အပိုင်း ( ၅ )

6.2K 240 3
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၅)

"ကိုကိုမိုးက ဘာလို့အိမ်မှူးနဲ့လက်ထပ်ဖို့ သဘောတူရတာလဲ ကိုကိုမိုးကို အစ်ကိုတစ်ယောက်လို သဘောထားတာကိုသိရဲ့သားနဲ့ အီး ဟီး..."

ဘုန်းမိုး ဆိုတဲ့နာမည်ကြားတာနဲ့ ဒီအိမ်ကို ပြေးလာခဲ့တဲ့ အိမ်မှူးဟာ ဧည့်ခန်းထဲထိုင်နေတဲ့ ဘုန်းမိုးကိုတွေ့လိုက်ရလို့ အနားသွားထိုင်ကာ ရန်ရှာလိုက်သည်။
ဘုန်းမိုး ငိုနေရုံမက ပြောချင်တာပြောပြီး ရင်ဘတ်ကို ထုရိုက်နေတဲ့ အိမ်မှူးရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ရင်း

"အင်းလေ အရင်ကတော့ အစ်ကိုတော်ရမှာလေ အခုဘုန်းသန့်က တခြားလူနဲ့ယူသွားပြီဆိုတော့ ဘာမှမဆိုင်တော့တာ"
"ဘာလို့ဘာမှမဆိုင်ရမှာလဲ ကိုကိုနဲ့မကြိုက်ခင်ကတည်းက ကိုကိုမိုးကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားခဲ့တာကို လုံးဝမယူနိုင်ဘူး"

ဘုန်းမိုး မရယ်မိအောင်ထိန်းထားတဲ့ကြားက ပြုံးစိစိဖြစ်မိသွားတာကို မနည်းထိန်းလိုက်ရသည်။

"ဒါဆို ဘယ်လိုလုပ်မလဲ ငါနဲ့မယူရင်လဲ နင့်ကို တခြားယောကျာ်းနဲ့ ပေးစားမှာတဲ့"
"ဟမ်... "
"တကယ်ပြောနေတာ မယုံရင် နင့်အမေကိုမေးကြည့်လေ ဒါကြောင့် ငါက နင့်ကို သနားလို့ လက်ခံပေးမလို့"
"လက်မခံနဲ့ အိမ်မှူး တခြားယောကျာ်းနဲ့ပဲယူမှာ ကိုကိုမိုးနဲ့မယူဘူး လုံးဝမယူနိုင်ဘူး"

ဟုတ်တယ်လေ။ ရည်းစားဟောင်းရဲ့ အစ်ကိုအရင်းနဲ့ ဘယ်မိန်းကလေးက လက်ထပ်ချင်မှာလဲ။ ကိုကိုမိုးနဲ့ မယူရရင်ပြီးရော။ တခြား ဘယ်ယောကျာ်းနဲ့ပဲ ယူရယူရ။

ဘုန်းမိုး ပြောချင်ရာပြောပြီးထွက်သွားတဲ့ အိမ်မှူးရဲ့နောက်ကျောကို ကြည့်ရင်း ရယ်ကာကျန်နေခဲ့သည်။ ဒီကောင်မလေးကို သူက ဘာလို့ လက်ထပ်ရမှာလဲ။ ကိုယ့်မျက်စိရှေ့ကြီးလာတဲ့ကလေးကို အိမ်ထောင်ဖက်အဖြစ် သူလဲ သဘောမထားနိုင်ပါ။

"သမီး ကိုကိုမိုးနဲ့ လုံးဝမယူနိုင်ဘူးနော်"

မိဘတွေကလဲ သူမပြန်အလာကို စောင့်နေပုံရသည်။ ဧည့်ခန်းထဲမှာ ထိုင်လျက် ရှိနေခဲ့သည်။ မေမေက မျက်နှာချင်းဆိုင်ထိုင်နေတဲ့ဖေဖေ့ကို တစ်ချက်ကြည့်လိုက်ပြီး

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Kde žijí příběhy. Začni objevovat