8️⃣ ချစ်၍ချစ်သော [ Lovely gen...

Від MariaSeng

180K 5.5K 54

လူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရ... Більше

အပိုင်း ( ၁ )
အပိုင်း ( ၂ )
အပိုင်း ( ၃ )
အပိုင်း ( ၅ )
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
အပိုင်း ( ၁၀ )
အပိုင်း ( ၁၁ )
အပိုင်း ( ၁၂ )
အပိုင်း ( ၁၃ )
အပိုင်း ( ၁၄ )
အပိုင်း ( ၁၅ )
အပိုင်း ( ၁၆ )
အပိုင်း ( ၁၇ )
အပိုင်း ( ၁၈ )
အပိုင်း ( ၁၉ )
အပိုင်း ( ၂၀ )
အပိုင်း ( ၂၁ )
အပိုင်း ( ၂၂ )
အပိုင်း ( ၂၃ )
အပိုင်း ( ၂၄ )/ ဇာတ်သိမ်းပိုင်း

အပိုင်း ( ၄ )

5.7K 207 0
Від MariaSeng

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၄)

"အိမ်မှူး"

ဝေဆာရဲ့ခေါ်သံကိုလဲ မကြားနိုင်တော့ပါ။ အောက်နားမှာပုံကျနေတဲ့ ဂါဝန်ရှည်ကို မ,ရင်း ကားဆီသို့သာ ပြေးလာခဲ့မိသည်။
ဝေဆာ အိမ်မှူးနဲ့အတူ ကားပေါ်ကို ပြေးတက်လိုက်ရသည်။ သူ့ကို တစ်ယောက်ထဲ သွားခိုင်းဖို့ စိတ်မချနိုင်ပါ။

သူတို့နှစ်ယောက်ကို အံ့သြတကြီးပြေးထွက်ကြည့်နေတဲ့ လင်းညိုကိုလဲ ဝေဆာ ဘာမှမရှင်းပြနိုင်တော့ပဲ အရှိန်ပြင်းစွာ ဝေါခနဲ မောင်းထွက်လာတဲ့ကားပေါ် ဘုရားတရင်း ပါလာခဲ့ရသည်။

အိမ်မှူး ကားမောင်းနေရင်း ကိုကိုဆီဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းကိုင်ပါ ရှင်ကြီး အိမ်ကို ဘာတွေညာထားတာလဲ ကိုဘုန်းသန့်ရယ်။ မျက်နှာချင်းဆိုင်တွေ့ပြီး မေးချင်တယ်။ မဟုတ်ပါဘူးဆိုတဲ့ စကားကိုလဲ ကြားချင်တယ်။ အိမ်ကလေးကို စိတ်ဆင်းရဲအောင် ဘယ်တော့မှမလုပ်ဘူးဆိုတဲ့ကတိစကားလေး တည်မှာမဟုတ်လားဟင်။

"ကိုကို အခုဘယ်မှာလဲ ဘယ်မှာလဲလို့မေးနေတယ်လေ"

အိမ်လေး ဘုန်းသန့် ရန်ကုန်ပြန်ရောက်နေတာ သိသွားပုံရသည်။ စိတ်ဆိုးကာ အော်ပြီးမေးနေပုံအရ ခက်ပန်းနွယ်အကြောင်းပါ သိသွားပြီထင်ပါရဲ့။ သူ့ ဘေးနားမှာ ထိုင်နေတဲ့ ခက်ခက်ကို တစ်ချက်စောင်းငဲ့ကြည့်ကာ သက်ပြင်းချလိုက်မိရင်း

"အိမ်ပြန်နေတာ"

ဘုန်းမိုး ကားမောင်းနေရာမှ ဘက်မှန်ကနေ ဘုန်းသန့်ကို တစ်ချက်လှှမ်းကြည့်လိုက်ရင်း ကြိတ်ကာသက်ပြင်းချလိုက်မိသည်။
အခုပဲ ဘုန်းသန့်တို့ကို လေဆိပ်ကနေကြိုခဲ့ပြီး အိမ်ပြန်တဲ့လမ်းမှာပါ။ လုံးဝ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် အိမ်မှူးသွေးပျက်မတတ် ခံစားရမှာကို ကြိုမြင်မိပြီး ခက်ပန်းနွယ်ကို စိတ်ဆိုးချင်ပေမယ့် သူမပုံစံကလဲ ခပ်အေးအေးသာမို့။

ချွေးမဖြစ်သူကို မေမေတွေ့ရင် ဘယ်လိုနေမယ်မသိ။ မနေ့ညကတော့ သူရော မေမေပါ အိပ်လို့မပျော်သလို အိမ်မှူးမိဘတွေလဲ အိပ်ပျော်မည် မထင်ပါ။ မေမေက ဘုန်းသန့်အကြောင်းကြားပြီးတာနဲ့ အန်တီဝေဇင်ဆီ ဖုန်းဆက်ပြောပြီး အိမ်မှူးကို သနားလွန်းလို့ ငိုခဲ့ပြီးပါပြီ။

ဘုန်းမိုးလဲ မနေနိုင်လို့ မန္တလေးက ဘုန်းသန့်သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးတော့မှာ အကြောင်းစုံ သိရတော့သည်။ ခက်ပန်းနွယ်က ရိုးသားပေမယ့် သူမရဲ့မိသားစုကတော့ အတော်လည်တယ်လို့ သတင်းကြီးသည်။ အထူးသဖြင့် သူမအမေ ဒေါ်သန်းနွယ်ကို ပိုလည်ပါသည်။ ဒါကြောင့်လဲ မင်္ဂလာဆောင်ခါနီး ဘုန်းသန့်ကို သူ့သမီးအတွက် ချည်ပြီးတုပ်ပြီး အပိုင်ဖမ်းပေးလိုက်တာပေါ့။ ဘုန်းသန့်က လူကြီးတွေကို ရှင်းပြဖို့ တစ်ယောက်ထဲ ပြန်လာချင်ပေမယ့် ဒေါ်သန်းနွယ်က သမီးကိုပါ အတင်း ထည့်ပေးခဲ့တာပါတဲ့။

ခက်ပန်းနွယ်ပုံစံကတော့ ရိုးသားပုံပေါ်ပါသည်။ စိတ်ရင်းအမှန်က ဘယ်လိုရှိမလဲ မပြောတတ်ပေမယ့် ဝတ်စားဆင်ယင်ပုံကလဲ ရိုးရိုးယဉ်ယဉ် ဆံပင်ရှည်ရှည်လေးနဲ့ အတော်လှတဲ့မိန်းကလေးဆိုပေမယ့် သူ့ရဲ့ ခယ်မလို့ခေါ်ရမလား ညီဖြစ်သူရဲ့မိန်းမဟာ အိမ်မှူးပဲဖြစ်မယ်လို့ ထင်ခဲ့သူ သူ့အတွက် သိပ်ပြီးလက်ခံနိုင်စွမ်း မရှိသေးချေ။ သူတောင် ဒီလိုဖြစ်နေမှတော့ ကာယကံရှင်ဖြစ်တဲ့သူတွေဆို ပိုဆိုးပေါ့။

အိမ်မှူး ဖုန်းကိုပစ်ချလိုက်ပြီး  ကားကို အရှိန်တင်လိုက်သည်။

"အိမ်မှူး ဖြေးဖြေးမောင်းပါ"

ဝေဆာရဲ့စကားကိုကြားပေမယ့် အိမ်မှူး ကိုကို့ရှိရာကို အမြန်ရောက်ဖို့ လိုတယ်လေ။

မျက်ရည်တွေစီးကျကာ ကားမောင်းနေသူကို ထပ်မပြောရဲတော့လို့ ငြိမ်ပြီးလိုက်လာခဲ့ရတဲ့ဝေဆာမှာ အန္တရာယ်ကင်းစွာနဲ့ ကိုဘုန်းသန့်အိမ်သို့ ရောက်ခဲ့လို့ သက်ပြင်းချလိုက်မိသည်။
အိမ်မှူးကတော့ အသက်ရှုဖို့ပင်သတိရပါလေစ။ ကားရပ်ပြီးတာနဲ့ အိမ်ထဲပြေးဝင်သွားလို့ ဝေဆာလဲ သူ့နောက်ကို မနည်းမှီအောင် ပြေးလိုက်ခဲ့ရပြန်သည်။

ဧည့်ခန်းထဲဝင်ဝင်ချင်းမှာ တွေ့လိုက်ရတဲ့မြင်ကွင်းက အိမ်မှူးရင်ကို ဆောင့်ကန်လိုက်သလိုပင်။ ကိုကို့နဘေးမှာ ကိုကိုရဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားရင်း ထိုင်နေတဲ့မိန်းမဟာ ကိုကိုနဲ့ ဘာများပတ်သက်နေတာလဲ။ အခုလို မြင်လိုက်ရချိန်မှာတောင် အိမ်မှူး လက်မခံနိုင်သေးပါ။ စိတ်ထဲရှိတဲ့အတိုင်းသာဆို ဒီလက်ကို ဆုပ်ကိုင်ခွင့်ရှိသူက ငါတစ်ယောက်ပဲဟဲ့ဆိုပြီး ထိုမိန်းမကို ဆောင့်တွန်းပစ်ချင်မိသည်။

"အိမ်မှူးလေး"

ဒေါ်ဝါဆို အိမ်မှူးပုံစံကိုကြည့်ပြီး ပိုစိတ်မကောင်းဖြစ်သွားရသည်။ ဂါဝန်ရှည်ကြီးဟာ သူမကိုယ်လုံးလေးနဲ့လိုက်ဖက်စွာ လှပနေပေမယ့် အံ့သြမှင်သက်နေတဲ့ မျက်နှာမှာတော့ မျက်ရည်တွေနဲ့ မလှပနိုင်တော့။ ဒီကောင်မလေးကို သမီးလေးတစ်ယောက်လို ချစ်ခဲ့ရသလို ချွေးမတော်ရမည်ဆိုတော့လဲ ပျော်ခဲ့မိတာအမှန်ပါ။ အခုလို ခံစားနေရတာကို မကြည့်ရက်ပေမယ့် ဒေါ်ဝါဆိုကိုယ်တိုင်လဲ ဘာမှမတတ်နိုင်တော့တဲ့အခြေအနေပါ။

အိမ်မှူးကိုတွေ့တာနဲ့ ကိုကိုက ထိုမိန်းမလက်ကို ဖြုတ်ချကာ ထလာခဲ့သည်။ ကိုကိုက စိတ်ပူနေတဲ့ပုံမျိုးနဲ့ သူမဆီသို့ လျှောက်လှမ်းလာခဲ့ပေမယ့် အိမ်မှူးရဲ့ခြေထောက်တွေက အလိုလိုနောက်ဆုတ်သွားမိသည်။

"အိမ်မှူး"

သူမ လက်မောင်းကိုဆွဲကိုင်ကာ နဘေးနားလာရပ်တဲ့ မမသွန်းကို လှည့်ကြည့်လိုက်ရင်း

"မမသွန်း ကိုကိုက ကိုကိုက... "

အစ်မဖြစ်သူကို အားကိုးတကြီးခေါ်လိုက်မိပေမယ့် ဘာဆက်ပြောရမယ်မှန်းမသိတတ်တော့။

"အိမ်လေး"

အိမ်မှူး အနားကိုတိုးကပ်လာခဲ့တဲ့ ဘုန်းသန့်ပါးကို သွန်းသွန်း စိတ်မထိန်းနိုင်တော့ပဲ ဖြောင်းခနဲမြည်အောင် လွဲရိုက်ပစ်လိုက်သည်။
အိမ်မှူး မမသွန်းနဲ့ကိုကိုကို့ ကြောင်ပြီးကြည့်နေမိသလို သူတို့ကို ထိုင်ကြည့်နေတဲ့ဒေါ်ဝါဆိုလဲ မျက်လုံးကို စုံမှိတ်ချလိုက်မိသည်။

"နင် ငါ့ညီမကို ဘယ်လိုလုပ်လိုက်တာလဲဘုန်းသန့် နင့်ကိုငါ အစကတည်းက ကလေးကို မလှည့်စားဖို့ပြောခဲ့တယ်လေ အတည်မဟုတ်ရင် ဆက်မတွဲဖို့ မပြောခဲ့ဘူးလား ငါ့ညီမ နင့်ကိုဘယ်လောက်ချစ်ခဲ့ရလဲ နင်မို့လုပ်ရက်တယ် အခုအချိန်ကစပြီး နင် ငါ့ညီမကို ဘာမှလာပတ်သက်စရာမလိုတော့ဘူး လာ အိမ်မှူး ပြန်မယ်"

ပြန်သင့်ပါပြီ။ အခုဆို အိမ်မှူးဟာ ဒီအိမ်နဲ့ဘာမှသက်ဆိုင်ခွင့်မရှိတဲ့ သူစိမ်းဆိုတာကို ဟိုမိန်းမကိုမြင်လိုက်ကတည်းက သိနေခဲ့ပါပြီ။ ဒါပေမယ့်လည်း ကိုကိုရယ်။ အိမ်မှူးကိုကို့ကို ချစ်တယ်။ ကိုကိုနဲ့ပဲအတူတူနေချင်တယ်ဆိုတာ သိရက်နဲ့။ ရင်ထဲမှာ ဖော်မပြနိုင်တဲ့ခံစားချက်တွေနဲ့ ဆို့နင့်ကာ ကြေကွဲနေရသည်။
မမသွန်း ဆွဲခေါ်ရာနောက်သို့ ဒရွတ်ဆွဲပါလာခဲ့ရင်း ဘယ်လိုလုပ် အိမ်ပြန်ရောက်ခဲ့မှန်းမသိတော့ပေ။

ပျော်ရွှင်စွာ ဝတ်ဆင်ခံခဲ့ရတဲ့ လှပသော ဂါဝန်ရှည်လေးမှာ အပိုင်းပိုင်းအစစညှပ်ဖြတ်ခံထားရသော အဝတ်စုတ်ပုံ အဖြစ်သာ ရှိလေတော့သည်။

အခန်းအပြင်ကနေ တံခါးခေါက်နေတဲ့ အိမ်ကလူတွေရဲ့ခေါ်သံကိုလဲ လစ်လျူရှု့ထားလိုက်မိသည်။ အိမ်မှူး ကုတင်ပေါ်မှာ ငေးမောကာ ထိုင်နေမိရင်း ဒီအဖြစ်အပျက်ကြီးကို အိပ်မက်သာ ဖြစ်ပါစေလို့ ဆုတောင်းချင်မိသေးသည်။

ဖြစ်ပျက်ပြီးသွားသမျှကို ပြန်သုံးသပ်ကြည့်မိတော့ ကိုကို မမှားခဲ့ပါ။ ကိုကိုက ခက်ပန်းနွယ်အိမ်ကို သူ့မင်္ဂလာဖိတ်စာသွားပေးဖို့ ရောက်ရှိသွားချိန်မှာ ခက်ပန်းနွယ်တစ်ယောက် ကိုယ်ပူကာဖျားပြီး အိပ်ပျော်နေခဲ့ပါသည်။ ကိုကိုရောက်တဲ့အချိန်မှာ ခက်ပန်းနွယ်အမေလဲ ရှိပေမယ့် သူမ မိတ်ဆွေ အရေးကြီးကိစ္စကြောင့် ဖုန်းဆက်ခေါ်လို့  ကိုကို့ကို လူနာစောင့်ခဏထားခဲ့ကာ ထွက်သွားပေမယ့် တစ်နာရီကျော် ကြာတဲ့အချိန်ထိ ပြန်မရောက်ခဲ့ပါ။ အိပ်ပျော်နေတဲ့ ခက်ပန်းနွယ်တောင်နိုးလာခဲ့ပြီး ကိုကို ပြန်ဖို့လုပ်တဲ့အချိန်မှ  ခက်ပန်းနွယ်ရဲ့ အစ်ကိုဖြစ်သူက ပြန်ရောက်ခဲ့ပြီး ညီမဖြစ်သူနဲ့အတူ အခန်းထဲက ထွက်လာတဲ့ကိုကို့ကို ဆွဲထိုးကာ တာဝန်ယူခိုင်းခဲ့ပါသည်။ ရိုးသားတဲ့သူ့ညီမကို ကျောရရုံမကြံပဲ တရားဝင် လက်ထပ်ဖို့ ပြောလို့ ကိုကိုက သူနဲ့ဘာမှ မသက်ဆိုင်ကြောင်း ရှင်းပြတာကို လက်မခံပဲ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပတ်ဝန်းကျင်ကပါသိသွားခဲ့ကာ ဝိုင်းကြည့်နေခဲ့ပါသည်တဲ့။

နဂိုထဲက စိတ်ထားကောင်းပြီးအရှက်အကြောက်ကြီးတဲ့ကိုကိုဟာ အဲ့ဒီအချိန်တုန်းက ဘယ်လောက်များ ရှက်နေခဲ့မလဲ။ သနားလိုက်တာ ကိုကိုရယ်။
ဒါပေမယ့် ကိုကိုမှားခဲ့တာ တစ်ခုမှမရှိပေမယ့် ကိုကို့ကို အိမ်မှူး ပိုင်ဆိုင်ခွင့် မရှိတော့ပါ။ ကိုကို့ကို အပြီးတိုင်စွန့်လွှတ်ရပါတော့မည်။ နှလုံးသားကို အရှင်လတ်လတ်ဆွဲနုတ်ခံလိုက်ရသလို ရင်ထဲမှာ ဗလာကျင်းပြီး ခံစားချက်တွေက ထုံဆေးမိနေသလို။

အိမ်မှူးမှာ နေ့နေ့ညည တော်ရုံနဲ့အိပ်မပျော်နိုင်ခဲ့သလို တားဆီးမရတဲ့ အတွေးတွေကလဲ အချိန်ပြည့် လူကို နှိပ်စက်နေသလိုပင်။ အိမ်မှူးနဲ့ကိုကိုရဲ့အကြောင်းသိနေတဲ့အသိမိတ်ဆွေတွေ ဘယ်လိုပြောနေကြမလဲ။ လူရင်းတချို့ဟာ ဖိတ်စာမရသေးပေမယ့် အိမ်မှူးတို့ လက်ထပ်ကြတော့မယ်ဆိုတာကို သိနေပြီးသားပဲ။ ဟင့်အင်း သူတို့ဘာပြောပြော ကိစ္စမရှိပေမယ့် ကိုကိုရယ် အိမ်မှူး ဘယ်သူနဲ့မှ ရင်မဆိုင်ချင်ဘူး။ ကိုကိုမရှိတဲ့နေ့ရက်တွေကို တစ်ယောက်ထဲ ဘယ်လိုဖြတ်သန်းရမလဲ။ တောင်စဉ်မရေရာ လျှောက်တွေးနေရင်း ရူးရတော့မယ်ထင်ပါရဲ့။

ကိုကိုက ဘယ်လိုနေမယ်မှန်းမသိပေမယ့် အိမ်မှူးကတော့ ဒီလိုဖြစ်မယ်လို့ တစ်ခါလောက်တောင် မထင်ခဲ့ဖူးလို့ အိပ်ဆေးသောက်ပြီး ခဏအိပ်ပျော်သွားခဲ့ရင်တောင် ထမင်းလုံးတစ္ဆေခြောက်ခံရသလို လန့်နိုးလာခဲ့ရတဲ့ညတွေကို မနည်းအားတင်းကာ ဖြတ်ကျော်ခဲ့ရလေသည်။
======================================

လက်ထပ်မင်္ဂလာပွဲ။
အိမ်မှူး မင်္ဂလာစင်မြင့်ပေါ်မှာရေးထိုးထားတဲ့ နာမည်တွေကို ခပ်ငေးငေးကြည့်နေမိသည်။ ဒီမင်္ဂလာပွဲရဲ့ သတို့သမီးဟာ ရက်ပိုင်းအတွင်း ပြောင်းလဲသွားခဲ့ရတာကို သိတဲ့လူလဲ ရှိမည်ထင်ပါရဲ့။ လူတချို့က အိမ်မှူးကို ကွက်ကြည့်ကွက်ကြည့်နဲ့ ရှိပေမယ့် ဥပက္ခာပြုထားလိုက်သည်။ ပတ်ဝန်းကျင်ဆိုတာ စိတ်ပျော်နေတဲ့အချိန်မှသာ ဂရုစိုက်ကောင်းတဲ့အရာပါ။

တကယ်ဆို ဒီနေ့ဟာ အိမ်မှူး အရမ်းကို ရင်ခုန်ပြီး မျှော်လင့်ခဲ့ရတဲ့ နေ့ရက်လေးပါ။ ယခုပွဲရဲ့ သတိုသမီးအဖြစ်ရှိနေရမယ့်လူက လက်တွေ့မှာတော့ ရွှေပွဲလာ ဧည့်ပရိတ်သတ်အဖြစ်သာ သတို့သား သတို့သမီးကို ထိုင်ငေးနေခဲ့ရတယ်တဲ့လား။

ကိုကို့လက်မောင်းကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားပြီး လျှောက်လှမ်းလာတဲ့ သတို့သမီးလေးဟာ အလှဆုံးရှက်ပြုံးလေးနဲ့ သိပ်ကိုလှနေခဲ့ပါသည်။ ကိုကိုကတော့ အိနြေ္ဒရရသာပြုံးနေရင်း မထင်မှတ်ထားပဲ အိမ်မှူးကို တွေ့လိုက်ရလို့ မျက်နှာပျက်သွားခဲ့ရသည်။ အိမ်မှူးလာမယ်လို့ ထင်ထားခဲ့ပုံမရ။

မေမေနဲ့မမသွန်းကလဲ မင်္ဂလာပွဲကို မသွားဖို့ အပြင်းအထန် တားမြစ်ခဲ့ပါသည်။ မိဘတွေက အိမ်မှူးကို တမင်ချန်ကာ လူကြီးတွေပီပီ ဟန်မပျက် မင်္ဂလာပွဲတက်ရောက်ဖို့ ထွက်သွားတာနဲ့ ကိုကိုမိုးကို ဖုန်းဆက်ကြိုခိုင်းကာ ရောက်အောင်လာခဲ့တာပါ။ အရင်တုန်းက အိမ်မှူးကို စိတ်ဆိုးအောင် အမြဲစတတ်တဲ့ ကိုကိုမိုးကလဲ အခုအချိန်မှာ ကူညီပေးလို့ တော်သေးသည်။

ဖေဖေနဲ့မေမေက တခြားဝိုင်းကနေ အိမ်မှူးကို စိတ်ပူကာ လှမ်းလှမ်းကြည့်နေတာကို မသိချင်ယောင်ဆောင်နေရင်း ကိုယ့်ကိုကိုယ် မငိုမိအောင် အားတင်းနေရသည်။ အခုတော့ ကိုကိုရဲ့ မျက်ရည်အိုးကွဲမလေးကို မျက်ရည်သုတ်ပေးမယ့်သူ မရှိတော့ဘူးပေါ့။

"အိမ်မှူး"

ဘေးနားမှာ ထိုင်နေတဲ့ကိုကိုမိုးရဲ့ခေါ်သံတိုးတိုးကြောင့် မျက်ရည်မကျအောင် မနည်းထိန်းလိုက်ရသည်။

"ပြန်တော့မယ်"
"ငါလိုက်ပို့ပေးမယ်"
"စိတ်မပူပါနဲ့ အိမ်မှူးဘာသာ taxi နဲ့ပြန်လိုက်မယ် ကိုကိုမိုးနေခဲ့ပါ"

ညီအရင်းရဲ့မင်္ဂလာပွဲမှာ အစ်ကို မရှိနေလို့ ဘယ်ဖြစ်မလဲလေ။ အိမ်မှူး နားလည်ပါတယ်။ ဒီလောက် ကူညီရုံနဲ့ ကိုကိုမိုးကို ကျေးဇူးတင်နေပါပြီ။

"ဒါဆို အိမ်ကိုပဲ တန်းပြန်နော် ဘယ်မှမသွားနဲ့"

ကိုကိုမိုးကို ခေါင်းငြိမ့်ပြပြီး တစ်ယောက်ထဲ ထွက်လာခဲ့လိုက်သည်။ Ballroom ထဲကနေ အပြင်ရောက်တာနဲ့ မျက်ရည်တွေက တားမရနိုင်တော့ပါ။ တစ်သျှူးနဲ့ဘယ်လိုပဲကွယ်ပြီးသုတ်သုတ် သူမပုံစံက ငိုနေတယ်ဆိုတာ သိသာမည်ထင်ပါရဲ့။

ရှက်လဲရှက်ပေမယ့် ထိန်းလဲမထိန်းနိုင်ခဲ့။ ဒါကြောင့် မေမေတို့က မလိုက်လာဖို့ ပြောတာပေါ့။ ဒါပေမယ့်လဲ အိမ်မှူးဟာ သိပ်ချစ်ခဲ့ရတဲ့ကိုကိုကို့ အပြီးတိုင်စွန့်လွှတ်လိုက်ရပြီဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သက်သေပြဖို့ လာခဲ့တာပါ။ ကိုကို့ကို အပြီးတိုင် မေ့ပစ်နိုင်ဖို့ပေါ့။

ယိုင်နဲ့နေတဲ့ ခြေလှှမ်းတွေနဲ့မင်္ဂလာပွဲကို ကျောခိုင်းခဲ့ရင်း။ တသက်လုံးဒီတစ်ယောက်ထဲကိုပဲ ချစ်ခွင့်ရမယ်လို့ထင်ခဲ့ပေမယ့် အခုတော့ ထာဝရဝေးရပြီပေါ့ ကိုကိုရယ်။
======================================

အခုတော့လဲ အချိန်တွေကုန်တာ နှေးကွေးလွန်းလှပါသည်။ တစ်နေ့ တစ်နေ့ ဘယ်မှမသွားပဲ အခန်းထဲအောင်းနေတာ သုံးလကျော်ခဲ့ပါပြီ။
အိမ်မှူး စားပွဲတင်နာရီကို ငေးကြည့်နေပြီး ငေါင်တောင်တောင် ထိုင်နေမိသည်။ ကြည့်နေစဉ်မှာပဲ နာရီလက်တံတွေက ပိုမိုဖြည်းညင်းစွာ ရွေ့ပြပြီး သူမကို လှောင်ပြောင်နေသလို ခံစားလိုက်မိသည်။

သက်မဲ့တွေကတောင် အခုလို လှောင်ပြောင်နေရင် သက်ရှိတွေဆို ဘယ်လိုနေမလဲ။ အရင်တုန်းက သူများတွေ အားကျခဲ့ရတဲ့ ဘဝလေးဟာ အခုတော့ သနားစရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။

မှန်တင်ခုံရှေ့မှာ သွားထိုင်လိုက်ပြီး ပေါ်နေတဲ့မျက်နှာကိုကြည့်ရင်း ဒါ ငါ့မျက်နှာပါလားဆိုပြီး သတိထားကြည့်မိလိုက်သည်။ အရောင်အဆင်းမရှိ ညှိုးနွမ်းနေတဲ့ ဒီမျက်နှာနဲ့ဒီလူဟာ ငါတဲ့လား။ ဘယ်မှာလဲ အရင်တုန်းက ပျော်ရွှင်ခဲ့တဲ့အပြုံး တောက်ပခဲ့တဲ့ မျက်လုံးတွေ။ အဖွားအိုတစ်ယောက်လို မျက်ကွင်းတွေကညိုလို့။ ဆံပင်တွေက စုတ်ဖွာလို့။ အရင်က ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးလေးဟာလဲ အရိုးပဒေသာလို ပိန်ခြောက်လို့။ ဒီလိုနေနေမိတာ ဘာအဓိပ္ပါယ်များ ရှိနေလို့လဲ။ ဒါကို သိသိကြီးနဲ့လဲ တစ်စက်မှ ပျော်ရွှင်စရာမကောင်းတဲ့ဘဝကို ဖက်တွယ်ထားရင်း ကွဲအက်ခဲ့ရတဲ့ နှလုံးသားလေးဟာ နလန်ပြန် မထနိုင်သေးပါ။

"သမီး အိမ်ကလေး"

အခန်းထဲဝင်လာတဲ့ မေမေ့ကို ပြန်မထူးပဲ လှည့်ကြည့်လိုက်သည်။

"သမီးကို ပြောစရာရှိလို့"

မေမေက စကားကို ဆက်မပြောသေးပဲ ကုတင်ပေါ် ထိုင်လိုက်ပုံကြည့်ရတာ စကားတွေအရှည်ကြီး ပြောစရာရှိပုံပင်။

"ဘာပြောမလို့လဲမေမေ"
"သမီး အခုလိုနေနေတာတွေ ရပ်သင့်ပြီလို့ မေမေထင်တယ် သုံးလကျော်တောင်ရှိနေပြီလေ ဒီလိုပုံမျိုးနဲ့ တွေ့နေရတာ မေမေတို့လဲ စိတ်မချမ်းသာဘူး"
"သမီး နားလည်ပါတယ်မေမေ နောက်လဆို နောက်ဆို သမီး အရင်လို ကောင်းကောင်းမွန်မွန်နေသွားမှာပါ"

ထပ်ပြောပြန်ပြီ ဒီစကား။ အရင်လတွေကလဲ ဒီလိုပဲ နောက်ဆို
ကောင်းကောင်းမွန်မွန် နေသွားမှာပါဆိုပြီး ဒီနေ့အထိ ဒီအတိုင်းသာ။ ညှိုးနွမ်းနေတဲ့ရုပ်ကလေးကိုကြည့်ကာ ဒေါ်ဝေဇင် ခေါင်းခါပြလိုက်ရင်း

"မေမေ မယုံတော့ဘူးသမီး အရင်ကလဲ ဒီစကားပဲ ပြောခဲ့တာပဲ သမီးကို ယုံလို့အချိန်ပေးခဲ့တာ ဒီလောက်ဆို လုံလောက်ပြီ အသဲကွဲနေတာတွေလဲ တော်သင့်ပြီ"

အသဲကွဲတာကို ဘယ်နှရက် ဘယ်နှလပဲ ကွဲသင့်တယ်လို့ ဘယ်သူတွေက သတ်မှတ်ထားလို့လဲ။ သူ့ဘာသာ ဖြစ်နေတဲ့ခံစားချက်ကို အိမ်မှူးလဲ မတတ်နိုင်ပါ။ မေ့မေ့ကို စိတ်ထဲကသာ ပြန်ပြောနေပေမယ့် ပါးစပ်ကတော့ ထွက်မလာခဲ့။

ဒေါ်ဝေဇင် အိမ်လေးရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး ပြုံးပြကာ

"ဒီလိုမနေတော့ပဲ လူတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်နေသွားရအောင် မေမေကူညီပေးမယ်"

အိမ်လေးအနေနဲ့ အပြင်မထွက်ချင်တာလဲ ဖြစ်သင့်ပါသည်။ သာမန် ချစ်သူရည်းစား ကွဲတာလဲမဟုတ် မင်္ဂလာဆောင်ခါနီးမှ မင်္ဂလာပွဲရော သတို့သားကိုပါ သူများလက်ထဲထိုးအပ်လိုက်ရတဲ့ အဖြစ်မျိုးဆိုတော့။

ကြားကြားချင်းတုန်းက ဒေါ်ဝေဇင် ဘုန်းသန့်ကို လုံးဝခွင့်မလွှတ်နိုင်ခဲ့ပေမယ့် ရိုးသားတဲ့ဒီကောင်လေးဟာ ကိုယ့်သမီးကို တမင် လှည့်စားခဲ့တာလဲမဟုတ်ပဲ သူကိုယ်တိုင်ပါ အရှက်ကွဲခဲ့ရတဲ့ အဖြစ်ဆိုတော့ သနားလဲသနားကာ ခွင့်လွှတ်ပေးလိုက်ပါသည်။

သူငယ်ချင်းဖြစ်တဲ့ဒေါ်ဝါဆိုကလဲ သားကို စိတ်ဆိုးကာ မင်္ဂလာပွဲ မလုပ်ပေးဘူးဆိုလို့ အိမ်မှူးနဲ့စီစဉ်ထားတဲ့ပွဲကိုသာ သတို့သမီးအစားထိုးပြီး ပြုလုပ်ပေးဖို့ ဖျောင်းဖျခဲ့တာလဲ ဒေါ်ဝေဇင် ကိုယ်တိုင်ပါ။ သားနဲ့ပတ်သက်ပြီး နောင်တချိန်မှ နောင်တရစေမယ့် အဖြစ်မျိုး သူငယ်ချင်းကို မကြုံတွေ့စေချင်ပါ။ သူမလဲ မိဘပဲမို့ ကိုယ်ချင်းစာပါသည်။ ကိုယ့်သမီးမှာ ဒီလိုကြုံရဖို့ ကံပါလာတော့လဲ မတတ်နိူင်ဘူးလို့သာ ခံယူရင်း အရာအားလုံးကို စိတ်လျော့ထားလိုက်တော့တာပါ။

"ဘယ်လိုကူညီပေးမှာလဲ နိုင်ငံခြားသွားခိုင်းမလို့လား သမီး စဉ်းစားကြည့်ပါမယ်"

မမသွန်းက အခန်းထဲအောင်းနေတဲ့အိမ်မှူးကို နိုင်ငံခြားသွားဖို့ ပြောနေခဲ့တာ မင်္ဂလာပွဲ ပြီးကတည်းကပါ။

"မဟုတ်ဘူးအိမ်လေး သမီးကို လာတောင်းတဲ့လူရှိတယ်"

အိမ်မှူး မေမေ့ကို အံ့သြကာ ကြည့်လိုက်မိသည်။

"ဟင့်အင်း မေ သမီး ဘယ်သူနဲ့မှ မယူချင်ဘူးနော်"
"မယူချင်လို့ မရဘူးအိမ်လေး သမီးဒီအတိုင်းနေနေတာ မေမေ ဆက်မမြင်ချင်တော့ဘူး ဒါကြောင့် ဖေဖေနဲ့မေမေ စီစဉ်တာ သမီး လက်ခံပေးပါ"

အိမ်မှူး ခေါင်းကို ပြုတ်ထွက်မတတ်ခါယမ်းမိရင်း

"လက်မခံဘူး သမီးက ဘယ်သူနဲ့လက်ထပ်ရမှာလဲ ဘယ်သူနဲ့မှ မယူချင်ဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့အတင်းပေးစားနေကြတာလဲ ကိုကိုမန္တလေးမသွားခင် လက်ထပ်မယ်ဆိုတုန်းကတော့ ငယ်သေးလို့ဆိုပြီး ခွင့်မပြုခဲ့ပဲနဲ့ အခုမှဘာလို့ အတင်းလာပေးစားနေကြတာလဲ အီး ဟီး"

အိမ်မှူးပြောတာလဲ မမှားပဲ။ အဲ့ဒီတုန်းကသာ လက်ထပ်ခွင့်ပြုလိုက်ရင် အခုလို သမီးလေး စိတ်ဆင်းရဲနေရမှာ မဟုတ်ဘူးလေ။ အဲ့လိုအတွေးတွေနဲ့နောင်တတွေလဲ ရခဲ့ပြီးပါပြီ။ အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ။ ဒေါ်ဝေဇင် သက်ပြင်းချလိုက်မိရင်း

"သမီးနဲ့အသင့်တော်ဆုံးလူမို့လို့ပေါ့"
"ဘယ်သူလဲ အဲ့ဒီလူက ဘယ်သူမို့ အသင့်တော်ဆုံးဖြစ်ရတာလဲ"

ဒေါ်ဝေဇင် ရှိုက်ကြီးတငင်ငိုနေတဲ့သမီးဖြစ်သူက ဘယ်သူပဲဖြစ်ဖြစ်ငြင်းမှာကို ကြိုတင်တွက်ဆထားပြီးသားပါ။

"ဘုန်းမိုး"

ဘယ်လိုမှ မထင်ထားတဲ့သူမို့ အိမ်မှူး ဆွံ့အသွားရပြီး မေမေ့မျက်နှာကို အံ့သြတကြီး တစ်ချက်ကြည့်ကာ အခန်းထဲမှ ပြေးထွက်လာခဲ့မိသည်။

အားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင်
N. Maria Seng
Photo#Credit

Zawgyi font

ခ်စ္၍ ခ်စ္ေသာ [ Lovely Gentleman ]
အပိုင္း (၄)

"အိမ္မႉး"

ေဝဆာရဲ႕ေခၚသံကိုလဲ မၾကားနိုင္ေတာ့ပါ။ ေအာက္နားမွာပုံက်ေနတဲ့ ဂါဝန္ရွည္ကို မ,ရင္း ကားဆီသို႔သာ ေျပးလာခဲ့မိသည္။
ေဝဆာ အိမ္မႉးနဲ႕အတူ ကားေပၚကို ေျပးတက္လိုက္ရသည္။ သူ႕ကို တစ္ေယာက္ထဲ သြားခိုင္းဖို႔ စိတ္မခ်နိဳင္ပါ။

သူတို႔ႏွစ္ေယာက္ကို အံ့ၾသတႀကီးေျပးထြက္ၾကည့္ေနတဲ့ လင္းညိုကိုလဲ ေဝဆာ ဘာမွမရွင္းျပနိုင္ေတာ့ပဲ အရွိန္ျပင္းစြာ ေဝါခနဲ ေမာင္းထြက္လာတဲ့ကားေပၚ ဘုရားတရင္း ပါလာခဲ့ရသည္။

အိမ္မႉး ကားေမာင္းေနရင္း ကိုကိုဆီဖုန္းျပန္ေခၚလိုက္သည္။ ဖုန္းကိုင္ပါ ရွင္ႀကီး အိမ္ကို ဘာေတြညာထားတာလဲ ကိုဘုန္းသန႔္ရယ္။ မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး ေမးခ်င္တယ္။ မဟုတ္ပါဘူးဆိုတဲ့ စကားကိုလဲ ၾကားခ်င္တယ္။ အိမ္ကေလးကို စိတ္ဆင္းရဲေအာင္ ဘယ္ေတာ့မွမလုပ္ဘူးဆိုတဲ့ကတိစကားေလး တည္မွာမဟုတ္လားဟင္။

"ကိုကို အခုဘယ္မွာလဲ ဘယ္မွာလဲလို႔ေမးေနတယ္ေလ"

အိမ္ေလး ဘုန္းသန႔္ ရန္ကုန္ျပန္ေရာက္ေနတာ သိသြားပုံရသည္။ စိတ္ဆိုးကာ ေအာ္ၿပီးေမးေနပုံအရ ခက္ပန္းႏြယ္အေၾကာင္းပါ သိသြားၿပီထင္ပါရဲ႕။ သူ႕ ေဘးနားမွာ ထိုင္ေနတဲ့ ခက္ခက္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ကာ သက္ျပင္းခ်လိဳက္မိရင္း

"အိမ္ျပန္ေနတာ"

ဘုန္းမိုး ကားေမာင္းေနရာမွ ဘက္မွန္ကေန ဘုန္းသန႔္ကို တစ္ခ်က္လွွမ္းၾကည့္လိုက္ရင္း ႀကိတ္ကာသက္ျပင္းခ်လိဳက္မိသည္။
အခုပဲ ဘုန္းသန႔္တို႔ကို ေလဆိပ္ကေနႀကိဳခဲ့ၿပီး အိမ္ျပန္တဲ့လမ္းမွာပါ။ လုံးဝ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေၾကာင့္ အိမ္မႉးေသြးပ်က္မတတ္ ခံစားရမွာကို ႀကိဳျမင္မိၿပီး ခက္ပန္းႏြယ္ကို စိတ္ဆိုးခ်င္ေပမယ့္ သူမပုံစံကလဲ ခပ္ေအးေအးသာမို႔။

ေခြၽးမျဖစ္သူကို ေမေမေတြ႕ရင္ ဘယ္လိုေနမယ္မသိ။ မေန႕ညကေတာ့ သူေရာ ေမေမပါ အိပ္လို႔မေပ်ာ္သလို အိမ္မႉးမိဘေတြလဲ အိပ္ေပ်ာ္မည္ မထင္ပါ။ ေမေမက ဘုန္းသန႔္အေၾကာင္းၾကားၿပီးတာနဲ႕ အန္တီေဝဇင္ဆီ ဖုန္းဆက္ေျပာၿပီး အိမ္မႉးကို သနားလြန္းလို႔ ငိုခဲ့ၿပီးပါၿပီ။

ဘုန္းမိုးလဲ မေနနိုင္လို႔ မႏၲေလးက ဘုန္းသန႔္သူငယ္ခ်င္းေတြဆီ ဖုန္းဆက္ေမးေတာ့မွာ အေၾကာင္းစုံ သိရေတာ့သည္။ ခက္ပန္းႏြယ္က ရိုးသားေပမယ့္ သူမရဲ႕မိသားစုကေတာ့ အေတာ္လည္တယ္လို႔ သတင္းႀကီးသည္။ အထူးသျဖင့္ သူမအေမ ေဒၚသန္းႏြယ္ကို ပိုလည္ပါသည္။ ဒါေၾကာင့္လဲ မဂၤလာေဆာင္ခါနီး ဘုန္းသန႔္ကို သူ႕သမီးအတြက္ ခ်ည္ၿပီးတုပ္ၿပီး အပိုင္ဖမ္းေပးလိုက္တာေပါ့။ ဘုန္းသန႔္က လူႀကီးေတြကို ရွင္းျပဖို႔ တစ္ေယာက္ထဲ ျပန္လာခ်င္ေပမယ့္ ေဒၚသန္းႏြယ္က သမီးကိုပါ အတင္း ထည့္ေပးခဲ့တာပါတဲ့။

ခက္ပန္းႏြယ္ပုံစံကေတာ့ ရိုးသားပုံေပၚပါသည္။ စိတ္ရင္းအမွန္က ဘယ္လိုရွိမလဲ မေျပာတတ္ေပမယ့္ ဝတ္စားဆင္ယင္ပုံကလဲ ရိုးရိုးယဥ္ယဥ္ ဆံပင္ရွည္ရွည္ေလးနဲ႕ အေတာ္လွတဲ့မိန္းကေလးဆိုေပမယ့္ သူ႕ရဲ႕ ခယ္မလို႔ေခၚရမလား ညီျဖစ္သူရဲ႕မိန္းမဟာ အိမ္မႉးပဲျဖစ္မယ္လို႔ ထင္ခဲ့သူ သူ႕အတြက္ သိပ္ၿပီးလက္ခံနိုင္စြမ္း မရွိေသးေခ်။ သူေတာင္ ဒီလိုျဖစ္ေနမွေတာ့ ကာယကံရွင္ျဖစ္တဲ့သူေတြဆို ပိုဆိုးေပါ့။

အိမ္မႉး ဖုန္းကိုပစ္ခ်လိဳက္ၿပီး  ကားကို အရွိန္တင္လိုက္သည္။

"အိမ္မႉး ေျဖးေျဖးေမာင္းပါ"

ေဝဆာရဲ႕စကားကိုၾကားေပမယ့္ အိမ္မႉး ကိုကို႔ရွိရာကို အျမန္ေရာက္ဖို႔ လိုတယ္ေလ။

မ်က္ရည္ေတြစီးက်ကာ ကားေမာင္းေနသူကို ထပ္မေျပာရဲေတာ့လို႔ ၿငိမ္ၿပီးလိုက္လာခဲ့ရတဲ့ေဝဆာမွာ အႏၲရာယ္ကင္းစြာနဲ႕ ကိုဘုန္းသန႔္အိမ္သို႔ ေရာက္ခဲ့လို႔ သက္ျပင္းခ်လိဳက္မိသည္။
အိမ္မႉးကေတာ့ အသက္ရႈဖို႔ပင္သတိရပါေလစ။ ကားရပ္ၿပီးတာနဲ႕ အိမ္ထဲေျပးဝင္သြားလို႔ ေဝဆာလဲ သူ႕ေနာက္ကို မနည္းမွီေအာင္ ေျပးလိုက္ခဲ့ရျပန္သည္။

ဧည့္ခန္းထဲဝင္ဝင္ခ်င္းမွာ ေတြ႕လိုက္ရတဲ့ျမင္ကြင္းက အိမ္မႉးရင္ကို ေဆာင့္ကန္လိုက္သလိုပင္။ ကိုကို႔နေဘးမွာ ကိုကိုရဲ႕လက္ကို အားကိုးတႀကီးဆုပ္ကိုင္ထားရင္း ထိုင္ေနတဲ့မိန္းမဟာ ကိုကိုနဲ႕ ဘာမ်ားပတ္သက္ေနတာလဲ။ အခုလို ျမင္လိုက္ရခ်ိန္မွာေတာင္ အိမ္မႉး လက္မခံနိုင္ေသးပါ။ စိတ္ထဲရွိတဲ့အတိုင္းသာဆို ဒီလက္ကို ဆုပ္ကိုင္ခြင့္ရွိသူက ငါတစ္ေယာက္ပဲဟဲ့ဆိုၿပီး ထိုမိန္းမကို ေဆာင့္တြန္းပစ္ခ်င္မိသည္။

"အိမ္မႉးေလး"

ေဒၚဝါဆို အိမ္မႉးပုံစံကိုၾကည့္ၿပီး ပိုစိတ္မေကာင္းျဖစ္သြားရသည္။ ဂါဝန္ရွည္ႀကီးဟာ သူမကိုယ္လုံးေလးနဲ႕လိုက္ဖက္စြာ လွပေနေပမယ့္ အံ့ၾသမွင္သက္ေနတဲ့ မ်က္ႏွာမွာေတာ့ မ်က္ရည္ေတြနဲ႕ မလွပနိုင္ေတာ့။ ဒီေကာင္မေလးကို သမီးေလးတစ္ေယာက္လို ခ်စ္ခဲ့ရသလို ေခြၽးမေတာ္ရမည္ဆိုေတာ့လဲ ေပ်ာ္ခဲ့မိတာအမွန္ပါ။ အခုလို ခံစားေနရတာကို မၾကည့္ရက္ေပမယ့္ ေဒၚဝါဆိုကိုယ္တိုင္လဲ ဘာမွမတတ္နိုင္ေတာ့တဲ့အေျခအေနပါ။

အိမ္မႉးကိုေတြ႕တာနဲ႕ ကိုကိုက ထိုမိန္းမလက္ကို ျဖဳတ္ခ်ကာ ထလာခဲ့သည္။ ကိုကိုက စိတ္ပူေနတဲ့ပုံမ်ိဳးနဲ႕ သူမဆီသို႔ ေလွ်ာက္လွမ္းလာခဲ့ေပမယ့္ အိမ္မႉးရဲ႕ေျခေထာက္ေတြက အလိုလိုေနာက္ဆုတ္သြားမိသည္။

"အိမ္မႉး"

သူမ လက္ေမာင္းကိုဆြဲကိုင္ကာ နေဘးနားလာရပ္တဲ့ မမသြန္းကို လွည့္ၾကည့္လိုက္ရင္း

"မမသြန္း ကိုကိုက ကိုကိုက... "

အစ္မျဖစ္သူကို အားကိုးတႀကီးေခၚလိုက္မိေပမယ့္ ဘာဆက္ေျပာရမယ္မွန္းမသိတတ္ေတာ့။

"အိမ္ေလး"

အိမ္မႉး အနားကိုတိုးကပ္လာခဲ့တဲ့ ဘုန္းသန႔္ပါးကို သြန္းသြန္း စိတ္မထိန္းနိုင္ေတာ့ပဲ ေျဖာင္းခနဲျမည္ေအာင္ လြဲရိုက္ပစ္လိုက္သည္။
အိမ္မႉး မမသြန္းနဲ႕ကိုကိုကို႔ ေၾကာင္ၿပီးၾကည့္ေနမိသလို သူတို႔ကို ထိုင္ၾကည့္ေနတဲ့ေဒၚဝါဆိုလဲ မ်က္လုံးကို စုံမွိတ္ခ်လိဳက္မိသည္။

"နင္ ငါ့ညီမကို ဘယ္လိုလုပ္လိုက္တာလဲဘုန္းသန႔္ နင့္ကိုငါ အစကတည္းက ကေလးကို မလွည့္စားဖို႔ေျပာခဲ့တယ္ေလ အတည္မဟုတ္ရင္ ဆက္မတြဲဖို႔ မေျပာခဲ့ဘူးလား ငါ့ညီမ နင့္ကိုဘယ္ေလာက္ခ်စ္ခဲ့ရလဲ နင္မို႔လုပ္ရက္တယ္ အခုအခ်ိန္ကစၿပီး နင္ ငါ့ညီမကို ဘာမွလာပတ္သက္စရာမလိုေတာ့ဘူး လာ အိမ္မႉး ျပန္မယ္"

ျပန္သင့္ပါၿပီ။ အခုဆို အိမ္မႉးဟာ ဒီအိမ္နဲ႕ဘာမွသက္ဆိုင္ခြင့္မရွိတဲ့ သူစိမ္းဆိုတာကို ဟိုမိန္းမကိုျမင္လိုက္ကတည္းက သိေနခဲ့ပါၿပီ။ ဒါေပမယ့္လည္း ကိုကိုရယ္။ အိမ္မႉးကိုကို႔ကို ခ်စ္တယ္။ ကိုကိုနဲ႕ပဲအတူတူေနခ်င္တယ္ဆိုတာ သိရက္နဲ႕။ ရင္ထဲမွာ ေဖာ္မျပနိုင္တဲ့ခံစားခ်က္ေတြနဲ႕ ဆို႔နင့္ကာ ေၾကကြဲေနရသည္။
မမသြန္း ဆြဲေခၚရာေနာက္သို႔ ဒ႐ြတ္ဆြဲပါလာခဲ့ရင္း ဘယ္လိုလုပ္ အိမ္ျပန္ေရာက္ခဲ့မွန္းမသိေတာ့ေပ။

ေပ်ာ္႐ႊင္စြာ ဝတ္ဆင္ခံခဲ့ရတဲ့ လွပေသာ ဂါဝန္ရွည္ေလးမွာ အပိုင္းပိုင္းအစစညွပ္ျဖတ္ခံထားရေသာ အဝတ္စုတ္ပုံ အျဖစ္သာ ရွိေလေတာ့သည္။

အခန္းအျပင္ကေန တံခါးေခါက္ေနတဲ့ အိမ္ကလူေတြရဲ႕ေခၚသံကိုလဲ လစ္လ်ဴရႈ႕ထားလိုက္မိသည္။ အိမ္မႉး ကုတင္ေပၚမွာ ေငးေမာကာ ထိုင္ေနမိရင္း ဒီအျဖစ္အပ်က္ႀကီးကို အိပ္မက္သာ ျဖစ္ပါေစလို႔ ဆုေတာင္းခ်င္မိေသးသည္။

ျဖစ္ပ်က္ၿပီးသြားသမွ်ကို ျပန္သုံးသပ္ၾကည့္မိေတာ့ ကိုကို မမွားခဲ့ပါ။ ကိုကိုက ခက္ပန္းႏြယ္အိမ္ကို သူ႕မဂၤလာဖိတ္စာသြားေပးဖို႔ ေရာက္ရွိသြားခ်ိန္မွာ ခက္ပန္းႏြယ္တစ္ေယာက္ ကိုယ္ပူကာဖ်ားၿပီး အိပ္ေပ်ာ္ေနခဲ့ပါသည္။ ကိုကိုေရာက္တဲ့အခ်ိန္မွာ ခက္ပန္းႏြယ္အေမလဲ ရွိေပမယ့္ သူမ မိတ္ေဆြ အေရးႀကီးကိစၥေၾကာင့္ ဖုန္းဆက္ေခၚလို႔  ကိုကို႔ကို လူနာေစာင့္ခဏထားခဲ့ကာ ထြက္သြားေပမယ့္ တစ္နာရီေက်ာ္ ၾကာတဲ့အခ်ိန္ထိ ျပန္မေရာက္ခဲ့ပါ။ အိပ္ေပ်ာ္ေနတဲ့ ခက္ပန္းႏြယ္ေတာင္နိုးလာခဲ့ၿပီး ကိုကို ျပန္ဖို႔လုပ္တဲ့အခ်ိန္မွ  ခက္ပန္းႏြယ္ရဲ႕ အစ္ကိုျဖစ္သူက ျပန္ေရာက္ခဲ့ၿပီး ညီမျဖစ္သူနဲ႕အတူ အခန္းထဲက ထြက္လာတဲ့ကိုကို႔ကို ဆြဲထိုးကာ တာဝန္ယူခိုင္းခဲ့ပါသည္။ ရိုးသားတဲ့သူ႕ညီမကို ေက်ာရ႐ုံမႀကံပဲ တရားဝင္ လက္ထပ္ဖို႔ ေျပာလို႔ ကိုကိုက သူနဲ႕ဘာမွ မသက္ဆိုင္ေၾကာင္း ရွင္းျပတာကို လက္မခံပဲ ႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း ပတ္ဝန္းက်င္ကပါသိသြားခဲ့ကာ ဝိုင္းၾကည့္ေနခဲ့ပါသည္တဲ့။

နဂိုထဲက စိတ္ထားေကာင္းၿပီးအရွက္အေၾကာက္ႀကီးတဲ့ကိုကိုဟာ အဲ့ဒီအခ်ိန္တုန္းက ဘယ္ေလာက္မ်ား ရွက္ေနခဲ့မလဲ။ သနားလိုက္တာ ကိုကိုရယ္။
ဒါေပမယ့္ ကိုကိုမွားခဲ့တာ တစ္ခုမွမရွိေပမယ့္ ကိုကို႔ကို အိမ္မႉး ပိုင္ဆိုင္ခြင့္ မရွိေတာ့ပါ။ ကိုကို႔ကို အၿပီးတိုင္စြန႔္လႊတ္ရပါေတာ့မည္။ ႏွလုံးသားကို အရွင္လတ္လတ္ဆြဲႏုတ္ခံလိုက္ရသလို ရင္ထဲမွာ ဗလာက်င္းၿပီး ခံစားခ်က္ေတြက ထုံေဆးမိေနသလို။

အိမ္မႉးမွာ ေန႕ေန႕ညည ေတာ္႐ုံနဲ႕အိပ္မေပ်ာ္နိုင္ခဲ့သလို တားဆီးမရတဲ့ အေတြးေတြကလဲ အခ်ိန္ျပည့္ လူကို ႏွိပ္စက္ေနသလိုပင္။ အိမ္မႉးနဲ႕ကိုကိုရဲ႕အေၾကာင္းသိေနတဲ့အသိမိတ္ေဆြေတြ ဘယ္လိုေျပာေနၾကမလဲ။ လူရင္းတခ်ိဳ႕ဟာ ဖိတ္စာမရေသးေပမယ့္ အိမ္မႉးတို႔ လက္ထပ္ၾကေတာ့မယ္ဆိုတာကို သိေနၿပီးသားပဲ။ ဟင့္အင္း သူတို႔ဘာေျပာေျပာ ကိစၥမရွိေပမယ့္ ကိုကိုရယ္ အိမ္မႉး ဘယ္သူနဲ႕မွ ရင္မဆိုင္ခ်င္ဘူး။ ကိုကိုမရွိတဲ့ေန႕ရက္ေတြကို တစ္ေယာက္ထဲ ဘယ္လိုျဖတ္သန္းရမလဲ။ ေတာင္စဥ္မေရရာ ေလွ်ာက္ေတြးေနရင္း ႐ူးရေတာ့မယ္ထင္ပါရဲ႕။

ကိုကိုက ဘယ္လိုေနမယ္မွန္းမသိေပမယ့္ အိမ္မႉးကေတာ့ ဒီလိုျဖစ္မယ္လို႔ တစ္ခါေလာက္ေတာင္ မထင္ခဲ့ဖူးလို႔ အိပ္ေဆးေသာက္ၿပီး ခဏအိပ္ေပ်ာ္သြားခဲ့ရင္ေတာင္ ထမင္းလုံးတေစၦေျခာက္ခံရသလို လန႔္နိုးလာခဲ့ရတဲ့ညေတြကို မနည္းအားတင္းကာ ျဖတ္ေက်ာ္ခဲ့ရေလသည္။
======================================

လက္ထပ္မဂၤလာပြဲ။
အိမ္မႉး မဂၤလာစင္ျမင့္ေပၚမွာေရးထိုးထားတဲ့ နာမည္ေတြကို ခပ္ေငးေငးၾကည့္ေနမိသည္။ ဒီမဂၤလာပြဲရဲ႕ သတို႔သမီးဟာ ရက္ပိုင္းအတြင္း ေျပာင္းလဲသြားခဲ့ရတာကို သိတဲ့လူလဲ ရွိမည္ထင္ပါရဲ႕။ လူတခ်ိဳ႕က အိမ္မႉးကို ကြက္ၾကည့္ကြက္ၾကည့္နဲ႕ ရွိေပမယ့္ ဥပကၡာျပဳထားလိုက္သည္။ ပတ္ဝန္းက်င္ဆိုတာ စိတ္ေပ်ာ္ေနတဲ့အခ်ိန္မွသာ ဂ႐ုစိုက္ေကာင္းတဲ့အရာပါ။

တကယ္ဆို ဒီေန႕ဟာ အိမ္မႉး အရမ္းကို ရင္ခုန္ၿပီး ေမွ်ာ္လင့္ခဲ့ရတဲ့ ေန႕ရက္ေလးပါ။ ယခုပြဲရဲ႕ သတိုသမီးအျဖစ္ရွိေနရမယ့္လူက လက္ေတြ႕မွာေတာ့ ေ႐ႊပြဲလာ ဧည့္ပရိတ္သတ္အျဖစ္သာ သတို႔သား သတို႔သမီးကို ထိုင္ေငးေနခဲ့ရတယ္တဲ့လား။

ကိုကို႔လက္ေမာင္းကို ပိုင္ပိုင္နိုင္နိုင္ဆုပ္ကိုင္ထားၿပီး ေလွ်ာက္လွမ္းလာတဲ့ သတို႔သမီးေလးဟာ အလွဆုံးရွက္ၿပဳံးေလးနဲ႕ သိပ္ကိုလွေနခဲ့ပါသည္။ ကိုကိုကေတာ့ အိေျနၵရရသာၿပဳံးေနရင္း မထင္မွတ္ထားပဲ အိမ္မႉးကို ေတြ႕လိုက္ရလို႔ မ်က္ႏွာပ်က္သြားခဲ့ရသည္။ အိမ္မႉးလာမယ္လို႔ ထင္ထားခဲ့ပုံမရ။

ေမေမနဲ႕မမသြန္းကလဲ မဂၤလာပြဲကို မသြားဖို႔ အျပင္းအထန္ တားျမစ္ခဲ့ပါသည္။ မိဘေတြက အိမ္မႉးကို တမင္ခ်န္ကာ လူႀကီးေတြပီပီ ဟန္မပ်က္ မဂၤလာပြဲတက္ေရာက္ဖို႔ ထြက္သြားတာနဲ႕ ကိုကိုမိုးကို ဖုန္းဆက္ႀကိဳခိုင္းကာ ေရာက္ေအာင္လာခဲ့တာပါ။ အရင္တုန္းက အိမ္မႉးကို စိတ္ဆိုးေအာင္ အၿမဲစတတ္တဲ့ ကိုကိုမိုးကလဲ အခုအခ်ိန္မွာ ကူညီေပးလို႔ ေတာ္ေသးသည္။

ေဖေဖနဲ႕ေမေမက တျခားဝိုင္းကေန အိမ္မႉးကို စိတ္ပူကာ လွမ္းလွမ္းၾကည့္ေနတာကို မသိခ်င္ေယာင္ေဆာင္ေနရင္း ကိုယ့္ကိုကိုယ္ မငိုမိေအာင္ အားတင္းေနရသည္။ အခုေတာ့ ကိုကိုရဲ႕ မ်က္ရည္အိုးကြဲမေလးကို မ်က္ရည္သုတ္ေပးမယ့္သူ မရွိေတာ့ဘူးေပါ့။

"အိမ္မႉး"

ေဘးနားမွာ ထိုင္ေနတဲ့ကိုကိုမိုးရဲ႕ေခၚသံတိုးတိုးေၾကာင့္ မ်က္ရည္မက်ေအာင္ မနည္းထိန္းလိုက္ရသည္။

"ျပန္ေတာ့မယ္"
"ငါလိုက္ပို႔ေပးမယ္"
"စိတ္မပူပါနဲ႕ အိမ္မႉးဘာသာ taxi နဲ႕ျပန္လိုက္မယ္ ကိုကိုမိုးေနခဲ့ပါ"

ညီအရင္းရဲ႕မဂၤလာပြဲမွာ အစ္ကို မရွိေနလို႔ ဘယ္ျဖစ္မလဲေလ။ အိမ္မႉး နားလည္ပါတယ္။ ဒီေလာက္ ကူညီ႐ုံနဲ႕ ကိုကိုမိုးကို ေက်းဇူးတင္ေနပါၿပီ။

"ဒါဆို အိမ္ကိုပဲ တန္းျပန္ေနာ္ ဘယ္မွမသြားနဲ႕"

ကိုကိုမိုးကို ေခါင္းၿငိမ့္ျပၿပီး တစ္ေယာက္ထဲ ထြက္လာခဲ့လိုက္သည္။ Ballroom ထဲကေန အျပင္ေရာက္တာနဲ႕ မ်က္ရည္ေတြက တားမရနိုင္ေတာ့ပါ။ တစ္သ်ႉးနဲ႕ဘယ္လိုပဲကြယ္ၿပီးသုတ္သုတ္ သူမပုံစံက ငိုေနတယ္ဆိုတာ သိသာမည္ထင္ပါရဲ႕။

ရွက္လဲရွက္ေပမယ့္ ထိန္းလဲမထိန္းနိုင္ခဲ့။ ဒါေၾကာင့္ ေမေမတို႔က မလိုက္လာဖို႔ ေျပာတာေပါ့။ ဒါေပမယ့္လဲ အိမ္မႉးဟာ သိပ္ခ်စ္ခဲ့ရတဲ့ကိုကိုကို႔ အၿပီးတိုင္စြန႔္လႊတ္လိုက္ရၿပီျဖစ္ေၾကာင္း ကိုယ့္ကိုကိုယ္ သက္ေသျပဖို႔ လာခဲ့တာပါ။ ကိုကို႔ကို အၿပီးတိုင္ ေမ့ပစ္နိုင္ဖို႔ေပါ့။

ယိုင္နဲ႕ေနတဲ့ ေျခလွွမ္းေတြနဲ႕မဂၤလာပြဲကို ေက်ာခိုင္းခဲ့ရင္း။ တသက္လုံးဒီတစ္ေယာက္ထဲကိုပဲ ခ်စ္ခြင့္ရမယ္လို႔ထင္ခဲ့ေပမယ့္ အခုေတာ့ ထာဝရေဝးရၿပီေပါ့ ကိုကိုရယ္။
======================================

အခုေတာ့လဲ အခ်ိန္ေတြကုန္တာ ေႏွးေကြးလြန္းလွပါသည္။ တစ္ေန႕ တစ္ေန႕ ဘယ္မွမသြားပဲ အခန္းထဲေအာင္းေနတာ သုံးလေက်ာ္ခဲ့ပါၿပီ။
အိမ္မႉး စားပြဲတင္နာရီကို ေငးၾကည့္ေနၿပီး ေငါင္ေတာင္ေတာင္ ထိုင္ေနမိသည္။ ၾကည့္ေနစဥ္မွာပဲ နာရီလက္တံေတြက ပိုမိုျဖည္းညင္းစြာ ေ႐ြ႕ျပၿပီး သူမကို ေလွာင္ေျပာင္ေနသလို ခံစားလိုက္မိသည္။

သက္မဲ့ေတြကေတာင္ အခုလို ေလွာင္ေျပာင္ေနရင္ သက္ရွိေတြဆို ဘယ္လိုေနမလဲ။ အရင္တုန္းက သူမ်ားေတြ အားက်ခဲ့ရတဲ့ ဘဝေလးဟာ အခုေတာ့ သနားစရာအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ပါၿပီ။

မွန္တင္ခုံေရွ႕မွာ သြားထိုင္လိုက္ၿပီး ေပၚေနတဲ့မ်က္ႏွာကိုၾကည့္ရင္း ဒါ ငါ့မ်က္ႏွာပါလားဆိုၿပီး သတိထားၾကည့္မိလိုက္သည္။ အေရာင္အဆင္းမရွိ ညွိုးႏြမ္းေနတဲ့ ဒီမ်က္ႏွာနဲ႕ဒီလူဟာ ငါတဲ့လား။ ဘယ္မွာလဲ အရင္တုန္းက ေပ်ာ္႐ႊင္ခဲ့တဲ့အၿပဳံး ေတာက္ပခဲ့တဲ့ မ်က္လုံးေတြ။ အဖြားအိုတစ္ေယာက္လို မ်က္ကြင္းေတြကညိုလို႔။ ဆံပင္ေတြက စုတ္ဖြာလို႔။ အရင္က ျပည့္ျပည့္ၿဖိဳးၿဖိဳး ကိုယ္လုံးေလးဟာလဲ အရိုးပေဒသာလို ပိန္ေျခာက္လို႔။ ဒီလိုေနေနမိတာ ဘာအဓိပၸါယ္မ်ား ရွိေနလို႔လဲ။ ဒါကို သိသိႀကီးနဲ႕လဲ တစ္စက္မွ ေပ်ာ္႐ႊင္စရာမေကာင္းတဲ့ဘဝကို ဖက္တြယ္ထားရင္း ကြဲအက္ခဲ့ရတဲ့ ႏွလုံးသားေလးဟာ နလန္ျပန္ မထနိုင္ေသးပါ။

"သမီး အိမ္ကေလး"

အခန္းထဲဝင္လာတဲ့ ေမေမ့ကို ျပန္မထူးပဲ လွည့္ၾကည့္လိုက္သည္။

"သမီးကို ေျပာစရာရွိလို႔"

ေမေမက စကားကို ဆက္မေျပာေသးပဲ ကုတင္ေပၚ ထိုင္လိုက္ပုံၾကည့္ရတာ စကားေတြအရွည္ႀကီး ေျပာစရာရွိပုံပင္။

"ဘာေျပာမလို႔လဲေမေမ"
"သမီး အခုလိုေနေနတာေတြ ရပ္သင့္ၿပီလို႔ ေမေမထင္တယ္ သုံးလေက်ာ္ေတာင္ရွိေနၿပီေလ ဒီလိုပုံမ်ိဳးနဲ႕ ေတြ႕ေနရတာ ေမေမတို႔လဲ စိတ္မခ်မ္းသာဘူး"
"သမီး နားလည္ပါတယ္ေမေမ ေနာက္လဆို ေနာက္ဆို သမီး အရင္လို ေကာင္းေကာင္းမြန္မြန္ေနသြားမွာပါ"

ထပ္ေျပာျပန္ၿပီ ဒီစကား။ အရင္လေတြကလဲ ဒီလိုပဲ ေနာက္ဆို
ေကာင္းေကာင္းမြန္မြန္ ေနသြားမွာပါဆိုၿပီး ဒီေန႕အထိ ဒီအတိုင္းသာ။ ညွိုးႏြမ္းေနတဲ့႐ုပ္ကေလးကိုၾကည့္ကာ ေဒၚေဝဇင္ ေခါင္းခါျပလိုက္ရင္း

"ေမေမ မယုံေတာ့ဘူးသမီး အရင္ကလဲ ဒီစကားပဲ ေျပာခဲ့တာပဲ သမီးကို ယုံလို႔အခ်ိန္ေပးခဲ့တာ ဒီေလာက္ဆို လုံေလာက္ၿပီ အသဲကြဲေနတာေတြလဲ ေတာ္သင့္ၿပီ"

အသဲကြဲတာကို ဘယ္ႏွရက္ ဘယ္ႏွလပဲ ကြဲသင့္တယ္လို႔ ဘယ္သူေတြက သတ္မွတ္ထားလို႔လဲ။ သူ႕ဘာသာ ျဖစ္ေနတဲ့ခံစားခ်က္ကို အိမ္မႉးလဲ မတတ္နိုင္ပါ။ ေမ့ေမ့ကို စိတ္ထဲကသာ ျပန္ေျပာေနေပမယ့္ ပါးစပ္ကေတာ့ ထြက္မလာခဲ့။

ေဒၚေဝဇင္ အိမ္ေလးရဲ႕လက္ကို ဆြဲကိုင္လိုက္ၿပီး ၿပဳံးျပကာ

"ဒီလိုမေနေတာ့ပဲ လူေတြၾကားမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားရေအာင္ ေမေမကူညီေပးမယ္"

အိမ္ေလးအေနနဲ႕ အျပင္မထြက္ခ်င္တာလဲ ျဖစ္သင့္ပါသည္။ သာမန္ ခ်စ္သူရည္းစား ကြဲတာလဲမဟုတ္ မဂၤလာေဆာင္ခါနီးမွ မဂၤလာပြဲေရာ သတို႔သားကိုပါ သူမ်ားလက္ထဲထိုးအပ္လိုက္ရတဲ့ အျဖစ္မ်ိဳးဆိုေတာ့။

ၾကားၾကားခ်င္းတုန္းက ေဒၚေဝဇင္ ဘုန္းသန႔္ကို လုံးဝခြင့္မလႊတ္နိုင္ခဲ့ေပမယ့္ ရိုးသားတဲ့ဒီေကာင္ေလးဟာ ကိုယ့္သမီးကို တမင္ လွည့္စားခဲ့တာလဲမဟုတ္ပဲ သူကိုယ္တိုင္ပါ အရွက္ကြဲခဲ့ရတဲ့ အျဖစ္ဆိုေတာ့ သနားလဲသနားကာ ခြင့္လႊတ္ေပးလိုက္ပါသည္။

သူငယ္ခ်င္းျဖစ္တဲ့ေဒၚဝါဆိုကလဲ သားကို စိတ္ဆိုးကာ မဂၤလာပြဲ မလုပ္ေပးဘူးဆိုလို႔ အိမ္မႉးနဲ႕စီစဥ္ထားတဲ့ပြဲကိုသာ သတို႔သမီးအစားထိုးၿပီး ျပဳလုပ္ေပးဖို႔ ေဖ်ာင္းဖ်ခဲ့တာလဲ ေဒၚေဝဇင္ ကိုယ္တိုင္ပါ။ သားနဲ႕ပတ္သက္ၿပီး ေနာင္တခ်ိန္မွ ေနာင္တရေစမယ့္ အျဖစ္မ်ိဳး သူငယ္ခ်င္းကို မႀကဳံေတြ႕ေစခ်င္ပါ။ သူမလဲ မိဘပဲမို႔ ကိုယ္ခ်င္းစာပါသည္။ ကိုယ့္သမီးမွာ ဒီလိုႀကဳံရဖို႔ ကံပါလာေတာ့လဲ မတတ္နိူင္ဘူးလို႔သာ ခံယူရင္း အရာအားလုံးကို စိတ္ေလ်ာ့ထားလိုက္ေတာ့တာပါ။

"ဘယ္လိုကူညီေပးမွာလဲ နိုင္ငံျခားသြားခိုင္းမလို႔လား သမီး စဥ္းစားၾကည့္ပါမယ္"

မမသြန္းက အခန္းထဲေအာင္းေနတဲ့အိမ္မႉးကို နိုင္ငံျခားသြားဖို႔ ေျပာေနခဲ့တာ မဂၤလာပြဲ ၿပီးကတည္းကပါ။

"မဟုတ္ဘူးအိမ္ေလး သမီးကို လာေတာင္းတဲ့လူရွိတယ္"

အိမ္မႉး ေမေမ့ကို အံ့ၾသကာ ၾကည့္လိုက္မိသည္။

"ဟင့္အင္း ေမ သမီး ဘယ္သူနဲ႕မွ မယူခ်င္ဘူးေနာ္"
"မယူခ်င္လို႔ မရဘူးအိမ္ေလး သမီးဒီအတိုင္းေနေနတာ ေမေမ ဆက္မျမင္ခ်င္ေတာ့ဘူး ဒါေၾကာင့္ ေဖေဖနဲ႕ေမေမ စီစဥ္တာ သမီး လက္ခံေပးပါ"

အိမ္မႉး ေခါင္းကို ျပဳတ္ထြက္မတတ္ခါယမ္းမိရင္း

"လက္မခံဘူး သမီးက ဘယ္သူနဲ႕လက္ထပ္ရမွာလဲ ဘယ္သူနဲ႕မွ မယူခ်င္ဘူးဆိုတာ သိရဲ႕သားနဲ႕ ဘာလို႔အတင္းေပးစားေနၾကတာလဲ ကိုကိုမႏၲေလးမသြားခင္ လက္ထပ္မယ္ဆိုတုန္းကေတာ့ ငယ္ေသးလို႔ဆိုၿပီး ခြင့္မျပဳခဲ့ပဲနဲ႕ အခုမွဘာလို႔ အတင္းလာေပးစားေနၾကတာလဲ အီး ဟီး"

အိမ္မႉးေျပာတာလဲ မမွားပဲ။ အဲ့ဒီတုန္းကသာ လက္ထပ္ခြင့္ျပဳလိုက္ရင္ အခုလို သမီးေလး စိတ္ဆင္းရဲေနရမွာ မဟုတ္ဘူးေလ။ အဲ့လိုအေတြးေတြနဲ႕ေနာင္တေတြလဲ ရခဲ့ၿပီးပါၿပီ။ အခုမွေတာ့ ဘာတတ္နိုင္ေတာ့မွာလဲ။ ေဒၚေဝဇင္ သက္ျပင္းခ်လိဳက္မိရင္း

"သမီးနဲ႕အသင့္ေတာ္ဆုံးလူမို႔လို႔ေပါ့"
"ဘယ္သူလဲ အဲ့ဒီလူက ဘယ္သူမို႔ အသင့္ေတာ္ဆုံးျဖစ္ရတာလဲ"

ေဒၚေဝဇင္ ရွိုက္ႀကီးတငင္ငိုေနတဲ့သမီးျဖစ္သူက ဘယ္သူပဲျဖစ္ျဖစ္ျငင္းမွာကို ႀကိဳတင္တြက္ဆထားၿပီးသားပါ။

"ဘုန္းမိုး"

ဘယ္လိုမွ မထင္ထားတဲ့သူမို႔ အိမ္မႉး ဆြံ႕အသြားရၿပီး ေမေမ့မ်က္ႏွာကို အံ့ၾသတႀကီး တစ္ခ်က္ၾကည့္ကာ အခန္းထဲမွ ေျပးထြက္လာခဲ့မိသည္။

အားေပးမႈကို ေက်းဇူးတင္ပါတယ္ရွင္
N. Maria Seng
Photo#Credit

Продовжити читання

Вам також сподобається

49.7K 2.6K 41
" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘေ...
74.4K 3.3K 27
Start : 6.11.2022 Finish : ????? မင်းနဲ့ငါနဲ့ ဘယ်လောက်ပဲဝေးနေနေ ငါတို့နှစ်ယောက်ကြားမှာ သာမာန်လူတွေမမြင်တွေ့နိုင်တဲ့ ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းရှ...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
97K 2.6K 47
စက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2023