အပိုင်း ( ၂၂ )

6K 211 2
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၂၂)

"အိမ်မှူး..."
"ရှင်... "
"ခဏ... "

ထိပ်ထားဦးက အိမ်မှူးကို အခန်းထောင့်အကွယ်သို့ ဆွဲခေါ်သွားကာ...

"ဗိုက်ကို ကိုင်ကြည့်ချင်လို့"
"ဟမ်..."

အိမ်မှူး ယောင်းမဖြစ်သူကို အူကြောင်ကြောင် ကြည့်လိုက်မိသည်။

"ဗိုက်ထဲက ကလေးလှုပ်တတ်တယ်ဆို ငါစမ်းကြည့်ချင်လို့"
"သြော် ဟုတ်..."

ခွင့်ပြုချက်ရတာနဲ့ ဗိုက်ပေါ်ကို ညင်သာစွာ ရောက်လာတဲ့ လက်ကလေးက အထဲက ကလေးထိခိုက်သွားမှာ မလိုလားပုံပင်။ စိတ်ဝင်တစား ငြိမ်ပြီး ကိုင်ကြည့်နေတဲ့ ထိပ်ထားဦးမျက်နှာကို ငုံ့ကြည့်နေရင်း သူ့ဘဝကို သနားစိတ်ဝင်မိသွားသည်။ ယောကျာ်းလေးတစ်ယောက်ကဲ့သို့ ဘာမှမပြင်မဆင်နေသော်လည်း အမေတူသမီးဖြစ်သောကြောင့် သူမက ချောတဲ့အထဲပါသည်။ ဦးခေါင်ထွဋ်လို အသားမညိုပဲ ဖြူသွယ်ပြီး မိန်းကလေးလိုသာ ဝတ်စားလိုက်ရင် အတော်လှမယ့်သူပါ။

"ဟင်... လှုပ်လဲ မလှုပ်ဘူး"
"ဟုတ်တယ် တခါတလေမှ လှုပ်တာပါ အခုတော့ အိပ်ပျော်နေတယ် ထင်တယ်"
"သူတို့လဲ အိပ်တတ်လား"
"ဟုတ် အိပ်တတ်တယ်လို့ ကြားဖူးတာပဲ"
"သြော် ဘယ်နေ့မွေးမှာလဲ"
"Due date ကတော့ သိပ်မလိုတော့ဘူး နောက်လထဲမှာပဲ ရိုးရိုးမွေးမှာဆိုတော့ ဗိုက်နာတဲ့နေ့ကိုပဲ စောင့်ရမှာပေါ့"
"ဟင် ဘာလို့ ရိုးရိုးမွေးမှာလဲ ခွဲမွေးမှာ မဟုတ်ဘူးလား"
"အိမ်မှူး ဗိုက်ခွဲခံရမှာကြောက်တယ် နောက်ပြီး သားလေး နှစ်နှစ်လောက်ဆို ကလေးထပ်ယူတော့မှာ"
"ဟုတ်လား နှစ်ယောက်မွေးမှာပေါ့"
"ဟုတ်ဘူး သုံးယောက် ဦးခေါင်ထွဋ်က သုံးယောက်မွေးပေးတဲ့"
"လေးယောက်လုပ်လိုက် ငါ့ကိုလဲ တစ်ယောက်မွေးပေး..."
"ရှင်..."

ထိပ်ထားဦးရဲ့တောင်းဆိုမှုကြောင့် အိမ်မှူး ကြောင်သွားသည်။

"သုံးယောက်လုံးက ဦးရဲ့တူတူမတွေ ဖြစ်မှာပဲကို ဘာလို့ သီးသန့် တောင်းဆိုနေတာလဲ"

အနောက်က အဖွားအသံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်သည်။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now