#000080

Por mermaid_mochi

201K 32.6K 5.6K

-ချစ်ရပါသော နေဗီပြာ- Mais

အပိုင်း ၀၁
အပိုင်း ၀၂
အပိုင်း ၀၃
အပိုင်း ၀၄
အပိုင်း ၀၅
အပိုင်း ၀၆
အပိုင်း ၀၇
အပိုင်း ၀၈
အပိုင်း ၀၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉(ပထမအခြမ်း)
အပိုင်း ၁၉ (ဒုတိယအခြမ်း)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)

အချပ်ပို

12.1K 1.3K 553
Por mermaid_mochi

အချပ်ပို

|Unicode|

-သုညကမ္ဘာ၏ပထမအခြမ်း-

"အနွေးထည်မဝတ်တော့ဘူးလား"

အရှေ့မှာ ဂျစ်ကားစိမ်းလေး ရပ်ထားသည့် အိမ်ဝန်းလေးထဲက အသံတစ်ခု ထွက်ကျလာသည်။ ဂျီမင်းဟာ မိမိတစ်ကိုယ်လုံးကို မှန်ထဲမှာ ဒီဂရီပတ်ပတ်လည်ကနေ လှည့်ပတ်လို့ကြည့်နေသည်။

"ဂျီမင်း"

တီမိုသီဆီက မေးခွန်းကို မဖြေအားသည့် ဂျီမင်းက နာမည်ခေါ်သံကို ကြားတော့မှ မိမိအနောက်တွင် တီမိုသီရောက်နေတာကို တွေ့လိုက်ရသည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိလိုက်တာမို့ မျက်နှာလုပ်သည့်အနေနှင့် သွားဖြီးကာ ရယ်ပြလိုက်သည်။

ဘယ်တုန်းကမှ စိတ်မဆိုးတတ်သည့် ကောင်းကင်တမန်တော်ကြီးက ဟန်ဆောင်ပန်ဆောင်လုပ်ကာ မျက်နှာတည်တည်ဖြင့် ဂျီမင်းက ရယ်ပြနေသည်ကို အကြည့်လွှဲပစ်လိုက်သည်။ ရင်ထဲမှာတော့ ပန်းတွေပွင့်နေသည်မှာ ဥယျာဉ်တောင် တည်လို့ရနေပြီဆိုတာ သိပ်သိတာပေါ့။

"စိတ်ဆိုးသွားတာလား"

ဂျီမင်းက မျက်လုံးပြူးလေးဖြင့် အနားကို ရောက်ချလာသည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ဟန်မူပိုတတ်သည့် ကောင်းကင်တမန်တော်ကြီးဟာ ဂျီမင်းနဲ့ မျက်လုံးချင်းမဆိုင်ဘဲ မျက်နှာထားကိုလည်း အတတ်နိုင်ဆုံးတည်ထားသည်။

"တီမိုသီကလည်း"

မိမိရင်ဘတ်အား လက်ညှိုးတစ်ချောင်းဖြင့် လာထိုးကာ မျက်လုံးချင်းလိုက်ဆုံနေသည့် ဂျီမင်းကြောင့် တီမိုသီတစ်ယောက် အခက်တွေ့ရသည်။ အစကတည်းက ပြုံးချင်နေသည့် နှုတ်ခမ်းများကို ထိန်းချုပ်ထားကာ ဘောင်းဘီအိတ်ကပ်ထဲက လက်ချောင်းတွေသည်လည်း လှုပ်လှုပ်ရွရွ။

"စိတ်မဆိုးတတ်ဘဲနဲ့ ဟန်ဆောင်နေပြန်ပြီ"

ပြောပြောဆိုဆိုပင် ဂျီမင်းက သူ့ကို ခုန်ဖက်လိုက်တာမို့ ဘောင်းဘီအိတ်ကပ်ထဲက လက်တွေက အလိုအလျောက် ဖမ်းထိန်းပြီးသား။ အတင်းကာရော ဖက်ထားသည့် အကောင်ပေါက်လေးက သူနဲ့ မျက်နှာချင်းဆိုင်ရန် ကြိုးစားနေသည်။

နောက်ဆုံးတော့ ဂျီမင်းကပဲ အနိုင်ရသွားခဲ့ပြီး တီမိုသီဟာလည်း မချုပ်ထိန်းနိုင်စွာပင် မျက်လုံးချင်းဆုံနေရင်းက ပြုံးလိုက်မိတော့သည်။ မိမိအပေါ်မှာ ဆိုးချင်တိုင်းဆိုးနေသည့် နှစ်ဆယ့်တစ်ရာစုက မင်းသားချောလေးကို ကြမ်းပြင်ပေါ် ပြန်ချပေးလိုက်တော့ မှန်ရှိရာကို ပြန်ပြေးသွားကာ သူ့ကိုယ်သူ အထပ်ထပ် စစ်ဆေးနေပြန်သည်။

"ရင်ဘတ်က အရမ်းပေါ်လွန်း‌မနေဘူးလား"

မှန်ထဲကပဲ တီမိုသီကို ကြည့်လိုက်ရင်းက မျက်ခုံးပင့်ပြလိုက်သည်။ အင်္ကျီကြယ်သီးလေး တစ်လုံးလောက် ဖြုတ်ထားလိုက်တာက ဘာများပိုစရာရှိလို့လဲ။ ဒီအတိုင်းလေးက ကြည့်‌ကောင်းနေတာပဲကို။ ရင်ဘတ်ကိုမြင်ရတာကလည်း အရမ်းကြီးမဟုတ်ဘဲနဲ့။

"ပိုလိုက်တာလို့ တွေးနေပြန်ပြီလား"

မိမိစိတ်ထဲက ပြောနေသမျှအကုန်လုံးကို ကြိုသိနေသလို အမှန်အကန်ကြီး ထုတ်ပြောလာသည့်အခါ ဂျီမင်းရဲ့မျက်တောင်လေးတွေက မူမမှန်စွာပင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

"မဟုတ်ပါဘူး"

"မလိမ်တတ်ဘဲနဲ့ လိမ်နေပြန်ပြီ"

တီမိုသီက အနောက်ကနေ သူ့လည်ဂုတ်လေးကို မနာအောင် တစ်ချက်ဖျစ်ညှစ်လိုက်ရင်းက လူလိမ်လေးဟု ခပ်ဖွဖွဆိုလာသည်။

"အနွေးထည်‌တော့ဝတ်"

"အေးလို့လား"

"ကားစီးရဦးမှာလေ"

ပြောပြောဆိုဆိုပင် တီမိုသီက အခန်းထဲမှ ၎င်းထုတ်ယူလာခဲ့သည့် ဂျီမင်းအတွက် အနွေးထည်တစ်ထည်ကို ခုံပေါ်တင်ထားရာကနေ လှမ်းယူလိုက်သည်။ ထို့နောက် ကိုယ်တိုင်ဝတ်ပေးဖို့ ပြင်နေတာကြောင့် ဂျီမင်းက နှာခေါင်းရှုံ့လိုက်မိသည်။ လူကို ကလေးတစ်ယောက်လို ဆက်ဆံနေတာပဲ။

"သွားစို့"

"အင်း"

ခေါင်းငြိမ့်ပြလိုက်ပြီး ကမ်းပေးလာသည့် တီမိုသီရဲ့လက်ကို တွဲလိုက်သည်။ သေချာကြည့်မှ တီမိုသီရဲ့လက်မောင်းကြီးတွေက ကြွက်သားတွေနဲ့ တောင့်တင်းလို့နေကာ အရင်ကထက် ပိုပြီးတောင် ကြီးလာသလိုပဲ။

"တီမိုသီ ခဏလေး"

"ဘာဖြစ်လို့လဲ"

အိမ်ကလေးရဲ့ လှေကားထစ်ကလေးတွေကနေ ဆင်းဖို့ပြင်နေတုန်း ဂျီမင်းက ဟန့်လိုက်သည်။ ပြီးသည်နှင့် တွဲထားသည့်လက်တွေကို ပြန်ပြင်လိုက်ရင်းက လက်မောင်းရင်းကနေ ရုတ်တရက်ကြီး ခိုတွဲလာသည်။

"မင်း ဘယ်လောက်အားကြီးလဲ သိချင်လို့"

ဒီလိုမျိုး ပေါက်ပေါက်ရှာရှာလည်း အင်မတန်လုပ်တတ်လွန်းတဲ့ ဂျီမင်းရယ်ပါ။ ဂျီမင်းက ဒါဆိုရင် ဘယ်တုန်းကမှ မငြင်းတတ်သည့် ကောင်းကင်တမန်တော်ကြီးကလည်း သူ့ရင်ခုန်သံလေးရဲ့အလိုကျ အကုန်လုံးကို လိုက်လျောပေးတတ်ပြန်ပါသည်။

ထိုနေ့က အိမ်ကလေးရဲ့ လှေကားထစ်တွေပေါ် ခြေတစ်စက်မချဘဲ တီမိုသီရဲ့လက်အား ခိုတွဲစီးရင်း ဂျီမင်းက တအံ့တဩနှင့် အပျော်ကြီးပျော်လို့နေခဲ့သည်။ ဂျီမင်းက ပျော်သည့်အခါ ငါတို့ရဲ့ကောင်းကင်တမန်တော်ကြီးကလည်း ပျော်ပါသတည်းပေါ့။ ဘဝတလျှောက်လုံးမှာ ဂျီမင်းက သူ့ဘက်က အလျှော့အပေးဆုံး၊ အနိုင်အပေးမိဆုံး သက်ရှိကလေးရယ်ပါ။

"မင်းက ငါ့ကို ကလေးလိုဆက်ဆံနေတာပဲ"

ဂျစ်ကားစိမ်း‌လေးပေါ် တက်ထိုင်လိုက်ပြီးနောက် လျော့တိလျော့ရဲဖြစ်သွားသည့် အနွေးထည်ရဲ့ ဇစ်တွေကို သေချာဆွဲပေးနေသည့် တီမိုသီအား ဂျီမင်းက အဆိုပြုလာသည်။ အလိုမကျသလို မျက်ခုံးကလေးတွေ တွန့်နေသည့်လူကို တစ်ချက်မော့ကြည့်ကာ တီမိုသီက ခပ်တိုးတိုးရယ်သည်။

"သူများတွေမြင်ရင် ငါ့ကို မင်းရဲ့သားလေးလို့ထင်နေဦးမယ်"

"မင်းနဲ့ငါရဲ့ ကုတင်ပေါ်က အကြောင်းအရာတွေကိုသာ သိရင် အဲ့လိုထင်မှာမဟုတ်ပါဘူး"

"တီမိုသီ မင်းကလေ တကယ် အရှက်မရှိတာပဲ"

"အမှန်တရားပဲလေ။ တစ်ခါလောက် အရှက်မရှိလည်း ဘာမှမဖြစ်ပါဘူး"

ဂျစ်ကားလေးက အိမ်ကလေးရဲ့အရှေ့မှ ခပ်‌ဖြည်းဖြည်းချင်း လှိမ့်ထွက်လာသည်။ ဂျီမင်းသည် တီမိုသီရဲ့ ထိုကဲ့သို့ တုတ်ထိုးအိုးပေါက် ပြောတတ်သည့်အကျင့်ကို ပြင်ပေးဖို့ကြိုးစားပေမဲ့လည်း တစ်ခါမှ မအောင်မြင်ခဲ့ပါ။

သမုတ်ရမည်ဆိုရင်ဖြင့် သူက လုပ်ချင်ရာလုပ်ရရင် ပျော်နေတတ်သူ ဖြစ်သလို တီမိုသီဟာလည်း ထိုကဲ့သို့ ကွင်းကွင်းကွက်ကွက် စကားလုံးများကို ပြောရရင် ပျော်နေတတ်သူများလား။ နှစ်ယောက်တည်းရှိနေရင်က ကိစ္စမရှိပေမဲ့ လူအများကြားထဲတော့ ထိုသို့‌ မဆင်မခြင် ပြောလို့မရပါ။

"အဲ့အကျင့်ကြီး ပြင်ပါလို့ပြောတာလည်း မရဘူး"

ဂျီမင်းက မကျေမချမ်းလေသံဖြင့် ပြောလိုက်တော့ တီမိုသီက ကားမောင်းနေရင်းက သူရှိရာကို မျက်လုံးစွေကြည့်လာသည်။

"ငါတို့က လက်ထပ်ထားပြီးပြီပဲ။ ဒါက လူတိုင်းနားလည်မဲ့ အရာမဟုတ်ဘူးလား။ မနေ့ညတုန်းကလည်း…"

"ကားပဲမောင်းတော့"

စကားစကို ဖြတ်ချပစ်လိုက်တာမို့ တီမိုသီက အသံထွက်အောင်ပင် ရယ်ပစ်လိုက်သည်။ လက်ထပ်ပြီးကာမှ ဒီမင်းသားလေးက ဘာတွေအသစ်အဆန်း ဖြစ်နေပြန်ရတာလဲ။ ရယ်မောနေရင်းကပဲ ဂျီမင်းကို ပြန်ကြည့်လိုက်ရင်းက ခေါင်းအသာယမ်းကာ ရုပ်ရှင်ရုံလေးဆီကို ဦးတည်ပြီး ဆက်မောင်းခဲ့တော့သည်။

ယနေ့မှ စဖွင့်သည့် ရုပ်ရှင်ရုံအသစ်လေးဆီကို ရောက်သည့်အခါ ဂျီမင်းရဲ့ စိတ်လှုပ်ရှားနေသည့် ပုံစံလေးကြောင့် ကောင်းကင်တမန်တော်ကြီးမှာ ထပ်ခါထပ်ခါ သဘောကျပြီးရင်း သဘောကျရ၊ ချစ်ပြီးရင်း ချစ်ရပြန်ပါသည်။ 

ညဦးပိုင်းလည်းဖြစ်ကာ ရုပ်ရှင်စဖို့လည်း အချိန်နည်းနည်းလိုသေးတာကြောင့် အပြင်ဘက်တွင် သူတို့လို ရုပ်ရှင်လာကြည့်သည့် လူများနှင့် များပြားကာ စည်ကားလို့နေသည်။ ရုပ်ရှင်ကြည့်ရင်း စားဖို့အတွက် မုန့်တန်းမှာ ဈေးဝယ်နေတုန်း နံဘေးကို ရောက်လာသည့် လူရိပ်တစ်ခုကြောင့် ဘာရယ်မဟုတ် စောင်းငဲ့ကြည့်လိုက်မိသည်။

"အက်ဒရစ်"

"ဘရီ…ဆောရီး ဂျီမင်းတို့ရော ရုပ်ရှင်လာကြည့်တာလား"

"အင်း ဟုတ်တယ်"

အက်ဒရစ်နဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့တာက ပြဿဖြစ်ခဲ့သည့်နေ့။ လေယာဉ်ကွင်းဆီ မောင်းထွက်သွားသည့် တီမိုသီ့နောက်ကို လိုက်သွားပြီးကတည်းက ဖြစ်သည်။ ထိုနေ့က အက်ဒရစ်က ဂျီမင်းကို ဘရီယန်ဟု ထင်မှတ်နေခဲ့သည်မှာ အမှားတစ်ခုသာ ဖြစ်ကြောင်းလည်း သိရှိခဲ့သည့် နေ့တစ်ခုဟု ဆိုလို့ရသည်။

ဖြစ်ပျက်သွားခဲ့သည့် ဒီအကြောင်းအရာတွေကို ပထမဆုံးအကြိမ် ကြားသည့်အခါ မည်သူကမှ ယုံမည်မဟုတ်တာကို ဂျီမင်းဘက်က မျှော်လင့်ထားပြီးသား။ သို့သော် အက်ဒရစ်ကတော့ သူ့ကို တစ်ခါရှင်းပြရုံနဲ့တင် ပထမဆုံး နားလည်ပေးခဲ့သူပင်။

"‌နေကောင်းကြတယ်မလား"

"ကောင်းကြပါတယ်။ အက်ဒရစ်ရော"

"ဒါပေါ့ဗျာ။ အဆင်ပြေပါတယ်"

တီမိုသီက တလျှောက်လုံး ဘာမှဝင်မပြောဘဲ နောက်ဆုံး နှုတ်ဆက်စကားဆိုတော့မှ အက်ဒရစ်နှင့် မျက်လုံးချင်း တစ်ချက်ဆုံလိုက်သည်။ ကျောခိုင်းကာ ထွက်ခွာသွားသည့် အက်ဒရစ်ကို ကြည့်ရင်း ဂျီမင်းရင်ထဲ စိတ်မကောင်းဖြစ်သွားသည်။

ဒီလူက ဘရီယန့်အပေါ် ဘယ်လောက်တောင်မှ ချစ်မြတ်နိုးခဲ့တဲ့လူလဲ။ တီမိုသီနဲ့အတူတူ ကောင်းကင်တမန်တော် ဖြစ်ခွင့်ရမဲ့ အခွင့်အရေးကိုတောင် လျစ်လျူရှုကာ ဘရီယန့်မျက်နှာကိုပဲ ငဲ့ကြည့်ခဲ့တဲ့သူလေ။ သုံးနှစ်သုံးမိုးမကအောင် စောင့်ဆိုလည်း စောင့်မဲ့သူ။ တီမိုသီ့ဆီမှာ ဘရီယန် စိတ်မပျော်ရင် သူအမြဲရှိနေပါမယ်လို့ ဆိုခဲ့ဖူးသူ။

ဒီဇာတ်လမ်းမှာ မိုးကြိုးငှက်အဖွဲ့အစည်းရဲ့ ပျံသန်းသူ အက်ဒရစ်ဟာ ဘရီယန်တစ်ယောက်တည်းအပေါ်မှာ အရာအားလုံးထက် ချစ်ပေးနိုင်သူလို့ ဆိုလို့လည်း ရသည်ပင်။ ဘရီယန့်တစ်မျက်နှာကိုပဲ ကြည့်တတ်သူ အက်ဒရစ်ဟာ အတော်လေး ရိုးရှင်းသူဟု ခေါင်းစဉ်တပ်ပါကလည်း ငြင်းဖွယ်ရာမရှိပါ။

[အက်ဒရစ်ဟာ ဂျီမင်းဘက်က အမှန်အတိုင်း ဖွင့်ပြောပြခဲ့တာကို ယုံသွားတာလား။ ဒါမှမဟုတ် ဂျီမင်းကို ဘရီယန်လို့ပဲ ထင်နေခဲ့မယ်။ ဘရီယန်က တီမိုသီ့အပေါ် ခွင့်လွှတ်ချင်လို့ သူ့ကိုယ်သူ တခြားလူပါလို့ ပြောခဲ့တာလို့ သတ်မှတ်လိုက်မလားဆိုတာ ရွေးချယ်ကြည့်ရအောင်။

စာရေးသူကတော့ ပထမတစ်ခုကိုပဲ ရွေးပါမယ်။ ဘာလို့လဲဆိုရင် အက်ဒရစ်နေရာက ကြည့်မယ်ဆိုရင် တီမိုသီက ဘယ်လိုမှ ခွင့်လွှတ်ချင်စရာ ကောင်းတဲ့သူ မဟုတ်တာကြောင့်ပါ။ တချို့အရာတွေက ထဲထဲဝင်ဝင် ရှင်းပြနေစရာမလိုဘူးဆိုတာ အက်ဒရစ်ကို ဆိုလိုနေတဲ့သဘောပါ။ "ဂျီမင်းမို့လို့ တီမိုသီကို ခွင့်လွှတ်လိုက်တာ၊ ဘရီယန်သာဆို ခွင့်မလွှတ်ဘူး" ဒီလိုတွေးလိုက်တာက နေဗီပြာရဲ့ အက်ဒရစ်အတွက် တရားမျှတအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။]

"သွားကြစို့"

"အင်း"

သူ့လက်ထဲက မုန့်ဗူးများကို တီမိုသီက လက်ပြောင်းလွှဲယူလိုက်ပြီးသည်နှင့် ရုပ်ရှင်ရုံထဲကို ဝင်ခဲ့ကြတော့သည်။ Movie Dateက ဂျီမင်းသဘောအကျရဆုံး Dateတစ်ခုဖြစ်တာကို သိထားသည့် တီမိုသီက ဂျီမင်းနဲ့အတူ နှစ်ပတ်ကို တစ်ခါလောက်တော့ ရုပ်ရှင်ရုံကို လိုက်ပို့ပေးတတ်သည်။

သိပြီးသားပေမဲ့ ထပ်ပြောပေးဦးမယ်။ ဂျီမင်းရဲ့ ခင်ပွန်းက ဂျီမင်းကို သိပ်အလိုလိုက်တယ်။ သူ့ကိုယ်သူ ကံမကောင်းတတ်ဘူးလို့ ထင်နေတဲ့ နှစ်ဆယ့်တစ်ရာစုက မင်းသားလေးက ၁၉၅၈ခုနှစ်မှာတော့ ရေတပ်ရဲ့ဂုဏ်ဆောင် ကောင်းကင်တမန်တော်ကြီးဆီမှာ တုန်နေအောင်ကို အချစ်ခံရပါတယ်။

တကယ်လို့ ဒီအေကြာင်းကို ဖတ်နေတဲ့သူတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ကံမကောင်းဘူးလို့ အမြဲတွေးထင်နေတတ်တဲ့သူတွေများ ပါလာခဲ့ရင် ကိစ္စမရှိပါဘူး၊ တစ်ရက်ရက်တော့ ကံကောင်းလာမဲ့နေ့ကို ရောက်လာဦးမှာပါ။ ဒါကြောင့် ‌လာမဲ့နေ့ရက်တွေကို ကောင်းမွန်စွာပဲ ဖြတ်သန်းပါ။ မျှော်လင့်ချက်ဆိုတာနဲ့ပဲ ငါတို့တွေ အသက်ဆက်ပြီး ရှင်သန်နေနိုင်တာမလား။

__________________

-သုညကမ္ဘာ၏ ဒုတိယအခြမ်း-

"အား!"

ဒါရိုက်တာဂျောင်ကုရဲ့ အော်သံက မနက်စောစောတွင် တိုက်ခန်းလေးထဲမှ ကျယ်ကျယ်လောင်လောင် ထွက်ကျလာသည်။ ဧည့်ခန်းထဲမှာ ဇိမ်ကျနေသည့် ခွေးကလေးကူပီနှင့် ကြောင်ညိုလုံးလေး ရှာရှာတို့ပင် အော်သံကျယ်ကြီးထွက်လာရာ အပေါ်ထပ်က အခန်းဆီကို တိုင်ပင်စရာပင် မလိုဘဲ စိုက်ကြည့်မိသွားကြသည်။

"နာလိုက်တာ"

"ခံလိုက်"

မနက်စောစော အိပ်ရာမထသေးခင် သူ့ရင်ခွင်ထဲမှာ ကျောပေးအိပ်လို့နေသည့် ဘရီယန်ရဲ့ လည်ဂုတ်ထက်က မှဲ့နက်လေးကို တရှုံ့ရှုံ့လိုက်နမ်းနေခဲ့မိတာ။ ဘရီယန့်ကို အိပ်ရေးပျက်အောင် တမင်လုပ်တာမဟုတ်ပေမဲ့လည်း ထိုသဘောမျိုး သက်ရောက်သွားတာမို့ အိပ်ရေးမဝသည့်အခါ ဘရီယန်သောင်းကျန်းသမျှ သူကချည်း ဒိုင်ခံကာ အလုပ်ခံရတော့သည်။

"သဘောကျလို့ နမ်းမိရုံလေးကို"

သနားကမားရုပ်လေးနဲ့ အိပ်ရာပေါ် ငုတ်တုတ်ထထိုင်ကာ နှုတ်ခမ်းကိုက်ရင်း ပြောလာတော့ ဒီလူကပဲ လူဆိုးကြီးဖြစ်ရတော့သည်။ တရက်တလေက ကိစ္စမရှိပေမဲ့လည်း နားရက်ပါမချန် မိုးလင်းတာနဲ့ ဟိုနားကိုက်လိုက်၊ ဒီနားကိုက်လိုက်နဲ့ လုပ်နေတာကတော့ မဟုတ်သေးဘူးလေ။

"မင်း ဟိုဖက်အခန်းမှာ သွားအိပ်တော့"

ဘရီယန်က ဒေါသထွက်ထွက်နဲ့ အတူအိပ်နေကျ အခန်းထဲကနေ နှင်ထုတ်တော့ ဂျောင်ကုရဲ့ မျက်လုံးကြည်တောက်တောက်လေးတွေက ဝိုင်းခနဲ။ မဖြစ်ဘူး ဒီဟာလေးကို အလျှော့ပေးလို့ သနားနေလို့မဖြစ်ဘူး ဘရီယန်။ အလျှော့ပေးလိုက်တာနဲ့ ဒီ‌နေ့ကနားရက်မို့ တစ်ကိုယ်လုံးကို ပုရွက်ဆိတ်ခဲသလို ခဲနေတော့မှာ။

"ဘရီယန်"

"သွားဆိုသွားလိုက်"

မျက်နှာငယ်လေးနဲ့ပဲ ဘာအတွန့်မှ ထပ်မတက်ရဲစွာ အခန်းထဲကနေ ခေါင်းအုံးလေးပိုက်ကာ ဂျောင်ကုက ထွက်သွားသည်။ နာရီကိုကြည့်လိုက်တော့ မနက်ငါးနာရီတောင်မခွဲသေး။ ဒီရက်ပိုင်း‌ကျမှ ဘာကိစ္စ ဒီလောက်အစောကြီး ထထပြီး ပုရွက်ဆိတ်လို ကိုက်နေတာလဲ စဉ်းစားလို့ကိုမရဘူး။ ဒီကောင်လေးက တကယ်လူဆိုး။

ဂျောင်ကုသည် စိတ်ပျက်လက်ပျက်နဲ့ပင် ခေါင်းအုံးပိုက်ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။ လှေကားပေါ်မှ ဆင်းလာသည့် သခင်ဖြစ်သူအား ပြူးတူးတူး ဝိုင်းကြည့်နေကြသည့် ကူပီနှင့်ချာချာသာ စကားပြောတတ်ရင် ဂျောင်ကုရဲ့အဖြစ်ကို ဝိုင်းသနားကြမလား၊ နည်းတောင်နည်းသေးတယ်လို့ ပြောကြမလားပဲ။

နှင်ထုတ်ခံလိုက်တာမို့ အပေါ်ထပ်ကနေ အောက်ကို ပြန်ဆင်းလာခဲ့ရင်း အရင်က နေနေကျဖြစ်သည့် အခန်းထဲကိုပဲ ဝင်ခဲ့လိုက်သည်။ နံရံအပြည့် ကပ်ထားသည့် ဘရီယန့်ဓာတ်ပုံများနှင့် ဟိုနားဒီနား ချိတ်ဆွဲထားသည့် ပုံတူပန်းချီများ။

ဒါရိုက်တာဂျောင်ဂုရဲ့ အခုအခန်းကိုတစ်ယောက်ယောက်သာ မြင်ရင် Idolတစ်ယောက်ကို အရူးအမူး သဘောကျသည့် ပရိသတ်တစ်ယောက်ရဲ့ အခန်းလို့ ယူဆကြမည်မှာ မုချဖြစ်သည်။ သို့သော် 'တူတူပဲ ဘရို‌ရေ'လို့ တထစ်ချပြောမရသည်မှာ ဂျောင်ကုက သူ့ယောက်ျားသူ ပြန်ပြီးအားပေးကာ အရည်ပျော်မတတ် သဘောကျနေခြင်း ဖြစ်လေသည်။ 

ဘရီယန်နဲ့ လက်ထပ်ပြီးသည်နှင့် အခန်းရွှေ့ကာ အပေါ်ထပ်ကိုပဲ အိပ်ခန်းအဖြစ်သုံးကာ အတူတူအိပ်ဖြစ်ကြသည်။ ဒီနေ့မှာတော့ ကံမကောင်း၊ အကြောင်းမလှစွာဘဲ နှင်ထုတ်ခံလိုက်ရလေပြီ။ အဓိကတရားခံကတော့ ဟိုဘက်ကမ္ဘာက ကောင်းကင်တမန်တော်ကြောင့်ပဲ။

သတိရသွားပြီဖြစ်တာမို့ တပါတည်း ယူလာခဲ့သည့် ဖုန်းကိုဖွင့်ကာ '000080'ကိုရိုက်လိုက်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။ ၎င်းနံပါတ်သည် နေဗီပြာ၏ ကမ္ဘာနှစ်ခြမ်းကို အဆက်အသွယ်ရစေဖို့အတွက် ဖန်တီးပေးထားသည့် နံပါတ်ကလေးဖြစ်သည်။ ကမ္ဘာတစ်ခြမ်းစီတွင် အမြဲတမ်း ဆုံစည်းနေဖို့ မဖြစ်နိုင်သည့်အခါ သူတို့သာသိသည့် ထိုနံပါတ်ကိုနှိပ်ပြီး အဆက်အသွယ်လုပ်ဖြစ်ကြသည်။

"ဟဲလို"

"ခင်ဗျားကြောင့် ကျွန်တော် အခုနှင်ထုတ်ခံလိုက်ရပြီ"

ဖုန်းကိုင်ကိုင်ချင်းမှာပဲ ငိုသံကြီးနှင့် ရန်တွေ့ခံလိုက်ရတာမို့ တီမိုသီရဲ့ မျက်ခုံးတွေ တွန့်ကြုံ့သွားရသည်။ သို့သော် ဂျောင်ကုဆီက အကြောင်းစုံ သိရှိပြီးသည့်နောက်တွင်တော့ ရယ်လိုက်မိသွားသည်။

"ရယ်နိုင်သေးတယ်နော်။ ကျွန်တော်ကတော့ ဒီနေ့ ဘရီယန့်အနားကို ကပ်လို့ရတော့မှာမဟုတ်ဘူး"

"အဲ့လောက်လည်း စိတ်ဓာတ်မကျပါနဲ့"

"ခင်ဗျားပြောတာ ယုံမိလို့ဖြစ်တာ"

သူ့ဟာသူဆို အနားကပ်ဖို့တောင် ရှိန်နေမှာသိလို့ ကိုယ်က ရဲဆေးတင်ပေးတာကို ဒီကောင်လေးက နားမလည်ဘူးပဲ။

"ငါ မင်းကို အကြံပေးတာ ကြာလှပြီကို။ အခုတစ်ခါလေးပဲ နှင်ထုတ်ခံရတာနဲ့ယှဉ်ရင် အခြေအနေကောင်းတယ်လို့ ပြောရမှာမဟုတ်ဘူးလား"

တဖက်က ဘာသံမှထွက်မလာတော့ဘဲ ငြိမ်ကျသွားသည်။ ရုပ်ချင်း တထေရာတည်းတူနေသည့် လူနှစ်ယောက်ဆိုပေမဲ့ တီမိုသီနှင့်ယှဉ်လျှင် ‌ဒါရိုက်တာလေးက လက်နှေးတတ်သည်။ သူ့အတွက်တော့ အချစ်က ရှိန်နေရတာမျိုး။ ထိုမျှတင်မဟုတ်သေးဘဲ အချစ်က လက်သံပြောင်သေးပြန်သည်။

ဂျောင်ကုက ဘရီယန့်အနားမှာ ခွေးပေါက်လေးတစ်ကောင်လို တရှုံ့ရှုံ့လုပ်ကာ အချိန်တိုင်း ရရင်ရသလို နမ်းချင်သည်။ သို့သော် ဘရီယန်ကကျ ထိုကဲ့သို့ လုပ်တာမျိုးကို သဘောမကျ။ တီမိုသီနှင့် အဆက်အသွယ်ရသည့်အခါ ၎င်းအကြံပေးတာတွေကို အားကျစွာ လိုက်လုပ်မိသည်။ ရလဒ်က အောက်ထပ်ကအခန်းထဲ ပြန်ရောက်လာခြင်း။

"ကျွန်တော်လည်း ဘရီယန်နဲ့ ခင်ဗျားတို့လို နေချင်တာပေါ့"

"ဘရီယန်က နေသားမကျလို့ဖြစ်မှာပါ"

တဖက်က ထပ်ပြီး အသံတိတ်ကျသွားပြန်သည်။ ဖုန်းသံကြောင့် နိုးသွားပုံရသည့် ဂျီမင်းက အခန်းထဲကနေ မျက်လုံးကိုပွတ်ရင်း ပွစာကျဲနေသည့် ဆံပင်လေးများနှင့် ထွက်ချလာသည်။ အနားကိုရောက်လာတော့ ခါးကနေဆွဲဖက်လိုက်ရင်း ရင်ခွင်ထဲ ထည့်လိုက်သည်။

ညတုန်းကမှ ပူပူနွေးနွေးပေးထားသည့် အမှတ်အသားများက ဂျီမင်းရဲ့လည်ပင်းမှာ ဟိုတကွက် ဒီတကွက် ပြည့်လို့နေသည်။ တခြားသော မမြင်ရသည့် နေရာများတွင်လည်း ဂျီမင်းက သူ့အပိုင်ဖြစ်ကြောင်း အမှတ်အသားများ ရှိနေမယ်ဆိုတာ ပြောပြစရာတောင်မလို။

"ဘယ်သူလဲ"

ဂျီမင်းက ခပ်တိုးတိုးမေးလာတော့ ဂျောင်ကုဟု ဖြေလိုက်ကာ နားသယ်စပ်လေးကို တစ်ချက်ငုံ့နမ်းလိုက်သည်။ ဒီအခြေအနေကို ဒါရိုက်တာဂျောင်ကုသာမြင်ရင် သူ့ကျ မတရားဘူးပြောကာ ခြေဆင်းပြီး အော်ငိုနေမလားမသိပါ။

"ဂျောင်ကု သနားပါတယ်"

ဖုန်းချသွား‌တော့ ဂျီမင်းက စိတ်မကောင်းသလို လေသံလေးဖြင့် ပြောလာသည်။ ရုပ်ချင်းတူပေမဲ့ ဂျောင်ကုက တီမိုသီနဲ့ အတော်လေးကွာခြားသည်။ အထူးသဖြင့် ဒီလိုကိစ္စမျိုးတွေမှာပေါ့။

"ဘရီယန့်ကို ငါ ဖုန်းဆက်ပြီး ပြောကြည့်ရမလား"

"သဘောလေ။ ဆက်ချင်ရင်ဆက်ပေါ့"

တီမိုသီဆီက ခွင့်ပြုချက်ရသည်နှင့် ဂျီမင်းက ဖုန်းခွက်ပေါ်က နံပါတ်‌ခြောက်လုံးကို တလှည့်စီနှိပ်ကာ ဘရီယန့်ဆီကို ဖုန်းခေါ်လိုက်သည်။ ပျော်လုပျော်ခင် အနေအထားတွင် ထမြည်လာသည့်ဖုန်းကြောင့် ဘရီယန်ရဲ့ မျက်လုံးတွေ ပြန်ပွင့်လာသည်။ နံပါတ်ကို ကြည့်လိုက်တော့ ကောင်းကျိုးမပေးတဲ့ ဟိုနှစ်ယောက်ဆီက။

"ပြော"

မချိုမသာ ထွက်ကျလာသည့် ဖုန်းဖြေသံကြောင့် ဖုန်းခွက်ကို နားမှာကပ်ထားသည့် ဂျီမင်းရဲ့ ဇက်ကလေး ပုဝင်သွားရသည်။ ခေါ်ပြီးကာမှတော့ မထူးတော့ဘူး။ အကုန်လုံးကို ပြောပြလိုက်တော့မယ်။

"အစကတည်းက ငါထင်သားပဲ။ ဂျောင်ကု ဒီလိုတွေလုပ်နေတာ မြှောက်ပေးနေတဲ့သူ ရှိမှာပဲလို့"

"မြှောက်ပေးတယ်ရယ်လို့တော့မဟုတ်"

"ငါ မေးပါဦးမယ်။ မင်းတို့နှစ်ယောက် အတော်လေး အားယားနေတာလား။ နောက်ခါ ဂျောင်ကုကို ဘာမှမြှောက်ပေး၊ အကြံပေးစရာလည်း မလိုဘူး။ အကျင့်ပျက်တယ်"

ဘရီယန်က မိမိတို့နှစ်ယောက်လုံးကို တစ်တစ်ခွခွပြောကာ ဖုန်းချသွားတာမို့ ဒုတိယအကြိမ်မြောက် ဂျီမင်းရဲ့ ဇက်ကလေးပုသွားရပြန်သည်။ တီမိုသီကတော့ ဂျီမင်းကိုကြည့်ရင်း အသည်းယားစွာ ရယ်လိုက်ပြီး ပြန်အိပ်ဖို့အတွက် အိပ်ခန်းထဲ ခေါ်ချီသွားတော့သည်။

ဘယ်မှာလဲ ဒါရိုက်တာဂျောင်ကုအတွက် တရားမျှတမှု!?

________________


ဒေါက် ဒေါက်!

ဖွင့်ထားသည့် အခန်းတံခါးကို ခေါက်လိုက်သံကြောင့် တစ်ယောက်တည်း မှောက်လျက်ကြီး အိပ်ပျော်အောင် ကြိုးစားနေရာမှ ငုတ်တုတ်ထထိုင်ကာ ကြည့်လိုက်မိသည်။ အခန်းတံခါးဝတွင် လက်ပိုက်ကာ တံခါးဘောင်ကို မှီရပ်နေသည့် ဘရီယန်။

"အပေါ်ကအခန်းထဲ ပြန်လာခဲ့"

တစ်ချက်လွှတ်အမိန့်အောက်တွင် ခေါင်းအုံးကောက်ကိုင်ကာ ဂျောင်ကုတို့က ကြမ်းပြင်ပေါ်ဆင်းနှင့်ပြီးသား။ ဘာကြောင့်လဲဆိုတာ သေချာမသိသေးတာမို့ စိတ်လှုပ်ရှားမိသလို ရင်လည်းခုန်ရသည်။ ဒီလူနဲ့မှ ဂျောင်ကုရဲ့နေ့ရက်တိုင်းက ရူးလောက်စေသည်။

"ထပ်ပြီး နှင်ထုတ်မခံချင်ရင် အေးအေးဆေးဆေးအိပ်၊ မဟုတ်ရင် တစ်သက်လုံး အောက်ထပ်ကအခန်းမှာပဲ အိပ်ရမယ်"

"မလုပ်တော့ပါဘူး"

လိမ္မာယဉ်ကျေးကာ အပိုးကျိုးနေသည့် ကောင်လေးကို ကျောခိုင်းလိုက်သည်နှင့် ဘရီယန်က ခိုးပြုံးလိုက်သည်။ တကယ်ပဲ ဘယ်လိုကောင်လေးလဲ။ ဂျောင်ကုက သူ့အတွက်တော့ ရုတ်တရက်ကြီး သဘောကျသွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်း တွယ်မိသွားသည့် သံယောဇဉ်ကလေးဟု ဆိုနိုင်သည်။ ချစ်ဖို့တော့ အကောင်းသား။

မလုပ်တော့ပါဘူးလို့ ပြောပေမဲ့လည်း ထိုစကားက ငါးမိနစ်ထက် ပိုမခံ။ လူလည်လေးက သူရှိရာကုတင်ခြမ်းဘက်ကို တရွေ့ချင်း တိုးကပ်လာသည်။

"ဘရီယန် ကျွန်တော် ခင်ဗျားကို မဖက်ထားရင် အိပ်လို့မပျော်ဘူး"

"ဖက်လုံးရှိတယ်မလား"

"အောက်ထပ်မှာ ကျန်ခဲ့တယ်"

တိတ်တဆိတ် ကုတင်အောက်ကို ပစ်ချလိုက်ခံရတဲ့ ဖက်လုံးက မေးလာသည်။ ငါ့မှာ ဘာအပြစ်ရှိလို့လဲဆိုပဲ။

"ဒီအတိုင်းလေး ခင်ဗျားကိုဖက်ပြီး အိပ်လို့မရဘူးလားဟင်"

ငတုံးလေးတွေ လူလည်ကျရင် ဒီလိုပဲ ချစ်ဖို့ကောင်းသလား။ ဘရီယန်အတွက်တော့ ဒါရိုက်တာဂျောင်ကုက ချစ်ဖို့အကောင်းဆုံး ငတုံးလေး ဖြစ်ပါလိမ့်မယ်။

"နားငြီးတယ် အိပ်မှာသာအိပ်"

တဖက်လှည့်ဖြင့် ခွင့်ပြုလိုက်တာမို့ ဂျောင်ကုက ပျော်ရွှင်သွားကာ ခေါင်းအုံးကို ဘရီယန့်အနား အနီးဆုံးဖြစ်အောင် တိုးကပ်ချလိုက်ပြီး အနောက်ကနေ သိမ်းကျုံးဖက်လာသည်။ အိပ်ပျော်သလောက်ရှိရင် ဂုတ်ပိုးပေါ်က မှဲ့လေးကို ခိုးပြီးနမ်းဦးမယ်ဆိုတာလည်း သိနှင့်ပြီးသား။

ဒါရိုက်တာဂျောင်ကုက တုံးမလိုလိုနဲ့ တခါတလေ အခုလိုမျိုး သိပ်ကိုလည်ပါသည်။

_____________________

-ညစာအတူစားကြခြင်း-

နှစ်ဆယ့်တစ်ရာစုတွင် ဘရီယန် ဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင်လေးက နာမည်ကြီးဖြစ်ကာ ထိပ်တန်းဝင် စားသောက်ဆိုင်လည်းဖြစ်သည်။ ထိုဆိုင်ကလေးတွင် စားသောက်ရင်း သီချင်းသံများကြား ဘဲလေးအကကိုလည်း ပူးတွဲကြည့်ရှုနိုင်သည်။ ကံကောင်းပါက ဘရီယန်ကိုယ်တိုင် ကပြဖျော်ဖြေတာကို ကြုံရနိုင်လေသည်။

ထိုကံကောင်းသည့်ညက ယနေ့ညပင်ဖြစ်သည်။ နေဗီပြာရဲ့ ချစ်မေတ္တာများ နေရာမှန်သွားသည့်နောက်တွင် ဒါရိုက်တာဂျောင်ကုက ဘရီယန့်ကို ဘဲလေးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့သည်။ ဘရီယန်က ပထမတွင် မဖြစ်နိုင်လောက်ဘူး ထင်ထားခဲ့ပေမဲ့ ဂျောင်ကုရဲ့အားပေးမှုကြောင့် ဘယ်သူမှမရှိသည့် စင်ပေါ်ကို တက်ခဲ့သည်။

ပထမတစ်ခါ ကျရှုံးသည်။ ဒုတိယတစ်ခါ ကျရှူံးသည်။ တတိယတစ်ကြိမ်အထိ သူ မကြိုးစားချင်တော့တာမို့ လှည့်ပြန်ဖို့ပဲ ကြိုးစားလိုက်သည်။ ဒါပေမဲ့လည်း သူ့အပေါ်မှာ သူ့ထက်ပိုပြီး ယုံကြည်နေသူက လက်လျှော့ခွင့်မပေးခဲ့။

'ကောင်းပြီ။ နောက်ဆုံးအကြိမ်ကြိုးစားကြည့်မယ်'ဟု ဆိုကာ တတိယအကြိမ် ကကြည့်လိုက်ရာမှာတော့ ကျင့်သားရသွားသည့် သူ့ခြေထောက်တွေက ဟိုအရင်က ဘဲလေးကချေသည်အတိုင်း ချောချောမွေ့မွေ့။ ထိုနေ့က ဘရီယန် ငိုခဲ့သည်။ ဘရီယန့်ထက် ဒါရိုက်တာကဂျောင်ကုက ပိုငိုခဲ့သည်။

'ခင်ဗျား ခြေထောက်တွေ ကလို့ရသွားပြီ။ ကျွန်တော် သိပ်ပျော်တာပဲ' ဟုဆိုကာ သူ့ထက်ပင် အပျော်လွန်ကာ ငိုနေခဲ့သည့် ကောင်လေးကို ထိုနေ့က သူ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့မိသည်။ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ဂျောင်ကုက သူ့ဘဝရဲ့ မရှိမဖြစ်လေး ဖြစ်နေခဲ့လေပြီ။

အခုလည်း သူကဖို့အတွက် ပြင်နေချိန်မှာ သူကိုယ်တိုင် ရွေးဝယ်လာပေးတဲ့ ဖိနပ်ကလေးကို သူကိုယ်တိုင်ပဲ စင်ပေါ်မတက်ခင် စီးပေးခဲ့သည်။ စင်ပေါ်မှာ ပေါ့ပါးသည့် ငှက်မွေးတောင်လေးတစ်ခုပမာ လှည့်ပတ်ပြီး ကပြနေတဲ့ ဘရီယန်ကိုကြည့်ရင်း ဂျောင်ကုက မျက်တောင်ပင်မခတ်နိုင်။

အပြုံးတွေနဲ့ ငေးစိုက်ကြည့်နေခဲ့သလို၊ ဂုဏ်ယူခြင်းတွေနဲ့ အားပေးနေခဲ့သည်။ ချစ်ခြင်းမေတ္တာတွေနဲ့ အနောက်ကနေ ပံ့ပိုးပေးခဲ့သလို၊ နွေးထွေးမှုတွေနဲ့ ပျံသန်းနိုင်ဖို့ အတောင်တွေတပ်ပေးခဲ့သည်။ ဘရီယန်ဟာ ဒါရိုက်တာဂျောင်ကုအတွက်တော့ မြတ်နိုးရသမျှ အရာရာပါပဲ။

ကျယ်လောင်လွန်းသည့် လက်ခုပ်သံ တဖြောင်းဖြောင်းကြားမှာ ဘရီယန်ရဲ့ ရင်အစုံက နိမ့်ချည်မြင့်ချည်။ အထူးဧည့်သည်များအတွက် မှန်ပြင်ကာထားသည့်  အပေါ်ထပ်ကနေ ကြည့်နေသည့် စုံတွဲတစ်တွဲကလည်း ဘရီယန့်အတွက် လက်ခုပ်တီးပေးနေခဲ့သည်။

"ဘရီယန်က အရမ်းတော်တာပဲ"

စင်အနောက်ဖက်ကို ပြန်ဆင်းလာတော့ ဂျောင်ကုက အနားကို ဝေးဝေးမသွားနိုင်သည့် သံလိုက်တုံးလေးလို အပြေးရောက်လာသည်။ တဒုတ်ဒုတ် အခုန်မြန်နေဆဲ ရင်ခုန်သံတွေကြားထဲက လက်နှစ်ဖက်ကမ်းပေးလိုက်တော့ ဂျောင်ကုက သူ့ကိုပွေ့ချီကာ နှစ်ပတ် သုံးပတ်လောက် ယမ်းပစ်လိုက်သည်။

"ငါ လုပ်နိုင်ခဲ့ပြီ"

"ကျွန်တော် အစကတည်းက ဘရီယန့်ကို ယုံပြီးသားပါ"

တစ်စုံတစ်ယောက်က မင်းကို ဘယ်လောက်ယုံကြည်ကြောင်း အခိုင်အမာပြောလာတဲ့အချိန်မှာ သူ့မျက်ဝန်းတွေထဲ ဘယ်လိုရှိနေမယ်ဆိုတာကို မင်းတို့သိလား။ ပြန်လည်မွေးဖွားလာသလို ခံစားရတဲ့ သူ့အတွက်တော့ ဒီလိုအချိန်မှာ မြင်ရတဲ့ ဂျောင်ကုရဲ့မျက်ဝန်းတွေက အားအင်တစ်ခုလိုပဲ။ ဒါက အချိန်တခဏမဟုတ်တဲ့ ထာဝရအတွက် အားအင်။

"အရမ်းတော်လို့ ဆုချချင်တယ် ဘရီယန်"

"ဘာဆုလဲ"

"အိမ်ပြန်ရောက်မှ ပေးမယ်။ ဒါက အကြို"

လှစ်ခနဲဆိုသလို သူ့ပါးတစ်ဖက်ကို နမ်းလိုက်တာမို့ စကားပြောချိန်ပင်မရလိုက်။ တုံးမလိုနဲ့ လည်တဲ့ ဒါရိုက်တာကို ဘာမှထပ်မပြောတော့ဘဲ အဝတ်အစားလဲကာ ညစာစားဖို့အတွက် အပေါ်ထပ်ကို အတူတက်ခဲ့တော့သည်။

အသင့်စောင့်နေသည့် စုံတွဲက သူတို့ဝင်လာတာကိုမြင်တော့ တစ်ယောက်က လက်ပြနှုတ်ဆက်သည်။ တစ်ယောက်ကတော့ သိတဲ့အတိုင်း နေမြဲအတိုင်းသာ။

"ဘရီယန်ကတာ အရမ်းလှတာပဲ"

"ကျေးဇူး ဂျီမင်း"

ဂျီမင်းက အသားတစ်ဖဲ့ကို တမြုံ့မြုံ့ဝါးနေရင်းက ဘရီယန့်ကိုသာ စိုက်ကြည့်လို့နေသည်။ စိတ်ထဲတွင် ဘရီယန့်ကို ချီးကျူးနေမယ်ဆိုတာလည်း သေချာပေါက်ပဲ။ ဘရီယန်က ပါစတာချက်တာလည်း တော်သလို ဘဲလေးအကမှာလည်း တော်လိုက်တာ ဆိုပြီးလေ။

"ဒီဟာစား ဘရီယန် ကျွန်တော် လှီးပေးပြီးသား"

‌ဂျောင်ကုက အလိုက်တသိပင် ဘရီယန့်အတွက် လှီးဖြတ်ပြီးသား ဟင်းပွဲကို ‌ပြောင်းချပေးလာသည်။ ထိုအခြင်းအရာကိုကြည့်ကာ ဂျီမင်းရဲ့မျက်လုံးလေးတွေက အားကျသလို လက်ခနဲဖြစ်သွားတာကို တီမိုသီက မြင်လိုက်သည်။

"ဂျီမင်းက ဒါကိုစား"

"ကျေးဇူး တီမိုသီ"

ဘရီယန့်အတွက် ဂျောင်ကုက လှီးဖြတ်ပေးသလိုမျိုး တီမိုသီက ဂျီမင်းအတွက် အသားလေးတွေ လှီးဖြတ်ပေးလိုက်တော့ ဂျီမင်းက ပျော်ရွှင်သွားရသည်။ ရုတ်တရက်ကြီး ငြိမ်သက်သွားသည့်လေထုကြောင့် ဟင်းပွဲကို ငုံ့ကြည့်နေရာကနေ မော့ကြည့်လိုက်တော့ မိမိတို့စုံတွဲအား စိုက်ကြည့်နေသည့် ဘရီယန်နှင့်ဒါရိုက်တာဂျောင်ကုကို တွေ့လိုက်ရသည်။

"အဲ ဘာဖြစ်သွားကြတာလဲ"

ဂျီမင်းသည် အခြေအနေကို နားမလည်သလို မေးခွန်းထုတ်လိုက်မိသည်။ တီမိုသီက ပန်းကန်ထဲက အသားတုံးတစ်ဖဲ့ကို လှီးဖြတ်ပြီး ခက်ရင်းနဲ့ထိုးယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် ဤသို့ဖြေလာ၏။

"ဘာမှမဖြစ်ဘူး ဆက်စား"

တီမိုသီ့စကားကို နားထောင်ကာ ဆက်စားဖို့ပြင်တော့ ဒါရိုက်တာဂျောင်ကုက လှုပ်ရှားမှုတစ်ခု ပြုလိုက်ပြန်သည်။

"ဘယ်ဝိုင်ယူမလဲ ဘရီယန်"

ဒါရိုက်တာဂျောင်ကုက ဘရီယန့်အတွက် ဝိုင်ရွေးပေးတော့ တီမိုသီက ဂျီမင်းအတွက် ဝိုင်ရွေးပေးပြန်သည်။ ဘရီယန်သည် ကြာတော့ စိတ်မရှည်လာတာမို့ စားပွဲကို ဘုန်းခနဲ တစ်ချက်ရိုက်ပစ်လိုက်တော့သည်။

"မင်း ဘာဖြစ်နေတာလဲ တီမိုသီ"

"ငါက ဘာဖြစ်လို့လဲ"

"မင်းနဲ့ အဲ့ဒီ့မကောင်းတဲ့ သောက်အကျင့်ဆိုးကြီးနဲ့ ဂျောင်ကုကို လိုက်ပြိုင်နေတာမဟုတ်ဘူးလား"

"ဘယ်နားက ပြိုင်လို့လဲ။ ဒါ ငါ ဂျီမင်းကိုလုပ်ပေးနေကျတွေ"

"ငါ့ကို လာမလိမ်နဲ့ တီမိုသီ"

ရှူးရှူးရှားရှားဖြစ်လာသည့် ဘရီယန်နဲ့ နှုတ်ခမ်းပါးလေးနဲ့ တစ်ခွန်းမကျန် ပြန်ပက်နေသည့် တီမိုသီတို့ကြား ဂျီမင်းနဲ့ ဂျောင်ကုခမျာ တုတ်တုတ်မှမလှုပ်ရဲ။ ဒီပုံစံနဲ့ ဂျောင်ကုရဲ့ တိုက်ခန်းလေးမှာ တစ်ပတ်လောက် နေဦးမည်ဆိုပဲ။ အခုအတိုင်းသာဆို ကူပီနဲ့ရှာရှာပါ အငြိမ်မနေရမည့် ဒီဇိုင်း။

"ဒီလောက်လေးကို ငါ့ဘက်က ပြိုင်တုနေစရာလား ဘရီယန်။ မင်းရဲ့ ဂျောင်ကုကတောင် ငါ့ဆီက အကြံလာလာတောင်းနေရတာ"

"အရူးကို ဆရာတင်မိတာ သူ့အမှားမှန်းသိလို့ ပြင်ထားခိုင်းပြီးပြီ တီမိုသီ"

"ဟုတ်လား။ ဒါဆိုလည်း ဝမ်းသာပေးရမှာပေါ့"

တီမိုသီရဲ့ စကားတိုင်းက မရည်ရွယ်တာပဲလား၊ တမင်သက်သက်ပဲလားတော့မသိ မီးလောင်ရာကို လေပင့်နေသည့်အတိုင်း ဘရီယန့်ကို ပိုပိုပြီး ဒေါပွစေသည်။

"ဒီလိုပြောကြေးဆိုရင် ဂျီမင်းကလည်း ငါ့ဆီက အကြံတွေယူနေတာပဲလေ"

ဘရီယန်က လက်ပိုက်ပြီး အပေါ်စီးကနေ မျက်လုံးလေးမှေးစင်းကာ ကြည့်လိုက်ရင်းက ပြောလာသည်။ တီမိုသီက နံဘေးက ဂျီမင်းကို ဆတ်ခနဲလှည့်ကြည့်လိုက်တော့ ဂျီမင်းက ပါးစပ်ထဲထည့်ခါနီး အသားတုံးလေးကို ပန်းကန်ထဲ ပြန်ချလိုက်ရင်းက ဟီးခနဲရယ်ပြသည်။

"မဖြစ်နိုင်တာတွေ"

"အဲ့ဒါကတော့ သူ့ကိုပဲမေးကြည့်လိုက်လေ"

"ဒေဝဒတ်ကို ဆရာတင်တာကမှ အဓိပ္ပါယ်ရှိဦးမယ်"

"တီမိုသီ!"

ဒုတိယအကြိမ်မြောက် စားပွဲကို လက်နဲ့ရိုက်ချလိုက်သံက ဖြန်းခနဲ။

"တီမိုသီရာ ခင်ဗျား ဘာမှဆက်မပြောပါနဲ့တော့"

မနေနိုင်သည့် ဂျောင်ကုက ကြားထဲက ဝင်တားလိုက်သည့်အခါ တီမိုသီရဲ့ မျက်နှာက မဲ့ခနဲ။ စားပွဲခုံကို ခဏခဏရိုက်နေလို့ သူ့ဟာလေး လက်နာသွားမှာကို စိုးရိမ်ပြီး ဖြစ်ပျက်နေလိုက်တာများ။ မနိုင်တဲ့လူကျ မတားရဲဘဲ သူ့ကိုပဲ လိုက်တားနေပုံကလည်း ယုတ္တိမရှိ။

"ဟုတ်သားပဲ။ ထမင်းစားကြရအောင်ပါ နော်"

ဂျီမင်းကပါ ချော့ချော့မော့မော့ ပြောလာသည့်အခါတွင်တော့ တီမိုသီကလည်း စကားရန်ပွဲကို အဆုံးသတ်လိုက်တော့သည်။ ဟိုအရင်ကလို ရန်ဖြစ်ရင် လက်မပါတော့တာကို ကြည့်ခြင်းအားဖြင့် ဂျောင်ကုကလည်း ဘရီယန့်အပေါ် တနည်းနည်းနဲ့တော့ ထိန်းချုပ်ထားနိုင်တာပဲဟု တွေးမိကာ စိတ်ထဲက ကြိတ်ချီးကျူးလိုက်မိသည်။ ဒီကောင်လေး မဆိုးဘူး။

ဂျီမင်းက ဝင်ပြောသည့်အခါ ငြိမ်ကျသွားသည့် သကောင့်သားကြောင့် ဘရီယန်ကလည်း စိတ်ထဲမှ ဂျီမင်းကို အပြန်အလှန်အားဖြင့် ချီးကျူးလိုက်မိလေသည်။ နောက်ခါဖုန်းပြောဖြစ်ရင်တော့ တီမိုသီရဲ့ ပါးစပ်ကိုပိတ်ဖို့ တိပ်ပါ တစ်ခါတည်း ဆောင်ထားဖို့ ပြောလိုက်ဦးမည်။

"စားပြီးပြီဆိုတော့ ပိုက်ဆံရှင်းရမှာပေါ့"

"ဘာလဲ ဒီဆိုင်က မင်းဆိုင်မဟုတ်ဘူးလား"

"ဟုတ်တယ်လေ"

"ဟုတ်ရင် ဘာလို့ ငါတို့က ပိုက်ဆံရှင်းရမှာလဲ"

"ဟုတ်နေလို့ကို ရှင်းရမှာလေ"

ဗိုက်ဝသွားပြန်တော့လည်း ထသတ်နေပြန်သည့် သူငယ်ချင်းနှစ်ယောက်ကြောင့် ဂျီမင်းနဲ့ ဒါရိုက်တာဂျောင်ကုခမျာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ဘရီယန်ကလည်း တီမိုသီ့‌ဆီက ညစာအတွက် ငွေမရမက ရှင်းခိုင်းနေသလို တီမိုသီကလည်း ဘူးခံငြင်းသည်။

"ဒီက ပေးလိုက်မယ်"

"မပေးရပါဘူး။ ငါတို့က ဧည့်သည်လေ"

ကဒ်ထုတ်ပေးဖို့ ပြင်နေသည့် ဂျီမင်းရဲ့လက်ကို ‌တီမိုသီက ပြန်ဆွဲထားရင်းက မပေးရဘူး အတင်းပြောသည်။ ဒီလိုနဲ့ပဲ ဒါရိုက်တာဂျောင်ကုကပါ ဝင်ဖြေရှင်းရင်း တစ်ပွဲပြီးသွားသည့်နောက်တွင် တိုက်ခန်းကို ပြန်ရောက်လာတော့သည်။

"ရှာရှာ!"

ရှာရှာက ခေါ်သံကြောင့် ဂျီမင်းဆီကို ပြေးလာခါနီးတွင် ဘရီယန်ကပါ မြင်ကွင်းထဲ ပေါ်လာသည့်အခါ လမ်းတဝက်မှာတင် တုံ့ခနဲရပ်သွားကာ နှစ်ယောက်လုံးကို တစ်လှည့်စီကြည့်လို့နေသည်။ ယင်းနောက်တွင်တော့ ညှောင်ခနဲ တစ်ချက်အော်လိုက်ကာ ဆိုဖာနောက်ကို ထွက်ပြေးသွားတော့သည်။

"နှစ်ယောက်လုံးကို တပြိုင်တည်း တွေ့လိုက်ရတော့ လန့်သွားပြီထင်တယ်"

ရှာရှာ့နည်းတူ ကူပီဟာလည်း တီမိုသီနဲ့ ဒါရိုက်တာဂျောင်ကုကို ကြည့်ကာ တဝုတ်ဝုတ်ထိုးဟောင်နေတော့သည်။ တိရစ္ဆာန်တွေပါ အငြိမ်မနေရတဲ့ နေဗီပြာကမ္ဘာရယ်ပါ။

"မင်းတို့က အောက်ထပ်မှာ အိပ်လိုက်။ ငါတို့က အပေါ်ထပ်မှာပဲ နေမယ်"

ထိုအထိက အဆင်ပြေသေးပေမဲ့ အခန်းထဲကို ရောက်သွားသည့်အခါတွင်တော့ အဆင်မပြေတော့ချေ။ ဘာလို့ဆို သူတို့နေမဲ့အခန်းထဲမှာ ဘရီယန့်ရဲ့ပုံတွေက အပြည့်ဖြစ်နေတယ်လေ။

"အခန်းလဲပေး။ ငါတို့ အပေါ်ထပ်မှာနေမယ်"

"ဧည့်သည်က ဧည့်သည်လိုနေ"

"ဧည့်သည်မို့လို့ ပြောနေတာလေ။ အိမ်ရှင်ကတောင် ဖယ်ပေးသင့်တာ"

"ရူးနေလား။ အိမ်ရှင်ပါဆို ဖယ်ပေးစရာလား"

တစ်ယောက်တစ်ခွန်း စကားများနေပြန်သည့် နှစ်ယောက်ကြောင့် ရှာရှာနဲ့ ကူပီကပါ ငြိမ်သွားပြီး ဝိုင်းကြည့်နေကြသည်။

"ဆက်ပြီးငြင်းခုံနေဦးမယ်ဆိုရင် ကျွန်တော်နဲ့ မင်းသားနဲ့ပဲ အောက်ထပ်မှာ အိပ်လိုက်တော့မယ်"

"မအိပ်ရပါဘူး!"

အသံကျယ်ကြီးနှစ်ခုက ပြိုင်တူဆိုသလို ထွက်ကျလာသည်။ ထို့အတူ ဒေါသထွက်နေသည့် မျက်နှာနှစ်ခုကလည်း ဒါရိုက်တာဂျောင်ကုနဲ့ မင်းသားဂျီမင်းကို ပြိုင်တူလှည့်ကြည့်လာကြသည်။

ထို့နောက်တွင်တော့ တီမိုသီက မကျေမနပ်နှင့်ပင် ဂျီမင်းရဲ့ လက်ကိုဆွဲကာ အောက်ထပ်က အခန်းထဲကို ဝင်သွားတော့သည်။ ၎င်းတို့စုံတွဲ အခန်းထဲ ဝင်သွားတော့မှပဲ ဂျောင်ကုလည်း သက်ပြင်းချနိုင်တော့သည်။

အတူအိပ်နေကျ အပေါ်ထပ်က အခန်း‌ဆီ တက်လာခဲ့ရင်း ဒေါသထွက်နေသည့် ဘရီယန့်ကို စိတ်ပြေအောင် ချော့မော့ရသေးသည်။ မင်းသားဂျီမင်းလည်း သူ့လိုပဲဖြစ်နေမယ်ဆိုတာ ပြေးဆင်းကြည့်စရာတောင်မလို၊‌ တွေးကြည့်ရုံနဲ့အတပ်သိသည်။

ညနက်လာသည့်အခါတွင်တော့ အိမ်ကလေးထဲ စောနကလို ရန်ဖြစ်သံတွေ မကြားရတော့ဘဲ တိတ်ဆိတ်သွားသည်။

"ဘာဖြစ်လို့ မီးပိတ်လိုက်တာလဲ"

"မီးဖွင့်ထားရင် ပုံတွေနဲ့မျက်စိရှုပ်လို့"

"ဘရီယန်က ငါနဲ့ရုပ်ချင်းတူနေတာပဲကို"

"ဒါပေမဲ့ ဂျီမင်းကဂျီမင်းလေ"

ရယ်သံလွင်လွင်လေးတွေ ထွက်ကျလာပြီးနောက်တွင် တီမိုသီက အမှောင်ထဲကနေ ဂျီမင်းပေါ်ကို အုပ်မိုးကာ နမ်းရှိုက်လာသည်။

"သူများအိမ်ကြီးမှာ မဖြစ်ဘူးလေ"

"သူများအိမ်မို့ ပိုစိတ်လှုပ်ရှားရတယ်မဟုတ်ဘူးလား"

ဂျီမင်းဘက်က မည်သို့မှ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘဲ စကားနားထောင်စွာဖြင့် တီမိုသီရဲ့ ဦးဆောင်ရာနောက် အလိုက်သင့်လေး စီးမျောခဲ့တော့သည်။ မနက်ကျမှ နှစ်ယောက်လုံး ဘရီယန့်ဆီက အဆဲခံရလည်း ခံလိုက်ရုံပေါ့။

အောက်ထပ်ကစုံတွဲက အချစ်တွေကြား သာယာနေပေမဲ့ အပေါ်ထပ်က စုံတွဲကတော့ မသာယာနိုင်သေး။ ဂျောင်ကုသည် ဘရီယန်တစ်ယောက် ရေချိုးခန်းထဲက ထွက်လာသည့်တိုင် စိတ်လှုပ်ရှားစွာဖြင့် တောင်မြောက်လျှောက်နေဆဲ။

"အိမ်ပြန်ရောက်မှပေးမယ်ဆိုတဲ့ဆုက ဘယ်မှာလဲ"

ဘရီယန်က လျှော်ပြီးကာစ ခေါင်းကဆံပင်များကို တဘက်ကိုင်ကာ လက်တစ်ဖက်နဲ့ သုတ်နေရင်းက လှည့်မေးလာသည်။ ဂျောင်ကုက ဘာမှမဖြေသေးဘဲ ဘရီယန်ရှိရာကို လျှောက်လာပြီး အဖျားမှာ ရေသီးနေဆဲ ဆံပင်များကို ကူသုတ်ပေးလာသည်။

"ဒီမှာ ခဏထိုင်"

ကုတင်ပေါ် ထိုင်ချလိုက်သည့်အခါ ဂျောင်ကုက ဗီရိုထဲမှ အထုတ်တစ်ထုတ်ကို ယူလာသည်။ ပြီးသည်နှင့် ဘရီယန့်ရဲ့ ခြေရင်းမှာ ထိုင်ချလိုက်သည်။ မျက်စိရှေ့တင် အထုတ်ကိုဖြေကာ ဖွင့်ဖောက်လိုက်တော့ ဘဲလေးကရာတွင် စီးနင်းသည့် ဖိနပ်ကလေးတစ်စုံ ပေါ်ထွက်လာသည်။

ဘရီယန်ရဲ့ ခြေထောက်ကလေးနှစ်ဖက်ကိုယူကာ ဖိနပ်ကလေးစီးပေးလိုက်တော့ ကွက်တိပင်။ ဖိနပ်ကလေးက ဘရီယန့်ခြေထောက်ပေါ်တွင် လှလှပပလေး နေရာယူသွားတာကို ကြည့်ရင်း ဂျောင်ကုက ပြုံးလိုက်သည်။

"သဘောကျရဲ့လား"

"အင်း လှတယ်။ သဘောကျတယ်။ မင်းပြောတဲ့‌ဆုဆိုတာ ဒါလေးလား"

ဘရီယန်က ဖိနပ်စီးထားသည့် ခြေထောက်ကလေးနှစ်ဖက်ကို လှုပ်ယမ်းနေရင်းက မေးလာသည်။

"ဒါက သက်သက်ပါ"

"ဟင်"

ခြေထောက်က ဖိနပ်ကလေးတွေကို ပြန်ချွတ်ပေးကာ ဗူးထဲ အကျအနပြန်ထည့်ပေးရင်း ဂျောင်ကုက သူ့ကိုမော့ကြည့်ကာ ခေါင်းငြိမ့်ပြလာသည်။ ထို့နောက် ဘာမပြော၊ ညာမပြောနဲ့ ဘရီယန်ရဲ့ ခြေထောက်နှစ်ဖက်ကို ဆွဲယူကာ ငုံ့နမ်းလိုက်တော့သည်။

"ဂျောင်ကု!"

ဘရီယန်သည် ဂျောင်ကုက နမ်းနေသည့် မိမိခြေထောက်များကို ပြန်ဆွဲယူဖို့ ကြိုးစားလိုက်ပေမဲ့ မအောင်မြင်ခဲ့။ ဂျောင်ကုကလေ တမြတ်တနိုးနဲ့ကို သူ့ခြေထောက်တစ်စုံကို ခစားပြီး နမ်းနေခဲ့တာ။

"ခင်ဗျား သဘောကျရဲ့လား ဘရီယန်"

"ဂျောင်ကုရယ်"

"နောက်လည်း အလှဆုံး ကပြပေးပါဦး ဘရီယန်။ ကျွန်တော်က ဘရီယန်ရဲ့ ခင်ပွန်းလည်းဖြစ်သလို နံပါတ်တစ် ပရိသတ်လည်းဟုတ်တယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်‌ဖြစ်စေ ဘရီယန့်အနားက ဘယ်တော့မှ ထွက်ခွာမသွားမဲ့ သူပါ"

ဘရီယန်သည် စိတ်ခံစားမှု နုနယ်သူမဟုတ်သည့်တိုင် ဂျောင်ကုကို ငုံ့ကြည့်နေရင်းက မျက်ရည်တွေ ရစ်ဝိုင်းလာသည်။ ဂျောင်ကုက သူ့အတွက် အိမ်ကလေးတစ်လုံးလိုပဲ။ ဘာကိုမှ စိုးရိမ်စရာမလိုဘဲ သူ့ရဲ့ စိတ်ရှိသလို ပုံစံတိုင်းကို ချပြ၊ ဖွင့်ပြနိုင်တဲ့ အိမ်ကလေးရယ်ပါ။

ယုံပါလို့ မပြောချင်ပေမဲ့ သူ ဂျောင်ကုအပေါ်ကို ချစ်မိသွားခဲ့တာကတော့ တကယ်ပါ။

"ဂျောင်ကု…ဂျောင်ကု ကိုယ့်ဒါရိုက်တာလေးရယ်"

ကြမ်းပြင်ပေါ် ထိုင်နေဆဲဖြစ်သည့် ဂျောင်ကုရဲ့ ပါးပြင်နှစ်ဖက်ကို ခပ်ဖွဖွ ထိတွေ့နေမိရင်း မျက်ရည်တစ်စက်က ‌ပြိုဆင်းသွားခဲ့သည်။ ပျော်ရွှင်ခြင်းမျက်ရည်မို့ ဂျောင်ကုက မတားဆီးခဲ့သလို သုတ်ပေးခြင်းလည်းမရှိခဲ့။

"ကျွန်တော် ခင်ဗျားကို ရူးလောက်အောင်ချစ်တယ် ဘရီယန်"

"ကိုယ်ရောပဲ မင်းကို ချစ်ပါတယ် ဂျောင်ကုရယ်"

ကုတင်ပေါ်ကို တအိအိပြိုဆင်းလာသည့် ခန္ဓာကိုယ်နှစ်ခုနဲ့အတူ အခန်း‌လေးထဲမှ အနမ်းတွေက မက်မောခြင်းအပြည့်နဲ့  သိပ်သိပ်သည်းသည်း။ ချစ်ခြင်းတွေက အဆီးအတား ကင်းမဲ့စွာပင် လှိုင်းထန်သည့် ပင်လယ်လို လိုချင်တပ်မက်စိတ်‌ဟု သာဓကပြုရမည့် ကျောက်ဆောင်များကို တဝုန်းဝုန်းရိုက်ခတ်သည်။

ဂျောင်ကုရဲ့ စိတ်ရှိသလို အကြင်နာများကို ဘရီယန်က ဟန့်တားခြင်းမရှိဘဲ ကြိုဆိုသည့်အခါ ဒါရိုက်တာလေးမှာ ရူးသွားမတတ်။ စွဲလမ်းခြင်း၊ မက်မောခြင်း၊ တပ်မက်ခြင်းတွေက ဘရီယန်နဲ့မှ အခြေမခိုင်တော့သည့် ကမ်းပါးလို အလုံးစုံပြိုကျသည်။ ဒီလူဆီမှာပဲ တစ်သက်တာလုံး ရူးသွပ်သွားချင်သည်အထိ ဂျောင်ကုက ဘရီယန်ကို ချစ်ရပါသည်။ သိပ်ကိုမှ ချစ်ရပါသည်။

အိမ်ကလေးထဲရှိ အချစ်ငှက်ကလေးများဟာ ချစ်ခြင်းဇုန်ကို ကိုယ်စီကိုယ်ငှ ရောက်ရှိနေကြတာမို့ အပြင်ဘက် ကောင်းကင်ဆီမှ နေဗီပြာရောင် ထွန်းတောက်နေသည့် လမင်းကြီးကို သတိမပြုမိခဲ့ကြပါ။

ထို့အတူ ဘရီယန်၏ အိတ်ထဲမှ ဖုန်းလေးသည်လည်း ညအချိန်နက်မှ ဒီးခနဲ အသံတစ်ချက်မြည်သွားကာ ဖုန်းမျက်နှာပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာခဲ့သည်။ ထိုစာကြောင်းသည်ကား -

"ရား! ဒါရိုက်‌တာဂျောင်ကုရဲ့ Anti Groupကိုထောင်ထားတဲ့ Adminက ဘယ်ရောက်သွားတာတုန်း!"

ဟူ၍ ဖြစ်လေတော့သည်။

___________________

အရှည်ကြီး ရေးပေးထားတယ်နော်။
သဘောကျပေးသူတိုင်းကို မာမိတ်က ကျေးဇူးတင်ပါတယ်။ နောက်လည်း ‌ကောင်းကောင်းလေးတွေ ရေးနိုင်အောင် ကြိုးစားနေပါတယ်လို့😍

[အက်ဒရစ်အပိုင်းလေး ထပ်ပြောပြဦးမယ်။ သူက ဒုတိယလူပေမဲ့ ဘရီယန့်အတွက် အရေးပါတဲ့သူမို့ ဂျီမင်းကတဆင့် သူတို့နှစ်ယောက် ဆက်သွယ်ဖြစ်ပါလိမ့်မယ်။ နေဗီပြာမှာ Main characterမဟုတ်တာမို့ 000080ကိုခေါ်ပြီး ဖုန်းဆက်သွယ်တာမျိုးတော့ ရမှာမဟုတ်ပါဘူး။ အဲ့ဒီအစား ဂျီမင်းကနေ တဆင့်ခံပြီး စာပို့ဖြစ်တာလောက်တော့ ရှိမှာပါ။

အက်ဒရစ်က မာမိတ်ဖန်တီးထားတဲ့ ကာရိုက်တာပဲမို့ ပစ်စလခတ်တော့ မလုပ်ပေးနိုင်ပါဘူး။ သူလည်း သူ့နေရာနဲ့သူ အရေးပါတဲ့ ဇာတ်ကောင်မို့ပါ။ တနည်းအားဖြင့် အဖြည့်ခံသက်သက် ကောင်လေးမို့လို့ သူ့ကိုလည်း မပိုတောင် မလျော့တဲ့နည်းနဲ့ ချစ်ရပါတယ်။

ဒီလောက်ဆို သဘောပေါက်ကြမယ်ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်]

အခ်ပ္ပို

|Zawgyi|

-သုညကမာၻ၏ပထမအျခမ္း-

"အေႏြးထည္မဝတ္ေတာ့ဘူးလား"

အေရွ႕မွာ ဂ်စ္ကားစိမ္းေလး ရပ္ထားသည့္ အိမ္ဝန္းေလးထဲက အသံတစ္ခု ထြက္က်လာသည္။ ဂ်ီမင္းဟာ မိမိတစ္ကိုယ္လုံးကို မွန္ထဲမွာ ဒီဂရီပတ္ပတ္လည္ကေန လွည့္ပတ္လို႔ၾကည့္ေနသည္။

"ဂ်ီမင္း"

တီမိုသီဆီက ေမးခြန္းကို မေျဖအားသည့္ ဂ်ီမင္းက နာမည္ေခၚသံကို ၾကားေတာ့မွ မိမိအေနာက္တြင္ တီမိုသီေရာက္ေနတာကို ေတြ႕လိုက္ရသည္။ ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္း မသိလိုက္တာမို႔ မ်က္ႏွာလုပ္သည့္အေနႏွင့္ သြားၿဖီးကာ ရယ္ျပလိုက္သည္။

ဘယ္တုန္းကမွ စိတ္မဆိုးတတ္သည့္ ေကာင္းကင္တမန္ေတာ္ႀကီးက ဟန္ေဆာင္ပန္ေဆာင္လုပ္ကာ မ်က္ႏွာတည္တည္ျဖင့္ ဂ်ီမင္းက ရယ္ျပေနသည္ကို အၾကည့္လႊဲပစ္လိုက္သည္။ ရင္ထဲမွာေတာ့ ပန္းေတြပြင့္ေနသည္မွာ ဥယ်ာဥ္ေတာင္ တည္လို႔ရေနၿပီဆိုတာ သိပ္သိတာေပါ့။

"စိတ္ဆိုးသြားတာလား"

ဂ်ီမင္းက မ်က္လုံးျပဴးေလးျဖင့္ အနားကို ေရာက္ခ်လာသည္။ ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ကာ ဟန္မူပိုတတ္သည့္ ေကာင္းကင္တမန္ေတာ္ႀကီးဟာ ဂ်ီမင္းနဲ႔ မ်က္လုံးခ်င္းမဆိုင္ဘဲ မ်က္ႏွာထားကိုလည္း အတတ္ႏိုင္ဆုံးတည္ထားသည္။

"တီမိုသီကလည္း"

မိမိရင္ဘတ္အား လက္ညႇိဳးတစ္ေခ်ာင္းျဖင့္ လာထိုးကာ မ်က္လုံးခ်င္းလိုက္ဆုံေနသည့္ ဂ်ီမင္းေၾကာင့္ တီမိုသီတစ္ေယာက္ အခက္ေတြ႕ရသည္။ အစကတည္းက ၿပဳံးခ်င္ေနသည့္ ႏႈတ္ခမ္းမ်ားကို ထိန္းခ်ဳပ္ထားကာ ေဘာင္းဘီအိတ္ကပ္ထဲက လက္ေခ်ာင္းေတြသည္လည္း လႈပ္လႈပ္႐ြ႐ြ။

"စိတ္မဆိုးတတ္ဘဲနဲ႔ ဟန္ေဆာင္ေနျပန္ၿပီ"

ေျပာေျပာဆိုဆိုပင္ ဂ်ီမင္းက သူ႔ကို ခုန္ဖက္လိုက္တာမို႔ ေဘာင္းဘီအိတ္ကပ္ထဲက လက္ေတြက အလိုအေလ်ာက္ ဖမ္းထိန္းၿပီးသား။ အတင္းကာေရာ ဖက္ထားသည့္ အေကာင္ေပါက္ေလးက သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ရန္ ႀကိဳးစားေနသည္။

ေနာက္ဆုံးေတာ့ ဂ်ီမင္းကပဲ အႏိုင္ရသြားခဲ့ၿပီး တီမိုသီဟာလည္း မခ်ဳပ္ထိန္းႏိုင္စြာပင္ မ်က္လုံးခ်င္းဆုံေနရင္းက ၿပဳံးလိုက္မိေတာ့သည္။ မိမိအေပၚမွာ ဆိုးခ်င္တိုင္းဆိုးေနသည့္ ႏွစ္ဆယ့္တစ္ရာစုက မင္းသားေခ်ာေလးကို ၾကမ္းျပင္ေပၚ ျပန္ခ်ေပးလိုက္ေတာ့ မွန္ရွိရာကို ျပန္ေျပးသြားကာ သူ႔ကိုယ္သူ အထပ္ထပ္ စစ္ေဆးေနျပန္သည္။

"ရင္ဘတ္က အရမ္းေပၚလြန္း‌မေနဘူးလား"

မွန္ထဲကပဲ တီမိုသီကို ၾကည့္လိုက္ရင္းက မ်က္ခုံးပင့္ျပလိုက္သည္။ အက်ႌၾကယ္သီးေလး တစ္လုံးေလာက္ ျဖဳတ္ထားလိုက္တာက ဘာမ်ားပိုစရာရွိလို႔လဲ။ ဒီအတိုင္းေလးက ၾကည့္‌ေကာင္းေနတာပဲကို။ ရင္ဘတ္ကိုျမင္ရတာကလည္း အရမ္းႀကီးမဟုတ္ဘဲနဲ႔။

"ပိုလိုက္တာလို႔ ေတြးေနျပန္ၿပီလား"

မိမိစိတ္ထဲက ေျပာေနသမွ်အကုန္လုံးကို ႀကိဳသိေနသလို အမွန္အကန္ႀကီး ထုတ္ေျပာလာသည့္အခါ ဂ်ီမင္းရဲ႕မ်က္ေတာင္ေလးေတြက မူမမွန္စြာပင္ ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားရသည္။

"မဟုတ္ပါဘူး"

"မလိမ္တတ္ဘဲနဲ႔ လိမ္ေနျပန္ၿပီ"

တီမိုသီက အေနာက္ကေန သူ႔လည္ဂုတ္ေလးကို မနာေအာင္ တစ္ခ်က္ဖ်စ္ညႇစ္လိုက္ရင္းက လူလိမ္ေလးဟု ခပ္ဖြဖြဆိုလာသည္။

"အေႏြးထည္‌ေတာ့ဝတ္"

"ေအးလို႔လား"

"ကားစီးရဦးမွာေလ"

ေျပာေျပာဆိုဆိုပင္ တီမိုသီက အခန္းထဲမွ ၎ထုတ္ယူလာခဲ့သည့္ ဂ်ီမင္းအတြက္ အေႏြးထည္တစ္ထည္ကို ခုံေပၚတင္ထားရာကေန လွမ္းယူလိုက္သည္။ ထို႔ေနာက္ ကိုယ္တိုင္ဝတ္ေပးဖို႔ ျပင္ေနတာေၾကာင့္ ဂ်ီမင္းက ႏွာေခါင္းရႈံ႕လိုက္မိသည္။ လူကို ကေလးတစ္ေယာက္လို ဆက္ဆံေနတာပဲ။

"သြားစို႔"

"အင္း"

ေခါင္းၿငိမ့္ျပလိုက္ၿပီး ကမ္းေပးလာသည့္ တီမိုသီရဲ႕လက္ကို တြဲလိုက္သည္။ ေသခ်ာၾကည့္မွ တီမိုသီရဲ႕လက္ေမာင္းႀကီးေတြက ႂကြက္သားေတြနဲ႔ ေတာင့္တင္းလို႔ေနကာ အရင္ကထက္ ပိုၿပီးေတာင္ ႀကီးလာသလိုပဲ။

"တီမိုသီ ခဏေလး"

"ဘာျဖစ္လို႔လဲ"

အိမ္ကေလးရဲ႕ ေလွကားထစ္ကေလးေတြကေန ဆင္းဖို႔ျပင္ေနတုန္း ဂ်ီမင္းက ဟန႔္လိုက္သည္။ ၿပီးသည္ႏွင့္ တြဲထားသည့္လက္ေတြကို ျပန္ျပင္လိုက္ရင္းက လက္ေမာင္းရင္းကေန ႐ုတ္တရက္ႀကီး ခိုတြဲလာသည္။

"မင္း ဘယ္ေလာက္အားႀကီးလဲ သိခ်င္လို႔"

ဒီလိုမ်ိဳး ေပါက္ေပါက္ရွာရွာလည္း အင္မတန္လုပ္တတ္လြန္းတဲ့ ဂ်ီမင္းရယ္ပါ။ ဂ်ီမင္းက ဒါဆိုရင္ ဘယ္တုန္းကမွ မျငင္းတတ္သည့္ ေကာင္းကင္တမန္ေတာ္ႀကီးကလည္း သူ႔ရင္ခုန္သံေလးရဲ႕အလိုက် အကုန္လုံးကို လိုက္ေလ်ာေပးတတ္ျပန္ပါသည္။

ထိုေန႔က အိမ္ကေလးရဲ႕ ေလွကားထစ္ေတြေပၚ ေျခတစ္စက္မခ်ဘဲ တီမိုသီရဲ႕လက္အား ခိုတြဲစီးရင္း ဂ်ီမင္းက တအံ့တဩႏွင့္ အေပ်ာ္ႀကီးေပ်ာ္လို႔ေနခဲ့သည္။ ဂ်ီမင္းက ေပ်ာ္သည့္အခါ ငါတို႔ရဲ႕ေကာင္းကင္တမန္ေတာ္ႀကီးကလည္း ေပ်ာ္ပါသတည္းေပါ့။ ဘဝတေလွ်ာက္လုံးမွာ ဂ်ီမင္းက သူ႔ဘက္က အေလွ်ာ့အေပးဆုံး၊ အႏိုင္အေပးမိဆုံး သက္ရွိကေလးရယ္ပါ။

"မင္းက ငါ့ကို ကေလးလိုဆက္ဆံေနတာပဲ"

ဂ်စ္ကားစိမ္း‌ေလးေပၚ တက္ထိုင္လိုက္ၿပီးေနာက္ ေလ်ာ့တိေလ်ာ့ရဲျဖစ္သြားသည့္ အေႏြးထည္ရဲ႕ ဇစ္ေတြကို ေသခ်ာဆြဲေပးေနသည့္ တီမိုသီအား ဂ်ီမင္းက အဆိုျပဳလာသည္။ အလိုမက်သလို မ်က္ခုံးကေလးေတြ တြန႔္ေနသည့္လူကို တစ္ခ်က္ေမာ့ၾကည့္ကာ တီမိုသီက ခပ္တိုးတိုးရယ္သည္။

"သူမ်ားေတြျမင္ရင္ ငါ့ကို မင္းရဲ႕သားေလးလို႔ထင္ေနဦးမယ္"

"မင္းနဲ႔ငါရဲ႕ ကုတင္ေပၚက အေၾကာင္းအရာေတြကိုသာ သိရင္ အဲ့လိုထင္မွာမဟုတ္ပါဘူး"

"တီမိုသီ မင္းကေလ တကယ္ အရွက္မရွိတာပဲ"

"အမွန္တရားပဲေလ။ တစ္ခါေလာက္ အရွက္မရွိလည္း ဘာမွမျဖစ္ပါဘူး"

ဂ်စ္ကားေလးက အိမ္ကေလးရဲ႕အေရွ႕မွ ခပ္‌ျဖည္းျဖည္းခ်င္း လွိမ့္ထြက္လာသည္။ ဂ်ီမင္းသည္ တီမိုသီရဲ႕ ထိုကဲ့သို႔ တုတ္ထိုးအိုးေပါက္ ေျပာတတ္သည့္အက်င့္ကို ျပင္ေပးဖို႔ႀကိဳးစားေပမဲ့လည္း တစ္ခါမွ မေအာင္ျမင္ခဲ့ပါ။

သမုတ္ရမည္ဆိုရင္ျဖင့္ သူက လုပ္ခ်င္ရာလုပ္ရရင္ ေပ်ာ္ေနတတ္သူ ျဖစ္သလို တီမိုသီဟာလည္း ထိုကဲ့သို႔ ကြင္းကြင္းကြက္ကြက္ စကားလုံးမ်ားကို ေျပာရရင္ ေပ်ာ္ေနတတ္သူမ်ားလား။ ႏွစ္ေယာက္တည္းရွိေနရင္က ကိစၥမရွိေပမဲ့ လူအမ်ားၾကားထဲေတာ့ ထိုသို႔‌ မဆင္မျခင္ ေျပာလို႔မရပါ။

"အဲ့အက်င့္ႀကီး ျပင္ပါလို႔ေျပာတာလည္း မရဘူး"

ဂ်ီမင္းက မေက်မခ်မ္းေလသံျဖင့္ ေျပာလိုက္ေတာ့ တီမိုသီက ကားေမာင္းေနရင္းက သူရွိရာကို မ်က္လုံးေစြၾကည့္လာသည္။

"ငါတို႔က လက္ထပ္ထားၿပီးၿပီပဲ။ ဒါက လူတိုင္းနားလည္မဲ့ အရာမဟုတ္ဘူးလား။ မေန႔ညတုန္းကလည္း…"

"ကားပဲေမာင္းေတာ့"

စကားစကို ျဖတ္ခ်ပစ္လိုက္တာမို႔ တီမိုသီက အသံထြက္ေအာင္ပင္ ရယ္ပစ္လိုက္သည္။ လက္ထပ္ၿပီးကာမွ ဒီမင္းသားေလးက ဘာေတြအသစ္အဆန္း ျဖစ္ေနျပန္ရတာလဲ။ ရယ္ေမာေနရင္းကပဲ ဂ်ီမင္းကို ျပန္ၾကည့္လိုက္ရင္းက ေခါင္းအသာယမ္းကာ ႐ုပ္ရွင္႐ုံေလးဆီကို ဦးတည္ၿပီး ဆက္ေမာင္းခဲ့ေတာ့သည္။

ယေန႔မွ စဖြင့္သည့္ ႐ုပ္ရွင္႐ုံအသစ္ေလးဆီကို ေရာက္သည့္အခါ ဂ်ီမင္းရဲ႕ စိတ္လႈပ္ရွားေနသည့္ ပုံစံေလးေၾကာင့္ ေကာင္းကင္တမန္ေတာ္ႀကီးမွာ ထပ္ခါထပ္ခါ သေဘာက်ၿပီးရင္း သေဘာက်ရ၊ ခ်စ္ၿပီးရင္း ခ်စ္ရျပန္ပါသည္။ 

ညဦးပိုင္းလည္းျဖစ္ကာ ႐ုပ္ရွင္စဖို႔လည္း အခ်ိန္နည္းနည္းလိုေသးတာေၾကာင့္ အျပင္ဘက္တြင္ သူတို႔လို ႐ုပ္ရွင္လာၾကည့္သည့္ လူမ်ားႏွင့္ မ်ားျပားကာ စည္ကားလို႔ေနသည္။ ႐ုပ္ရွင္ၾကည့္ရင္း စားဖို႔အတြက္ မုန႔္တန္းမွာ ေဈးဝယ္ေနတုန္း နံေဘးကို ေရာက္လာသည့္ လူရိပ္တစ္ခုေၾကာင့္ ဘာရယ္မဟုတ္ ေစာင္းငဲ့ၾကည့္လိုက္မိသည္။

"အက္ဒရစ္"

"ဘရီ…ေဆာရီး ဂ်ီမင္းတို႔ေရာ ႐ုပ္ရွင္လာၾကည့္တာလား"

"အင္း ဟုတ္တယ္"

အက္ဒရစ္နဲ႔ ေနာက္ဆုံးအႀကိမ္ ေတြ႕ခဲ့တာက ျပႆျဖစ္ခဲ့သည့္ေန႔။ ေလယာဥ္ကြင္းဆီ ေမာင္းထြက္သြားသည့္ တီမိုသီ့ေနာက္ကို လိုက္သြားၿပီးကတည္းက ျဖစ္သည္။ ထိုေန႔က အက္ဒရစ္က ဂ်ီမင္းကို ဘရီယန္ဟု ထင္မွတ္ေနခဲ့သည္မွာ အမွားတစ္ခုသာ ျဖစ္ေၾကာင္းလည္း သိရွိခဲ့သည့္ ေန႔တစ္ခုဟု ဆိုလို႔ရသည္။

ျဖစ္ပ်က္သြားခဲ့သည့္ ဒီအေၾကာင္းအရာေတြကို ပထမဆုံးအႀကိမ္ ၾကားသည့္အခါ မည္သူကမွ ယုံမည္မဟုတ္တာကို ဂ်ီမင္းဘက္က ေမွ်ာ္လင့္ထားၿပီးသား။ သို႔ေသာ္ အက္ဒရစ္ကေတာ့ သူ႔ကို တစ္ခါရွင္းျပ႐ုံနဲ႔တင္ ပထမဆုံး နားလည္ေပးခဲ့သူပင္။

"‌ေနေကာင္းၾကတယ္မလား"

"ေကာင္းၾကပါတယ္။ အက္ဒရစ္ေရာ"

"ဒါေပါ့ဗ်ာ။ အဆင္ေျပပါတယ္"

တီမိုသီက တေလွ်ာက္လုံး ဘာမွဝင္မေျပာဘဲ ေနာက္ဆုံး ႏႈတ္ဆက္စကားဆိုေတာ့မွ အက္ဒရစ္ႏွင့္ မ်က္လုံးခ်င္း တစ္ခ်က္ဆုံလိုက္သည္။ ေက်ာခိုင္းကာ ထြက္ခြာသြားသည့္ အက္ဒရစ္ကို ၾကည့္ရင္း ဂ်ီမင္းရင္ထဲ စိတ္မေကာင္းျဖစ္သြားသည္။

ဒီလူက ဘရီယန႔္အေပၚ ဘယ္ေလာက္ေတာင္မွ ခ်စ္ျမတ္ႏိုးခဲ့တဲ့လူလဲ။ တီမိုသီနဲ႔အတူတူ ေကာင္းကင္တမန္ေတာ္ ျဖစ္ခြင့္ရမဲ့ အခြင့္အေရးကိုေတာင္ လ်စ္လ်ဴရႈကာ ဘရီယန႔္မ်က္ႏွာကိုပဲ ငဲ့ၾကည့္ခဲ့တဲ့သူေလ။ သုံးႏွစ္သုံးမိုးမကေအာင္ ေစာင့္ဆိုလည္း ေစာင့္မဲ့သူ။ တီမိုသီ့ဆီမွာ ဘရီယန္ စိတ္မေပ်ာ္ရင္ သူအၿမဲရွိေနပါမယ္လို႔ ဆိုခဲ့ဖူးသူ။

ဒီဇာတ္လမ္းမွာ မိုးႀကိဳးငွက္အဖြဲ႕အစည္းရဲ႕ ပ်ံသန္းသူ အက္ဒရစ္ဟာ ဘရီယန္တစ္ေယာက္တည္းအေပၚမွာ အရာအားလုံးထက္ ခ်စ္ေပးႏိုင္သူလို႔ ဆိုလို႔လည္း ရသည္ပင္။ ဘရီယန႔္တစ္မ်က္ႏွာကိုပဲ ၾကည့္တတ္သူ အက္ဒရစ္ဟာ အေတာ္ေလး ႐ိုးရွင္းသူဟု ေခါင္းစဥ္တပ္ပါကလည္း ျငင္းဖြယ္ရာမရွိပါ။

[အက္ဒရစ္ဟာ ဂ်ီမင္းဘက္က အမွန္အတိုင္း ဖြင့္ေျပာျပခဲ့တာကို ယုံသြားတာလား။ ဒါမွမဟုတ္ ဂ်ီမင္းကို ဘရီယန္လို႔ပဲ ထင္ေနခဲ့မယ္။ ဘရီယန္က တီမိုသီ့အေပၚ ခြင့္လႊတ္ခ်င္လို႔ သူ႔ကိုယ္သူ တျခားလူပါလို႔ ေျပာခဲ့တာလို႔ သတ္မွတ္လိုက္မလားဆိုတာ ေ႐ြးခ်ယ္ၾကည့္ရေအာင္။

စာေရးသူကေတာ့ ပထမတစ္ခုကိုပဲ ေ႐ြးပါမယ္။ ဘာလို႔လဲဆိုရင္ အက္ဒရစ္ေနရာက ၾကည့္မယ္ဆိုရင္ တီမိုသီက ဘယ္လိုမွ ခြင့္လႊတ္ခ်င္စရာ ေကာင္းတဲ့သူ မဟုတ္တာေၾကာင့္ပါ။ တခ်ိဳ႕အရာေတြက ထဲထဲဝင္ဝင္ ရွင္းျပေနစရာမလိုဘူးဆိုတာ အက္ဒရစ္ကို ဆိုလိုေနတဲ့သေဘာပါ။ "ဂ်ီမင္းမို႔လို႔ တီမိုသီကို ခြင့္လႊတ္လိုက္တာ၊ ဘရီယန္သာဆို ခြင့္မလႊတ္ဘူး" ဒီလိုေတြးလိုက္တာက ေနဗီျပာရဲ႕ အက္ဒရစ္အတြက္ တရားမွ်တေအာင္ လုပ္ေပးလိုက္တာနဲ႔ အတူတူပါပဲ။]

"သြားၾကစို႔"

"အင္း"

သူ႔လက္ထဲက မုန႔္ဗူးမ်ားကို တီမိုသီက လက္ေျပာင္းလႊဲယူလိုက္ၿပီးသည္ႏွင့္ ႐ုပ္ရွင္႐ုံထဲကို ဝင္ခဲ့ၾကေတာ့သည္။ Movie Dateက ဂ်ီမင္းသေဘာအက်ရဆုံး Dateတစ္ခုျဖစ္တာကို သိထားသည့္ တီမိုသီက ဂ်ီမင္းနဲ႔အတူ ႏွစ္ပတ္ကို တစ္ခါေလာက္ေတာ့ ႐ုပ္ရွင္႐ုံကို လိုက္ပို႔ေပးတတ္သည္။

သိၿပီးသားေပမဲ့ ထပ္ေျပာေပးဦးမယ္။ ဂ်ီမင္းရဲ႕ ခင္ပြန္းက ဂ်ီမင္းကို သိပ္အလိုလိုက္တယ္။ သူ႔ကိုယ္သူ ကံမေကာင္းတတ္ဘူးလို႔ ထင္ေနတဲ့ ႏွစ္ဆယ့္တစ္ရာစုက မင္းသားေလးက ၁၉၅၈ခုႏွစ္မွာေတာ့ ေရတပ္ရဲ႕ဂုဏ္ေဆာင္ ေကာင္းကင္တမန္ေတာ္ႀကီးဆီမွာ တုန္ေနေအာင္ကို အခ်စ္ခံရပါတယ္။

တကယ္လို႔ ဒီေအၾကာင္းကို ဖတ္ေနတဲ့သူေတြထဲမွာ ကိုယ့္ကိုယ္ကိုယ္ ကံမေကာင္းဘူးလို႔ အၿမဲတြထင္ေနတတ္တဲ့သူေတြမ်ား ပါလာခဲ့ရင္ ကိစၥမရွိပါဘူး၊ တစ္ရက္ရက္ေတာ့ ကံေကာင္းလာမဲ့ေန႔ကို ေရာက္လာဦးမွာပါ။ ဒါေၾကာင့္ ‌လာမဲ့ေန႔ရက္ေတြကို ေကာင္းမြန္စြာပဲ ျဖတ္သန္းပါ။ ေမွ်ာ္လင့္ခ်က္ဆိုတာနဲ႔ပဲ ငါတို႔ေတြ အသက္ဆက္ၿပီး ရွင္သန္ေနႏိုင္တာမလား။

__________________

-သုညကမာၻ၏ ဒုတိယအျခမ္း-

"အား!"

ဒါ႐ိုက္တာေဂ်ာင္ကုရဲ႕ ေအာ္သံက မနက္ေစာေစာတြင္ တိုက္ခန္းေလးထဲမွ က်ယ္က်ယ္ေလာင္ေလာင္ ထြက္က်လာသည္။ ဧည့္ခန္းထဲမွာ ဇိမ္က်ေနသည့္ ေခြးကေလးကူပီႏွင့္ ေၾကာင္ညိဳလုံးေလး ရွာရွာတို႔ပင္ ေအာ္သံက်ယ္ႀကီးထြက္လာရာ အေပၚထပ္က အခန္းဆီကို တိုင္ပင္စရာပင္ မလိုဘဲ စိုက္ၾကည့္မိသြားၾကသည္။

"နာလိုက္တာ"

"ခံလိုက္"

မနက္ေစာေစာ အိပ္ရာမထေသးခင္ သူ႔ရင္ခြင္ထဲမွာ ေက်ာေပးအိပ္လို႔ေနသည့္ ဘရီယန္ရဲ႕ လည္ဂုတ္ထက္က မွဲ႔နက္ေလးကို တရႈံ႕ရႈံ႕လိုက္နမ္းေနခဲ့မိတာ။ ဘရီယန႔္ကို အိပ္ေရးပ်က္ေအာင္ တမင္လုပ္တာမဟုတ္ေပမဲ့လည္း ထိုသေဘာမ်ိဳး သက္ေရာက္သြားတာမို႔ အိပ္ေရးမဝသည့္အခါ ဘရီယန္ေသာင္းက်န္းသမွ် သူကခ်ည္း ဒိုင္ခံကာ အလုပ္ခံရေတာ့သည္။

"သေဘာက်လို႔ နမ္းမိ႐ုံေလးကို"

သနားကမား႐ုပ္ေလးနဲ႔ အိပ္ရာေပၚ ငုတ္တုတ္ထထိုင္ကာ ႏႈတ္ခမ္းကိုက္ရင္း ေျပာလာေတာ့ ဒီလူကပဲ လူဆိုးႀကီးျဖစ္ရေတာ့သည္။ တရက္တေလက ကိစၥမရွိေပမဲ့လည္း နားရက္ပါမခ်န္ မိုးလင္းတာနဲ႔ ဟိုနားကိုက္လိုက္၊ ဒီနားကိုက္လိုက္နဲ႔ လုပ္ေနတာကေတာ့ မဟုတ္ေသးဘူးေလ။

"မင္း ဟိုဖက္အခန္းမွာ သြားအိပ္ေတာ့"

ဘရီယန္က ေဒါသထြက္ထြက္နဲ႔ အတူအိပ္ေနက် အခန္းထဲကေန ႏွင္ထုတ္ေတာ့ ေဂ်ာင္ကုရဲ႕ မ်က္လုံးၾကည္ေတာက္ေတာက္ေလးေတြက ဝိုင္းခနဲ။ မျဖစ္ဘူး ဒီဟာေလးကို အေလွ်ာ့ေပးလို႔ သနားေနလို႔မျဖစ္ဘူး ဘရီယန္။ အေလွ်ာ့ေပးလိုက္တာနဲ႔ ဒီ‌ေန႔ကနားရက္မို႔ တစ္ကိုယ္လုံးကို ပု႐ြက္ဆိတ္ခဲသလို ခဲေနေတာ့မွာ။

"ဘရီယန္"

"သြားဆိုသြားလိုက္"

မ်က္ႏွာငယ္ေလးနဲ႔ပဲ ဘာအတြန႔္မွ ထပ္မတက္ရဲစြာ အခန္းထဲကေန ေခါင္းအုံးေလးပိုက္ကာ ေဂ်ာင္ကုက ထြက္သြားသည္။ နာရီကိုၾကည့္လိုက္ေတာ့ မနက္ငါးနာရီေတာင္မခြဲေသး။ ဒီရက္ပိုင္း‌က်မွ ဘာကိစၥ ဒီေလာက္အေစာႀကီး ထထၿပီး ပု႐ြက္ဆိတ္လို ကိုက္ေနတာလဲ စဥ္းစားလို႔ကိုမရဘူး။ ဒီေကာင္ေလးက တကယ္လူဆိုး။

ေဂ်ာင္ကုသည္ စိတ္ပ်က္လက္ပ်က္နဲ႔ပင္ ေခါင္းအုံးပိုက္ကာ အခန္းထဲကေန ထြက္လာခဲ့သည္။ ေလွကားေပၚမွ ဆင္းလာသည့္ သခင္ျဖစ္သူအား ျပဴးတူးတူး ဝိုင္းၾကည့္ေနၾကသည့္ ကူပီႏွင့္ခ်ာခ်ာသာ စကားေျပာတတ္ရင္ ေဂ်ာင္ကုရဲ႕အျဖစ္ကို ဝိုင္းသနားၾကမလား၊ နည္းေတာင္နည္းေသးတယ္လို႔ ေျပာၾကမလားပဲ။

ႏွင္ထုတ္ခံလိုက္တာမို႔ အေပၚထပ္ကေန ေအာက္ကို ျပန္ဆင္းလာခဲ့ရင္း အရင္က ေနေနက်ျဖစ္သည့္ အခန္းထဲကိုပဲ ဝင္ခဲ့လိုက္သည္။ နံရံအျပည့္ ကပ္ထားသည့္ ဘရီယန႔္ဓာတ္ပုံမ်ားႏွင့္ ဟိုနားဒီနား ခ်ိတ္ဆြဲထားသည့္ ပုံတူပန္းခ်ီမ်ား။

ဒါ႐ိုက္တာေဂ်ာင္ဂုရဲ႕ အခုအခန္းကိုတစ္ေယာက္ေယာက္သာ ျမင္ရင္ Idolတစ္ေယာက္ကို အ႐ူးအမူး သေဘာက်သည့္ ပရိသတ္တစ္ေယာက္ရဲ႕ အခန္းလို႔ ယူဆၾကမည္မွာ မုခ်ျဖစ္သည္။ သို႔ေသာ္ 'တူတူပဲ ဘ႐ို‌ေရ'လို႔ တထစ္ခ်ေျပာမရသည္မွာ ေဂ်ာင္ကုက သူ႔ေယာက္်ားသူ ျပန္ၿပီးအားေပးကာ အရည္ေပ်ာ္မတတ္ သေဘာက်ေနျခင္း ျဖစ္ေလသည္။ 

ဘရီယန္နဲ႔ လက္ထပ္ၿပီးသည္ႏွင့္ အခန္းေ႐ႊ႕ကာ အေပၚထပ္ကိုပဲ အိပ္ခန္းအျဖစ္သုံးကာ အတူတူအိပ္ျဖစ္ၾကသည္။ ဒီေန႔မွာေတာ့ ကံမေကာင္း၊ အေၾကာင္းမလွစြာဘဲ ႏွင္ထုတ္ခံလိုက္ရေလၿပီ။ အဓိကတရားခံကေတာ့ ဟိုဘက္ကမာၻက ေကာင္းကင္တမန္ေတာ္ေၾကာင့္ပဲ။

သတိရသြားၿပီျဖစ္တာမို႔ တပါတည္း ယူလာခဲ့သည့္ ဖုန္းကိုဖြင့္ကာ '000080'ကို႐ိုက္လိုက္ကာ ဖုန္းေခၚဆိုလိုက္သည္။ ၎နံပါတ္သည္ ေနဗီျပာ၏ ကမာၻႏွစ္ျခမ္းကို အဆက္အသြယ္ရေစဖို႔အတြက္ ဖန္တီးေပးထားသည့္ နံပါတ္ကေလးျဖစ္သည္။ ကမာၻတစ္ျခမ္းစီတြင္ အၿမဲတမ္း ဆုံစည္းေနဖို႔ မျဖစ္ႏိုင္သည့္အခါ သူတို႔သာသိသည့္ ထိုနံပါတ္ကိုႏွိပ္ၿပီး အဆက္အသြယ္လုပ္ျဖစ္ၾကသည္။

"ဟဲလို"

"ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္ အခုႏွင္ထုတ္ခံလိုက္ရၿပီ"

ဖုန္းကိုင္ကိုင္ခ်င္းမွာပဲ ငိုသံႀကီးႏွင့္ ရန္ေတြ႕ခံလိုက္ရတာမို႔ တီမိုသီရဲ႕ မ်က္ခုံးေတြ တြန႔္ႀကဳံ႕သြားရသည္။ သို႔ေသာ္ ေဂ်ာင္ကုဆီက အေၾကာင္းစုံ သိရွိၿပီးသည့္ေနာက္တြင္ေတာ့ ရယ္လိုက္မိသြားသည္။

"ရယ္ႏိုင္ေသးတယ္ေနာ္။ ကြၽန္ေတာ္ကေတာ့ ဒီေန႔ ဘရီယန႔္အနားကို ကပ္လို႔ရေတာ့မွာမဟုတ္ဘူး"

"အဲ့ေလာက္လည္း စိတ္ဓာတ္မက်ပါနဲ႔"

"ခင္ဗ်ားေျပာတာ ယုံမိလို႔ျဖစ္တာ"

သူ႔ဟာသူဆို အနားကပ္ဖို႔ေတာင္ ရွိန္ေနမွာသိလို႔ ကိုယ္က ရဲေဆးတင္ေပးတာကို ဒီေကာင္ေလးက နားမလည္ဘူးပဲ။

"ငါ မင္းကို အႀကံေပးတာ ၾကာလွၿပီကို။ အခုတစ္ခါေလးပဲ ႏွင္ထုတ္ခံရတာနဲ႔ယွဥ္ရင္ အေျခအေနေကာင္းတယ္လို႔ ေျပာရမွာမဟုတ္ဘူးလား"

တဖက္က ဘာသံမွထြက္မလာေတာ့ဘဲ ၿငိမ္က်သြားသည္။ ႐ုပ္ခ်င္း တေထရာတည္းတူေနသည့္ လူႏွစ္ေယာက္ဆိုေပမဲ့ တီမိုသီႏွင့္ယွဥ္လွ်င္ ‌ဒါ႐ိုက္တာေလးက လက္ေႏွးတတ္သည္။ သူ႔အတြက္ေတာ့ အခ်စ္က ရွိန္ေနရတာမ်ိဳး။ ထိုမွ်တင္မဟုတ္ေသးဘဲ အခ်စ္က လက္သံေျပာင္ေသးျပန္သည္။

ေဂ်ာင္ကုက ဘရီယန႔္အနားမွာ ေခြးေပါက္ေလးတစ္ေကာင္လို တရႈံ႕ရႈံ႕လုပ္ကာ အခ်ိန္တိုင္း ရရင္ရသလို နမ္းခ်င္သည္။ သို႔ေသာ္ ဘရီယန္ကက် ထိုကဲ့သို႔ လုပ္တာမ်ိဳးကို သေဘာမက်။ တီမိုသီႏွင့္ အဆက္အသြယ္ရသည့္အခါ ၎အႀကံေပးတာေတြကို အားက်စြာ လိုက္လုပ္မိသည္။ ရလဒ္က ေအာက္ထပ္ကအခန္းထဲ ျပန္ေရာက္လာျခင္း။

"ကြၽန္ေတာ္လည္း ဘရီယန္နဲ႔ ခင္ဗ်ားတို႔လို ေနခ်င္တာေပါ့"

"ဘရီယန္က ေနသားမက်လို႔ျဖစ္မွာပါ"

တဖက္က ထပ္ၿပီး အသံတိတ္က်သြားျပန္သည္။ ဖုန္းသံေၾကာင့္ ႏိုးသြားပုံရသည့္ ဂ်ီမင္းက အခန္းထဲကေန မ်က္လုံးကိုပြတ္ရင္း ပြစာက်ဲေနသည့္ ဆံပင္ေလးမ်ားႏွင့္ ထြက္ခ်လာသည္။ အနားကိုေရာက္လာေတာ့ ခါးကေနဆြဲဖက္လိုက္ရင္း ရင္ခြင္ထဲ ထည့္လိုက္သည္။

ညတုန္းကမွ ပူပူေႏြးေႏြးေပးထားသည့္ အမွတ္အသားက ဂ်ီမင္းရဲ႕လည္ပင္းမွာ ဟိုတကြက္ ဒီတကြက္ ျပည့္လို႔ေနသည္။ တျခားေသာ မျမင္ရသည့္ ေနရာမ်ားတြင္လည္း ဂ်ီမင္းက သူ႔အပိုင္ျဖစ္ေၾကာင္း အမွတ္အသားမ်ား ရွိေနမယ္ဆိုတာ ေျပာျပစရာေတာင္မလို။

"ဘယ္သူလဲ"

ဂ်ီမင္းက ခပ္တိုးတိုးေမးလာေတာ့ ေဂ်ာင္ကုဟု ေျဖလိုက္ကာ နားသယ္စပ္ေလးကို တစ္ခ်က္ငုံ႔နမ္းလိုက္သည္။ ဒီအေျခအေနကို ဒါ႐ိုက္တာေဂ်ာင္ကုသာျမင္ရင္ သူ႔က် မတရားဘူးေျပာကာ ေျခဆင္းၿပီး ေအာ္ငိုေနမလားမသိပါ။

"ေဂ်ာင္ကု သနားပါတယ္"

ဖုန္းခ်သြား‌ေတာ့ ဂ်ီမင္းက စိတ္မေကာင္းသလို ေလသံေလးျဖင့္ ေျပာလာသည္။ ႐ုပ္ခ်င္းတူေပမဲ့ ေဂ်ာင္ကုက တီမိုသီနဲ႔ အေတာ္ေလးကြာျခားသည္။ အထူးသျဖင့္ ဒီလိုကိစၥမ်ိဳးေတြမွာေပါ့။

"ဘရီယန႔္ကို ငါ ဖုန္းဆက္ၿပီး ေျပာၾကည့္ရမလား"

"သေဘာေလ။ ဆက္ခ်င္ရင္ဆက္ေပါ့"

တီမိုသီဆီက ခြင့္ျပဳခ်က္ရသည္ႏွင့္ ဂ်ီမင္းက ဖုန္းခြက္ေပၚက နံပါတ္‌ေျခာက္လုံးကို တလွည့္စီႏွိပ္ကာ ဘရီယန႔္ဆီကို ဖုန္းေခၚလိုက္သည္။ ေပ်ာ္လုေပ်ာ္ခင္ အေနအထားတြင္ ထျမည္လာသည့္ဖုန္းေၾကာင့္ ဘရီယန္ရဲ႕ မ်က္လုံးေတြ ျပန္ပြင့္လာသည္။ နံပါတ္ကို ၾကည့္လိုက္ေတာ့ ေကာင္းက်ိဳးမေပးတဲ့ ဟိုႏွစ္ေယာက္ဆီက။

"ေျပာ"

မခ်ိဳမသာ ထြက္က်လာသည့္ ဖုန္းေျဖသံေၾကာင့္ ဖုန္းခြက္ကို နားမွာကပ္ထားသည့္ ဂ်ီမင္းရဲ႕ ဇက္ကေလး ပုဝင္သြားရသည္။ ေခၚၿပီးကာမွေတာ့ မထူးေတာ့ဘူး။ အကုန္လုံးကို ေျပာျပလိုက္ေတာ့မယ္။

"အစကတည္းက ငါထင္သားပဲ။ ေဂ်ာင္ကု ဒီလိုေတြလုပ္ေနတာ ေျမႇာက္ေပးေနတဲ့သူ ရွိမွာပဲလို႔"

"ေျမႇာက္ေပးတယ္ရယ္လို႔ေတာ့မဟုတ္"

"ငါ ေမးပါဦးမယ္။ မင္းတို႔ႏွစ္ေယာက္ အေတာ္ေလး အားယားေနတာလား။ ေနာက္ခါ ေဂ်ာင္ကုကို ဘာမွေျမႇာက္ေပး၊ အႀကံေပးစရာလည္း မလိုဘူး။ အက်င့္ပ်က္တယ္"

ဘရီယန္က မိမိတို႔ႏွစ္ေယာက္လုံးကို တစ္တစ္ခြခြေျပာကာ ဖုန္းခ်သြားတာမို႔ ဒုတိယအႀကိမ္ေျမာက္ ဂ်ီမင္းရဲ႕ ဇက္ကေလးပုသြားရျပန္သည္။ တီမိုသီကေတာ့ ဂ်ီမင္းကိုၾကည့္ရင္း အသည္းယားစြာ ရယ္လိုက္ၿပီး ျပန္အိပ္ဖို႔အတြက္ အိပ္ခန္းထဲ ေခၚခ်ီသြားေတာ့သည္။

ဘယ္မွာလဲ ဒါ႐ိုက္တာေဂ်ာင္ကုအတြက္ တရားမွ်တမႈ!?

________________

ေဒါက္ ေဒါက္!

ဖြင့္ထားသည့္ အခန္းတံခါးကို ေခါက္လိုက္သံေၾကာင့္ တစ္ေယာက္တည္း ေမွာက္လ်က္ႀကီး အိပ္ေပ်ာ္ေအာင္ ႀကိဳးစားေနရာမွ ငုတ္တုတ္ထထိုင္ကာ ၾကည့္လိုက္မိသည္။ အခန္းတံခါးဝတြင္ လက္ပိုက္ကာ တံခါးေဘာင္ကို မွီရပ္ေနသည့္ ဘရီယန္။

"အေပၚကအခန္းထဲ ျပန္လာခဲ့"

တစ္ခ်က္လႊတ္အမိန႔္ေအာက္တြင္ ေခါင္းအုံးေကာက္ကိုင္ကာ ေဂ်ာင္ကုတို႔က ၾကမ္းျပင္ေပၚဆင္းႏွင့္ၿပီးသား။ ဘာေၾကာင့္လဲဆိုတာ ေသခ်ာမသိေသးတာမို႔ စိတ္လႈပ္ရွားမိသလို ရင္လည္းခုန္ရသည္။ ဒီလူနဲ႔မွ ေဂ်ာင္ကုရဲ႕ေန႔ရက္တိုင္းက ႐ူးေလာက္ေစသည္။

"ထပ္ၿပီး ႏွင္ထုတ္မခံခ်င္ရင္ ေအးေအးေဆးေဆးအိပ္၊ မဟုတ္ရင္ တစ္သက္လုံး ေအာက္ထပ္ကအခန္းမွာပဲ အိပ္ရမယ္"

"မလုပ္ေတာ့ပါဘူး"

လိမၼာယဥ္ေက်းကာ အပိုးက်ိဳးေနသည့္ ေကာင္ေလးကို ေက်ာခိုင္းလိုက္သည္ႏွင့္ ဘရီယန္က ခိုးၿပဳံးလိုက္သည္။ တကယ္ပဲ ဘယ္လိုေကာင္ေလးလဲ။ ေဂ်ာင္ကုက သူ႔အတြက္ေတာ့ ႐ုတ္တရက္ႀကီး သေဘာက်သြားတာမ်ိဳးမဟုတ္ဘဲ တျဖည္းျဖည္းခ်င္း တြယ္မိသြားသည့္ သံေယာဇဥ္ကေလးဟု ဆိုႏိုင္သည္။ ခ်စ္ဖို႔ေတာ့ အေကာင္းသား။

မလုပ္ေတာ့ပါဘူးလို႔ ေျပာေပမဲ့လည္း ထိုစကားက ငါးမိနစ္ထက္ ပိုမခံ။ လူလည္ေလးက သူရွိရာကုတင္ျခမ္းဘက္ကို တေ႐ြ႕ခ်င္း တိုးကပ္လာသည္။

"ဘရီယန္ ကြၽန္ေတာ္ ခင္ဗ်ားကို မဖက္ထားရင္ အိပ္လို႔မေပ်ာ္ဘူး"

"ဖက္လုံးရွိတယ္မလား"

"ေအာက္ထပ္မွာ က်န္ခဲ့တယ္"

တိတ္တဆိတ္ ကုတင္ေအာက္ကို ပစ္ခ်လိုက္ခံရတဲ့ ဖက္လုံးက ေမးလာသည္။ ငါ့မွာ ဘာအျပစ္ရွိလို႔လဲဆိုပဲ။

"ဒီအတိုင္းေလး ခင္ဗ်ားကိုဖက္ၿပီး အိပ္လို႔မရဘူးလားဟင္"

ငတုံးေလးေတြ လူလည္က်ရင္ ဒီလိုပဲ ခ်စ္ဖို႔ေကာင္းသလား။ ဘရီယန္အတြက္ေတာ့ ဒါ႐ိုက္တာေဂ်ာင္ကုက ခ်စ္ဖို႔အေကာင္းဆုံး ငတုံးေလး ျဖစ္ပါလိမ့္မယ္။

"နားၿငီးတယ္ အိပ္မွာသာအိပ္"

တဖက္လွည့္ျဖင့္ ခြင့္ျပဳလိုက္တာမို႔ ေဂ်ာင္ကုက ေပ်ာ္႐ႊင္သြားကာ ေခါင္းအုံးကို ဘရီယန႔္အနား အနီးဆုံးျဖစ္ေအာင္ တိုးကပ္ခ်လိုက္ၿပီး အေနာက္ကေန သိမ္းက်ဳံးဖက္လာသည္။ အိပ္ေပ်ာ္သေလာက္ရွိရင္ ဂုတ္ပိုးေပၚက မွဲ႔ေလးကို ခိုးၿပီးနမ္းဦးမယ္ဆိုတာလည္း သိႏွင့္ၿပီးသား။

ဒါ႐ိုက္တာေဂ်ာင္ကုက တုံးမလိုလိုနဲ႔ တခါတေလ အခုလိုမ်ိဳး သိပ္ကိုလည္ပါသည္။

_____________________

-ညစာအတူစားၾကျခင္း-

ႏွစ္ဆယ့္တစ္ရာစုတြင္ ဘရီယန္ ဖြင့္လွစ္ခဲ့သည့္ စားေသာက္ဆိုင္ေလးက နာမည္ႀကီးျဖစ္ကာ ထိပ္တန္းဝင္ စားေသာက္ဆိုင္လည္းျဖစ္သည္။ ထိုဆိုင္ကေလးတြင္ စားေသာက္ရင္း သီခ်င္းသံမ်ားၾကား ဘဲေလးအကကိုလည္း ပူးတြဲၾကည့္ရႈႏိုင္သည္။ ကံေကာင္းပါက ဘရီယန္ကိုယ္တိုင္ ကျပေဖ်ာ္ေျဖတာကို ႀကဳံရႏိုင္ေလသည္။

ထိုကံေကာင္းသည့္ညက ယေန႔ညပင္ျဖစ္သည္။ ေနဗီျပာရဲ႕ ခ်စ္ေမတၱာမ်ား ေနရာမွန္သြားသည့္ေနာက္တြင္ ဒါ႐ိုက္တာေဂ်ာင္ကုက ဘရီယန႔္ကို ဘဲေလးဖိနပ္တစ္ရံ လက္ေဆာင္ေပးခဲ့သည္။ ဘရီယန္က ပထမတြင္ မျဖစ္ႏိုင္ေလာက္ဘူး ထင္ထားခဲ့ေပမဲ့ ေဂ်ာင္ကုရဲ႕အားေပးမႈေၾကာင့္ ဘယ္သူမွမရွိသည့္ စင္ေပၚကို တက္ခဲ့သည္။

ပထမတစ္ခါ က်ရႈံးသည္။ ဒုတိယတစ္ခါ က်ရႉံးသည္။ တတိယတစ္ႀကိမ္အထိ သူ မႀကိဳးစားခ်င္ေတာ့တာမို႔ လွည့္ျပန္ဖို႔ပဲ ႀကိဳးစားလိုက္သည္။ ဒါေပမဲ့လည္း သူ႔အေပၚမွာ သူ႔ထက္ပိုၿပီး ယုံၾကည္ေနသူက လက္ေလွ်ာ့ခြင့္မေပးခဲ့။

'ေကာင္းၿပီ။ ေနာက္ဆုံးအႀကိမ္ႀကိဳးစားၾကည့္မယ္'ဟု ဆိုကာ တတိယအႀကိမ္ ကၾကည့္လိုက္ရာမွာေတာ့ က်င့္သားရသြားသည့္ သူ႔ေျခေထာက္ေတြက ဟိုအရင္က ဘဲေလးကေခ်သည္အတိုင္း ေခ်ာေခ်ာေမြ႕ေမြ႕။ ထိုေန႔က ဘရီယန္ ငိုခဲ့သည္။ ဘရီယန႔္ထက္ ဒါ႐ိုက္တာကေဂ်ာင္ကုက ပိုငိုခဲ့သည္။

'ခင္ဗ်ား ေျခေထာက္ေတြ ကလို႔ရသြားၿပီ။ ကြၽန္ေတာ္ သိပ္ေပ်ာ္တာပဲ' ဟုဆိုကာ သူ႔ထက္ပင္ အေပ်ာ္လြန္ကာ ငိုေနခဲ့သည့္ ေကာင္ေလးကို ထိုေန႔က သူ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားခဲ့မိသည္။ သူကိုယ္တိုင္ေတာင္ မသိလိုက္ပါဘဲ ေဂ်ာင္ကုက သူ႔ဘဝရဲ႕ မရွိမျဖစ္ေလး ျဖစ္ေနခဲ့ေလၿပီ။

အခုလည္း သူကဖို႔အတြက္ ျပင္ေနခ်ိန္မွာ သူကိုယ္တိုင္ ေ႐ြးဝယ္လာေပးတဲ့ ဖိနပ္ကေလးကို သူကိုယ္တိုင္ပဲ စင္ေပၚမတက္ခင္ စီးေပးခဲ့သည္။ စင္ေပၚမွာ ေပါ့ပါးသည့္ ငွက္ေမြးေတာင္ေလးတစ္ခုပမာ လွည့္ပတ္ၿပီး ကျပေနတဲ့ ဘရီယန္ကိုၾကည့္ရင္း ေဂ်ာင္ကုက မ်က္ေတာင္ပင္မခတ္ႏိုင္။

အၿပဳံးေတြနဲ႔ ေငးစိုက္ၾကည့္ေနခဲ့သလို၊ ဂုဏ္ယူျခင္းေတြနဲ႔ အားေပးေနခဲ့သည္။ ခ်စ္ျခင္းေမတၱာေတြနဲ႔ အေနာက္ကေန ပံ့ပိုးေပးခဲ့သလို၊ ေႏြးေထြးမႈေတြနဲ႔ ပ်ံသန္းႏိုင္ဖို႔ အေတာင္ေတြတပ္ေပးခဲ့သည္။ ဘရီယန္ဟာ ဒါ႐ိုက္တာေဂ်ာင္ကုအတြက္ေတာ့ ျမတ္ႏိုးရသမွ် အရာရာပါပဲ။

က်ယ္ေလာင္လြန္းသည့္ လက္ခုပ္သံ တေျဖာင္းေျဖာင္းၾကားမွာ ဘရီယန္ရဲ႕ ရင္အစုံက နိမ့္ခ်ည္ျမင့္ခ်ည္။ အထူးဧည့္သည္မ်ားအတြက္ မွန္ျပင္ကာထားသည့္  အေပၚထပ္ကေန ၾကည့္ေနသည့္ စုံတြဲတစ္တြဲကလည္း ဘရီယန႔္အတြက္ လက္ခုပ္တီးေပးေနခဲ့သည္။

"ဘရီယန္က အရမ္းေတာ္တာပဲ"

စင္အေနာက္ဖက္ကို ျပန္ဆင္းလာေတာ့ ေဂ်ာင္ကုက အနားကို ေဝးေဝးမသြားႏိုင္သည့္ သံလိုက္တုံးေလးလို အေျပးေရာက္လာသည္။ တဒုတ္ဒုတ္ အခုန္ျမန္ေနဆဲ ရင္ခုန္သံေတြၾကားထဲက လက္ႏွစ္ဖက္ကမ္းေပးလိုက္ေတာ့ ေဂ်ာင္ကုက သူ႔ကိုေပြ႕ခ်ီကာ ႏွစ္ပတ္ သုံးပတ္ေလာက္ ယမ္းပစ္လိုက္သည္။

"ငါ လုပ္ႏိုင္ခဲ့ၿပီ"

"ကြၽန္ေတာ္ အစကတည္းက ဘရီယန႔္ကို ယုံၿပီးသားပါ"

တစ္စုံတစ္ေယာက္က မင္းကို ဘယ္ေလာက္ယုံၾကည္ေၾကာင္း အခိုင္အမာေျပာလာတဲ့အခ်ိန္မွာ သူ႔မ်က္ဝန္းေတြထဲ ဘယ္လိုရွိေနမယ္ဆိုတာကို မင္းတို႔သိလား။ ျပန္လည္ေမြးဖြားလာသလို ခံစားရတဲ့ သူ႔အတြက္ေတာ့ ဒီလိုအခ်ိန္မွာ ျမင္ရတဲ့ ေဂ်ာင္ကုရဲ႕မ်က္ဝန္းေတြက အားအင္တစ္ခုလိုပဲ။ ဒါက အခ်ိန္တခဏမဟုတ္တဲ့ ထာဝရအတြက္ အားအင္။

"အရမ္းေတာ္လို႔ ဆုခ်ခ်င္တယ္ ဘရီယန္"

"ဘာဆုလဲ"

"အိမ္ျပန္ေရာက္မွ ေပးမယ္။ ဒါက အႀကိဳ"

လွစ္ခနဲဆိုသလို သူ႔ပါးတစ္ဖက္ကို နမ္းလိုက္တာမို႔ စကားေျပာခ်ိန္ပင္မရလိုက္။ တုံးမလိုနဲ႔ လည္တဲ့ ဒါ႐ိုက္တာကို ဘာမွထပ္မေျပာေတာ့ဘဲ အဝတ္အစားလဲကာ ညစာစားဖို႔အတြက္ အေပၚထပ္ကို အတူတက္ခဲ့ေတာ့သည္။

အသင့္ေစာင့္ေနသည့္ စုံတြဲက သူတို႔ဝင္လာတာကိုျမင္ေတာ့ တစ္ေယာက္က လက္ျပႏႈတ္ဆက္သည္။ တစ္ေယာက္ကေတာ့ သိတဲ့အတိုင္း ေနၿမဲအတိုင္းသာ။

"ဘရီယန္ကတာ အရမ္းလွတာပဲ"

"ေက်းဇူး ဂ်ီမင္း"

ဂ်ီမင္းက အသားတစ္ဖဲ့ကို တၿမဳံ႕ၿမဳံ႕ဝါးေနရင္းက ဘရီယန႔္ကိုသာ စိုက္ၾကည့္လို႔ေနသည္။ စိတ္ထဲတြင္ ဘရီယန႔္ကို ခ်ီးက်ဴးေနမယ္ဆိုတာလည္း ေသခ်ာေပါက္ပဲ။ ဘရီယန္က ပါစတာခ်က္တာလည္း ေတာ္သလို ဘဲေလးအကမွာလည္း ေတာ္လိုက္တာ ဆိုၿပီးေလ။

"ဒီဟာစား ဘရီယန္ ကြၽန္ေတာ္ လွီးေပးၿပီးသား"

‌ေဂ်ာင္ကုက အလိုက္တသိပင္ ဘရီယန႔္အတြက္ လွီးျဖတ္ၿပီးသား ဟင္းပြဲကို ‌ေျပာင္းခ်ေပးလာသည္။ ထိုအျခင္းအရာကိုၾကည့္ကာ ဂ်ီမင္းရဲ႕မ်က္လုံးေလးေတြက အားက်သလို လက္ခနဲျဖစ္သြားတာကို တီမိုသီက ျမင္လိုက္သည္။

"ဂ်ီမင္းက ဒါကိုစား"

"ေက်းဇူး တီမိုသီ"

ဘရီယန႔္အတြက္ ေဂ်ာင္ကုက လွီးျဖတ္ေပးသလိုမ်ိဳး တီမိုသီက ဂ်ီမင္းအတြက္ အသားေလးေတြ လွီးျဖတ္ေပးလိုက္ေတာ့ ဂ်ီမင္းက ေပ်ာ္႐ႊင္သြားရသည္။ ႐ုတ္တရက္ႀကီး ၿငိမ္သက္သြားသည့္ေလထုေၾကာင့္ ဟင္းပြဲကို ငုံ႔ၾကည့္ေနရာကေန ေမာ့ၾကည့္လိုက္ေတာ့ မိမိတို႔စုံတြဲအား စိုက္ၾကည့္ေနသည့္ ဘရီယန္ႏွင့္ဒါ႐ိုက္တာေဂ်ာင္ကုကို ေတြ႕လိုက္ရသည္။

"အဲ ဘာျဖစ္သြားၾကတာလဲ"

ဂ်ီမင္းသည္ အေျခအေနကို နားမလည္သလို ေမးခြန္းထုတ္လိုက္မိသည္။ တီမိုသီက ပန္းကန္ထဲက အသားတုံးတစ္ဖဲ့ကို လွီးျဖတ္ကာ ခက္ရင္းနဲ႔ထိုးယူကာ ပါးစပ္ထဲ ထည့္လိုက္ၿပီးေနာက္ ဤသို႔ေျဖလာ၏။

"ဘာမွမျဖစ္ဘူး ဆက္စား"

တီမိုသီ့စကားကို နားေထာင္ကာ ဆက္စားဖို႔ျပင္ေတာ့ ဒါ႐ိုက္တာေဂ်ာင္ကုက လႈပ္ရွားမႈတစ္ခု ျပဳလိုက္ျပန္သည္။

"ဘယ္ဝိုင္ယူမလဲ ဘရီယန္"

ဒါ႐ိုက္တာေဂ်ာင္ကုက ဘရီယန႔္အတြက္ ဝိုင္ေ႐ြးေပးေတာ့ တီမိုသီက ဂ်ီမင္းအတြက္ ဝိုင္ေ႐ြးေပးျပန္သည္။ ဘရီယန္သည္ ၾကာေတာ့ စိတ္မရွည္လာတာမို႔ စားပြဲကို ဘုန္းခနဲ တစ္ခ်က္႐ိုက္ပစ္လိုက္ေတာ့သည္။

"မင္း ဘာျဖစ္ေနတာလဲ တီမိုသီ"

"ငါက ဘာျဖစ္လို႔လဲ"

"မင္းနဲ႔ အဲ့ဒီ့မေကာင္းတဲ့ ေသာက္အက်င့္ဆိုးႀကီးနဲ႔ ေဂ်ာင္ကုကို လိုက္ၿပိဳင္ေနတာမဟုတ္ဘူးလား"

"ဘယ္နားက ၿပိဳင္လို႔လဲ။ ဒါ ငါ ဂ်ီမင္းကိုလုပ္ေပးေနက်ေတြ"

"ငါ့ကို လာမလိမ္နဲ႔ တီမိုသီ"

ရႉးရႉးရွားရွားျဖစ္လာသည့္ ဘရီယန္နဲ႔ ႏႈတ္ခမ္းပါးေလးနဲ႔ တစ္ခြန္းမက်န္ ျပန္ပက္ေနသည့္ တီမိုသီတို႔ၾကား ဂ်ီမင္းနဲ႔ ေဂ်ာင္ကုခမ်ာ တုတ္တုတ္မွမလႈပ္ရဲ။ ဒီပုံစံနဲ႔ ေဂ်ာင္ကုရဲ႕ တိုက္ခန္းေလးမွာ တစ္ပတ္ေလာက္ ေနဦးမည္ဆိုပဲ။ အခုအတိုင္းသာဆို ကူပီနဲ႔ရွာရွာပါ အၿငိမ္မေနရမည့္ ဒီဇိုင္း။

"ဒီေလာက္ေလးကို ငါ့ဘက္က ၿပိဳင္တုေနစရာလား ဘရီယန္။ မင္းရဲ႕ ေဂ်ာင္ကုကေတာင္ ငါ့ဆီက အႀကံလာလာေတာင္းေနရတာ"

"အ႐ူးကို ဆရာတင္မိတာ သူ႔အမွားမွန္းသိလို႔ ျပင္ထားခိုင္းၿပီးၿပီ တီမိုသီ"

"ဟုတ္လား။ ဒါဆိုလည္း ဝမ္းသာေပးရမွာေပါ့"

တီမိုသီရဲ႕ စကားတိုင္းက မရည္႐ြယ္တာပဲလား၊ တမင္သက္သက္ပဲလားေတာ့မသိ မီးေလာင္ရာကို ေလပင့္ေနသည့္အတိုင္း ဘရီယန႔္ကို ပိုပိုၿပီး ေဒါပြေစသည္။

"ဒီလိုေျပာေၾကးဆိုရင္ ဂ်ီမင္းကလည္း ငါ့ဆီက အႀကံေတြယူေနတာပဲေလ"

ဘရီယန္က လက္ပိုက္ၿပီး အေပၚစီးကေန မ်က္လုံးေလးေမွးစင္းကာ ၾကည့္လိုက္ရင္းက ေျပာလာသည္။ တီမိုသီက နံေဘးက ဂ်ီမင္းကို ဆတ္ခနဲလွည့္ၾကည့္လိုက္ေတာ့ ဂ်ီမင္းက ပါးစပ္ထဲထည့္ခါနီး အသားတုံးေလးကို ပန္းကန္ထဲ ျပန္ခ်လိုက္ရင္းက ဟီးခနဲရယ္ျပသည္။

"မျဖစ္ႏိုင္တာေတြ"

"အဲ့ဒါကေတာ့ သူ႔ကိုပဲေမးၾကည့္လိုက္ေလ"

"ေဒဝဒတ္ကို ဆရာတင္တာကမွ အဓိပၸါယ္ရွိဦးမယ္"

"တီမိုသီ!"

ဒုတိယအႀကိမ္ေျမာက္ စားပြဲကို လက္နဲ႔႐ိုက္ခ်လိုက္သံက ျဖန္းခနဲ။

"တီမိုသီရာ ခင္ဗ်ား ဘာမွဆက္မေျပာပါနဲ႔ေတာ့"

မေနႏိုင္သည့္ ေဂ်ာင္ကုက ၾကားထဲက ဝင္တားလိုက္သည့္အခါ တီမိုသီရဲ႕ မ်က္ႏွာက မဲ့ခနဲ။ စားပြဲခုံကို ခဏခဏ႐ိုက္ေနလို႔ သူ႔ဟာေလး လက္နာသြားမွာကို စိုးရိမ္ၿပီး ျဖစ္ပ်က္ေနလိုက္တာမ်ား။ မႏိုင္တဲ့လူက် မတားရဲဘဲ သူ႔ကိုပဲ လိုက္တားေနပုံကလည္း ယုတၱိမရွိ။

"ဟုတ္သားပဲ။ ထမင္းစားၾကရေအာင္ပါ ေနာ္"

ဂ်ီမင္းကပါ ေခ်ာ့ေခ်ာ့ေမာ့ေမာ့ ေျပာလာသည့္အခါတြင္ေတာ့ တီမိုသီကလည္း စကားရန္ပြဲကို အဆုံးသတ္လိုက္ေတာ့သည္။ ဟိုအရင္ကလို ရန္ျဖစ္ရင္ လက္မပါေတာ့တာကို ၾကည့္ျခင္းအားျဖင့္ ေဂ်ာင္ကုကလည္း ဘရီယန႔္အေပၚ တနည္းနည္းနဲ႔ေတာ့ ထိန္းခ်ဳပ္ထားႏိုင္တာပဲဟု ေတြးမိကာ စိတ္ထဲက ႀကိတ္ခ်ီးက်ဴးလိုက္မိသည္။ ဒီေကာင္ေလး မဆိုးဘူး။

ဂ်ီမင္းက ဝင္ေျပာသည့္အခါ ၿငိမ္က်သြားသည့္ သေကာင့္သားေၾကာင့္ ဘရီယန္ကလည္း စိတ္ထဲမွ ဂ်ီမင္းကို အျပန္အလွန္အားျဖင့္ ခ်ီးက်ဴးလိုက္မိေလသည္။ ေနာက္ခါဖုန္းေျပာျဖစ္ရင္ေတာ့ တီမိုသီရဲ႕ ပါးစပ္ကိုပိတ္ဖို႔ တိပ္ပါ တစ္ခါတည္း ေဆာင္ထားဖို႔ ေျပာလိုက္ဦးမည္။

"စားၿပီးၿပီဆိုေတာ့ ပိုက္ဆံရွင္းရမွာေပါ့"

"ဘာလဲ ဒီဆိုင္က မင္းဆိုင္မဟုတ္ဘူးလား"

"ဟုတ္တယ္ေလ"

"ဟုတ္ရင္ ဘာလို႔ ငါတို႔က ပိုက္ဆံရွင္းရမွာလဲ"

"ဟုတ္ေနလို႔ကို ရွင္းရမွာေလ"

ဗိုက္ဝသြားျပန္ေတာ့လည္း ထသတ္ေနျပန္သည့္ သူငယ္ခ်င္းႏွစ္ေယာက္ေၾကာင့္ ဂ်ီမင္းနဲ႔ ဒါ႐ိုက္တာေဂ်ာင္ကုခမ်ာ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္မိသည္။ ဘရီယန္ကလည္း တီမိုသီ့‌ဆီက ညစာအတြက္ ေငြမရမက ရွင္းခိုင္းေနသလို တီမိုသီကလည္း ဘူးခံျငင္းသည္။

"ဒီက ေပးလိုက္မယ္"

"မေပးရပါဘူး။ ငါတို႔က ဧည့္သည္ေလ"

ကဒ္ထုတ္ေပးဖို႔ ျပင္ေနသည့္ ဂ်ီမင္းရဲ႕လက္ကို ‌တီမိုသီက ျပန္ဆြဲထားရင္းက မေပးရဘူး အတင္းေျပာသည္။ ဒီလိုနဲ႔ပဲ ဒါ႐ိုက္တာေဂ်ာင္ကုကပါ ဝင္ေျဖရွင္းရင္း တစ္ပြဲၿပီးသြားသည့္ေနာက္တြင္ တိုက္ခန္းကို ျပန္ေရာက္လာေတာ့သည္။

"ရွာရွာ!"

ရွာရွာက ေခၚသံေၾကာင့္ ဂ်ီမင္းဆီကို ေျပးလာခါနီးတြင္ ဘရီယန္ကပါ ျမင္ကြင္းထဲ ေပၚလာသည့္အခါ လမ္းတဝက္မွာတင္ တုံ႔ခနဲရပ္သြားကာ ႏွစ္ေယာက္လုံးကို တစ္လွည့္စီၾကည့္လို႔ေနသည္။ ယင္းေနာက္တြင္ေတာ့ ေညႇာင္ခနဲ တစ္ခ်က္ေအာ္လိုက္ကာ ဆိုဖာေနာက္ကို ထြက္ေျပးသြားေတာ့သည္။

"ႏွစ္ေယာက္လုံးကို တၿပိဳင္တည္း ေတြ႕လိုက္ရေတာ့ လန႔္သြားၿပီထင္တယ္"

ရွာရွာ့နည္းတူ ကူပီဟာလည္း တီမိုသီနဲ႔ ဒါ႐ိုက္တာေဂ်ာင္ကုကို ၾကည့္ကာ တဝုတ္ဝုတ္ထိုးေဟာင္ေနေတာ့သည္။ တိရစာၦန္ေတြပါ အၿငိမ္မေနရတဲ့ ေနဗီျပာကမာၻရယ္ပါ။

"မင္းတို႔က ေအာက္ထပ္မွာ အိပ္လိုက္။ ငါတို႔က အေပၚထပ္မွာပဲ ေနမယ္"

ထိုအထိက အဆင္ေျပေသးေပမဲ့ အခန္းထဲကို ေရာက္သြားသည့္အခါတြင္ေတာ့ အဆင္မေျပေတာ့ေခ်။ ဘာလို႔ဆို သူတို႔ေနမဲ့အခန္းထဲမွာ ဘရီယန႔္ရဲ႕ပုံေတြက အျပည့္ျဖစ္ေနတယ္ေလ။

"အခန္းလဲေပး။ ငါတို႔ အေပၚထပ္မွာေနမယ္"

"ဧည့္သည္က ဧည့္သည္လိုေန"

"ဧည့္သည္မို႔လို႔ ေျပာေနတာေလ။ အိမ္ရွင္ကေတာင္ ဖယ္ေပးသင့္တာ"

"႐ူးေနလား။ အိမ္ရွင္ပါဆို ဖယ္ေပးစရာလား"

တစ္ေယာက္တစ္ခြန္း စကားမ်ားေနျပန္သည့္ ႏွစ္ေယာက္ေၾကာင့္ ရွာရွာနဲ႔ ကူပီကပါ ၿငိမ္သြားၿပီး ဝိုင္းၾကည့္ေနၾကသည္။

"ဆက္ၿပီးျငင္းခုံေနဦးမယ္ဆိုရင္ ကြၽန္ေတာ္နဲ႔ မင္းသားနဲ႔ပဲ ေအာက္ထပ္မွာ အိပ္လိုက္ေတာ့မယ္"

"မအိပ္ရပါဘူး!"

အသံက်ယ္ႀကီးႏွစ္ခုက ၿပိဳင္တူဆိုသလို ထြက္က်လာသည္။ ထို႔အတူ ေဒါသထြက္ေနသည့္ မ်က္ႏွာႏွစ္ခုကလည္း ဒါ႐ိုက္တာေဂ်ာင္ကုနဲ႔ မင္းသားဂ်ီမင္းကို ၿပိဳင္တူလွည့္ၾကည့္လာၾကသည္။

ထို႔ေနာက္တြင္ေတာ့ တီမိုသီက မေက်မနပ္ႏွင့္ပင္ ဂ်ီမင္းရဲ႕ လက္ကိုဆြဲကာ ေအာက္ထပ္က အခန္းထဲကို ဝင္သြားေတာ့သည္။ ၎တို႔စုံတြဲ အခန္းထဲ ဝင္သြားေတာ့မွပဲ ေဂ်ာင္ကုလည္း သက္ျပင္းခ်ႏိုင္ေတာ့သည္။

အတူအိပ္ေနက် အေပၚထပ္က အခန္း‌ဆီ တက္လာခဲ့ရင္း ေဒါသထြက္ေနသည့္ ဘရီယန႔္ကို စိတ္ေျပေအာင္ ေခ်ာ့ေမာ့ရေသးသည္။ မင္းသားဂ်ီမင္းလည္း သူ႔လိုပဲျဖစ္ေနမယ္ဆိုတာ ေျပးဆင္းၾကည့္စရာေတာင္မလို၊‌ ေတြးၾကည့္႐ုံနဲ႔အတပ္သိသည္။

ညနက္လာသည့္အခါတြင္ေတာ့ အိမ္ကေလးထဲ ေစာနကလို ရန္ျဖစ္သံေတြ မၾကားရေတာ့ဘဲ တိတ္ဆိတ္သြားသည္။

"ဘာျဖစ္လို႔ မီးပိတ္လိုက္တာလဲ"

"မီးဖြင့္ထားရင္ ပုံေတြနဲ႔မ်က္စိရႈပ္လို႔"

"ဘရီယန္က ငါနဲ႔႐ုပ္ခ်င္းတူေနတာပဲကို"

"ဒါေပမဲ့ ဂ်ီမင္းကဂ်ီမင္းေလ"

ရယ္သံလြင္လြင္ေလးေတြ ထြက္က်လာၿပီးေနာက္တြင္ တီမိုသီက အေမွာင္ထဲကေန ဂ်ီမင္းေပၚကို အုပ္မိုးကာ နမ္းရႈိက္လာသည္။

"သူမ်ားအိမ္ႀကီးမွာ မျဖစ္ဘူးေလ"

"သူမ်ားအိမ္မို႔ ပိုစိတ္လႈပ္ရွားရတယ္မဟုတ္ဘူးလား"

ဂ်ီမင္းဘက္က မည္သို႔မွ တုံ႔ျပန္ခ်ိန္ေတာင္ မရလိုက္ပါဘဲ စကားနားေထာင္စြာျဖင့္ တီမိုသီရဲ႕ ဦးေဆာင္ရာေနာက္ အလိုက္သင့္ေလး စီးေမ်ာခဲ့ေတာ့သည္။ မနက္က်မွ ႏွစ္ေယာက္လုံး ဘရီယန႔္ဆီက အဆဲခံရလည္း ခံလိုက္႐ုံေပါ့။

ေအာက္ထပ္ကစုံတြဲက အခ်စ္ေတြၾကား သာယာေနေပမဲ့ အေပၚထပ္က စုံတြဲကေတာ့ မသာယာႏိုင္ေသး။ ေဂ်ာင္ကုသည္ ဘရီယန္တစ္ေယာက္ ေရခ်ိဳးခန္းထဲက ထြက္လာသည့္တိုင္ စိတ္လႈပ္ရွားစြာျဖင့္ ေတာင္ေျမာက္ေလွ်ာက္ေနဆဲ။

"အိမ္ျပန္ေရာက္မွေပးမယ္ဆိုတဲ့ဆုက ဘယ္မွာလဲ"

ဘရီယန္က ေလွ်ာ္ၿပီးကာစ ေခါင္းကဆံပင္မ်ားကို တဘက္ကိုင္ကာ လက္တစ္ဖက္နဲ႔ သုတ္ေနရင္းက လွည့္ေမးလာသည္။ ေဂ်ာင္ကုက ဘာမွမေျဖေသးဘဲ ဘရီယန္ရွိရာကို ေလွ်ာက္လာၿပီး အဖ်ားမွာ ေရသီးေနဆဲ ဆံပင္မ်ားကို ကူသုတ္ေပးလာသည္။

"ဒီမွာ ခဏထိုင္"

ကုတင္ေပၚ ထိုင္ခ်လိုက္သည့္အခါ ေဂ်ာင္ကုက ဗီ႐ိုထဲမွ အထုတ္တစ္ထုတ္ကို ယူလာသည္။ ၿပီးသည္ႏွင့္ ဘရီယန႔္ရဲ႕ ေျခရင္းမွာ ထိုင္ခ်လိုက္သည္။ မ်က္စိေရွ႕တင္ အထုတ္ကိုေျဖကာ ဖြင့္ေဖာက္လိုက္ေတာ့ ဘဲေလးကရာတြင္ စီးနင္းသည့္ ဖိနပ္ကေလးတစ္စုံ ေပၚထြက္လာသည္။

ဘရီယန္ရဲ႕ ေျခေထာက္ကေလးႏွစ္ဖက္ကိုယူကာ ဖိနပ္ကေလးစီးေပးလိုက္ေတာ့ ကြက္တိပင္။ ဖိနပ္ကေလးက ဘရီယန႔္ေျခေထာက္ေပၚတြင္ လွလွပပေလး ေနရာယူသြားတာကို ၾကည့္ရင္း ေဂ်ာင္ကုက ၿပဳံးလိုက္သည္။

"သေဘာက်ရဲ႕လား"

"အင္း လွတယ္။ သေဘာက်တယ္။ မင္းေျပာတဲ့‌ဆုဆိုတာ ဒါေလးလား"

ဘရီယန္က ဖိနပ္စီးထားသည့္ ေျခေထာက္ကေလးႏွစ္ဖက္ကို လႈပ္ယမ္းေနရင္းက ေမးလာသည္။

"ဒါက သက္သက္ပါ"

"ဟင္"

ေျခေထာက္က ဖိနပ္ကေလးေတြကို ျပန္ခြၽတ္ေပးကာ ဗူးထဲ အက်အနျပန္ထည့္ေပးရင္း ေဂ်ာင္ကုက သူ႔ကိုေမာ့ၾကည့္ကာ ေခါင္းၿငိမ့္ျပလာသည္။ ထို႔ေနာက္ ဘာမေျပာ၊ ညာမေျပာနဲ႔ ဘရီယန္ရဲ႕ ေျခေထာက္ႏွစ္ဖက္ကို ဆြဲယူကာ ငုံ႔နမ္းလိုက္ေတာ့သည္။

"ေဂ်ာင္ကု!"

ဘရီယန္သည္ ေဂ်ာင္ကုက နမ္းေနသည့္ မိမိေျခေထာက္မ်ားကို ျပန္ဆြဲယူဖို႔ ႀကိဳးစားလိုက္ေပမဲ့ မေအာင္ျမင္ခဲ့။ ေဂ်ာင္ကုကေလ တျမတ္တႏိုးနဲ႔ကို သူ႔ေျခေထာက္တစ္စုံကို ခစားၿပီး နမ္းေနခဲ့တာ။

"ခင္ဗ်ား သေဘာက်ရဲ႕လား ဘရီယန္"

"ေဂ်ာင္ကုရယ္"

"ေနာက္လည္း အလွဆုံး ကျပေပးပါဦး ဘရီယန္။ ကြၽန္ေတာ္က ဘရီယန္ရဲ႕ ခင္ပြန္းလည္းျဖစ္သလို နံပါတ္တစ္ ပရိသတ္လည္းဟုတ္တယ္။ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္‌ျဖစ္ေစ ဘရီယန႔္အနားက ဘယ္ေတာ့မွ ထြက္ခြာမသြားမဲ့ သူပါ"

ဘရီယန္သည္ စိတ္ခံစားမႈ ႏုနယ္သူမဟုတ္သည့္တိုင္ ေဂ်ာင္ကုကို ငုံ႔ၾကည့္ေနရင္းက မ်က္ရည္ေတြ ရစ္ဝိုင္းလာသည္။ ေဂ်ာင္ကုက သူ႔အတြက္ အိမ္ကေလးတစ္လုံးလိုပဲ။ ဘာကိုမွ စိုးရိမ္စရာမလိုဘဲ သူ႔ရဲ႕ စိတ္ရွိသလို ပုံစံတိုင္းကို ခ်ျပ၊ ဖြင့္ျပႏိုင္တဲ့ အိမ္ကေလးရယ္ပါ။

ယုံပါလို႔ မေျပာခ်င္ေပမဲ့ သူ ေဂ်ာင္ကုအေပၚကို ခ်စ္မိသြားခဲ့တာကေတာ့ တကယ္ပါ။

"ေဂ်ာင္ကု…ေဂ်ာင္ကု ကိုယ့္ဒါ႐ိုက္တာေလးရယ္"

ၾကမ္းျပင္ေပၚ ထိုင္ေနဆဲျဖစ္သည့္ ေဂ်ာင္ကုရဲ႕ ပါးျပင္ႏွစ္ဖက္ကို ခပ္ဖြဖြ ထိေတြ႕ေနမိရင္း မ်က္ရည္တစ္စက္က ‌ၿပိဳဆင္းသြားခဲ့သည္။ ေပ်ာ္႐ႊင္ျခင္းမ်က္ရည္မို႔ ေဂ်ာင္ကုက မတားဆီးခဲ့သလို သုတ္ေပးျခင္းလည္းမရွိခဲ့။

"ကြၽန္ေတာ္ ခင္ဗ်ားကို ႐ူးေလာက္ေအာင္ခ်စ္တယ္ ဘရီယန္"

"ကိုယ္ေရာပဲ မင္းကို ခ်စ္ပါတယ္ ေဂ်ာင္ကုရယ္"

ကုတင္ေပၚကို တအိအိၿပိဳဆင္းလာသည့္ ခႏၶာကိုယ္ႏွစ္ခုနဲ႔အတူ အခန္း‌ေလးထဲမွ အနမ္းေတြက မက္ေမာျခင္းအျပည့္နဲ႔  သိပ္သိပ္သည္းသည္း။ ခ်စ္ျခင္းေတြက အဆီးအတား ကင္းမဲ့စြာပင္ လႈိင္းထန္သည့္ ပင္လယ္လို လိုခ်င္တပ္မက္စိတ္‌ဟု သာဓကျပဳရမည့္ ေက်ာက္ေဆာင္မ်ားကို တဝုန္းဝုန္း႐ိုက္ခတ္သည္။

ေဂ်ာင္ကုရဲ႕ စိတ္ရွိသလို အၾကင္နာမ်ားကို ဘရီယန္က ဟန႔္တားျခင္းမရွိဘဲ ႀကိဳဆိုသည့္အခါ ဒါ႐ိုက္တာေလးမွာ ႐ူးသြားမတတ္။ စြဲလမ္းျခင္း၊ မက္ေမာျခင္း၊ တပ္မက္ျခင္းေတြက ဘရီယန္နဲ႔မွ အေျခမခိုင္ေတာ့သည့္ ကမ္းပါးလို အလုံးစုံၿပိဳက်သည္။ ဒီလူဆီမွာပဲ တစ္သက္တာလုံး ႐ူးသြပ္သြားခ်င္သည္အထိ ေဂ်ာင္ကုက ဘရီယန္ကို ခ်စ္ရပါသည္။ သိပ္ကိုမွ ခ်စ္ရပါသည္။

အိမ္ကေလးထဲရွိ အခ်စ္ငွက္ကေလးမ်ားဟာ ခ်စ္ျခင္းဇုန္ကို ကိုယ္စီကိုယ္ငွ ေရာက္ရွိေနၾကတာမို႔ အျပင္ဘက္ ေကာင္းကင္ဆီမွ ေနဗီျပာေရာင္ ထြန္းေတာက္ေနသည့္ လမင္းႀကီးကို သတိမျပဳမိခဲ့ၾကပါ။

ထို႔အတူ ဘရီယန္၏ အိတ္ထဲမွ ဖုန္းေလးသည္လည္း ညအခ်ိန္နက္မွ ဒီးခနဲ အသံတစ္ခ်က္ျမည္သြားကာ ဖုန္းမ်က္ႏွာျပင္ေပၚတြင္ စာတစ္ေၾကာင္းေပၚလာခဲ့သည္။ ထိုစာေၾကာင္းသည္ကား -

"ရား! ဒါ႐ိုက္‌တာေဂ်ာင္ကုရဲ႕ Anti Groupကိုေထာင္ထားတဲ့ Adminက ဘယ္ေရာက္သြားတာတုန္း!"

ဟူ၍ ျဖစ္ေလေတာ့သည္။

___________________

အရွည္ႀကီး ေရးေပးထားတယ္ေနာ္။
သေဘာက်ေပးသူတိုင္းကို မာမိတ္က ေက်းဇူးတင္ပါတယ္။ ေနာက္လည္း ‌ေကာင္းေကာင္းေလးေတြ ေရးႏိုင္ေအာင္ ႀကိဳးစားေနပါတယ္လို႔😍

[အက္ဒရစ္အပိုင္းေလး ထပ္ေျပာျပဦးမယ္။ သူက ဒုတိယလူေပမဲ့ ဘရီယန္႔အတြက္ အေရးပါတဲ့သူမို႔ ဂ်ီမင္းကတဆင့္ သူတို႔ႏွစ္ေယာက္ ဆက္သြယ္ျဖစ္ပါလိမ့္မယ္။ ေနဗီျပာမွာ Main characterမဟုတ္တာမို႔ 000080ကိုေခၚၿပီး ဖုန္းဆက္သြယ္တာမ်ိဳးေတာ့ ရမွာမဟုတ္ပါဘူး။ အဲ့ဒီအစား ဂ်ီမင္းကေန တဆင့္ခံၿပီး စာပို႔ျဖစ္တာေလာက္ေတာ့ ရွိမွာပါ။

အက္ဒရစ္က မာမိတ္ဖန္တီးထားတဲ့ ကာ႐ိုက္တာပဲမို႔ ပစ္စလခတ္ေတာ့ မလုပ္ေပးႏိုင္ပါဘူး။ သူလည္း သူ႔ေနရာနဲ႔သူ အေရးပါတဲ့ ဇာတ္ေကာင္မို႔ပါ။ တနည္းအားျဖင့္ အျဖည့္ခံသက္သက္ ေကာင္ေလးမို႔လို႔ သူ႔ကိုလည္း မပိုေတာင္ မေလ်ာ့တဲ့နည္းနဲ႔ ခ်စ္ရပါတယ္။

ဒီေလာက္ဆို သေဘာေပါက္ၾကမယ္ထင္ပါတယ္။ ေက်းဇူးတင္ပါတယ္]

Continuar a ler

Também vai Gostar

256K 20.1K 30
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပ...
96.3K 15.6K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
25K 2.2K 71
ဖတ်ကြည့်နော်😉😉
206K 23K 35
"ချစ်ခြင်းတရားဟာ ယစ်မူးစေတတ်ရင် မင်းဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတစ်မျိုး.....~~" "ခ်စ္ျခင္းတရားဟာ ယစ္မူးေစတတ္ရင္ မင္းဟာ စြဲလမ္းေစတတ္တဲ့ မူးယစ္ေဆးတစ္မ...