မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(16)

3.5K 601 29
By ShweLoon365

(Unicode)

ရှုကျင်ထျန်းမှာ ရုတ်တရက်အောက်သို့ဆွဲခေါ်ခံရတာ ကြောင့် ခဏအကြာတွင် အသက်ရှူကျပ်နေပြီဖြစ်သည်။ ရှုဟန်ယွီသည် အပေါ်သို့ပြန်တက်ရန် ရည်ရွယ်ချက်မရှိဘဲ အောက်သို့ဆက်ဆင်းနေသည်ကိုမြင်သောအခါ အမှန်ပင်ထိတ်လန့်ထိတ်လန့်သွားလေ၏။

"အွန်း ~"

မဟုတ်ဘူး...သူသေသွားလိမ့်မယ်!

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နှိပ်ကွပ်မှုမှရုန်းထွက်ရန် ကြိုးစားရုန်းကန်လာသည်။ သို့သော်သူ၏ခုခံမှုသည် သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်သောပိုးစုန်းကြူးလိုပင် လုံးဝကိုအသုံးမ၀င်ချေ။ သူက ရှုဟန်ယွီကို စိတ်အနှောက်အယှက်ဖြစ်ပေးလိုက်သလို ဖြစ်သွားပြီး ပိုလို့တောင် အောက်ကိုဆွဲချခြင်းခံလိုက်ရသည်။

" ဝူး!"

ရှုကျင်ထျန်း၏ရင်ဘတ်သည် ပေါက်ကွဲထွက်တော့မည်ဟုခံစားလိုက်ရပြီး ရှုဟန်ယွီကိုတွန်းလှန်ရန် သူ၏နောက်ဆုံးခွန်အားကိုသုံးလိုက်သည်။ အရှိန်မြှင့်ရန် ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ခါးကိုပွေ့ကာ ခြေထောက်များကိုဆွဲလိုက်သဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဇောက်ထိုးကဲ့သို့ဖြစ်သွားလေ၏။

မြွေကြီးက သူ့ခြေထောက်များကို ဆုပ်ကိုင်ထားသော်လည်း ရှုကျင်ထျန်းသည်သံမှိုကဲ့သို့ သူ့ခြေထောက်များကိုဆွဲမထုတ်နိုင်ဘဲ အောက်ခြေသို့ဆွဲချခြင်းခံနေရခြင်းကို မျက်လုံးကျယ်ကျယ်ဖြင့်သာကြည့်နိုင်သည်။

ရှုဟန်ယွီက မရည်ရွယ်ဘဲလုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သလို လူတိုင်းကသူ့လိုရေထဲမှာ အသက်ရှူနိုင်တယ်လို့ထင်ခဲ့ပုံရသည်။ သို့သော်ဤအရာသည် သူ့အတွက်ဆိုးရွားသည့် အကျပ်အတည်းဖြစ်ခဲ့ပြီး ရှုကျင်ထျန်းမှာ အလွန်နောင်တရခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က သူတို့အကြား လုံခြုံစိတ်ချရသောအသံများက သူ၏အာရုံကြောများကိုနှိုးဆွပေးခဲ့ပြီး ရှုဟန်ယွီသည် ခြွင်းချက်မရှိရက်စက်ကာ အင်အားတောင့်တင်းသော မြွေကြီးဖြစ်သည်ကို မေ့သွားခဲ့သည်။

ရှုကျင်ထျန်းသည် သူ့တွင်ရုန်းကန်ရန် စွမ်းအင်မရှိတော့သည့်တိုင်အောင် အားပျော့လာသည်။သူ၏အာရုံစူးစိုက်မှုအားလုံးသည် အလွန်နာကျင်နေသော အဆုတ်ပေါ်တွင်သာ ရောက်နေသည်။ သူပါးစပ်ကိုဖွင့်ကာ အသက်ပြင်းပြင်းရှူချင်သည်။

မဟုတ်ဘူး၊ အသက်ရှူလို့ရမှာမဟုတ်ဘူး။

ရှုကျင်ထျန်းသည် ရုန်းကန်ရန်အင်အားမရှိတော့ဘဲ ရှုဟန်ယွီ၏အဝတ်မဲ့ခြေထောက်များကို လက်ဖြင့်ပုတ်ကာ သူ့ကိုသတိထားမိစေရန် ကြိုးစားလိုက်သည်။

ဒါပေမယ့် ရှုဟန်ယွီ အခုလှည့်ကြည့်ရင်တောင် မြေပြင်ပေါ်မရောက်မချင်း သည်းခံနိုင်စွမ်းမရှိတော့ဘူးလို့ သူခံစားလိုက်ရသည်။

ရှုကျင်ထျန်း၏လက်ဖြင့်ပုတ်လိုက်မှုသည် ရှုဟန်ယွီ၏ ကြင်နာစွာပွေ့ဖက်ထားမှုကြောင့် ရေသည်သူ့ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာစီးဆင်းသွားပြီး သတိမထားမိနိုင်လောက်အောင်ပင် ဖြစ်နေလေ၏။

သို့သော် ရှုဟန်ယွီသည် မိန်းမပျိုလေး၏ လှုပ်ရှားမှုများကို အမြဲတစေဂရုပြုနေတတ်သည်။ မိန်းမပျိုလေးက သူ၏ရုန်းကန်မှုများကိုရပ်တန့်လိုက်တာမို့ လက်နက်ချသွားပြီဟု ယူဆခဲ့သည်။ ဒါပေမယ့် အခုဘယ်လိုဖြစ်တာလဲ? တစ်ခုခုမှားနေသလိုပဲ ...

ရှုဟန်ယွီသည် သူ၏ခေါင်းကို နောက်သို့လှည့်ကြည့်လိုက်ရာ မိန်းမပျိုလေး၏ နာကျင်မှုကြောင့် နီရဲနေသောမျက်နှာကိုမြင်လိုက်ရပြီး သူ၏မျက်လုံးများမှာ သွေးများစီးကျလာတော့မလိုပင်။

ရှုဟန်ယွီမှာအံ့သြသွားပြီး မိန်းမပျိုလေး၏ခန္ဓာကိုယ်အား လျင်မြန်စွာပွေ့ဖက်လိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီကိုအားမာန်အပြည့်ဖြင့် တွန်းလိုက်သော်လည်း သူအသက်ရှုမအောင့်နိုင်တော့ပေ။ နောက်ဆုံးအသက်ရှုကျပ်ပြီး ရေထဲတွင်ပူဖောင်းများ တစ်သီတစ်တန်းဖြစ်ပေါ်လာသည်။

ရှုဟန်ယွီမှာ အလွန်အံ့သြသွားသည်။ မိန်းမပျိုလေး၏ မျက်လုံးများမှေးစင်းနေပြီး တစ်ဝက်နီးပါးမှိတ်ထားသည်။ ချက်ချင်းပင် သူ(ကျင်ထျန်း)တစ်ခုခုကိုနားလည်သွားပုံရသည်။ သူကသမုဒ္ဒရာရေကိုမရှူရှိုက်ခင်မှာ ရှုဟန်ယွီကသူ့ပါးစပ်ကိုသုံးပြီး သူ့နှုတ်ခမ်းမှတစ်ဆင့် သူ့(ကျင်ထျန်း)ကိုလေရှုသွင်းဖို့ ပေးနိုင်သည်။

“ အွန်း~”
သူ့အဆုတ်က နည်းနည်းသက်သာသွားပေမယ့် မလုံလောက်သေးပေ။ ချောမွေ့တဲ့ခံစားချက်က သူ့ကိုချုပ်နှောင်နေလေ၏။ ရှုကျင်ထျန်းသည် အောက်စီဂျင်အရင်းအမြစ်နှင့်နီးကပ်စွာ သတိလက်လွတ်ဖြစ်သွားပြီး အလိုလိုရှူသွင်းလိုက်သည်။

ရှုဟန်ယွီသည် ခဏမျှအေးခဲသွားပြီး မျက်လုံးများပြူးကျယ်ကာ မိန်းမပျိုလေးအား အံ့သြစွာငေးကြည့်နေမိသည်။ မိန်းမပျိုလေးသည် သူ၏မျက်လုံးများကိုပိတ်ထားပြီး မျက်မှောင်ကြုံ့ကာ သူ့(ဟန်ယွီ)အနီးတိုးကပ်လာပြီး သူ့နှုတ်ခမ်းများကိုညင်သာစွာစုပ်ယူနေသည်။

ထူးဆန်းသောခံစားချက်က ရှုဟန်ယွီ၏နှလုံးသားကိုတုန်ခါစေခဲ့သည်။ ရှုဟန်ယွီသည်လည်း သူ၏မျက်လုံးများကိုပိတ်လိုက်ပြီး မိန်းမပျိုလေး၏ ရှားပါးသောအစပျိုးမှုအောက်တွင် အောက်ဆီဂျင်ကိုလိုလိုလားလားဝေမျှခဲ့သည်။

ခဏအကြာ ရှုကျင်ထျန်းက အရှိန်လျှော့လိုက်သည်။ ရှုဟန်ယွီရဲ့ပါးစပ်မှာ အောက်ဆီဂျင်ကိုရှူရှိုက်နေတဲ့ သူ့နှုတ်ခမ်းက အနည်းငယ်စူနေဆဲပင်။

ရှုကျင်ထျန်းသည် သူ၏မျက်လုံးများကိုဖွင့်လိုက်သောအခါ အနီးအနား၌အဖြူရောင်အစင်းကြောင်းနှစ်ခုနှင့် စိမ်းစိုနေသောအရိပ်အယောင်များကို တွေ့လိုက်ရသည်။ ရှုကျင်ထျန်းသည် မသိမသာမျက်တောင်မခတ်ဘဲ အနည်းငယ်သာတုံ့ပြန်နိုင်ခဲ့သည်။

မိန်းမပျိုလေး နိုးလာသည်ကိုမြင်သောအခါ ရှုဟန်ယွီ၏ နှလုံးသား၌ပျော်ရွှင်သွားပြီး နောက်ဆုံးတွင်သူ၏ခက်ရင်းခွလျှာကိုဖြန့်လိုက်ပြီး မိန်းမပျိုလေး၏ နွေးထွေးပျော့ပျောင်းသောလျှာကို အမိဖမ်းလိုက်လေ၏။

"အမ်?"
ရုတ်တရက်သူ့ပါးစပ်ထဲတွင် တစ်စုံတစ်ခုရှိနေသည်။ ရှုကျင်ထျန်းမှာ ၎င်းကိုဆွဲယူမျိုချလိုက်သည်နှင့် သေးသွယ်ရှည်လျားသောအရာသည် သူ့ပါးစပ်မှလည်ချောင်းထဲသို့လျှောကျသွားပြီး အေးမြချောမွေ့သောခံစားချက်ကိုဖြစ်ပေါ်စေသည်။

သူအားလုံးကိုမျိုချမိတော့မည်။ သို့သော် သေးငယ်သည့်အရာသည် ရှင်သန်နေပုံရပြီး တဖန်လှုပ်ရှားနေသည့်အပြင် လည်ချောင်းကိုယားယံစေသည်။

သူ၏လည်ချောင်းသည် အနည်းငယ်လှုပ်ရှားသွားပြီး သူ့အစာကို အလိုလိုပြန်ယူချင်စိတ်ပေါက်လာသည်။
သို့သော်ထိုအရာသည် ချော်ထွက်သွားပြီး သူ့လည်ချောင်းမှပြန်ထွက်သွားသည်။ သူ့လည်ချောင်းကို မအီမသာခံစားမှုဖြင့် လှုံ့ဆော်ခဲ့ပြီး အံ့သြစရာကောင်းလောက်အောင်လည်း မခံမရပ်နိုင်ဖြစ်စေခဲ့သည်။

သူပါးစပ်ဖွင့်ပြီး နှုတ်ခမ်းသပ်လိုက်တဲ့အခါ ပင်လယ်ရေငန်တွေက ချက်ချင်းဆိုသလို သူ့ပါးစပ်ထဲဝင်လာခဲ့တယ်။

ဟမ်? ပင်လယ်ရေ? သူကပင်လယ်ထဲမှာလား? …ဟုတ်သားပဲ! သူသေခါနီးပြီ! ရေနစ်တော့မယ်!
ရှုဟန်ယွီက သူ့ကိုရေထဲသို့ဆွဲချခဲ့တာ!

ရှုကျင်ထျန်း၏မျက်လုံးများ ပြူးကျယ်လာပြီး သူ့တစ်ကိုယ်လုံး အသည်းအသန်ရုန်းကန်ခဲ့ရသည်။ အကွာအဝေးကြောင့် သူရှင်းရှင်းလင်းလင်းမမြင်ရတဲ့အရာက ရှုဟန်ယွီရဲ့မျက်နှာဖြစ်ပြီး သူ့မျက်လုံးတွေကိုပွတ်သပ်တဲ့အရာက ရှုဟန်ယွီရဲ့ရှည်လျားတဲ့ မျက်တောင်တွေပင်။

သူ့တစ်ကိုယ်လုံးသည် သူ့(ကျင်ထျန်း)ကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့(ဟန်ယွီ)နှုတ်ခမ်းတွေက သူ့ကိုဖိကပ်ထားတယ်! …ဒါဆိုအခုပဲ သူမျိုချနေတာက…

" ဝူး!"
ရှုကျင်ထျန်းက အတင်းတွန်းထုတ်လိုက်ပြီး သူနဲ့ရှုဟန်ယွီကြားတွင် ကွက်လပ်လေးကိုဖန်တီးလိုက်သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏နှုတ်ခမ်းများကို ကျေနပ်စွာ လွှတ်ပေးလိုက်ပြီး မိန်းမပျိုလေး၏ အပြုအမူတို့ကို တစိမ့်စိမ့်တွေးနေလေ၏။

ဘာမှမစဉ်းစားတော့ဘဲ ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏မျက်နှာကို ရိုက်ရန်ရွယ်လိုက်သည်။ သို့သော် သူ့လုပ်ဆောင်ချက်၏ နောက်ဆက်တွဲအကျိုးဆက်များကို တွေးတောကာကြောက်ရွံ့လာသည်။ ကံကောင်းထောက်မစွာ၊ သူသည်အောက်ဆီဂျင်ချို့တဲ့ပြီး ခုထိသိသိသာသာ အားနည်းနေသေးသည်။ ဒါ့အပြင် သမုဒ္ဒရာရေကြောင့် အစွမ်းသတ္တိကမကြီးမားဘူး။ ဒါကြောင့်သူက ရှုဟန်ယွီရဲ့မျက်နှာကို ဖွဖွ လေးသာရိုက်လိုက်နိုင်သည်။

ရှုဟန်ယွီမှာတော့ မိန်းမပျိုလေး၏သေးငယ်သောလက်ကို ပျော်ရွှင်စွာဖမ်းယူလိုက်ပြီး သူ၏မျက်နှာပေါ်သို့ နူးနူးညံ့ညံ့ပွတ်တိုက်လိုက်သည်။

ရှုကျင်ထျန်းသည် တိတ်တဆိတ်  သက်ပြင်းတစ်ချက်ချလိုက်ရာ တစ်ချိန်တည်းမှာပင် သူ့အဆုတ်သည်အောက်ဆီဂျင် အနည်းငယ်ချို့တဲ့သွားပြီး စက္ကန့်အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ ပြုံးနေသောနှုတ်ခမ်းတို့ကိုကြည့်ပြီး အံကြိတ်ကာ ထိုနှုတ်ခမ်းတို့အားဖိကပ်လိုက်သည်။

ရှုဟန်ယွီသည် ပို၍ပင်ပျော်ရွှင်လာပြီး သူ့လျှာကိုဖြန့်ကာ လမ်းကြောင်းထဲသို့ဝင်ချင်လာသည်။ ဖွင့်ဟလာတဲ့အပေါက်ထဲသို့၀င်လိုက်သောအခါ နွေးထွေးသောကြိုဆိုမှုတစ်ခုကို သူရရှိခဲ့သည်။

ရှုကျင်ထျန်း၏မျက်လုံးများပြူးကျယ်သွားပြီး လျှာကိုပြင်းပြင်းထန်ထန် ထွေးထုတ်လိုက်သော်လည်း လုပ်မရပေ။ နောက်တစ်ကြိမ်ထပ်၍ အတင်းလုပ်မှသာ သူ၏လျှာကိုပြန်ရုပ်သိမ်းခဲ့သည်။

ဒါပေမယ့် ရှုဟန်ယွီရဲ့နှုတ်ခမ်းကို ဖယ်ခွာလိုက်သောအခါ သူ၏အသက်ရှူခြင်းအလေ့အကျင့်ကြောင့် ပင်လယ်ရေငန်ကြီးကို သူသောက်လိုက်မိသည်။ သူသည်အလွန်ဆို့နင့်စွာဖြင့် ရေထဲတွင်ချောင်းဆိုးမိသွားသည်။

ချောင်းဆိုးပြီးသောအခါ ထပ်မံအသက်ရှူကျပ်လာပြန်သည်။ ရှုဟန်ယွီက သူ့အားစိုးရိမ်စွာဖြင့်ကြည့်နေ၏။ သူ(ဟန်ယွီ)၏စိမ်းလန်းသောမျက်ဝန်းများသည် ပတ်ဝန်းကျင်သန့်ရှင်းသော သမုဒ္ဒရာရေကဲ့သို့ တောက်ပပြီးကြည်လင်နေသည်။

ရှုကျင်ထျန်းမှာ တောင့်တောင့်ကြီးဖြစ်နေပြီး သူ့အားပွေ့ဖက်ထားသည့် ရှုဟန်ယွီ၏လက်များသည် ခြေသည်းများအဖြစ်ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်အား ဖျစ်ညှစ်ကုတ်ခြစ်နေသလိုပင်။

ပိုမိုကောင်းမွန်သော ရွေးချယ်စရာမရှိခြင်းကြောင့် ရင်းနှီးကျွမ်းဝင်သော ခံစားမှုကြီးထွားလာသည်နှင့်အမျှ ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နှုတ်ခမ်းများဆီသို့ တစ်ဖန်ချီးကပ်လိုက်ပြီး အောက်ဆီဂျင်ကိုပါးစပ်ထဲသို့ လျင်မြန်စွာရှူသွင်းလိုက်သည်။ သို့သော် ရှုဟန်ယွီဘက်မှ မည်သည့်လုပ်ဆောင်မှုမှမလုပ်မီ သူဆုတ်ခွာလိုက်သည်။

ရှုဟန်ယွီက အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း ဒီအကြောင်းကိုဘာမှမပြောဘဲ သူ့နှုတ်ခမ်းကိုထိကာ ပြီးခဲ့သောခဏမှအရသာထူးကို ပြန်ပြောင်းတွေးလိုက်သည်။

"အမ်း!"

ရှုကျင်ထျန်းက သူ့လက်ထိပ်ဖျားကိုညွှန်ပြလိုက်ပြီး ရှုဟန်ယွီက သူ့ကိုချီဖို့လက်ကမ်းပေးလိုက်သည်။

ရှုဟန်ယွီက ညင်ညင်သာသာပြုံးလိုက်ပြီး ရေထဲ၌မျောနေသော ရှုကျင်ထျန်း၏ဆံပင်တိုတိုကို တို့ထိပြီးခေါင်းညိတ်လိုက်သည်။

ရှုကျင်ထျန်း အံ့သြသွားသည်။
ဒီလိုလည်းရတယ်လား...ရှုဟန်ယွီက ပုံမှန်စတိုင်နဲ့မတူဘဲ စကားပြောရတာအရမ်းကောင်းနေတယ်!

ရှုဟန်ယွီ၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရှုကျင်ထျန်းသည် စိတ်မသက်မသာဖြစ်မယ့်အစား အနည်းငယ်အကျွမ်းတ၀င်ရှိခဲ့သည်။ သူအ ပေါ်တက်နိုင်မယ်ဆိုရင် အဆင်ပြေတယ်။ ဘယ်သူက သူ့ကိုဂရုစိုက်မှာလဲ?

အလွန်ကောင်းသောစိတ်အခြေအနေ၌ ရှုဟန်ယွီသည် မိန်းမပျိုလေးကို သယ်ဆောင်နေရင်း အောက်သို့ဆက်လက်ကူးခတ်ခဲ့သည်။ သူ၏လူသားအသွင်၏ အမြန်နှုန်းမှာနှေးလွန်းသည်ကို ခံစားမိသဖြင့် ဝိညာဉ်သားရဲမြွေအဖြစ် ပြောင်းလဲလိုက်သည်။

မိန်းမပျိုလေးက သင်ခန်းစာတစ်ခုရပြီး  ပိုနာခံသွားတယ်။ ဘယ်လောက်ကောင်းလိုက်သလဲ!

ရှုဟန်ယွီ၏မြွေပုံစံအမြန်နှုန်းသည် သူ၏လူသားပုံစံနှင့်နှိုင်းယှဉ်၍မရသောကြောင့် ရေသည်အလွန်လျင်မြန်စွာစီးဆင်းသွားပြီး ရှုကျင်ထျန်းမှာတော့ မျက်လုံးများကိုပင်မဖွင့်နိုင်ခဲ့ပေ။

ရှုကျင်ထျန်းသည် နွေးထွေးသောပင်လယ်ရေက တဖြည်းဖြည်းအေးလာသည်ကို ခံစားလိုက်ရပြီး သူ၏ကိုယ်ဖော့နိုင်စွမ်းသည် ယုတ်လျော့မနေဘဲတိုးလာသည်။ ရှုဟန်ယွီက တစ်ခါတရံ သူ့ကိုလေပေးတယ်ဆိုရင်တောင် သူ့ရင်ဘတ်ကတင်းကျပ်နေသလို ခံစားရတုန်းပဲ။ ထို့ပြင်ဤခရီးက ရှည်လျားလွန်းသည်။ သူ(ဟန်ယွီ))ရောက်လာတဲ့အချိန်ထိ သူတကယ်ပဲ ဒီလောက်အကြာကြီး အသက်ရှူမဝဘဲ နေရတော့မှာလား?

အဲဒါ အမှန်မဟုတ်ဘူး! သူတို့က ပိုနက်ရှိုင်းလာသလိုခံစားရတယ်။

ရှုကျင်ထျန်းက 'ပင်လယ်ကြမ်းပြင်' ကိုကြည့်ရန်ခေါင်းကိုငုံ့လိုက်သည်။ ၎င်းသည် အပြာရင့်ရောင်ရှိသည်။ ထို့နောက်သူသည် 'ပင်လယ်မျက်နှာပြင်' ကိုပြန်ကြည့်သည်။ အဲ့ဒါကလည်း အပြာရင့်ရောင်ပဲ။ ရှုကျင်ထျန်းမှာ အတက်အဆင်းကို ရုတ်တရက်မခွဲခြားနိုင်တော့ပေ။

"အွန်း!"

ရှုကျင်ထျန်းသည် သူ့အားရစ်ပတ်နေသောမြွေကြီးအား ရိုက်လိုက်သည်။ ရှုဟန်ယွီက သူ့ကိုအမြီးနဲ့ ပွတ်သပ်ပြီး ဆက်လက်ရေကူးလေ၏။

သောက်ကျိုးနည်း! မင်းကပင်လယ်အောက်ကိုဆက်ငုပ်နေတယ်!

ရှုဟန်ယွီသည် မိန်းမပျိုလေးက ပင်လယ်ကိုကြောက်ရွံ့နေသည်ကိုသိ၍ သူ့အားလုံခြုံမှုတစ်ခုရရန်မျှော်လင့်ကာ တင်းကျပ်စွာရစ်ပတ်လိုက်သည်။

မကြောက်ပါနဲ့။ ငါတို့ရောက်ခါနီးပြီ။ ရွှေပင်လယ်ကြမ်းပြင်ကို သူမြင်ခဲ့တယ်။

ရှုကျင်ထျန်းသည် သူမလွတ်မြောက်နိုင်ဟု ထင်လိုက်သည်။ ထို့ကြောင့် ရှုဟန်ယွီသူ့ကို ခေါ်ဆောင်တာကိုခွင့်ပြုလိုက်သည်။

ရှုကျင်ထျန်းသည် အနည်းငယ်မျှစိတ်မ၀င်စားဘဲ ခဏငြိမ်သက်သွားသည်။ ပင်လယ်က အလွန်တောက်ပပုံရသည်။ နက်ရှိုင်းသောအပြာရင့်ရောင်သည် ကြည်လင်အပြာရောင်သို့ပြောင်းသွားပြီး အေးချမ်းကာလျှို့ဝှက်ဆန်းကြယ်သော အရောင်အလွှာတစ်ခုဖြစ်လာသည်။

မြွေ၏နောက်ကျောမှစူးစမ်းလိုစိတ်ဖြင့် ခေါင်းကိုမြှင့်လိုက်သောအခါ ရှုကျင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။

~~~~~~
23/09/21(4:45PM)

(Zawgyi)

ရႈက်င္ထ်န္းမွာ ႐ုတ္တရက္ေအာက္သို႔ဆြဲေခၚခံရတာ ေၾကာင့္ ခဏအၾကာတြင္ အသက္ရႉက်ပ္ေနၿပီျဖစ္သည္။ ရႈဟန္ယြီသည္ အေပၚသို႔ျပန္တက္ရန္ ရည္႐ြယ္ခ်က္မရွိဘဲ ေအာက္သို႔ဆက္ဆင္းေနသည္ကိုျမင္ေသာအခါ အမွန္ပင္ထိတ္လန႔္ထိတ္လန႔္သြားေလ၏။

"အြန္း ~"

မဟုတ္ဘူး...သူေသသြားလိမ့္မယ္!

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ႏွိပ္ကြပ္မႈမွ႐ုန္းထြက္ရန္ ႀကိဳးစား႐ုန္းကန္လာသည္။ သို႔ေသာ္သူ၏ခုခံမႈသည္ သစ္ပင္ႀကီးတစ္ပင္ကို ဝင္တိုက္ေသာပိုးစုန္းၾကဴးလိုပင္ လုံးဝကိုအသုံးမ၀င္ေခ်။ သူက ရႈဟန္ယြီကို စိတ္အႏွောက္အယွက္ျဖစ္ေပးလိုက္သလို ျဖစ္သြားၿပီး ပိုလို႔ေတာင္ ေအာက္ကိုဆြဲခ်ျခင္းခံလိုက္ရသည္။

" ဝူး!"

ရႈက်င္ထ်န္း၏ရင္ဘတ္သည္ ေပါက္ကြဲထြက္ေတာ့မည္ဟုခံစားလိုက္ရၿပီး ရႈဟန္ယြီကိုတြန္းလွန္ရန္ သူ၏ေနာက္ဆုံးခြန္အားကိုသုံးလိုက္သည္။ အရွိန္ျမႇင့္ရန္ ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ခါးကိုေပြ႕ကာ ေျခေထာက္မ်ားကိုဆြဲလိုက္သျဖင့္ သူ၏ခႏၶာကိုယ္တစ္ခုလုံးသည္ ေဇာက္ထိုးကဲ့သို႔ျဖစ္သြားေလ၏။

ေႁမြႀကီးက သူ႕ေျခေထာက္မ်ားကို ဆုပ္ကိုင္ထားေသာ္လည္း ရႈက်င္ထ်န္းသည္သံမွိုကဲ့သို႔ သူ႕ေျခေထာက္မ်ားကိုဆြဲမထုတ္နိုင္ဘဲ ေအာက္ေျခသို႔ဆြဲခ်ျခင္းခံေနရျခင္းကို မ်က္လုံးက်ယ္က်ယ္ျဖင့္သာၾကည့္နိုင္သည္။

ရႈဟန္ယြီက မရည္႐ြယ္ဘဲလုပ္ခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္သလို လူတိုင္းကသူ႕လိုေရထဲမွာ အသက္ရႉနိုင္တယ္လို႔ထင္ခဲ့ပုံရသည္။ သို႔ေသာ္ဤအရာသည္ သူ႕အတြက္ဆိုး႐ြားသည့္ အက်ပ္အတည္းျဖစ္ခဲ့ၿပီး ရႈက်င္ထ်န္းမွာ အလြန္ေနာင္တရခဲ့သည္။ လြန္ခဲ့ေသာရက္အနည္းငယ္က သူတို႔အၾကား လုံၿခဳံစိတ္ခ်ရေသာအသံမ်ားက သူ၏အာ႐ုံေၾကာမ်ားကိုႏွိုးဆြေပးခဲ့ၿပီး ရႈဟန္ယြီသည္ ႁခြင္းခ်က္မရွိရက္စက္ကာ အင္အားေတာင့္တင္းေသာ ေႁမြႀကီးျဖစ္သည္ကို ေမ့သြားခဲ့သည္။

ရႈက်င္ထ်န္းသည္ သူ႕တြင္႐ုန္းကန္ရန္ စြမ္းအင္မရွိေတာ့သည့္တိုင္ေအာင္ အားေပ်ာ့လာသည္။သူ၏အာ႐ုံစူးစိုက္မႈအားလုံးသည္ အလြန္နာက်င္ေနေသာ အဆုတ္ေပၚတြင္သာ ေရာက္ေနသည္။ သူပါးစပ္ကိုဖြင့္ကာ အသက္ျပင္းျပင္းရႉခ်င္သည္။

မဟုတ္ဘူး၊ အသက္ရႉလို႔ရမွာမဟုတ္ဘူး။

ရႈက်င္ထ်န္းသည္ ႐ုန္းကန္ရန္အင္အားမရွိေတာ့ဘဲ ရႈဟန္ယြီ၏အဝတ္မဲ့ေျခေထာက္မ်ားကို လက္ျဖင့္ပုတ္ကာ သူ႕ကိုသတိထားမိေစရန္ ႀကိဳးစားလိုက္သည္။

ဒါေပမယ့္ ရႈဟန္ယြီ အခုလွည့္ၾကည့္ရင္ေတာင္ ေျမျပင္ေပၚမေရာက္မခ်င္း သည္းခံနိုင္စြမ္းမရွိေတာ့ဘူးလို႔ သူခံစားလိုက္ရသည္။

ရႈက်င္ထ်န္း၏လက္ျဖင့္ပုတ္လိုက္မႈသည္ ရႈဟန္ယြီ၏ ၾကင္နာစြာေပြ႕ဖက္ထားမႈေၾကာင့္ ေရသည္သူ႕ခႏၶာကိုယ္ေပၚသို႔ လ်င္ျမန္စြာစီးဆင္းသြားၿပီး သတိမထားမိနိုင္ေလာက္ေအာင္ပင္ ျဖစ္ေနေလ၏။

သို႔ေသာ္ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ လႈပ္ရွားမႈမ်ားကို အၿမဲတေစဂ႐ုျပဳေနတတ္သည္။ မိန္းမပ်ိဳေလးက သူ၏႐ုန္းကန္မႈမ်ားကိုရပ္တန႔္လိုက္တာမို႔ လက္နက္ခ်သြားၿပီဟု ယူဆခဲ့သည္။ ဒါေပမယ့္ အခုဘယ္လိုျဖစ္တာလဲ? တစ္ခုခုမွားေနသလိုပဲ ...

ရႈဟန္ယြီသည္ သူ၏ေခါင္းကို ေနာက္သို႔လွည့္ၾကည့္လိုက္ရာ မိန္းမပ်ိဳေလး၏ နာက်င္မႈေၾကာင့္ နီရဲေနေသာမ်က္ႏွာကိုျမင္လိုက္ရၿပီး သူ၏မ်က္လုံးမ်ားမွာ ေသြးမ်ားစီးက်လာေတာ့မလိုပင္။

ရႈဟန္ယြီမွာအံ့ၾသသြားၿပီး မိန္းမပ်ိဳေလး၏ခႏၶာကိုယ္အား လ်င္ျမန္စြာေပြ႕ဖက္လိုက္သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီကိုအားမာန္အျပည့္ျဖင့္ တြန္းလိုက္ေသာ္လည္း သူအသက္ရႈမေအာင့္နိုင္ေတာ့ေပ။ ေနာက္ဆုံးအသက္ရႈက်ပ္ၿပီး ေရထဲတြင္ပူေဖာင္းမ်ား တစ္သီတစ္တန္းျဖစ္ေပၚလာသည္။

ရႈဟန္ယြီမွာ အလြန္အံ့ၾသသြားသည္။ မိန္းမပ်ိဳေလး၏ မ်က္လုံးမ်ားေမွးစင္းေနၿပီး တစ္ဝက္နီးပါးမွိတ္ထားသည္။ ခ်က္ခ်င္းပင္ သူ(က်င္ထ်န္း)တစ္ခုခုကိုနားလည္သြားပုံရသည္။ သူကသမုဒၵရာေရကိုမရႉရွိုက္ခင္မွာ ရႈဟန္ယြီကသူ႕ပါးစပ္ကိုသုံးၿပီး သူ႕ႏႈတ္ခမ္းမွတစ္ဆင့္ သူ႕(က်င္ထ်န္း)ကိုေလရႈသြင္းဖို႔ ေပးနိုင္သည္။

အြန္း~
သူ႕အဆုတ္က နည္းနည္းသက္သာသြားေပမယ့္ မလုံေလာက္ေသးေပ။ ေခ်ာေမြ႕တဲ့ခံစားခ်က္က သူ႕ကိုခ်ဳပ္ႏွောင္ေနေလ၏။ ရႈက်င္ထ်န္းသည္ ေအာက္စီဂ်င္အရင္းအျမစ္ႏွင့္နီးကပ္စြာ သတိလက္လြတ္ျဖစ္သြားၿပီး အလိုလိုရႉသြင္းလိုက္သည္။

ရႈဟန္ယြီသည္ ခဏမွ်ေအးခဲသြားၿပီး မ်က္လုံးမ်ားျပဴးက်ယ္ကာ မိန္းမပ်ိဳေလးအား အံ့ၾသစြာေငးၾကည့္ေနမိသည္။ မိန္းမပ်ိဳေလးသည္ သူ၏မ်က္လုံးမ်ားကိုပိတ္ထားၿပီး မ်က္ေမွာင္ႀကဳံ႕ကာ သူ႕(ဟန္ယြီ)အနီးတိုးကပ္လာၿပီး သူ႕ႏႈတ္ခမ္းမ်ားကိုညင္သာစြာစုပ္ယူေနသည္။

ထူးဆန္းေသာခံစားခ်က္က ရႈဟန္ယြီ၏ႏွလုံးသားကိုတုန္ခါေစခဲ့သည္။ ရႈဟန္ယြီသည္လည္း သူ၏မ်က္လုံးမ်ားကိုပိတ္လိုက္ၿပီး မိန္းမပ်ိဳေလး၏ ရွားပါးေသာအစပ်ိဳးမႈေအာက္တြင္ ေအာက္ဆီဂ်င္ကိုလိုလိုလားလားေဝမွ်ခဲ့သည္။

ခဏအၾကာ ရႈက်င္ထ်န္းက အရွိန္ေလွ်ာ့လိုက္သည္။ ရႈဟန္ယြီရဲ႕ပါးစပ္မွာ ေအာက္ဆီဂ်င္ကိုရႉရွိုက္ေနတဲ့ သူ႕ႏႈတ္ခမ္းက အနည္းငယ္စူေနဆဲပင္။

ရႈက်င္ထ်န္းသည္ သူ၏မ်က္လုံးမ်ားကိုဖြင့္လိုက္ေသာအခါ အနီးအနား၌အျဖဴေရာင္အစင္းေၾကာင္းႏွစ္ခုႏွင့္ စိမ္းစိုေနေသာအရိပ္အေယာင္မ်ားကို ေတြ႕လိုက္ရသည္။ ရႈက်င္ထ်န္းသည္ မသိမသာမ်က္ေတာင္မခတ္ဘဲ အနည္းငယ္သာတုံ႕ျပန္နိုင္ခဲ့သည္။

မိန္းမပ်ိဳေလး နိုးလာသည္ကိုျမင္ေသာအခါ ရႈဟန္ယြီ၏ ႏွလုံးသား၌ေပ်ာ္႐ႊင္သြားၿပီး ေနာက္ဆုံးတြင္သူ၏ခက္ရင္းခြလွ်ာကိုျဖန႔္လိုက္ၿပီး မိန္းမပ်ိဳေလး၏ ႏြေးေထြးေပ်ာ့ေပ်ာင္းေသာလွ်ာကို အမိဖမ္းလိုက္ေလ၏။

"အမ္?"
႐ုတ္တရက္သူ႕ပါးစပ္ထဲတြင္ တစ္စုံတစ္ခုရွိေနသည္။ ရႈက်င္ထ်န္းမွာ ၎ကိုဆြဲယူမ်ိဳခ်လိဳက္သည္ႏွင့္ ေသးသြယ္ရွည္လ်ားေသာအရာသည္ သူ႕ပါးစပ္မွလည္ေခ်ာင္းထဲသို႔ေလွ်ာက်သြားၿပီး ေအးျမေခ်ာေမြ႕ေသာခံစားခ်က္ကိုျဖစ္ေပၚေစသည္။

သူအားလုံးကိုမ်ိဳခ်မိေတာ့မည္။ သို႔ေသာ္ ေသးငယ္သည့္အရာသည္ ရွင္သန္ေနပုံရၿပီး တဖန္လႈပ္ရွားေနသည့္အျပင္ လည္ေခ်ာင္းကိုယားယံေစသည္။

သူ၏လည္ေခ်ာင္းသည္ အနည္းငယ္လႈပ္ရွားသြားၿပီး သူ႕အစာကို အလိုလိုျပန္ယူခ်င္စိတ္ေပါက္လာသည္။
သို႔ေသာ္ထိုအရာသည္ ေခ်ာ္ထြက္သြားၿပီး သူ႕လည္ေခ်ာင္းမွျပန္ထြက္သြားသည္။ သူ႕လည္ေခ်ာင္းကို မအီမသာခံစားမႈျဖင့္ လႈံ႕ေဆာ္ခဲ့ၿပီး အံ့ၾသစရာေကာင္းေလာက္ေအာင္လည္း မခံမရပ္နိုင္ျဖစ္ေစခဲ့သည္။

သူပါးစပ္ဖြင့္ၿပီး ႏႈတ္ခမ္းသပ္လိုက္တဲ့အခါ ပင္လယ္ေရငန္ေတြက ခ်က္ခ်င္းဆိုသလို သူ႕ပါးစပ္ထဲဝင္လာခဲ့တယ္။

ဟမ္? ပင္လယ္ေရ? သူကပင္လယ္ထဲမွာလား? ဟုတ္သားပဲ! သူေသခါနီးၿပီ! ေရနစ္ေတာ့မယ္!
ရႈဟန္ယြီက သူ႕ကိုေရထဲသို႔ဆြဲခ်ခဲ့တာ!

ရႈက်င္ထ်န္း၏မ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး သူ႕တစ္ကိုယ္လုံး အသည္းအသန္႐ုန္းကန္ခဲ့ရသည္။ အကြာအေဝးေၾကာင့္ သူရွင္းရွင္းလင္းလင္းမျမင္ရတဲ့အရာက ရႈဟန္ယြီရဲ႕မ်က္ႏွာျဖစ္ၿပီး သူ႕မ်က္လုံးေတြကိုပြတ္သပ္တဲ့အရာက ရႈဟန္ယြီရဲ႕ရွည္လ်ားတဲ့ မ်က္ေတာင္ေတြပင္။

သူ႕တစ္ကိုယ္လုံးသည္ သူ႕(က်င္ထ်န္း)ကိုတင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားတယ္။ သူ႕(ဟန္ယြီ)ႏႈတ္ခမ္းေတြက သူ႕ကိုဖိကပ္ထားတယ္! ဒါဆိုအခုပဲ သူမ်ိဳခ်ေနတာက

" ဝူး!"
ရႈက်င္ထ်န္းက အတင္းတြန္းထုတ္လိုက္ၿပီး သူနဲ႕ရႈဟန္ယြီၾကားတြင္ ကြက္လပ္ေလးကိုဖန္တီးလိုက္သည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ႏႈတ္ခမ္းမ်ားကို ေက်နပ္စြာ လႊတ္ေပးလိုက္ၿပီး မိန္းမပ်ိဳေလး၏ အျပဳအမူတို႔ကို တစိမ့္စိမ့္ေတြးေနေလ၏။

ဘာမွမစဥ္းစားေတာ့ဘဲ ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏မ်က္ႏွာကို ရိုက္ရန္႐ြယ္လိုက္သည္။ သို႔ေသာ္ သူ႕လုပ္ေဆာင္ခ်က္၏ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားကို ေတြးေတာကာေၾကာက္႐ြံ႕လာသည္။ ကံေကာင္းေထာက္မစြာ၊ သူသည္ေအာက္ဆီဂ်င္ခ်ိဳ႕တဲ့ၿပီး ခုထိသိသိသာသာ အားနည္းေနေသးသည္။ ဒါ့အျပင္ သမုဒၵရာေရေၾကာင့္ အစြမ္းသတၱိကမႀကီးမားဘူး။ ဒါေၾကာင့္သူက ရႈဟန္ယြီရဲ႕မ်က္ႏွာကို ဖြဖြ ေလးသာရိုက္လိုက္နိုင္သည္။

ရႈဟန္ယြီမွာေတာ့ မိန္းမပ်ိဳေလး၏ေသးငယ္ေသာလက္ကို ေပ်ာ္႐ႊင္စြာဖမ္းယူလိုက္ၿပီး သူ၏မ်က္ႏွာေပၚသို႔ ႏူးႏူးညံ့ညံ့ပြတ္တိုက္လိုက္သည္။

ရႈက်င္ထ်န္းသည္ တိတ္တဆိတ္  သက္ျပင္းတစ္ခ်က္ခ်လိဳက္ရာ တစ္ခ်ိန္တည္းမွာပင္ သူ႕အဆုတ္သည္ေအာက္ဆီဂ်င္ အနည္းငယ္ခ်ိဳ႕တဲ့သြားၿပီး စကၠန႔္အနည္းငယ္တုံ႕ဆိုင္းသြားခဲ့သည္။ ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ ၿပဳံးေနေသာႏႈတ္ခမ္းတို႔ကိုၾကည့္ၿပီး အံႀကိတ္ကာ ထိုႏႈတ္ခမ္းတို႔အားဖိကပ္လိုက္သည္။

ရႈဟန္ယြီသည္ ပို၍ပင္ေပ်ာ္႐ႊင္လာၿပီး သူ႕လွ်ာကိုျဖန႔္ကာ လမ္းေၾကာင္းထဲသို႔ဝင္ခ်င္လာသည္။ ဖြင့္ဟလာတဲ့အေပါက္ထဲသို႔၀င္လိုက္ေသာအခါ ႏြေးေထြးေသာႀကိဳဆိုမႈတစ္ခုကို သူရရွိခဲ့သည္။

ရႈက်င္ထ်န္း၏မ်က္လုံးမ်ားျပဴးက်ယ္သြားၿပီး လွ်ာကိုျပင္းျပင္းထန္ထန္ ေထြးထုတ္လိုက္ေသာ္လည္း လုပ္မရေပ။ ေနာက္တစ္ႀကိမ္ထပ္၍ အတင္းလုပ္မွသာ သူ၏လွ်ာကိုျပန္႐ုပ္သိမ္းခဲ့သည္။

ဒါေပမယ့္ ရႈဟန္ယြီရဲ႕ႏႈတ္ခမ္းကို ဖယ္ခြာလိုက္ေသာအခါ သူ၏အသက္ရႉျခင္းအေလ့အက်င့္ေၾကာင့္ ပင္လယ္ေရငန္ႀကီးကို သူေသာက္လိုက္မိသည္။ သူသည္အလြန္ဆို႔နင့္စြာျဖင့္ ေရထဲတြင္ေခ်ာင္းဆိုးမိသြားသည္။

ေခ်ာင္းဆိုးၿပီးေသာအခါ ထပ္မံအသက္ရႉက်ပ္လာျပန္သည္။ ရႈဟန္ယြီက သူ႕အားစိုးရိမ္စြာျဖင့္ၾကည့္ေန၏။ သူ(ဟန္ယြီ)၏စိမ္းလန္းေသာမ်က္ဝန္းမ်ားသည္ ပတ္ဝန္းက်င္သန႔္ရွင္းေသာ သမုဒၵရာေရကဲ့သို႔ ေတာက္ပၿပီးၾကည္လင္ေနသည္။

ရႈက်င္ထ်န္းမွာ ေတာင့္ေတာင့္ႀကီးျဖစ္ေနၿပီး သူ႕အားေပြ႕ဖက္ထားသည့္ ရႈဟန္ယြီ၏လက္မ်ားသည္ ေျခသည္းမ်ားအျဖစ္ေျပာင္းသြားၿပီး သူ႕ခႏၶာကိုယ္အား ဖ်စ္ညွစ္ကုတ္ျခစ္ေနသလိုပင္။

ပိုမိုေကာင္းမြန္ေသာ ေ႐ြးခ်ယ္စရာမရွိျခင္းေၾကာင့္ ရင္းႏွီးကြၽမ္းဝင္ေသာ ခံစားမႈႀကီးထြားလာသည္ႏွင့္အမွ် ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ႏႈတ္ခမ္းမ်ားဆီသို႔ တစ္ဖန္ခ်ီးကပ္လိုက္ၿပီး ေအာက္ဆီဂ်င္ကိုပါးစပ္ထဲသို႔ လ်င္ျမန္စြာရႉသြင္းလိုက္သည္။ သို႔ေသာ္ ရႈဟန္ယြီဘက္မွ မည္သည့္လုပ္ေဆာင္မႈမွမလုပ္မီ သူဆုတ္ခြာလိုက္သည္။

ရႈဟန္ယြီက အနည္းငယ္မေက်မနပ္ျဖစ္သြားေသာ္လည္း ဒီအေၾကာင္းကိုဘာမွမေျပာဘဲ သူ႕ႏႈတ္ခမ္းကိုထိကာ ၿပီးခဲ့ေသာခဏမွအရသာထူးကို ျပန္ေျပာင္းေတြးလိုက္သည္။

"အမ္း!"

ရႈက်င္ထ်န္းက သူ႕လက္ထိပ္ဖ်ားကိုၫႊန္ျပလိုက္ၿပီး ရႈဟန္ယြီက သူ႕ကိုခ်ီဖို႔လက္ကမ္းေပးလိုက္သည္။

ရႈဟန္ယြီက ညင္ညင္သာသာၿပဳံးလိုက္ၿပီး ေရထဲ၌ေမ်ာေနေသာ ရႈက်င္ထ်န္း၏ဆံပင္တိုတိုကို တို႔ထိၿပီးေခါင္းညိတ္လိုက္သည္။

ရႈက်င္ထ်န္း အံ့ၾသသြားသည္။
ဒီလိုလည္းရတယ္လား...ရႈဟန္ယြီက ပုံမွန္စတိုင္နဲ႕မတူဘဲ စကားေျပာရတာအရမ္းေကာင္းေနတယ္!

ရႈဟန္ယြီ၏ ပူးေပါင္းလုပ္ေဆာင္မႈေၾကာင့္ ရႈက်င္ထ်န္းသည္ စိတ္မသက္မသာျဖစ္မယ့္အစား အနည္းငယ္အကြၽမ္းတ၀င္ရွိခဲ့သည္။ သူအ ေပၚတက္နိုင္မယ္ဆိုရင္ အဆင္ေျပတယ္။ ဘယ္သူက သူ႕ကိုဂ႐ုစိုက္မွာလဲ?

အလြန္ေကာင္းေသာစိတ္အေျခအေန၌ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို သယ္ေဆာင္ေနရင္း ေအာက္သို႔ဆက္လက္ကူးခတ္ခဲ့သည္။ သူ၏လူသားအသြင္၏ အျမန္ႏႈန္းမွာႏွေးလြန္းသည္ကို ခံစားမိသျဖင့္ ဝိညာဥ္သားရဲေႁမြအျဖစ္ ေျပာင္းလဲလိုက္သည္။

မိန္းမပ်ိဳေလးက သင္ခန္းစာတစ္ခုရၿပီး  ပိုနာခံသြားတယ္။ ဘယ္ေလာက္ေကာင္းလိုက္သလဲ!

ရႈဟန္ယြီ၏ေႁမြပုံစံအျမန္ႏႈန္းသည္ သူ၏လူသားပုံစံႏွင့္ႏွိုင္းယွဥ္၍မရေသာေၾကာင့္ ေရသည္အလြန္လ်င္ျမန္စြာစီးဆင္းသြားၿပီး ရႈက်င္ထ်န္းမွာေတာ့ မ်က္လုံးမ်ားကိုပင္မဖြင့္နိုင္ခဲ့ေပ။

ရႈက်င္ထ်န္းသည္ ႏြေးေထြးေသာပင္လယ္ေရက တျဖည္းျဖည္းေအးလာသည္ကို ခံစားလိုက္ရၿပီး သူ၏ကိုယ္ေဖာ့နိုင္စြမ္းသည္ ယုတ္ေလ်ာ့မေနဘဲတိုးလာသည္။ ရႈဟန္ယြီက တစ္ခါတရံ သူ႕ကိုေလေပးတယ္ဆိုရင္ေတာင္ သူ႕ရင္ဘတ္ကတင္းက်ပ္ေနသလို ခံစားရတုန္းပဲ။ ထို႔ျပင္ဤခရီးက ရွည္လ်ားလြန္းသည္။ သူ(ဟန္ယြီ))ေရာက္လာတဲ့အခ်ိန္ထိ သူတကယ္ပဲ ဒီေလာက္အၾကာႀကီး အသက္ရႉမဝဘဲ ေနရေတာ့မွာလား?

အဲဒါ အမွန္မဟုတ္ဘူး! သူတို႔က ပိုနက္ရွိုင္းလာသလိုခံစားရတယ္။

ရႈက်င္ထ်န္းက 'ပင္လယ္ၾကမ္းျပင္' ကိုၾကည့္ရန္ေခါင္းကိုငုံ႕လိုက္သည္။ ၎သည္ အျပာရင့္ေရာင္ရွိသည္။ ထို႔ေနာက္သူသည္ 'ပင္လယ္မ်က္ႏွာျပင္' ကိုျပန္ၾကည့္သည္။ အဲ့ဒါကလည္း အျပာရင့္ေရာင္ပဲ။ ရႈက်င္ထ်န္းမွာ အတက္အဆင္းကို ႐ုတ္တရက္မခြဲျခားနိုင္ေတာ့ေပ။

"အြန္း!"

ရႈက်င္ထ်န္းသည္ သူ႕အားရစ္ပတ္ေနေသာေႁမြႀကီးအား ရိုက္လိုက္သည္။ ရႈဟန္ယြီက သူ႕ကိုအၿမီးနဲ႕ ပြတ္သပ္ၿပီး ဆက္လက္ေရကူးေလ၏။

ေသာက္က်ိဳးနည္း! မင္းကပင္လယ္ေအာက္ကိုဆက္ငုပ္ေနတယ္!

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးက ပင္လယ္ကိုေၾကာက္႐ြံ႕ေနသည္ကိုသိ၍ သူ႕အားလုံၿခဳံမႈတစ္ခုရရန္ေမွ်ာ္လင့္ကာ တင္းက်ပ္စြာရစ္ပတ္လိုက္သည္။

မေၾကာက္ပါနဲ႕။ ငါတို႔ေရာက္ခါနီးၿပီ။ ေ႐ႊပင္လယ္ၾကမ္းျပင္ကို သူျမင္ခဲ့တယ္။

ရႈက်င္ထ်န္းသည္ သူမလြတ္ေျမာက္နိုင္ဟု ထင္လိုက္သည္။ ထို႔ေၾကာင့္ ရႈဟန္ယြီသူ႕ကို ေခၚေဆာင္တာကိုခြင့္ျပဳလိုက္သည္။

ရႈက်င္ထ်န္းသည္ အနည္းငယ္မွ်စိတ္မ၀င္စားဘဲ ခဏၿငိမ္သက္သြားသည္။ ပင္လယ္က အလြန္ေတာက္ပပုံရသည္။ နက္ရွိုင္းေသာအျပာရင့္ေရာင္သည္ ၾကည္လင္အျပာေရာင္သို႔ေျပာင္းသြားၿပီး ေအးခ်မ္းကာလွ်ို႔ဝွက္ဆန္းၾကယ္ေသာ အေရာင္အလႊာတစ္ခုျဖစ္လာသည္။

ေႁမြ၏ေနာက္ေက်ာမွစူးစမ္းလိုစိတ္ျဖင့္ ေခါင္းကိုျမႇင့္လိုက္ေသာအခါ ရႈက်င္ထ်န္း၏မ်က္လုံးမ်ား ျပဴးက်ယ္သြားေလေတာ့သည္။

~~~~~~
23/09/21(4:45PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...