Unicode
အခြားသော စရိုက်ကွဲတစ်ခု၏ လွှမ်းမိုးမှုခံရခြင်း
[မူရင်းစာရေးသူ၏အမှာစာ :
ဆေးပညာအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဇာတ်လမ်းသဘောအရ စိတ်ကူးယဉ် ဖန်တီးထားတာမျိုး ဖြစ်တဲ့အတွက် တကယ့်လက်တွေ့နဲ့ ကွဲလွဲမှုလေးတွေ အနည်းငယ် ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် အရမ်းကြီး အတည်မမှတ်ကြပါနဲ့ ~]
၎င်းမေးခွန်းအား ကြားရသည့်တိုင် အိုက်ရွှယ်သည် အံ့ဩသွားသည့် အမူအရာ သေးသေးလေးမျှ မရှိပါဘဲ ထိုအစား သူက အပြုံးလေးတစ်ပွင့်နှင့် ဆိုလာလေသည်။
"ဘာလို့ အဲ့ဒီလိုမေးရတာလဲ? ကျွန်တော်က ဗိုလ်ချုပ်ကို စောင့်ကြည့်နေတယ်လို့ ထင်တယ်ပေါ့"
"မမျှော်လင့်ဘဲ တွေ့တာတွေ အရမ်းများနေပြီ"
လုထောင်၏မျက်နှာထားကမူ သုန်မှုန်နေဆဲပါပင်။
"အရင်က ငါတို့တွေဟာ စစ်မြေပြင်မှာ အတွဲညီတဲ့ ပါတနာကောင်းတွေ ဖြစ်ခဲ့တယ်ဆိုပေမဲ့ အဲ့ဒီလောက်ထိ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး မရှိခဲ့ဖူးဘူး။ ဖေလီငါ့ကို တင်ပြတဲ့ အချိန်ဇယားအရဆိုရင် ငါနဲ့မင်းဟာ အရင်ကတစ်ခါမှ အခုလိုမျိုး ပါတီပွဲတွေ ပြိုင်ပွဲတွေကိုလည်း အတူတူမသွားခဲ့ဖူးဘူး"
အိုက်ရွှယ်က ကူကယ်ရာမဲ့ဟန်ဖြင့် သူ၏နဖူးအား လက်ဖဝါးတစ်ဖက်ဖြင့် ထိကိုင်ကာ ရှင်းပြလာခဲ့၏။
"အဲ့ဒါက အရင်ကခင်ဗျားက တစ်ချိန်လုံး အလုပ်သရဲလို နေနေခဲ့တာမို့လေ။ အဲ့ဒါကြောင့် အလုပ်ချိန်မဟုတ်ဘဲ ပြင်ပအချိန်မျိုးမှာ တွေ့ဖြစ်တာ နည်းတာပေါ့ ..အဲ့ဒီလိုသာ မဟုတ်ခဲ့ရင် ကျွန်တော်လည်း ခင်ဗျားရဲ့ လက်တွဲဖော်နာမည်ကို အစောကတည်းက သိနိုင်ခဲ့မှာ"
"ဒါက ငါလိုချင်တဲ့ အဖြေမဟုတ်ဘူး!"
လုထောင်၏ မျက်ဝန်းများသည်ကား ခံစားချက်နတ္ထိ ဖြစ်နေရသည့်တိုင် တစ်နည်းတစ်ဖုံအားဖြင့် ၎င်းမျက်ဝန်းများအတွင်းတွင် အထက်စီးဆန်ဆန် ဖိအားပေးမှုအချို့ကလည်း ရှိနေသေးသည်။
"ငါသိချင်တာက မင်း ဘာလို့ ငါ့ကို အခုလိုမျိုး မျက်စိဒေါက်ထောင့် စောင့်ကြည့်နေရသလဲ ဆိုတာကိုပဲ"
"ကောင်းပါပြီ"
အိုက်ရွှယ်က ပုခုံးတစ်ချက်တွန့်လိုက်ရင်း ဘေးဘီဝဲယာအား ခဏမျှဝေ့ကြည့်ပြီးနောက် ဆိုလာခဲ့၏။
"ဒါပေမဲ့ အဲ့ဒီအကြောင်းက ဒီနေရာမှာ ပြောဖို့တော့ အဆင်မပြေဘူး။ တိတိကျကျပြောရရင် ကျွန်တော် ဗိုလ်ချုပ်ကို တစ်နေရာရာ ခေါ်သွားပြီးမှ ပြောလို့ရမှာ"
သို့နှင့် အိုက်ရွှယ်သည် နောက်နေ့မနက်ခင်း၌ လုထောင်အား စစ်တပ်ဆေးရုံသို့ ခေါ်သွားခဲ့ပေ၏။ စစ်ဆေးမှုပေါင်းစုံအား ဖြတ်သန်းခဲ့ပြီးနောက် ရုံးခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်လာသောအခါ အခန်းအတွင်း၌ အထက်အရာရှိဖြစ်သူ ဗိုလ်ချုပ် မော်စီ၊ ဒေါက်တာ ဂယ်လ်ဆင်နှင့် အသက် ၅၀ ခန့်ရှိပြီဖြစ်သော ကျန်ဒေါက်တာတစ်ဦးက ရှိနေခဲ့သည်ပင်။ ၎င်းဒေါက်တာမှာ ထျန်ချီဖြစ်၍ မိမိအား သေမင်းတံခါးဝမှ ကယ်တင်ပေးခဲ့သော သူတစ်ဦးလည်း ဖြစ်ကြောင်း လုထောင် ကောင်းစွာနားလည်သေး၏။ ထို့နောက် သူနှင့် အိုက်ရွှယ် နေရာယူပြီး နောက်တွင် အနောက်ဘက်တံခါးမက ထပ်မံ၍ပွင့်လာကာ သူ၏အတွင်းရေးမှုးဖြစ်သူ ဖေလီသည်လည်း အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ပေတော့သည်။
အခန်းတွင်းရှိ လူအားလုံး၏အမူအရာများမှာ တည်ကြည်လေးနက်နေ၍ အမြဲပေါ့ပေါ့ပါးပါးနေတတ်သော အိုက်ရွှယ်သည်ပင် အပြုံးတစ်ပွင့်အား ပန်ဆင်ရန် မေ့နေခဲ့ပေသည်။ အဆုံး၌မူ လုထောင်က ၎င်းတိတ်ဆိတ်ခြင်းအား စတင်ဖြိုခွဲလျက် မေးလာခဲ့၏။
"ဘာကိစ္စလဲ"
သူက ခဏမျှ စကားရပ်လိုက်ပြီးနောက် ဆိုသည်။
"ကြည့်ရတာ ကျွန်တော့်ရဲ့ အခြေအနေနဲ့ ဆက်စပ်နေတဲ့ပုံပဲ"
"ဟုတ်ပါတယ်"
သူ၏မေးခွန်းအား ပြန်ဖြေလာသူမှာ ဒေါက်တာဂယ်လ်ဆင် ဖြစ်၏။
"တကယ်တော့ ဗိုလ်ချုပ် ဆေးရုံဆင်းပြီးကတည်းက ကျွန်တော်တို့တွေ ဗိုလ်ချုပ်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့တာပါ။ ဘာလို့ဆို ဗိုလ်ချုပ်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မထုတ်ဖော်နိုင်တာတွေ ရှိနေသေးလို့ပါ။ နောက်ပြီး အဲ့ဒါတွေက ထင်သလောက်လည်း မရိုးရှင်းပါဘူး"
၎င်းစကားများအား ကြားရသည့်တိုင် လုထောင်သည် ကြောက်ရွံထိတ်လန့်ခြင်း အလျင်းမရှိခဲ့ပါပေ။ သူက တည်ငြိမ်စွာဖြင့် ပြန်မေးလာခဲ့၏။
"ဘာကိုပြောချင်တာလဲ!?"
"စိတ်အေးအေးထားပါ ဗိုလ်ချုပ်။ ဒါက အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ဗိုလ်ချုပ်ရဲ့ ကျန်းမာရေးအခြေအနေက အားလုံးကောင်းပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်တွေက...."
ဒေါက်တာဂယ်လ်ဆင်က စကားခဏရပ်လိုက်ကာ ၎င်းပြဿနာအား ပို၍နူးညံ့သော စကားလုံးများဖြင့် ရှင်းပြရန် ကြိုးစားနေပုံပေါ်၏။ သူက ထိုကဲ့သို့ တွန့်ဆုတ်နေချိန်တွင် တစ်ဖက်မှ ဒေါက်တာထျန်ချီက ခေါင်းမော့လျက် ဆိုလာခဲ့ပေသည်။
"ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက် တွေ့ကြုံခဲ့ရတဲ့ သုတေသနတွေနဲ့ တစ်နှစ်ကျော် စုဆောင်းထားခဲ့တဲ့ အချက်အလက်တွေအရ ..အဆိပ်ရဲ့အကျိုးဆက်ကြောင့် ဗိုလ်ချုပ်ရဲ့ မှတ်ဉာဏ်တွေ အခုလိုမျိုး ပျောက်ဆုံးသွားရတာမျိုး မဟုတ်ပါဘူး။ တိတိကျကျပြောရရင် အဲ့ဒီအဆိပ်က ဗိုလ်ချုပ်ကို မတူညီတဲ့ စရိုက်နှစ်ခုကွဲသွားစေတာပါ"
ဒေါက်တာထျန်က ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ရှင်းပြလာသောအခါ ဒေါက်တာဂယ်လ်ဆင်မှလွဲ၍ ကျန်သောလူအားလုံးသည် အနည်းငယ် ထိတ်လန့်သွားရပေ၏။ လုထောင်ကမူ နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်နေဆဲပါပင်။ သူတို့ထဲမှ ပထမဆုံးသော ပြန်လည်တုံ့ပြန်လာသူမှာ ဗိုလ်ချုပ်ကြီးမော်စီ ဖြစ်သည်။
"ဘာလို့ အဲ့ဒီလို ထင်ရတာလဲ"
ဒေါက်တာထျန်က သူ၏ Light screen အား ဖွင့်လိုက်သောအခါ ကြီးမားသည့် screen မျက်နှာပြင်ထက်၌ ဒေတာအချက်အလက်များက အတန်းလိုက် ပေါ်လာခဲ့ပေ၏။ ၎င်းမှာ အတိတ်မှ လုထောင်၏အချက်အလက်များနှင့် မှတ်ဉာဏ်ပျောက်ဆုံးပြီးနောက် အချက်အလက်များပင်။ သူ၏ စရိုက်၊ ဝါသနာ၊ စိတ်သဘောထား နှင့် ခွန်အားပမာဏ အစရှိသည်ဖြင့်။
"အတိတ်မေ့ရုံ သက်သက်ပဲဆိုရင် လူနာရဲ့စရိုက်က အရင်နဲ့မတူဘဲ ကွဲပြားတာမျိုးကို ပုံမှန်လက္ခဏာလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ အရင်က မကျွမ်းကျင်ခဲ့ဖူးတဲ့ ကိစ္စရပ်တစ်ခုခုကို အခုချိန်မှာ တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်သွားတာမျိုးတွေ မဟုတ်လည်း အရင်က ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေကို အခုချိန်မှာ ဘယ်လိုမှ မလုပ်နိုင်တော့တာမျိုးတွေ..အဲ့ဒီလိုတွေ ဖြစ်လာခဲ့ရင်တော့ ဒါကပုံမှန် မဟုတ်တော့ပါဘူး"
ဒေါက်တာထျန်က လုထောင်အား ကြည့်လာရင်း စကားဆက်သည်။
"ဗိုလ်ချုပ်ကို ပြိုင်ပွဲတွေမှာ ဝင်ပြိုင်အောင် အိုက်ရွှယ်ရိုင်ဂျယ်ကို ပြောပေးဖို့ ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်ကြီးမော်စီကနေတစ်ဆင့် အကူအညီတောင်းထားတာပါ။ ဗိုလ်ချုပ်ရဲ့ ရလဒ်တွေအားလုံးက ကောင်းပါတယ်။ ဒါပေမဲ့ အရင်ကနဲ့ ကွဲပြားတာလေးတွေတော့ ရှိတယ်။ အထူးသဖြင့် စကူတာပြိုင်ပွဲပေါ့"
လုထောင်က တည်ငြိမ်စွာဖြင့်ပင် ဆိုလာခဲ့၏။
"ကျွန်တော် ဆန်းစစ်ကြည့်ရသလောက်ဆို ကျွန်တော်က အရင်ကလည်း စကူတာကို ကောင်းကောင်း စီးနိုင်လေ့ရှိခဲ့တာပဲ မဟုတ်လား"
"ကောင်းကောင်းစီးနိုင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ၁၂၀ မိုင်နှုန်းပြည့် မောင်းနှင်နိုင်တဲ့အထိ ကျွမ်းကျင်နေတာမျိုး မဟုတ်ခဲ့ပါဘူး"
ဒေါက်တာထျန်က အိုက်ရွှယ်အား တစ်ချက်ကြည့်လာခဲ့၏။ ထို့ကြောင့် အိုက်ရွှယ်ကလည်း တစ်ဖက်လူ၏စကားအား ထပ်မံထောက်ခံလာခဲ့ပေသည်။
"အဲ့ဒါအမှန်ပဲ ဗိုလ်ချုပ်။ စကူတာပြိုင်တဲ့အခါမှာတော့ ကျွန်တော်က အမြဲတမ်း ဗိုလ်ချုပ်ထက်သာခဲ့တယ်။ အဲ့ဒါက ကျွန်တော် အထူးကျွမ်းကျင်တဲ့ ကစားနည်းမို့လေ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ထူးထူးခြားခြား ကျွန်တော် ရှုံးသွားခဲ့ရတယ်။ ဗိုလ်ချုပ်မှတ်မိတယ်မလား"
ထျန်ချီ : "ဗိုလ်ချုပ် အကျွမ်းကျင်ဆုံးက အနီးကပ်တိုက်ခိုက်တဲ့ ပြိုင်ပွဲတွေနဲ့ ခြောက်လုံးပြူးသေနတ်ပစ်ပွဲ လိုမျိုးတွေပါ"
လုထောင်က မျက်ခုံးများအား တွန့်ကွေးလျက် အမေးစကားဆိုသည်။
"ကျွန်တော့်ရဲ့ သေနတ်ပစ်စွမ်းရည်က အရင်ကနဲ့ အတူတူပဲမလား"
"အင်း။ အတူတူပါပဲ။ ဘာပဲပြောပြော စိတ်အခြေအနေ ဟန်ချက်မှာ ပြဿနာရှိနေတယ်လေ။ အဲ့ဒါကို ထိန်းချုပ်ပေးတာက ဦးနှောက်ရဲ့အနောက်ပိုင်း ဖြစ်တာမို့ အဆိပ်ကြောင့် မှတ်ဉာဏ်ပျောက်ဆုံးတယ်လို့ မဆိုနိုင်ပါဘူး"
"တကယ်ပဲ ဒေါက်တာရဲ့ ယူဆချက်ကသာ မှန်မယ်ဆိုရင်.."
ဒေါက်တာထျန်က ကြားဖြတ်ပြောလာ၏။
"ဒါက ယူဆချက် မဟုတ်ပါဘူး။ သိပ္ပံနည်းပညာနဲ့ ဒေတာအချက်အလက်တွေအပေါ် မူတည်ထားတဲ့ သုံးသပ်ချက်တစ်ခုပါ"
လုထောင်သည် သူ၏ခန္ဓာကိုယ်အား မတ်မတ်ထားလိုက်၍ တည်ငြိမ်စွာ ဆိုလာခဲ့ပြန်၏။
"ကောင်းပါပြီ။ အခုချိန်မှာ ကျွန်တော်က အတိတ်မေ့တာမဟုတ်ဘဲ တခြားစရိုက်တစ်ခုရဲ့ လွှမ်းမိုးမှုကို ခံထားရတယ်ဆိုရင်တောင် ကျွန်တော့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး ဟန်ချက်ပျက်တာမျိုးတွေ ရှိလာမယ်လို့တော့ မထင်မိဘူး။ ဘာပဲပြောပြော ကျွန်တော်က ခန္ဓာကိုယ်တစ်ခုတည်းမှာပဲလေ"
"အဲ့ဒီလိုလည်း ပုံသေပြောလို့မရပါဘူး"
ဒေါက်တာထျန်၏ပုံစံမှာ လွန်စွာမှ တည်ကြည်လေးနက်လျက်။
"ခန္ဓာကိုယ်တစ်ခုတည်းမှာပဲ စရိုက်နှစ်ခု ကွဲနေရင်တောင်မှ အပြုအမူတွေနဲ့ ဝါသနာတွေက အနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပါသေးတယ်။ အရင်က လုပ်နိုင်ခဲ့တာတွေကို အခုချိန်မှာ မလုပ်နိုင်တော့တာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့က..ဟုတ်ပါတယ်။ ပြောင်းလဲမှု သိပ်မရှိပါဘူး။ ဒါပေမဲ့ စိတ်ခံစားမှုမှာက ကွဲလွဲမှု ရှိနိုင်ပါသေးတယ်။ ဒါကြောင့် အရင်က ကျွမ်းကျင်ခဲ့ဖူးတဲ့ လက်နက်တွေကို အခုချိန်မှာ ကောင်းကောင်းအသုံးမပြုနိုင်တော့သလို ခံစားရရင်လည်း အတင်း ကြိုးစားလုပ်စရာမလိုပါဘူး"
လုထောင်က တိတ်ဆိတ်နေကြောင်း မြင်ရသောအခါ ဒေါက်တာထျန်သည် ထပ်မံ၍ ဖြေးဖြေးချင်း ရှင်းပြလာခဲ့၏။
"ကျွန်တော်ပြောတာကို ဗိုလ်ချုပ်အနေနဲ့ လွယ်လွယ်ကူကူ လက်မခံနိုင်ဘူးဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော် ဗိုလ်ချုပ်ကို မေးခွန်းနည်းနည်းလောက် မေးပါရစေ။ ဒီအတောအတွင်း အတိတ်နဲ့ပတ်သက်ပြီး ပြန်မှတ်မိတာမျိုးတွေ ရှိခဲ့ပါသလား"
ဦးနှောက်အတွင်းမှ အဆိပ်ရည်များသည်ကား အချိန်နှင့်အမျှ လျော့နည်းသွားမည် ဖြစ်သောကြောင့် ပျောက်ဆုံးသွားပြီးသော မှတ်ညဏ်များကလည်း ဖြေးဖြေးချင်း ပြန်လည် ပေါ်ပေါက်လာမည်ဖြစ်၏။ လုထောင် ဆေးရုံမှမဆင်းခင်ကတည်းက ဒေါက်တာဂယ်လ်ဆင်သည်လည်း ဤ ၆ လအတွင်း မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည်မှတ်မိလာလိမ့်မည်ဟု ပြောထားခဲ့ဖူးသည်ပင်။
ယခုဆိုလျှင် သူအတိတ်မေ့နေခဲ့သည်မှာ နှစ်လကြာသွားပြီဖြစ်၏။
လုထောင်သည် မျက်လုံးစုံမှိတ်၍ ဆိုလာခဲ့သည်။
"ပြန်မှတ်မိတာမျိုးတွေ မရှိခဲ့ဖူးပေမဲ့ ထူးဆန်းတဲ့ ခံစားချက်တွေတော့ ရခဲ့တယ်"
ဒေါက်တာထျန်က လျင်မြန်စွာပင် သူ၏ light screen ထက်မှ ကီးဘုတ်အား ဖွင့်လိုက်ကာ မှတ်တမ်းတင်ရန် ပြင်ဆင်တော့၏။
"ပြောပြပေးပါဦး"
"ကျွန်တော် လူနှစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ပြီးတော့ သူတို့တွေနဲ့ တွေ့တွေ့ချင်း စိတ်ထဲမှာ သဘောမကျသလို ခံစားရတယ်။ နောက်ကြောင်းကို စုံစမ်းကြည့်တော့လည်း တကယ်ပဲ သူတို့နဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေးက အရမ်းအကောင်းကြီး မဟုတ်ခဲ့ရဘူး။ အဲ့ဒီခံစားချက်က အရင်မှတ်ဉာဏ်တွေကနေ ချန်ထားခဲ့တဲ့ အပိုင်းအစအချို့ ဖြစ်လောက်မယ် ထင်တယ်"
ဒေါက်တာထျန်က လျင်မြန်စွာဖြင့် မှတ်တမ်းတင်လိုက်ကာ ဆက်မေးလာခဲ့၏။
"နှစ်ယောက်တည်းလား"
လုထောင်က ခေါင်းငြိမ့်ပြသည်။
"အဲ့ဒီနှစ်ယောက်က ဘယ်သူတွေပါလဲ"
"ကျွန်တော့်ဇနီးရဲ့ အဖေနဲ့အစ်ကို"
၎င်းအဖြေအား ကြားသောအခါ screen ပေါ်၌ လှုပ်ရှားနေသော ဒေါက်တာထျန်၏လက်ချောင်းများမှာ တုံ့ခနဲ ရပ်တန့်လို့သွားရ၏။ သူက လုထောင်အား သေချာစိုက်ကြည့်လာကာ ဆိုသည်။
"ဒါဆို သူတို့နှစ်ယောက်နဲ့ စတွေ့ဖြစ်ခဲ့တဲ့ ပုံစံကိုရော တတ်နိုင်သမျှ အသေးစိတ် ပြောပြပေးလို့ ရမလား"
အခန်းတွင်းရှိ လူအားလုံး၏ မျက်ဝန်းများမှာ လုထောင်၏မျက်နှာပြင်ထက်သို့ ကျရောက်လာခဲ့၏။ လုထောင်ကမူ စိတ်လှုပ်ရှားခြင်း အလျင်းမရှိပါချေ။ ထိုအစား ၎င်းမေးခွန်းက အနည်းငယ် ကြောင်တောင်တောင် နိုင်သည်ဟုပင် သူက တွေးမိသေး၏။ သို့သော် သူသည် တစ်ဖက်လူ၏မေးခွန်းအား အသေအချာ ဖြေပေးခဲ့သည်ပင်။ သူ၏အဖြေအား နားထောင်ပြီးနောက် ဒေါက်တာထျန်သည် ငြိမ်သက်နေခဲ့မိ၍ အတန်ကြာသောအခါမှ ရုတ်တရက် စကားဆိုလာခဲ့ပေ၏။
"ကျွန်တော် တစ်ခုလောက် ပြောပါရစေ"
"ပြောပါ"
"ကျွန်တော့်အမြင်မှာတော့ ဗိုလ်ချုပ် အဲ့ဒီလိုမျိုး သဘောမကျသလို ခံစားနေရတာက အတိတ်မှတ်ဉာဏ်တွေရဲ့ အကျိုးဆက်ကြောင့် မဟုတ်ဘဲ ဒီတိုင်း သဝန်တိုမိတာကြောင့်လို့ ထင်မိပါတယ်"
လုထောင်သည် အနည်းငယ် ကြောင်သွားမိ၍ မယုံကြည်နိုင်စွာဖြင့် ပြန်မေးလာခဲ့၏။
"သဝန်တိုလို့ ဟုတ်လား!!?"
"ဟုတ်ပါတယ်။ သဝန်တိုလို့ပါ။ တချို့လူတွေက သူတို့ချစ်ခင်ရသူတွေနဲ့ ပတ်သက်လာရင် အရမ်း အရမ်းကို ပိုင်ဆိုင်လိုစိတ် ကြီးမားကြတာမို့ အဲ့ဒီလူနဲ့ ရင်းနှီးတဲ့ လူအားလုံးကို သဝန်တိုတတ်ကြပါတယ်"
လုထောင်ကမူ ၎င်းစကားမှာ အတော်လေး အဓိပ္ပါယ်မရှိဟု ခံစားမိလေတော့၏။
"အဲ့ဒါက ဘယ်လိုမှမဖြစ်နိုင်တာပဲ။ သူတို့နှစ်ယောက်လုံးက ရှောင်ကျင်းရဲ့ အဖေနဲ့ အစ်ကိုမှန်း ကျွန်တော်သိပြီးသားပဲလေ။ မိသားစုအချင်းချင်း ချစ်ခင်ကြတာကလွဲလို့ တခြားခံစားချက်မှမရှိတာကို..ကျွန်တော်က ဘာလို့ သဝန်တိုရမှာလဲ!?"
"အစွဲအလမ်းကြီးတတ်သူတွေ သဝန်တိုဖို့ရာအတွက်က သင့်တော်တဲ့ အကြောင်းပြချက် မလိုအပ်ပါဘူး။ ကိုယ်ချစ်ရတဲ့လူက ကိုယ့်ထက်အရင် မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ရတယ်ဆိုတဲ့ သာမန်အတွေး သေးသေးလေးကတောင် သဝန်တိုစေနိုင်တာမို့ပါ"
ဒေါက်တာထျန်က ခဏမျှစကားရပ်ပြီးနောက် ဆက်ပြောလာခဲ့၏။
"နောက်ပြီး အခုလက်ရှိမှာ ဗိုလ်ချုပ်အနေနဲ့ ဇနီးဖြစ်သူနဲ့ပတ်သက်ပြီး ပိုင်ဆိုင်လိုစိတ်ကြီးမားမှန်း အရမ်းသိသာပါတယ်။ ကျွန်တော် အစောကပြောခဲ့ဖူးသလို စရိုက်တွေက တစ်ခုနဲ့တစ်ခု ကွဲပြားနိုင်တယ်ဆိုတာအတွက် ဒါက သက်သေပဲပေါ့။ ဘာလို့ဆို အရင်က ဗိုလ်ချုပ်က ဇနီးဖြစ်သူနဲ့ပတ်သက်ပြီး ဒီလိုမျိုး မဟုတ်ခဲ့တာမို့လို့လေ"
သူက နောက်တစ်ကြိမ် စကားရပ်ပြီးနောက် ဆက်ဆိုလာခဲ့၏။
"အခုပုံစံနဲ့ ဘယ်လောက်တောင် ကွဲပြားသလဲဆိုရင် တစ်ဖက်လူကို လက်လျှော့စေပြီး ကွာရှင်းခွင့်လျှောက်လွှာ တင်စေချင်တဲ့အထိ အရေးမပေးခဲ့တာမို့ပေါ့"
၎င်းစကားအား ကြားလိုက်ရသောအခါ လုထောင်၏ မျက်နှာထားမှာ ပိုမိုလေးနက်သွားရ၍ အံ့ဩမှုကြောင့် သူ၏ အသံမှာလည်း ပျောက်လုနီးပါးပါပင်။
"ရှောင်ကျင်းက...ကွာရှင်းခွင့်လျှောက်ခဲ့တယ်!?"
ဤတစ်ခါ သူ၏မေးခွန်းအား ဖြေဆိုလာသူမှာ ဖေလီဖြစ်၏။
"ဟုတ်ပါတယ် ဗိုလ်ချုပ်။ ဒီကမ္ဘာကို ပြန်မလာခင်တုန်းက ဗိုလ်ချုပ်အနေနဲ့ ကွာရှင်းဖို့ တွေးထားခဲ့ပြီးသားနဲ့ တူပါတယ်။ ဘာလို့ဆို အဲ့ဒီတုန်းက ဗိုလ်ချုပ်ကတော်ကို တစ်နေရာရာသွားဖို့ ကြိုသတိပေးထားခဲ့တာမို့ပါ"
"ဘာလို့လဲ"
ဤအကြိမ်၌မူ သူ၏မေးခွန်းအား ဖြေဆိုသူမရှိခဲ့။ အတန်ကြာပြီးနောက်မှ ထျန်ချီက ဆိုလာခဲ့သည်။
"အဲ့ဒီတော့ အခုလက်ရှိ ယူဆချက်အရပဲဖြစ်ဖြစ် ကောက်နုတ်ချက်အရပဲဖြစ်ဖြစ် အဆိပ်ကြောင့် အတိတ်မေ့တာမျိုး မဟုတ်ဘဲ လက်ရှိစရိုက်ကွဲတစ်ခုက အရင်တစ်ခုအပေါ် လွှမ်းမိုးနေတာမျိုး ဖြစ်နေတာပါ။ စကားမစပ် ဗိုလ်ချုပ်အနေနဲ့ တည်ငြိမ်လေးနက်နေတဲ့အခါမျိုးမှာ အကြောင်းအရင်းမရှိ မိန်းမောတွေဝေနေမိတာမျိုး ဖြစ်ခဲ့ဖူးလား"
"မဖြစ်ဖူးဘူး"
"အဲ့ဒါပါပဲ"
ဒေါက်တာထျန်က light screen အားပိတ်လိုက်ကာ ဆိုလာခဲ့၏။
"ပုံမှန်အတိုင်းသာဆိုရင် ဦးနှောက်ထဲက အဆိပ်ရည်အားလုံး ကုန်တာနဲ့ လက်ရှိစရိုက်ကွဲကလည်း ပျောက်သွားမှာဖြစ်ပြီး ဒီအတောအတွင်း မှတ်ဉာဏ်တွေလည်း အဲ့ဒါနဲ့အတူ ပါသွားပါလိမ့်မယ်။ ဒါပေမဲ့ ဘာပဲပြောပြော ဒီရလဒ်က မှန်မမှန်အတည်ပြုနိုင်ဖို့အတွက် ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ကို ထပ်ပြီးစစ်ဆေးမှုတွေ လုပ်ဖို့လိုပါသေးတယ်။ နောက်ပြီး အဆိပ်ရည်မှာ တခြားအကျိုးဆက်တွေရှိမရှိကိုလည်း စစ်ရဦးမှာပါ"
ဒေါက်တာထျန်၏ စကားလုံးတိုင်းက လုထောင်၏နားတစ်လျှောက် ဖြတ်သန်းသွားခဲ့၍ တစ်ဖက်လူအား အတန်ကြာမျှ မှိုင်တွေနေစေခဲ့၏။ ထို့နောက် လုထောင်က တိုးတိုးလေး ရေရွတ်လာခဲ့သည်။
"ပျောက်သွားမယ် ဟုတ်လား"
"ဟုတ်ပါတယ်။ အရင်တစ်ခုက ပြန်ပြီးလွှမ်းမိုးနိုင်သွားမှာမျိုးပေါ့"
ဒေါက်တာထျန်၏မျက်ဝန်းများအတွင်း၌ ကရုဏာအငွေ့အသက်များက အနည်းငယ် ရှိနေခဲ့ပေ၏။
"တကယ်တော့ ကျွန်တော် ဒီအကြောင်းကို ဗိုလ်ချုပ်ဆီ ပြောမပြဘဲ နေမလို့ပဲ။ အခုလက်ရှိအခြေအနေက ယာယီပဲဆိုရင်တောင် ကျွန်တော်ကတော့ ဒီသတင်းက ဗိုလ်ချုပ်အတွက် အရမ်းအကောင်းကြီး ဖြစ်မယ်လို့မထင်ဘူး။ ဘာပဲပြောပြော အဆိပ်ရဲ့ပြောင်းလဲမှုတွေကို လေ့လာဖို့လိုသေးတာမို့ ဗိုလ်ချုပ်ကို ထပ်ပြီးမေးရဦးမှာပါပဲ။ အခုတလော စစ်တပ်ကလည်း Zerg တွေနဲ့ သမန်းဝံပုလွေတွေ ဆက်နွယ်နေကြတယ်လို့ သံသယရှိနေပြန်တယ်။ ဘာလို့ဆို အခု ဗိုလ်ချုပ်မှာရှိနေတဲ့ အဆိပ်ရည်က မျိုးနွယ်နှစ်ခုလုံးရဲ့ လက္ခဏာတွေပါနေတာမို့ပါ"
"Zerg က ရောဂါတွေကို သယ်ဆောင်နိုင်ပြီး သမန်းဝံပုလွေတွေရဲ့သွေးက လူသားဗီဇကို ရှုပ်ထွေးစေနိုင်တယ်။ တကယ်လို့ သူတို့သာ လူသားမျိုးနွယ်ကို ရင်ဆိုင်ဖို့အတွက် အတူတူပူးပေါင်းလိုက်မယ်ဆိုရင် လူသားတွေရဲ့ အနာဂတ်ကတော့.."
ဒေါက်တာထျန်က လုထောင်အား တည်ငြိမ်စွာဖြင့် ကြည့်လာ၍ ပြတ်ပြတ်သားသား ဆိုလာခဲ့၏။
"ဒီလိုလက္ခဏာနဲ့လူတွေ အများကြီး ရှိမနေခဲ့တာပဲ ကံကောင်းတယ် ဆိုရပါမယ်။ ဒါပေမဲ့ ရန်သူတွေရဲ့ ရည်ရွယ်ချက်ကသာ အများစုကို ဒီလိုကစဥ့်ကလျား ဖြစ်စေဖို့ဆိုရင် တစ်ချိန်ချိန်မှာ ကပ်ရောဂါတစ်ခုအဖြစ် ဦးတည်လာမှာပါပဲ။ ဒါက အထင်သက်သက်ပဲဆိုရင်တောင် ကျွန်တော်တို့တွေ အကောင်းဆုံးကြိုးစားပြီး ကာကွယ်မှဖြစ်မယ်။ ဒီပြဿနာအတွက် အခုလက်ရှိမှာ အကောင်းဆုံးအဖြေကတော့ လူသားမျိုးနွယ်ရဲ့ တစ်ဦးတည်းသော နမူနာဖြစ်တဲ့ ဗိုလ်ချုပ်ပါပဲ"
TN: ဟူး ရှုပ်သွားကြပြီလား!? စိတ်မပူနဲ့ နောက်ကျရင် ရှင်းသွားလိမ့်မယ်:)
Zawgyi
အျခားေသာ စ႐ိုက္ကြဲတစ္ခု၏ လႊမ္းမိုးမႈခံရျခင္း
[မူရင္းစာေရးသူ၏အမွာစာ :
ေဆးပညာအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဇာတ္လမ္းသေဘာအရ စိတ္ကူးယဥ္ ဖန္တီးထားတာမ်ိဳး ျဖစ္တဲ့အတြက္ တကယ့္လက္ေတြ႔နဲ႔ ကြဲလြဲမႈေလးေတြ အနည္းငယ္ ႐ွိႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ အရမ္းႀကီး အတည္မမွတ္ၾကပါနဲ႔ ~]
၎ေမးခြန္းအား ၾကားရသည့္တိုင္ အိုက္ရႊယ္သည္ အံ့ဩသြားသည့္ အမူအရာ ေသးေသးေလးမွ် မ႐ွိပါဘဲ ထိုအစား သူက အျပံဳးေလးတစ္ပြင့္ႏွင့္ ဆိုလာေလသည္။
"ဘာလို႔ အဲ့ဒီလိုေမးရတာလဲ? ကြၽန္ေတာ္က ဗိုလ္ခ်ဳပ္ကို ေစာင့္ၾကည့္ေနတယ္လို႔ ထင္တယ္ေပါ့"
"မေမွ်ာ္လင့္ဘဲ ေတြ႔တာေတြ အရမ္းမ်ားေနၿပီ"
လုေထာင္၏မ်က္ႏွာထားကမူ သုန္မႈန္ေနဆဲပါပင္။
"အရင္က ငါတို႔ေတြဟာ စစ္ေျမျပင္မွာ အတြဲညီတဲ့ ပါတနာေကာင္းေတြ ျဖစ္ခဲ့တယ္ဆိုေပမဲ့ အဲ့ဒီေလာက္ထိ ရင္းႏွီးတဲ့ဆက္ဆံေရးမ်ိဳး မ႐ွိခ့ဲဖူးဘူး။ ေဖလီငါ့ကို တင္ျပတဲ့ အခ်ိန္ဇယားအရဆိုရင္ ငါနဲ႔မင္းဟာ အရင္ကတစ္ခါမွ အခုလိုမ်ိဳး ပါတီပြဲေတြ ၿပိဳင္ပြဲေတြကိုလည္း အတူတူမသြားခဲ့ဖူးဘူး"
အိုက္ရႊယ္က ကူကယ္ရာမဲ့ဟန္ျဖင့္ သူ၏နဖူးအား လက္ဖဝါးတစ္ဖက္ျဖင့္ ထိကိုင္ကာ ႐ွင္းျပလာခဲ့၏။
"အဲ့ဒါက အရင္ကခင္ဗ်ားက တစ္ခ်ိန္လံုး အလုပ္သရဲလို ေနေနခဲ့တာမို႔ေလ။ အဲ့ဒါေၾကာင့္ အလုပ္ခ်ိန္မဟုတ္ဘဲ ျပင္ပအခ်ိန္မ်ိဳးမွာ ေတြ႔ျဖစ္တာ နည္းတာေပါ့ ..အဲ့ဒီလိုသာ မဟုတ္ခဲ့ရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားရဲ႕ လက္တြဲေဖာ္နာမည္ကို အေစာကတည္းက သိႏိုင္ခဲ့မွာ"
"ဒါက ငါလိုခ်င္တဲ့ အေျဖမဟုတ္ဘူး!"
လုေထာင္၏ မ်က္ဝန္းမ်ားသည္ကား ခံစားခ်က္နတၳိ ျဖစ္ေနရသည့္တိုင္ တစ္နည္းတစ္ဖံုအားျဖင့္ ၎မ်က္ဝန္းမ်ားအတြင္းတြင္ အထက္စီးဆန္ဆန္ ဖိအားေပးမႈအခ်ိဳ႕ကလည္း ႐ွိေနေသးသည္။
"ငါသိခ်င္တာက မင္း ဘာလို႔ ငါ့ကို အခုလိုမ်ိဳး မ်က္စိေဒါက္ေထာင့္ ေစာင့္ၾကည့္ေနရသလဲ ဆိုတာကိုပဲ"
"ေကာင္းပါၿပီ"
အိုက္ရႊယ္က ပုခံုးတစ္ခ်က္တြန္႔လိုက္ရင္း ေဘးဘီဝဲယာအား ခဏမွ်ေဝ့ၾကည့္ၿပီးေနာက္ ဆိုလာခဲ့၏။
"ဒါေပမဲ့ အဲ့ဒီအေၾကာင္းက ဒီေနရာမွာ ေျပာဖို႔ေတာ့ အဆင္မေျပဘူး။ တိတိက်က်ေျပာရရင္ ကြၽန္ေတာ္ ဗို္လ္ခ်ဳပ္ကို တစ္ေနရာရာ ေခၚသြားၿပီးမွ ေျပာလို႔ရမွာ"
သို႔ႏွင့္ အိုက္ရႊယ္သည္ ေနာက္ေန႔မနက္ခင္း၌ လုေထာင္အား စစ္တပ္ေဆးရံုသို႔ ေခၚသြားခဲ့ေပ၏။ စစ္ေဆးမႈေပါင္းစံုအား ျဖတ္သန္းခဲ့ၿပီးေနာက္ ရံုးခန္းတစ္ခန္းအတြင္းသို႔ ဝင္ေရာက္လာေသာအခါ အခန္းအတြင္း၌ အထက္အရာ႐ွိျဖစ္သူ ဗိုလ္ခ်ဳပ္ ေမာ္စီ၊ ေဒါက္တာ ဂယ္လ္ဆင္ႏွင့္ အသက္ ၅၀ ခန္႔႐ွိၿပီျဖစ္ေသာ က်န္ေဒါက္တာတစ္ဦးက ႐ွိေနခဲ့သည္ပင္။ ၎ေဒါက္တာမွာ ထ်န္ခ်ီျဖစ္၍ မိမိအား ေသမင္းတံခါးဝမွ ကယ္တင္ေပးခဲ့ေသာ သူတစ္ဦးလည္း ျဖစ္ေၾကာင္း လုေထာင္ ေကာင္းစြာနားလည္ေသး၏။ ထို႔ေနာက္ သူႏွင့္ အိုက္ရႊယ္ ေနရာယူၿပီး ေနာက္တြင္ အေနာက္ဘက္တံခါးမက ထပ္မံ၍ပြင့္လာကာ သူ၏အတြင္းေရးမႈးျဖစ္သူ ေဖလီသည္လည္း အခန္းတြင္းသို႔ ဝင္ေရာက္လာခဲ့ေပေတာ့သည္။
အခန္းတြင္း႐ွိ လူအားလံုး၏အမူအရာမ်ားမွာ တည္ၾကည္ေလးနက္ေန၍ အျမဲေပါ့ေပါ့ပါးပါးေနတတ္ေသာ အိုက္ရႊယ္သည္ပင္ အျပံဳးတစ္ပြင့္အား ပန္ဆင္ရန္ ေမ့ေနခဲ့ေပသည္။ အဆံုး၌မူ လုေထာင္က ၎တိတ္ဆိတ္ျခင္းအား စတင္ၿဖိဳခြဲလ်က္ ေမးလာခဲ့၏။
"ဘာကိစၥလဲ"
သူက ခဏမွ် စကားရပ္လိုက္ၿပီးေနာက္ ဆိုသည္။
"ၾကည့္ရတာ ကြၽန္ေတာ့္ရဲ႕ အေျခအေနနဲ႔ ဆက္စပ္ေနတဲ့ပံုပဲ"
"ဟုတ္ပါတယ္"
သူ၏ေမးခြန္းအား ျပန္ေျဖလာသူမွာ ေဒါက္တာဂယ္လ္ဆင္ ျဖစ္၏။
"တကယ္ေတာ့ ဗိုလ္ခ်ဳပ္ ေဆးရံုဆင္းၿပီးကတည္းက ကြၽန္ေတာ္တို႔ေတြ ဗိုလ္ခ်ဳပ္ကို အဆက္မျပတ္ ေစာင့္ၾကည့္ေနခဲ့တာပါ။ ဘာလို႔ဆို ဗိုလ္ခ်ဳပ္ရဲ႕အေျခအေနနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ မထုတ္ေဖာ္ႏိုင္တာေတြ ႐ွိေနေသးလို႔ပါ။ ေနာက္ၿပီး အဲ့ဒါေတြက ထင္သေလာက္လည္း မ႐ိုး႐ွင္းပါဘူး"
၎စကားမ်ားအား ၾကားရသည့္တိုင္ လုေထာင္သည္ ေၾကာက္ရြံထိတ္လန္႔ျခင္း အလ်င္းမ႐ွိခဲ့ပါေပ။ သူက တည္ၿငိမ္စြာျဖင့္ ျပန္ေမးလာခဲ့၏။
"ဘာကိုေျပာခ်င္တာလဲ!?"
"စိတ္ေအးေအးထားပါ ဗိုလ္ခ်ဳပ္။ ဒါက အသက္အႏၱရာယ္နဲ႔ ဆိုင္တဲ့ အေျခအေနမ်ိဳး မဟုတ္ပါဘူး။ ဗို္လ္ခ်ဳပ္ရဲ႕ က်န္းမာေရးအေျခအေနက အားလံုးေကာင္းပါတယ္။ ဒါေပမဲ့ မွတ္ဉာဏ္ေတြက...."
ေဒါက္တာဂယ္လ္ဆင္က စကားခဏရပ္လိုက္ကာ ၎ျပႆနာအား ပို၍ႏူးညံ့ေသာ စကားလံုးမ်ားျဖင့္ ႐ွင္းျပရန္ ႀကိဳးစားေနပံုေပၚ၏။ သူက ထိုကဲ့သို႔ တြန္႔ဆုတ္ေနခ်ိန္တြင္ တစ္ဖက္မွ ေဒါက္တာထ်န္ခ်ီက ေခါင္းေမာ့လ်က္ ဆိုလာခဲ့ေပသည္။
"ကြၽန္ေတာ့္ရဲ႕ သက္တမ္းတစ္ေလွ်ာက္ ေတြ႔ၾကံဳခဲ့ရတဲ့ သုေတသနေတြနဲ႔ တစ္ႏွစ္ေက်ာ္ စုေဆာင္းထားခဲ့တဲ့ အခ်က္အလက္ေတြအရ ..အဆိပ္ရဲ႕အက်ိဳးဆက္ေၾကာင့္ ဗိုလ္ခ်ဳပ္ရဲ႕ မွတ္ဉာဏ္ေတြ အခုလိုမ်ိဳး ေပ်ာက္ဆံုးသြားရတာမ်ိဳး မဟုတ္ပါဘူး။ တိတိက်က်ေျပာရရင္ အဲ့ဒီအဆိပ္က ဗိုလ္ခ်ဳပ္ကို မတူညီတဲ့ စ႐ိုက္ႏွစ္ခုကြဲသြားေစတာပါ"
ေဒါက္တာထ်န္က ဤကဲ့သို႔ ပြင့္ပြင့္လင္းလင္း ႐ွင္းျပလာေသာအခါ ေဒါက္တာဂယ္လ္ဆင္မွလြဲ၍ က်န္ေသာလူအားလံုးသည္ အနည္းငယ္ ထိတ္လန္႔သြားရေပ၏။ လုေထာင္ကမူ နားမလည္ႏိုင္ဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္ေနဆဲပါပင္။ သူတို႔ထဲမွ ပထမဆံုးေသာ ျပန္လည္တံု႔ျပန္လာသူမွာ ဗိုလ္ခ်ဳပ္ႀကီးေမာ္စီ ျဖစ္သည္။
"ဘာလို႔ အဲ့ဒီလို ထင္ရတာလဲ"
ေဒါက္တာထ်န္က သူ၏ Light screen အား ဖြင့္လိုက္ေသာအခါ ႀကီးမားသည့္ screen မ်က္ႏွာျပင္ထက္၌ ေဒတာအခ်က္အလက္မ်ားက အတန္းလိုက္ ေပၚလာခဲ့ေပ၏။ ၎မွာ အတိတ္မွ လုေထာင္၏အခ်က္အလက္မ်ားႏွင့္ မွတ္ဉာဏ္ေပ်ာက္ဆံုးၿပီးေနာက္ အခ်က္အလက္မ်ားပင္။ သူ၏ စ႐ိုက္၊ ဝါသနာ၊ စိတ္သေဘာထား ႏွင့္ ခြန္အားပမာဏ အစ႐ွိသည္ျဖင့္။
"အတိတ္ေမ့ရံု သက္သက္ပဲဆိုရင္ လူနာရဲ႕စ႐ိုက္က အရင္နဲ႔မတူဘဲ ကြဲျပားတာမ်ိဳးကို ပံုမွန္လကၡဏာလို႔ သတ္မွတ္လို႔ရပါတယ္။ ဒါေပမဲ့ အရင္က မကြၽမ္းက်င္ခဲ့ဖူးတဲ့ ကိစၥရပ္တစ္ခုခုကို အခုခ်ိန္မွာ တစ္ဖတ္ကမ္းခတ္ ကြၽမ္းက်င္သြားတာမ်ိဳးေတြ မဟုတ္လည္း အရင္က ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တဲ့ ကိစၥရပ္ေတြကို အခုခ်ိန္မွာ ဘယ္လိုမွ မလုပ္ႏိုင္ေတာ့တာမ်ိဳးေတြ..အဲ့ဒီလိုေတြ ျဖစ္လာခဲ့ရင္ေတာ့ ဒါကပံုမွန္ မဟုတ္ေတာ့ပါဘူး"
ေဒါက္တာထ်န္က လုေထာင္အား ၾကည့္လာရင္း စကားဆက္သည္။
"ဗိုလ္ခ်ဳပ္ကို ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ေအာင္ အိုက္ရႊယ္႐ိုင္ဂ်ယ္ကို ေျပာေပးဖို႔ ကြၽန္ေတာ္ကိုယ္တိုင္ ဗိုလ္ခ်ဳပ္ႀကီးေမာ္စီကေနတစ္ဆင့္ အကူအညီေတာင္းထားတာပါ။ ဗိုလ္ခ်ဳပ္ရဲ႕ ရလဒ္ေတြအားလံုးက ေကာင္းပါတယ္။ ဒါေပမဲ့ အရင္ကနဲ႔ ကြဲျပားတာေလးေတြေတာ့ ႐ွိတယ္။ အထူးသျဖင့္ စကူတာၿပိဳင္ပြဲေပါ့"
လုေထာင္က တည္ၿငိမ္စြာျဖင့္ပင္ ဆိုလာခဲ့၏။
"ကြၽန္ေတာ္ ဆန္းစစ္ၾကည့္ရသေလာက္ဆို ကြၽန္ေတာ္က အရင္ကလည္း စကူတာကို ေကာင္းေကာင္း စီးႏိုင္ေလ့႐ွိခဲ့တာပဲ မဟုတ္လား"
"ေကာင္းေကာင္းစီးႏိုင္ခဲ့တာ မွန္ပါတယ္။ ဒါေပမဲ့ ၁၂၀ မိုင္ႏႈန္းျပည့္ ေမာင္းႏွင္ႏိုင္တဲ့အထိ ကြၽမ္းက်င္ေနတာမ်ိဳး မဟုတ္ခဲ့ပါဘူး"
ေဒါက္တာထ်န္က အိုက္ရႊယ္အား တစ္ခ်က္ၾကည့္လာခဲ့၏။ ထို႔ေၾကာင့္ အိုက္ရႊယ္ကလည္း တစ္ဖက္လူ၏စကားအား ထပ္မံေထာက္ခံလာခဲ့ေပသည္။
"အဲ့ဒါအမွန္ပဲ ဗိုလ္ခ်ဳပ္။ စကူတာၿပိဳင္တဲ့အခါမွာေတာ့ ကြၽန္ေတာ္က အျမဲတမ္း ဗိုလ္ခ်ဳပ္ထက္သာခဲ့တယ္။ အဲ့ဒါက ကြၽန္ေတာ္ အထူးကြၽမ္းက်င္တဲ့ ကစားနည္းမို႔ေလ ဒါေပမဲ့ လြန္ခဲ့တဲ့ႏွစ္ရက္ကပဲ ထူးထူးျခားျခား ကြၽန္ေတာ္ ႐ွံုးသြားခဲ့ရတယ္။ ဗိုလ္ခ်ဳပ္မွတ္မိတယ္မလား"
ထ်န္ခ်ီ : "ဗိုလ္ခ်ဳပ္ အကြၽမ္းက်င္ဆံုးက အနီးကပ္တိုက္ခိုက္တဲ့ ၿပိဳင္ပြဲေတြနဲ႔ ေျခာက္လံုးျပဴးေသနတ္ပစ္ပြဲ လိုမ်ိဳးေတြပါ"
လုေထာင္က မ်က္ခံုးမ်ားအား တြန္႔ေကြးလ်က္ အေမးစကားဆိုသည္။
"ကြၽန္ေတာ့္ရဲ႕ ေသနတ္ပစ္စြမ္းရည္က အရင္ကနဲ႔ အတူတူပဲမလား"
"အင္း။ အတူတူပါပဲ။ ဘာပဲေျပာေျပာ စိတ္အေျခအေန ဟန္ခ်က္မွာ ျပႆနာ႐ွိေနတယ္ေလ။ အဲ့ဒါကို ထိန္းခ်ဳပ္ေပးတာက ဦးေႏွာက္ရဲ႕အေနာက္ပိုင္း ျဖစ္တာမို႔ အဆိပ္ေၾကာင့္ မွတ္ဉာဏ္ေပ်ာက္ဆံုးတယ္လို႔ မဆိုႏိုင္ပါဘူး"
"တကယ္ပဲ ေဒါက္တာရဲ႕ ယူဆခ်က္ကသာ မွန္မယ္ဆိုရင္.."
ေဒါက္တာထ်န္က ၾကားျဖတ္ေျပာလာ၏။
"ဒါက ယူဆခ်က္ မဟုတ္ပါဘူး။ သိပၸံနည္းပညာနဲ႔ ေဒတာအခ်က္အလက္ေတြအေပၚ မူတည္ထားတဲ့ သံုးသပ္ခ်က္တစ္ခုပါ"
လုေထာင္သည္ သူ၏ခႏၶာကိုယ္အား မတ္မတ္ထားလိုက္၍ တည္ၿငိမ္စြာ ဆိုလာခဲ့ျပန္၏။
"ေကာင္းပါၿပီ။ အခုခ်ိန္မွာ ကြၽန္ေတာ္က အတိတ္ေမ့တာမဟုတ္ဘဲ တျခားစ႐ိုက္တစ္ခုရဲ႕ လႊမ္းမိုးမႈကို ခံထားရတယ္ဆိုရင္ေတာင္ ကြၽန္ေတာ့္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြနဲ႔ ပတ္သက္ၿပီး ဟန္ခ်က္ပ်က္တာမ်ိဳးေတြ ႐ွိလာမယ္လုိ႔ေတာ့ မထင္မိဘူး။ ဘာပဲေျပာေျပာ ကြၽန္ေတာ္က ခႏၶာကိုယ္တစ္ခုတည္းမွာပဲေလ"
"အဲ့ဒီလိုလည္း ပံုေသေျပာလို႔မရပါဘူး"
ေဒါက္တာထ်န္၏ပံုစံမွာ လြန္စြာမွ တည္ၾကည္ေလးနက္လ်က္။
"ခႏၶာကိုယ္တစ္ခုတည္းမွာပဲ စ႐ိုက္ႏွစ္ခု ကြဲေနရင္ေတာင္မွ အျပဳအမူေတြနဲ႔ ဝါသနာေတြက အနည္းငယ္ ေျပာင္းလဲမႈ ႐ွိႏိုင္ပါေသးတယ္။ အရင္က လုပ္ႏိုင္ခဲ့တာေတြကို အခုခ်ိန္မွာ မလုပ္ႏိုင္ေတာ့တာမ်ိဳးေတြလည္း ျဖစ္ႏိုင္တယ္။ ဗိုလ္ခ်ဳပ္ရဲ႕ ခႏၶာကိုယ္ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီးေတာ့က..ဟုတ္ပါတယ္။ ေျပာင္းလဲမႈ သိပ္မ႐ွိပါဘူး။ ဒါေပမဲ့ စိတ္ခံစားမႈမွာက ကြဲလြဲမႈ ႐ွိႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အရင္က ကြၽမ္းက်င္ခဲ့ဖူးတဲ့ လက္နက္ေတြကို အခုခ်ိန္မွာ ေကာင္းေကာင္းအသံုးမျပဳႏိုင္ေတာ့သလို ခံစားရရင္လည္း အတင္း ႀကိဳးစားလုပ္စရာမလိုပါဘူး"
လုေထာင္က တိတ္ဆိတ္ေနေၾကာင္း ျမင္ရေသာအခါ ေဒါက္တာထ်န္သည္ ထပ္မံ၍ ေျဖးေျဖးခ်င္း ႐ွင္းျပလာခဲ့၏။
"ကြၽန္ေတာ္ေျပာတာကို ဗိုလ္ခ်ဳပ္အေနနဲ႔ လြယ္လြယ္ကူကူ လက္မခံႏိုင္ဘူးဆိုတာ နားလည္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ဗိုလ္ခ်ဳပ္ကို ေမးခြန္းနည္းနည္းေလာက္ ေမးပါရေစ။ ဒီအေတာအတြင္း အတိတ္နဲ႔ပတ္သက္ၿပီး ျပန္မွတ္မိတာမ်ိဳးေတြ ႐ွိခဲ့ပါသလား"
ဦးေႏွာက္အတြင္းမွ အဆိပ္ရည္မ်ားသည္ကား အခ်ိန္ႏွင့္အမွ် ေလ်ာ့နည္းသြားမည္ ျဖစ္ေသာေၾကာင့္ ေပ်ာက္ဆံုးသြားၿပီးေသာ မွတ္ညဏ္မ်ားကလည္း ေျဖးေျဖးခ်င္း ျပန္လည္ ေပၚေပါက္လာမည္ျဖစ္၏။ လုေထာင္ ေဆးရံုမွမဆင္းခင္ကတည္းက ေဒါက္တာဂယ္လ္ဆင္သည္လည္း ဤ ၆ လအတြင္း မွတ္ဉာဏ္မ်ားကို တျဖည္းျဖည္း ျပန္လည္မွတ္မိလာလိမ့္မည္ဟု ေျပာထားခဲ့ဖူးသည္ပင္။
ယခုဆိုလွ်င္ သူအတိတ္ေမ့ေနခဲ့သည္မွာ ႏွစ္လၾကာသြားၿပီျဖစ္၏။
လုေထာင္သည္ မ်က္လံုးစံုမွိတ္၍ ဆိုလာခဲ့သည္။
"ျပန္မွတ္မိတာမ်ိဳးေတြ မ႐ွိခဲ့ဖူးေပမဲ့ ထူးဆန္းတဲ့ ခံစားခ်က္ေတြေတာ့ ရခဲ့တယ္"
ေဒါက္တာထ်န္က လ်င္ျမန္စြာပင္ သူ၏ light screen ထက္မွ ကီးဘုတ္အား ဖြင့္လိုက္ကာ မွတ္တမ္းတင္ရန္ ျပင္ဆင္ေတာ့၏။
"ေျပာျပေပးပါဦး"
"ကြၽန္ေတာ္ လူႏွစ္ေယာက္နဲ႔ ေတြ႔ခဲ့တယ္။ ၿပီးေတာ့ သူတို႔ေတြနဲ႔ ေတြ႔ေတြ႔ခ်င္း စိတ္ထဲမွာ သေဘာမက်သလို ခံစားရတယ္။ ေနာက္ေၾကာင္းကို စံုစမ္းၾကည့္ေတာ့လည္း တကယ္ပဲ သူတို႔နဲ႔ကြၽန္ေတာ့္ရဲ႕ ဆက္ဆံေရးက အရမ္းအေကာင္းႀကီး မဟုတ္ခဲ့ရဘူး။ အဲ့ဒီခံစားခ်က္က အရင္မွတ္ဉာဏ္ေတြကေန ခ်န္ထားခဲ့တဲ့ အပိုင္းအစအခ်ိဳ႕ ျဖစ္ေလာက္မယ္ ထင္တယ္"
ေဒါက္တာထ်န္က လ်င္ျမန္စြာျဖင့္ မွတ္တမ္းတင္လိုက္ကာ ဆက္ေမးလာခဲ့၏။
"ႏွစ္ေယာက္တည္းလား"
လုေထာင္က ေခါင္းၿငိမ့္ျပသည္။
"အဲ့ဒီႏွစ္ေယာက္က ဘယ္သူေတြပါလဲ"
"ကြၽန္ေတာ့္ဇနီးရဲ႕ အေဖနဲ႔အစ္ကို"
၎အေျဖအား ၾကားေသာအခါ screen ေပၚ၌ လႈပ္႐ွားေနေသာ ေဒါက္တာထ်န္၏လက္ေခ်ာင္းမ်ားမွာ တုံ႔ခနဲ ရပ္တန္႔လို႔သြားရ၏။ သူက လုေထာင္အား ေသခ်ာစိုက္ၾကည့္လာကာ ဆိုသည္။
"ဒါဆို သူတို႔ႏွစ္ေယာက္နဲ႔ စေတြ႔ျဖစ္ခဲ့တဲ့ ပံုစံကိုေရာ တတ္ႏိုင္သမွ် အေသးစိတ္ ေျပာျပေပးလို႔ ရမလား"
အခန္းတြင္း႐ွိ လူအားလံုး၏ မ်က္ဝန္းမ်ားမွာ လုေထာင္၏မ်က္ႏွာျပင္ထက္သို႔ က်ေရာက္လာခဲ့၏။ လုေထာင္ကမူ စိတ္လႈပ္ရွားျခင္း အလ်င္းမ႐ွိပါေခ်။ ထိုအစား ၎ေမးခြန္းက အနည္းငယ္ ေၾကာင္ေတာင္ေတာင္ ႏိုင္သည္ဟုပင္ သူက ေတြးမိေသး၏။ သို႔ေသာ္ သူသည္ တစ္ဖက္လူ၏ေမးခြန္းအား အေသအခ်ာ ေျဖေပးခဲ့သည္ပင္။ သူ၏အေျဖအား နားေထာင္ၿပီးေနာက္ ေဒါက္တာထ်န္သည္ ၿငိမ္သက္ေနခဲ့မိ၍ အတန္ၾကာေသာအခါမွ ႐ုတ္တရက္ စကားဆိုလာခဲ့ေပ၏။
"ကြၽန္ေတာ္ တစ္ခုေလာက္ ေျပာပါရေစ"
"ေျပာပါ"
"ကြၽန္ေတာ့္အျမင္မွာေတာ့ ဗိုလ္ခ်ဳပ္ အဲ့ဒီလိုမ်ိဳး သေဘာမက်သလို ခံစားေနရတာက အတိတ္မွတ္ဉာဏ္ေတြရဲ႕ အက်ိဳးဆက္ေၾကာင့္ မဟုတ္ဘဲ ဒီတိုင္း သဝန္တိုမိတာေၾကာင့္လို႔ ထင္မိပါတယ္"
လုေထာင္သည္ အနည္းငယ္ ေၾကာင္သြားမိ၍ မယံုၾကည္ႏိုင္စြာျဖင့္ ျပန္ေမးလာခဲ့၏။
"သဝန္တိုလို႔ ဟုတ္လား!!?"
"ဟုတ္ပါတယ္။ သဝန္တိုလို႔ပါ။ တခ်ိဳ႕လူေတြက သူတို႔ခ်စ္ခင္ရသူေတြနဲ႔ ပတ္သက္လာရင္ အရမ္း အရမ္းကို ပိုင္ဆိုင္လိုစိတ္ ႀကီးမားၾကတာမို႔ အဲ့ဒီလူနဲ႔ ရင္းႏွီးတဲ့ လူအားလံုးကို သဝန္တိုတတ္ၾကပါတယ္"
လုေထာင္ကမူ ၎စကားမွာ အေတာ္ေလး အဓိပၸါယ္မ႐ွိဟု ခံစားမိေလေတာ့၏။
"အဲ့ဒါက ဘယ္လိုမွမျဖစ္ႏိုင္တာပဲ။ သူတို႔ႏွစ္ေယာက္လံုးက ေ႐ွာင္က်င္းရဲ႕ အေဖနဲ႔ အစ္ကိုမွန္း ကြၽန္ေတာ္သိၿပီးသားပဲေလ။ မိသားစုအခ်င္းခ်င္း ခ်စ္ခင္ၾကတာကလြဲလို႔ တျခားခံစားခ်က္မွမ႐ွိတာကို..ကြၽန္ေတာ္က ဘာလို႔ သဝန္တိုရမွာလဲ!?"
"အစြဲအလမ္းႀကီးတတ္သူေတြ သဝန္တိုဖို႔ရာအတြက္က သင့္ေတာ္တဲ့ အေၾကာင္းျပခ်က္ မလိုအပ္ပါဘူး။ ကိုယ္ခ်စ္ရတဲ့လူက ကိုယ့္ထက္အရင္ မိသားစုဝင္ေတြနဲ႔ ေတြ႔ဆံုခဲ့ရတယ္ဆိုတဲ့ သာမန္အေတြး ေသးေသးေလးကေတာင္ သဝန္တိုေစႏိုင္တာမို႔ပါ"
ေဒါက္တာထ်န္က ခဏမွ်စကားရပ္ၿပီးေနာက္ ဆက္ေျပာလာခဲ့၏။
"ေနာက္ၿပီး အခုလက္႐ွိမွာ ဗိုလ္ခ်ဳပ္အေနနဲ႔ ဇနီးျဖစ္သူနဲ႔ပတ္သက္ၿပီး ပိုင္ဆိုင္လိုစိတ္ႀကီးမားမွန္း အရမ္းသိသာပါတယ္။ ကြၽန္ေတာ္ အေစာကေျပာခဲ့ဖူးသလို စ႐ိုက္ေတြက တစ္ခုနဲ႔တစ္ခု ကြဲျပားႏိုင္တယ္ဆိုတာအတြက္ ဒါက သက္ေသပဲေပါ့။ ဘာလို႔ဆို အရင္က ဗိုလ္ခ်ဳပ္က ဇနီးျဖစ္သူနဲ႔ပတ္သက္ၿပီး ဒီလိုမ်ိဳး မဟုတ္ခဲ့တာမို႔လို႔ေလ"
သူက ေနာက္တစ္ႀကိမ္ စကားရပ္ၿပီးေနာက္ ဆက္ဆိုလာခဲ့၏။
"အခုပံုစံနဲ႔ ဘယ္ေလာက္ေတာင္ ကြဲျပားသလဲဆိုရင္ တစ္ဖက္လူကို လက္ေလွ်ာ့ေစၿပီး ကြာရွင္းခြင့္ေလွ်ာက္လႊာ တင္ေစခ်င္တဲ့အထိ အေရးမေပးခဲ့တာမို႔ေပါ့"
၎စကားအား ၾကားလိုက္ရေသာအခါ လုေထာင္၏ မ်က္ႏွာထားမွာ ပိုမိုေလးနက္သြားရ၍ အံ့ဩမႈေၾကာင့္ သူ၏ အသံမွာလည္း ေပ်ာက္လုနီးပါးပါပင္။
"ေ႐ွာင္က်င္းက...ကြာ႐ွင္းခြင့္ေလွ်ာက္ခဲ့တယ္!?"
ဤတစ္ခါ သူ၏ေမးခြန္းအား ေျဖဆိုလာသူမွာ ေဖလီျဖစ္၏။
"ဟုတ္ပါတယ္ ဗိုလ္ခ်ဳပ္။ ဒီကမာၻကို ျပန္မလာခင္တုန္းက ဗိုလ္ခ်ဳပ္အေနနဲ႔ ကြာ႐ွင္းဖို႔ ေတြးထားခဲ့ၿပီးသားနဲ႔ တူပါတယ္။ ဘာလို႔ဆို အဲ့ဒီတုန္းက ဗိုလ္ခ်ဳပ္ကေတာ္ကို တစ္ေနရာရာသြားဖို႔ ႀကိဳသတိေပးထားခဲ့တာမို႔ပါ"
"ဘာလို႔လဲ"
ဤအႀကိမ္၌မူ သူ၏ေမးခြန္းအား ေျဖဆိုသူမ႐ွိခဲ့။ အတန္ၾကာၿပီးေနာက္မွ ထ်န္ခ်ီက ဆိုလာခဲ့သည္။
"အဲ့ဒီေတာ့ အခုလက္႐ွိ ယူဆခ်က္အရပဲျဖစ္ျဖစ္ ေကာက္ႏုတ္ခ်က္အရပဲျဖစ္ျဖစ္ အဆိပ္ေၾကာင့္ အတိတ္ေမ့တာမ်ိဳး မဟုတ္ဘဲ လက္႐ွိစ႐ိုက္ကြဲတစ္ခုက အရင္တစ္ခုအေပၚ လႊမ္းမိုးေနတာမ်ိဳး ျဖစ္ေနတာပါ။ စကားမစပ္ ဗိုလ္ခ်ဳပ္အေနနဲ႔ တည္ၿငိမ္ေလးနက္ေနတဲ့အခါမ်ိဳးမွာ အေၾကာင္းအရင္းမ႐ွိ မိန္းေမာေတြေဝေနမိတာမ်ိဳး ျဖစ္ခဲ့ဖူးလား"
"မျဖစ္ဖူးဘူး"
"အဲ့ဒါပါပဲ"
ေဒါက္တာထ်န္က light screen အားပိတ္လိုက္ကာ ဆိုလာခဲ့၏။
"ပံုမွန္အတိုင္းသာဆိုရင္ ဦးေႏွာက္ထဲက အဆိပ္ရည္အားလံုး ကုန္တာနဲ႔ လက္႐ွိစ႐ိုက္ကြဲကလည္း ေပ်ာက္သြားမွာျဖစ္ၿပီး ဒီအေတာအတြင္း မွတ္ဉာဏ္ေတြလည္း အဲ့ဒါနဲ႔အတူ ပါသြားပါလိမ့္မယ္။ ဒါေပမဲ့ ဘာပဲေျပာေျပာ ဒီရလဒ္က မွန္မမွန္အတည္ျပဳႏိုင္ဖို႔အတြက္ ဗိုလ္ခ်ဳပ္ရဲ႕ ခႏၶာကိုယ္ကို ထပ္ၿပီးစစ္ေဆးမႈေတြ လုပ္ဖို႔လိုပါေသးတယ္။ ေနာက္ၿပီး အဆိပ္ရည္မွာ တျခားအက်ိဳးဆက္ေတြ႐ွိမ႐ွိကိုလည္း စစ္ရဦးမွာပါ"
ေဒါက္တာထ်န္၏ စကားလံုးတိုင္းက လုေထာင္၏နားတစ္ေလွ်ာက္ ျဖတ္သန္းသြားခဲ့၍ တစ္ဖက္လူအား အတန္ၾကာမွ် မိႈင္ေတြေနေစခဲ့၏။ ထို႔ေနာက္ လုေထာင္က တိုးတိုးေလး ေရရြတ္လာခဲ့သည္။
"ေပ်ာက္သြားမယ္ ဟုတ္လား"
"ဟုတ္ပါတယ္။ အရင္တစ္ခုက ျပန္ၿပီးလႊမ္းမိုးႏိုင္သြားမွာမ်ိဳးေပါ့"
ေဒါက္တာထ်န္၏မ်က္ဝန္းမ်ားအတြင္း၌ က႐ုဏာအေငြ႔အသက္မ်ားက အနည္းငယ္ ႐ွိေနခဲ့ေပ၏။
"တကယ္ေတာ့ ကြၽန္ေတာ္ ဒီအေၾကာင္းကို ဗိုလ္ခ်ဳပ္ဆီ ေျပာမျပဘဲ ေနမလို႔ပဲ။ အခုလက္႐ွိအေျခအေနက ယာယီပဲဆိုရင္ေတာင္ ကြၽန္ေတာ္ကေတာ့ ဒီသတင္းက ဗိုလ္ခ်ဳပ္အတြက္ အရမ္းအေကာင္းႀကီး ျဖစ္မယ္လို႔မထင္ဘူး။ ဘာပဲေျပာေျပာ အဆိပ္ရဲ႕ေျပာင္းလဲမႈေတြကို ေလ့လာဖို႔လိုေသးတာမို႔ ဗိုလ္ခ်ဳပ္ကို ထပ္ၿပီးေမးရဦးမွာပါပဲ။ အခုတေလာ စစ္တပ္ကလည္း Zerg ေတြနဲ႔ သမန္းဝံပုေလြေတြ ဆက္ႏြယ္ေနၾကတယ္လို႔ သံသယ႐ွိေနျပန္တယ္။ ဘာလို႔ဆို အခု ဗိုလ္ခ်ဳပ္မွာ႐ွိေနတဲ့ အဆိပ္ရည္က မ်ိဳးႏြယ္ႏွစ္ခုလံုးရဲ႕ လကၡဏာေတြပါေနတာမို႔ပါ"
"Zerg က ေရာဂါေတြကို သယ္ေဆာင္ႏိုင္ၿပီး သမန္းဝံပုေလြေတြရဲ႕ေသြးက လူသားဗီဇကို ႐ႈပ္ေထြးေစနိုင္တယ္။ တကယ္လို႔ သူတို႔သာ လူသားမ်ိဳးႏြယ္ကို ရင္ဆိုင္ဖို႔အတြက္ အတူတူပူးေပါင္းလိုက္မယ္ဆိုရင္ လူသားေတြရဲ႕ အနာဂတ္ကေတာ့.."
ေဒါက္တာထ်န္က လုေထာင္အား တည္ၿငိမ္စြာျဖင့္ ၾကည့္လာ၍ ျပတ္ျပတ္သားသား ဆိုလာခဲ့၏။
"ဒီလိုလကၡဏာနဲ႔လူေတြ အမ်ားႀကီး ႐ွိမေနခဲ့တာပဲ ကံေကာင္းတယ္ ဆိုရပါမယ္။ ဒါေပမဲ့ ရန္သူေတြရဲ႕ ရည္ရြယ္ခ်က္ကသာ အမ်ားစုကို ဒီလိုကစဥ့္ကလ်ား ျဖစ္ေစဖို႔ဆိုရင္ တစ္ခ်ိန္ခ်ိန္မွာ ကပ္ေရာဂါတစ္ခုအျဖစ္ ဦးတည္လာမွာပါပဲ။ ဒါက အထင္သက္သက္ပဲဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ေတြ အေကာင္းဆံုးႀကိဳးစားၿပီး ကာကြယ္မွျဖစ္မယ္။ ဒီျပႆနာအတြက္ အခုလက္႐ွိမွာ အေကာင္းဆံုးအေျဖကေတာ့ လူသားမ်ိဳးႏြယ္ရဲ႕ တစ္ဦးတည္းေသာ နမူနာျဖစ္တဲ့ ဗိုလ္ခ်ဳပ္ပါပဲ"
TN: ဟူး ႐ႈပ္သြားၾကၿပီလား!? စိတ္မပူနဲ႔ ေနာက္က်ရင္ ႐ွင္းသြားလိမ့္မယ္:)