾကည့္ခဲ့တာမို႔လို႔ေလ။ ဘာပဲေျပာေျပာ မင္းလည္း လိုခ်င္တာရဖို႔အတြက္ အတင္းအၾကပ္ လုပ္ခဲ့တာပါပဲ။ မတူတာဆိုလို႔ အက်ိဳးအျမတ္ကိုၾကည့္ၿပီး လက္ထပ္တတ္တဲ့ ဒီလိုအထက္တန္းစား အသိုင္းအဝိုင္းထဲမွာ မင္းမပါခဲ့တာပဲ ႐ွိလိမ့္မယ္"
ခ်န္းက်င္းက အနည္းငယ္ နီရဲေနေသာ မ်က္ႏွာထားႏွင့္ တိုးဖြဖြ ဆိုလာသည္။
"ကြၽန္ေတာ္က သူ႔ကို..မ်က္ႏွာေၾကာင့္ ခ်စ္ခဲ့တာ မဟုတ္ပါဘူး"
"ေျပာေတာ့ ျမင္ျမင္ခ်င္း ခ်စ္မိသြားတာဆို!? အဲ့ဒါက မ်က္ႏွာေၾကာင့္ မဟုတ္ရင္ တျခားဘာျဖစ္ရဦးမွာလဲ"
ခ်န္းက်င္းမွာ တစ္ခဏမွ် ေျပာစရာစကားတို႔ ေပ်ာက္႐ွသြားရေပ၏။ သူသည္ ၎အေၾကာင္းအား ေသခ်ာျပန္ေျပာင္း၍ ေတြးၾကည့္မိေသာအခါ မိမိမွာ ထိုအခါက အမွန္တကယ္ပဲ လုေထာင္၏မ်က္ႏွာအား ေတြ႔မိရင္း ခ်စ္မိသြားျခင္း ျဖစ္ေၾကာင္း လက္ခံလိုက္ရေတာ့သည္။ ထို႔ေၾကာင့္ အဖြားျဖစ္သူ၏ မွတ္ခ်က္အား ျငင္းဆန္ျခင္းမျပဳပါဘဲ ဆိတ္ဆိတ္ေန၍သာ ေထာက္ခံခဲ့ေလ၏။ ထို႔အျပင္ အဖြားျဖစ္သူသည္ ယြိမိသားစု၏ လက္ထပ္ေရးရာအမႈႏွင့္ ပတ္သက္၍ အေတာ္ေလး သေဘာမက်သည့္ ပံုေပါက္ေနေလရာ ခ်န္းက်င္းသည္ လ်င္ျမန္စြာပင္ အျခားဆက္စပ္သည့္ အေၾကာင္းအရာတစ္ခုအား ေမးျမန္းလာမိေပေတာ့သည္။
"ဒါဆို အခု ရန္းေ႐ွာင္ခ်ီနဲ႔ အား႐ိႈ့က ၾကင္ဖက္ေတြ႔ေနတာမ်ိဳးလား"
တစ္ဖက္မွ အဖြားျဖစ္သူမွာ သူ၏ေမးခြန္းေၾကာင့္ အနည္းငယ္ အံ့ဩလ်က္။
"မင္း အဲ့ဒါကို အခုမွသိတာလား!?"
ခ်န္းက်င္းသည္ မိမိ၏အသိအျမင္နည္းပါးမႈေၾကာင့္ ႐ွက္ရြံ႔သြားမိ၍ ေခါင္းေလးငံု႔ကာ တိုးဖြဖြ ဆိုသည္။
"အာ..ကြၽန္ေတာ္ အရင္က သိပ္သတိမထားခဲ့မိလို႔.."
တစ္ဖက္မွ လူႏွစ္ေယာက္မူ သူတို႔႐ွိရာေနရာႏွင့္ တျဖည္းျဖည္း နီးကပ္လာေနေလၿပီ။ အား႐ိႈ့သည္ လြန္စြာမွ လွပ၍ သူမ၏အလွသည္ကား သာမန္မိန္းကေလးမ်ားကဲ့သို႔ အားႏြဲ႔သည့္သေဘာမ်ိဳး မဟုတ္ရပါဘဲ မိမိကိုယ္ကို အားကိုးႏိုင္သည္အထိ ၾကံ့ခိုင္သည့္ပံုေပါက္၍ တစ္နည္းတစ္ဖံုအားျဖင့္လည္း ဆြဲေဆာင္မႈ႐ွိေနေသးသည္ပင္။ ထို႔အျပင္ သူမသည္ ရန္းခ်ီႏွင့္လည္း ရာႏႈန္းျပည့္ လိုက္ဖက္မႈ ႐ွိေပ၏။
အနားသို႔ ေရာက္႐ွိလာခ်ိန္တြင္ စီ႐ိႈ့က အဖြားျဖစ္သူအား ႏႈတ္ဆက္စကားဆိုသည္။ ႐ုတ္တရက္ ခ်န္းက်င္းသည္ မိမိမွာ ရန္းခ်ီထံမွ အႀကိမ္ေပါင္းမ်ားစြာ အထင္ေသးခံ အစေနာက္ခံခဲ့ရေၾကာင္း သတိရမိသြား၍ ဤအႀကိမ္၌မူ သူ႔အား ျပန္လည္ကာ လက္စားေခ်ရန္ အခြင့္အေရးရၿပီဟု ေတြးလိုက္မိေပ၏။ သို႔ႏွင့္ သူက လ်င္ျမန္စြာပင္ တစ္ဖက္မွ ရန္းခ်ီအား စကားဆိုလာေတာ့သည္။
"ကြန္ကြန္ေနာ္ ရန္းေ႐ွာင္ခ်ီ.. မင္းေနာက္ဆံုးေတာ့ single ဘဝကေန ကြၽတ္ၿပီေပါ့။ ထပ္ၿပီးေတာ့ ငါတို႔ျခံေထာင့္မွာ တိတ္တိတ္ေလးငိုစရာ မလိုေတာ့ဘူးေလ"
ရန္းခ်ီ၏ မူလအစက ျပံဳးရယ္ေနေသာ မ်က္ႏွာထားမွာ ၎စကားအား ၾကားလိုက္ရခ်ိန္၌ ႐ုတ္ခ်ည္းပင္ ကြပ္ခနဲ ပ်က္ယြင္းသြားရ၍ အစိမ္းေရာင္ မ်က္ဝန္းမ်ားဆီမွလည္း စူး႐ွသည့္ အလင္းတန္းတို႔ ထြက္ေပၚလာေတာ့မည့္ အတိုင္းပါပင္။ ခ်န္းက်င္းသည္ တစ္ဖက္လူ၏ေျပာင္းလဲမႈမ်ားႏွင့္ ပတ္သက္၍ အေတာ္ေလး ထိတ္လန္႔သြားမိေလရာ ကပ်ာကယာႏွင့္ အဖြားျဖစ္သူ၏အေနာက္ဘက္သို႔ ဝင္ပုန္းမိေပေတာ့၏။
ထို္႔ေနာက္ သူက အထစ္ထစ္အေငါ့ေငါ့ႏွင့္ ဆိုသည္။
"ငါ..ငါက ဒီတိုင္းစလိုက္တာကို မင္းမ်က္ႏွာႀကီးက ဘာလို႔ ဒီလိုျဖစ္သြားရတာလဲ"
တစ္ဖက္မွ စီ႐ိႈ့က သူတို႔၏စကားဝိုင္းအား စိတ္ဝင္စားသြားဟန္ တူေလ၏။ သူမက အျပံဳးတစ္ပြင့္ကို ဆင္ျမန္းလ်က္ အေမးဆိုလာသည္။
"ျခံေထာင့္မွာ တိတ္တိတ္ေလးငိုတယ္ ဟုတ္လား။ အဲ့ဒါက ဘာကိုေျပာခ်င္တာလဲ"
သူမက ထိုကဲ့သို႔ေမးလာေသာအခါ ရန္းခ်ီ၏ မ်က္ႏွာထက္႐ွိ တင္းမာမႈတို္႔မွာ အနည္းငယ္မွ် ေလ်ာ့နည္းသြားရ၏။ သို႔ေသာ္ သူ၏ပံုစံမွာ မၾကည္မသာျဖစ္ေနေသး၍ တစ္နည္းအားျဖင့္ စိတ္မ႐ွည္ဟန္လည္း ေပါက္ေနေသးေလသည္။
"ဟိုးငယ္ငယ္က အေၾကာင္းေတြပါ။ ဘာမွမဟုတ္ဘူး"
သူက ခ်န္းက်င္းအား တစ္ခ်က္မွ် စိုက္ၾကည့္ၿပီးေနာက္ ယြိစီ႐ိႈ့ဘက္သို႔ စကားထပ္ဆိုလာခဲ့၏။
"အထဲျပန္သြားၾကေတာ့မလား"
ယြိစီ႐ိႈ့ကမူ ရန္းခ်ီ၏အျပဳအမူႏွင့္ ပတ္သက္၍ စိတ္ဆိုးဟန္မေပၚပါေခ်။ သူမက သေဘာထားႀကီးစြာ ျပံဳးျပလာ၍ ႏူးညံ့စြာ ဆိုသည္။
"သြားတာေပါ့။ လမ္းလည္း အၾကာႀကီးေလွ်ာက္ၿပီးၿပီပဲကို။ ဒီတစ္ခါ သမီး အဖြားကို ကူတြန္းေပးမယ္ေနာ္"
ခ်န္းက်င္း၏ တစ္ခုတည္းေသာ အလုပ္ကေလးမွာ ယြိစီ႐ိႈ့ဆီမွ လုယူျခင္း ခံလိုက္ရသျဖင့္ သူသည္ ရန္းခ်ီႏွင့္အတူ အေနာက္မွ လမ္းေလွ်ာက္လိုက္ရန္သာ တတ္ႏိုင္ခဲ့ေပ၏။ တစ္ဖက္လူ၏ မ်က္ႏွာထားမွာ လြန္စြာမွ တင္းမာေနခဲ့၍ တစ္လမ္းလံုးလည္း ရန္းခ်ီသည္ ခ်န္းက်င္းအား တစ္ခ်က္မွ် လွည့္ၾကည့္လာျခင္း မ႐ွိခဲ့ပါေခ်။ ထို႔ေၾကာင့္ ခ်န္းက်င္းမွာ မိမိကိုယ္ကို အနည္းငယ္မွ် အျပစ္႐ွိသလိုပင္ ခံစားမိလာရေတာ့ေလသည္။
သူစေနာက္လိုက္သည့္ အေၾကာင္းအရာက..အရမ္းပဲ လြန္သြားလို႔မ်ားလား!!?
အတိတ္အခါကဆိုလွ်င္ သခင္ေလးခ်န္းသည္ ယခုကဲ့သို႔ အေရးတယူ ေတြးယူေနမည္ မဟုတ္ပါေပ။ သို႔ေသာ္ ရင့္က်က္လာၿပီးေနာက္တြင္မူ သူသည္ မိမိ၏အျပဳအမူမ်ားႏွင့္ ပတ္သက္၍ ဂ႐ုတစိုက္႐ွိလာခဲ့၍ တစ္ဖက္လူက မိမိေၾကာင့္ နာက်င္သြားရမည္ကိုလည္း အေတာ္ေလး စိုးရိမ္တတ္လာခဲ့ေပ၏။ ထို႔ေၾကာင့္ သူသည္ ၎စကားအား အထူးသျဖင့္ ငယ္သူငယ္ခ်င္းျဖစ္သူ ရန္းခ်ီကို ေျပာရန္ အခက္ေတြ႔ေနမိျခင္း ျဖစ္သည္ပင္။ ေနာက္ဆံုးတြင္မူ ခ်န္းက်င္းသည္ မေနႏိုင္သည့္အဆံုး အသံဖြဖြေလးႏွင့္ စကားစဆိုလာရေတာ့ေပ၏။
"ရန္းေ႐ွာင္ခ်ီ..ေတာင္းပန္ပါတယ္။ ငါက တမင္သက္သက္ မင္းကိုစိတ္တိုေစခ်င္တဲ့ သေဘာနဲ႔ေျပာလိုက္တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အရမ္းႀကီး စိတ္ထဲမထားပါနဲ႔ ့.."
ရန္းခ်ီက တစ္ခ်က္မွ် ေလွာင္ရယ္လာရင္း ဆိုသည္။
"ဪ.. ၾကည့္ရတာ သခင္ေလးခ်န္းက အခုေနာက္ပိုင္း လြယ္လြယ္ကူကူနဲ႔ ေတာင္းပန္လာတတ္တဲ့ပံုပဲေနာ္"
သူ၏တံု႔ျပန္မႈေၾကာင့္ ခ်န္းက်င္းမွာ အနည္းငယ္ ႐ွက္ရြံ႔သြားရေပေတာ့၏။
"အဲ့ဒါက ဘာျဖစ္ေနလို႔လဲ!?"
"တံုးအတယ္ဆိုေပမဲ့ ကိုယ့္အေျခအေနကိုေတာ့ နားလည္ေသးတဲ့ပံုပဲ မို႔လို႔ေလ။ အနားမွာ အရင္ကလို ကာကြယ္ေပးမယ့္ အစ္ကိုႀကီးမ႐ွိေတာ့ ကိုယ့္အမွားကို ေတာင္းပန္ရေကာင္းမွန္း သိၿပီေပါ့? မင္းပံုစံကေလ အၿမီးညႇပ္ခံလိုက္ရတဲ့ ေၾကာင္အတိုင္းပဲ သိလား။ ဒီလိုပံုစံကိုသာ အစ္ကိုရႊီျမင္ရင္ ဘယ္လိုမ်ား ျဖစ္သြားမွာပါလိမ့္..ဝမ္းသာမွာလား ဒါမွမဟုတ္ ေဒါသထြက္မိမွာမ်ားလား!?"
"မင္း..ငါ့ကို သေဘာမက်ဘူးဆိုရင္လည္း ငါ့ကိုပဲ မေကာင္းေျပာေလ။ ဘာလို႔ ငါ့ကိုႀကီးကို ခဏခဏ ဆြဲထည့္ေနတာလဲ။ ကိုႀကီးက မင္းအေပၚ ဘာအမွားမွ မလုပ္ခဲ့ဖူးတာကို!"
၎ေနာက္ဆံုးစကားအား ေျပာၿပီးခါမွပင္ ခ်န္းက်င္းသည္ ၎မွာ အနည္းငယ္ မွားယြင္းေနသည္ဟု ေတြးမိသြား၍ ကပ်ာကယာ စကားထပ္ဆိုလာေတာ့၏။
"ေနပါဦး..ငါလည္း မင္းအေပၚ ဘာအမွားမွ မလုပ္ခဲ့ဖူးဘူးေလ! အရင္က ငါတို႔ေတြ အျမဲတမ္း တည့္တည့္ျပဳျပဳ ႐ွိခဲ့တာပဲကို ဘာလို႔ မင္းက ငါ့ကို ႐ုတ္တရက္ႀကီး ၾကည့္မရျဖစ္လာရတာလဲ!?"
အမွန္မွာမူ ခ်န္းက်င္းသည္ ၎အေၾကာင္းျပခ်က္အား အျမဲတမ္း သိ႐ွိေနလိုျခင္း ျဖစ္၏။ သူတို႔ႏွစ္ေယာက္မွာ စိတ္သေဘာထား မတိုက္ဆိုင္မႈေၾကာင့္ မိတ္ပ်က္သြားခဲ့ရျခင္း ျဖစ္သည့္တိုင္ ဤမွ်အထိ ဆက္ဆံေရးက တင္းမာသြားစရာ အေၾကာင္းမ႐ွိပါေခ်။ မည္သို႔ပင္ဆိုေစကာမူ သူတို႔သည္ ငယ္စဥ္အခါက လြန္စြာမွ ရင္းႏွီးခဲ့ဖူးေသာ ေဆာ့ေဖာ္ေဆာ့ဖက္မ်ား ျဖစ္ခဲ့ဖူးသည္ မဟုတ္ပါလား?
ရန္းခ်ီက သူ႔အား မထီေလးစား ၾကည့္လာ၍ ဆိုသည္။
"ဘယ္လိုထင္လို႔လဲ?"
ခ်န္းက်င္းသည္ အေၾကာင္းတစ္ခုအား ႐ုတ္ခ်ည္းသြားေတြးမိ၍ ထို႔ေနာက္ လြန္စြာမွ အံ့ဩသြားဟန္ျဖင့္ ကပ်ာကယာ ျပန္ေျဖလာေတာ့၏။
"မင္း မဟုတ္မွလြဲေရာ ငါက တကယ္ပဲ မင္းနဲ႔လက္မထပ္ခဲ့လို႔ အခုလို ျဖစ္သြားတာလား!? အခ်စ္ကေန အမုန္းကို ေျပာင္းသြားတာမ်ိဳးေလ"
သူက ခဏနား၍ စကားဆက္သည္။
"ေနာက္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ အဲ့ဒီႏွစ္မွာပဲ မင္းက ငါတို႔ျခံေထာင့္မွာ ငိုေနခဲ့တာ မဟုတ္လား?"
ဘာေၾကာင့္မ်ား ရန္းခ်ီဟာ တျခားေနရာ၌ သြားမငိုပါဘဲ မိမိ၏ျခံေထာင့္၌ ငိုေနခဲ့ရပါသနည္း။ တကယ္ပဲ ထိုအခါက ရန္းခ်ီ သေဘာက်ေနခဲ့မိသည့္သူမွာ မိမိ ျဖစ္ေနခဲ့ျခင္းမ်ိဳးလား? ခ်န္းက်င္းမွာ ၎အေၾကာင္းအား ပို၍ေတြးေလ မယံုၾကည္ႏိုင္ေလ ျဖစ္လာရေတာ့၏။
သူ႔စကားေၾကာင့္ ရန္းခ်ီက က်ယ္ေလာင္စြာ ရယ္ေမာေလသည္။ တစ္ဖက္မွ စီ႐ိႈ့တို႔မွာ အေတာ္ေဝးေဝးသို႔ ေရာက္သြားၿပီျဖစ္သျဖင့္ ရန္းခ်ီသည္ သူ၏အသံအား ဆက္၍ထိန္းမထားေတာ့ပါေပ။
"ခ်န္းက်င္း..မင္း ကိုယ့္ကိုယ္ကို ယံုၾကည္မႈ႐ွိလြန္းတာနဲ႔ ပတ္သက္ၿပီး အကန္႔အသက္တစ္ခုေလာက္ေတာ့ ထားသင့္ၿပီလို႔ ငါထင္တယ္။ ေက်ာက္မ်က္ရတနာေတြပဲ တစ္ပံုတစ္ေခါင္း ဝယ္ခဲ့ဖူးၿပီး ကိုယ့္ကိုျပန္ၾကည့္ဖို႔ မွန္တစ္ခ်ပ္ေတာ့ မဝယ္ျဖစ္ခဲ့ဖူးဘူးလား!? ဟင္ ? ဘယ္လိုလုပ္ၿပီး ငါက မင္းကို ႀကိဳက္ေနတယ္လို႔မ်ား ေတြးမိသြားရတာလဲ ခ်ီးလိုပဲ!"
ရန္းခ်ီထံမွ နားဝင္ဆိုးေသာ စကားမ်ား ၾကားရသည့္တိုင္ ဤအႀကိမ္၌မူ ခ်န္းက်င္းသည္ နည္းနည္းေလးမွ်ပင္ စိတ္အားငယ္မႈ မျဖစ္မိပါဘဲ ထိုအစား ပို၍ပင္ စိတ္သက္သာရာရသြားမိေသးေလ၏။
"မဟုတ္လည္း ၿပီးတာပါပဲ။ အဲ့ဒီလို ၾကားရလို႔ ငါက ပိုေတာင္ဝမ္းသာေသးတယ္!"
တစ္ဖက္မွ ရန္းခ်ီကမူ လြန္စြာမွ ေဒါသထြက္ေနၿပီျဖစ္၏။ သူက ၾကယ္သီးမ်ားအား အၾကမ္းပတမ္း ျဖဳတ္ပစ္ကာ အေပၚထပ္ကုတ္အက်ႌကို အေဝးသို႔ လႊင့္ပစ္လိုက္ေလသည္။ သူ၏ မ်က္ခံုးမ်ားကမူ ၾကံဳ႕လြန္းသျဖင့္ တြန္႔လိမ္သြားလုနီးနီးပါပင္။ အတန္ၾကာၿပီးေနာက္မွ ရန္းခ်ီက အသံမာမာႏွင့္ ဆိုလာသည္။
"က်န္တဲ့လူေတြကိုေျပာလိုက္..ငါေနမေကာင္းလို႔ အရင္ျပန္ႏွင့္ၿပီလို႔"
ခ်န္းက်င္းမွာ တစ္ခဏမွ် မွင္သက္သြားမိလ်က္။
"ဘာလို႔ငါက ေျပာေပးရမွာလဲ"
"ဘာလို႔ဆို ငါက မင္းေၾကာင့္ ဒီလိုမ်ိဳး ေဒါသထြက္သြားရတာ မို္႔လို႔ေပါ့!!"
ထို႔ေနာက္ ရန္းခ်ီက သူ႔အား စိုက္ၾကည့္လာရင္း သြားမ်ားႀကိတ္လ်က္ စကားဆက္ဆိုသည္။
"ေနာက္ၿပီး ဒီေန႔ျမင္ခဲ့တာကို အစ္ကိုရႊီ့ကို လံုးဝ ျပန္မေျပာနဲ႔!"
အေဝးတစ္ေနရာသို႔ ေဒါသတႀကီး လမ္းေလွ်ာက္ကာ ထြက္သြားေလေသာ တစ္ဖက္လူအား ၾကည့္ရင္း ခ်န္းက်င္းမွာ အေတာ္ေလး စိတ္႐ႈပ္သြားမိရေတာ့၏။
သူက ဘာအတြက္ေၾကာင့္မ်ား ရန္းခ်ီ၏ ၾကင္ဖက္ေတြ႔မႈကို အစ္ကိုျဖစ္သူအား ေျပာျပရပါမည္နည္း!?
ရန္းခ်ီ၏ကိစၥက ကိုႀကီးႏွင့္ ဘာမွ်မဆိုင္သည္ မဟုတ္ရပါလား?