Unicode
အတိတ်နှင့်ပစ္စုပ္ပန်ကြားမှ ကွဲလွဲမှုအချို့
Orange Blossom ပါတီပွဲပြီးသည့် နောက်ပိုင်းမှစ၍ ချန်းကျင်းမှာ တဖန်ပြန်ကာ နာမည်ကြီးလာရ၏။ သူ၏ဂုဏ်သတင်းမှာ အရင်ကထက်ပို၍ လူအများကြား၌ ကျယ်ပြန့်လာသည်ပင်။ ထို့အပြင် အများစုသည် သူ့အား "ချန်းအိမ်တော်မှ သခင်လေး" ဟူသော ပုံရိပ်မှ "ဗိုလ်ချုပ်ကတော်" ဟူသော ဂုဏ်ပုဒ်နှင့် ပြောင်းလဲမြင်လာကြပေ၏။ အချို့သော သတင်းထောက်အများစုမှာလည်း ချန်းကျင်းအား အင်တာဗျုးရန်အတွက် သီးသန့်တွေ့ဆုံခွင့် တောင်းလာကြတတ်သေးသည်။ သို့သော် သူသည် ၎င်းတောင်းဆိုမှုများ အားလုံးကို ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့လေ၏။
မိမိ၏ဂုဏ်သိက္ခာ ကျော်ကြားဖို့အရေးအား အထူးဂရုစိုက်လေ့ရှိခဲ့သော သခင်လေးချန်းသည် ယခုအချိန်၌ သာမန်ရိုးရှင်းသော လူတစ်ဦးမျှသာ ပြောင်းလဲသွားဟန်တူသည်။ ချန်းကျင်း၏နေ့စဉ်ဘဝမှာ ငွေအမြောက်အများရှာရန်နှင့် ချစ်ရသော ခင်ပွန်းဖြစ်သူနှင့် အတူအချိန်ဖြုန်းရန်သာ ဖြစ်လိမ့်လေမည်။
ဖိတ်ကြားမှုခံရသဖြင့် နောက်တစ်နေ့၌ ချန်းကျင်းသည် ယွိမိသားစုအိမ်တော်ထံသို့ ကျန်ရစ်သော ခြေအိတ်တစ်ဖက်အား ယူလာကာ တဖန်ပြန်လည် ရောက်ရှိလာခဲ့ရ၏။ ယွိစီကွေးက သူ့အား ပျူငှါစွာဧည့်ခံ၍ ပြီးနောက် သူ၏လက်ရာအား ချီးမွမ်းလာပေသည်။
"ရှောင်ကျင်း..ဘာလို့များ မင်းရဲ့လက်ရာက လူတွေပြောပြောနေကြတဲ့ မစ္စရီလာရဲ့လက်ရာနဲ့ ဆင်တူနေတယ်လို့ အဖွား ထင်နေမိပါလိမ့်?"
ချန်းကျင်းသည် အနည်းငယ် အံ့ဩသွားမိ၍ ကပျာကယာနှင့် တုံ့ပြန်လာခဲ့၏။
"ဘာလို့ အဲ့ဒီလိုထင်ရတာပါလဲ"
စီကွေးက ညင်သာစွာပြုံးလျက် ဆိုသည်။
"အရမ်းသိသာလွန်းနေတယ် မဟုတ်လား?"
ချန်းကျင်း၌ လူကြီးသူမများအား ယတိပြတ် မုသားစကားဆိုရန် သတ္တိမရှိပါချေ။ သို့သော် သူသည် ဝန်ခံလိုက်ရန်လည်း အနည်းငယ် ထိတ်လန့်နေမိပြန်၏။ ချန်းကျင်းသည် မူလအစက အမှန်အတိုင်း ပြောပြချင်ခဲ့သည့်တိုင် ထိုကဲ့သို့ပြောလိုက်ပါက မိမိတို့နှစ်ယောက်ကြားရှိ သင့်မြတ်ဖွယ်ဆက်ဆံရေးအား ပြိုကွဲသွားမှာလည်း စိုးမိသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ဥပဒေရေးရာဌာနမှ ဝန်ကြီးလည်း ဖြစ်ခဲ့သေးသည် မဟုတ်ပါလား။ ယခုမိမိ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ တရားမဝင်ဖြစ်နေလေရာ ယွိစီကွေးသည် သေချာပေါက် သူ့အား ဒေါသထွက်မိလိမ့်မည်ပင်။ သို့သည့်တိုင် သူသည် တစ်ဖက်လူအား လိမ်ညာရန် မတွေးဝံ့ခဲ့။
"အဖွား..အဲ့..အဲ့ဒါက ကျွန်တော် တမင်သက်သက် ဖုံးကွယ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ရပါဘူး။ တကယ်က.."
"အဖွားနားလည်ပါတယ်"
ယွိစီကွေးက နူးညံ့စွာပြုံးပြလျက် ချန်းကျင်း၏ခေါင်းအား ဖွဖွလေး ပုတ်ပေးလာခဲ့၏။
"မကြောက်ပါနဲ့ ရှောင်ကျင်းရဲ့။ မင်းရဲ့ အခက်အခဲကို အဖွားသိပါတယ်။ အဖွား မင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူး စိတ်မပူနဲ့ ဟုတ်ပြီလား။ ဒီလိုရုန်းကန်ရတာ မင်းအတွက် ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲ။ မင်းလုပ်နိုင်တဲ့အတွက် အဖွားက အထင်တောင်ကြီးမိပါသေးတယ်"
ထိုအခါမှသာ ချန်းကျင်းသည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချမိလေတော့၏။ သူ၏မျက်နှာကမူ ချီးမွမ်းခံရမှုကြောင့် အနည်းငယ် နီမြန်းလျက်ပင်။
ယွိစီကွေးက ဆက်မေးလာခဲ့သည်။
"အဖွားအစ်မရဲ့ ခြေထောက်ပေါ်က ခြုံထည်ကလည်း မင်းလုပ်ပေးထားတာပဲမလား"
ချန်းကျင်းသည် ဖြေးညင်းစွာ ခေါင်းငြိမ့်ပြလာခဲ့၏။ ထို့နောက် ယွိစီကွေးကပင် ဆက်ဆိုသည်။
"တကယ်တော့ သူလည်း အစကမသိဘူး။ ရှောင်ထောင်က စတိုးဆိုင်တစ်ခုခုကနေ ဝယ်လာပေးတယ်လို့ပဲ သိထားတာ။ ဟိုတစ်နေ့က အဖွားက သူ့ကို ဒီခြေအိတ်တစ်ဖက်နဲ့ အဲ့ဒီခြုံထည်ကို ယှဉ်ပြလိုက်ပြီး မင်းလုပ်ပေးထားတာ ဖြစ်နိုင်တယ်လို့လည်း ပြောပြလိုက်ရော သူအရမ်းတွေ မယုံနိုင်ဖြစ်နေတာလေ"
ချန်းကျင်းသည် ခဏမျှ ထိတ်လန့်သွားမိ၍ အလန့်တကြား မေးလာပေ၏။
"ကျွန်တော်လုပ်တာလို့ ပြောပြလိုက်တာလား!?"
တမဟုတ်ချင်းပင် နှမြောတသဖြစ်သော အရိပ်အယောင်အချို့က သူ၏မျက်ဝန်းအတွင်း၌ ဖြတ်ပြေးသွားခဲ့ရသည်။
"အဖွားက ကျွန်တော့်ကို သဘောမကျဘူး။ ကျွန်တော် လုပ်ပေးတာသာသိရင် သူသုံးတော့မှာ မဟုတ်ဘူး.."
ယွိစီကွေးက သူမ၏မျက်ခုံးတို့အား ပင့်တင်ကာ ဆိုလာ၏။
"ဒီတစ်ခါတော့ သူ ဒေါသထွက်မသွားပါဘူး"
"ဟမ် ..အဖွားက တကယ်ပဲ ဒေါသထွက်မသွားဘူးလား!?"
"အင်း။ အဖွားအမြင်မှာတော့ မင်းရဲ့ အဆိုးအမြင်တွေကို ပြောင်းလဲသင့်ပြီလို့ ထင်တာပဲ။ ပြီးတော့ ဒီဟာက နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖြန်ဖြေဖို့ အခွင့်အရေးကောင်းလည်း ဖြစ်နိုင်တယ်လေ"
ယွိစီကွေးက အပြုံးတစ်ပွင့်အား ပန်ဆင်လျက် ဆက်ဆိုလာသည်။
"နောက်ပြီး အခုကြည့်ရသလောက်တော့ မင်းနဲ့ရှောင်ထောင်ရဲ့ ဆက်ဆံရေးကလည်း အဆင်ပြေတဲ့ပုံပါပဲ။ အဲ့ဒါကြောင့် အရမ်းအားမငယ်ပါနဲ့ ..အဖွားရဲ့အစ်မနဲ့လည်း အဆင်ပြေသွားမှာပါ"
ချန်းကျင်းကမူ ကိစ္စရပ်တိုင်းအား အကောင်းဘက်မှ မမြင်နိုင်ခဲ့ပါချေ။ သို့သော် သူသည် ယွိစီကွေး၏ နှစ်သိမ့်စကားတို့ကြောင့် အနည်းငယ် စိတ်သက်သာရာရသွားမိပေ၏။
"ကျွန်တော်နားလည်ပါပြီ။ ဒါဆို အဖွားအတွက် ဝတ်စုံကို ကျွန်တော်ချုပ်ပေးမယ်လေ။ ဘယ်လိုပုံစံမျိုး ချုပ်ချင်တာပါလဲ"
~~~~
သို့နှင့် ယွိအိမ်တော်မှ ပြန်လာပြီးနောက်တွင် ချန်းကျင်း၏ လက်ထဲ၌ ကြီးမားသော ပစ္စည်းထုပ်ကြီးတစ်ခုက ပါရှိလာခဲ့ရတော့သည်။ ၎င်းမှာ ဝတ်စုံချုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများဖြစ်၍ အများစုမှာ အန်ဒီဆီမှ ဖြစ်ကာ ကျန်အချို့မှာ ယွိအိမ်တော်မှ ဖြစ်၏။ မိမိ၏အိမ်တံခါးဝသို့ ရောက်သောအခါ ချန်းချန်းက သူ့အား ထုံးစံအတိုင်း ပျော်ရွှင်စွာ ဆီးကြိုပေသည်။
"ပြန်လာပြီလား သခင်လေး။ ချန်းချန်းကို အဲ့ဒီပစ္စည်းထုပ်ကြီး ပေးလေ။ သိတယ်မလား.. ချန်းချန်းက အသန်မာဆုံးဆိုတာကို!
ချန်းကျင်းသည် သဘောကျစွာ ပြုံးရယ်လျက် ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် သူက လက်ထဲမှ ပစ္စည်းထုပ်ကြီးအား ချန်းချန်းဆီသို့ လွှဲပေးလာကာ စကားဆက်၏။
"ဒါလင်ရော ပြန်မရောက်သေးဘူးလား"
"အာ ..သခင်လေးရဲ့ဒါလင်က ဒုတိယထပ်မှာ ရှိတယ်။ ချန်းချန်းလည်း ကော်ဖီပူပူတစ်ခွက် ဖျော်ပေးပြီး သူ့ဆီ ပို့ထားပြီးသား"
ချန်းကျင်းသည် အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လာမိ၏။
"သူက ဒုတိယအထပ်မှာ ဘာလုပ်နေတာလဲ"
"ချန်းချန်းလည်း သိချင်နေတာ။ ဒါပေမဲ့ မမေးခဲ့မိလိုက်ဘူး"
ချန်းကျင်းသည် အပေါ်ထပ် ကုတ်အကျႌအား ချွတ်လိုက်ကာ အိမ်တွင်းစီးဖိနပ်တစ်ရံအား ကောက်စီး၍ ပြီးနောက် ဒုတိယအထပ်သို့ တက်လာခဲ့ပေ၏။ သူ၏နေ့စဉ်အလုပ်များမှာ ပထမအထပ်အတွင်း၌သာ ရှိသဖြင့် ချန်းကျင်းသည် ဒုတိယအထပ်သို့ မကြာခဏ ရောက်လေ့မရှိပါချေ။ သို့သည့်တိုင် ချန်းချန်းက တစ်အိမ်လုံးအား နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးထားသောကြောင့် ဒုတိယအထပ်မှာ ဖုန်တစ်စမျှ စွဲကပ်ခြင်းမရှိပါဘဲ သန့်ရှင်းနေခဲ့ပေ၏။ လှေကားထစ်များအပေါ်၌ လျှောက်လှမ်းနေဆဲမှာပင် သူသည် အတိတ်မှ လုထောင်ရှိနေတတ်သော နေရာတစ်ခုအား ရုတ်တရက် အမှတ်ရသွားမိ၍ နှလုံးသားတစ်ခုလုံး လေးလံသလို ခံစားရကာ ခြေလှမ်းတို့မှာလည်း တမဟုတ်ချင်း အရှိန်လျော့သွားရတော့သည်။
အမှန်မှာမူ သူ၏စိတ်ထဲ၌ ရင်းနှီးသော ပုံရိပ်တစ်ခုက ထင်ဟပ်နေခဲ့သောကြောင့်ပင်။ အတိတ်အခါက ချန်းကျင်းသည် လုထောင်အိမ်မှာရှိသည့်အခါတိုင်း ယခုကဲ့သို့ လှေကားတစ်လျှောက် ပျော်ရွှင်စွာ တက်လာခဲ့ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ထိုသူ၏ အခန်းအတွင်းသို့ ဝင်လာခဲ့ဖူး၏။ ၎င်းတံခါးအား ဖွင့်လိုက်သည့်အခါတိုင်း၌ သူသည် ခင်ပွန်းဖြစ်သူနှင့် တစ်ဒင်္ဂါမျှပင် ဖြစ်စေ အဆင်ပြေပြေ နေချင်သောဆန္ဒတို့ ရှိနေခဲ့ရပေသည်။ တစ်ဖက်လူက သူ့အား မလိုချင်ကြောင်း ငြင်းဆန်လျှင်တောင် သူသည် နားလေးတစ်ယောက်ကဲ့သို့ ပေကပ်၍ လုထောင်၏အနား၌ တဝဲလည်လည် လုပ်နေဦးမည်ပင်။
ထိုအခါ လုထောင်က သူ့အား ရေခဲတမျှ အေးစက်လှသော မျက်ဝန်းတစ်စုံနှင့် စိုက်ကြည့်လာလိမ့်မည်။ ၎င်းအေးစက်သည့် အကြည့်တစ်ချက်မှာ ချန်းကျင်း၏စိတ်ထဲ၌ နစ်နေအောင် စိမ့်ဝင်လျက်ရှိပေ၏။ ထိုအေးစက်မှုသည်ကား သူ၏နှလုံးသားအတွင်းမှ မီးစလေးတစ်စအား ငြိမ်းသက်သွားနိုင်သည်အထိလည်း ပြင်းထန်လှသေးသည်။ ရုတ်တရက် ချန်းကျင်းသည် သူ၏ကိုယ်အတွင်းရှိ လည်ပတ်နေသော သွေးများအားလုံး ရပ်တန့်သွားသကဲ့သို့ ခံစားရကာ နှလုံးသားမှာလည်း တဆစ်ဆစ် နာကျင်လာရပေ၏။ ထို့ကြောင့် သူသည် အတန်ကြာသည်အထိ ၎င်းတံခါးအား ဆွဲမဖွင့်နိုင်ခဲ့ပါဘဲ ရှိရှိသမျှသော ခွန်အားတို့ ပျောက်ဆုံးသလို ဖြစ်နေခဲ့ရသည်။
ချန်းကျင်းသည်ကား အတိတ်နှင့်တူညီသော လုထောင်၏ပုံစံအား မြင်တွေ့ရမည်ကို ကြောက်ရွံ့နေခဲ့မိခြင်းပင်။
အကယ်၍ အသင်သာ ချိုမြိန်မှုကို မခံစားနိုင်လျှင် ခါးသီးမှုကိုလည်း အရမ်းဆိုးဝါးသော အရသာဟု သိနိုင်လိမ့်မည် မဟုတ်။ သို့သော် ၎င်းချိုမြိန်မှုအား တစ်ခါမျှ အရသာခံဖူးသွားမိပါက တစ်ဖက်မှ ခါးသီးမှုအား ဆက်၍သည်းခံနိုင်ရန် ခက်ခဲလိမ့်မည်ပင်။
ချန်းကျင်းသည် ၎င်းတံခါးရှေ့၌ ရပ်နေခဲ့မိသည်မှာ မိနစ်များစွာကြာပြီးနောက် ချန်းချန်းက သူ့အနားသို့ ရောက်ရှိလာသည်အထိ ဖြစ်ရ၏။
"ဘာဖြစ်လို့လဲ သခင်လေး။ ချန်းချန်း သခင်လေးအစား တံခါးခေါက်ပေးရမလား"
ချန်းချန်းသည် မျက်လုံးလေးကလယ်ကလယ်နှင့် သူ့အား ညင်သာစွာ အမေးစကားဆိုလာခဲ့သည်။ ၎င်းမျက်လုံးများမှာ လူလုပ်နည်းပညာဖြစ်ရသည့်တိုင် တစ်နည်းတစ်ဖုံအားဖြင့် လွန်စွာမှ ချစ်စဖွယ်ကောင်းရ၏။ သို့နှင့် ချန်းကျင်းက ခေါင်းယမ်းပြရန် ဟန်ပြင်လိုက်ချိန်တွင် တစ်ဖက်မှတံခါးက ရုတ်တရက် ပွင့်လာ၍ သူ၏နှလုံးသားတစ်ခုလုံးအား လှုပ်ခတ်နိုင်စွမ်းရှိသော ခင်ပွန်းဖြစ်သူ၏အသံမှာ ထွက်ပေါ်လာရတော့ပေ၏။
"ပြန်လာပြီလား"
အမှန်မှာမူ ချန်းကျင်းသည် လုထောင်အား မျက်နှာချင်းဆိုင်ရန် ကြောက်ရွံ့နေမိခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူ၏လေသံမှာ ခါးသီးမှုတို့ ရှိမနေခဲ့ပါဘဲ သူ့အတွက် ယာယီဖြစ်သော ချိုမြိန်မှုတို့က ရှိနေခဲ့သည်ပင်။
ချန်းကျင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားမိ၍ သက်ပြင်းတစ်ချက်ချလိုက်ကာ သူ၏အရှေ့မှ ခင်ပွန်းဖြစ်သူအား ကြည့်လာခဲ့၏။ တစ်ဖက်လူ၏ မျက်ဝန်းများမှာ အနည်းငယ် ပြုံးယောင်သန်းနေ၍ အတိတ်က ရင်းနှီးခဲ့ဖူးပါသော အေးစက်မှုတို့ကလည်း စိုးစဉ်းမျှ ရှိမနေခဲ့ပါချေ။
ကွာဟလွန်းသော ပြောင်းလဲမှုများအား တွေးမိရင်း ရုတ်တရက် သူသည် ငိုချင်စိတ်တို့ပင် တဖွားဖွား ပေါ်ပေါက်လာရတော့၏။
ချန်းကျင်း၏အားနည်းချက်မှာ မိမိ၏ခံစားချက်တို့အား လုံးလုံး မထိန်းချုပ်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ တမဟုတ်ချင်းပင် လှပသော မျက်ဝန်းပြာတို့ဆီမှ မျက်ရည်များက အဆက်မပြတ်စီးကျလာခဲ့ရာ တည်ငြိမ်သူလုထောင်သည်ပင် အနည်းငယ် ထိတ်လန့်လို့သွားရ၏။ သူက ချန်းကျင်းအား ပွေ့ဖက်လိုက်ကာ နူးညံ့စွာ မေးလာခဲ့သည်။
"ဘာဖြစ်လို့လဲ။ ယွိအိမ်တော်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား"
၎င်းမှာ လေးလတိတိ ကျန်ရစ်နေသေးသည် မဟုတ်ပါလား။ ဤကာလများအတွင်း၌ လုထောင်သည် သူ့အား ယခင်ကကဲ့သို့ စိမ်းစိမ်းကားကား ဆက်ဆံလာလိမ့်မည် မဟုတ်ပါချေ။ ထိုသူသည် သူ့အား ဂရုစိုက်ပေးကာ ချစ်ခင်ပေး၍ လိုလိုလားလားလည်း ပွေ့ဖက်လာလိမ့်မည်ပင်။ ထိုကဲ့သို့တွေးမိရုံဖြင့်ပင် ချန်းကျင်း၏နှလုံးသားမှာ စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှံသွားရ၏။ ထို့အပြင် ၎င်းအခြေအနေသည်ကား မိမိအတွက် ဝမ်းနည်းစရာမဟုတ်ကြောင်းကိုလည်း သူ ရုတ်တရက် နားလည်သွားမိသည်။ ၎င်းက သူ့အတွက် ကံကောင်းမှုတစ်ရပ်သာ ဖြစ်ရသည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ အချိန်အားဖြင့် လေးလလုံးလုံး ကျန်ရှိနေသေးလေသည်။
ဘေးနားမှ ချန်းချန်းသည်လည်း အလွန်ပင် သိချင်စိတ်တို့် ပြင်းပြလာရကာ သူမ၏စက်ရုပ်လက်များအား ဘယ်ညာ ဝေ့ယမ်းပြလျက် ဆိုလာပေ၏။
"ဘာဖြစ်လို့လဲ သခင်လေး။ သခင်လေးကို ဘယ်သူက ဒီလို ဝမ်းနည်းအောင် လုပ်လိုက်တာလဲ။ ချန်းချန်း အခုချက်ချင်း အဲ့ဒီလူကို သွားပြီး သင်ခန်းစာပေးပစ်မယ်!"
၎င်းစကားကြောင့် ချန်းကျင်းမှာ ရယ်ရခက် ငိုရခက်ပင် ဖြစ်သွားရ၏။ သူက ချန်းချန်း၏ခေါင်းအား ပွတ်သပ်ပေးလာ၍ အပြုံးတစ်ပွင့်နှင့် ဆိုသည်။
"ငါဘာမှမဖြစ်ပါဘူး"
ထို့နောက် သူသည် လုထောင်ဘက်သို့ လှည့်လာ၍ ရှင်းပြလာခဲ့၏။
"ယွိအိမ်တော်မှာ ဘာမှမဖြစ်ခဲ့ပါဘူး။ အဖွားယွိက ကျွန်တော့်ကို ကောင်းကောင်းဧည့်ခံပါတယ်။ ပြီးတော့ သူ့အတွက် အကျႌချုပ်ပေးဖို့ ဆိုဒ်လည်းတိုင်းလာခဲ့ပြီး ဒီဇိုင်းလည်း စဉ်းစားပြီးသွားပြီ။ အဖွားက ကျွန်တော့်ကို စရန်ငွေလည်း ပေးလိုက်တယ်"
ချန်းကျင်းက ပျော်ရွှင်စွာဖြင့် သူ၏လက်ငါးချောင်းအား ထောင်ပြလာကာ ဆိုသည်။
"ပုံမှန်ဈေးထက် ငါးဆတောင် ပိုများတယ် သိလား"
"ကောင်းတာပေါ့"
လုထောင်ကလည်း သဘောကျစွာ ရယ်မောလာသည်။
"ဒါလင်က ဒီမှာ ဘာလုပ်နေတာလဲ"
"ဒီတိုင်း အရင်ကကျန်ခဲ့တဲ့ ပစ္စည်းတွေရှိမလားလို့ လာကြည့်တာ"
လုထောင်က သူ၏မျက်ခုံးများအား ပင့်တင်လျက် ထပ်ဆို၏။
"ဒါပေမဲ့ ပစ္စည်းလည်း သိပ်မရှိပါဘူး။ မသိရင် လူမနေတဲ့ အခန်းကြီးကျနေတာပဲ"
သူ၏မှတ်ချက်အား ကြားသောအခါ ဘေးနားမှ ချန်းချန်းကလည်း ထပ်ဆင့် ထောက်ခံလာခဲ့ပေသည်။
"ဟုတ်တယ်လေ။ သခင်လေးကမှ အိမ်ကို ခဏခဏပြန်မလာတာ"
ချန်းချန်း၏စကားကြောင့် ချန်းကျင်း၏နှလုံးသားတစ်ခုလုံးမှာ ရုတ်တရက် တင်းကြပ်သွားသလို ခံစားလိုက်ရ၏။ သူက ချန်းချန်းဘက်သို့ လှည့်ကာ ကပျာကယာ ဆိုလာသည်။
"ချန်းချန်း..မင်း အရင်ဆုံး အနားယူလိုက်တော့လေ"
"နားလည်ပါပြီ"
ချန်းချန်း၏လေသံမှာ အတော်လေး ပျော်ရွှင်နေပုံပေါက်၏။
"သခင်လေးတို့နှစ်ယောက်က ချစ်တီတူးကြတော့မလို့ မလား။ စိတ်မပူပါနဲ့ ချန်းချန်းက မနှောင့်ယှက်ပါဘူး။ အလိုက်တသိနဲ့ ရှောင်ပေးပါ့မယ်"
ပြောပြီးသည်နှင့် ချက်ချင်းပင် ချန်းချန်းသည် လှေကားထစ်များတစ်လျှောက် လျင်မြန်စွာ ဆင်းသွား၍ သူ၏အားသွင်းခန်းထဲသို့ တစ်ချိုးတည်း ဝင်သွားပေတော့၏။
ချန်းကျင်းကမူ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းနေရပြီပင်။ ထို့နောက် လုထောင်က သူ၏ခါးအား ဆွဲယူကာ အခန်းတွင်းသို့ ခေါ်လာခဲ့လေသည်။
အမှန်မှာမူ ချန်းကျင်းသည် ၎င်းအခန်းထဲသို့ လက်ထပ်ပြီးခါစ အတိတ်အချိန်က မကြာခဏ လာရောက်ခဲ့ဖူးပေ၏။ အထူးသဖြင့် လုထောင်က အိမ်မှထွက်သွား၍ စစ်မြေပြင်သို့ အချိန်ကြာမြင့်စွာ သွားရောက်တတ်သည့် အခါမျိုး၌ပင်။ ထိုအခါက သူသည် ခင်ပွန်းဖြစ်သူ၏အခန်းအား သန့်ရှင်းရေးလုပ်ပေးရန်ကို အပြင်းအထန် ငြင်းဆန်လေ့ရှိ၍ ရှိရှိသမျှသော ပြတင်းပေါက်နှင့် တံခါးများကိုလည်း အလုံပိတ်ထားလေ့ရှိခဲ့၏။ အကြောင်းမှာ တစ်ဖက်လူ၏ အငွေ့အသက်တို့အား တစ်ဒင်္ဂမျှဖြစ်စေ ၎င်းအခန်းအတွင်း၌ သိမ်းဆည်းထားလိုခြင်းပါပင်။ သို့နှင့် လွန်စွာမှ ဇီဇာကြောင်ချေးများတတ်သော သခင်လေးချန်းသည် လူမရှိသော အခန်းအတွင်း၌ ထိုကဲ့သို့ အလုံပိတ်၍ တစ်ဖက်လူ၏အငွေ့အသက်တို့ မပျောက်မချင်း ရက်အတန်ကြာမျှ တစ်ယောက်တည်း အိပ်စက်ခဲ့ဖူးသည့် ဖြစ်ရပ်မျိုး ရှိခဲ့ရလေတော့၏။
အခန်းအတွင်းရှိ အရာအားလုံးမှာ အရင်အတိုင်းပင် ဖြစ်၍ လုထောင်၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းပစ္စယများကလည်း မည်မည်ရရ ရှိမနေခဲ့ပါချေ။ ခုံပေါ်၌ မြင်ရသောအရာမှာ သူ၏ညအိတ်ဝတ်စုံ နှစ်ထည်မျှသာ ဖြစ်ရ၏။ သို့သော် ယခုအချိန်၌ လုထောင်သည် စားပွဲအံဆွဲထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလာခဲ့ပေသည်။
၎င်းမှာ ကွန်ဒုံးဘူးတစ်ခုပင်။
အတိအကျဆိုရလျှင် ၎င်းသည် အသစ်စက်စက် မဟုတ်ရပါဘဲ တစ်ဝက်မျှက အသုံးပြထားပြီးသား ဖြစ်ရ၏။
၎င်းပစ္စည်းအား မြင်လိုက်ရသောအခါ ချန်းကျင်းမှာ တမဟုတ်ချင်းပင် ရှက်ရွံ့သွားရတော့သည်။
"ဒါလင်..ဘာလို့"
"ကိုယ်တွေ့ထားတာကို ကြည့်ကြည့်ဦး"
လုထောင်က အိပ်ရာအစွန်းတွင် ဝင်ထိုင်လိုက်ကာ ၎င်းကွန်ဒုံးဘူးအား လှုပ်ခါပြလာခဲ့၏။ သူသည် အလွန်အမင်း ရှက်ရွံ့နေသော ဇနီးဖြစ်သူအား ကြည့်ရင်း တမင်သက်သက် မေးလာပေသည်။
"ဒါဘယ်သူဝယ်ထားတာလဲ"
ချန်းကျင်းသည် ရှက်ရွံ့လွန်းသဖြင့် ပြန်မဖြေရဲခဲ့ပါချေ။ သူက ထိုကဲ့သို့ ငြိမ်နေချိန်တွင် တစ်ဖက်မှ လုထောင်သည် သူ၏လက်တစ်ဖက်အား ရုတ်တရက် လှမ်းဆွဲလာခဲ့၍ မိမိ၏ပေါင်ခွင်ထက်သို့ ထိုင်စေကာ အပေါ်ပိုင်းကိုယ်ထည်နှစ်ခု နီးကပ်သည်အထိ ပွေ့ဖက်လာပေသည်။ ထို့နောက် ပြတင်းပေါက်မှ လိုက်ကာများက အလိုအလျောက် လျှောကျလာခဲ့၍ အခန်းအတွင်းမှ မီးအလင်းရောင်မှာလည်း ပိုမိုမှိန်သွားရကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေဝါးလာစေတော့၏။
ထိုလူသားနှစ်ယောက်၏ မျက်နှာပြင်များမှာလည်း အချင်းချင်း၏ ဝင်လေထွက်လေအား ခံစားမိနိုင်သည်အထိ နီးကပ်လာခဲ့၍ အဆုံး၌မူ နှုတ်ခမ်းလွှာများကပါ ထိကပ်သွားရကာ ချိုမြိန်သော အနမ်းတစ်ခု ဖြစ်တည်လာရသည်ပင်။ သို့သော် မည်သူက ၎င်းအနမ်းအား အစပျိုးခဲ့ကြောင်းကိုမူ တစ်ယောက်မျှ သတိမထားမိခဲ့။ ထို့နောက် ၎င်းအနမ်းမှာ တဖြည်းဖြည်းနှင့် ချိုမြိန်မှုမှတစ်ဆင့် အနည်းငယ် အရိုင်းဆန်မှုဆီသို့ ဦးတည်လာရပေ၏။
ဤအခန်းအတွင်း၌ လုထောင်နှင့် စွဲမက်စွာ နမ်းရှိုက်နေရသည်ဟူသော အတွေ့အကြုံမှာ ချန်းကျင်းအတွက် လွန်စွာမှ မယုံကြည်နိုင်စရာ ကောင်းရသည်။ ၎င်းမှာ သူကိုယ်တိုင်က အမြဲလိုချင်တမ်းတခဲ့ရပါသော အခြင်းအရာဖြစ်သည့်အတွက် တကယ်တမ်းကြုံရချိန်၌မူ အိပ်မက်ကဲ့သို့ပင် ဖြစ်နေရခြင်းမျိုးပါပင်။ သူ၏တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားမှုကြောင့် မသိမသာ တုန်ရီသွားရ၍ ထို့နောက် မျက်ဝန်းများက နီမြန်းလာကာ မကြာမီအတွင်းပင် မျက်ရည်စီးကြောင်းတို့က ဖြစ်တည်လာရပြန်၏။
လုထောင်သည် တစ်ဖက်လူ၏မျက်ရည်စများအား အသာအယာထိတွေ့လာခဲ့သည့်တိုင် မည်သည်ကိုမျှ မမေးမြန်းခဲ့ပါချေ။ ထိုအစား သူသည် ချန်းကျင်း၏နှုတ်ခမ်းအစုံအား ဂရုတစိုက်နမ်းရှိုက်လာခဲ့၍ တစ်ဖက်လူ၏ အကျႌအတွင်းပိုင်းထဲသို့ လက်တစ်ဖက်အား လျှိုလာကာ ခါးသွယ်သွယ်အား ထိတွေ့လာပေ၏။ ချန်းကျင်း၏အသားအရည်မှာ နူးညံ့ချောမွေ့၍ လက်ကမူ အနည်းငယ် ကြမ်းရှနေကာ လက်ချောင်းထိပ်များမှ သေးငယ်သော အမာရွတ်ရာများကိုလည်း ခံစားမိနိုင်သည်ပင်။
လုထောင်သည် တစ်ဖက်လူ၏ လက်တစ်ဖက်အား ဆုပ်ကိုင်လျက် လက်ချောင်းချင်း ယှက်ဖြာလာခဲ့ကာ ချန်းကျင်းအား အိပ်ရာထက်သို့ လှဲချလာခဲ့ပေ၏။ သို့နှင့် နှစ်ဦးသား မျက်နှာချင်းဆိုင် ဖြစ်သွားရချိန်တွင် အသီးသီး၏ အသက်ရှုသံများမှာ စည်းချက်မကျ ဖြစ်လာရတော့သည်။ ချန်းကျင်း၏မျက်လုံးများမှာ သမင်မျက်လုံးကဲ့သို့ စင်ကြယ်နေ၍ အပြစ်ကင်းစင်ဟန်လည်းပေါက်၏။ သူ၏ပုံစံမှာ တစ်ဖက်မှ ခင်ပွန်းဖြစ်သူ၏ ရည်ရွယ်ချက်အား သေးသေးလေးမျှ နားမလည်သည့်ပုံစံမျိုးပါပင်။ ထိုကဲ့သို့သော ချစ်စဖွယ်အမူအရာကြောင့် လုထောင်မှာ အတန်ကြာမျှ ယစ်မူးသွားရလေ၏။ သူက ချန်းကျင်း၏ နှာခေါင်းထိပ်လေးအား သူ့နှာခေါင်းထိပ်နှင့် ပွတ်သပ်လာရင်း တိုးတိုးလေးမေးသည်။
"အရင်က ကိုယ်က မင်းကို အတော်လေး ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့မိလို့လား"
ချန်းကျင်းသည်လည်း လုထောင်က မိမိတို့နှစ်ယောက်၏ အတိတ်အကြောင်းနှင့် ပတ်သက်၍ သိရှိပြီးလောက်ပြီဖြစ်ကြောင်း ခန့်မှန်းထားမိပြီးသားပါပင်။ သူက ရုတ်တရက်ဖြစ်တည်လာသော နာကျင်မှုများအား မျိုသိပ်လိုက်ကာ ပြန်ဖြေလာခဲ့၏။
"မဟုတ်ဘူး..။ ကျွန်တော်က အရမ်းဆိုးခဲ့မိလို့.."
လုထောင်က သဘောကျစွာ ရယ်မောလေသည်။
"ဒါဆို ကိုယ်က ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ မင်းလိမ္မာတဲ့အချိန်မှာ တွေ့ခွင့်ရခဲ့တာမို့လို့လေ.."
ချန်းကျင်းကမူ ခင်ပွန်းဖြစ်သူ၏စကားနှင့် ပတ်သက်၍ ကောင်းစွာ နားလည်နိုင်စွမ်း မရှိခဲ့ပါချေ။ သို့သော် သူသည် ၎င်းအကြောင်းအရာအား ဆက်လက်၍လည်း ဆွေးနွေးချင်စိတ်မရှိတော့။
သူသည် ဤလေးလအား ပျော်ရွှင်စွာဖြင့် ကုန်ဆုံးသွားရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ပြီးနောက်တွင် အဖေနှင့်အစ်ကိုတို့နှင့်အတူ တခြားကမ္ဘာတစ်ခုသို့ ထွက်ခွာသွားမည်ဖြစ်ကာ မိမိ၏ကျန်သက်တမ်း တစ်လျှောက်လုံးကိုလည်း ၎င်း ချိုမြိန်ဖွယ်ရာ အမှတ်တရများအား သိမ်းဆည်း၍ ကုန်ဆုံးသွားမည်ပင်။
ထို့ကြောင့် ချန်းကျင်းသည် သူ၏လည်တိုင်အား မတ်လိုက်ကာ လုထောင်၏နှုတ်ခမ်းအလွှာအား စတင်နမ်းရှိုက်လာခဲ့ပေ၏။ ထို့နောက် သူက အနည်းငယ် သည်းမခံနိုင်ဟန်ဖြင့် ဆိုလာသည်။
"ဒါလင်..လုပ်ရအောင်"
Zawgyi
အတိတ္ႏွင့္ပစၥဳပၸန္ၾကားမွ ကြဲလြဲမႈအခ်ိဳ႕
Orange Blossom ပါတီပြဲၿပီးသည့္ ေနာက္ပိုင္းမွစ၍ ခ်န္းက်င္းမွာ တဖန္ျပန္ကာ နာမည္ႀကီးလာရ၏။ သူ၏ဂုဏ္သတင္းမွာ အရင္ကထက္ပို၍ လူအမ်ားၾကား၌ က်ယ္ျပန္႔လာသည္ပင္။ ထို႔အျပင္ အမ်ားစုသည္ သူ႔အား "ခ်န္းအိမ္ေတာ္မွ သခင္ေလး" ဟူေသာ ပံုရိပ္မွ "ဗိုလ္ခ်ဳပ္ကေတာ္" ဟူေသာ ဂုဏ္ပုဒ္ႏွင့္ ေျပာင္းလဲျမင္လာၾကေပ၏။ အခ်ိဳ႕ေသာ သတင္းေထာက္အမ်ားစုမွာလည္း ခ်န္းက်င္းအား အင္တာဗ်ဳးရန္အတြက္ သီးသန္႔ေတြ႔ဆံုခြင့္ ေတာင္းလာၾကတတ္ေသးသည္။ သို႔ေသာ္ သူသည္ ၎ေတာင္းဆိုမႈမ်ား အားလံုးကို ယဥ္ေက်းစြာပင္ ျငင္းပယ္ခဲ့ေလ၏။
မိမိ၏ဂုဏ္သိကၡာ ေက်ာ္ၾကားဖို႔အေရးအား အထူးဂ႐ုစိုက္ေလ့႐ွိခဲ့ေသာ သခင္ေလးခ်န္းသည္ ယခုအခ်ိန္၌ သာမန္႐ိုး႐ွင္းေသာ လူတစ္ဦးမွ်သာ ေျပာင္းလဲသြားဟန္တူသည္။ ခ်န္းက်င္း၏ေန႔စဥ္ဘဝမွာ ေငြအေျမာက္အမ်ား႐ွာရန္ႏွင့္ ခ်စ္ရေသာ ခင္ပြန္းျဖစ္သူႏွင့္ အတူအခ်ိန္ျဖဳန္းရန္သာ ျဖစ္လိမ့္ေလမည္။
ဖိတ္ၾကားမႈခံရသျဖင့္ ေနာက္တစ္ေန႔၌ ခ်န္းက်င္းသည္ ယြိမိသားစုအိမ္ေတာ္ထံသို႔ က်န္ရစ္ေသာ ေျခအိတ္တစ္ဖက္အား ယူလာကာ တဖန္ျပန္လည္ ေရာက္႐ွိလာခဲ့ရ၏။ ယြိစီေကြးက သူ႔အား ပ်ဴငွါစြာဧည့္ခံ၍ ၿပီးေနာက္ သူ၏လက္ရာအား ခ်ီးမြမ္းလာေပသည္။
"ေ႐ွာင္က်င္း..ဘာလို႔မ်ား မင္းရဲ႕လက္ရာက လူေတြေျပာေျပာေနၾကတဲ့ မစၥရီလာရဲ႕လက္ရာနဲ႔ ဆင္တူေနတယ္လို႔ အဖြား ထင္ေနမိပါလိမ့္?"
ခ်န္းက်င္းသည္ အနည္းငယ္ အံ့ဩသြားမိ၍ ကပ်ာကယာႏွင့္ တံု႔ျပန္လာခဲ့၏။
"ဘာလို႔ အဲ့ဒီလိုထင္ရတာပါလဲ"
စီေကြးက ညင္သာစြာျပံဳးလ်က္ ဆိုသည္။
"အရမ္းသိသာလြန္းေနတယ္ မဟုတ္လား?"
ခ်န္းက်င္း၌ လူႀကီးသူမမ်ားအား ယတိျပတ္ မုသားစကားဆိုရန္ သတၱိမ႐ွိပါေခ်။ သို႔ေသာ္ သူသည္ ဝန္ခံလိုက္ရန္လည္း အနည္းငယ္ ထိတ္လန္႔ေနမိျပန္၏။ ခ်န္းက်င္းသည္ မူလအစက အမွန္အတိုင္း ေျပာျပခ်င္ခဲ့သည့္တိုင္ ထိုကဲ့သို႔ေျပာလိုက္ပါက မိမိတို႔ႏွစ္ေယာက္ၾကား႐ွိ သင့္ျမတ္ဖြယ္ဆက္ဆံေရးအား ၿပိဳကြဲသြားမွာလည္း စိုးမိသည္။ မည္သို႔ပင္ဆိုေစကာမူ တစ္ဖက္လူသည္ ဥပေဒေရးရာဌာနမွ ဝန္ႀကီးလည္း ျဖစ္ခဲ့ေသးသည္ မဟုတ္ပါလား။ ယခုမိမိ၏ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမွာ တရားမဝင္ျဖစ္ေနေလရာ ယြိစီေကြးသည္ ေသခ်ာေပါက္ သူ႔အား ေဒါသထြက္မိလိမ့္မည္ပင္။ သို႔သည့္တိုင္ သူသည္ တစ္ဖက္လူအား လိမ္ညာရန္ မေတြးဝံ့ခဲ့။
"အဖြား..အဲ့..အဲ့ဒါက ကြၽန္ေတာ္ တမင္သက္သက္ ဖံုးကြယ္ဖို႔ ရည္ရြယ္ထားတာ မဟုတ္ရပါဘူး။ တကယ္က.."
"အဖြားနားလည္ပါတယ္"
ယြိစီေကြးက ႏူးညံ့စြာျပံဳးျပလ်က္ ခ်န္းက်င္း၏ေခါင္းအား ဖြဖြေလး ပုတ္ေပးလာခဲ့၏။
"မေၾကာက္ပါနဲ႔ ေ႐ွာင္က်င္းရဲ႕။ မင္းရဲ႕ အခက္အခဲကို အဖြားသိပါတယ္။ အဖြား မင္းကို ဒုကၡေရာက္ေအာင္ မလုပ္ပါဘူး စိတ္မပူနဲ႔ ဟုတ္ၿပီလား။ ဒီလို႐ုန္းကန္ရတာ မင္းအတြက္ ဘယ္ေလာက္ေတာင္ ခက္ခဲလိမ့္မလဲ။ မင္းလုပ္ႏိုင္တဲ့အတြက္ အဖြားက အထင္ေတာင္ႀကီးမိပါေသးတယ္"
ထိုအခါမွသာ ခ်န္းက်င္းသည္ စိတ္သက္သာရာ ရသြားဟန္ျဖင့္ သက္ျပင္းတစ္ခ်က္ခ်မိေလေတာ့၏။ သူ၏မ်က္ႏွာကမူ ခ်ီးမြမ္းခံရမႈေၾကာင့္ အနည္းငယ္ နီျမန္းလ်က္ပင္။
ယြိစီေကြးက ဆက္ေမးလာခဲ့သည္။
"အဖြားအစ္မရဲ႕ ေျခေထာက္ေပၚက ျခံဳထည္ကလည္း မင္းလုပ္ေပးထားတာပဲမလား"
ခ်န္းက်င္းသည္ ေျဖးညင္းစြာ ေခါင္းၿငိမ့္ျပလာခဲ့၏။ ထို႔ေနာက္ ယြိစီေကြးကပင္ ဆက္ဆိုသည္။
"တကယ္ေတာ့ သူလည္း အစကမသိဘူး။ ေ႐ွာင္ေထာင္က စတိုးဆိုင္တစ္ခုခုကေန ဝယ္လာေပးတယ္လို႔ပဲ သိထားတာ။ ဟိုတစ္ေန႔က အဖြားက သူ႔ကို ဒီေျခအိတ္တစ္ဖက္နဲ႔ အဲ့ဒီျခံဳထည္ကို ယွဥ္ျပလိုက္ၿပီး မင္းလုပ္ေပးထားတာ ျဖစ္ႏိုင္တယ္လို႔လည္း ေျပာျပလိုက္ေရာ သူအရမ္းေတြ မယံုႏိုင္ျဖစ္ေနတာေလ"
ခ်န္းက်င္းသည္ ခဏမွ် ထိတ္လန္႔သြားမိ၍ အလန္႔တၾကား ေမးလာေပ၏။
"ကြၽန္ေတာ္လုပ္တာလို႔ ေျပာျပလိုက္တာလား!?"
တမဟုတ္ခ်င္းပင္ ႏွေျမာတသျဖစ္ေသာ အရိပ္အေယာင္အခ်ိဳ႕က သူ၏မ်က္ဝန္းအတြင္း၌ ျဖတ္ေျပးသြားခဲ့ရသည္။
"အဖြားက ကြၽန္ေတာ့္ကို သေဘာမက်ဘူး။ ကြၽန္ေတာ္ လုပ္ေပးတာသာသိရင္ သူသံုးေတာ့မွာ မဟုတ္ဘူး.."
ယြိစီေကြးက သူမ၏မ်က္ခံုးတို႔အား ပင့္တင္ကာ ဆိုလာ၏။
"ဒီတစ္ခါေတာ့ သူ ေဒါသထြက္မသြားပါဘူး"
"ဟမ္ ..အဖြားက တကယ္ပဲ ေဒါသထြက္မသြားဘူးလား!?"
"အင္း။ အဖြားအျမင္မွာေတာ့ မင္းရဲ႕ အဆိုးအျမင္ေတြကို ေျပာင္းလဲသင့္ၿပီလို႔ ထင္တာပဲ။ ၿပီးေတာ့ ဒီဟာက ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ျဖန္ေျဖဖို႔ အခြင့္အေရးေကာင္းလည္း ျဖစ္ႏိုင္တယ္ေလ"
ယြိစီေကြးက အျပံဳးတစ္ပြင့္အား ပန္ဆင္လ်က္ ဆက္ဆိုလာသည္။
"ေနာက္ၿပီး အခုၾကည့္ရသေလာက္ေတာ့ မင္းနဲ႔ေ႐ွာင္ေထာင္ရဲ႕ ဆက္ဆံေရးကလည္း အဆင္ေျပတဲ့ပံုပါပဲ။ အဲ့ဒါေၾကာင့္ အရမ္းအားမငယ္ပါနဲ႔ ..အဖြားရဲ႕အစ္မနဲ႔လည္း အဆင္ေျပသြားမွာပါ"
ခ်န္းက်င္းကမူ ကိစၥရပ္တိုင္းအား အေကာင္းဘက္မွ မျမင္ႏိုင္ခဲ့ပါေခ်။ သို႔ေသာ္ သူသည္ ယြိစီေကြး၏ ႏွစ္သိမ့္စကားတို႔ေၾကာင့္ အနည္းငယ္ စိတ္သက္သာရာရသြားမိေပ၏။
"ကြၽန္ေတာ္နားလည္ပါၿပီ။ ဒါဆို အဖြားအတြက္ ဝတ္စံုကို ကြၽန္ေတာ္ခ်ဳပ္ေပးမယ္ေလ။ ဘယ္လိုပံုစံမ်ိဳး ခ်ဳပ္ခ်င္တာပါလဲ"
~~~~
သို႔ႏွင့္ ယြိအိမ္ေတာ္မွ ျပန္လာၿပီးေနာက္တြင္ ခ်န္းက်င္း၏ လက္ထဲ၌ ႀကီးမားေသာ ပစၥည္းထုပ္ႀကီးတစ္ခုက ပါ႐ွိလာခဲ့ရေတာ့သည္။ ၎မွာ ဝတ္စံုခ်ဳပ္ရန္အတြက္ လိုအပ္ေသာ ကုန္ၾကမ္းပစၥည္းမ်ားျဖစ္၍ အမ်ားစုမွာ အန္ဒီဆီမွ ျဖစ္ကာ က်န္အခ်ိဳ႕မွာ ယြိအိမ္ေတာ္မွ ျဖစ္၏။ မိမိ၏အိမ္တံခါးဝသို႔ ေရာက္ေသာအခါ ခ်န္းခ်န္းက သူ႔အား ထံုးစံအတိုင္း ေပ်ာ္ရႊင္စြာ ဆီးႀကိဳေပသည္။
"ျပန္လာၿပီလား သခင္ေလး။ ခ်န္းခ်န္းကို အဲ့ဒီပစၥည္းထုပ္ႀကီး ေပးေလ။ သိတယ္မလား.. ခ်န္းခ်န္းက အသန္မာဆံုးဆိုတာကို!
ခ်န္းက်င္းသည္ သေဘာက်စြာ ျပံဳးရယ္လ်က္ ေက်းဇူးတင္စကားဆိုလိုက္သည္။ ထို႔ေနာက္ သူက လက္ထဲမွ ပစၥည္းထုပ္ႀကီးအား ခ်န္းခ်န္းဆီသို႔ လႊဲေပးလာကာ စကားဆက္၏။
"ဒါလင္ေရာ ျပန္မေရာက္ေသးဘူးလား"
"အာ ..သခင္ေလးရဲ႕ဒါလင္က ဒုတိယထပ္မွာ ႐ွိတယ္။ ခ်န္းခ်န္းလည္း ေကာ္ဖီပူပူတစ္ခြက္ ေဖ်ာ္ေပးၿပီး သူ႔ဆီ ပို႔ထားၿပီးသား"
ခ်န္းက်င္းသည္ အနည္းငယ္ နားမလည္ႏိုင္ဟန္ျဖင့္ ေရရြတ္လာမိ၏။
"သူက ဒုတိယအထပ္မွာ ဘာလုပ္ေနတာလဲ"
"ခ်န္းခ်န္းလည္း သိခ်င္ေနတာ။ ဒါေပမဲ့ မေမးခဲ့မိလိုက္ဘူး"
ခ်န္းက်င္းသည္ အေပၚထပ္ ကုတ္အက်ႌအား ခြၽတ္လိုက္ကာ အိမ္တြင္းစီးဖိနပ္တစ္ရံအား ေကာက္စီး၍ ၿပီးေနာက္ ဒုတိယအထပ္သို႔ တက္လာခဲ့ေပ၏။ သူ၏ေန႔စဥ္အလုပ္မ်ားမွာ ပထမအထပ္အတြင္း၌သာ ႐ွိသျဖင့္ ခ်န္းက်င္းသည္ ဒုတိယအထပ္သို႔ မၾကာခဏ ေရာက္ေလ့မ႐ွိပါေခ်။ သို႔သည့္တိုင္ ခ်န္းခ်န္းက တစ္အိမ္လံုးအား ေန႔တိုင္း သန္႔႐ွင္းေရးလုပ္ေပးထားေသာေၾကာင့္ ဒုတိယအထပ္မွာ ဖုန္တစ္စမွ် စြဲကပ္ျခင္းမ႐ွိပါဘဲ သန္႔႐ွင္းေနခဲ့ေပ၏။ ေလွကားထစ္မ်ားအေပၚ၌ ေလွ်ာက္လွမ္းေနဆဲမွာပင္ သူသည္ အတိတ္မွ လုေထာင္႐ွိေနတတ္ေသာ ေနရာတစ္ခုအား ႐ုတ္တရက္ အမွတ္ရသြားမိ၍ ႏွလံုးသားတစ္ခုလံုး ေလးလံသလို ခံစားရကာ ေျခလွမ္းတို႔မွာလည္း တမဟုတ္ခ်င္း အ႐ွိန္ေလ်ာ့သြားရေတာ့သည္။
အမွန္မွာမူ သူ၏စိတ္ထဲ၌ ရင္းႏွီးေသာ ပံုရိပ္တစ္ခုက ထင္ဟပ္ေနခဲ့ေသာေၾကာင့္ပင္။ အတိတ္အခါက ခ်န္းက်င္းသည္ လုေထာင္အိမ္မွာ႐ွိသည့္အခါတိုင္း ယခုကဲ့သို႔ ေလွကားတစ္ေလွ်ာက္ ေပ်ာ္ရႊင္စြာ တက္လာခဲ့ကာ အနည္းငယ္ စိတ္လႈပ္႐ွားစြာျဖင့္ ထိုသူ၏ အခန္းအတြင္းသို႔ ဝင္လာခဲ့ဖူး၏။ ၎တံခါးအား ဖြင့္လိုက္သည့္အခါတိုင္း၌ သူသည္ ခင္ပြန္းျဖစ္သူႏွင့္ တစ္ဒဂၤါမွ်ပင္ ျဖစ္ေစ အဆင္ေျပေျပ ေနခ်င္ေသာဆႏၵတို႔ ႐ွိေနခဲ့ရေပသည္။ တစ္ဖက္လူက သူ႔အား မလိုခ်င္ေၾကာင္း ျငင္းဆန္လွ်င္ေတာင္ သူသည္ နားေလးတစ္ေယာက္ကဲ့သို႔ ေပကပ္၍ လုေထာင္၏အနား၌ တဝဲလည္လည္ လုပ္ေနဦးမည္ပင္။
ထိုအခါ လုေထာင္က သူ႔အား ေရခဲတမွ် ေအးစက္လွေသာ မ်က္ဝန္းတစ္စံုႏွင့္ စိုက္ၾကည့္လာလိမ့္မည္။ ၎ေအးစက္သည့္ အၾကည့္တစ္ခ်က္မွာ ခ်န္းက်င္း၏စိတ္ထဲ၌ နစ္ေနေအာင္ စိမ့္ဝင္လ်က္႐ွိေပ၏။ ထိုေအးစက္မႈသည္ကား သူ၏ႏွလံုးသားအတြင္းမွ မီးစေလးတစ္စအား ၿငိမ္းသက္သြားႏိုင္သည္အထိလည္း ျပင္းထန္လွေသးသည္။ ႐ုတ္တရက္ ခ်န္းက်င္းသည္ သူ၏ကိုယ္အတြင္း႐ွိ လည္ပတ္ေနေသာ ေသြးမ်ားအားလံုး ရပ္တန္႔သြားသကဲ့သို႔ ခံစားရကာ ႏွလံုးသားမွာလည္း တဆစ္ဆစ္ နာက်င္လာရေပ၏။ ထို႔ေၾကာင့္ သူသည္ အတန္ၾကာသည္အထိ ၎တံခါးအား ဆြဲမဖြင့္ႏိုင္ခဲ့ပါဘဲ ႐ွိ႐ွိသမွ်ေသာ ခြန္အားတို႔ ေပ်ာက္ဆံုးသလို ျဖစ္ေနခဲ့ရသည္။
ခ်န္းက်င္းသည္ကား အတိတ္ႏွင့္တူညီေသာ လုေထာင္၏ပံုစံအား ျမင္ေတြ႔ရမည္ကို ေၾကာက္ရြံ႔ေနခဲ့မိျခင္းပင္။
အကယ္၍ အသင္သာ ခ်ိဳၿမိန္မႈကို မခံစားႏိုင္လွ်င္ ခါးသီးမႈကိုလည္း အရမ္းဆိုးဝါးေသာ အရသာဟု သိႏိုင္လိမ့္မည္ မဟုတ္။ သို႔ေသာ္ ၎ခ်ိဳၿမိန္မႈအား တစ္ခါမွ် အရသာခံဖူးသြားမိပါက တစ္ဖက္မွ ခါးသီးမႈအား ဆက္၍သည္းခံႏိုင္ရန္ ခက္ခဲလိမ့္မည္ပင္။
ခ်န္းက်င္းသည္ ၎တံခါးေ႐ွ႕၌ ရပ္ေနခဲ့မိသည္မွာ မိနစ္မ်ားစြာၾကာၿပီးေနာက္ ခ်န္းခ်န္းက သူ႔အနားသို႔ ေရာက္႐ွိလာသည္အထိ ျဖစ္ရ၏။
"ဘာျဖစ္လို႔လဲ သခင္ေလး။ ခ်န္းခ်န္း သခင္ေလးအစား တံခါးေခါက္ေပးရမလား"
ခ်န္းခ်န္းသည္ မ်က္လံုးေလးကလယ္ကလယ္ႏွင့္ သူ႔အား ညင္သာစြာ အေမးစကားဆိုလာခဲ့သည္။ ၎မ်က္လံုးမ်ားမွာ လူလုပ္နည္းပညာျဖစ္ရသည့္တိုင္ တစ္နည္းတစ္ဖံုအားျဖင့္ လြန္စြာမွ ခ်စ္စဖြယ္ေကာင္းရ၏။ သို႔ႏွင့္ ခ်န္းက်င္းက ေခါင္းယမ္းျပရန္ ဟန္ျပင္လိုက္ခ်ိန္တြင္ တစ္ဖက္မွတံခါးက ႐ုတ္တရက္ ပြင့္လာ၍ သူ၏ႏွလံုးသားတစ္ခုလံုးအား လႈပ္ခတ္ႏိုင္စြမ္း႐ွိေသာ ခင္ပြန္းျဖစ္သူ၏အသံမွာ ထြက္ေပၚလာရေတာ့ေပ၏။
"ျပန္လာၿပီလား"
အမွန္မွာမူ ခ်န္းက်င္းသည္ လုေထာင္အား မ်က္ႏွာခ်င္းဆိုင္ရန္ ေၾကာက္ရြံ႔ေနမိျခင္း ျဖစ္သည္။ သို႔ေသာ္ တစ္ဖက္လူ၏ေလသံမွာ ခါးသီးမႈတို႔ ႐ွိမေနခဲ့ပါဘဲ သူ႔အတြက္ ယာယီျဖစ္ေသာ ခ်ိဳၿမိန္မႈတို႔က ႐ွိေနခဲ့သည္ပင္။
ခ်န္းက်င္းသည္ အနည္းငယ္ စိတ္သက္သာရာ ရသြားမိ၍ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ သူ၏အေ႐ွ႕မွ ခင္ပြန္းျဖစ္သူအား ၾကည့္လာခဲ့၏။ တစ္ဖက္လူ၏ မ်က္ဝန္းမ်ားမွာ အနည္းငယ္ ျပံဳးေယာင္သန္းေန၍ အတိတ္က ရင္းႏွီးခဲ့ဖူးပါေသာ ေအးစက္မႈတို႔ကလည္း စိုးစဥ္းမွ် ႐ွိမေနခဲ့ပါေခ်။
ကြာဟလြန္းေသာ ေျပာင္းလဲမႈမ်ားအား ေတြးမိရင္း ႐ုတ္တရက္ သူသည္ ငိုခ်င္စိတ္တို႔ပင္ တဖြားဖြား ေပၚေပါက္လာရေတာ့၏။
ခ်န္းက်င္း၏အားနည္းခ်က္မွာ မိမိ၏ခံစားခ်က္တို႔အား လံုးလံုး မထိန္းခ်ဳပ္ႏိုင္ျခင္း ျဖစ္ေပလိမ့္မည္။ တမဟုတ္ခ်င္းပင္ လွပေသာ မ်က္ဝန္းျပာတို႔ဆီမွ မ်က္ရည္မ်ားက အဆက္မျပတ္စီးက်လာခဲ့ရာ တည္ၿငိမ္သူလုေထာင္သည္ပင္ အနည္းငယ္ ထိတ္လန္႔လို႔သြားရ၏။ သူက ခ်န္းက်င္းအား ေပြ႔ဖက္လိုက္ကာ ႏူးညံ့စြာ ေမးလာခဲ့သည္။
"ဘာျဖစ္လို႔လဲ။ ယြိအိမ္ေတာ္မွာ တစ္ခုခု ျဖစ္ခဲ့လို႔လား"
၎မွာ ေလးလတိတိ က်န္ရစ္ေနေသးသည္ မဟုတ္ပါလား။ ဤကာလမ်ားအတြင္း၌ လုေထာင္သည္ သူ႔အား ယခင္ကကဲ့သို႔ စိမ္းစိမ္းကားကား ဆက္ဆံလာလိမ့္မည္ မဟုတ္ပါေခ်။ ထိုသူသည္ သူ႔အား ဂ႐ုစိုက္ေပးကာ ခ်စ္ခင္ေပး၍ လိုလိုလားလားလည္း ေပြ႔ဖက္လာလိမ့္မည္ပင္။ ထိုကဲ့သို႔ေတြးမိရံုျဖင့္ပင္ ခ်န္းက်င္း၏ႏွလံုးသားမွာ စိတ္လႈပ္႐ွားမႈ ေပ်ာ္ရႊင္မႈတို႔ျဖင့္ ျပည့္လွ်ံသြားရ၏။ ထို႔အျပင္ ၎အေျခအေနသည္ကား မိမိအတြက္ ဝမ္းနည္းစရာမဟုတ္ေၾကာင္းကိုလည္း သူ ႐ုတ္တရက္ နားလည္သြားမိသည္။ ၎က သူ႔အတြက္ ကံေကာင္းမႈတစ္ရပ္သာ ျဖစ္ရသည္ မဟုတ္ပါလား။
မည္သို႔ပင္ဆိုေစကာမူ အခ်ိန္အားျဖင့္ ေလးလလံုးလံုး က်န္႐ွိေနေသးေလသည္။
ေဘးနားမွ ခ်န္းခ်န္းသည္လည္း အလြန္ပင္ သိခ်င္စိတ္တို္႔ ျပင္းျပလာရကာ သူမ၏စက္႐ုပ္လက္မ်ားအား ဘယ္ညာ ေဝ့ယမ္းျပလ်က္ ဆိုလာေပ၏။
"ဘာျဖစ္လို႔လဲ သခင္ေလး။ သခင္ေလးကို ဘယ္သူက ဒီိလို ဝမ္းနည္းေအာင္ လုပ္လိုက္တာလဲ။ ခ်န္းခ်န္း အခုခ်က္ခ်င္း အဲ့ဒီလူကို သြားၿပီး သင္ခန္းစာေပးပစ္မယ္!"
၎စကားေၾကာင့္ ခ်န္းက်င္းမွာ ရယ္ရခက္ ငိုရခက္ပင္ ျဖစ္သြားရ၏။ သူက ခ်န္းခ်န္း၏ေခါင္းအား ပြတ္သပ္ေပးလာ၍ အျပံဳးတစ္ပြင့္ႏွင့္ ဆိုသည္။
"ငါဘာမွမျဖစ္ပါဘူး"
ထို႔ေနာက္ သူသည္ လုေထာင္ဘက္သို႔ လွည့္လာ၍ ႐ွင္းျပလာခဲ့၏။
"ယြိအိမ္ေတာ္မွာ ဘာမွမျဖစ္ခဲ့ပါဘူး။ အဖြားယြိက ကြၽန္ေတာ့္ကို ေကာင္းေကာင္းဧည့္ခံပါတယ္။ ၿပီးေတာ့ သူ႔အတြက္ အက်ႌခ်ဳပ္ေပးဖို႔ ဆိုဒ္လည္းတိုင္းလာခဲ့ၿပီး ဒီဇိုင္းလည္း စဥ္းစားၿပီးသြားၿပီ။ အဖြားက ကြၽန္ေတာ့္ကို စရန္ေငြလည္း ေပးလိုက္တယ္"
ခ်န္းက်င္းက ေပ်ာ္ရႊင္စြာျဖင့္ သူ၏လက္ငါးေခ်ာင္းအား ေထာင္ျပလာကာ ဆိုသည္။
"ပံုမွန္ေစ်းထက္ ငါးဆေတာင္ ပိုမ်ားတယ္ သိလား"
"ေကာင္းတာေပါ့"
လုေထာင္ကလည္း သေဘာက်စြာ ရယ္ေမာလာသည္။
"ဒါလင္က ဒီမွာ ဘာလုပ္ေနတာလဲ"
"ဒီတိုင္း အရင္ကက်န္ခဲ့တဲ့ ပစၥည္းေတြ႐ွိမလားလို႔ လာၾကည့္တာ"
လုေထာင္က သူ၏မ်က္ခံုးမ်ားအား ပင့္တင္လ်က္ ထပ္ဆို၏။
"ဒါေပမဲ့ ပစၥည္းလည္း သိပ္မ႐ွိပါဘူး။ မသိရင္ လူမေနတဲ့ အခန္းႀကီးက်ေနတာပဲ"
သူ၏မွတ္ခ်က္အား ၾကားေသာအခါ ေဘးနားမွ ခ်န္းခ်န္းကလည္း ထပ္ဆင့္ ေထာက္ခံလာခဲ့ေပသည္။
"ဟုတ္တယ္ေလ။ သခင္ေလးကမွ အိမ္ကို ခဏခဏျပန္မလာတာ"
ခ်န္းခ်န္း၏စကားေၾကာင့္ ခ်န္းက်င္း၏ႏွလံုးသားတစ္ခုလံုးမွာ ႐ုတ္တရက္ တင္းၾကပ္သြားသလို ခံစားလိုက္ရ၏။ သူက ခ်န္းခ်န္းဘက္သို႔ လွည့္ကာ ကပ်ာကယာ ဆိုလာသည္။
"ခ်န္းခ်န္း..မင္း အရင္ဆံုး အနားယူလိုက္ေတာ့ေလ"
"နားလည္ပါၿပီ"
ခ်န္းခ်န္း၏ေလသံမွာ အေတာ္ေလး ေပ်ာ္ရႊင္ေနပံုေပါက္၏။
"သခင္ေလးတို႔ႏွစ္ေယာက္က ခ်စ္တီတူးၾကေတာ့မလို႔ မလား။ စိတ္မပူပါနဲ႔ ခ်န္းခ်န္းက မေႏွာင့္ယွက္ပါဘူး။ အလိုက္တသိနဲ႔ ေ႐ွာင္ေပးပါ့မယ္"
ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ ခ်န္းခ်န္းသည္ ေလွကားထစ္မ်ားတစ္ေလွ်ာက္ လ်င္ျမန္စြာ ဆင္းသြား၍ သူ၏အားသြင္းခန္းထဲသို႔ တစ္ခ်ိဳးတည္း ဝင္သြားေပေတာ့၏။
ခ်န္းက်င္းကမူ ႐ွက္ရြံ႔မႈေၾကာင့္ မ်က္ႏွာတစ္ျပင္လံုး နီျမန္းေနရၿပီပင္။ ထို႔ေနာက္ လုေထာင္က သူ၏ခါးအား ဆြဲယူကာ အခန္းတြင္းသို႔ ေခၚလာခဲ့ေလသည္။
အမွန္မွာမူ ခ်န္းက်င္းသည္ ၎အခန္းထဲသို႔ လက္ထပ္ၿပီးခါစ အတိတ္အခ်ိန္က မၾကာခဏ လာေရာက္ခဲ့ဖူးေပ၏။ အထူးသျဖင့္ လုေထာင္က အိမ္မွထြက္သြား၍ စစ္ေျမျပင္သို႔ အခ်ိန္ၾကာျမင့္စြာ သြားေရာက္တတ္သည့္ အခါမ်ိဳး၌ပင္။ ထိုအခါက သူသည္ ခင္ပြန္းျဖစ္သူ၏အခန္းအား သန္႔႐ွင္းေရးလုပ္ေပးရန္ကို အျပင္းအထန္ ျငင္းဆန္ေလ့႐ွိ၍ ႐ွိ႐ွိသမွ်ေသာ ျပတင္းေပါက္ႏွင့္ တံခါးမ်ားကိုလည္း အလံုပိတ္ထားေလ့႐ွိခဲ့၏။ အေၾကာင္းမွာ တစ္ဖက္လူ၏ အေငြ႔အသက္တို႔အား တစ္ဒဂၤမွ်ျဖစ္ေစ ၎အခန္းအတြင္း၌ သိမ္းဆည္းထားလိုျခင္းပါပင္။ သို႔ႏွင့္ လြန္စြာမွ ဇီဇာေၾကာင္ေခ်းမ်ားတတ္ေသာ သခင္ေလးခ်န္းသည္ လူမ႐ွိေသာ အခန္းအတြင္း၌ ထိုကဲ့သို႔ အလံုပိတ္၍ တစ္ဖက္လူ၏အေငြ႔အသက္တို႔ မေပ်ာက္မခ်င္း ရက္အတန္ၾကာမွ် တစ္ေယာက္တည္း အိပ္စက္ခဲ့ဖူးသည့္ ျဖစ္ရပ္မ်ိဳး ႐ွိခဲ့ရေလေတာ့၏။
အခန္းအတြင္း႐ွိ အရာအားလံုးမွာ အရင္အတိုင္းပင္ ျဖစ္၍ လုေထာင္၏ ကိုယ္ေရးကိုယ္တာ ပစၥည္းပစၥယမ်ားကလည္း မည္မည္ရရ ႐ွိမေနခဲ့ပါေခ်။ ခံုေပၚ၌ ျမင္ရေသာအရာမွာ သူ၏ညအိတ္ဝတ္စံု ႏွစ္ထည္မွ်သာ ျဖစ္ရ၏။ သို႔ေသာ္ ယခုအခ်ိန္၌ လုေထာင္သည္ စားပြဲအံဆြဲထဲမွ ပစၥည္းတစ္ခုကို ထုတ္ယူလာခဲ့ေပသည္။
၎မွာ ကြန္ဒံုးဘူးတစ္ခုပင္။
အတိအက်ဆိုရလွ်င္ ၎သည္ အသစ္စက္စက္ မဟုတ္ရပါဘဲ တစ္ဝက္မွ်က အသံုးျပထားၿပီးသား ျဖစ္ရ၏။
၎ပစၥည္းအား ျမင္လိုက္ရေသာအခါ ခ်န္းက်င္းမွာ တမဟုတ္ခ်င္းပင္ ႐ွက္ရြံ႔သြားရေတာ့သည္။
"ဒါလင္..ဘာလို႔"
"ကိုယ္ေတြ႔ထားတာကို ၾကည့္ၾကည့္ဦး"
လုေထာင္က အိပ္ရာအစြန္းတြင္ ဝင္ထိုင္လိုက္ကာ ၎ကြန္ဒံုးဘူးအား လႈပ္ခါျပလာခဲ့၏။ သူသည္ အလြန္အမင္း ႐ွက္ရြံ႔ေနေသာ ဇနီးျဖစ္သူအား ၾကည့္ရင္း တမင္သက္သက္ ေမးလာေပသည္။
"ဒါဘယ္သူဝယ္ထားတာလဲ"
ခ်န္းက်င္းသည္ ႐ွက္ရြံ႔လြန္းသျဖင့္ ျပန္မေျဖရဲခဲ့ပါေခ်။ သူက ထိုကဲ့သို႔ ၿငိမ္ေနခ်ိန္တြင္ တစ္ဖက္မွ လုေထာင္သည္ သူ၏လက္တစ္ဖက္အား ႐ုတ္တရက္ လွမ္းဆြဲလာခဲ့၍ မိမိ၏ေပါင္ခြင္ထက္သို႔ ထိုင္ေစကာ အေပၚပိုင္းကိုယ္ထည္ႏွစ္ခု နီးကပ္သည္အထိ ေပြ႔ဖက္လာေပသည္။ ထို႔ေနာက္ ျပတင္းေပါက္မွ လိုက္ကာမ်ားက အလိုအေလ်ာက္ ေလွ်ာက်လာခဲ့၍ အခန္းအတြင္းမွ မီးအလင္းေရာင္မွာလည္း ပိုမိုမွိန္သြားရကာ ပတ္ဝန္းက်င္တစ္ခုလံုးကို ေဝဝါးလာေစေတာ့၏။
ထိုလူသားႏွစ္ေယာက္၏ မ်က္ႏွာျပင္မ်ားမွာလည္း အခ်င္းခ်င္း၏ ဝင္ေလထြက္ေလအား ခံစားမိႏိုင္သည္အထိ နီးကပ္လာခဲ့၍ အဆံုး၌မူ ႏႈတ္ခမ္းလႊာမ်ားကပါ ထိကပ္သြားရကာ ခ်ိဳၿမိန္ေသာ အနမ္းတစ္ခု ျဖစ္တည္လာရသည္ပင္။ သို႔ေသာ္ မည္သူက ၎အနမ္းအား အစပ်ိဳးခဲ့ေၾကာင္းကိုမူ တစ္ေယာက္မွ် သတိမထားမိခဲ့။ ထို႔ေနာက္ ၎အနမ္းမွာ တျဖည္းျဖည္းႏွင့္ ခ်ိဳၿမိန္မႈမွတစ္ဆင့္ အနည္းငယ္ အ႐ိုင္းဆန္မႈဆီသို႔ ဦးတည္လာရေပ၏။
ဤအခန္းအတြင္း၌ လုေထာင္ႏွင့္ စြဲမက္စြာ နမ္း႐ိႈက္ေနရသည္ဟူေသာ အေတြ႔အၾကံဳမွာ ခ်န္းက်င္းအတြက္ လြန္စြာမွ မယံုၾကည္ႏိုင္စရာ ေကာင္းရသည္။ ၎မွာ သူကိုယ္တိုင္က အျမဲလိုခ်င္တမ္းတခဲ့ရပါေသာ အျခင္းအရာျဖစ္သည့္အတြက္ တကယ္တမ္းၾကံဳရခ်ိန္၌မူ အိပ္မက္ကဲ့သို႔ပင္ ျဖစ္ေနရျခင္းမ်ိဳးပါပင္။ သူ၏တစ္ကိုယ္လံုးမွာ စိတ္လႈပ္႐ွားမႈေၾကာင့္ မသိမသာ တုန္ရီသြားရ၍ ထို႔ေနာက္ မ်က္ဝန္းမ်ားက နီျမန္းလာကာ မၾကာမီအတြင္းပင္ မ်က္ရည္စီးေၾကာင္းတို႔က ျဖစ္တည္လာရျပန္၏။
လုေထာင္သည္ တစ္ဖက္လူ၏မ်က္ရည္စမ်ားအား အသာအယာထိေတြ႔လာခဲ့သည့္တိုင္ မည္သည္ကိုမွ် မေမးျမန္းခဲ့ပါေခ်။ ထိုအစား သူသည္ ခ်န္းက်င္း၏ႏႈတ္ခမ္းအစံုအား ဂ႐ုတစိုက္နမ္း႐ႈိက္လာခဲ့၍ တစ္ဖက္လူ၏ အက်ႌအတြင္းပိုင္းထဲသို႔ လက္တစ္ဖက္အား လွ်ိဳလာကာ ခါးသြယ္သြယ္အား ထိေတြ႔လာေပ၏။ ခ်န္းက်င္း၏အသားအရည္မွာ ႏူးညံ့ေခ်ာေမြ႔၍ လက္ကမူ အနည္းငယ္ ၾကမ္း႐ွေနကာ လက္ေခ်ာင္းထိပ္မ်ားမွ ေသးငယ္ေသာ အမာရြတ္ရာမ်ားကိုလည္း ခံစားမိႏိုင္သည္ပင္။
လုေထာင္သည္ တစ္ဖက္လူ၏ လက္တစ္ဖက္အား ဆုပ္ကိုင္လ်က္ လက္ေခ်ာင္းခ်င္း ယွက္ျဖာလာခဲ့ကာ ခ်န္းက်င္းအား အိပ္ရာထက္သို႔ လွဲခ်လာခဲ့ေပ၏။ သို႔ႏွင့္ ႏွစ္ဦးသား မ်က္ႏွာခ်င္းဆိုင္ ျဖစ္သြားရခ်ိန္တြင္ အသီးသီး၏ အသက္႐ႈသံမ်ားမွာ စည္းခ်က္မက် ျဖစ္လာရေတာ့သည္။ ခ်န္းက်င္း၏မ်က္လံုးမ်ားမွာ သမင္မ်က္လံုးကဲ့သို႔ စင္ၾကယ္ေန၍ အျပစ္ကင္းစင္ဟန္လည္းေပါက္၏။ သူ၏ပံုစံမွာ တစ္ဖက္မွ ခင္ပြန္းျဖစ္သူ၏ ရည္ရြယ္ခ်က္အား ေသးေသးေလးမွ် နားမလည္သည့္ပံုစံမ်ိဳးပါပင္။ ထိုကဲ့သို႔ေသာ ခ်စ္စဖြယ္အမူအရာေၾကာင့္ လုေထာင္မွာ အတန္ၾကာမွ် ယစ္မူးသြားရေလ၏။ သူက ခ်န္းက်င္း၏ ႏွာေခါင္းထိပ္ေလးအား သူ႔ႏွာေခါင္းထိပ္ႏွင့္ ပြတ္သပ္လာရင္း တိုးတိုးေလးေမးသည္။
"အရင္က ကိုယ္က မင္းကို အေတာ္ေလး ဆိုးဆိုးဝါးဝါး ဆက္ဆံခဲ့မိလို႔လား"
ခ်န္းက်င္းသည္လည္း လုေထာင္က မိမိတို႔ႏွစ္ေယာက္၏ အတိတ္အေၾကာင္းႏွင့္ ပတ္သက္၍ သိ႐ွိၿပီးေလာက္ၿပီျဖစ္ေၾကာင္း ခန္႔မွန္းထားမိၿပီးသားပါပင္။ သူက ႐ုတ္တရက္ျဖစ္တည္လာေသာ နာက်င္မႈမ်ားအား မ်ိဳသိပ္လိုက္ကာ ျပန္ေျဖလာခဲ့၏။
"မဟုတ္ဘူး..။ ကြၽန္ေတာ္က အရမ္းဆိုးခဲ့မိလို႔.."
လုေထာင္က သေဘာက်စြာ ရယ္ေမာေလသည္။
"ဒါဆို ကိုယ္က ကံေကာင္းတယ္လို႔ ဆိုရမွာေပါ့။ မင္းလိမၼာတဲ့အခ်ိန္မွာ ေတြ႔ခြင့္ရခဲ့တာမို႔လို႔ေလ.."
ခ်န္းက်င္းကမူ ခင္ပြန္းျဖစ္သူ၏စကားႏွင့္ ပတ္သက္၍ ေကာင္းစြာ နားလည္ႏိုင္စြမ္း မ႐ွိခဲ့ပါေခ်။ သို႔ေသာ္ သူသည္ ၎အေၾကာင္းအရာအား ဆက္လက္၍လည္း ေဆြးေႏြးခ်င္စိတ္မ႐ွိေတာ့။
သူသည္ ဤေလးလအား ေပ်ာ္ရႊင္စြာျဖင့္ ကုန္ဆံုးသြားရန္ ဆံုးျဖတ္ထားၿပီးျဖစ္၍ ၿပီးေနာက္တြင္ အေဖႏွင့္အစ္ကိုတို႔ႏွင့္အတူ တျခားကမာၻတစ္ခုသို႔ ထြက္ခြာသြားမည္ျဖစ္ကာ မိမိ၏က်န္သက္တမ္း တစ္ေလွ်ာက္လံုးကိုလည္း ၎ ခ်ိဳၿမိန္ဖြယ္ရာ အမွတ္တရမ်ားအား သိမ္းဆည္း၍ ကုန္ဆံုးသြားမည္ပင္။
ထို႔ေၾကာင့္ ခ်န္းက်င္းသည္ သူ၏လည္တိုင္အား မတ္လိုက္ကာ လုေထာင္၏ႏႈတ္ခမ္းအလႊာအား စတင္နမ္း႐ိႈက္လာခဲ့ေပ၏။ ထို႔ေနာက္ သူက အနည္းငယ္ သည္းမခံႏိုင္ဟန္ျဖင့္ ဆိုလာသည္။
"ဒါလင္..လုပ္ရေအာင္"