လွမ်းလို့ တသသ / လြမ္းလို႔ တသသ...

Bởi Ahlaly

95.4K 4.6K 1.5K

From the first year to.......... Xem Thêm

Spoiler (1)
Spoiler (2)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Hello
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂၊ ဒုတိယပိုင်း)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
ဇာတ်သိမ်းပိုင်း
အချပ်ပို
Restart to warm
Logo

အပိုင်း (၁)

5.7K 180 31
Bởi Ahlaly

ပထမနှစ်ကောင်မလေးတွေကြားမှာ ရေပန်းစားလှတဲ့ အကိုနဲ့ ကျွန်တော်စတွေ့ပုံက ဤသို့ဖြစ်၏။

"ဒါဆို ကပ်ကြီးသုံးပါးကို ညီမတို့သိကြလား"

အသက်(၁၆၊၁၇) အရွယ်အထိ သမ္ဗုဒ္ဓေဂါထာတော်ကို မရကြတဲ့သူတွေရှိသည်ဆိုတာကို ကျွန်တော်သိပေမယ့်လည်း ကပ်ကြီးသုံးပါဆိုတာကိုတော့ ထိုကောင်မလေးသိလောက်မည်ဟု ထင်မိသည်။ သူတို့ကိုယ်တိုင်လည်း ဆေးတက္ကသိုလ်ကျောင်းသူတွေမို့ ဤမျှလောက်ကိုတော့ သိလောက်မည်။

သို့သော်လည်း ကျွန်တော်ထင်တာနဲ့ဆန့်ကျင်စွာပင် ထိုကောင်မလေး သုံးဦးသည် လက်ဖဝါးကို ကြမ်းခင်းမှာချထားပြီး ခန္ဓာကို မတ်မတ်ထားကာဖြင့် ဟိုဟိုဒီဒီဖြေကြသည်။

ထိုအချိန်မှာ အစောက အမေးအသံပြုနေသူက ပြုံးသွားသည်။ တောက်ပတဲ့ အပြုံးတွေက ကျွန်တော့်မျက်လုံးတွေကို မျက်တောင်ခတ်ဖို့ အခွင့်မပေး။ ကျွန်တော့်မှာ မနီးမဝေးဆိုတဲ့အနေအထားကနေ မမှိတ်မသုန်နဲ့ ငေးလို့ကြည့်နေမိသည်။

အခုနေ ကပ်ကြီး(၃)ပါးက ဘာလဲဆိုတာ ကျွန်တော့်ကို လာမေးလျှင် ဘုန်းကြီးကျောင်းသား ကျွန်တော်ဖြေနိုင်မည်မဟုတ်တော့။ ဤမျှအထိကို ဖြစ်သွားရသည်။

"သတ္ထန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် တဲ့ဗျာ။ ကပ်ဆိုတာ ဘာကိုခေါ်သလဲ သိရဲ့လား အမိတို့။"

ဂျူနီယာဖြစ်တဲ့ ပထမနှစ်ကောင်မလေးတွေအပေါ်မှာ အကိုကြီးတစ်ယောက်လိုမျိုး ပြောပြနေသည်ကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲက အလိုအလျောက်နှင့် အကိုဟု ရေရွတ်မိသည်။ "အကို"...သူနဲ့စကားမပြောရသေးခင် ပထမဆုံးအကြိမ် သူ့ကိုမြင်ဖူးသည့်ထိုအချိန်မှာ တည်းက ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲကနေ သူ့ကို မြတ်မြတ်နိုးနိုးနဲ့ခေါ်ချင်ခဲ့တဲ့ ဤနာမ်စား။

"ပျက်စီးခြင်းကို ကပ်လို့ခေါ်တယ်ဗျာ။ ကဲ အမိတို့ ကျောင်းစာတွေပဲ အာရုံစိုက်မနေနဲ့ ပြင်ပ ဗဟုသုတလေးတွေလည်း ဖတ်ကြဦး"

"အကိုကြီးက အရမ်းဉာဏ်ကောင်းတာပဲနော်။
အကုန်လုံးကို သိနေတော့တာ။"

"သိမှာပေါ့ဟ။ သူက The whole burma top 2လေ။"

"တကယ်"

"အင်း။"

ကောင်မလေးတွေ အချင်းချင်း မေးလိုက်ဖြေလိုက်လုပ်နေကြတာကို ကြည့်ပြီး သူကခပ်ပြုံးပြုံးဖြင့်သာနေသည်။ အကို့မျက်လုံးတွေမှာရှိတဲ့ ပိရိသေချာနေသည့်ဟန်က ဘာကို ပိုင်နိုင်လို့ ပိုင်နိုင်နေမှန်းမခန့်မှန်းတတ်ပါ။

"ဟေ့ အဝန်း။ ဒီမှာကလေးတွေအများကြီးရှိတယ်လေကွာ။ မင်းကလည်းပဲ အဲ့ဒီမှာကြည့်ထိုင်မနေနဲ့ဟ"

"ကိုသူ,တို့က လုပ်ပြီဗျာ။ ဒီမယ် ညီမလေးတွေနဲ့ စကားကောင်းနေလို့ဗျ။ မနက်ပိုင်း တစ်ပိုင်းလုံးလဲ ကိုယ် ပြေးလွှားခဲ့ပြီးပြီလေ။ အခုတော့ နားပါရစေဦး။"

အကို့ရဲ့အပြောကို ကျွန်တော်နှင့် မလှမ်းမကမ်းမှာ ရပ်ပြီး အော်နေတဲ့သူက ခေါင်းငြိမ့်လိုက်ရင်း သူ့ကိုကြည့်နေသည့် ကျွန်တော့်အား..
"မင်းလည်း ပထမနှစ်လား ညီ။" ဟု မဆီမဆိုင်နှင့် မေးလာလေသည်။

"ဟုတ်ကဲ့..."

ပထမနှစ်ကျောင်းသားဆိုတော့ ကျောင်းထဲမှာ ကိုယ်နှင့်ရွယ်တူကလွဲရင် ကျန်တာ အကုန်လုံးက အကြီးတွေမို့ တရိုတသေနှင့်ပင် ဖြေလိုက်သည်။

"ဒါဆို ဟိုမှာထိုင်နေတဲ့ သူဆီသွားလိုက် ညီ။
မင်းအတွက်လိုအပ်တာမှန်သမျှ သူ့ကို ပြောလို့ရတယ်"

မိန်းကလေး ၃ယောက်အလယ်မှာ ထိုင်နေတဲ့ အကို့ထံ လက်ညှိုးညွှန်၍ ပြောသည်။ စာအုပ်ဝယ်တဲ့ကိစ္စမှာ အတန်းကြီးတွေရဲ့အကူညီကို ယူရသည်လို့တော့ ကြားဖူးပေမယ့်လည်း အကို့ဆီကနေ ထိုသို့ အကူအညီရမည်ဟု မထင်ခဲ့ပါ။

"လာလေ ညီ။
ဒီမှာ ခဏထိုင်ရအောင်။
ဒီအချိန် ကျောင်းသားရေးရာက လူရှုပ်တယ်"

အကိုက သူထိုင်နေသည့် နေရာကို လှမ်းခေါ်ပြီး ဤသို့ပြောသည်မို့ ကျွန်တော်လည်း သူရှိရာသို့ ရွေ့လျားသွားလိုက်သည်။ အကြောင်းပြချက်တွေမရှိပဲ အကိုကခေါ်သည်မို့ ကျွန်တော်က သွားချင်ပါ။ ကျွန်တော့် ခြေလှမ်းတွေ ရွေ့လျားနေတဲ့ ထိုအချိန်မှာ ကျွန်တော့်စိတ်ထဲမှာရှိသည်က အကိုကလှမ်းခေါ်သည်ဆိုတာတစ်ခုပါပဲ။ စာအုပ်ဝယ်မည့် ကိစ္စတွေ ဘာတွေ ရှည်ရှည်ဝေးဝေးမတွေးမိသေး။ အကိုတစ်ယောက်ကိုသာ ရှေးရှုပြီး ထိုနေရာမှာ သွားထိုင်ခြင်းဖြစ်သည်။

"ညီက ဘယ်ကလာတာလဲ။
ဒီမြို့ပေါ်ကပဲလား.."

ပုဆိုးနဲ့ လည်ကတုံးကို ဝတ်ဆင်ထားသော ထိုကောင်လေးသည် နယ်ဖြစ်လောက်သည်ဟု ခန့်မှန်းမိသော်လည်း စကားကို လှအောင်မေးဖြစ်သည်။

"ပုပ္ပါးကပါ။ ကျွန်တော့်နာမည်က စန္ဒသော်ကအောင်ပါ။"

ကျွန်တော့်နာမည်အဆုံးမှာ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ မိန်းကလေးသုံးယောက်သည် ခိုးခိုးခန့်ခန့်နှင့် ရယ်သွေးလေသည်။

"ကိုယ့်နာမည်က ရောင်နီဝန်းပါ"

ထိုသို့ ပြောပြီး အကိုက လက်ကမ်းလိုက်တဲ့အချိန်မှာ ကျွန်တော့်မျက်လုံးထဲမှာ လင်းလက်သွားတဲ့ အကို့ပုံစံက တကယ့်ရောင်နီဝန်းပမာ လင်းလက်လွန်းသည်။

ယောင်ယောင်မှားမှားနှင့် အစဥ်မသင့်သလို ဖြစ်သွားတဲ့ ကျွန်တော့်လက်ကို ပိုင်နိုင်စွာ ဆွဲကိုင်ပြီး အကိုက နှုတ်ဆတ်လေသည်။

"ပုပ္ပါးဆိုတော့ နတ်တောင်အရပ်က လာတာပဲ"

"ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား
စုံတောပြား၌၊ နံ့ရှာကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုမှား ပန်းစံကား။

ပုပ္ပါးမှာ စကားပန်းတွေရှိတယ်လို့ပြောကြတယ်။
သမီးဖြင့် တစ်ခါမှတောင် မမြင်ဖူးဘူး"

"ပုပ္ပါးမှာ စကားပန်းတွေရှိပါတယ် ပန်းသွဲ့သွဲ့အေးရ။"

"အကိုကြီးကလည်း ဒီနာမည်ကို အစအဆုံးမခေါ်ပါနဲ့ ဆိုမှပဲ။"

ကဗျာရွတ်တဲ့ မိန်းကလေးအား အကိုက နာမည်အပြည့်အစုံခေါ်သည်။ ပန်းသွဲ့သွဲ့အေး တဲ့။ နာမည်က လှပါသည်။ သို့သော်လည်း ခေါ်ရလည်း ထူးဆန်းသလို၊ ကြားရသူမှာလည်း အဆန်းတကြယ်ဖြစ်ရသည်။ ဒါကို အကိုက ပြုံးစစနှင့်နာမည် ခေါ်တော့ ကောင်မလေးက ရှက်နေပုံရသည်။

"ကဲ ကိုစန္ဒသော်ကအောင် လည်း ရွတ်ပါဦး။
ပုပ္ပါးမှာနေတာဆိုတော့ ပုပ္ပါး အကြောင်းကို ဖွဲ့နွဲ့ပြပါဦး။ ဒါမှ ပုပ္ပါးက ဘယ်လောက်ထိ လှကြောင်း ကိုယ်တို့သိရမှာ။"

"ပန်းသွဲ့သွဲ့အေး၊ ကိုစန္ဒသော်ကအောင်" အကိုကတော့ တမင်များခေါ်နေသလားပဲ။

"ဟဲ့ နင်ကဗျာမရွတ်တတ်ရင်လည်း ဘာမှမဖြစ်ဘူးနော်။ ငါလည်း မရွတ်တတ်ဘူး။"

"ငါရောပဲ။"

ပန်းသွဲ့သွဲ့အေး ဘေးမှ ကောင်မလေးနှစ်ယောက်က ကျွန်တော့်ကို ကဗျာမရွတ်တတ်ဘူး ထင်၍ အားပေးစကားပြောလာသည်။ ထို့ကြောင့် ရွတ်သင့်မရွတ်သင့် စဥ်းစားရင်း အကို့ဆီကို ကြည့်မိလိုက်တော့ အကိုက ကျွန်တော့်အား မျှော်လင့်ချက်တွေနှင့် ကြည့်လို့နေသည်။

အကို့မျက်လုံးတွေ ပြောနေသည်က ကဗျာတွေကို သိပ်ချစ်သည်တဲ့။ အကိုက ကဗျာတွေကို ချစ်သည်တဲ့။ ထို့ကြောင့် ဘာကိုမှမစဥ်းစားတော့ပဲ အကိုချစ်တဲ့ ကဗျာတွေကို ကျွန်တော် ရေရွတ်ပြမိသည်။

"ပုပ္ပါးတောင်သည်
ရွှေတောင်တည့်လေ။

ရွှေတောင်ပတ်ကုံး
စံကားပင်နှင့်ဖုံး
တောလုံးရနံ့ကြိုင်လှိုင်လေစွ။"

"ဆက်ရွတ်လေ သော်ရ။
မင်းရွတ်တာ နားထောင်လို့ကောင်းတယ်။"

ကဗျာနှစ်ပိုဒ် ရွတ်လိုက်ခြင်း၏ အကျိုး ရလာဒ်အနေဖြင့် အကို့ဆီကနေ ကျွန်တော့်အတွက် သီးသန့်အခေါ်ဝေါ်လေး ရလာခဲ့သည်။ "သော်" တဲ့။ အကိုခေါ်တဲ့ ဤနာမ်စားကို ကျွန်တော့်အပေါ် ဘယ်သူမှ ထပ်ပြီး အသုံးမပြုစေရဟု တွေးထားသည်။ပြီးနောက် အကိုနဲ့နောက်ထပ် တွေ့ချင်သေးသည်မို့...
"ကျွန်တော့် အဆောင်ကိုလာလည်လေ။
ကျွန်တော် ရွတ်ပြမယ်"

ကဗျာရွတ်တာကောင်းသော ကောင်လေး၏ အသံကို အဝန်းတော်တော်ကို သဘောကျမိသည်။ ကဗျာရွတ်တဲ့ တစ်လျှောက်မှာ ငြိမ်သက်နေတဲ့သူ့အသံက ကြားရသူအပေါ်မှာ အင်မတန်စွဲဆောင်အားကောင်းသည်။ ဤသို့အသံပိုင်ရှင်ကို မျက်မြင်ကိုယ့်တွေ့ မြင်တွေ့လိုက်ရသည့်အတွက် အဝန်းတော်တော်လေး ပျော်မိပါသည်။

"ကိုယ်လာခဲ့ပါ့မယ်။ မင်းအဆောင်က ဘယ်နားမှာလဲ"

"နန်းရှေ့က ဒေါ်မြင့်နှင့်သားများ အဆောင်ပါ။"

"အတော်ပဲ ကိုယ်လည်း အဲ့ဒီမှာနေတာ။
စာအုပ်ဝယ်ပြီးရင် အတူတူပြန်ကြမလား သော်။"

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဘယ်ကရောက်လာမှန်းမသိတဲ့ ပီတိအဖြာဖြာတို့နှင့်အတူ ရွှင်လန်းနေတဲ့ ကျွန်တော်နှင့်အကိုက ဝါသနာတူတွေဖြစ်လေမလားပဲ လို့ ကျွန်တော်တွေးနေမိရင်း အကို့မျက်နှာကို မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်။

"ကဲ အကိုတို့ ကျွန်မတို့ရှိနေတာရော သိကြသေးရဲ့လား။ တကယ်ပဲ သူတို့နှစ်ယောက်ထဲရှိတာကြလို့။"

"အေးလေ သိမ့်သိမ့်စိုးသူ ပြောတာမှန်တယ်။
အကိုကြီးကလည်း သမီးတို့ကိုကျတော့ ဟိုမေးဒီမေးနဲ့ ဒီက စန္ဒသော်ကအောင်ကိုလည်း မေးကြည့်ပါဦး။ "

"အောင် လို့ခေါ်ရင် ရပါတယ်ဗျာ။
ကျွန်တော်နာမည်ခေါ်ရတာ မောမှာစိုးလို့"

"ဟုတ်သားပဲ ငါ့ကိုလည်း သိမ့်သိမ့်လို့ခေါ်ရင်ရပါတယ်ဟယ်။ ဘယ်နှယ့်ကြောင့် အပြည့်အစုံကြီး ခေါ်နေတယ်မသိဘူး။"

တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတဲ့ ဒီပထမနှစ်လေးယောက်ကို ကြည့်ပြီး အဝန်းရယ်ချင်မိသည်။ စုံလည်း စုံတတ်ပါ့။ စန္ဒသော်ကအောင်၊ ပန်းသွဲ့သွဲ့အေး၊ သိမ့်သိမ့်စိုးမြင့် နောက်တစ်ယောက်က လေပြေနုသွေးတဲ့။

"အကိုကြီး မေးလေ။"

သူတို့နာမည်တွေ တွေးပြီး အသိစိတ်မကပ် ဖြစ်နေတဲ့ အဝန်းကို ပန်းသွဲ့သွဲ့အေးက လက်မောင်းကို ရိုက်ပြီး အသိပေးလေသည်။

"အင်း။ ရှင်မဟာရဌသာရ မောင်မောက်ဘဝက သဘောကျခဲ့တဲ့ အမျိုးသမီးကို သော်သိလား"

အဝန်း သိပ်လေးထားတဲ့ ဘဝအရှင်ဖြစ်သော အရှင်မြတ်အကြောင်းကို သော့်ထံသို့ မျှော်လင့်တကြီးနှင့်မေးမိသည်။ အဝန်းကမေးခွန်း မေးသည်မှန်သော်လည်း ဒီမေးခွန်းကို ဖြေပေးမည့် သော်ကလည်း အဖြေမှန်ပေးနိုင်ပါစေလို့ပါ ဆုတောင်းနေမိသည်။

"ဝဏ္ဏပဘာလေ။

အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော်၊
ထင်ပေါ်ဘုန်းပျံ့သင်း။

အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော်
နတ်သော်ပုံမယွင်း။

အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော်
စန္ဒာလနှယ်ဝင်း။"

ဝဏ္ဏပဘာတင်မဟုတ်ပဲ ကဗျာအထိပါ သိနေပါသော သော့််ကို ရောင်နီဝန်းသည် မျက်ရည်တွေဝဲပြီး ကြည့်ကာ ကဗျာအဆုံးမှာ စားပွဲပေါ်တင်ထားတဲ့ သော်လက်တို့အား ဆုပ်ကိုင်လိုက်သည်။

"သော်ရာ မင်းနဲ့တွေ့ရတာ ကိုယ်တော့ သိပ်ပျော်တာပဲ။ ကိုယ့်ဆီကို ရောက်လာပေးလို့ ကျေးဇူးကွာ"

"ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် အကို"

ဘာကိုကျေးဇူးတင်ရမှန်း မသိသော်လည်း အကိုပြောသလိုပဲ အကိုနဲ့တွေ့ခွင့်ရတာကိုက တော်တော်လေး ကျေးဇူးတင်ဖို့ကောင်းပါသည်။ ကံကြမ္မာစောင့်နတ်သမီး အက်ရှာတာကို တော်တော်လေး ကျေးဇူးတင်မိပါသည်။

"ဒါဆို စာအုပ်သွားထုတ်ရအောင်လေ။
မဟုတ်ရင် နောက်နေ့မှ ထုတ်နေရလိမ့်မယ်"

မိန်းကလေး သဘာဝ ပူပန်တတ်သည်မှာ အဆန်းမဟုတ်တာမို့ ရောင်နီဝန်းကပဲ သူတို့ပထမနှစ် လေးယောက်ကို ကျောင်းသားရေးရာသို့ လိုက်ပို့ပေးပြီး စာအုပ်ထုတ်သည့် ကိစ္စအဝဝကို စီစဥ်ပေးလိုက်သည်။

လူတော်တော်ရှုပ်သည်မို့ ညနေစောင်းလောက်မှ စာအုပ်ရသည်။ ဒါတောင် အလောကြီးလှပါတယ်ဆိုတဲ့ လေပြေနုသွေးအတွက်က စာအုပ်က အခုထိမရသေးသည်မို့ ကျန်တဲ့သုံးယောက်က အပင်ရိပ်မှာ ထိုင်စောင့်နေကြသည်။ အဝန်းကတော့ သူမလေးတစ်ယောက်ထဲဖြစ်နေမည်မို့ စာအုပ်ထုတ်တဲ့နေရာမှာပဲ ရပ်စောင့်နေပေးဖြစ်သည်။

"အကိုကြီး.."

"ဟင်"

"သမီးစာအုပ်ရပါ့မလားဟင်။
ဒီနေ့မရပဲ နောက်ရက်မှရရင် သမီးတော့ဒုက္ခပါပဲ။
သူများထက် စာကြည့်တာ နောက်ကျတော့မှာ။"

စာအုပ်ရရင်တောင်မှ စာအုပ်လှန်မကြည့်တဲ့သူတွေ ဒုနဲ့ဒေးဖြစ်နေတဲ့ အခုခေတ်ကာလမှာ စာကြည့်နောက်ကြမှာစိုးလို့ ငိုချင်သလိုလိုဖြစ်နေတဲ့ လေပြေနုသွေးကို ကြည့်ပြီး အဝန်းမှာ စိတ်မကောင်းဖြစ်ရသည်။ ကျောင်းစာမှ အရေးကြီးတယ်လို့ ပုံသွင်းထားတဲ့ မိဘတွေလက်ထဲမှာ ရှင်သန်ခဲ့ရသည့် ဒီကလေးမ ဘဝက တော်တော်လေးကို ပင်ပန်းခဲ့မှာပင်။

ကိုယ့်မှာကလည်း ညီမနှစ်ယောက်ရှိသည်မို့ ဒီကလေးမလေးကို လောကဆိုတဲ့အလှတရားအကြောင်းကို ဖွင့်ပြောပြပြီး သိစေချင်မိသည်။

"ဘဝမှာ အရေကြီးဆုံးကဘာလဲ လေပြေသိလား"

"ကျောင်းသူအရွယ်မှာ စာက အရေးကြီးဆုံးပဲ အကိုကြီး။ သူများထက် နောက်ကျမှာမျိုးကို သမီးမလိုချင်ဘူး တကယ်။  လူလူချင်းအတူတူမှာ သမီးအရှုံးချင်ဘူး"

"ဒါဆို ၁၀တန်းမှာ လေပြေ့ထက် အမှတ်များတဲ့သူ,မရှိဘူးလား။ "

"အကိုကြီးက Top 2ဖြစ်ခဲ့တော့ နှိမ်တယ်ပေါ့။
ဒီက အကိုကြီးလောက်တော့ မဟုတ်ပေမယ့်လည်း
သမီးတို့မြို့တစ်မြို့လုံးမှာ သမီးအမှတ်အများဆုံးဖြစ်ခဲ့တာပါနော်။"

"ပျော်ခဲ့လား လေပြေ။
၁၀တန်းမှာ ပျော်ခဲ့လား။"

ရောင်နီဝန်းရဲ့ ပျော်ခဲ့လားဆိုသော အမေးကြောင့် လေပြေနုသွေးမှာ ဘာပြောရမှန်းမသိဖြစ်သွားရသည်။ ပျော်ခဲ့လားတဲ့။ စာကျက်နေရလို့ ပျော်တဲ့သူရှိမည်ဆိုရင်တောင်မှ ထိုထဲမှာတော့ လေပြေမပါခဲ့ပါလေ။ စာကျက်မှ အနာဂတ်ကောင်းရမည်ဆိုလို့သာ ကျက်ခဲ့ရတာ။ အပျော်ဆိုတာတွေ ဘယ်ဆီမှာ ရှိနေမှန်းတောင် မသိခဲ့ရ။

အိပ်ချိန်ဆိုတဲ့ တစ်နေ့လုံးမှာမှ ၁နာရီကျော်သာရှိခဲ့ရတဲ့ နေ့ရက်တွေအကြောင်းကို ပြန်မတွေးချင်။ သို့သော်လည်း ထိုသို့ ငရဲတွင်းကနေလွတ်တော့ ပင်ပန်းခံခဲ့ရတဲ့ အကျိုးအနေနဲ့ ဒီကျောင်းကို ရောက်ခဲ့ပြီပဲ။ အခု ပျော်လားလို့မေးလာတော့...
"ဆေးတက္ကသိုလ် တတ်ခွင့်ရခဲ့လို့ ပျော်ပါတယ်"

" ဆေးတက္ကသိုလ် တဲ့လား။
အင်း။ ဒီအပြောကို မှတ်ထားမယ်ကွာ..."

"အကိုကြီး စကားကလည်း...."

ထိုသို့ပြောပြီး ဆက်ပြောရန်အလုပ်မှာ...
"လေပြေနုသွေး စာအုပ်ထုတ်လို့ရပါပြီ"

စာရေးမရဲ့အသံကြောင့် ရောင်နီဝန်းနှင့် လေပြေနုသွေးတို့ရဲ့ စကားဝိုင်းက ပြတ်တောက်သွားသည်။ နာမည်ခေါ်သံကြောင့် မျက်လုံးလေးတွေ လက်ပြီး ထွက်သွားတဲ့ လေးပြေနုသွေးရဲ့ကျောပြင်ကို ရောင်နီဝန်း သနားသလိုကြည့်မိသည်။

အတုအယောင် ပျော်ရွှင်မှုတွေနဲ့ သာယာစေခဲ့တဲ့ မိဘတွေရဲ့ လှည့်ဖျားမှု ဒဏ်ကို ပင်ပန်းခံမှုတွေနှင့် လဲလှယ်နေရတဲ့ လေပြေနုသွေးရဲ့ဘဝကို အဝန်းအလွန်အမင်း စိတ်မကောင်းဖြစ်ရပါသည်။ ပင်ပန်းမှုတွေနဲ့ လဲလှယ်မှရတဲ့ ပျော်ရွှင်မှုမှာ သာယာနေတဲ့ သူမသည် ဘယ်လောက်တောင်များ ပင်ပန်းခဲ့လိမ့်မလဲ။

ထိုသို့တွေးနေစဥ်မှာပင် ရောင်နီဝန်းရဲ့ ဖုန်းလေးက အသံနှင့်တကွ တုန်ယီလာသည်။

"Hello..."

"Hello အဝန်းလား။ ငါ ငါ အကွေး..."

Speakerဆိုတဲ့ ခလုတ် နှိပ်မထားသည့်တိုင် လျှံထွက်နေတဲ့ အကွေးရဲ့အသံ။

"အေး ဘာလုပ်နေလဲ နင်။"

"အလင်းလေ ကျူရှင်လိုက်တတ်တာကို
လက်ရေးလှတယ်သိလား။ ဝိုင်းနေတာပဲတဲ့။"

"နင်ရော..."

"ငါလား အခု လမ်းထိပ်မှာလေ။
နင့်ကို ဖုန်းလာဆက်တာ။ အမေအိတ်ကပ်ထဲကနေ ၅ရာတန် ထွက်ကျတာလေ။ တော်သေးတယ် ငါတွေ့လို့ပေါ့။"

"အင်း။ ဒါဆို နင်ပြန်ပေးလိုက်တယ်ပေါ့။"

အကွေးနဲ့ ဖုန်းပြောနေစဥ်မှာ စာအုပ်ထုတ်ပြီး ပြန်လာပြီဖြစ်တဲ့ လေပြေနုသွေးက အဝန်းရဲ့ဘေးမှာ ရပ်နေသည်မို့...
"ဟိုအနားကို သွားမယ်လေ" ဟု ဖုန်းနှင့်ခွာပြီး ပြောလိုက်ရသည်။

"ဟုတ်..."ဟု ဆိုကာ လေပြေနုသွေးက အဝန်းနှင့်ဘေးချင်းယှဥ်လျှောက်ပြီး အဝန်း၏အပြောတို့အား နားစွင့်နေသည်။

"အင်း။ နင်မှန်တယ်။
နောက်လည်း အဲ့လိုပဲဆက်လုပ် အကွေး"

"အင်းပါ။ အခု နင့်ဆီဖုန်းဆက်ပြောခ ၃ရာပေးရမှာလေ။ ကျန်တဲ့ ၂ရာကိုက ကြက်ဝယ်ဖို့စုထားမှာ။ ကြက်ကနေ ကြက်ဥတွေရ၊ ကြက်ဥတွေကနေ ကြက်တွေဖြစ်...ငါတော့ ပိုက်ဆံတွေတော်တော်ရမှာပဲ။"

လေထဲမှာ တိုက်အိမ်ဆောက်နေပါသော အကွေးကြောင့် အဝန်းမှာ ရယ်ချမိသည်။

"ဟားဟားးး.....နင့်ဟာကလည်း။
နေပါဦး နင်အခုက ကျောင်းသွားရမှာမဟုတ်ဘူးလား။"

"ထမင်းစားချိန်ဆင်းတာလေ။ အယ်..သွားပြီ သွားပြီ ကျောင်းတတ်နေပြီ။ ငါသွားတော့မယ်နော်။ "

"အင်း ဖြည်းဖြည်းသွားဦး။ပြေးသွားရင်လည်း ရပါတယ် ပြေးတော့..."

ဖုန်းချပြီးနောက်မှာ အဝန်းဘေးပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့ အဝန်းကို မော့ကြည့်နေကြတဲ့ ပထမနှစ် လေးယောက်နှင့် အကြည့်စုံသည်။

"ကိုယ့်ညီမပါ။"

"သြော်..မသိပါဘူး။
အကိုကြီးပုံက ရည်းစားနဲ့ဖုန်းပြောသလို ရွှင်မြူးနေလို့"

"နင်ကဘယ်လိုသိလဲ။ ရည်းစားနဲ့ပြောရင် ရွှင်မြူးတယ်ဆိုတာ"

ပက်ခနဲပြန်မေးတဲ့ သိမ့်သိမ့်စိုးမြင့်ရဲ့ အမေးကြောင့် ပန်းသွဲ့သွဲအေး ခင်ဗျာမယ် မျက်ဆံလေးတွေ ရွေ့လျားပြီး ဖြေရခက်လို့နေသည်။

ဒီလိုပါပဲလေ။ ပထမနှစ်ဆိုတာက အရာရာမှာ အထူးအဆန်းကြည့် ဆိုသလိုဖြစ်နေသည်။ မနက်ကမှ ဆုံကြတဲ့ သူတို့မိန်းကလေးသုံးယောက်က ကျောင်းကအပြန်မှာ အဆောင်မတူသော်လည်း အတူတူပင် ပြန်သွားကြလေသည်။

ကျန်ခဲ့တဲ့ သော်နှင့် အဝန်းကလည်း ကျောင်းတံခါးဆီသို့ အတူထွက်လာကြသည်။

"ထမင်းဝယ်ဦးမလား သော်။"

"လမ်းသင့်ရင် ဝယ်ချင်တယ် အကို။
ကျွန်တော် နေ့လယ်စာကို မစားရသေးတာဗျ။"

"အစောက ပြောရောပေါ့ သော်ရယ်။
ကိုယ်တို့က မုန့်နဲ့အအေးသောက်ထားသေးတာ။
သော်မလာခင်လေးတင်။"

"ပြောဖို့ဟာက..."

ဆက်မပြောတော့ပဲ ငြိမ်လိုက်တဲ့ သော့်ကိုကြည့်ပြီး ရောင်နီဝန်း သဘောပေါက်သွားကာ ပြုံးစစဖြင့် ခေါင်းငြိမ့်ရင်း...
"မိန်းကလေးတွေ ရှိတော့ ရှက်တယ်ဆိုပါတော့"

"..."

ထိုသို့ပြောတော့လည်း သော်က ဘာမှပြန်မပြောပဲ ခေါင်းကို အောက်ငုံ့သွားလေသည်။ ဒီကောင်လေးကို ကြည့်ရတာ မိန်းကလေးအဖော် မရှိဖူးဘူးထင်ပါရဲ့။ သိမ့်သိမ့်စိုးမြင့်တို့နဲ့ သုံးယောက်သား အပင်အောက်မှာ ထိုင်နေတုန်းကလည်း တစ်ချက်တစ်ချက် ဒီကောင်လေးကို လှမ်းကြည့်မိရင် မြင်ရသည်က မြေပြင်ကို တမော့တမော ကြည့်နေသည်သာ။

ကြည့်ရတာ ရိုးရိုးသားသားလေး ထင်ရပါသည်။

"သော်က တစ်ဦးတည်းသော သားလား။"

"ဟုတ်တယ် အကို။
ကျွန်တော့်မှာ မွေးချင်းမရှိပါဘူး"

အဝန်းရဲ့ မေးခွန်းက လမ်းမှန်သွားသည်ထင်ပါတယ် သော်က ပြန်မော့ကြည့်လာပြီး စကားပြန်ပြောသည်။ မိန်းကလေးတွေနဲ့ ပက်သတ်ပြီး သော့်ပုံစံက အနည်းငယ် အေးဆေးပြီး စိမ်းသက်လို့နေသည်။ ထို့ကြောင့် သော်နဲ့အဆင်ပြေမည့် စကားတို့ကိုသာ ရွေးချယ်လိုက်ပြီး.....

"ဒါဆို ကိုယ့်ကို အကိုအရင်းလိုပဲ သဘောထားပေါ့။
ကိုယ့်မှာတော့ မွေးချင်းသုံးယောက်ရှိတယ်။ အငယ်နှစ်ယောက်လေ။ အကိုက အကြီးဆုံး။ ညီမနှစ်ယောက်နဲ့....အဖေတစ်ယောက် အမေတစ်ယောက်"

"ဟော အကိုကလည်း ကျွန်တော်က အဟုတ်မှတ်လို့။ ဘယ်သူ့မှာက အဖေနှစ်ယောက်၊ အမေနှစ်ယောက် ရှိလို့လဲ.."

"အယ် ကိုယ်တကယ်ပြောတာ သော်ရ။
ကိုယ့်မှာ အဖေတစ်ယောက်ပဲရှိတာလေ။
အမေကလည်း တစ်ယောက်တည်းရယ်။
သော့်လို ညီလေးတစ်ယောက်တော့မရှိဘူး"

"အကိုဗျာ..."

"ဟားဟားးးး..."

အူအူလည်လည်လေးဖြစ်နေတဲ့ သော့်မျက်နှာဟာ ၁၆နှစ်ကျော်ဆိုတဲ့ အရွယ်မှာ ရှိသင့်တဲ့ နုပျိုမှုတွေအပြည့်နှင့်ဖြစ်သည်။ မအူမလည်လေးနဲ့ သော်က တကယ့်ကို အပြစ်ကင်းသည်။

"ကျွန်တော့်ကို စနေတာ ပျော်ဖို့ကောင်းလား အကို"

"အင်း။ သော်က တကယ့်ကို ရယ်စရာလေး။
ဟားဟားးးး...."

တက္ကသိုလ်မြေ စနင်းတဲ့ ထိုနေ့တွင် ကျောင်းဝင်ပေါက်တံခါးမှာ ဖြန့်ကျဲပေးတဲ့ အကို့ ရယ်သံတို့ကြောင့်  ပျော်ရွှင်ဖွယ်အတိပြီးတဲ့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာကို ကျွန်တော့်နှလုံးသားက လှိုက်ဖိုစွာနှင့် ခံစားခွင့်ရခဲ့သည်။

ဒီနေ့မှစပြီး အကို့ရယ်သံတို့ဖြင့် လွှမ်းခြုံခဲ့တဲ့ ဤတက္ကသိုလ်ရဲ့ အဝင်လမ်းကို ဖြတ်သွားတဲ့အခါတိုင်း ကျွန်တော်တော့ကြည်နူးလို့မဆုံး ဖြစ်နေတော့မည်။ ရယ်မောနေတဲ့ အကို့ကို မြင်ခွင့်ရခဲ့သည့် ဤနေရာ။

"ဒီဆိုင်ပဲ သော်။ မင်း ဘာစားမလဲ"

"ရှမ်းခေါက်ဆွဲ တစ်ပွဲ"

"အိုကေ။ အန်တီရေ ရှမ်းတစ်ပွဲနဲ့ ဆန်းစေးတစ်ပွဲပေးပါ။"

ထိုသို့မှာပြီးနောက်မှာတော့ ရောင်နီဝန်းနှင့် သော်တို့ နှစ်ဦးသားသည် ငြိမ်သက်စွာနှင့် စောင့်ဆိုင်းနေကြသည်။ သိပ်မကြာခင်တွင် စားပွဲထိုးကောင်မလေး လာချပေးပါသော ရှမ်းတစ်ပွဲနှင့် ဆန်စေးတစ်ပွဲကို စားဖို့ရန်အတွက် စားပွဲပေါ်တွင် အသင့်တင်ထားပါသော တူကို ဖောက်ပြီးနောက်တွင် အဝန်းက သော့်ထံသို့ ကမ်းပေးသည်။

"ဖြည်းဖြည်းစား သော်......"

တူတစ်စုံ ကမ်းပေးခြင်းနှင့်အတူ ပါလာပါသော အပြုံးတို့ဟာ လင်းတလက်လက်နှင့် မျက်တောင်ခေတ်လို့မရအောင် ပြုစားထားလေသည်။

"ရော့လေ..."

"သြ.."

ယောင်ယောင်မှားမှားနဲ့ တူကိုလှမ်းယူလိုက်တော့ ထိမိသွားတဲ့ အဝန်းလက်ချောင်းရဲ့ နေရာတစ်ချို့ကြောင့် သော့်မှာ တုန်ယင်လို့နေသည်။ သို့သော်လည်း ဘယ်နေရာက တုန်နေမှန်းမသိပါ။

"သော်...ဟေ့ သော်"

ခုံကို ရိုက်ပြီး ခေါ်တဲ့ "ဟေ့ သော်" ဆိုတဲ့အသံကြောင့် သော့်လက်ထဲက တူအစုံဟာ အဖော်ကွဲသွားရသည်။ လက်ထဲမှာ ရှိတဲ့တူတစ်ချောင်းကို မြဲမြံနေအောင်ဆုပ်ကိုင်ပြီး...
"ဟုတ်ကဲ့ အကို"

"ဘာတွေတွေးနေတာလဲ သော်ရ။
ကဲ ရော့ ဒီမှာ"

အောက်ကျသွားတဲ့ တူတစ်ချောင်းအတွက် ကျန်တဲ့တစ်ချောင်းကိုပါ စွန့်ပစ်လိုက်ရပြီး အကို အသစ်ကမ်းပေးတဲ့ တူအစုံကို လှမ်းယူလိုက်ရသည်။

"နှံ့အောင် မွှေပြီးမှ စား ကောင်လေး။
မဟုတ်ရင် စားမကောင်းပဲနေမယ်။"

ခေါင်းကို ငြိမ့်ပြပြီး အဝန်းပြောသလိုပဲ ရှမ်းခေါက်ဆွဲကို တူဖြင့် ထိုးမွှေးနေပါသော စန္ဒသော်ကအောင်။

ရှမ်းခေါက်ဆွဲ ပန်းကန် ကုန်သွားသည့်တိုင် ရေနွေးခွက်ကို လက်လှမ်းဖို့ သတိမရတဲ့ သော့်ကြောင့် အဝန်းကပဲ သတိပေးလိုက်ရသည်။

"ရေနွေးသောက်ဦး သော်။"

အအေးခံပေးထားတဲ့ ရေနွေးခွက်ကို လက်ဖြင့် တိုးပေးရင်း သော်ရှေ့သို့ ပို့ပေးလိုက်တော့ သော်ကဆတ်ခနဲ ကောက်ကိုင်ပြီး မော့ချသည်။ တော်သေးသည် စထိုင်သည့်အချိန်ထဲက အအေးခံထားသည်မို့။ မဟုတ်ရင် သော်လုပ်ပုံနှင့်ဆို သော့်လက်ပူပြီး ခွက်ပါ ကျကွဲနိုင်သည်။

"ဘာဖြစ်နေတာလဲ သော်။
တစ်ခုခု အဆင်မပြေလို့လား။
အကို့ကို ပြောလေ...."

"မဟုတ် မဟုတ်ပါဘူး အကိုရ။
ဒီတိုင်း ကျွန်တော်အတွေးများနေလို့ပါ"

အကို့ကြောင်းလို့ မပြောမိအောင် ပါးစပ်အသေအချာထိန်းပြီး ပြောရသည်မို့ သော့်စကားတို့က လေးတွဲ့တွဲ့ဖြစ်နေသည်။

"နောက်မှ တွေးပါကွာ။
အခုတော့ ပိုက်ဆံရှင်းပြီး အဆောင်ပြန်ရအောင်"

"ဟုတ်ကဲ့ အကို..."

"ဟုတ်ကဲ့ အကို"

သော်ပြောသလိုမျိုး တစ်ထပ်တည်းလိုက်ပြောပြီး ပြောင်စပ်စပ်လုပ်နေတဲ့ ရောင်နီဝန်းရဲ့ပုံစံဟာ တကယ့်ကို အူယားစရာလေးဖြစ်သည်။

"အကိုကလည်းဗျာ...."

"အကိုကလည်းဗျာ...."

"ကျွန်တော်က ဒီတိုင်း"

"အင်း။ ငါကလည်း ဒီတိုင်း"

"အဲ့လိုမဟုတ်...."

"အဲ့လိုလည်း မဟုတ်သေး..."

အဝန်းက "အဲ့လိုလည်း မဟုတ်သေး" ကို ရှေးခေတ်က တိုင်းရင်းဆေးဆရာကြီးတွေရဲ့ လေသံနှင့် ပြောလေတော့ သော့်မှာ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပဲ ရယ်မိသွားသည်။

"အဲ့လိုမှပေါ့ သော်ရ။ မင်းကလည်းပဲ စိတ်ကို ပျော်ပျော်ထားစမ်းပါ။ ချုပ်ထိန်းရတာတွေ မေ့ထား။ ပျော်ပျော်ပဲနေ။ ဘဝကတိုတယ် သော်ရ။"

"အကိုပြောမှပဲ ကျွန်တော်တို့ ဘုန်းကြိီးကျောင်းက ဆရာတော်ကို အောက်မေ့ သွားရတယ်။"

"ကိုယ့်အသံက ဘုန်းကြီးနဲ့တူနေလို့လားကွ"

"အကိုက ဘဘုန်းထက်တောင် ပိုလို့ သံဝေဂရနေသေးတာကိုဗျ။"

"ဟားဟားးးး သော်ရာ။ မင်းပြောမှပဲ ကိုယ်လည်းတော်တော်လေး အိုသွားသလို ခံစားလိုက်ရတယ်"

"ဟားဟားးးး...."

မန္တလေးရောက်မှ ပထမဆုံးစားဖူးတဲ့ ရှမ်းခေါက်ဆွဲဆိုတဲ့ အရာကလည်း အကို့ ရယ်သံတွေနဲ့ပဲ အနားသတ်ခဲ့ရသည်။ ပထမဆုံးကြိမ်အဖြစ် ဆိုင်ထိုင်စားခြင်းက အကို့ကြောင့်နဲ့ ပျော်ရွှင်ဖွယ် အတိ ဖြစ်ခဲ့ရသည်။

(Gameမပြီးခင်မှာ နှစ်ရက်ခြားတစ်ခါ ၁၁နာရီတိုင်း ဆုံကြအောင်ပါ။ Gameပြီးရင်တော့ Daily updateနဲ့ တွေ့မယ်နော်။

ကဗျာတွေရေးရင် ရှင်းချက်အနေနဲ့ အဓိပ္ပါယ်တွေပါ ထဲ့ရေးပေးရမလား အကြံပေးပါဦးရှင်)


_______________________

Zawgyi.....

ပထမႏွစ္ေကာင္မေလးေတြၾကားမွာ ေရပန္းစားလွတဲ့ အကိုနဲ႔ ကြၽန္ေတာ္စေတြ႕ပုံက ဤသို႔ျဖစ္၏။

"ဒါဆို ကပ္ႀကီးသုံးပါးကို ညီမတို႔သိၾကလား"

အသက္(၁၆၊၁၇) အ႐ြယ္အထိ သမၺဳေဒၶဂါထာေတာ္ကို မရၾကတဲ့သူေတြရွိသည္ဆိုတာကို ကြၽန္ေတာ္သိေပမယ့္လည္း ကပ္ႀကီးသုံးပါဆိုတာကိုေတာ့ ထိုေကာင္မေလးသိေလာက္မည္ဟု ထင္မိသည္။ သူတို႔ကိုယ္တိုင္လည္း ေဆးတကၠသိုလ္ေက်ာင္းသူေတြမို႔ ဤမွ်ေလာက္ကိုေတာ့ သိေလာက္မည္။

သို႔ေသာ္လည္း ကြၽန္ေတာ္ထင္တာနဲ႔ဆန္႔က်င္စြာပင္ ထိုေကာင္မေလး သုံးဦးသည္ လက္ဖဝါးကို ၾကမ္းခင္းမွာခ်ထားၿပီး ခႏၶာကို မတ္မတ္ထားကာျဖင့္ ဟိုဟိုဒီဒီေျဖၾကသည္။

ထိုအခ်ိန္မွာ အေစာက အေမးအသံျပဳေနသူက ၿပဳံးသြားသည္။ ေတာက္ပတဲ့ အၿပဳံးေတြက ကြၽန္ေတာ့္မ်က္လုံးေတြကို မ်က္ေတာင္ခတ္ဖို႔ အခြင့္မေပး။ ကြၽန္ေတာ့္မွာ မနီးမေဝးဆိုတဲ့အေနအထားကေန မမွိတ္မသုန္နဲ႔ ေငးလို႔ၾကည့္ေနမိသည္။

အခုေန ကပ္ႀကီး(၃)ပါးက ဘာလဲဆိုတာ ကြၽန္ေတာ့္ကို လာေမးလွ်င္ ဘုန္းႀကီးေက်ာင္းသား ကြၽန္ေတာ္ေျဖႏိုင္မည္မဟုတ္ေတာ့။ ဤမွ်အထိကို ျဖစ္သြားရသည္။

"သတၳႏၲရကပ္၊ ေရာဂႏၲရကပ္၊ ဒုဗၻိကၡႏၲရကပ္ တဲ့ဗ်ာ။ ကပ္ဆိုတာ ဘာကိုေခၚသလဲ သိရဲ႕လား အမိတို႔။"

ဂ်ဴနီယာျဖစ္တဲ့ ပထမႏွစ္ေကာင္မေလးေတြအေပၚမွာ အကိုႀကီးတစ္ေယာက္လိုမ်ိဳး ေျပာျပေနသည္ကို ၾကည့္ၿပီး ကြၽန္ေတာ့္စိတ္ထဲက အလိုအေလ်ာက္ႏွင့္ အကိုဟု ေရ႐ြတ္မိသည္။ "အကို"...သူနဲ႔စကားမေျပာရေသးခင္ ပထမဆုံးအႀကိမ္ သူ႔ကိုျမင္ဖူးသည့္ထိုအခ်ိန္မွာ တည္းက ကြၽန္ေတာ့္ရင္ထဲ၊ ႏွလုံးသားထဲကေန သူ႔ကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ေခၚခ်င္ခဲ့တဲ့ ဤနာမ္စား။

"ပ်က္စီးျခင္းကို ကပ္လို႔ေခၚတယ္ဗ်ာ။ ကဲ အမိတို႔ ေက်ာင္းစာေတြပဲ အာ႐ုံစိုက္မေနနဲ႔ ျပင္ပ ဗဟုသုတေလးေတြလည္း ဖတ္ၾကဦး"

"အကိုႀကီးက အရမ္းဉာဏ္ေကာင္းတာပဲေနာ္။
အကုန္လုံးကို သိေနေတာ့တာ။"

"သိမွာေပါ့ဟ။ သူက The whole burma top 2ေလ။"

"တကယ္"

"အင္း။"

ေကာင္မေလးေတြ အခ်င္းခ်င္း ေမးလိုက္ေျဖလိုက္လုပ္ေနၾကတာကို ၾကည့္ၿပီး သူကခပ္ၿပဳံးၿပဳံးျဖင့္သာေနသည္။ အကို႔မ်က္လုံးေတြမွာရွိတဲ့ ပိရိေသခ်ာေနသည့္ဟန္က ဘာကို ပိုင္ႏိုင္လို႔ ပိုင္ႏိုင္ေနမွန္းမခန္႔မွန္းတတ္ပါ။

"ေဟ့ အဝန္း။ ဒီမွာကေလးေတြအမ်ားႀကီးရွိတယ္ေလကြာ။ မင္းကလည္းပဲ အဲ့ဒီမွာၾကည့္ထိုင္မေနနဲ႔ဟ"

"ကိုသူ,တို႔က လုပ္ၿပီဗ်ာ။ ဒီမယ္ ညီမေလးေတြနဲ႔ စကားေကာင္းေနလို႔ဗ်။ မနက္ပိုင္း တစ္ပိုင္းလုံးလဲ ကိုယ္ ေျပးလႊားခဲ့ၿပီးၿပီေလ။ အခုေတာ့ နားပါရေစဦး။"

အကို႔ရဲ႕အေျပာကို ကြၽန္ေတာ္ႏွင့္ မလွမ္းမကမ္းမွာ ရပ္ၿပီး ေအာ္ေနတဲ့သူက ေခါင္းၿငိမ့္လိုက္ရင္း သူ႔ကိုၾကည့္ေနသည့္ ကြၽန္ေတာ့္အား..
"မင္းလည္း ပထမႏွစ္လား ညီ။" ဟု မဆီမဆိုင္ႏွင့္ ေမးလာေလသည္။

"ဟုတ္ကဲ့..."

ပထမႏွစ္ေက်ာင္းသားဆိုေတာ့ ေက်ာင္းထဲမွာ ကိုယ္ႏွင့္႐ြယ္တူကလြဲရင္ က်န္တာ အကုန္လုံးက အႀကီးေတြမို႔ တ႐ိုတေသႏွင့္ပင္ ေျဖလိုက္သည္။

"ဒါဆို ဟိုမွာထိုင္ေနတဲ့ သူဆီသြားလိုက္ ညီ။
မင္းအတြက္လိုအပ္တာမွန္သမွ် သူ႔ကို ေျပာလို႔ရတယ္"

မိန္းကေလး ၃ေယာက္အလယ္မွာ ထိုင္ေနတဲ့ အကို႔ထံ လက္ညႇိဳးၫႊန္၍ ေျပာသည္။ စာအုပ္ဝယ္တဲ့ကိစၥမွာ အတန္းႀကီးေတြရဲ႕အကူညီကို ယူရသည္လို႔ေတာ့ ၾကားဖူးေပမယ့္လည္း အကို႔ဆီကေန ထိုသို႔ အကူအညီရမည္ဟု မထင္ခဲ့ပါ။

"လာေလ ညီ။
ဒီမွာ ခဏထိုင္ရေအာင္။
ဒီအခ်ိန္ ေက်ာင္းသားေရးရာက လူရႈပ္တယ္"

အကိုက သူထိုင္ေနသည့္ ေနရာကို လွမ္းေခၚၿပီး ဤသို႔ေျပာသည္မို႔ ကြၽန္ေတာ္လည္း သူရွိရာသို႔ ေ႐ြ႕လ်ားသြားလိုက္သည္။ အေၾကာင္းျပခ်က္ေတြမရွိပဲ အကိုကေခၚသည္မို႔ ကြၽန္ေတာ္က သြားခ်င္ပါ။ ကြၽန္ေတာ့္ ေျခလွမ္းေတြ ေ႐ြ႕လ်ားေနတဲ့ ထိုအခ်ိန္မွာ ကြၽန္ေတာ့္စိတ္ထဲမွာရွိသည္က အကိုကလွမ္းေခၚသည္ဆိုတာတစ္ခုပါပဲ။ စာအုပ္ဝယ္မည့္ ကိစၥေတြ ဘာေတြ ရွည္ရွည္ေဝးေဝးမေတြးမိေသး။ အကိုတစ္ေယာက္ကိုသာ ေရွးရႈၿပီး ထိုေနရာမွာ သြားထိုင္ျခင္းျဖစ္သည္။

"ညီက ဘယ္ကလာတာလဲ။
ဒီၿမိဳ႕ေပၚကပဲလား.."

ပုဆိုးနဲ႔ လည္ကတုံးကို ဝတ္ဆင္ထားေသာ ထိုေကာင္ေလးသည္ နယ္ျဖစ္ေလာက္သည္ဟု ခန္႔မွန္းမိေသာ္လည္း စကားကို လွေအာင္ေမးျဖစ္သည္။

"ပုပၸါးကပါ။ ကြၽန္ေတာ့္နာမည္က စႏၵေသာ္ကေအာင္ပါ။"

ကြၽန္ေတာ့္နာမည္အဆုံးမွာ ကြၽန္ေတာ့္ေဘးမွာ ထိုင္ေနတဲ့ မိန္းကေလးသုံးေယာက္သည္ ခိုးခိုးခန္႔ခန္႔ႏွင့္ ရယ္ေသြးေလသည္။

"ကိုယ့္နာမည္က ေရာင္နီဝန္းပါ"

ထိုသို႔ ေျပာၿပီး အကိုက လက္ကမ္းလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္မ်က္လုံးထဲမွာ လင္းလက္သြားတဲ့ အကို႔ပုံစံက တကယ့္ေရာင္နီဝန္းပမာ လင္းလက္လြန္းသည္။

ေယာင္ေယာင္မွားမွားႏွင့္ အစဥ္မသင့္သလို ျဖစ္သြားတဲ့ ကြၽန္ေတာ့္လက္ကို ပိုင္ႏိုင္စြာ ဆြဲကိုင္ၿပီး အကိုက ႏႈတ္ဆတ္ေလသည္။

"ပုပၸါးဆိုေတာ့ နတ္ေတာင္အရပ္က လာတာပဲ"

"ပုပၸါးနတ္ေတာင္၊ အေခါင္ျမင့္ဖ်ား
စုံေတာျပား၌၊ နံ႔ရွာႀကိဳင္လြင့္
ခါတန္ပြင့္သည္
ေ႐ႊႏွင့္ယိုမွား ပန္းစံကား။

ပုပၸါးမွာ စကားပန္းေတြရွိတယ္လို႔ေျပာၾကတယ္။
သမီးျဖင့္ တစ္ခါမွေတာင္ မျမင္ဖူးဘူး"

"ပုပၸါးမွာ စကားပန္းေတြရွိပါတယ္ ပန္းသြဲ႕သြဲ႕ေအးရ။"

"အကိုႀကီးကလည္း ဒီနာမည္ကို အစအဆုံးမေခၚပါနဲ႔ ဆိုမွပဲ။"

ကဗ်ာ႐ြတ္တဲ့ မိန္းကေလးအား အကိုက နာမည္အျပည့္အစုံေခၚသည္။ ပန္းသြဲ႕သြဲ႕ေအး တဲ့။ နာမည္က လွပါသည္။ သို႔ေသာ္လည္း ေခၚရလည္း ထူးဆန္းသလို၊ ၾကားရသူမွာလည္း အဆန္းတၾကယ္ျဖစ္ရသည္။ ဒါကို အကိုက ၿပဳံးစစႏွင့္နာမည္ ေခၚေတာ့ ေကာင္မေလးက ရွက္ေနပုံရသည္။

"ကဲ ကိုစႏၵေသာ္ကေအာင္ လည္း ႐ြတ္ပါဦး။
ပုပၸါးမွာေနတာဆိုေတာ့ ပုပၸါး အေၾကာင္းကို ဖြဲ႕ႏြဲ႕ျပပါဦး။ ဒါမွ ပုပၸါးက ဘယ္ေလာက္ထိ လွေၾကာင္း ကိုယ္တို႔သိရမွာ။"

"ပန္းသြဲ႕သြဲ႕ေအး၊ ကိုစႏၵေသာ္ကေအာင္" အကိုကေတာ့ တမင္မ်ားေခၚေနသလားပဲ။

"ဟဲ့ နင္ကဗ်ာမ႐ြတ္တတ္ရင္လည္း ဘာမွမျဖစ္ဘူးေနာ္။ ငါလည္း မ႐ြတ္တတ္ဘူး။"

"ငါေရာပဲ။"

ပန္းသြဲ႕သြဲ႕ေအး ေဘးမွ ေကာင္မေလးႏွစ္ေယာက္က ကြၽန္ေတာ့္ကို ကဗ်ာမ႐ြတ္တတ္ဘူး ထင္၍ အားေပးစကားေျပာလာသည္။ ထို႔ေၾကာင့္ ႐ြတ္သင့္မ႐ြတ္သင့္ စဥ္းစားရင္း အကို႔ဆီကို ၾကည့္မိလိုက္ေတာ့ အကိုက ကြၽန္ေတာ့္အား ေမွ်ာ္လင့္ခ်က္ေတြႏွင့္ ၾကည့္လို႔ေနသည္။

အကို႔မ်က္လုံးေတြ ေျပာေနသည္က ကဗ်ာေတြကို သိပ္ခ်စ္သည္တဲ့။ အကိုက ကဗ်ာေတြကို ခ်စ္သည္တဲ့။ ထို႔ေၾကာင့္ ဘာကိုမွမစဥ္းစားေတာ့ပဲ အကိုခ်စ္တဲ့ ကဗ်ာေတြကို ကြၽန္ေတာ္ ေရ႐ြတ္ျပမိသည္။

"ပုပၸါးေတာင္သည္
ေ႐ႊေတာင္တည့္ေလ။

ေ႐ႊေတာင္ပတ္ကုံး
စံကားပင္ႏွင့္ဖုံး
ေတာလုံးရနံ႔ႀကိဳင္လႈိင္ေလစြ။"

"ဆက္႐ြတ္ေလ ေသာ္ရ။
မင္း႐ြတ္တာ နားေထာင္လို႔ေကာင္းတယ္။"

ကဗ်ာႏွစ္ပိုဒ္ ႐ြတ္လိုက္ျခင္း၏ အက်ိဳး ရလာဒ္အေနျဖင့္ အကို႔ဆီကေန ကြၽန္ေတာ့္အတြက္ သီးသန္႔အေခၚေဝၚေလး ရလာခဲ့သည္။ "ေသာ္" တဲ့။ အကိုေခၚတဲ့ ဤနာမ္စားကို ကြၽန္ေတာ့္အေပၚ ဘယ္သူမွ ထပ္ၿပီး အသုံးမျပဳေစရဟု ေတြးထားသည္။ၿပီးေနာက္ အကိုနဲ႔ေနာက္ထပ္ ေတြ႕ခ်င္ေသးသည္မို႔...
"ကြၽန္ေတာ့္ အေဆာင္ကိုလာလည္ေလ။
ကြၽန္ေတာ္ ႐ြတ္ျပမယ္"

ကဗ်ာ႐ြတ္တာေကာင္းေသာ ေကာင္ေလး၏ အသံကို အဝန္းေတာ္ေတာ္ကို သေဘာက်မိသည္။ ကဗ်ာ႐ြတ္တဲ့ တစ္ေလွ်ာက္မွာ ၿငိမ္သက္ေနတဲ့သူ႔အသံက ၾကားရသူအေပၚမွာ အင္မတန္စြဲေဆာင္အားေကာင္းသည္။ ဤသို႔အသံပိုင္ရွင္ကို မ်က္ျမင္ကိုယ့္ေတြ႕ ျမင္ေတြ႕လိုက္ရသည့္အတြက္ အဝန္းေတာ္ေတာ္ေလး ေပ်ာ္မိပါသည္။

"ကိုယ္လာခဲ့ပါ့မယ္။ မင္းအေဆာင္က ဘယ္နားမွာလဲ"

"နန္းေရွ႕က ေဒၚျမင့္ႏွင့္သားမ်ား အေဆာင္ပါ။"

"အေတာ္ပဲ ကိုယ္လည္း အဲ့ဒီမွာေနတာ။
စာအုပ္ဝယ္ၿပီးရင္ အတူတူျပန္ၾကမလား ေသာ္။"

တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း ဘယ္ကေရာက္လာမွန္းမသိတဲ့ ပီတိအျဖာျဖာတို႔ႏွင့္အတူ ႐ႊင္လန္းေနတဲ့ ကြၽန္ေတာ္ႏွင့္အကိုက ဝါသနာတူေတြျဖစ္ေလမလားပဲ လို႔ ကြၽန္ေတာ္ေတြးေနမိရင္း အကို႔မ်က္ႏွာကို မ်က္ေတာင္မခတ္စတမ္း ၾကည့္ေနမိသည္။

"ကဲ အကိုတို႔ ကြၽန္မတို႔ရွိေနတာေရာ သိၾကေသးရဲ႕လား။ တကယ္ပဲ သူတို႔ႏွစ္ေယာက္ထဲရွိတာၾကလို႔။"

"ေအးေလ သိမ့္သိမ့္စိုးသူ ေျပာတာမွန္တယ္။
အကိုႀကီးကလည္း သမီးတို႔ကိုက်ေတာ့ ဟိုေမးဒီေမးနဲ႔ ဒီက စႏၵေသာ္ကေအာင္ကိုလည္း ေမးၾကည့္ပါဦး။ "

"ေအာင္ လို႔ေခၚရင္ ရပါတယ္ဗ်ာ။
ကြၽန္ေတာ္နာမည္ေခၚရတာ ေမာမွာစိုးလို႔"

"ဟုတ္သားပဲ ငါ့ကိုလည္း သိမ့္သိမ့္လို႔ေခၚရင္ရပါတယ္ဟယ္။ ဘယ္ႏွယ့္ေၾကာင့္ အျပည့္အစုံႀကီး ေခၚေနတယ္မသိဘူး။"

တစ္ေယာက္တစ္ေပါက္နဲ႔ ေျပာေနၾကတဲ့ ဒီပထမႏွစ္ေလးေယာက္ကို ၾကည့္ၿပီး အဝန္းရယ္ခ်င္မိသည္။ စုံလည္း စုံတတ္ပါ့။ စႏၵေသာ္ကေအာင္၊ ပန္းသြဲ႕သြဲ႕ေအး၊ သိမ့္သိမ့္စိုးျမင့္ ေနာက္တစ္ေယာက္က ေလေျပႏုေသြးတဲ့။

"အကိုႀကီး ေမးေလ။"

သူတို႔နာမည္ေတြ ေတြးၿပီး အသိစိတ္မကပ္ ျဖစ္ေနတဲ့ အဝန္းကို ပန္းသြဲ႕သြဲ႕ေအးက လက္ေမာင္းကို ႐ိုက္ၿပီး အသိေပးေလသည္။

"အင္း။ ရွင္မဟာရဌသာရ ေမာင္ေမာက္ဘဝက သေဘာက်ခဲ့တဲ့ အမ်ိဳးသမီးကို ေသာ္သိလား"

အဝန္း သိပ္ေလးထားတဲ့ ဘဝအရွင္ျဖစ္ေသာ အရွင္ျမတ္အေၾကာင္းကို ေသာ့္ထံသို႔ ေမွ်ာ္လင့္တႀကီးႏွင့္ေမးမိသည္။ အဝန္းကေမးခြန္း ေမးသည္မွန္ေသာ္လည္း ဒီေမးခြန္းကို ေျဖေပးမည့္ ေသာ္ကလည္း အေျဖမွန္ေပးႏိုင္ပါေစလို႔ပါ ဆုေတာင္းေနမိသည္။

"ဝဏၰပဘာေလ။

အိုဘယ့္ဘယ္၊ အိုဘယ့္သမီးေတာ္၊
ထင္ေပၚဘုန္းပ်ံ႕သင္း။

အိုဘယ့္ဘယ္၊ အိုဘယ့္သမီးေတာ္
နတ္ေသာ္ပုံမယြင္း။

အိုဘယ့္ဘယ္၊ အိုဘယ့္သမီးေတာ္
စႏၵာလႏွယ္ဝင္း။"

ဝဏၰပဘာတင္မဟုတ္ပဲ ကဗ်ာအထိပါ သိေနပါေသာ ေသာ့္္ကို ေရာင္နီဝန္းသည္ မ်က္ရည္ေတြဝဲၿပီး ၾကည့္ကာ ကဗ်ာအဆုံးမွာ စားပြဲေပၚတင္ထားတဲ့ ေသာ္လက္တို႔အား ဆုပ္ကိုင္လိုက္သည္။

"ေသာ္ရာ မင္းနဲ႔ေတြ႕ရတာ ကိုယ္ေတာ့ သိပ္ေပ်ာ္တာပဲ။ ကိုယ့္ဆီကို ေရာက္လာေပးလို႔ ေက်းဇူးကြာ"

"ဟုတ္ကဲ့။ ကြၽန္ေတာ္ကလည္း ေက်းဇူးတင္ပါတယ္ အကို"

ဘာကိုေက်းဇူးတင္ရမွန္း မသိေသာ္လည္း အကိုေျပာသလိုပဲ အကိုနဲ႔ေတြ႕ခြင့္ရတာကိုက ေတာ္ေတာ္ေလး ေက်းဇူးတင္ဖို႔ေကာင္းပါသည္။ ကံၾကမၼာေစာင့္နတ္သမီး အက္ရွာတာကို ေတာ္ေတာ္ေလး ေက်းဇူးတင္မိပါသည္။

"ဒါဆို စာအုပ္သြားထုတ္ရေအာင္ေလ။
မဟုတ္ရင္ ေနာက္ေန႔မွ ထုတ္ေနရလိမ့္မယ္"

မိန္းကေလး သဘာဝ ပူပန္တတ္သည္မွာ အဆန္းမဟုတ္တာမို႔ ေရာင္နီဝန္းကပဲ သူတို႔ပထမႏွစ္ ေလးေယာက္ကို ေက်ာင္းသားေရးရာသို႔ လိုက္ပို႔ေပးၿပီး စာအုပ္ထုတ္သည့္ ကိစၥအဝဝကို စီစဥ္ေပးလိုက္သည္။

လူေတာ္ေတာ္ရႈပ္သည္မို႔ ညေနေစာင္းေလာက္မွ စာအုပ္ရသည္။ ဒါေတာင္ အေလာႀကီးလွပါတယ္ဆိုတဲ့ ေလေျပႏုေသြးအတြက္က စာအုပ္က အခုထိမရေသးသည္မို႔ က်န္တဲ့သုံးေယာက္က အပင္ရိပ္မွာ ထိုင္ေစာင့္ေနၾကသည္။ အဝန္းကေတာ့ သူမေလးတစ္ေယာက္ထဲျဖစ္ေနမည္မို႔ စာအုပ္ထုတ္တဲ့ေနရာမွာပဲ ရပ္ေစာင့္ေနေပးျဖစ္သည္။

"အကိုႀကီး.."

"ဟင္"

"သမီးစာအုပ္ရပါ့မလားဟင္။
ဒီေန႔မရပဲ ေနာက္ရက္မွရရင္ သမီးေတာ့ဒုကၡပါပဲ။
သူမ်ားထက္ စာၾကည့္တာ ေနာက္က်ေတာ့မွာ။"

စာအုပ္ရရင္ေတာင္မွ စာအုပ္လွန္မၾကည့္တဲ့သူေတြ ဒုနဲ႔ေဒးျဖစ္ေနတဲ့ အခုေခတ္ကာလမွာ စာၾကည့္ေနာက္ၾကမွာစိုးလို႔ ငိုခ်င္သလိုလိုျဖစ္ေနတဲ့ ေလေျပႏုေသြးကို ၾကည့္ၿပီး အဝန္းမွာ စိတ္မေကာင္းျဖစ္ရသည္။ ေက်ာင္းစာမွ အေရးႀကီးတယ္လို႔ ပုံသြင္းထားတဲ့ မိဘေတြလက္ထဲမွာ ရွင္သန္ခဲ့ရသည့္ ဒီကေလးမ ဘဝက ေတာ္ေတာ္ေလးကို ပင္ပန္းခဲ့မွာပင္။

ကိုယ့္မွာကလည္း ညီမႏွစ္ေယာက္ရွိသည္မို႔ ဒီကေလးမေလးကို ေလာကဆိုတဲ့အလွတရားအေၾကာင္းကို ဖြင့္ေျပာျပၿပီး သိေစခ်င္မိသည္။

"ဘဝမွာ အေရႀကီးဆုံးကဘာလဲ ေလေျပသိလား"

"ေက်ာင္းသူအ႐ြယ္မွာ စာက အေရးႀကီးဆုံးပဲ အကိုႀကီး။ သူမ်ားထက္ ေနာက္က်မွာမ်ိဳးကို သမီးမလိုခ်င္ဘူး တကယ္။  လူလူခ်င္းအတူတူမွာ သမီးအရႈံးခ်င္ဘူး"

"ဒါဆို ၁၀တန္းမွာ ေလေျပ့ထက္ အမွတ္မ်ားတဲ့သူ,မရွိဘူးလား။ "

"အကိုႀကီးက Top 2ျဖစ္ခဲ့ေတာ့ ႏွိမ္တယ္ေပါ့။
ဒီက အကိုႀကီးေလာက္ေတာ့ မဟုတ္ေပမယ့္လည္း
သမီးတို႔ၿမိဳ႕တစ္ၿမိဳ႕လုံးမွာ သမီးအမွတ္အမ်ားဆုံးျဖစ္ခဲ့တာပါေနာ္။"

"ေပ်ာ္ခဲ့လား ေလေျပ။
၁၀တန္းမွာ ေပ်ာ္ခဲ့လား။"

ေရာင္နီဝန္းရဲ႕ ေပ်ာ္ခဲ့လားဆိုေသာ အေမးေၾကာင့္ ေလေျပႏုေသြးမွာ ဘာေျပာရမွန္းမသိျဖစ္သြားရသည္။ ေပ်ာ္ခဲ့လားတဲ့။ စာက်က္ေနရလို႔ ေပ်ာ္တဲ့သူရွိမည္ဆိုရင္ေတာင္မွ ထိုထဲမွာေတာ့ ေလေျပမပါခဲ့ပါေလ။ စာက်က္မွ အနာဂတ္ေကာင္းရမည္ဆိုလို႔သာ က်က္ခဲ့ရတာ။ အေပ်ာ္ဆိုတာေတြ ဘယ္ဆီမွာ ရွိေနမွန္းေတာင္ မသိခဲ့ရ။

အိပ္ခ်ိန္ဆိုတဲ့ တစ္ေန႔လုံးမွာမွ ၁နာရီေက်ာ္သာရွိခဲ့ရတဲ့ ေန႔ရက္ေတြအေၾကာင္းကို ျပန္မေတြးခ်င္။ သို႔ေသာ္လည္း ထိုသို႔ ငရဲတြင္းကေနလြတ္ေတာ့ ပင္ပန္းခံခဲ့ရတဲ့ အက်ိဳးအေနနဲ႔ ဒီေက်ာင္းကို ေရာက္ခဲ့ၿပီပဲ။ အခု ေပ်ာ္လားလို႔ေမးလာေတာ့...
"ေဆးတကၠသိုလ္ တတ္ခြင့္ရခဲ့လို႔ ေပ်ာ္ပါတယ္"

" ေဆးတကၠသိုလ္ တဲ့လား။
အင္း။ ဒီအေျပာကို မွတ္ထားမယ္ကြာ..."

"အကိုႀကီး စကားကလည္း...."

ထိုသို႔ေျပာၿပီး ဆက္ေျပာရန္အလုပ္မွာ...
"ေလေျပႏုေသြး စာအုပ္ထုတ္လို႔ရပါၿပီ"

စာေရးမရဲ႕အသံေၾကာင့္ ေရာင္နီဝန္းႏွင့္ ေလေျပႏုေသြးတို႔ရဲ႕ စကားဝိုင္းက ျပတ္ေတာက္သြားသည္။ နာမည္ေခၚသံေၾကာင့္ မ်က္လုံးေလးေတြ လက္ၿပီး ထြက္သြားတဲ့ ေလးေျပႏုေသြးရဲ႕ေက်ာျပင္ကို ေရာင္နီဝန္း သနားသလိုၾကည့္မိသည္။

အတုအေယာင္ ေပ်ာ္႐ႊင္မႈေတြနဲ႔ သာယာေစခဲ့တဲ့ မိဘေတြရဲ႕ လွည့္ဖ်ားမႈ ဒဏ္ကို ပင္ပန္းခံမႈေတြႏွင့္ လဲလွယ္ေနရတဲ့ ေလေျပႏုေသြးရဲ႕ဘဝကို အဝန္းအလြန္အမင္း စိတ္မေကာင္းျဖစ္ရပါသည္။ ပင္ပန္းမႈေတြနဲ႔ လဲလွယ္မွရတဲ့ ေပ်ာ္႐ႊင္မႈမွာ သာယာေနတဲ့ သူမသည္ ဘယ္ေလာက္ေတာင္မ်ား ပင္ပန္းခဲ့လိမ့္မလဲ။

ထိုသို႔ေတြးေနစဥ္မွာပင္ ေရာင္နီဝန္းရဲ႕ ဖုန္းေလးက အသံႏွင့္တကြ တုန္ယီလာသည္။

"Hello..."

"Hello အဝန္းလား။ ငါ ငါ အေကြး..."

Speakerဆိုတဲ့ ခလုတ္ ႏွိပ္မထားသည့္တိုင္ လွ်ံထြက္ေနတဲ့ အေကြးရဲ႕အသံ။

"ေအး ဘာလုပ္ေနလဲ နင္။"

"အလင္းေလ က်ဴရွင္လိုက္တတ္တာကို
လက္ေရးလွတယ္သိလား။ ဝိုင္းေနတာပဲတဲ့။"

"နင္ေရာ..."

"ငါလား အခု လမ္းထိပ္မွာေလ။
နင့္ကို ဖုန္းလာဆက္တာ။ အေမအိတ္ကပ္ထဲကေန ၅ရာတန္ ထြက္က်တာေလ။ ေတာ္ေသးတယ္ ငါေတြ႕လို႔ေပါ့။"

"အင္း။ ဒါဆို နင္ျပန္ေပးလိုက္တယ္ေပါ့။"

အေကြးနဲ႔ ဖုန္းေျပာေနစဥ္မွာ စာအုပ္ထုတ္ၿပီး ျပန္လာၿပီျဖစ္တဲ့ ေလေျပႏုေသြးက အဝန္းရဲ႕ေဘးမွာ ရပ္ေနသည္မို႔...
"ဟိုအနားကို သြားမယ္ေလ" ဟု ဖုန္းႏွင့္ခြာၿပီး ေျပာလိုက္ရသည္။

"ဟုတ္..."ဟု ဆိုကာ ေလေျပႏုေသြးက အဝန္းႏွင့္ေဘးခ်င္းယွဥ္ေလွ်ာက္ၿပီး အဝန္း၏အေျပာတို႔အား နားစြင့္ေနသည္။

"အင္း။ နင္မွန္တယ္။
ေနာက္လည္း အဲ့လိုပဲဆက္လုပ္ အေကြး"

"အင္းပါ။ အခု နင့္ဆီဖုန္းဆက္ေျပာခ ၃ရာေပးရမွာေလ။ က်န္တဲ့ ၂ရာကိုက ၾကက္ဝယ္ဖို႔စုထားမွာ။ ၾကက္ကေန ၾကက္ဥေတြရ၊ ၾကက္ဥေတြကေန ၾကက္ေတြျဖစ္...ငါေတာ့ ပိုက္ဆံေတြေတာ္ေတာ္ရမွာပဲ။"

ေလထဲမွာ တိုက္အိမ္ေဆာက္ေနပါေသာ အေကြးေၾကာင့္ အဝန္းမွာ ရယ္ခ်မိသည္။

"ဟားဟားးး.....နင့္ဟာကလည္း။
ေနပါဦး နင္အခုက ေက်ာင္းသြားရမွာမဟုတ္ဘူးလား။"

"ထမင္းစားခ်ိန္ဆင္းတာေလ။ အယ္..သြားၿပီ သြားၿပီ ေက်ာင္းတတ္ေနၿပီ။ ငါသြားေတာ့မယ္ေနာ္။ "

"အင္း ျဖည္းျဖည္းသြားဦး။ေျပးသြားရင္လည္း ရပါတယ္ ေျပးေတာ့..."

ဖုန္းခ်ၿပီးေနာက္မွာ အဝန္းေဘးပတ္ဝန္းက်င္ကို ၾကည့္မိလိုက္ေတာ့ အဝန္းကို ေမာ့ၾကည့္ေနၾကတဲ့ ပထမႏွစ္ ေလးေယာက္ႏွင့္ အၾကည့္စုံသည္။

"ကိုယ့္ညီမပါ။"

"ေၾသာ္..မသိပါဘူး။
အကိုႀကီးပုံက ရည္းစားနဲ႔ဖုန္းေျပာသလို ႐ႊင္ျမဴးေနလို႔"

"နင္ကဘယ္လိုသိလဲ။ ရည္းစားနဲ႔ေျပာရင္ ႐ႊင္ျမဴးတယ္ဆိုတာ"

ပက္ခနဲျပန္ေမးတဲ့ သိမ့္သိမ့္စိုးျမင့္ရဲ႕ အေမးေၾကာင့္ ပန္းသြဲ႕သြဲေအး ခင္ဗ်ာမယ္ မ်က္ဆံေလးေတြ ေ႐ြ႕လ်ားၿပီး ေျဖရခက္လို႔ေနသည္။

ဒီလိုပါပဲေလ။ ပထမႏွစ္ဆိုတာက အရာရာမွာ အထူးအဆန္းၾကည့္ ဆိုသလိုျဖစ္ေနသည္။ မနက္ကမွ ဆုံၾကတဲ့ သူတို႔မိန္းကေလးသုံးေယာက္က ေက်ာင္းကအျပန္မွာ အေဆာင္မတူေသာ္လည္း အတူတူပင္ ျပန္သြားၾကေလသည္။

က်န္ခဲ့တဲ့ ေသာ္ႏွင့္ အဝန္းကလည္း ေက်ာင္းတံခါးဆီသို႔ အတူထြက္လာၾကသည္။

"ထမင္းဝယ္ဦးမလား ေသာ္။"

"လမ္းသင့္ရင္ ဝယ္ခ်င္တယ္ အကို။
ကြၽန္ေတာ္ ေန႔လယ္စာကို မစားရေသးတာဗ်။"

"အေစာက ေျပာေရာေပါ့ ေသာ္ရယ္။
ကိုယ္တို႔က မုန္႔နဲ႔အေအးေသာက္ထားေသးတာ။
ေသာ္မလာခင္ေလးတင္။"

"ေျပာဖို႔ဟာက..."

ဆက္မေျပာေတာ့ပဲ ၿငိမ္လိုက္တဲ့ ေသာ့္ကိုၾကည့္ၿပီး ေရာင္နီဝန္း သေဘာေပါက္သြားကာ ၿပဳံးစစျဖင့္ ေခါင္းၿငိမ့္ရင္း...
"မိန္းကေလးေတြ ရွိေတာ့ ရွက္တယ္ဆိုပါေတာ့"

"..."

ထိုသို႔ေျပာေတာ့လည္း ေသာ္က ဘာမွျပန္မေျပာပဲ ေခါင္းကို ေအာက္ငုံ႔သြားေလသည္။ ဒီေကာင္ေလးကို ၾကည့္ရတာ မိန္းကေလးအေဖာ္ မရွိဖူးဘူးထင္ပါရဲ႕။ သိမ့္သိမ့္စိုးျမင့္တို႔နဲ႔ သုံးေယာက္သား အပင္ေအာက္မွာ ထိုင္ေနတုန္းကလည္း တစ္ခ်က္တစ္ခ်က္ ဒီေကာင္ေလးကို လွမ္းၾကည့္မိရင္ ျမင္ရသည္က ေျမျပင္ကို တေမာ့တေမာ ၾကည့္ေနသည္သာ။

ၾကည့္ရတာ ႐ိုး႐ိုးသားသားေလး ထင္ရပါသည္။

"ေသာ္က တစ္ဦးတည္းေသာ သားလား။"

"ဟုတ္တယ္ အကို။
ကြၽန္ေတာ့္မွာ ေမြးခ်င္းမရွိပါဘူး"

အဝန္းရဲ႕ ေမးခြန္းက လမ္းမွန္သြားသည္ထင္ပါတယ္ ေသာ္က ျပန္ေမာ့ၾကည့္လာၿပီး စကားျပန္ေျပာသည္။ မိန္းကေလးေတြနဲ႔ ပက္သတ္ၿပီး ေသာ့္ပုံစံက အနည္းငယ္ ေအးေဆးၿပီး စိမ္းသက္လို႔ေနသည္။ ထို႔ေၾကာင့္ ေသာ္နဲ႔အဆင္ေျပမည့္ စကားတို႔ကိုသာ ေ႐ြးခ်ယ္လိုက္ၿပီး.....

"ဒါဆို ကိုယ့္ကို အကိုအရင္းလိုပဲ သေဘာထားေပါ့။
ကိုယ့္မွာေတာ့ ေမြးခ်င္းသုံးေယာက္ရွိတယ္။ အငယ္ႏွစ္ေယာက္ေလ။ အကိုက အႀကီးဆုံး။ ညီမႏွစ္ေယာက္နဲ႔....အေဖတစ္ေယာက္ အေမတစ္ေယာက္"

"ေဟာ အကိုကလည္း ကြၽန္ေတာ္က အဟုတ္မွတ္လို႔။ ဘယ္သူ႔မွာက အေဖႏွစ္ေယာက္၊ အေမႏွစ္ေယာက္ ရွိလို႔လဲ.."

"အယ္ ကိုယ္တကယ္ေျပာတာ ေသာ္ရ။
ကိုယ့္မွာ အေဖတစ္ေယာက္ပဲရွိတာေလ။
အေမကလည္း တစ္ေယာက္တည္းရယ္။
ေသာ့္လို ညီေလးတစ္ေယာက္ေတာ့မရွိဘူး"

"အကိုဗ်ာ..."

"ဟားဟားးးး..."

အူအူလည္လည္ေလးျဖစ္ေနတဲ့ ေသာ့္မ်က္ႏွာဟာ ၁၆ႏွစ္ေက်ာ္ဆိုတဲ့ အ႐ြယ္မွာ ရွိသင့္တဲ့ ႏုပ်ိဳမႈေတြအျပည့္ႏွင့္ျဖစ္သည္။ မအူမလည္ေလးနဲ႔ ေသာ္က တကယ့္ကို အျပစ္ကင္းသည္။

"ကြၽန္ေတာ့္ကို စေနတာ ေပ်ာ္ဖို႔ေကာင္းလား အကို"

"အင္း။ ေသာ္က တကယ့္ကို ရယ္စရာေလး။
ဟားဟားးးး...."

တကၠသိုလ္ေျမ စနင္းတဲ့ ထိုေန႔တြင္ ေက်ာင္းဝင္ေပါက္တံခါးမွာ ျဖန္႔က်ဲေပးတဲ့ အကို႔ ရယ္သံတို႔ေၾကာင့္  ေပ်ာ္႐ႊင္ဖြယ္အတိၿပီးတဲ့ တကၠသိုလ္ေက်ာင္းသားဘဝဆိုတာကို ကြၽန္ေတာ့္ႏွလုံးသားက လႈိက္ဖိုစြာႏွင့္ ခံစားခြင့္ရခဲ့သည္။

ဒီေန႔မွစၿပီး အကို႔ရယ္သံတို႔ျဖင့္ လႊမ္းၿခဳံခဲ့တဲ့ ဤတကၠသိုလ္ရဲ႕ အဝင္လမ္းကို ျဖတ္သြားတဲ့အခါတိုင္း ကြၽန္ေတာ္ေတာ့ၾကည္ႏူးလို႔မဆုံး ျဖစ္ေနေတာ့မည္။ ရယ္ေမာေနတဲ့ အကို႔ကို ျမင္ခြင့္ရခဲ့သည့္ ဤေနရာ။

"ဒီဆိုင္ပဲ ေသာ္။ မင္း ဘာစားမလဲ"

"ရွမ္းေခါက္ဆြဲ တစ္ပြဲ"

"အိုေက။ အန္တီေရ ရွမ္းတစ္ပြဲနဲ႔ ဆန္းေစးတစ္ပြဲေပးပါ။"

ထိုသို႔မွာၿပီးေနာက္မွာေတာ့ ေရာင္နီဝန္းႏွင့္ ေသာ္တို႔ ႏွစ္ဦးသားသည္ ၿငိမ္သက္စြာႏွင့္ ေစာင့္ဆိုင္းေနၾကသည္။ သိပ္မၾကာခင္တြင္ စားပြဲထိုးေကာင္မေလး လာခ်ေပးပါေသာ ရွမ္းတစ္ပြဲႏွင့္ ဆန္ေစးတစ္ပြဲကို စားဖို႔ရန္အတြက္ စားပြဲေပၚတြင္ အသင့္တင္ထားပါေသာ တူကို ေဖာက္ၿပီးေနာက္တြင္ အဝန္းက ေသာ့္ထံသို႔ ကမ္းေပးသည္။

"ျဖည္းျဖည္းစား ေသာ္......"

တူတစ္စုံ ကမ္းေပးျခင္းႏွင့္အတူ ပါလာပါေသာ အၿပဳံးတို႔ဟာ လင္းတလက္လက္ႏွင့္ မ်က္ေတာင္ေခတ္လို႔မရေအာင္ ျပဳစားထားေလသည္။

"ေရာ့ေလ..."

"ၾသ.."

ေယာင္ေယာင္မွားမွားနဲ႔ တူကိုလွမ္းယူလိုက္ေတာ့ ထိမိသြားတဲ့ အဝန္းလက္ေခ်ာင္းရဲ႕ ေနရာတစ္ခ်ိဳ႕ေၾကာင့္ ေသာ့္မွာ တုန္ယင္လို႔ေနသည္။ သို႔ေသာ္လည္း ဘယ္ေနရာက တုန္ေနမွန္းမသိပါ။

"ေသာ္...ေဟ့ ေသာ္"

ခုံကို ႐ိုက္ၿပီး ေခၚတဲ့ "ေဟ့ ေသာ္" ဆိုတဲ့အသံေၾကာင့္ ေသာ့္လက္ထဲက တူအစုံဟာ အေဖာ္ကြဲသြားရသည္။ လက္ထဲမွာ ရွိတဲ့တူတစ္ေခ်ာင္းကို ၿမဲၿမံေနေအာင္ဆုပ္ကိုင္ၿပီး...
"ဟုတ္ကဲ့ အကို"

"ဘာေတြေတြးေနတာလဲ ေသာ္ရ။
ကဲ ေရာ့ ဒီမွာ"

ေအာက္က်သြားတဲ့ တူတစ္ေခ်ာင္းအတြက္ က်န္တဲ့တစ္ေခ်ာင္းကိုပါ စြန္႔ပစ္လိုက္ရၿပီး အကို အသစ္ကမ္းေပးတဲ့ တူအစုံကို လွမ္းယူလိုက္ရသည္။

"ႏွံ႔ေအာင္ ေမႊၿပီးမွ စား ေကာင္ေလး။
မဟုတ္ရင္ စားမေကာင္းပဲေနမယ္။"

ေခါင္းကို ၿငိမ့္ျပၿပီး အဝန္းေျပာသလိုပဲ ရွမ္းေခါက္ဆြဲကို တူျဖင့္ ထိုးေမႊးေနပါေသာ စႏၵေသာ္ကေအာင္။

ရွမ္းေခါက္ဆြဲ ပန္းကန္ ကုန္သြားသည့္တိုင္ ေရေႏြးခြက္ကို လက္လွမ္းဖို႔ သတိမရတဲ့ ေသာ့္ေၾကာင့္ အဝန္းကပဲ သတိေပးလိုက္ရသည္။

"ေရေႏြးေသာက္ဦး ေသာ္။"

အေအးခံေပးထားတဲ့ ေရေႏြးခြက္ကို လက္ျဖင့္ တိုးေပးရင္း ေသာ္ေရွ႕သို႔ ပို႔ေပးလိုက္ေတာ့ ေသာ္ကဆတ္ခနဲ ေကာက္ကိုင္ၿပီး ေမာ့ခ်သည္။ ေတာ္ေသးသည္ စထိုင္သည့္အခ်ိန္ထဲက အေအးခံထားသည္မို႔။ မဟုတ္ရင္ ေသာ္လုပ္ပုံႏွင့္ဆို ေသာ့္လက္ပူၿပီး ခြက္ပါ က်ကြဲႏိုင္သည္။

"ဘာျဖစ္ေနတာလဲ ေသာ္။
တစ္ခုခု အဆင္မေျပလို႔လား။
အကို႔ကို ေျပာေလ...."

"မဟုတ္ မဟုတ္ပါဘူး အကိုရ။
ဒီတိုင္း ကြၽန္ေတာ္အေတြးမ်ားေနလို႔ပါ"

အကို႔ေၾကာင္းလို႔ မေျပာမိေအာင္ ပါးစပ္အေသအခ်ာထိန္းၿပီး ေျပာရသည္မို႔ ေသာ့္စကားတို႔က ေလးတြဲ႕တြဲ႕ျဖစ္ေနသည္။

"ေနာက္မွ ေတြးပါကြာ။
အခုေတာ့ ပိုက္ဆံရွင္းၿပီး အေဆာင္ျပန္ရေအာင္"

"ဟုတ္ကဲ့ အကို..."

"ဟုတ္ကဲ့ အကို"

ေသာ္ေျပာသလိုမ်ိဳး တစ္ထပ္တည္းလိုက္ေျပာၿပီး ေျပာင္စပ္စပ္လုပ္ေနတဲ့ ေရာင္နီဝန္းရဲ႕ပုံစံဟာ တကယ့္ကို အူယားစရာေလးျဖစ္သည္။

"အကိုကလည္းဗ်ာ...."

"အကိုကလည္းဗ်ာ...."

"ကြၽန္ေတာ္က ဒီတိုင္း"

"အင္း။ ငါကလည္း ဒီတိုင္း"

"အဲ့လိုမဟုတ္...."

"အဲ့လိုလည္း မဟုတ္ေသး..."

အဝန္းက "အဲ့လိုလည္း မဟုတ္ေသး" ကို ေရွးေခတ္က တိုင္းရင္းေဆးဆရာႀကီးေတြရဲ႕ ေလသံႏွင့္ ေျပာေလေတာ့ ေသာ့္မွာ ဘယ္လိုမွ မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ ရယ္မိသြားသည္။

"အဲ့လိုမွေပါ့ ေသာ္ရ။ မင္းကလည္းပဲ စိတ္ကို ေပ်ာ္ေပ်ာ္ထားစမ္းပါ။ ခ်ဳပ္ထိန္းရတာေတြ ေမ့ထား။ ေပ်ာ္ေပ်ာ္ပဲေန။ ဘဝကတိုတယ္ ေသာ္ရ။"

"အကိုေျပာမွပဲ ကြၽန္ေတာ္တို႔ ဘုန္းႀကိီးေက်ာင္းက ဆရာေတာ္ကို ေအာက္ေမ့ သြားရတယ္။"

"ကိုယ့္အသံက ဘုန္းႀကီးနဲ႔တူေနလို႔လားကြ"

"အကိုက ဘဘုန္းထက္ေတာင္ ပိုလို႔ သံေဝဂရေနေသးတာကိုဗ်။"

"ဟားဟားးးး ေသာ္ရာ။ မင္းေျပာမွပဲ ကိုယ္လည္းေတာ္ေတာ္ေလး အိုသြားသလို ခံစားလိုက္ရတယ္"

"ဟားဟားးးး...."

မႏၲေလးေရာက္မွ ပထမဆုံးစားဖူးတဲ့ ရွမ္းေခါက္ဆြဲဆိုတဲ့ အရာကလည္း အကို႔ ရယ္သံေတြနဲ႔ပဲ အနားသတ္ခဲ့ရသည္။ ပထမဆုံးႀကိမ္အျဖစ္ ဆိုင္ထိုင္စားျခင္းက အကို႔ေၾကာင့္နဲ႔ ေပ်ာ္႐ႊင္ဖြယ္ အတိ ျဖစ္ခဲ့ရသည္။

(Gameမၿပီးခင္မွာ ႏွစ္ရက္ျခားတစ္ခါ ၁၁နာရီတိုင္း ဆုံၾကေအာင္ပါ။ Gameၿပီးရင္ေတာ့ Daily updateနဲ႔ ေတြ႕မယ္ေနာ္။

ကဗ်ာေတြေရးရင္ ရွင္းခ်က္အေနနဲ႔ အဓိပၸါယ္ေတြပါ ထဲ့ေရးေပးရမလား အႀကံေပးပါဦးရွင္)


Đọc tiếp

Bạn Cũng Sẽ Thích

281K 29.1K 26
JEON JUNGKOOK KIM TAEHYUNG KOOKV(Yaio)
622K 22.9K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
8.8K 407 13
ဒီကမ္ဘာတွင် မြတ်နိုး၍ တန်ဖိုးထားသင့်သည်ဟု အစဥ်တွေးတောနေဖြစ်သည့် လူတစ်ယောက်သာရှိသည်။ ရောင်ဝါ+ဒရယ်ဂွန်