အပိုင်း ( ၉ )

6.7K 230 0
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely gentleman ]
အပိုင်း (၉)

"ထိပ်ထားဦး"

မထင်မှတ်ထားပဲ ပြန်ရောက်လာတဲ့ ခေါင်ရဲ့ အော်သံကြောင့် ထိပ်ထားဦး လန့်သွားပြီး အိမ်မှူးရဲ့ လက်ကို လွှတ်ချလိုက်သည်။ အိမ်မှူး နာသွားတဲ့ လက်ကောက်ဝတ်ကို ပွတ်လိုက်မိရင်း တစ်ယောက်နဲ့တစ်ယောက် ပြာကျမတတ် အကြည့်ချင်း ပြိုင်နေတဲ့ မောင်နှမနှစ်ယောက်ကြား အံ့သြကာ ရပ်ကြည့်နေမိသည်။ သူတို့ပုံစံက မောင်နှမနဲ့မတူပဲ အလွန်မုန်းတီးနေတဲ့ ရန်သူများသဖွယ်။

ဧည့်ခန်းထဲက အော်သံတွေကြောင့် ဒေါ်ကြီးသဲအပါအဝင် အိမ်မှာရှိသမျှ အလုပ်သမားတွေပါ ခပ်လှမ်းလှမ်းကနေ လာကြည့်နေကြသည်။

"ငါ့အိမ်ထဲက အခုချက်ချင်း ထွက်သွားစမ်း"
"မင်း ငါ့ကို မောင်းထုတ်စရာ မလိုဘူး ငါ့အမေရဲ့ပစ္စည်းတွေ ပြန်ပေး မင်းအပိုင်စီးထားတာတွေ အခုချက်ချင်း ပြန်ပေးစမ်း"
"ငါ ဆွဲမထိုးမိခင် ထွက်သွားတော့နော်"

ခေါင် အင်္ကျီလက်ကို မ,တင်ပြလိုက်လို့ ထိပ်ထားဦး မျက်နှာပျက်သွားလေသည်။ အတူလာခဲ့တဲ့မိန်းမကတော့ ခေါင် ရောက်လာကတည်းက ထိတ်လန့်ကာ ထိပ်ထားဦးနောက် ကပ်ရပ်နေပြီး ပြန်ပြေးချင်နေတဲ့ပုံပင်။ ခုနတုန်းက အိမ်မှူး ပြောဆိုခံနေရစဉ်က လက်ပိုက်ကာ ပြုံးပြုံးကြီး ရပ်ကြည့်နေတဲ့ပုံနဲ့ တခြားစီပါ။ သူတို့ပုံစံက ဦးခေါင်ထွဋ် အိမ်မှာ မရှိတဲ့အချိန်ကို တမင်ရွေးလာကာ အိမ်မှူးကို အနိုင်ကျင့်ချင်ပုံပင်။

"ကိုဦး သွားရအောင် နော်"

သူမရဲ့ လက်မောင်းကို ဆွဲကိုင်ကာ ပြန်ဖို့ပြောနေတဲ သီရိသွယ်ကို ထိပ်ထားဦးက တစ်ချက်လှည့်ကြည့်လိုက်ပြီး

"သွယ် ပြောနေလို့နော် နှင်းအိမ်မှူး မင်းနဲ့ငါ မပြတ်သေးဘူး စာရင်းရှင်းစရာ ရှိသေးတယ်"
"ဟေ့ကောင် ရှင်းစရာရှိရင် အခုတခါထဲရှင်းသွား နောက်ရက်ဆို မင်း ဒီအိမ်ရိပ်ကိုတောင် နင်းရမယ် မထင်နဲ့ ဒေါ်ကြီးသဲ ခြံစောင့်ဦးလေးကို တခါထဲ ပြောထားလိုက်ပါ ဒီဘောပြားမ လာရင် ခြံတံခါး လုံးဝ မဖွင့်ပေးပါနဲ့လို့"
"ခေါင်ထွဋ်ဦး မင်း "

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]जहाँ कहानियाँ रहती हैं। अभी खोजें