Unicode
"ငါ မင်းကို ခွင့်လွှတ်တယ်"
အမှန်မှာမူ ချန်းကျင်းသည်လည်း အဖွားဖြစ်သူအား တောင်းပန်စကားဆိုရန်အတွက် အစဉ်အမြဲ တွေးတောနေခဲ့ခြင်း ဖြစ်လေသည်။ သို့သည့်တိုင် သူ့အတွက် သင့်တော်သည့် အချိန်အား ရှာမတွေ့နိုင်ခဲ့ပါချေ။ ထို့အပြင် တစ်ဖက်မှ လူသည်ကား သူ့အား တွေ့သည့်အခါတိုင်း အေးစက်စက် ဆက်ဆံလေ့ရှိလေရာ ချန်းကျင်းသည် အဖွားဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရန် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်ပေ၏။
မနက်ဖြန် တွေ့သည့်အခါ၌လည်း အဖွားက သူ့အား ထူးကဲ၍ ကြိုဆိုလာမည် မဟုတ်သည့်တိုင် သူသည် ၎င်းမိသားစုတွေ့ဆုံပွဲအား သွားရန်ဆုံးဖြတ်လိုက်လေသည်။
နောက်အနာဂတ်၌ လုထောင်နှင့် အဆင်ပြေစေရန် မဟုတ်ပါဘဲ အဖွားဖြစ်သူအား ရိုးသားစွာဖြင့် "တောင်းပန်ပါတယ်" ဟူသော စကားလေးတစ်ခွန်း ပြောချင်ရုံ သက်သက်ပါပင်။
ချန်းကျင်းသည် ခင်ပွန်းဖြစ်သူအား မနက်ဖြန် သွားရောက်မည့် အကြောင်းနှင့်ပတ်သက်၍ ပြောမပြခဲ့ပါချေ။ ထို့အပြင် လုထောင်မှာ အခုရက်ပိုင်း အတော်လေး အလုပ်များနေဟန်လည်း ပေါက်လေ၏။ သူသည် အရင်တစ်ပတ်လောက်ကတည်းက နေ့တိုင်းနီးပါး ဗဟိုစစ်တပ်ဆေးရုံနှင့် စစ်တပ်ဌာနချုပ်ကို တစ်လှည့်စီသွားနေခဲ့ရကာ မအားမလပ် ဖြစ်နေရသည်ပင်။ ပထမအစက ချန်းကျင်းသည် ၎င်းအခြေအနေနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်နေမိကာ လုထောင်၏ခန္ဓာကိုယ်၌ ပြဿနာတစ်ခုခုများ ဖြစ်နေသလား ဟုပင် တွေးမိလိုက်လေ၏။
သို့နှင့် သူက စိုးရိမ်စွာဖြင့် မေးကြည့်သောအခါ လုထောင်က ပေါ့ပေါ့ပါးပါး ပြုံးပြ၍ သူ့ပါးတစ်ဖက်အား ဖျစ်ညှစ်လာကာ ထုံးစံအတိုင်း မျက်ခုံးများအား ပင့်တက်လျက် မေးသည်။
"ကိုယ့်ခန္ဓာကိုယ်ကို တစ်ခုခု ဖြစ်နေတယ်လို့ ထင်တာလား.. ဟင်? မစွမ်းဆောင်နိုင်တော့တာမျိုးလား"
ချန်းကျင်း၏ မျက်နှာပြင်မှာ တမဟုတ်ချင်း ရဲတက်လာရ၍ မူလအစက စိတ်ပူပန်မှုများပင် ရှက်ရွံမှုများအဖြစ်သို့ ပြောင်းလဲသွားရတော့၏။ သူက တိုးတိုးလေး ရေရွတ်လာသည်။
"မ..မဖြစ်နိုင်တာတွေ လျှောက်ပြောမနေနဲ့"
လုထောင်က ၎င်းနှင့်ပတ်သက်၍ စွမ်းဆောင်နိုင်စွမ်း ကျဆုံးသည် ဟူသည်မှာ ဘယ်လိုမျှ မဖြစ်နိုင်သည့် ကိစ္စရပ်ပါပင်။ ထို့အပြင် ဤရက်ပိုင်း၌ သူတို့နှစ်ယောက်သည် မကြာခဏ ဆက်ဆံလေ့လည်း ရှိကြသေးသဖြင့် ချန်းကျင်းမှာ တားဆေးမတိုးတော့မည်ကိုပင် စိုးရိမ်လာရတော့လေသည်။
လုထောင်က သူ့အနားသို့ ကပ်လာရင်း ဆို၏။
"မင်း စိတ်မပူအောင် ကိုယ်သက်သေပြပေးရမလား?"
သို့နှင့် လုထောင်၏ လက်တွေ့သက်သေပြမှု အပြီးတွင် သူ၏ခန္ဓာကိုယ်နှင့် ပတ်သက်၍ ပြဿနာစိုးစဉ်းမျှ မရှိကြောင်းမှာ အတိအကျ သေချာသွားရသဖြင့် ချန်းကျင်းသည်လည်း စိတ်သက်သာရာ ရသွားရပေတော့၏။
နောက်နေ့မနက်ခင်းအစော၌ ချန်းကျင်းသည် ကွတ်ကီးမုန့်ချိုများအား စတင်၍ ဖုတ်လေသည်။ ၎င်းမှာ ချိုမြိန်၍ ချစ်စဖွယ်လည်း ကောင်းသဖြင့် ယူရိခါသာရှိလျှင် အကုန်လုံးကို စားသွားနိုင်လောက်သည်အထိပင်။ အများစုမှာ ပဲအရသာဖြစ်၍ ကျန်သောအချို့မှာ ရွှေဖရုံသီးနှင့် ပျားရည်အရသာ ဖြစ်၏။ သို့နှင့် ကွတ်ကီးများအားလုံးအား ဖုတ်ပြီးချိန်တွင် ချန်းကျင်းသည် အဝတ်အစားများအား လဲလှယ်လိုက်၍ ယွိအိမ်တော်ဆီသို့ မောင်းထွက်လာခဲ့ပေသည်။
မောင်းနှင်ချိန်မှာ တစ်နာရီနီးပါး ကြာမြင့်၍ နောက်ဆုံး ပင်လယ်ကမ်းရိုးတန်းကြီးအား မြင်ရချိန်တွင် ယွိအိမ်တော်ဆီသို့ ရောက်ရှိလာရပြီ ဖြစ်၏။ ချန်းကျင်းသည် ကားပါကင်အတွင်းသို့ သူ၏ကားအား ထိုးလိုက်၍ သူ့အား လာရောက်ဆီးကြိုလေသော ယွိအိမ်တော်မှ ဘဏ္ဍာစိုးကို ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်သည်။ ၎င်းကားပါကင်အတွင်း၌ ပုဂ္ဂလိကယာဉ်များက များများစားစားမရှိပါချေ။
ရုတ်တရက် ချန်းကျင်းသည် ၎င်းယာဉ်များထဲမှ အတောက်ပဆုံးတစ်ခုဖြစ်သော အာကာသယာဉ် အသေးစားတစ်စင်းအား မြင်သွားမိလေ၏။ ၎င်းအာကာသယာဉ်မှာ အနီရောင်အဆင်းရှိ၍ ကားကိုယ်ထည်ထက်၌ ကောင်းကင်ယံမှာ မီးပန်းများ ပေါက်ကွဲနေသလို ပုံစံမျိုး ဖော်ထားခြင်းပင်။ သူသည် ၎င်းအား ကြည့်ရင်းကပင် တစ်ခုခုအား အမှတ်ရသွားမိကာ ဘေးနားမှ ဘဏ္ဍာစိုးဖြစ်သူကို မေးလာမိလေတော့၏။
"ရန်းချီလည်း ရောက်နေတာလား?"
"ဟုတ်ပါတယ်။ သခင်လေးရန်းလည်း ရောက်နေပါပြီ"
မည်သည့်အတွက်ကြောင့် ရန်းချီကပါ ယွိအိမ်တော်၏ မိသားစုတွေ့ဆုံပွဲသို့ ဖိတ်ကြားခံရပါကြောင်း ချန်းကျင်းသည် နားမလည်နိုင်ခဲ့ပါချေ။ မူလအစက သူသည် ၎င်းအကြောင်းအား ဘဏ္ဍာစိုးထံသို့ မေးမြန်းချင်ခဲ့သည့်တိုင် တကယ်တမ်း သေချာတွေးကြည့်လိုက်သောအခါ မိမိအနေဖြင့် ထိုကဲ့သို့ စေ့စေ့ပေါက်ပေါက် မေးရန်မသင့်ပါကြောင်း ဆင်ခြင်မိသဖြင့် ကပျာကယာပင် နှုတ်ဆိတ်နေလိုက်ရတော့၏။
ထို့နောက် ဘဏ္ဍာစိုးဖြစ်သူက သူ့အား သီးသန့် အခန်းတစ်ခုအတွင်းသို့ ခေါ်သွားပေးလေသည်။ ၎င်းအခန်းအတွင်းသို့ ချန်းကျင်း ဝင်ရောက်လာလာချင်းပင် မူလအစက စကားပြောသံတို့နှင့် ဆူညံနေခဲ့သည့် ပတ်ဝန်းကျင်မှာ ရုတ်ချည်း ငြိမ်သက်သွားရ၍ လူတိုင်းနီးပါး၏အကြည့်များမှာလည်း ဧည့်သည်အသစ်ဖြစ်သော သူ့ဆီသို့ ကျရောက်လာရတော့၏။
အခန်းအတွင်းသို့ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် ချန်းကျင်းသည် အဖွားဖြစ်သူကို တွေ့သွားခဲ့၍ အတိတ်မှ အမှားများအား ပြန်ပြောင်းအမှတ်ရမိကာ စိတ်လှုပ်ရှားလာရသည်ပင်။
စီကွေးက သူ့အား လက်ယမ်းပြရင်း ခေါ်သည်။
"ရှောင်ကျင်း ၊ ရောက်လာပြီလား ဒီကိုလာထိုင်လေ"
ယွိစီကွေးသည် သူ၏အဖွားဖြစ်သူနှင့် စားပွဲခုံတစ်ဖက်တည်းမှာ ထိုင်နေခြင်းဖြစ်၍ အလယ်၌ နေရာလွတ်တစ်ခုကိုလည်း ချန်ထားသေး၏။ ၎င်းခုံမှာ ချန်းကျင်းအတွက် တမင်သက်သက် ဖန်တီးထားပေးခြင်း ဖြစ်ကြောင်း အထူးတလည် ပြောပြနေစရာ မလိုတော့ပါပေ။
ချန်းကျင်းသည် အနည်းကယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းဖွဖွ ချလိုက်မိ၍ ထို့နောက် အပြုံးတစ်ပွင့်အား ပန်ဆင်လျက် နှုတ်ဆက်စကားဆိုသည်။
"အားလုံးပဲ မင်္ဂလာပါ"
ပြီးနောက် သူက ယွိစီကွေးနှင့် အဖွားဖြစ်သူထိုင်ရာဆီသို့ အလျင်အမြန် လျှောက်လှမ်းလာ၍ တိုးဖွဖွ နှုတ်ဆက်စကားဆိုပြန်သည်။
"မင်္ဂလာပါ အဖွား...ဒီနေ့ အဖွားက အရမ်းကြည့်ကောင်းနေတယ်"
အင်ပါယာကမ္ဘာမှ လူသားများ၏ ပျမ်းမျှသက်တမ်းမှာ တစ်ရာ့သုံးဆယ်ဖြစ်၍ လူအများစုသည် အသက် တစ်ရာ့ငါးဆယ်နီးပါးအထိ ရှင်သန်နိုင်ကြလေ၏။ ထို့ကြောင့် အသက် ၇၀ ကျော်သော အဖွားဖြစ်သူမှာ အရမ်းကြီး အိုမင်းရင့်ရော်နေပုံ မပေါက်ရပါချေ။ သူမ၏ မျက်နှာပြင်ထက်၌ အရေတွန့်များလည်း မရှိသေးကာ ကြည့်ကောင်းသည်အထိ နုပျိုနေဆဲဖြစ်ရ၏။ တစ်ခုတည်းသော ပြစ်ချက်မှာ မီးခိုးရောင်ပြောင်းသွားသော ဆံနွယ်တို့ပင် ဖြစ်လိမ့်လေမည်။
အဖွားဖြစ်သူ၏ မျက်နှာထားမှာ ပုံမှန်အတိုင်း တင်းမာနေဆဲဖြစ်၍ ချန်းကျင်းက ချီးကျူးစကား ဆိုလာခဲ့သည့်တိုင် သူမ၏ မျက်နှာပြင်ထက်၌ အပြုံးတစ်ပွင့်က ဖြစ်တည်မလာခဲ့ပါချေ။ သူမက ချန်းကျင်းအား လှည့်တောင်မကြည့်ပါဘဲ ယွိစီကွေးအား စကားဆိုသည်။
"ဘာလို့ သူ့ကို ခေါ်လိုက်တာလဲ"
ယွိစီကွေးက ထုံးစံအတိုင်း အပြုံးလေးတစ်ပွင့်နှင့် ပြန်ဖြေ၏။
"သူတို့်လူငယ်လေးတွေ အတူတူ တွေ့လို့ရအောင် ခေါ်လိုက်တာပါ"
ထို့နောက် သူမက ချန်းကျင်းဘက် လှည့်လာရင်း ဆိုသည်။
"ရှောင်ကျင်း.. မိတ်ဆက်ပေးမယ်နော်။ ဒါက အဖွားရဲ့မြေးမလေး အားရှို့တဲ့"
ယွိစီရှို့ဟူသော မိန်းမငယ်လေးသည် လွန်စွာမှ လှပ၍ သူမ၏ ပုံစံနှင့် လိုက်ဖက်သော ရိုးရိုးယဉ်ယဉ် ဂါဝန်ရှည်တစ်ထည်အား ဝတ်ဆင်ထားခြင်း ဖြစ်၏။ ထို့အပြင် သူမသည် ဟိုတစ်ခေါက်က ရေပေါ် စကူတာပြိုင်ပွဲ၌ လုထောင်တို့်နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသော အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်သေးသည်ပင်။ ချန်းကျင်းက ယွိစီရှို့အား ပြုံးပြလာကာ စကားဆိုသည်။
"ကျွန်တော် အရင်က မြင်ဖူးပါတယ်"
ယွိစီရှို့ကလည်း ပြန်လည်ပြုံးပြရင်း ဆိုလေ၏။
"သမီးတို့အချင်းချင်း အရင်က တွေ့ဖူးပြီးသားပါ အဖွား"
အတိတ်အခါမှ ချန်းမိသားစုသည်ကား လွန်စွာမှ ဥစ္စာဓန ကြွယ်ဝရသည်ဖြစ်ကာ တည်ထောင်သူမျိုးနွယ်ဝင်များနှင့်လည်း အတိုင်းအတာ တစ်ခုအထိ ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ဖူးသည်ပင်။ ထို့ကြောင့် ချန်းကျင်းသည် ၎င်းမျိုးနွယ်ဝင်များနှင့် ဆက်စပ်သည့် ပါတီပွဲ စားသောက်ပွဲပေါင်းစုံအား တက်ရောက်ခဲ့ဖူးခြင်း ဖြစ်၍ သူနှင့် ယွိစီရှို့မှာလည်း မကြာခဏ အချင်းချင်း မျက်မှန်းတန်းခဲ့မိခြင်း ဖြစ်လေသည်။ သို့သည့်တိုင် သူတို့နှစ်ယောက်မှာ မိတ်ဆွေများဖြစ်ရသည်အထိ မရင်းနှီးခဲ့ပါချေ။
ယွိစီကွေးက ပြုံးလျက်ဆို၏။
"ဟုတ်သားပဲ အဖွားမေ့သွားတာ..မင်းတို့နှစ်ယောက်က သက်တူရွယ်တူလောက်ပဲ ဆိုတော့ အချင်းချင်း သိပြီးသား ဖြစ်မှာပေါ့။ ဒါဆို ရှောင်ချီနဲ့လည်း သိမှာပေါ့နော်?"
ချန်းကျင်းက တစ်ဖက်မှာ ထိုင်နေသော ရန်းချီအား တစ်ချက်ကြည့်လိုက်ရင်း ခေါင်းငြိမ့်ပြသည်။
"သိပါတယ်"
ရန်းချီသည်ကား အနက်ရောင် အနောက်တိုင်းဝတ်စုံတစ်ထည်အား ဝတ်ဆင်ထားခြင်းဖြစ်၍ ၎င်းမှာ သူ၏ဘော်ဒီနှင့် အတော်လေး လိုက်ဖက်ကာ ယခင်ကထက်ပို၍လည်း ဆွဲဆောင်မှုရှိနေသည်ပင်။ ပုခုံးကျယ်ကျယ် ခါးသိမ်သိမ်တို့က သူ၏အသွင်အပြင်အား ပိုမိုပုံပေါ်စေသဖြင့် မသိလျှင် နာမည်ကြီးမော်ဒယ်လ်တစ်ဦးနှင့်ပင် တူနေရသေး၏။
သူက ချန်းကျင်းအား ပျင်းရိလေးတွဲ့စွာ ကြည့်လာရင်း စကားဆိုသည်။
"ဒါပေါ့။ ချန်းအိမ်တော်က သခင်လေးကို ကျွန်တော် သေချာပေါက် သိတာပေါ့။ ဘာပဲပြောပြော သူနဲ့ ကျွန်တော်က စေ့စပ်တဲ့အထိ ဖြစ်ခဲ့ဖူးသေးတာပဲလေ"
၎င်းစကားတစ်ခွန်းက အခန်းအတွင်းရှိ လူအားလုံး၏ မျက်နှာထားများကို ရုတ်ချည်း ပြောင်းလဲသွားစေ၏။ အချို့မှာ ရန်းချီ၏စကားနှင့် ပတ်သက်၍ သိချင်စိတ်များ ဖြစ်ပေါ်လာရကာ ကျန်တချို့ကမူ အနည်းငယ်မျှ မျက်နှာပျက်သွားရလေသည်။ ချန်းကျင်းကမူ တစ်ဖက်လူ၏ စကားနှင့်ပတ်သက်၍ ရှက်ရွံ့ခြင်းမျိုး မရှိရပါပေ။ သူသည် ၎င်းအကြောင်းအား အဖွားဖြစ်သူကို မကြားစေချင်ရုံ သက်သက်ပင်။
ထို့ကြောင့် ချန်းကျင်းက ပြန်လည်ရှင်းပြလာရ၏။
"အဲ့ဒီလောက်လည်း မဟုတ်ပါဘူး။ ဒီအတိုင်း ငါတို့ ငယ်ငယ်တုန်းက နှစ်ဖက်လူကြီးတွေ စနောက်ခဲ့တဲ့သဘောမျိုးပဲကို.."
"အင်းလေ။ စနောက်ခဲ့တဲ့သဘောမျိုးပဲ ဖြစ်ခဲ့လို့ ကံကောင်းသွားတာ.."
ရန်းချီက ခြောက်ကပ်ကပ် အပြုံးတစ်ခုနှင့် သူ့စကားအား ထောက်ခံလာခဲ့ခြင်းဖြစ်၏။ သို့သော် သူ၏ ပုံစံမှာ ချန်းကျင်းအား ခနဲ့နေသည်နှင့်ပင် ပိုတူသေးလေသည်။
ယွိစီကွေးက ဤအခြေအနေမှ ပထမဆုံး ရုန်းထွက်ကာ တခြားအကြောင်းအရာတစ်ခုအား စကားလမ်းကြောင်း ပြောင်းလာပေ၏။
"ရှောင်ကျင်း..ဘာတွေယူလာတာလဲ။ မင်းရဲ့အဖွားအတွက် လက်ဆောင်တွေလား?"
"အာ..ဟုတ်။ မနက်က ကျွန်တော်ဖုတ်လာခဲ့တဲ့ ကွတ်ကီးတွေ။ အဖွားရော မြည်းကြည့်ပါဦးလား"
ဘေးနားမှ စားပွဲထိုးသည် ချန်းကျင်း၏ ကွတ်ကီးများအား ယူဆောင်သွား၍ ထို့နောက် ပန်းကန်ပြားများထက်၌ ဓား၊ခက်ရင်းတို့နှင့်အတူ အစီအရီထည့်လာကာ သောက်စရာများပါ ပြန်လည် ယူလာပေးလေသည်။ ချန်းကျင်းသည် နောက်ဆုံး၌ အဖွားဖြစ်သူ၏ ဘေးခုံတွင် ဝင်ထိုင်လာခဲ့ပေတော့၏။ တစ်ဖက်လူ၏ ပေါင်ထက်၌ လွှမ်းခြုံထားသော သူ၏ချည်ထည်လေးအား မြင်ရသောအခါ ချန်းကျင်းမှာ အနည်းငယ်မျှ စိတ်သက်သာရာ ရသွားမိလေသည်။
ထို့နောက် အဖွားဖြစ်သူက သူ၏အချိုပွဲအား စတင်စားသုံးရန် ပြင်လိုက်ချိန်တွင် ချန်းကျင်းက ကပျာကယာ စကားဆိုလာပေ၏။
"အဖွား..ကျွန်တော် လှီးပေးမယ်လေ"
"မလိုဘူး"
အဖွားဖြစ်သူသည်ကား အရင်ကအတိုင်း အေးစက် ခက်ထန်နေဆဲပါပင်။ သူမနှင့် အတိတ်မှလုထောင်၏ စရိုက်တို့မှာ အမြဲတမ်း အတူတူဖြစ်ရလေ၏။
"ငါ့ခြေထောက်တွေက မကောင်းပေမဲ့ ငါ့လက်တွေက အကောင်းကြီးရှိသေးတယ်။ ကိုယ့်ဘာသာ လုပ်နိုင်တယ်"
ထို့ကြောင့် ချန်းကျင်းမှာ ဆန့်ထုတ်ထားပြီး ဖြစ်သော လက်အစုံအား ပြန်လည် ရုတ်သိမ်းလိုက်ရပေသည်။ တစ်ဖက်မှ စီကွေးက ပုံမှန်အတိုင်း ပြုံးလျက် စကားဆိုလာပြန်၏။
"ရှောင်ကျင်းက တကယ်လိမ္မာတာပဲ။ အချုပ်အလုပ်တင် တော်တာမဟုတ်ဘူး..အချိုပွဲလုပ်တဲ့နေရာမှာလည်း တော်တယ်။ ဒီကွတ်ကီးလေးတွေက အရမ်းအရသာရှိတာပဲ အဖွား အပိုပြောတာ မဟုတ်ဘူးနော်။ အပြင်ဆိုင်တွေကထက်တောင် စားကောင်းသေးတယ်"
ယွိစီကွေး၏ ချီးမွမ်းမှုကြောင့် ချန်းကျင်းမှာ အနည်းငယ် နေရခက်သွားသဖြင့် ရိုသေစွာ ခေါင်းငြိမ့်ပြလျက်သာ တစ်ဖက်လူအား ပြန်လည်တုံ့ပြန်မိလေ၏။ ထို့နောက် သူသည် ဘေးတစ်ဖက်မှ အဖွားဖြစ်သူအား မသိမသာ ခိုးကြည့်လာမိပေသည်။ သူမသည် ကွတ်ကီးများအား အပိုင်းသေးသေးလေးများ ဖြစ်အောင် ဓားဖြင့်လှီးဖြတ်ထား၍ ထို့နောက် အပိုင်းစတစ်ခုကို ခက်ရင်းဖြင့်စိုက်ကာ တမြုံ့မြုံ့ ဝါးစားလာခဲ့၏။ ယွိစီကွေး၏ စကားနှင့်ပတ်သက်၍ သူမက ထောက်ခံခြင်းလည်းမပြု ငြင်းဆိုခြင်းလည်းပြုမလာသည့်တိုင် ခဏအကြာ၌မူ နောက်ထပ် မုန့်အပိုင်းလေးတစ်ခုအား ဆက်လက်စားသုံးလာခဲ့ပြန်သည်ပင်။
ရန်းချီက ရုတ်တရက် အပြုံးလေးတစ်ပွင့်နှင့် စကားဆိုလာသည်။
"အဖွားယွိက အရမ်းအမွှန်းတင်လွန်းတာပဲဗျာ။ ဒါကို ဘယ်လိုလုပ်ပြီး အပြင်ဆိုင်တွေထက် အရသာရှိတယ်လို့ ခေါ်နိုင်ပါ့မလဲ။ ကျွန်တော့်ဆိုင်က မုန့်တွေက ဒီဟာထက် အဆပေါင်းရာချီ ပိုပြီးအရသာရှိတာကို.."
ယွိစီကွေးမှာ သူ၏စကားကြောင့် အတော်လေး ကူကယ်ရာမဲ့ဟန် ဖြစ်သွားရလေ၏။
"တကယ်ပါပဲ ရှောင်ချီကလည်း..မင်းရဲ့ဆိုင်က တစ်လောကလုံးအနှံ့ ဖွင့်ရတဲ့အထိ နာမည်ကြီးနေတာလေ။ ဘာလို့ လိုက်ယှဉ်နေဦးမှာလဲကွယ်"
ချန်းကျင်းကမူ အနည်းငယ် နားမလည်နိုင်ဖြစ်လျက်။
"တစ်လောကလုံးအနှံ့ ဟုတ်လား"
ယွိစီကွေးက ပြုံးလျက် ပြန်ဖြေသည်။
"အင်းလေ ဟိုတစ်ခေါက် ရှောင်ကျင်းအနိုင်ရခဲ့တဲ့ ဆုလက်မှတ်က ရှောင်ချီထောက်ပံ့ပေးထားတာလေ"
ချန်းကျင်းက မျက်လုံးအပြူးသားနှင့် အံ့ဩတပန်း ရေရွတ်မိ၏။
"Sunny ကိတ်ဆိုင်က ရန်းမိသားစု ပိုင်တာလား"
ရန်းချီက သူ့အား စိုက်ကြည့်လာရင်း ပျင်းရိလေးတွဲ့စွာ ဆိုသည်။
"ငါ့မိသားစုပိုင်တာ မဟုတ်ဘူး။ ငါတစ်ယောက်တည်းရဲ့ အပိုင်!"
ရန်းချီ၏ပုံစံမှာ မောက်မာဟန်အပြည့်ဖြစ်၍ အတော်လေး အမြင်ကတ်ချင်စရာကောင်းနေလေရာ ချန်းကျင်းသည် သူ့အား စကားဆက်ပြောရန် စိတ်မပါတော့ပါချေ။ ရုတ်ချည်းပင် သူသည် "ရန်းချီနဲ့ နီးနီးကပ်ကပ် မနေနဲ့" ဟူသော အစ်ကိုဖြစ်သူ၏ အမှာစကားအား ပြန်လည်ကြားယောင်လာမိကာ ၎င်းမှာ အတော်လေး မှန်သည်ဟုလည်း တွေးမိလေတော့၏။
နောက်ဆုံး၌ ယွိစီကွေးကပင် ထုံးစံအတိုင်း စကားလမ်းကြောင်း လွှဲပေးလာရပေသည်။
"ဒီနေ့ရာသီဥတုက အရမ်းကောင်းတယ်။ အားရှို့.. ရှောင်ချီကို လမ်းလျှောက်ခေါ်သွားပေးလိုက်ပါ့လား။ နောက်ပြီး ရှောင်ကျင်းလည်း အဖွားရဲ့အစ်မကို နေပူဆာလှုံဖို့ ခေါ်သွားပေးလိုက်လေ။ ဒီလို ဆောင်းရာသီမျိုးမှာ နေရောင်ခြည်နွေးနွေးက အရမ်းရှားတာ..ပြီးတော့ ဒီနေ့က လေလည်းမတိုက်ဘူး။ လမ်းထွက်လျှောက်ဖို့ အကောင်းဆုံးအချိန်ပဲ"
ချန်းကျင်းသည် စီကွေး၏ စကားအား နားထောင်ပြီးနောက် ကပျာကယာ မတ်တပ်ရပ်လိုက်၏။
"ဟုတ်"
ထို့နောက် သူက ဘေးနားမှ အဖွားဖြစ်သူထံသို့ စောင်းကြည့်လာကာ ဖွဖွလေး စကားဆိုသည်။
"အဖွား..ကျွန်..ကျွန်တော် ကူတွန်းပေးပါ့မယ်"
သို့သော် သူ၏လက်ချောင်းများက တစ်ဖက်လူ၏ ဝှီးချဲလ်ထံသို့ မထိရသေးခင်မှာပင် အဖွားဖြစ်သူ၏ အေးစက်စက်အသံက ထွက်ပေါ်လာရပေ၏။
"မလိုဘူး။ ငါ့ဘာသာ လုပ်နိုင်တယ်"
ယနေ့ခေတ်ရှိ ဝှီးချဲလ်များမှာ လွန်စွာမှ အဆင့်မြင့်နေပြီဖြစ်၏။ ၎င်းကိရိယာများသည် အတားအဆီးများအား အလိုအလျောက် အာရုံခံနိုင်ရုံသာမက မိမိသွားလိုရာ လမ်းကြောင်းကိုလည်း ရွေးချယ်သွားရောက်နိုင်သေးသည်ပင်။ ထို့အပြင် လှေကားအတက်အဆင်းများ ပြုလုပ်ရာတွင်လည်း ပုံစံပြောင်းနိုင်သော အထူးစနစ်ပါရှိသောကြောင့် လုံခြုံစိတ်ချရသည့် အသုံးအဆောင် ပစ္စည်းတစ်မျိုး ဖြစ်ရလေတော့၏။
ချန်းကျင်းသည် မိမိဘာသာ ဝှီးချဲလ်တွန်း၍ အခန်းအပြင်ဘက်သို့ ထွက်ခွာနေသော အဖွားဖြစ်သူအား ကြောင်ကြည့်ရင်း အတန်ကြာမျှ ဘာလုပ်လို့လုပ်ရမှန်း မသိ ဖြစ်နေခဲ့ရ၏။ ထိုအချိန်၌ စီကွေးက သူ့အား အရှေ့ဘက်သို့ ဖြေးညင်းစွာ တွန်းပို့လိုက်ကာ ခပ်ဖွဖွ ဆိုသည်။
"သွားလေ ရှောင်ကျင်းရဲ့.. ကူမတွန်းပေးဘဲ ဘာကြောင်ကြည့်နေတာလဲ"
သို့နှင့် ချန်းကျင်းသည် သူ၏လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ အဖွားဖြစ်သူ၏ နောက်သို့ ကပျာကယာ လိုက်သွားပေတော့၏။ ထို့နောက် သူက ဝှီးချဲလ်အား ဖမ်းကိုင်လာကာ စကားဆိုလေသည်။
"အဖွား..ကျွန်တော်တွန်းပေးပါ့မယ်"
ဤအကြိမ်၌မူ အဖွားဖြစ်သူသည် ထပ်မံငြင်းဆန်ခြင်း မပြုတော့ပါချေ။
ယွိစီကွေးသည်ကား သူတို့အတွက် သီးသန့်အချိန်ရအောင် ဖန်တီးပေးလိုက်ခြင်း ဖြစ်ပေ၏။ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသောအခါ အနားတစ်ဝိုက်၌ အခြားလူများအား မတွေ့ရတော့ပါချေ။ ယွိအိမ်တော်၏ နေရာသည်ကား လွန်စွာမှကျယ်ဝန်းကာ မျက်နှာစာတစ်ဖက်တွင် ပင်လယ်ကမ်းရိုးတန်းကြီးတစ်ခုက တည်ရှိ၍ ဘေးဖက်အသီးသီးတွင်မူ အဆောက်အဦးများစွာက အစီအရီ ရှိနေသည်ပင်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှန်ပင် ငြိမ်သက်အေးချမ်းနေ၍ ရှုခင်းမှာလည်း အတော်လေး လှပနေသေး၏။
တစ်ခဏမျှ တိတ်ဆိတ်စွာဖြင့် လမ်းလျှောက်လာပြီးနောက်တွင် ချန်းကျင်းသည် ရှိရှိသမျှသော သတ္တိအလုံးစုံအား ဆင့်ခေါ်လိုက်၍ စကားစပြောရန် ကြိုးစားလာလေတော့သည်။
"အဖွား..ချမ်းနေပြီလား"
"မချမ်းဘူး"
ယခုကာလက ဆောင်းရာသီဖြစ်သည့်တိုင် သူ၏လက်ဖဝါးများအတွင်း၌မူ ချွေးပြန်နေရလေပြီ။
"ဟို ကျွန်တော်..အဖွားအတွက် ဦးထုပ်ရော မာဖလာရော နောက်ပြီး လက်အိတ်တွေရော ထိုးပေးနေတယ်။ အဲ့ဒါ ပြီးသွားတဲ့အခါကျရင် လုထောင်ကနေတစ်ဆင့် အဖွားဆီကို ပို့ပေးလိုက်မယ်နော်..အဖွားအပြင်ထွက်ရင် အေးနေမှာစိုးလို့ ကျွန်တော်က အရင်လိုပဲ သိုးမွှေးကို သုံးပေးထားတယ်။ အဲ့ဒါဆို အပြင်ဘက် လမ်းလျှောက်ထွက်ရင်တောင် အအေးမိမှာ မပူရတော့ဘူး.."
အဖွားဖြစ်သူက တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် ဆိုလေသည်။
"ငါ့ဆီက အကောင်းမြင်ခံရဖို့ အဲ့ဒီလိုတွေ လုပ်ပေးစရာ မလိုဘူး"
"ကျွန်တော်က ..အဲ့ဒီလို ရည်ရွယ်ချက်မျိုးနဲ့ မဟုတ်ရပါဘူး"
ချန်းကျင်းသည် ခေါင်းငုံ့လိုက်၍ တိုးဖွဖွ စကားဆိုလာသည်။
"အဖွားအတွက် စိတ်မကောင်းဖြစ်လို့ပါ။ တကယ်က ကျွန်တော် အမြဲတမ်း အဖွားကို တောင်းပန်ချင်နေခဲ့တာ..ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်သာ မဟုတ်ရင် အဖွားလည်း ဒီလိုဖြစ်သွားမှာ မဟုတ်ဘူး။ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ် အဖွား..ဘယ်လောက်ပဲ တောင်းပန်ပါစေ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုပေမဲ့ ကျွန်တော် တကယ် အဖွားကို တောင်းပန်စကား ပြောချင်နေတုန်းပါပဲ!"
ချန်းကျင်းသည် ဝှီးချဲလ်လက်ကိုင်အား လွှတ်လိုက်၍ အဖွားဖြစ်သူ၏ ရှေ့မှောက်သို့ ရှက်ရွံ့မှုအပြည့်ဖြင့် မတ်တပ်ရပ်မိလေ၏။
တစ်ဖက်မှ အဖွားဖြစ်သူက သူ့အား မော်ကြည့်လာခဲ့သည်။ သူမ၏မျက်နှာထားမှာမူ ပုံမှန်အတိုင်း ခက်ထန်နေဆဲပါပင်။ တဖြည်းဖြည်းနှင့် ချန်းကျင်း၏ ပါးပြင်ထက်သို့ မျက်ရည်စီးကြောင်းအချို့က စီးကျလာကြောင်း တွေ့ရသောအခါ အချိန်တိုင်းနီးပါး တင်းတင်းစေ့ထားသော သူမ၏နှုတ်ခမ်းလွှာမှာ စတင်ပွင့်ဟလာရတော့၏။
"ငါ့ရှေ့မှာ လာငိုမနေနဲ့"
ချန်းကျင်းသည် ကပျာကယာနှင့် မျက်ရည်စအချို့အား သုတ်ပစ်လိုက်ကာ ဆိုသည်။
"တောင်းပန်ပါတယ်..ကျွန်တော် မထိန်းနိုင်တော့လို့.."
အမှန်မှာမူ သူသည်လည်း ယခုကဲ့သို့ သနားစဖွယ်ပုံစံမျိုးအား တစ်ဖက်လူကို မပြချင်ပါပေ။ သို့သော် ချန်းကျင်းသည်ကား တစ်ခါမျှ သူ၏ခံစားချက်များအား ကောင်းစွာဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့။
"အခုလက်ရှိ မင်းရဲ့ပြောင်းလဲမှုတွေကို ငါ့အနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မင်းရဲ့အတိတ်လုပ်ရပ်တွေက ငါ့ကိုတင် စိတ်နာစေခဲ့တာ မဟုတ်ဘူး။ ရှောင်ထောင်ကိုလည်း စိတ်နာစေခဲ့တာပဲ။ ငါက ခွင့်လွှတ်ပေးလိုက်ရင်တောင် မင်းတို့နှစ်ယောက်ကြားက ကျိုးပျက်ပြီးသား ဆက်ဆံရေးကို ပြန်ပြီးကောင်းအောင် ပြင်ပေးနိုင်မှာ မဟုတ်ဘူး"
ချန်းကျင်း၏ နှလုံးသားတစ်ခုလုံးမှာ ဆတ်ခနဲ နာကျင်သွားရ၍ တမဟုတ်ချင်းပင် မျက်ရည်စီးကြောင်းများကလည်း တစ်စစ လိမ့်ကျလာရပြန်၏။
"ကျွန်တော်သိပါတယ်.."
သူက နှာတစ်ချက်ရှုံ့လိုက်ရင်း ဆက်ဆိုသည်။
"လုထောင်အတွက် ဒီကိုလာတာ မဟုတ်ပါဘူး။ ကျွန်တော့်အမှားကို ကျွန်တော်သေချာနားလည်ပြီးသားပါ..အဖွား ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်"
ချန်းကျင်းသည် ၎င်းစကားအား ပြောဆိုပြီးနောက် အဖွားဖြစ်သူထံသို့ ရိုသေစွာ ခေါင်းညွတ်လာတော့၏။
အဖွားဖြစ်သူက သူ့အားမကြည့်ပါဘဲ တစ်ဖက်မှ ပင်လယ်ကမ်းစပ် အဝေးတစ်နေရာသို့သာ ကြည့်နေခဲ့လေသည်။ သို့နှင့် အချိန်အတန်ကြာပြီးနောက်၌ သူမက ဆိုလာပေ၏။
"ငါ မင်းကို ခွင့်လွှတ်တယ်"
Zawgyi
"ငါ မင္းကို ခြင့္လႊတ္တယ္"
အမွန္မွာမူ ခ်န္းက်င္းသည္လည္း အဖြားျဖစ္သူအား ေတာင္းပန္စကားဆိုရန္အတြက္ အစဥ္အျမဲ ေတြးေတာေနခဲ့ျခင္း ျဖစ္ေလသည္။ သို႔သည့္တိုင္ သူ႔အတြက္ သင့္ေတာ္သည့္ အခ်ိန္အား ႐ွာမေတြ႔ႏိုင္ခဲ့ပါေခ်။ ထို႔အျပင္ တစ္ဖက္မွ လူသည္ကား သူ႔အား ေတြ႔သည့္အခါတိုင္း ေအးစက္စက္ ဆက္ဆံေလ့႐ွိေလရာ ခ်န္းက်င္းသည္ အဖြားျဖစ္သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ရန္ ေၾကာက္ရြံ႔ေနခဲ့ျခင္း ျဖစ္ေပ၏။
မနက္ျဖန္ ေတြ႔သည့္အခါ၌လည္း အဖြားက သူ႔အား ထူးကဲ၍ ႀကိဳဆိုလာမည္ မဟုတ္သည့္တိုင္ သူသည္ ၎မိသားစုေတြ႔ဆံုပြဲအား သြားရန္ဆံုးျဖတ္လိုက္ေလသည္။
ေနာက္အနာဂတ္၌ လုေထာင္ႏွင့္ အဆင္ေျပေစရန္ မဟုတ္ပါဘဲ အဖြားျဖစ္သူအား ႐ိုးသားစြာျဖင့္ "ေတာင္းပန္ပါတယ္" ဟူေသာ စကားေလးတစ္ခြန္း ေျပာခ်င္ရံု သက္သက္ပါပင္။
ခ်န္းက်င္းသည္ ခင္ပြန္းျဖစ္သူအား မနက္ျဖန္ သြားေရာက္မည့္ အေၾကာင္းႏွင့္ပတ္သက္၍ ေျပာမျပခဲ့ပါေခ်။ ထို႔အျပင္ လုေထာင္မွာ အခုရက္ပိုင္း အေတာ္ေလး အလုပ္မ်ားေနဟန္လည္း ေပါက္ေလ၏။ သူသည္ အရင္တစ္ပတ္ေလာက္ကတည္းက ေန႔တိုင္းနီးပါး ဗဟိုစစ္တပ္ေဆးရံုႏွင့္ စစ္တပ္ဌာနခ်ဳပ္ကို တစ္လွည့္စီသြားေနခဲ့ရကာ မအားမလပ္ ျဖစ္ေနရသည္ပင္။ ပထမအစက ခ်န္းက်င္းသည္ ၎အေျခအေနႏွင့္ ပတ္သက္၍ အနည္းငယ္ စိုးရိမ္ေနမိကာ လုေထာင္၏ခႏၶာကိုယ္၌ ျပႆနာတစ္ခုခုမ်ား ျဖစ္ေနသလား ဟုပင္ ေတြးမိလိုက္ေလ၏။
သို႔ႏွင့္ သူက စိုးရိမ္စြာျဖင့္ ေမးၾကည့္ေသာအခါ လုေထာင္က ေပါ့ေပါ့ပါးပါး ျပံဳးျပ၍ သူ႔ပါးတစ္ဖက္အား ဖ်စ္ညႇစ္လာကာ ထံုးစံအတိုင္း မ်က္ခံုးမ်ားအား ပင့္တက္လ်က္ ေမးသည္။
"ကိုယ့္ခႏၶာကိုယ္ကို တစ္ခုခု ျဖစ္ေနတယ္လို႔ ထင္တာလား.. ဟင္? မစြမ္းေဆာင္ႏိုင္ေတာ့တာမ်ိဳးလား"
ခ်န္းက်င္း၏ မ်က္ႏွာျပင္မွာ တမဟုတ္ခ်င္း ရဲတက္လာရ၍ မူလအစက စိတ္ပူပန္မႈမ်ားပင္ ႐ွက္ရြံမႈမ်ားအျဖစ္သို႔ ေျပာင္းလဲသြားရေတာ့၏။ သူက တိုးတိုးေလး ေရရြတ္လာသည္။
"မ..မျဖစ္ႏိုင္တာေတြ ေလွ်ာက္ေျပာမေနနဲ႔"
လုေထာင္က ၎ႏွင့္ပတ္သက္၍ စြမ္းေဆာင္ႏိုင္စြမ္း က်ဆံုးသည္ ဟူသည္မွာ ဘယ္လိုမွ် မျဖစ္ႏိုင္သည့္ ကိစၥရပ္ပါပင္။ ထို႔အျပင္ ဤရက္ပိုင္း၌ သူတို႔ႏွစ္ေယာက္သည္ မၾကာခဏ ဆက္ဆံေလ့လည္း ႐ွိၾကေသးသျဖင့္ ခ်န္းက်င္းမွာ တားေဆးမတိုးေတာ့မည္ကိုပင္ စိုးရိမ္လာရေတာ့ေလသည္။
လုေထာင္က သူ႔အနားသို႔ ကပ္လာရင္း ဆို၏။
"မင္း စိတ္မပူေအာင္ ကိုယ္သက္ေသျပေပးရမလား?"
သို႔ႏွင့္ လုေထာင္၏ လက္ေတြ႔သက္ေသျပမႈ အၿပီးတြင္ သူ၏ခႏၶာကိုယ္ႏွင့္ ပတ္သက္၍ ျပႆနာစိုးစဥ္းမွ် မ႐ွိေၾကာင္းမွာ အတိအက် ေသခ်ာသြားရသျဖင့္ ခ်န္းက်င္းသည္လည္း စိတ္သက္သာရာ ရသြားရေပေတာ့၏။
ေနာက္ေန႔မနက္ခင္းအေစာ၌ ခ်န္းက်င္းသည္ ကြတ္ကီးမုန္႔ခ်ိဳမ်ားအား စတင္၍ ဖုတ္ေလသည္။ ၎မွာ ခ်ိဳၿမိန္၍ ခ်စ္စဖြယ္လည္း ေကာင္းသျဖင့္ ယူရိခါသာ႐ွိလွ်င္ အကုန္လံုးကို စားသြားႏိုင္ေလာက္သည္အထိပင္။ အမ်ားစုမွာ ပဲအရသာျဖစ္၍ က်န္ေသာအခ်ိဳ႕မွာ ေရႊဖရံုသီးႏွင့္ ပ်ားရည္အရသာ ျဖစ္၏။ သို႔ႏွင့္ ကြတ္ကီးမ်ားအားလံုးအား ဖုတ္ၿပီးခ်ိန္တြင္ ခ်န္းက်င္းသည္ အဝတ္အစားမ်ားအား လဲလွယ္လိုက္၍ ယြိအိမ္ေတာ္ဆီသို႔ ေမာင္းထြက္လာခဲ့ေပသည္။
ေမာင္းႏွင္ခ်ိန္မွာ တစ္နာရီနီးပါး ၾကာျမင့္၍ ေနာက္ဆံုး ပင္လယ္ကမ္း႐ိုးတန္းႀကီးအား ျမင္ရခ်ိန္တြင္ ယြိအိမ္ေတာ္ဆီသို႔ ေရာက္႐ွိလာရၿပီ ျဖစ္၏။ ခ်န္းက်င္းသည္ ကားပါကင္အတြင္းသို႔ သူ၏ကားအား ထိုးလိုက္၍ သူ႔အား လာေရာက္ဆီးႀကိဳေလေသာ ယြိအိမ္ေတာ္မွ ဘ႑ာစိုးကို ယဥ္ေက်းစြာ ျပန္လည္ ႏႈတ္ဆက္သည္။ ၎ကားပါကင္အတြင္း၌ ပုဂၢလိကယာဥ္မ်ားက မ်ားမ်ားစားစားမ႐ွိပါေခ်။
႐ုတ္တရက္ ခ်န္းက်င္းသည္ ၎ယာဥ္မ်ားထဲမွ အေတာက္ပဆံုးတစ္ခုျဖစ္ေသာ အာကာသယာဥ္ အေသးစားတစ္စင္းအား ျမင္သြားမိေလ၏။ ၎အာကာသယာဥ္မွာ အနီေရာင္အဆင္း႐ွိ၍ ကားကိုယ္ထည္ထက္၌ ေကာင္းကင္ယံမွာ မီးပန္းမ်ား ေပါက္ကြဲေနသလို ပံုစံမ်ိဳး ေဖာ္ထားျခင္းပင္။ သူသည္ ၎အား ၾကည့္ရင္းကပင္ တစ္ခုခုအား အမွတ္ရသြားမိကာ ေဘးနားမွ ဘ႑ာစိုးျဖစ္သူကို ေမးလာမိေလေတာ့၏။
"ရန္းခ်ီလည္း ေရာက္ေနတာလား?"
"ဟုတ္ပါတယ္။ သခင္ေလးရန္းလည္း ေရာက္ေနပါၿပီ"
မည္သည့္အတြက္ေၾကာင့္ ရန္းခ်ီကပါ ယြိအိမ္ေတာ္၏ မိသားစုေတြ႔ဆံုပြဲသို႔ ဖိတ္ၾကားခံရပါေၾကာင္း ခ်န္းက်င္းသည္ နားမလည္ႏိုင္ခဲ့ပါေခ်။ မူလအစက သူသည္ ၎အေၾကာင္းအား ဘ႑ာစိုးထံသို႔ ေမးျမန္းခ်င္ခဲ့သည့္တိုင္ တကယ္တမ္း ေသခ်ာေတြးၾကည့္လိုက္ေသာအခါ မိမိအေနျဖင့္ ထိုကဲ့သို႔ ေစ့ေစ့ေပါက္ေပါက္ ေမးရန္မသင့္ပါေၾကာင္း ဆင္ျခင္မိသျဖင့္ ကပ်ာကယာပင္ ႏႈတ္ဆိတ္ေနလိုက္ရေတာ့၏။
ထို႔ေနာက္ ဘ႑ာစိုးျဖစ္သူက သူ႔အား သီးသန္႔ အခန္းတစ္ခုအတြင္းသို႔ ေခၚသြားေပးေလသည္။ ၎အခန္းအတြင္းသို႔ ခ်န္းက်င္း ဝင္ေရာက္လာလာခ်င္းပင္ မူလအစက စကားေျပာသံတို႔ႏွင့္ ဆူညံေနခဲ့သည့္ ပတ္ဝန္းက်င္မွာ ႐ုတ္ခ်ည္း ၿငိမ္သက္သြားရ၍ လူတိုင္းနီးပါး၏အၾကည့္မ်ားမွာလည္း ဧည့္သည္အသစ္ျဖစ္ေသာ သူ႔ဆီသို႔ က်ေရာက္လာရေတာ့၏။
အခန္းအတြင္းသို႔ တစ္ခ်က္မွ် ၾကည့္လိုက္ရံုျဖင့္ပင္ ခ်န္းက်င္းသည္ အဖြားျဖစ္သူကို ေတြ႔သြားခဲ့၍ အတိတ္မွ အမွားမ်ားအား ျပန္ေျပာင္းအမွတ္ရမိကာ စိတ္လႈပ္႐ွားလာရသည္ပင္။
စီေကြးက သူ႔အား လက္ယမ္းျပရင္း ေခၚသည္။
"ေ႐ွာင္က်င္း ၊ ေရာက္လာၿပီလား ဒီကိုလာထိုင္ေလ"
ယြိစီေကြးသည္ သူ၏အဖြားျဖစ္သူႏွင့္ စားပြဲခံုတစ္ဖက္တည္းမွာ ထိုင္ေနျခင္းျဖစ္၍ အလယ္၌ ေနရာလြတ္တစ္ခုကိုလည္း ခ်န္ထားေသး၏။ ၎ခံုမွာ ခ်န္းက်င္းအတြက္ တမင္သက္သက္ ဖန္တီးထားေပးျခင္း ျဖစ္ေၾကာင္း အထူးတလည္ ေျပာျပေနစရာ မလိုေတာ့ပါေပ။
ခ်န္းက်င္းသည္ အနည္းကယ္ စိတ္သက္သာရာ ရသြားဟန္ျဖင့္ သက္ျပင္းဖြဖြ ခ်လိုက္မိ၍ ထို႔ေနာက္ အျပံဳးတစ္ပြင့္အား ပန္ဆင္လ်က္ ႏႈတ္ဆက္စကားဆိုသည္။
"အားလံုးပဲ မဂၤလာပါ"
ၿပီးေနာက္ သူက ယြိစီေကြးႏွင့္ အဖြားျဖစ္သူထိုင္ရာဆီသို႔ အလ်င္အျမန္ ေလွ်ာက္လွမ္းလာ၍ တိုးဖြဖြ ႏႈတ္ဆက္စကားဆိုျပန္သည္။
"မဂၤလာပါ အဖြား...ဒီေန႔ အဖြားက အရမ္းၾကည့္ေကာင္းေနတယ္"
အင္ပါယာကမာၻမွ လူသားမ်ား၏ ပ်မ္းမွ်သက္တမ္းမွာ တစ္ရာ့သံုးဆယ္ျဖစ္၍ လူအမ်ားစုသည္ အသက္ တစ္ရာ့ငါးဆယ္နီးပါးအထိ ႐ွင္သန္ႏိုင္ၾကေလ၏။ ထို႔ေၾကာင့္ အသက္ ၇၀ ေက်ာ္ေသာ အဖြားျဖစ္သူမွာ အရမ္းႀကီး အိုမင္းရင့္ေရာ္ေနပံု မေပါက္ရပါေခ်။ သူမ၏ မ်က္ႏွာျပင္ထက္၌ အေရတြန္႔မ်ားလည္း မ႐ွိေသးကာ ၾကည့္ေကာင္းသည္အထိ ႏုပ်ိဳေနဆဲျဖစ္ရ၏။ တစ္ခုတည္းေသာ ျပစ္ခ်က္မွာ မီးခိုးေရာင္ေျပာင္းသြားေသာ ဆံႏြယ္တို႔ပင္ ျဖစ္လိမ့္ေလမည္။
အဖြားျဖစ္သူ၏ မ်က္ႏွာထားမွာ ပံုမွန္အတိုင္း တင္းမာေနဆဲျဖစ္၍ ခ်န္းက်င္းက ခ်ီးက်ဴးစကား ဆိုလာခဲ့သည့္တိုင္ သူမ၏ မ်က္ႏွာျပင္ထက္၌ အျပံဳးတစ္ပြင့္က ျဖစ္တည္မလာခဲ့ပါေခ်။ သူမက ခ်န္းက်င္းအား လွည့္ေတာင္မၾကည့္ပါဘဲ ယြိစီေကြးအား စကားဆိုသည္။
"ဘာလို႔ သူ႔ကို ေခၚလိုက္တာလဲ"
ယြိစီေကြးက ထံုးစံအတိုင္း အျပံဳးေလးတစ္ပြင့္ႏွင့္ ျပန္ေျဖ၏။
"သူတို္႔လူငယ္ေလးေတြ အတူတူ ေတြ႔လို႔ရေအာင္ ေခၚလိုက္တာပါ"
ထို႔ေနာက္ သူမက ခ်န္းက်င္းဘက္ လွည့္လာရင္း ဆိုသည္။
"ေ႐ွာင္က်င္း.. မိတ္ဆက္ေပးမယ္ေနာ္။ ဒါက အဖြားရဲ႕ေျမးမေလး အား႐ိႈ့တဲ့"
ယြိစီ႐ိႈ့ဟူေသာ မိန္းမငယ္ေလးသည္ လြန္စြာမွ လွပ၍ သူမ၏ ပံုစံႏွင့္ လိုက္ဖက္ေသာ ႐ိုး႐ိုးယဥ္ယဥ္ ဂါဝန္႐ွည္တစ္ထည္အား ဝတ္ဆင္ထားျခင္း ျဖစ္၏။ ထို႔အျပင္ သူမသည္ ဟိုတစ္ေခါက္က ေရေပၚ စကူတာၿပိဳင္ပြဲ၌ လုေထာင္တို္႔ႏွင့္အတူ ပါဝင္ယွဥ္ၿပိဳင္ခဲ့ဖူးေသာ အမ်ိဳးသမီးႏွစ္ေယာက္ထဲမွ တစ္ေယာက္လည္း ျဖစ္ေသးသည္ပင္။ ခ်န္းက်င္းက ယြိစီ႐ိႈ့အား ျပံဳးျပလာကာ စကားဆိုသည္။
"ကြၽန္ေတာ္ အရင္က ျမင္ဖူးပါတယ္"
ယြိစီ႐ိႈ့ကလည္း ျပန္လည္ျပံဳးျပရင္း ဆိုေလ၏။
"သမီးတို႔အခ်င္းခ်င္း အရင္က ေတြ႔ဖူးၿပီးသားပါ အဖြား"
အတိတ္အခါမွ ခ်န္းမိသားစုသည္ကား လြန္စြာမွ ဥစၥာဓန ႂကြယ္ဝရသည္ျဖစ္ကာ တည္ေထာင္သူမ်ိဳးႏြယ္ဝင္မ်ားႏွင့္လည္း အတိုင္းအတာ တစ္ခုအထိ ရင္းႏွီးသည့္ ဆက္ဆံေရးမ်ိဳး ႐ွိခဲ့ဖူးသည္ပင္။ ထို႔ေၾကာင့္ ခ်န္းက်င္းသည္ ၎မ်ိဳးႏြယ္ဝင္မ်ားႏွင့္ ဆက္စပ္သည့္ ပါတီပြဲ စားေသာက္ပြဲေပါင္းစံုအား တက္ေရာက္ခဲ့ဖူးျခင္း ျဖစ္၍ သူႏွင့္ ယြိစီ႐ိႈ့မွာလည္း မၾကာခဏ အခ်င္းခ်င္း မ်က္မွန္းတန္းခဲ့မိျခင္း ျဖစ္ေလသည္။ သို႔သည့္တိုင္ သူတို႔ႏွစ္ေယာက္မွာ မိတ္ေဆြမ်ားျဖစ္ရသည္အထိ မရင္းႏွီးခဲ့ပါေခ်။
ယြိစီေကြးက ျပံဳးလ်က္ဆို၏။
"ဟုတ္သားပဲ အဖြားေမ့သြားတာ..မင္းတို႔ႏွစ္ေယာက္က သက္တူရြယ္တူေလာက္ပဲ ဆိုေတာ့ အခ်င္းခ်င္း သိၿပီးသား ျဖစ္မွာေပါ့။ ဒါဆို ေ႐ွာင္ခ်ီနဲ႔လည္း သိမွာေပါ့ေနာ္?"
ခ်န္းက်င္းက တစ္ဖက္မွာ ထိုင္ေနေသာ ရန္းခ်ီအား တစ္ခ်က္ၾကည့္လိုက္ရင္း ေခါင္းၿငိမ့္ျပသည္။
"သိပါတယ္"
ရန္းခ်ီသည္ကား အနက္ေရာင္ အေနာက္တိုင္းဝတ္စံုတစ္ထည္အား ဝတ္ဆင္ထားျခင္းျဖစ္၍ ၎မွာ သူ၏ေဘာ္ဒီႏွင့္ အေတာ္ေလး လိုက္ဖက္ကာ ယခင္ကထက္ပို၍လည္း ဆြဲေဆာင္မႈ႐ွိေနသည္ပင္။ ပုခံုးက်ယ္က်ယ္ ခါးသိမ္သိမ္တို႔က သူ၏အသြင္အျပင္အား ပိုမိုပံုေပၚေစသျဖင့္ မသိလွ်င္ နာမည္ႀကီးေမာ္ဒယ္လ္တစ္ဦးႏွင့္ပင္ တူေနရေသး၏။
သူက ခ်န္းက်င္းအား ပ်င္းရိေလးတြဲ႔စြာ ၾကည့္လာရင္း စကားဆိုသည္။
"ဒါေပါ့။ ခ်န္းအိမ္ေတာ္က သခင္ေလးကို ကြၽန္ေတာ္ ေသခ်ာေပါက္ သိတာေပါ့။ ဘာပဲေျပာေျပာ သူနဲ႔ ကြၽန္ေတာ္က ေစ့စပ္တဲ့အထိ ျဖစ္ခဲ့ဖူးေသးတာပဲေလ"
၎စကားတစ္ခြန္းက အခန္းအတြင္း႐ွိ လူအားလံုး၏ မ်က္ႏွာထားမ်ားကို ႐ုတ္ခ်ည္း ေျပာင္းလဲသြားေစ၏။ အခ်ိဳ႕မွာ ရန္းခ်ီ၏စကားႏွင့္ ပတ္သက္၍ သိခ်င္စိတ္မ်ား ျဖစ္ေပၚလာရကာ က်န္တခ်ိဳ႕ကမူ အနည္းငယ္မွ် မ်က္ႏွာပ်က္သြားရေလသည္။ ခ်န္းက်င္းကမူ တစ္ဖက္လူ၏ စကားႏွင့္ပတ္သက္၍ ႐ွက္ရြံ႔ျခင္းမ်ိဳး မ႐ွိရပါေပ။ သူသည္ ၎အေၾကာင္းအား အဖြားျဖစ္သူကို မၾကားေစခ်င္ရံု သက္သက္ပင္။
ထို႔ေၾကာင့္ ခ်န္းက်င္းက ျပန္လည္႐ွင္းျပလာရ၏။
"အဲ့ဒီေလာက္လည္း မဟုတ္ပါဘူး။ ဒီအတိုင္း ငါတို႔ ငယ္ငယ္တုန္းက ႏွစ္ဖက္လူႀကီးေတြ စေနာက္ခဲ့တဲ့သေဘာမ်ိဳးပဲကို.."
"အင္းေလ။ စေနာက္ခဲ့တဲ့သေဘာမ်ိဳးပဲ ျဖစ္ခဲ့လို႔ ကံေကာင္းသြားတာ.."
ရန္းခ်ီက ေျခာက္ကပ္ကပ္ အျပံဳးတစ္ခုႏွင့္ သူ႔စကားအား ေထာက္ခံလာခဲ့ျခင္းျဖစ္၏။ သို႔ေသာ္ သူ၏ ပံုစံမွာ ခ်န္းက်င္းအား ခနဲ႔ေနသည္ႏွင့္ပင္ ပိုတူေသးေလသည္။
ယြိစီေကြးက ဤအေျခအေနမွ ပထမဆံုး ႐ုန္းထြက္ကာ တျခားအေၾကာင္းအရာတစ္ခုအား စကားလမ္းေၾကာင္း ေျပာင္းလာေပ၏။
"ေ႐ွာင္က်င္း..ဘာေတြယူလာတာလဲ။ မင္းရဲ႕အဖြားအတြက္ လက္ေဆာင္ေတြလား?"
"အာ..ဟုတ္။ မနက္က ကြၽန္ေတာ္ဖုတ္လာခဲ့တဲ့ ကြတ္ကီးေတြ။ အဖြားေရာ ျမည္းၾကည့္ပါဦးလား"
ေဘးနားမွ စားပြဲထိုးသည္ ခ်န္းက်င္း၏ ကြတ္ကီးမ်ားအား ယူေဆာင္သြား၍ ထို႔ေနာက္ ပန္းကန္ျပားမ်ားထက္၌ ဓား၊ခက္ရင္းတို႔ႏွင့္အတူ အစီအရီထည့္လာကာ ေသာက္စရာမ်ားပါ ျပန္လည္ ယူလာေပးေလသည္။ ခ်န္းက်င္းသည္ ေနာက္ဆံုး၌ အဖြားျဖစ္သူ၏ ေဘးခံုတြင္ ဝင္ထိုင္လာခဲ့ေပေတာ့၏။ တစ္ဖက္လူ၏ ေပါင္ထက္၌ လႊမ္းျခံဳထားေသာ သူ၏ခ်ည္ထည္ေလးအား ျမင္ရေသာအခါ ခ်န္းက်င္းမွာ အနည္းငယ္မွ် စိတ္သက္သာရာ ရသြားမိေလသည္။
ထို႔ေနာက္ အဖြားျဖစ္သူက သူ၏အခ်ိဳပြဲအား စတင္စားသံုးရန္ ျပင္လိုက္ခ်ိန္တြင္ ခ်န္းက်င္းက ကပ်ာကယာ စကားဆိုလာေပ၏။
"အဖြား..ကြၽန္ေတာ္ လွီးေပးမယ္ေလ"
"မလိုဘူး"
အဖြားျဖစ္သူသည္ကား အရင္ကအတိုင္း ေအးစက္ ခက္ထန္ေနဆဲပါပင္။ သူမႏွင့္ အတိတ္မွလုေထာင္၏ စ႐ိုက္တို႔မွာ အျမဲတမ္း အတူတူျဖစ္ရေလ၏။
"ငါ့ေျခေထာက္ေတြက မေကာင္းေပမဲ့ ငါ့လက္ေတြက အေကာင္းႀကီး႐ွိေသးတယ္။ ကိုယ့္ဘာသာ လုပ္ႏိုင္တယ္"
ထို႔ေၾကာင့္ ခ်န္းက်င္းမွာ ဆန္႔ထုတ္ထားၿပီး ျဖစ္ေသာ လက္အစံုအား ျပန္လည္ ႐ုတ္သိမ္းလိုက္ရေပသည္။ တစ္ဖက္မွ စီေကြးက ပံုမွန္အတိုင္း ျပံဳးလ်က္ စကားဆိုလာျပန္၏။
"ေ႐ွာင္က်င္းက တကယ္လိမၼာတာပဲ။ အခ်ဳပ္အလုပ္တင္ ေတာ္တာမဟုတ္ဘူး..အခ်ိဳပြဲလုပ္တဲ့ေနရာမွာလည္း ေတာ္တယ္။ ဒီကြတ္ကီးေလးေတြက အရမ္းအရသာ႐ွိတာပဲ အဖြား အပိုေျပာတာ မဟုတ္ဘူးေနာ္။ အျပင္ဆိုင္ေတြကထက္ေတာင္ စားေကာင္းေသးတယ္"
ယြိစီေကြး၏ ခ်ီးမြမ္းမႈေၾကာင့္ ခ်န္းက်င္းမွာ အနည္းငယ္ ေနရခက္သြားသျဖင့္ ႐ိုေသစြာ ေခါင္းၿငိမ့္ျပလ်က္သာ တစ္ဖက္လူအား ျပန္လည္တံု႔ျပန္မိေလ၏။ ထို႔ေနာက္ သူသည္ ေဘးတစ္ဖက္မွ အဖြားျဖစ္သူအား မသိမသာ ခိုးၾကည့္လာမိေပသည္။ သူမသည္ ကြတ္ကီးမ်ားအား အပိုင္းေသးေသးေလးမ်ား ျဖစ္ေအာင္ ဓားျဖင့္လွီးျဖတ္ထား၍ ထို႔ေနာက္ အပိုင္းစတစ္ခုကို ခက္ရင္းျဖင့္စိုက္ကာ တျမံဳ႕ျမံဳ႕ ဝါးစားလာခဲ့၏။ ယြိစီေကြး၏ စကားႏွင့္ပတ္သက္၍ သူမက ေထာက္ခံျခင္းလည္းမျပဳ ျငင္းဆိုျခင္းလည္းျပဳမလာသည့္တိုင္ ခဏအၾကာ၌မူ ေနာက္ထပ္ မုန္႔အပိုင္းေလးတစ္ခုအား ဆက္လက္စားသံုးလာခဲ့ျပန္သည္ပင္။
ရန္းခ်ီက ႐ုတ္တရက္ အျပံဳးေလးတစ္ပြင့္ႏွင့္ စကားဆိုလာသည္။
"အဖြားယြိက အရမ္းအမႊန္းတင္လြန္းတာပဲဗ်ာ။ ဒါကို ဘယ္လိုလုပ္ၿပီး အျပင္ဆိုင္ေတြထက္ အရသာ႐ွိတယ္လို႔ ေခၚႏိုင္ပါ့မလဲ။ ကြၽန္ေတာ့္ဆိုင္က မုန္႔ေတြက ဒီဟာထက္ အဆေပါင္းရာခ်ီ ပိုၿပီးအရသာ႐ွိတာကို.."
ယြိစီေကြးမွာ သူ၏စကားေၾကာင့္ အေတာ္ေလး ကူကယ္ရာမဲ့ဟန္ ျဖစ္သြားရေလ၏။
"တကယ္ပါပဲ ေ႐ွာင္ခ်ီကလည္း..မင္းရဲ႕ဆိုင္က တစ္ေလာကလံုးအႏွံ႔ ဖြင့္ရတဲ့အထိ နာမည္ႀကီးေနတာေလ။ ဘာလို႔ လိုက္ယွဥ္ေနဦးမွာလဲကြယ္"
ခ်န္းက်င္းကမူ အနည္းငယ္ နားမလည္ႏိုင္ျဖစ္လ်က္။
"တစ္ေလာကလံုးအႏွံ႔ ဟုတ္လား"
ယြိစီေကြးက ျပံဳးလ်က္ ျပန္ေျဖသည္။
"အင္းေလ ဟိုတစ္ေခါက္ ေ႐ွာင္က်င္းအႏိုင္ရခဲ့တဲ့ ဆုလက္မွတ္က ေ႐ွာင္ခ်ီေထာက္ပံ့ေပးထားတာေလ"
ခ်န္းက်င္းက မ်က္လံုးအျပဴးသားႏွင့္ အံ့ဩတပန္း ေရရြတ္မိ၏။
"Sunny ကိတ္ဆိုင္က ရန္းမိသားစု ပိုင္တာလား"
ရန္းခ်ီက သူ႔အား စိုက္ၾကည့္လာရင္း ပ်င္းရိေလးတြဲ႔စြာ ဆိုသည္။
"ငါ့မိသားစုပိုင္တာ မဟုတ္ဘူး။ ငါတစ္ေယာက္တည္းရဲ႕ အပိုင္!"
ရန္းခ်ီ၏ပံုစံမွာ ေမာက္မာဟန္အျပည့္ျဖစ္၍ အေတာ္ေလး အျမင္ကတ္ခ်င္စရာေကာင္းေနေလရာ ခ်န္းက်င္းသည္ သူ႔အား စကားဆက္ေျပာရန္ စိတ္မပါေတာ့ပါေခ်။ ႐ုတ္ခ်ည္းပင္ သူသည္ "ရန္းခ်ီနဲ႔ နီးနီးကပ္ကပ္ မေနနဲ႔" ဟူေသာ အစ္ကိုျဖစ္သူ၏ အမွာစကားအား ျပန္လည္ၾကားေယာင္လာမိကာ ၎မွာ အေတာ္ေလး မွန္သည္ဟုလည္း ေတြးမိေလေတာ့၏။
ေနာက္ဆံုး၌ ယြိစီေကြးကပင္ ထံုးစံအတိုင္း စကားလမ္းေၾကာင္း လႊဲေပးလာရေပသည္။
"ဒီေန႔ရာသီဥတုက အရမ္းေကာင္းတယ္။ အား႐ိႈ့.. ေ႐ွာင္ခ်ီကို လမ္းေလွ်ာက္ေခၚသြားေပးလိုက္ပါ့လား။ ေနာက္ၿပီး ေ႐ွာင္က်င္းလည္း အဖြားရဲ႕အစ္မကို ေနပူဆာလွံုဖို႔ ေခၚသြားေပးလိုက္ေလ။ ဒီလို ေဆာင္းရာသီမ်ိဳးမွာ ေနေရာင္ျခည္ေႏြးေႏြးက အရမ္း႐ွားတာ..ၿပီးေတာ့ ဒီေန႔က ေလလည္းမတိုက္ဘူး။ လမ္းထြက္ေလွ်ာက္ဖို႔ အေကာင္းဆံုးအခ်ိန္ပဲ"
ခ်န္းက်င္းသည္ စီေကြး၏ စကားအား နားေထာင္ၿပီးေနာက္ ကပ်ာကယာ မတ္တပ္ရပ္လိုက္၏။
"ဟုတ္"
ထို႔ေနာက္ သူက ေဘးနားမွ အဖြားျဖစ္သူထံသို႔ ေစာင္းၾကည့္လာကာ ဖြဖြေလး စကားဆိုသည္။
"အဖြား..ကြၽန္..ကြၽန္ေတာ္ ကူတြန္းေပးပါ့မယ္"
သို႔ေသာ္ သူ၏လက္ေခ်ာင္းမ်ားက တစ္ဖက္လူ၏ ဝွီးခ်ဲလ္ထံသို႔ မထိရေသးခင္မွာပင္ အဖြားျဖစ္သူ၏ ေအးစက္စက္အသံက ထြက္ေပၚလာရေပ၏။
"မလိုဘူး။ ငါ့ဘာသာ လုပ္ႏိုင္တယ္"
ယေန႔ေခတ္႐ွိ ဝွီးခ်ဲလ္မ်ားမွာ လြန္စြာမွ အဆင့္ျမင့္ေနၿပီျဖစ္၏။ ၎ကိရိယာမ်ားသည္ အတားအဆီးမ်ားအား အလိုအေလ်ာက္ အာရံုခံႏိုင္ရံုသာမက မိမိသြားလိုရာ လမ္းေၾကာင္းကိုလည္း ေရြးခ်ယ္သြားေရာက္ႏိုင္ေသးသည္ပင္။ ထို႔အျပင္ ေလွကားအတက္အဆင္းမ်ား ျပဳလုပ္ရာတြင္လည္း ပံုစံေျပာင္းႏိုင္ေသာ အထူးစနစ္ပါ႐ွိေသာေၾကာင့္ လံုျခံဳစိတ္ခ်ရသည့္ အသံုးအေဆာင္ ပစၥည္းတစ္မ်ိဳး ျဖစ္ရေလေတာ့၏။
ခ်န္းက်င္းသည္ မိမိဘာသာ ဝွီးခ်ဲလ္တြန္း၍ အခန္းအျပင္ဘက္သို႔ ထြက္ခြာေနေသာ အဖြားျဖစ္သူအား ေၾကာင္ၾကည့္ရင္း အတန္ၾကာမွ် ဘာလုပ္လို႔လုပ္ရမွန္း မသိ ျဖစ္ေနခဲ့ရ၏။ ထိုအခ်ိန္၌ စီေကြးက သူ႔အား အေ႐ွ႕ဘက္သို႔ ေျဖးညင္းစြာ တြန္းပို႔လိုက္ကာ ခပ္ဖြဖြ ဆိုသည္။
"သြားေလ ေ႐ွာင္က်င္းရဲ႕.. ကူမတြန္းေပးဘဲ ဘာေၾကာင္ၾကည့္ေနတာလဲ"
သို႔ႏွင့္ ခ်န္းက်င္းသည္ သူ၏လက္သီးအား က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ကာ အဖြားျဖစ္သူ၏ ေနာက္သို႔ ကပ်ာကယာ လိုက္သြားေပေတာ့၏။ ထို႔ေနာက္ သူက ဝွီးခ်ဲလ္အား ဖမ္းကိုင္လာကာ စကားဆိုေလသည္။
"အဖြား..ကြၽန္ေတာ္တြန္းေပးပါ့မယ္"
ဤအႀကိမ္၌မူ အဖြားျဖစ္သူသည္ ထပ္မံျငင္းဆန္ျခင္း မျပဳေတာ့ပါေခ်။
ယြိစီေကြးသည္ကား သူတို႔အတြက္ သီးသန္႔အခ်ိန္ရေအာင္ ဖန္တီးေပးလိုက္ျခင္း ျဖစ္ေပ၏။ အျပင္ဘက္သို႔ လမ္းေလွ်ာက္ထြက္လာေသာအခါ အနားတစ္ဝိုက္၌ အျခားလူမ်ားအား မေတြ႔ရေတာ့ပါေခ်။ ယြိအိမ္ေတာ္၏ ေနရာသည္ကား လြန္စြာမွက်ယ္ဝန္းကာ မ်က္ႏွာစာတစ္ဖက္တြင္ ပင္လယ္ကမ္း႐ိုးတန္းႀကီးတစ္ခုက တည္႐ွိ၍ ေဘးဖက္အသီးသီးတြင္မူ အေဆာက္အဦးမ်ားစြာက အစီအရီ ႐ွိေနသည္ပင္။ ပတ္ဝန္းက်င္တစ္ခုလံုးမွာ အမွန္ပင္ ၿငိမ္သက္ေအးခ်မ္းေန၍ ႐ႈခင္းမွာလည္း အေတာ္ေလး လွပေနေသး၏။
တစ္ခဏမွ် တိတ္ဆိတ္စြာျဖင့္ လမ္းေလွ်ာက္လာၿပီးေနာက္တြင္ ခ်န္းက်င္းသည္ ႐ွိ႐ွိသမွ်ေသာ သတၱိအလံုးစံုအား ဆင့္ေခၚလိုက္၍ စကားစေျပာရန္ ႀကိဳးစားလာေလေတာ့သည္။
"အဖြား..ခ်မ္းေနၿပီလား"
"မခ်မ္းဘူး"
ယခုကာလက ေဆာင္းရာသီျဖစ္သည့္တိုင္ သူ၏လက္ဖဝါးမ်ားအတြင္း၌မူ ေခြၽးျပန္ေနရေလၿပီ။
"ဟို ကြၽန္ေတာ္..အဖြားအတြက္ ဦးထုပ္ေရာ မာဖလာေရာ ေနာက္ၿပီး လက္အိတ္ေတြေရာ ထိုးေပးေနတယ္။ အဲ့ဒါ ၿပီးသြားတဲ့အခါက်ရင္ လုေထာင္ကေနတစ္ဆင့္ အဖြားဆီကို ပို႔ေပးလိုက္မယ္ေနာ္..အဖြားအျပင္ထြက္ရင္ ေအးေနမွာစိုးလို႔ ကြၽန္ေတာ္က အရင္လိုပဲ သိုးေမႊးကို သံုးေပးထားတယ္။ အဲ့ဒါဆို အျပင္ဘက္ လမ္းေလွ်ာက္ထြက္ရင္ေတာင္ အေအးမိမွာ မပူရေတာ့ဘူး.."
အဖြားျဖစ္သူက တစ္ခဏမွ် ၿငိမ္သက္ေနၿပီးေနာက္ ဆိုေလသည္။
"ငါ့ဆီက အေကာင္းျမင္ခံရဖို႔ အဲ့ဒီလိုေတြ လုပ္ေပးစရာ မလိုဘူး"
"ကြၽန္ေတာ္က ..အဲ့ဒီလို ရည္ရြယ္ခ်က္မ်ိဳးနဲ႔ မဟုတ္ရပါဘူး"
ခ်န္းက်င္းသည္ ေခါင္းငံု႔လိုက္၍ တိုးဖြဖြ စကားဆိုလာသည္။
"အဖြားအတြက္ စိတ္မေကာင္းျဖစ္လို႔ပါ။ တကယ္က ကြ်န္ေတာ္ အျမဲတမ္း အဖြားကို ေတာင္းပန္ခ်င္ေနခဲ့တာ..ကြၽန္ေတာ့္ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္သာ မဟုတ္ရင္ အဖြားလည္း ဒီလိုျဖစ္သြားမွာ မဟုတ္ဘူး။ ကြၽန္ေတာ္ တကယ္ပဲ ေတာင္းပန္ပါတယ္ အဖြား..ဘယ္ေလာက္ပဲ ေတာင္းပန္ပါေစ ေျပာင္းလဲသြားမွာ မဟုတ္ဘူးဆိုေပမဲ့ ကြၽန္ေတာ္ တကယ္ အဖြားကို ေတာင္းပန္စကား ေျပာခ်င္ေနတုန္းပါပဲ!"
ခ်န္းက်င္းသည္ ဝွီးခ်ဲလ္လက္ကိုင္အား လႊတ္လိုက္၍ အဖြားျဖစ္သူ၏ ေ႐ွ႕ေမွာက္သို႔ ႐ွက္ရြံ႔မႈအျပည့္ျဖင့္ မတ္တပ္ရပ္မိေလ၏။
တစ္ဖက္မွ အဖြားျဖစ္သူက သူ႔အား ေမာ္ၾကည့္လာခဲ့သည္။ သူမ၏မ်က္ႏွာထားမွာမူ ပံုမွန္အတိုင္း ခက္ထန္ေနဆဲပါပင္။ တျဖည္းျဖည္းႏွင့္ ခ်န္းက်င္း၏ ပါးျပင္ထက္သို႔ မ်က္ရည္စီးေၾကာင္းအခ်ိဳ႕က စီးက်လာေၾကာင္း ေတြ႔ရေသာအခါ အခ်ိန္တိုင္းနီးပါး တင္းတင္းေစ့ထားေသာ သူမ၏ႏႈတ္ခမ္းလႊာမွာ စတင္ပြင့္ဟလာရေတာ့၏။
"ငါ့ေ႐ွ႕မွာ လာငိုမေနနဲ႔"
ခ်န္းက်င္းသည္ ကပ်ာကယာႏွင့္ မ်က္ရည္စအခ်ိဳ႕အား သုတ္ပစ္လိုက္ကာ ဆိုသည္။
"ေတာင္းပန္ပါတယ္..ကြၽန္ေတာ္ မထိန္းႏိုင္ေတာ့လို႔.."
အမွန္မွာမူ သူသည္လည္း ယခုကဲ့သို႔ သနားစဖြယ္ပံုစံမ်ိဳးအား တစ္ဖက္လူကို မျပခ်င္ပါေပ။ သို႔ေသာ္ ခ်န္းက်င္းသည္ကား တစ္ခါမွ် သူ၏ခံစားခ်က္မ်ားအား ေကာင္းစြာဖံုးကြယ္ထားႏိုင္ျခင္း မ႐ွိခဲ့။
"အခုလက္႐ွိ မင္းရဲ႕ေျပာင္းလဲမႈေတြကို ငါ့အေနနဲ႔ အသိအမွတ္ျပဳပါတယ္။ ဒါေပမဲ့ မင္းရဲ႕အတိတ္လုပ္ရပ္ေတြက ငါ့ကိုတင္ စိတ္နာေစခဲ့တာ မဟုတ္ဘူး။ ေ႐ွာင္ေထာင္ကိုလည္း စိတ္နာေစခဲ့တာပဲ။ ငါက ခြင့္လႊတ္ေပးလိုက္ရင္ေတာင္ မင္းတို႔ႏွစ္ေယာက္ၾကားက က်ိဳးပ်က္ၿပီးသား ဆက္ဆံေရးကို ျပန္ၿပီးေကာင္းေအာင္ ျပင္ေပးႏိုင္မွာ မဟုတ္ဘူး"
ခ်န္းက်င္း၏ ႏွလံုးသားတစ္ခုလံုးမွာ ဆတ္ခနဲ နာက်င္သြားရ၍ တမဟုတ္ခ်င္းပင္ မ်က္ရည္စီးေၾကာင္းမ်ားကလည္း တစ္စစ လိမ့္က်လာရျပန္၏။
"ကြၽန္ေတာ္သိပါတယ္.."
သူက ႏွာတစ္ခ်က္႐ွံု႔လိုက္ရင္း ဆက္ဆိုသည္။
"လုေထာင္အတြက္ ဒီကိုလာတာ မဟုတ္ပါဘူး။ ကြၽန္ေတာ့္အမွားကို ကြၽန္ေတာ္ေသခ်ာနားလည္ၿပီးသားပါ..အဖြား ကြၽန္ေတာ္ တကယ္ပဲ ေတာင္းပန္ပါတယ္"
ခ်န္းက်င္းသည္ ၎စကားအား ေျပာဆိုၿပီးေနာက္ အဖြားျဖစ္သူထံသို႔ ႐ိုေသစြာ ေခါင္းၫြတ္လာေတာ့၏။
အဖြားျဖစ္သူက သူ႔အားမၾကည့္ပါဘဲ တစ္ဖက္မွ ပင္လယ္ကမ္းစပ္ အေဝးတစ္ေနရာသို႔သာ ၾကည့္ေနခဲ့ေလသည္။ သို႔ႏွင့္ အခ်ိန္အတန္ၾကာၿပီးေနာက္၌ သူမက ဆိုလာေပ၏။
"ငါ မင္းကို ခြင့္လႊတ္တယ္"