သည်။
"ခ်ခ် တေးဥသြကသိတာလား "
တေးတေးက
"ခွီး..ဟားဟား"
မယားငယ်မရဲ့"
"ဘာပြောတယ်"
"တောက်!!"
လိုက်သည်။
"ဟုတ်ကဲ့ ခမျ ရှိပါတယ်"
ထွက်သွားတာကိုပင်။
"မင်းကဖေက ဘယ်သူလဲ"
က စူပါမန်း ဘဲ "
"ဖယ်တေးတေး သွားမယ် "
ထိုချိန်
"အရုပ်ဖိုးငါပေးမယ် "
"ဝိုးး...ချပိုက်တာမန်း "
ချီလိုက်သည် ။
"သားနာမည်ကဘာလဲ "
"ဟက် ချစ်စရာလေး "
"တေးတေးသိတယ် "
စားမလား"
ပါဆယ် ယူသွားပေးမယ် "
"ဟက်... အလည်လေး "
"သား တေးတေး "
"ဖေဖေ!!"
"သားလာ ဖေဖေ့စီ "
ရှေ့ကလူက
သွားရအောင်"
"ဟမ် "
ကိုတွေ့လိုက်သည်။
မင်းစိုးရာဇာ
———
Uni
တေး သူ့မေမေပိုင်တဲ့ mall ကိုထွက်လာလိုက်
သည်။mallကိုတော့ဘွားတော်က မကြည့်ပေ
မယ့်လိုချင်တာတွေ သူ့စောက်မျိုးတွေခေါ်ပြီး အလကား လာလာယူသွားတတ်သည်။
"ဖေဖေ ဘာဝယ်ဖို့လဲဟင် "
"ဒါကသားဖွားဖွားပိုင်တာလေ တေးတေးလေးကလိုချင်တာရှိရင်အလကားယူလို့ရတယ် "
"တကယ်လား"
"ဒါပေါ့ကွ "
တေးတေးကိုလက်ဆွဲ ပြီး အပေါ်တက်ပြီး
ဆိုင်တွေလိုက်ကြည့်နေစဉ်မှုံနံ့သာနဲ့တွေ့လေ
သည်။
"အို...တေးဥသြ ပါလား အဟင်း ကိုကိုရောနေကောင်းရဲ့လား ဟင် "
"မနေ့ညကဘဲ တူတူရှိနေတာမလား မှုံနံ့သာ"
"ခ်ခ် တေးဥသြကသိတာလား "
တေးတေးက
"ဖေဖေ အဲ့မမက သူငယ်နာမစင်ဘူးလား
ဟင် ဒါမှမဟုတ်ဉာဏ်ရည်မဖွံဖြိုးတာလား"
"ခွီး..ဟားဟား"
"စောက်ကလေး..နင်ကများငါ့ကို"
"ဟေး lady မင်းငါ့သားကိုပြောစရာမလိုဘူး
မင်းကိုမင်းလဲ ပြန်ကြည့်အုံး ရုပ်ကအိုနေပြီး
ကလေးလိုလိုခွေးလိုလို ဇွတ်ခရု မနေ နဲ့"
"တောက်.... တေးဥသြ နင့်ကို ငါကိုကိုနဲ့တိုင်
မယ် နင်အသားမနာရတာကြာပြီးမလား"
"အရင်ဆုံး နင့်ကောင်မျက်နှာကိုသွားကြည့်
လိုက်ငါပေးထားတဲ့အမှတ်သားက လှနေမှာ
မယားငယ်မရဲ့"
"ဘာပြောတယ်"
"သွားလိုက်ပါအုံးမယ် နော် စစ်ဆေးစရာတွေရှိသေးလို့"
"တောက်!!"
တေး သားကိုဆွဲကာရုံးခန်း ကိုတက်လာ
လိုက်သည်။
"မန်နေဂျာ ခုချက်ချင်းလာခဲ့"
အလုပ်သမားတွေက သူဌေးကိုတစ်ခါမှမတွေ့ဖူးတာကြောင့် မသိကြပေ။ မန်နေဂျာလဲ သူဌေး
ရောက်နေတယ်ဆိုလို့ အခန်းထဲဝင်စဉ်...
"ဒေါ်စိန်မမ ဒီကယူထားတဲ့စာရင်းရှိလား "
"ဟုတ်ကဲ့ ခမျ ရှိပါတယ်"
"ကုန်ကျစရိတ်တွက်ပြီးယူလာပေး သွားတော့ "
သူမန်နေဂျာထွက်သွားတာနဲ့ အလုပ်သမားစာ
ရင်းကိုကြည့်နေလိုက်သည်။သူသတိမထားမိတာက တေးတေး ဟာဖွင့်ထားတဲ့တံခါးကနေ
ထွက်သွားတာကိုပင်။
တေးတေး လုံးတုတ်တုတ်နဲ့အောက်ဆင်းပြီး
သူတွေ့ခဲ့တဲ့ အရုပ်ဆိုင်ကိုသွားလိုက်သည်။
အရုပ်ဆိုင်ထဲဝင်ပြီး သူလိုချင်တာဆွဲယူကာ
အပြင်ထွက်တော့ ဝန်ထမ်းက...
"ဟေ့ ကလေး မင်းမိဘတွေရော အရုပ်ကိုဒီလိုယူမရဘူး ပိုက်ဆံပေး"
"ဖေဖေကပြောတယ် တေးတေးလိုချင်တာ
အကုန်အလကားယူလို့ရတယ်တဲ့"
"မင်းကဖေက ဘယ်သူလဲ"
"တေးတေး ဖေဖေ က ဘက်စ်မန်း "
"ဟားဟား မိမဆုံးမဖမဆုံးမလေး ဒါဆို ငါ့အဖေ
က စူပါမန်း ဘဲ "
"ဖယ်တေးတေး သွားမယ် "
"မရဘူး အရုပ်ထားခဲ့စမ်း ငါရိုက်လိုက်ရ "
ထိုချိန်
"အရုပ်ဖိုးငါပေးမယ် "
တေးတေး ဘေးက မဲမဲ ကြီးကိုမော့ကြည့်တော့
"ဝိုးး...ချပိုက်တာမန်း "
ထိုလူက အရုပ်ဖိုးပေးပြီးကလေးအားကောက်
ချီလိုက်သည် ။
"သားနာမည်ကဘာလဲ "
"တေးတေးနာမည်က သီဆိုတေး ပါ ခဗျ"
"ဟက် ချစ်စရာလေး "
"တေးတေးသိတယ် "
"ဦးက တေးတေးကိုမုန့်ဝယ်ကျွေးမယ်
စားမလား"
"အွင်း...ဖေဖေ့ ကိုလဲခေါ်ရမယ် "
"သားကဖုန်းနံပါတ်သိလား "
"သိဖူး လေ အာတော်ပြီး တေးတေးစားပြီးမှ
ပါဆယ် ယူသွားပေးမယ် "
"ဟက်... အလည်လေး "
တစ်ဖက်ကတေးကလဲ သားပျောက်သွားတာ
ကြောင့်ဆင်းရှာတော့ သားကိုလူတစ်ယောက်ချီထားတာမြင်တာနဲ့အနားပြေးသွားလိုကိသည်။
"သား တေးတေး "
"ဖေဖေ!!"
"သားလာ ဖေဖေ့စီ "
"ဖေဖေ သားက ချပိုက်တာမန်းနဲ့ မုန့်သွားစားမလို့ဖေဖေလဲလိုက်ခဲ့"
ရှေ့ကလူက
"လိုက်ခဲ့ပါ တေးတေးရဲ့ဖေဖေ ကျတော်ဧည့်ခံပါရစေ"
တေးလဲ အသာတကြည်လိုက်သွားလိုက်သည်။
စားစရာတွေမှာပြီးတာနဲ့...
"ကျတော်က တေးတေး ဖေဖေ တေးဥသြပါ "
"ကိုယ်က မင်းစိုးရာဇာ ပါ "
"ဟုတ်ကဲ့ တေးတေးက ကျတော်စာရင်းစစ်နေတုန်းထွက်သွားတာ လန့်သွားတာဘဲ ဘယ်ရောက်သွားလဲလို့"
"ဒါဆို mallက ဥသြအပိုင်ပေါ့"
"ဟုတ်ပါတယ် ဒါကျွန်တော့ကဒ်ပါ "
မင်းစိုးရာဇာ ကဒ်ကိုကြည့်ပြီး ပြုံးလိုက်သည်။
"ဖေဖေ တေးတေးတို့ ချပိုက်တာမန်းကိုအိမ်ခေါ်
သွားရအောင်"
"ဟမ် "
"ဟုတ်တယ်လေ ဒါဆို အိမ်ကလူဆိုးနှစ်ကောင်
ကဖေဖေ့ကို ရိုက်ရဲမှာမဟုတ်ဘူး "
တေး ရှေ့ကလူကိုကြည့်လိုက်တော့ထိုလူက
မျက်မှောင်တွေကုတ်ကာ အန်ကျိတ်နေသည်
ကိုတွေ့လိုက်သည်။
မင်းစိုးရာဇာ
———