အပိုင်း ( ၂ )

6.6K 230 0
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၂)

အိမ်မှူး ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့အိမ်ပေါ်ကို တက်လာခဲ့ရင်း အရင်တုန်းက မမသွန်းကို စိတ်ဆိုးခဲ့ရတဲ့နေ့ကို ပြန်သတိရမိသွားသည်။
အဲ့ဒီနေ့က မမသွန်းဟာ သူ့ချစ်သူ ကိုတက်တိုးကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အိမ်ကို အလည်ခေါ်ခဲ့သောနေ့ဖြစ်ပါသည်။

အိမ်မှူးက မမသွန်းချစ်သူကို စိတ်မဝင်စားပဲ ထိုလူ ရောက်မလာခင်ကတည်းက ကိုကိုနဲ့အတင်းတုပ်ဖို့ ဒီဘက်အိမ်သို့ ကူးလာခဲ့ခြင်းဖြစ်သည်။
တကယ်တော့ နှစ်ဖက်မိဘတွေဟာ ကိုဘုန်းမိုးနဲ့မမသွန်းနဲ့ကို သဘောတူခဲ့ကြတာပါ။ ဒါပေမယ့် နှစ်ယောက်သား အီစီကလီအဆင့်ကနေမတက်ခဲ့ကြ။ မနက်ဖြန် သဘက်ခါပဲ ချစ်သူတွေဖြစ်ကြတော့မလို လက်ထပ်ကြတော့မလို စိတ်ကောက်လိုက် ပြန်ခေါ်လိုက်နဲ့ ချစ်သူလား သူငယ်ချင်းလား သေချာမသိရတဲ့ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတဲ့လူကြီးတွေလဲ အခုတော့ ထပ်ပြီးစောင့်ကြည့်စရာမလိုတော့ပေ။

"ကိုကိုသိလား ကိုဘုန်းမိုးနဲ့မမသွန်းနဲ့ကလေ calculator တွေ"
"ဟမ် ဘာဖြစ်လို့ calculator ဖြစ်တာလဲအိမ်လေးရဲ့"
"တစ်ယောက်နဲ့တစ်ယောက်ကြိုက်ဖို့အရေး အပေါင်း အနုတ် အမြှောက် အစားတွေနဲ့ တွက်ချက်နေကြတာလေ အိမ်မှူးကတော့ အဲ့လိုတွက်မနေဘူး ကိုယ်ချစ်တဲ့လူနဲ့ပဲယူမှာ"
"အမယ်... ကလေးမ ချစ်တဲ့လူရှိနေပြီပေါ့"

ချစ်စနိုးကျီစယ်လိုက်တဲ့ကိုကိုကို့ ပြုံးပြလိုက်ရင်း

"ဒါပေါ့ အိမ်မှူးချစ်တဲ့သူက ဘယ်သူလဲဆိုတာ ကိုကိုကို့အရင်ဆုံးပြောပြမှာ သိလား"

အဲ့ဒီအချိန်တုန်းက အိမ်မှူးမှာအကြံအစည်တွေ ရှိနေခဲ့တယ်ဆိုတာ ကိုကို လုံးဝ ရိပ်မိခဲ့မည်မထင်။

"ကိုကိုလဲ ကတိတည်နော်"
"ဘာကတိလဲ"
"ဟင် မသိချင်ယောင်ဆောင်နေတာလား တကယ်မသိတော့တာလား အိမ်မှူးဆယ်တန်းအောင်ပြီးမှ ကိုကိုရည်းစားထားမယ်လို့ကတိပေးထားတာလေ"
"သြော် ဒါလား ကတိတည်ပါတယ် ကိုကို ခုချိန်ထိရည်းစားမထားရသေးဘူးလေ"

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now